၂၀၀၈ အခြေခံဥပဒေနှင့် ဖယ်ဒရယ်မူသည် သက်ဆိုင်မှုမရှိ


Photo: ၂၀၀၈ အခြေခံဥပဒေနှင့် ဖယ်ဒရယ်မူသည် သက်ဆိုင်မှုမရှိ
Re-post By ACM 2-6-2013

၂၀၀၈ အခြေခံဥပဒေနှင့် ဖယ်ဒရယ်မူသည် သက်ဆိုင်မှုမရှိဟု တော်ဝင်နှင်းဆီ၌ ယနေ့ကျင်းပပြုလုပ်သော ဖယ်ဒရယ်မူနှင့် တိုင်းရင်းသားတို့၏ အမြင် ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးကျင့်ရှင်းထန်က ပြောကြားသည်။

“တိုင်းရင်းသားတွေ အမြင်မှာ ဒီပြည်ထောင်စု မြန်မာနိုင်ငံမှာ နေပြီးတော့ တစ်ချိန်လုံး ဒီဖယ်ဒရယ်မူဟာ အခြေခံ ဥပဒေထဲမှာ မပါမချင်း ကျွန်တော်တို့ ပြေလည်မှု ရမှာ မဟုတ်ဘူး”ဟု ယင်းက ဆက်လက် ပြောကြားသည်။

၂၀၀၈ အခြေခံဥပဒေတွင် ပါရှိသည့် အဓိက မူများကို ပြန်ကြည့်လျှင် ပြည်သူလူထုကို အကာအကွယ်ပေးသည့် မူဟူ၍ မရှိကြောင်း၊ ယင်းစာအုပ်တွင် ပြည်ထောင်စု မပြိုကွဲရေးဟု ရေးသားထားသော်လည်း အဓိပ္ပါယ် ဖွင့်ဆိုထားခြင်း မရှိကြောင်း၊ ထို့အတူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မပြိုကွဲရေးဟု ရေးသားထားပြီး မည်သို့ မည်ပုံ ပြုလုပ်ပါက တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲသည်ဟူ၍ တိတိကျကျ ရေးသားထားခြင်း မရှိကြောင်း ဦးကျင့်ရှင်းထန်က ပြောကြားသည်။

“ဘာလုပ်ရင်တော့ ပြည်ထောင်စုကို ပြိုကွဲအောင် လုပ်တယ်ဆိုတာ ဖြစ်မယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မပြိုကွဲတာ အကောင်းဆုံးလေ။ အခုက ပြိုကွဲလုမတက် ဖြစ်နေတယ်။ တိုက်ပွဲတွေ ခုထက်ထိ မစဲသေးဘူး။ ဒါတွေက ဘာတွေ ဘယ်လိုဖြစ်ရင် ပြိုကွဲတယ်ဆိုတာမျိုး တစ်ခုမှ မပါဘူး” ဟု ယင်းက ဆက်လက် ပြောကြားသည်။

လက်ရှိတွင် ၂၀၀၈ အခြေခံ ဥပဒေသည် မပြင်လျှင် မရတော့သည့် အခြေအနေတွင် ရောက်ရှိနေကြောင်း၊ သို့ရာတွင် လိုချင်သည့် နေရာများသာ ပြင်ပြီး မလိုချင်သည့်နေရာများ ချန်ထားခဲ့မည်ကို ကာကွယ်ရန် လိုအပ်ကြောင်း၊ ယင်းဥပဒေကို ပြင်ဆင်ရန် လိုက်လျောလာသည့် အချိန်တွင် မည်မျှအတိုင်းအတာအထိ ပြင်ဆင်ကြမည်မှာ ပြဿနာတစ်ရပ် ဖြစ်လာကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

“ဖယ်ဒရယ်စတိတ်ရဲ့ အခြေခံတွေက တန်းတူညီမျှမှုရှိရမယ်။ ဘယ်သူကမှ ဘယ်တိုင်း ဘယ်ပြည်နယ်အပေါ်မှာ အုပ်စိုးမှု လွှမ်းမိုးမှု မရှိရဘူး။ ဖယ်ဒရေးရှင်း ပြည်ထောင်စု စစ်စစ်မှာ ပြည်နယ်နဲ့ ပြည်မဟာ အစိုးရနဲ့ ထပ်တူရှိတဲ့ အာဏာတွေကို ကျင့်သုံးတယ်”ဟု ယင်းဆွေးနွေးပွဲသို့ တက်ရောက်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ရှိန်က ဖယ်ဒရယ်မူနှင့် ပတ်သတ်၍ သုံးသပ်ဆွေးနွေးသည်။

ယင်းဆွေးနွေးပွဲသည် ဆဌမအကြိမ်မြောက် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်ပြီး ယင်းပွဲသို့ စာရေးဆရာများ၊ ပါတီဝင်များ၊ ရှေ့နေများ၊ နိုင်ငံရေး အကျဉ်သားဟောင်းများနှင့် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြန်မာ့ခေတ်
၂၀၀၈ အခြေခံဥပဒေနှင့် ဖယ်ဒရယ်မူသည် သက်ဆိုင်မှုမရှိဟု တော်ဝင်နှင်းဆီ၌ ယနေ့ကျင်းပပြုလုပ်သော ဖယ်ဒရယ်မူနှင့် တိုင်းရင်းသားတို့၏ အမြင် ဆွေးနွေးပွဲတွင် ဦးဆောင်ဆွေးနွေးသူ ဇိုမီး ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးကျင့်ရှင်းထန်က ပြောကြားသည်။

“တိုင်းရင်းသားတွေ အမြင်မှာ ဒီပြည်ထောင်စု မြန်မာနိုင်ငံမှာ နေပြီးတော့ တစ်ချိန်လုံး ဒီဖယ်ဒရယ်မူဟာ အခြေခံ ဥပဒေထဲမှာ မပါမချင်း ကျွန်တော်တို့ ပြေလည်မှု ရမှာ မဟုတ်ဘူး”ဟု ယင်းက ဆက်လက် ပြောကြားသည်။

၂၀၀၈ အခြေခံဥပဒေတွင် ပါရှိသည့် အဓိက မူများကို ပြန်ကြည့်လျှင် ပြည်သူလူထုကို အကာအကွယ်ပေးသည့် မူဟူ၍ မရှိကြောင်း၊ ယင်းစာအုပ်တွင် ပြည်ထောင်စု မပြိုကွဲရေးဟု ရေးသားထားသော်လည်း အဓိပ္ပါယ် ဖွင့်ဆိုထားခြင်း မရှိကြောင်း၊ ထို့အတူ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မပြိုကွဲရေးဟု ရေးသားထားပြီး မည်သို့ မည်ပုံ ပြုလုပ်ပါက တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲသည်ဟူ၍ တိတိကျကျ ရေးသားထားခြင်း မရှိကြောင်း ဦးကျင့်ရှင်းထန်က ပြောကြားသည်။

“ဘာလုပ်ရင်တော့ ပြည်ထောင်စုကို ပြိုကွဲအောင် လုပ်တယ်ဆိုတာ ဖြစ်မယ်။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး မပြိုကွဲတာ အကောင်းဆုံးလေ။ အခုက ပြိုကွဲလုမတက် ဖြစ်နေတယ်။ တိုက်ပွဲတွေ ခုထက်ထိ မစဲသေးဘူး။ ဒါတွေက ဘာတွေ ဘယ်လိုဖြစ်ရင် ပြိုကွဲတယ်ဆိုတာမျိုး တစ်ခုမှ မပါဘူး” ဟု ယင်းက ဆက်လက် ပြောကြားသည်။

လက်ရှိတွင် ၂၀၀၈ အခြေခံ ဥပဒေသည် မပြင်လျှင် မရတော့သည့် အခြေအနေတွင် ရောက်ရှိနေကြောင်း၊ သို့ရာတွင် လိုချင်သည့် နေရာများသာ ပြင်ပြီး မလိုချင်သည့်နေရာများ ချန်ထားခဲ့မည်ကို ကာကွယ်ရန် လိုအပ်ကြောင်း၊ ယင်းဥပဒေကို ပြင်ဆင်ရန် လိုက်လျောလာသည့် အချိန်တွင် မည်မျှအတိုင်းအတာအထိ ပြင်ဆင်ကြမည်မှာ ပြဿနာတစ်ရပ် ဖြစ်လာကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောကြားသည်။

“ဖယ်ဒရယ်စတိတ်ရဲ့ အခြေခံတွေက တန်းတူညီမျှမှုရှိရမယ်။ ဘယ်သူကမှ ဘယ်တိုင်း ဘယ်ပြည်နယ်အပေါ်မှာ အုပ်စိုးမှု လွှမ်းမိုးမှု မရှိရဘူး။ ဖယ်ဒရေးရှင်း ပြည်ထောင်စု စစ်စစ်မှာ ပြည်နယ်နဲ့ ပြည်မဟာ အစိုးရနဲ့ ထပ်တူရှိတဲ့ အာဏာတွေကို ကျင့်သုံးတယ်”ဟု ယင်းဆွေးနွေးပွဲသို့ တက်ရောက်သူ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ရှိန်က ဖယ်ဒရယ်မူနှင့် ပတ်သတ်၍ သုံးသပ်ဆွေးနွေးသည်။

ယင်းဆွေးနွေးပွဲသည် ဆဌမအကြိမ်မြောက် ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲဖြစ်ပြီး ယင်းပွဲသို့ စာရေးဆရာများ၊ ပါတီဝင်များ၊ ရှေ့နေများ၊ နိုင်ငံရေး အကျဉ်သားဟောင်းများနှင့် ၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေးကို စိတ်ဝင်စားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

Credit To မြန်မာ့ခေတ်
Read More »

ကမ္ဘာ့စီးပွားရေးဖိုရမ်များနှင့် တိုင်းရင်းသားဒေသဟန်ချက်ညီဖွံ့ဖြိုးရေး



သန်းစိုး (ဘောဂဗေဒ)

နိုင်ငံတကာ စီးပွားရေးအဖွဲ့အစည်းတွေနဲ့ ပတ်သက်ရင် ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့မှာ ကျင်းပသွားတဲ့ ပထမအကြိမ် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်က သမ္မတဦးသိန်းစိန်ရဲ့ အဖွင့်မိန့်ခွန်းမှာ နိုင်ငံတကာ အကူအညီ အထောက်အပံ့ပေးလိုတဲ့ အဖွဲ့ အစည်းများက မိမိနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး မဟာဗျူဟာနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း အစီအမံများကို ဦးစားပေးကဏ္ဍ (Priority Sector) နှင့် ဦးစားပေးနယ်မြေ (Priority Area) တို့ကို သိရှိလိုကြတဲ့ အတွက် ယခုကဲ့သို့ ဖိုရမ်များကို ကျင်းပဆောင်ရွက်ရခြင်း ဖြစ်တယ် လို့ ပြောကြားသွားတာဟာ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရေးအတွက် စီးပွားရေး ဖိုရမ်တွေပြုလုပ်တဲ့ အဖွဲ့အစည်းတွေအနေနဲ့ သိရှိဖို့ လိုအပ် ပါလိမ့်မယ်။

၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာ့စီးပွားရေးဖိုရမ်တွေ ကျင်းပနေခဲ့တာ ယခု မြန်မာနိုင်ငံအပါအဝင် ငါးကြိမ်ရှိသွားပါပြီ။ ၂၀၁၃ ခုနှစ်မှာ ကျင်းပတဲ့ ကမ္ဘာ့ စီးပွားရေး ဖိုရမ်တွေကတော့ ဇန်နဝါရီ ၂၃ ရက်မှ ၂၇ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဒါးဗိုစ်မြို့မှာ ကျင်းပတဲ့ နှစ်ပတ်လည် အစည်းအဝေးနဲ့ စတင်ခဲ့ပါတယ်။ များသောအားဖြင့် ကတော့ ဒါးဗိုစ်မြို့ဟာ ကမ္ဘာ့စီးပွားရေး ဖိုရမ်တွေ ပုံမှန်ကျင်းပတဲ့မြို့ ဖြစ်သလို ဒေသဆိုင်ရာအလိုက် စီးပွားရေး ဖိုရမ်တွေကိုလည်း ဦးဆောင် ကျင်းပပေးတဲ့ အဖွဲ့အစည်း ရုံးစိုက်ရာ လည်း ဖြစ်ပါတယ်။ ဒါးဗိုစ်မှာ ကျင်းပတဲ့ပွဲကတော့ နိုင်ငံတကာ အသိပညာ ရှင်တွေ၊ သမ္မတ၊ ဝန်ကြီးချုပ်စတဲ့ အစိုးရအဖွဲ့ခေါင်းဆောင်တွေ၊ အနုပညာ နယ်ပယ်ကလူတွေ၊ နိုင်ငံတကာအရပ်ဘက် အဖွဲ့အစည်းကလူတွေ၊ ဘဏ်နှင့် ငွေကြေးရင်းနှီးမြှုပ်နှံသူတွေ၊ နိုင်ငံတကာလုပ်ငန်းရှင်တွေ တက်ရောက်ကြပါတယ်။ အကောင်းဆုံး ဥပမာကတော့ စီးပွားရေးဆိုင် ရာ နိုဘယ်လ်ဆုရ ဂျိုးဇက် စတစ်ဂလစ်က Powerful critique of the growing price of inequality for economies, democracies and societies ဆိုတဲ့ စာတမ်း၊ ဟားဗတ်ကနိုင်ငံရေးသိပ္ပံပါမောက္ခ လားရီ ဆန်းမားက On the future of the America Public Sector ဆိုတဲ့ စာတမ်း၊ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌ Mr. Jim Yong Kim က His breakthrough idea on emerging trends and transformational opportunities in global development and climate change ဆိုတဲ့ ခေါင်းစဉ်နဲ့ တက်ရောက် ဆွေးနွေးကြတာကို တွေ့ရတယ်။ ဆွေးနွေးပွဲ ငါးရက် အတွင်းမှာ အကြောင်းအရာပေါင်း ၂၄၆ ခု အထိ ဆွေးနွေးခြင်း၊ စာတမ်းဖတ်ခြင်းများ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

