““လူနေမှု ဘ၀ကို လေ့လာကြည့်တဲ့အခါ ပျော်ရွှင်ချမ်းမြေ့မှု၊ အချင်းချင်းစည်းလုံး ညီညွတ်မှု၊ ရိုင်းပင်း ကူညီတတ်မှု ရှိကြရင် ခက်ခဲ ကြမ်းတမ်းတဲ့ လောကမဖြစ်ပါဘူး။ (တောင်ကလေးဆရာတော်)
မြန်မာတွေရဲ့ လှပဖော်ရွေတဲ့အပြုံးများ၊ လှပတဲ့ အနုပညာလက်ရာများ၊ ဗိသုကာလက်ရာများ၊ (လက်ရာ တွေကို) အဘယ်ကြောင့် ပြုပြင်ထိန်းသိမ်းရမှုကို မသိကြပါသလဲ ဆိုတဲ့ မေးခွန်း . . .
နည်းပါးလာ
ယနေ့မြန်မာ လူမျိုးတွေဟာ ရုပ်မြင်သံကြား
ဖန်သားပြင်ပေါ်မှာ ကမ္ဘာရဲ့ အစိတ်အပိုင်းတွေမှာ အောင်မြင် ကျော်ကြား နေကြတဲ့
ထူးချွန်တဲ့ သူတွေကို တွေ့ရလို့ မိမိဘ၀ကို အားမရကြတော့တဲ့ အဖြစ်တွေ ဖြစ်လာ
ကြတယ်။ စိတ်ကျေနပ်မှုတွေနည်းပါးကြ ပြီး သိမ်ငယ်နေရသလို ထင်လာကြတယ်။ အခြားသော
လူနေမှုစနစ် တွေကို တွေ့ရလို့ လက်ရှိ မိမိလူမျိုးများ နေထိုင်ကြရတဲ့ ဘ၀ကို
စိတ်ပျက်အားလျော့လာကြတယ်။ မိမိ နေထိုင် ရတဲ့ ရပ်တည်မှု တွေကို ရှေးရိုးရာ
လူနေမှု စနစ်တစ်ရပ်ပါလို့ မမြင်ကြတော့ဘဲ [လောကမှာ မိမိရဲ့ အရေးပါမှုကို
မတွေးမမြင်တော့ဘဲ] အားတက်သရော မရှိကြလို့ ၀မ်းမြောက်ပျော်ရွှင်ရမှုလည်း
နည်းပါးလာကြတယ်။
စာပန်းချီ နွေရာသီ
ဒီနှစ် နွေရာသီမှာ (၂၀၁၃ ခုနှစ် နွေ ရာသီ)
အစိုးရက စာမတတ်မြောက်သူ စာတတ်မြောက်ရေးအတွက် စာမ တတ်ကြ သူတွေကို
ကျေးရွာတိုင်းလိုလို သင်ပေးတယ်။ သက်ကြီးရွယ်အို၊ ရွယ်လတ်များ ဖတ်၊ တွက်၊
ရေး စာတတ်မြောက်မှု အရေးကို ကြိုးစား အားထုတ်ကြတဲ့ မြင်ကွင်းကို မြင်ရလို့
ဤစာရေးသူ အရှင်အဖို့ အလွန် ၀မ်းမြောက်မိတယ်။ စာအတတ်ပညာမရ ကြတဲ့ မိမိရဲ့
လူမျိုးကို မြင်ရတဲ့အခါ သူတို့ရဲ့ လိုအပ်ချက်ကို တကယ် လိုအပ်ချက်
အစစ်ဖြစ်နေတာကို သိလာကြရတဲ့ အခါ စာဖတ်တတ်ဖို့ အရေးကြီးတယ်ဆို တာကို
သိလာမြင် လာကြတယ်။ …
လူ့အဖွဲ့အစည်းမှာ စာမတတ်ရင် လူရာမ၀င်သလို
ဖြစ်လာပါပြီ။ ပိုမိုကျယ် ပြန့်လာတဲ့ နိုင်ငံရေးနယ်ပယ်ထဲကို လေ့လာကြည့်ရင်
လူထုအချင်းချင်း ဆက်ဆံ ရေးဟာ စာပေကို အထူးသဖြင့် အလေးပေး အားပြု လာကြ ရတယ်။
အရင်က စကားတတ်ရင် ကိစ္စပြီးနိုင်ပေမယ့် ခုခေတ် ကာလမှာ စကားနဲ့
စာပါတတ်မြောက်ကြ မှ သြဇာ၊ အာဏာ ရှိတယ်ဆိုတာကို သိမြင်လာကြပြီ။ ဒါကြောင့်
