ရှင်းရှင်းလေး ကို သိပ်အရှုပ်တွေလုပ်တာပဲ...............

ဒါလေကတောမြန်မာလူမျိုးတွေရဲ့အတွင်စိတ်လေပါဖတ်ကြည့်တောသိလာရမှာပေါ 
ဘယ်လိုဘဲအချင်ချင်တိုက်ခိုက်နေပါစေတိုင်းရင်းသားတွေနဲပါတ်သတ်လာရင်မြန်မာတွေဟာသွေးစီးကြတယ်ဆိုတာဒါလေဟာသက်သေးဘဲ။
သပိတ်စခန်းကလူတွေကို ဒိတ်ပြောပြီး
လူစုခွဲပေးပါလို့ ပြောတယ်
မခွဲဘူးဗျာ
မခွဲတော့ 
အင်အားသုံးလူစုခွဲလိုက်တယ် ဒီတော့ နောက်ဆက်တွဲ အကျိုးဆက်ကမကောင်းတော့ ဘူး.....

ဒါပေမဲ့ 
သတင်းစာထဲမှာရော
အော်လန်နဲ့ အော်ပြီး လူစုခွဲဖို့ ပြောတဲ့  အမိန့် ဖီဆန်ခြင်းဆိုတာကိုတော့  အပြစ်ပြောဖို့  လူတွေသတိမပြုမိကြဘူး...။
ညမှောင်မှောင် မလုပ်သင့်ပါဘူး ဆိုတာကိုတော့  ကန့် ကွတ်တယ်
နေ့ အလင်းရောင်မှာ လူစုခွဲပါလို့ ပြောတော့ ထုတ်ထားတဲ့ စည်းကမ်းမလိုက်နာဘူး....

ကချင်မှာလည်း ထို့  အတူပဲ
ရှင်းရှင်းလေး
လဂျားယန်းနားမှာ မြန်မာတပ်မတော် တပ်(၁)တပ်ရှိတယ်
KIO တို့  ကတပ်က ရိက္ခာလာပို့ သမျှ မိုင်းခွဲ ခွဲနေလို့  ဟိုက ရိက္ခာမရတာ လချီနေပြီ

အုပ်ချူပ်မှု့ကိစ္စဆောင်ရွက်ရန်
ဒီဇင်ဘာ ၂၅ ဖယ်ရှားပေးဖို့ တရားဝင်စာထွက်ပြီးသား...
ရှောင်ပေးလိုက်ပေါ့  စစ်မဖြစ်ချင်ရင် အရှင်းလေး........
ခုတော့  ရိက္ခာလာပို့ တဲ့ စစ်ကြောင်း ကို လူအင်အားသုံးပြီး တိုက်လိုက်တယ်.....
ဟိုက နည်းနည်းလောက် ခပ်ပြင်းပြင်းဆော်တော့  ပြည်တွင်းစစ်မှာ ဘာဖြစ်ပါတယ် ညာဖြစ်ပါတယ် ဆိုပြီ သူ က အရင်စအော်တယ် ဒီတော့  နောက်ဆက်တွဲ အကျိုးဆက်က မကောင်းတော့ ဘူး

မောင်မြအေး လည်း ထို့  အတူပဲ
ကာမိုင်းရဲစခန်းကို ၀င်စီးသွားတော့  အလုံးစို့ နေတယ်
မြစ်ကြီးနားမှာ ရထားမိုင်းခွဲသွားတာ ခဏခဏ
ဘယ်သူလုပ်ပါတယ် လို့  ဘယ်ကောင်ပြောရဲလို့ လဲ
မဖြစ်သင့်ဘူးလို့ ရော ဘယ်ကောင်တားမြစ်ဖူးလဲ
ကျီးလန့် စာ စားနဲ့  ဘုရားစာဆိုပြီး မိဘပြည်သူတွေကခရီးသွားနေရတယ်
မြစ်ကြီးနားနဲ့  မန်းလေးကို ကုန်သွယ်စီးဆင်းမှု့က ဒီရထားလမ်းတလမ်းပဲရှိတယ်....
ခွဲလိုက်တဲ့  မိုင်းတွေ
ပျက်ဆီးလိုက်တဲ့  လမ်းတံတားတွေ
ဒါတွေကို ကျတော့  ဦးဆောင်ပြီး
ဘယ်စာရေးဆရာမှ ....
ဘယ်ဂျာနယ်ကမှ ..........
ဘယ်သူတွေက မှ...........
ဘယ်ဆရာတွေတွေကမှ............
ဘယ်လူ့ အဖွဲ့ အစည်းကမှ.............
ဘယ်သူတွေမှ.............
ဘာမှမပြောကျဘူး..........

ခုတော့ ရန်ကုန်မှာနေပြီး
ခပ်တည်တည်နဲ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး မဖြစ်သင့် ပါဘူး သူ က အရင်စအော်တယ်
ဟို မှာ မိသားစုတွေ ပြစ်ပြီး ရှေ့ တန်းရောက်နေတဲ့  ကောင်တွေကပဲ သေနတ်ပစ်ရတာ ပျော်သလိုလိုနဲ့ 
လမ်းကြုံ ရင် G3 ကို အတွဲလိုက်လေးဆွဲကြည့် ဦး....
တိုင်းပြည်အတွက် လမ်းပေါ်ထွက် အော်ယုံနဲ့ အလုပ်လုပ်တယ်ပြောရင်
နောက်တခါ ရန်ကုန်မှာ ဆန္ဒပြရင်ကျုပ်ကိုလည်း ခေါ်ဦး
နေရာတကာပါတယ်
ဟုတ်တာလည်းမဟုတ်ဘူး
မုံရွာတောင် မှာ လည်း ဟုတ်ပါတယ်မဖြစ်သင့် ပါဘူးပြောလို့ ပြော
စုံစမ်းရေးထဲမှာ ထည့် ပေးတော့ လည်း ဒေါ်အောင်ဆန်းစုကြည်၇ှိပြီးသားမို့  မလုပ်တော့ ပါဘူး ငြင်းလို့ ငြင်း
မင်းတို့ ပဲ သိ၊တက်တယ်..........

နောက်
ပြောပါလိမ့် မယ်
စာပေဟောပြောပွဲတွေ
နိုင်ငံရေးမပါ ဘူး မပါဘူးနဲ့ ။ဒါတွေပြောဖို့ ကျတော့ မေ့ နေချင်ယောင်ဆောင်တယ်
တခါလာလည်း အစိုးရ မပါရင် မပြောတက်တော့ ဘူး
အဲဒါစင်ပေါ်တက်ပြီး လက်ခုတ်သံညာယူနေတာ...........

အဲရထားလမ်းတွေကို
ဇလီဖားတုံးသယ်ပြီး ဆောက်ခဲ့ တာ တခြားမဟုတ်ဘူး
မင်းတို့ ပြောတဲ့ စစ်ခွေးတွေ..............

အဲနားက လူတွေ လုပ်အားပေးခိုင်းရင်
ပြောဦးမယ် ပေါ်တာဆွဲပါတယ်ဆိုပြီးတော့ 

အဲရထားလမ်းကိုလုံခြုံရေးယူပေးရတ
မအိပ်မနေစောင့် ရ တာ တခြားလူတွေမဟုတ်ဘူး
မင်းတို့ ပြောတဲ့  စစ်ခွေးတွေ.........
ရထားစီးဖူးရင်
လေယာဉ်စီးဖူးရင်
ဘူတာရုံလေးတွေကို တချက်စောင့် ငဲ့ ကြည့် ခဲ့ ဦး
ယူနီးဖောင်းဝတ်ပြီး ဘူတာရုံမှာ ၊လေဆိပ်မှာ အလကားရပ်နေတာ တကောင်မှမပါဘူး

ဟို
အဖွကောင်းတဲ့  ဂျာနယ်တွေကလည်း
လဂျားယန်းနားက ကေအေအို တွေ က အမြှောက်ပြန်လည် ပြစ်ခတ်နေပုံ....။
တိုက်လေယာဉ်တွေ ပျံနေပုံတွေ ကြပ်ကြပ်တင်..........။

အော်လိုက်တော့  ဒီမို ကရေစီနိုင်ငံ။
ဒီမိုကရေစီနိုင်ငံမှာ တရားဝင်အဖွဲ့ အစည်း လက်နက်ကိုင်ဆိုတာ တခုပဲရှိရတယ်။
ဒီလိုဆိုရင် ကေအိုင်အိုဆိုတာ သူပုန်ပဲ။
အားပေးအားမြောက်ပြုမှု့နဲ့  ဆွဲစိ ခံရမယ်။
ဘော်လန်ဒီရာ မရှိသေးလို့  နည်းနည်းလွှတ်ထားတာ သိပ်ရန်ရှာချင်မနေနဲ့ ။

တကယ်တော့  ဘာမှမဟုတ်ဘူး
၇ှင်းရှင်းလေး.
လူစုခွဲဆိုခွဲပေါ ....
မှတ်ပုံတင်ပြီးမှ ဆန္ဒပြခွင့် ရမယ်ဆိုတဲ့ ဥပဒေ၇ှိရင်
မှတ်ပုံတင်ပြီးမှ ဆန္ဒပြပေါ့ 
၂၅ ရက်နေ့  လမ်းကြောင်းဖယ်ပေးဆို
ဖယ်လိုက်ပေါ့ .....
နည်းနည်းလေး ဖင်ရှည်လိုက်တော့  ပြသနာကမပြီးတော့ ဘူး...။
ဒါနဲ့ ပဲ မုန့် လုံး စက္ကူကပ်နေတယ်...


(ပုံရိပ်စစ်)

Read More »

ရှမ်းမြောက် ၌လည်း ပလောင် (တအာင်း) နှင့် KIA ပူးပေါင်းတပ် အစိုးရ တပ်နှင့် တိုက်ပွဲဖြစ်

ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် တွင်းရှိ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့၊ တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ TNLA တပ်စွဲ ထားသည့် နေရာတွင် ယမန် နေ့တွင် အစိုးရ တပ်ဖွဲ့ တို့နှင့် တိုက်ပွဲ ဖြစ်ပွား သွားခဲ့ သည်ဟု တအာင်း အတွင်းရေးမှုး ဖြစ်သူ ဗိုလ်မှူး တာဘုန်းကျော် က ပြောပါသည်။

“ကွတ်ခိုင် တမြို့နယ် ထဲကို စစ်ကြောင်း ၃ ကြောင်းနဲ့ လာတယ် ဆိုတော့။ ကျနော်တို့ ရှောင်လွှဲလို့ မရ တော့ဘူးလေ။ မနေ့က ကျနော်တို့ တပ်ရင်း (၁၁၂) တပ်ဖွဲ့နဲ့ KIA တပ်ရင်း (၈) တပ်ဖွဲ့တို့ ပျောက်ကျားနဲ့ ဆီးကြို ပစ်လိုက်တယ်” ဟု ဆိုပါသည်။

အဆိုပါ တိုက်ပွဲ နံနက် (၈) နာရီမှ ညနေ (၄) နာရီအထိ ဖြစ်ပွား ခဲ့သည်။ အစိုးရ တပ်ဖွဲ့မှ စစ်ကြောင်း ၂ ကြောင်း အင်အား (၁၀၀) ခန့် ရှိသည့် ကွတ်ခိုင်မြို့ အနောက် ဘက်၌ ဝင်လာသော အစိုးရ တပ်ဖွဲ့ စစ်ကြောင်းကို KIA တပ်မဟာ (၄) တပ်ရင်း (၈)၊ တအာင်း တပ်ရင်း (၁၁၂) တပ်ဖွဲ့ များက ဗန်လင်ရွာ အနီးတွင် ကြားဖြတ် တိုက်ခိုက် လိုက်သည်။

“နေရာ တော်တော် များများကို စစ်ကြောင်းနဲ့ ဝင်လာတယ်။ ကွတ်ခိုင် အနောက်ဘက် ခြမ်းမှ ဝင်လာတဲ့ စစ်ကြောင်းတွေကို ကျနော်တို့ ပစ်လိုက် တာပါ။ နမ္မတူး ဘက်က တက်လာတဲ့ စစ်ကြောင်း တွေလဲ ရှိတယ်။ ဂက်စ်ပိုက်လိုင်း မှ တက်လာတဲ့ စစ်ကြောင်း တွေလဲ ရှိတယ်။ ဒီလို တပ်ဖြန့်ပြီး ကျနော်တို့ တအာင်း နဲ့ KIA တပ်ဖွဲ့ တွေကို အပြတ် လာတိုက်တဲ့ သဘောပါ။ ကျနော်တို့ တအာင်း တပ်ဖွဲ့ ဘက်က လက်နက် ၂ လက် သိမ်းဆည်း ရရှိ ခဲ့တယ်၊ KIA တပ်ဖွဲ့ ဘက်လည်း သူတို့လဲ လက်နက် တချို့ကို သိမ်းဆည်း ရရှိ ခဲ့တယ်” ဟု ဗိုလ်မှူး တာဘုန်းကျော် က ပြောပါသည်။

လွန်ခဲ့သည့် တပတ်ခန့်က ရှမ်းပြည် မြောက်ပိုင်း ကေအိုင်အို တပ်မဟာ ၄ ဒေသနှင့် တအာင်း ဒေသ များသို့ အစိုးရ တပ်များ အများအပြား တိုးချဲ့ ချထား လာခဲ့ပါသည်။ စကခ ၁ ၊ စကခ ၁၆ သိန္နီ၊ ကွတ်ခိုင် ၊ မန်တုံ ၊ နမ့်ခမ်း၊ နမ့်ဆန် ဘက်သို့ တက်လာသော အစိုးရ တပ်ဖွဲ့ အင်အား ခန့်မှန်း ၄၀၀ နှင့် ၅၀၀ ဝန်းကျင် ကြားခန့် ရှိ အင်အား များဖြင့် တပ်အင်အား တိုးချခဲ့ပါသည်။ မန်တုံနှင့် နမ့်ခမ်း ၀န်းကျင် ၌လည် အင်အား ၃၀၀ ၀န်းကျင်ခန့်ရှိ အစိုးရတပ်များ လှုပ်ရှား နေလျက် ရှိကာ၊ ကွတ်ခိုင် ဘက်၌လည်း တပ်အင်အား ၃၀၀ ၀န်းကျင်ခန့် လှုပ်ရှား နေသည်ဟု သိရှိ ရသည်။

ထိုသို့ အစိုးရတပ် များမှ တပ်အင်အား တိုးချဲ့ချလာပြီး တိုင်းရင်းသား ပူးပေါင်း တပ်ဖွဲ့နှင့် အစိုးရ တပ်တို့အကြား ရင်ဆိုင် တိုက်ပွဲများ မကြာ ခဏ ဖြစ်လာ နေခြင်းကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၆) ရက်နေ့ မှ စတင်ကာ ကွတ်ခိုင် မြို့နယ်ရှိ ကျေးလက်နေ ပြည်သူများ (၁၀၀၀) ခန့်တို့က ကွတ်ခိုင်မြို့ တွင်းသို့ နေရပ်စွန့် ထွက်ပြေး၍ စစ်ဘေးရှောင် နေရဆဲ ဖြစ်သည်။

မြန်မာ အစိုးရက တိုင်းရင်းသား လက်နက်ကိုင် (၁၁) ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ထိုးထား နိုင်ပြီး ဖြစ်သော်လည်း ကချင် လွတ်လပ်ရေး အဖွဲ့ KIA ၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA နှင့် မြန်မာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF လက်နက်ကိုင် အဖွဲ့ များနှင့် လက်ရှိ အထိပင် အပစ်အခတ် ရပ်စဲရေး မလုပ်နိုင် သေးဘဲ ရှိနေ ပါသည်။

ရှမ်းပြည် မြောက်ပိုင်း ဒေသ၌ အစိုးရ တပ်များနှင့် KIA, ပလောင် (တအာင်း) ပူးပေါင်း တပ်ဖွဲ့တို့အကြား ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် ဇွန်လ ခန့်မှ စတင်ပြီး တိုက်ပွဲများ ပြန်လည် ဖြစ်ပွား လာခဲ့ ပါသည်။
 Credit: ရွှေင်္ဟသာသတင်းဌာန
Read More »

KIOအစိုးရစစ်တပ်KIAနဲ့အစိုးရစစ်တပ်နောက်ဆုံးရတိုက်ပွဲသတင်း



ဒီဇင်ဘာ (၃၀) တနင်္ဂနွေ

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅)
ဌာနချုပ်ဖြစ်သော လိုင်ဇာမြို့ ကောင်းကင်ယံပေါ်တွင်
ဗမာအစိုးရ စစ်လေယာဉ်ပေါ်မှ ဆင်ဖြူတော်ရုပ် တစ်ခု
ကို ယနေ့ ညနေပိုင်း (၃း၀၀) နာရီအချိန်တွင် လာရောက်
ချထားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရသည်
ကေအိုင်အိုအစိုးရ နှင့် တိုက်ပွဲတွင် ဗမာစစ်တပ်ဘက်မှ
အကျအရှုံးများပြာလာမှုကြောင့် ယခုကဲ့သို့ ယတြာချေ
ခြင်းဖြစ်မည်ဟု လိုင်ဇာ ဒေသခံများက ထင်ကြေးပေးကာ
ဝေဖန်လျက်ရှိကြောင်း သတင်းရရှိပါသည်။
(source-jinghpawkasa)