၂၀၁၃ ခုနှစ် ဧပြီလ ၇ ရက်မှ ၈ ရက်နေ့အထိ အဇာဘိုင်ဂျန်နိုင်ငံ ဘူကားမြို့ မှာ Strategic Dialogue on the future of the South Caucasus and Central Asia ခေါင်းစဉ်နဲ့ ကျင်းပတဲ့ ဒုတိယပွဲ ဖြစ်ပါတယ်။ အဓိကတော့ ဗဟိုအာရှနိုင်ငံတွေနဲ့ ကော့ကေးဆပ် နိုင်ငံတွေရဲ့ အနာဂတ် ရွေးချယ်မှု အတွက် မဟာဗျူဟာ ဆွေးနွေးပွဲလို့ ခေါင်းစဉ် တပ်ထားတာကြောင့် ဒေသ တွင်းဆိုင်ရာ ဗဟိုပြုတဲ့ ဆွေးနွေးပွဲလို့ သုံးသပ်လို့ရပါတယ်။ အဲဒီပွဲမှာ အကြောင်းအရာပေါင်း ၁၂ ခုထိ ဆွေးနွေးခြင်း၊ စာတမ်း တင်ခြင်းတို့ကို တွေ့ ရပါတယ်။ များသောအားဖြင့် နိုင်ငံတကာ စီးပွားရေး ခန့်မှန်းချက်နဲ့ အလား အလာများ၊ ဒေသတွင်း စီးပွားရေးစိန်ခေါ်ချက် အလားအလာများ ၊ နိုင်ငံ တစ်ခုချင်းရဲ့ စီးပွားရေးတိုးတက်မှုများ၊ စီးပွားရေး နယ်ပယ် အလိုက် ဆွေးနွေးမှုများ၊ အကြောင်းအရာတွေကို များသော အားဖြင့် ဆွေးနွေးကြတာ ဖြစ်ပါတယ်။

တတိယအကြိမ် ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို ၂၀၁၃ ခုနှစ် ဧပြီလ ၂၃ ရက် မှ ၂၅ ရက်နေ့အထိ လက်တင်အမေရိက နိုင်ငံများထဲက ပီရူးနိုင်ငံ လီမာမြို့မှာ ဖွံ့ဖြိုး တိုးတက်မှုတွန်းအား၊ လူမှု အဖွဲ့အစည်းကို အားပြုဖန်တီး (Delivering Growth, Strengthening Societies) ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့ပါတယ်။ စီးပွားရေး တိုးတက်မှုနဲ့အတူ ဒေသတွင်း ဘက်ညီဖွံ့ဖြိုးမှုနှင့် ဒေသခံ လူထုအပေါ် ကျခံ သုံးစွဲပေးရမယ့် လူမှုအရင်းအနှီးများကို အစိုးရ၊ အရပ် ဘက်အဖွဲ့အစည်းနှင့် ပုဂ္ဂလိကကဏ္ဍ သုံးဖက်စလုံးက လက်တွဲ ညီညီ ဖော်ဆောင် ပေးရမယ်လို့ ဆိုထားပါတယ်။ အဓိက ပြောပြချင်တာ ကတော့ စီးပွားရေး တိုးတက်မှုနဲ့အတူ ဒေသရဲ့ လူမှုရေးကဏ္ဍတွေမှာ ကျခံ သုံးစွဲရမယ့် ကုန်ကျစရိတ် များအပေါ်မှာ အဲဒီအဖွဲ့ သုံးခုစလုံးက တာဝန် ယူပေးရမယ်ဆိုတဲ့ အမြင်ဖြစ်ပါတယ်။ နောက်ပိုင်း ကမ္ဘာတစ်ဝန်းမှာ အဆိုပါ Cooperative Social Responsibilities ဘာသာရပ်ဟာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာတာကို တွေ့ရတယ်။ ဆွေးနွေးပွဲမှာ အကြောင်းအရာ ခေါင်းစဉ် ၃၂ ခုထိ ဆွေးနွေးခြင်း၊ စာတမ်းဖတ်ခြင်းတို့ကို တွေ့ရပါတယ်။

၂၀၁၃ ခုနှစ်အတွင်း မေလ ၈ ရက်ကနေ ၁၀ ရက်နေ့အထိ စတုတ္ထအကြိမ် ကမ္ဘာ့စီးပွားရေး ဖိုရမ်ကို အာဖရိကတိုက် တောင်အာဖရိကနိုင်ငံ ကိတ်တောင်းမြို့မှာ အာဖရိက ကတိကဝတ်များအတွက် မောင်းနှင်အား (Delivering on African’s Promise) ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့တာ ဖြစ်ပါ တယ်။ အဆိုပါ ခေါင်းစဉ်အောက်မှာပဲ ပြန့်ကျဲနေတဲ့ စီးပွားရေး အတွက် ပြန် လည် စုစည်းခြင်း၊ စီးပွားရေးဆိုင်ရာ ကျောထောက်နောက်ခံ များကို မဟာဗျူဟာ ကျကျ မြှင့်တင်ရေး၊ အာဖရိက talent များ အတွက် တံခါး ဖွင့်ထားရေးဆိုတဲ့ မူ သုံးခုအပေါ်မှာ ဦးတည် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အာဖရိကတိုက်ရဲ့ စီးပွားရေး ဖိုရမ်မှာ ပုံမှန် တွေ့ရတာကတော့ အမျိုးသမီး တန်းတူအခွင့်အရေး၊ Global Young Leader တို့အကြောင်းကို ထည့်သွင်း ဆွေးနွေးခဲ့တာက ထူးခြားတယ်လို့ ဆိုရမှာပါ။ ကိတ်တောင်းဖိုရိမ် မှာတော့ အကြောင်းအရာပေါင်း ၄၉ ခုအထိ ဆွေးနွေးခြင်း၊ စာတမ်းဖတ်ခြင်း များကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ မကျင်းပမီ ၂၀၁၃ ခုနှစ် မေလ ၂၄ ရက်ကနေ ၂၆ ရက် နေ့ အထိ ပဉ္စမအကြိမ် ကမ္ဘာ့ စီးပွားရေး ဖိုရမ်ကိုတော့ အလယ်အာရှလို့ ပြောလို့ ရမယ့် မြေထဲပင်လယ် နိုင်ငံများထဲက ဂျော်ဒန်နိုင်ငံ၊ ပင်လယ်သေ ဒေသမှာ ကျင်းပခဲ့ပါတယ်။ တောင်အာဖရိက ဒေသနိုင်ငံများ၊ အလယ်အာရှ နိုင်ငံ များနဲ့ ပတ်သက်ပြီး ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုလွယ် ပြောင်းလွယ်နိုင်ရန် ကြိုတင်ပြင်ဆင်ထားမှု အခြေအနေများ (Advancing conditions for Growth and Resilience) ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခြင်း ဖြစ်ပါ တယ်။ ဒေသတွင်း သက်ဆိုင်ရာ ကဏ္ဍအလိုက် ခေါင်းဆောင်များအပါအ၀င် တက်ရောက်သူပေါင်း ၉၀၀ ကျော်ရှိခဲ့ပြီး စီးပွားရေးဆိုင်ရာ ရေရှည် ရည်မှန်းချက်များနှင့် ရေတို ဦးစားပေးနယ်ပယ်များကို ဆွေးနွေးခြင်း၊ အကောင်အထည်ဖော်ခြင်း တို့ကို ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ထူးခြားတဲ့ အကြောင်းအရာတွေ ကတော့ လစ်ဗျားနိုင်ငံရဲ့ စီးပွားရေး အလားအလာ၊ အီရတ်နိုင်ငံ ပြန်လည် ထူထောင်ရေးဆိုင်ရာ အကြောင်းအရာ တို့ဖြစ် ပြီး ဒေသတွင်း စားသုံးသူ လူဦးရေသန်း ၃၆၀ အတွက် ဝန်ဆောင်မှုများနှင့် စီးပွားရေး လုပ်ငန်းဆိုင်ရာ ကျင့်ဝတ်များအပါအဝင် အကြောင်းအရာပေါင်း ၃၃ မျိုးအထိ ဆွေးနွေးခြင်း စာတမ်းဖတ်ခြင်းတို့ကို တွေ့ရပါတယ်။

ယခုတစ်ဖန် ဆဋ္ဌမအကြိမ်မြောက် ကမ္ဘာ့စီးပွားရေး ဖိုရမ်ကိုတော့ ဇွန်လ ၅ ရက်ကနေ ၇ ရက်နေ့အထိ နေပြည်တော် MICC ခန်းမမှာ သုံးရက်ကြာ ကျင်းပမှာဖြစ်ပါတယ်။ ဆွေးနွေးပွဲ အကြောင်းအရာ ၂၃ ခုအထိရှိပြီး အထူးသဖြင့် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှုအတွက် လယ်ယာကဏ္ဍ၊ အလုပ်သမား အခွင့်အရေး တန်းတူညီ မျှမှု နှင့် မြန်မာ့ခရီးသွား လုပ်ငန်း မြှင့်တင်ရေး အကြောင်းအရာတွေကတော့ လတ်တလော ဖြစ် ပျက်နေတဲ့ မြန်မာ့စီးပွားရေး နှင့် တိုက်ရိုက်ပတ်သက်တဲ့အတွက် စိတ်ဝင်စားစရာ ကောင်းမှာပါ။ ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတာ ကတော့ ဆွေးနွေးပွဲ ဒုတိယနေ့ ကျင်းပမယ့် မြန်မာ့ အနာဂတ် ဘာလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝန်ကြီး ဦးစိုးသိန်းတို့ရဲ့ Myanmar-What Future ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမယ့် အကြောင်းအရာကတော့ လူထုစိတ်အဝင်စား ဆုံးဖြစ်လာမှာပါ။

၂၀၁၂ ခုနှစ် မေလ ၃၀ ရက်ကနေ ဇွန်လ ၁ ရက်နေ့အထိ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေး ဖိုရမ်မှာ လည်း ဒေါ်အောင်ဆန်းစုကြည်ဟာ Call on Investors to Focus on How to Help Myanmar ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးခဲ့တာကို မှတ်မိကြဦးမယ် ထင်ပါတယ်။ ကမ္ဘာ့ စီးပွားရေး ဖိုရမ်တွေမှာ အဆိုပါဖိုရမ်ဟာ နိုဘယ်လ် ဆုရ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး မိန့်ခွန်း ပြောတာဖြစ် တာကြောင့် နိုင်ငံတကာ မီဒီယာများ အပါအဝင် နိုင်ငံတကာရဲ့စိတ်ဝင်စားမှု အများဆုံး ခံရတဲ့ ဖိုရမ် ဖြစ်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ် အတွင်းမှာ ကမ္ဘာ့စီးပွားရေး ဖိုရမ် ခုနစ်ကြိမ်ကို ဒေသဆိုင်ရာ အလိုက် ကျင်းပခဲ့ပါတယ်။ အာရှအတွက်ကတော့ မြန်မာနိုင်ငံဟာ အခုလို စောစောစီးစီးကျင်းပခွင့် ရတာဟာ အင်မတန် ထူးခြားတဲ့ ဖြစ်စဉ်လို့ပဲ သုံးသပ်ရမှာ ဖြစ်ပါတယ်။