ဒီနှစ် နွေရာသီ ဟာ ထူးခြားတဲ့ စာပန်းချီ နွေရာသီ ပါလို့
သတ်မှတ်ခေါ်ဆိုလိုက်ချင်ပါလေရဲ့။
သာယာတဲ့ လူမှုလောက
မြန်မာ လူမျိုးတွေဟာ ““စာမတတ်ပေ မယ့်
(စာမတတ်သော်လည်း) မိမိရဲ့ဘ၀ ရှင်သန်ရပ်တည် နိုင်ရေး အတွက် ခိုင်မာစွာ
ဆုံးဖြတ်ရွေးချယ် နိုင်ကြတယ်””ဆိုတဲ့အမြင် ရှိကြတယ်။
တခြားနိုင်ငံတွေနဲ့စာရင် သာ လွန်တဲ့ အခွင့်အရေး ရှိကြတယ်။ ဘယ်လိုပဲ
ပြောပြော ရှေးရိုးရာလူ့အဖွဲ့ အစည်းတွေရဲ့ စာမတတ် မြောက်ကြ တာဟာ ခေတ်သစ်
လူ့အဖွဲ့အစည်းနဲ့ မဆန့်ကျင်ပါ။ ဒီနေ့ ခေတ်မီလူ့အဖွဲ့အစည်းကို လေ့လာ
ကြည့်ပါ။ ရှေးရိုးရာ လူ့အဖွဲ့အစည်းတွေနဲ့ ခြားနားတယ် ဆိုပေမယ့် ကျန်းမာရေး၊
သက်တမ်း ကာလနဲ့ကြည့်ရင် ရှေးခေတ် ရှေးရိုးရာ လူ့အဖွဲ့အစည်းလောက်
မကျန်းမာကြဘဲ သက်တမ်းလည်း မမီပါ။ ခေတ်ဆေးနည်း ပညာနဲ့ ကုသလို့ မရတဲ့ရောဂါတွေ
ရှေးရိုးရာ တိုင်းရင်းဆေးနဲ့ ကုသလို့ပျောက်ကွယ် သွားတဲ့ရောဂါတွေ
မနည်းပါဘူး။ မွေးကင်း စကလေးတွေ သေပျောက်နှုန်း နည်းပါး ကြပြီး
ရောဂါပိုးကူးစက်မှုလည်း မြန်နှုန်း မြင့်မြင့် မားမား မရှိကြဘဲ
ကျန်းမာရေးစောင့် ရှောက်မှုအတွက် အလုပ်နဲ့သာ ကိုယ်လက် လှုပ်ရှားမှု လုပ်လာ
ကြလို့ ကျန်းမာလို့ ပျော် ရွှင်နေကြတာပါပဲ။ ရိုးရာအ၀တ်၊ ရိုးရာ အစားအစာ၊
ရိုးရာအိမ်လေးနဲ့ နေထိုင်ကြ လို့ ပျော်ရွှင် ချမ်းမြေ့တဲ့ သာယာတဲ့
လူမှုလောကကို ဖန်တီးပေးနိုင်ကြတယ်။
တက်မပိုင် လှေမနိုင်
လူမှုအဖွဲ့အစည်း အတွင်းမှာ ဖြစ်လာတဲ့ကိစ္စ၊
သို့မဟုတ် ပြဿနာအရပ်ရပ် (အမျိုးမျိုး) ကို ဘက်စုံရှုမြင်ပြီးမှ ဖြေရှင်း
ဆုံးဖြတ်တတ်ဖို့ အရေးကြီးပါတယ်။ ယခု အရှင်တို့ရဲ့ မြန်မာနိုင်ငံရေးစနစ်ဟာ
တစ် လမ်းသွားစနစ်နဲ့ တစ်သွားတည်း သွားလို့ ပြည်တွင်းမှာဖြစ်တဲ့
ပြဿနာအရပ်ရပ်ကို လှည့်မကြည့်နိုင်ကြဘဲ ပြဿနာတစ်ခုချင်း ရဲ့ အဖြေဟာ
များပြားလာနေတယ်။ ရေ ရှည်အတွက် ကောင်းတဲ့အကျိုး သက် ရောက်မှုတွေ
မဖန်တီးနိုင်ကြဘဲ (မဖန်တီးနိုင်ရင်) စီးပွားရေးနဲ့ လူမှုရေးပြဿနာတွေ
တက်မပိုင် လှေမနိုင်လိုဖြစ်နေတော့မယ် ဆိုတာကို တွေ့ရတယ်။
မြန်မာတွေသိဖို့