(02:35)pm
KIA နှင့် ABSDF တပ်များက လက်ဂျားယန်အရှေ့ဘက်တွင်ရှိသော
အစိုးရတပ်၏(စစ်လှမ်း) စစ်ထောက်စခန်း တခုအား ၀င်ရောက်
သိမ်းပိုက် လိုက်ပြီဖြစ်ပါသည်။
(ခမရ-၅၁၃) မှ ဗိုလ်ကြီး ကျော်စွာအေး (ကြည်း) ကိုယ်ပိုင်အမှတ်
၃၆၉၆၅ ကျဆုံးပြီး ဒဏ်ရာအမြောက်များ ရရှိကာ ဆုတ်ခွါသွားပါ
သည်။ လက်ရှိ ၄င်းတို့ စစ်တပ်ဖက်မှ ဒဏ်ရာရသော ရဲဘော်များ
အား သယ်ထုတ်နေသည်ကို KIA နှင့် ကျောင်းသာတပ်ဖွဲ့မှ ခွင့်ပြုပေး
သည့်အနေဖြင့် ပစ်ခတ်မှုများ ရပ်ဆိုင်းပေးထားပါသည်။ တက်လာတဲ့စစ်ကြောင်းအမြီးကိုနင်းမိထားတယ်
(ကိုမင်းဌေး)

ဒီဇင်ဘာလ(၃၀)ရက် မနက်(၉)နာရီမှ (၁၀း၃၀)အချိန်အထိ
ပန်ဝါဒေသ၊ နယ်ခြားမှတ်တိုင်(၅)တွင် တပ်မ(၈၈) လက်
အောက်တပ်ဖွဲ့ ခမရ(၃၀၁) တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
 ခလရ(၃၀၁) တွင် ဘုန်းကြီးတစ်ပါး ပါဝင်ကြောင်း သိရသည်။ သင်္ဃန်းဝတ်ဘုန်းကြီးတွင် မှန်ဘီလူးတလက်ပါရှိ ကာ KIA တပ်
စခန်းသို့ မှန်ဘီလူးဖြင့် မကြာခဏကြည့်ကာ မြေကတုတ်ထဲသို့ ၀င်လိုက်ပြူကြည့်လိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။
(MKN)

(30/12/2012) ရက်နေ့ နေ့လည် (12:15)pm
ဒီနေ့ဝေဟင်ကနေ သုံးခါလာဗုံးကျဲတယ် မြေပြင်မှာတော့
ပွဲအရမ်းကြမ်းနေပြီ ။စစ်ကြောင်းနောက်တကြောင်းထပ်
တက်လာတယ်။
ကိုမင်းဌေး
ဒီဇင်ဘာ (၃၀) တနင်္ဂနွေ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) အုပ်ချုပ်နယ်မြေဖြစ်သော မိုးကောင်း - မိုးညှင်း ရထားလမ်းပေါ်ရှိ တောင်နီကျေးရွာကို ဒီဇင်ဘာ (၂၉) ရက်နေ့ည တွင် ကေအိုင်အေ တပ်ရင်း (၅) မှ မျိုးချစ်ရဲဘော်များ သိမ်းပိုက် ထိမ်းချုပ်ထားလိုက်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ ယခုအခါ ဗမာအစိုးရသည် ကချင်လူမျိုးများအပေါ် အမျိုးတုံး စစ်ကို လက်တွေ့ဆင်နွဲနေပြီဖြစ်သောကြောင့် ပြည်တွင်းရှိ ကချင်လူမျိုးများ အားလုံး ဗမာနယ်ချဲ့ အစိုးရကို ရောက်ရာအရပ်မှ တိုက်ခိုက်တွန်းလှန် ရတော့မည်ဖြစ်ကြောင်းနှင့် မိမိကိုယ်လုံခြုံရေးအတွက် အထူးသတိရှိကြရန် တာဝန်ရှိသူများမှ သတိပေး ပြောကြားလာကြောင်း သိရှိရပါသည်။
(source-jinghpawkasa)

(Dec,30,2012) (06:00)pmလဂျားယာန် ပတ်ဝန်းကျင်သို့ထိုးစစ်ဆင်ရောက်ရှိလာ သော မြန်မာ အစိုးရစစ်တပ်
ထံမှ KIA နှင့် ABSDF က သိမ်းဆည်းရ ရှိသော မြန်မာ အစိုးရစစ်တပ် ၏ လက်နက်ခဲယမ်း အချို့အားတွေ့ရစဉ်။
ကိုမင်းဌေး
 

Read More »

လက်ရှိ နိုင်ငံရေးနှင့် facebook ပေါ်မှ Keybord ရန်သူကြီးများ

ခုလက်ရှိဖြစ်ပျက်နေတာကို ပြည်သူများအားလုံး သိရှိကြပြီ ဖြစ်သော်လည်း
အားလုံးကို အနှစ်ချုပ်သုံးသပ် ပြချင်ပါတယ်

ကချင်ပြည်နယ် စစ်မီးတောက်လောင်နေတာ ဘယ်သူမှ ၀မ်းမသာပါဘူး။
အမြန်ဆုံး ငြိမ်းချမ်းစေချင်တာ မြန်မာနိုင်ငံသားတိုင်းရဲ့  ဆန္ဒပဲ။
ဒါပေမယ့် အခု ဖြစ်စဉ်တွေကို သေသေချာချာ ပြန်သုံးသပ်လေ့လာဖို့ တော့ လိုလိမ့်မယ်။
ဒါမှလည်း ပြည်သူတွေ အမြင်ရှင်းမယ်။

ခုတစ်လော မှာJade Land , Lachid Kachin ဆိုတဲ့ FB အကောင့်တွေ၊ မေဇင်အေး (ခ) ဒီမိုဖက်တီး (ခ) ခွန်ဒီးယမ် အကောင့်၊ ပြီးတော့ ငရဲသား ဆိုတဲ့ အကောင့် ဒီအကောင့်တွေကနေပြီးတော့
ဝါဒဖြန့် ချီရေးများ ပြုလုပ်နေတာကို တွေ့ရှိရပါတယ်။
မြန်မာစစ်သားတွေ သေသွားတာ၊ တပ်ရင်းမှူး ဗိုလ်မှူးသေသွားတာ၊ အရာရှိတွေ သေသွားတာ၊ မြန်မာစစ်သားတွေ ဖမ်းမိတာ စတဲ့ သတင်းတွေ၊ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေကို မြိန်ရည်ယှက်ရည်နဲ့  တင်တယ်။ မြန်မာစစ်တပ်ကို ရိတယ်။ အသုံးမကျတဲ့စစ်တပ်ဆိုတဲ့ အပေါက်မျိုးတွေ ချိုးတယ်။

အဲဒီအချိန်မှာ စစ်ဘီလူး ဂွမ်မော်က အင်တာဗျူးတွေလုပ် စစ်တပ်ကို ရိသဲ့သဲ့ ပြော၊ ငြိမ်းချမ်းရေး တောင်းဆိုနေတာကို မထီမဲ့မြင်တွေ လုပ်ပြ။
ဒီအချိန်မှာ စစ်တပ်ဘက်က ဘာသတင်းမှ မတက်ဘူး။ ဘာဖြေရှင်းချက်မှ မပေးဘူး။
ဒီအချိန်မှာ အပေါ်မှာ ပြောခဲ့တဲ့ အကောင့်တွေက ပိုပိုပြီး ဆိုးလာတယ်။ အများပြည်သူ သွားလာတဲ့ ကားလမ်း၊ ရထားလမ်း၊ တံတားတွေကို မိုင်းခွဲလာတယ်။
ဒီအချိန်မှာ တပ်မတော်သား များကမခံမရပ်နိုင်ဖြစ်ပြီး သမ္မတဦးသိန်းစိန်ကို တိုက်စစ်ဆင်ဖို့  ခွင့်ပြုဖို့ တွေ ပြောလာတယ်။

ဒီအချိန်မှာ KIA က တပ်သားသစ် သင်တန်းဆင်းလာတဲ့ ရဲဘော်သစ်တွေနဲ့  တပ်ပါလေ့ကျင့်ခန်းသဘောမျိုး ကာမိုင်းကို ၀င်ဆော်တယ်။ အပြစ်မဲ့ ပြည်သူတွေ သေရတယ်။ ချသွားတာကလည်း သင်ခန်းစာကို လက်တွေ့ ကွင်းဆင်းတဲ့ ပုံစံမျိုးနဲ့  အင်အား ၅ ဆ လောက် တင်ပြီး ဆော်တယ်။ဒီအကောင့်တွေကပဲ အောင်ပွဲတွေ ခံပြ၊ တဟားဟား တဟီးဟီး လုပ်ပြနဲ့  မခံချင်အောင် ရွဲ့ လား စောင်းလားတွေ လုပ်တယ်။

အခု စစ်တပ်က ရိက္ခာတွေပို့မယ်- အုပ်ချုပ်မှု လုပ်မယ် ဆိုတော့ တံတားတွေမိုင်းခွဲ၊ ကားလမ်းတွေ ခြုံခိုတိုက်နဲ့  ထင်တိုင်းကြဲနေတယ်။အခု မြန်မာစစ်တပ်ဘက်က နည်းနည်းလေး မောင်းတင်လိုက်တာနဲ့  ပြည်သူတွေ ဒုက္ခရောက်နေပါပြီ ဆိုပြီး အော်တယ်။ စစ်တပ်က လိုင်ဇာကို တိုက်တော့မယ် ဆိုတဲ့ သတင်းလည်း ထွက်လာရော လိုင်ဇာတစ်ဝိုက်မှာ ဒုက္ခသည်တွေ တန်းစီထားပြီး လူတံတိုင်းလုပ်တယ်။

ပြည်သူတွေ သေကုန်တော့မယ်၊ တိုက်လေယာဉ်တွေ သုံးတယ်၊ ဓါတုလက်နက်တွေ သုံးတယ်၊ ပါးစပ်ထဲရှိတာတွေ လျှောက်ပြော။ ၀ါဒတွေဖြန့်  ကြောက်ချီးပါပြီး လျှောက် လုပ်တော့တာပဲ။

ငြိမ်းချမ်းရေးကို ဘာလို့  ရှောင်နေသလဲ

နားမလည်စရာ ကောင်းတာက KIO-KIA ငြိမ်းချမ်းရေး မယူချင်ဘဲ ဟန်ပြကလေး ဆွေးနွေး ဟိုတစ်ခု ပေးရင် ဒီတစ်ခု ဒီတစ်ခု ပေးရင် ဟိုတစ်ခု အမျိုးမျိုးပြော ရမယ် ရှာပြီး ရှောင်လွှဲနေတာ ဒီလိုစစ်တိုက်ချင်လို့  မဟုတ်ကြဘူးလား။ စစ်တပ်က အခု တစ်ကယ် မတိုက်ပါဘူး။လိုင်ဇာကို တစ်ကယ် တိုက်တော့မယ် ထင်ပြီး နောက်ကျတဲ့ ခြေထောက် သစ္စာဖာက် ဆိုပြီး ဂွမ်မော်တို့  ခေါင်းဆောင်ပိုင်းက ရွှေလီထဲ ၀င်ပြီး ပြေးပြီးပါပြီ။အဲဒီအချိန်မှာ Jade Land , Lachid Kachin ဆိုတဲ့ FB အကောင့်တွေ၊ မေဇင်အေး (ခ) ဒီမိုဖက်တီး (ခ) ခွန်ဒီးယမ် အကောင့်၊ ပြီးတော့ ငရဲသား ဆိုတဲ့ အကောင့်ဒီအကောင့်တွေကနေပြီးတော့ပဲ ပင်လုံစာချုပ်တွေ ပြပြီး ဖွကြ။

ဒါတွေက စဉ်းစားဖို့  ကောင်းလာပြီ။ အခုအချိန်မှာ တစ်နိုင်ငံလုံး ငြိမ်းချမ်းရေ လိုချင်လို့  မျှော်လင့်နေကြတဲ့အချိန်မှာ စစ်တပ်က KIA ကို တစ်ကယ်သာ ၀င်တိုက်ကြည့်။ နောက်ဆက်တွဲ တိုက်ပွဲတွေက ပြန့် နှံ့ သွားမယ်။ ဒီမိုဖက်တီးတို့  အုပ်စုက ဒီအနေအထားကို မဖြစ် ဖြစ်အောင် ရည်ရွယ်ချက် ရှိရှိ လှုံ့ဆော်နေကြတာလား။

တစ်နိုင်ငံလုံး ငြိမ်းချမ်းရေး လိုချင်လွန်း လို့  ။ ဘယ်သူ့ ကို မေးမေး လိုချင်ကြတာ သေချာတယ်။
စစ်မီး မငြိမ်းနိုင်တဲ့ ကချင်ပြည်နယ် ဘယ်တော့ ငြိမ်းချမ်းရေး ရမလဲ မျှော်နေတာတောင် မ၀ံ့မရဲ။
အခုလို ဆောင်းတွင်း ခိုက်ခိုက်တုန်အောင် ချမ်းနေချိန်မှာ တောထဲတောင်ထဲ ဒုက္ခ ရောက်နေတာ ကချင်ပြည်သူတွေရော ရှမ်းတွေရော ဗမာတွေရော ဖြစ်ပါတယ်။အဲဒီအချိန်မှာ ကီးဘုတ် ၀ါဒဖြန့်
နေတဲ့သူတွေက အိမ်ထဲမှာ နှပ်နေပြီ ကားတွေနဲ့လျောက်လည် နေကြပါပြီ။Facebook ဆိုတာက သတင်းမှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ အင်မတန်မှကို ပြန့် နှံ့  လွယ်တဲ့ မီဒီယာပါ။

လက်တွေ့ မှာ ဒီမိုရော စစ်ဘက်ရော အစိုးရရော အကုန်လုံးက နိုင်ငံကောင်းဖို့ လုပ်နေကြတဲ့ အချိန်၊ အကုန်လုံး ၀ိုင်းပြီး ပူးပေါင်းဆောင်ရွက်နေကြတဲ့ အချိန်မှာ ဒီလိုလုပ်ရပ်တွေကြောင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး အကုန်လုံးကို ထိခိုက်နစ်နာစေပါတယ်။ပြောရရင် သင်စိုက်ပျိုးသမျှ သင် ပြန်လည်ရိတ်သိမ်းရခြင်းသာ ဖြစ်တယ် ဆိုတာ အမှန်ပါ။ ဒါပေမယ့် ကြားထဲက ခံရတာက ကချင်ပြည်သူတွေ၊ ရှမ်းတိုင်းရင်းသားတွေ၊ ဗမာတွေ၊ ကချင်တွေနဲ့  မြန်မာစစ်တပ်က တိုင်းရင်းသား စစ်သားတွေပါ။

အွန်လိုင်းမှာ ဖက်တီးတို့  သောင်းကျန်းပြီး စစ်အစိုးရကို ပုတ်ခတ် သိက္ခာချ၊ လက်ရှိအစိုးရကို ပုတ်ခတ် သိက္ခာချ၊ အဆိုးဆုံးက မြန်မာစစ်တပ်ကို ရှုတ်ချ လုပ်ထားသမျှ အသုံးပြုတဲ့ လူတွေ ကြားမှာ အတော်ကလေးကို သက်ရောက်မှု ရှိပါတယ်။ ဖက်တီးတို့  ဒီလိုပြောနေတာတွေကို မကျေနပ်လို့  မြန်မာစစ်ဗိုလ်တွေ၊ ဒီမိုဆန့် ကျင်ဘက်တွေကလည်း တုံ့ပြန်မှုတွေ ပြင်းပြင်းထန်ထန် လုပ်လာကြတော့ ဒေါ်စုကို သိက္ခာချတာတွေ ပုတ်ခတ်တာတွေ ဖြစ်လာခဲ့ပါတယ်။

ဒီလို အဆိုးတွေပဲ အထပ်ထပ် ကျော့နေတဲ့ သံသရာက လွတ်မြောက်ဖို့  အားလုံး ဆင်ခြင်ကြဖို့  ကောင်းပြီ လို့  တိုက်တွန်းချင်ပါတယ်။

ကချင်ပြည်နယ် အမြန်ဆုံး ငြိမ်းချမ်းဖို့  လိုပါပြီ။ ကိုယ့်ညီအစ်ကိုချင်းတွေ ငြိမ်းချမ်းရေးစာပွဲဝိုင်းမှာ ထိုင်ပြီး ဆွေးနွေးကြဖို့  အချိန်တန်ပါပြီ။

From:ပလေတို ဒီမို

Read More »

ပြည်သူတိုင်း ကိုကာကွယ်ဖို့ ပြည်သူ့တပ်မတော် စစ်စစ် လိုပါတယ်. . .

