လူငယ်နှင့်ကိုယ်ပိုင်လုပ်ငန်း



                                                              နိဒါန်း

          ဒီစာကို ဘွဲ့ရပြီးစလူငယ်တွေနဲ့ ပညာရေးခရီးမဆက်တော့ဘဲ စီးပွားရှာကြ၊ အလုပ်အကိုင် ရှာကြတော့မယ့် လူငယ်လေးတွေအတွက် ရည်ရွယ်ပါတယ်။ကိုယ်ပိုင်လုပ်ငန်းငယ် (Small Business)လေးတွေကို လုပ်ချင်နေပြီး ဘယ်ကစရမှန်း၊ ဘာလုပ် ရမှန်း မသိဖြစ်နေတဲ့ လူငယ်တွေအတွက် ရည်ရွယ်ပြီး ရေးထားတာဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းရှင်များနှင့် ပညာရှင်များအတွက် မရည်ရွယ်ပါဘူးလို့ အရင် ဦးစွာပြောပါရစေ။
          အထက်တန်းအဆင့် (သို့မဟုတ်) ဘွဲ့ရပြီးစလူငယ်တွေဟာ အလုပ်အကိုင်ကောင်းတွေ လိုချင်ကြပေမယ့် ရှားပါး တော့ရဖို့ မလွယ်ကြပါဘူး။ ကွန်ပျူတာတက္ကသိုလ်က ဘွဲ့ရထားတဲ့ လူငယ်လေးက Electronic ဆိုင်တစ်ဆိုင်မှာ ဝန်ထမ်း လုပ်ပါတယ်။ တစ်လမှ လေးသောင်းပဲရတာပါ။ TV နဲ့ ရေခဲ သေတ္တာလို ပစ္စည်းအကြီးကြီးတွေကိုလည်း သယ်ရ၊ ထမ်းရ၊ ပို့ရပါတယ်။ ဒါကြောင့် ကိုယ်ပိုင်အလုပ် လုပ်မယ်ဆိုတော့လည်း ဘဲဥအစရှာမရသလိုဖြစ်ကြ၊ အားကိုးစရာ၊ တိုင်ပင်စရာ လူမရှိကြရှာပါဘူး။ ကျွန်မကိုယ်တိုင်လည်း ဘဝမှာ ဘာလုပ်ရင်ကောင်းမလဲဆိုပြီး ကြံရာမရဖြစ်ဖူးတဲ့ အချိန်တွေရှိသလို၊ လုပ်ရင်းကိုင်ရင်း လမ်းပျောက်နေလို့ ပြန်လှည့်ခဲ့ရတဲ့ အခါတွေလည်း ရှိခဲ့ပါတယ်။ ဒါ့ကြောင့် ကိုယ်ချင်း စာတရားနှင့်အတူ ဒီစာကို ရေးဖြစ်ခဲ့ပါတယ်။ ကိုယ်လိုဘဝတူလူငယ်တွေအတွက် နည်းနည်းလေးတော့ အထောက်အကူဖြစ်စေမယ်လို့ ထင်ပါ တယ်။
          အကယ်၍ ကျွန်မတို့သည် ကိုယ်ပိုင်လုပ်ငန်းငယ်လေးတစ်ခု ထူထောင်လုပ်ကိုင်တော့မည် ဆိုပါစို့- မိဘတွေနဲ့ မိသားစုအသိုင်းအဝိုင်းတွေလည်း ဝန်ထမ်းများ၊ လခစားများသာ ဖြစ်နေကြပါပြီတဲ့။ ကိုယ်ပိုင်စီးပွားရေး လုပ်ချင်နေတဲ့ ကျွန်မတို့ကို ဘယ်သူက ဘယ်လိုလမ်းညွှန်ပေးနိုင်မှာလဲ။ အလုပ်လုပ်ဖို့ ပိုက်ဆံထုတ်ပေးတယ်ဆိုရင်ရော... အခက်အခဲ တွေ့တယ်၊ မအောင်မြင်ခဲ့ဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ။ နောက်တစ်ဖန်ပြန်စဖို့ရော ပံ့ပိုးပေးနိုင်ကြပါအုံးမလား။ ကိုယ်ကရော ပြန်လည်လုပ်ရဲ ကိုင်ရဲရှိပါအုံးမလား။ ကဲပါ စဉ်းစားကြည့်လိုက်ကြရအောင်ပါ။
၁။   ဘာလုပ်ငန်းစလုပ်မလဲ။
၂။   အရင်းအနှီးဘယ်လောက်နဲ့စသင့်သလဲ။
၃။   ဘယ်နေရာမှာ လုပ်မှာလဲ။
၎။   ဘယ်သူတွေကို ရောင်းရမှာလဲ။
၅။   ဘယ်သူတွေဆီက ဝယ်ရမှာလဲ။
၇။   သူများတွေအောက် ဈေးလျှော့ရောင်းရင်ကိုက်ပါ့မလဲ။
၈။   သူများနဲ့ဈေးတူရောင်းရင်ရော နောက်မှရောင်းတဲ့ ကိုယ့်ဆီကို ဖောက်သည်တွေ လာဝယ်ကြပါ့ မလား။
၉။   တချို့သောကိုယ်ပိုင်စီးပွားရေးသမားတွေကအောင်မြင်နေကြပြီး တချို့က အကြွေးတွေတင်ပြီး အရှုံးတွေနဲ့ဈေးလောက ထဲကနေ ထွက်ခွာသွားကြရတယ်။ ဒါဟာ ဘာလို့လဲ
စသဖြင့်သော လူငယ်တွေနဲ့ ရင်ထဲက သိလို့တဲ့မေးခွန်းတွေအတွက် ဖြေကြားပေးမယ့်သူ တိုင်ပင်ဆွေး နွေးပေးမယ့်သူတွေ ရှိကြပါသလား။ ရှိရင်လည်း ရှားပါလိမ့်မယ်။

အခန်း (၁)
ကိုယ်ပိုင်လုပ်ငန်းရွေးချယ်ခြင်း

စီးပွားရေးဆိုင်ရာ စာအုပ်စာပေတွေနဲ့ တက်ကျမ်းတွေကို ကြိုးစားဖတ်ရှု့ခဲ့ပေမယ့် ဗဟုသုတ ရတာကလွဲလို့ ဘယ်လိုအထောက်အကူမျိုးမှ မယ်မယ်ရရ မရှိခဲ့ပါဘူး။ စီးပွားရေးနဲ့ စီမံခန့်ခွဲမှု့ဆိုင်ရာ စာအုပ်တွေကလည်း ကုမ္ပဏီကြီးတွေ၊ စက်ရုံအလုပ်ရုံကြီးတွေနဲ့ အုပ်ချုပ်သူလူတန်းစားတွေအတွက်ပဲ ရည်ညွှန်းရေးသားထားတယ်လို့ ခံစားမိပါတယ်။ Small Business လုပ်ငန်းလေးတွေ လုပ်ချင်ကြတဲ့ Entrepreneur လေးတွေအတွက်တော့ အားကိုးလောက်တဲ့ စာအုပ်စာပေတွေ နည်းနေသလိုပါပဲ။ ဒီစာစုဟာ လိုအပ်ချက်တွေရှိပြီး မပြည့်စုံမှန်း သိပေမယ့်လည်း ကိုယ်ပိုင်ဘဝအတွေ့အကြုံတွေနဲ့ သင်ယူ လေ့လာခဲ့မှု့တွေကို ပေါင်းစပ်ပြီး ပန်းတိုင်ကို အနီးကပ်ဆုံး လမ်းညွှန်ပေးမယ့် Guide Map လေးတစ်ခုကို အကြမ်းဖျဉ်း ရေးဆွဲကြည့်တဲ့ သဘောပါ။ ပန်းတိုင်ဆီရောက်အောင် မညွှန်နိုင်တောင် ဖြတ်သန်းရ မယ့် တောရဲ့သဘာဝ၊ အကျယ်အဝန်းနဲ့ အန္တရာယ်တွေကို ညွှန်ပြထားပြီး တောထဲမှာ ရှင်သန်ရပ်တည် နိုင်အောင် အကြံဥာဏ်လေးတွေ ပေးထားနိုင်တယ်လို့ ယူဆ မိပါတယ်။

(၁) မိသားစုလုပ်ငန်းဆိုတာ
          လူငယ်တော်တော်များများဟာ မိဘလက်ငုတ်လုပ်ငန်းတွေကို အထင်ကြီးခြင်း၊ တန်ဖိုးထား ခြင်း၊ သင်ယူလိုခြင်း မရှိကြတာ များပါတယ်။ မိဘတွေကလည်း သားသမီးကို ဒီလုပ်ငန်းကရတဲ့ ဝင်ငွေ၊ အရင်းအနှီးနှင့် အမြတ်အစွန်းတွေကို ပြောပြရှင်းပြလေ့မရှိသလို၊ ဒီလုပ်ငန်းလေးကနေ မိသားစု စားဝတ်နေရေးနှင့် သားသမီးတွေရဲ့ ပညာရေးစားရိတ်တွေ ထုတ်ပေးနေနိုင်တာတွေ၊ သူ့အထွာလေးနှင့်သူ လှူနိုင်တန်းနိုင်နေတာတွေကိုလည်း ရှင်းပြပေးကြတာ နည်းပါတယ်။ ဒီတော့ ဒီလုပ်ငန်းကို သားသမီးကလည်း တန်ဖိုးထားရမှန်း မသိ၊ လေးစားရမှန်း မသိတော့ပါဘူး။ မိဘတွေက သားသမီးကို ဒီအလုပ်နဲ့ လုပ်မစားချင်နေပါ။ တတ်အောင်သေချာသင်ရမယ်ဆိုတဲ့ ဆုံးမကြပ်မတ်မှုမျိုးနှင့် အလုပ်တန်ဖိုး နား လည်အောင် သွန်သင်ပြသမှု့မျိုးလည်း မလုပ်ကြတာ များပါတယ်။

(၂) မိဘနှင့်သားသမီးတို့၏ မိသားစုလုပ်ငန်းအပေါ်ထင်မြင်ချက်
          လယ်သမားကြီးကလည်း သားသမီးကို တောင်သူလုပ်မစားစေချင်ပါဘူး။ ပင်ပန်းလို့တဲ့။ ပင်ပန်းရကျိုးနပ်အောင် ဘယ်လိုလုပ်မလဲ။ မပင်ပန်းအောင် ဘယ်လိုပြောင်းလဲ ဆန်းသစ်လုပ်ကြမလဲလို့ မတွေးတောသလို၊ တွေးတတ်အောင်လည်း သင်မပေးနိုင်ကြပါဘူး။ လယ်သမားသား တက္ကသိုလ်တက် ခွင့်ရရင် စိုက်ပျိုးရေးတက္ကသိုလ်သွားဖို့လည်း စိတ်ကူးမရှိသလို၊ စိုက်ပျိုးရေးတက္ကသိုလ်ကလည်း လယ် သမား၊ ယာသမား သားသမီးတွေကို ဦးစားပေးခေါ်ယူဖို့ စီမံချက်မျိုးမရှိခဲ့ပါဘူး။ စိုက်ပျိုးရေးသိပ္ပံတက်ဖို့ နှင့် ခေတ်မီစိုက်ပျိုးရေးစနစ်တွေ၊ နိုင်ငံခြားက ခေတ်မီပညာတတ် လယ်သမားတွေ ဘယ်လိုစိုက်ပျိုး ကြ သလဲ၊ ဘယ်လို Living standard နဲ့ နေကြသလဲဆိုတာလည်း မသိသလို သိအောင်လည်း အားမထုတ်ကြပါဘူး။ မိုးကုတ်က ကျောက်သူဌေး၊ တွင်းပိုင်၊ ပွဲစား၊ တွင်းသမား သားသမီးတွေကလည်း တက္ကသိုလ်ရောက်ရင် ဘူမိဗေဒဘာသာ ယူဖို့ စိတ်မဝင်စားကြပါဘူး။ ကျွန်မကိုယ်တိုင်လည်း မိဘလုပ်ငန်းကို ငယ်စဉ်ကတည်းက ကူညီလုပ်ကိုင်မှု၊ မိဘက သင်ပေးမှု့တွေကြောင့်သာ တတ်သိနားလည်ပေမယ့် အထင်ကြီးခြင်း၊ စိတ်ဝင်စားခြင်းမရှိခဲ့လို့ ဥပဒေဘာသာ (သို့မဟုတ်) ဓါတုဗေဒဘာသာရပ်တွေကို မယူဖြစ်ခဲ့တာပါ။ ကိုယ်တိုင်တခြားလုပ်ငန်းခွင် တစ်ခုထဲကို ထဲထဲဝင်ဝင်ရောက်သွားတော့မှ ကိုယ်မိဘလုပ်ငန်းကို နားလည်လာပြီး အထင်ကြီးရမှန်း သိလာခဲ့ရတာပါ။ မသိတဲ့လူတွေကို အပြစ်တင်ချင်လို့ ရေးနေတာ မဟုတ်ပါဘူး။ ကိုယ်တိုင်မသိခဲ့လို့ ကိုယ့်လိုမဖြစ်ကြစေချင်လို့နဲ့ ဖြစ်နေခဲ့ရင်လည်း အချိန်မီ သတိပြုမိစေချင်လို့ ရေးမိတာပါ။

(၃) မိသားစုလုပ်ငန်း၏တန်ဖိုး
          မိဘလုပ်ငန်းကို မိဘသိသလို၊ တတ်သလို သိခြင်း၊ တတ်ခြင်းဟာ မိဘတွေ ဆည်းပူးလေ့လာ ကျော်ဖြတ်ခဲ့ရတဲ့ အနှစ် ၂၀ (သို့မဟုတ်) နှစ် ၃၀ စာကို အလကားနီးပါးရလိုက်ခြင်းပါပဲ။ ကိုယ်က ထပ် ပြီး သိအောင်၊ နားလည်အောင် ကြိုးစားပြီး တိုးတက်အောင် လုပ်ပေးနိုင်ရန် အဲဒီလိုလုပ်ပေးနိုင်တဲ့ ၅ နှစ် ၆ နှစ် အတွင်းက လုပ်ရပ်ဟာ ၂၆ နှစ် (သို့မဟုတ်) ၃၆ နှစ်စာ လုပ်ခဲ့တာနဲ့အတူတူပါပဲ။ သားသမီး ဘက်ကချည်းပဲ လိုချင်သိချင်နေလို့ မရပါဘူး။ လက်ခုပ်ဆိုတာ နှစ်ဘက် တီးမှ မြည်တာပါ။ မိဘတွေက လည်း သေချာသင်ကြား၊ ပြသ၊ လမ်းညွှန်ပေးဖို့ လိုပါတယ်။

                                                                                                                                နေထက်ထက်အောင်
Read More »

လူငယ်နှင့် ဘာသာရေး (ဒေါက်တာကျော်စိန်)



လောကတွင် အောင်မြင်နေသူတို့သည် လောကဓံ၏ အထုအထောင်း အပုတ်အခတ်တို့ကို အပြုံးမပျက်ဘဲ ခံယူကာ ဘ၀တိုက်ပွဲကို ဆက်လက်ဆင်နွှဲနိုင်စွမ်းရှိသည့် စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်သူများဖြစ်ကြ၏။ ဘာသာရေးက လောကဓံတရားကို ရဲဝံ့စွာ ရင်ဆိုင်တတ်ရန် သင်ကြားပေးသည်။

ဘာသာရေးဟူသည်…

ဘာသာရေးဟူသည် ရင့်ကျက်သော ပုဂ္ဂိုလ်တစ်ဦးက အမှန်တရားနှင့် ပတ်သက်၍ တွေးခေါ် စဉ်းစားခြင်း၊ လက်တွေ့ ကျင့်ကြံ အားထုတ်ခြင်း၊ အတွေ့အကြုံနှင့်ယှဉ်၍  ဆင်ခြင်စဉ်းစားခြင်း၊ ယုတ္တိဗေဒ ဥပဒေသ များနှင့် အညီ ကောက်ချက်ချခြင်းများ ပြုလုပ်ပြီးနောက် မိမိတွေ့ရှိသည့် တရား ဓမ္မကို မိမိနောက်လိုက်များ အား သွန်သင်ဆုံးမ ဟောပြောရာမှ ဘာသာ အမျိုးမျိုး ပေါ်ထွန်း လာခြင်းဖြစ်သည်။ ဗြဟ္မာ ၊ ဗိဿနိုးနှင့် သီဝဘုရား တို့၏ ဟောကြားချက်များတွင် အခြေခံသော ဟိန္ဒူဘာသာ၊ ဗုဒ္ဓရှင်တော်၏ ဟောကြားချက် ဓမ္မအပေါ် အခြေခံသော ဗုဒ္ဓဘာသာ၊ ခရစ်တော်၏ ဟောကြားချက်များအပေါ် အခြေခံသော ခရစ်ယာန် ဘာသာ ၊ အလ္လာသခင်နှင့် တမန်တော်မိုဟာမက်တို့ ဟောကြားချက်များအပေါ် အခြေခံသော အစ္စလာမ် ဘာသာတို့သည် ထင်ရှားပေသည်။

ကမ္ဘာပေါ်တွင် လူအများ ကိုးကွယ်ယုံကြည်ကြသော ဘာသာတရားတို့မှာ အရေအတွက်အားဖြင့် လွန်စွာ များပြားသော်လည်း ယေဘုယျအားဖြင့်မူ ဤဘာသာကြီးလေးခုမှာ လူအများဆုံး လက်ခံ ကိုးကွယ် ကြသောေ ကြာင့် အထင်ရှားဆုံးဟု ဆိုနိုင်ပေသည်။

ဘာသာတရားတိုင်းသည် ကောင်းမှုပြုရန်သာ ဆုံးမ၏။ ကောင်းရာပန်းတိုင်ကိုသာ ညွှန်ပြ၏။ မည်သည့် ဘာသာတရားကမျှ သတ်ဖြတ်ရန်၊ ဖျက်ဆီးရန်၊ ဆိုးသွမ်းရန် မညွှန်ကြား မတိုက်တွန်းပေ။ အခြေခံအားဖြင့်မူ ဘာသာတရားအားလုံးသည် ကိုယ်ချင်းစာတရားဖြင့် မေတ္တာထားတတ်ရန် လမ်းကောင်းလမ်းမှန်ကိုသာ ညွှန်ပြကြ၏။

အထက်ဖော်ပြပါ ဘာသာကြီးလေးခုကို နှိုင်းယှဉ်လေ့လာပါက (၁) ထာဝရဘုရား ရှိခြင်း မရှိခြင်း၊ (၂) အတ္တနှင့် အနတ္တကို ခွဲခြားလက်ခံခြင်း၊ (၃) လွတ်မြောက်ရာ အမတစခန်းနှင့် ပတ်သက်သော အယူ အဆခြားနားခြင်း စသည်ဖြင့် အဓိက ခြားနားမှုကြီး သုံးခုမျှသာရှိပေသည်။ လူသားအားလုံး လိုက်နာ ကျင့်ကြံ သင့်သည့် တရားနှင့် ပတ်သက်၍မူ စကားအသုံးအနှုန်း ကွာခြားသော်လည်း အနှစ်သာရအားဖြင့်မူ  တူညီ တတ်ကြ၏။

ဘာသာတရားတိုင်းတွင် မိမိတစ်ဦးချင်း လွတ်မြောက်ချမ်းသာရေးအတွက် လမ်းညွှန်တရားများ ရှိသကဲ့ သို့  လောကီဘုံအတွင်း အများနှင့် စုပေါင်းဆက်ဆံ နေထိုင်သည့်အခါ ကျင့်ကြံသင့်သော လောကီ ကြီးပွားရေး လမ်းညွှန်တရားများလည်း ရှိပေသေးသည်။ လူငယ်တို့နှင့် အဓိကအားဖြင့် သက်ဆိုင်သော တရားမှာ လောကီ ကြီးပွားရေး လမ်းညွှန်တရားများ ဖြစ်ပေသည်။

ဘာသာတရားဟူသည် ပစ္စုပ္ပန် ချမ်းသာကြီးပွားရေးအတွက် လိုက်နာသင့်သည့် လမ်းညွှန်ချက်များ ရှိ သကဲ့ သို့  အနာဂတ်အတွက် ချမ်းသာရေး၊ သံသရာမှ လွတ်မြောက်ရေးစသည်ဖြင့် အနာဂတ်အတွက် လမ်းညွှန် ချက်များလည်း ရှိပေသည်။ လူငယ်တို့အဖို့မူ ပစ္စုပ္ပန်ကြီးပွားရေး တရားများကို လိုက်နာခြင်းသည် လက်တွေ့ကျ၍ လူလတ်လူကြီးများအဖို့မူ အနာဂတ်အတွက် ပြင်ဆင်ရေး လမ်းညွှန်ချက်များကို လိုက်နာခြင်း သည် သဘာဝကျပေသည်။

“ဘာသာကြီးလေးခု အနှစ်သာရများ” ဟူသောကျမ်းကို ပြုစုသူ စာရေးဆရာ ညိုသောင်းကလည်း ဘာသာ တရားနှင့် ပတ်သက်၍ ဤသို့ မှတ်ချက်ပြုခဲ့သည်။ “ဘာသာတရားတိုင်းတွင် သဘာဝထက် လွန်ကဲသော အံ့ဖွယ်ရာ များနှင့် ပြည့်ဝနေသည်သာ ဖြစ်၏။ သိပ္ပံနည်းဖြင့် သက်သေပြ၍ မရနိုင်၊ ဆင်ခြင်တုံ တရားဖြင့် စမ်းသပ်၍ မရနိုင်ဟု ဆိုမည်သာဖြစ်၏။ သို့သော် ဘာသာတရားတို့မည်သည် မျက်မှောက်ကမ္ဘာ အတွက် မဟုတ်ပေ။ လောကုတ္တရာအရေးသာ ဖြစ်သည်။ နောင်တမလွန် ဘ၀ အရေးသာ ဖြစ်သည်။ အနာဂတ်အရေးကို မျက်မှောက်ပစ္စုပ္ပန်ဘ၀တွင် ဆောင်ရွက်နေကြရခြင်းသာ ဖြစ်သည်။ ဤသို့ဆိုလျှင် ဘာသာတရားသည် မျက်မှောက်ကာလအတွက် အကျိုးတစ်စုံတစ်ရာ မပြုတုံသလော။ မျက်မှောက်အကျိုးကိုလည်း  ပြုပေသည်။ မည်သည့်ဘာသာတရားကမျှ မျက်မှောက်ဘ၀တွင် အကျိုးမပြုသော လူ့ကျင့်ဝတ်ကို မညွှန်ပြချေ။ ဘာသာတရားသည် လူ့ကျင့်ဝတ်ကို ချမှတ်ပေးသည်။ လူ့ကျင့်ဝတ်အချို့တို့သည် တမလွန်ဘ၀ အကျိုးအတွက် ရည်မှန်း ထားသည်မှာ မှန်သော်လည်း လက်ရှိဘ၀ အတွက် များစွာ အထောက်အကူပြုပေသည်။ ဘာသာတရားက သင်ကြားပေးသော လူ့ကျင့်ဝတ်ကို လူပုဂ္ဂိုလ် များက လိုက်နာနိုင်ကြမည်ဆိုလျှင် တိုးတက်ကောင်းမွန်သော လူ့အဖွဲ့အစည်း တစ်ခု ဖြစ်ပေါ်လာရ မည်သာ ဖြစ်သည်။”

