တိုတိုထွာထွာမြန်မာ့ဆေးမြီးတိုများ (လူတိုင်းသိထားသင့်ပါတယ်)

ဆီးအောင့်ရောဂါ အတွက်......

ယောကျာင်္းဆီး ၊ မိန်းမ မီး " ဆိုသောစကားရှိပါသည်။ ယောကျာင်္းသားများ အဖို့ ဆီးရောဂါဟာ အလွန်ပဲ ကြောက်စရာကောင်းပါတယ်။ ဆီးရောဂါအောင့်ရောဂါ သက်သာပျောက်ကင်း စေသောဆေးနည်းမှာ.............. ကြံရည်ကိုတစ်ဖန်ခွက် မှာ အပြည့်ထည့်ပါ။ ပြီလျှင် ဇာတိပ္ဖိုလ်သီးကို (၅)ပုံ (၁)ပုံ သွေး၍ ထည့်မွှေပြီး သောက်လိုက်ပါ။ဆီးအောင့်ရောဂါ
သက်သာပျောက်ကင်းသွားပါလိမ့်မည်။

ချောင်းဆိုး (တီဘီ)ရောဂါ..............

ချောင်းဆိုးလို စိတ်မညစ်နဲ့တော့
ဆေးနည်း....
တောလေးညှင်းဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်းတစ်ဆုပ်ကို
ပြုတ် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။ ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက်
သောက်ရု့မျှနှင့် သက်သာပျောက်ကင်း ပါသည်။
တီဘီရောဂါသည်များအဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။

အပင်ပုံစံ....
လမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။
အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့် တူပါသည်။
မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။

အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ ရှိသူများ ရေများများသောက်ဖို့ လို........

သင့်မှာ အဆုတ်လေပြွန်ရောင်ရောင်နာ (bronchitis) ၊ အဆုတ်လေအောင့်နာ သို့ မဟုတ် အဆုတ်ပွခြင်း (emphysema) စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ ဝေဒနာ ရှိပါသလား၊ ဒါဆိုရင် ၈အောင်စ၀င် ဖန်ခွက်နှင့်ရေ ဒါမှမဟုတ် အခြား အရည် တမျိုးမျိုးကို တနေ့ ၎ခွက်မှ ၆ခွက် အထိ သောက်ပေးပါ။ အရည် က ရောင်ရမ်းနေတဲ့ လေပြွန်အထက်ပိုင်းရှိ အကျိအချွဲ (Mucus) များကို ကျဲစေတဲ့အတွက် ချောင်းဆိုးလိုက်တဲ့ အခါ သလိပ်တွေကို အလွယ်တကူ ဟပ်ထုတ်နိုင်မှာ ဖြစ်ပါတယ်။

ရေနွေးပူ ၊ ဆီပူလောင်လျှင် .......

ရေနွေးပူ၊ ဆီပူလောင်လျှင် ... လောင်သော နေရာကို ကြက်ဥအကာ ချက်ချင်း လိမ်းပေးပါက ... အရည်ကြည်ဖုပေါက်ခြင်း၊ အမာရွတ်ထင်ခြင်း လုံးဝမရှိပါ။ (အလွန် အသုံးတဲ့သည့် နည်းပါ)

အညောင်းအကိုက်အတွက်ဆေးတစ်လက်........

အညောင်းသမားတွေအတွက်ပေါ့.... ဘာတွေလုပ်လိုပဲ ညောင်းညောင်း ကိုယ်လက်မသယ်ချင်အောင် ညောင်းနေရင်ပဲ ဖြစ်ဖြစ် အေးတဲ့ရာသီတွေမှာ ကိုက်ခဲတတ်တဲ့ သူများအတွက် .... ဆေးနည်း... မိဿလင် ၊ ချင်း(ဂျင်း)တို့ကို ဆတူရော၍ ညက်အောင်ထောင်းပြီး အရက်ဦးရည်(မီးတောက်)နှင့် ပုလင်းတွင်ထည့် စိမ်ထားပါ။(ကြာလေကောင်းလေပါ) လိမ်းကြည်ရာ ပူရှိမ်းရှိမ်း နှင့် ကြောအခြင်များ ပျော့ပျောင်းသွား စေပါသည်။

ဆေးစွမ်းထက်သည့် ကင်ပလင်းရွက် .........

ဆီးအိမ် ကျောက်တည်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း တို့ကို လူသိများသော
သံမနိုင်ရွက်ကို စားသုံးခြင်းတို့ဖြင့် ကျောက်များ ပြုတ်ကျခြင်း၊ ဆီးထဲတွင် ပါသွားခြင်း
တို့ဖြင့် သက်သာပျောက်ကင်းနိုင်ပါသည်။

သို့သော် သည်းခြေအိတ်တွင် တည်နေသော ကျောက်တို့မှာမူ သံမနိုင်ကျောက်မနိုင်ဖြင့်
မပျောက်နိုင်ပါ။ သည်းခြေအိတ်တွင်ရှိသော ကျောက်များ ကြေသွားပြီး သက်သာပျောက်
ကင်းနိုင်သည်နည်းမှာ ဆေးစွမ်းထက်သည့် ကင်ပလင်းရွက်ကို စားသုံးခြင်း ဖြစ်ပါသည်။

အရွက်မှာ ချဉ်သောအရသာရှိပါသည်။
၎င်းအရွက်ကို ချည်ရည်ဟင်း၊ စပ်ချဉ်ဟင်း စသည် ချက်ပြုတ်စားခြင်း၊ ရေနွေးဖြော၍
သုပ်စားခြင်း ၊ ပြုတ်၍ တို့စားခြင်း၊ အခြောက်လှန်း၍ ရေနွေးကြမ်းအနေဖြင့် သောက်ခြင်း
တို့ ပြုလုပ် အသုံးပြုနိုင်ပါသည်။

၎င်း၏ အစွမ်းကား သည်းခြေကျောက် ကြေစေရုံသာမက ကိုယ်အတွင်းရှိ အဆုတ်၊အသည်း၊
ကလီစာများရှိ အညစ်အကြေးမျာကိုပါ သန့်စင်ပေးနိုင်သော အစွမ်းထက်သော ဆေးသစ်ရွက်
ဖြစ်ပါသည်။

၎င်း၏ အရွက် ပုံသဏ္ဍာန်မှာ သပြေရွက်နှင့် ဆင်၍ ၊ အရောင်မှာ စိမ်းဝါဖန့်ဖန့်ဖြစ်ပြိး၊အသားမှ
ထူ၍နုးညံ့ပါသည်။ သိပ်ရင်လွန်းသည့် အရွက်များမှသာ အသားကြမ်းပါသည်။ ကနီနယ်၊ကင်းနယ်၊
မင်းကင်းနယ်များတွင်လည်းကောင်း၊ ရေဦး ၊ ဒီပဲယင်းမြို့နယ်ရှိ ကျေးလက်များတွင်လည်းကောင်း
ပေါများစွာ ပေါက်ရောက်လေ့ရှိပါသည်။
(၆)လခန့် စွဲစွဲမြဲမြဲ စားပါက သည်းခြေကျောက် ကြေသွားစေသည့် ဆေးနည်း တစ်လက်ဖြစ်ပါသည်။

လိပ်ခေါင်းပျောက်တဲ့ တဇောင်း(ရှားစောင်း)လက်ညှိုး.......

ခန္ဓာကိုယ်တွင်းမှာ ရှိသော လိပ်ခေါင်းနှင့် ခန္ဓာကိုယ်အပြင်တွင် ထွက်ကျနေသော
လိပ်ခေါင်းသာလျှင် အဓိက ဖြစ်သည်။ အပြင်တွင်ထွက်နေသောလိပ်ခေါင်း၏ ပုံ
သဏ္ဍာန် အမျိုးမျိုးကို ကြည့်ပြီး လိပ်ခေါင်းအမည် အမျိုးမျိုး ခေါ်ကြသည်။
ကျွန်တော် တွေ့သော လိပ်ခေါင်းသည် တွဲကျနေ၍ ထိုင်သည် အခါ ဖနောင့်နှင့်
ပိတ်ထား၍ ထိုင်နေရသည်။ ဒါမှမဟုတ် တရွတ်ခွေပေါ်တွင် ထိုင်နေရသည်။
သူအတွက် နေ့ရှိသရွေ့ လမ်းလျှောက် သွားလာလို့ လည်းမရ၊ ထိုင်လို့လည်းမရ။
ညည်းတွားနေရသည်။

ဆေးနည်း....
ရှားစောင်းလက်ညှိုး လက်နှစ်ဆစ်ခန့်ကို ထန်းလျက်နှင့် တေ၍ ည,နံနက် သုံးရက်
ဆက်တိုက် ကျွေးလိုက်သော အခါ ထွက်ကျနေသော လိပ်ခေါင်းမှာ ပြန်ဝင်းသွားပီး
သွားလာ လှုပ်ရှား၍ ရကြောင်းတွေ့ရပေသည်။

ပုံသဏ္ဍာန်

ရှားစောင်း လက်ညှိုးမှာ လေးမြောင့် အဆစ်လိုက် အဆစ်လိုက် နွယ်ပုံသဏ္ဍာန် ပေါက်
ရောက်နေသည်။ အရွက်မှာ ကွမ်းရွက်အသေး ပုံသဏ္ဍာန်၊ အပွင့်မှာ အဖြူ အဆုပ်အဆုပ်
ပွင့်ပေသည်။ စိုက်ပျိုးရန် အလွန်လွယ်ပါသည်။

ကြွက်နို့ ပျောက်ဆေး .......

ချင်းတက်ကို ထိပ်ဘက်မှ ဓားဖြင့်လှီးပါ။ ထိုလှီးထားသောနေရာအား ထုံးဖြင့်တို့ပြီး ကြွက်နို့ပေါ်မှာ ဖြည်းဖြည်း ချင်း ပွတ်ပေးပါ။ ကြွက်နို့က တဖြည်းဖြည်းပါးသွားပါမည်။

ချောင်းဆိုး (တီဘီ)ရောဂါ...ချောင်းဆိုးလို စိတ်မညစ်နဲ့တော့........

ဆေးနည်း....
တောလေးညှင်းဟု ခေါ်သော အပင်ကို အမြစ်မှနုတ်၍ လက်တွင်းတစ်ဆုပ်ကို
ပြုတ် သုံးခွက်တစ်ခွက်တင် ကျိုသောက်ပါ။ ရိုးရိုးချောင်းဆိုးလျင် တစ်ရက် ၊ နှစ်ရက်
သောက်ရု့မျှနှင့် သက်သာပျောက်ကင်း ပါသည်။
တီဘီရောဂါသည်များအဖို့ စွဲသောက်လျှင် သက်သာ ပျောက်ကင်းပါလိမ့်မည်။

အပင်ပုံစံ....
လမ်းဘေးတွင် အလေ့ကျ ပေါက်ပါသည်။
အပွင့်မှာ အဝါလေးများဖြစ်၍ အသီးပုံမှာ လေးညှင်းနှင့် တူပါသည်။
မိုးတွင်းအခါ အပင်များစွာ တွေ့ရ၍ မိုးကုန်လျှင် အပင်မှာရှားပါးသွားပါသည်။

မင်းမင်းဇော်
Credit by>>>မြန်မာတို့ အတွက် မြန်မာ့ဆးမြီးတို
Read More »

အမျိုးသမီးများ တစ်သားမွေး တစ်သွေးလှနေစေရန်

 Photo: အမျိုးသမီးများ တစ်သားမွေး တစ်သွေးလှနေစေရန်
===========================

ဆရာဝန်နှင့် ပုံမှန်ပြပါ ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီး တွေက ဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း လိုအပ်တဲ့ဆေးဝါးတွေကို သောက် သုံးပေးဖို့နဲ့ အာဟာရပြည့်ပြည့်ဝဝစား သောက်ဖို့လိုပါတယ်။ ဆရာဝန်မညွှန်
ကြားဘဲ ဘယ်လိုဆေးဝါးကိုမှ ကိုယ့်သ ဘောနဲ့ကိုယ် မသောက်သုံးသင့်ပါဘူး။

ကိုယ်ဝန်ဆောင်ချိန် အစကနေ အဆုံးအ ထိ ဆရာဝန် ချိန်းဆိုတဲ့အချိန်တိုင်းမှာ မပျက်မကွက် သွားရောက်ကာ လိုအပ်တဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို ပြုလုပ်ပေး ပါမှ သင့်အတွက် ကလေးမွေးချိန်မှာ အခက်အခဲမရှိစေဘဲ မိခင်ရော ကလေးငယ် ပါ ကျန်းမာနေစေမှာပဲဖြစ်ပါတယ်။

လက်ချောင်းများကို ကာကွယ်ပါ
=================
ကိုယ်ဝန်ဆောင်ချိန်အတွင်း အဝတ် လျှော်တာပဲဖြစ်စေ၊ အိုးခွက်သန့်စင်တာပဲ ဖြစ်စေ ရေကို အချိန်ကြာကြာကိုင်ပြီး အသုံးပြုတော့မယ်ဆိုရင် လက်အိတ်ကို အသုံးပြုပေးဖို့လိုပါတယ်။ ကိုယ်ဝန်ဆောင် ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် သင့်အရေပြားဟာ ချောမွေ့နေတတ်ပြီး ရေကိုင်တာများချိန်မှာ နီရဲလာတတ်ပါ တယ်။

အရေပြားပြောင်းလဲမှုကို ဂရုပြုပါ
=================
ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးမျိုး ပြောင်းလဲမှုတွေဖြစ်ပေါ်တတ်ပါတယ်။ ခန္ဓာကိုယ် သွေးလည်ပတ်မှုပုံစံတွေ ပြောင်းလဲတာ၊ ဟော် မုန်းပြောင်းလဲတာနဲ့ အရေပြားပုံစံပြောင်းလဲမှုတွေ ဖြစ်ပေါ်တတ်ပါတယ်။ တချို့အမျိုး သမီးတွေ မှာ ကိုယ်ဝန်ဆောင်ချိန်အတွင်း မှဲ့ခြောက် လိုအမည်းစက်တွေလည်း ပေါ်လာတတ် ပါတယ်။ ဒါဟာ အီစတိုဂျင်ဟော်မုန်း တွေ မြင့်တက်လာတာကြောင့် ဖြစ်တတ်ပါတယ်။ နေအနည်းငယ်ထိတွေ့ရုံနဲ့လည်း အရေပြားဟာ ညိုမည်းသွားစေ နိုင်ပါတယ်။ ဒါကြောင့် သင့်အရေပြား ကို နေရောင်ကာလိမ်းဆေးလိမ်းပေးဖို့
ဘယ်တော့မှ မမေ့ပါနဲ့။ ဆောင်းတွင်း နဲ့ တိမ်ဖုံးတဲ့နေ့တွေ မှာလည်း နေ ရောင်ကာခရင်မ်ကို သုံးပေးပါ။

မျက်ဝန်းတစ်ဝိုက်ကို ဂရုပြုပါ
===============
ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသမီး အများစု မျက်ကွင်းညိုတာဟာ အတွေ့ရ အများဆုံးလိုဖြစ်နေပါတယ်။ ကိုယ်ဝန် ဆောင်ထားချိန်မှာ အရင်ကလောက်သင့် ခန္ဓာကိုယ်က သက်သောင့်သက် သာမဖြစ်ဘဲ နေရထိုင်ရခက်ခဲတဲ့ အနေအထားမျိုး တွေကြောင့် ညဘက်အိပ်စက်မှုကို အနှောင့်အယှက်ပေးတတ်ပါတယ်။ ဒါ ကြောင့်ပုံမှန်ထက် ပိုပြီး မျက်ကွင်းညိုတာ ပါ။ ဒါကြောင့် အိပ်စက်ချိန်များများရဖို့အချိန်ပေးပါ။ မျက်လုံးနှစ်ဖက်စလုံးကို ပိတ်ထားပြီး ရေစိုဝတ်အေးအေးကို မိနစ် အနည်းငယ်လောက် တင်ထားလိုက်ပါ။

မျက်ကွင်းညိုတာကို သက်သာစေတဲ့အ ပြင် နှစ်ခြိုက်စွာလည်း အိပ်ပျော်စေပါ တယ်။

ဝက်ခြံကို ဂရုပြုပါ
==========
မျက်နှာပေါ်က အမည်းစက်တွေ၊ ဝက်ခြံတွေနဲ့ ဝက်ခြံပုန်းတွေကို လျစ်လျူ ရှုမထားပါနဲ့။ ကိုယ်ဝန်ဆောင်ချိန်မှာ အလှပြင်ဆင်ချင်တဲ့ စိတ်မရှိဘူးဆိုရင်တောင် ညအိပ်ရာမဝင်ခင်မှာ မျက်နှာသန့်စင် တာနဲ့ နှစ်ပတ် တစ်ကြိမ်လောက်ကြေး ချွတ်သန့်စင်တာမျိုးကို ပုံမှန်ပြုလုပ်ပေး ပါ။ ကြေးချွတ်သန့်စင်ချိန်မှာ ညင်သာစွာ ပြုလုပ်ပေးပြီး သဘာဝနည်းလမ်းနဲ့ မျက် နှာပေါင်းတင်ပေး တာကြောင့် ပိုမိုကောင်း မွန်တဲ့ အရေပြားကို ပိုင်ဆိုင်စေပါလိမ့် မယ်။

အမွေးရိတ်ခြင်းကို ဂရုပြုပါ
==============
အထူးတလည်ဂရုတစိုက်နဲ့ အညင် သာဆုံးဖြစ်စေမယ့်နည်းလမ်းကို သုံးပေး ပါ။ မဟုတ်ရင် တခြားအချိန်ထက် ကိုယ် ဝန်ဆောင်ချိန်မှာ အရေပြား အထိခိုက် မခံ တာမျိုးဖြစ်တတ်ပြီး ပုံမှန်ထက်ပိုကာ နာကျင်မှုကို ခံစားရနိုင်ပါတယ်။ အရင် က ပုံမှန်သုံးနေကျ အမွေးရိတ်ခရင်မ်တွေ ကိုသုံးရင်တော့ သင်သုံးတဲ့ အမျိုးအစား ထဲမှာ  ဓာတုပစ္စည်းပါ ဝင်မှုများတယ်ဆို ရင် အရေပြားလောင်ကျွမ်းမှုကို ဖြစ်စေ တတ်ပါတယ်။ ဒါကြောင့် ဓာတုပစ္စည်းပါ ဝင်မှုနည်းတဲ့ အမွေးရိတ်ခရင်မ်ကို ပြောင်း သုံးပေးပါ။

ဆံသားကို ဂရုပြုပါ
============
ကိုယ်ဝန်လနုချိန်မျိုးမှာ ဆံသားပြု ပြင်တာမျိုးတွေကို ရှောင်ဖို့လိုပါတယ်။ ကလေးငယ်ဖွံ့ဖြိုးမှုကို နှောင့်ယှက်နိုင်ပြီး တချို့ ဆံပင်သုံးပစ္စည်းတွေက ဓာတု ပစ္စည်းပါဝင်မှုများတာကြောင့် ကိုယ်ဝန် လနုချိန်မှာ ကိုယ်ဝန်ပျက်ကျတဲ့အဆင့်အ ထိ ဖြစ်နိုင်တာကြောင့်ပါ။ ကိုယ်ဝန်ဆောင်ချိန် လရင့်လာရင်တော့ ဆံပင်ဆေးဆိုး
တာနဲ့ ဆံပင်အလှပြင်တာတွေကို ပြုလုပ် နိုင်ပါတယ်။ ဒါပေမဲ့ ဆံပင်ဆိုးဆေးတွေ ကို ဦးရေပြားကို တိုက်ရိုက်မထိ ခိုက်မိစေဖို့ ဂရုပြုသင့်ပါတယ်။ ဦးရေပြား ကို တိုက်ရိုက်ထိခိုက်မိမယ်ဆိုရင်တော့ ပုံမှန်သူတွေထက် ကိုယ်ဝန်ဆောင်သည် တွေက ဆံသားပိုမိုပျက်စီးကာ၊ ခြောက် သွေ့စေပါလိမ့်မယ်။

လမင်းလေး

http://on.fb.me/14bZP6P

သော်တာမောင်

Credit To လမင်းလေး

http://on.fb.me/14bZP6P
Read More »

{{ ကုလားဖြူနယ်ချဲ့ဝါဒီ တို့ ဖန်တီး ခဲ့သော မြန်မာ့ သမိုင်းကြောင်းအမွေဆိုး }}

ရှင်မွေ့နွန်း ( ရှင်မွေ့ လွန်း )နှင့် မင်းနန္ဒာ ဆိုတဲ့ ကြေကွဲဖွယ် အချစ်ဇာတ်လမ်းလေး ကို သိကြမှာပါ။မြန်မာ တို့၏ဒဏ္ဍာရီ သမိုင်း ပုံပြင်လည်းဖြစ် မြန်မာ့ ရိုမီယို နှင့် ဂျုးလီးယက် ပမာ နက်နဲသော ခက်ခဲသော အချစ် ဖြင့် ချစ်သူနှစ်ဦး ရဲ့အချစ် ဇာတ်လမ်း မှတ်ကျောက် ကား မည်သည့် ကာလ ကပေါ်ပေါက်ခဲ့သည်မသိနိုင် ။ ယခုတိုင် အချစ် သစ္စာ ပေးဆပ်ခြင်း လွမ်းဆွတ်ခြင်း ဝမ်းနည်းမှု တုန်လှုပ်ခြင်း ယူကျုံးမရစေခြင်း ဟူသော ရသ မျိုးစုံဖြင့် ကျမတို့ ၏ စိတ်ထဲတွင်စွဲမြဲနေသော အချစ်ပုံပြင် လေးတစ်ပုဒ်ဖြစ်ပါသည်။ ယခုတိုင် ဒီပုံပြင်လေးနားထောင်မိလျှင် ကျမ မျက်ဝန်းထဲ ချောင်းကမ်းပါး လေးမှ ရှင်မွေ့နန်း ရဲ့ ချစ်သူကို မျှော်နေဟန် လေး ရယ် ချစ်သူ နှစ်ဦးရဲ့ သင်္ဂြိုလ်ရာ မီးပုံများ ဆီ မှ မီးခိုးငွေ့ လေးများပေါင်းဆုံသွားပုံ ကို မြင်ယောင်မိပါတော့တယ်။
ဒီနေရာမှာ အတွေးနယ်ချဲ့ရရင်တော့ ဒီ ဇာတ်လမ်းလေးဟာ ဖြစ်ရပ်မှန်လား ပုံပြင်လား တခြားနိုင်ငံ၏ ယဉ်ကျေးမှုကိုများ မှီငြမ်းခဲ့သလား ပေါ့။

ဖြစ်ရပ်မှန် သာဆိုရင်တော့ သန်လျင် ( ခ) တညင် မှာဇာတ်အိမ်တည်ထားခြင်း ငမိုးရိပ်မိချောင်း ခိုအောင်းရာ ချောင်းလက်တက် ကလေး ကို ငမိုးရိပ် ချောင်းဟုခေါ်တွင်နေခြင်း မင်းနန္ဒာ ရေကန် သက်သေရှိနေခြင်း ရှင်မွေ့နွန်း ဘုရား စေတီ ရှိနေခြင်း တို့ ကသက်သေတည်နေပါသည်။ သို့သော် မိချောင်းစီးလာခြင်း ကြိမ်နှင့် ရိုက်ခေါ်ပါက ရောက်လာခြင်း ငမိုးရိပ်၏ ပါးစပ်ထဲမင်းနန္ဒာအား ငုံ၍ မလက်တို မိချောင်းမနဲ့ တိုက်ခိုက်ခြင်း စသည့် ဒဏ္ဍာရီဖြစ်ရပ်များ က ဖြစ်ရပ်မှန်မှ သွေဖီသွားစေပြန်ပါသည်။

*ဤဇာတ်လမ်း ကဖြစ်ရပ်မှန်ပဲ ဖြစ်စေ ဒဏ္ဍာရီပဲဖြစ်စေ သေချာတာ တစ်ခုကတော့ ကျမတို့ မြန်မာတွေ စိတ်ကူး ယဉ်လွန်းသည်။ အံ့ဖွယ်သရဲ ဖြစ်စဉ်များ ကိုအသက်သွင်းလွန်းသည်။ သမိုင်းဝင် ဖြစ်ရပ်များ ကို ဒဏ္ဍာရီ နှင့် ရောထွေး လိုက်ခြင်းဖြင့် သမိုင်းစဉ်ကို ရှုပ်ထွေးစေသည်။ တနည်း တိကျခိုင်မာခြင်းကို လျော့ပါးသွားစေသည်။ အထောက်အထားကောင်းများကို ပျက်စီးစေသည်။ အဓိက ဖြစ်သော အချက်အလက်များထက် သာမညဖြစ်သော ဒဏ္ဍာရီများကို တပါးသူတို့ ထောက်ပြစရာဖြစ်နေသည် မဟုတ်ပါလား။

သမိုင်းဖြစ်ရပ်များကို ဒဏ္ဍာရီနှင့် ရောထွေးတတ်ခြင်း အလေ့အထ ကြောင့် မြန်မာတို့ သူ့ကျွန်ဘဝ သို့ ကျရောက်ခဲ့ချိန်တွင် ရှေးမင်း အဆက်ဆက် လက်ထက်ကတည်း ကပြုစုလာသော အထင်ကရ သမိုင်းမှတ်တမ်းများ ရှိနေပါလျက်နဲ့ နယ်ချဲ့တို့အလိုကျ မြန်မာတို့၏ သမိုင်း မှတ်တမ်းကို အထောက်အထား ပေတံနှင့် တိုင်း၍ ပြဌာန်းစာအုပ်များ ထဲတွင်ထည့်ကာ သင်ရိုးညွန်းတန်း ပြုခဲ့ ကြသည်။ဤသည် မှာ နယ်ချဲ့တို့ ၏ ကျွန်ပညာရေးဆိုသည်ပင်ဖြစ်သည်။ မြန်မာတွေ နာလိုခံခက် အမျက်ထွက်၍ မည်မျှ ခံပြင်းကြမည် ကိုတွေးကြည့်ကြပါကုန်လေ ။ငယ်စဉ်က သင်ကြားဖူးခဲ့သော ဆဌမတန်း မြန်မာ့ သမိုင်း စာအုပ်ပါ သင်ခန်းစာတစ်ခုမှ ကိုလိုနီခေတ် တွင် ကိုလိုနီ ပညာရေးကို ကျောင်းသားထုမှ သပိတ်မှောက်ခဲ့ကြသည်ဟု သင်ခဲ့ဖူးကြောင်း အမှတ်ရမိပါသည် ။ ထိုစဉ်က စဉ်းစားမိသည်မှာ မည်သို့သော ပညာရေး မျိုးမို့ ဤမျှမခံမရပ်နိုင် ဖြစ်ကြသနည်း။ အင်္ဂလိပ်အုပ်ချုပ်ရေး မို့ အင်္ဂလိပ်စာ အတွက် တော့အကျိုး ရှိမည် ထင်ပါသည်။ ဝိတိုရိယ ဘုရင်မကြီး၏ ဘုန်းတော်ဖွဲ့တွေများ သင်နေရလို့ပေလား ။ ဒါကတော့ မကောင်းပြီ ပဲ။ ဒီနိုင်ငံမှာ လေ့လာစရာ သမိုင်းကြောင်းတွေများ ဒုနဲ့ဒေး ။ မြန်မာတို့ ၏ ပညာရေးကို မည်သို့ စွက်ဖက်၍ မည်သည့် သမိုင်းအထောက်အထားကို ကိုလိုနီနယ် ချဲ့ တို့ စိတ်တိုင်းကျ မည်မျှ ပြုပြင်ခဲ့ သနည်း။ ဆိုလျှင် လက်လှမ်းမီသလောက် လေ့လာ မိသည်မှာ