ပထမနေ့မှာ ဆွေးနွေးမယ့် အကြောင်းအရာတွေကို အသေးစိတ် ပြောရရင် ပထမနေ့မှာတော့ စက်မှု လုပ်ငန်းဆိုင်ရာ အကြံပြု ဆွေးနွေးပွဲကို တစ်နေကုန် ကျင်းပမှာ ဖြစ်ပါတယ်။
ဒုတိယနေ့မှာတော့ 1) Vision for east Asia’s network future 2) the business mandate in Myanmar 3) Myanmar : what future 4) Sustainable energy for resilient growth 5) Pursuing the Asia Century 6) Taking ahead with Young Global Leaders-Business for Development 7) the Long-term view Partnering for a new vision for Agriculture 9) Asia’s New Narrative 10) Moving from a cash to Banked Economy 11) Fair Labor is Smart Business 12) Smart Health 13) Mapping Risks : An East Asia Context တို့ကို သက်ဆိုင်ရာ ခန်းမအလိုက် ကျင်းပမှာ ဖြစ်ပါတယ်။ ကျင်းပတဲ့ နေရာတွေကတော့ အဲဒီအစီအစဉ်ထဲမှာ ထည့်သွင်း ဖော်ပြထားတာ တွေ့ရပါတယ်။

နောက်ဆုံးနေ့မှာတော့ 14) Powering Growth through Strategic Infrastructure 15) Extracting Opportunities, Sustaining Livelihoods 16) From Social Protection to Financial Inclusion 17) Mainstreaming Gender 18) Taking Quantum Leaps with Technology 19) Chasing the Next Big Idea 20) Thinking ahead with Young Global Leaders – Inclusive Development 21) A Blueprint for Sustainable Tourism 22) Meet Myanmar Parliamentarians 23) Taking Myanmar to work ဆိုပြီး မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အကြောင်း စုံတာကို တွေ့ရပါတယ်။

ဖိုရမ်တွေ ကျင်းပတဲ့ နေရာမှာလည်း နေရာ ဒေသအလိုက် ကျင်းပသလို၊ သက်ဆိုင်ရာ နိုင်ငံအလိုက် အရေးကြီး Issues များကို ဆွေးနွေးကြတာ ဖြစ် ပါတယ်။ အခုပထမဆုံးအကြိမ် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ဖိုရမ်ကတော့ မြန်မာ့စီးပွားရေး အကြောင်း ပိုများပါတယ်။ သို့ပေမဲ့ လည်း မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးမှု ဖြစ်စဉ်မှာ မလွဲမသွေ ပြုလုပ် အကောင် အထည်ဖော်ပေးရမယ့် အကြောင်းအရာ ကတော့ စီးပွားရေး ဖွံ့ဖြိုးမှု အသီး အပွင့်ကို ဒေသဆိုင်ရာအလိုက် တိုင်းရင်းသား ဒေသအလိုက်၊ အကျိုးတူ ခံစားခွင့် ရရှိရေး ဖြစ်ပါတယ်။

တိုင်းရင်းသား ဒေသတွေဟာဆိုရင် စီးပွားရေး ပုံသဏ္ဌာန် ဟာ ခေတ်နောက်ကျသလို၊ စီးပွားရေး အသီးအပွင့်ကို ရယူခံစားနိုင်ဖို့ အခွင့်အလမ်း နည်းပါတယ်။ တိုင်းရင်းသားဒေသတွေမှာ စီးပွားရေး အလုပ်အကိုင် လုပ်ငန်းပုံစံ နည်းပါးသလို စီးပွားရေး အသိပညာ ဗဟုသုတ နည်းပါးပါတယ်။ ဒီလို ဖြစ်နေတဲ့အတွက် အခုမြန်မာနိုင်ငံမှာ ကျင်းပမယ့် ကမ္ဘာ့စီးပွားရေး ဖိုရမ်မှ Regional Economic Development ဆန်တဲ့ အကြောင်းအရာများကို ထည့်သွင်း ဆွေးနွေးသင့်တယ်လို့ အကြံပြု လိုပါတယ်။ မြန်မာပြည် စီးပွားရေး အခင်းအကျင်းဟာ တိုင်းရင်းသား ဒေသတွေမှာ တောက်လျှောက် နိမ့်ပါးနေတာ ယခု တိုင်အောင် ဖြစ်နေပါတယ်။

ခုဆိုရင် မဟာဗျူဟာ စီးပွာရေး အကွက်အကွင်းတွေကို ထုံးစံအတိုင်း ခရိုနီများက လက်ဝါးကြီး အုပ်သလို ဖြစ်နေတော့ တိုင်းရင်းသားဒေသတွေ မှာရှိတဲ့ စီးပွားရေး အခွင့်အလမ်းတွေ (ဥပမာ-တိုင်းရင်းသားဒေသတွင်းမှာ ဟိုတယ်ဆောက်တာ၊ အပန်းဖြေဥယျာဉ် ဆောက်တာ၊ ခရီးသွား လုပ်ငန်း တည်ထောင်ထားတာမျိုး) မှာ ဝင်ရောက် နေရာယူတာ တွေ့ရပါတယ်။ ခရိုနီတွေ အနေနဲ့လည်း တိုင်းရင်းသားဒေသတွေမှာ မဟာဗျူဟာ စီးပွားရေး အခြေချမယ်ဆိုရင် စီးပွားရေးနှင့် လူမှုရေးတာဝန် တွေကို ပြစ်ပယ်လို့ ရမယ်မထင်ပါဘူး။ ပြောချင်တာက Regional Economic Development ဆန်တဲ့ ဘာသာရပ်မျိုးကို မြန်မာ့စီးပွားရေး ဖိုရမ်မှာ မဆွေးနွေးနိုင်တာ ကတော့ လက်တွေ့နဲ့ ဝေးကွာသလို ဖြစ်နေမှာကို စိုးရိမ်ရတယ်။ တိုင်းရင်းသား ဒေသခံတွေကို စီးပွားရေး အသီးအပွင့်ကို ၎င်းတို့လည်း ခံစားခွင့် ရှိကြောင်း လှစ်ဟ ပြပေးမယ့် အကြောင်းအရာများ မပါဝင် တာကြောင့် ပြည်တွင်းအရေး ဆိုသော်လည်း ပြစ်ပယ်လို့ ကောင်းတဲ့အရာ မဟုတ်ကြောင်းကိုတော့ အခု ဖိုရမ်မျိုးမှာ ကမ္ဘာသိ မဖော်ထုတ်နိုင် တာကတော့ ကြီးမားတဲ့ အခွင့်အလမ်း ဆုံးရှုံးမှုလို့ ဆိုရမှာ ဖြစ်ပါတယ်။

အစိုးရသစ် လက်ထက်မှာ သမ္မတကြီး ဦးသိန်းစိန်ရဲ့ စီးပွားရေး လုပ်ငန်း များနှင့် သက်ဆိုင်သော ဆွေးနွေးပွဲများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၏ အစည်းအဝေးများမှာ အဖွင့်မိန့်ခွန်း ခြွေခဲ့တာဆိုတာ အခုဆိုရင် (၁၁)ကြိမ် ကျော်ပါပြီ။ အစိုးရသစ်ရဲ့ ဒုတိယ လုပ်ငန်းစဉ်ဖြစ်တဲ့ ဆင်းရဲနွမ်း ပါးမှု လျှော့ချရေး အစီအစဉ်ဟာ ကုလသမဂ္ဂ ထောင်စုနှစ် ရည်မှန်းချက် ၂၀၁၅ နှင့်အညီ ဆင်းရဲနွမ်းပါးမှု ၁၆ ရာခိုင်နှုန်း လျှော့ချမယ်ဆိုပြီး အကောင် အထည် ဖော်မယ်လို့ စီမံကိန်းမှာ ဖော်ပြထားတာကို တွေ့ရပါတယ်။ အစိုးရသစ်ရဲ့ ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး အစီအစဉ်ဟာ တိုင်းရင်းသားဒေသတွေမှာ ဟန်ချက်ညီညီ စီးပွားရေးတိုးတက်ဖို့ အထောက်အကူပြုတယ် ဆိုပေမယ့် အခုချိန်ထိတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေမှာ သီးခြားအစီအစဉ်နဲ့ အကောင် အထည်ဖော်မှုတွေဟာ အားနည်းလွန်းနေပါတယ်။ တိုင်းရင်းသားအရေး ဟာ နိုင်ငံရေးမှ ကင်းလွတ်ပြီး တိုင်းရင်းသားဒေသများ စီးပွားရေး လုပ်ငန်းငယ်များ ဖော်ဆောင်ရေး ဖွံ့ဖြိုးရေးစီမံကိန်းကတော့ အထူး လိုအပ်နေပါတယ်။

စောစောက သမ္မတပြောတဲ့ စီးပွားရေး ဖိုရမ်တွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲ့ ဦးစားပေး ကဏ္ဍ (Priority Sector) နဲ့ ဦးစားပေး နယ်မြေ (Priority Area) တို့ကို သိရှိလိုကြတဲ့အတွက် ဖိုရမ်များ ကျင်းပရခြင်း
ဆိုတဲ့ မူနှင့် ကွဲလွဲမှာကို စိုးရိမ်ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ဒေသဆိုင်ရာ အကြောင်းအရာတွေ ဘယ်လောက် ပါသလဲဆိုတာတွေ၊ ဒေသဆိုင်ရာက လူတွေ ဘယ်လောက် အကျိုးရှိနိုင်မလဲ ဆိုတာတွေကို သမ္မတ မိန့်ခွန်းနှင့် ထောက်ပြရမှာ ဖြစ်ပါတယ်။

Credit To The Voice Weekly
Read More »

ဒါဖတ်ပြီးမှ အကြမ်းဖက်ဖို့ စဉ်းစားပါ ဘာသာရေးပဋိပက္ခများကို ဆန့်ကျင်သင့်သည့် အကြောင်းရင်း ၇ ချက်


ရေးသားသူ- ရဲမိုး

ဒီမနက် ဘတ်စ်ကားပေါ်မှာ သင့်ခြေထောက်ကို မွတ်ဆလင်ဟု ထင်ရသူတစ်ဦးက တက်နင်းခဲ့ပါသလား။ ဒါမှမဟုတ် သင့်ပတ်ဝန်းကျင်မှာ မွတ်ဆလင်ဟု ယူဆရသူတစ်ဦးက သံဃာတော်တစ်ဦးကို စက်ဘီးဖြင့် ၀င်တိုက်ခဲ့ပါသလား။ ဘာမှအရေးယူဆောင်ရွက်မှုမပြုလုပ်မီ ဒီဆောင်းပါးကိုအရင်ဖတ် ကြည့်ပါ။

ဆက်တိုက်ဖြစ်ပွားနေသည့် ဘာသာရေးလူမျိုးရေးပဋိပက္ခများက မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို တစ်စစီဆုတ်ဖြဲပစ်ဖို့ ကြိုးစားနေသည်။ ဆယ်စုနှစ်ငါးစုခန့် မျက်စိလည်လမ်းမှားနေခဲ့ပြီး လမ်းကြောင်းပြန်တည့်ဖို့ ကြိုးစားနေသည့် လူ့အဖွဲ့အစည်းကို နောက်ပြန်လှည့်ဖို့အားထုတ်သည့် ပြဿနာဖြစ်သည်။

ဘာကြောင့် ဘာသာရေးလူမျိုးရေးပဋိပက္ခများကို ပြည်ထောင်စုသားတိုင်းက အပြင်းအထန်ဆန့်ကျင်သင့်သည် ယခုပဋိပက္ခများကပြည်ထောင်စု အနာဂတ်ကို ဘယ်လို ခြိမ်းခြောက်နေသည်ဆိုသည့် အကြောင်းရင်းခုနစ်ချက်ကို ဖော်ပြပါမည်။

၁။ ပြည်ထောင်စုဟူသည် လူနည်းစုများ၏ နေအိမ်လူနည်းစု မွတ်ဆလင်များကို တိုက်ခိုက်ခြင်းသည် ပြည်ထောင်စုတွင်းရှိ အခြားသော လူနည်းစုများကြားမှာလည်း မလုံခြုံစိတ်ကို ပျံ့နှံ့စေသည်။ လူနည်းစုများဖြစ်သည့် ခရစ်ယာန်၊ ဟိန္ဒူဘာသာဝင်များ အပါအ၀င် တိုင်းရင်းသား အားလုံး၏ စိတ်တွင် တစ်နေ့လူအများစုနှင့် ပြဿနာဖြစ်လျှင် အကာအကွယ်မဲ့ အနိုင်ကျင့်ခံရမည်ဆိုသည့် မလုံခြုံသည့်စိတ်က ပြည်ထောင်စု စိတ်ဓာတ်ကို အပြင်းအထန်ထိခိုက်စေပါသည်။ ပြည်ထောင်စုမပြိုကွဲရေးကို ရာသက်ပန်ကြွေးကြော်နေခဲ့သည့် တပ်မတော်နှင့် ဗိုလ်ချုပ်ကြီး ဟောင်းများနှင့် ဖွဲ့ စည်းထားသော အစိုးရအဖွဲ့တွင် တာဝန်ရှိပါသည်။ တိတ်ဆိတ်နေသော အတိုက်အခံသည်လည်း လူနည်းစုများ၏ အခွင့် အရေးအတွက်တာဝန်ရှိပါသည်။