အထက်ပါ ဆရာညိုသောင်း၏ မှတ်ချက်အရ ဘာသာတရားတို့သည် အတိတ်၏ အတွေ့အကြုံ အခြေ အနေပေါ် အခြေခံ၍ ပစ္စုပ္ပန်၊ တမလွန် နှစ်တန်သော အကျိုးတရားတို့အတွက် ရှေးရှု လမ်းညွှန်ခြင်းမှာ ထင်ရှားပေသည်။ မည်သို့ပင်ဖြစ်စေ ငယ်ရွယ်သူ လူငယ်တို့အဖို့ ပစ္စုပ္ပန် ကြီးပွား တိုးတက်ရေးအတွက် ဘာသာ တရား၏ သွန်သင်ချက်များကို လိုက်နာ ကျင့်ကြံသင့်သည်မှာ လွန်စွာ ထင်ရှားလှပေသည်။

ဘာသာရေးနှင့် ကိုယ်ကျင့်တရား…

ဘာသာတိုင်းသည် လူတို့တွင် မွန်မြတ်သန့်စင်သော စရိုက်လက္ခဏာတို့ ထွန်းကားပေါ်လွင်စေရန် လမ်းညွှန် သည်။ ဟိန္ဒူဘာသာဝင်တို့၏ ရာမယန၊ မဟာဘာရတနှင့် ဥပါဒ်နိယျကျမ်းများသည် လည်းကောင်း၊ ဗုဒ္ဓ ဘာသာဝင် တို့၏ ပိဋကတ်သုံးပုံသည်လည်းကောင်း၊ ခရစ်ယာန်ဘာသာဝင်တို့၏ သမ္မာကျမ်းစာသည် လည်းကောင်း ၊ အစ္စလာမ် ဘာသာဝင်တို့၏ ကျမ်းမြတ်ကူရ်အန်သည် လည်းကောင်း ကိုယ်ကျင့် တရားကောင်းမွန်ရေးတို့ကို ရှုထောင့်မျိုးစုံမှ နည်းမျိုးစုံဖြင့် ဖွင့်ဆိုရေးသား ထားသော ကျမ်းများ ဖြစ်ပေသည်။

ဘာသာတရား၏ အဆုံးအမ၌ တည်သောသူတို့သည် ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးသော ဣနြေ္ဒတို့၌ စောင့် စည်းခြင်း ရှိသည်ဖြစ်၍ လူတကာ၏ ချစ်ခင်လေးစားခြင်းကို ခံရ၏။ ဤသို့ ဗုဒ္ဓဘာသာအလိုအရ ဖွင့်ဆို ရသော် ကာယကံ၊ ၀စီကံ၊ မနောကံ ဟူသော ကံသုံးပါးတို့တွင် ဒုစရိုက်မှု လုံးဝမပြုဘဲ သုစရိုက်မှု များကို သာ ပြုသည့် သဘော ဖြစ်ပေ၏။ ကိုယ်ကာယအားဖြင့် သူတစ်ပါး ထိခိုက်နာကျင် နစ်နာပျက်စီး စေမည့် အပြု အမူ များကို ရှောင်ရှားခြင်း၊ နှုတ်အားဖြင့် သူတစ်ပါး ထိခိုက်နာကျင် နစ်နာပျက်စီးစေမည့် စကားမျိုး မပြော ဆိုခြင်း၊ စိတ်အားဖြင့် သူတစ်ပါး ထိခိုက်နာကျင် နစ်နာပျက်စီးစေမည့် အကြံအစည်မျိုး မကြံစည်ခြင်း ပင် ဖြစ်၏။ ဤသို့သော အယူအဆမျိုးကို အခြားသော ဘာသာတရား များကလည်း သင်ကြားပေးသည် သာဖြစ်၏။
ထို့အပြင် မေတ္တာတရား ပွားများရန်လည်း ဘာသာတိုင်းက သင်ကြားပေး၏။

ဗုဒ္ဓဘာသာတွင်မူ ဗြဟ္မစိုရ် တရားလေးပါးတွင်

(၁) မေတ္တာ…မိမိကိုယ်နှင့်အမျှ ချစ်ခြင်း၊
(၂) ကရုဏာ…ဆင်းရဲသူကို သနားခြင်း၊
(၃) မုဒိတာ…ချမ်းသာသူအတွက် ၀မ်းမြောက်ခြင်း၊
(၄) ဥပေက္ခာ…ဆင်းရဲချမ်းသာ ထိုနှစ်ဖြာတို့၏ အကြား၌ စိတ်ဓာတ်ကိုထားခြင်း
ဟူ၍ လေးမျိုး ခွဲခြား ဖော်ပြထားပါသည်။

ဘာသာရေးခေါင်းဆောင်များသည် ကိုယ်ကျင့်တရားတွင် အခေါင်အဖျား ရောက်သူများ ဖြစ်ကြ၏။ ဆင်းရဲ ပင်ပန်းခြင်း ၏ ဒဏ်၊ အစာအာဟာရ ဥစ္စာစည်းစိမ် ချို့တဲ့ခြင်း၏ ဒဏ်၊ အခြားသူများ၏ စော်ကားပြု မူ နှိပ်စက် သည့် ဒဏ်တို့ကို ကြံ့ကြံ့ခံနိုင်ခဲ့သူများ ဖြစ်ကြ၏။ ဗုဒ္ဓသည် မင်းစည်းစိမ် ချမ်းသာကို စွန့်ပယ် ၍ တောထဲ တွင် ခြောက်နှစ် တိုင်တိုင် ဒုက္ကရစရိယာဟုခေါ်သော ပြင်းထန်သည့် အကျင့်ကို ကျင့်ခဲ့၏။ သစ္စာတရားကို မမြင် သမျှ ငါမထဟူသော ဇွဲမျိုးဖြင့် ကျင့်ခဲ့သူဖြစ်၏။ ဗုဒ္ဓမဖြစ်မီ ဘ၀ပေါင်းများစွာကလည်း အလှုပေးခြင်း၊ သီလဆောက်တည်ခြင်း၊ ပညာဆည်းပူးခြင်း၊ သည်းခံခြင်း၊ မှန်ကန်ဖြောင့်မတ်စွာ ပြောဆို ကျင့်ကြံခြင်း စသည့် ပါရမီ (၁၀) ပါးကို ဖြည့်ဆည်းခဲ့ပေ၏။ ထို့ကြောင့် လူငယ်တိုင်းသည် မိမိကိုးကွယ်ယုံကြည်ရာ ဘာသာရေးခေါင်းဆောင်တို့၏ အတ္ထုပ္ပတ္တ္ကိကိုလည်း လေ့လာဖတ်ရှုသင့်ပေသည်။ ဗုဒ္ဓဘာသာဝင်တို့အဖို့မူ မာလာလင်္ကာရ၊ ဇိနတ္ထပကာသနီ၊ မဟာဗုဒ္ဓ၀င် စသော ကျမ်းများသည် ဗုဒ္ဓကိုယ်တော်၏ ဘ၀ဖြစ်စဉ်ကို မှတ်တမ်းတင်ထားသော ကျမ်းများဖြစ်ကြ၏။ ဤကဲ့သို့ မိမိယုံကြည်ကိုးကွယ်ရာ ဘာသာရေးခေါင်းဆောင် တို့၏ အတ္ထုပ္ပတ္တိကို ဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကျင့်တရားဆိုင်ရာ သန့်စင်မွန်မြတ်သော နမူနာများကို ရရှိနိုင်ကြပေလိမ့် မည် ဖြစ်၏။

မျက်မှောက်ခေတ် လူငယ်များသည် ဘာသာရေးဘက်တွင် ပေါ့လျော့လာကြသောကြောင့် ရိုင်းပြသည့် အမူအရာ၊ အပြောအဆိုတို့ တွင်ကျယ်လာသည်ဟု လူကြီးသူမများက စိတ်ပျက် လက်ပျက် ညည်းညှုကြ၏။ သို့သော် ဤသို့ စိတ်ပျက်နေ၍လည်း အကျိုးမရှိနိုင်ပေ။ လူငယ်များ ဘာသာရေးတွင် စိတ်ဝင်စားလာအောင် နည်းမျိုးစုံနှင့် လှုံ့ဆော်ပေးရမည့်တာဝန်မှာ လူကြီးတို့၏ တာဝန်သာဖြစ်၏။  ဗုဒ္ဓဘာသာလူငယ်တို့ ကျောင်းကန်ဘုရား သွားချင်လာအောင်၊ ခရစ်ယာန် ဘာသာဝင် လူငယ်တို့ ဘုရား ရှိခိုးကျောင်း တက်ချင်လာအောင်၊ ဟိန္ဒူဘာသာဝင် လူငယ်တို့ ဘုရားရှစ်ခိုးကျောင်း သွားချင်အောင်၊ အစ္စလာမ် ဘာသာဝင် လူငယ်တို့ ဗလီတက်ချင်အောင် လူကြီးများက နည်းမျိုးစုံသုံး၍ လှုံ့ဆော် တိုက်တွန်းပေး ရမည်ဖြစ်၏။

ရှေးအခါကမူ ကျောင်းကန်ဘုရားသွားခြင်းသည် နိစ္စပတ် ၀တ်တစ်ခုလို ဖြစ်နေ၏။ အထူးသဖြင့် ၀ါတွင်း ချိန်ခါ ၈ ရက်၊ လပြည့် လကွယ်စသည့် ဥပုသ်နေ့များတွင် ပိုမိုစည်ကား၏။  ၁၂ ရာသီ ကျင်းပလေ့ရှိသော ဘာသာရေး ဆိုင်ရာ ပွဲတော်များမှာလည်း ယေဘုယျအားဖြင့် ဘုရားကျောင်း ကန် တစ်ဝိုက်တွင်သာ ကျင်းပလေ့ရှိတတ်၏။ ယင်းကဲ့သို့ ဘုရားကျောင်းကန် ဇရပ်များသို့ သွားခြင်းဖြင့် ဆရာတော်၊ သံဃာတော် များ၏ တရားဟောပြောခြင်း၊ လူကြီးသူမတို့၏ ဘာသာရေးဆိုင်ရာ အတွေ့အကြုံများ နှီးနှောဖလှယ်ချက်၊ လူငယ်အချင်းချင်း ဘာသာရေး၊ လူမှုရေး၊ ပညာရေး နှီးနှော တိုင်ပင်ချက်တို့ကြောင့် အကြားအမြင်များ၍ ဗဟုသုတ ကြွယ်ဝနိုင်ပေသည်။ ထို့အတူ ပင် ဘုရားရှစ်ခိုးကျောင်း၊ ဗလီစသည်တို့သို့ ၀တ်ပြုရန်သွားကြရင်း လူကြီးများ၏ သြ၀ါဒကို နာခံ၊ လူငယ် အချင်းချင်း မိတ်ဆက်နှီးနှော စသည်ဖြင့် ဆက်ဆံရေးနယ်ပယ်လည်း အလိုလို ကျယ်ပြန့် လာတတ်ပေသည်။

ဘာသာတရားကို ခုတုံးလုပ်၍ မဟုတ်တာ လုပ်မည်ကိုလည်း စိုးရိမ်တတ်ရ၏။ တစ်ခါက လူငယ်ကလေး တစ်ဦးသည် နံနက်စောစောထ၍ “ရပ်မိ ရပ်ဖတို့ခင်ဗျား၊ ဆွမ်းချက်ရန် အချိန်တန်ပါပြီ၊ ဘုရားဆွမ်းတော် ကပ်ရန် အချိန်တန်ပါပြီ” ဟူ၍ နှိုးဆော်လေ့ရှိ၏။ ယင်းကို မြင်သော လူကြီးတစ်ဦးက လွန်စွာ ချီးမွမ်း လိုသောကြောင့် “တူမောင် အဘယ့်ကြောင့် ယခုလို အစောကြီးထ၍ ဆွမ်းချက်ရန် နှိုးဆော်ပါသလဲ” ဟု မေးမြန်းရာ လူငယ်လေး က “စောစော ဆွမ်းချက်၊ ဆွမ်းကပ်တော့၊ ဆွမ်းတော် စောစော စွန့်နိုင်ပါလိမ့် မည်။ ထိုအခါ ကျွန်တော့်အဖို့လည်း ဆွမ်းတော်စွန့်သည်ကို စားရန်လာသော ကျီးကန်းတို့ ကို လေးခွနှင့် .. စောစော ပစ်နိုင်ပါလိမ့်မည်” ဟု ပြန်ပြောလေသည်။

အချုပ်အားဖြင့်ဆိုရသော် ငါ ငယ်ပါသေးသည်ဟူ၍ ဘာသာရေးကို ပေါ့ပေါ့ဆဆ မထားသင့်ပေ။ သို့သော် လူကြီးများကဲ့သို့ အချိန်ပြည့် ၀ိပဿနာပွားသည်အထိလည်း မလိုအပ်သေးပေ။ ဘာသာရေး အဆုံးအမ၌ တည်၍ ကိုယ်ကျင့်တရားကောင်းမွန်သော ယဉ်ကျေးလိမ်မာသည့် လူငယ်ဖြစ်ရေး သည်သာ ပဓာန ကျလှပါသတည်း။


စိတ်ဓာတ် ရင့်ကျက်တည်ငြိမ်မှု…

ဘာသာအသီးသီးတွင် သီလစောင့်ထိန်းမှု၊ အလှုဒါန ပေးလှုမှု၊ အကူအညီပေးမှု၊ သည်းခံမှု၊ အဓိဋ္ဌာန် ဆောက်တည်မှု ၊ ပုတီးစိတ်ခြင်းဖြင့် စိတ်တည်ငြိမ်စေမှု (သမာဓိထူထောင်မှု)စသည့် မြင့်မြတ်သော လုပ်ငန်းစဉ်များ ရှိပေသည်။ အသက်ကြီးရင့်သူတို့အဖို့ ယင်းလုပ်ငန်းများကို အချိန်ပြည့် လုပ်ဆောင် နိုင်လိမ့် မည်ဖြစ်သော်လည်း အသက်ငယ်ရွယ်သူတို့အဖို့မူ အချိန်ပိုင်းမျှသာ လုပ်ဆောင် နိုင်ပေလိမ့်မည်။ အနိမ့်ဆုံး အားဖြင့် ဘုရားရှစ်ခိုး ၀တ်ပြုခြင်းသည် ဘာသာအားလုံး၌ ရှိ၏။ ဘုရားရှစ်ခိုး ၀တ်ပြုခြင်းကိုပင် သမာဓိ တည်ကြည်စွာ စိတ်ခွန်အား စိုက်ထုတ်၍ အာရုံစူးစိုက်လုပ်ပါက စိတ်ဓာတ်ရင့်ကျက်မှုကို တည်ဆောင်နိုင်၏။

လောကတွင် အောင်မြင်နေသူတို့သည် လောကဓံ၏ အထုအထောင်း အပုတ်အခတ်တို့ကို အပြုံးမပျက်ဘဲ ခံယူကာ ဘ၀တိုက်ပွဲကို ဆက်လက်ဆင်နွှဲနိုင်စွမ်းရှိသည့် စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်သူများဖြစ်ကြ၏။ စိတ်ပညာရှင်တို့က “ဟာသဥာဏ် ရှိခြင်း၊ ကြိုတင် စဉ်းစားတတ်ခြင်း၊ ကိုယ့်ကိုယ်ကို အားကိုးခြင်း၊ ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းရှိခြင်း၊ မလိုလားအပ်သည့် အပြုအမူတို့ကို ထိန်းချုပ်နိုင်ခြင်း၊ ဘက်မလိုက်ခြင်း စသော အရွယ်ရောက်ပြီးသူတို့ ထားရှိရမည့် စစ်မှန်သော သဘောထားများရှိမှသာ လူတစ်ယောက်ကို စိတ်ဓာတ် ရင့်ကျက်သူဟု ဆိုနိုင်မည်ဖြစ်၏။ အရွယ်ရောက်ပြီးစေကာမူ စိတ်ဓာတ်ရင့်ကျက်မှု မရှိသူတစ်ဦး သည် တစ်ကိုယ်ကောင်း ဆန်ခြင်း၊ ဖြစ်ရပ်မှန်နှင့် ကိုက်ညီအောင် မစဉ်းစားတတ်ခြင်း၊ ထိန်းချုပ်မှု မရှိခြင်း၊ တာဝန် မသိတတ်ခြင်း၊ မှီခိုလွန်းခြင်း စသည့် သဘောလက္ခဏာတို့ကို ဖော်ပြတတ်ပေ၏” ဟု ဆိုခဲ့၏။

ဘာသာရေးက လောကဓံတရားကို ရဲဝံ့စွာ ရင်ဆိုင်တတ်ရန် သင်ကြားပေး၏။ ဆင်းရဲခြင်း၊ ချမ်းသာခြင်း၊ ကဲ့ရဲ့ခြင်း၊ ချီးမွမ်းခြင်း၊ လာဘ်ရခြင်း၊ လာဘ် မရခြင်း၊ အခြံအရံ များခြင်း၊ အခြံအရံ နည်းခြင်း စသည်တို့နှင့် ရင်ဆိုင်ရပါက မတုန်မလှုပ် ကြံ့ကြံ့ခံနိုင်ရန် သင်ကြားပေး၏။  ပတ်ဝန်းကျင်မှ လူအပေါင်းကို ညှာတာထောက်ထား ကူညီရန် သင်ကြားပေး၏။ “ဘယ်သူမပြု မိမိမှု” ဟူသော သဘောကို နားလည်စေ၏။  “ယောနိသော မနသိကာရ” အသင့်အတင့် နှလုံးသွင်းတတ်အောင် လမ်းညွှန်၏။ “အတ္တာဟိ၊ အတ္တနော နာထော” မိမိကိုယ်သာ ကိုးကွယ်ရာ စိတ်ဓာတ်မျိုး ဖွံ့ဖြိုးစေ၏။ ဘာသာရေးက သင်ကြားပေးသော အထက်ပါသဘောတရားများသည် စိတ်ပညာရှင်တို့ ညွှန်ပြသော စိတ်ဓာတ်ရင့်ကျက်မှုမျိုးကို ဖြစ်ပေါ်စေ၏။


...စိတ်ပညာရှင်တို့က “စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်သူတို့သည်...