(၁) ။တကောင်းရာဇဝင်ကိုပယ်၍ ပုဂံမင်းဆက်မှ စ၍ အတည်ပြုခြင်း
(၂)။မြန်မာအစ ကျောက်ဆည် က ဟု ပြုပြင် ၍ မြန်မာ့ တို့ ၏သမိုင်းကြောင်း ခိုင်မာမှု နှစ်ကာလကို လျော့ချခြင်း
(၃)။ အလောင်းမင်းတရား၏ ကုန်းဘောင်မင်းဆက်ကို ရေးသားရာတွင် နှစ်ပေါင်း ၁၅၀ အတွင်း နန်းလုပွဲ လူသတ်ပွဲ မတရားနှိပ်စက်မှု များဖြင့် သွေးချောင်းစီး နေခဲ့ဟန် ဖန်တီး ရေးသားခဲ့ ခြင်း
(၄)။ မြန်မာ ဘုရင်များ၏ပုံရိပ်ကို ခမ်းနားထည်ဝါ မှုမရှိပဲ အာဏာ တည်မြဲရေး နှင့် အပျော်အပါး များတွင်သာ သာယာနေပုံ မှတ်တမ်း တင်မှုများကြောင့် နှောင်းလူတို့ စိတ်ထဲ တွင် မိမိ ဘုရင် များအပေါ် အထင်အမြင်သေးစိတ်များ ဝင်လာအောင်ဖန်တီးထားခြင်း
(၅)။ ဗမာ ဟူသောလူမျိုးကို သီးခြားခွဲခြားလိုက်ခြင်းအားဖြင့် တကောင်းမှ အစပြု လိုက်သော ပြည်ထောင်စု သားတို့ ၏ မူလဗီဇ ကို ဖျောက်ဖျက်ရန် ကြံစည်ခြင်း
ဟူ၍ ကျမ ဥာဏ်မီ သလောက် သုံးသပ်မိပါသည်။

မည်သို့ ကြောင့် ဤလုပ်ရပ်များ ကိုကျုးလွန်ခဲ့ ရပါသနည်းဟုအမေး ရှိလာသော်
-အုပ်ချုပ်ခံ ပြည်သူပြည်သား များ၏ စိတ်ဓါတ် ပျက်ပြားစေလို၍
-အစဉ်အလာကြီးမားခဲ့သော ဇာတိသွေး ဇာတိမာန် ချိုးနှိမ်လို၍
-မြန်မာတို့၏ အစဉ်အမြဲ အညွန့် တလူလူ ရှိနေသော မျိုးချစ်စိတ်ကို နှိပ်ကွပ်လို၍
-နယ်မြေအတွင်းအတူတကွ မှီတင်းနေထိုင် ခဲ့ကြသော မျိုးနွယ်စုတူ သွေးချင်း များ သွေးကွဲ ၍ ညီညွတ်မှုကို ဖော်ဆောင်မရ နိုင် ခြင်းကို အလိုရှိနေ၍
- နယ်ချဲ့၏ ဓလေ့ ထုံးစံများတွင် သာယာနေပြီး တော်လှန်တိုက်ခိုက်လိုစိတ်များ ပျောက်ကွယ်နေစေလို၍
ဟူသော အချက်များ ထွက်လာပါ သည်။

ထို့ပြင် နယ်ချဲ့အင်္ဂလိပ်တို့ စွတ်စွဲ ထားသလို ဦးကုလား ၏ရာဇဝင်တော်ကြီးနှင့် မှန်နန်း ရာဇဝင်တော်ကြီးတို့သည် မင်းလိုလိုက် မင်းကြိုက်ဆောင် ၍ ရေးသားထားသော ဘုန်းတော်ဖွဲ့ သီးသန့် မဟုတ်ပါ။ ဘဝရှင် မင်းတရားများကိုဆုံးမထားသော ဆုံးမစာ များသာဖြစ်ပါသည်။ထို့ပြင် မြန်မာ့ သမိုင်း အထောက်အထား ကိုမြန်မာ့ မြေပေါ်မှ ရှာဖွေ အတည်ပြု ရမည့် အစား ခေတ်ပြိုင် တရုတ်မှတ်တမ်း ၊အိန္ဒိယမှတ်တမ်း၊ယိုးဒယားမှတ်တမ်း၊ဥရောပတိုက်သားတို့၏ မှတ်တမ်း များနှင့် တိုက်ဆိုင်စေခြင်း ထိုမှတ်တမ်း များသည် တဆင့် စကားပဲဖြစ်စေကာမူ ကိုက်ညီခြင်းမရှိပါက မြန်မာ့ အယူကိုတချက်တည်းနှင်ပစ်ပယ်ခြင်း စသည်ဖြင့် လိုသလိုဖန်တီးခဲ့ကြပါသည်။

နယ်ချဲ့အင်္ဂလိပ်တို့သည် မြန်မာ့မြေကို နယ်ချဲ့ ရန်အကြံအစည် ရှိပြီးဖြစ်၍ မြန်မာတို့၏စိတ်ဓါတ်၊ အမူအကျင့်၊ နောက်ခံသမိုင်းကြောင်း၊ ဗီဇ အစဉ်အလာ ၊သတ္တိနှင့် စွမ်းရည် ၊ လူမျိုးရေး ပဋိပက္ခ စသဖြင့် အားနည်းချက် ၊အားသာချက်များကို ရှေးဦး မဆွ ကပင် လေ့လာ ပြီးဖြစ်လေသည်။ထို့ကြောင့် အားနည်းချက် ကိုဆုပ်ကိုင်၍ အားသာချက်ကို ဖိနှိပ် ခြင်း ဖြင့် ထိရောက်သော စိတ်ဓါတ် စစ်ဆင်ရေးကို အသုံးချပြီး နည်းလမ်း မျိုးစုံ ဖြင့် အညွန့်ချိုး ဖိနှိပ် အုပ်ချုပ်ခဲ့လေသည်။ ဤသို့ သောနည်းလမ်းများတွင် သမိုင်းဖြစ်ရပ် မှန်ကို ပြုပြင်၍ ဇာတိဂုဏ်မှေးမှိန် စေခြင်းသည်လည်း တစ်ခုအပါ အဝင် ဖြစ်လေသည်။

နယ်ချဲ့ သမိုင်းရေးဆရာများ ၏ ရည်ရွယ်ချက်ရှိရှိ သမိုင်းပြင်ဆင် မှု များသည် ယနေ့တိုင် အငြင်းပွားဆဲ ပြဿနာ တရပ်အဖြစ် သန္ဓေတည် လျက်ရှိနေပါသည်။ အထင်ကရ မြန်မာ့သမိုင်းရေး ဆရာ များမှလည်း မြန်မာ အစမြန်မာ က ဟူသော ယူဆချက် ကို အသက်သွင်း ရန် အပင်ပမ်း ခံ၍ အားထုတ်လျက်ရှိပါသည်။ ဖြစ်ရပ်မှန်များ ကို ဒဏ္ဍာရီ အံ့ဖွယ်သရဲ များနှင့် ရောထွေး၍ ပစပ်ရာဇဝင် ပုံစံမှတ်တမ်း တင်ပြီး အိပ်ယာဝင်ပုံပြင် သဏ္ဍာန် လက်ဆင့်ကမ်း တတ်သော မြန်မာ တို့၏ အလေ့ကို သိရှိနားလည်သော နယ်ချဲ့တို့ မျိုးစေ့ချခဲ့သော အဆိပ်ပင် ကို ရေလောင်း ပေါင်းသင်ပေး ၍အသက်သွင်းနေသော သူများ ယနေ့တိုင် ရှိနေဆဲ ဆိုတာ လူအများ သိရှိပြီးဖြစ်လေသည်။

***ယနေ့တွင်ကြုံတွေ့နေရသော နယ်မြေ အငြင်းပွားမှုများ လူမျိုးစု အငြင်းပွားမှုများ နိုင်ငံသားအငြင်းပွားမှုများမှာ ရာပြည့်သက်တမ်း မတိုင်သေးသော လွပ်လပ်ရေး အတွက်အဖျက်အငြောက် သဖွယ် နယ်ချဲ့တို့ ချန်ထားခဲ့သော လက်ကိုင်တုတ် လက်ပါးစေတို့ ၏ အကွက်ချ လုပ်ကြံမှုပင်ဖြစ်ပေသည်မဟုတ်ပါလား***
(၉၊၂၊၂၀၁၃)

Credit To သျှင်လေညင်း--
Read More »

သန်း ၆၀ နှင့် ဘာသာရေး ပလက်ဖောင်း

 (ပေါ်လင်းဦး)

ယခုဆောင်းပါး ရေးရသည်မှာ ဘာသာရေးကို တို့ထိရသဖြင့် အမှန်ပင် လက်တွန့်ချင်စရာ ကောင်းလှ၏။ လက်လည်း တွန့်ပါ၏။ သို့သော် တင်ပြသင့်သော အမြင်တစ်ခုဟု ရိုးရိုးသားသား ယုံကြည်သောကြောင့် ရေးဖြစ်ခြင်းဖြစ်သည်။ သို့ဖြစ်ရာ စာရေးသူ၏ အမြင်သက်သက်ကို တင်ပြ ခြင်းသာ၍ စာရေးသူနှင့် တိုက်ဆိုင်သူလည်း ရှိနိုင်သလို၊ မတိုက်ဆိုင်သူ လည်းရှိနိုင်သည်ကို ကြိုတင်မျှော် လင့်ထားကြောင်း ဦးစွာဖော်ပြအပ်ပါသည်။

ယနေ့ မြန်မာပြည်၏ ကံကြမ္မာ အနိမ့်၊ အမြင့်ကို ဗေဒင်သာမေးချင် တော့သည်။ တစ်ပူမပြီးသေး...။ နောက်တစ်ပူက အသင့်။ ကံပင် နိမ့်နေသည် လော။ စိုးရိမ်စရာ ကောင်းလာ၏။ စိတ်ပူစရာ ကောင်းလာ၏။ တစ်ဦး တစ်ယောက် သို့မဟုတ် တစ်ဖွဲ့ဖွဲ့က ရည်ရွယ်ချက်ရှိရှိ လုပ်နေသလားဟုပင် တွေးချင်စရာ။

နောက်ပြန်လှိုင်း ... နောက်ပြန်လှိုင်း အကြောင်းကို စာရေးသူတို့ ပြောကြသည်။ တွင် တွင် ပြောကြသည်။ အလားတူ စိုးရိမ်ကြသည်။ ကြောက်ကြ သည်။ စစ်အစိုးရ..စစ်အုပ်ချုပ်ရေး ..။ စာရေးသူတို့ ကြုံခဲ့ဖူးသည်။ တွေ့ခဲ့ဖူး သည်။ တိုင်းပြည် တိုးတက်ရေး အတွက် စစ်အုပ်ချုပ် ရေးဖြင့် မဖြစ်နိုင်သည်ကို စာရေးသူတို့ စာတွေ့မဟုတ်။ လက်တွေ့အသိဖြင့် သိခဲ့ပြီးပြီ။ ထို့ကြောင့်
စစ်အုပ်ချုပ်ရေးသို့ ပြန်မသွားလိုသည်မှာ သဘာဝကျသည်။ စစ်အုပ်ချုပ်ရေး ဟူသည် တည်ငြိမ်မှုကို ဦးစားပေးသော အုပ်ချုပ်မှုပုံစံဖြစ်ရာ နိုင်ငံဖွံ့ဖြိုးရေး ကိစ္စများ နှောင့်နှေးဖင့်နွှဲ့ရသည်မှာ သီအိုရီပင်ဖြစ်၏။

သို့သော် ယနေ့ အခြေအနေ အရပ်ရပ်အရ ဆိုရလျှင်...။ နောက်တစ်ဖန် စစ်အုပ်ချုပ်ရေးသို့ တွန်းပို့နိုင်သည့် ပြဿနာများ တစ်ခုပြီးတစ်ခု ပေါ်လာချေ၏။ ဆက်တိုက်ဆိုသလို ဖြစ်လာ၏။ ယင်းတို့အနက် အစိုးရိမ်ရဆုံးမှာ ဘာသာရေး မီးစပင်ဖြစ်သည်။ ကျန်သော ပြဿနာတို့ကား အတိုင်း အတာတစ်ခု အထိ ထိန်းသိမ်းနိုင်သေး၏။ သို့သော်လည်း ဘာသာရေးမီးစ ကား ထိုသို့မဟုတ်။ လောင်မိလျှင် ဆက်တိုက် လောင်တတ်၏။ ကူးစက်ရန်လည်း လွယ်ကူသော ပင်ကိုယ်သတ္တိရှိ၏။ သို့ဖြစ်ရာ မိတ္ထီလာအရေး ကဲ့သို့သော ဘာသာရေးပဋိပက္ခများမှာ ယနေ့ သန်း ၆၀ ၏ ရှေ့ရေးကို ကြီးမားစွာ ခြိမ်းခြောက်လျက် ရှိပေသည်။ စစ်အုပ်ချုပ်ရေးကို နောက်တစ်ကြိမ် လက်ယပ် ခေါ်နေသကဲ့သို့ ရှိနေသည်။သို့ဖြစ်ရာ နိုင်ငံတည်ငြိမ်မှုကို မလိုလားသော သူတို့အနေဖြင့် အလွယ်တကူ အတို့အရှို့ လုပ်နိုင်သော အပေါက်ကား ယင်းအပေါက်ပင် ဖြစ်နေတော့သည်။

မြန်မာနိုင်ငံသည် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ စုစည်း နေထိုင် သောနိုင်ငံဖြစ်၏။ အသေးစိတ် ဆိုရလျှင် လူမျိုးပေါင်း ၁၃၅ မျိုး စုပေါင်း နေထိုင်သလို.. ကိုးကွယ်မှုဘာသာပေါင်း လေးမျိုး စုစည်းနေထိုင်ကြခြင်းလည်း ဖြစ်သည်။ ဤသည်မှာ ပေးထားချက်ဖြစ်သည်။ မြန်မာပြည်၏ ပေးထား ချက်ဖြစ်သည်။

နိုင်ငံရေး ပြဿနာ အရပ်ရပ်ကို ချဉ်းကပ်ရာတွင် ပေးထားချက်များကို ကျော်ခွစဉ်းစား၍မရ။ ပြည့်ပြည့်စုံစုံ ထည့်သွင်းစဉ်းစားရန် လိုသည်။ သို့ဖြစ်ရာ ပြည်ထောင်စုစစ်စစ် နိုင်ငံတစ်ခုဖြစ်နိုင်ရန် အတွက် ၁၃၅ မျိုးစလုံး ကြည်ဖြူ လက်ခံသော နိုင်ငံရေးပလက်ဖောင်း တစ်ခု လိုသလို၊ ကိုးကွယ်မှု လေးမျိုးစလုံး ကြည်ဖြူစွာ ယှဉ်တွဲနေနိုင်သော ဘာသာရေးပလက်ဖောင်း တစ်ခု လည်းလိုသည်။
စာရေးသူတို့သည် ကိုးကွယ်မှုနှင့် ပတ်သတ်လျှင် “သူမှားသည် ၊ ကိုယ်မှန်သည်” ဟု အခြေခံအားဖြင့် ချဉ်းကပ်လေ့ ရှိကြသည်။ ယင်းကား မည်သည့် ဘာသာဝင်မဆို ချဉ်းကပ်လေ့ရှိသော ပုံစံ ဖြစ်သည်။ လူ့သဘောအရ သဘာဝလည်းကျပါသည်။ သို့သော် ယင်းချဉ်းကပ်မှု ပုံစံသည် အခန့် မသင့်လျှင် မှားသူနှင့် မှန်သူမှာ ရန်ဖက်၊ ရန်သူအဖြစ် ရှုမြင်သွားစေနိုင်သည့် လမ်းကြောင်းအထိ တွန်းပို့နိုင်ပါသည်။ ယနေ့မြန်မာနိုင်ငံ တွင်လည်း ဘာသာရေးနှင့် ပတ်သက်၍ ဗုဒ္ဓဘာသာပင်ဖြစ်စေ ၊ အစ္စလာမ်ပင်ဖြစ်စေ၊ ဟိန္ဒူပင်ဖြစ်စေ၊ ခရစ်ယာန်ပင်ဖြစ်စေ ယင်းပုံစံဖြင့်သာ ချဉ်းကပ်နေကြခြင်း ဖြစ်ပါသည်။ ငါနှင့်မတူ ၊ ငါ့ရန်သူ ဆိုသော သဘောတရားနှင့် အတူတူပင် ဖြစ်သည်။

ဤစာစု အနေဖြင့်မူ အရိုးစွဲနေသော ယင်းချဉ်းကပ်မှုပုံစံ နေရာတွင် လွတ်လပ်စွာ ကိုးကွယ် ယုံကြည်မှုကို မထိပါးသော ၊ ကိုးကွယ်မှု မတူသူ များအကြား ကြည်ဖြူစွာ အတူလက်တွဲ နေထိုင်နိုင်မှုကို အထောက်အကူ ဖြစ်စေသော သာသာရေးအမြင် ပလက်ဖောင်းအသစ် တစ်ခုကို အစားထိုး နိုင်ရန် ရည်ရွယ်လိုခြင်းဖြစ်သည်။

စာရေးသူ အနေဖြင့် တင်ပြရလျှင် လူတို့သည် ကိုးကွယ်မှုနှင့် ပတ်သတ်လျှင် “သူမှားသည် ၊ ကိုယ်မှန်သည်” ဟု အများအားဖြင့် ချဉ်းကပ် လေ့ရှိသော်လည်း စေ့စေ့ပေါက်ပေါက် လေ့လာလျှင် ယင်းအမြင်မှာ လွန်စွာ အခြေမခိုင်လှသည် ကိုလည်း တွေ့ရသည်။ အကယ်၍ သင်သည် ခရစ်ယာန် မိဘနှစ်ပါးမှ မွေးခဲ့သော် ယနေ့ကိုးကွယ်နေသော ဘာသာမှာ ခရစ်ယာန် ဖြစ်ရန် ၉၉ ရာနှုန်း သေချာမည်ဖြစ်ပြီး ကျန်ဘာသာ တရားများကို မှားသည် ဟုယုံကြည်သူ ဖြစ်လိမ့်မည်။ အကယ်၍ သင်သည် ဗုဒ္ဓဘာသာဝင် မိဘနှစ်ပါး မှ မွေးခဲ့သော် ယနေ့ကိုးကွယ်နေသော ဘာသာမှာ ဗုဒ္ဓဘာသာ ဖြစ်ရန် ၉၉ ရာနှုန်း သေချာမည်ဖြစ်ပြီး ကျန်ဘာသာတရားများကို မှားသည်ဟု ယုံကြည်သူ ဖြစ်လိမ့်မည်။ အကယ်၍ သင်သည် အစ္စလာမ် မိဘနှစ်ပါးမှ မွေးခဲ့သော် ယနေ့ကိုးကွယ်နေသော ဘာသာမှာ အစ္စလာမ်ဘာသာဝင် ဖြစ်ရန် ၉၉ ရာနှုန်း သေချာမည်ဖြစ်ပြီး ကျန်ဘာသာတရား များကို မှားသည်ဟု ယုံကြည်သူ ဖြစ်လိမ့်မည်။

မိမိ၏ ယုံကြည်မှုသည် မိမိအကြောင်းနှင့် မိမိဖြစ်လာသကဲ့သို့ ၊ အခြားသော သူတို့၏ ယုံကြည်မှုသည်လည်း သူ့အကြောင်းနှင့် သူဖြစ်လာခြင်းသာ ဖြစ်သည်။ ထိုထက် ပွင့်ပွင့်လင်းလင်း ဆိုရသော် ယုံကြည်ကိုးကွယ်မှု ဟူသည်မှာ အများစုအတွက် မိမိရွေးချယ်မှု မဟုတ်ရဘဲ ၊ ကြမ္မာရဟတ် ဆေးစက်ကျရာ အရုပ်လိုက် ထင်နေရခြင်းသာဖြစ်သည်။ မိမိဘာသာ တရားကို ဖွံ့ဖြိုးစည်ပင်အောင် ဆောင်ရွက်ခြင်းမှာ မှန်ကန်သင့်မြတ်၏။ သို့သော် အခြားဘာသာတရား များကို ရှုတ်ချပုတ်ခတ်ခြင်းမှာ အလျှင်း မလုပ်သင့်သော ကိစ္စဖြစ်ပေသည်။ သူ့ဂုဏ်နှိမ့်မှ ၊ ကိုယ့်ဂုဏ် မြင့်လာမည်ဟု မှတ်ယူခြင်းမှာ အမှန်မပြည့်ဝခြင်းပင်။

ဤတွင် စာရေးသူ သဘောကျသည့် My Name is Khan ဘောလိဝုဒ် ရုပ်ရှင်ကားကို ကိုးကားချင်ပါသည်။ စာရေးသူသည် ဗုဒ္ဓဘာသာဝင်တစ်ဦး ဖြစ်သော်လည်း ဤရုပ်ရှင်မှ ပေးချင်သည့် မက်ဆေ့ခ်ျကို စာရေးသူ သဘောကျသည်။ သဘောတူသည်။ အမှန်မှာမူ မည်သည့် ဘာသာဝင် အုပ်စုတွင် မဆို လူကောင်းရှိသလို ၊ လူဆိုးလည်းရှိသည်။ စိတ်ဓာတ်ရေးရာ အဆင့် အတန်းရှိသူ ရှိသလို၊ အောက်တန်းကျသူလည်း ရှိသည်။ ငြိမ်းချမ်းစွာ ကိုယ့်မိသားစုနှင့် အေးအေးချမ်းချမ်း နေချင်သူရှိသလို ၊ တို့မီး ရှို့မီးတို့ကို ဝါသနာ ပါသူတွေလည်း ရှိသည်။ အတ္ဘပရ မျှတသူများရှိသလို၊ လောဘဇောသမား များလည်းရှိသည်။ ဆင်ခြင်တုံတရားပြည့်ဝသူများရှိသလို အဆင်ခြင်မဲ့ သူများလည်းရှိသည်။ သို့ဖြစ်ရာ ဗုဒ္ဓဘာသာဝင်များထဲတွင်လည်း ကောင်းသူ နှင့် ဆိုးသူဟူ၍ရှိသလို ၊ အစ္စလာမ်များတွင်လည်း ကောင်းသူနှင့် ဆိုးသူဟူ၍ ရှိသည်ကို လက်ခံရမည်။ ၄င်းသည် အရှိတရားပင်ဖြစ်သည်။ ဟိန္ဒူ ကိုးကွယ်သူ များထဲတွင်လည်း လူကောင်းနှင့် လူဆိုးရှိနိုင်သလို ၊ ခရစ်ယာန်များ ထဲတွင် လည်း အလားတူရှိနိုင်သည်မှာ သဘာဝကျသလို အမှန်တကယ်လည်း ဟုတ်ပေသည်။

ဤချဉ်းကပ်မှု ပုံစံသည် “သူမှားသည် ၊ ကိုယ်မှန်သည်” ဟု သူ့ဘက် ၊ ကိုယ့်ဘက် ခွဲခြား စဉ်းစားခြင်းမဟုတ်ပေ။ မိမိတစ်ဖက်တည်းကို “လူကောင်း၊ လူဆိုး” ခွဲခြားစဉ်းစားခြင်းနည်း ဖြစ်သည်။ ဘာသာရေး အုပ်စုတိုင်းတွင် ကောင်းသူရော၊ ဆိုးနေသူရော ရှိနေသည်မှာ လက်တွေ့အမှန် တရားလည်း ဖြစ်သည်။ လူ့အဖွဲ့အစည်းတွင် မည်သည့် ဘာသာဝင်ပင်ဖြစ်စေ ကောင်းသူ များ အချင်းချင်းပူးပေါင်း မနေနိုင်စရာ အကြောင်းမရှိ။ မည်သည့် ဘာသာဝင် ပင်ဖြစ်စေ အေးအေး ချမ်းချမ်း နေလိုသော သူများအချင်းချင်း အတူယှဉ်တွဲ မနေနိုင်စရာ အကြောင်းမရှိ။ မည်သည့် ဘာသာဝင်ပင်ဖြစ်စေ မျှတသူများ အချင်းချင်း အတူယှဉ်တွဲ မနေနိုင်စရာ အကြောင်းမရှိ။ မည်သည့် ဘာသာဝင် ပင်ဖြစ်စေ သမာသမတ်ကျသူများကို မကြည်ဖြူနိုင်စရာ အကြောင်းမရှိ။ မည်သည့် ဘာသာဝင်ပင်ဖြစ်စေ ရက်ရောပေးကမ်းသူများကို မလိုလား နိုင်စရာ အကြောင်းမရှိ။ မည်သည့်ဘာသာဝင် ပင်ဖြစ်စေ စိတ်နှလုံး မြင့်မြတ်သူများကို မလေးစားနိုင်စရာ အကြောင်းမရှိပေ။

သို့သော် အကြောင်းရှိသည်ကား။ မည်သည့် ဘာသာဝင်ပင်ဖြစ်စေ တို့မီး၊ ရှို့မီး လုပ်တတ်သော သူများကို အလိုမရှိ။ မည်သည့် ဘာသာဝင်ပင် ဖြစ်စေ ဆင်ခြင်တုံတရား မဲ့သူများကို အလိုမရှိ။ မည်သည့် ဘာသာဝင်ပင် ဖြစ်စေ ဖျံကျတတ်သော သူများကို အလိုမရှိ။မည်သည့် ဘာသာ ဝင်ပင်ဖြစ်စေ ကတုံးပေါ်ထိပ်ကွက် လုပ်တတ်သောသူများကို အလိုမရှိ။ မည်သည့် ဘာသာဝင်ပင်ဖြစ်စေ အောက်တန်းစား စရိုက် ရှိသူများကို အလိုမရှိ မည်သည့် ဘာသာဝင်ပင်ဖြစ်စေ ဘနဖူး သိုက်တူးသူများကို အလိုမရှိ။ မည်သည့် ဘာသာဝင်ဖြစ်စေ ကောက်ကျစ်သောသူများ ယုတ်မာတတ်သော သူများ၊ မရိုးဖြောင့်သူများ၊ လူ့အသိုင်းအဝိုင်းအတွက် အဆိပ်အတောက် ဖြစ်စေနိုင်သော သူများကို အလိုမရှိပေ။