၂။ အဝေးရောက် မိသားစုဝင်များအင်ဒိုနီးရှား၊ မလေးရှားနိုင်ငံများအပါအ၀င် မွတ်ဆလင်နိုင်ငံအသီးသီးနှင့် ကမ္ဘာတစ်လွှားမှာ အလုပ်လုပ်ကိုင်၊ အခြေချနေထိုင်နေကြသည့် မြန်မာတို့အတွက် လုံခြုံရေးအရ စိုးရိမ်စရာအကောင်းဆုံးအခြေအနေ ရင်ဆိုင်နေရသည်။ ပြည်တွင်းမှအစွန်းရောက် သူ၊ မသမာသူအချို့ကြောင့် ပြည်တွင်းပြည်ပမိသားစုဝင်အများအပြား စိုးရိမ်ပူပန်နေကြရသည်။ ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများ၏ ပြည်တွင်းသို့ ငွေပြန်လွှဲမှုသည် ဒေါ်လာ ဆယ်ဘီလီယံ အနည်းဆုံးရှိနိုင်သည်ဟု The Economist မဂ္ဂဇင်းကြီး၏ ဆောင်းပါးတစ်စောင်ကဆိုသည်။ ဤငွေပမာဏသည် မြန်မာနိုင်ငံက နှစ်စဉ်ရောင်းချနေသည့် သဘာဝဓာတ်ငွေ့မှ ရရှိသည့်ငွေထက် အမြောက် အမြားပိုပါသည်။ ပြည်သူအများစုကို ထမင်းကျွေးနေသည့် ကဏ္ဍဖြစ်သည်။

၃။ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများ နှစ်ငါးဆယ်ကျော် ခေတ်နောက်ကျကျန်နေခဲ့ပြီး နိုင်ငံတကာအကူအညီနှင့် ပြန်လည်ဖွံ့ဖြိုးအောင် ကြိုးစားနေသည့် နိုင်ငံတစ်နိုင်ငံအတွက် အကြီးမားဆုံးပြဿနာဖြစ်သည်။ အကြမ်းဖက်မှုရှိနေသည့် မည်သည့်လူ့အဖွဲ့အစည်းကိုမျှ ဖွံ့ဖြိုး တိုးတက်အောင်လုပ်၍မရပါ။ နိုင်ငံတကာမှ အကူအညီအထောက်အပံ့များ ရနေသည့်တိုင် ဆင်းရဲမွဲတေမှုကို ခ၀ါမချနိုင်သည့် နိုင်ငံအများ
အပြား ရှိသည်။ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တစ်နှစ်လျှင်နိုင်ငံတကာမှ အကူအညီပျမ်းမျှ ၁ ဒသမ ၂ ဘီလီယံဒေါ်လာရရှိနေသည်။
သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံလမ်းများပေါ်တွင် ယာဉ်တိုက်ခိုက်မှုကြောင့် နှစ်စဉ်ဆုံးရှုံးနေသည့် စရိတ်က ၁ ဒသမ ၂ ဘီလီယံဒေါ်လာရှိနေသည်။ မထင်မှတ်သည့် ပြဿနာတစ်ခုတည်းကြောင့် နိုင်ငံတကာကအကူအညီအားလုံးကို ဆုံးရှုံးနေသည့် အခြေအနေဖြစ်သည်။ မြန်မာနိုင်ငံတွင်တော့ ဘာသာရေး၊ လူမှုရေးပဋိပက္ခများကို မထိန်းချုပ်နိုင်လျှင် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများ လုပ်ကိုင်ဖို့မဖြစ်နိုင်ပါ။

၎။ ဗုဒ္ဓဘာသာ၏ ပုံရိပ်ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း နိုင်ငံတကာအသိုင်းအ၀ိုင်းက မြန်မာဗုဒ္ဓဘာသာနှင့် သံဃာတော်များအပေါ် ထားရှိသည့် လေးစားယုံကြည်မှုအပေါ် ယခုပဋိပက္ခများက ထိခိုက်မှုရှိပါသည်။ နိုင်ငံတကာက၀ိုင်းဝေဖန်၍ အကဲဆတ် ပြန်လည်ရန်တွေ့မည့် အစား မိမိလူ့အဖွဲ့အစည်းအတွင်းမှာ အနိုင်ကျင့်အကြမ်းဖက်မှုများ မရှိစေဖို့ ကြိုတင်တားမြစ်နိုင်မှသာ ဂုဏ်သိက္ခာကို ပြန်ဆယ်နိုင်လိမ့်မည်။
“လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။ အထင်သေးခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။ ဆင်းရဲလိုခြင်းအချင်းချင်း ကင်းရှင်းကြပါစေ။ တို့မေတ္တာစွမ်း ကမ္ဘာလွှမ်းငြိမ်းချမ်းကြပါစေ”

၅။ ပတ်ဝန်းကျင်နှင့် သင့်တင့်လျောက်ပတ်စွာနေထိုင်ခြင်း မြန်မာနိုင်ငံတည်ရှိသည့် အရှေ့တောင်အာရှတိုက်ငယ်၏ လူဦးရေထက်ဝက်ကျော် သည် အစ္စလာမ်ဘာသာဝင်များဖြစ်ပါသည်။ ဘာသာရေးအခြေခံသည့် မီးကိုမွှေးလျှင် ကိုယ့်နိုင်ငံသာမကဘဲ ဒေသတွင်းမှာမည်မျှကူးစက်လောင် ကျွမ်းမည်ကို ဆင်ခြင်တွေးတော၍ ရနိုင်လိမ့်မည်။

အာဆီယံဥက္ကဋ္ဌလုပ်မည်ဆိုလျှင် ဥက္ကဋ္ဌနေရာနှင့် ထိုက်တန်သည့်ကျင့်ကြံမှုကို ပြသဖို့လိုသည်။ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌအခွင့်အရေးမှ မြန်မာနိုင်ငံအနေဖြင့် ရစရာအများအပြားရှိသည်။ မိုက်မဲသည့် လုပ်ရပ်များဖြင့် ထိုအခွင့်အရေးကို မဆုံးရှုံးသင့်ပါ။

၆။ တရားဥပဒေစိုးမိုးရေးမည်သည့် အကြောင်းပြချက်နှင့်မဆို တရားဥပဒေကို ချိုးဖောက်ဖို့ ကြိုးစားအားထုတ်မှုသည် ဗိုင်းရပ်စ်ပိုးကဲ့သို့ ပျံ့နှံ့မှုလွယ်ကူသည်။ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေသည် လူ့အဖွဲ့အစည်းအတွင်းတွင် အခြားသောတရားဥပဒေချိုးဖောက်မှုအမျိုးမျိုး
ကို ရက်ရောစွာ ဖိတ်ခေါ်နေသည်။ ပြည်သူအချင်းချင်း နှိပ်စက်ဖိနှိပ်မှုသည် အစိုးရ၊ လက်နက်ကိုင်တပ်ဖွဲ့များ၊ မဟာသူဌေးကြီးများနှင့် နိုင်ငံ ဖြတ်ကျော်အဖွဲ့အစည်းများကိုလည်း ပြည်သူများအပေါ် မတရားဖိနှိပ်မှုပြုလုပ်ဖို့ အားပေးတိုက်တွန်းသယောင်ဖြစ်သည်။ဥပဒေအထက်မှာ မည်သူမှ မရှိရပါ။

၇။ တပ်မတော်ကြီးလည်း ချီလာပါပြီ၊ အထက်ပါ အချက်ခြောက်ချက်ကို ဖတ်ပြီးသည့်တိုင် နားမ၀င်သေးသူများအတွက် နောက်ဆုံးအချက် နံပါတ်ခုနစ်ဖြင့် သတိပေးဖို့ ကြိုးစားပါမည်။ အကြမ်းဖက်မှုနှင့် မငြိမ်သက်မှုသည် စစ်တပ်အုပ်ချုပ်ရေးကို တိုက်ရိုက်ဖိတ်ခေါ်ခြင်းဖြစ်ပါသည်။ နှစ်ငါးဆယ်သည် လုံလောက်သော ခြောက်အိပ်မက်ရှည်တစ်ခုဖြစ်ပြီး ထိုအိပ်မက်ကို ပြန်မက်ချင်သူ အများအပြားရှိမည်ဟုမထင်ပါ။ တပ်မတော်သားများအပါအ၀င် ဖြစ်ပါသည်။

အရပ်ဘက်ကိစ္စများတွင် တပ်မတော်မပါဝင်ဘဲ ဖြေရှင်းနိုင်သည့် အစွမ်းအစ ကျွန်တော်တို့မှာရှိကြောင်း သက်သေပြဖို့လိုပါသည်။ မြန်မာနိုင်ငံသည် ယဉ်ကျေးသော လူ့အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း သက်သေပြဖို့ ကျွန်တော်တို့ အားလုံးမှာတာဝန်ရှိသည်။


Credit To 7Day News Journal
Read More »

မပြီးဆုံးနိုင်သောပဋိပက္ခများ၊ပြည်သူတို့၏သောကများနှင့်အစိုးရ၏တာဝန်


လားရှိုးမြို့မှာ အမျိုးသမီးတစ်ဦး မီးရှို့ခံရတဲ့ကိစ္စကို အကြောင်းပြုပြီး ပဋိပက္ခတစ်ခုပေါ်ပေါက်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြခဲ့တာကို ဖတ်ရပါတယ်။ မေလ (၂၈) ရက်နေ့မှာ မအေးအေးဝင်း ဆိုတဲ့ အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ဓါတ်ဆီလောင်း၊ မီးရှို့ခဲ့တာကို အကြောင်းပြုပြီး ပဋိပက္ခကို ဖန်တီးခဲ့ကြတာပါ။ ဆိုင်ကယ်တွေ အုပ်စုဖွဲ့ပြီး အရပ်ထဲရွာထဲမှာ လှည့်လည်လို့ အကြမ်းဖက်ကြတဲ့ပုံတွေကလည်း အင်တာနက်စာမျက်နှာများ၊ နိုင်ငံခြားသတင်းများမှာ ပေါ်ထွက်လာပြန်တော့ ဒို့နိုင်ငံမှာ ဘယ်လိုတွေများ ဖြစ်ကုန်တာပါလဲလို့ စဉ်းစားလို့ကိုမရနိုင်အောင်ဖြစ်ရပါတယ်။

အဲဒီလို အကြမ်းဖက်မှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေ ဒုက္ခရောက်ကြရပြန်ပါပြီ။ လူနေအိမ်ခြေ (၅) လုံး ဖျက်ဆီးခြင်းခံရတယ်။ ဘာသာရေး အဆောက်အအုံတွေ ဈေးဆိုင်တွေ မော်တော်ယာဉ်တွေ ပျက်စီးခဲ့ရ တယ်။ အကြမ်းဖက်ခံရတဲ့ အပြစ်မဲ့သူတွေကို ရပ်ကွက်(၁၂)ကသီရိမင်္ဂလာမန်ဆူရှမ်းကျောင်းမှာစောင့်ရှောက်မှုပေးထားရတယ်လို့သတင်းတွေကို ဖတ်ရပါတယ်။ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေရဲ့ ရင်ထဲမှာ ဘာ တွေများဖြစ်နေကြပြီလဲ။ ကိုယ့်ခြေထောက်ကိုကမျဉ်းနီကောင် ကိုက်တာနဲ့ပဲ ဘယ်လိုဖြစ်လို့တောတစ်တောလုံး မီးတိုက်ချင်နေကြတာလဲလို့သာ မေးချင်ပါတော့တယ်။

