နာယကသစ်နှင့် လပေါင်း ၃၀

ရေးသားသူ- အိဖြူလွင်
နေပြည်တော်လွှတ်တော်နှင့် အစိုးရအဖွဲ့အကြား မကြာမီကာလအတွင်း အားပြိုင်မှုများပိုမိုအားကောင်းလာနိုင်သကဲ့သို့ ဥပဒေပြု ရေးအပါအ၀င် နိုင်ငံအတွက် အရေးတကြီးဆုံးဖြတ်ရမည့်ကိစ္စ များနှောင့်နှေးလာနိုင်သည်။
သြဂုတ်လ ၁ ရက်တွင် ပြည်ထောင်စုလွှတ်တော်၏နာယက တာဝန်ကို တပ်မတော်အစိုးရလက်ထက်က နံပါတ်သုံးခေါင်းဆောင်ဖြစ်ခဲ့ပြီး ယခုပြည်သူ့လွှတ် တော်ဥက္ကဋ္ဌဖြစ်သည့် သူရဦးရွှေမန်းက လက်ရှိပြည်ထောင်စုလွှတ်တော်နာယက၊ အမျိုးသားလွှတ် တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်ထံမှ အလှည့်ကျတာဝန်လွှဲပြောင်းယူ တော့မည်ဖြစ်သည်။
လွှတ်တော်သက်တမ်းတစ်ခု စတင်သည့်နေ့မှ လပေါင်း ၃၀ ပြည့်မြောက်သည့်နေ့ရက်အထိ
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော်နာယကနှင့်
ဒုတိယ နာယကတာဝန်ကိုပါ ထမ်းဆောင်ရမည်ဖြစ်ပြီး ကျန်သက်တမ်း ကာလအတွက်
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော် နာယကနှင့်
ဒုတိယနာယကတာဝန်ကိုပါ ထမ်းဆောင်ရမည်ဟူ၍ အခြေခံဥပဒေကပြဋ္ဌာန်းထားချက်အရ
သူရဦးရွှေမန်းကတာဝန်လွှဲ ပြောင်းယူခြင်းဖြစ်သည်။
နယကအသစ် သူရဦးရွှေမန်းကိုမူ လွှတ်တော်အတွင်း ဆွေးနွေးမှုများကို အကြိတ်အနယ်ဆွေးနွေး ခွင့်ရရှိလာအောင် လမ်းဖွင့်ပေး
မည်ယူဆသဖြင့် လွှတ်တော်တွင်းပို၍မြိုင်ဆိုင်လာမည်ဟု ထင်မြင်ကြောင်းလည်း လွှတ်တော်ကိုယ် စားလှယ်များက သုံးသပ်ကြသည်။
ဥပဒေပြုမဏ္ဍိုင်ဖြစ်သည့် လွှတ်တော်နှင့်အုပ်ချုပ်ရေးမဏ္ဍိုင်အစိုးရတို့အကြား
အကြိတ်အနယ်ဖြစ်မှုများသည် သူရဦးရွှေမန်း ဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့်
ပြည်သူ့လွှတ်တော်တွင် ပိုမိုများပြားသဖြင့် သူရဦးရွှေမန်းသာ
ပြည်ထောင်စုလွှတ်တော် နာယကအဖြစ် တာဝန်ယူရပါက အစိုးရနှင့်
လွှတ်တော်ကြားတင်းမာမှုပိုလာနိုင်မည်ဟု လွှတ်တော်ကိုယ်စား လှယ်များနှင့် နိုင်ငံရေးလေ့လာသူများက သုံးသပ်နေကြခြင်းဖြစ်သည်။
ဥပမာအနေဖြင့် ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်ကို
ဆက်သွယ်ရေးဥပဒေထွက်လာပြီးမှ သာခွင့်ပြုရန် ဆက်သွယ်ရေးတင်
ဒါအောင်မြင်သည့်ကုမ္ပဏီများကို ကြေညာရန် တစ်ရက်အလိုမှ ပြည်သူ့လွှတ်တော်က