ထိုလက်တစ်ဆုပ်စာ အဆင်ခြင်မဲ့သူ များကြောင့် ငြိမ်းချမ်းစွာ နေထိုင်လိုသူတို့ အနှောင့်အယှက်ဖြစ်ရသည်။ လက်တစ်ဆုပ်စာ အဆင်ခြင်မဲ့သူ များကြောင့် သင့်မြတ်စွာ အတူနေလို သူတို့ စိတ်သောကဖြစ်ရသည်။ လက်တစ်ဆုပ်စာ အဆင်ခြင်မဲ့သူ များကြောင့် ဘာသာတစ်ခုနှင့် တစ်ခု အကြား ပယောဂဝင်ရသည်။ လက်တစ်ဆုပ်စာ အဆင်ခြင်မဲ့သူများကြောင့် လူမျိုးတစ်မျိုးနှင့် တစ်မျိုးအကြား နားလည်မှုတို့ ကွဲလွဲရသည်။ အနည်းငယ်သော လက်တစ်ဆုပ်စာကြောင့် သင့်မြတ် စွာ နေနိုင်သူများ အိုးမဲ့အိမ့်မဲ့ ဖြစ်ရသည်။ ကျီးလန့်စာစားဖြစ်ကြရသည်။ တောပြေး တောင်ပြေး ပြေးကြရသည်။ ဟိုပုန်း ဒီခို နေကြရသည်။ သေသူ သေရသည်။ ကြေသူ ကြေရသည်။
ထို့ကြောင့် ပြဿနာ တစ်ရပ်အား ချဉ်းကပ်ရာတွင် "ဘယ်ဘာသာဝင်တွေကြောင့်" ဟု လက်ညှိုးမထိုးစေလိုဘဲ "ဘယ်လိုသူတွေကြောင့်" ဟုသာ ရှုမြင်စေချင်ပါသည်။ တစ်ဆက်တည်း တင်ပြရလျှင် "အစွန်းရောက် မျိုးချစ်စိတ်သည် ဒီမိုကရေစီ၏ ထောင်ချောက်ဖြစ်သည်" ဆိုသော စကားကို သန်း ၆၀ တို့ သတိပြုစေချင်သည်။

နိဂုံချုပ်အားဖြင့် တင်ပြရလျှင် ယနေ့ကြုံတွေ့နေရသော ပြဿနာ အရပ်ရပ်တွင် ဘာသာရေး ပဋိပက္ခသည် အန္တရာယ် အကြီးဆုံးမီးစ ဖြစ်သည် ဟု ဆိုချင်ပါသည်။ ဒီမိုကရေစီခရီးအတွက် အချိန်မရွေး ပေါက်ကွဲနိုင်သော ဗုံးတစ်လုံးနှင့် အလွန်တူသည်။ ပေါက်ကွဲလျှင်လည်း လောင်ကျွမ်းလွယ်သလို၊ ကူးစက်မှုလည်း မြန်နိုင်သည်ဖြစ်ရာ ယင်းမီစ ကို သပ်သပ်ရပ်ရပ် ထိန်းသိမ်းနိုင်ရန် မဟာဗျူဟာ တစ်ခုကို မဖြစ်မနေ စဉ်းစားဖော် ထုတ်ရန်လိုပါသည်။ ထို့ကြောင့် စာရေးသူအနေဖြင့် ယင်းအတွက် အထောက်အပံ့တစ်ခု ဖြစ်စေရန် အလို့ငှာ ရည်စူး၍ ဤအယူအဆကို ဘာသာရေးပလက်ဖောင်း တစ်ခုအဖြစ် တင်ပြရခြင်း ဖြစ်ပါသည်။ အကယ်၍ ယင်းပလက်ဖောင်းသာ လူတိုင်း လျှောက်နိုင်လောက်အောင် ဖွံ့ဖြိုးလာပါက ကိုးကွယ်မှု မတူသူများပင် ဖြစ်လင့်ကစား ငြိမ်းချမ်းစွာနေလိုသူများ အကြားနားလည်မှု တစ်စုံတစ်ရာ ဖွံ့ဖြိုး လာနိုင်မည် ဖြစ်ပါကြောင်း။
Credit To The Voice Weekly 
Read More »

သမ္မတကြီးမွဲတေနေသည် (သို့မဟုတ်) José Mujica

     ကမ္ဘာပေါ်က အလှူအတန်းများအကြောင်းကို တစ်ခါတစ်ခါတွေးနေမိပါတယ်။ ကွမ်းဝယ်ရာကအအမ်းပြန်ရတဲ့ အကြွေတစ်ရာကို လမ်းပေါ်ထိုင်နေတဲ့ အဘွားအိုဆီ လှူလိုက်တယ်။ ဒါက သေးသေးမွှားမွှား။ သူငယ်ချင်းအယောက်သုံးလေးဆယ်စုပြီး စားနပ်ရိက္ခာနဲ့ဆေးဝါးအချို့ကို ဒုက္ခသည်တွေဆီလှူလိုက်တယ်။ ဒါက တစ်ပိုင်တစ်နိုင်။ သိန်းပေါင်းများစွာကို မည်သည့်လုပ်ငန်းစုကြီးမှ မည်သည့်အဖွဲ့အစည်းထံ အလှူငွေပေးအပ်လှူဒါန်းပွဲအခမ်းအနားဆိုပြီး အခမ်းအနားကြီးတစ်ခုကျင်းပလို့ လှူလိုက်တယ်။ ဒါက ကြီးကြီးကျယ်ကျယ်။ ရှိစေတော့။ ဘယ်လိုလှူပုံတန်းပုံမျိုးဖြစ်ဖြစ် လက်ကမ်းသူရော၊ လက်ခံသူရော၊ မြင်ရကြားရသူရော သုံးဦးသုံးဖက်စိတ်ကြည်နူးစရာကောင်းလှတဲ့ လုပ်ရပ်တွေပါပဲ။ ထောင်မြင် ရာစွန့်သော အလှူများက လွဲလို့၊ ညောင်ပင်ကြီးရချင်လို့ ညောင်စေ့လေးပျိုးသော အလှူများက လွဲလို့၊ ငါးစိမ်းကိုမြင်လို့ ငါးကင်ပစ်သော အလှူများက လွဲလို့၊ ပွဲလန့်တုန်း ဖျာဝင်ခင်းသော အလှူများက လွဲလို့ပေါ့။ ဒါပေမယ့် ကျွန်တော်တို့ခင်ဗျားတို့ ပေးကမ်းလိုက်သော အရာများဟာ ကိုယ့်ပိုင်ဆိုင်မှု၊ ကိုယ့်ဝေစုထဲက အစိတ်အပိုင်းသေးသေးကလေးတချို့ပါ။ ဘယ်သူကများ "ငါ့မှာတစ်သောင်းရှိတယ်။ ရော့ နင်ငါးထောင်၊ ငါငါးထောင်လို့"လမ်းဘေးက ကလေးငယ်ကို ပေးမှာလဲ။ ဘယ်သူကများ "ကျွန်တော့်မှာ ကားသုံးစီးရှိတယ်။ ခင်ဗျားတို့ နှစ်စီးယူလိုက်"လို့ ပေးမှာလဲ။ ကိုယ့်ဝေစုထဲက၊ ကိုယ့်ရပိုင်ခွင့်ထဲက တစ်ဝက်ကျော်ကျော်(သို့မဟုတ်)အားလုံးနီးနီးကို ပေးလှူလိုက်သူတွေရှိပင်ရှိသော်ငြား ဒီလိုလူတွေကို ကျွန်တော်တို့ လက်ချိုးရေတွက်နိုင်တယ်မဟုတ်လား။ ဒီလိုလူနည်းစုထဲမှာမှ နိုင်ငံတော်အကြီးအကဲတစ်ယောက်လည်း ပါဝင်နေတာကဖြင့် ထူးဆန်းမှုတစ်ခုလို့ ခံစားမိတာပါပဲ။ ပေးသူထက် ယူသူတွေများသော ဟောဒီကမ္ဘာကြီးပေါ်မှာလေ။

    ငယ်စဉ်က နွမ်းပါးနုံချာသောဘ၀၊ အရွယ်ရောက်လာတော့ တော်လှန်ရေးပြောက်ကျားရဲဘော်ဘ၀၊ သည့်နောက် အကျဉ်းစံဘ၀၊ သည့်နောက် အထက်လွှတ်တော်အမတ်ဘ၀၊ ၀န်ကြီးဘ၀တို့ကနေ နောက်ဆုံး သမ္မတကြီးဘ၀အထိ တက်လှမ်းလာခဲ့သူပါ။ ကမ္ဘာ့အဆင်းရဲဆုံးသမ္မတကြီးလို့ အားလုံးကချစ်စနိုးနဲ့ ခေါ်ဝေါ်ကြပါတယ်။ သူကတော့ ဥရုဂွေးနိုင်ငံသမ္မတကြီး José Mujica ပါ။ စပိန်ဘာသာစကားအရ ဇို(ရှို)ဆေးမူဇီ(ရှီ)ကာလို့ အသံထွက်ရတဲ့ သူ့ကို ၁၉၃၅ခုနှစ်၊ မေလ ၂၀ရက်နေ့မှာ စပိန်နွယ်ဖွားဖခင် Demetrio Mujica နဲ့ အီတာလျံနွယ်ဖွားမိခင် Lucy Cordano တို့ကနေ မွေးဖွားခဲ့ပါတယ်။ အသက်(၅)နှစ်အရွယ်မှာ ဖတဆိုးဖြစ်ခဲ့ရတဲ့ မူဇီကာလေးဟာ မိခင်နဲ့အတူ ဘ၀ကို ပင်ပန်းဆင်းရဲစွာဖြတ်သန်းခဲ့ရပါတယ်။ စပျစ်ခြံသေးသေးလေးကို ပြုစုပျိုးထောင်နေရင်းနဲ့ နိုင်ငံရဲ့အရေးအပေါ် စိတ်ဝင်စားလာခဲ့ပါတယ်။ ၁၉၆၀ပြည့်နှစ်ဝန်းကျင်မှာ ဆင်းရဲတဲ့ကြံခင်းအလုပ်သမားများနဲ့
ကျောင်းသားလူငယ်များ အစပြုခဲ့ကြတဲ့ Tupamaros ဆိုတဲ့တော်လှန်ရေးကြီးတစ်ရပ် အသက်ဝင်လာပါတယ်။ ၁၉၇၁ခုနှစ်မှာတော့ မူဇီကာဟာ တော်လှန်ရေးခေါင်းဆောင်တစ်ဦးအဖြစ် အခြားရဲဘော်တွေနဲ့အတူ အဖမ်းဆီးခံခဲ့ရပါတယ်။ သူဟာ နိုင်ငံတော်အဆင့်အရေးကြီးအကျဉ်းသားအဖြစ် ၁၄နှစ်ကျော်ထောင်နန်းစံပြီးချိန် ၁၉၈၅ခုနှစ်မှာတော့ ဥရုဂွေးနိုင်ငံဟာ ဒီမိုကရေစီလမ်းကိုလျှောက်တဲ့ နိုင်ငံတစ်ခုဖြစ်လာပါတော့တယ်။ ဒီအချိန်ထိ မူဇီကာဟာ ဘ၀ကြမ်းကြမ်းနိုင်ငံရေးသမားတစ်ယောက် အဖြစ်သာ ရှိနေပါသေးတယ်။ ထောင်ကထွက်ပြီး ၇နှစ်အကြာမှာ မူဇီကာဟာ သူယုံကြည်ရာ နိုင်ငံရေးခံယူချက်အတွက် တရားဝင်ပါတီတစ်ခု တည်ထောင်နိုင်အောင်ကြိုးပမ်းပါတော့တယ်။ ယာသီညွန့်ပေါင်းအစိုးရအဖွဲ့ကလည်း ခွင့်ပြုပေးခဲ့ပါတယ်။ ဒီလိုနဲ့ ၁၉၉၄အထွေထွေရွေးကောက်ပွဲမှာ ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံခဲ့ပြီး ၁၉၉၉မှာတော့ အထက်လွှတ်တော်အမတ်အဖြစ်
ရွေးချယ်ခံခဲ့ပါတယ်။ မူဖီကာရဲ့ စည်းရုံးမှုစွမ်းရည်ကြောင့် သူကိုယ်စားပြုတဲ့ နိုင်ငံရေးပါတီဟာ ပြည်သူတွေကြားမှာ အလွန်လူကြိုက်များအောင်မြင်လာခဲ့ပါတယ်။ ၂၀၀၄ခုနှစ်မှာတော့ မူဇီကာ အထက်လွှတ်တော်အမှတ်အဖြစ် ထပ်မံအရွေးချယ်ခံခဲ့ရပြီး ၂၀၀၅ခုနှစ်ကနေ ၂၀၀၈ခုနှစ်အတွင်းမှာ နိုင်ငံရဲ့ စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးအဖြစ်တာဝန်ယူခဲ့ပါတယ်။ ဥရုဂွေးနိုင်ငံရဲ့ ၂၀၀၉ ခုနှစ်အထွေထွေရွေးကောက်ပွဲအပြီးမှာတော့ မူဇီကာဟာ သမ္မတဖြစ်လာခဲ့ပြီး ၂၀၁၀ခုနှစ်၊ မတ်လ ၁ရက်နေ့က စလို့ ကမ္ဘာကြီးထံ သူ့ကိုယ်သူအပ်နှံလိုက်ပါတော့တယ်။
   
    သမ္မတဆိုတာ နိုင်ငံတစ်ခုလုံးရဲ့အကြီးအကဲမဟုတ်ဘူးလား။ ပြည်သူလူထုတစ်ရပ်လုံးကို ချုပ်ကိုင်အုပ်မိုးထားရသူမဟုတ်ဘူးလား။ ဘယ်သူကမှမကဲ့ရဲ့မထောက်ပြကြမယ့်(သို့မဟုတ်) ဘယ်သူကမှကဲ့ရဲ့ထောက်ပြလို့ မရမယ့် အခွင့်အရေးအမည်မတပ်သော အခွင့်အရေးတွေကို သူယူလို့မရနိုင်ဘူးလား။ ဂုဏ်သိက္ခာအရ၊ လုံခြုံရေးအရ၊ ကျန်းမာရေးအရ၊ နိုင်ငံရေးအရ သင့်တင့်သော အခွင့်အရေးတွေကို နိုင်ငံတစ်ခုအပေါ် ကိုင်တွယ်အုပ်ချုပ်နေရသူတိုင်း ရယူပိုင်ခွင့်ရှိနေပါတယ်။ ဥပမာ- နောက်ဆုံးပေါ်ကျည်ကာကားစီးမယ်။ ဘာဖြစ်သလဲ။ ဒါဟာ နိုင်ငံ့ခေါင်းဆောင်တစ်ဦးရဲ့ ဂုဏ်သိက္ခာအရရော လုံခြုံရေးအရပါ ဖြစ်သင့်တဲ့ကိစ္စပါ။ သမ္မတကြီးရဲ့နေအိမ်ဟာ ရာသီဥတုပူပြင်းတဲ့ ဒေသမှာရှိနေလို့ တောင်ပေါ်မြို့လိုနေရာမျိုးမှာ
နွေရာသီအားလပ်ရက်အတွင်းအပန်းဖြေဖို့  အိမ်တစ်လုံးအပိုဝယ်ထားတယ်။ ဘာဖြစ်သလဲ။ ဒါဟာ ခေါင်းဆောင်တစ်ယောက်ရဲ့ ကျန်းမာရေးကိစ္စနဲ့ ပတ်သက်နေတာပဲလေ။ ဒီလိုသာမန်အခွင့်အရေးတွေကိုတောင် ငြင်းပယ်ထားတဲ့ ဥရုဂွေးနိုင်ငံသမ္မတကြီး မူဇီကာရဲ့ အကြောင်းဟာ လုပ်ကြံဇာတ်လမ်းတစ်ပုဒ်လို၊ ပုံပြင်တစ်ပုဒ်လိုပါပဲ။ ဒါပေမယ့် တကယ့်ဖြစ်ရပ်မှန်ဖြစ်ကြောင်း ကျွန်တော်တို့ ယုံကြည်ရပါလိမ့်မယ်။

    ဒါဟာ မြို့တော်ရဲ့အလည်ဗဟို၊ အချက်အချာနေရာ လူကုံထံရပ်ကွက်မှာ မဟုတ်ပါဘူး။ ဂိတ်တံခါးအထပ်ထပ်နဲ့ စစ်ဆေးရေးဂိတ်တွေမရှိပါဘူး။ လက်နက်အပြည့်အစုံနဲ့ အထူးလုံခြုံရေးတပ်ဖွဲ့တွေ မရှိပါဘူး။ လူနှစ်ရပ်မကမြင့်တဲ့ အုတ်တံတိုင်းကြီးနဲ့ စံအိမ်တော်ကြီးမရှိပါဘူး။ အဆင့်မြင့်လုံခြုံရေးကင်မရာများနဲ့ အထူးလေ့ကျင့်ပေးထားတဲ့ အယ်လ်ဇေးရှင်းခွေးကြီးတွေမရှိပါဘူး။
ခြံထဲမှာလှပသန့်ရှင်းတဲ့ ရေကူးကန်ကြီးနဲ့ ပန်းတွေဖူးပွင့်ဝေဆာနေတဲ့ပန်းဥယျာဉ်ကြီးမရှိပါဘူး။ အိမ်ထဲကို ၀င်သွားရင်လည်း တန်ဖိုးကြီးအရက်ဘား၊ တန်ဖိုးကြီးပရိဘောဂများနဲ့၊ တန်ဖိုးကြီး ပန်းပုရုပ်များ၊ ပန်းချီကားများ၊ ဒါတွေတစ်ခုမှ မရှိပါဘူး။ မွန်တီဗီဒီရိုမြို့အစွန်ကို ထွက်ခဲ့ပါ။ခြံဝန်းရှေ့ကိုရောက်တဲ့အခါ နှစ်ဦးတည်းသော ရဲတပ်သားတွေကို အကျိုးအကြောင်းပြောပြပြီးရင် ၀င်လာခဲ့လို့ရပါတယ်။ တစ်ဖက်တစ်ချက်မှာ မြက်တွေပေါက်နေတဲ့ မြေလမ်းကျဉ်းကျဉ်းလေးကနေ ယာခင်းစိမ်းစိမ်းတွေကို
ဖြတ်သွားလိုက်ရင် ရိုးရိုးရှင်းရှင်းဆောက်ထားတဲ့ တစ်ထပ်တိုက်ကလေးကို တွေ့ပါလိမ့်မယ်။ ဘေးမှာလည်း ရေစင်မြင့်မြင့်ကြီးနဲ့ပေါ့။ အဲဒီတိုက်ဖြူဖြူလေးနားကို ကပ်သွားတဲ့အခါ ဘယ်ဘက်လက်တစ်ဖက်မရှိရှာတဲ့ ဒုက္ခိတခွေးကလေး Manuelaက
ဟောင်ချင်ဟောင်မှာပေါ့။ ဒါကလည်း ကိစ္စမရှိပါဘူး။ သူ့သခင် အဘိုးကြီးက ထွန်စက်ပေါ်က ဆင်းလာပြီးပဲဖြစ်ဖြစ်၊
ရေတွင်းကလေးနားမှာ ရေပိုက်တွေကို ပြင်ဆင်နေရင်းပဲဖြစ်ဖြစ်၊ စပျစ်စင်အောက်က ကုလားထိုင်အိုကြီးပေါ်ကပဲဖြစ်ဖြစ်၊ ခပ်မှောင်မှောင် ကားဂိုဒေါင်ထဲက ထွက်လာပြီးပဲဖြစ်ဖြစ်၊ ဟန့် ပေးပါလိမ့်မယ်။ အဲဒီအဘိုးကြီးက သမ္မတကြီးပါ။ ဟုတ်ပါတယ်။ ဒါဟာ ဥရုဂွေးနိုင်ငံသမ္မတကြီးမူဇီကာရဲ့ နေအိမ်ကို ကျွန်တော်တို့ စိတ်ကူးနဲ့ အလည်သွားကြည့်ကြခြင်းပါပဲ။

   သမ္မတစ်ဦးရဲ့နေအိမ်ဟာ ဘာကြောင့်ဒီလောက်ရိုးရှင်းပြီး ချစ်စရာကောင်းနေရတာလဲ။ အပိုဆာဒါးပကာသနတွေ မရှိရုံတင်မဟုတ်ဘဲ ရှိသင့်ရှိထိုက်တဲ့ အဆောင်အယောင်တွေပါ ဘာလို့မရှိရတာလဲ။ ဒီအချက်နဲ့တင် အံ့သြတကြီးဖြစ်နေကြရမယ့် ကျွန်တော်တို့ဟာ သမ္မတကြီးမူဇီကာရဲ့အကြောင်းကို ထဲထဲဝင်ဝင်သိရတဲ့အခါ ပိုပြီးအံ့သြရသလို သူ့ကို ပိုပြီးလေးစားမိပါတော့တယ်။ ဟုတ်ပါတယ်။ သမ္မတကြီးဟာ သူ့လစာငွေရဲ့ ၉၀% ဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၂၀၀၀ ကို လူမှုရေးအဖွဲ့အစည်းတွေ၊ ပရဟိတဂေဟာတွေထံ လစဉ်လှူဒါန်းနေလို့ပါပဲ။ ဒါဆို မေးစရာတွေရှိလာပါတယ်။ သူဟာ တိုင်းပြည်ကိုဦးဆောင်နေရတဲ့သမ္မတတစ်ဦးဖြစ်သလို မိသားစုကိုဦးဆောင်နေရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက် ဖြစ်နေမှာလည်း အသေအချာပါပဲ။ လစာရဲ့ ၉၀% ကို လှူဒါန်းပစ်လိုက်သူဟာ ဘယ်ဝင်ငွေ၊ ဘယ်ပိုက်ဆံနဲ့များ မိသားစုလိုအပ်ချက်ကို ဖြည့်ဆည်းပေးမှာပါလိမ့်။ စိုက်ပျိုးရေးလုပ်ငန်းပါ။ ပန်းတွေ၊ ဟင်းသီးဟင်းရွက်တွေကို အလုပ်တာဝန်များအားလပ်ချိန်တိုင်းမှာ ကိုယ်တိုင်စိုက်ပျိုးရောင်းချပါတယ်။ ဥရုဂွေးနိုင်ငံရဲ့ ဥပဒေအရ သမ္မတဖြစ်ပြီးမကြာခင်မှာ ပိုင်ဆိုင်မှုစာရင်းဇယားကို နိုင်ငံသိ မဖြစ်မနေထုတ်ပြန်ပေးရပါတယ်။ ၂၀၁၀ခုနှစ်မှာ သမ္မတကြီးမူဇီကာရဲ့ ပိုင်ဆိုင်မှုဟာ ငွေကြေးအားဖြင့် အမေရိကန်ဒေါ်လာ ၁၈၀၀ သာရှိပါတယ်။ ဒါဟာ ယနေ့အချိန်ထိ သူမောင်းနှင်သွားလာအသုံးပြုနေတဲ့ ၁၉၈၇မော်ဒယ် Volkswagen Beetle ကားလေးရဲ့ တန်ဖိုးဖြစ်ပါတယ်။ ဒီလိုနိုင်ငံခေါင်းဆောင်ဆင်းရဲသားကြီးကို ပါရမီဖြည့်ပေးနေသူကရော ဘယ်သူများပါလဲ။ အထက်လွှတ်တော်အမတ်တစ်ဦးဖြစ်တဲ့ Lucia Topolansky ပဲဖြစ်ပါတယ်။ သမ္မတကြီးဟာ ၂၀၁၂ခုနှစ်အရောက် ပိုင်ဆိုင်မှုတွေထပ်ပြီးထုတ်ပြန်ရတဲ့အခါမှာတော့ ဇနီးဖြစ်သူရဲ့ပိုင်ဆိုင်မှုတွေကိုပါ ထည့်ပေါင်းခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံစိုက်ပျိုးနေတဲ့ ဥယျာဉ်ခြံမြေရယ်၊ ထွန်စက်တွေရယ်၊ တစ်လုံးတည်းသော နေအိမ်ရယ်၊ ဒီတန်ဖိုးတွေကို ထည့်ပေါင်းလိုက်တဲ့အခါ အမေရိကန်ဒေါ်လာ ၂၁၅၀၀၀ အထိရောက်လာခဲ့ပါတယ်။ ဒီပမာဏဟာ သူ့လက်အောက်က ဒုတိယသမ္မတရဲ့ ပိုင်ဆိုင်မှု သုံးပုံပုံနှစ်ပုံမျှသာ ရှိပါတယ်။ "ကမ္ဘာ့အဆင်းရဲဆုံးသမ္မတကြီး၊ ဒီတစ်ခါတော့ မဆင်းရဲတော့ဘူး"လို့ ရင်းနှီးသူတချို့က နောက်ပြောင်တဲ့အခါ "ကျွန်တော့်ဟာမဟုတ်ပါဘူး၊ ကျွန်တော့်ဇနီးဟာတွေပါ"လို့ သမ္မတကြီးက ရယ်ရယ်မောမောပြန်ပြောတတ်ပါတယ်။ ကိုယ့်အရိပ်ကိုယ်တောင်မယုံရတဲ့ကမ္ဘာမှာ ကျွန်တော်တို့ဟာ ဒီအကြောင်းတွေကို ဇွတ်အတင်းယုံစရာမလိုပါဘူး။ ဒါပေမယ့် ယုံခဲ့ရပါပြီ။ နောက်ဆုံး အပြစ်ရှာပြီးတွေးတဲ့အတွေးမျိုးနဲ့ "ဒီအဘိုးကြီး၊ အဘွားကြီး လင်မယား၊ ဒီလောက်ပဲရှိတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ သူ့သားသမီးတွေကို လွှဲပေးထားတာဖြစ်ရမယ်"လို့ တွေးမိခဲ့ရင်တောင် အဲဒီအတွေးကို
ခေါင်းထဲကနေ မြန်မြန်ထုတ်လိုက်ပါ။ သူတို့မှာ သားသမီးလည်း မထွန်းကားတဲ့အတွက်ကြောင့်ပါပဲ။ သမ္မတကြီးမူဇီကာနဲ့ ဇနီးတိုပိုလန်းစကီး တို့ဟာ အေးချမ်းတည်ငြိမ်သော ဘ၀ကို ထိုက်ထိုက်တန်တန်ရရှိနေတဲ့ ကမ္ဘာသူကမ္ဘာသားတွေထဲက နှစ်ယောက်ဖြစ်ပါတယ်။ ရယ်ရခက်၊ ငိုရခက်ကြီးမဟုတ်လား။ နိုင်ငံတော်သမ္မတနဲ့အထက်လွှတ်တော်အမတ် ဇနီးမောင်နှံတို့ရဲ့ တစ်ခုမကျန်ထည့်ပေါင်းထားသော ပိုင်ဆိုင်မှုတန်ဖိုးဟာ ဒေါ်လာ၂သိန်းကျော်ကျော်သာ ဖြစ်သည်တဲ့။