(၁) ပရဟိတစိတ် ပြည့်ဝခြင်း၊ (၂) အဆိုးကို ရင်ဆိုင်ဝံ့ခြင်း၊ (၃) ကိုယ့်ကိုယ်ကို ထိန်းသိမ်း ချုပ်တည်းခြင်း၊ (၄) တာဝန်သိ၍ တာဝန်ယူတတ်ခြင်း၊ (၅) ကိုယ့်အားကိုယ်ကိုးခြင်း စသော ခြင်းရာ လက္ခဏာများရှိပေ၏။” ဟု ဆိုခဲ့ရာ ယင်းခြင်းရာ သတ္တိများ ဖြစ်ပေါ်စေရန် ဘာသာရေး သင်ကြားချက်များက လွန်စွာ အထောက်အကူပြုကြောင်း တွေ့ရပေသတည်း။



…ဆရာကြီး ဒေါက်တာကျော်စိန်၏ “လူငယ်လမ်းညွှန်” မှ
Read More »

နိုင်ငံရေးသမားတွေ လူထုကို မေ့လျော့နေကြသည် (ဖေမြင့်)

 
“ဖွဲ့စည်းပုံအခြေခံဥပဒေ မပြင်ဆင်လျှင်လည်း NLD အနေဖြင့် နိုင်ငံ့အကျိုး ရှေးရှုပြီး အကောင်းဆုံး လမ်းကိုသာ ဆက်လျှောက်မည်” တဲ့။ ၂၁ ဇူလိုင် ၂၀၁၃ Daily Eleven သတင်းစာပါ သတင်းခေါင်းစဉ်တစ်ခုက ဖော်ပြထားသည်။
     သည်ဟာ ဖတ်ရတော့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ကြားဖြတ် ရွေးကောက်ပွဲ ကြွေးကြော်သံတစ်ရပ်အဖြစ် ကြေညာ ပြောဆိုခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင် သော  NLD ပါတီအနေဖြင့် သည်အရေးကိစ္စအပေါ် လေးနက်မှု လျော့သွားလေသလား သံသယ ဖြစ်မိသည်။
          တစ်ဖက်တွင်၊ ဖွဲ့စည်းပုံကို စောင့်ကြပ်သူတို့သည် အလျှော့ပေးလိမ့်မည် မဟုတ် ဟူ၍ မိမိတို့ဘာသာ နားလည် လက်ခံကာ သည်ကိစ္စတွင် မသိမသာ နောက်ဆုတ်သွားခြင်း လားဟုလည်း စဉ်းစားစရာ ဖြစ်သည်။
          အချို့ ပုဂ်္ဂိုလ်များအနေနှင့်မူ ဘာအပေးအယူ တစ်စုံတစ်ရာရှိ၍ သည်ကိစ္စကို အလဲအလှယ်ပြုလေသလဲ ဟုပင် ထင်စရာရှိ၏။
          အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ ကူးပြောင်းသည့်အခါ ပြိုင်ဘက်အင်အားစုများအကြား ညှိနှိုင်းမှု၊ အပေးအယူ အလျှော့အတင်းပြုမှုများ လုပ်ရလိမ့်မည်၊ သို့မှသာ အကူးအပြောင်း ဖြောင့်တန်း ညင်သာမည်ဟု နိုင်ငံရေး ပညာရှိတို့ ဆိုကြတာတော့ ရှိသည်။ သို့သော် ထိပ်သီးချင်း ပြုလုပ်သည့် ပွင့်လင်းမြင်သာမှု မရှိသော ညှိနှိုင်းမှုတွေ များပြားလာခဲ့သည် ရှိသော် နိုင်ငံရေးဖြစ်စဉ်တွင် အများပြည်သူတို့ အရာမ၀င်ဖြစ်ကာ ဒီမိုကရေစီ အနှစ်သာရများ ပျက်ပြယ်လိမ့်မည်။
     ထားပါတော့၊ အဲဒါက NLD ၏ အပိုင်းဖြစ်သည်။
          အခြားပါတီအဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ ကော ဖွဲ့စည်းပုံကိစ္စတွင် ဘာလုပ်နေကြသနည်း။
          ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ သို့မဟုတ် အသစ် ပြန်လည် ရေးဆွဲရေး၊ ဖက်ဒရယ် ပြည်ထောင်စု ထူထောင်ရေး၊ တိုင်းရင်းသားတို့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး စသည့် ကိစ္စများကို ရန်ကုန်မြို့တွင်ရော ပြည်နယ်ဒေသများမှာပါ နိုင်ငံရေးပါတီ အဖွဲ့အစည်း အများအပြားက ပုဂ်္ဂိုလ်တွေ ဆွေးနွေး ပြောဆိုနေကြတာ မကြာခဏ ကြားသိနေရသည်။  သို့သော် လက်ရွေးစင် ပုဂ်္ဂိုလ်တွေ နားလည်တတ်သိ သူတွေချည်း  ကျိတ်ဝိုင်းဖွဲ့ကာ ပညာရှင်ဆန်ဆန် ဆွေးနွေးပုံမျိုးတွေ ဖြစ်နေသည်။ လူထုများအကြား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတာ၊ လူထု သဘောဆန္ဒတွေ နားထောင် မှတ်သားတာ မတွေ့ရ။
          ထို့ပြင်၊ ဆွေးနွေးဝိုင်းများမှနေ၍ ဟောဒါ ကျွန်တော်တို့ ပြင်ဆင်ချင်တဲ့ အချက်တွေ၊ ဟောဒါ ကျွန်တော်တို့ ဖြစ်စေချင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် နမူနာ၊ စသည်များကိုလည်း အများပြည်သူကြား ထင်ထင်ရှားရှား ဖြန့်ချိ တင်ပြတာမျိုး မတွေ့ရ။
          အဲဒါ ဘာကြောင့်လဲ။
          နိုင်ငံရေးသမားများမှာ ကိုယ်ပိုင် အစီအစဉ် မရှိကြဘူးလား။
          အစိုးရက စတင်သည့် ဖွဲ့စည်းပုံပြင်ဆင်ရေး အစီအစဉ်အတိုင်း လိုက်ပါရန် စောင့်ဆိုင်းနေကြသည်လား။
          ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ယခုတော့ အဲသည်အတိုင်း ဖြစ်လာနေတာ မြင်ရသည်။
          လက်ရှိ ဖွဲ့စည်းပုံမှာ ပြင်စရာ ဆင်စရာတွေ များစွာ ရှိပါသည်ဟု ပြောဆိုနေကြသော်လည်း တကယ် လက်တွေ့ ပြင်ဆင်ရေးအတွက် မည်သည့် အတိုက်အခံပါတီ အဖွဲ့အစည်းကမှ ထထကြွကြွ လှုပ်ရှား ဆောင်ရွက်မှုမပြုဘဲ ရှိနေစဉ် အာဏာရပါတီက ဦးဆောင်မှု ယူလိုက်တာ မြင်ကြရသည်။
          ကောင်းပြီ၊ ခင်ဗျားတို့ အားလုံး ပြင်ချင်နေတဲ့ ဖွဲ့စည်းပုံကို ကျွန်တော်တို့ ကိုယ်တိုင်ပဲ ကမကထလုပ်ပြီး ပြင်ပေးမယ်၊ ဟူသော သဘော။
          သို့သော်၊ လက်ရှိ ဖွဲ့စည်းပုံကို ဦးဆောင် ရေးဆွဲခဲ့ပြီး၊ ၎င်းဖြင့်ပင် အာဏာရရှိခဲ့သော ပုဂ်္ဂိုလ်တို့က ဦးဆောင် ပြင်ဆင်မည်ဆိုလျှင်၊
          ဘာတွေ ဘယ်လောက် ပြင်ဆင်လိမ့်မည်နည်း။
          အများပြင်ဆင်ချင်သည် ဆိုသော အချက်များထဲက ကိုယ်တိုင်လည်း ဒါတော့ ပြင်သင့်သည်ဟု သဘောရသည့် အချက်တွေကို ပြင်၍၊ အများမစဉ်းစားဘဲ ၎င်းင်းတို့သာ စဉ်းစားထားသည့် မည်သည့် အချက်တွေ ဖြည့်စွက် လာမည်နည်း။
          ထားပါတော့၊ အဲဒါ နောက်တော့ သိရလိမ့်မည်။
          အရေးကြီးတာက ပြင်ပြီးသည့်အခါ လူထုအတွက် ဘာတွေ ပါလာမည်ဟု မျှော်လင့်နိုင်သလဲ။ လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူညီမျှမှုများ ပြည့်ဝသည့် ဒီမိုကရေစီ စနစ်ဆီသို့ ဘယ်လောက် နီးစပ်သွားမည်လဲ။
          ဒါတွေ ပြောသည့်အခါ ဘာမှ မလုပ်ရသေးမီ အပြစ် ပြောနေသည်ဟု ထင်စရာ ရှိသည်။
          သို့သော်၊ နောက်မှ ပြောသည့်အခါကျတော့လည်း ခင်ဗျားတို့က စောစောစီးစီးမပြော၊ ပြီးပြီဆိုတော့မှ ဘာပြင်ပေးပါ ညာပြင်ပေးပါ လာပြောနေတယ်ဟု ဆိုကြ လိမ့်ဦးမည်။
          စဉ်းစားကြည့်ပါ။
          ယခု ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် လေ့လာ  သုံးသပ်ရေး ကော်မရှင်ဆိုတာ စဖွဲ့နေပြီ။ ပြည့်ပြည့်စုံစုံ ဖွဲ့စည်းပြီးပြီဆိုလျှင် ဒါသည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မရှင်နှင့် အလားတူ လုပ်ငန်းတာဝန်များ ထမ်းဆောင်ခွင့်ရလိမ့်မည်။
          တစ်နည်းပြောသော်၊
          ဖွဲ့စည်းပုံ ပြင်ဆင်ရေးသည် ၎င်းအဖွဲ့၏ သဘောဆန္ဒ ပေါ်တွင် အခြေခံ၍ ဖြစ်ပေါ်လိမ့်မည်။ ဘာတွေ ပြင်မည် မပြင်ဘူးဆိုတာ ၎င်းအဖွဲ့က ဆုံးဖြတ်လိမ့်မည်။
          အဲသည်အဖွဲ့မှာ ဘယ်သူတွေပါသနည်း။
          လောလောဆယ် စတင်ထားသည့် စာရင်းအရတော့ ပြင်ဆင်ရမည်ဆိုသော ၂၀၀၈ ဖွဲ့စည်းပုံကို ဦးဆောင် ရေးဆွဲကာ ၎င်းအရ ကျင်းပသော ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့် အာဏာရပါတီမှ ကိုယ်စားလှယ်များက အရေအတွက် အများအပြား ပါဝင်နေတာ တွေ့ရသည်။ သည့်အပြင်၊ အခြား ပါတီအဖွဲ့အစည်းများမှ ပုဂ်္ဂိုလ်တွေလည်း (အချိုးကျသဘော) အနည်းအကျဉ်းစီ ပါဝင်ရာ ၎င်းင်းတို့ အသီးသီး၏ သဘောဆန္ဒများကို ဖော်ပြခွင့်ရနိုင်စရာ အကြောင်းရှိသဖြင့် အမြင်အားဖြင့် မဆိုးသလို ထင်ရသည်။
          သို့သော်၊ အားလုံး၏ သဘောဆန္ဒတွေ ပြောကြ ဆိုကြပြီးနောက်၌ မတူသော အချက်တွေအတွက် မဲခွဲ ဆုံးဖြတ်ကြလျှင် ဘယ်သူ့ဆန္ဒသည် အတည်ဖြစ်မည်နည်း။
     ၂၀၀၈ ဖွဲ့စည်းပုံ ရေးဆွဲစဉ်က ရေးဆွဲရေးအဖွဲ့ကို ဘယ်ပုံ ဖွဲ့စည်းခဲ့သလဲ၊ ဘယ်လို အချိုးအစားတွေဖြင့် ထည့်သွင်းခဲ့သလဲ၊ စဉ်းစားကြည့်ပါ။ ၁၉၉၀ ရွေးကောက်ပွဲမှာ အများစု အနိုင်ရခဲ့သော NLD သည် ဖွဲ့စည်းပုံ ရေးဆွဲရေးမှာ ကိုယ်စားလှယ် အချိုးအစား ဘယ်ရွေ့ ဘယ်မျှ ရရှိခဲ့သလဲ။
          ထားပါတော့၊ အဲဒါက နိုင်ငံရေးသမားတို့၏ အပိုင်း ဖြစ်သည်။
          လူထုအပိုင်းကို ကြည့်ရသော်၊
          လူထု ဘာတတ်နိုင်သနည်း။
          လောလောဆယ် အနေအထားအရတော့၊ တစ်နေ့သော အခါ အဲသည်အဖွဲ့က ဖွဲ့စည်းပုံ ပြင်ဆင် ရေးသားပြီး၍၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဆိုတာကြီး လုပ်လာသည့်အခါ အသည်းကြားက မဲတစ်ပြား ဆိုတာကို ပေးကြရလိမ့်မည်။ ခြိမ့်ခြိမ့်သဲ ကျင်းပမည့် မဲပေးပွဲကြီးတွင် လူထုက ဘာဆန္ဒတွေ ထုတ်ဖော်ပြသနိုင်ကြ၍ ဘာအကျိုးရလဒ်တွေ ခံစားရစရာ ရှိသနည်း။
          အဲသည် ပြင်ဆင်ထားတာကြီးကို ကိုယ်က ဘာလုပ်နိုင်တာမှတ်လို့ ဟူ၍ ဖြစ်စေ၊ အော်၊ ပြင်ဆင်ဖော် ရပေတာပဲ ဟူ၍ ဖြစ်စေ၊ ဘာမှန်း နားမလည်၍ဖြစ်စေ ထောက်ခံပေးလိုက်ကြလျှင် အဲသည် ပြင်ဆင်ချက်များသည် အတည်ဖြစ်လိမ့်မည်။
          အဲဒါကြီးကို မကြိုက်၍ ၀ိုင်းပြီး ကန့်ကွက်မဲပေးလိုက် လျှင်ကော ဘာဖြစ်မည်နည်း။
          အဲဒါကြီး ပျက်သွားပြီး၊ ယခု တည်ရှိနေတာကြီး ဆက်လက် တည်ရှိနေမည်ပေါ့။
          ဦးဆောင် ပြင်ဆင်သူများအဖို့တော့ ခေါင်းကျကျ ပန်းကျကျ အနိုင်ချည်း ဖြစ်သည်။
          ထို့ကြောင့်၊ ရေးဆွဲပြီးကာမှ ထောက်ခံ ကန့်ကွက် ဆန္ဒမဲပေးရတာထက် ရေးဆွဲဆဲကာလမှာ လူထုက မိမိ သဘောဆန္ဒတွေ ဖော်ပြခွင့်ရဖို့ လိုသည်။
          လူထုက ဖွဲ့စည်းပုံမှာ ဘာတွေ ပြင်ပါ၊ ဘာတွေ ဖြည့်စွက်ပါ ဆိုတာတွေကို ဘယ်လို ၀ိုင်းဝန်း ဆွေးနွေးကြ၊ ဘယ်ပုံ အတည်ပြုကြပြီး၊ ရေးဆွဲရေးအဖွဲ့ကို ဘယ်လို တင်ပြနိုင်ကြမည်လဲ။
          အဲဒါတွေ ဦးစီးဆောင်ရွက်ဖို့ လူထုကိုယ်စားလှယ်တွေ လိုနေသည်။ အများပြည်သူကြားမှာ စည်းရုံးဆော်သြကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လူထု ဆွေးနွေးပွဲတွေ ကျင်းပဖို့၊ အဲသည် ဆွေးနွေးပွဲများမှနေ၍ အများပြည်သူ၏ သဘောဆန္ဒများကို စုစည်းရယူဖို့၊ စတာတွေသည် ယနေ့ တည်ရှိနေသည့် ပါတီအဖွဲ့အစည်းများ၊ နိုင်ငံရေးသမားများနှင့် နိုင်ငံရေး အထူးပြု လူထု အဖွဲ့အစည်းများ၏ တာဝန်ပဲ ဖြစ်သည်။
          ဒီမိုကရေစီ လိုလားသော နိုင်ငံရေးသမားတွေ ဘာလုပ်ကြမည်လဲ။
          ဖွဲ့စည်းပုံအခြေခံဥပဒေသည် တိုင်းပြည်၏ ဒီမိုကရေစီ အဆင့်အတန်းကို ပြသော စာချုပ်စာတမ်း ဖြစ်သည်။
          သည်ဖွဲ့စည်းပုံကို တိုးတက်အောင် မပြင်ဆင်နိုင်လျှင် မြန်မာပြည်သည် ဒီမိုကရေစီနှင့် နီးစပ်လိမ့်မည် မဟုတ်။
          တိုးတက်အောင် ဘယ်လို ဆောင်ရွက်ကြမည်လဲ။
          အကောင်းမြင်သမားတို့က ၂၀၁၅ တွင် သိသာသော အပြောင်းအလဲ တစ်စုံတစ်ရာ ဖြစ်ပေါ်လေမည်လား မျှော်တွေးကြသည်။
          သို့သော်၊
          ဘယ်သူက ဘာတွေ လုပ်သဖြင့် ပြောင်းလဲမည်လဲ။
          ပြောင်းလဲမည့် အစီအစဉ်ကော ဘယ်သူ့လက်မှာ ရှိသလဲ။
          ယခုတော့ မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းမှုဖြစ်စဉ်သည် နှစ် ၂၀ လောက် ကြာမြင့်လိမ့်ဦးမည်ဟု ခန့်မှန်းမှုတွေ ရှိလာနေသည်။
          နှစ် ၂၀ ဆိုသည်မှာ ပြောင်းချင်မှ ပြောင်းမည် ဟူသော အဓိပ်္ပာယ် ဖြစ်သည်။
          မှန်သည်။
          အလိုအလျောက် အခြောက်တိုက် ဖြစ်ပေါ်တိုးတက် လာလေမလား စောင့်မျှော်နေလျှင် နှစ် ၂၀ မှာလည်း ဖြစ်လာစရာ မရှိ။
          ဒီမိုကရေစီ (လူထုအုပ်စိုးမှု)စနစ် ဟူသည် လူထု ပါဝင်မှရသည်။ နောက်ခံ လူထုမရှိလျှင် နိုင်ငံရေးသမားမှာ ဘာစွမ်းအားမှ မရှိ။
          ယခုအထိတော့ ပြည်သူ့ ကိုယ်စားလှယ်များ၊ ပြည်သူ့ ကိုယ်စားလှယ်လောင်းလျာများ၊ မိမိကိုယ်ကို ဒီမိုကရေစီ နိုင်ငံရေးသမားဟု ခံယူထားသူများနှင့် အများပြည်သူ ကြားမှာ ဆက်ဆံရေး နည်းပါးနေတာ မြင်နေရသည်။
          လူထုအကြားမှာ နိုင်ငံရေးတရားပွဲတွေ ကျင်းပနေတာ၊ လူထုနှင့် နိုင်ငံရေးသမားအကြား ဆွေးနွေးပွဲ၊ တွေ့ဆုံ နှီးနှောပွဲ၊ မေးမြန်း ဖြေကြားပွဲတွေ ပြုလုပ်နေတာ မတွေ့ရ။
          တကယ်ဆိုလျှင် ယခုလိုအချိန်မှာ အဲသည် လှုပ်ရှားမှု တွေ များများစားစား တွေ့နေရဖို့ ကောင်းသည်။
          ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲများ သည် နိုင်ငံရေးသမား လူကြီးလူငယ်များအား အများ ပြည်သူတို့နှင့် ထိတွေ့ကာ ဒီမိုကရေစီ နိုင်ငံရေးသမား စစ်စစ်များ ဖြစ်အောင် ဖန်တီး တည်ဆောက်နိုင်ရန် အခွင့်အလမ်းများ ဖွင့်လှစ်ပေးနေသည်ဟု ရှုမြင်ပါသည်။
ဖေမြင့်
၂၂၊ ၇၊ ၂၀၁၃
(ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၃၊ အမှတ် ၁၅၅)
Read More »

" တိုင်းရင်းသားလူမျိုးစုတို့၏ ယဉ်ကျေးမှု ဖက်ရှင်စတိုင်"



မြန်မာ့ယဉ်ကျေးမှုရိုးရာဓလေ့ထုံးတမ်းတို့တွင် တိုင်းရင်းသားလူမျိုးနွယ်စုအလိုက် ချစ်မြတ်နိုးဖွယ်ဝတ်ဆင်ယင်မှုနှင့် ဖက်ရှင်စတိုင်ရှိ ကြပေသည်။ တိုင်းရင်းသားမျိုးနွယ်စုအလိုက်
ရိုးရာယဉ်ကျေးမှုသရုပ် သဏ္ဍန်ကို ပြဆိုတာလည်း မိမိမျိုးနွယ်စုတို့၏ လူသားသမိုင်း တန်ဖိုးကို စောင့်ရှောင့်ထိန်းသိမ်းကာကွယ်ခြင်းပင်ဖြစ်သည်။

တိုင်းရင်းသားလူမျိုးစုတို့၏ ဝတ်စားဆင်ယင်မှုဖက်ရှင် စတိုင်ကို ခေတ်နှင့်အတူရွေ့လျှားလာသောဖက်ရှင်အလမ်းလွန်ဟန်ပန်တို့ မရောနှောစေလဲ မိမိတို့၏ တိုင်းရင်းသားလူမျိုးတို့၏ အမှတ်အသား
သင်္ကေတအဖြစ် အထင်အရှားပေါ်လွင်အောင် ဂုဏ်ယူမြတ်နိုးစွာ မျိုးဆက်လက်ကမ်းကာ ထိန်းသိမ်းဝတ်ဆင်လာခဲ့ကြတာတွေ့ရသည်။ ထို့ကြောင့် တိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြသည့် အနုပညာ ရှင်များ၏ မိမိလူမျိုးနွယ်စု ဝတ်စားဆင်ယင်မှုဖက်ရှင်စတိုင်အပေါ် တန်ဖိုးထားဂုဏ်ယူပြောစကားများ ကို စုစည်းဖော်ပြလိုက်ပါသည်။


မင်းသွေး

" လူမျိုးတိုင်းကတော့ ကိုယ့်တိုင်း ရင်းသားဝတ်စုံကို မြတ်နိုးထား တတ်ကြတာပဲလေ။ ရိုးရာဝတ်စုံကို ခေတ်ရေ စီးကြောင်းအရလည်း ပြောင်းလဲရ မည့် ဝတ်စုံလည်း မဟုတ်ဘူးလို့
ထင် မိပါတယ်။ ကျွန်တော်ကတော့ ရိုးရာဝတ် စုံဆိုရင် ရိုးရာဝတ်စုံအတိုင်းပဲ ဝတ်လေ့ရှိပါတယ်။ ရိုးရာဝတ်စုံကိုတော့ ကျွန်တော့်အ မြင်မှာ ဖက်ရှင်တစ်ခုလိုတော့ မထင် မိဘဲနဲ့ ရိုးရာဝတ်စုံကို ကိုယ်တန်ဖိုး ထားရတဲ့ ဝတ်စုံအနေနဲ့ပဲ မြင်မိပါတယ်"

ရတနာမိုင်

" ကိုယ့်ရဲ့ရိုးရာဝတ်စုံကို တအား မြတ်နိုးတယ်။ ဒီရခိုင်ရိုးရာဝတ်စုံလေး ကိုဝတ်လိုက်ရင် ရခိုင်ပြည်နယ်က ကိုယ့်လူမျိုးတွေကို သွားသတိရမိ တယ်။ စိတ်ထဲမှာလည်း ခံစားမှုတစ် ခုရှိသလိုဖြစ်မိတယ်။ ဒီရခိုင်ရိုးရာ ဝတ်စုံလေးကိုလည်း ဖက်ရှင်ဒီဇိုင်း တွေအဖြစ်နဲ့ ထွင်ကြည့်ချင်ပါတယ်။ ဒါပေမဲ့ ထွင်လို့ရှိရင်လည်း ကိုယ့်ရဲ့ ရိုးရာဝတ်စုံကို တစ်ခုခုထိခိုက်သွား
မှာကိုလည်း စိုးရိမ်မိတယ်။

ဟိုး အရင်တုန်းက မိုင်လေးတို့ ရခိုင် မိဖုရားတွေဝတ်တဲ့ ပုံစံလေးတွေက တစ်မျိုးလေ။ ခေတ်အဆက်ဆက် ပြောင်းလဲလာတဲ့ အဝတ်အစားမျိုး
လေးတွေရှိတယ်။ အဲဒီတော့ မိုင်လေးက တစ်ခါတလေကျရင် အရင်ခေတ်တုန်းက ဒီဇိုင်းလေးတွေ နဲ့အခုခေတ်ဒီဇိုင်းလေးတွေ ကို ရောပြီးတော့ ချုပ်ကြည့်ချင်တာမျိုး တော့ စိတ်ကူးရှိခဲ့ပါတယ်။ ချုပ်တော့ ကြည့်ချင်သေးတယ်။ ဒီရိုးရာဝတ်စုံလေးတွေ ဆိုတာကလည်း ဘယ်တော့မှကို မရိုးနိုင်တဲ့ ဖက်ရှင်လို့လည်း ပြောလို့ ရနိုင်ပါတယ်။"