ဒီ ကချင်စစ်ပွဲတွေဖြစ်တိုင်း ကေအိုင်အေ ကို ၀င်ပြီးဆဲကြတဲ့ သူတွေဟာ စစ်အုပ်စု က လူငယ်တွေချည်းသာမဟုတ်၊ ဒီမိုကရေစီရေးမှာ ပါဝင်လှုပ်ရှားနေ၊ တချို့ ကချင်စစ်ဘေးသင့်ဒုက္ခသည်ပြည်သူတွေအရေးမှာ ပါဝင်လှုပ်ရှားကြတဲ့ လူငယ်တွေတောင် ပါဝင်နေတယ် ဆိုတာ သတိထားမိတယ်။

ဒီလူငယ်တွေရဲ့ အမြင်မှာ ကေအိုင်အေ ဟာ ဘာလို့ ဆဲစရာ ဖြစ်နေသလဲ ဆိုတာ
သေချာ လေ့လာသုံးသပ်ကြည့်ဖို့ လိုမယ်ထင်တယ်။

သူတို့ထဲက တော်တော်များများက ဘုမသိ၊ ဘမသိ၊ ဦးကျော်ဆန်း ရဲ့ ၀ါဒဖြန့်တာ၊ဦးခင်ညွန့်ရဲ့ လုပ်ကြံသတင်းဖြန့်ချိတာ တွေရဲ့ လွှမ်းမိုးခံရမှုတွေကြောင့်။
တချို့ကတော့ ကျနော်တို့တောင် မသိသေးတာတွေ သိထားတယ်ဆိုပဲ။

တချို့ကတော့ ကေအိုင်အေ က ပြည်ထောင်စုထဲက ခွဲထွက်မှာ မို့ ဆိုပဲ။
အတော်များများ ကတော့ မဆလ ပညာရေး ရဲ့ ဘရိန်းဝပ်ရှ် လုပ်ခံထားရတဲ့
ပြည်ထောင်စုအတု ကို ကာကွယ်ဖို့လိုတယ် ဆိုတဲ့ စိတ်စွဲကြီး သန်နေတာကို တွေ့ရပြန်တယ်။
စစ်မှန်တဲ့ ပြည်ထောင်စု တရပ်ကို ဘယ်လိုတည်ဆောက်မယ် ဆိုတဲ့ အဖြေရှာသူတွေထက် ဒီပြည်ထောင်စုအတု ကိုတော့ အပျက်မခံနိုင်ဘူး ဆိုတဲ့ စကားနဲ့ပဲ စ နေတတ်ပြန်တယ်။

အများဆုံးတွေ့ရတာ ကချင်စစ်ပွဲ ဓါတ်ပုံတွေရဲ့အောက်မှာ အပြန်အလှန် ကချင် ဗမာ နာမည်တပ်ပြီး ဆဲကြတာ။ အင်မတန်စိတ်ပျက်စရာကောင်းလှတယ်။

တကယ်တော့ ဒီတိုင်းပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းတရပ်ဟာ ဖေါက်ပြန်ပြီး၊
အာဏာကို ချုပ်ကိုင် ဒီတိုင်းပြည်ရဲ့ တိုင်းသူပြည်သားတိုင်းကို ဖိနှိပ်အုပ်ချုပ်ခဲ့တာ
နှစ်ပေါင်း ၅၀ ကျော်လာခဲ့ပြီ။

တကယ့် ဗမာပြည်သူတွေထဲမှာ ကချင်မုန်းစိတ်ရှိမနေပေမယ့်၊ ကချင်တိုင်းရင်းသားတွေ အပါအ၀င် တိုင်းရင်းသားတိုင်းရဲ့စိတ်တွေထဲမှာ ဗမာ မုန်းစိတ်တွေ ခိုအောင်းနေတယ်။
ဘာကြောင့်လဲ ဆိုတော့ အဲဒီတိုင်းရင်းသားတွေနေတဲ့ ဒေသတွေကို ရောက်လာတဲ့
ဗမာတွေဟာ စစ်တပ်အသွင်နဲ့ရောက်လာတဲ့သူတွေ၊ စီးပွားရှာဖို့ရောက်လာတဲ့ လူတွေ။ တကယ့် ကျေးလက်က ဗမာတွေ၊ လက်ပံတောင်းတောင်မှာနေတဲ့ အဖိအနှိပ်ခံ ဗမာပြည်သူတွေ မျိုး မဟုတ်ပါဘူး။

ရွာထဲကိုဝင်လာတာနဲ့ တွေ့သမျှ အကောင်တွေကို ပစ်ခတ်စားသောက်၊ လုယက်၊ မိန်းကလေးတွေကို မုဒိန်းကျင့်၊ ယောက်ျားတွေကို ပေါ်တာဆွဲ၊ ပစ်သတ် ဆိုတဲ့ စစ်တပ်ဟာ ပြည်မက ပြည်သူတွေကိုလည်း သိပ်မကွာခြားလှတဲ့ ဆက်ဆံမှု
တွေနဲ့ အနိုင်ကျင့်အုပ်ချုပ်နေတယ် ဆိုတာ ဟောဒီဖေ့စ်ဘွတ်ခ်ပေါ်တက်လာတဲ့
သတင်းတွေနဲ့တင် သိလောက်ပါတယ်။

တကယ်တော့ ဒီစစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်တပ်တွေ ရဲ့ အကြမ်းဖက်မှု
တွေ ရန်ကနေ ကာကွယ်ဖို့ လိုအပ်နေတာ နယ်စပ်က တိုင်းရင်းသားတွေသာမက၊ ပြည်မက ပြည်သူတွေ၊ ရန်ကုန်မန္တလေးမြို့ကြီးတွေက ပြည်သူတွေပါ လိုနေတယ် ဆိုတာ ၈၈၈၈ အပါအ၀င် ရွှေဝါရောင် လက်ပံတောင်းတောင် အရေးအခင်းတွေက သက်သေပါပဲ။
ဒါကို တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးက မြင်အောင် ကြည့်ပြီး၊ လက်ခံလာဖို့၊
စည်းရုံးရပ်တည်လာကြဖို့ပဲ လိုပါတယ်။

ဗမာ မုန်းတီးရေး အစွဲ ကြီးနေတဲ့ တိုင်းရင်းသားတွေကို ဗမာပြည်သူတွေလည်း ဒီအာဏာရှင် အောက်မှာ ဒီလို ဖိနှိပ်ခံနေရတာပါပဲ ဆိုတဲ့ အသိအမြင်ကို ပထမဆုံး
ပေးနိုင်ခဲ့တာ ၈၈၈၈ က ပေါက်ဖွားလာခဲ့တဲ့ ABSDF ကျောင်းသားတပ်မတော် ပါ။
ကရင်တွေနဲ့အတူ၊ ကချင်တွေနဲ့အတူ၊ ကယန်းတွေနဲ့အတူ တိုက်ပွဲဝင်ပြီး အသေခံခဲ့တဲ့ မြန်မာပြည်အနှံ့က လူငယ်လေးတွေ၊ ကျောင်းသားလေးတွေ ဟာ
အဲဒီ သမိုင်းစာမျက်နှာသစ်တရပ်ကို ဖွင့်လှစ်ပြနိုင်ခဲ့ပါတယ်။

ကျနော်တို့လိုနေတာ လူမျိုးရေး၊ ဘာသာရေးကို အခြေခံထားတာမဟုတ်ဘဲ၊ ဖက်ဒရယ်ပြည်ထောင်စုရေး၊ ဒီမိုကရေစီရေး ကို တန်ဖိုးထားအခြေခံတဲ့ တိုင်းရင်းသားပေါင်းစုံကို ကိုယ်စားပြုတဲ့၊ ပြည်သူတရပ်လုံးကို ကိုယ်စားပြုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတရပ်ပါပဲ။

ပြည်သူကိုကာကွယ်မယ့် ပြည်သူ့တပ်မတော်ဆိုတာ တိုင်းပြည်တိုင်းမှာ ကို လိုပါတယ်။ ဒါကြောင့်လည်း တပ်မတော် ဆိုတာကို ဖွဲ့ခဲ့တာပေါ့။
ဒါပေမယ့် တပ်မတော် က ပြည်သူ့တပ်မတော်ကနေ လက်နက်ကိုင်သူခိုးဓါးပြ သောင်းကျမ်းသူအဖွဲ့အစည်းတရပ်၊ ယူနီဖေါင်းဝတ်ထားတဲ့ မာဖီးယားဂိုဏ်းသာသာ အဖွဲ့အစည်းတရပ် ဖြစ်သွားပြီ ဆိုမှတော့ ပြည်သူတွေကို ကာကွယ်ဖို့ စစ်မှန်တဲ့ ပြည်သူ့တပ်မတော်တရပ် လိုကို လိုနေတာအမှန်ပါပဲ။

တပ်မတော် ဆိုတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက တပ်မတော်ရဲ့ ပဋိဉာဉ် ပျက်
စီးသွားပြီ၊ ရပ်တည်ချက်မမှန်တော့ဘူး ဆိုရင် ပြည်သူတွေဟာ ကိုယ်ကျိုးစီးပွားအတွက် လက်နက်ကိုင်တော်လှန်ပိုင်ခွင်၊့ သူတို့ရဲ့အသက်အိုးအိမ်စည်းစိမ်တွေအတွက် ကာကွယ်ပိုင်ခွင့်ဟာ တရားဥပဒေနဲ့ အညီကို ရှိပါတယ်။ လူတိုင်းကိုယ့်အသက်အန္တရာယ်ကို ကာကွယ်ပိုင်ခွင့်ဟာ ဥပဒေတိုင်းမှာ ရှိပါတယ်။

ပြည်သူတွေကို ကာကွယ်မယ့် ပြည်သူ့တပ်မတော်စစ်စစ် မရှိမချင်း လက်တဆုပ်စာ လူတစုရဲ့ အကျိုးစီးပွားအတွက် ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို တန်ဖိုးမထား တိုက်ခိုက်မှုတွေ ခံနေရဦးမှာပါပဲ။

ဒီတပ်မတော်ဟာ အာဏာရှင်တပ်မတော် ဖြစ်နေသေးသရွေ့၊ ခရိုနီတပ်မတော်ဖြစ်နေသေးသရွေ့၊ ပြည်သူ့တပ်မတော်အစစ်တရပ် ပေါ်လာဖို့ လိုနေမှာပါပဲ။

ချိုတူးဇော်

Read More »

“ယုတ်မာသောသူတို့၏ အမှတ်အသား ၁၈-မျိုး”

( ရှာဖွေတွေ့ရှိထားလို့ ဗဟုသုတ အနေနဲ့ တင်ပေးတာပါ.... :)
ဟိုးအရင် ဘုရားလက်ထက်တုန်းက (မုသားလေးတစ်ခွန်းပြောတာတောင် မြေမျိုးသွားတဲ့ ဘုရင်ခေတ်လိုမျိုး၊ နတ်တွေထက်တောင် သက်တမ်းရှည်တဲ့ လူသားတွေ ခေတ်အခါမျိုး၊ သီလတွေ အင်မတန်စောင့်ထိန်းတဲ့ခေတ်မျိုး) မှာ မှန်လိမ့်မယ်... အခုဆုတ်ကပ်လိုအခါမျိုးတော့ ဆန့်ကျင်ဘက်ဖြစ်နေလိမ့်မယ်လို့ မြင်မိပါတယ်.. ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုတဲ့ စိတ်မျိုးမရှိပါ... ဗဟုသုတအနေနဲ့ ရှယ်ပေးလိုက်တာပါ... :) )


“ယုတ်မာသောသူတို့၏ အမှတ်အသား ၁၈-မျိုး”
၁။ ခြေဖ၀ါးပြန့်ကျယ်လှခြင်း၊ (ဗလင်္ကပါဒ)
၂။ ခြေသည်းလက်သည်းပုတ်ခြင်း၊ (အန္ဓနခ)
၃။ လျောကျသောအသားစိုင်ရှိခြင်း၊ (သြ၀ဒ္ဓပိဏ္ဍိက)
၎။ အောက်နှုတ်ခမ်းတွဲခြင်း၊ (ဒီဃုတ္တရောဋ္ဌ)
၅။ ပါးစပ်မှ အရိအရွဲယိုကျခြင်း၊ (စပလ)
၆။ သွားများ ကိုးယို့ကားယားရှိခြင်း၊ (ကဠာရ)
၇။ နှာယောင်ကောက်ခြင်း၊ နှာခေါင်းအထက်လန်ခြင်း၊ (ဘဂ္ဂနာသိက)
၈။ ၀မ်းဗိုက်ကြီးခြင်း၊ (ကုမ္ဘောဒရ)
၉။ ကျောက်ကုန်း(ကျောကုန်း)တိုခြင်း၊ (ဘဂ္ဂပါဋ္ဌိ)
၁၀။ မျက်စိစွေစောင်းခြင်း၊ (၀ိသမစက္ခုက)
၁၁။ ကြေးနီရောင်အမွေးအမျှင်များရှိခြင်း၊ (လောမဿု)
၁၂။ ဆံပင်အ၀ါရောင်ရှိခြင်း၊ (ဟိရိတကေသ)
၁၃။ တွန့်သောအရေရှိခြင်း၊ (၀လီန)
၁၄။ မှဲ့မည်းပြောက်တို့ပြည့်နှက်နေခြင်း၊ (တိလကာဟတ)
၁၅။ ပြူးထွက်သောမျက်စိရှိခြင်း၊ (ပင်္ဂလ)
၁၆။ ခါး ကျောက်ကုန်း ပခုံးတို့၌ ကောက်ကွေးနေခြင်း၊ (၀ိနတ)
၁၇။ သွားလာသောအခါ အဆစ်များမှမည်ခြင်း၊ (၀ိကဋ)
၁၈။ အရပ်ရှည်လွန်းခြင်း၊ (ဗြဟာ)

Credit from- Buddha In My Life

Read More »

KIO လိုင်ဇာဌာနချုပ်ကို မြန်မာအစိုးရတပ်မှလေကြာင်းဖြင့် အပြင်းအထန်တိုက်ခိုက်နေ

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လိုင်ဇာ ဗဟိုဌာနချုပ်ကို အစိုးရတပ်ဖက်မှ လေကြောင်းဖြင့် စတင် တိုက်ခိုက်လာခြင်းကြောင့် လိုင်ဇာမြို့ရှိ ပြည်သူလူထုများကို သတိဖြင့်နေထိုင်ရန် ညွန်ကြားထားပြီ ဖြစ်ကြောင်း လိုင်ဇာအုပ်ချုပ်ရေးမှူး ဗိုလ်မှူး Kareng Naw Awn ကပြောသည်။

ဒီဇင်ဘာ ၂၈ ယမန်နေ့က KIO ရှေ့တန်းစခန်း Lajayang (လဂျားယန်)သို့ အစိုးရဘက်မှ တိုက်လေယာဉ်များ၊ ရဟတ်ယာဉ်များ ပျံဝဲကာ အနီးပါတ်ဝန်းကျင်ရွာများနှင့် KIA တပ်စခန်းများအား ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း KIA အရာရှိများပြောသည်။

ထိုသို့မြန်မာအစိုးရတပ်ဖွဲ့များ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များဖြင့် လိုင်ဇာဌာနချုပ်ကို ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းကြောင့် လိုင်ဇာမြို့တွင်လည်းစိုးရိမ်ဖွယ်ရှိပြီး မိသားစုတိုင်းတွင် ကတုတ်ကျင်းများတူးထားခိုင်းကား အရေးကြုံလာပါက အချက်ပြမီးဖြင့် သတိပေးသွားမည်ဖြစ်ကြောင်းကို ဗိုလ်မှူး Kareng Naw Awn က KNG ကချင်သတင်းဌာနသို့ ပြောသည်။

“ကတုတ်ကျင်းများတူးထားခိုင်းတယ်။ အရေးကြီးလာရင်တော့ မီးသတ်ကားနဲ့ အချက်ပြဖို့လုပ်ထားတယ်။ ပထမ အချက်ပေးရင်တော့ ကြောက်ရမယ်။ ဒုတိယ အချက်ပေးရင်တော့ ကတုတ်ကျင်းကို ၀င်ရမယ်။ တတိယ အချက်ပေးရင်တော့ ဘာမလိုတော့ဘူးဆိုပြီ အချက်ပေးသွားဖို့ စီစဉ်ထားတယ်” ဟုပြောသည်။

ထို့ပြင် ည ၉ နာရီမှ အပြင်မထွက်ရန် အမိန့်ထုတ်ထားကြောင်း သောကြာနေ့မှစကာ လိုင်ဇာမြို့ရှိ ဈေးဆိုင်များလည်း ပိတ်ထားရန် လမ်းမပေါ်လည်း ကား၊ ဆိုင်ကယ်များကို မထားရန် ညွန်ကြားထားကြောင်း သိရသည်။

လိုင်ဇာရှိပြည်သူအချို့မှာ တရုတ်ဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်သွားသူများလည်း ရှိကြောင်း လိုင်ဇာဒေသခံများကပြောသည်။

“ဒီမနက်ကနေ ဆိုင်တွေပိတ်ပြီး တချို့က တရုတ်ဘက်ခြမ်းကို ထွက်ပြေးသွားပြီ၊ တချို့ဖွင့်တဲ့ လူတွေလည်းရှိသေးတယ်။ ဒါပေမဲ့ အများပိုင်းတော့ ပိတ်ထားကြပြီ။ ကျမတောင် အခုဆိုင်ပိတ်ပြီး အိမ်ပြန်တော့မလို့” ဟု လိုင်ဇာဒေသခံအမျိုးသမီး တစ်ဦးကပြောသည်။

ယမန်နေ့ အစိုးရတပ်ဖွဲ့၏ တိုက်လေယာဉ်များဖြင့် KIO ဌာနချုပ်ရှိရာ လိုင်ဇာမှ ရှစ်မိုင်ကွာဝေးသော Lajayang (လဂျားယန်) တွင် တိုက်ခိုက်နေမှုကို လိုင်ဇာမြို့မှ အသံများလည်း ကြားနေရပြီး လိုင်ဇာမြို့တွင်းမှလည်း ရဟတ်ယာဉ်များ ပျံဝဲသွားကြောင်း လိုင်ဇာဒေသခံများပြောသည်။