   ကျွန်တော်ကာတွန်းတစ်ကွက်ကို သိပ်မကြာခင်က တွေ့ခဲ့ဖူးပါတယ်။ နိုင်ငံခြားကာတွန်းတစ်ကွက်ဖြစ်နိုင်ပါတယ်။ ပုံမှာ မကောင်းတဲ့အစိုးရလို့ ခေါင်းစဉ်တပ်ထားတယ်။ ပုံထဲမှာက လူတွေဟာ မြားကြီးတစ်ချောင်းကို ပင်ပန်းတကြီးထမ်းလို့၊ လူတစ်ယောက်က အဲဒါကြီးပေါ်မှာ အခန့်သားထိုင်လို့၊ အားစိုက်ထမ်းထားတဲ့လူတွေကို ကြာပွတ်နဲ့ရိုက်ပြီးအမိန့်ပေးလို့။ သဘောကိုပြောရရင် လူတွေက ပြည်သူတွေပေါ့၊ အခန့်သားထိုင်နေသူက အုပ်ချုပ်သူအစိုးရဖြစ်မှာပေါ့၊ မြားကြီးကတော့ သွားရမယ့်လမ်းကြောင်း၊ ရှေ့လျှောက်ရမယ့် ပန်းတိုင်ခရီးတစ်ခုကို နမိတ်ပုံအဖြစ်တင်စားထားခြင်းပေါ့။ နောက်တစ်ပုံမှာတော့ ခုနကပုံအတိုင်းပါပဲ။ ကွာခြားသွားတာကတော့ ခုနကအခန့်သားထိုင်နေသူဟာ အောက်ကလူတွေနဲ့အတူ မြားကြီးကို အင်တိုက်အားတိုက်ဝင်ရောက်ထမ်းပိုးနေပုံပါ။ ဒီပုံမှာတော့ ကောင်းမွန်တဲ့အစိုးရ လို့ ခေါင်းစဉ်တပ်ထားပါတယ်။ ဥရုဂွေးသမ္မတကြီးမူဇီကာလို အုပ်ချုပ်သူအစိုးရမျိုးဆိုရင် ဒီကာတွန်းထဲမှာ ဘယ်လိုထည့်ဆွဲရင်ကောင်းမလဲ။ စိတ်ကူးကြည့်ရအောင်လေ။ ဒုတိယပုံထဲကလို အတူဝင်ရောက်ထမ်းပိုးနေတာကိုမှ အနည်းငယ်ပြင်ကြည့်ချင်မိတယ်။ အတူပါဝင်နေတဲ့အုပ်ချုပ်သူအစိုးရကို ပြည်သူအားလုံးရဲ့ရှေ့မှာ ဦးဆောင်သူအဖြစ်နေရာချထားပေးမယ်။ ဒါဟာ ဥရုဂွေးပြည်သူတွေအတွက် ကိုယ့်ကိုယ်ကို စံပြလူသားအဖြစ်ရှေ့ဆောင်လမ်းပြပေးနေတဲ့ သမ္မတကြီးမူဇီကာနဲ့ အကိုက်ညီဆုံးဖြစ်မယ်ထင်ပါတယ်။

    BBC သတင်းဋ္ဌာနရဲ့မေးမြန်းမှုတစ်ခုအပေါ်မှာ သမ္မတကြီးက ဒီလိုပြောခဲ့ပါတယ်။
"ကျွန်တော့်ကို ဆင်းရဲတယ်လို့ ပြောကြတယ်။ ယေဘုယျအားဖြင့်တော့ ဟုတ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဆင်းရဲတယ်လို့ မခံစားရဘူး။ ချမ်းသာချင်စိတ်ရှိတဲ့သူတွေက အဆင့်အတန်းမြင့်တဲ့၊ တန်ဖိုးကြီးတဲ့၊ အေးချမ်းတည်ငြိမ်တဲ့ ဘ၀နေနည်းအတွက် အပြင်းအထန်ကြိုးစားကြတယ်။ လောဘတက်လာလေပိုပြီးကြိုးစားရလေပဲ။ ဒီလိုနဲ့ အချိန်တွေသာကုန်သွားတယ်။ အချိန်ပြည့်နီးနီးကြိုးစားနေရတော့ သူတို့လိုချင်တဲ့ အဆင့်အတန်းမြင့်တဲ့၊ တန်ဖိုးကြီးတဲ့၊ အေးချမ်းတည်ငြိမ်တဲ့ဘ၀အတွက် အချိန်မပေးနိုင်တော့ပြန်ဘူး။ ကျွန်တော်ကတော့ ခုလိုဘ၀မှာ ကျွန်တော့်ကိုယ်ကျွန်တော်အချိန်ပေးနေနိုင်တဲ့အတွက် ကျေနပ်ပါတယ်"။

    သမ္မတကြီးရဲ့ ကိုယ်ရေးရာဇ၀င်မှာလည်း အလုပ်အကိုင်နေရာမှာ ဥယျာဉ်ခြံစိုက်ပျိုးသူ လို့သာ တရားဝင်ရေးထားပါတယ်။ တစ်နေ့မှာ အင်တာဗျူးသမားတစ်ယောက်က ကျီစယ်တဲ့အနေနဲ့ "သမ္မတကြီးရဲ့ ခြံထွက်ပစ္စည်းတွေထဲမှာ ဘယ်အရာက ရောင်းအားအကောင်းဆုံးလဲ"ဆိုတဲ့ မေးခွန်းကို မေးခဲ့ပါတယ်။ သမ္မတကြီးမူဇီကာကတော့ "ဂန္ဓာမာပန်းတွေဗျ၊ ဟုတ်တယ်၊ ဂန္ဓာမာပန်းတွေကို လူတွေကြိုက်ကြတယ်"လို့ ရိုးသားစွာ အတည်အတံ့ပြန်ဖြေခဲ့ပါတယ်။ ဒုက္ခိတခွေးကလေး Manuela ဟာ သမ္မတကြီးရဲ့ အချစ်ဆုံးခွေးကလေးပါ။ စိုက်ပျိုးရေးအပြင် သူ့ရဲ့အခြားဝါသနာကို မေးတော့ သူပိုင်ဆိုင်တဲ့ 1987မော်ဒယ် Volkswagen Beetle ကားကလေးကို ပြုပြင်ရခြင်းဖြစ်ပါတယ်လို့ ဆိုပါတယ်။ "ကျွန်တော့်ကားက မပြင်ရတဲ့နေ့မရှိဘူးလေ။ ဒီတော့ ၀ါသနာပါလိုက်ရတော့တာပဲဗျာ"လို့လည်း အရွှန်းဖောက်တတ်ပါတယ်။

   ဆံပင်မွှေးတွေဆွတ်ဆွတ်ဖြူလို့၊ မရှိတော့တဲ့သွားတွေကြောင့် ပါးစုံ့ကြီးတွေ အတွင်းထဲချိုင့်လို့၊ မျက်နှာက အမြဲပြုံးချိုလို့၊ အပြာရောင်ကားစုတ်ကလေးကို မောင်းလို့၊ ဒုက္ခိတခွေးနက်ကလေးနဲ့အတူ လမ်းလျှောက်ထွက်လို့၊ ဂန္ဓာမာပန်းစည်းကြီးကို ပွေ့ပိုက်လို့။ ဒီလိုအဘိုးကြီးတစ်ယောက်ဟာ နိုင်ငံတစ်ခုရဲ့ အမြင့်ဆုံးရာထူးကို လက်ခံရရှိထားသူဆိုတာ ဘယ်သူယုံနိုင်ပါ့မလဲ။ လစာရဲ့ ၉၀%ကို ပရဟိတလုပ်ငန်းတွေဆီ လှူဒါန်းနေသူ၊ ဥယျာဉ်ခြံကလေးတစ်ခုနဲ့တင် ၀မ်းရေးကိုဖြေရှင်းနေသူ။ ဒီအချက်နှစ်ချက်ထဲနဲ့တင် ဥရုဂွေးနိုင်ငံသားတို့ဟာ လက်မထောင်ချင်ထောင်နေနိုင်တာပဲလေ။ မိဘရဲ့ချစ်မြတ်နိုးယုယကြင်နာခြင်းကို ခံရတဲ့သားသမီးနဲ့ မိဘရဲ့ရိုက်နှက်နှိပ်စက်ခြင်းကို ခံရတဲ့သားသမီး။ ဒီနှစ်မျိုးကို လောကထဲ လွှတ်ထည့်လိုက်တယ်ဆိုပါတော့။ သာမန်အားဖြင့်တော့ အမြဲရိုက်နှက်နှိပ်စက်ခံနေရသူဟာ နာကျင်ခြင်း၊ နာကျည်းခြင်း၊ မျိုသိပ်ခြင်း၊ ခေါင်းငုံ့ခံခြင်းတွေကို အကျင့်ရနေပြီဖြစ်လို့ လောကရဲ့အထုအထောင်းလှည့်ကွက်မုန်တိုင်းတွေထဲမှာ ကြံ့ကြံ့ခံနိုင်မှာပဲလို့ ထင်စရာရှိပါတယ်။ ဒါပေမယ့် မဟုတ်ပါဘူး။ ကိုယ်ကပေးသောချစ်ခြင်းမေတ္တာ၊ ကိုယ်ပြန်ရသောချစ်ခြင်းမေတ္တာတွေကြောင့်သာ လောကကြီးကို အောင်နိုင်ဝံ့တာပါ။
"မေတ္တာတရားမှာ
ကြောင်လိမ်လှေကားမလို
အဖြောင့်အတိုင်း ဒေါင်လိုက်တက်ဖို့ပဲလိုတယ်"လို့ ကဗျာဆရာမင်းချမ်းမွန်က သူ့ရဲ့"ရွှဲရွှဲစိုအောင် ရွာလိုက်မိုး"ကဗျာထဲမှာ ရေးခဲ့ဖူးပါတယ်။ ပေးသူကလည်း မေတ္တာတရားကို အဖြောင့်အတိုင်း ပေး၊ ယူသူကလည်း အကြင်နာတရားကို အဖြောင့်အတိုင်း ယူ။ မျှဝေသူကလည်း ကိုယ်ချင်းစာတရားကို အဖြောင့်အတိုင်း မျှ၊ လက်ခံသူကလည်း ငဲ့ညှာမှုကို အဖြောင့်အတိုင်း လက်ခံ။ ဘယ်လောက်ကျေနပ်စရာကောင်းလိုက်တဲ့ လောကကြီးပါလဲ။ သမ္မတကြီးမူဇီကာကလည်း ပြည်သူတွေအပေါ် ချစ်ခြင်းတရား ဒေါင်လိုက်၊ သူ့ပြည်သူတွေကလည်း သမ္မတကြီးအပေါ် ချစ်ခြင်းတရား ဒေါင်လိုက်။ ဘယ်လိုကြောင်လိမ်လှေကားနဲ့မှ မကွေ့ကြေး၊ မ၀ိုက်ကြေး၊ မလိမ်ကြေး၊ မဝေ့ကြေး။ ကွေ့ပတ်ရှုပ်ထွေးပွေလီလှတဲ့ဟောဒီကမ္ဘာကြီးပေါ်မှာ အုပ်ချုပ်သူအပေါင်းရော၊ ကျွန်တော်တို့ကိုယ်တိုင်ရော သမ္မတကြီးမူဇီကာရဲ့တစ်ဝက်လောက်ဖြစ်ဖြစ် အဖြောင့်အတိုင်းစီးဆင်းလိုက်ကြဖို့ နောက်မကျသေးဘူးလို့ ထင်မိတော့တာပါပဲ။

 Credit To ဟိန်း

15.5.13

ကိုးကား -
en.wikipedia.org
www.bbc.co.uk
www.nytimes.com
ဆရာမင်းချမ်းမွန်(ရွှဲရွှဲစိုအောင်ရွာလိုက်မိုး)

Read More »

ရွေးကောက်ပွဲ (သိပ္ပံမောင်ဝ)

ဤ ဒီမိုကရေစီခေတ်တွင် ရွေးကောက်ပွဲတွေကား များလှပေတော့သည်။ မင်းတိုင်ပင်ရွေးကောက်ပွဲ၊ မြူနီစီပယ်ရွေးကောက်ပွဲ၊ ဒိစတြိတ်ကောင်စီရွေးကောက်ပွဲ၊ သူကြီးရွေးကောက်ပွဲ၊ ကျေးရွာကော်မတီရွေးကောက်ပွဲ။ များလိုက်သည့် ရွေးကောက်ပွဲတွေ ရေတွက်၍ပင် မကုန်နိုင်ပြီ။

ယခုရေးသားမည့် ရွေးကောက်ပွဲကား သူကြီးရွေးကောက်ပွဲ ဖြစ်လေသည်။ မည်သည့်ရွာက သူကြီးရွေးကောက်ပွဲ ပေနည်း။ လင်းလွန်းပင်ရွာက သူကြီးရွေးကောက်ပွဲ ဖြစ်လေသည်။

လင်းလွန်းပင်သူကြီး ဦးဖိုးဆောင်ကား လူဆိုးဒမြတို့ကို ကြောက်သောကြောင့် သူကြီးအလုပ်က နုတ်ထွက်သည်မှာ ၂ လခန့် ကြာလေပြီ။ သူ၏သား မောင်သာပန်းက ရွာကို ခေတ္တခဏ အုပ်ချုပ်လျက် နေ၏။ ရွေးကောက်ပွဲတွေ ထွန်းကားနေသော ခေတ်ကြီးထဲတွင် သူကြီးရွေးကောက်ပွဲကို ပြုလုပ်ရပေမည်။ ရှေးခေတ်ကမူကား သူကြီးသားမှာ မပင်ပန်းဘဲ သူကြီးဖြစ်သွားမည်မှာ မုချပင်။

လင်းလွန်းပင်ရွာတွင် ကျွက်စီကျွက်စီ ဖြစ်လျက်နေလေပြီ။ မောင်ရွှေကျေးကလည်း အရွေးခံမည်ဟု အများက ပြောနေကြလေသည်။ ဟုတ်မှန်စရာ အကြောင်းရှိ၏။ မောင်ရွှေကျေးကား အင်းသားကြီး ဖြစ်လေသည်။ ပစ္စည်း ခိုင်လုံ၏။ အသောက်အစား ကင်း၏။ လူရည် လည်၏။ သို့ရာတွင် ရွာသားများနှင့် မသင့်ဟု ပြောသံ ကြားရလေသည်။ ရွေးကောက်ပွဲ ခေတ်စားနေသော အခါတွင် ရွာသားများနှင့် မသင့်လျှင် အဘယ်မျှပင် အရည်အချင်း ရှိစေကာမူ ရွာသူကြီးဖြစ်ရန် ခဲယဉ်း၏။

မောင်သာပန်းကား သူကြီးသား ဖြစ်၏။ သူကြီးသား ဖြစ်သောကြောင့် မျက်နှာရှိပြီးသား ဖြစ်လေသည်။ သူကြီးဟောင်း ဦးဖိုးဆောင်မှာလည်း ကျေးရွာအုပ်ချုပ်ခြင်းတွင် ညံ့၏။ အခွန်ကောက်ခံခြင်းတွင် ဖျင်း၏။ တရားစီရင်ခြင်းတွင် ဘာတစ်ခုမျှ မတတ်။ သို့သော် ရွာသားတို့၏ မျက်စိနှင့် ကြည့်လျှင် ဦးဖိုးဆောင်မှာ သူကြီး၏ အရည်အချင်းများနှင့် များစွာ ပြည့်စုံသောသူတစ်ယောက် ဖြစ်လျက်နေ၏။ သူကြီးညံ့လေ ရွာသားကြိုက်လေ နှစ်သက်လေ မြတ်နိုးလေပင်။
မောင်ရွှေကျေးဘက်မှ လူများနှင့် မောင်သာပန်းဘက်မှ လူများ အလုပ်ရှုပ်နေကြလေပြီ။ သူ့ဘက် မဲပြားထည့်ပါ၊ ငါ့ဘက် မဲပြားထည့်ပါနှင့် ဟောပြောနေကြကုန်၏။ မင်းတိုင်ပင်ရွေးကောက်ပွဲတုန်းကထက်ပင် အရေးကြီးကြလေသည်။ တစ်ရွာလုံး ဆူညံဆူညံ၊ ကျွက်စီကျွက်စီ ဖြစ်နေကြပြီ။

ဆယ်အိမ်ခေါင်း ဦးဘမောင်က မောင်သာပန်း ဘက်က တိုက်တွန်း၏။ ကျေးရွာကော်မီတီ ဦးထွန်းအောင်က မောင်ရွှေကျေး ဘက်မှ အားပေးလေသည်။ သူတို့နှစ်ယောက် လယ်ထွန်ရာတွင် စကားများရာက ထိုးကြသတ်ကြကုန်၏။ နှစ်ယောက်စလုံး ဖူးဖူးယောင်ယောင် ဖြစ်ကုန်ကြလေပြီ။ ဦးဘမောင် အိပ်ရာမှ မထနိုင်သည်မှာ ၄ ရက်မှ ကြာ၏။ ဦးထွန်းအောင် ဖျားနေသည်မှာ ၆ ရက်ခန့် ကြာလေသည်။

တစ်နေ့သော် လင်းလွန်းပင်ရွာသို့ သမ္ဗာန်ပြာတာ မောင်စု ရောက်၍ လာလေသည်။  မောင်စု၏ လက်ထဲ၌ ၀ါဆိုလဆန်း ၈ ရက်နေ့တွင် သူကြီးရွေးကောက်ပွဲကို ကျင်းပမည် ဟူသော နယ်ပိုင်မင်း၏ အမိန့်ပါလာ၏။ မောင်သာပန်းနှင့် မောင်ရွှေကျေးတို့ တစ်စောင်စီ ရကြလေသည်။ မောင်စုလည်း မောင်သာပန်း၏ အိမ်တွင် ဟိုပြော၊ သည်ပြောနှင့် ထမင်းဝအောင် စားသွားလေသည်။ ဆေးလိပ်တွေကိုလည်း နှိုက်ယူသွားသေး၏။ အလွန်ညစ်သော သမ္ဗာန်ပြာတာတွေ ပါတကား။

ထိုနေ့တွင် တစ်ရွာလုံး ဆူနေတော့၏။ လယ်ထွန်ရာမှာလည်း ရွေးကောက်ပွဲ၊ ကြက်ဝိုင်းတွင်လည်း ရွေးကောက်ပွဲ၊ ငါးမျှားရာမှာလည်း ရွေးကောက်ပွဲ၊ ရွာ့ရေတွင်းမှာလည်း ရွေးကောက်ပွဲ၊ ဦးရာဇိန္ဒကျောင်းမှာလည်း ရွေးကောက်ပွဲ၊ ဥပုသ်ဇရပ်တွင်လည်း ရွေးကောက်ပွဲ။ ရွေးကောက်ပွဲ အကြောင်းကိုသာလျှင် တစ်ရွာလုံး ပြောကြားနေကြလေသည်။
ထိုရွေးကောက်ပွဲမှာ လင်းလွန်းပင် ရွာသူရွာသားတို့အဖို့ အလွန်ပင် အရေးကြီးပေ၏။ မြန်မာပြည်သို့ ဘုရင်ခံ အသစ်တစ်ပါး ရောက်လာသည်မှာ သူတို့အတွက် အရေးမကြီး။ အိန္ဒိယပြည်တွင် ဘုရင်ခံချုပ်ကြီးတွေ ပြောင်းလဲသွားသည်မှာ သူတို့အတွက် အရေးမကြီး။ အင်္ဂလန်ပြည်တွင် နန်းရင်းဝန်ကြီးတွေ ပြောင်းလဲသည်မှာ သူတို့အတွက် အရေးမကြီး။ သူတို့ရွာမှာ သူကြီးအသစ် လဲသည်ကသာ အရေးကြီးလေသည်။

ယနေ့ကား ၀ါဆိုလဆန်း ၈ ရက်နေ့တည်း။ တစ်ရွာလုံးရှိ ရွာသူရွာသားတို့ အလုပ် မဆင်ကြတော့ပြီ။ နွားများ အားလပ်ခွင့် ရကြကုန်၏။ ငါးများ ချမ်းသာခွင့် ရကြကုန်၏။

မောင်သာပန်းနှင့် မောင်ရွှေကျေးတို့ကား တစ်ညလုံး အိပ် မပျော်ကြချေ။ နံနက် ၄ နာရီ အချိန်တွင် အိပ်ရာမှ ထကြပြီးလျှင် အမျိုးမျိုး စီမံလျက် နေကြလေသည်။ ခပ်လှမ်းလှမ်းမှ လာကြသော မဲဆန္ဒရှင်တို့အား ထမင်းကျွေးရန် စီမံကြ၏။ သို့သော် မဲဆန္ဒကို မတရား ၀ယ်ယူသည်ဟု တစ်ဖက်က လျှောက်ထားလျှင် ခက်လေတော့မည်။ မခက်ပါ။ ထိုနေ့တွင် ရဟန်းတော်တို့အား ဆွမ်းကျွေးသည်ဟု ဆိုကာ ၀ိနည်းရှောင်က လွယ်၏။ ဆွမ်းကျွေးကာ တရားနာခြင်းသည် မတရား လက်ဆောင်ထိုးသည် မဟုတ်။ မည်သူမျှ မတားနိုင်။ ကုသိုလ်လုပ်ခြင်းနှင့် မဲဝယ်ခြင်းသည် မည်သို့မျှ မသက်ဆိုင်။ နယ်ပိုင်လည်း စွပ်စွဲနိုင်မည် မဟုတ်။ ဤသို့ ရဟန်းတော်များကို ဆွမ်းကျွေးလျှင် ရွာသူရွာသားတို့ကိုပါ ကျွေးမွေးသည်မှာ ထုံးစံဖြစ်လေသည်။ ထိုသို့ ကျွေးမွေးသည်ကို မဲဝယ်သည်ဟူ၍ မည်သူဆိုနိုင်အံ့နည်း။

ထိုနေ့တွင် ရွှေကျေးအိမ်၌ ဆွမ်းကျွေးပွဲ တစ်ပွဲ၊ သားပန်း အိမ်၌လည်း ဆွမ်းကျွေးပွဲ တစ်ပွဲ ပြုလုပ်ကြလေသည်။ ဉာဏ်များသော ပုဂ္ဂိုလ်တို့ပေတည်း။ ၂ အိမ်လုံးမှာ လူစည်ကားလျက်ပင်။

၁၀ နာရီ ထိုးပြီ။ ဘုန်းတော်ကြီး ဦးရာဇိန္ဒ ကျောင်းဝိုင်း အပြင်ဘက် ဇရပ်တွင် ရွေးကောက်ပွဲ ကျင်းပရာ နေရာများကို ပြင်ဆင်ကြကုန်၏။ မဲပုံးများထားရာ မဲရုံကလေးကိုလည်း စီမံထားကြလေသည်။

လူပျိုခေါင်း မောင်ကာလီတို့ အုပ်စုကား မောင်ရွှေကျေး၏ အိမ်တွင် ထမင်းစားရန် သွားကြကုန်၏။ ထမင်းစားရုံမျှမက လက်ဘက်ရည်တို့ ကွမ်းယာတို့လည်း ဗိုက်ကားအောင် စားသောက်ခဲ့ကြသေးသည်။ ထိုမျှမကသေး မဲ တစ်မဲလျှင် ငွေတစ်ကျပ်ကျ ပေမည်ဆိုက မဲ လိုသလောက်ရအောင် လုပ်ပေးနိုင်သည် ဟူ၍လည်း ဆိုသေး၏။ မောင်ကာလီ အပြောကောင်းသောကြောင့် မောင်ရွှေကျေး၏ သေတ္တာထဲမှ ငွေ ၂၀ ကျပ် ထွက်လေပြီ။

၁၁ နာရီထိုးသော် မောင်လူအေးနှင့် သူ၏စာရေး မောင်ဖျန်စိန်တို့ ရောက်လာကြကုန်၏။ ရွေးကောက်ပွဲ ကျင်းပရာ ဇရပ်သို့ ခြေဦးလှည့်ကြလေသည်။ မောင်ရွှေကျေးနှင့် မောင်သာပန်းတို့လည်း ခရီးဦးကြိုပြုကာ နောက်မှ လိုက်လာကြကုန်၏။ ရွာထဲတွင် ရှိကြသော ရွာသူရွာသား ကလေးများပါ မကျန် ရွေးကောက်ပွဲ ကျင်းပရာ ဇရပ်သို့ လိုက်ပါလာကြလေသတည်း။

ဇရပ်သို့ ရောက်ကြသောအခါ ဇရပ် ပတ်ဝန်းကျင်တွင် ဆူညံဆူညံနှင့် နေကြ၏။ တစ်ကျွန်းပြန် ဦးသာအေးကား အရက်မူးပြီးလျှင် ဟိုပြော၊ သည်ပြောနှင့် လုပ်နေလေ၏။ တစ်ကျွန်းပြန် တည်းဟူသော ဘွဲ့ထူးကြီးကို ရထားသူ ဖြစ်သောကြောင့် ရွာထဲတွင် တံခွန်မှန်ကင်းကဲ့သို့ ထောင်လွှားခြင်း ပြုလျက် နေ၏။ မောင်ရွှေကျေး၏ ပုံးထဲ ခဲပြား မထည့်သူအား မှတ်ထားမည်ဟု ဆိုလေသည်။ သို့သော် ခဲပြားထည့်သည်ကို မည်သူမျှ မမြင်နိုင်အောင် မဲပုံးများထားရာ ရုံကလေးကို အလုံ ကာထားသောကြောင့် ဤသို့ မှတ်ထားရန် ခဲယဉ်းလှပေသည်။

ဦးသာအေး နှောင့်ယှက်သည်ကို မခံနိုင်ရှာသော မောင်သာပန်းက နယ်ပိုင်အား တိုင်ကြားလေသည်။ တစ်ကျွန်းပြန် ဦးသာအေး နယ်ပိုင်ရှေ့သို ရောက်လေပြီ။ မူးနေ၏။ ငြိမ်ငြိမ်သက်သက် မနေလျှင် ခေတ္တသူကြီး မောင်သာပန်း၏ နေအိမ်တွင် ၂၄ နာရီ ချုပ်ထားမည်ဟု ပြောလိုက်တော့မှ ဦးသာအေး ငြိမ်သွားသတည်း။ တစ်ကျွန်းပြန်ပေမင့် ၂၄ နာရီ အချုပ်ကိုကား ကြောက်လှပေ၏။ ဦးသာအေး၏ ကိစ္စ ပြီးသွားလေပြီ။ ရွေးကောက်ပွဲ ကျင်းပရန်သာ လိုတော့၏။