လူဆိုတာအသိုင်းအဝိုင်းနဲ့နေတဲ့သတ္တဝါတစ်မျိုးပါ။အသိုင်းအဝိုင်းနဲ့နေပြီဆိုကတည်းကနေ့စဉ်နဲ့အမျှ သဘောထားချင်းမတိုက်ဆိုင်မှုတွေကိုရင်ဆိုင်တွေ့ကြုံကြရမှာပါပဲ။သဘောထားချင်းမတိုက်ဆိုင်မှုတွေကို မညှိနိုင်းမဖြေရှင်းနိုင်ကြရင် ပြဿနာတွေဆိုတာဖြစ်လာတော့တာပါပဲ။ ပြဿနာတွေကြီးလာရင် ပဋိပက္ခ တွေပေါ်ပေါက်လာမှာပါပဲ။ အဲဒီအတွက် ပဋိပက္ခဆိုတာလူနဲ့ လူ့ပတ်ဝန်းကျင်ရှိနေသမျှ ရှိနေမှာပါ၊ အဲဒါကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ပြဿနာရဲ့ အတိမ်အနက်ကို သိဖို့လိုအပ်ပါတယ်။ပြဿနာတစ်ခုရဲ့အတိမ်အနက်ကိုမသိဘဲ နားမလည်ဘဲနဲ့ ပြဿနာကို ဖြေရှင်းလို့ မရနိုင်ပါဘူး။ပြဿနာဆိုတာ အကြောင်းရင်းခံအမျိုးမျိုးနဲ့ဖြစ်ပေါ်လာတတ်ပါတယ်။ပြဿနာတိုင်းမှာ(၁)ရည်ရွယ်ချက်မရှိပဲ(မထင်မှတ်သော အကြောင်းရင်းခံတစ်ခုကြောင့်)ဖြစ်ပေါ်လာသော ပြဿနာ (၂) ရည်ရွယ်ချက်တစ်ခုဖြင့် ဖြစ်ပေါ်လာသော ပြဿနာလို့ ခွဲခြားစဉ်းစား ရမှာဖြစ်ပါတယ်။အမှတ်(၂)အမျိုးအစားဖြစ်တဲ့ရည်ရွယ်ချက်တစ်ခုဖြင့်ဖြစ်ပေါ်လာသောပြဿနာများမှာ(က) လူတစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာစေလိုသော ရည်ရွယ်ချက် (ခ) မိသားစုတစ်ခုကို ထိခိုက်နစ်နာစေ လိုသော ရည်ရွယ်ချက် (ဂ)လူ့အဖွဲ့အစည်းတစ်ခုကိုထိခိုက်နစ်နာစေလိုသောရည်ရွယ်ချက်(ဃ)ဒေသဆိုင်ရာတစ်ခု၊အခြေအနေတစ်ရပ်ကို ထိခိုက်စေလိုသော ရည်ရွယ်ချက်လို့ ထပ်မံခွဲခြား စဉ်းစားကြည့်ကြပါမယ်။

ယခုဖြစ်ပွားနေသောပြဿနာများမှာစတင်ဖြစ်ပွားစဉ်ကရည်ရွယ်ချက်မရှိဖြစ်ပွားတဲ့ပြဿနာများဖြစ်ပြီး ထိုသို့ဖြစ်ပြီးနောက်ပိုင်းမှာရည်ရွယ်ချက်ရှိရှိနဲ့ဆက်လက်ကြီးထွားလာစေတာကိုတွေ့မြင်နေရပါတယ်။ မိတ္ထီလာ ပြဿနာဟာ ရွှေဆိုင်မှာ ခိုက်ရန်ဖြစ်ပွားမှု တစ်ခုဖြစ်တယ်။ သာမန်အားဖြင့် ဒီပြဿနာဟာရုံးရောက်၊ ဂါတ်ရောက်နဲ့ ပြီးဆုံးသွားမှာဖြစ်ပေမယ့် နောက်ကနေ ရည်ရွယ်ချက်တွေပါလာတာကိုမြင်ရပါတယ်။ အဲဒီရည် ရွယ်ချက်မှာ ဘာသာရေး၊ လူမျိုးရေး တံဆိပ်ကပ်မှုများနဲ့ ပဋိပက္ခကို အရှိန်ရစေခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့များရဲ့ စီမံခန့်ခွဲမှု၊ ကြိုတင်ပြင်ဆင်မှု အားနည်းချက်များကို အသုံးချသွားခဲ့နိုင်တာကို တွေ့မြင်ရပါတယ်။ တစ်နည်းအားဖြင့်ပြောရရင် လုံခြုံရေးထိန်းသိမ်းမှုအတွက် ရဲတပ်ဖွဲ့အင်အားမပြည့်စုံမှု၊ ရှိတဲ့ရဲတပ်ဖွဲ့ရဲ့လုပ်ကိုင်ဆောင်ရွက်ပုံအားနည်းမှုတွေကိုအခွင့်ကောင်းယူပြီးရည်ရွယ်ချက်ကို ပြီးမြောက်အောင်ဆောင်ရွက်သွားခဲ့ကြတာပါ။ဥက္ကံပြဿနာမှာတော့အဘက်ဘက်ကစောင့်ကြည့်ဝေဖန်မှုတွေနဲ့အုပ်ချုပ်ရေးအာဏာပိုင်တို့ရဲ့ကိုင်တွယ်မှုတိုးတက်လာတာတွေကြောင့်မိတ္ထီလာအရေးကိစ္စလောက်အထိမနာခဲ့ဘူးလို့ ဆိုရမှာဖြစ်ပါတယ်။

အခုလားရှိုးကိစ္စမှာ မူလမီးပွားဖြစ်တဲ့ မအေးအေးဝင်း ဓါတ်ဆီလောင်း မီးရှို့ခံရခြင်းဟာ လူမဆန်တဲ့ ရာဇဝတ်မှုတစ်ခုကို ကျူးလွန်ခဲ့တာဖြစ်ပါတယ်။ ဒါဟာ ရည်ရွယ်ချက်ရှိရှိလုပ်ခဲ့တယ်ဆိုရင်တောင်မှ အဲဒီရည် ရွယ်ချက်ဟာ လူတစ်ဦးတစ်ယောက်ကို ထိခိုက်စေတဲ့ ရည်ရွယ်ချက် ဖြစ်ပါတယ်။ အဲဒါကို အပြစ်ပေးအရေးယူဖို့ ဥပဒေတွေ ရှိပြီးသားပါ။ ပြစ်မှု ကျူးလွန်ခဲ့သူကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီးတရားရုံးကပြစ်မှုဆိုင်ရာဥပဒေများနဲ့စစ်ဆေးအရေးယူသွားရမှာဖြစ်ပါတယ်။အဲဒီလိုအခြေအနေမှာ မည်သူတစ်ဦးတစ်ယောက်၊တစ်စုတစ်ဖွဲ့ကမှကိုယ့်ကိုယ်ကိုယ်တရားကိုစောင့်ရှောက်သူများအဖြစ်နဲ့သတ်မှတ်ပြီး ကိုယ့်ဥပဒေကိုယ်သတ်မှတ်စီရင်စရာ အ ကြောင်းမရှိပါဘူး။ ဒီလုပ်ရပ်ဟာ အမှားတစ်ခုကို ပိုပြီး ကြီးမားတဲ့အမှားနဲ့ တုံ့ပြန်ခြင်းပါပဲ။ အဲဒီအမှားကြီးဟာ ဒေသဆိုင်ရာလူ့အဖွဲ့အစည်းတစ်ခုကို တုန်လှုပ်ချောက်ခြားစေခဲ့ပါတယ်။ ဒေသတစ်ခုမှာ မှီတင်းနေထိုင်ပြီး ကိုယ့်ဝမ်းစာကိုယ်ရှာစားနေကြရတဲ့နိုင်ငံသူနိုင်ငံသားတွေကိုစားကောင်းခြင်းမစားရအိပ်ကောင်းခြင်းမအိပ်ရ၊အသက်မွေးဝမ်းကျောင်းအလုပ်ကိုတောင်ကျောလုံလုံနဲ့ မလုပ်ရဲမကိုင်ရဲတဲ့ ဘဝကိုရောက်စေခဲ့ သူတွေဟာ လူသတ်မှု မီးရှို့မှုတွေထက် ပိုမိုကြီးလေးတဲ့ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်အန္တရာယ်ပြုမှုကို ကျူး လွန်ခဲ့ကြတာဖြစ်တယ်လို့ စာရေးသူက စွဲချက် တင်ချင်ပါတယ်။
အဲဒီလူတွေရဲ့လုပ်ရပ်ဟာမြန်မာကို ကမ္ဘာမှာ သိမ်ငယ်စေပါတယ်။မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာ ရင်းနှီးဖော်ရွေသူများ၊ ဧည့်ဝတ်ကျေပြွန်သူများ၊ စိတ် သဘောထားကောင်းမွန်သူများ၊ ယဉ်ကျေးသိမ်မွေ့သူများ ဆိုတဲ့ ဂုဏ်ပုဒ်တွေဟာ ဒီလူတွေရဲ့ လုပ်ရပ်တွေကြောင့်အပိုင်းပိုင်းအစစကြေမွရတော့မှာလား။ဒီလိုသာရှေ့ ဆက်သွားနေရင်နိုင်ငံရပ်ခြားတိုင်းတစ်ပါးမှာရကြည်ရာမြက်နုရာသွားရောက်ရှာဖွေလုပ်ကိုင်စားသောက်နေရသူမြန်မာလူမျိုးတွေဟာတစ်ခြားတစ်ပါးသောနိုင်ငံသားတွေရှေ့မှာမြန်မာလူမျိုး၊မြန်မာနိုင်ငံသားပါလို့ကိုယ့်ကိုကိုယ်မဖော်ပြရဲ၊ ခေါင်းမဖော် ရဲတဲ့ဘဝကို ရောက်ကြရတော့မယ်။ တစ်ဆိတ်ရှိ ဘာသာရေး၊ လူမျိုးရေးတွေ အရေခြုံပြီး အကြမ်းဖက်ကြတာတွေဟာအတိုင်းတိုင်းအပြည်ပြည်မှာရောက်ရှိနေကြတဲ့ကိုယ့်နိုင်ငံသားတွေရဲ့ မျက်နှာတွေကိုမထောက်ထားကြတော့ဘူးလားလို့ မေးချင်ပါတယ်။
အခုလိုလုပ်နေကြတာဟာ ဘယ်လိုရည်ရွယ်ချက်တွေ ရှိနေကြပါသလဲ၊ လူ့အဖွဲ့အစည်းတစ်ခုကို ထိ ခိုက်နစ်နာစေလိုသော ရည်ရွယ်ချက်နဲ့လုပ်နေကြတာလား၊ဒေသဆိုင်ရာတစ်ခု၊အခြေအနေတစ်ရပ်ကို ထိခိုက်စေလိုသောရည်ရွယ်ချက်နဲ့ လုပ်နေကြတာလားဆိုတာကို သက်ဆိုင်ရာတာဝန်ရှိသူတွေက ခွဲခွဲခြားခြား၊ ကွဲကွဲပြားပြား စုံစမ်းဖော်ထုတ်လို့ ထိထိရောက်ရောက် အရေးယူသင့်တယ်လို့ အကြံပြုချင်ပါတယ်။ ဒေသဆိုင်ရာ တစ်ခု၊ အခြေအနေတစ်ရပ်ကို မတည်မငြိမ်ဖြစ်အောင်၊ ထိခိုက်အောင် ရည်ရွယ်ချက်တွေပါလာပြီဆိုရင် အဲဒီနောက်မှာ နိုင်ငံရေးမတည်ငြိမ်အောင် ဖန်တီးမှုတွေ ပါလာပါလိမ့်မယ်။
အသွင်ကူးပြောင်းဆဲနိုင်ငံများမှာနိုင်ငံရေးမတည်ငြိမ်အောင်ဖန်တီးတဲ့အကြောင်းတရား(၄)ခုရှိပါတယ်။ ပထမအကြောင်းတရားကတော့ အုပ်ချုပ်ရေး အဖွဲ့အစည်းများကို မယုံကြည်မှု၊ ယခင်ကြုံတွေ့ခဲ့ဘူးသော အတွေ့အကြုံများအရ မမျှတ၊ မမှန်ကန်သော တရားစီရင်ရေးကို မယုံကြည်မှုများ၊ အားကိုးအားထားမပြုနိုင်ဟု သတ်မှတ်ထားသော စိတ်အခံများကြောင့် နိုင်ငံရေးအသိအမြင်အားနည်းသော အရပ်သားများက မိမိတို့ ဘာသာ အကြမ်းဖက်မှုများကို ရည်ရွယ်ချက်မဲ့ ဖန်တီးမိခြင်းဖြစ်ပါတယ်။ ဒီအကြောင်းတရားကို ဖြေရှင်းနိုင်ဖို့ အတွက်ကတော့ နိုင်ငံသူနိုင်ငံသားတွေအကြား တစ်ဖက်နဲ့တစ်ဖက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး သဘောထားတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ထွန်းလာအောင်နိုင်ငံတော်အဆင့် ဘာသာရေးခေါင်းဆောင်များ၊ ဒေသဆိုင်ရာအဆင့် ဘာသာရေးခေါင်းဆောင်များမှ ဦးဆောင်၍ အသိပညာပေးခြင်း၊ ဘာသာရေး၊ လူမျိုးရေးပြဿနာဖန်တီးသူများကိုဖော်ထုတ်၍ဥပဒေဖြင့်တိတိကျကျပြင်းပြင်းထန်ထန်အပြစ်ပေးအရေးယူခြင်းတို့ဖြင့် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်ဒုတိယအကြောင်းကတော့ ဆန့်ကျင်ဖက် အတိုက်အခံအဖွဲ့အစည်းများ အာဏာရအစိုးရအား အကျပ် အတည်းဖြစ်စေဖို့ ရည်ရွယ်ဖန်တီးတာဖြစ်ပါတယ်။လက်ရှိအခြေအနေမှာ အာဏာရအစိုးရနှင့်အတိုက်အခံများ ၏ ထိတွေ့ဆက်ဆံမှုများ၊ လားရာလမ်းကြောင်းများအရ မြန်မာနိုင်ငံမှာ အာဏာရအစိုးရကို အကျပ်အတည်း ဖြစ်စေဖို့ ဖန်တီးနိုင်စွမ်းရှိသော အတိုက်အခံ အဖွဲ့အစည်းမရှိသေးတာကိုထင်ထင်ရှားရှားတွေ့မြင်နိုင်ပါတယ်။