“အစကတော့ လဂျားယန်ဖက်က အသံအကျယ်ကြီကြားတယ်။ ကျမနောက်ကျောဖက်မှာ ထိတော့မလိုလိုပဲ နောက်နည်းနည်ကြာတော့ လေယာဉ်ပျံ အဖြူရောင် ၂ စီး ကျမတို့ အိမ်အပေါ်ကနေ ပျံဝဲသွားတယ်။ အဲဒီ ၂ စီးပြန်သွားပြီး နောက် ၂ စီးပြန်လာတယ် အိမ်ကနေတောင်မှ အရမ်းကိုမြင်ရတယ်။ ကလေးတွေကိုတောင် မြေအောက်ခန်းကို ပို့ထားရတယ်။ ဒီလိုင်ဇာမြို့တွင်းကို ပတ်ပြီး ပြန်သွားတယ်။ အခုလည်း သေနတ်သံတွေကြားနေရတယ်။ အခုဆို သေနတ်သံမကြားရင် မအိပ်တတ်သလိုတောင် ဖြစ်သွားပြီ” ဟုလိုင်ဇာဒေသခံ အမျိုးသမီးတဦးကပြောသည်။

ယနေ့တွင်လည်း Lajayang (လဂျားယန်) အနီးတ၀ိုက်တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) အရာရှိများပြောသည်။

ယခုချိန် ရှေ့တန်းတွင် တိုက်ပွဲဝင်သော KIA တပ်ဖွဲ့များကို ကူညီသွားရန် လူငယ်အဖွဲ့အစည်း၊ အမျိုးသမီးအဖွဲ့အစည်း ဆိုပြီး ဖွဲ့စည်းထားပြီဖြစ်ကြောင်း ထို့ပြင် ရှေ့တန်းတွင် တိုက်ပွဲဝင်နေသူများအတွက် လိုင်ဇာမြို့နယ် ရပ်ကွက်လိုက် တာဝန်ယူကာ ထမင်းဟင်းများချက်ပေးနေကြောင်း သိရသည်။

မြန်မာအစိုးရတပ်ဖွဲ့သည် KIA ကို မြစ်ကြီးနား-မန်မော် (ဗန်းမော်)လမ်းမှ ဒီဇင်ဘာ ၂၅ နောက်ဆုံးထား တပ်ဆုတ်ပေးရန် ရာဇသံပေးခဲ့ပြီးနောက် KIA အနေဖြင့် နောက်ဆုတ်ပေးခြင်းမရှိသည့်အတွက် ယခုလို ကချင်ပြည်နယ် KIO ထိန်းချုပ်ရာ Lajayang (လဂျားယန်) ဒေသဘက်တွင် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားလာ ပြီး တိုက်ပွဲတွင် မြန်မာစစ်တပ်ဘက်မှ စစ်လေယာဉ်တွေပါ အသုံးပြု တိုက်ခိုက်လာခြင်းဖြစ်သည်။
Credit: (KNG)

Read More »

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အာဏာသုံးရပ် သီးခြားစီ ခွဲခြားကျင့်သုံး အုပ်ချုပ် သည့် စနစ်သို့ ပြောင်းသွားပြီး နောက် ယခင်နှစ် ၂၀ နိုင်ငံတော် အာဏာကို ချုပ်ကိုင်ခဲ့သည့် တပ်မ တော် သည်လည်း မြန်မာ့တပ်မတော် အနေနှင့် သီး ခြားစွာ တည်ရှိကာ တိုင်းပြည်အေးချမ်း သာယာရေး ကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်ခြင်းနှင့် ပြည်ပ ရန်စွယ်များကို

တွန်းလှန်တိုက်ခိုက် ခြင်းဟူသည့် တပ်မတော်၏ မူလတာဝန် နှစ်ရပ် ကိုသာ တစ်စိုက်မတ်မတ် ထမ်းဆောင်လာစေရန် ဦးဆောင်ဦးရွက် ပြုနေသူ တစ်နည်းအားဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်း ကာလကို အေးချမ်း တည်ငြိမ်မှု ရှိရန် အကူအထောက်ပြုသူ၊ စစ်တက္က သိုလ် ဗိုလ်လောင်းသင်တန်း အပတ်စဉ် (၁၉) ဆင်း၊ သထုံ အခြေစိုက် တပ်မ (၄၄) တပ်မမှူး ၊ တြိဂံတိုင်းဒေသ စစ်တိုင်းမှူး၊ တပ်မတော်အမှတ် (၂) အထူး စစ်ဆင်ရေး အဖွဲ့မှူး၊ စစ်တက္ကသိုလ် ကျောင်းအုပ်ကြီး စသည့် ရာထူး အဆင့်ဆင့်တို့ ထမ်းဆောင်ခဲ့ပြီး လက်ရှိ တပ်မတော်ကာကွယ် ရေးဦးစီးချုပ် အဖြစ် တာဝန် ထမ်းဆောင်နေသူ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို ယခုနှစ် အတွင်း ထူးခြားထင်ရှားသူ တစ်ဦးအဖြစ် ရွေးချယ် လိုက်ပါသည်။
ယခုနှစ်ဆန်းပိုင်း သမိုင်း တွင်မည့် ထိုင်း နိုင်ငံအလည်အပတ် ခရီးစဉ်အတွင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်နှင့် တွေ့ဆုံစဉ် မြန်မာ့ တပ်မတော်အနေနှင့် ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး၊ ဒီမိုကရေစီ တည်တံ့ခိုင်မြဲရေး အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက် သွားမည်ဖြစ်ကြောင်း၊ မြန်မာ့ဒီမိုက ရေစီ အပြောင်းအလဲတွင် တပ်မတော်သည် နောက် ပြန်လှည့်ရန် အခြေအနေ မရှိကြောင်း ပြောဆိုခဲ့ခြင်း မှာ တပ်မတော်ခေါင်းဆောင် တစ်ဦး၏ ယခုနှစ် အတွင်း ထူးခြားစွာ မှတ်တမ်းတင်ရမည့် ကတိ စကားများ ဖြစ်သည်။

အခြားတစ်ဖက် တွင်လည်း မည်သို့သော ပကတိ အခြေအနေများ၊ အကြောင်းပြချက်များ ရှိ နေစေကာမူ ကချင်ပြည်နယ်တွင် ထိုးစစ်ဆင်ခြင်း များ ရပ်တန့် ထားရန်နှင့် ခုခံသည့် အနေနှင့်သာ ပြန်လည် တိုက်ခိုက်ရန် နိုင်ငံတော်သမ္မတ ကိုယ်တိုင် တပ်မတော်ကို အမိန့် ပေးထားသည့်ကြားက မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေ အကြား ယနေ့ အချိန်အထိ တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဆက် လက် ဖြစ်ပွားနေခြင်း၊ လွှတ်တော် အတွင်းရှိ အခြားအရပ်သားနှင့် တိုင်းရင်းသားပါတီ ကိုယ်စားပြု လွှတ်တော် အမတ်များနှင့် ခင်မင် ရင်းနှီးစပြုနေပြီ ဖြစ်သော တပ်မတော်သား ကိုယ်စားလှယ် အချို့ ကို မကြာခဏ အစားထိုး လဲလှယ်ခြင်း တို့အပေါ် ဝေဖန်သုံးသပ်မှုများ ရှိနေပါသည်။ သို့သော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်၍ မရနိုင်ရန်နှင့် အတိုက်အခံပါတီ ကိုယ်စားပြု လွှတ်တော်အမတ် များ၏ အဆိုမှန်သမျှ ကန့်ကွက်မဲ ပေးရန် လွှတ်တော် အတွင်း တမင်သက်သက် နေရာယူ ထားသည်ဟု မူလက ယူဆနေကြသည့် ၂၅ ရာခိုင်နှုန်း သော တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် များ သည် နိုင်ငံရေး အကျဉ်းသားများ ပြန်လွှတ်ပေးရန် အဆိုကို ထောက်ခံမဲ ပေးခဲ့ကြခြင်း၊ ပညာရေး နှင့် ကျန်းမာရေးဆိုင်ရာ အဆိုပြုချက်၊ ဥပဒေကြမ်း များကိုလည်း ထောက်ခံမဲပေး ခဲ့ကြခြင်းတို့မှာ ယင်းထင်မြင်ချက်များ လွဲမှားကြောင်း တပ်မတော်၏ လက်ရှိ အကြီးအကဲဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူး ကြီးမင်းအောင်လှိုင် က ပြသလိုက်ခြင်း ပင်ဖြစ်သည်။ ထို့အပြင် အိမ်နီးချင်းနှင့် ပြည်ပ နိုင်ငံအချို့သို့ သွားရောက်၍ ယင်းနိုင်ငံ တပ်မတော်များကို လေ့လာခဲ့ခြင်း၊ ပြည်ပနိုင်ငံ များမှာ တပ်မတော် ထိပ်ပိုင်း ခေါင်းဆောင်များ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ခြင်း၊ ကာလကြာရှည် ဆက်ဆံရေး အေးစက်ခဲ့သည့် အမေရိကန် ပြည်ထောင်စု၏ ကြည်း၊ ရေ၊ လေတပ် များနှင့် ပြန်လည် ဆက်ဆံရေး စတင်ခဲ့ပြီး ၂၁ ရာစုနှင့် အညီ အရည်အချင်းရော အရည် အသွေးပါ မြင့်မားသည့် တပ်မတော် အဖြစ် မြှင့်တင် တည်ဆောက်ရန် ပြင်ဆင်လာခြင်း အပြင် အမေရိကနှင့် အရှေ့တောင်အာရှ နိုင်ငံအချို့ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ဖြစ်သည့် Cobra Gold စစ်ရေးလေ့ကျင့်မှုကို ပထမဦးဆုံး အကြိမ် မြန်မာ့ တပ်မတော်မှ ကိုယ်စားလှယ် သုံးဦးကို လေ့လာသူ အဖြစ် ဖိတ်ကြား ခံရခြင်းတို့မှာလည်း ၄င်း၏ ထူးခြားသော အောင်မြင်မှုများဟု ဆိုနိုင် ပါသည်။

မည်သို့ပင်ဖြစ်စေ နှစ် ၅၀ ခန့် နိုင်ငံတော် အာဏာ အရပ်ရပ်ကို တပ်မတော်က တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ထိန်းချုပ် ကွပ်ကဲလာခဲ့ရာမှ ဒီမိုကရေစီ စနစ်နှင့်အညီ အာဏာသုံးရပ်နှင့် သီးခြား ဖြစ်သော တပ်မတော်တစ်ရပ် အဖြစ် ပြည်သူလူထု နှင့် နိုင်ငံတကာကို ပြသနိုင်ခဲ့ခြင်း၊ အမှန်တကယ် အရည်အချင်း၊ အရည်အသွေး ရှိသော အင်အားရှိ တပ်မတော်အဖြစ် ထူထောင်ရန် ပြင်ဆင်လာခြင်းတို့ ကြောင့် ဒုတိယဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ယခုနှစ်အတွင်း ထူးခြားထင်ရှားသူ တစ်ဦး အဖြစ် ရွေးချယ်ရခြင်း ဖြစ်ပါသည်။


Credit:အသောက အသောက အသောက face book page


Read More »

ယနေ့ မြန်မာပြည်မြောက်ပိုင်းမှ ပြည်တွင်းစစ်

ယခုဆောင်းပါးလေးကို ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပေါ်လျက်ရှိသည့် ပြည်တွင်းစစ်ပွဲများနှင့် ပတ်သက်၍ မိမိအတွေးအမြင်များကို ခိုင်မာသော အကိုးအကားများဖြင့် ရေးသားလိုစိတ်ဖြစ်ပေါ်လာပါသည်။ မိမိနှင့် အမြင်မတူသူများရှိမည်ကိုလည်း သိရှိပြီးဖြစ်ပါသည်။ သို့ပါသော်လည်း မိမိအနေဖြင့်အတတ်နိုင်ဆုံး ရှုထောင့်များစွာမှ တွေးတောကြည့်ကာ ယခုဆောင်းပါအား တင်ဆက်လိုက်ပါသည်။

ယခုဆောင်းပါးတွင် ပထမဦးဆုံး အမေရိကန် ပြည်တွင်းစစ်အကြောင်းကို တင်ဆက်ပါဦးမည်။ (ကိုးကား wikipedia)

အမေရိကန်ပြည်တွင်းစစ် (၁၈၆၁- ၁၈၆၅) ကို ပြည်နယ်အချင်းချင်းဖြစ်သော စစ်ပွဲဟုလည်းခေါ်ဆိုကြပြီး အမေရိကန်ပြည်ထောင်စုတွင် ဖြစ်ပွားခဲ့သော စစ်ပွဲဖြစ်သည်။ တောင်ပိုင်း ကျွန်ပိုင်ရှင်နယ် ၁၁ နယ်မှ အမေရိကန်ပြည်ထောင်စုအတွင်းမှ နှုတ်ထွက်သည်ဟု ကြေငြာလိုက်ပြီး သူတို့က အမေရိကန်ပြည်ထောင်စုမှ ခွဲထွက်လိုသည်ဟု ပြောကြားကြသည်။ ထို့နောက် အမေရိကန် ကွန်ဖဒရိတ်ပြည်နယ်များ (သို့မဟုတ်) ကွန်ဖန်ဒရေစီကို တည်ထောင်ကြသည်။ ဒေးဗစ် ဂျက်ဖာဆန်က ကွန်ဖန်ဒရိတ်ပြည်နယ်များကို ဦးဆောင်ပြီး အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ခဲ့ကြသည်။ ပြည်ထောင်စုနယ်များ သို့မဟုတ် မြောက်ဖက်ပိုင်းမှ ပြည်နယ်များတွင် ကျွန်စနစ်ကို တရားမ၀င်ကြောင်းကြေငြာခဲ့ပြီး နယ်စပ်ဖက် ပြည်နယ် ၅ ခုတွင် ကျွန်စနစ်သည် တရားဝင်ဖြစ်နေသေးခဲ့သည်။

၁၈၆၀ ခုနှစ် သမ္မတရွေးကောက်ပွဲအတွင်းတွင် အေဘရာဟမ်လင်ကွန်း ဦးဆောင်သော ရီဘတ်ပလစ်ကန်ပါတီမှ ကျွန်စနစ်ရှိပြီးသား ပြည်နယ်များမှ အခြားပြည်နယ်များသို့ ချဲ့ထွင်ခြင်းကို ဆန့်ကျင်၍ မဲဆွယ်ခဲ့သည်။ ရီဘတ်ပလစ်ကန်ပါတီ၏ အောင်ပွဲကို တုန့်ပြန်သောအနေဖြင့် ပြည်နယ် ၇ ခုတို့မှ လင်ကွန်းသမ္မတဖြစ်သော ၁၈၆၁ခုနှစ် မတ်လ ၄ ရက်နေ့မတိုင်မီတွင် ပြည်ထောင်စုမှ နှုတ်ထွက်ကြောင်း ကြေငြာခဲ့ကြသည်။ သမ္မတရာထူးပြီးဆုံးသွားသော ဂျိန်းစ်ဘွတ်ခနန်အစိုးရနှင့် သမ္မတရာထူးကို ဆက်လက်ရယူမည့် လင်ကွန်းအစိုးရတို့နှစ်ဦးစလုံးက နှုတ်ထွက်ခြင်းကို တရားမ၀င်ကြောင်း ကြေငြာခဲ့ကြပြီး ပုန်ကန်မှုအဖြစ် မှတ်ယူခဲ့ကြသည်။ အခြားသော ကျွန်စနစ်ကို ကျင့်သုံးသော ပြည်နယ်များမှလည်း နှုတ်ထွက်ခြင်းကို ကန့်ကွက်ခဲ့ကြသည်။ မည်သည့်နိုင်ငံများမှ ကွန်ဖန်ဒရိတ်ပြည်နယ်များကို နိုင်ငံတစ်ခုအနေဖြင့် အသိအမှတ်မပြုကြချေ။

ကွန်ဖန်ဒရိတ်နယ်များသည် သူတို့ပိုင်နယ်ဟု ကြေငြာထားသော နယ်မြေအတွင်းမှ ပြည်ထောင်စု၏ ဆန်တာ ခံတပ်ကို တိုက်ခိုက်ရာ တိုက်ပွဲစတင်ခဲ့သည်။ စစ်ပွဲများမှာ အများအားဖြင့် တောင်ပိုင်းတွင် ဖြစ်ပွားခဲ့ပြီး နှစ်ဖက်စလုံးမှာ အမေရိကန်များပင်ဖြစ်သည်။ အမေရိကန်သမိုင်းတွင် သေကြေမှုအများဆုံးဖြစ်ပြီး လူပေါင်း ၆ သိန်းကျော် သေကြခဲ့ကြသည်။ ပြည်ထောင်စုက စစ်ပွဲကို အောင်နိုင်ခဲ့ကြပြီး ရလာဒ်အဖြစ် ကျွန်စနစ်ကို ဖျက်သိမ်းခဲ့ကြသည်။