ခင်လေးနွယ်

" တိုင်းရင်းသားလူမျိုးတစ်ခုစီ မှာ သူ့ဝတ်စုံတွေနဲ့ သူတို့ရှိကြ တယ်။ အားလုံးကလည်း ကိုယ့်တိုင်းရင်းသားဝတ်စုံတွေကို တန်ဖိုးထား တယ်။ အစ်မဆိုလည်း ကိုယ့်ရိုးရာဝတ်စုံကို တအားတန်ဖိုးထားမြတ်နိုးတယ်။ အစ်မရဲ့ အမြင်ပြောရရင် ဒီတိုင်းရင်းသား ဝတ်စုံတွေက ရှားလည်း ရှားတယ်။ တန်ဖိုးလည်း ထားစေချင်တယ်။ ဖက်ရှင်တစ်မျိုးအနေနဲ့တော့
ပြောလို့ရတာ ပေါ့။ ရိုးရာဝတ်စုံဝတ်ရတာကို နှစ်သက်တယ်။ မနှစ်ကဆိုရင် အစ်မ မိုးကုတ်ဝတ်စုံလေး ဝတ်တယ်။ အဲဒီ မိုးကုတ်ရိုးရာ ဝတ်စုံလေးဆိုရင် မမြင်ဖူးတဲ့သူတွေ အများကြီးရှိ တယ်။

အဲလို ဝတ်လိုက်တဲ့အချိန်မှာ ဒီခေတ်ကိုလိုက်လို့ မီချင်မှမီလိမ့် မယ်။ ဒါပေမဲ့ သူ့ရဲ့ ရိုးရာဝတ်စုံ ပုံစံ လေးကိုတော့ သိသွားတာမျိုးတွေရှိ တဲ့အတွက် ဒီလို
ဝတ်စုံလေးကို ဝတ် ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိ တယ်။ အစ်မကိုယ်တိုင်လည်း ကိုယ့် ရိုးရာဝတ်စုံဒီဇိုင်းလေးကို အခြေခံ ပြီး ချုပ်တာမျိုးတွေတော့ ရှိခဲ့ဖူး ပါတယ်။ ကိုယ့်ရဲ့ ရိုးရာဝတ် စုံလေး တွေဖြစ်တဲ့အတွက် နှစ်သက်သလို တအားလည်း တန်ဖိုးထားပါတယ်"

မာရီနာ

" နာဂတိုင်းရင်းသားဝတ်စုံနဲ့ ပတ်သက်ပြီး မာရီနာပြောရရင် ကိုယ့်ရိုးရာဖက်ရှင်ဆိုတော့ တန်ဖိုး ထားတယ်။ မြတ်နိုးတယ်။ ပြီးတော့ ဝတ်လိုက်တဲ့အခါမှာ လုံခြုံတယ်၊ စိတ်ချရတယ်။

ဒီဝတ်စုံကိုဝတ်ရင် ကိုယ့်ကိုယ်ကိုယ် ဖက်ရှင်ကျတယ်လို့ ယုံကြည်တယ်။ ကိုယ့်ရဲ့ နာဂရိုးရာ ဝတ်စုံကို အခြားလူတွေဝတ်တာ မြင်ရရင်လည်း ဝမ်းသာတယ်။ ပြီးတော့ အခု နာဂအဖွဲ့အစည်း အစည်းတွေဆီမှာတော့ ခေတ်နဲ့ အညီထွင်ပြီး ချုပ်ထားတာရှိတယ်။ ကိုယ်တိုင်လည်း ဝတ်ဖူးတယ်"

မောင်

" အရင်ငယ်ငယ်တုန်းကတော့ ရိုးရာဝတ်စုံကို လူငယ်လိုပဲ ဝတ်ဖြစ်တယ်။ ဖက်ရှင်အနေ နဲ့ ကြည့်မယ်ဆိုရင်လည်း ပွဲတိုးတယ်။ ပြီးတော့ ကိုယ်ကိုယ်တိုင်ကလည်း ကိုယ့်လူမျိုးကိုချစ်တဲ့စိတ်ကြောင့် ဝတ်ဖြစ်တယ်။ ဒီခေတ်မှာ တိုင်းရင်း သားဝတ်စုံတွေကို ဖက်ရှင်အမျိုးမျိုး ထွင်လာကြတာကို တွေ့ရတယ်။ကျွန်တော်ကိုယ်တိုင် လည်း ပွဲတွေ
တက်စရာရှိတယ်ဆိုရင် ကျွန်တော်ကို ချုပ်ပေးနေကြ ဒီဇိုင်နာအစ်မကြီး ရှိတယ်။ ကျွန်တော်ခုနောက် ပိုင်းမှာ ဆိုရင် အကယ်ဒမီ ပွဲတက်ရင် ဒီမွန် ရိုးရာဝတ်စုံကိုပဲ ဒီဇိုင်းထွင်ပြီး ဝတ် လေ့ရှိပါတယ်။ ပွဲတွေမှာ ကိုယ့်ရိုးရာဝတ်စုံကို ဝတ်ရတဲ့ အတွက်လည်း ကိုယ့်ကိုယ်ကိုယ် ဂုဏ် ယူမိပါတယ်။ ကိုယ့်ရိုးရာဝတ်စုံက လည်း ဒါဖက်ရှင် တစ်ခုပဲလေ။ "

ရိန်မိုး

" ရိုးရာဝတ်စုံက တိုင်းရင်းသားတွေ အထွဋ်အမြတ်ထားတဲ့ ဝတ်စုံ ပဲလေ။ ဘယ်တိုင်းရင်းသားပဲဖြစ် ဖြစ် ဝတ်စုံဆိုတာက အထိမ်းအမှတ် တစ်ခုပဲလေ။ ဘဝမှာ တအားအရေး ကြီးတယ်။ ကိုယ့်ဘာသာ၊ ကိုယ့် စကား၊ ကိုယ့်စာပေကို ကျွမ်းကျွမ်း ကျင်ကျင် ရေးတတ်၊ ပြောတတ်၊ ဆိုတတ်ရမယ်လေ။ ရိုးရာဝတ်စုံမှ မဟုတ်ဘူး။ အကုန်လုံးပါပဲ။

တိုင်းရင်းသားတစ်ယောက်အနေနဲ့ ကိုယ်နဲ့သက်ဆိုင်တဲ့အရာ အားလုံး ကို မြတ်နိုးတန်ဖိုးထားတတ်ရမှာပဲ။ ကိုယ့်ဘက်ကကြည့်ရင်တော့ ကိုယ့် ရိုးရာဝတ်စုံက အသွင်တစ်မျိုးနဲ့ လှပ ပြီး တစ်မျိုးဆန်းနေတာပေါ့။ ဒါ လည်း ခေတ်စကားအရပြောရင် ဖက်ရှင်ပေါ့။ ဒါကလည်း ဘယ်တော့မှ ရိုး သွားမှာမဟုတ်ဘူး။ အမြဲတမ်းရှိနေ မှာ။ ဒီ့ပြင် တိုင်းရင်းသားဝတ်စုံတွေ
ဆိုလည်း တိုင်းရင်းသားတိုင်းက စုံမက်ကြတာပဲ။ သူ့ဟာနဲ့သူ လှကြပါ တယ်။

အစ်ကို့အနေနဲ့ ဂီတစင်မြင့် ထက်ကို တက်တော့မယ်ဆိုရင် ကိုယ် နဲ့လိုက်ဖက်မယ့်ဖက်ရှင်မျိုးကို ဝတ် ဆင်ဖြစ်တယ်။ အကောင်းဆုံးဖြစ် အောင်တော့ ပြင်ဆင်ရတာပေါ့။ ယုံကြည်မှုရှိအောင်လို့လေ။ အဲဒီလို ယုံကြည်မှုရရှိဖို့အတွက်လည်း ဝတ်စားဆင်ယင်မှုပုံစံကလည်း အဓိကကျတယ်။

သူ့ခေတ်နဲ့သူပေါ့။ နိုင်ငံတကာမှာဆိုရင် မြူးဇစ်က ကောင်းသလို ဖက်ရှင်ကလည်း တအားကောင်းကြတယ်။ မြူးဇစ်က ကောင်းပြီး ဖက်ရှင်မကောင်းရင် သိပ်အဆင်မပြေနိုင်ဘူးလေ။

ဖက်ရှင်လည်းကောင်း၊ မြူးဇစ်လည်း ကောင်းရင်တော့ အသက်ဝင်သွား တယ်လို့ ပြောရမှာပေါ့။ ဂီတမှာ ရော့ခ်၊ ပေါ့ပ်၊ ပန့်ခ် ပုံစံဖက်ရှင်တွေ
ကွဲလွဲသွားကြတယ်။ အမြင်တစ်မျိုးနဲ့ ပရိသတ်ကို တင်ဆက်ကြတာပေါ့။ ဖက်ရှင်ဆိုတာက အနုပညာသမား တစ်ယောက်အတွက် အရေးကြီး တယ်။ အများရဲ့ရှေ့မှာ သွားရ၊ လာရကြတဲ့အခါကျတော့လေ။ စတိုင်ကျနေဖို့၊ ဖက်ရှင်ကျနေဖို့ ပိုလို အပ်တာပေါ့။

အနုပညာရှင်တစ် ယောက်အတွက် ပရိသတ်တစ် ယောက်ရဲ့ အကြည့်တစ်ချက်၊ ဒါမှ မဟုတ် လက်ခုပ်သံတစ်ချက်ဟာ အားတစ်ခုပဲ။ အဲဒီလိုရရှိဖို့ ဖက်ရှင် ကျဖို့လိုအပ်တာပေါ့။

ဒီအတွက် ဖက်ရှင်က အဓိကကျလာတယ်။ ရိုးရာဝတ်စုံဆိုလည်း ရိုးရာဝတ်စုံ အလျောက်၊ ခေတ်ပေါ်ဖက်ရှင်ဆို လည်း ခေတ်ပေါ်အလျောက် လိုက် ဖက်မှုရှိအောင် အချိန်အခါကြည့်ပြီး ဝတ်ဆင်ရတာပေါ့။ အထူးသဖြင့် တိုင်းရင်းသားဝတ်စုံတွေက လူမျိုးရှိ နေသရွေ့ တိမ်ကောသွားမှာမဟုတ် ပါဘူး။ အမြဲရှိနေမှာ။ အစ်ကို့ရဲ့ ပင်ကိုစတိုင်က ပြောရရင် ဆံပင် အရှည်ထားတာပေါ့။ ဆံပင်ကို အရှည်ထားရတာ ကြိုက်တယ်။ အသက်အရွယ် ပြောင်းလဲလာတာနဲ့ အမျှ ဝတ်စားဆင်ယင်မှုပုံစံ ပြောင်း လာမယ်။ ဒီအခါ ဖက်ရှင်တစ်မျိုး ပေါ့။ အရွယ်အစားတိုင်း၊ အသက် အရွယ်အပိုင်းအခြားတိုင်းမှာ ဖက်ရှင်တွေရှိတယ်။ ကလေးဆို လည်း ကလေးဖက်ရှင်ပေါ့။

အထူးသဖြင့် အခု အနေအထားပွင့်လင်း လာတာနဲ့အမျှ ဖက်ရှင်က အဓိက နေရာက ရပ်တည်လာတယ်။ ဒီတော့ ဖက်ရှင်ခေတ်မှာ ဖက်ရှင်ရှိအောင် ဝတ်ဆင်ရတာပေါ့။ ဖက်ရှင်ဖြစ်ဖို့က ဈေးမကြီးပါဘူး"

ဂျက်ဆန်ထွန်း

" ကိုယ့်ရိုးရာဝတ်စုံကိုတော့ တိုင်းရင်းသားတန်ဖိုးထားမြတ်နိုး ကြလိမ့်မယ်လို့ ထင်တယ်။ အစ်ကို လကည်း ကိုယ့်တိုင်းရင်းသားဝတ်စုံ ကို တန်ဖိုထားမြတ်နိုးတယ်။ တယု တယကို ရှိတာ။ ဘာကြောင့်ဆို မိရိုး ဖလာငယ်စဉ်ကတည်းက ဝတ်ဆင် လာခဲ့တာဆိုတော့လေ။ လူတစ် ယောက်အမြင်ကျယ်ရင် ကျယ် သ လောက် ဖက်ရှင်က ချဲ့လို့ရတယ်။ ဒါပေမဲ့ တိုင်းရင်းသားရိုးရာဝတ်စုံ ကျတော့ ဘယ်ရာနဲ့မှ မတူဘူး။ ဝတ် ရတာ ဖက်ရှင်ကျတာထက် ဂုဏ်ယူ မိတာကတော့ အမှန်ပဲ။

စိတ်ခံစားမှု ကိုက ကွဲသွားတယ်။ ဒီ့ပြင်တစ်နေ ရာမှာ တခြားအဝတ်အစားကို ဖက် ရှင်ကျအောင် ဝတ်တာထက် ရိုးရာ ဝတ်စုံက ပိုပြီးလုံခြုံမှုရှိတယ်လို့ ခံ စားရတယ်။ ရိုး ရာဝတ်စုံတွေက ဘယ်တော့ရိုးမသွား ဘူး။

အမြဲတမ်းဆန်းသစ်နေတယ်။ ဘိုးဘေးဘီဘင်ကတည်းကပင် ဝတ်စုံတွေက ရှိခဲ့တာလေ။ ကြည့် လိုက်တာနဲ့ ရိုးရာယဉ်ကျေးမှုတွေက ထင်ဟပ်နေတယ်။ စင်မြင့်ထက်ကို တက်တဲ့အခါတွေမှာတော့ ခေတ်နဲ့ အညီ ဖက်ရှင်ကျအောင် လိုက်ဖက် အောင် ဝတ်ဆင်ရတာပေါ့"

M ဆိုင်းလု

" ညီမတို့ ကချင်ပြည်နယ်မှာ ရှိကြတဲ့ မိန်းကလေးတိုင်းလိုလိုပဲ အမြတ်တနိုးနဲ့ ဝတ်ဆင်ကြတယ်။ ကိုယ့်ရဲ့ကချင်ရိုးရာဝတ်စုံလေးကို ဝတ်လိုက်တာနဲ့ ဘယ်လိုပြောရမလဲ စိတ်ထဲမှာ မျိုးချစ်စိတ်ဓာတ်တွေ လည်း ပေါက်ဖွားလာသလို ခံစားမိ ပြီးတော့ ဂုဏ်လည်းဂုဏ်ယူမိပါ တယ်။ ဒီကချင်ရိုးရာဝတ်စုံက လှ တာတင်မကဘူး။ တန်ဖိုးရှိတဲ့ ရတနာတွေနဲ့လည်း

အလှဆင်ထား တာဖြစ်တဲ့အတွက် ညီမရဲ့အမြင်က တော့ တန်ဖိုးရှိတယ် မြင့်မြတ်တယ် လို့ ခံစားမိတယ်။ ဒီဝတ်စုံလေးကို ဝတ်ရတဲ့အခါမှာ ဒီဆွဲကြိုး၊ တခြား တန်ဆာတွေက
တန်ဖိုးရှိတာတွေ ဖြစ်တယ်။ ဆင်စွယ်တွေ၊ ငွေတွေနဲ့ လည်း အလှဆင်ထားတာဆိုတော့ လေ။ အဲဒါကြောင့် ဒီဝတ်စုံလေးက တန်ဖိုးရှိတဲ့အရာတွေနဲ့ ပြုလုပ်ထား တဲ့အတွက် အရမ်းတန်ဖိုးထားပါ တယ်။

နောက်ပြီးတော့ ညီမတို့ ကချင်မိန်းကလေးတွေ မင်္ဂလာ ဆောင်တဲ့အခါမှာလည်း ဒီကချင် ရိုးရာဝတ်စုံကိုပဲ ဝတ်ရတယ်။ ညီမ အနေနဲ့ ဒီဇိုင်းထွင်ပြီးတော့ ချုပ်ခြင် ပေမယ့် ကိုယ့်ရိုးရာဝတ်စုံကို ဒီ အတိုင်းလေးပဲ ရိုးရိုးလေးကိုပိုကြိုက် တယ်။ ဖက်ရှင်တွေ ဘယ်လောက်ပဲ ခေတ်စားခေတ်စား ကိုယ့်ရဲ့ တိုင်း ရင်းသားဝတ်စုံလေးကတော့ ညီမအတွက် မရိုးနိုင်တဲ့ ဖက်ရှင်တစ်ခုပါပဲ။ "

နန်းခင်ဇေယျာ

" ညီမတို့ရိုးရာဝတ်စုံဆိုရင် အခုထိရွာမှာ ဝတ်နေတယ်။ မြို့ပေါ် မှာဆိုရင်တော့ သိပ်မဝတ်ကျတော့ ဘူးပေါ့နော်။ ဒါပေမဲ့ မင်္ဂလာဆောင် တဲ့အချိန်တို့၊ ရှင်ပြုအလှူမင်္ဂလာပြု လုပ်တဲ့အချိန်တွေမှာဆိုရင် ပအို့ရိုး ရာဝတ်စုံကို ဝတ်ကြပါတယ်။ ကိုယ့် ရိုးရာဝတ်စုံကို ညီမတို့အနေနဲ့ သိပ် ပြီးတော့ ဖက်ရှင်ဒီဇိုင်းမထွင်ဘူး။ ထွင်လိုက်တဲ့အခါမျိုးဆိုရင်လည်း
ကိုယ့်ရိုးရာဝတ်စုံရဲ့ အဓိပ္ပာယ်လေး တွေ ပျောက်သွားမှာစိုးလို့ ဒီရိုးရာ ဝတ်စုံအတိုင်းပဲ ချုပ်ပြီးဝတ်ကြတယ်။ အရင်တုန်းကဆိုရင်တောင် ပိတ်စ တွေက ဈေးကြီးတော့ လူတိုင်းမဝတ် နိုင်ဘူး။

ခုကျတော့ အကုန်လုံး ဝတ်နိုင်အောင်ဆိုပြီးတော့ လုပ်လာ ကြတယ်။ ဒီလိုဝတ်စုံလေးတွေကျ တော့ တိုင်းရင်းသား ရိုးရာဝတ်စုံ လေးတွေပေါ့နော်။ဒါလေးတွေက လည်း ဖက်ရှင်တစ်မျိုးလို့ ပြောလို့ရ ပါတယ်။ ကိုယ့်ရိုးရာဝတ်စုံလေးကို ညီမပြိုင်ပွဲတွေမှာဆို ဝတ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်တိုင်းရင်း သားယဉ်ကျေးမှု မြန်မာနိုင်ငံရဲ့ ယဉ် ကျေးမှုတွေ ကို ပြချင်တဲ့အတွက် ကြောင့် ဝတ်ဖြစ်ခဲ့တယ်။ ဒီလိုမျိုး နေရာမှာ ပြသခွင့်ရဖို့ဆိုတာ မလွယ် ဘူးလေ။ အဲဒီလိုဝတ်ပြီးပြိုင်တဲ့အခါ မှာ သူတို့က စိတ်ဝင်စားကြတယ်။

သူတို့နိုင်ငံတွေမှာဆို စက်တွေနဲ့ လုပ်ကြတယ်။ ညီမတို့ဆီမှာကျတော့ ယက်ကန်းတွေဘာတွေနဲ့ပဲ ယက်လုပ် ပြီး ဝတ်ကြတာဆိုတော့လေ။ အဲဒီ တော့ သူတို့နိုင်ငံမှာ လုပ်တဲ့ဝတ်စုံ တွေထက် ကိုယ့်ဝတ်စုံကို အရမ်းလှ တယ်လို့ ထင်ကြတယ်။ ဒီလိုဝတ်စုံ လေးတွေကို စိတ်ဝင်စားကြတယ်။ အဲဒါဘာလဲပေါ့။ အဲဒီလိုမေးတာမျိုး တွေရှိတဲ့အတွက် ကိုယ်ကိုယ်တိုင်ဝတ်

ရတဲ့သူလည်း ယုံကြည်မှုရှိတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဂုဏ်ယူမိပါ တယ်။ အခုခေတ်မှာဆိုရင် တခြား ယဉ်ကျေးမှုတွေ ပေါ်ထွန်းလာတယ်။ အဲဒီတော့ ညီမတို့တိုင်းရင်းသားတွေ ကလည်း ကိုယ့်ရိုးရာမပျက် သူ့နေရာ နဲ့သူဝတ်သင့်ပါတယ်လို့ ပြောချင်ပါတယ်။"

Credit To Popular Journal
Read More »

မူဝါဒ သုံးပွင့်ဆိုင်



(ေဇယ်သူ)

ဖွံ့ဖြိုးအောင် ဘယ်လိုလုပ်ကြမလဲမေးလျှင် ကျမ်းဂန် အစောင်စောင် ရေးကာ ဖြေကြားနိုင်မှ တန်ကာ ကျမည်။ တိုတိုတုတ်တုတ်သာ ဖြေပါဟု ဆိုလျှင်တော့ မူဝါဒ သုံးရပ်ကို နိုင်အောင် ကိုင်လျှင် ရပါပြီဟု ဖြေရလိမ့်မည်။

မူဝါဒ သုံးရပ်သည် ယနေ့ကာလ နိုင်ငံတွင် ရင်ဆိုင်နေရသော ဖွံ့ဖြိုးရေး ပြဿနာများကို ဖြေရှင်းရာ၊ ဆောင်ရွက်ရာတွင် ရိုးရှင်းသလောက် အသုံးကျသည်။ တစ်ကျောင်း တစ်ဂါထာ၊ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသည့်အတိုင်း မိမိ အရပ်၊ မိမိဇာတ်နှင့် လိုက်အောင် ထိုးထွင်း ပြုပြင် ဆောင်ရွက်နိုင်သည်။

