Monday, December 24, 2012

ယောင်္ကျား ပီသတဲ့ သူတွေ အလုပ်လုပ် ခဲ့ကြတယ် .. ဒါပေမဲ့ .. ချိတ် ထမိန် ၀တ်ပြီး လုပ်ခဲ့ ကြတာ ခက်တယ် ..


(((စစ်အစိုးရက မတရား သိမ်းယူ ထားခဲ့သော မြေနေ ရာများကို ပြန်လည် နေထိုင်ခွင့်ပြု ရန် တရား ဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော် မတီမှ ဆက်လက် ဆောင်ရွက်မည် ဟု အကြောင်းပြန်)))

ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့ နယ်၊ မိချောင်းကန်ရပ်ကွက်၊ အပိုင်း ၁/၂/၃ ရှိ အိမ်၊ ခြံ၊ မြေနေရာများ ကို ၁၉၉၁ ခုနှစ် စစ်အစိုးရလက် ထက်က မတရားသိမ်းယူထားခဲ့ပြီး အဆိုပါမြေနေရာများတွင် မူလပိုင် ရှင်များ ပြန်လည် နေထိုင်ခွင့်ပြုရန် သက်ဆိုင်ရာဌာနအသီးသီးသို့ တင် ပြခဲ့ပြီး ဒီဇင်ဘာ ၁၅ ရက်တွင် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေး ချမ်းရေးကော်မတီမှ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ယင်း မူလပိုင်ရှင်များထံသို့ အကြောင်း ကြားစာပေးပို့ခဲ့သည်။

ထိုသို့ တရားဥပေဒစိုးမိုးရေး နှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ မှ မိမိတို့၏ ရပိုင်ခွင့်မြေနေရာများကို ပြန်လည်ရရှိစေရန် ဆက်လက် ဆောင်ရွက်မည်ဟု အကြောင်းကြား စာရရှိသည့်အပေါ် မူလမြေပိုင်ရှင် ပြည်သူတို့က “စစ်အစိုးရလက် ထက်က ဘာမှပြောလို့မရခဲ့တာ။ အခုအရပ်သားအစိုးရ၊ သန့်ရှင်းတဲ့ အစိုးရ လက်ထက်ကျမှ အခုလို တာဝန်ယူပြီးလုပ်ပေးမယ်ဆိုတော့ ဒီကော်မတီကိုလည်း အားကိုးတယ်။ ဒီကော်မတီရဲ့ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကိုလည်း ယုံကြည်တယ်” ဟု ယင်းတို့၏ မျှော်လင့်ချက် များကို ရင်ဖွင့်ပြော ကြားကြသည်။

ထိုမိချောင်းကန်ရပ်ကွက်၊ အပိုင်း ၁/၂/၃ မှ ပြည်သူများသည် ယခုအခါ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ ဒဂုံအရှေ့ပိုင်း၊ လှိုင်သာယာ၊ ရွှေ ပြည်သာ၊ ပဲခူးအေးသုခ၊ အေးမြသာ ယာ၊ ငါးဆူတောင်စသောနေရာ အသီးသီးသို့ ပြောင်းရွှေ့နေထိုင်နေ ကြရကြောင်း၊ ဒဂုံတောင်ပိုင်းတွင် မြေနေရာရရှိရန် ငွေပေးသွင်းခဲ့ရ ကြောင်း၊ မိချောင်းကန်အပိုင်း ၁/၂/၃ မှ ပြောင်းရွှေ့ကြေး၊ လျော် ကြေး၊ နစ်နာကြေးများလည်း မရရှိ ခဲ့ကြောင်း၊ ပြောင်းရွှေ့ခဲ့ရသော ရပ် ကွက်များမှာလည်း လယ်ကွင်းပြင် များဖြစ်ပြီး လမ်းမရှိ၊ မီးမရှိ၊ ရေ မရှိ၊ သွားလာရန် ကားမရှိသဖြင့် ဆယ်စုနှစ်ကျော်ကြာအောင် ဒုက္ခခံ ခဲ့ရကြောင်း၊ မြေနေရာအတွက် ငွေ ပေးသွင်းနိုင်ခြင်းမရှိသူများမှာ မြေ မဲ့၊ ယာမဲ့၊ အိမ်မဲ့ဘဝဖြင့် ရပ်တည် မှုခက်ခဲခဲ့ ရကြောင်း ယင်းအခြေ အနေများကို ကိုယ့်တွေ့ကြုံခဲ့ရ သည့် ရပ်ကွက်နေပြည်သူတို့က ဆိုကြသည်။

