Tuesday, July 30, 2013

ဆိုးရွားလာပြီဖြစ်သော ယာဉ်မတော်တဆမှုများ (သို့မဟုတ်) ကမ္ဘာ့ အကြီးမားဆုံးလူသတ်သမားကြီး




မော်တော်ယာဉ်တစ်စီး သည် အခြားယာဉ်ကို သော်လည်း ကောင်း၊လူကိုသော်လည်းကောင်း၊ တိရစ္ဆာန်ကိုသော်လည်းကောင်း၊ သစ်ပင်၊ ဓာတ်မီးတိုင်ကဲ့သို့သော အရာများကို သော်လည်းကောင်း တိုက်မိခြင်းကို ယာဉ်မတော်တဆဖြစ်မှုဟုခေါ်သည်။ ယာဉ် မတော်တဆဖြစ်မှုကြောင့် ယာဉ် ပျက်စီးခြင်း၊ထိခိုက်ဒဏ်ရာရခြင်း၊ ပစ္စည်းများပျက်စီးခြင်း၊ အသက်
ဆုံးရှုံးခြင်းတို့ ဖြစ်နိုင်သည်။

အခေါ်အဝေါ်အမျိုးမျိုး

ယာဉ်မတော်တဆဖြစ် ခြင်း (Car Accident)ကို နိုင်ငံ အလိုက် အမျိုးမျိုးခေါ်ဝေါ်ကြသည်။ raffic Collision, Traffic Accident, Vehicle Accident,Road Traffic Col- lision စသည်ဖြင့် ခေါ်ကြသလို အမေရိကန်တွင် 'Wreck' ဟု လည်းကောင်း၊ သြစတြေးလျနိုင်ငံတွင် 'Car Smash' ဟုလည်းကောင်း သုံးနှုန်းကြသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့WHO ကမူ Road Traffic ဟု သုံးနှုန်းသည်။ ထို့ပြင် ဖြစ်ပွားပုံကို အခြေခံ၍လည်း အမျိုးအစားခွဲခြားထားရာ ခေါင်းချင်းဆိုင်တိုက်ခြင်း(Head- On)၊ လမ်းချော်ခြင်း (Road Departure)၊ နောက်ဘက်မှတိုက်ခြင်း
(Rear- End) နှင့်ဘေးဘက်တိုက်ခြင်း (Side Collision) နှင့်တစ်ပက်လည်မှောက် ခြင်း (Rollovers) တို့ဖြစ်သည်။

မတော်တဆဖြစ်စေသော အကြောင်းရင်းများ

ယာဉ်မတော်တဆဖြစ်စေသော အကြောင်းရင်းများစွာ အနက် အများဆုံးဖြစ်စေသော အကြောင်းရင်းများမှာ ယာဉ်ဒီဇိုင်း(Vehicle Design)၊ အမြန်နှုန်း၊ လမ်းဒီဇိုင်း၊ လမ်းပတ်ဝန်း ကျင်၊ယာဉ်မောင်းသူ၏ ကျွမ်း ကျင်မှုနှင့် ယာဉ်မောင်းသူ၏ အပြုအမူတို့ကြောင့်ဖြစ်သည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ယာဉ် မတော်တဆဖြစ်မှုကြောင့် အသက်ဆုံးရှုံးမှုများ၊ ထိခိုက်ဒဏ်ရာ ရမှုများအပြင် ငွေကြေးများစွာ ဆုံးရှုံး နစ်နာနေရသည်။
ကမ္ဘာ့ပထမဆုံး ယာဉ်မတော်တဆ ကြောင့် သေဆုံးမှု

ကမ္ဘာ့ပထမဆုံးယာဉ်မတော် တဆဖြစ်မှုကြောင့် သေဆုံးခဲ့ရ သူမှာ အိုင်းရစ်သိပ္ပံပညာရှင်ကြီး မာရီဝက်ဒ်(Mary Ward) ဖြစ် ပြီး ၁၈၆၉ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်နေ့တွင်ရေနွေး ငွေ့သုံးကား ကို စမ်းသပ်ရင်းကား ကြိတ်ခံရ ခြင်းဖြစ်သည်။

လမ်းဒီဇိုင်းကြောင့် မတော်တဆဖြစ်မှု

၁၉၈၅ ခုနှစ်တွင် ပြုလုပ် သော အမေရိကန်နိုင်ငံ၏ လေ့လာချက်တစ်ခုအရ ယာဉ်မတော်တဆဖြစ်မှု၏ ၃၄ ရာခိုင်နှုန်းခန့်သည် ကားလမ်း (သို့) လမ်းပတ် ဝန်းကျင် အနေအထားများ ကြောင့်ဟုဆိုသည်။ ကောင်းမွန် စွာပြုလုပ်ထားသော လမ်းဆုံ များ၊လမ်းမများ၊ထင်သာ မြင် သာရှိပြီး မှန်ကန်သောယာဉ် အချက်ပြပစ္စည်းများ စသည်တို့ သည် ယာဉ်မတော်တဆဖြစ်မှု ကို လျော့နည်းစေသည်ဟုလည်း သုတေသနတစ်ခုကဆိုသည်။