အရှင်တို့ တိုင်းပြည်ဟာ ပြည်ပမှလာတဲ့
စားသုံးကုန်ပစ္စည်းတွေ၊ လူသုံးကုန် ပစ္စည်းအမျိုးမျိုးတွေကို လက်ခံစား
သုံးလာခဲ့ကြတာ နှစ်ပေါင်း ရာစုနီးပါး ရှိနေကြပါပြီ။ ပြင်ပကမ္ဘာနဲ့
ပိုနီးစပ်တဲ့ အစားအစာကို ဇိမ်ခံပွဲသုံး မလုပ်ကြ ဘဲ နိုင်ငံတကာကလာ တဲ့
စားသောက်ကုန်မျိုးတွေကိုပဲ လိုလား နှစ်သက်နေကြတယ်။ဒီအတွေးဟာ မြန်မာ
လူမျိုးတွေ များစွာ ပြုပြင်ရဦးမယ်။ ခေတ် သစ် လူ့အဖွဲ့အစည်းတွေကို အားကျ
ပြီး နှစ်သက်ဖွယ် မြန်မာ့အ၀တ် အစားကုန် ပစ္စည်းတွေကို
နိုင်ငံတကာသို့ပျံ့နှံ့ အောင် စွမ်းဆောင်မှု မလုပ်တတ်ရင် မြန်မာတွေ စံချိန်၊
စံနှုန်း ကျဆုံး နိုင်ပါတယ်။ လူ့အဖွဲ့ အစည်းတစ်ခုရဲ့
စံချိန်စံနှုန်းဟာလူမှုရေး မျှတကောင်းမွန်မှု၊ သန့်ရှင်းသပ်ရပ်သော
သဘာဝပတ်ဝန်းကျင် တည်တံ့ခိုင်မြဲမှုနဲ့ ရိုးရာအစားအသောက်နဲ့ နေထိုင်မှုပဲ
ဖြစ်ပါ တယ်။ ဒီသဘောတရားကို မြန်မာတွေသိဖို့ (နားလည်ဖို့) လိုအပ်မယ်
ထင်ပါလေရဲ့။
အမျိုးသားရေးအတွက်
ယနေ့ ခေတ်သစ် ပညာရေးစနစ်ဟာ လူတိုင်းအတွက်
အားရ (အားကျ) နှစ် သက်စရာဖြစ်တယ်လို့ ယူဆကြ ပေမယ့် မြန်မာ့ လူမျိုးနယ်ပယ်
မှာတော့ အရာခပ် သိမ်းအားကျစရာ မဖြစ်သေးပါဘူး။ ခေတ်သစ် လူ့အဖွဲ့ အစည်းတွေဟာ
ခေတ်သစ် လူနေမှုဘ၀အမြင်ကို အတွေးအမြင်သစ် ဖြစ်လာအောင် ဖန်တီးဖော်
ထုတ်နိုင်ကြ ပေမယ့် ရိုးရာလူ့ အဖွဲ့အစည်း တွေးခေါ်မှုအထဲကနေ
ရုန်းထွက်နေကြရစမြဲပါပဲ။ လူငယ် တွေစံထားကြတဲ့ ခေတ်သစ် လူ့အဖွဲ့အစည်း ကမ္ဘာဟာ
မိဘဘိုးဘွားတွေ စံထားကြတဲ့ ရိုးရာလူ့အဖွဲ့အစည်းကို မမီသေးပါဘူး။
ရှေးရိုးရာ အစဉ်အလာ မဟုတ်တဲ့ နိုးကြား တက်ကြွမှုတွေဟာ လွတ်လပ်ပေါ့ပါးစွာရှိ
ကြပေမယ့် အမျိုးသားရေး အတွက်အကျိုး မများပါဘူး။
ဆက်စပ်ရပ်တည်နေထိုင်
အခုဆိုရင် မြန်မာ့လူမှုရေး နယ်ပယ်ဟာ
အလွန်ကွာခြားလာပါတယ်။ ချို့ယွင်း အားနည်းချက်တွေ၊ စိတ်ပျက် ဖွယ်တွေ
အမျိုးမျိုး တွေ့မြင်လာရတယ်။ ရှေးရှေးက မြန်မာလူမှုရေးတွေဟာ ဂေဟဗေဒသဘော အရ
ခိုင်မြဲ တည်ငြိမ်နေတာကို တွေ့ရ တယ်။ ပြီးခဲ့တဲ့နှစ်ပေါင်းတစ်ထောင်ကျော် က
မြန်မာ့လူမှုရေးကို ပြန်သုံး သပ်ကြည့် ပါ။ လောကအမြင်နဲ့ ခံယူချက်တွေ သဟဇာတ