တတိယအကြောင်းတရားကတော့ အတိုက်အခံများကိုစွပ်စွဲဖို့၊ ဖိနှိပ်ချုပ်ချယ်ဖို့နဲ့နောက်ဆုံးမှာ အာဏာသိမ်းယူရန် အခြေအနေတစ်ခုကို ဖန်တီးဖို့ဆိုတဲ့ အပိုင်းဖြစ်ပါတယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ်ကိုလျောက်လှမ်းပြဖို့ ပြည်သူတွေရဲ့ ယုံကြည်မှုကို အပြင်းအထန် တည်ဆောက်နေတဲ့ အာဏာရအစိုးရဲ့ အား ထုတ်မှုများအရ ဒီအချက်လည်း ဖြစ်နိုင်ချေနည်းပါး ပါတယ်။ ဒီလမ်းကြောင်းကို လျောက်လှမ်းမယ်ဆိုရင် 'ထုတဲ့ ဥသျှစ်လဲကွဲ၊ ခံတဲ့ဥသျှစ်လည်းကြေ' ဆိုတာလို နှစ်ဦးနှစ်ဖက် ဘယ်ဖက်မှ အကျိုးမရှိတဲ့ လမ်းလို့ သုံးသပ်နိုင်ပါ တယ်။ စတုထ္ထနဲ့ နောက်ဆုံးအကြောင်း တရားကတော့ နိုင်ငံငယ်တစ်နိုင်ငံတွင် မိမိတို့ သြဇာ လွှမ်းမိုးလျက် မိမိတို့အကျိုးစီးပွားကို စိတ်တိုင်းကျ ဖန်တီးနိုင်သော အခြေအနေမှ မိမိတို့သြဇာလွှမ်းမိုးမှု လျော့ကျခြင်း၊ မိမိတို့ အကျိုးစီးပွားလျော့လဲလာခြင်းကို မလိုလားသော နိုင်ငံကြီးများမှ ထိုနိုင်ငံငယ်အတွင်း မတည်ငြိမ်မှုများကို ဖန်တီးစေခြင်းဆိုတဲ့ အကြောင်းတရားများဖြစ်ပါတယ်။ ဒီအချက်ကတော့ မိမိတို့အကျိုးစီးပွားကို ကာကွယ် လိုတဲ့နိုင်ငံကြီးတွေတိုင်းကကျင့်သုံးတတ်တဲ့သဘောတရားဖြစ်တဲ့အတွက်သတိကြီးစွာထားသင့်သော အချက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြဿနာများဟာ ဘယ်အခြေ အနေကို ရည်ညွှန်းနေသလဲဆိုတာကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေက ရှင်းရှင်းလင်းလင်း သိမြင်ဖို့ လိုအပ်ပါ တယ်။

ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ်၊ဒေသဆိုင်ရာတစ်ခုရဲ့အေးချမ်းရေးတည်ငြိမ်ရေးကိုထိန်း သိမ်းစောင့်ရှောက်ဖို့ကတော့အုပ်ချုပ်ရေးအာဏာပိုင်များရဲ့တာဝန်ဖြစ်တယ်ဆိုတာအငြင်းထွက် လို့မရပါဘူး။နိုင်ငံတစ်ခုမှာဒေသဆိုင်ရာများရဲ့လုံခြုံရေး၊ မြို့နေလူထုရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက် ဖို့ဆိုတဲ့အချက်တွေကိုကျေပြွန်စွာထမ်းဆောင်ရမှာဟာပြည်သူ့ရဲများရဲ့တာဝန်ဖြစ်ပြီး၊အဲဒီအတွက်လို အပ်ချက်တွေကိုဖြည့်ဆည်းပေးရမှာကဒေသဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်တွေရဲ့ တာဝန်ဖြစ်ပါတယ်။ သေချာတာကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့ပြီးတဲ့၊ ဖြစ်ပွား နေတဲ့၊ ဖြစ်ပွားလာနိုင်သေးတဲ့ လူမှုရေး၊ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများအတွက် 'ပြည်သူ့အတွက်ပြည်သူ့ရဲ' လို့ ကြွေးကြော်ထားကြတဲ့ အဖွဲ့အစည်းတစ်ခုမှာ ထိထိရောက်ရောက် ကိုင်တွယ်နိုင်စွမ်း မရှိသေးဘူးဆိုတာပါပဲ။ ရုပ်ရှင်တွေ ဗီဒီယိုတွေထဲမှာ ကြည့်ဖူး မြင်ဖူးခဲ့ရသလို ဇာတ်လိုက်က လူဆိုး တွေကို အလဲအကွဲထိုးကြိတ် နှိမ်နင်းပြီးမှ၊ ဒါမှမဟုတ်ဗီလိန်တွေရော၊ ဇာတ်လိုက် မင်းသားရော သကာနီးမှပြည်သူ့ရဲတွေရောက်လာတယ်ဆိုတဲ့ရိုက်ကွက်ပြကွက်တွေကို တကယ့်ပြင်ပလောကမှာမြင်နေတွေ့နေရတာကတော့အတော့်ကိုစိတ်မချမ်းမသာဖြစ်စရာကောင်းလှပါတယ်။

ကူညီပါရစေ (May I Help You) ဆိုတဲ့စာတမ်းတွေကလည်း အတော့်ကို အဓိပ္ပာယ်မဲ့နေခဲ့တာ ကြာပါပြီ။



ဒေသဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူတွေ၊ပြည်သူ့ရဲတပ်ဖွဲ့အကြီးအကဲတွေအနေနဲ့အဓိကရုဏ်းနျိမ်နင်းရေးအတွက် ကြိုတင်စီမံချက်တွေ၊ပဋိပက္ခဖြေရှင်းရေးအတွက်ကြိုတင်စီမံချက်တွေပြင်ဆင်ထားချက်တွေမရှိဘဲ မနိုင်မနင်းဖြစ်ရပ်ဆိုးတွေဖြစ်ပေါ်ပြီးကာမှပြဿနာဖြစ်တိုင်းဖြစ်တိုင်းအကြောင်းပြနေကြခေါက်ရိုး ကျိုးစကားလုံးတွေနဲ့ နောက်ကွယ်က ကြိုးကိုင်မှုတွေ ရှိတယ်ဆိုတဲ့မရေရာ၊မသေချာတဲ့အကြောင်းပြချက် တွေနဲ့ ကိုယ်တာဝန်ကိုယ် မကျေပြွန်မှုတွေကို မိုးကြိုးပစ်ရာ၊ ထန်းလက်နဲ့ ကာနေကြတာကတော့ မသင့်လျှော် ပါဘူး။ အဲဒီလိုဖြစ်ရပ်တွေဟာ ဒေသဆိုင်ရာ အုပ်ချုပ်ရေး အာဏာပိုင်တွေကိုပြည်သူလူထုတွေရဲ့ မယုံမကြည် စိတ်တွေ၊ ယုံကြည်ကိုးစားမှု မထားလိုစိတ်တွေကို ကြီးထွားလာစေမှာဖြစ်ပြီး၊ သူက တုတ်ဆွဲလာရင် ငါက ဓားဆွဲမယ်ဆိုတဲ့ မင်းမဲ့စရိုက်တွေကို ပေါ်ပေါက်လာစေမှာ ဖြစ်ပါတယ်။ အဲဒီလိုတွေသာဖြစ်လာမယ်ဆိုရင်တော့မြန်မာနိုင်ငံမှာပြည်သူတွေအတွက်အိပ်ကောင်းခြင်းအိပ်ရမယ့်ညတွေရှိတော့မှာ မဟုတ်ပါဘူး။ ယခုဆိုရင် နိုင်ငံတကာ သတင်းစာမျက်နှာတွေမှာ အင်တာနက် သတင်းစာမျက်နှာတွေမှာ မြန်မာလူမျိုးတွေဟာ ကြမ်းတမ်းသော၊ရက်စက်ကြမ်းကြုတ်သော၊ရန်လိုသော၊ဘာသာရေးအစွန်းရောက်သော လူမျိုးများအဖြစ် ဖော် ပြခြင်းကိုခံနေရပါတယ်။ နိုင်ငံတကာက ရင်းနှီးမြုပ်နှံမှုတွေ အလုံးအရင်းနဲ့ဝင်ရောက်လာတော့မယ့်အချိန်၊ ကမ္ဘာ လှည့်ခရီးသွားများ တစ်ဟုန်ထိုး တိုးတက်လာတော့မယ့် အချိန်မှာမှ ဒီလို ပြဿနာတွေ ပေါ်ပေါက်လာတာဟာ ကောင်းသော လက္ခဏာတစ်ခုမဟုတ်ဘူးဆိုတာကိုတာဝန်ရှိသူများကဆင်ခြင်မြင်သိစေချင်ပါတယ်။



ဒီဖြစ်ရပ်တွေဟာသာမန်ဖြစ်ရပ်တွေလား၊မြန်မာနိုင်ငံကိုအရင်ကလိုပဲနိုင်ငံတကာကရင်းနှီးမြုပ်နှံမှုတွေမလာချင်အောင် သို့မဟုတ်နှောင့်နှေးတုံ့ဆိုင်းအောင်ရည်ရွယ်ချက်ရှိရှိလုပ်တဲ့လုပ်ရပ်တွေလားဆိုတာကိုဆင်ခြင်သုံးသပ်ပြီး အရေးတယူ ဆောင်ရွက်ကြစေချင်ပါတယ်။



အစိုးရအုပ်ချုပ်ရေးတာဝန်ရှိသူတွေကို စာရေးသူအနေနဲ့သတိပေးတိုက်တွန်းချင်တာတစ်ခုရှိပါတယ်။ လူမျိုးပေါင်းစုံ၊ ကိုးကွယ်မှုဘာသာပေါင်းစုံနဲ့နိုင်ငံတစ်နိုင်ငံမှာပဋိပက္ခဆိုတာပေါ်ပေါက်တတ်စမြဲပါပဲ။ပြဿနာတစ်ခုဖြစ်တိုင်း၊ ပဋိပက္ခတွေပေါ်ပေါက်တိုင်းမှာနောက်ကွယ်ကကြိုးကိုင်မှုတွေရှိနေတယ်ဆိုတဲ့ဆင်ခြေပြစကားတွေ တွင်တွင်သုံးနေကြမယ့်အစားပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကိုစောင့်ရှောက်ကာ ကွယ်မှုအပြည့်အဝပေးကြဖို့ တိုက်တွန်းချင်ပါတယ်။ နောက်ကွယ်က ကြိုးကိုင်မှုတွေ၊ ရှေ့ကနေ ကြိုးဆွဲမှုတွေ ဘာတွေရှိရှိ နိုင်ငံသူနိုင်ငံသားတွေရဲ့ အသက် အိုးအိမ်စည်းစိမ်တွေကိုကာကွယ်ပေးဖို့တာဝန်ရှိတဲ့အဖွဲ့အစည်းတွေအနေနဲ့ထမင်းရည်ပူလာလျှာလွှဲ စကားတွေ ပြောမနေသင့်ပါဘူး။ နိုင်ငံကို အုပ်ချုပ်တဲ့အစိုးရဆိုတာဟာ ပြည်သူတွေက (၅)နှစ်တစ်ခါ အလုပ်မရှိအလုပ်ရှာပြီး သတ် မှတ်ခန့်အပ်ပေးထားတာမဟုတ်ပါဘူး။

နိုင်ငံသူနိုင်ငံသားတွေစိုးရိမ်ကြောင့်ကြဗျာပါဒတွေကင်းစွာနဲ့ကိုယ့်ဝမ်းစာကိုယ်ရှာစားပြီး၊ ကိုယ့်အလုပ်ကို ကိုယ် နောက်ကျောလုံလုံနဲ့ စိတ်ချလက်ချလုပ်နိုင်ကိုင်နိုင်အောင်စောင့်ရှောက်ကာကွယ်ပေးဖို့အစိုးရအဖွဲ့ ဆိုတာကို ရွေးကောက်တင်မြှောက်ထားကြတာဖြစ်ပါကြောင်းသတိချပ်ကြပြီး၊ပြည်သူတွေရဲ့ဘဝတွေအေးချမ်းလုံခြုံမှုကို