နေပါဦး။ နေပါဦး။ စစ်ကွင်းသူကြီးမင်းသည် လျှောက်လွှာတစ်စောင်ကို ကိုင်ကာ နယ်ပိုင်နားမှာ ရပ်နေပြန်ပြီ။ အဘယ်သို့သော လျှောက်လွှာပါနည်း။ မိမိအား အထူးအာဏာကို ပေးရန် လျှောက်ထားသော လျှောက်လွှာ ဖြစ်လေသည်။ အရေးပိုင်မင်းထံ အစီရင်ခံစာ ရေးမည်ဟု ပြောပြီးလျှင် ရွေးကောက်ပွဲကို စမည် ပြု၏။ စ၍ မရသေး။ ဇလုပ်ကြီး ရွာသူကြီး မောင်သာလင်းသည် လျှောက်လွှာ တစ်စောင်နှင့် သူ့နေရာမှ ထလာပြန်၏။ ခြောက်လုံးပူး သေနတ်ဆုကို ပေးရန် လျှောက်လွှာ ဖြစ်လေသည်။ ဆုများ အကြောင်း ရေးသည့်အခါ စဉ်းစားမည်ဟု ပြောပြီးလျှင် လျှောက်လွှာကို စားပွဲပေါ်၌ တင်ထားလိုက်လေသည်။

ရွေးကောက်ပွဲကို အကယ်ပင် စတော့မည်။ အဘယ်မှာလျှင် စ၍ ရသေးအံ့နည်း။ ကျေးရွာကော်မီတီ မောင်လူကြီးသည် ထောင့် တစ်ထောင့်မှ ထ၍ လာပြန်၏။ ရွာမြေ အသစ် ရှာပေးရန် လျှောက်လွှာ ဖြစ်လေသည်။ ရွေးကောက်ပွဲ လုပ်ရာမှာ သူတို့တွေက တစ်မှု။ အလွန် ရှုပ်ပွေလှပေ၏။ မောင်လူအေး စိတ် မရှည်တော့ပြီ။ လျှောက်စရာရှိလျှင် ရွေးကောက်ပွဲပြီးမှ လျှောက်နိုင်၏ ဟု ပြောလိုက်တော့မှ အေးသွားလေတော့သတည်း။

လျှောက်လွှာ ကိစ္စတွေကာား ပြီးသွားလေပြီ။ ရွေးကောက်ပွဲကို စရန်သာ လိုတော့၏။ မောင်ရွှေကျေးနှင့် မောင်သာပန်းတို့၏ အရည်အချင်းများကို စစ်ဆေးပြီးလျှင် မောင်သာပန်းအား ပုံးအနီ၊ မောင်ရွှေကျေးအား ပုံအစိမ်းတို့ကို ပေးလေသည်။ မောင်လူအေးက ပရိသတ်ကြီးအား မောင်သာပန်းကို သဘောကျလျှင် ပုံးအနီထဲတွင် ခဲပြားထည့်ကြပါ။ မောင်ရွှေကျေးကို သဘောကျလျှင် ပုံးအစိမ်းထဲတွင် ခဲပြားထည့်ကြပါဟု ပြောကြား၏။ အားလုံး တိတ်လျက် နားထောင်နေကြလေသည်။

မောင်သာပန်း အနီ၊ မောင်ရွှေကျေး အစိမ်း။

မောင်ရွှေကျေး အစိမ်း၊ မောင်သာပန်း အနီ။

ထိုခဏတွင် အနီ အစိမ်း၊ အစိမ်း အနီ ဆိုသော အသံများ အပြင် မည်သည့် အသံကိုမျှ မကြားရချေ။

ဆယ်အိမ်ခေါင်း ဦးလူမောင်က ချောင် တစ်ချောင်မှ ထ၍ “မောင်သာပန်းက ရဲရင့်လို့ နီသဗျ။ ကျေးငှက်ရဲ့ အမွှေးအတောင်က စိမ်းလို့ မောင်ရွှေကျေးက စိမ်းသဗျ။ ဘာမှ မှားစရာ မရှိဘူး” ဟု ဆို၏။

“ခင်ဗျားတို့ရဲ့ ကျေးငှက်ကို ကျုပ်တို့ လေးတစ်ချက်တည်းနဲ့ ခွင်းမယ်ဗျ” ဟူ၍ ကော်မီတီ ဦးဒါလီက ဆိုလေသည်။
ပရိသတ်ကြီးလည်း အတောမသတ်အောင် ရယ်ကြလေသတည်း။

မောင်လူအေးသည် ပုံစိမ်းနှင့် ပုံးနီတို့ကို မဲဆန္ဒရုံကလေး အထဲတွင် သွား၍ ထားပြီးနောက် လူခွန်စာရင်းကို ဖွင့်ကာ “မောင်ကာလီ” ဟု ခေါ်လိုက်၏။ မောင်ကာလီ တက်၍ လာလေပြီ။ မောင်သာပန်းနှင့် မောင်ရွှေကျေးတို့ နှစ်ယောက်လုံး သူ့ကို ပြုံး၍ ကြည့်ကြလေသည်။
မောင်ကာလီ၏ ပုံပန်းကို ကြည့်ကြပါဦး။ မန္တလေးလုံချည် အသစ်ကို ၀တ်၊ လက်နှီးရောင် ခေါင်းပေါင်းကို ပေါင်းထား၏။ အင်္ကျီကား မရှိပေ။ ဗွက်ဖိနပ်တစ်ရံကို လက်တစ်ဖက်က ကိုင်၊ လက်တစ်ဖက်တွင်ကား ထီး။ ရှုပ်ပွေ၍ နေလေတော့သည်။ စိတ်ရှုပ်စရာ လွန်စွာ  ကောင်း၏။ သို့သော် ရွာသူရွာသားတို့ကမူကား မောင်ကာလီမှာ အလွန် ဂိုက်ကျသည်ဟု တီးတိုးစကား ပြောကြားနေကြလေသည်။ မောင်ကာလီးကား ပြုံးပြုံး ပြုံးပြုံးနှင့် ၀င်လာ၏။

မောင်လူအေး၏ အနီးသို့ ရောက်လျှင် ရပ်လျက် နေလေသည်။ မောင်လူအေးကလည်း မေးစရာ ရှိသည်တို့ကို မေး၊ စစ်ဆေးစရာ ရှိသည်တို့ကို စစ်ဆေးပြီးလျှင် ခဲပြားတစ်ပြားကို လှမ်း၍ ပေး၏။ လှမ်းယူရန် မောင်ကာလီတွင် လက်ပို မပါ။ လက်နှစ်ဖက်စလုံး မအားရှာပေ။ ပရိသတ်ကြီးက ၀ါးခနဲ ရယ်ကြပြန်လေသည်။ နောက်မှ ဗွက်ဖိနပ်များကို ပုခုံးတွင် ချိတ်ကာ ခဲပြားကို လှမ်း၍ ယူ၏။ ပရိသတ်ကြီးလည်း အတောမသတ်အောင် ရယ်လေတော့သတည်း။

မောင်ကာလီ မဲဆန္ဒရုံမှ ထွက်လာလေပြီ။ မောင်ရွှေကျေးကား သူ့ပုံးထဲ မဲထည့်ခဲ့သည်ဟု ထင်၏။ မောင်သာပန်းကလည်း သူ့ပုံထဲ ထည့်ခဲ့သည်ဟု ထင်မှတ်လေ၏။ မောင်ကာလီကား မောင်ရွှေကျေးထံမှ ငွေနှစ်ဆယ်၊ မောင်သာပန်းထံမှ ငွေနှစ်ဆယ် ရပြီးလေပြီ။ အလွန် အလှော်ကောင်းသော မောင်ကာလီ ပါတကား။

လူခွန်စာရင်းတွင် ပါသောသူတို့အား တစ်ယောက်ပြီးလျှင် တစ်ယောက်ကို ခေါ်လေရာ လူနှစ်ဆယ်ခန့် ဆန္ဒပေးပြီးလေပြီ။ ထို့နောက် မောင်လူအေးက “မြွေဟောက်” ဟု ခေါ်လိုက်ရာ လူအများ ရယ်ကြပြန်၏။ “မြွေဟောက်” ဆိုသူသည် အဘယ်သို့သော သူနည်းဟု သိလို၍ မောင်လူအေး လှမ်း၍ ကြည့်လေသည်။

ဟော ဟော၊ “မြွေဟောက်” ၀င်လာလေပြီ။ အက်ႌ မပါ။ ခေါင်းပေါင်းလည်း မရှိ။ မျက်နှာသုတ်ပ၀ါ ညစ်ပေပေကို လုံချည်လုပ်၍ ၀တ်လာရရှာလေသည်။ လွန်စွာ့ လွန်စွာမှပင် ဆန်းရဲဟန် တူ၏။ မောင်လူအေး သနားမိလေသည်။ သို့သော် “မြွေဟောက်”ကား အရယ်ပင် မပျက်။ ရွာသားတို့ကလည်း ရယ်လျက်ပင်။ သတ္တ၀ါတို့၏ ဓမ္မတာ ဖြစ်လေရာမှာ ပျော်စမြဲဖြစ်သည်ဟု မောင်လူအေး တွေးတောမိပြန်လေသည်။

“မြွေဟောက်” မဲဆန္ဒရုံ အတွင်းမှ ပြန်ထွက်လာသောအခါ “ဟေ့ သာပန်း၊ မင့်ပုံးထဲမှာ ထည့်သကွဲ့” ဟု ဆိုကာ ဆင်းသွားလေသတည်း။ ကြားရသူတို့လည်း ရယ်လျက် ကျန်ရစ်ကြလေသည်။

“မြွေဟောက်” မဲထည့်ပြီးနောက် ရယ်စရာအချက် မပေါ်သေးပေ။ လူပေါင်း ၉၀ ကျော် မဲပေးပြီးလေပြီ။ ၃ – ၄ ယောက်လောက်သာ ကျန်တော့၏။ လူခွန်စာရင်းတွင် နောက်ဆုံးအမည်ကား “ကဇန်း” ဖြစ်သည်။ “ကဇန်း” ဟူ၍ မောင်လူအေး ခေါ်လိုက်ရာ ရွာသူရွာသားတို့ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်ပြန်၏။ ဟိုကြည့် သည်ကြည့် လုပ်ကြပြန်၏။ အဘယ်ကြောင့်ပါလိမ့်။ ထူးဆန်းသောကြောင့် ဖြစ်ဟန်တူသည်။
ဟော ဟိုမှာ ကြည့်လော့။ လူနှစ်ယောက် တက်လာကြလေပြီ။ တစ်ယောက်ကား ရှေ့က၊ တစ်ယောက်မှာ နောက်က လိုက်လာလေသည်။ ရှေ့လူက နောက်လူကို တွဲ၍ လာခြင်း ဖြစ်သည်။ “ကဇန်း” မျက်စိကွယ်သွားသည်မှာ လေးလမျှသာ ကြာသေးသည်။

“ကဇန်း” မိမိ အနားသို့ ရောက်လျှင် မောင်လူအေးက “ဘယ်သူ့ မဲပုံးထဲ ထည့်ချင်သလဲ” ဟု မေး၏။

“မောင်သာပန်း ပုံးထဲ ထည့်ချင်တယ်” ဟု ဖြေလေသည်။

မောင်လူအေး ကိုယ်တိုင် မဲဆန္ဒရုံထဲသို့ ၀င်ကာ ခဲပြားကို မောင်သာပန်း၏ ပုံးထဲသို့ “ကဇန်း” အစား ထည့်ပေးရ၏။
“ကဇန်း” တို့ ဆင်းသွားလျှင် မဲဆန္ဒပေးသော ကိစ္စကြီး ပြီးသွားလေတော့သတည်း။

မောင်လူအေးလည်း မောင်သာပန်းနှင့် မောင်ရွှေကျေးတို့အား မေးစရာ ရှိသည်တို့ကို မေး၊ စစ်ဆေးစရာ ရှိသည်တို့ကို စစ်ဆေး၏။ အုပ်စုသူကြီးတို့အားလည်း စစ်ဆေးလေသည်။

ဤသို့ စစ်ဆေးပြီးလျှင် ပုံးစိမ်းနှင့် ပုံးနီတို့ကို မဲဆန္ဒရုံကလေး အထဲမှ ယူထုတ်ပြီးလျှင် လူကြီးများစုံရာ ရှေ့တွင် ပုံးများကို ဖွင့်ကာ ခဲပြားများကို ရေတွက်၏။ ပရိသတ်ကား ငြိမ်လျက်ပင်။

မဲကို ရေတွက်ပြီးလျှင် မောင်လူအေးက ဤသို့ ကြေညာ၏။

မောင်သာပန်း ၈၅ မဲ။

မောင်ရွှေကျေး ၁၅ မဲ။

ပရိသတ်ကြီး ဆူညံ၍ သွား၏။ မောင်ရွှေကျေးကား ကြက်ပျောက်ငှက်ပျောက် ပျောက်သွားလေပြီ။ ကောင်းကင်သို့ပင် ပျံသွားလေရော့သလား။ ရွာသူရွာသားတို့လည်း စကား တပြောပြောနှင့် ရွာသို့ ပြန်သွားကြကုန်၏။

လင်းလွန်းပင် ရွေးကောက်ပွဲကြီး ဆုံးခန်းသို့ ရောက်လေပြီ။

သိပ္ပံမောင်ဝ
၁၂၉၅ ၀ါခေါင်လ
Credit To ခွန်အားရှိသောစာ
Read More »

မိတ္တဗလ ဋီကာ မှ ကောက်နုတ်ချက် (ဦးနု)

ဥပဒေသ အမှတ် ၁
တစ်ဖတ်သားကို မိမိဘက်သို့ ပါအောင်လုပ်ရန် အတွက် အကောင်းဆုံးသော နည်းတစ်သည် ငြင်းခုံခြင်းကို ရှောင်ရှားပါ။

ဥပဒေသ အမှတ် ၂
တစ်ဖက်သား၏ အယူအဆကို အလေးဂရုပြုပါ ။ လူတစ်ယောက်အားမှားသည်ဟု ဘယ်သောအခါမှ မပြောလေနှင့်။

ဥပဒေသ အမှတ် ၃
အကယ်၍ သင်သည်မှားခဲ့ပါလျှင် ထိုအမှားကို လျှင်လျှင်မြန်မြန်နှင့် လေးလေးနက် နက် ၀န်ခံပါ။

ဥပဒေသ အမှတ် ၎
ချိုချိုသာသာ နှင့် စပါ ။

ဥပဒေသ အမှတ် ၅
တစ်ဖက်သား အလျှင်အမြန် “ အင်း ” လိုက်အောင် ကြိုးစားပါ။

ဥပဒေသ အမှတ် ၆
တစ်ဖက်သားကို သူပြောချင်တာ ၀ အောင်ပြောပါစေ။

ဥပဒေသ အမှတ် ၇
တစ်ဖက်သားအား ပေးအပ်သောအကြံသည် သူ၏ အကြံသာဖြစ်သည်ဟု
အထင်ရောက်နေပါစေ။

ဥပဒေသ အမှတ် ၈
တစ်ဖက်သားဘက်မှနေ၍ အရာခပ်သိမ်းကို ဝေဖန်ပိုင်းခြားနိုင်အောင် စိတ်ကောင်း စေတနာကောင်းနှင့် ကြိုးစားပါ ။

ဥပဒေသ အမှတ် ၉
တစ်ဖက်သား၏ အယူအဆ အလိုဆန္ဒတို့ နှင့် စပ်လျဉ်း၍ ကိုယ်ချင်းစာတတ်ပါစေ။

ဥပဒေသ အမှတ် ၁၀
မြင့်မြတ်သော စိတ်ဓာတ်ကို ထိခိုက်အောင်လုပ်ပေးပါ။

ဥပဒေသ အမှတ် ၁၁
သင်၏အကြံအစည်များဖြင့် တစ်ဖက်သား၏ စိတ် အာရုံကို ဆွဲနိုင်အောင် ပြုပြင်ပေးပါ။

ဥပဒေသ အမှတ် ၁၂
သူတို့၏ မခံချင်သောစိတ်ကို ဆွပေးပါ။

မူရင်း- Dale Carnegie ၏ How To Win Friends And Influence People

ဦးနု
(မိတ္တဗလ ဋီကာမှ)
Read More »

အ မနာပ [ချက်ကော့ (၁၈၆၀-၁၉၀၄)]

မိတ်ဆက်စကား။ ။ ချက်ကော့၏ စာတို့ကို တင်ပြသည်မှာ ဒိဋ္ဌဓမ္မ အဖွဲ့အနွဲ့ အကြောင်းကို ဖော်ပြလို၍ တင်ပြခြင်း ဖြစ်သည်။ ဤလောကကြီးသည် ဣဋ္ဌာရုံ၊ အနိဋ္ဌာရုံတို့ဖြင့် ရောပြွှမ်းနေပါသည်။ ဒိဋ္ဌဓမ္မသမားတို့သည် ထိုနှစ်မျိုးစလုံးကို သုံးသပ်ရစမြဲပင်။ သို့ရာတွင် ဤလောက၌ အနိဋ္ဌာရုံဆိုသည်မှာ ဣဋ္ဌာရုံထက် ပိုများသည်ဟု ထင်စရာ ရှိပါသည်။ ထို့ကြောင့် ဒိဋ္ဌဓမ္မ စာရေးဆရာတို့က ဖြစ်ကြောင်း အမှန်များကို သရုပ်ဖော်လိုက်သည့်အခါ ထိုပုဂ္ဂိုလ်တို့၏ စာများမှာ မမြင်ဝံ့စရာ၊ မကြားဝံ့စရာ အဖြစ်အပျက်များသာ ဖြစ်ရမည်ဟု ယေဘုယျ ယူဆတတ်ကြပါသည်။ စာအရေးအသား ကောင်းသူတို့၏ ဒိဋ္ဌဓမ္မ အကြောင်းအရာတို့ကို ဖတ်ရသောအခါ အသုဘ ကမ္မဋ္ဌာန်းကို စီးဖြန်း၍ ၀ိပဿနာ ဥာဏ်ပွင့်ပြီးလျှင် တရားသံဝေဂ ရနေဘိသကဲ့သို့ ရှိပါသည်။ အဖွဲ့အနွဲ့အရာ၌ အနုပညာ မဆန်လျှင်မူကား ဒိဋ္ဌဓမ္မကို သရုပ်ဖော်ခြင်းပင် ဖြစ်စေကာမူ ယင်းသို့ သရုပ်ဖော်သည်မှာ ကြောက်စရာ ကောင်းရုံ၊ လန့်စရာ ကောင်းရုံမျှသာ ရှိတတ်ပါသည်။ အပုပ်ကောင်ကြီးကို မြင်ရသောအခါ အောဂလီဆန်သည့် အရသာ သာလျှင် ပေါ်လာတတ်ပါသည်။ ထို့ကြောင့် ဒိဋ္ဌဓမ္မဟု ဆိုတိုင်းလည်း အသုဘကို ပုံတူကူး၍ တင်ပြခြင်းသည် အနှစ်သာရ ရှိချင်မှ ရှိပေလိမ့်မည်။ အနုပညာ မြောက်ချင်မှ မြောက်ပေလိမ့်မည်။ သို့သော် ချက်ကော့၏ စာများသည် အပုပ်ကောင်ကို ရုပ်ဆောင်၍ ပြရုံမျှ ပြနေသော စာမျိုး မဟုတ်သည်ကို စာရှုသူတို့ ကောင်းစွာ ရိပ်စားမိလိမ့်မည်ဟု ယုံကြည်ပါသည်။

ချက်ကော့သည် ဖြစ်ရပ်မှန်တို့ကို တင်ပြရာ၌ ဒေါမနဿကင်းသည်ဟု ဆိုရပါမည်။ စိတ်နုသောသူတို့ အဖို့ဆိုလျှင် ဖြစ်ရပ်အမှန်တို့၌ တွေ့ရတတ်သော မတရားမှု မညီမျှမှုတို့ဖြင့် အမြီးအမောက် မတည့်သည်ကို ကြည့်ရင်း ဒေါသတဆတ်ဆတ်နှင့် တုန်မိကြပေလိမ့်မည်။ သို့သော် သဘောထားကြီးသော၊ အ ဒေါသ စေတနာနှင့် ပြည့်ဝသော ချက်ကော့အဖို့မှာမူ ဖြစ်ရပ်မှန်တို့ကို အာဃာတတရားနှင့် ယှဉ်၍ ဆုံးဖြတ်နေသည် မဟုတ်ချေ။ ထို့ကြောင့် သာမန်လူများအနေဖြင့် ခံပြင်းစရာကောင်းသော အဖြစ်အပျက်တို့သည် ချက်ကော့အဖို့ သွားမဖြဲဘဲ ကျိတ်၍ရယ်စရာ ကောင်းသော အဖြစ်အပျက် ဖြစ်လာသည်။ ၀မ်းနည်းကြေကွဲစရာဖြစ်သည့် အတ္ထုပ္ပတ္တိသည်ပင်လျှင် ချက်ကော့၏ ဣနြေ္ဒရှိသော ဟာသစိတ်ဓာတ်ကြောင့် စိတ်ပြေစရာ အတ္ထုပ္ပတ္တိများ ဖြစ်လာလေသည်။ ဒေါသထွက်စရာကောင်းသော ကိစ္စတို့သည်လည်း ချက်ကော့အဖို့ ခွင့်လွှတ်စရာကောင်းသော ကိစ္စများ ဖြစ်လာလေသည်။ ထို့ပြင် လူသာမန်တို့က ဂရုမပြုဘဲ သာမည ယူဆမိသော အရာတို့ကို ချက်ကော့က ၀ိသေသဟု မြင်တတ်သည်။ ထိုအခါ လောကကို ခွင့်လွှတ်တတ်သော ဟာသဥာဏ်ဖြင့် ချက်ကော့သည် ၀ိပဿနာ တင်လေသည်။ ထိုအခါ သာမညတို့သည် ကျိတ်၍ ရယ်စရာ ဧရာမကိစ္စ ဖြစ်လာပြန်သည်။ ဤသည်တို့ကား ချက်ကော့၏ အနုပညာပင် ဖြစ်သည်။ ဤ “အ မနာပ” ၀တ္ထုတို၌ အများက ဘာမျှမဟုတ်သော အဖြစ်အပျက်ဟု ပေယျာလကန်ပြုထားသော ကိစ္စတစ်ရပ်သည် ချက်ကော့၏ စာပေအနုပညာ တန်ခိုးကြောင့် အများက ဂရုမပြုဘဲ မရနိုင်လောက်သော ကိစ္စတစ်ရပ် ဖြစ်လာလေသည်။ ဤသို့ သာမညမှ ၀ိသေသသို့ ကူးပြောင်းလာသောအခါ ထုံးစံအားဖြင့်ဆိုလျှင် ကျွန်ုပ်တို့၏ ဒေါမနဿတရားတို့သည် ကြီးမားလွန်ကဲလာစရာ အကြောင်း ရှိပေလိမ့်မည်။ သို့သော် ချက်ကော့၏ အာသီသမှာ ဒေသနှင့်ကင်းသော အာသီသ ဖြစ်လေရာ၊ သာမညမှ ၀ိသေသဖြစ်လာသော အခါကျခါမှ ကျွန်ုပ်တို့မှာ လောကတစ်ခုလုံးကို ကျိတ်ရယ်စရာဟု သဘောထားကာ ခွင့်လွှတ်ခြင်း ပြုနိုင်လာလေသည်။

လက်ရေးသင် ဆရာကြီးဆာဂေသည် သူ့ သမီး နာတာလျာကို သမိုင်းနှင့် ပထ၀ီသင်ဆရာ အိုင်ဗန်နှင့် လက်ထပ် ထိမ်းမြားပေးသည်။ ထို လက်ထပ်ပွဲမှာ အားလုံး ချောချောမောမော ရှိသည်။ ပွဲထိုင်လာသူတို့သည် အခန်းထဲ၌ ဆိုကြ ကကြနှင့် အလွန်ပျော်မြူးကြသည်။ ကလပ်တစ်ခုမှ ခေါ်ယူငှားရမ်းထားသော စားပွဲထိုးတို့သည် ချေးအလိမ်းလိမ်း ကပ်နေသော လည်စည်းအဖြူကို လည်မှာစည်း၍ ကုတ်အင်္ကျီရှည်ကို ၀တ်ဆင်ကာ ပန်းပျားခပ်မျှ ဖြစ်နေကြသည်။ လက်ထပ်ပွဲမှာ သောသောညံ၍ နေ၏။ ဂုဏ်ရည်မတူသဖြင့် ဖိတ်ကြားခြင်း မခံရသူတို့သည် အိမ်ပြင်ဘက် ပြတင်းပေါက်မှ ချောင်းကြည့်ကြ၏။

ညသန်းခေါင်ယံ၌ ဆာဂေသည် ညစာအတွက် အရန်သင့် ရှိ မရှိ သိရလေအောင် မီးဖိုချောင်ထဲ ၀င်ကြည့်သည်။ မီးဖိုချောင်တစ်ခန်းလုံးမှာ ကြမ်းပြင်မှ ခေါင်မိုးအထိ မီးခိုးအပြည့် တက်နေသည်။ ဘဲနံ့၊ ကြက်နံ့တို့မှာ တစ်ခန်းလုံး လှိုင်နေသည်။ ခုံများပေါ်၌ စားစရာ သောက်စရာများ ပြန့်ကျဲလျက် ရှိသည်။ မာရဖာဟု အမည်ရှိသော မျက်နှာနီနီနှင့် ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသည့် ထမင်းချက် မိန်းမကြီးမှာ ပစ္စည်းအပြည့် တင်ထားသော စားပွဲခုံတွင် အလုပ်များနေသည်။

ဆာဂေသည် လက်နှစ်ဖက်ကို ပွတ်ကာ သွားရည်ကျသည်ကို နှုတ်ခမ်းဖြင့် ပျတ်ပျတ်မြည်အောင် သိမ်း၍ မာရဖာအား “ငါးသလောက်ကို ကြည့်စမ်းပါရစေဦး”ဟု ပြော၏။ “အောင်မယ်လေး၊ အနံ့ကလေးကလည်း သင်းလို့၊ တစ်ကောင်လုံး ၀ါးစားလိုက်စမ်းချင်ပါဘိကွယ်။ ငါးသလောက်ကို ကြည့်စမ်းပါရစေ”ဟု ထပ်၍ပြော၏။