အင်္ဂလန်နိုင်ငံ၏ သုတေသန တစ်ခုတွင် ဘေးကင်းလုံခြုံသော လမ်းစီမံကိန်းအတွက် ရင်းနှီး မြှုပ်နှံမှုကြောင့် ယာဉ်မတော် တဆဖြစ်မှုကြောင့် သေဆုံးသူ သုံးပုံတစ်ပုံအထိ လျော့နည်းခဲ့
ကြောင်းဖော်ပြခဲ့သည်။ ဗြိတိန် တွင် ကုမ္ပဏီ ၁၃ခု ပူးပေါင်း ပါဝင်သော Campaign for Safe Road Design လှုပ်ရှားရေးအဖွဲ့ကို ဖွဲ့စည်းထားပြီး အစိုးရကို ယာဉ်လမ်းကြောင်း ဘေးကင်းစေရေးအတွက် အကြံပြုဝေဖန် ထောက်ပြသည်များရှိသည်။

ကမ္ဘာ့ယာဉ် မတော်တဆဖြစ်မှုများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ၏ စာရင်းများအရ ၂ဝ၁ဝ ခုနှစ်တွင် ကမ္ဘာပေါ်၌ယာဉ်မတော် တဆဖြစ်မှုကြောင့် လူပေါင်း ၁ဒသမ ၂၄ သန်းကျော်သေဆုံးခဲ့ရပြီး ၂ဝဝဝ ခုနှစ်တွင် မူ
၁ဒသမ ၂၆ သန်းကျော် သေဆုံးခဲ့ရသည်။ သေဆုံးသူတစ် ဝက်ခန့်မှာလမ်းလျှောက်သူများ၊ စက်ဘီးစီးသူများ၊ ဆိုင်ကယ်စီးသူများဖြစ်ကြသည်။ သေဆုံးသူများ၏ ၅၉ရာခိုင်နှုန်းမှာ
အသက် ၁၅ နှစ်နှင့် ၄၄ နှစ်ကြား လူငယ်လူရွယ်များဖြစ်ကြပြီး သေဆုံးသူ ၄ဦးအနက် ၃ ဦးမှာ အမျိုးသားများဖြစ်ကြသည်။

လူတစ်သိန်းလျှင် ၁၈ ယောက်နှုန်း ဖြစ်ပြီး သေဆုံးသူ အများစုမှာ အရှေ့တောင်အာရှနှင့် အာဖရိ ကနိုင်ငံများရှိ ဝင်ငွေနည်းသူ များနှင့် ဝင်ငွေအသင့်အတင့် ရှိသူများဖြစ်ကြပြီး ၉၂ရာခိုင် နှုန်း ကျော်ရှိသည်ဟု ဆိုထားသည်။

၂ဝ၁၃ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ထုတ် အိန္ဒိယနိုင်ငံ၏ သတင်းစာကြီးဖြစ်သော Hindustan Times သတင်းစာအရ အိန္ဒိယနိုင်ငံတွင် ၃ မိနစ်နှင့် ၇ စက္ကန့်တိုင်း လူတစ်ဦးကျ ယာဉ်
မတော်တဆဖြစ်မှုကြောင့် သေ နေကြကြောင်းဖော်ပြထားသည်။ ၂ဝ၁၁ ခုနှစ်တွင် အိန္ဒိယနိုင်ငံ၌ ယာဉ်တိုက်မှုပေါင်း ၅ သိန်းနီး ပါးဖြစ်ပွားခဲ့ကြောင်း ဖော်ပြ ထားသည်။

ကမ္ဘာ့အကြီးမားဆုံး လူသတ်သမား ကြီး

ကမ္ဘာ့လမ်းအဖွဲ့ကြီးတစ်ခုဖြစ်သော Compaign for Global Road Safty အဖွဲ့ကြီး က စဉ်ဆက်မပြတ် သယ်ယူပို့ ဆောင်ရေးနှင့်ယာဉ်လမ်းကြောင်း များ ဘေးကင်းစေ ရေးအတွက် ပူးပေါင်းဆောင်ရွက် လုပ်ကိုင် ကြရန် ကမ္ဘာ့ခေါင်းဆောင် ကြီးများကို တိုက်တွန်းနှိုးဆော်ခဲ့သည်။ ယခုအခါနေ့စဉ် လူပေါင်း ၃၅ဝဝ ခန့် ယာဉ်တိုက်မှု ကြောင့် သေနေကြရပြီး နှစ်စဉ်
လူပေါင်းသန်း ၅ဝနီးပါး ထိခိုက် ဒဏ်ရာရဆုံးကြရကြောင်း ဖော်ပြထားသည်။ ယခုအခါ ယာဉ်လမ်းများသည် ၁ဝ နှစ် အထက် လူငယ်လူရွယ်များကို အကြီးမားဆုံးသတ်ဖြတ်နေသူ Biggest Killer of Young People ဖြစ်ကြောင်းလည်း ၂ဝ၁၂ ခုနှစ်ထုတ် အစီရင်ခံစာ တွင် ဖော်ပြထားသည်။

အမေရိကန် အမျိုးသား ဘေးကင်းရေးကောင်စီ (National Safety Council) က လည်း ယာဉ်မတော်တဆဖြစ်မှု ကြောင့် ၂ဝ၁၂ခုနှစ်တွင် ဒေါ် လာသန်းပေါင်း ၂၅ဝ ဘီလျံ ကျော် ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ခဲ့သည်။

အလင်းဆက် (IR)

(လမ်းပန်းဆက်သွယ်ရေးနှင့် အန္တရာယ်ကင်းစင်ရေးအထူးပြုအချပ်ပိုမှ)

Credit To Popular Journal

Related Articles:

Post a Comment