အတည်ပြုဆုံးဖြတ်ပြီး အစိုးရအဖွဲ့သို့ သ၀ဏ် လွှာပို့ခဲ့သဖြင့်
ဆက်သွယ်ရေးလောကတွင် လှုပ်ခတ်သွားခဲ့ရသည်။ နောက်ဆက်တွဲအဖြစ် အစိုးရက
လွှတ်တော်သို့ လာ ရောက်ရှင်းလင်းရခြင်းများရှိခဲ့သည်။
မြန်မာ့နိုင်ငံရေးအခင်းအကျင်းသည်
ယခင်တပ်မတော် အစိုးရကချမှတ်ပေးထားသည့် အစီအစဉ်အတိုင်းသာ
နေရာများရှိနေခြင်းက တပ်မတော်အစိုးရ လက်ထက်တွင် နံပါတ် ၃ခေါင်း
ဆောင်ဖြစ်ခဲ့သော သူရဦးရွှေမန်းနှင့် နံပါတ် ၄ ခေါင်းဆောင်ဖြစ် သည့်
နိုင်ငံတော်သမ္မတဦးသိန်းစိန်တို့ကြားတွင် လက်ရှိအနေအ ထားပေါ် အာဏာပြိုင်ဆိုင်မှုများရှိနေခြင်းဟု နိုင်ငံရေးစောင့်ကြည့် သူများကဆိုသည်။
“သူရဦးရွှေမန်းဥက္ကဋ္ဌဖြစ်လာရင် အစိုးရအဖွဲ့ကို လွှတ်တော်ကနေ
ဦးဆောင်သွားမလားဆိုတာတော့ မဖြစ်နိုင်ပါဘူး။ အခြေခံ ဥပဒေအရတော့ သမ္မတသည်
အမြင့်ဆုံးပဲ။ လွှတ်တော်ကသ၀ဏ်လွှာပို့တာပဲရမယ်။ တကယ်တမ်းတော့
မြန်မာနိုင်ငံကို ဦးဆောင်နေတာ သမ္မတပဲ”ဟု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်
ဖွံ့ဖြိုးရေးပါတီ အမျိုးသားလွှတ်တော် ကိုယ်စား လှယ် ဦးလှဆွေကပြောသည်။
ထို့နောက် မြန်မာနိုင်ငံ၏ အခြေခံဥပဒေကပင်လွှတ်တော် နှင့်အစိုးရအဖွဲ့ကြား ပြဿနာတက်နိုင်သည့် ပုံစံဖြစ်နေသည်ဟုလည်း ဦးလှဆွေကဆိုသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းသည်
ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် အတိုက်အခံအင်အားစုများနှင့် နွေးနွေး
ထွေးထွေးဆက်ဆံသည်ကို နိုင်ငံသားတစ်ယောက်အနေဖြင့် ၀မ်း သာသော်လည်း
အုပ်ချုပ်ရေးအစိုး ရအဖွဲ့နှင့်လည်း အပြုသဘော ဆောင်သော စောင့်ကြည့်ထိန်းညှိ
ခြင်းသာဖြစ်စေချင်သည်ဟု မြန် မာ့နိုင်ငံရေးကို လေ့လာသူတစ်ဦး ဖြစ်သည့်
စီးပွားရေးလုပ်ငန်းရှင် ဦးကျော်စွာမြင့်က ပြောကြားသည်။
ဒီမိုကရေစီစနစ်အရ အစိုးရအဖွဲ့နှင့် လွှတ်တော်တို့သည် အပြန်အလှန်ထိန်းကျောင်းရမည်ဖြစ်သော်လည်း အချို့ကိစ္စများတွင် ပြည်သူ့လွှတ်တော်က အစိုးရအဖွဲ့မှတင်ပြသည့် အကြောင်းအရာအတော်များများကို ကန့်ကွက်ခဲ့ခြင်းမျိုးတွေ့နေရသဖြင့် လွှတ်တော်နှင့်အစိုးရကြား တင်းမာနေလျှင် နိုင်ငံတိုးတက်မှုနှောင့်နှေးနိုင်သည်ဟု စိတ်ပူမိကြောင်း ဦးကျော်စွာမြင့်က ၄င်း၏ယူဆချက်ကို ပြောကြားခဲ့သည်။