မာရဖာသည် ခုံတစ်ခုံဆီသို့ သွား၍ အဆီအလိမ်းလိမ်း ကပ်နေသော သတင်းစာ စက္ကူကို ဖွင့်ပြလိုက်သောအခါ စက္ကူအောက် လင်ပန်းထဲတွင် ဆူဖြိုးသော ငါးသလောက်ကြီး တစ်ကောင်သည် နံနံပင်၊ သံလွင်သီး၊ မုန်လာဥများနှင့် အတူရှိနေသည်ကို တွေ့ကြရသည်။ ဆာဂေသည် ငါးကို ကြည့်ပြီး သဘောကျ၍ သက်ပြင်းရှူလိုက်သည်။ သူ့မျက်နှာသည် ၀င်းဝင်းတောက်နေသည်။ မျက်လုံးကြီးများကိုလည်း အထက်သို့လှန်၍ ကြည့်သည်။ ထို့နောက် သွားရည်ယိုသည်ကို ထိန်းရန် နှုတ်ခမ်းစုတ်လိုက်ရာ ဆီမပါသော လှည်းပုံတောင်း တကျွီကျွီမြည်သကဲ့သို့ အသံတစ်ခု ပေါ်လာသည်။ ထို့ပြင်လည်း ဆာဂေသည် ကျေနပ်လွန်းလှသဖြင့် လက်ဖျောက် တစ်ချက်တီးကာ နှုတ်ခမ်းကို နောက်တစ်ကြိမ် ထပ်၍ လျှာဖြင့် သပ်လိုက်သည်။

ထိုအခါ ကပ်လျက်ရှိသော အခန်းတစ်ခုမှ “ဟား၊ ဟား။ ဒါဟာ နမ်းတဲ့အသံပဲ။ မာရဖာ၊ ခင်ဗျား ဘယ်သူ့ကို နမ်းနေတာလဲဗျာ” ဟူသော အသံတစ်ခု ထွက်ပေါ်လာလေသည်။ ထိုအသံ ကြားပြီးနောက် တံခါးဝ၌ လက်ထောက်ဆရာ ဗန်ကင်၏ ခေါင်းတုံးဆံတောက်သည် ဘွားခနဲ ပေါ်လာသည်။ “ခင်ဗျား ဘယ်သူနဲ့ နမ်းနေတာတုံးဗျ။ သြော်၊ ဒီလိုကိုး၊ နေရာကျလိုက်လေဗျာ။ ဆရာကြီး ဆာဂေပါလား၊ တယ်ဟုတ်တဲ့ ဆရာကြီးပဲ။ မိန်းမတစ်ယောက်နဲ့ နှစ်ကိုယ်ချင်း တီးတိုး တီးတိုးနဲ့ကိုး” ဟူ၍ ဗန်ကင်က ဆက်ပြောလေသည်။

ဆာဂေသည် စိတ်ရှုပ်သွားသည်။ “ဟဲ့ အရူး၊ မင်းကို ဘယ်သူက ပြောသလဲ၊ ငါ ဘယ်သူ့ကိုမှ နမ်းနေတာ မဟုတ်ဘူးဟဲ့။ ငါးသလောက်ကြီးကို မြင်ရတော့ ကြိုက်လွန်းလို့ သွားရည်ယိုတာဟ။ ဒါကြောင့် နှုတ်ခမ်းပြင်တာ”

“တော်စမ်းပါ ဆရာကြီးရယ်၊ ဒါမျိုးကို သူများ သွားပြောဗျာ။ ကျွန်တော့်ကိုတော့ လာမပြောပါနဲ့” ဟူ၍ ဗန်ကင်က အော်ပြော၏။ ဗန်ကင်မှာ ရယ်ချင်လွန်းလှ၍ ပါးစပ်ပြဲလာသည်။ ထိုနောက် အခန်းထဲမှ ထွက်သွားသည်။ ဆရာကြီးကား မျက်စိမျက်နှာ ပျက်၍ ကျန်ရစ်၏။

ထို့နောက် ဆရာကြီးသည် ဤသို့ တွေးမိ၏။ “သင်းလုပ်ပုံက နောက်ဘာတွေ ရှုပ်လာဦးမလဲ မသိဘူး။ ဒီအကောင်ဟာ တောင်ပြော မြောက်ပြော လျှောက်ပြောဦးမှာပဲ။ တစ်မြို့လုံး မျက်နှာမပြ၀ံ့အောင် သင်း ငါ့အရှက် ခွဲတော့မှာပဲ”

ဆာဂေသည် ခန်းမကြီးထဲသို့ မ၀င်ဝံ့ဝံ့ဖြင့် ၀င်လာသည်။ ပြီးလျှင် ဗန်ကင် ဘာလုပ်နေသည်ကို မရဲတရဲနှင့် လှမ်း၍ကြည့်၏။ ဗန်ကင်သည် ပြာနိုနားတွင် မတ်တတ်ရပ်နေရာမှ ရုတ်တရက် ငုံ့၍ တစ်စုံတစ်ခုကို ပြောလိုက်ရာ ပညာအုပ်ကတော်က ရယ်လေသည်။

“အဲ၊ အဲဒါ ငါ့ကို စောင်းပြောနေတာပဲ”ဟု ဆာဂေက တွေးလိုက်၏။ “ဟုတ်ပြီ၊ ငါ့အကြောင်း ပြောနေတာပဲ။ ဒီလိုအကောင်မျိုး မြန်မြန်သေ မြန်မြန်အေးမှာပဲ။ ဘုရား ဘုရား။ ပညာအုပ်ကတော်ဆိုတာကလည်း သူပြောသမျှ ယုံလိုက်တာပဲ။ ဒါကြောင့် ရယ်နေတာပေါ့။ မဖြစ်ဘူး၊ မဖြစ်ဘူး။ သူပြောတာ မယုံအောင် ငါက တစ်ခုခုတော့ လုပ်ဦးမှပဲ။ ဒီလိုမှ မလုပ်ရင် ဒီငနဲဟာ ငါ့ကို ရွာရိုးလျှောက်ပြီး သောက်တင်းချည်း ပြောနေတော့မှာပဲ”

ဆာဂေသည် စိတ်ရှုပ်ရှုပ်ဖြင့် ဦးခေါင်းကိုကုတ်၍ ပြင်သစ်လူမျိုး ဧည့်သည်တစ်ဦးဖြစ်သူ ဖာဒေကွိုင်ထံသို့ ချဉ်းကပ်လိုက်သည်။

“ဒီလိုဗျာ၊ ခုနကပဲ ကျုပ်က ညစာအတွက် ပြင်ပြီးပြီလားဆိုပြီး မီးဖိုချောင်ထဲ သွားကြည့်တယ်” ဟူ၍ ဆာဂေက စကားကို စသည်။ “ခင်ဗျား ငါးကြိုက်တယ် မဟုတ်လား။ ကျုပ်သိပါတယ်ဗျာ။ ကျုပ်မှာ ငါးသလောက်ကြီး ဟောသလောက်ကြီး ရထားတယ်ဗျ။ တစ်လံလောက် ရှိလိမ့်မယ် ထင်ပါရဲ့။ ဟား၊ ဟား၊ ဟား။ နို့ပေမယ့် ကျုပ်ပြောမလို့ မေ့သွားသဗျာ။ အဲဒီ မီးဖိုချောင်နဲ့ ငါးသလောက်ကိစ္စ လူပြော သူပြောများနေတာ ရှိနေသဗျ။ ကျုပ်က ဘာစားစရာ ရှိသလဲဆိုပြီး မီးဖိုချောင်ထဲ ခုနကပဲ ၀င်ကြည့်မိတယ်။ ကျုပ်က ငါးသလောက် ကြိုက်တတ်လို့ဝင်ကြည့်တာ။ မြင်ရတော့ သွားရည်ယိုသဗျို့။ ဒါနဲ့ ကျုပ်က နှုတ်ခမ်း သပ်လိုက်တယ်။ အဲသလို နှုတ်ခမ်းသပ်လိုက်တယ်ဆိုရင်ပဲ ဗန်ကင်ဆိုတဲ့ အကောင်က ၀င်လာပါလေရော။ ဟဲ… ဟဲ… ဟဲ… ဟဲ နဲ့ လုပ်ပြီး “ဆရာကြီး၊ ဒီလာပြီး နမ်းနေသကိုးလို့ ပြောသဗျာ့။ ကျုပ်က မာရဖာကို ဖက်နမ်းတယ်လို့ ဆိုတာပေါ့ဗျာ။ ကြည့်စမ်းပါဗျာ။ ထမင်းချက်ကို ဖက်နမ်းရမှာလား။ ဒီလို လုပ်ကြံပြောတယ်ဆိုတာ အရူးအနှမ်းမှ လုပ်ကြံပြောတတ်တာ။ မိန်းမရဲ့ ရုပ်ကိုက မျောက်အိုကြီး ကျနေတာပဲ၊ အကျည်းတန်လိုက်တာ လွန်လို့။ အဲဒါကိုများ ဖက်နမ်းရတယ်လို့ဗျာ။ အတော်အူတဲ့ အကောင်ပဲ”

ယင်းသို့ ဆာဂေ ပြောပြနေစဉ် အခြားဧည့်သည်တစ်ဦးဖြစ်သော တာရန်တူလော့သည် ၀င်လာပြီးလျှင် “ဘယ်သူလဲဗျ အူတယ်ဆိုတဲ့ ငနဲဟာ”ဟု စကားဖြတ်ပြောသည်။
ဆာဂေက ပြန်ပြော၏။ “ဗန်ကင်ကို ကျုပ်ပြောနေတာပါဗျာ။ ကျုပ် မီးဖိုချောင်ထဲ ၀င်တုန်းမှာ…”

ဤသို့လျှင် မာရဖာနှင့် ငါးသလောက်အကြောင်းကို ဆာဂေက ထပ်၍ ပြောပြန်သည်။

“ရယ်စရာပဲဗျာ၊ ဒီအကောင်ဟာ တော်တော်အူတယ်။ မာရဖာကို ဖက်နမ်းမယ့်အစား ခွေးဖက်နမ်းရတာကမှ ဇိမ်ရှိဦးမယ်”

ဆာဂေက ဤသို့ပြောပြီးလျှင် တစ်ဖက်သို့ လှည့်ကြည့်လိုက်ရာ မက်ဇဒါနှင့် ဆုံမိလေသည်။ ထို့ကြောင့် မက်ဇဒါအား ကပ်၍ ပြောပြန်သည်။

“ကျုပ်တို့ အခု ဗန်ကင့်အကြောင်း ပြောနေတာပါ။ ဒီအကောင်ဟာ တော်တော်အူတဲ့ အကောင်ပဲ။ သူ မီးဖိုချောင်ထဲ ၀င်လာတယ်။ ပြီးတော့ ကျုပ် မာရဖာနားမှာ ရပ်နေတာကို တွေ့သွားတယ်။ ဒီလိုတွေ့တွေ့ချင်းပဲ အမျိုးမျိုး အမနာပ သတင်းလွှင့်တော့တာပဲ။ သူက “ခင်ဗျားတို့ နှစ်ယောက် ဖက်နမ်းနေကြသလား”လို့ မေးတယ်။ သူက မူးနေတော့ ကယောင်ချောက်ချားတွေ ပြောနေတာပေါ့။ ဒီတော့ ကျုပ်က မာရဖာကို နမ်းမယ့်အစား ၀မ်းဘဲကို ဖက်နမ်းတာကမှ ကောင်းလိမ့်ဦးမယ်”လို့ ပြောလိုက်တယ်။ ပြီးတော့ “ဟဲ့၊ အရူးရဲ့။ ငါ့မှာ သားကြီး မယားကြီးနဲ့” လို့တောင်မှ ဆိုလိုက်မိသေး။ သူ လုပ်ပုံနှယ်ဗျာ ကျုပ်မှာ လူတကာ ရယ်စရာ ဖြစ်နေတာပေါ့”

ဤအတွင်း သာသနာ တရားဟော ဆရာတစ်ဦးက ဆာဂေအား “ခင်ဗျားကို ရယ်စရာဖြစ်အောင် လုပ်တာ ဘယ်သူလဲ”ဟု မေးပြန်၏။

“ဗန်ကင်ဆိုတဲ့ အကောင်ပေါ့။ ကျုပ်က မီးဖိုချောင်ထဲမှာ ရပ်နေတာပါ။ ငါးသလောက်ကြီးကို ကြည့်ရင်း ရပ်နေတာပါပဲ” ဆာဂေသည် ဤသို့ အစချီ၍ ဇာတ်ကြောင်းပြန်လှန်သည်။ နာရီဝက်လောက် ကြာသောအခါ ကြွရောက်လာသမျှသော ဧည့်သည်အပေါင်းတို့ ဗန်ကင့်အကြောင်း၊ ငါးသလောက်အကြောင်း စသည်တို့ကို အားလုံး သိကြရလေသည်။

ဆာဂေသည် လက်နှစ်ဖက်ကို ပွတ်ကာ တွေးတောမိပြန်သည်။ “သင်း ပြောချင်တာ ပြောပေ့စေ။ လုပ်ချင်ရာ လုပ်လိုက်နှင့်ဦးပေါ့ကွယ်။ သင်း ငါ့အကြောင်း စပြီးပြောတယ်ဆိုရင်ပဲ လူတွေကတော့ “ဟေ့ အရူး၊ မင်း မဟုတ်တာတွေ ပြောမနေပါနဲ့ကွာ။ တို့သိပြီးသားပါပဲ”လို့ ဆိုပြီးသူ စကားပြောတာ နားထောင်ကြတော့မှာ မဟုတ်ပါဘူး”

ဤကဲ့သို့ တွေးတောရင်းနှင့် ဆာဂေသည် အလွန်တရာမှ ကျေနပ်နှစ်သိမ့်လာပြီးလျှင် ၀မ်းမြောက်ဝမ်းသာနှင့် ဘရန်ဒီလေးခွက်ကို ခွက်ဆင့် သောက်လိုက်လေသည်။ ထို့နောက် သူ့သမီးအား အခန်းအပ်ပြီးလျှင် မိမိအခန်းရှိရာသို့ ပြန်လာလေသည်။ ပြီးလျှင်အပြစ်ကင်းမဲ့သော ကလေးငယ်ပမာ အိပ်မောကျသွားသည်။ နံနက်လင်းသောအခါ သူသည် ငါးသလောက်ကြီးကို သတိမရတော့ချေ။ သို့သော်လူဆိုသည်မှာ ဖြစ်ချင်တာလည်း မဖြစ်ရပါ။ အမနာပ လုပ်ငန်းသည် တွင်ကျယ်လာပြီ ဖြစ်ပါသည်။ ဆာဂေက မည်မျှပင် အလိမ္မာနှင့် စီမံထားသော်လည်း သူစီမံသလို မဖြစ်ပါ။ ရက်သတ္တ တစ်ပတ်ကြာသောအခါ ဆာဂေသည် ဆရာများ၏အခန်းထဲတွင် တပည့်တစ်ယောက် မဟားတရား ပြုမူသည့် အကြောင်းနှင့် ပတ်သက်၍ စကားပြောနေဆဲ ကျောင်းအုပ်ချုပ်ရေးမှူးက သူ့အနီးသို့ လာ၍ လက်တို့ ခေါ်သွားလေသည်။

ထိုနောက် အုပ်ချုပ်ရေးမှူးက “ဒီမှာ ဆရာဆာဂေရယ်၊ ကျုပ် တစ်ခု တောင်းပန်ပါရစေ။ ကျုပ်နဲ့တော့ ဘာမှ မဆိုင်ပါဘူး။ နို့ပေမယ့် ဆရာ့ကို တစ်ဆိတ်တော့ ပြောပါရစေဗျာ။ ၀တ္တရားကလည်း ရှိနေလို့ပါ။ အရပ်ထဲမှာ ဟိုးလေးတကျော် ဖြစ်နေတယ်။ ဆရာဟာ မိန်းမတစ်ယောက်နဲ့၊ ထမင်းချက် မိန်းမနဲ့ ဖြစ်နေတယ်လို့။ အဲဒါ ကျုပ်နဲ့တော့ မဆိုင်ပါဘူးနော်။ ဆရာဟာ့ ဆရာ ဖြစ်ချင်သလို ဖြစ်ပါ။ ကိစ္စ မရှိပါဘူး။ ထမင်းချက်ကို ဖက်နမ်းချင်သပဆိုလည်း ဖက်နမ်းချင် နမ်းပေါ့ဗျာ၊ လုပ်ချင်တာ လုပ်နိုင်ပါတယ်။ နို့ပေမယ့် တောင်းပန်ပါရစေ။ အခုလို ဗြောင်လုပ်တာတော့ မတော်ဘူး ထင်တယ်။ ဆရာဟာ ကျောင်းဆရာကြီးဗျ။ ဒါကို မေ့လို့တော့ မသင့်ပါဘူးဗျာ”ဟု ပြောလေ၏။

ဆာဂေသည် လူစင်စစ်က ကျောက်ဖြစ်သွားဘိသကဲ့သို့ မတုန်မလှုပ်နှင့် ရပ်၍ နားထောင်သည်။ ထိုနောက် ပျားတုပ်ခံရသဖြင့် လည်းကောင်း၊ ရေနွေးလောင်း ခံရသဖြင့်လည်းကောင်း တစ်ကိုယ်လုံး တွန့်သွားဘိသကဲ့သို့ တွန့်သွားပြီးလျှင် အိမ်သို့ ပြန်လေသည်။ တစ်လမ်းလုံး၌ သူ့အား တစ်မြို့လုံးက ၀ိုင်းကြည့်နေသည်ဟု ထင်မှတ်မိ၏။ တစ်မြို့လုံးက သူ့အား ၀ိုင်း၍ အိုးမည်းသုတ်နေသည်ဟု ယူဆမိ၏။ အိမ်ရာပြန်သော် မိန်းမက ဆီး၍ ဒုက္ခပေးပြန်၏။

“ရှင် ဘာမှလဲ မစားပါကလား။ ဘာများ ငိုင်နေတာလဲတော့။ ဖူးစာရေးနတ်များ မျှော်နေတာလားဟင်။ ကျုပ် အားလုံးသိပါတယ် ကိုယ်တော်မြတ်ရယ်။ ရှင် မာရဖာကို လွမ်းနေတာ မဟုတ်လား။ ကျုပ်အပေါ်မှာ ကရုဏာရှိတဲ့ လူတွေကတော့ ရှင့်အကြောင်း သိအောင် မျက်စိဖွင့်ပေးကြသတော့်။ ရှင်ဟာ တော်တော်ယုတ်မာတယ်” စသဖြင့် ဆရာကတော် ဖြစ်သူသည် သူ့အား ထမင်းစားပွဲ၌ မြည်တွန်ရင်း ပါးကို တစ်ချက် နှစ်ချက် ရိုက်လိုက်သေးသည်။

ဆာဂေသည် စားပွဲမှထ၍ ရုတ်တရက် ဦးထုပ်ကိုမျှပင် မဆောင်းနိုင်၊ ကုတ်အင်္ကျီကိုမျှပင် မ၀တ်နိုင်ပဲ ဗန်ကင်ရှိရာသို့ သုတ်ခြေတင်လေသည်။ ဗန်ကင်ကား ထိုအချိန်၌ သူ့အိမ်မှာ ရှိနေသည်။

ဆာဂေသည် ဗန်ကင်ကို တွေ့သော် “မင်း အတော်ဆိုးတဲ့ ငနဲပဲ။ မင်း ငါ့ကို တစ်လောကလုံးရဲ့ တံတွေးခွက်ထဲ ပက်လက်မျောအောင် လုပ်လိုက်တာပဲ။ ဘာ့ကြောင့် အခုလို အမနာပ ပြောရတာလဲကွာ” ဟု အပြစ်တင်သည်။

“ဘယ်လိုလဲဗျ၊ ဘယ်သူက ဆရာကြီးကို အမနာပ ပြောတာလဲ။ ဒီလိုတော့ လုပ်ကြံမပြောပါနဲ့ဗျာ”

“ဒါဖြင့် ငါက မာရဖာကို ဖက်နမ်းတယ်လို့ ဘယ်ခွေးမသားက ပြောတာတုံး။ ကိုင်း၊ မင်းမဟုတ်ဘူးလား … မင်းမဟုတ်ဘူးလား”

ဗန်ကင်သည် မျက်တောင်ပင့်၍ မျက်စိ ပေကလတ် ပေကလတ် ဖြစ်လာသ်ည။ သူ့ခမျာမှာ မျက်နှာမကောင်းတော့ချေ။ ကတုန်ကယင် ဖြစ်နေသည်။ ထိုနောက် ဘုရားသခင် ၀တ်ပြုဝင်ရှိရာသို့ မျက်နှာမူပြီးလျှင် “ကျွန်တော့်ကို ထာဝရဘုရားသခင် ပေးချင်တဲ့အပြစ် ပေးတော်မူပါ။ သေချင်းဆိုးနဲ့ သေရစေရဲ့။ ဆရာကြီးအကြောင်း ဘယ်သူ့ကိုမှ မပြောမိရိုး အမှန်ပါဗျာ။ တကယ်လို့ ပြောမိတယ်ဆိုရင် ကျွန်တော့် အိုးရော၊ အိမ်ရော ပျက်စီးပါစေလို့ ကျိန်ဝံ့ပါတယ်”ဟု ငိုသံပါကြီးနှင့် ပြောလေ၏။

ဗန်ကင် အမှန်အတိုင်း ပြောနေသည်မှာ ယုံမှားဖွယ် မရှိချေ။ ဗန်ကင်သည် သူ့အကြောင်းကို အတင်းအဖျင်းပြောခြင်း မဟုတ်ရိုးအမှန် ဖြစ်သည်။

“ဒါဖြင့် ဘယ်သူလဲ” ဟု ဆာဂေသည် စိတ်တွင် ကျိတ်၍ မေးမိ၏။ သူ့ အသိအကျွမ်းထဲက မည်သူက ပြောလေမည်နည်းဟု သူ သိကျွမ်းသူမှန်သမျှ အားလုံးကို စဉ်းစားကြည့်၏။ ထိုနောက် ရင်ကိုထု၍ “ငါ့အတင်း ပြောတာ ဘယ်သူလဲကွ”ဟု ညည်းတွားလိုက်လေသတည်း။

(Slander by Anton Chekhov)
[ငွေတာရီ၊ အမှတ် (၄၇)၊ မေ ၁၉၆၄]

Credit to: http://www.crystalrays.org/
Read More »

"မိတ်ဆွေတုကို သတိပြုပါ"

လူ့လောကတွင် အဆင်ပြေအောင် နေထိုင်နိုင်ရေးသည် အပေါင်းအသင်းများနှင့် ဆက်သွယ်၍နေ၏။ အပေါင်းအသင်းမထားဘဲ သီးခြားလွတ်လပ်စွာနေ၍ မဖြစ်ပေ။ ထို့ကြောင့် အလုပ်ပြီးမြောက်အောင်၊ စိတ်ချမ်းသာအောင်၊ စီးပွားတိုးတက်အောင် မိတ်ဆွေကောင်း ရွေးချယ်တတ်ရန်နှင့် မိတ်ဆွေတု ရှောင်နိုင်ရန် အရေးကြီးပေသည်။

ဤနေရာ၌ မြတ်စွာဘုရားက ကောသလမင်းကြီးအား ဟောညွှန်ပုံကို သတိပြုသင့်၏။ ဘုရားရှင်က မိန့်တော်မူ သည်မှာ---“ပုဂ္ဂိုလ်တယောက်၏ အကျင့်သီလ၊ အလေ့အထ၊ သဘောသကာယကို ကြာကြာပေါင်းကြည့်မှ သိနိုင်သည်။ ကြာကြာပေါင်းသော်လည်း သူ့အကြောင်းကို သတိထား လေ့လာမှ သိနိုင်သည်။ သတိထားသော်လည်း မိမိက စဉ်းစားဝေဖန်တတ်သော ဉာဏ်ရှိမှ သိနိုင်သည်။ မစဉ်းစား မဝေဖန်လျှင် မသိနိုင်” ဟူ၏။
တနေရာတွင် မြတ်စွာဘုရားက မိတ်ဆွေတု ၄-မျိုး၊ မိတ်ဆွေစစ် ၄-မျိုးကို ပြတော်မူ၏။
မိတ်ဆွေတု ၄-မျိုးမှာ---
(၁) အညဒတ္ထုပရမ မိတ်ဆွေတု=သူကသာ တောင်းတတ်၊ သူကသာ အသာယူတတ်သော မိတ်ဆွေတု။
မိမိက အနည်းငယ်ပေး၍ များများပြန်ရရန် မျှော်လင့်တတ်၏။
အကူအညီ လိုသောအခါ တကယ် စိတ်ရင်းစေတနာ မပါဘဲ တစုံတခုသော အကျိုးကို မျှော်လင့်၍ အပိုအမို လောကွတ်နှင့် ဟန်ဆောင် လုပ်ပေးတတ်၏။

(၂) ဝစီပရမ မိတ်ဆွေတု=နှုတ်သာပါ၍ လက်မပါသော မိတ်ဆွေတု။
လွန်ပြီးသောပစ္စည်းဖြင့် လောကွတ်လုပ်တတ်၏။ (မနေ့ကသာလာရင် ပေးနိုင်မှာပဲ၊ အခုတော့ ...)
နောက်လာမည့် ပစ္စည်းဝတ္ထုဖြင့် လောကွတ်လုပ်တတ်၏ (နောက်တခါတော့ အဆင်ပြေမှာပါ...)
အကူအညီတောင်းလျှင် အကြောင်းပြ၍ ငြင်းဆိုတတ်၏။ (မလွယ်လို့ပါ၊ မအားလို့ပါ၊ ချို့ယွင်းနေလို့ပါ စသည်ဖြင့် ရှောင်ဖယ်ခြင်း)

(၃) အနုပီယဘာဏီ မိတ်ဆွေတု=အလိုလိုက်၍ အကြိုက်ကိုသာ ပြောဆိုလေ့ ရှိ၏။
မကောင်းမှုကိစ္စများကို အားပေးအားမြှောက်ပြု၍ လိုက်လျောပြောဆိုတတ်၏။
ကုသိုလ်ကောင်းမှု ကိစ္စတွင် မိမိအကျိုး ရည်ရွယ်ချက်ကြောင့် ဟန်ဆောင်လိုက်လျောတတ်၏။
မိမိရှေ့တွင် အကြောင်းရှာ၍ ချီးမွမ်းပြောဆို အမွှမ်းတင်တတ်၏။ မျက်ကွယ်တွင် အပြစ်ပြော၍ အကျိုးပျက်စီးအောင် လုပ်တတ်၏။

(၄) အပါယသဟာယ မိတ်ဆွေတု=ပျက်စီးကြောင်းအမှုကိစ္စတို့၌ အပေါင်းအဖော် ပြုတတ်၏။
သေရည်အရက် သောက်ရာ၌ အဖော်ဖြစ်၏။ ပွဲလမ်းသဘင် စသော ပျော်ရွှင်မှု အလုပ်ပျက်လောက်အောင် လိုက်စားရာ၌ သွားဖော်သွားဖက် ဖြစ်၏။ အလောင်းအစား အကစားအလုပ်၌ အဖော်အဖြစ် အားပေးအားမြှောက် လုပ်၏။