အပြည့်အဝ တာဝန်ယူနိုင်ကြစေချင်ပါတယ်ဗျာ။

ထင်လင်းဦး(Wisdom Villa)

Credit To Messenger News Journal (Notes) on Monday, June 3, 2013
Read More »

ကျမ္မာရေးအကြောင်းသိကောင်းစရာ

သွေးပေါင် ကျခြင်းမှ ကာကွယ်ဖို့
ချွေးထွက်တွေ များပြီး သွေးတိုး မရှိတဲ့ လူတွေက သွေးပေါင် အရမ်းကျ ကျပါတယ်။
သွေးတိုးရင်တော့ သွေးပေါင်ကျအောင် လုပ်ရသလို သွေးပေါင် ကျရင်လည်း သွေးပေါင် ပြန်တက်အောင် လုပ်လို့ရပါတယ်။ ဒါပေမယ့် မကျခင်မှာ ကြိုတင်ကာကွယ်တဲ့ နည်းလမ်း လေးတွေကို သိထားရင်လည်း ကြိုတင်ကာကွယ် ထားနိုင်ပါတယ်။

မုန်လာဥ အစိမ်းကို ဖျော်ရည်လုပ်၍ သောက်ခြင်းသည် သွေးတွေကျစေရန် သွေးပေါင်ချိန် ထိန်းရန် အလွန် အကျိုးရှိသော ကုသမှု ဖြစ်ပါတယ်။ မုန်လာဥ ဖျော်ရည် တစ်ခွက်ကို တစ်နေ့ နှစ်ကြိမ် သောက်သုံးပါ။ အာဟာရဓာတ် ကြွယ်ဝစေဖို့ အတွက် ပရိုတင်း၊ ဗိုက်တာ မင်စီနဲ့ ဘီအုပ်စုများ ပါဝင်တဲ့ အစာများကို မှီဝဲခြင်းက သွေးအတက်အကျကို ကာကွယ်ချိန် ညှိပေး နိုင်ပါတယ်။

သွေးပေါင်ကျခြင်းကို ထိန်းသိမ်းဖို့ရာ ဆားကို အသုံးပြုပေးပါ။ သွေးပေါင်ချိန် ပုံမှန်ရှိသူ တစ်ယောက်ပင် ဖြစ်စေကာမူ ဆားပါဝင်သော အစားအသောက်ကို စားသုံးပေးပါ။ ဆားလက်ဖက်ရည် ဇွန်းတစ်ဝက်ခန့်ကို ရေတစ်ဖန်ခွက်နှင့် ဖျော်၍ နေ့စဉ် သောက်သုံး ပေးလျှင် ကောင်းမွန် ပါတယ်။

ခန္ဓာကိုယ်ထဲမှ ရေဓာတ် ဆုံးရှုံးလျှင်လည်း သွေးပေါင်ချိန် ကျစေပြန်ပါတယ်။ သွေးပေါင်ချိန် ကျနေသော လူကို အရည်များများ ၀င်နိုင်သမျှ ၀င်အောင် တိုက်ပေးခြင်းဖြင့် ရေဓာတ် ဆုံးရှုံးမှုမှ ကယ်ဆယ် နိုင်ပါတယ်။

အကယ်၍ သွေးပေါင် တိုးနေပါက မိသားစု ဆရာဝန်ထံမှာ အကြံညဏ်ရယူပြီး သင့်တင့် မှန်ကန်သည့် ဆေးဝါး သောက်သုံးမှု ၊ ကုသမှု ယူသင့်ပါတယ်။ မိမိဘာသာ ဆေးများ သောက်သုံးခြင်း၊ သောက်ရသည့် ပမာဏထက် ပို၍ သောက်ခြင်း များကိုလည်း ရှောင်ကြဉ်ပါ။


ပြောင်းဖူးပေါက်ပေါက်နဲ့ ပတ်သက်နေတဲ့ရောဂါ

ပြောင်းဖူးပေါက်ပေါက်များတွင် ပါဝင်သောဓာတ်ပေါင်းတစ်မျိုးသည် နှလုံးရောဂါနှင့် ဆက်စပ်နေကြောင်း သုတေသီများက ဖော်ထုတ်နိုင်ခဲ့ သည်။ အဆိုပါဓာတ်ပေါင်းအမည်မှာ Perfluorooctanoic အက်ဆစ် (PFOA) ဟု ခေါ်ဆိုကြောင်းသိရှိရ သည်။
အမေရိကန်ပြည်ထောင်စု၊ အနောက်ဗာဂျီးနီးယားပြည်နယ် ပြည့်သူ့ဆေးပညာတက္ကသိုလ်မှ သုတေသီများသည် နှလုံးရောဂါဖြစ် ပွားမှုနှင့် PFOA တို့၏ ဆက်စပ်နေမှု ကို ဖော်ထုတ်နိုင်ခဲ့ပြီး အဆိုပါဓာတ် ပေါင်းသွေးတွင်းငယ်များပြားနေ သောအမေရိကန် ပြည်သူ ၁၂၀ဝတွင် လေ့လာမှုပြုခဲ့ ခြင်းဖြစ်သည်။ သွေး ကြောတွင်းဝယ် PFOA များနေသူ များတွင်
နှလုံးရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လျက်ရှိ ကြောင်း၊ အသက် အရွယ်၊ ကျား/မ၊ ကိုယ်အလေးချိန်၊ ဆေးလိပ်သောက် ခြင်းရှိ/မရှိနှင့် သွေးတိုးရောဂါ အခြေအနေများကို ပါထည့်သွင်းစဉ်းစားခဲ့ကြောင်း တွေ့ ရှိခဲ့သည်။
လေ့လာမှုခေါင်းဆောင် သုတေ သီ Dr.Anoop Shankaru က PFOA သည် ပြောင်းဖူးပေါက်ပေါက် တွင်များပြားစွာပါဝင်နေကြောင်း၊ အဆိုပါ ဓာတ်ပေါင်းသည် နှလုံးရော ဂါဖြစ်ပွားမှုနှုန်းကို မြင့်တက်စေ ကြောင်း၊ မိမိတို့ဆက်လက် လေ့လာ နေကြောင်း၊ ထုတ်ပိုးသောပလက် စတစ်အိတ်တွင်လည်း ထိုဓာတ်ပေါင်း များ များပြားစွာ ပါဝင်နေသည်ကို အမေရိကန် FDA ထုတ်ပြန်ထား ကြောင်း ပြောကြားထားသည်။

ဆေးလိပ်ဖြတ်ရန်နည်းလမ်း

(၁) ရေအေးလေး တစ်ကျိုက်စီငုံ
သေးသေးဖွဲဖွဲလေးတွေ စား ဝါး။ စီးကရက်ကို စုပ်ရှိုက်ရခြင်းကို အစားထိုးတာပဲ။ သုတေသနတွေ့ရှိ ချက်အရ ရေအေးလေးကို ပိုက်နဲ့စုပ်ငုံခြင်းက dopamine ထွက်စေတယ်။ dopamine သည် “မကောင်းစိတ်” တွေကို လျော့စေတယ်။ အစားနည်းနည်း နှင့် ဝါးစားခြင်း ကလည်း မီးခိုးငွေ့အလွမ်းကို လျော့စေတယ်။ အစားတော့ ရွေး နော်။ တော်ကြာနေ ဝလာဦးမယ်။

(၂) ကောင်းကျိုးစဉ်းစား
စီးကရက်၊ ဆေးလိပ်မသောက်ခြင်းရဲ့ ကောင်းကျိုးတွေ ကို စဉ်းစားပါ။ ကိုယ့်စိတ်ကိုယ် နိုင်ခြင်း၊ ငွေကုန် သက်သာခြင်း၊ အစားအသောက် အရသာပြည့်ပြည့် ဝဝ စားနိုင်ခြင်း၊ အမောခံနိုင်ခြင်း။

(၃) သွားခဏခဏတိုက်
ခံတွင်းနံ့လေး ကောင်းလာတတ် တဲ့ ကောင်းကျိုးရရှိဖို့ ဖြစ်တယ်။ ခံတွင်းရနံ့လေးကို ချစ်ပါ။

(၄) အယ်လ်ကိုဟော ရှောင်
အယ်လ်ကိုဟောသည် ဆေးလိပ်၊ စီးကရက် သောက်လိုစိတ်ကို အားပေးတယ်။ အကြောင်းပြ ချက်များစွာရှိနေ ပါတယ်။ အယ်လ်ကိုဟောသည် လုပ်ချင်ရာ လုပ်မိအောင် အားပေးတတ် တာကလည်း တစ်ကြောင်းပေါ့။

(၅) မိမိကိုယ်မိမိ ဆေးလိပ်၊ စီးကရက် ကန့်သတ်နယ်မြေသတ်မှတ်

လူရှေ့သူရှေ့ မသောက်တာ၊ အလုပ်ထဲမှာ မသောက်တာ၊ လူကြီး သူမတွေရှိရင် မသောက်တာမျိုး။

(၆) အကြောင်းပြချက် သတိရ
ကိုယ်ဘာကြောင့် ဒါတွေ ဖြတ်ချင်သလဲဆိုတဲ့ အကြောင်းပြချက် ကိုယ်စီရှိကြမှာပါ။ အဲဒါလေးကို မပြတ်သတိရ။

(၇) နေ့စဉ် တက်ကြွလန်းဆန်း
နေ့စဉ် လှုပ်ရှားတက်ကြွလန်းဆန်း လတ်ဆတ်ခြင်းကလည်း ဟိုဟာမလုပ်ရ မနေနိုင်၊ ဒီဟာမလုပ်ရ မနေနိုင် ဆိုတာတွေကို ဟန့်တားနိုင်တယ်။

(၈) ပြက္ခဒိန်မှာ မှတ်
ဒီနေ့တစ်လိပ်မှ မသောက်ဖြစ်ရင် အဲဒီရက်ကလေးကို ပြက္ခဒိန်မှာ မှတ်လိုက်။ ရက်တွေ တိုးပွားလာစိတ် ဖြစ်လာလိမ့်မယ်။

(၉) ပါးစပ်ထဲ တစ်ခုခုထည့်ထား
ပီကေ၊ မြေပဲ၊ နေကြစေ့ စသည်

(၁၀) အပေါင်းအသင်းလိုတယ်
ယခင်က ဆေးလိပ်၊ စီးကရက် သောက်ခဲ့ပြီး ယခုအောင်မြင်စွာ ဖြတ်ထားနိုင်ပြီးသော အပေါင်းအသင်း တစ်ယောက်ရှာပါ။

(၁၁) ကဖိန်းကန့်သတ်
ကော်ဖီ၊ လက်ဖက်ရည်ကို ဆိုလိုတယ်။ ကော်ဖီ၊ လက်ဖက်ရည်သည် နံနက်ပိုင်းမှာ လန်းဆန်းစေတာ မှန်ပါတယ်။သို့သော် စိတ်ဖိစီးမှု၊ စိတ်လိုလားမှုတွေ များစေတယ်။ ဒီအတွက် ကန့်သတ်လျှော့ချ ရလိမ့်မယ်။ မကန့်သတ်ရင် ဆေးလိပ် ပြန်သောက်ဖြစ်မယ်။

(၁၂) မကောင်းတဲ့ အနောက်တွေကိုသတိပြု
စိတ်ဆိုးတာ၊ စိတ်အလိုမကျတာ၊ စိတ်ဓာတ်ကျတာတွေ ဖြစ်လာရင် ကိုယ့်စိတ် ကိုယ်ပြန်ရှုမှတ်ပါ။ အဲဒီ မကောင်းစိတ်တွေက ဆေးလိပ်၊ စီးကရက် ပြန်သောက်မိစေတယ်။

(၁၃) မကောင်းကျင့် အပေါင်းအသင်း ကိုရှောင်
ဘယ်သူတွေနဲ့ဆုံရင် ပြန်သောက် မိသလဲ။ အဲဒီလူတွေကို ရှောင်ပါ။