မူဝါဒ သုံးရပ် ဆိုသည်မှာ အခြားမဟုတ်။ ရေရှည်ခံ ဖွံ့ဖြိုးရေး၏ အခြေခံ မူဝါဒတို့ဖြစ်သည်။ နိုင်ငံ ဖွံ့ဖြိုး အောင် လုပ်ဆောင်ရာတွင် ယခင်ကကဲ့သို့ မြန်မြန် ကြီးပွားလျှင် ပြီးရော ကျန်တာပြီးမှ ကြည့်ရှင်းမည် ဟူသော တစ်နပ်စား အကြံအစည်မျိုးသည် ယခင်လောက် လူကြိုက် မများကြတော့။ ဝုန်းခနဲ ဒိုင်းခနဲ ဖွံ့ဖြိုးပြီး နောက်ပိုင်းတွင် ခပ်မြန်မြန် ကျဆင်းသည့် ကောက်ရိုးမီး ဖွံ့ဖြိုးမှုမျိုးကို ရှောင်ရှားရကောင်းမှန်း ပညာရှင်များရော မူဝါဒ ချမှတ်သူများပါ သဘောပေါက်လာကြသည်။ သို့နှင့်ပင် စဉ်ဆက်မပြတ် နိုင်ငံ ဖွံ့ဖြိုးအောင် ဆောင်ရွက်ရမည်ဟူသော ရေရှည်ခံ ဖွံ့ဖြိုးရေး (Sustainable Development) အကြံအစည် ရှေ့တန်း ရောက်လာသည်။

“development that meets the needs of the present without compromising the ability of future generations to meet their own needs”

နောင်မျိုးဆက်များအတွက် ၎င်းတို့၏ ကိုယ်ပိုင် လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သည့် အရည်အသွေးကို မထိခိုက်စေဘဲ ယနေ့ကာလ၏ လိုအပ်ချက်များကို ဖြည့်ဆည်းနိုင်သည့် ဖွံ့ဖြိုး တိုးတက်မှုသည် ရေရှည်ခံ ဖွံ့ဖြိုးရေးပင် ဖြစ်သည်။ မိမိ အသက်ရှင်နေစဉ် ကာလတွင်း နေထိုင် စားသောက် ခံစားသကဲ့သို့ မိမိ၏ သား မြေး မြစ် တီတွတ် နောင်လာ နောက်သားများပါ နေနိုင်အောင် စီစဉ် တွက်ဆ ဖွံ့ဖြိုးအောင် ဆောင်ရွက်ခြင်းသည် ရေရှည်ခံ ဖွံ့ဖြိုးရေး သဘောတရား ဖြစ်သည်။

ရေရှည်ခံ ဖွံ့ဖြိုးရေး ဖြစ်မြောက်အောင် ဆောင်ရွက်ရာတွင် လူမှုရေး မူဝါဒ Social policy၊ စီးပွားရေး မူဝါဒ Economic policy နှင့် သဘာဝ ပတ်ဝန်းကျင် မူဝါဒ Environmental policy တို့ကို ချိတ်ဆက်ပြီး ဆောင်ရွက်သည်။

စီးပွားရေး

နိုင်ငံ ဖွံ့ဖြိုးရေးကို ဆောင်ရွက်သူတိုင်း စီးပွားရေး တက်အောင် အားထုတ် ကြိုးပမ်းရသည်။ နိုင်ငံ တစ်နိုင်ငံ၊ ဒေသတစ်ခု ဖွံ့ဖြိုးမှု အခြေအနေကို တိုင်းရာတွင် မပါမဖြစ် ပေတံသည် ဝင်ငွေ ပေတံပင် ဖြစ်သည်။ ‘ငွေသည် အရာအားလုံးကို လုပ်ဆောင်သည်’ Money makes Everything ဆိုသည့် စကားမှာ မမှန်သော်လည်း ငွေသည် အရာအားလုံး နီးနီးနှင့် ဆက်စပ်နေသည်။ ‘ကျန်းမာခြင်းသည် ချမ်းသာခြင်းထက် ကောင်းသည်’ ‘Health is better than wealth’ ဖြစ်သော်လည်း နေမကောင်း လျှင် ဆေးခန်းသွားရန်၊ ဆေးဝယ်သောက်ရန် ငွေလိုသည်။ စီးပွားရေး ကောင်းခြင်းသည် နိုင်ငံ ဖွံ့ဖြိုး ခြင်း၏ ပေတံ တစ်ချောင်း ဖြစ်သကဲ့သို့ စီးပွားရေး ကောင်းလျှင် နိုင်ငံ ဖွံ့ဖြိုးသည်ထက် ဖွံ့ဖြိုးအောင် ဆောင်ရွက်နိုင်သည်။ နိုင်ငံ ဖွံ့ဖြိုးရေး မူဝါဒဟု ပြောလိုက်လျှင် စီးပွားရေး တက်အောင် လုပ်ဆောင် မည့် နည်းဗျူဟာများ၊ မဟာ ဗျူဟာများကို ပြေးမြင်ကြခြင်းမှာ ထိုသဘောပင် ဖြစ်သည်။ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု၊ လွတ်လပ်စွာ ကုန်သွယ်ရေး၊ အလုပ်အကိုင် ပေါများရေး၊ ကုန်ထုတ်လုပ်မှု မြင့်မားရေး၊ ငွေကြေး တည်ငြိမ်ရေး စသည်တို့သည် စီးပွားရေး မူဝါဒများပင် ဖြစ်သည်။

လူမှုရေး

နိုင်ငံ စီးပွားတက်ခြင်းသည် ဖွံ့ဖြိုးခြင်း၏ အစိတ်အပိုင်း တစ်ခုသာ ဖြစ်ပြီး လူမှုရေး ကဏ္ဍတွင် တိုးတက်မှု မရှိလျှင် ဖွံ့ဖြိုးခြင်း၏ အသီးအပွင့်ကို မျှမျှတတ ခံစားကြရမည် မဟုတ်ပေ။ လူလူချင်း အကြား တရားမျှတမှု ရှိရေးသည် လူမှုရေး မူဝါဒ၏ မဏ္ဍိုင်ပင် ဖြစ်သည်။ ငြိမ်းချမ်းရေး၊ ဆင်းရဲ မွဲတေမှု လျှော့ချရေး၊ ဆင်းရဲနှင့် ချမ်းသာအကြား ကွာဟမှု နည်းစေရေး၊ ပညာရေး၊ အခွင့်အလမ်းများ တိုးတက် များပြားရေး စသည်တို့သည် လူမှုရေး ကဏ္ဍနှင့် သက်ဆိုင်သည်။ စစ်မက် ဖြစ်ပွားခြင်း၊ ရာဇဝတ်မှု ထူပြောခြင်း၊ လာဘ်ပေးလာဘ်ယူ ယဉ်ကျေးမှု ထွန်းကားခြင်းတို့သည် လူလူချင်းအကြား တရား မျှတမှုကို ပျက်စီးစေသည့် အရာများ ဖြစ်သည်။ နိုင်ငံအတွင်း မျှတမှု နိမ့်လျှင် သာယာ အေးချမ်းသော လူ့အသိုင်းအဝိုင်း မဖြစ်နိုင်။

သဘာဝ ပတ်ဝန်းကျင်

ယခင့်ယခင်က စီးပွား တိုးတက်ရေးကိုသာ အဓိကထားပြီး ကျန်သည့် အရာများကို ဘေးချိတ်ခဲ့ ကြသည်။ ဝင်ငွေတိုးရေး၊ စီးပွား အခြေခံကောင်းရေးကိုသာ မဲနေကြသဖြင့် အထိနာခဲ့သည်မှာ သဘာဝ ပတ်ဝန်းကျင် ဖြစ်သည်။ မြေ၊ ရေ၊ လေတို့ ညစ်ညမ်းသွားလျှင် လူတို့ ကျန်းကျန်းမာမာ အသက်ရှင် နေထိုင်ရန်ပင် ခက်သွားပြီ ဖြစ်သည့်အတွက် မည်မျှ ငွေကြေးရှိရှိ မထူးခြားတော့ပေ။ လူသည် သဘာဝ ပတ်ဝန်းကျင်၏ အစိတ်အပိုင်းပင်ဖြစ်ပြီး လူနှင့် သဘာဝ ပတ်ဝန်းကျင်တို့ အညမည ဆက်စပ်နေကြသည့်အတွက် သဘာဝ ပတ်ဝန်းကျင် ပျက်စီးလျှင် လူတို့လည်း အနည်းနှင့်အများ ထိခိုက်ကြရသည်။ ဖွံ့ဖြိုးပြီး နိုင်ငံတို့တွင် ဖွံ့ဖြိုးရန် သဘာဝ ပတ်ဝန်းကျင်ကို စတေးခဲ့ကြပြီး ယခုမှ နောင်တရကာ သဘာဝ ပတ်ဝန်းကျင်ကို နဂိုအတိုင်း ပြန်ဖြစ်ရန် ကြိုးစားကြသော်လည်း မဖြစ်နိုင် တော့ပေ။

သုံးဦးစပ်

ချမှတ်သော၊ အကောင်အထည်ဖော်သော မူဝါဒများသည် စီးပွားရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင် ရှုထောင့် သုံးထောင့်စလုံးကို ထည့်စဉ်းစားနိုင်မှသာ ပြည့်စုံ ကုံလုံသော မူဝါဒ ဖြစ်လာသည်။ ဥပမာ-ဆည်တစ်ခု တည်ဆောက်ရန် စဉ်းစားသည် ဆိုပါစို့။ ကုန်ကျစရိတ်နှင့် ပြန်ရမည့်ငွေကို ကြည့်ပြီး စီးပွားရေးအရ တွက်ခြေ ကိုက် မကိုက် စဉ်းစားရမည်။ တစ်ချိန်တည်းတွင် အနီးအနား နေထိုင်သူများ အပေါ် ဆည်က မည်သို့ သက်ရောက်နိုင်သည်ကိုလည်း တွက်ချက်ရမည်။ ဆည်သည် ထိုသူတို့ကို တိုက်ရိုက် အကျိုး ပြု မပြု၊ သူတို့၏ ဘဝများအပေါ် ထိခိုက်မှု ရှိ မရှိ တို့ကို လေ့လာရမည်။ တစ်ဖန် ဆည်ဆောက်လိုက်သည့်အတွက် သဘာဝ ပတ်ဝန်းကျင်ကို မည်သို့ သက်ရောက်နိုင်သလဲကိုလည်း အဖြေထုတ်ရမည်။ မြစ်ကြောင်း၊ တောတောင်၊ သားငှက် တိရစ္ဆာန်တို့ ထိခိုက်နိုင်သည်များကို သေချာစွာ လေ့လာ ဆန်းစစ်ရမည်။

စီးပွားရေးအရ မကိုက်လျှင် ဆောက်စရာမလို ရှင်းသည်။ စီးပွားရေးအရ ကိုက်လျှင် လူမှုရေးအရ အထိနာနိုင် မနာနိုင် စဉ်းစားရပြန်သည်။ သဘာဝ ပတ်ဝန်းကျင် အရရော။ ထိုသုံးခုလုံး တစ်ပတ် လည် အောင် စဉ်းစားပြီးလျှင် ဆည်ကို နဂိုမူလ စီစဉ်သည့်အတိုင်း ဆောက်လုပ်ခြင်း၊ နေရာရွှေ့ခြင်း၊ ဆည်အရွယ် ကြီးကြီးအစား အသေး ပြောင်းဆောက်ခြင်း၊ လုံးဝ မဆောက်တော့ခြင်း စသည့် မူဝါဒ ဆုံးဖြတ်ချက် အမျိုးမျိုး ပေါ်လာလိမ့်မည်။ ဆည်ရေဖြင့် လျှပ်စစ်ဓာတ်အား ထုတ်ပြီး မြို့သို့ ပို့မည် သို့မဟုတ် နိုင်ငံခြားသို့ ရောင်းစားမည်ဆိုလျှင် ဆည်ဆောက်သည့်အတွက် ရွှေ့ရ ပြောင်းရသူများ အရင်ဆုံး လျှပ်စစ်မီး ရသင့်သည်။ သူတို့ ဘဝ အခြေမပျက်အောင် လျော်ကြေးပေးခြင်း၊ လုပ်လက်စ အလုပ်ကို ဆက်လုပ်နိုင်အောင် ဖန်တီးပေးခြင်း၊ ကျောင်း၊ ဆေးရုံ စသည်တို့ ဆောက်လုပ်ပေးခြင်း၊ တတ်ကျွမ်းရာ အလုပ်ဖြင့် အသက်မွေးခွင့် မရတော့လျှင် အသက်မွေးပညာအသစ် သင်ပေးခြင်းတို့ကို ဆောင်ရွက်ရမည်။ စက်ရုံ ဆောက်လျှင်လည်း ထိုအတိုင်း၊ တံတား ဆောက်လျှင်လည်း ထိုအတိုင်း ဆောင်ရွက်လျှင် ရေရှည်ခံ ဖွံ့ဖြိုးရေး ဖြစ်စေမည့် မူဝါဒများကို ပြည်သူတို့ အကျိုး ခံစားရလိမ့်မည်။

စီးပွားရေးတည်းဟူသော ရှုထောင့် တစ်ခုတည်းမှသာ စဉ်းစားလျှင် အကောင်းဆုံး အဖြေ ထွက်နိုင်ခြေ နည်းသွားသည်။ ရှုထောင့် သုံးထောင့်စလုံး စုံအောင် စဉ်းစားနိုင်မှသာ နိုင်ငံအတွက် အသင့်လျော်ဆုံး မူဝါဒ ပေါ်ထွက်လာလိမ့်မည်။

Credit To The Voice Weekly
Read More »

အရုဏ်ဦးလွတ်လပ်ရေး (၅)



(နေသန်မောင်)

ပုန်ကန်မှုများအစ

ဝံသာနုအသင်းကြီးဟု အမည်တွင်နေသော ဂျီစီဘီအေ နှစ်ခြမ်းကွဲမှုသည် ပထမအကြိမ်ဖြင့် ရပ်တန့်မနေဘဲ ဒုတိယ၊ တတိယအကြိမ်များအဖြစ် ဆက်တိုက်ဆိုသလို ကွဲပြဲခဲ့ပြီးနောက် လယ်သမား သူပုန်လှုပ်ရှားမှု စတင်သော အချိန်၌ မြန်မာ့နိုင်ငံရေး စင်မြင့်ပေါ်မှ ကွယ်ပျောက် သွားရတော့သည်။

ဂျီစီဘီအေ အသင်းသည် ဦးချစ်လှိုင်၊ ဦးဘဖေဟူ၍ ဒိုင်အာခီ အုပ်ချုပ်ရေးနှင့် ပတ်သက်ပြီး နှစ်ခြမ်းကွဲခဲ့ရာမှ ဦးဘဖေဦးဆောင်သော ၂၁ ဦးအဖွဲ့သည် ပြည်သူပြည်သားများပါတီ ထူထောင်သည်။ ဂျီစီဘီအေသည် ဦးချစ်လှိုင် ဦးဆောင်မှုအောက် အားပျော့မသွားဘဲ ဆက်လက် ရပ်တည်နေရာမှာ နောက်ထပ် ၂ နှစ်အကြာ ၁၉၂၅ တွင် ထပ်မံကွဲကြလေသည်။

၁၉၂၄ ပုသိမ်ခရိုင်ရှိ ငဝန်ဆည် ကျိုးပေါက်ရာ လူအများ သေကျေကြပြီး အိုးမဲ့အိမ်မဲ့ ဘဝကို ရောက်ရှိခဲ့ကြသည်။ ရေဘေးဒုက္ခသည် များကို ကယ်ဆယ်ထောက်ပံ့ရန် ဂျီစီဘီအေအသင်းက ငွေကောက်ခံပြီး စားနပ်ရိက္ခာများကို ကူညီခဲ့သည်။ စာရင်းရှင်းသောအခါ ငွေ ၁၀၀၀၀ ကျော်ကို စာရင်းမပြနိုင်သဖြင့် အတွင်းကျိတ် ပွစိပွစိ ဖြစ်ကြသည်။ တဖြည်းဖြည်း လူသိများလာသောအခါ စာရင်းရှင်းရန် ဆူပူလာကြသဖြင့် သံဃာတော်များက အရေးယူ စုံစမ်းစစ်ဆေးကြသည်။

ဦးချစ်လှိုင်က လူ့ကိစ္စ သံဃာနှင့် မဆိုင်ဟုဆိုပြီး ရဟန်းသံဃာတော်များ ဝင်ရောက် စွက်ဖက်သည်ကို ပြတ်ပြတ်သားသား ပယ်ချခဲ့သည်။ သံဃာ့သြဝါဒ မခံနိုင်ဟု ဦးချစ်လှိုင်က နောက်ဆုံး အဖြေပေးလိုက်သည်။ ယင်းပြဿနာသည် ၁၉၂၅ ခု ရွှေဘိုတွင် ကျင်းပသည့် ဂျီစီဘီအေ အသင်း၏ (၁၂) ကြိမ်မြောက် ကွန်ဖရင့်တွင် အကြီးအကျယ် ဖြစ်လာသည်။ ဦးချစ်လှိုင်ကို ရာထူးမှဖယ်ရှားကာ ရေနံချောင်းမှ အမေရိကန်ပြန် မဟာသိပံ္ပဘွဲ့ရ ဦးစိုးသိမ်းကို ဥက္ကဋ္ဌအဖြစ် တင်မြှောက်လိုက်သည်။ ဦးချစ်လှိုင် လိုလားသူများက ‘အညမည သမန္ဒ’ အမည်ဖြင့် ဂိုဏ်းခွဲထောင်ရာ ဦးချစ်လှိုင် ဂျီစီဘီအေ၊ ဦးစိုးသိမ်း ဂျီစီဘီအေဟူ၍ နောက်ထပ် နှစ်ခြမ်းကွဲသွားပြန်သည်။

မြန်မာ့ နိုင်ငံရေးလောက၌ ဦးဘဖေ ဦးဆောင်သော ၂၁ ဦးအဖွဲ့၊ ဦးစိုးသိမ်း ဦးဆောင်သော ဂျီစီဘီအေ၊ ဦးချစ်လှိုင် ဦးဆောင်သော ဂျီစီဘီအေဟူ၍ ဂျီစီဘီအေ သုံးဖွဲ့အပြိုင်အဆိုင် ပေါ်ပေါက်လာသည်။ ပထမကမ္ဘာစစ်ကြီး ပြီးဆုံးသည့် ၁၉၁၈ မှ ၁၉၂၈ အထိ ၁၀ နှစ် ကြာကာလအတွင်း မြန်မာ့ စီးပွားရေး အခြေအနေမှာ အဆိုးရွားဆုံးသော အနေအထား ဆိုက်ရောက် လာသည်။ စီးပွားရေး နစ်နာမှုများကြောင့် မြန်မာပြည်၏ လူဦးရေအများဆုံး ဖြစ်သော တောင်သူလယ်သမားများ အဓိက ထိခိုက်ခဲ့ရသည်။ အစိုးရ လယ်ယာမင်းကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ကလေတင်က “ကမ္ဘာ့ ဆန်စပါး ဈေးကွက်အတွင်း မြန်မာ့ဆန်များ ကျွမ်းစိုက် ကျလာမှုကြောင့် တောင်သူလယ်သမားများ ကြွေးလည်ပင်း ခိုက်လာခဲ့ကြသည်။ ထိုအကြွေးများကို မည်သို့မျှ ပြန်လည် မပေးဆပ်နိုင်သောကြောင့် ၎င်းတို့ပိုင် လယ်ယာမြေများကို ချစ်တီးများနှင့် ငွေတိုးချေးစားများ လက်ထဲ ထိုးအပ်လိုက်ကြရသည်” ဟု လယ်ယာမြေ ချထားရေး အစီရင်ခံစာ၌ ရေးသားခဲ့သည်။

၁၉၁၄ တွင် ထုတ်ပြန်ခဲ့သည့် အစိုးရ၏ ‘မြေနှင့်လယ်ယာ’ အစီရင်ခံစာတွင် ‘၁၉၁၄ ခုနှစ် မတိုင်မီကပင် မြန်မာ တောင်သူလယ်သမားများသည် လယ်မဲ့ယာမဲ့ ဘဝသို့ ဆုတ်ယုတ် ကျဆင်းနေခဲ့ရာ ဟံသာဝတီခရိုင်၌ စိုက်ပျိုးသော လယ်ဧက၏ ၄၃ ရာခိုင်နှုန်း၊ ဖျာပုံခရိုင်၌ စိုက်ပျိုးသော လယ်ဧက၏ ၃၃ ရာခိုင်နှုန်း၊ အင်းစိန်ခရိုင်၏ ၃၀ ရာခိုင်နှုန်း၊ မအူပင်ခရိုင်၏ ၂၉ ရာခိုင်နှုန်းနှင့် ပဲခူးခရိုင်၏ ၂၈ ရာခိုင်နှုန်းသည် တောင်သူလယ်သမားများ လက်ဝယ်မှ ချစ်တီးနှင့် မြေရှင်များ လက်ဝယ်သို့ ရောက်ရှိနေပြီဖြစ်သည်’ ဟု ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် မြေယာစနစ် သုံးမျိုးရှိခဲ့သည်။ ဓားမဦးချ မြေယာ၊ ဘိုးဘွားပိုင်မြေယာနှင့် အစိုးရပိုင် မြေယာတို့ ဖြစ်သည်။ လယ်သမားအချို့မှာ ပဒေသရာဇ်၏ ကျေးကျွန်များအဖြစ် နေလင့်ကစား လယ်လုပ်သူတိုင်း လယ်ပိုင်ခွင့် ရှိခဲ့သည်။ ၁၈၆၉ ခုနှစ် စူးအက်တူးမြောင်း ဖွင့်ပြီးသောအခါ ဗြိတိသျှ ကုန်သွယ်ရေး အရင်းအနှီးနှင့် ဘဏ်လုပ်ငန်းတို့ ပူးပေါင်းပြီး လယ်ယာစိုက်ပျိုးရေးကို အရင်းရှင် လုပ်ငန်းအဖြစ် ကမ္ဘာ့ဆန်ရောင်းဝယ်မှုတွင် ပါဝင်နိုင်အောင် ဆောင်ရွက်ကြသည်။ ထိုအခါ ပုဂ္ဂလိက လယ်ယာစနစ် ပျောက်ကွယ်လာပြီး မြေများအလုအယက် ဖော်ထုတ်ကြကာ ကုန်သွယ်မှု အမြတ်အစွန်းအတွက် လယ်ယာလုပ်သော စနစ် ပေါ်ပေါက်လာသည်။ အောက်မြန်မာပြည်တွင် အရင်းရှင် လယ်ယာစနစ် စတင်ပေါ်ပေါက်လာခဲ့သည်။ အရင်းရှင် လယ်ယာစနစ်သည် မြန်မာ့လယ်ယာ စိုက်ပျိုးရေး၏ အချင်းချင်း ကူညီမှုအခြေခံကို ဖယ်ရှားပြီး ဈေးကွက်အရ ယှဉ်ပြိုင်နိုင်မှုကို ဖန်တီးပေးသည်။ ထို့နောက် ဘဏ်လုပ်ငန်းများ၊ ကုန်သည်များ၊ အတိုးစားသူများ (ချစ်တီးများ) ကို မြန်မာ့လယ်ယာလုပ်ငန်းအတွင်း ဆွဲသွင်းလာခဲ့ရာ ဗြိတိသျှ ဗျူရိုကရေစီစနစ်နှင့် ပူးပေါင်းမိသွားသဖြင့် မြန်မာ့လယ်သမားတို့ ကျောကော့အောင် ခံရသည့် အဖြစ်သို့ ဆိုက်ရောက်သွား လေတော့သည်။