အလွန်ဖြစ်ပါတယ်။ အထူးသဖြင့် ဗုဒ္ဓ တရားတော်ကို အခြေခံ ထား ကြတဲ့ လူမှု
အဖွဲ့အစည်းဖြစ်ကြလို့ မေတ္တာ၊ ကရုဏာ တရားအောက်ကနေ အချင်းချင်း အပြန် အလှန်
ဆက်စပ် ရပ်တည်နေထိုင်ကြ တယ်ဆိုတာကို မြင်တွေ့ကြမှာပါ။
အဆိုးဆုံး ပျက်စီးဆုံးရှုံးရမှု
မြန်မာတွေဟာ လွန်ခဲ့တဲ့နှစ်နှစ်ဆယ် အတွင်းက
(၂၉၈၈ ခုနှစ်) အတွေးအခေါ် တွေ ပြောင်းလဲလာနေတာကို သတိ ထား မိတယ်။ ယခင်က
မေတ်္တာနဲ့ ဖွဲ့နှောင်ထား တဲ့လူမှုရေးအသိုင်းအ၀ိုင်းကိုမတွေ့ရတော့ ဘဲ၊ တာဝန်
ကျေ မှုတွေ၊ စာနာနားလည်မှု တွေ၊ တည်ငြိမ်အေးချမ်းမှုတွေ၊ ရောင့်ရဲ
တင်းတိမ်မှုတွေ၊ စိုးရိမ်ကင်း ဝေးမှုတွေ အထင်အရှားမတွေ့ရတော့ဘဲ ပျော်ရွှင်ရ
တဲ့ဘ၀တွေ မခံစားကြရတော့ဘဲ လူမှုရေး မျှတကောင်း မွန်မှု တွေ လည်း မတွေ့ရတော့
ပါ။ သန့်ရှင်းသပ်ရပ်တဲ့ သဘာဝပတ်ဝန်း ကျင်တွေလည်း ပိုပြီးဝေးကွာသွားကြရသလို
ဖြစ် နေကြတယ်။ ခေတ်သစ်ယဉ်ကျေးမှု အတွေးအခေါ်တွေ တွေးခေါ်လာကြလို့
အလွန်နိမ့်ကျတဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ဖြစ်သွားမှာကို စိုးရိမ်ရတယ်။
အရှင်တို့ရဲ့ တွေ့မြင်ခံစားနေရတဲ့ ဒီအဖြစ်ဆိုးဟာအချိန် မီဖြေရှင်းနိုင်ဖို့
လို မယ်။ (ပြုပြင်နိုင်ဖို့လိုမယ်) ဒီအတွက်ကို မဖြေရှင်းနိုင်ဘဲ ဖြစ်နေရင်
တော့ အဆိုးဆုံး ပျက်စီးဆုံးရှုံးရမှုတွေနဲ့ ရင်ဆိုင် ရဖွယ်ရှိမယ် ဆိုတာကို
သံသယရှိဖို့ တောင် မလိုတော့ပါဘူး။
ချိုးနှိမ်ဖျက်ဆီးပစ်သလို
အနောက် ကမ္ဘာအုပ်စုတွေကို ကြည့် ကြပါ။
အချို့တိုင်းပြည်တွေဟာ ညီညွတ်မှု အစည်းပြေတဲ့ လူမှုအဖွဲ့ အစည်းတွေ
ဖြစ်နေကြတယ်။ အမျိုးသား ယဉ်ကျေးမှုစရိုက်တွေ ဆုတ်ယုတ် ပျက်စီးနေကြတယ်။
ထိန်းရ သိမ်းရကောင်းတဲ့ လူမှုယဉ်ကျေးမှုတွေ ရှိနေတည်နေပါလျက်နဲ့
မိမိရဲ့အမျိုးသားရေး ယဉ်ကျေးမှုကို အထင် သေးတတ် ကြပြီး
ခေတ်သစ်လူ့ယဉ်ကျေးမှုကို စံပြုပြီး ပျော်ရွှင်နေကြတယ်။ မြန်မာပြည်
မြန်မာ့ယဉ်ကျေး မှုလည်း မိမိတို့ရဲ့ ယဉ်ကျေးမှုကို အထင်အမြင် သေးလာတတ်
ကြအောင် စည်းဆွစည်းဖြေတဲ့ အကျင့် ဆိုးတရားတွေ လက်ခံကျင့်သုံး လာနေတာကို
မြင်ရတဲ့ အရှင်အဖို့ အမျိုးမျိုး တုန်လှုပ်မိပါတယ်။ မနုဿဗေဒ ပညာအနေနဲ့