သိမ်းဆည်းခံခဲ့ရသော နေအိမ် မြေကွက်များကို ပိုင်ဆိုင်ကြောင်း၊ ဂရန်မရှိကြောင်းနှင့် ဘိုးဘွားပိုင်မြေ များဖြစ်ကြောင်း လည်း ယင်းတို့၏ ပြောကြားချက်အရ သိရသည်။

ယခုအခါ ယင်းမြေကွက်များ ကို ပြန်လည်ရယူလိုသဖြင့် သက်ဆိုင်ရာ ဌာန အသီးသီးသို့ အကူအညီ တောင်းစာများ ပေးပို့ သည့်အခါ အိမ်ထောင်စု ၁ဝ၂၂ ခုမှ မီတာခ၊ ရေခွန်၊ အိမ်ခွန်၊ မြေခွန်ကြေးပေးဆောင် ထားသော အထောက်အထားများ နှင့် လက်မှတ်များကို စုစည်းကာ တင်ပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ သက်သေစာရွက် စာတမ်းများကိုစုစည်းကာ စက်တင်ဘာ လအတွင်း ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်၊ ပြည်သူ့ လွှတ်တော်၊ တရားဥပဒေရှေ့နေများကောင်စီ၊ သင်္ဃန်းကျွန်းမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးသိန်းညွန့်၊ ၈၈ မျိုး ဆက်ကျောင်း သားများ ရုံးသို့လည်း ပေးပို့ ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
မည်သည့်အဖွဲ့ကမှ ပြန်လည် အကြောင်းကြားခြင်းမရှိဘဲ ပထမဦးဆုံးအဖြစ် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေး ချမ်းရေးကော်မတီ မှ အကြောင်း ကြားခြင်းဖြစ်ကြောင်း ဆိုကြသည်။

“ဒီမြေတွေကို သိမ်းတာက အဲဒီအချိန်တုန်းက တက်ကြွတဲ့ လှုပ်ရှားမှုတွေ တိုင်းကို ဦးဆောင်တဲ့သူ တွေဖြစ်တဲ့ မိုးသီးဇွန်တို့ မင်းကိုနိုင်တို့တွေ နေတဲ့ ရပ်ကွက်တွေ ဖြစ်လို့ ယူဆရတာပဲ”ဟု ယင်းတို့၏ ထင်မြင်ချက်ကိုလည်း ရပ်ကွက်နေ ပြည်သူတို့က ထုတ်ဖော် ပြောကြားကြသည်။ နေအိမ်များ သိမ်းယူစဉ်က ရုံး ဆောက်လုပ်ရန်ဟု ပြောသံ ကြားဖူးကြောင်း၊ ယခုအချိန်ထိ မည်သည့် ရုံးမှ မဆောက်လုပ်ထားကြောင်း၊ ယခုအခါ စိုက်ပျိုးရေး ခြံများသာ ရှိနေကြောင်း ယင်းတို့က ပြောကြား ခဲ့သည်။

“နစ်နာကြေး တစ်ပြားမှ မလိုချင်ဘူး။ ကိုယ့်မြေနေရာ ကိုယ်ပြန်ရရင် တော်ပြီ” ဟု ယင်းရပ်ကွက်သား တို့က ဆိုကြသည်။ အမှန်တကယ် ပြန်လည် မရရှိပါက တရားဝင် ဆန္ဒ ထုတ်ဖော် တောင်းဆို သွားမည်ဟုလည်း သိရသည်။(The Myanmar Independent News Journal)

Related Articles:

Post a Comment