၁၉၂၉-၁၉၃၀ ကမ္ဘာ့စီးပွားပျက်ကပ် (Great Depression) နှင့် ရင်ဆိုင်ရချိန်တွင် မြန်မာ တောင်သူလယ်သမားများသည် အတိဒုက္ခ ရောက်ကြရသည်။ ‘စပါးတစ်တောင်း ငါးပဲ၊ ဘုရားနှာခေါင်း ပျားစွဲ၊ ကုလားခေါင်း ဓားဝဲ’ ဆိုသည့် မကျေနပ်သော တဘောင်စကားများ ပေါ်ထွက်လာသည်။ စပါးဈေးသည် တင်းတစ်ရာလျှင် ကျပ်၂၀၀ မှ ၈၄ ကျပ် သို့ ထိုးကျသွားသည်။ အစိုးရက လူခွန်များ မရမနေ ကောက်ခံသဖြင့် တောင်သူများဘဝ မြွေပူရာကင်းမှောင့်အဖြစ် ဆိုက်ရောက်လာသည်။ ၁၉၃၀ သြဂုတ် ၁၂ တွင် ဘုရင်ခံဆာချားလ်အင်းနစ် ဗြိတိန်သို့ ခွင့်လေးလ ယူကာ ပြန်သွားသဖြင့် ဆာဂျေ၊ အေ၊ မောင်ကြီးက ခေတ္တဘုရင်ခံအဖြစ် တာဝန်ယူသည်။ ခေတ္တဘုရင်ခံသည် မြန်မာဖြစ်သဖြင့် ပြဿနာကို ပြေလည်အောင် ဖြေရှင်းပေးနိုင်မည်ထင်၍ တင်ပြသော်လည်း အကြောင်းမထူးခဲ့ပေ။

မြန်မာပြည်အတွင်း ခိုးမှု၊ လုယက်မှု၊ ပြန်ပေးဆွဲမှုနှင့် ဓားပြမှုများကို အများဆုံး ကျူးလွန်သော ခရိုင်များမှာ ဆန်စပါးအများဆုံး စိုက်ပျိုးသော ပဲခူးနှင့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသများ ဖြစ်နေသည်။ အောက်မြန်မာပြည်အနှံ့ မငြိမ်သက်မှုများ တိုးပွားလာချိန် အထက်မြန်မာပြည်၌ အခြေအနေသည် ငြိမ်သက်မှု ရှိနေသည်တော့ မဟုတ်ပေ။

၁၉၁၀ ပြည့်နှစ်၌ စစ်ကိုင်းတိုင်းဒေသ မြင်းမူနယ်တွင် ‘မင်းလောင်း မောင်သန့်’ ထကြွမှု ပေါ်ပေါက်ခဲ့သည်။ ၁၉၁၀-၁၁ မြန်မာပြည် အုပ်ချုပ်ရေး အစီရင်ခံစာတွင် မြင်းမူနယ်မှ လယ်သမားမောင်သန့်သည် ရှင်ဘုရင် ဖြစ်ချင်သောကြောင့် အရူးထ သယောင်ယောင် ရေးသားဖော်ပြခဲ့သည်။ မင်းလောင်း မောင်သန့် ထကြွမှုသည် ရှင်ဘုရင် အရူးထသော လယ်သမားမောင်သန့် တစ်ဦးတည်း၏ ထကြွမှု မဟုတ်ဘဲ မောင်သန့်၏ ဦးဆောင်မှုနောက် အုံကြွပါလာသော စစ်ကိုင်း၊ မုံရွာ၊ ရွှေဘိုနယ်များမှ တောင်သူလယ်သမားများ၏ ထကြွမှု ဖြစ်သည်။ အထက်မြန်မာပြည် တောင်သူလယ်သမား လှုပ်ရှားမှုကို ဗြိတိသျှ အာဏာပိုင်များက ပုလိပ်တပ်များဖြင့် နှိမ်နင်းမရတော့သဖြင့် စစ်ပုလိပ်နှင့် စစ်တပ်များကို အသုံးပြုကာ ဖျက်ဆီး နှိပ်ကွပ်ခဲ့သည်။

ဗြိတိသျှတို့၏ နယ်ချဲ့စနစ် မြန်မာပြည်သို့ ခြေကုပ်ယူလာချိန် ပြည်သူတို့၏ ကနဦး တုံ့ပြန်မှုများသည် ကမ္ဘာ့လှုပ်ရှားမှုနှင့် ကင်းလွတ်သော နိုင်ငံခြားသား အုပ်စိုးမှုကို တွန်းလှန်ရမည်ဆိုသည့် အသိဖြင့် အုံကြွတော်လှန်ခဲ့ခြင်း ဖြစ်သည်။ ယင်းတော်လှန်ရေးများ၏ အစကား လယ်သမား ပုန်ကန်မှုပင် ဖြစ်သည်။

လယ်သမား ပုန်ကန်မှုများကို ကိုလိုနီယန္တရား အတွေ့အကြုံ များစွာရှိသော ဗြိတိသျှတို့ ကောင်းစွာ ရိပ်စားမိပြီး အခြေအနေများ ငြိမ်သက်မှု ရှိစေရန် တတ်နိုင်သမျှ ကြိုးပမ်းခဲ့သည်။ တောင်သူ လယ်သမားများ လယ်ယာမဲ့ မဖြစ်စေရေး၊ ကြွေးမတင်စေရေးအတွက် ပတ္တာစနစ်၊ ကရောင်းစနစ်၊ လယ်သမားဘဏ်၊ သမဝါယမ စီမံကိန်းများဖြင့် ကျားကန်ပေးသော်လည်း ပြေလည်မှု မရှိခဲ့ပေ။ ဗြိတိသျှတို့၏ အကျိုးစီးပွားနှင့် ဒေသခံမြန်မာတို့၏ အကျိုးစီးပွား ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသောကြောင့် ဖြစ်သည်။

ထိုအခါ အောက်မြန်မာပြည် သာယာဝတီနယ်တစဝိုက် အခြေစိုက်ပြီး ကိုလိုနီအုပ်ချုပ်ရေးကို လက်နက်စွဲကိုင် တော်လှန်ပုန်ကန်သော လှုပ်ရှားမှုကြီး ပေါ်ပေါက်လာတော့သည်။ ယင်းလှုပ်ရှားမှုကို ဗြိတိသျှ အစိုးရက အင်အားစုံသုံးကာ အပြင်းအထန် ဖြိုခွဲသည်။ ယင်းမှာ ဆရာစံ ဦးဆောင်သော တောင်သူလယ်သမား သူပုန်ထမှုကြီးပင် ဖြစ်သည်။

ယင်းလှုပ်ရှားမှုကို တက္ကသိုလ်ကျောင်းသား ဖြစ်လာသည့် ကိုအောင်ဆန်းက အောက်ပါအတိုင်း သုံးသပ် ရေးသားခဲ့သည်။

“ဗမာပြည်တွင် အမျိုးသား လှုပ်ရှားမှုတစ်ရပ် ပေါ်ပေါက်လာသည်နှင့် ၎င်းလှုပ်ရှားမှုသည် အတက်အကျ အနိမ့်အမြင့် အမျိုးမျိုး ကြုံတွေ့ရလင့်ကစား အမျိုးသားရေးမှာ မီးရှူးတန်ဆောင်ပမာ ထာဝစဉ် တောက်လောင်နေခဲ့သည်။ ယင်းလှုပ်ရှားမှု အင်အားကြောင့် အုပ်စိုးသူများသည် အုပ်ချုပ်ရေး ပြုပြင်မှုများနှင့် ပြည်သူ့လွတ်လပ်ခွင့်များ ပေးခဲ့သော်လည်း ပြည်သူလူထုသည် အလွန်အကျွံ ဖြစ်လာသည်ဟု ယူဆမိသည်နှင့် နယ်ချဲ့စနစ်၏ ပကတိကို ပြသလေတော့သည်။ ဖိနှိပ်ချုပ်ချယ်သော အပြုအမူများကို ပြသလေတော့သည်။”

Credit To The Voice Weekly

(ဆက်လက်ဖော်ပြပါမည်)
Read More »

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့နှင့် TNLA တို့ ဇူလိုင် ၃၁ ရက်တွင် မူဆယ်၌ ပထမဆုံးအကြိမ် တွေ့ဆုံမည်


ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ တို့သည် ဇူလိုင် ၃၁ ရက်တွင် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့၌ ပထမဆုံး တွေ့ဆုံပြီး ငြိမ်းချမ်းရေး ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။
ပြည်နယ်အဆင့် ဆွေးနွေးမည့် အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်၊ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် အောင်စိုးတို့ အပါအ၀င် ၁၃ ဦး တက်ရောက်မည်ဖြစ်ပြီး PSLF/TNLA ကိုယ်စားလှယ် အဖွဲ့တွင် ဒုတိယဗိုလ်မှူးကြီး တာဘုန်းကျော်၊ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးတားခူလန်း၊ ဗိုလ်မှူးတားရော့ခြူး၊ ဗိုလ်မှူးတာအောင်မြတ်တို့ အပါအ၀င် ကိုးဦး တက်ရောက်မည်ဟု သိရသည်။
ထို့အပြင် KIO၊ KNU၊ NMSP၊ SSPP နှင့် UWSA မှ ကိုယ်စားလှယ်များ၊ ပလောင်တိုင်းရင်းသား အဖွဲ့များမှ ခေါင်းဆောင်များ၊ တအောင်းအမျိုးသမီးနှင့် လူငယ်ခေါင်းဆောင်များလည်း အသိသက်သေများအဖြစ် တက်ရောက်မည်ဟု သိရသည်။ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) နှင့် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့သည် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံဖူးခြင်း မရှိသေးဘဲ ယခုပထမဆုံးအကြိမ် တွေ့ဆုံခြင်း ဖြစ်သည်။
၂၀၁၂ ခုနှစ် အချိန်ကပင် တပ်မတော်နှင့် TNLA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ပြေးဒုက္ခသည် ၅၀၀၀ ကျော်အထိ ရှိခဲ့သည်။ ၂၀၁၃ ခုနှစ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ကာ ပြီးခဲ့သည့် ဇွန်လအတွင်းက အကြိမ် ၂၀ ခန့်ဖြစ်ခဲ့ပြီး ဇူလိုင်လတွင် ၁၀ ကြိမ်ခန့် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇူလိုင် ၂၄ ရက်ကလည်း အစိုးရတပ်များနှင့် TNLA တို့ ကွတ်ခိုင်မြို့နယ် အနောက်ဘက် ၇ မိုင်ခန့် အကွာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲတွင် အစိုးရဘက်မှ သုံးဦးကျဆုံးခဲ့ကြောင်း သိရသည်။
ပလောင်တိုင်းရင်းသား နိုင်ငံရေး အင်အားစုဖြစ်သော တအောင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)သည် ၂၀၀၅ ခုနှစ်တွင် ပလောင်ပြည် လွတ်မြောက်ရေးပါတီ (PSLF) လက်နက်ချခဲ့ပြီးနောက် ပေါ်ထွက်လာသည့် လက်နက်ကိုင်အဖွဲ့ ဖြစ်ပါသည်။ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ နမ့်လမ်၊ လားရှိုး၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ မန်ဆန်၊ မန်းပန် ဒေသများတွင် လှုပ်ရှားပြီး အင်အား ၁၀၀၀ ကျော်ခန့်ရှိသည်။
Credit To First-11
Read More »

အရုဏ်ဦးလွတ်လပ်ရေး (၄)



(နေသန်မောင်)

ကိုလိုနီခေတ် မြန်မာပြည်အုပ်ချုပ်ရေးပုံစံ

၁၉၂၀ မှ စတင်ခဲ့သည့် ပထမကျောင်းသားသပိတ် မှတစ်ဆင့် နိုင်ငံအနှံ့အပြားတွင် အမျိုးသားကျောင်းများ ပေါ်ပေါက်လာသည်။ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ဦးစီးသော ဗဟန်းမြို့မ ကောလိပ်ကျောင်းမှစတင်ကာ အမျိုးသားကျောင်းများ ပေါ်ထွန်းလာခြင်း ဖြစ်သည်။ ဥရောပ၌ ပထမကမ္ဘာစစ်ကြီး ဖြစ်ပွားနေရာ ဗြိတိသျှတို့ အရေးနိမ့်နေချိန် ဖြစ်သည်။ ထို့အပြင် ဗြိတိသျှလက်အောက်ခံ ကိုလိုနီနိုင်ငံများတွင် အမျိုးသားရေး လှုပ်ရှားမှုများ အရှိန်မြင့်တက်လာ နေသဖြင့် ကိုလိုနီနိုင်ငံများအတွက် အုပ်ချုပ်ရေးပုံစံတစ်ခုကို ဗြိတိသျှတို့ ပြန်လည် စဉ်းစားလာကြသည်။ စစ်အောင်နိုင်ရေးအတွက် ကိုလိုနီနိုင်ငံများ၏ ပြည်သူများ ပူးပေါင်းပါဝင်မှုကို ဗြိတိသျှတို့ လိုအပ်သောကြောင့် ဖြစ်သည်။

အာရှတိုက်တွင် ဗြိတိသျှတို့၏ အကြီးမားဆုံးသော အင်ပါယာမှာ အိန္ဒိယတိုက်ငယ်ဖြစ်ပြီး အိန္ဒိယတိုက်သားတို့ ကျေနပ်စေရန် ၁၉၁၉ တွင် အိန္ဒိယနိုင်ငံဆိုင်ရာ အတွင်းဝန် မွန်တေဂူက မြန်မာပြည်နယ် ပါဝင်သော အိန္ဒိယနိုင်ငံကို အုပ်ချုပ်ရေး တိုးမြှင့်ပေးမည်ဟု သြဂုတ်လ ၂၀ ရက်တွင် ကြေညာခဲ့သည်။ မွန်တေဂူ ကြေညာချက်ကြောင့် မြန်မာပြည်ရှိ နိုင်ငံရေး အတွေးအခေါ် ရှိသူများအကြား နိုးကြားမှုများ ပေါ်ထွက်လာသည်။ အိန္ဒိယကို အုပ်ချုပ်ရေး အဆင့်အတန်း တိုးမြှင့်ပေးရန် ကြေညာချက်တွင် မြန်မာပြည် ပါဝင်သဖြင့် မြန်မာလူမျိုးခေါင်းဆောင် ဦးဘတူ၊ ဦးဘိုးသာ၊ ဦးသင်း (တူ၊ သာ၊ သင်း) တို့သည် အိန္ဒိယနိုင်ငံသို့ သွားရောက်ပြီး မြန်မာပြည်အား အုပ်ချုပ်ရေး တိုးမြှင့်ပေးရန် အရေးဆိုခဲ့သည်။ သို့သော် အကြောင်းမထူးခဲ့ချေ။ ထို့နောက် မြန်မာ့သမိုင်းတွင် ပထမဆုံးသော ဗြိတိန်နိုင်ငံသို့ သွားရောက်အရေးဆိုသည့် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် (ဖေ၊ ပု၊ ရှိန်) ကိုယ်စားလှယ်အဖွဲ့ သွားရောက် အရေးဆိုသော်လည်း အကြောင်းမထူးခဲ့ပေ။ ထို့နောက် ဦးဘဖေ၊ ဦးပု၊ ဦးသိမ်းမောင် (ဖေ၊ ပု၊ မောင်) ကိုယ်စားလှယ်အဖွဲ့ ဗြိတိသျှ ပါလီမန်သို့ သွားရောက် အရေးဆိုခဲ့ပြန်သည်။ ပထမကမ္ဘာစစ်တွင် စစ်ဒဏ်ကို အလူးအလဲ ခံနေရသော ဗြိတိသျှတို့သည် မြန်မာပြည်ကို အုပ်ချုပ်ရေး တိုးမြှင့်ပေးရန် နောက်ဆုံး၌ သဘောတူညီခဲ့သည်။

၁၉၀၈ ခုနှစ်တွင် အမျိုး၊ ဘာသာ၊ သာသနာအတွက် ဦးတည်ထူထောင်ခဲ့သော ဝိုင်အမ်ဘီအေ ခေါ် ဗုဒ္ဓကလျာဏယုဝ အသင်းသည် မွန်တေဂူ ကြေညာချက်အရ အုပ်ချုပ်ရေး တိုးမြှင့်ပေးမှုအပေါ် အချေအတင် ဖြစ်လာကြပြီး နောက်ဆုံး၌ လူကြီးဂိုဏ်းနှင့် လူငယ်ဂိုဏ်းဟူ၍ နှစ်ခြမ်းကွဲသွား တော့သည်။ ဝိုင်အမ်ဘီအေ လူငယ်ဂိုဏ်း၏ လုပ်ငန်းစဉ်မှာ မြန်မာပြည်ကို မွန်တေဂူ စီမံကိန်းအတွင်း အကျုံးဝင်စေကာ အုပ်ချုပ်ရေးအာဏာကို တိုးတက်ရယူသွားပြီး နောက်ဆုံး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံတစ်နိုင်ငံအတွင်း ဗြိတိသျှ ဓနသဟာယအတွင်း ပါဝင်နိုင်ရေး ဖြစ်သည်။ လူကြီးဂိုဏ်း၏ ရည်ရွယ်ချက်မှာ မြန်မာပြည်ကို အုပ်ချုပ်သည့် ဒုတိယဘုရင်ခံ ဆာရယ်ဂျီနယ်ကရက်ဒေါက် ရေးဆွဲသော စီမံကိန်းအတိုင်း အုပ်ချုပ်သည်ကိုသာ လက်ခံလိုကြသည် မြန်မာပြည်သူ အများစုမှာ လူကြီးဂိုဏ်း၏ သဘောထားကို လက်မခံကြသဖြင့် လူငယ်ဂိုဏ်းသည် အရေးပါသော နိုင်ငံရေးပါတီ တစ်ခုသဖွယ် ဖြစ်လာသည်။

၁၉၂၀ တွင် ဝိုင်အမ်ဘီအေအသင်းမှ လူငယ်ခေါင်းဆောင် များအနက် ဦးချစ်လှိုင် ဦးဆောင်ကာ ဂျီစီဘီအေခေါ် ဗုဒ္ဓဘာသာအသင်း ကောင်စီချုပ် (Government Council of Buddhist Association) ကို ပြောင်းလဲ ထူထောင်လိုက်သည်။ ဂျီစီဘီအေတွင် ဦးဘဖေ၏ ပြည်သူ့ပြည်သားပါတီ၊ ဆာ ဂျေ၊ အေ၊ မောင်ကြီး၏ တိုးတက်ရေးပါတီခေါ် ရွှေတောင်ကြားပါတီတို့ ပါဝင်သည်။ ၁၉၂၂ တွင် ဗြိတိသျှအစိုးရက မြန်မာပြည်ကို ဒိုင်အာခီ အုပ်ချုပ်ရေးဖြင့် ပြောင်းလဲအုပ်ချုပ်မည်ဟု ကြေညာလိုက်ရာ ဒိုင်အာခီကို လက်ခံသင့်၊ မသင့်ဆိုသည့် အချက်နှင့် ပတ်သက်ပြီး သဘောထား ကွဲလွဲလာကာ ဂျီစီဘီအေအတွင်း ဦးချစ်လှိုင်တစ်စု၊ ဦးပုတစ်စုနှင့် ဦးစိုးသိမ်းတစ်စုဟူ၍ အုပ်စုများ ပေါ်ပေါက်လာရာမှာ ပုဂ္ဂိုလ်ရေး ထိုးနှက်မှုများ ပေါ်လာပြီး ဂျီစီဘီအေအဖွဲ့ နှစ်ခြမ်းကွဲသွားတော့သည်။

မြန်မာပြည်တွင်စတင်သော ဒိုင်အာခီ (Dyarchy) အုပ်ချုပ်ရေးကို လီယွန်နယ်ကားတစ် (Lionel Curtis) ဆိုသူက စတင်တီထွင်ခဲ့သည်။