(၁၄) စိတ်ရှည်ပါ...ပြေးလမ်းပေါ်မှာ

၁၄ ရက်ကြာ ပြတ်နိုင်ရင် ဒါ ပြေးလမ်းပေါ်ရောက်ပြီ။ ဒီအချိန်မှာ မိသားစုနဲ့ မိတ်ဆွေတွေနဲ့ ဝိုင်းဖွဲ့ စားသောက်ဖို့လိုတယ်။ ကိုယ်လက် လှုပ်ရှားမှုလုပ်ဖို.လိုတယ်။ ဆေးလိပ်၊ စီးကရက် ပြတ်ခြင်း၊ မပြတ်ခြင်းသည် ကြားမှာ ပါးလွှာ လွန်းလှတယ်။ “တစ်လိပ်” ပဲခြားပါတယ်။ မီးခြစ်တစ်ခြစ်ပဲ ခြားပါတယ်။ ပြန်စသောက်မိရင် ပြန်ဖြတ်ပါ။ အောင်နိုင်မည်...မုချ။
ကိုးကား ကျန်းမာရေး ဂျာနယ်
လူထုကျန်းမာရေး (လည်ချောင်းနာခြင်း သက်သာစေမည့် အိမ်တွင်းနည်း ၁၀ နည်း)

လည်ချောင်း နာနေသလား၊ လည်ချောင်း နာနေချိန်မှာ အမြန် သက်သာစေမယ့်လွယ်ကူတဲ့ အိမ်တွင်း ကုထုံးတွေကို လိုက်နာပေးမယ် ဆိုရင် အမြန်ဆုံး သက်သာသွားပါလိမ့်မယ်။

(၁) အနားယူပါ

လည်ချောင်းနာနေတဲ့ အချိန်မှာ ပြည့်ပြည့်ဝဝ အနားယူပေးဖို့ လိုအပ်ပါတယ်။
အနားယူနေစဉ် အတောအတွင်း ရေနဲ့ သစ်သီးဖျော်ရည်လို အရည်ကို အများအပြားသောက်ပေး သင့်ပါတယ်။

(၂) ဆားရေနွေးဖြင့် ပလုတ်ကျင်းပါ

လည်ချောင်းနာနေတဲ့အခါ အာခေါင်ထဲအထိ ရောက်အောင် ဆားရေနွေးနဲ့
ပလုတ်ကျင်းပေးရမှာ ဖြစ်ပါတယ်။ ပြုလုပ်နည်းမှာ ရေတစ်ဖန်ခွက်ထဲကို ဆား
လက်ဖက်စားဇွန်း တစ်ဇွန်းထည့်ပြီး ဖျော်ရမှာ ဖြစ်ပါတယ်။

(၃) ငုံဆေးငုံပါ

လည်ချောင်းနာ ပျောက်စေမယ့် ငုံဆေး (Lozenges) ကို ငုံပေးရင်
လည်ချောင်းနာတာကို သက်သာစေပါတယ်။

(၄) အခန်းတွင်း လေထု နွေးထွေးနေပါစေ

အေးမြနေတဲ့ အချိန်မှာ အခန်းတွင်း ရာသီဥတု နွေးထွေးနေအောင် ထားပါ။ ဒါဟာအသက်ရှူ လမ်းကြောင်းအတွင်း ရောင်ရမ်းမှုနဲ့ နာကျင်မှုကို သက်သာစေပါတယ်။

(၅) ပျားရည်ထည့်ထားသော လက်ဖက်ရည်ကြမ်း သောက်ပါ

ပျားရည်ခတ်ထားတဲ့ လက်ဖက်ရည်ကြမ်း သောက်သင့်ပါတယ်။ ဒီအိမ်တွင်း ကုထုံးဟာ
လူအများစုကို သက်သာစေပြီး ခန္ဓာကိုယ် အရည်ဓာတ် ပိုရောက်ရှိစေတဲ့နည်း
ဖြစ်ပါတယ်။


(၆) ရေနွေးငွေ့ရှူပါ

ရေနွေးငွေ့ရှူတာက လည်ချောင်းနာတာကို သက်သာစေတဲ့နည်းပါ။ ရေနွေးငွေ့ကိုပါးစပ်နဲ့ နှာခေါင်းကို သုံးပြီးအချိန် ငါးမိနစ်ခန့် ခပ်ပြင်းပြင်း
ရှူပေးပါ။ တစ်နေ့တာအတွင်း အကြိမ်များစွာ လုပ်ပေးနိုင်ပါတယ်။ ရေနွေးပူ
မလောင်အောင် သတိထားဖို့တော့ လိုပါတယ်။

(၇) ကြက်စွပ်ပြုတ်သောက်ပါ

ပူနွေးတဲ့ ကြက်စွပ်ပြုတ် တစ်ခွက်ကို သောက်ပေးတာက လည်ချောင်းနာတာကိုသက်သာစေတဲ့အပြင် အအေးမိချင်သလိုလို ခံစားနေရတဲ့ နွမ်းနယ်ပင်ပန်းမှုဝေဒနာတွေကိုလည်း လျော့ပါးစေပါတယ်။

(၈) အိပ်ရေးဝဝအိပ်ပါ

နွေးနွေးထွေးထွေးနေပြီး အိပ်ရေးဝဝ အိပ်စက် အနားယူတာကြောင့်လည်း
လည်ချောင်းနာတာ သက်သာသွားစေ နိုင်ပါတယ်။

(၉) ရေခဲရေရှောင်ပါ

လည်ချောင်း နာကျင်နေခိုက်မှာ ရေခဲရေနဲ့ ရေခဲပါတဲ့ အစားအသောက်တွေကိုတတ်နိုင်သမျှရှောင်ပြီး သွားနဲ့ခံတွင်း သန့်ရှင်းရေးကိုပါထိန်းသိမ်းပေးဖို့ လိုပါတယ်။

(၁၀) အကိုက်အခဲပျောက်ဆေး သောက်ပါ

လည်ချောင်းနာကျင်မှုနဲ့အတူ ခန္ဓာကိုယ် တစ်ခုလုံး ကိုက်ခဲနာကျင်နေရင်
နာကျင်မှု သက်သာစေဖို့ ပါရာစီတမော၊ အိုင်ဗျူပရိုဖန် စတဲ့ အကိုက်အခဲ
ပျောက်ဆေးကို သောက်ပေးနိုင်ပါတယ်။

**Public Health**

 ဟင်းနုနွယ်ရွက်၏ ကျန်းမာရေး အာနိသင် ၁၀ မျိုး

ဟင်းနုနွယ်ရွက်ကို အလွယ်တကူ ဝယ်လို့ရသလို ဈေးလည်း သက်သာတာကြောင့် လူတိုင်းလိုလို စားနိုင် ကြပါတယ်။
လူတွေ အများအားဖြင့် စားလေ့ရှိကြတဲ့ ဟင်းနုနွယ်ရွက်မှာ ဘယ်လို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပါဝင်တယ် ဆိုတာကို ရေးသား လိုက်ရပါတယ်။

(၁) အစာကြေစေခြင်း

ဟင်းနုနွယ်ရွက် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ စားသုံးသင့်တဲ့ အမျှင်ဓာတ် ပမာဏ ၂၀ ရာခိုင်နှုန်း နီးပါး ပါဝင်ပါတယ်။ ဒါကြောင့် အစာကြေစေပြီး ဝမ်းချုပ်တာကို ကာကွယ် ပေးပါတယ်။ ဒါ့အပြင် သွေးတွင်း သကြားဓာတ်ကို လျော့ကျစေပြီး အစာကို အလွန်အကျွံ မစားမိ စေပါဘူး။

(၂) ကင်ဆာကို ကာကွယ်ခြင်း

ဟင်းနုနွယ်ရွက်မှာ များစွာ ပါဝင်တဲ့ ဖလေဗိုးနွိုက် တွေဟာ ကင်ဆာရောဂါကို ကာကွယ် ပေးနိုင်တာကြောင့် အစာအိမ်နဲ့ အရေပြား ကင်ဆာဆဲလ်တွေ ပွားများမှုကို နှေးကွေး စေပါတယ်။ ဒါ့အပြင် ဟင်းနုနွယ်ရွက်ဟာ ဆီးကျိတ်ကင်ဆာ အဆင့်မြင့်တက်မှု မဖြစ်အောင် သိသိသာသာ ကာကွယ် ပေးနိုင်စွမ်း ရှိပါတယ်။

(၃) ရောင်ရမ်းမှု လျော့ကျစေခြင်း

ဟင်းနုနွယ်ရွက်မှာ ပါတဲ့ Neoxanthin နဲ့ Violaxanthin တွေက ရောင်ရမ်းမှု လျော့ကျစေတဲ့ ဓာတ်တွေဖြစ်ကြပြီး ကိုယ်တွင်း ရောင်ရမ်းမှုကို သိသိသာ လျော့ကျ စေပါတယ်။

(၄) အင်တီ အောက်ဆီးဒင့် အစွမ်း ပေးနိုင်ခြင်း

ဟင်းနုနွယ်ရွက်မှာ ပါတဲ့ ဗီတာမင်စီ၊ ဗီတာမင်အီး၊ ဘီတာကယ်ရိုတင်း၊ မဂ္ဂနိစ်၊ ဇင့် (သွပ်) နဲ့ ဆီလီနီယမ်တို့ဟာ အစွမ်းထက် အင်တီ အောက်ဆီးဒင့်တွေ ဖြစ်ကြပြီး အရိုးပါး ရောဂါ၊ သွေးကြောကျဉ်း ရောဂါနဲ့ သွေးတိုးတာ တို့ကို သက်သာ စေပါတယ်။

(၅) သွေးတိုးကျစေခြင်း

ဟင်းနုနွယ်ရွက် ထဲက ပပ်တိုက်တွေဟာ angiotensin I-converting enzyme ကို တားဆီး ပေးတာကြောင့် သွေးတိုးကို လျော့ကျစေပါတယ်။

(၆) အမြင်အာရုံ ကောင်းစေခြင်း

ဟင်းနုနွယ်ရွက် ထဲမှာ လူတင်နဲ့ ဇီဇန်သင်းဆိုတဲ့ အင်တီအောက်ဆီး နှစ်မျိုးစလုံး များစွာ ပါဝင် နေတာကြောင့် အတွင်းတိမ်ရောဂါနဲ့ အသက်ကြီးချိန်မှာဖြစ်တဲ့ မက်ကူလာ ယိုယွင်း ပျက်စီးမှုတို့ မဖြစ်အောင် ကာကွယ် ပေးနိုင်ပါတယ်။

(၇) ကိုယ်ခံစွမ်းအား ကောင်းစေခြင်း

ဟင်းနုနွယ်ရွက် တစ်ခွက်စာ ပမာဏမှာ တစ်နေ့တာ မှီဝဲသင့်တဲ့ ဗီတာမင်အေ ၃၃၇ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် လူ့ခန္ဓာကိုယ်ရဲ့ အဝင်ဝနေရာတွေဖြစ်တဲ့ အမြှေးပါး၊ အသက်ရှူ လမ်းကြောင်းစနစ်၊ ဆီးလမ်းကြောင်းနဲ့ အူလမ်းကြောင်း စနစ်တို့ကို အားကောင်း သန်စွမ်းစေပါတယ်။ ဒါ့အပြင် သွေးဖြူဥတွေမှာလည်း အဓိက ပါဝင်တာကြောင့် ကူးစက်ပိုးတွေကို တွန်းလှန် ပေးနိုင်ပါတယ်။

(၈) အရေပြား ကျန်းမာစေခြင်း

ဟင်းနုနွယ်ရွက်မှာ ပါတဲ့ ဗီတာမင်အေဟာ အရေပြားမှာ အစိုဓာတ်ကို ထိန်းပေးတာကြောင့် ဆိုးရီးယေးစစ် ရောဂါ၊ ဝက်ခြံနဲ့ အရေးကြောင်း ဖြစ်တာတွေကို တွန်းလှန်ပေးကာ အရေပြားကို ကျန်းမာ စေပါတယ်။

(၉) အရိုးသိပ်သည်းဆ ကောင်းစေခြင်း

ပြုတ်ထားတဲ့ ဟင်းနုနွယ် တစ်ခွက်စာ ပမာဏမှာ ဗီတာမင်ကေ တစ်နေ့တာ လိုအပ်တဲ့ ပမာဏ ၁၀၀၀ ရာခိုင်နှုန်းကျော် ပါဝင်တာကြောင့် အရိုးတည်ဆောက်မှု အားကောင်း စေပါတယ်။

(၁၀) ဦးနှောက်နှင့် နာ့ဗ်ကြောစနစ် လုပ်ငန်းဆောင်တာကို ကောင်းစေခြင်း

ဟင်းနုနွယ်ရွက်မှာ များစွာပါဝင်တဲ့ ဗီတာမင်ကေဟာ နာ့ဗ်ကြော တစ်ဝိုက်က အဆီပြင် (Sphingolipids) တည်ဆောက်မှု အတွက် မရှိမဖြစ် အစိတ်အပိုင်းဖြစ်တာကြောင့် နာ့ဗ်ကြော စနစ်နဲ့ ဦးနှောက် လုပ်ငန်းဆောင်တာ တွေကို ကျန်းမာစေပါတယ်။

ကြယ်စင်
Read More »