ဒွါဒသနိပါတ် မိတ္တာမိတ္တဇာတ်တော်၌လည်း မိတ်ဆွေတု (ရန်သူ)၏ အချင်းအရာ လက္ခဏာများကို ရှစ်မျိုးခွဲခြား၍ ပြထားရာ မိတ်ဆွေတုကို ရှောင်ကြဉ်ရန် ကိစ္စသည် အရေးကြီးသောအချက် ဖြစ်သည်ကို သတိပြုသင့်ပေသည်။

Credit To စိတ်ဓါတ်ခွန်အား
Read More »

ဆရာကြီး Dr. တင့်ဆွေ ရေးသားသော ရာသီလာခါနီး ဖြစ်တတ်တဲ့ မိန်းကလေးတွေရဲ့ စိတ်အခြေအနေ

Photo: ဆရာကြီး Dr. တင့်ဆွေ ရေးသားသော ရာသီလာခါနီး ဖြစ်တတ်တဲ့ မိန်းကလေးတွေရဲ့ စိတ်အခြေအနေ
=========================================

ရာသီလာခါနီး ဖြစ်တတ်တဲ့ မိန်းကလေးတွေရဲ့ စိတ်အခြေအနေနဲ့ ပတ်သတ်ပြီး သိချင်ပါတယ်။ လစဉ်လတိုင်း ရာသီ လာခါနီး ရက်တွေတိုင်းမှာ အချို့သော မိန်းကလေးတွေရဲ့ စိတ်တွေက အရမ်းကို ထိခိုက်ခံစားလွယ်ပြီး၊ ဘာမှ မဟုတ်တဲ့ အကြောင်းအရာလေး ပေါ်မှာတောင် အရမ်း Sensitive ဖြစ်လွန်းတယ်လို့ ထင်ပါတယ်။ ကျွန်မကိုယ်တိုင်ကတော့ အဲလို ရက်မျိုး နီးပြီဆိုရင် စိတ်ခံစားမှု အရမ်း Sensitive ဖြစ်ပါတယ်။ အကြောင်းအရာ သေးသေးလေးပေါ်မှာလည်း ဒေါသ အကြီးကြီး ထွက်နေတတ်ပါတယ်။ ဘာမှ မဟုတ်တာလေး နဲ့လည်း ရင်ထဲမှာ ဝမ်းနည်း ထိခိုက်လွယ်ပါတယ်။
အဲလို ရက်နီးရင် ကျွန်မက သိပ် Sensitive ဖြစ်တော့ ဘာမှ မဟုတ်တာလေးနဲ့လည်း အမျိုးသားနဲ့ စကားများ ရန်ဖြစ်ရပါတယ်။ အဲဒါက ကိုယ့်ကိုကိုယ် သတိထားမိတာပါ။ ကျွန်မလည်း အဲလိုမျိုး မဖြစ်ချင်ပါဘူး။ ဒေါသလည်း မဖြစ်ချင်သလို၊ ထိခိုက် ခံစားလွယ်တာမျိုးလည်း မဖြစ်ချင်ပါဘူး။ ဒါဟာ ပြုပြင် ပြောင်းလဲလို့မရတဲ့ သဘာဝပဲလား၊ တခုခုများ အကောင်းဘက်ကို ပြင်ဆင်လို့ ရမလားဆိုတာကို သိချင်ပါတယ်ရှင်။ ပြီးတော့ အဲလိုစိတ်မျိုးနဲ့ဆို သွေးဆုံးမယ့်အချိန်ဆိုရင် ကျွန်မ ဘယ်လို နေမလဲလို့ တွေးပြီး တော်တော်လေး တုန်လှုပ်မိပါတယ်။ ကျွန်မအသက်က ခုမှ ၂၃ ပါ၊ ဒါပေမယ့် ကျွန်မ သိထားသင့်တယ် ထင်လို့ပါ။ အဲဒါ ဘယ်လို ဆင်ခြင် နေထိုင်သင့်သလဲ။
မိန်းကလေးတယောက် မွေးလာတာနဲ့ သူမှာ မ-မျိုးဥပေါင်း ၄ သိန်းခွဲ ရှိနေမယ်။ အသက် ၁၃-၁၄ နှစ် ရောက်လာတာနဲ့ မျိုးဥအိမ်ကနေ ဟော်မုန်းတွေ ထွက်လာပြီ။ Follicle Stimulating Hormone (FSH) နဲ့ Leutenizing Hormone (LH) ဆိုတဲ့ ဟော်မုန်းတွေက လုပ်ပေးတယ်။ မျိုးဥလေးတွေ တလ တလုံးကျ ရင့်မှည့်လာကြမယ်။ ရာသီ ဆိုတာဆင်းပြီ။ တယောက်မှာ တလကို ရာသီသွေး ၂ဝ-၈ဝ စီစီ (၁-၂ အောင်စ) ဆင်းတယ်။
ဦးနှောက်ထဲမှာ Hypothalamus (ဟိုက်ပိုသဲလ်မတ်စ်) ဆိုတဲ့နေရာရာက အရေးပါတယ်။ ရေငတ်တတ်တာ၊ ထမင်းဆာတတ်တာ၊ အိပ်ခြင်တာ၊ ရာသီဖြစ်တာ၊ လိင်စိတ်ဖြစ်တာ၊ မျိုးပွါးစေနိုင်တာတွေကို ဒီနေရာကနေ ထိန်းချုပ်တယ်။ မရှက်တရား သုံးပါးလုံးး ဆိုပါတော့။
ရာသီမလာခင် ဖြစ်ခြင်တာတွေကို Premenstrual syndrome (PMS) ဆိုပြီး သပ်သပ်ဆေးစာမှာ ရှိတယ်။ အရွယ်ရောက် အမျိုးသမီး ၈ဝ% မှာ ခံစားကြရတယ်။ ဆေးကုဘို့လိုတာ ၂ဝ-၃ဝ% လောက်သာ ရှိပါတယ်။ ဆိုးဝါးတဲ့ Premenstrual Dysphoric Disorder (PMDD) ခေါ်တာမှာ ၂-၆% သာဆေးကုဘို့ လိုတယ်။ ဘာလို့ ဖြစ်ရသလဲဆိုတာ သဲသဲကွဲကွဲ မသိကြပါ။ အဲလိုမသိလေလေ ဖြစ်နိုင်ခြေ-သီအိုရီတွေ များလေပေါ့။
မေးတဲ့သူ ပြောပြတာတွေက Book picture ဆေးစာအုပ်ထဲကနဲ့ တူလှတယ်။ လူအတော်များများဟာ ကိုယ်ဖြစ်နေတာကို အသေအခြာ မပြောတတ်ကြပါ။ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ Emotional စိတ်လှုတ်ရှားမှု (ဝမ်းသာ-ဝမ်းနည်း)၊ Mood swings စိတ်မူ အပြောင်းအလဲတွေ ဖြစ်တယ်။ တချို့မှာ မသိသာပေမဲ့ တချို့ကြ ပြဿနာကြီးတဲ့အထိ ရှိတယ်။ ရာသီလလယ်ရက် မျိုးထွက်လိုက်တာနဲ့ ဒါတွေ တခုမဟုတ် တခု၊ တခုမကလဲ ဖြစ်တယ်။ ရာသီသွေး ဆင်းတာနဲ့ ဆရာဝန်မပါဘဲ ပြန်ကောင်းသွားပြီ။

ရုပ်ပိုင်းပြောင်းတာတွေက -
• Fatigue အားယုတ်နေတာ၊
• Bloating ရင်ကယ်နေတာ၊
• Breast tenderness ရင်သားနာတာ၊
• Acne ဝက်ခြံထွက်တာ၊
• Appetite changes စားခြင်စိတ် မတူဖြစ်လာတာ၊
• Food cravings ခြင်ခြင်းတပ်တာ။
• ပျို့တာ၊ ဝမ်းပျက်တာ၊ ဝမ်းချုပ်တာတွေ ခံစားရတယ်။
• Uterine cramping သားအိမ်နေရာ နာတာက အတော် ဆိုးတတ်တယ်။ သူ့မှာလဲ ၂ မျိုးရှိတယ်။ Prostaglandins သတ္တိကြောင့် Constriction ညှစ်တာ-တင်းတာတာနဲ့ Relaxation လျော့တာဖြစ်ရလို့ Spasmodic cramping ခေါ်တယ်။ ခါးနာတာ၊ ပေါင်ကြောနာတာ၊ ခေါင်းကိုက်တာတွေလဲ ခံစားရတတ်တယ်။
စိတ်မူအပြောင်းအလဲက အရေးပါတယ်။ Crying ငိုခြင်ငိုမယ်၊ Oversensitivity သိပ်အကဲဆတ်မယ်၊ Rapidly changing အလျင်အမြန် ပြောင်းလဲပြီး Unpredictable moods ဘယ်လိုဖြစ်လာမယ်ဆိုတာ မှန်းမရတာမျိုး ဖြစ်တယ်။ အလွယ်ပြောရရင် ဒေါသနဲ့ ပူဆွေးမှုကြား ဗျာများနေမယ်။ သူတယောာက်ထဲကိုသာမက သူ့မိသားစု၊ အသိုင်းအဝိုင်းကိုပါ သက်ရောက်စေတယ်။

• Depression စိတ်ဓါတ်ကျတယ်၊
• Sadness ဝမ်းနည်းတယ်၊
• Lack of motivation စိတက်ကြွမှု နည်းမယ်၊
• Irritability စိတ်တိုတယ်၊
• Aggression ဇွတ်လုပ်ခြင်တယ်၊
• Less patience သည်းခံစိတ် လျော့မယ်၊
• Increased stress ပူပင်စိတ် များမယ်၊
• Anxiety စိုးရိမ်စိတ် ကဲမယ်၊
• Nervousness ဂနာမငြိမ် ဖြစ်နေမယ်၊
• Melancholy ဝမ်းနည်း-ပက်လက်-စိတ်ပျက်နေမယ်၊

တချို့မှာ Relief အပေါင်းလက္ခဏာ ဆောင်တာမျိုး ခံစားရတယ်။
• Release လွတ်လပ်သွားသလို၊
• New beginning အသစ် အစပျိုးလာသလို၊
• Invigoration အားအင် ပြန်ပြည့်သလို၊
• Connection with nature သဘာဝနဲ့ ပိုနီးစပ်တယ် ထင်သလိုလို၊
• Creative energy စိတ်သစ် ရလာလာတာလိုလို၊
• Exhilaration လွတ်မြောက်တာလိုလို၊
• Increased sex drive လိင်စိတ်ပိုလာမယ်၊
• More intense orgasms လိင်စိတ်ပြည့်ဝမှုကို ပိုခံစားရမယ်။

PMS ရာသီလာလို့ ခံစားရတာတွေ သက်သာအောင် ကိုယ့်ဖါသာ ပြုပြင်လို့ နိုင်တာတွေ ရှိပါတယ်။ Lifestyle changes လူနေမှုပုံစံ ပြုပြင်ပေးတာနဲ့ ကောင်းနိုင်သူတွေရှိတယ်။
• အာဟာရ ပြည့်ဝအောင်စားပါ၊ အိပ်ရေးပျက်တာ ပြုပြင်ပါ၊
• Alcohol အရက်၊ Caffeine (ကေဖင်း) ပါတဲ့အစာ၊ Meat အသား၊ Fatty foods ဆီများတာ နဲ့ Refined Sugar သကြားတွေက ပိုဆိုးစေတယ်။
• ရောဂတ် (ဒိန်ချင်)၊ ဒိန်ခဲ၊ နွားနို့သောက်ပါ။
• Drink ginger root tea ချင်းမြစ်ပြုတ်သောက်တာ ကောင်းတယ်၊
• Breathe deeply အသက်ပြင်းပြင်းရှူပါ၊
• ကိုယ့်အတွက် အချိန်ကို ယူပါ။
• Orgasm လိင်စိတ် ပြည့်ဝအောင် (တဦးချင်းဖြစ်ဖြစ်) လုပ်နိုင်ပါတယ်။
• Exercise ကိုယ်လက် လေ့ကျင့်ခန်းလုပ်ပါ။
• Socialize လူတော-သူတော ဝင်ရောပါ။
ရာသီလာတုံး သုံးရတဲ့ အတွင်းခံပစ္စည်းကို Chlorine-free biodegradable 100% cotton tampons သုံးသင့်တယ်လို့ နောက်ဆုံး သုတေသနက ဆိုပါတယ်။ Organochlorines ဓါတုဆေးကနေ ကင်ဆာ ဖြစ်စေတယ်ထင်လို့ပါ။ စီးပွါးရေးလဲ တွက်ခြေကိုက်တာမို့ LunaPads International, Eco-Logique.com, Glad Rags, Pandora Pads, Jade and Pearl, Feminine Options နာမယ်တွေလဲ အမျိုးမျိုးနဲ့ ရောင်းပါတယ်။ Diva cup ခေါ်တဲ့ Organic Tampon (အော်ဂဲနစ်-တမ်ပွန်) တွေလဲ ရှိသေးတယ်။

ဆေးတွေလဲ သုံးရတတ်တယ်။
• Diuretics ဆီးသွားစေတဲ့ဆေးကို သတိနဲ့ပေးရင် တချို့မှာ သက်သာတယ်။ လူတိုင်းတော့ မဟုတ်ဘူး။
• Analgesics (Ibuprofen, Naproxen and Mefenamic acid အနာ-အကိုက် သက်သာဆေးတွေ သောက်နိုင်တယ်။
• Oral contraceptive pills (OCPs) ကိုယ်ဝန်တား-စားဆေး အိမ်ထောင် မရှိလဲ သုံးနိုင်တယ်။ ထိရောက်သူ များပါတယ်။
• Ovarian suppressors (Danazol) မျိုးဥအိမ်ကို နှိမ်တဲ့ဆေးက ဘေးထွက်-ဆိုးကျိုးများတယ်။
• Antidepressants စိတ်ကျတာ သက်သာဆေး ပေးနိုင်တယ်။ Fluoxetine (Prozac) နဲ့ Paroxetine (Paxil) ဆေး အသုံးများတယ်။
• Vitamin B, C, B6, Calcium and Magnesium ဗီတာမင် နဲ့ ဓါတ်ဆားတွေ သောက်နိုင်တယ်။
• Herbal ထဲက Flaxseed Capsules, Valerian, Kava Kava နဲ့ St. John’s Wort ဆေးသောက်နိုင်တယ်။
လိုအပ်ရင် စိတ်အထူးကု-ဆရာဝန်နဲ့ ကုသရမယ်။ စိတ်ပိုင်း ကုသနည်းတွေထဲမှာ Behavioral therapy, Cognitive Therapy, Literary Therapy နဲ့ Talk Therapy နည်းတွေ ရှိပါတယ်။
Menopause သွေးဆုံး-သားဆုံး ကိုလဲ ဖတ်ပါ။ အဲဒါဖြစ်လဲ စိတ်ရော၊ ရုပ်ပါ အတော် ခံစားကြရတာ။ ဒါပေမဲ့ သွေးဆုံးဘို့ အနှစ် ၂ဝ မက လိုပါသေးတယ်။ ဒီကြားမှာ ဆေးကောင်း-ဝါးကောင်းတွေ မပေါ်ဘူးလို့ ဘယ်သူပြောနိုင်သလဲ။
Credit To:Myanma Light

"မိဘကျေးဇူးအကျေဆပ်နည်း"

Photo: "မိဘကျေးဇူးအကျေဆပ်နည်း"
•••••••••••••••••••••••••••
Q: အရှင်ဘုရား .......
မိဘကျေးဇူးကို ဘယ်လိုနည်းနဲ့မှ ကျေအောင်မဆပ်နိုင်ဘူးဆိုတာ မှန်ပါသလား၊ မြတ်စွာဘုရားတောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ဆပ်နိုင်ခဲ့တယ်လို့လည်း ပြောကြလို့ပါ၊ မိဘကျေးဇူး ကျေအောင်ဆပ်တဲ့နည်းရှိရင် မိန့်ကြားပေးတော်မူပါဘုရား။
(မောင်အောင်ဇော်၊ ရန်ကုန်မြို့။)
...See More♦ လိုရင်းကတော့ ..... ဘ၀တစ်ပါးပြောင်းသွားပြီးဖြစ်တဲ့ မယ်တော်(သန္တုဿိတနတ်သား)ကို ဘ၀သံသရာဝဋ်ဒုက္ခက လွတ်မြောက်အောင် ကယ်တင်နိုင်ခဲ့တဲ့အတွက် မြတ်စွာဘုရားရှင်မှာ “အမေ့နို့ဖိုး” တစ်စက်မှ အကြွေးမကျန်တော့ပါဘူး။ မိခင်ကျေးဇူးကို “နို့နှစ်လုံးဖိုး ကျေအောင်” မြတ်စွာဘုရားဆပ်နိုင်ခဲ့ပါတယ်။

♦ မိခင်ကျေးဇူးတွင်လားဆိုတော့ မဟုတ်ပါဘူး။ 
ဖခင်ကျေးဇူးကိုလည်း “အဖေ့ချွေးဖိုး” တစ်စက်မှ 
အကြွေး မကျန်အောင် ဆပ်နိုင်ခဲ့တာပါပဲ။ 
ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကို လူဝတ်ကြောင်ဘ၀နဲ့ ရဟန္တာဖြစ်ပြီး ကျွတ်တမ်းဝင်အောင် လမ်းညွှန်ပေးနိုင်ခဲ့တဲ့အတွက် ဖခင်ကျေးဇူးကို “လက်ရုံးနှစ်ဖက်ဖိုးလုံးကျေအောင်” မြတ်စွာဘုရား ဆပ်နိုင်ခဲ့ပါတယ်။

...See More♦ မိဘကျေးဇူးကို ကျေအောင်ဆပ်နိုင်ခဲ့တဲ့ မြတ်စွာဘုရားရှင်က
“ငါကတော့ ဘုရားမို့လို့ မိဘကျေးဇူးကို ကျေအောင်ဆပ်နိုင်တာ၊ သင်တို့ကတော့ သာမန်လူတွေမို့ မိဘကျေးဇူးကို ဘယ်တော့မှ ကျေအောင်ဆပ်နိုင်မှာ မဟုတ်ဘူးလို့” လုံးဝမိန့်တော်မမူခဲ့ပါဘူး။
“ငါဘုရား မိဘကျေးဇူးကို အကျေဆပ်နိုင်သလို သင်ချစ်သား ချစ်သမီးတို့လည်း မိဘကျေးဇူးကို အကျေဆပ်နိုင်ပါတယ်လို့” ပဲ မိန့်တော်မူခဲ့ပါတယ်။

♦ မိဘကျေးဇူးဆပ်ခြင်းနဲ့ ပတ်သက်တဲ့ ဘုရားအဆုံးအမကို
ပြောကြပြီဆိုရင် “မိဘကျေးဇူးကို ဘယ်လိုမှ ကျေအောင် 
မဆပ်နိုင်ဘူး လို့ မြတ်စွာဘုရားဟောထားတယ်” လို့ လူအများ ပြောလေ့ရှိကြပါတယ်။ အမှန်က “ကျေအောင်မဆပ်နိုင်ဘူးလို့”
ဟောထားတာ မဟုတ်ပါဘူး။ “ကျေအောင်ဆပ်ဖို့ မလွယ်ဘူး” လို့ ဟောထားတာပါ။ “လွယ်လွယ်ဆပ်ရုံနဲ့ ကျေးဇူးမကျေနိုင်ဘူး”လို့ ဟောထားတာပါ။ “သာမန်ဆပ်ရုံနဲ့ ကျေးဇူးမကျေနိုင်ဘူး၊ အထူးဆပ်မှ ကျေးဇူးကျေနိုင်တယ်” လို့ ဆိုလိုပါတယ်။(န သုပ္ပဋိကာရံ ၀ဒါမိ)♦
မြတ်စွာဘုရားရှင်ရဲ့ ဟောကြားချက်မူရင်းကို နားထောင်ကြည့်ပါဦး။

♦ “ချစ်သား ချစ်သမီးတို့ .......၊ ပုဂ္ဂိုလ်နှစ်ယောက်ရဲ့ ကျေးဇူးကို အလွယ်တကူ ဆပ်ရုံနဲ့ မကျေနိုင်ဘူး၊ ကျေအောင်ဆပ်ဖို့ မလွယ်ဘူးလို့ ငါဘုရားပြောချင်ပါတယ်။ ပုဂ္ဂိုလ်နှစ်ယောက်ဆိုတာ မွေးမိခင်နဲ့ မွေးဖခင်၊ မိဘအရင်းအချာကို ပြောတာပါ။”
“ချစ်သား ချစ်သမီးတို့၊ အနှစ်တစ်ရာသက်တမ်းမှာ အနှစ်တစ်ရာ အသက်ရှည်တဲ့ သားသမီးက အမေကို လက်ယာပခုံးမှာတင်၊ အဖေကို လက်ဝဲပခုံးမှာ တင်ပြီး ရာသက်ပန်ပြုစုလုပ်ကျွေးတယ် ဆိုကြပါစို့၊ ပခုံးထက်က ...See More♦ “ချစ်သား ချစ်သမီးတို့ .......၊ စကားကုန် ပြောရမယ်ဆိုရင် 
မိဘနှစ်ပါးကို နှစ်သက်ဖွယ်ရတနာတွေ အများကြီးရှိတဲ့ 
တစ်မြေပြင်လုံးကို စိုးမိုးအုပ်ချုပ် အကြီးအကဲလုပ်နိုင်တဲ့ စကြ၀တေးမင်းရာထူးမှာထားပြီး ကျေးဇူးဆပ်ဦးတော့ 
မိဘကျေးဇူးကို ကျေအောင်ဆပ်ရာ မရောက်သေးဘူး။”

♦ “ချစ်သား ချစ်သမီးတို့ ......၊ ဒီလောက်ကျေးဇူးဆပ်ရဲ့သားနဲ့ ဘာလို့ကျေးဇူးမကျေနိုင်တာလဲ ဆိုရင် မိဘတွေဟာ သာသမီးတွေ
အပေါ် သိပ်ကို ကျေးဇူးများကြလို့၊ သားသမီးတွေကို ကြီးပြင်းရွယ်ရောက် လူလားမြောက်အောင် ဂရုတစိုက် စောင့်ရှောက်ကြလို့၊ နို့ချို တိုက်ကျွေးမွေးမြူကြလို့၊ ဒီလောကကြီးရဲ့ အာရုံကောင်းဆိုး အမျိုးမျိုးကို သိမြင်အောင် သေချာပြသကြလို့ပါပဲ”

♦ “ချစ်သား ချစ်သမီးတို့ ......၊ မိဘကျေးဇူး အကျေဆပ်နိုင်တဲ့ နည်းလမ်းတွေကို ငါဘုရားညွှန်ပြပါရစေ၊ 

♠သဒ္ဓါတရားမရှိတဲ့ မိဘကို သဒ္ဓါတရားနဲ့ ပြည့်စုံအောင်၊ 
♠သီလမရှိတဲ့ မိဘကို သီလပြည့်စုံအောင်၊ 
♠မပေးရက် မလှူရက် နှမြောဝန်တိုတဲ့ မိဘကို စွန့်ကြဲပေးကမ်း
လှူဒါန်းခြင်းနဲ့ ပြည့်စုံအောင်၊ 
♠ပညာဉာဏ်မရှိတဲ့ မိဘကို ပညာဉာဏ်နဲ့ ပြည့်စုံအောင် ကောင်းစွာနာယူဆောက်တည်စေမယ်၊
လေးလေးနက်နက် သက်ဝင်စေမယ်၊ 
ခိုင်ခိုင်ခံ့ခံ့ တည်တံ့မြဲမြံစေမယ်ဆိုရင် မိဘကျေးဇူးကို တုံ့ပြန်ပြီးသား၊ အကျေဆပ်ပြီးသား ဖြစ်သွားပါတယ်။”

ဒါဟာ ဘုရားဟောမူရင်းပါပဲ။ “မိဘကျေးဇူးကို ဘယ်လိုနည်းနဲ့မှ ကျေအောင်မဆပ်နိုင်ဘူး”လို့ ဟောမထားပါဘူး။ ကျေးဇူးမကျေတဲ့ဆပ်နည်းကိုလည်း အထင်အရှားဖေါ်ထုတ်ထားသလို ကျေးဇူးကျေတဲ့ ဆပ်နည်းကိုလည်း အတိအကျ ညွှန်ပြထားပါတယ်။

► မိဘကျေဇူးဆပ်တဲ့နေရာမှာ
" လောကနည်းနဲ့ ဆပ်ခြင်း၊ ဓမ္မနည်းနဲ့ ဆပ်ခြင်း"လို့ ဆပ်နည်းနှစ်မျိုးရှိပါတယ်။

♠ မိဘအတွက် အစားအသောက်၊ အ၀တ်အထည်၊ နေအိမ်တိုက်တာ၊ ကားရထား စတဲ့ လူမှုအသုံးအဆောင်ပစ္စည်းတွေ ပြည့်စုံအောင် စီမံဖန်တီးပေးတာကို လောကနည်းနဲ့ကျေးဇူးဆပ်တယ်လို့ ခေါ်ပါတယ်။ 
မိဘရဲ့ စားဝတ်နေရေး ကျန်းမာရေးအတွက် ကိုယ်တတ်စွမ်းသမျှ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ကျေးဇူးဆပ်တာမို့ “ရုပ်ပိုင်းဆိုင်ရာကျေးဇူးဆပ်နည်း”လို့လည်း ဆိုနိုင်ပါတယ်။
“မိဘကျေးဇူး ဆပ်လို့ မကျေနိုင်ဘူး” ဆိုတာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကိုပဲ ဖြည့်ဆည်းပေးတဲ့ေ...See More♠ မိဘက ကိုယ့်ကို ထမင်းဘယ်နှနပ် ကျွေးခဲ့ဖူးသလဲ၊ 
♠ ကိုယ်ကရော မိဘကို ထမင်း ဘယ်နှနပ် ပြန်ကျွေးခဲ့ပြီးပြီလဲ၊ 
♠ မိဘက ကိုယ့်ကို အင်္ကျီ၊ လုံချည် ဘယ်နှထည် ဆင်ခဲ့ဖူးသလဲ၊ 
♠ ကိုယ်ကရော မိဘကို အင်္ကျီ၊ လုံချည် ဘယ်နှထည် ၀ယ်ပေးပြီးပြီလဲ၊ “ပြန်တွေးကြည့်ရင် ရှက်စရာ” ဆိုတဲ့ စကားမျိုး ဘယ်တော့မှ ပြောစရာမလိုအောင် အစွမ်းကုန်ဖြည့်ဆည်းပေးလိုက်စမ်းပါ။ 