ကြည့်မယ်ဆိုရင် မြန်မာလူမျိုးတွေဟာ ရိုးရာလူတန်းစား ကွဲပြားမှုထက်
ပိုမိုကြီး မားတဲ့ ခေတ်မီ လူတန်းစား အဖွဲ့အစည်းနဲ့ တိုင်းတာမှု
ပြုနေတာကိုတွေ့ရတယ်။ ဒီလို တိုင်းတာမှုကို စံပြပြုထားတဲ့ အတွေး အခေါ်ဟာ
အရှင်တို့ရဲ့ တိုင်းရင်းသား ယဉ်ကျေးမှုကို
ချိုးနှိမ်ဖျက်ဆီးပစ်သလိုခံစားရတယ်။
ကိုယ်တွေ့ခံစားဖူးသူ
နိုင်ငံတကာကို သွားလာလို့ အရှင်ကို ဒီမေးခွန်းတွေကို အမေးခံရဖူးပါတယ်။
““မြန်မာတွေရဲ့ လှပဖော်ရွေတဲ့ အပြုံးများ၊
လှပတဲ့ အနုပညာလက်ရာများ၊ ဗိသုကာ လက်ရာများ၊ (လက်ရာ တွေကို) အဘယ်ကြောင့်
ပြုပြင်ထိန်းသိမ်းရမှုကို မသိကြပါ သလဲ””ဆိုတဲ့မေးခွန်းပါ။ ဒီ မေးခွန်းအမေးခံ
ရလို့ အရှင်ဘာမှ မဖြေကြားနိုင်ပါ။ဒီမေးခွန်း မေးခံရစဉ်က ချက်ချင်းပဲ
မြန်မာတွေရဲ့ လှပတဲ့ဖော်ရွေမှု၊ လှိုက်လှဲစွာ ကြိုဆိုတတ်မှု၊
လှပတဲ့အနုပညာပန်းချီ၊ ပန်းပု၊ ဗိသုကာ လက်ရာ၊ ရှေးဟောင်း
ပုဂံမြို့တော်ကြီးကို သတိရပြီး ရင်နစ်စွာ သို့မဟုတ် ဆို့တက်လာတဲ့
စကားအသံတွေ ဖြေကြားခဲ့ရဖူးပါတယ်။ ဒီခံစားရမှုဟာ တိုင်းပြည်ကို ချစ်တတ်ကြ
တဲ့သူတွေ ကိုယ်တွေ့ခံစားကြရဖူးလိမ့်မယ် လို့ ထင်ပါလေရဲ့။
နေလုံးကျသလို
မြန်မာလူမျိုးတွေဟာ တကယ်စင်စစ်
အလွန်ရိုးသား တင်းတိမ်ရောင့်ရဲတတ်တဲ့ လူမျိုးပါ။ မိမိရဲ့ဘ၀ကို ကျေကျေ
နပ်နပ်နဲ့ ခံယူအသက်ရှင်ကြတဲ့သူတွေပါ။ စိတ်ပျက် ခြင်း၊
စိတ်ဓာတ်ကျခြင်းတွေလည်း မခံစား ဖူးကြပါ။ စိတ်ဓာတ်ကျရောဂါရှိသူဟူ၍
မကြားဖူးခဲ့ကြပါ။ အခုတော့ အံ့သြထူးဆန်း မှုတွေ မြန်မာတွေ ရောဂါ အမျိုးမျိုး
ခံစား တွေ့ကြုံလာကြရလို့ကုသပေးသော ဆေး ဆရာဝန်တွေ မလောက်မငတောင် ဖြစ်နေ
ကြရပြီ။ နာမည် မတပ်တဲ့ ရောဂါ ဝေဒနာ အဆန်းတွေလည်း အမျိုးမျိုးခံစား ကြရပြီ။
ကုထုံးမပေါ်သေးတဲ့ ဝေဒနာ အဆန်းအပြား တွေကြောင့် [ပေါင်းစပ်လာကြတဲ့ နိုင်ငံတ
ကာကလာတဲ့ ဧည့်သည်တွေကြောင့်] ယဉ်ကျေးမှု ရောဂါ၊ စရိုက်ဆိုး ရောဂါတွေ
အမျိုးမျိုးဖြစ်လာနေကြပါပြီ။ နိုင်ငံခြားနဲ့ ဓလေ့စရိုက်ရင်းနှီးမှုမထား တဲ့
မြန်မာ့ယဉ် ကျေးမှုဟာ ပိုင်ဆိုင်လာခဲ့ကြတဲ့ ကိုယ်ပိုင် ယဉ်ကျေးမှုတွေ