အဆိုပါပြည်တွင်းစစ်တွင် နှစ်ဖက်စလုံး စစ်သားများ အပစ်မဲ့ပြည်သူများ များစွာဆုံးရှုံးသော်လည်း မည်သည့်နိုင်ငံကမျှ လူ့အခွင့်ရေးချိုးဖောက်မှုရှိသည်တို့ စစ်ပွဲကိုချက်ခြင်းရပ်တို့ ဘာလက်နက် အသစ်တွေနဲ့ တိုက်နေပါတယ်တို့ မပြောကြချေ။ သူ့ခေတ်က အင်တာနက်တို့ facebook တို့ မရှိခြင်းလည်း ပါမည်ထင်သည်။ ထိုခေတ်တွင် facebook နှင့် အင်တာနက်သာရှိလျှင်လည်း ယခုလို အေဘရာဟမ်လင်ကွန်းလည်း စစ်နိုင်မည်မထင် ပြည်နယ်များလည်း ခွဲထွက်ကုန်လိမ့်မည် ကျွန်စနစ်တောင် ဆက်မြဲချင်မြဲမည်။

အေဘရာဟမ်လင်ကွန်းသည် ဝေဖန်သူများသော်လည်း ဂရုမစိုက်ချေ။ မိမိ၏ ဆုံးဖြတ်ချက်နှင့် နိုင်ငံတော်၏ ဖွဲ့စည်းပုံဥပဒေကို လေးစားလိုက်နာသူတစ်ဦးဖြစ်သည်။ စစ်ပွဲဖြစ်နေစဉ် မိမိသားလည်း ရောဂါကြောင့်သေဆုံးခဲ့သည်။ မိမိလက်ထက်တွင် ပြည်နယ်များခွဲထွက်ကြသည်။ စစ်ဖြစ်၍ လူပေါင်းများစွာသေ အဖေမဲ့သော သား၊ သားမရှိသော အဖေ အမေ ဖြစ်၍ ဘ၀ပေါင်းများစွာ ကြေပျက်ခဲ့ရသည်။ ကျွန်စနစ်ကို ထောက်ခံသူများကြောင့်လည်း စိတ်အနှောက်အယှက်များစွာဖြစ်ရသည်။ သို့သော်လည်း လွန်စွာခိုင်မာသော ဇွဲသတ္တိ၊ တာဝန်ယူမှုများစွာတို့ဖြင့် နောက်ဆုံးတွင် ပြည်ထောင်စုကြီးကို ပြန်လည်တည်ဆောက်နိုင်သူ၊ ကျွန်စနစ်ကိုဖျက်သိမ်းခဲ့သူအဖြစ် သမိုင်းတွင်ကဗျည်းထိုးနိုင်ခဲ့သည်။

ယခု မြန်မာ့နိုင်ငံရေး အပြောင်းအလဲဖြစ်စဉ်ကိုလေ့လာကြည့်နိုင်ပါတယ်။ KNU အဖွဲ့ဟာ မြန်မာအစိုးရ အဆက်ဆက်ကို နှစ်ပေါင်း ၆၀ ကျော် ဆန့်ကျင် တို်က်ခိုက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ယနေ့အချိန်မှာ နိုင်ငံတော်အစိုးရနှင့်ကော တပ်မတော်နှင့်ပါ ငြိမ်းချမ်းရေးပန်းခင်းလမ်းကို အောင်မြင်စွာ တည်ဆောက်နိုင်ခဲ့ပါတယ်။ ယနေ့အစိုးရကို ကြည့်မယ်ဆိုရင်ဖြင့် KI0/KIA အဖွဲ့မှလွဲ၍ ပြည်တွင်း လက်နက်ကိုင် တိုင်းရင်းသားများအဖွဲ့အားလုံးနှင့် ငြိမ်းချမ်းရေးလမ်းစဉ်ကို စတင်လျှောက်လှမ်းနိုင်ပြီလည်းဖြစ်ပါတယ်။ အပစ်အခတ်ရပ်စဲမယ် အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေးကိုတည်ဆောက်မယ် စတဲ့ ကောင်းမွန်တဲ့ပန်းတိုင်တွေကို သတ်မှတ်ထားပြီး တိုင်းရင်းသားအဖွဲ့များမှလည်း သဘောတူညီမှု ရရှိခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့် KIA ဟာ အပစ်အခတ်ရပ်ဆဲခြင်းကို လက်မခံပါ နိုင်ငံရေး dialog ကိုသာ အရင်ဆုံးညှိုနိုင်မယ်ဟု စွဲစွဲမြဲမြဲငြင်းပယ်လာပါသည်။ ကျွန်တော် ဒီနေရာမှာ ကြားဖြတ်ပြောကြားချင်ပါတယ်။ ယနေ့ တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးကို တရားဝင်စီးပွားရေးလုပ်ငန်းလုပ်ပိုင်ခွင့်တွေ ပေးအပ်တော့မှာဖြစ်ပါတယ်။ အကယ်၍တရားဝင်လုပ်ကိုင်ရမည်ဆိုပါစို့ KIA သည် ဆက်ကြေးကောက် ကျောက်တူး သစ်ထုတ်သည်မှလွဲ၍ မည်သည့်အရာမှ လုပ်ဆောင်တတ်ခြင်းမရှိပေ။ ယခုနိုင်ငံတော်အစိုးရကို ယခင် အစိုးရများနှင့် ကွဲလွဲစွာ မြင်နိုင်ဖို့လဲလိုပါသည်။ ယခုနိုင်ငံတော်သည် အခက်အခဲများစွာကို စတင်ရင်ဆိုင်နေရချိန်လဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း အမြင်တူသည်များကို ပူးပေါင်းဆောင်ရွက်နေသည်လည်းဖြစ်သည်။ ယခင်မှားယွင်းခဲ့မှုများကို ကောင်းမွန်အောင် ပြန်လည်ပြင်ဆင်ပေးနေပြီလည်း ဖြစ်သည်။ ထို့အပြင် စစ်မှန်သော ယှဉ်ပြိုင်မှုများဖြစ်ပေါ်လာစေရန် ပြင်ဆင်ဆောင်ရွက်နေပြီးလည်းဖြစ်သည်။ ယနေ့အချိန်သည် အင်တာနက် facebook တို့ ခေတ်စားနေချိန်ဖြစ်၍ မည်သည့်ဝေဖန်မှုမဆို လွယ်ကူလျှင်မြန်စွာ ပြုလုပ်နိုင်သည်။ နိုင်ငံရေးဖိအား ပေးနိုင်သည်။ အကယ်၍ လင်ကွန်းတို့ ခေတ်သာဆိုလျှင် အစိုးရကို ဖိအားပေးဖို့ဝေးစွ အစိုးရဘာလုပ်နေသည်ကိုတောင် သိနိုင်မည်မဟုတ်ချေ။ ထိုသို့ တရားဝင်စီးပွားရေးလုပ်ခွင့်ရလျှင် KIA ဒုက္ခလှလှတွေ့မည်ဖြစ်သည် အဘယ်ကြောင့်ဆိုသော် မည်သည့်အလုပ်အကိုင်မျှ တရားဝင်မယ်မယ်ရရမလုပ်တတ်ချေ။ ဘိန်းရောင်း ကျောက်ထုတ် သစ်ခုတ်သာတတ်သည်။ ထို့ကြောင့် မဖြစ်နိုင်သော စကားဝိုင်းကို အရင်ခေါ်သည် သူတို့ကိုပဲ ကချင်ပြည်နယ်တစ်ခုလုံး ပိုင်သယောင်လုပ်သည်။ ပြည်ထောင်စုတပ်မတော်ကို ဗမာတပ်မတော်လုပ်သည်။ မှတ်မိဦးမလားမသိ KIA လုပ်ကြံလို့ကျဆုံးသွားသော ကချင်ပြည်နယ်မှ မြောက်ပိုင်းတိုင်း တိုင်မှူးဟောင်းသည် Lခွန်းရီ၏ အဖေ ကချင်စစ်စစ်တစ်ယောက်ဖြစ်သည်။ KIA သည် မိမိအာဏာရဖို့ဆိုလျှင် ကချင်အချင်းချင်တောင် သတ်ဖို့ လုပ်ကြံဖို့ ၀န်မလေးသူဖြစ်သည်။

ထို့အပြင် ယနေ့အချိန်တွင် အမှန်တကယ်တော့ လိုင်ဇာနှင့် ဒေသအနည်းငယ်မှ လွဲ၍ KIA ၌ စခန်းအထိုင် ကြီးကြီးမားမားမရှိချေ။ ရွာထဲတွင် ရွားသားယောင်နေ အစိုးရစစ်ကြောင်းလာ ပစ်ပြေး လက်နက်ဝှက် ရွားသားအဖြစ်ပြောင်းလည်း စသည်တို့မှာ သူတို့၏ ဗျူဟာပင်ဖြစ်သည်။ အစိုးရတပ်များသည် စခန်းများ အတည်တကျရှိကြသည်။ ထိုကဲ့သို့ ရိက္ခာပို့ရန်လည်း လိုအပ်ကြသည်။ နိုင်ငံတော်သမ္မတဦးသိန်းစိန်က မိန့်ကြားသည်။ ထိုးစစ်ရပ်ပါ။ အမှန်တကယ်လည်းရပ်ထားသည်။ သို့သော်လည်း မိမိတပ်စခန်းရှိရာသို့ ရိက္ခာတော့ ပို့ရသည် ဤသည်ကား တိုက်စစ်ဆင်မဟုတ်ချေ မိမိစခန်းရှိပါလျက် ရိက္ခာမရှိလျှင် ထိုင်လျက်အသေခံသည်နှင့်တူချေသည်။ အဆိုပါ ရိက္ခာပို့သည့်တပ်သည် တောထဲတွင်း အပျော်လာသည်မဟုတ်ချေ အန္တရယ်များစွာဝန်းရံနေသည့်အလျောက် လက်နက်များယူဆောင်လာရသည်။ KIA သည် အဆိုပါစစ်ကြောင်းများကို အင်အား အများအပြားဖြင့် ဖြတ်တိုက်သည် ပျောက်ကြားစစ်ဆင်နွှဲသည်။ ပစ်ပြေးသည် တပ်မတော်က လိုက်လံရှင်းလင်းလျှင် ရွာသားများကို လိုက်လံတိုက်ခိုက်သည့်အသွင် ၀ါဒဖြန့်သည်။ သူတို့က မြေအောက် တိုက်ခိုက်သည်တင်မကပဲ မြေပေါ်အနေနှင့်ပါ မြို့ကြီးများတွင် သတင်းအချက်အလက် အမှန်တကယ်မသိသူတို့ကို ဖျားယောင်းသွေးဆောင်ပြီး အစိုးရက ထိုးစစ်ဆင်နေသယောင် ဆန္ဒပြကြသည်။ စစ်ပွဲရပ်ဟု ဖိအားပေးခိုင်းသည်။ တပ်မတော်သားများသည် အမှန်တကယ် တိုက်စစ်ဆင်နိုင်လျက် အသက်အသေခံရခြင်းမှာ တနေ့ထက်တစ်နေ့ပိုဆိုးလာသည်။ ထိုမျှနှင့်မကသေး မိမိညီနောင်ရဲဘော်ရဲဘက်များ၏ အလောင်းများကို ဓါတ်ပုံရိုက်ခြင်း၊ သတင်းလွှင့်ခြင်းဖြင့် စိတ်ဓါတ်ကျအောင် ၀ါဒဖြန့်ကြသည်။ သူတို့နောက်တွင် သွေးထိုးနေသော နိုင်ငံလည်းရှိသည်။ အစိုးရကလည်း ပြေလည်အောင် နိုင်ငံရေးနည်းနှင့်ပါဖြေရှင်းသည်။

သို့သော် ထိုမျှမကသေး အခြားသော မြေပေါ်မြေအောက်တိုက်ခိုက်မှုအပြင် အင်တာနက် မီဒီယာဖြင့်ပါ တိုက်ခိုက်ပြန်သည်။ အစိုးရမုန်းတီးရေးမှ ဗမာမုန်းတီးရေး တိုင်းရင်းသားအရေးဖြစ်အောင် ဖန်တီးကြသည်။ KIA သည် တစ်ခါမျှ ကချင်ပြည်နယ် လူမျိုးကောင်းစားရေးကို မလုပ်ခဲ့ချေ။ ယခု အင်တာနက်တွင် လက်စွမ်းပြနေသော ကချင်အများစုသည်လည်း ပြည်ပမှနေ၍ အစိုးရနှင့် တပ်မတော်မကောင်းကြောင်း ဗမာမကောင်းကြောင်းပြောဆိုနေကြခြင်းဖြစ်သည်။ ယနေ့ ကချင်ပြည်နယ်တွင် နေထိုင်ကုန်သော ကချင်နှင့် ရှမ်းစစ်စစ်များကို KIA ကောင်းလား ဘာအကျိုးပြုလည်းမေးကြည့်ပါ။ အားလုံးက အမှန်ပြောမည်ဖြစ်သည်။ ပြည်ပမီဒီယာအချို့ကလည်း သွေးထိုးသည် ရိုးသားသော ဒေသခံများကို ချောင်ပိတ်မေးသည်။ ဒေသခံများကို အစိုးရက လက်နက်နဲ့ပစ်လားဟုမေးသည် ဒေသခံကလည်း ဖြေမည် စစ်တိုက်ရင်း ပစ်ကြသည်ပေါ့။ စစ်ဖြစ်နေခြင်းဖြစ်သည် ပန်းနှင့်ပေါက်ကြည်စားနေခြင်းမဟုတ်ပါ။ မည်သူမျှ စစ်ပွဲမှာ လက်နက်မသုံးပဲ ကပြမနေနိုင်ချေ။ ပြီးလျှင် အစိုးရတပ်က ဘယ်လိုလုပ်တာဘာညာ စသည့်ဖြင့် ဖိနှိပ်မည်။ ထိုသို့ဆိုလျှင် ပြည်ပ၌အနေချောင်မည် ဒုက္ခသည်နာမည်ဆက်ခံလို့ရသည် အချောင်အလုပ်မလုပ်ပဲ ပိုက်ဆံရနေဦးမည်။ ဒါသူတို့ ဗျူဟာဖြစ်သည်။ အမှန်တကယ် ထိခိုက်သေကြေကြသည်မှာ ဒေသခံပြည်သူနှင့် တပ်မတော်သားများဖြစ်သည်။ အလောင်းမပါသော အသုဘများစွာ ကျင်းပခဲ့ရပြီးဖြစ်သည်။ ယခုမှ တပ်မတော်က မိမိစစ်ကြောင်းများ အန္တရယ်ကင်းရှင်းရေးအတွက်သာ နယ်မြေရှင်းလင်းခြင်းဖြစ်သည်။ အမှန်တကယ်ထိုးစစ် မဆင်နွှဲသေးချေ။ ဒါကိုလည်း ထအော်ကြသည်။ KIA ခေါင်းဆောင်များကလည်း လွန်စွာသတ္တိရှိသည် တရုတ်ပြည်အထိထွက်ပြေး၍ ကွပ်ကွဲကြသည်။ အမှန်ထိုးစစ်ဆင်လျှင် မြေပြင်တပ်၊ တပ်မတော် လေတောင်မလိုချေ။ မိမိတို့၏ ပစ်ခွင်းအားကောင်းသော အမြောက်တပ်များရှိသည် အလွယ်တကူ သိမ်းပိုက်နိုင်သည်။ သူတို့အားကိုးသော နိုင်ငံတကာသည်လည်း စိတ်ပူမိပါတယ်၊ စိုးရိမ်ပါတယ်လောက်ဖြင့်သာပြီးသွားမည်။ ဒါပေမယ့် တိုင်းရင်းသားချင်း ရိုင်းပင်းသည့်စိတ်ဓါတ်ကြောင့် ယနေ့တိုင်ထိုးစစ်မဆင်သေးချေ။ သာမန် မိမိတပ်များ လုံခြုံရေးအတွက် လမ်းကြောင်းရှင်းလင်းရုံသာနှင့် မီးရထားလမ်းများ တံတားများ မြို့များ စာသင်ကျောင်းများကို မိုင်းခွဲခြင်းမပြုနိုင်ရန်သာ ဟန့်တားခြင်းဖြစ်သည်။

ထိုသို့သောအခြေအနေမျိုးကို ဖန်တီးနေသော KIA သည် အဘယ်မျှဆက်သွားမည်တော့မသိ နိုင်ငံတော်မှလည်း သည်းခံ၍ အချိန်အတိုင်းအတာများ ငြိမ်းချမ်းရေးကမ်းလှမ်းချက်များကို ပေးပို့ပြီးဖြစ်သည်။ ဆက်လက်ခေါင်းမာနေမည်မှာ မည်သူဖြစ်၍ မည်သို့ဇာတ်သိမ်းရမည်မှာ အချိန်တစ်ခုလျှင် အဖြေရှိမည်ဖြစ်ပါသည်။

ဝေဟင်ချစ်သူစာဖတ်ပရိတ်သတ်များအားလုံးကို ကျေးဇူးတင်ပါသည်။


ဝေဟင်ချစ်သူ
www.facebook.com/theuseofforce

Read More »

ဒေသအာဏာပိုင်များ ဆောင်ရွက်ပုံက ရခိုင်များကို တောခိုရန် တွန်းအားပေးသလို ဖြစ်နေ

ရဲတပ်ဖွဲ့မှ ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် ရခိုင် လူလတ်ပိုင်းနှင့် လူငယ်များသည် မိမိတို့၏ နေရပ်ကို စွန့်ခွာပြီး ဘေးလွှတ်ရာသို့ ထွက်ပြေးနေကြကြောင်း သတင်း ရရှိသည်။

