
မြန်မာပြည်က လက်ရှိပညာရေးစံနစ်ဟာ တိုင်းရင်းသားတွေအတွက်
တဖူနာပြီး တပန်းရှုံးပါတယ်။ သူတို့ခမျာ သင်ရိုးညွှန်းတမ်းထဲပါတဲ့
စာတွေသက်သက်တင် လေ့လာကျက်မှတ်ရတာ မဟုတ်ဘူး။ အိမ်မှာပြောနေကျမဟုတ်တဲ့
ဘာသာစကား အစိမ်းတစ်ခုကိုပါ တကူးတက သင်ယူနေရတဲ့အတွက် အချိန်လည်းဖင့်တယ်။
ဘာသာစကားအတားအဆီးကြောင့်မို့လို စိတ်ဝင်စားမှုနည်းပါးခဲ့ရင်...