တဖြည်းဖြည်း နေလုံးကျ သလို ဆိုးသွမ်းစွာ ကွယ်ပ ပျောက်ကွယ် သွားမှာကို
စိုးရိမ်မဆုံးဖြစ်မိပါတယ်။
ယဉ်ကျေးမှုပြိုကွဲရခြင်း
ယဉ်ကျေးမှုပြိုကွဲ၊ ဖရိုဖရဲဖြစ်လာမည့်
အရိပ်အယောင်ကို တွေးမိလေးတိုင်း ရှေး ခေတ်မြန်မာ့ တိုင်းသာယာ လှပဆန်း
ကျယ်လှတဲ့ ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်တွေ တစ်စုမကျန်ပျောက်ကွယ်သွားမှာ
စိုးရိမ် မိပါတယ်။ ကမ္ဘာပေါ်မှာ ယဉ်ကျေးမှု ပျောက်ကွယ်သွားအောင် တွန်းအားစု
အမျိုးအစားတွေ အမျိုးမျိုးရှိပါတယ်။အရှင်တို့ မြန်မာ တွေ ကြိုကြိုတင်တင်သိ
ထားသင့်တယ်။ ခေတ်မီဖွံ့ဖြိုးရေးစီမံကိန်းတွေဟာ မိမိတို့ရဲ့ ရိုးရာယဉ်ကျေး
မှုတွေကို ဖျက်ဆီးပစ်မယ် ဆိုတာကို သိထားသင့်ပါတယ်။ လူတစ်ဦး ချင်းစီကို
ပြောင်းလဲတိုးတက်လာမည့် ထင်ရ တဲ့အရာက အနာဂတ်မြန်မာပြည်မှာ ရေရှည်
ဆိုးကျိုးတွေပေးတော့မယ်ဆိုတာ ကို မြန်မာပြည်သူတွေ သတိမထားလို့မရပါ။
အရှင်ရဲ့ ဒီတင်ပြချက်ဟာ မှန်မမှန်၊ ဟုတ် မဟုတ်ဆိုတာကိုမြန်မာလူထုတွေ
ဆင်ခြင် စဉ်းစားရင် သိမြင်နိုင်ပါတယ်။
မြန်မာပြည်ဟာ ပြင်ပ(အပြင်) ကမ္ဘာ
(နိုင်ငံ)နဲ့ လွတ်လပ်စွာ ကူးလူးဆက်ဆံကြ တော့မှာ ဖြစ်တာကြောင့် အရှင့်အဖို့
(အရှင်ရဲ့စိတ်ထဲမှာ) မိမိတို့ဘ၀ ယဉ်ကျေးမှုတွေ နိမ့်ကျလာကြရတော့မယ်ဆိုတာကို
အလို လိုနဲ့ သိမ်ငယ် စိတ်တွေ ၀င်လာမိတယ်။ ဒီအကြောင်းဟာ ယဉ်ကျေးမှုပြို
ကွဲရခြင်း ရဲ့အရေးကြီးတဲ့ အကြောင်းရင်းပဲ လို့ မြင်ပါတယ်။
ပြုပြင်ပြောင်းလဲမှုများ
အရှင်တို့ဟာ ရှေးယခင်က မိဘ ဘိုးဘွားတို့လို
ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံဖူလုံမှုရခဲ့ကြမှာ မဟုတ်တော့ပါ။
ဘာကြောင့်လဲဆိုရင် ဒီနေ့ခေတ်ကာလ အစိုးရတွေ ““ခေတ်မီပြုပြင်ပြောင်းလဲရေး””
ဟာ အရှင်တို့ရဲ့ မြန်မာ့ ယဉ်ကျေး မှုကို ထိန်းသိမ်းပြုပြင်
အားထုတ်ထားပေးမည့် ဆန်္ဒတွေ အလွန်နည်းပါးနေတာကို တွေ့ရ လို့ပါပဲ။ အခုဆိုရင်
ဝေးလံခေါင်ခိုက်တဲ့ အရပ်ဒေသတွေမှာ လမ်းပန်းဆက်သွယ် ရေးတွေ၊ တာတမံကြီးတွေ၊
ဆည်ကြီး တွေ ပိတ်ဆို့ကာရံဖို့ တင်တာတွေလုပ် [အစိုးရက
ဖွံ့ဖြိုးစီမံကိန်းလိုက်လုပ်ကြလို့] ကြလို့ ချောင်းတွေ၊ မြစ်တွေ၊ မြေတောင်