ထိုသို့ ထွက်ပြေးကြရာတွင် တချို့မှာ ရန်ကုန်၊ မန္တလေးဘက်သို့ ထွက်ပြေးပြီး တချို့မှာ နယ်စပ်ဒေသများ၊ လက်နက်ကိုင် တပ်ဖွဲ့များ ရှိရာသို့ ဦးတည် ထွက်ပြေးနေကြသည်ဟု ဆိုသည်။

“ အခု ရခိုင်မှာ ဖြစ်နေတာက ရဲတို့ စစ်တပ်တို့က ရွာထဲကို ၀င်တယ်။ အရေးအခင်းမှာ ပါတဲ့ လူတွေကို ဖမ်းမယ်ဆီးမယ် အဲသလို ခြိမ်းခြောက်တော့ လူတွေက အကုန်လုံး ကြောက်ပြီး ထွက်ပြေးနေကြတယ်။ လူမျိုးရေး၊ ဘာရေး အရေးအခင်းဆိုတော့ လူတိုင်းလိုလိုက အနည်းနဲ့ အများပါဝင်ကြတာပါဘဲ။ တချို့ကလည်း အဖမ်းခံရမှာကို ကြောက်ပြီး ရန်ကုန်၊ မန္တလေးဘက်ကို ထွက်ပြေးသွားကြပြီး တချို့လည်း နယ်စပ်ဒေသတွေ၊ လက်နက်ကိုင် တပ်ဖွဲ့တွေရှိတဲ့ နေရာကို ထွက်ပြေးသွားကြတယ်။ အခုရွာတွေမှာ ယောင်္ကျားတွေ မရှိသလောက် ဖြစ်နေပါပြီ” ဟု မြောက်ဦး ဒေသခံ တစ်ဦးက ပြောသည်။

မြောက်ဦးမြို့ပေါ် တစ်ခုတည်းမှ ထွက်ပြေး တိမ်းရှောင်သွားသူ ရာဂဏန်းချီပြီး ရှိကြောင်း ပြောဆိုသည်။

“ မြောက်ဦးမြို့ပေါ်ကလည်း အရေးအခင်းမှာ ကိုယ်တိုင် ကိုယ်ကျ ပါတဲ့ သူရော၊ မပါတဲ့သူရော အကုန်လုံး ထွက်ပြေးနေကြတယ်။ ရဲတပ်ဖွဲ့က ဘယ်သူတွေပါတယ်ဆိုတာကို စာရင်း မထုတ်ပြန်တော့ လူတွေက သူပါနိုး/ ကိုယ်ပါနိုးနဲ့ စိုးရိမ်ပြီး ထွက်ပြေးသွားကြတယ်။ မြို့ပေါ်က လူမူရေး တက်တက်ကြွကြွ လုပ်နေတဲ့သူ ဆိုရင် တစ်ယောက်မှ မကျန်တော့ဘူးလို့ တောင်ပြောလို့ရတယ်။ ကျန်နေတဲ့သူတွေလည်း ရှောင်တိမ်းပြီး နေထိုင်နေကြရပါတယ်” ဟု သူက ဆက်ပြောသည်။

ရခိုင်ပြည်နယ် အနှံ့အပြားရှိ မြို့ပေါ် ဒေသများနှင့် ကျေးရွာများမှ လူတိုင်းလိုလိုမှာ ဖမ်းဆီးခံရမည်ကို စိုးရိမ် ကြောက်လန့်နေရသဖြင့် အလုပ်အကိုင် ပျက်ကာ စိတ်ဖိစီးမူများ ဖြစ်ပေါ်နေကြရ၍ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ အနေဖြင့် ဖမ်းဆီးမည့်သူများကို စာရင်းအတိအကျ ထုတ်ပြန်သင့်ကြောင်း သူက ပြောဆိုသည်။

မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာမှလည်း ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ လူပေါင်း ၃၀ ခန့် ထွက်ပြေးနေကြရပြီး ရဲနှင့် စစ်တပ်က ရွာထဲကို မကြာခဏ ၀င်လာပြီး ခြိမ်းခြောက်မူများ ရှိနေကြောင်း ရွာခံ အမျိုးသမီး တစ်ဦးက ပြောသည်။

“ ကျွန်မတို့ရွာမှာ မကြာခဏ ရဲနဲ့ စစ်တပ်က လူတွေကို လာရှာပါတယ်။ ဒါကြောင့် လူတွေက ထွက်ပြေးနေကြတာ သုံးဆယ်ခန့်ရှိမယ်ထင်ပါတယ်။ ကိုသာထွန်းမောင်၊ ကိုမောင်ဝင်းရွှေ၊ ကိုအောင်ဌေး၊ ကိုမောင်လုံး၊ ကိုကျော်မြသန်း စတဲ့ လူတွေ အကုန်လုံး ထွက်ပြေးနေကြရပါတယ်” ဟု ဆိုသည်။

ဒေသခံများ၏ အပြောအရ အဆိုပါ လူများကို ဖမ်းဆီးမည့် စာရင်းထဲက ပယ်ထုတ်ပေးမည်ဟု ဆိုကာ ပြည်နယ်ရဲက ကျပ်ငွေ သိန်း (၃၀) တောင်းသည်ဆိုသော သတင်းလည်း ကျေးရွာ အတွင်း ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်နေသည်ဟု ဆိုသည်။ သို့သော်လည်း နိရဉ္စရာက အဆိုပါ သတင်းကို အတည်ပြုနိုင်ခြင်း မရှိပါ။

မြောက်ဦးမြို့နယ် တချို့ကျေးရွာများတွင် အရေးအခင်းတွင် ပါဝင်သည်ဟု ဆိုကာ စွပ်စွဲ ငွေတောင်းမူများလည်း ပေါ်ပေါက်နေသဖြင့် ရွာသားများမှ ထွက်ပြေးနေကြရသည်ဟု ဆိုသည်။

မြောက်ဦးမြို့နယ် သံရွှင်ပြင်၊ အထုပ်သည်မ၊ မောင်နီကျွန်း၊ ကျောက်တွင်းကုန်း၊ ဘော်ရွာဈေး၊ ပိုးဖြူပြင်စသည့် ကျေးရွာများတွင် ရဲတပ်ဖွဲ့မှ အရေးအခင်းတွင် ပါဝင်သည်ဟု စွပ်စွဲပြီး အဖမ်းမခံလိုပါက ငွေပေးရမည်ဟု ဆိုကာ ကျေးရွာသား တစ်ဦးစီထံမှ ကျပ်ငွေ ငါးသောင်းကနေ တစ်သိန်းထိ ကောက်ခံနေသည်ဟု သိရသည်။

သို့အတွက် ငွေမပေးနိုင်သူ ကျေးရွာသားများမှာ အလုပ်ပျက် အကိုင်ပျက် ဖြစ်ကာ ထွက်ပြေးနေကြရသည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်မှ သတင်းဌာန တစ်ခု ဖြစ်သော Rakhine Straight View ( RSV) က အင်္ဂါနေ့က ဖေါ်ပြသော သတင်း တပုဒ်တွင် ပန်းမြောင်းရဲစခန်းမှ ဒုရဲအုပ် စောရွှေ ဆိုသူသည် သရက်အုပ် ဘင်္ဂလီကျေးရွာမှ ငွေ သိန်း ၅၀ ယူပြီး မူဆလင် ရွာသားများ ပေးလိုက်သော နာမည်မျာဖြင့် သရက်အုပ် မူဆလင်ကျေးရွာကို မီးရှို့သူများဟု ဆိုကာ ရခိုင် အမျိုးသားများကို စွဲချက်ပြန်တင် လိုက်ဖမ်းနေကြောင်း ဖေါ်ပြသည်။

အလားတူ ကျောက်တော်မြို့နယ်မှ ကျေးရွာအများအပြားမှ လူလတ်ပိုင်းနှင့် လူငယ်များမှာ ဖမ်းဆီးမည်ကို စိုးရိမ်သဖြင့် နေရပ်ဒေသကို စွန့်ခွာပြီး ဘေးလွှတ်ရာကို ထွက်ပြေးသွားကြပြီး အများစုမှာ လက်နက် တော်လှန်ရေး နယ်မြေများသို့ ရောက်ရှိသွားကြသည်ဟု သတင်းများလည်း ထွက်ပေါ်နေသည်။

ယခု ရခိုင်ပြည်နယ် အတွင်းရှိ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ကျောက်ဖြူ၊ ပေါက်တော၊ ရမ်းဗြဲနှင့် ရသေ့တောင်တို့တွင် အောက်တိုဘာလ အရေးအခင်းနှင့် ပတ်သက်ပြီး စစ်တပ်နှင့် ရဲက လိုက်ဖမ်းနေသည်မှာ ရခိုင်အမျိုးသားများကိုသာ ဖြစ်ပြီး မူဆလင်များကိုမူ တစ်ဦးတစ်ယောက်ကိုမှ လိုက်လံ ဖမ်းဆီးခြင်း ယနေ့တိုင် မရှိသေးကြောင်း သိရသည်။

ထိုသို့ မူဆလင်များကို မဖမ်းဆီးရန်လည်း နေပြည်တော်က တိုက်ရိုက် ညွှန်ကြားထားသည်ဟု ခိုင်လုံသော သတင်းအရ သိရသည်။


http://www.narinjara.com/burmese/?p=3711

Read More »

ခေါင်းဆောင်


‘ကျမလုပ်ရပ်အတွက် သမိုင်းတရားခံဖြစ်မယ်ဆိုရင် ကျမခံပါ့မယ်’

လက်ရှိနိုင်ငံရေးအခြေအနေမှာ ထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်နဲ့ လုပ်ဆောင်ချက် တွေအပေါ် အမြင်မကြည်လင်သူတချို့က ဝေဖန်ချက်ပေးနေတာတွေကို ဖတ်ရပါတယ်။ တချို့ကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုအကျိုးကို မျက်ကွယ်ပြုပြီး အစိုးရအကြိုက် လိုက်လုပ်ဆောင်နေတယ်လို့တောင် စွပ်စွဲရေးသားနေကြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေး ကြတာတွေကို လိုက်ဖတ်ကြည့်တော့ ဟိုတချိန်တုန်းက လွတ်လပ်ရေးကြိုးပမ်းမှုမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်စိုး တို့ရဲ့ ရပ်တည်လုပ်ဆောင်ခဲ့မှုတွေနဲ့ ဥပမာ ပေးနှိုင်းယှဉ်ပြောဆိုကြတာကိုလည်း တွေ့ရပါတယ်။

မြန်မာ့နိုင်ငံရေးသမိုင်းမှာ သခင်စိုးရဲ့ အခန်းကဏ္ဍက ကြီးကြီးမားမားတည်ရှိခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က သခင်စိုးကို တလေးတစားနေရာပေး ဆက်ဆံခဲ့ရတယ်လို့ ဖတ်မှတ်လေ့လာဖူးပါတယ်။
အထူးသဖြင့် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ခါစမှာပဲ မြန်မာပြည်ကို ကူးစက်ရောက်ရှိလာနိုင်တဲ့ ဖက်ဆစ်အန္တရာယ်ကို ပထမဆုံး မီးမောင်းထိုးပြနိုင်ခဲ့သူတွေထဲ သခင်စိုးက ထိပ်ဆုံးမှာပါ။
သူရေးသားခဲ့တဲ့ အင်းစိန်စစ်တမ်း၊ မြင်းခြံစစ်တမ်းတွေ သက်သေအထင်အရှား ရှိနေဆဲပါ။

သခင်စိုးရဲ့ သေရဲတိုက်ရဲတဲ့ သူရဲကောင်းစိတ်ဓာတ်ကို ကျနော် အားကျဂုဏ်ယူမိခဲ့ပါတယ်။ ဒေါသကြီးသူပီပီ တခါတရံ အလွန်အကျွံလုပ်ရပ်တွေ ကျူးလွန်ခဲ့တာကိုလည်း ဖြည့်စွက်နားလည်ပေးခဲ့ပါတယ်။

ဆင်စွယ်ရွာလူသတ်ပွဲဟာ သခင်စိုးရဲ့ နိုင်ငံရေး နာလန်မထူနိုင်အောင် ကျူးလွန်ခဲ့တဲ့ အမဲစက်ကြီးအဖြစ် မဆလ၊ နဝတ၊ နအဖ အစိုးရတွေ တလျှောက်လုံး ပုံဖော်ဝါဒဖြန့်ခဲ့ပေမဲ့ ကျနော့်စိတ်ထဲမှာ ‘မြေရှင်လက်က မြေယာကိုသိမ်းပြီး လယ်သမားတွေ လုပ်ခွင့်ရအောင် ပြန်ဝေငှပေးတာကို မယူရကောင်းလား’ ဆိုပြီး ဂရုဏာဒေါသော ဖြစ်ခဲ့ရတဲ့ စေတနာအမှားလို့တောင် ကျနော်ဖြည့်တွေးခဲ့ဖူးပါတယ်။

(တကယ်တော့ ဆင်စွယ်ရွာက လယ်သမားတွေအသတ်ခံရမှုသာ အဖတ်တင်ခဲ့ရပြီး လယ်သမားတွေလက်ထဲ လယ်မြေရောက်ရှိလာအောင် သခင်စိုး စွမ်းဆောင်မပေးနိုင်ခဲ့ပါ။)

ပြီးတော့ သခင်စိုးဟာ သူလုပ်ခဲ့မိတဲ့ အမှားတွေကို မှားမှန်းသိတဲ့အခါမှာလည်း ပွင့်ပွင့်လင်းလင်း မခြွင်းမချန် ဝန်ခံတတ်တဲ့ အကျင့်ရှိကြောင်းလည်း ကြားသိရဖူးပါတယ်။

လွတ်လပ်ရေး ရပြီးခါစ သုံးပါတီညီညွှတ်ရေး ဆွေးနွေးပွဲမှာ သခင်စိုးက ‘ငါတို့ရဲ့ ဂိုဏ်းဂဏအစွဲတွေကြောင့် သခင်အောင်ဆန်းလို ခေါင်းဆောင်မျိုးကို လက်လွတ်ဆုံးရှုံးခဲ့ရတယ်’ လို့ ဖွင့်ဟဝန်ခံကြောင်း လေ့လာမှတ်သား ဖူးပါတယ်။

လွတ်လပ်ရေးအကြိုကာလ ဗြိတိသျှအစိုးရနဲ့ ဖဆပလအဖွဲ့ချုပ် သံတမန်ရေးနည်းလမ်းအရ ဆွေးနွေးညှိနှိုင်း နေချိန်မှာ သခင်စိုး ဇာတ်ကြမ်းတိုက်ခဲ့တာကိုတော့ သမိုင်းနောက်ခံစာမျက်နှာများပေါ်မှာ အထင်အရှား တွေ့မြင်နေရဆဲပါ။

သူ့ရဲ့ သေရဲတိုက်ရဲ အလံမလှဲစတမ်း စိတ်ဓာတ်ဟာ ဖက်ဆစ်တော်လှန်ရေးမှာ အရေးပါတာသွားခဲ့တာ မှန်ပေမဲ့ အပေးအယူလုပ် စေ့စပ်ဆွေးနွေးရယူရမယ့် လွတ်လပ်ရေး အရေးဆိုတဲ့ ကာလမှာတော့ အဖျက်သဘော သက်ရောက်ခဲ့ရပါတယ်။

လွတ်လပ်ရေးနောက်ပိုင်း အာဏာရအစိုးရကို လက်နက်ကိုင်တော်လှန်ရေးလုပ်ခဲ့သော်လည်း အရှုံးနဲ့ နိဂုံးချုပ်ခဲ့ ရတာလည်း သခင်စိုးပါ။
တစောက်ကမ်းလုပ်တတ်တဲ့ အကျင့်က သူ့ကိုရော သူယုံကြည်ရာနိုင်ငံရေးကိုပါ ရစရာ မရှိအောင် ဆွဲချသွားခြင်း ခံလိုက်ရတာပါ။

ခေါင်းဆောင်တဦးရဲ့ အရည်အချင်းဟာ စွန့်လွှတ်အနစ်နာခံမှု၊ ရိုးသားဖြောင့်မတ်တည်ကြည်မှု၊ ဆုံးဖြတ်ချက် ခိုင်မာမှုတွေအပြင် အခြေအနေ အချိန်အခါနဲ့အညီ ဦးဆောင်မှုပေးနိုင်ခြင်း၊ လှုပ်ရှားမှု သို့မဟုတ် တိုက်ပွဲရဲ့ အကျိုးအမြတ်နဲ့ ဆုံးရှုံးနစ်နာမှု အလားအလာကို မှန်မှန်ကန်ကန် ခွဲခြမ်းစိတ်ဖြာနိုင်မှု၊ လက်ရှိတိုက်ပွဲက ရလာမယ့် အကျိုးအမြတ်ကို နောင်လာမယ့်တိုက်ပွဲတွေမှာ ဆက်လက်ရင်းနှီးမြှုပ်နိုင်ဖို့ အခွင့်အလမ်းကို ခန့်မှန်းတွက်ချက်နိုင်မှု စတဲ့ အရည်အသွေးတွေပါ ပြည့်စုံပါမှ တိုင်းပြုပြည်ပြုခေါင်းဆောင် ဖြစ်လာနိုင်မယ်လို့ ယူဆမိပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ လက်နက်ကိုင် အပြတ်အသတ် တိုက်ပွဲဆင်ရာမှာ အောင်ပွဲရတဲ့အထိ ဦးဆောင် ဦးရွက်ပြုနိုင်ခဲ့သလို အပေးအယူ စေ့စပ်ဆွေးနွေးရေးအဆင့်မှာလည်း ရုပ်လုံးပေါ်အောင် စွမ်းဆောင်နိုင်ခဲ့သူ တဦးဖြစ်ပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံဟာ နု-လက်တလီစာချုပ်နဲ့ လွတ်လပ်ရေးရခဲ့တာ ဖြစ်ပေမယ့် နု-အက်တလီစာချုပ် ဆိုတာ အောင်ဆန်း-အက်တလီစာချုပ်ရဲ့အဆက်ပါ။
အောင်ဆန်း-အက်တလီစာချုပ်အရ လွတ်လပ်ရေးရယူ နိုင်ငံခဲ့ရင် မြန်မာနိုင်ငံရဲ့အခြေအနေ ပိုကောင်းခဲ့မှာ အသေအချာပဲလို့ တွေးမိပါတယ်။
သခင်စိုးနဲ့ ဗိုလ်ချုပ်အောင်ဆန်း လွတ်လပ်ရေးလှုပ်ရှားမှုအတွင်း အတူပါဝင်ခရီးနှင်ခဲ့ပေမဲ့ မတူညီသော ရပ်တည်ချက်အမြင်နဲ့ ဦးဆောင်နိုင်မှုစွမ်းရည်တွေကြောင့် သူတို့နှစ်ဦးရဲ့ သမိုင်းရုပ်ပုံလွှာတွေလည်း ကွဲပြား ခြားနား ခဲ့ရတာပါ။