သူရဦးရွှေမန်းအနေဖြင့် အစိုးရအဖွဲ့နှင့် လွှတ်တော်ကြားတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်ထိန်းကျောင်းရမည်ဖြစ်သော်လည်း အပြုသဘောမဆောင်သည့် ပြစ်တင်ဝေဖန်မှုမျိုး ဖြစ်လာပါက နိုင်ငံ၏ဥပဒေပြုရေး ကိစ္စများ၊ အရေးတကြီးဆုံးဖြတ်ရမည့်ကိစ္စများ နှောင့်နှေးနိုင်သည်ဟု လွှတ်တော်ပြင်ပရှိ စီးပွားရေး လုပ်ငန်းရှင်အချို့က စိုးရိမ်နေကြသည်။
“ဒီနေ့လုပ်နေတာတွေက အစိုးရနဲ့လွှတ်တော်ပဋိပက္ခ အသွင် ဆောင်တာတော့မဟုတ်ဘူး။သဘောထားချင်းတော့ တူချင်မှတူမယ်။ ဒါသဘာဝပဲ။ အစိုးရနဲ့လွှတ်တော်နဲ့ သဘောထား တစ်ထပ်တည်းတော့မဖြစ်နိုင်ဘူး”ဟု အကြိတ်အနယ်ဖြစ်မှုများပေါ် သူရဦးရွှေမန်းက မီဒီယာများကိုပြောကြားခဲ့သည်။
လွှတ်တော်က အစိုးရကို ထိန်းညှိရသည်ဆိုသည်မှာ မှန်သော်လည်း
ဥပဒေပြုသည့်သူများ၏ သုံးသပ်ဆုံးဖြတ်ချက်များသည် မှန်သည်ဟုပဲမပြောနိုင်၍
ငါဥပဒေပြုသူပဲဆို၍ ဆုံးဖြတ်ပါက လွှတ်တော်ဘက်က မာလာနိုင်သည်ဟု
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးကဆိုသည်။
“သူရဦးရွှေမန်းနာယကဖြစ်လာရင် အပြောင်းအလဲက ဘာတွေဖြစ်လာမလဲဆိုတာကို
မသိနိုင်ဘူး။ အခုဦးရွှေမန်းလက်ထက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေကို
လေ့လာသုံးသပ်မယ့်ကော်မတီရှိတယ်။
ဒါက ဥပဒေပြင်ဆင်ရေးကို ဘယ်လောက်ထိလုပ်နိုင်မလဲဆို တာတော့ကြည့်ရမယ်။
ကျန်တာကတော့ ဒီကျန်တဲ့ ၂ နှစ်ခွဲမှာ အေး ချမ်းတဲ့၊ ပြည့်ဝတဲ့အပြောင်းအလဲ
တွေကိုပဲ လိုလားပါတယ်” ဟုလည်း မြန်မာနိုင်ငံ၏
စီးပွားလုပ်ငန်းအုပ်စုကြီးများတွင် တစ်ခု အပါအ၀င်ဖြစ်သည့် ဧဒင်အုပ်စု ဥက္ကဋ္ဌဦးချစ်ခိုင်ကလည်းပြောကြားသည်။
သူရဦးရွှေမန်းက နာယက တာဝန်အလှည့်ကျယူခြင်းက သဘောထားကွဲလွဲမှုအချို့ရှိသည်ဟု
ယူဆနေကြသည့် နိုင်ငံတော် သမ္မတနှင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတို့၏
အားပြိုင်မှုကြားတွင် ဥပဒေပြုဖြစ်စဉ်များနှင့် နိုင်ငံ
အတွက်အရေးကြီးသောလွှတ်တော်၏ အတည်ပြုချက်လိုအပ်သည့် လုပ်ငန်းစဉ်များ
နှောင့်နှေးကြန့်ကြာမည်ကို လွှတ်တော်ပြင်ပအသိုက်အ၀န်းများက
စိုးရိမ်နေကြခြင်းဖြစ်သည်။
Credit To 7Day News Journal
Related Articles:
Post a Comment