တွေ၊ ကျောက်တောင်တွေ၊ သစ်တောဝါး တော၊စိုစွတ်ကောင်းမွန်တဲ့ရာသီတွေ ဟာ
အလွန်ဆိုးဝါးတဲ့ ရာသီဥတုတွေခံစားလာ ကြရပြီးဆိုတာကို သိလာကြလို့ ခေတ်မီတဲ့
ဖွံ့ဖြိုးရေးကိုအလိုအလျောက် နားလည်လာ ကြတယ်။တကယ်တော့အရှင်တို့တိုင်းပြည် ဟာ
သာယာလှပစွာ ဖွံ့ဖြိုးနေပြီးသားပါ။ လို တာထက် ပိုမများတဲ့
ပြုပြင်ပြောင်းလဲမှု များလုပ်လိုက်ရင် ငွေကြေးအင်အား၊ လူ အင်အားတွေ
များများစားစားသုံးပစ်စရာ မလိုဘဲ ခေတ်မီ တဲ့ မြန်မာပြည်ကြီး ဖြစ်လာ
နိုင်စရာ အင်္ဂါရပ်တွေအများကြီး ရှိနေပါ တယ်။ ဒီလေ့လာမှုဟာ အရှင်တစ် ပါးရဲ့
အဆိုမဟုတ်ပါ။
ငရဲမီးပေးသွားတဲ့ ပြည်သူ့ကိုယ်စားလှယ်
အရှင်တို့ မြန်မာယဉ်ကျေးမှုကို တစ်
နေ့နေ့မှာ လှောင်ပြောင်ခံကြရတော့မှာကို တွေးနေမိရင်း အစိုးရတွေ အကောင်
အထည်ဖော်မည့် စီမံကိန်းကြီးတွေကို ရပ် ဆိုင်းထားပေးဖို့ တောင်းဆိုလိုတဲ့
ဆန္ဒတွေ များစွာ ပေါ်လာ မိပါတယ်။ မြန်မာပြည် လူထုခေါင်းဆောင်လုပ်လိုတဲ့သူတွေက
ငါတို့မှာ ဆင်းရဲလို့၊ ငွေကြေးမရှိလို့ ဒီစီမံ ကိန်းကြီးတွေ
လုပ်ရတာ””ဆိုတဲ့ သဘော မျိုးနဲ့ လူထုလူပုံအလယ်မှာ အရှက်မဲ့စွာ
ပြောကြားလာခဲ့တဲ့စကားကို ကြားရတဲ့ အရှင်အဖို့ ယဉ်ကျေးမှုပြိုကွဲမည့်အရိပ်
အယောင်ကို မြင်နေမိပါတယ်။ လူထုတွေ ဟာ ““ဘာတတ် နိုင်မှာ မို့လဲ၊ တို့ လူထု
ကိုယ်စားလှယ်တောင်မှတို့ဘက်က မရပ် မနေတော့တာ”” ဆိုတဲ့ လူထုရဲ့အသံကို
ကြားရတဲ့ အခါ မြန်မာလူထုတွေ စိတ်ဓာတ် ကိုရိုက်ချိုးပစ်တဲ့ လူထုကိုယ်စားလှယ်
တွေ လူထုကိုသနားဖို့ လိုပါ လိမ့်မယ်။
ရိုးရာယဉ်ကျေးမှု စရိုက်လက္ခဏာနဲ့ နေလာခဲ့တဲ့
အရှင်တို့ရဲ့ ပြည်သူကို ““စာ မတတ်သူ၊ အမြော်အမြင် နည်းပါးသူ၊ ဆန့်ကျင်သူ၊
အဖျက်အမှောင့်လုပ်သူများ”” အထင်နဲ့ ကျေးလက်ဒေသ ပြည်သူ့ရင်တွင်းကို ငရဲမီး
ပေးသွင်းတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေ အိနိ္ဒယနိုင်ငံ၊ လာဒတ် ဒေသ၊
လခါဒီလူမျိုး ဘ၀ယဉ်ကျေးမှု အကြောင်းကို လေ့လာဖို့ လိုလာပြီလို့ ထင်ပါလေရဲ့။
ရှက်ရွံ့အားနာတတ်လာ
အရှင်နေထိုင်တဲ့ ကရင်ပြည်နယ်ဟာ
အရှင့်ပြန်လာစက မီးမရှိဘဲ မှောင်မည်းနေတဲ့ တောကျကျရွာတွေကို ရောက်သွားရင်