ယင်းအုပ်ချုပ်ရေးပုံစံ၏ ရည်ရွယ်ချက်မှာ အရာရှိစနစ်မှ တာဝန်ခံအုပ်ချုပ်ရေးသို့ ကူးပြောင်းသည့် အသွင်ကူးပြောင်းရေး စပ်ကူးမပ်ကူးကာလတွင် ယာယီကျင့်သုံးရန် ဖြစ်သည်။ အဆိုပါပုံစံသစ်အရ အုပ်ချုပ်ရေးကို သုံးပိုင်းခွဲခြားလိုက်သည်။ အိန္ဒိယနိုင်ငံရှိ ဗဟိုအစိုးရက တိုက်ရိုက်အုပ်ချုပ်ခြင်း၊ မြန်မာပြည်ကို ဘုရင်ခံတစ်ဦးက အုပ်ချုပ်ခြင်းနှင့် မြန်မာနိုင်ငံအတွင်းမှ ရွေးချယ်ခံရသော ကိုယ်စားလှယ်နှစ်ဦး၊ ဘုရင်ခံရွေးချယ်သော ကိုယ်စားလှယ်နှစ်ဦးတို့က အုပ်ချုပ်ခြင်းဆိုသည့် သုံးမျိုးကို ရောစပ်ထားခြင်း ဖြစ်သည်။ မူအားဖြင့် ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် ကိုလိုနီအုပ်ချုပ်ရေးကို ရောနှောထားပြီး ဒိုင်အာခီ အက်ဥပဒေအရ ရခိုင်၊ ပခုက္ကူ၊ မြစ်ကြီးနား၊ ဗန်းမော်၊ ကသာ၊ ချင်းတောင်၊ ပူတာအို စသောဒေသများကို ဖွံ့ဖြိုးမှုမရှိဟု သတ်မှတ်ပြီး ဒိုင်အာခီ အုပ်ချုပ်ရေးအောက် မထားဘဲ အိန္ဒိယရှိ ဗြိတိသျှ အုပ်ချုပ်ရေးအောက် တိုက်ရိုက်ထားရှိသည်။ ယင်းပေါ်လစီကို သွေးခွဲအုပ်ချုပ်ရေး (Divided and Rule Policy) ဟု သတ်မှတ်သည်။

ဒိုင်အာခီ အုပ်ချုပ်ရေးကို လက်ခံသင့်၊ မသင့်ဆိုသည့် ပြဿနာမှာ အပျက်ပျက်နှင့် နှာခေါင်းသွေး ထွက်ရသည်ဆိုသော မြန်မာစကားအတိုင်း မြန်မာတို့၏ အတောင့်တင်းဆုံးသော အဖွဲ့ဖြစ်သည့် ဂျီစီဘီအေသည် ဒိုင်အာခီကို လက်မခံသော ဦးချစ်လှိုင် (ဂျီစီဘီအေ) နှင့် ဒိုင်အာခီကို လက်ခံသော ဦးဘဖေ (ဂျီစီဘီအေ) ဟူ၍ နှစ်ခြမ်းအဖြစ် အတိအလင်း ကွဲသွားတော့သည်။

ဦးဘဖေ (ဂျီစီဘီအေ) မှ ခေါင်းဆောင် ၂၁ ဦးက ဒိုင်အာခီ အုပ်ချုပ်ရေးကို လက်ခံကြောင်း ကြေညာလိုက်သောအခါ ဦးချစ်လှိုင် ခေါင်းဆောင်သော ဝံသာနုအဖွဲ့က အပြင်းအထန် ရှုတ်ချကြသည်။ ၁၉၂၃ ဇန်နဝါရီ ၁ ရက်နေ့တွင် မြန်မာပြည်ကို ဒိုင်အာခီစနစ်ဖြင့် စတင် အုပ်ချုပ်လေတော့သည်။

ဒိုင်အာခီ အုပ်ချုပ်ရေးအရ ဒုတိယဘုရင်ခံကို မထားဘဲ ဘုရင်ခံအနေဖြင့် အုပ်ချုပ်ရသောကြောင့် ဆာရယ်ဂျီနယ်ကရက်ဒေါက်ကို ဗြိတိန်သို့ ပြန်လည်ခေါ်ယူပြီး မြန်မာပြည်တွင် တာဝန်ထမ်းဆောင် ခဲ့ဖူးသူ ဆာဟာကုတ် ဘတ္တလာကို မြန်မာပြည်၏ ပထမဆုံးသော ဘုရင်ခံအဖြစ် ခန့်အပ်လိုက်သည်။ ဒိုင်အာခီကို လက်မခံသော ဦးချစ်လှိုင် ဦးဆောင်သော ဝံသာနုများက အစိုးရနှင့် မပူးပေါင်းရေး၊ အခွန်မပေးရေးတို့ကို လှုံ့ဆော်ကြပြီး အစိုးရနှင့် အခေါ်အပြောမလုပ်ဘဲ ဘူးကွယ် ကြသဖြင့် မြန်မာ့သမိုင်း၌ ‘ဘူး’ အသင်းများအဖြစ် ထင်ပေါ်ခဲ့သည်။

ဘုရင်ခံ ဘတ္တလာက တိုက်ရိုက်ခန့်အပ်သော ဝန်ကြီးနှစ်ဦးမှာ ဆာမောင်ခင်နှင့် မစ္စတာကိတ်တို့ဖြစ်ပြီး ဘဏ္ဍာရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနများကို ကိုင်တွယ်ရသည်။ မြန်မာပြည်သူတို့ ရွေးချယ်ခဲ့သည့် ကိုယ်စားလှယ်နှစ်ဦးမှာ ဆာဂျေ၊ အေ၊ မောင်ကြီးနှင့် အမ်အေမောင်ကြီးတို့ဖြစ်ပြီး သစ်တောရေးနှင့် ပညာရေးကို ကိုင်တွယ်ရသည်။ ၁၉၂၃ မှ စတင်ခဲ့သည့် ဒိုင်အာခီ အုပ်ချုပ်ရေးသည် ၁၉၃၇ အထိ ၁၄ နှစ်သက်တမ်း ကြာမြင့်ခဲ့ပြီး ဒိုင်အာခီလွန် မြန်မာပြည်သည် အမျိုးသားရေး လှုပ်ရှားမှုများ အမြင့်ဆုံးဒီဂရီအထိ ထိုးတက်ခဲ့သည်။

၁၉၂၈-၂၉ တွင်ဖြစ်ပွားသည့် ကမ္ဘာ့စီးပွားပျက်ကပ် (Great Depression) သည် မြန်မာပြည်ရှိ တောင်သူလယ်သမားများကို အပြင်းထန်ဆုံး ရိုက်ပုတ်ခဲ့လေတော့သည်။

(ဆက်လက်ဖော်ပြပါမည်)

Credit To The Voice Weekly
Read More »

ကြည့်လည်းလုပ်ပါဦး အမေရိကန်ကြီးရာ


လုပ်ချလိုက်ပြန်ပြီ အမေရိကန်ကြီး ရေ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီတိုက်ပွဲကို လှိုက်လှိုက်လှဲလှဲထောက်ခံခဲ့ပြီး ဒီမိုကရေ စီခရီးလမ်းရဲ့ လမ်းကြမ်းတွေကို လမ်းချော တွေဖြစ်လာအောင် အဖက်ဖက်ကူညီပံ့ပိုး မှုတွေနဲ့ ပန်းတွေခင်းနေဆဲမှာ နောက်ပြန်  ဆွဲလုပ်ရပ်နဲ့း လူမည်စာရင်း (Black List)  ကြေညာချက်တစ်စောင်မှာ စစ်ခေါင်း ဆောင်တစ်ဦးကို ရှုံ့ချပစ်တင်ကြေညာ လိုက်တာတော့ အမှားကြီးမှားသွားပြီးလို့ ပြောရတော့မယ်။
အမေရိကန်ကြီးတို့ရဲ့ ခေါင်းဆောင် ကြီးဘိုဘာမားက မြန်မာနိုင်ငံရဲ့ အတိတ် က အရိပ်မည်းတွေကိုး ခ၀ါချပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးနဲ့ လွတ်လပ်ပွင့်လင်း   စွာဆောင်ရွက်လာတဲ့ အစိုးရကို နွေးထွေး   စွာကြိုဆိုထောက်ခံခဲ့လို့ သမ္မတဦးသိန်းစိန် နဲ့ အပေါင်းအပါတစ်စုတို့ အမေရိကန်  နိုင်ငံကို ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ ပြီးပြီလေ။ ဒါလည်း အမေရိကန်ကြီးတို့ က ဖိတ်ကြားခဲ့တာမဟုတ်ဘူးလား။ အဲဒီ ခရီးစဉ်မှာ အမေရိကန်ကြီးတို့နဲ့ တစ်ရင် တစ်နှီးဖက်လှဲတကင်းပြောဆိုဆက်ဆံခဲ့တဲ့ ယူနီဖောင်းဝတ်ခွင့်ရနေဆဲ ဒုတိယဗိုလ်ချုပ်  ကြီးသိန်းဌေးပါဝင်ခဲ့တယ်လေ။ အဲဒီတုန်း  က အမေရိကန်ကြီးတို့နဲ့ နိုင်ငံရေး၊ စီးပွား ရေး၊ စစ်ရေးအမြင်တွေ ဖလှယ်ကြ၊ ပြော  ကြဆိုကြတုန်းက ဒုတိယဗိုလ်ချုပ် ကြီးသိန်းဌေးဆိုတဲ့ တိုင်းရင်းသားရေးရာ နှင့် နယ်စပ်ရေးရာဝန်ကြီးတစ်ဖြစ်လဲ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်လက်နက် ပစ္စည်းထုတ်လုပ်ရေးဌာနရဲ့ အကြီးအကဲ ပါဝင်တယ်ဆိုတာ ကြိုတင်စာရင်းပေးရ ပြီး အတည်ပြုချက်ရလို့ လိုက်ပါခွင့်ရခဲ့ တာမဟုတ်ဘူးလား။ အမေရိကန်ကြီးရဲ့ နယ်မြေကို နိုင်ငံတစ်နိုင်ငံက ခေါင်းဆောင် တွေမပြောနဲ့ သာမာန်လူပုဂ်္ဂိုလ်တွေဝင် ရောက်ခွင့်ကို စီအိုင်အေကျောထောက် နောက်ခံပြုပြီး စိစစ်တာတွေ၊ သံရုံးတွေ  ရဲ့ အတည်ပြုချက်ရမှ ၀င်ရောက်ခွင့်ပြု  တာတွေဟာ အမေရိကန်ကြီးတို့ရဲ့ အလွန်  သေချာတဲ့ စိစစ်မှု၊ စစ်ဆေးမှုတွေဆိုတာ  ကမ္ဘာမှာ ထင်ရှားနေဆဲပါ။ အဲဒါနဲ့များ အမေရိကန်ကြီးရယ်။ ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးဆိုတဲ့ လူဟာမြောက်ကိုရီးယားနဲ့  ပေါင်းပြီး အဏုမြူစစ်လက်နက်ပစ္စည်း   တွေထုတ်ဖို့ ပူးပေါင်းကြံစည်ခဲ့တဲ့ခေါင်း ဆောင်ဆိုတာ ခုမှဘဲ ဟိုသစ္စာဖောက်စိုင်း သိန်းဝင်းရဲ့ စကားကို CIA ဆိုတဲ့ ကမ္ဘာ ကျော်ထောက်လှမ်းရေးကြီးကယုံသလို၊ အစိုးရအဖွဲ့ကလည်း လက်ခံတယ်ဆို တော့ တောက်ရိုင်းလိုက်လေ။
ဒီမှာအမေရိကန်ကြီး။ ခင်ဗျားတို့ လည်း စစ်တပ်နဲ့ ရဲနဲ့ဝန်းရံထားတဲ့ အစိုးရ ပဲ။ ကျုပ်တို့နိုင်ငံမှာလည်း စစ်တပ်နဲ့ ရဲနဲ့ ပဲနိုင်ငံတော်ကို ကာကွယ်ရေးလုပ်ရတာ ပဲ။ တစ်ခုတော့ရှိတယ်။ ကျုပ်တို့က အာဏာရှင်ဆန်တဲ့ စစ်အစိုးရရဲ့ အုပ်ချုပ် မှုအောက်မှာ ပြည်သူကနေထိုင်စားသောက်  ခဲ့ရတယ်။ ဘ၀ဆင်းရဲတွင်းနက်ခဲ့ရတယ်။ ဒါကိုမငြင်းပါဘူး။ ဒါပေမဲ့ စစ်တပ်ဆိုတာ  အမိန့်နဲ့ ညွှန်ကြားချက်ကို လိုက်နာဆောင် ရွက်ရတာကိုတော့ အမေရိကန်ကြီးကပို သိပါတယ်။ တစ်ကမ္ဘာလုံးပတ်ပြီး စစ်လက်  နက်စမ်းသပ်ဖို့၊ စစ်မြေပြင်တွေရွေးချယ် ပြီး စစ်သားတွေကို အမိန့်နဲ့ အာဏာနဲ့ ခိုင်းစေနေတာတွေ၊ မလုပ်ချင်လည်းလုပ် ရ၊ မသွားချင်လည်းသွားခဲ့ရတဲ့ ဗီယက်နမ် စစ်ပွဲ၊ ကိုးရီးယားစစ်ပွဲ၊ အီရတ်စစ်ပွဲ၊ အာဖကန်နစ္စတန်စစ်ပွဲ စတဲ့စစ်ပွဲအတွင်း စစ်သည်ပေါင်းများစွာ အမိန့်ကိုနာခံခဲ့ရ လို့သေကြေပျက်စီးခဲ့ရတာကို အမေရိကန်  ပြည်သူတွေက စစ်ပွဲရပ်ဖို့တောင်ဆန္ဒပြ ခဲ့ကြသေးတယ်လေ။ အမေရိကန်သမ္မတ  တွေရဲ့ အမိန့်နဲ့အာဏာကို ဖီဆန်ရင်၊ စစ်သားမလုပ်လိုကြောင်း ငြင်းဆန်ခဲ့ရင် ထောင်ဒဏ် (၂) နှစ်အနည်းဆုံးကျခဲ့တယ်   မဟုတ်လား။
ဒီလိုဘဲပေါ့အမေရိကန်ကြီးရယ်။ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးဆိုတာ အာဏာရှိတဲ့လူမဟုတ်ပါဘူး။ အာဏာ ကို ချုပ်ကိုင်ထားတဲ့ လူတစ်စုရဲ့ လက်ပါး စေအရာရှိတစ်ဦးပါ။ သူရဲ့စစ်သားဆန်တဲ့ စိတ်ဓာနဲ့ ကြိုးစားမှု၊ ထက်မြက်တည်ငြိမ်  မှုတွေကြောင့် ဒီအဆင့်ကိုရောက်လာခဲ့တဲ့  စစ်သားဆန်တဲ့ လူသားတစ်ဦး၊ တိုင်းရင်း သားတစ်ဦးပါ။ အလွန်ဖြူစင်ရိုးသားတဲ့ လူတစ်ဦးကို ခင်ဗျားတို့ မမြင်မကန်းသစ္စာ ဖောက်ရဲ့သွေးထိုးလှုံ့ဆော်ဖော်ကောင် လုပ်မှုကိုယုံကြည်ပြီး အမည်မဲစာရင်းတင် သွင်းတာတော့ တောက်ရိုင်းလိုက်လေ။
ဒီမှာအမေရိကန်ကြီး။ ခင်ဗျားတို့ နိုင်ငံရဲ့ အရိပ်မှာခိုလှုံပြီး စားကောင်းသောက်  ကောင်း၊ အနေချောင်အောင်အော်ဟစ် နေတဲ့ ဗိုလ်ကြီးစိုင်းသိန်းဝင်းတို့ ဗိုလ်မှူး  အောင်လင်းထွဋ်တို့အကြောင်းကို သိလျက်  နဲ့ မသိကျိုးကျွံပြုပြီး သစ္စာဖောက်ကို လက်ခံထားတဲ့ ခင်ဗျားတို့နိုင်ငံရဲ့ သိက္ခာ နဲ့ ကျင့်ဝတ်ကို သတိထားစေလိုပါတယ်။ ခင်ဗျားတို့က စိုင်းသိန်းဝင်းအကြောင်းကို မျက်စိမှိတ်ပြီး သားကောင်ကို ကျားတစ် ကောင်ကိုမွေးထားတယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ခင်ဗျားတို့မသိသေးတဲ့ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးဟာငယ်စဉ် ကပင် ထူးချွန်လို့အင်ဂျင်နီယာတက်္ကသိုလ်  ကနေ  Mechanical (B.E) ဘွဲ့ရခဲ့ပါတယ်။ ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၅၈) ကို တက်ခဲ့တယ်။ အဲဒီသင်တန်းမှာလည်း ထူးချွန်ပြီး အကောင်းဆုံးဗိုလ်လောင်းဆု ကို အင်ဂျင်နီယာကို မပေးဘဲ ခြေလျှင် က ဗိုလ်လောင်းကိုပေးခဲ့လို့ တတိယ အဆင့်နဲ့ သင်တန်းဆင်းခဲ့တယ်။ အင်ဂျင်နီ ယာဆိုပေမဲ့ ခြေလျင်စစ်သားကဲ့သို့ကျန်းမာ  သန်စွမ်းတက်ကြွတယ်။ ရဲရင့်တယ်။ အားကစားမှာ ဘောလုံး၊ ဘော်လီဘော ထူးချွန်သလိုအနုပညာမှာ ဂစ်တာတီးပြီး  အင်္ဂလိပ်၊ မြန်မာသီချင်းတွေကို အဆိုတော် တစ်ဦးကဲ့သို့ သီဆိုနိုင်တယ်။ ဘယ်လူနဲ့ မဆိုအဆင်ပြေအောင် ပေါင်းသင်းနိုင်တဲ့ စိတ်ဓာတ်စွမ်းရည် Dealing ကောင်းတယ်။ အနစ်နာခံတတ်တယ်။ ကူညီတတ်တယ်။ မာန်မာနမရှိဘူး။ အဓိကကရိုးသားမှုပဲ။ မိတ်ဆွေသူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်  ဘက်အပေါ်ကတိသစ္စာနဲ့ ဆက်ဆံတတ် ပုံမှာ ထူးခြားတယ်။ အတ္တကိုရှေ့တန်းတင် ဆက်ဆံတဲ့ သူမျိုးမဟုတ်ဘူး။ သူဗိုလ်ချုပ် ရာထူးအဆင့်ရတဲ့အချိန်မှာ သူနဲ့ကျောင်း ဆင်းဖက်သူငယ်ချင်းတစ်ဦးမှ အဲဒီရာထူး  အဆင့်ကို မရသေးဘူး။ အဲဒီကာလမှာ သူနဲ့ကျောင်းဆင်းဖက်သူငယ်ချင်းများက ကျောင်းဆင်းပွဲနှစ်ပတ်လည်နေ့ကျင်းပဖို့  ညှိနှိုင်းအစည်းအဝေးကို စနေနေ့၊ ညနေ (၆) နာရီစားသောက်ဆိုင်တစ်ဆိုင်မှာ လုပ်ဖို့သူ့ကိုဖိတ်တယ်။ သူကအဲဒီနေ့ည (၇) နာရီမှာ နိုင်ငံခြားသားတွေရဲ့ အခမ်း အနားတစ်ခုတက်ဖို့ရှိကြောင်းပြောတယ်။  မအားလည်းကြိုးစားပြီးလာမယ်ပြောတယ်။  အဲဒီနေ့ညနေ (၆) နာရီမှာ သူငယ်ချင်း  (၁၀) ယောက်ကျော်လောက်စုစည်းနေတဲ့ အစည်းအဝေးပွဲလေးကို သူရောက်လာပြီး  “ကဲသူငယ်ချင်းတို့ ညှိနှိုင်းတဲ့ကိစ္စအားလုံး သဘောတူတယ်။ မင်းတို့အတွေ့အကြုံ တွေရှိပြီးသားပဲ။ လိုအပ်တာရှိရင်ပြောပါ။  ကိုယ်ကအခမ်းအနားပွဲ (၇) နာရီမှမတက်  မဖြစ်လို့သွားလိုက်ဦးမယ်။ ကိုယ် Attend  လာလုပ်တာပါ” ဟု နှုတ်ဆက်ပြီးပြန်သွား သည်။
ဆိုလိုတာကနိုင်ငံတော်မှာ အရေး ကြီးပုဂ်္ဂိုလ်အဆင့်ရောက်နေသူက အရေး ကြီးအခမ်းအနားတစ်ခုကို တက်ရမဲ့ကိစ္စ ရှိသော်လည်း မိတ်ဆွေသူငယ်ချင်းများရဲ့  အင်အားကိုဖြစ်စေတဲ့ သာမန်ပွဲလေးကို လာဖြစ်အောင်လာသွားတာကို အားလုံး က အံ့သြနေသလို သူ့ရဲ့ဘ၀င်မမြင့်၊ အနားမယူတတ်တဲ့စိတ်ဓာတ်ကိုလေးစား  သွားကြတယ်။ သူမလာပဲ ဘာမှမဖြစ် ဘူး။ သူကဒီတစ်ပွဲတင်မဟုတ်ပါဘူး။ သူတတ်နိုင်တာမှန်သမျှ တာဝန်ကျေသူ၊ အပြန်အလှန်လေးစားတတ်သူဖြစ်တာမို့ သူ့ကို ကျွန်တော်တို့က ဘယ်လိုနည်းနဲ့မှ Black List သွင်းလို့မရနိုင်ဘူး။ White  ဆိုတဲ့စင်ကြယ်ခြင်း၊ ဖြူစင်ခြင်းစိတ်ဓာတ် နဲ့ သတ်္တိတွေ သူ့မှာအပြည့်ရှိတယ်ဆိုတာ   ရခိုင်ကုလားနယ်စပ်ပဋိပက္ခပြဿနာမှာ ၀န်ကြီးတစ်ယောက်အနေနဲ့ နိုင်ငံတော် သမ္မတကိုယ်စားနိုင်ငံခြားသားလေ့လာ သူများကို ပွင့်ပွင့်လင်းလင်းရဲရဲရင့်ရင့်ရှင်း လင်းပြသပြီး ဘာသာပြန်မလိုတဲ့ အရည် အချင်းရှိသော အင်္ဂလိပ်စာနဲ့စကားကို နိုင်ငံတကာအဆင့်တတ်ကျွမ်းသူစစ်ခေါင်း  ဆောင်တစ်ဦးဖြစ်တယ်ဆိုတာပြည်သူက  သိထားပါတယ်။ အမေရိကန်ကြီး။ ဒါကို ခင်ဗျားတို့လည်းသိပါတယ်။
ကြုံတုန်းပြောရဦးမယ်။ ၂၀၁၁ ခုနှစ်  ကြားဖြတ်ရွေးကောက်ပွဲမတိုင်မီကာလ မှာ နိုင်ငံရေးခေါင်းဆောင်ဒေါ်အောင်ဆန်း စုကြည်က နိုင်ငံတော်သမ္မတရဲ့ ဖိတ်ကြား ချက်အရ နေပြည်တော်မှာကျင်းပတဲ့ အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပါ တယ်။ ဒီအခမ်းအနားဟာ ဒေါ်အောင် ဆန်းစုကြည်အဖို့ တပ်မတော်အစိုးရလက်  ထက်နဲ့ လက်ရှိအာဏာရအစိုးရလက်ထက်   မှာ ပထမဆုံးပြည်သူလူထုမြင်ကွင်းကို ရောက်ရှိလာတာဖြစ်ပြီး နိုင်ငံတကာရဲ့ စီးပွားရေးဖိုရမ်များ ပြည်တွင်း၊ ပြည်ပ စီးပွားရေးပညာရှင်များနဲ့ လည်းတွေ့ဆုံ စကားပြောတဲ့ပွဲဖြစ်ပါတယ်။ ဒေါ်အောင် ဆန်းစုကြည်ကိုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက နွေးထွေးစွာရဲရဲဝံ့ဝံ့နဲ့ အစ်မ  ကြွပါခင်ဗျားဟု ဖိတ်မန္တက ပြုပြီးလက်ဖက် ရည်စားပွဲဝိုင်းကို ခေါ်ဆောင်သွားပါတယ်။  အဲဒီဝိုင်းမှာ ပါမောက္ခဒေါက်တာဦးမြင့်၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့်အတူ စီးပွားရေး၊ နိုင်ငံရေးအကြောင်းများကို တစ်ခဏတာအတွင်း အမြင်ချင်းဖလှယ်  မိကြတယ်လို့ဆိုပါတယ်။ သူနဲ့အတူ အနီး ကပ်ပြီးနွေးထွေးစွာ၊ ရင်းနှီးခင်မင်စွာ၊ သံသယကင်းစွာနှုတ်ဆက်စကားပြောတဲ့ ၀န်ကြီးအဆင့်ခေါင်းဆောင်များ သိပ်မရှိ ဘဲ ရှောင်ကြရှားကြတာကိုလည်း ပရိသတ်  အချို့က သတိထားမိကြပါတယ်။ ဒီမိန်းမ နဲ့ ငါတို့ဆက်ဆံမိရင် မင်းပြစ်မင်းဒဏ်သင့် ရင်ဒုက္ခလို့ထင်ကြတဲ့ ပုဂ်္ဂိုလ်များလို့ဆိုနိုင် ပါတယ်။
အဲဒီအခမ်းအနားပြီးလို့ ရန်ကုန်မှာ ပါမောက်္ခဒေါက်တာဦးမြင့်နဲ့ မိတ်ဆွေတစ်  ဦးအိမ်မှာ ဆုံတဲ့အခါ သူကဘာပြောသလဲ  ဆိုရင် ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးက ဘယ်ကကျောင်းဆင်းလဲ၊ ဖော်ရွေတယ်။  သူကနှံ့စပ်တယ်။ တော်တော်များများကို ဆွေးနွေးနိုင်တယ်။ စစ်ဗိုလ်ထဲမှာအရည်  အချင်းပြည့်တဲ့သူလို့ ဒေါ်စုကသတ်မှတ် သွားတယ်ဗျဟုဆိုပါသည်။ ကျွန်တော်က  အားရ၀မ်းသာဂုဏ်ယူစွာသူကအင်ဂျင်နီ ယာဘွဲ့ဗျ၊ ဗိုလ်သင်တန်းတက်ပြီး စစ်တပ်  ထဲရောက်လာတာ၊ သူကကျောင်းမှာလည်း  တော်၊ ဗိုလ်လောင်းမှာလည်းတော်သူပါ  ဟု ကျွန်တော်ဝံ့ကြွားစွာ ပြောလိုက်ပါ သည်။ ဆိုလိုတာက လူတစ်ယောက်ဟာ  အရည်အချင်းမရှိဘဲနဲ့နေရာတစ်ခုကိုအလို လိုရောက်မလာနိုင်ပါဘူး။ သူ့ကိုအားကိုး ထိုက်၊ အသုံးချထိုက်တဲ့ အရည်အချင်း ကြောင့် တိုင်းပြည်ခေါင်းဆောင်လုပ်သူက  ရွေးချယ်တာဝန်ပေးအပ်ခဲ့လို့ လက်ရှိဌာန  မှာ အကြီးအကဲဖြစ်နေတာပါ။ ဒါဟာ မဆန်းပါဘူး။ အဲဒီလို ရွေးချယ်တာဝန် ပေးအပ်ခံရတဲ့သူတွေထဲမှာ မြန်မာနိုင်ငံ ကို သစ္စာဖောက်တာ၊ ပြည်သူလူထုအကျိုး  စီးပွားကို ဖျက်လိုဖျက်ဆီးလုပ်ခဲ့တာ၊ အတ္တကိုယ်ကျိုးစီးပွားရှာပြီး တိုင်းပြည်ရဲ့  ဘဏ္ဍာငွေအလွဲသုံးစားလုပ်ခဲ့တာ၊ နိုင်ငံ ရပ်ခြားစီးပွားရေးကုမ္ပဏီများနဲ့ ပေါင်းပြီး မြန်မာနိုင်ငံရဲ့ သယံဇာတတွေကို လာဘ် ပေးလာဘ်ယူလုပ်ပြီး အာဏာကိုအလွဲ သုံးစားလုပ်ခဲ့တဲ့သူတွေ အများကြီးရှိခဲ့ တယ်။ ရှိနေတယ်ဆိုတာအမေရိကန်ကြီး သိပါတယ်။ မသိဟန်မဆောင်ပါနဲ့။ မြောက်ကိုးရီးယားနဲ့ပေါင်းပြီး  အဏုမြူ လက်နက်ထုတ်ဖို့ကြံစည်တာပဲဖြစ်ဖြစ်၊ ထုတ်လုပ်နေတယ်ဆိုတာကိုတွေ့ရတာပဲ ဖြစ်ဖြစ်၊ တိတိကျကျဖော်ထုတ်ရင် အာဏာက ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေး  မှာမရှိဘဲ စေခိုင်းသူကရှင်ဘုရင်၊ အစွယ် လိုသူကမိဘုရား၊ အစွယ်ဖြတ်ခံရသူက ဘုရားလောင်းဆင်မင်း၊ အမိန့်ပေးခံရတဲ့ မြှားပစ်သမားကျွန်တော်တာဝန်ရှိတယ် ဆိုရင်ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးကို သိန်းဌေးကို Black List ကြေညာတာ၊ အမေရိကန်ကြီးနဲ့ တကွ အပေါင်းအပါ တစ်ခုတို့ အဂတိလိုက်စားသလားစဉ်းစား ဖို့လိုပါလိမ့်မယ်။
အမေရိကန်ကြီးက လည်လွန်းလို့ ကမ္ဘာမှာနိုင်ငံတကာကို ခြောက်စား၊ မြှောက်စားလုပ်နေတာအားလုံးအသိပါ။  ကိုယ့်နိုင်ငံကထုတ်တဲ့စစ်လက်နက်တွေ၊ စစ်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ၊ အဏု မြူစွမ်းအားနဲ့ အသုံးပြုလို့ရတဲ့ လက်နက်  ကိရိယာအဆန်းတွေကို နိုင်ငံတကာရဲ့ ပဋိပက္ခတွေမှာ ၀င်ရောက်စွက်ဖက်သွေး ထိုးလှုံ့ဆော်၊ အချင်းချင်းပဋိပက္ခဖြစ်လာ ရင်လက်ခုပ်တီးပြီး တစ်ဖက်ကို အလကား ပေးတာပေး၊ ရောင်းတာရောင်း၊ ကိုယ်တိုင် ရူးသလိုလိုပေါသလိုလိုနဲ့ စစ်မြေပြင်ကိုဝင် ပြီး လက်နက်အသစ်တွေကို စမ်းသပ်ပစ် ခတ်ခဲ့တာ ဘာမှအပြစ်မရှိဘူးဆိုပါတော့။ ခင်ဗျားတို့က တော်တော်တရားတယ်။ ကြီးနိုင်ငယ်ညှင်း Black စာရင်းမရှိတဲ့ ခင်ဗျားတို့နိုင်ငံမှာ အဲဒီလိုအဓမ္မ၀ါဒထွန်း ကားပြီး ကမ္ဘာကြီးကို ငြိမ်းချမ်းရေးထူ ထောင်ရမယ်ဆိုပြီး နောက်ကွယ်ကနေ CIA တန်ခိုးနဲ့ ပဋိပက္ခရန်ညှိးတွေမွေးဖွား ပေးနေတာလက်ရှိသေကျေပျက်စီးနေတဲ့ အာရပ်ကမ္ဘာမြင်ကွင်းက အထင်အရှား ပါပဲ။
ဒီမယ်အမေရိကန်ကြီး။ ခင်ဗျားကြီး လုပ်တော့ကောင်းတယ်။ သူများလုပ်တော့  ရန်ရှာတယ်။ ခင်ဗျားကြီးတို့ရဲ့ လုံခြုံရေး သတင်းများကို ထောက်လှမ်းပြီးဖွင့်ချခဲ့တဲ့ အက်ဒ်ဝပ်စနိုးဒါန်းကို အသေရရအရှင် ရရဖြစ်နေတဲ့ကိစ်္စဟာ နိုင်ငံတော်သစ္စာ ဖောက်မှု၊ သူလျိုလုပ်မှုဆိုပြီး အရေးယူ ဖမ်းဆီးနိုင်ဖို့ဗျာများနေပြီမဟုတ်လား။ ရုရှားနိုင်ငံလေဆိပ်မှာ နိုင်ငံရေးခိုလှုံခွင့် တောင်းခံနေရတဲ့ စနိုးဒါန်းကို အမေရိကန်   တို့ပြန်လည်ရရှိဖို့လုံးပမ်းနေတာ ရုရှားက ဘယ်လိုဆက်ဆံနေသလဲ။ သစ္စာမဲ့တဲ့ လုပ်ရပ်ကို ခင်ဗျားတို့လက်မခံသလို ဘယ်နိုင်ငံကမှလက်မခံပါဘူး။ ဒါပေမဲ့ အမေရိကန်ကြီးကြည့်လုပ်ပါဗျာ။ ခင်ဗျား တို့ နိုင်ငံမှာ ကျုပ်တို့ဆီကနေ သစ္စာဖောက်   ထွက်ပြေးနေတဲ့ စစ်ဗိုလ်တွေကို ကောင်းစွာကျွေးမွေးစောင့်ရှောက်၊ အလုပ်တောင်ပေးထား၊ ထောက်ပံ့ထား တာဟာ တရားသလားလို့။ စိုင်းသိန်းဝင်း  ဆိုတဲ့ စစ်ဗိုလ်ကအင်ဂျင်နီယာစစ်တက္ကသိုလ် တက်ပြီး လုပ်သက်(၁၀) နှစ်တောင်မပြည့် သေးဘူး တပ်မတော်ရဲ့ အတွင်းရေးတွေ ကို သစ္စာမဲ့စွာဖော်ထုတ်၊ လူစွမ်းကောင်း ကြီးလုပ်နေတာကို ခင်ဗျားတို့ ကျေနပ် နေတယ်လေ။ ဒီလိုသစ္စာမဲ့တဲ့ စစ်ဗိုလ် ကို လက်ခံထားပြီး နိုငှ်ုငံမှာသစ္စာရှိတဲ့ ခေါင်းဆောင်တစ်ဦးကို စွပ်စွဲပြစ်တင်ရှုံ့ချ နေတာကို လက်ခံလိုက်တဲ့ အမေရိကန် ရဲ့လုပ်ရပ်ဟာ သစ္စာဖောက်တို့ရဲ့ ဆရာ ကြီးဂုရုလို့သတ်မှတ်ရမလိုဖြစ်နေပြီ။ စိုင်းသိန်းဝင်းလိုအောက်တန်းကျတဲ့ စိတ်ဓာတ်မျိုးနဲ့ ကိုယ်တိုင်းပြည်ကိုယ့်လူ မျိုး၊ ကိုယ်ကျေးဇူးရှင်တွေကို သစ္စာဖောက် လောက်ကောင်တွေ၊ အဂတိလိုက်စားသူ  တွေကြောင့် မတိုးတက်မထွန်းကား၊ အဆင့် နိမ့်ကျ၊ သိက္ခာကျနေတာကို ကျေနပ်တဲ့ စိတ်ဓာတ်မျိုးရှိနေတာအံ့ကြစရာဘဲ။ အမေရိကန်ကို မြန်မာနိုင်ငံအစိုးရသစ်နဲ့ စီးပွားရေးတွေ လက်တွဲပူးပေါင်းဆောင် ရွက်မယ်။ ထောက်ပံ့မယ်။ အကူအညီ တွေပေးမယ်ဆိုတာကို ယုံရခက်ကြီးဖြစ် နေပြီ။
ဒီမယ်အမေရိကန်ကြီး။ စိတ်ကောင်း ကောင်းထားပါဗျာ။ စိတ်ဓာတ်အောက် တန်းကျတဲ့ တိုင်းပြည်သစ္စာဖောက်တွေ  ရဲ့ စကားတွေကိုယုံပြီး မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖာတ်စင်ပြိုကျအောင်၊ တပ်မတော်  သားတွေပြိုကွဲအောင်ပြည်သူလူထုက အကြည်ညိုပျက်တဲ့ အစိုးရဖြစ်သွားအောင် မလုပ်ပါနဲ့။ အခုအစိုးရကို ခင်ဗျားတို့က အကောင်းမြင်ဝါဒနဲ့ ပိတ်သိမ်းမှုတွေ၊ တားဆီးမှုတွေ၊ ဟန့်တားမှုတွေကို ပြန်လည် ရုတ်သိမ်းပေးနေပြီပဲ။ စီးပွားရေးတိုးတက် ဖွံ့ဖြိုးလာအောင်အဖက်ဖက်က အပြန် အလှန်နားလည်မှုတွေပေးပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအကူအညီတွေ ထောက်ပံ့ဖို့စတင်လှုပ်ရှားနေချိန်မှာ တိုင်း ပြည်အတွက်အကျိုးရှိတယ်။ မရှိဘူး။ အကျိုးယုတ်တယ်၊ မယုတ်ဘူးဆိုတာကို ကိုယ်ချင်းစာတရားနဲ့ အဓိပ္ပာယ်ရှိရှိ၊ သိက္ခာရှိရှိစဉ်းစားဆုံးဖြတ်စေချင်ပါတယ်။
ကျုပ်က လူ့ပုဂ်္ဂိုလ်တစ်ဦးတစ်ယောက်  အပေါ်မှာ ကန့်သတ်ချုပ်ချယ်လို့ဒီစာကို ရေးခြင်းမဟုတ်ပါ။ ခင်ဗျားတို့နိုင်ငံရဲ့ Black List စာရင်းမှာ မတင်ဘဲ မြန်မာ နိုင်ငံအပေါ်သစ္စာဖောက်ခဲ့တဲ့လူတွေဟာ  ခင်ဗျားတို့တိုင်းပြည်မှာ ဆိုင်ကြီးကန္တား ကြီးနဲ့ ကောင်းစားနေတာတွေကို မျက်ကွယ် ပြုတာလား။ မျက်စိစပ်နေသလား စဉ်းစားပါ။ ကျုပ်တို့ဗုဒ္ဓဘုရားကဟော ပါတယ်။
သူများအတွက်အကျိုးမရှိ၊ ကိုယ့် အတွက်လည်းအကျိုးမရှိရင် မလုပ်ပါနဲ့။
သူများအတွက်အကျိုးရှိပြီး ကိုယ့် အတွက်အကျိုးမရှိသော်လည်း မလုပ်ပါ နဲ့။
ကိုယ့်အတွက်သာ အကျိုးရှိပြီး သူများအတွက် အကျိုးမရှိရင် မလုပ်ပါနဲ့။
ကိုယ့်အတွက်လည်း အကျိုးရှိသူများ  အတွက်လည်းအကျိုးရှိရင်စဉ်းစားဆင်ခြင်  ပြီးလုပ်ပါလို့ဆိုပါတယ်။ ကြည့်လိုပါ အမေရိကန်ကြီး။
မောင်မာန်ရိုး
Credit To Hot News Journal
Read More »