ဗိုလ်ချုပ်အောင်ဆန်းကို အမျိုးသားခေါင်းဆောင်၊ မြန်မာ့လွတ်လပ်ရေးပိသုကာကြီး အဖြစ် ဂုဏ်ယူလေးစား နေကြချိန်မှာ သခင်စိုးကတော့ (သူ့ကို လေးစားကြည်ညိုရင်းစွဲရှိသူတွေ အတွက်ပင်လျှင်) အရေးတော်ပုံ မအောင်မြင်ခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင်တဦးနေနဲ့သာ အသိအမှတ်ပြုခံရတာ ထင်ရှားပါတယ်။ ဘယ်သူမှ ဒီထက်ပိုပြီး ချီးမြှောက်လို့ မရပါဘူး။ သူ့ရဲု့လုပ်ရပ်ကသာ သူ့သမိုင်းကို ပုံဖော်သွားတာပါ။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် မချင့်မရဲဝေဖန်သူများကို ‘ဒေါ်စုလုပ်တာ မထောက်ခံနိုင် ဘူးဆိုရင် ဒီထက်ကောင်းတဲ့ နည်းလမ်းလေး ပြောပါအုံး’ ဆိုတော့ တိတိပပ အဖြေမပေးနိုင်။ ဆင်ဝှေ့ရန်ရှောင် ပြောဆိုနေကြတာလည်း ပရိသတ်အသိပါ။

၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ခဲ့သူတွေ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ဆန့်ကျင်ခဲ့သူတွေလည်း ‘ရွေးကောက်ပွဲ ဝင်တဲ့နည်းလမ်းကို ဆန့်ကျင်တယ်ဆိုရင် တခြားအလုပ်ဖြစ်နိုင်တဲ့ နည်းလမ်းချပြပါ’ ဆိုတဲ့မေးခွန်းအပေါ် ခုလိုပဲ သောင်မတင်ရေမကျ ၊ မြွေမသေတုတ်မကျိုး အငြင်းထွက်စရာ စကားတွေနဲ့ အူလည်လည်ခဲ့တာ တွေ့ရပါတယ်။

မြန်မာပြည်မှာ အပြောင်းအလဲတွေ ဖြစ်ပေါ်နေပြီ လို့ ကမ္ဘာ့အင်အားစု ကြီးတွေက တစုံတရာ လက်ခံအသိအမှတ် ပြုပြီး မြန်မာပြည်တွင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့၊ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ကူညီအားဖြည့်ပေးဖို့ စိုင်းပြင်းလာချိန်မတော့ ရွေးကောက်ပွဲဆန့်ကျင်ရေး အင်အားစုထဲက ပုဂိုလ်အတော်များများ ပြည်တွင်းကို ရောက်နေနှင့်တာလည်း ပရိသတ် အမြင်အသိပါ။

ဒီတော့ ဘယ်သူတွေ ဘယ်လိုပဲကန့်ကွက်ကန့်ကွက် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိရပ်တည်ချက်နဲ့ လုပ်ရပ်အပေါ် ကျနော် အပြည့်အဝထောက်ခံအားပေးပါတယ်။
ဒေါ်စုဟာ ပြည်သူ့အကျိုးစီးပွားကို ဘယ်တော့မှ မျက်ကွယ်ပြုမယ့်သူ မဟုတ်ပါ။
ဒီအချိန်မှာ လူထုရဲ့နစ်နာခံစားချက်တွေကို နည်းနည်း အရောင်မှိန်ထားပြီး တဖက်အင်အားစုနဲ့ ပြေလည်မှုရရှိဖို့ အပေးအယူလုပ်ညှိနှိုင်းနေခြင်းသာ ဖြစ်ပါတယ်။

ဒီနေ့မနက်ဖြန် ရလဒ် ထွက်ပေါ်မလာနိုင်ပါ။ ဒါပေမဲ့ အချိန်တန်လို့ ထွက်ပေါ်လာမယ့်ရလဒ်ဟာ ရေရှည်အကျိုးကို ဆောင်ကြဉ်း နိုင်ပါလိမ့်မယ်။
လောလောဆယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းပြသနာမှာ ဒေါ်စုကြားနေရပ်တည်ဆောင်ရွက်ခြင်း အားးဖြင့် ကိုယ်ကျိုးစီးပွား ဖက်တွယ်ထားသူတွေ ဒေါ်စုကို အပြစ်ရှာဖို့ ခက်သွားပါတယ်။ လွှတ်တော်တွင်းမှာ လုပ်သာကိုင်သာ ပိုရှိလာနိုင်ပါတယ်။
အစိုးရအဖွဲ့တွင်းက ပြုပြင်ပြောင်းလဲရေးလိုလားသူတွေ အသက်ရှူ ချောင်သွားစေနိုင်ပါတယ်။

အထူးသဖြင့် တပ်မတော်ထဲက moderate ဖြစ်တဲ့ အင်အားစုတွေရဲ့ အာရုံစိုက်လေးစားခြင်းကို ခံရမှာ သေချာ ပါတယ်။
တပ်မတော်က ဒေါ်စုကို အာရုံစိုက်စောင့်ကြည့်ခြင်းခံရတာ ဒီတခါ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမ အကြိမ် ၁၉၈၈ ဖြစ်ပြီးစကာလတုန်းက တပ်မတော်နဲ့ ဒေါ်စုနီးစပ်ခွင့်မရအောင် စစ်အာဏာရှင်တွေ ကြံဆောင်မှု အထမြောက်ခဲ့ပါတယ်။
ယခုတကြိမ်ရော ဒီလိုအဖြစ်ခံကြအုံးမလား…?

ပြုပြင်ပြောင်းလဲရေးခရီးစဉ်မှာ ခရိုနီလက်ဝါးကြီးအုပ် စီးပွားရေးလုပ်ငန်းတွေကို ထိန်းချုပ်ရာမှာပဲ ဖြစ်ဖြစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရာမှာပဲဖြစ်ဖြစ် တပ်မတော်တွင်းက အင်အားစုတွေရဲ့ ထောက်ခံပံ့ပိုးမှု ပါမှသာ အထမြောက် အောင်မြင်နိုင်မယ် ဖြစ်ကြောင်း ဒေါ်စု ခဏခဏ သတိပေးပြောဆို နေတာကို အလေးထားသင့်ကြပါတယ်။ စစ်အုပ်ချုပ်ရေးကာလတလျှောက်လုံး လူထုဘက်က ပေးဆပ်မှုတွေ ကမ်းကုန်နေပါပြီ။ ပေးဆပ်လိုက်ရတဲ့ အရင်းအနှီးထက်ပိုသော အမြတ်အစွန်းရရှိဖို့ကိုတော့ ခေါင်းဆောင်တွေ တာဝန်ယူရမှာဖြစ်ပါတယ်။ နောက်ထပ်လည်း အခြေအနေအချိန်အခါပေးတာနဲ့အမျှ လူထုအားကို အချိန်မရွေးရယူလို့ရပါတယ်။ လူထုရဲ့ ရပိုင်ခွင့်တွေ အပြည့်အဝအာမခံချက် မရှိသေးသရွေ့ လူထုတိုက်ပွဲ မဆိတ်သုန်းနိုင်ပါ။

ကိုယ့်ဘက်က အင်အားကျစ်လစ်ခိုင်မာအောင် လုပ်ထားဖို့နဲ့ တာဝန်ခံရဲတဲ့ ခေါင်းဆောင်တွေ ရှိထားဖို့ လိုအပ်ပါတယ်။ ခုချိန်ထိတော့ ‘ကျမလုပ်ရပ်အတွက် သမိုင်းတရားခံဖြစ်မယ်ဆိုရင် ကျမခံပါ့မယ်’ ဆိုတဲ့ စကားကို ဒေါ်စုတယောက်ပဲ လူသိရှင်ကြား ပြောဆိုတာ ကြားဖူးပါသေးတယ်။

လက်ရှိအကျပ်အတည်းကာလမှာ ရှေ့တန်းက ဝံ့ဝံ့စားစား တာဝန်ယူလုပ်ကိုင်ဆောင်ရွက်နေတဲ့ လူထုခေါင်းဆောင်ရဲ့ဘေးမှာ လူထုတွေ အပြည့်အဝ ဝန်းရံထောက်ခံ အားပေးနေတာကိုပဲ ကျနော်တို့ပြည်သူ လူထုက အမြင်ချင်ဆုံးပါ။
  Credit:ဆောင်းပါးရှင်(ဝေမော်)





Read More »

KIA ၏ ၀မ်ပေါင်သမ္မတနိုင်ငံတော် အိမ်မက်

ဒီဆောင်းပါလေကတော့ မြန်မာအော်လိုင်နယူကနေလုပ်ကြံရေးထားတာဖြစ်ပါသည်။ ဒါဟာကချင်တိုင်းရင်းသားတွေ မီးဒီယာကနေတိုက်ခိုက်နေတာဖြစ်သလို ၎င်းတို့၏မဟာလူမျိုးကြီးဝါဒကိုလက်ကိုင်ထားတယ်ဆိုတာကိုသက်သေးပြလိုက်တာဖြစ်ပါသည်။
 မြန်မာလူများသည်အချင်ချင်အားဏာအတွက်တိုက်ခိုက်ကြပေမဲ့တိုင်းရင်းသားအရေးနဲပတ်သတ်လာရင်တစိတ်တ၀မ်းတည်ဖြစ်ပါသည်။
 
ကချင်ပြည်နယ်တွင် အစိုးရနှင့် ကချင်လွတ်မြောက်ရေး တပ်မတော် အကြား တိုက်ပွဲဖြစ်ပွားနေခဲ့သည်မှ တစ်နှစ်ခွဲကျော် ကြာမြင့်ခဲ့ပြီဖြစ်ပါသည်။ ကချင်ပြည်နယ်လွတ်မြောက်ရေး တပ်မတော်(KIA)ဟုအမည် ပေးထားသော ကချင်လက်နက်ကိုင်အဖွဲ့သည် ကချင်ပြည်နယ်ခွဲထွက်ရေးဟူသော အကြောင်းပြချက်ဖြင့် အစိုးရအား လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့ပါသည်။ KIA အဖွဲ့သည် လွန်ခဲ့သောနှစ်ပေါင်းများစွာတည်းကပင် ကချင်နိုင်ငံခေါ် ၀မ်ပေါင်သမ္မတနိုင်ငံထူထောင်ရန် ကြံစည်ခဲ့ကြပါသည်။

ကချင်ပြည်နယ်အတွင်း KIA/KIO အဖွဲ့အနေဖြင့် လွတ်လပ်စွာ ထိန်းချုပ်နိုင်ရန်၊ ကချင်ပြည်နယ် အတွင်းရှိ ကျောက်စိမ်းနှင့်ရွှေအပါအ၀င် သဘာဝတွင်းထွက်များနှင့် သစ်တောများကို ခေါင်းဆောင်များ၏ အကျိုး စီးပွား အတွက် လွတ်လပ်စွာ ထုတ်လုပ်ခွင့်ရရှိစေရန် ကချင်ပြည်နယ်အား ခွဲထွက်ခွင့် တောင်းဆိုနေခြင်း ဖြစ်ပါသည်။ ယခုတိုက်ပွဲကာလတွင် ကချင်စစ်သားများမှာ လစာ တစ်သောင်းခန့်သာ ရရှိကြ သော်လည်း ကချင်ခေါင်းဆောင်များမှာ အိမ်စရိတ်၊ စားစရိတ်စသည်ဖြင့် ခေါင်းစဉ် အမျိုးမျိုးဖြင့် ငွေကြေးများ ထောက်ပံ့ပေးထားကြောင်းလည်း သိရပါသည်။

ကချင်ပြည်နယ်အတွင်း ထွက်ရှိသော ကျောက်စိမ်း၊ ကျွန်းသစ်နှင့်ရွှေ စသော သဘာဝ ရတနာများအားတရုတ်နိုင်ငံသို့ ဈေးပေါပေါဖြင့်ရောင်း ချပေးနေသဖြင့်တရုတ်နိုင်ငံကလည်းKIAအဖွဲ့အား ထောက်ပံ့ ပေးနေကြောင်း လည်းသိရပါသည်။ စစ်ပွဲကာလအတွင်းတရုတ်နိုင်ငံမှ လက်နက်၊ ရိက္ခာနှင့် ဆေးဝါး ပစ္စည်များအား ထောက်ပံ့ပေးခဲ့ပြီး ၄င်းထောက်ပံ့မှုများ အား ဒေသထွက်ကျောက်စိမ်းနှင့်ကျွန်းသစ်များအား ဈေးပေါပေါဖြင့် ပြန်လည်ရောင်းချပေးနေရပါသည်။

တရုတ်နိုင်ငံအနေဖြင့် ကချင်ပြည်ခွဲထွက်ခွင့်ရရှိပါက ကချင်ပြည်နယ် အား လက်ဝေခံနိုင်ငံအဖြစ် ထားရှိနိုင်မည်ဖြစ်ပြီး သဘာဝသယံဇာတများ စိတ်ကြိုက်ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်ပါသည်။ ကချင်ခေါင်းဆောင် များမှာ တရုတ်နိုင်ငံထဲတွင် ကျောက်စိမ်းကုမ္ပဏီများ၊ ဟိုတယ်များဖွင့်ကာ ကြီးပွားချမ်းသာနေကြသော်လည်း ကချင်စစ်သမီးပျိုလေးများမှာ လစာ တစ်သောင်းသာရရှိသဖြင့် တရုတ်ကားသမားများ၊ ကုန်သည်များနှင့် အတူအိပ်စက်ကာလူတန်းစေ့နေနိုင်ရေးခန္ဓာကိုယ်အား ရောင်းစားနေ ကြကြောင်း ၀မ်းနည်းဖွယ်ရာ ကြားသိရပါသည်။
KIA/KIO ခေါင်းဆောင်များ၏ ၀မ်ပေါင်သမ္မတနိုင်ငံတော်ကြီးသည် ကချင်ပြည်နယ်တစ်ခုလုံး တိုးတက် ကောင်းစားရန်ဆိုသော ရည်ရွယ်ချက် အတိုင်းမဖြစ်ပဲ ခေါင်းဆောင်များ၏ အကျိုးစီးပွား အတွက်ဆောင်ရွက်
နေခြင်းသာဖြစ်ကြောင်း သိသာထင်ရှားစေပါသည်။

ကချင်နိုင်ငံတော် ပေါ်ပေါက်ခဲ့သော်လည်း ကချင်ပြည်သူများ၏ အကျိုးစီးပွားတိုးတက်ရန် မဖြစ်နိုင်ကြောင်း၊ ကချင်ခေါင်းဆောင်များနှင့် အမျိုးများသာ ချမ်းသာမည်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်………..