ဆီးကြိုနှုတ်ဆက်ခဲ့ကြတဲ့ ကရင်တိုင်းရင်း သားလူထုတွေရဲ့ အခြေအနေဟာ ရှက်ရွံ့
အား ငယ်ကြတဲ့ သူတွေ မရှိပါဘူး။ လျှပ်စစ် မီးမရှိဘဲ
ရိုးရာကညင်ဆီမီးအိမ်လေးနဲ့ နေထိုင်တဲ့ဓလေ့ဟာ ချစ်စရာ ကောင်းလှ ပါတယ်။
တကယ်တော့ တောအရပ်မှာ လျှပ်စ်မီးရှိရင်လည်း ခေတ်မီလာမည့် ရိုးရာယဉ်ကျေးမှုတွေ
မဟုတ်ပါဘူး။ မိမိ ကိုယ်ကို တန်ဖိုးလေးစားတတ်တဲ့ ကရင်
တိုင်းရင်းသားလူမျိုးဟာ ရုပ်ဝတ္ထုအဆောင် အယောင် တွေကြောင့် ယခုဆိုရင် ဒေါန
တောင်တန်းတစ်လျှောက်မှာ လျှပ်စစ်မီး၊ ပလပ်စတစ်အသုံးအဆောင် ပရိဘောဂ၊
စက်မှုပစ္စည်းတွေကို အလေးထားလာကြ တယ်။ တုကြွားတဲ့ဟန်နဲ့ မော်တော်ယာဉ် တွေပါ
စီးကြပြီး ရိုးရာလှည်းယာဉ်တွေ တစ်စတစ်စပျောက်ဆုံးနေပါပြီ။ မိမိကိုယ် ကို
ခေတ်မီသူများအဖြစ် ခံယူလာကြပြီး တော့ ရိုးရာယဉ်ကျေးမှုကိုလည်း ပစ်ပယ်
လာကြတာကို တွေ့ရတယ်။ ရိုးရာအစား အသောက်တွေကိုလည်း မြတ်နိုး ခြင်း
မရှိတော့ပါ။ ဧည့်သည်ရောက်လာ၍ နှစ်မိနစ် ခေါက်ဆွဲမရှိလို့ ရိုးရာအစားအစာနဲ့
ဧည့်ခံ ရတာကို ရှက်ရွံ့အားနာတတ်လာတာကို တွေ့ရတယ်။
မထိခိုက်စေလိုပါ
အခုဆိုရင် ကရင်တိုင်းရင်းသား လူမျိုးတွေဟာ
မိမိတို့ရဲ့ သမိုင်းကြောင်းအပေါ် အမြင်နဲ့ သဘောထားတွေ ပြောင်းလဲလာ နေကြတာကို
တွေ့ရတယ်။ အရင်က ငတ်မွတ်တာတွေ မရှိဘဲ စားရသောက်ရ လုံလုံလောက်
လောက်ရှိခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ပြောပြီးရင် အခုကျတော့ ၀မ်းစာအတွက်
အလျင်မီအောင် မနည်း ရုန်းကန် ခဲ့ကြရတယ်ဆိုတဲ့အကြောင်း ပြောလာကြတာကို
တွေ့ရတယ်။ ဒီပြော ပြတဲ့အချက်အလက်တွေဟာ အကုန်လုံး နီးပါး မမှားပါ။ ဒါကြောင့်
မြန်မာလူမျိုးများ တိုးတက်မှုနဲ့ လူနေမှု အဆင့်အတန်းကို မြှင့်တင်ပေးခြင်းဟာ
အစဉ် အလာက ထိန်းသိမ်းဆောက်တည်လာခဲ့ကြတဲ့ လူမှုရေးနဲ့ ဂေဟဗေဒ ညီညွတ်မျှတမှု
(မြန်မာ လူမှုရေး စနစ်) စနစ်ကို မထိခိုက်စေလိုပါ။
အရှင်ပေးလိုတဲ့ အကြံဉာဏ်ကတော့ မြန်မာတွေရဲ့
ရိုးရာယဉ်ကျေးမှုအခြေခံ အုတ်မြစ်ကို ခိုင်မြဲစေပြီးမှသာ တိုးတက်
ဖွံ့ဖြိုးရေးကို ထပ်ဆင့် တည်ဆောက်သင့် တယ်လို့ မြင်ပါတယ်။
Credit To The Myanmar Herald
Post a Comment