► မိဘသေခါမှ “ကျေးဇူးမဆပ် လိုက်ရလေခြင်း” လို့ 
အရှက်မရှိ အော်ငိုမနေပါနဲ့။

♦ ပေးမှ၊ လှူမှ မိဘကို ကျေးဇူးဆပ်တာ မဟုတ်ပါဘူး။
မိဘရဲ့ ဝေယျာဝစ္စ ကိစ္စကြီးငယ်ကို လက်ရုံးအားနဲ့ ဆောင်ရွက်ပေးတာဟာလည်း ကျေးဇူးဆပ်တာပါပဲ။ 
မိဘရဲ့ အင်္ကျီ၊ လုံချည် လျှော်ဖွပ်ပေးတာတို့၊ မိဘကို အညောင်းအညာပြေအောင် နှိပ်နယ်ပေးတာတို့၊ မိဘမကျန်းမာရင် ကိုယ်တိုင်ကိုယ်ကျ ဂရုတစိုက် ပြုစုတာတို့ ပြုလုပ်ပေးသင့်ပါတယ်။

♦ စိတ်ထားမတတ်တဲ့ မိဘ စိတ်ထားတတ်အောင်၊ 
ကုသိုလ်နည်းပါးတဲ့ မိဘ ကုသိုလ်တိုးပွားအောင် 
ကူညီပံ့ပိုးပေးတာကို ဓမ္မနည်းနဲ့ ကျေးဇူးဆပ်တယ်လို့ ခေါ်ပါတယ်။ 

မိဘရဲ့ စိတ်ဓာတ်မြင့်မားရေးအတွက် စိတ်အာဟာရတွေနဲ့
...See More► “သီလမရှိတဲ့ မိဘကို သီလနဲ့ပြည့်စုံအောင်ဖန်တီးပေးရမယ်”တဲ့။ ဒါနကုသိုလ်ကြီးတွေ ဒီလောက်လုပ်ထားမှတော့ သီလမလုံတဲ့ အကုသိုလ်လေးက အကျိုးပေးမှာ မဟုတ်ပါဘူးလို့ ယူဆနေတဲ့မိဘကို ဒါနရှိပြီး သီလမရှိရင် ပစ္စည်းဥစ္စာ ချမ်းသာပေမယ့် အနာရောဂါများတတ်ကြောင်း၊ သေခါနီး ကောင်းရာသုဂတိရောက်ရေးကိစ္စကို သီလကသာ အဆုံးအဖြတ်ပေးကြောင်း နားလည်အောင် ပြောပြပေးရမယ်။ ငါးပါးသီလ စောင့်ထိန်းဖြစ်အောင်၊ ဥပုသ်သီလကျင့်သုံးဖြစ်အောင်လည်း ကူညီဆောင်ရွက်ပေးရမယ်။

► “နှမြောတွန့်တိုတဲ့ မိဘကို အလှူဒါနနဲ့ ပြည့်စုံအောင် 
ဖန်တီးပေးရမယ်”တဲ့။ “ပေးရင်ကုန်တာပဲ” လို့ ယူဆနေတဲ့ မိဘကို မျိုးစပါးကြဲလိုက်ရင် လက်ထဲမှာ လောလောဆယ် စပါးတွေ 
ကုန်သွားပေမယ့် စပါးပေါ်ချိန်မှာ ကုန်သွားတဲ့မျိုးစပါးထက် 
အဆပေါင်းများစွာ သာလွန်တဲ့စပါးတွေ ပြန်ရနိုင်တာမို့ ကုန်တယ်မခေါ်ကြောင်း၊ မေတ္တာစေတနာနဲ့ပေးတဲ့ အပေးမှန်သမျှ ကိုယ်မမျှော်လင့်ပေမယ့် ကိုယ်ရဖို့ချည်းသာဖြစ်ကြောင်း 
ဒါနနဲ့ မျိုးစေ့နဲ့တူပုံကို လက်ခံလာအောင် ရှင်းပြပေးရပါမယ်။ အလှူဒါနအဆက်မပြတ်ပြုနိုင်အောင်လည်း ကိုယ်တတ်စွမ်းသမျှ အမြဲထောက်ပံ့ပေးရပါမယ်။ 

► “ပညာဉာဏ်မရှိတဲ့ မိဘကို ပညာဉာဏ်နဲ့ ပြည့်စုံအောင် ဖန်တီးပေးရမယ်တဲ့”။ ကြုံတွေ့လာသမျှ အဖြစ်အပျက်တွေအပေါ် အဆိုးမြင်စိတ်နဲ့ပဲ အဖျက်သဘောတုံ့ပြန်တတ်တဲ့ မိဘကို အကောင်းမြင်စိတ်နဲ့ အပြုသဘောတုံ့ပြန်တတ်အောင်၊ စိတ်ထားမမှန်တဲ့ မိဘကို စိတ်ထားမှန်အောင် စိတ်ရှည်လက်ရှည် ဖျောင်းဖျနားချပေးရပါမယ်။ ၀ိပဿနာအလုပ် အားမထုတ်ချင်တဲ့ မိဘကို ပစ္စုပ္ပန် စိတ်အေးချမ်းဖို့အတွက်ရော၊ သံသရာ ဘ၀လွတ်မြောက်ဖို့အတွက်ပါ ၀ိပဿနာဟာ မလုပ်မဖြစ် အရေ...See More► ဒါပေမဲ့ သူတစ်ပါးကို မဂ်ဖိုလ်နိဗ္ဗာန်ရအောင် လုပ်ပေးဖို့က သိပ်မသေချာတဲ့အတွက် မိဘကျေးဇူးကို ဒီ တစ်ဘ၀တည်းနဲ့ အကျေဆပ်ခြင်လွန်းသပဆိုရင် ကိုယ်ကိုယ်တိုင် ဒီဘ၀မှာပဲ 
အနည်းဆုံး တစ်မဂ်တစ်ဖိုလ်ရအောင် ၀ိပဿနာအလုပ် 
အားထုတ်တာ အကောင်းဆုံးပါပဲ ဒကာအောင်ဇော်ရေ .........။

တကယ်တော့လည်း ရှည်လျားလွန်းလှတဲ့ အစမထင် သံသရာမှာ 
သူက မိဘဖြစ်လိုက်၊ ကိုယ်က မိဘဖြစ်လိုက်နဲ့ အပြန်ပြန် အလှန်လှန် ကျင်လည်နေကြရတာမို့ ဘယ်သူ့ကျေးဇူးကိုတော့ဖြင့် ဘယ်သူကကျေအောင်ဆပ်ပြီးပြီဆိုတာ ပုထုဇဉ်လောကမှာ 
လုံးဝမရှိနိုင်ပါဘူး။ ဒီဘ၀ ကိုယ့်မိဘက အတိတ်ဘ၀ တစ်ခုခုမှာ ကိုယ့်သားသမီး ဖြစ်ခဲ့နိုင်သလို အနာဂတ်ဘ၀ တစ်ခုခုမှာလည်း ကိုယ့်သားသမီး အဖြစ်နဲ့ ကိုယ့်ရဲ့ မိဘကျေးဇူးကို ခံယူသူဖြစ်လာနိုင်တာပဲ မဟုတ်လား။ ဒီလိုဆိုရင် ကိုယ့်မိဘအပေါ် ကိုယ့်ဘက်က ကျေးဇူးကြွေးကျန်သလို ကိုယ့်မိဘဘက်ကလည်း ကိုယ့်အပေါ် ကျေးဇူးကြွေးကျန်နေနိုင်တာပဲပေါ့။

ဒါကြောင့် ကျေးဇူးကျေတာ မကျေတာကို အဓိကမထားဘဲ “ကျေးဇူးဆပ်နေဖို့အဓိက”လို့ နှလုံးသွင်းပြီး လောကနည်းနဲ့ရော၊ 
ဓမ္မနည်းနဲ့ပါ မိဘကို အမြဲကျေးဇူးဆပ်နေဖို့ပဲ အရေးကြီးပါတယ်။ 
မိဘကို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အဆင့်အတန်းမြင့်အောင် ကျေးဇူးဆပ်နေတဲ့ သားကောင်းသမီးကောင်းရဲ့ ထံမှောက်ကို ကံကောင်းခြင်းလက်ဆောင်တွေ အရပ်ဆယ်မျက်နှာကနေ “၀င်လာမစဲ တသဲသဲ” ဆိုသလို အလုံးအရင်းနဲ့ ၀င်လာမှာကတော့ သေချာပေါက်ပါပဲ .........။

မိဘကျေးဇူးအကျေဆပ်နိုင်ကြပါစေ။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
(အလင်းတန်းဂျာနယ်၊ အောက်တိုဘာ(၁၃)၊ ၂၀၀၃။)

Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
 Q: အရှင်ဘုရား .......
မိဘကျေးဇူးကို ဘယ်လိုနည်းနဲ့မှ ကျေအောင်မဆပ်နိုင်ဘူးဆိုတာ မှန်ပါသလား၊ မြတ်စွာဘုရားတောင်မှ မိခင်ကျေးဇူးကို နို့တစ်လုံးဖိုးပဲ ဆပ်နိုင်ခဲ့တယ်လို့လည်း ပြောကြလို့ပါ၊ မိဘကျေးဇူး ကျေအောင်ဆပ်တဲ့နည်းရှိရင် မိန့်ကြားပေးတော်မူပါဘုရား။
(မောင်အောင်ဇော်၊ ရန်ကုန်မြို့။)
...See More♦ လိုရင်းကတော့ ..... ဘ၀တစ်ပါးပြောင်းသွားပြီးဖြစ်တဲ့ မယ်တော်(သန္တုဿိတနတ်သား)ကို ဘ၀သံသရာဝဋ်ဒုက္ခက လွတ်မြောက်အောင် ကယ်တင်နိုင်ခဲ့တဲ့အတွက် မြတ်စွာဘုရားရှင်မှာ “အမေ့နို့ဖိုး” တစ်စက်မှ အကြွေးမကျန်တော့ပါဘူး။ မိခင်ကျေးဇူးကို “နို့နှစ်လုံးဖိုး ကျေအောင်” မြတ်စွာဘုရားဆပ်နိုင်ခဲ့ပါတယ်။

♦ မိခင်ကျေးဇူးတွင်လားဆိုတော့ မဟုတ်ပါဘူး။
ဖခင်ကျေးဇူးကိုလည်း “အဖေ့ချွေးဖိုး” တစ်စက်မှ
အကြွေး မကျန်အောင် ဆပ်နိုင်ခဲ့တာပါပဲ။
ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကို လူဝတ်ကြောင်ဘ၀နဲ့ ရဟန္တာဖြစ်ပြီး ကျွတ်တမ်းဝင်အောင် လမ်းညွှန်ပေးနိုင်ခဲ့တဲ့အတွက် ဖခင်ကျေးဇူးကို “လက်ရုံးနှစ်ဖက်ဖိုးလုံးကျေအောင်” မြတ်စွာဘုရား ဆပ်နိုင်ခဲ့ပါတယ်။

...See More♦ မိဘကျေးဇူးကို ကျေအောင်ဆပ်နိုင်ခဲ့တဲ့ မြတ်စွာဘုရားရှင်က
“ငါကတော့ ဘုရားမို့လို့ မိဘကျေးဇူးကို ကျေအောင်ဆပ်နိုင်တာ၊ သင်တို့ကတော့ သာမန်လူတွေမို့ မိဘကျေးဇူးကို ဘယ်တော့မှ ကျေအောင်ဆပ်နိုင်မှာ မဟုတ်ဘူးလို့” လုံးဝမိန့်တော်မမူခဲ့ပါဘူး။
“ငါဘုရား မိဘကျေးဇူးကို အကျေဆပ်နိုင်သလို သင်ချစ်သား ချစ်သမီးတို့လည်း မိဘကျေးဇူးကို အကျေဆပ်နိုင်ပါတယ်လို့” ပဲ မိန့်တော်မူခဲ့ပါတယ်။

မိဘကျေးဇူးဆပ်ခြင်းနဲ့ ပတ်သက်တဲ့ ဘုရားအဆုံးအမကို
ပြောကြပြီဆိုရင် “မိဘကျေးဇူးကို ဘယ်လိုမှ ကျေအောင်
မဆပ်နိုင်ဘူး လို့ မြတ်စွာဘုရားဟောထားတယ်” လို့ လူအများ ပြောလေ့ရှိကြပါတယ်။ အမှန်က “ကျေအောင်မဆပ်နိုင်ဘူးလို့”
ဟောထားတာ မဟုတ်ပါဘူး။ “ကျေအောင်ဆပ်ဖ...See More

မြတ်စွာဘုရားရှင်ရဲ့ ဟောကြားချက်မူရင်းကို နားထောင်ကြည့်ပါဦး။

♦ “ချစ်သား ချစ်သမီးတို့ .......၊ ပုဂ္ဂိုလ်နှစ်ယောက်ရဲ့ ကျေးဇူးကို အလွယ်တကူ ဆပ်ရုံနဲ့ မကျေနိုင်ဘူး၊ ကျေအောင်ဆပ်ဖို့ မလွယ်ဘူးလို့ ငါဘုရားပြောချင်ပါတယ်။ ပုဂ္ဂိုလ်နှစ်ယောက်ဆိုတာ မွေးမိခင်နဲ့ မွေးဖခင်၊ မိဘအရင်းအချာကို ပြောတာပါ။”
“ချစ်သား ချစ်သမီးတို့၊ အနှစ်တစ်ရာသက်တမ်းမှာ အနှစ်တစ်ရာ အသက်ရှည်တဲ့ သားသမီးက အမေကို လက်ယာပခုံးမှာတင်၊ အဖေကို လက်ဝဲပခုံးမှာ တင်ပြီး ရာသက်ပန်ပြုစုလုပ်ကျွေးတယ် ဆိုကြပါစို့၊ ပခုံးထက်က ...See More♦ “ချစ်သား ချစ်သမီးတို့ .......၊ စကားကုန် ပြောရမယ်ဆိုရင်
မိဘနှစ်ပါးကို နှစ်သက်ဖွယ်ရတနာတွေ အများကြီးရှိတဲ့
တစ်မြေပြင်လုံးကို စိုးမိုးအုပ်ချုပ် အကြီးအကဲလုပ်နိုင်တဲ့ စကြ၀တေးမင်းရာထူးမှာထားပြီး ကျေးဇူးဆပ်ဦးတော့
မိဘကျေးဇူးကို ကျေအောင်ဆပ်ရာ မရောက်သေးဘူး။”

♦ “ချစ်သား ချစ်သမီးတို့ ......၊ ဒီလောက်ကျေးဇူးဆပ်ရဲ့သားနဲ့ ဘာလို့ကျေးဇူးမကျေနိုင်တာလဲ ဆိုရင် မိဘတွေဟာ သာသမီးတွေ
အပေါ် သိပ်ကို ကျေးဇူးများကြလို့၊ သားသမီးတွေကို ကြီးပြင်းရွယ်ရောက် လူလားမြောက်အောင် ဂရုတစိုက် စောင့်ရှောက်ကြလို့၊ နို့ချို တိုက်ကျွေးမွေးမြူကြလို့၊ ဒီလောကကြီးရဲ့ အာရုံကောင်းဆိုး အမျိုးမျိုးကို သိမြင်အောင် သေချာပြသကြလို့ပါပဲ”

♦ “ချစ်သား ချစ်သမီးတို့ ......၊ မိဘကျေးဇူး အကျေဆပ်နိုင်တဲ့ နည်းလမ်းတွေကို ငါဘုရားညွှန်ပြပါရစေ၊

♠သဒ္ဓါတရားမရှိတဲ့ မိဘကို သဒ္ဓါတရားနဲ့ ပြည့်စုံအောင်၊
♠သီလမရှိတဲ့ မိဘကို သီလပြည့်စုံအောင်၊
♠မပေးရက် မလှူရက် နှမြောဝန်တိုတဲ့ မိဘကို စွန့်ကြဲပေးကမ်း
လှူဒါန်းခြင်းနဲ့ ပြည့်စုံအောင်၊
♠ပညာဉာဏ်မရှိတဲ့ မိဘကို ပညာဉာဏ်နဲ့ ပြည့်စုံအောင် ကောင်းစွာနာယူဆောက်တည်စေမယ်၊
လေးလေးနက်နက် သက်ဝင်စေမယ်၊
ခိုင်ခိုင်ခံ့ခံ့ တည်တံ့မြဲမြံစေမယ်ဆိုရင် မိဘကျေးဇူးကို တုံ့ပြန်ပြီးသား၊ အကျေဆပ်ပြီးသား ဖြစ်သွားပါတယ်။”

ဒါဟာ ဘုရားဟောမူရင်းပါပဲ။ “မိဘကျေးဇူးကို ဘယ်လိုနည်းနဲ့မှ ကျေအောင်မဆပ်နိုင်ဘူး”လို့ ဟောမထားပါဘူး။ ကျေးဇူးမကျေတဲ့ဆပ်နည်းကိုလည်း အထင်အရှားဖေါ်ထုတ်ထားသလို ကျေးဇူးကျေတဲ့ ဆပ်နည်းကိုလည်း အတိအကျ ညွှန်ပြထားပါတယ်။

► မိဘကျေဇူးဆပ်တဲ့နေရာမှာ
" လောကနည်းနဲ့ ဆပ်ခြင်း၊ ဓမ္မနည်းနဲ့ ဆပ်ခြင်း"လို့ ဆပ်နည်းနှစ်မျိုးရှိပါတယ်။

♠ မိဘအတွက် အစားအသောက်၊ အ၀တ်အထည်၊ နေအိမ်တိုက်တာ၊ ကားရထား စတဲ့ လူမှုအသုံးအဆောင်ပစ္စည်းတွေ ပြည့်စုံအောင် စီမံဖန်တီးပေးတာကို လောကနည်းနဲ့ကျေးဇူးဆပ်တယ်လို့ ခေါ်ပါတယ်။
မိဘရဲ့ စားဝတ်နေရေး ကျန်းမာရေးအတွက် ကိုယ်တတ်စွမ်းသမျှ ရုပ်ဝတ္ထုပစ္စည်းတွေနဲ့ ကျေးဇူးဆပ်တာမို့ “ရုပ်ပိုင်းဆိုင်ရာကျေးဇူးဆပ်နည်း”လို့လည်း ဆိုနိုင်ပါတယ်။
“မိဘကျေးဇူး ဆပ်လို့ မကျေနိုင်ဘူး” ဆိုတာ ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေကိုပဲ ဖြည့်ဆည်းပေးတဲ့ေ...See More♠ မိဘက ကိုယ့်ကို ထမင်းဘယ်နှနပ် ကျွေးခဲ့ဖူးသလဲ၊
♠ ကိုယ်ကရော မိဘကို ထမင်း ဘယ်နှနပ် ပြန်ကျွေးခဲ့ပြီးပြီလဲ၊
♠ မိဘက ကိုယ့်ကို အင်္ကျီ၊ လုံချည် ဘယ်နှထည် ဆင်ခဲ့ဖူးသလဲ၊
♠ ကိုယ်ကရော မိဘကို အင်္ကျီ၊ လုံချည် ဘယ်နှထည် ၀ယ်ပေးပြီးပြီလဲ၊ “ပြန်တွေးကြည့်ရင် ရှက်စရာ” ဆိုတဲ့ စကားမျိုး ဘယ်တော့မှ ပြောစရာမလိုအောင် အစွမ်းကုန်ဖြည့်ဆည်းပေးလိုက်စမ်းပါ။

► မိဘသေခါမှ “ကျေးဇူးမဆပ် လိုက်ရလေခြင်း” လို့
အရှက်မရှိ အော်ငိုမနေပါနဲ့။

♦ ပေးမှ၊ လှူမှ မိဘကို ကျေးဇူးဆပ်တာ မဟုတ်ပါဘူး။
မိဘရဲ့ ဝေယျာဝစ္စ ကိစ္စကြီးငယ်ကို လက်ရုံးအားနဲ့ ဆောင်ရွက်ပေးတာဟာလည်း ကျေးဇူးဆပ်တာပါပဲ။
မိဘရဲ့ အင်္ကျီ၊ လုံချည် လျှော်ဖွပ်ပေးတာတို့၊ မိဘကို အညောင်းအညာပြေအောင် နှိပ်နယ်ပေးတာတို့၊ မိဘမကျန်းမာရင် ကိုယ်တိုင်ကိုယ်ကျ ဂရုတစိုက် ပြုစုတာတို့ ပြုလုပ်ပေးသင့်ပါတယ်။

♦ စိတ်ထားမတတ်တဲ့ မိဘ စိတ်ထားတတ်အောင်၊
ကုသိုလ်နည်းပါးတဲ့ မိဘ ကုသိုလ်တိုးပွားအောင်
ကူညီပံ့ပိုးပေးတာကို ဓမ္မနည်းနဲ့ ကျေးဇူးဆပ်တယ်လို့ ခေါ်ပါတယ်။

မိဘရဲ့ စိတ်ဓာတ်မြင့်မားရေးအတွက် စိတ်အာဟာရတွေနဲ့
...See More► “သီလမရှိတဲ့ မိဘကို သီလနဲ့ပြည့်စုံအောင်ဖန်တီးပေးရမယ်”တဲ့။ ဒါနကုသိုလ်ကြီးတွေ ဒီလောက်လုပ်ထားမှတော့ သီလမလုံတဲ့ အကုသိုလ်လေးက အကျိုးပေးမှာ မဟုတ်ပါဘူးလို့ ယူဆနေတဲ့မိဘကို ဒါနရှိပြီး သီလမရှိရင် ပစ္စည်းဥစ္စာ ချမ်းသာပေမယ့် အနာရောဂါများတတ်ကြောင်း၊ သေခါနီး ကောင်းရာသုဂတိရောက်ရေးကိစ္စကို သီလကသာ အဆုံးအဖြတ်ပေးကြောင်း နားလည်အောင် ပြောပြပေးရမယ်။ ငါးပါးသီလ စောင့်ထိန်းဖြစ်အောင်၊ ဥပုသ်သီလကျင့်သုံးဖြစ်အောင်လည်း ကူညီဆောင်ရွက်ပေးရမယ်။

“နှမြောတွန့်တိုတဲ့ မိဘကို အလှူဒါနနဲ့ ပြည့်စုံအောင်
ဖန်တီးပေးရမယ်”တဲ့။ “ပေးရင်ကုန်တာပဲ” လို့ ယူဆနေတဲ့ မိဘကို မျိုးစပါးကြဲလိုက်ရင် လက်ထဲမှာ လောလောဆယ် စပါးတွေ
ကုန်သွားပေမယ့် စပါးပေါ်ချိန်မှာ ကုန်သွားတဲ့မျိုးစပါးထက်
အဆပေါင်းများစွာ သာလွန်တဲ့...See More
► “ပညာဉာဏ်မရှိတဲ့ မိဘကို ပညာဉာဏ်နဲ့ ပြည့်စုံအောင် ဖန်တီးပေးရမယ်တဲ့”။ ကြုံတွေ့လာသမျှ အဖြစ်အပျက်တွေအပေါ် အဆိုးမြင်စိတ်နဲ့ပဲ အဖျက်သဘောတုံ့ပြန်တတ်တဲ့ မိဘကို အကောင်းမြင်စိတ်နဲ့ အပြုသဘောတုံ့ပြန်တတ်အောင်၊ စိတ်ထားမမှန်တဲ့ မိဘကို စိတ်ထားမှန်အောင် စိတ်ရှည်လက်ရှည် ဖျောင်းဖျနားချပေးရပါမယ်။ ၀ိပဿနာအလုပ် အားမထုတ်ချင်တဲ့ မိဘကို ပစ္စုပ္ပန် စိတ်အေးချမ်းဖို့အတွက်ရော၊ သံသရာ ဘ၀လွတ်မြောက်ဖို့အတွက်ပါ ၀ိပဿနာဟာ မလုပ်မဖြစ် အရေ...See More►
ဒါပေမဲ့ သူတစ်ပါးကို မဂ်ဖိုလ်နိဗ္ဗာန်ရအောင် လုပ်ပေးဖို့က သိပ်မသေချာတဲ့အတွက် မိဘကျေးဇူးကို ဒီ တစ်ဘ၀တည်းနဲ့ အကျေဆပ်ခြင်လွန်းသပဆိုရင် ကိုယ်ကိုယ်တိုင် ဒီဘ၀မှာပဲ
အနည်းဆုံး တစ်မဂ်တစ်ဖိုလ်ရအောင် ၀ိပဿနာအလုပ်
အားထုတ်တာ အကောင်းဆုံးပါပဲ ဒကာအောင်ဇော်ရေ .........။

တကယ်တော့လည်း ရှည်လျားလွန်းလှတဲ့ အစမထင် သံသရာမှာ
သူက မိဘဖြစ်လိုက်၊ ကိုယ်က မိဘဖြစ်လိုက်နဲ့ အပြန်ပြန် အလှန်လှန် ကျင်လည်နေကြရတာမို့ ဘယ်သူ့ကျေးဇူးကိုတော့ဖြင့် ဘယ်သူကကျေအောင်ဆပ်ပြီးပြီဆိုတာ ပုထုဇဉ်လောကမှာ
လုံးဝမရှိနိုင်ပါဘူး။ ဒီဘ၀ ကိုယ့်မိဘက အတိတ်ဘ၀ တစ်ခုခုမှာ ကိုယ့်သားသမီး ဖြစ်ခဲ့နိုင်သလို အနာဂတ်ဘ၀ တစ်ခုခုမှာလည်း ကိုယ့်သားသမီး အဖြစ်နဲ့ ကိုယ့်ရဲ့ မိဘကျေးဇူးကို ခံယူသူဖြစ်လာနိုင်တာပဲ မဟုတ်လား။ ဒီလိုဆိုရင် ကိုယ့်မိဘအပေါ် ကိုယ့်ဘက်က ကျေးဇူးကြွေးကျန်သလို ကိုယ့်မိဘဘက်ကလည်း ကိုယ့်အပေါ် ကျေးဇူးကြွေးကျန်နေနိုင်တာပဲပေါ့။

ဒါကြောင့် ကျေးဇူးကျေတာ မကျေတာကို အဓိကမထားဘဲ “ကျေးဇူးဆပ်နေဖို့အဓိက”လို့ နှလုံးသွင်းပြီး လောကနည်းနဲ့ရော၊
ဓမ္မနည်းနဲ့ပါ မိဘကို အမြဲကျေးဇူးဆပ်နေဖို့ပဲ အရေးကြီးပါတယ်။
မိဘကို ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အဆင့်အတန်းမြင့်အောင် ကျေးဇူးဆပ်နေတဲ့ သားကောင်းသမီးကောင်းရဲ့ ထံမှောက်ကို ကံကောင်းခြင်းလက်ဆောင်တွေ အရပ်ဆယ်မျက်နှာကနေ “၀င်လာမစဲ တသဲသဲ” ဆိုသလို အလုံးအရင်းနဲ့ ၀င်လာမှာကတော့ သေချာပေါက်ပါပဲ .........။

မိဘကျေးဇူးအကျေဆပ်နိုင်ကြပါစေ။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
  Credit To (အလင်းတန်းဂျာနယ်၊ အောက်တိုဘာ(၁၃)၊ ၂၀၀၃။)
Read More »