အမေ့အိမ်(
Myanmar Online News)
Read More »

စည်းကမ်းချက်များနှင့်အတူ

“စက်ရုံအတွင်း ကွမ်းတံထွေး မထွေးရ၊ ပါးရိုက်မည်” ဟူသော ခပ်ကြမ်းကြမ်း၊ အမိန့်ဆန်ဆန် စည်းကမ်းချက်များမှစ၍ “သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ” ဟူသော ဆောင်ပုဒ်အလယ် “သတိ၊ ခွေးရှိသည်” ဟူသော သတိပေးသံအဆုံး မြန်မာနိုင်ငံ၏ နေရာအနှံ့တွင် စည်းကမ်းချက်များ၊ ဆောင်ပုဒ်များ၊ သတိပေးစာများဖြင့် ပြည့်နှက်လျက် ရှိပါသည်။

သတိပေးခြင်း၊ စည်းကမ်းထုတ်ခြင်းများသည် ဆောင်ပုဒ်တစ်ခုအသွင် စာတန်းများအဖြစ် ထွက်ပေါ်လာလေ့ရှိသည်။ ထိုအရာများကို မိမိအိမ်ရှေ့မှစကာ နေရာအနှံ့ မြင်တွေ့နိုင်ပါသည်။ တချို့သော စာတန်းများက ယဉ်ကျေးစွာ၊ တချို့သော စာတန်းများက ရိုင်းပျစွာ၊ တချို့သော စာတန်းများက ပုံမှန်သာစသဖြင့် မိမိပြောလိုသော အဓိပ္ပာယ်တစ်ရပ်ကို သရုပ်ဖော်ထားကြလေ့ရှိသည်။

ထိုစာတန်းများ၊ စည်းကမ်းချက်များသည် မည်သည့်အတွက်ကြောင့် လူမြင်ကွင်းထဲသို့ပေါများ ပြည့်နှက်စွာ ၀င်ရောက်နေကြပါသနည်း။ မြန်မာနိုင်ငံတွင်သာ မဟုတ်ပါ။ နိုင်ငံရပ်ခြား ဒေသများတွင်လည်း စည်းကမ်းချက်များစွာ ထုတ်ပြန်ထားတတ်ကြသည်။

သို့သော် မြန်မာနိုင်ငံတွင်မူ များပြားသော စည်းကမ်းချက်များနှင့် ရသမြောက်သော ဆောင်ပုဒ်များကို မမြင်ချင် အဆုံး ပိုမိုတွေ့ရှိ နိုင်ကြမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံသားတွေက စည်းကမ်းချက်ထုတ်ရတာ သိပ်သဘောကျပုံရသည်။ နေရာတိုင်းလိုလိုမှာ စာတန်းလေးများ လိုက်ကပ်ကြသည်။ သူတောင်းစားက ကပ်သည်။ လက်ဆော့သူက ကပ်သည်။ အစိုးရက ကပ်သည်။ သက်ဆိုင်ရာက ကပ်သည်။ အဲသလို လူပေါင်းစုံက စာပေါင်းစုံကို နေရာပေါင်းစုံမှာ လျှောက်ကပ်ထားကြတာ တွေ့ကြရပါမည်။

စည်းကမ်းများစွာ၊ စာရွက်ပေါင်းများစွာ လူမြင်ကွင်းရှေ့ ထွက်ပေါ်လာရခြင်းမှာ စည်းကမ်းမဲ့သူတွေ များလာသောကြောင့် ဖြစ်နိုင်သည်။ လူရှိန်အောင် လက်ဆော့သူတွေ များလာတာလည်း ဖြစ်နိုင်သည်။ ထိုစာများတွင် ရသလေးတွေလည်း ပါနေတာကိုလည်း တွေ့မြင်ရသည်။ တချို့စာတွေက ဖတ်ပြီးပြုံးရသည်။ တချို့စာတွေက ရယ်မောရသည်။ တချို့က မခံချိမခံသာဖြစ်စေရသည်။ တချို့ကတော့ ဒေါသထွက်စရာ ဖြစ်ရသည်။

သစ်တောဝန်ကြီးဌာနက သစ်တောကြိုးဝိုင်းများတွင် ကပ်ထားသော ဆိုင်းဘုတ်ငယ်များကို မြင်ဖူးကြမည်။ “သစ်တစ်ပင်ခုတ်၊ ထောင်သုံးနှစ်” တဲ့။ ဂျာနယ်တစ်စောင်ထဲမှာ ပါခဲ့သော ကာတွန်း တစ်ပုဒ်ကို သတိရသွားသည်။
“သစ်တစ်ပင်ခုတ်ထောင်သုံးနှစ် တဲ့... တစ်တောလုံးခုတ်တော့ သူဌေးဖြစ်ရော” ဟူ၍။ သရော်မှုလေးထဲမှာ စဉ်းစားစရာတွေ အများကြီးပါလာသည်။

ထိုမှဆက်၍ စဉ်းစားကြည့်ပါလျှင် စည်းကမ်းသတ်မှတ်ချက်များကို ဘေးမှာချိတ်ကာ ကိုယ့်စိတ်ကြိုက်ပြုမူ နေကြသူများကို တွေ့လာရမည် ဖြစ်သည်။

“ဆေးလိပ်မသောက်ရ” ဆိုသည့် ကားပေါ်က စာတန်းအောက်မှာ ယာဉ်မောင်းသူတစ်ဖွာ၊ စပယ်ယာတဖွာဖြင့် ငြိမ့်ငြိမ့်လေး မောင်းနှင်နေကြတာကိုလည်း တွေ့ဖူးကြပါမည်။ “ကွမ်းတံတွေးမထွေးရ” ဆိုသည့်ဆိုင်းဘုတ်ကလေးခမျာ ကွမ်းတံတွေးများဖြင့် ကြဲပက်ခံထားရသည်ကို တွေ့ဖူးကြပါမည်။ “အမှိုက်မပစ်ရ” ဆိုသည့် ဆိုင်းဘုတ်ယိုင်နဲ့နဲ့ကလေးက အမှိုက်ပုံကြီးကြားမှ သနားစဖွယ် ထိုးထွက်နေသည်ကို မြင်ဖူးကြပါမည်။ “ခရီးသည်များ၏ အသက်သည် သင့်လက်ထဲတွင်ရှိသည်”၊ “သင်နှင့် သင့်မိသားစုက ဘေးမသီရန်မခဘဲ အိမ်ပြန်လာချိန်ကို စောင့်မျှော်နေသည်ကို သတိရပါ” ဟူသည့် စာတန်းကို ရှေ့မှာကပ်ပြီး ဘတ်စ်ကားပြိုင်ပွဲများ ပြုလုပ်နေကြသည်ကို အသည်းတယားယားဖြင့် စီးဖူးကြပါလိမ့်မည်။

အကြောင်းပြချက် အရာမှာလည်း မရိုးကြပါပေ။ မြန်မာစကားကလည်း ခပ်ရှုပ်ရှုပ်ဆိုတော့ အဆင်ပြေနေကြပါသည်။ အမှိုက်မပစ်ရဆိုသောကြောင့် မပစ်ကြ။ အသာအယာပင် စနစ်တကျစုပုံခဲ့ကြသည်။

ဆူးလေမီးပွိုင့်မှာ “ဤနေရာမှ လမ်းဖြတ်မကူးရ၊ ဂုံးကျော်တံတားပေါ်မှ ကူးပါ” ဆိုသည့်ဆိုင်းဘုတ်ကို ခပ်တည်တည်ခွကာ အတင်းဖြတ်ကူးနေကြသူတွေကို မော်တော်ပီကယ်တွေက ခရာတရွှီးရွှီးမှုတ်ပြီး လိုက်တားကြရရှာသည်။ ခုနောက်ပိုင်းတော့ ယာဉ်စည်းကမ်းထိန်းသိမ်းရေးက ကားကြီးတွေပေါ် အတင်းတက်ခိုင်းနေသောကြောင့် စည်းကမ်းမဲ့ လမ်းဖြတ်ကူးမှုများ လျော့သွားသည်။ စားသောက်ဆိုင် အ၀တွေမှာ စာတန်းလေးတွေ ကပ်ထားသည်။ “အလှူခံမ၀င်ရ” ဟု။

တစ်ခါက ကြုံဖူးသည်။ အဘွားကြီးတစ်ယောက် တုန်ချည့်ချည့်ဖြင့် ၀င်ရောက်တောင်းရမ်းသည်။ ဆိုင်ရှင်က အော်ထုတ်သည်။

“အလှူခံမ၀င်ရလို့ ရေးထားတာ မမြင်ဘူးလား”
““အဘွားက စာမဖတ်တတ်လို့ပါကွယ်” တဲ့။ ဆိုင်ရှင်ဘာပြောရမှန်းမသိ။

အဲ့သည်လို စာမဖတ်တတ်သူတွေက စည်းကမ်းချက်ကိုမသိ။ စာဖတ်တတ်သူတွေကလည်း တမင်မမြင်ချင် ယောင်ဆောင်ကြသည်။

“ဤနေရာတွင် သေးပေါက်ရန်မဟုတ်” ဟု ရေးထားသော စာတန်းအောက်မှာ တစ်ယောက်က ထပ်ဖြည့်ပေးထားတာ တွေ့ဖူးသည်။ “ညာဘက်နားမှာသွားပေါက်ပါ” ဟူ၍။ တချို့ကတော့ နင့်နင့်နဲနဲရေးသည်။ “ဒီနေရာမှာ ခွေးများသာသေးပေါက်ရန်” ဟု ဖြစ်သည်။ စာတန်းက ထိရောက်သလားတော့ မသိ။ ခွေးရော၊ လူရော လစ်သလို ပေါက်ကြသည်။

ဟာသလေး တစ်ပုဒ်ကြားဖူး၏။ ပွဲခင်းထဲမှာ ဇာတ်ကနေသည်။ မူးနေသော လူနှစ်ယောက်က
ဇာတ်ပွဲကြည့်ချင်ကြ၏။ သူတို့မှာ ပိုက်ဆံကမရှိ။ သို့နှင့် ဇာတ်ရုံ ဘေးကထရံကို အပေါက်လေး ဖောက်ပြီး ၀င်ကြသည်။ ရိုးရိုးတိုးဝင်တာမဟုတ်။ လေးဖက်ထောက်ပြီး နောက်ပြန်ကြီး တင်ပါးနဲ့ တိုးဝင်တာဖြစ်သည်။ လုံခြုံရေးက ဓာတ်မီးတ၀င်းဝင်းနဲ့ ရောက်လာသည်။
သူတို့ကိုမြင်တော့ အလန့်တကြားတား၏။ “ဟေ့လူတွေ ဒီအပေါက်က ထွက်လို့မရဘူး.. ပြန်ဝင်စမ်း.. ပြန်ဝင်စမ်း” ဆိုပြီး အတင်းထိုးထည့်သည်။ သူတို့လည်း ဇာတ်ရုံထဲ အေးဆေးလေး ရောက်သွား၏။

တချို့ခြံဝန်းရှေ့၊ ဆိုင်ခန်း ရှေ့တွေမှာ “ခြံလုံးဝမရောင်းပါ။ ဆိုင်လုံးဝမငှားပါ” ဟု စာရေးကပ်ထားရသည်အထိ ပွဲစားများက လည်း သောင်းကျန်းကြသည်။

“ခုံပြည့်လျှင် လူပိုမတင်ပါ” ဆိုပြီး အထူးကားတွေက ပုရွက်ဆိတ်တောင် နေရာမရ။ နောက်ထပ် နာမည်ကျော် စာတန်းတွေ ရှိသေးသည်။ အားလုံးလိုလိုက လိုက်နာမှုနည်းပါးသည့် စာတန်းတွေဖြစ်သည်။

“လာဘ်ပေးလာဘ်ယူ.. တို့ရန်သူ။ မှုခင်းကင်းစင်ရက် သတ္တပတ်။ ၀န်ထမ်းကောင်းမှ နိုင်ငံကောင်းမည်။ ယာဉ်တိုက်မှုကင်းစင်ရေးနေ့။ ကားတံခါးကို ဖြည်းဖြည်းပိတ်ပါ။ သင့်လုံခြုံရေးအရ စစ်ဆေးသည်ကို ကြည်ဖြူစွာ လက်ခံပါ။ ခါးပိုက်နှိုက်သတိပြု။ ဆင်းမည့်မှတ်တိုင်ကို ကြိုပြောပါ။ ရှေ့တွင် ကျောင်းရှိသည်၊ ဖြည်းဖြည်းမောင်းပါ။ မည်သူ့ ကိုမှ အကြွေးမရောင်းပါ။ ဟွန်းမတီးရနယ်မြေ။ ကျေးဇူးပြု၍ တန်းစီပါ။ သင့်ကြောင့် မီးမလောင်ပါစေနှင့်။ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့။ ဆိုဖာပေါ်သို့ တက်မထိုင်ရ။ သင်ကောင်းလျှင် ကျွန်ုပ်မဆိုးပါ။ ထမင်းကျွေးသော လက်ကိုပြန်မကိုက်ပါနှင့်။ သတိ..ဗို့အား ၂၅၀၀။ လူလိုသိပါ။ သင်တန်းအတွင်း စကား မပြောရ။ မျဉ်းဝါမကျော်မီ ၀ယ်ယူထားသည်များကို ငွေပေးချေပြီးမှ ဆိုင်အတွင်းမှ ထွက်ခွာပါ။ ဆိုင်အတွင်းသို့ တိရစ္ဆာန်များ ခေါ်မလာရ။

ကားပိတ်မရပ်ရ။ ညအိပ် လက်မခံပါ။ လူသာလာပါ၊ ပြဿနာခေါ်မလာပါနဲ့။ ပိုက်ဆံချေးခြင်းသည်းခံပါ။ ipay ကတ်သုံး ပြီး စီးနိုင်ပါသည်။ ယနေ့ရောင်းရငွေသည် မနက်ဖြန်အတွက် အရင်းဖြစ်သည်။ ဘယ်အရာမှ အလကားမရပါ စသည့် စသည့် စသည့်။

စာတန်းတွေ၊ ကြေငြာချက်တွေ၊ စည်းကမ်းတွေ.... လူ့အဖွဲ့အစည်းထဲမှာ နေ့တဓူဝ ပလူပျံလာနေသည်။ လူမှုဘ၀ခရီးလမ်းမှာ စောင့်ထိန်းစရာတွေများ လာနေသည်။ တဖြည်းဖြည်း များပြားလာသော စာတန်းများကို လူအများက အပြည့်အ၀လိုက်နာကြပါသလား။ သင်ရော ကိုယ်ပါ စနစ်တကျ လိုက်နာခဲ့ဖူးပါသလား။ စဉ်းစားစရာ ဖြစ်လာပါသည်။

အသေးအမွှား စည်းကမ်းချက်များကိုဖယ်၍ အကြီးမားဆုံးဖြစ်သော နိုင်ငံတစ်နိုင်ငံ၏ အသက်ဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုတောင်မှ အပြည့်အ၀ လေးစားလိုက်နာဖူးကြပါသလား။ ၂၀၀၈ ဖွဲ့စည်းပုံမို့လို့ဟု ဆိုဆို၊ လက်ရှိလိုက်နာနေရသော ထိုဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အမြဲတစေ ဆက်ဆံနေရသည့် လွှတ်တော်အမတ်များ အားလုံးလိုလိုပင်လျှင် ဖွဲ့စည်းပုံစာအုပ်ကြီးတစ်ခုလုံးကို အပြည့်အ၀ ကျေညက်အောင် သိရှိကြပါရဲ့လား။

မြန်မာနိုင်ငံသည် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ ညင်သာစွာကူးပြောင်းလျက် ရှိသည်။ ထိုအကူးအပြောင်းတွင် နိုင်ငံသားအားလုံး စနစ်တကျပါဝင်ရန် အရေးကြီးပါသည်။ လုပ်ချင်တာ လုပ်၊ ဖြစ်ချင်တာဖြစ်သည့် ခေတ်တစ်ခေတ် ကုန်ဆုံးခဲ့ပါပြီ။ မကုန်ဆုံးသေးဟု သံသယရှိလျှင်လည်း ကုန်ဆုံးအောင်လုပ်ရန်မှာ အားလုံးတာဝန် ဖြစ်သည်။

ရန်ကုန်က နွယ်နီမဂ္ဂဇင်းတိုက်လှေကားမှာ ကပ်ထားတဲ့ စာတန်းလေးကတော့ လှပသည်။ ဖတ်ရတာလည်း အဆင်ပြေသည်။ ကိုယ်လိုချင်တဲ့ အနေအထားရောက်အောင် ဖန်တီးနိုင်သည်ဟု ထင်သည်။ “ဒီနေရာလေးမှာ ကျွန်တော်တို့ အမှိုက်မပစ်ဘူး။ ကွမ်းတံထွေးမထွေးဘူးနော်” တဲ့။ ရိုးရိုးလေးပင်။ ကြားနေ မြင်နေကျ စည်းကမ်းတစ်ရပ်ကို သိမ်မွေ့စွာရေးသားထားသည်။ ထို့အတူပင် “စားကောင်းလျှင် တခြားသူများကိုပြောပြပါ၊ စားမကောင်းလျှင် ကျွန်ုပ်တို့ကိုသာ ပြောပါ” ဆိုသည့် စာတန်းမျိုးကလည်း စားသုံးသူကို ကျေနပ်စေသည်။

ရွှေပေါက်ကံမြို့သစ်ထဲက လမ်းခွဆုံကွမ်းယာဆိုင်တစ်ဆိုင်မှာ ဒီလိုလေးရေးထားသည်။“မနက်ဖြန် တကယ်အကြွေးရောင်းမယ်နော်” တဲ့။ ရေးထားတာလည်း လှသည်။ ဘာပဲဖြစ်ဖြစ် ဖတ်သူမြင်သူ ကျေနပ်သည်။

စည်းကမ်းချက်ထုတ်ခြင်းက အဓိကလား၊ လူတစ်ဦးချင်းရဲ့ စိတ်ဓာတ်က အဓိကလားဆိုသည်ကိုတော့ ကိုယ်တိုင်စဉ်းစားသုံးသပ်ကြတာ ပိုအဆင်ပြေပါသည်။

နိုင်ငံတော်အစိုးရချမှတ် ကြေညာထားသလိုပင်...
“စည်းကမ်းပြည့်ဝသော နိုင်ငံတော်သစ်” ဆီသို့ အားလုံး ချီတက်နေကြပါသည်။

နေရာအနှံ့ ပြည့်နှက်နေသော စည်းကမ်းချက်များနှင့်အတူပင်ဖြစ်သည်။ ။


Credit:ရေးသားသူ- ဥက္ကာကိုကို
Read More »