ဖယ်ဒရယ်ပြည်ထောင်စုထူထောင်ရေး နှင့် ငြိမ်းချမ်းရေး


( စာရေးသူ - သံလွင်ရရစ် ၏ ပို့ စ် ကို ပြန်လည်ဝေမျှခြင်း ဖြစ်ပါသည် )

လူအတော်များများရေးပြီးသားအကြောင်းအရာတွေပါပဲ မေ့ချင်ယောင်ဆောင်နေသူတွေအတွက် ပြောချင်
တာလေးတွေထပ်ဖြည့်ကြည့်တာပါ။ စစ်တိုက်တယ်ဆိုတာသူရဲကောင်းဆန်ဆန်တိုက်ကြသလိုစိတ်ဓာတ်စစ်ဆင်ရေးအရအလိမ္မာသုံးတာမျိုးလဲ
ရှိတယ်ဆိုတာသဘောပေါက်ထားပါတယ် အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုတာလဲသဘောပေါက်ပါတယ်
..ဒါပေမယ့် လူနဲ့လောကမှာတော့ တရားတာနဲ့မတရားတာရှိတယ်လို့ဆိုချင်ပါတယ်။

ဝါဒဖြန့်မှုမရှိသင့်

ပြည်ပရန်သူလဲမဟုတ်ပဲ တိုင်းရင်းသာမျိုးနွယ်ချင်းကြားမှာဆိုဝါဒဖြန့်မှုဟာနှစ်ဖက်လုံးအတွက်မလိုအပ်ပါဘူး.
အထက်ကတာဝန်ပေးတဲ့အခါ စစ်ပွဲကိုရဲဝံ့ပြောင်မြောက်စွာတိုက်ပါ သူရဲကောင်းဆန်ဆန် သေပြတဲ့အခါ
ဘယ်ဘက်ကဖြစ်ဖြစ့် ဝမ်းနဲနေမှာအမှန်ပဲ ဒါပေမယ့် သူရဲကောင်းမဆန်တဲ့ဝါဒဖြန့်မှုမျိုးကိုတော့မလုပ်စေချင်ပါ
တစ်ယောက်ဗိုက်တစ်ယောက် ဓားနဲ့ထိုးလို့သေတာကတစ်သက်ပဲ သေတာ ဒါပေမယ့်ပါးစပ်နဲ့ဝါဒဖြန့်ခဲ့တာ
ကတော့မဆုံးနိုင်တဲ့အသက်ပေါင်းများစွာကိုသေစေတာ နောက်ထပ်စစ်ပွဲပေါင်းများစွာကိုဖန်တီးနေတာ
တအုံ့နွေးနွေးဒါဏ်ရာကို မကျက်အောင်လုပ်နေတာပါ။

လူဒါဏ်ရာထက် မတရားပြောခံရလို့ရတဲ့ဒါဏ်ရာက
ပိုပါတယ်လက်ဝှေ့သမား နှစ်ယောက် ကြိုးဝိုင်းထဲမှာထိုးတယ် ပွဲပီးသွားရင် တစ်ယောက်ပုခုံးတစ်ယောက်
ဖက်ကြတယ် ချစ်ချစ်ခင်ခင်ပဲ ခုနက အသေအကြေထိုးနေတာတွေမရှိတော့ဘူး ဒါပေမယ့် တချို့လက်ဝှေ
့သမားကတော့ ပြိုင်ဖက်ကိုဟုတ်တာတွေရော မဟုတ်တာတွေရော လျှောက်ပြောတယ် အဲဒိတော့
နာကျည်းချက်တွေနဲ့ဆော်ကုန်ကြတယ် ပွဲပီးသော်လည်း ရင်ထဲက အခဲကမကြေ ထစ်ခနဲရှိတာနဲ့
ထပ်ဆော်ချင်နေတာပဲ ထပ်မတွေ့လို့မဆော်ရလဲ တသက်လုံးအခဲမကြေတာမျိုး လက်ဝှေ့ပွဲတွေမှာမကြာမကြာတွေ့ရဖူးတယ် ဒါဟာပါးစပ်သေနတ်ရဲ့ ဒုက္ခပေးမှုတွေပါ။



ခုထိလုပ်ရိုးလုပ်စဉ်မဖျောက်

အခုအွန်လိုင်းပေါ်မှာပြောနေတဲ့ စကားတွေကိုလေ့လာကြည့်မိတော့ အခြေအနေကတော်တော်ကိုဆိုးနေပါပီ
အခုနောက်ဆုံး ကချင်(ဂျင်းဖော)နဲ့ တခြားကချင်မျိုးနွယ်စုတွေကိုပါ ရန်တိုက်ပေးတဲ့သဘောတွေတောင်တွေ့နေ
ရပါတယ် အပြင်မှာတော့ဂျင်းဖောနဲ့အတိတ်ရန်ငြိုးရှိခဲ့ဖူးတဲ့ ရဝမ်ကိုပြည်သူ့စစ်ဖွဲ့ပေးပြီး ရန်တိုက်ထားတာ
ကြာပါပီ မျိုးနွယ်စုချင်းရန်တိုက်တာ မျိုးကို KNUကို ဖြိုခွဲခဲ့စဉ်ကကြုံခဲ့ဖူးပါတယ် KNUရဲ့မာနယ်ပလောကို
ဆုံးရှုံးခဲ့ရတယ် အဲဒီအချိန်က ကေအိုင်အိုဟာ အမျိုးသားညီလာခံကိုတက်ပီး စစ်အစိုးရနဲ့တည့်နေတဲ့အချိန်ပေါ့
( ကေအိုင်အိုတက်တာကိုအပြစ်မပြောလိုပါဘူး ကောင်းမယ်ထင်လို့တက်တာသူ့အခွင့်အရေးပါပဲ)
အဲဒီအချိန်ကအစိုးရဟာ KIOကိုကချင်ကိုယ်စားပြုပါတယ် ဆိုပီးတက်ခိုင်းခဲ့တာမဟုတ်ဘူးလားအခုတော့
ညောင်နှစ်ပင်ကိုမယုံတော့တဲ့အတွက် ကိုယ်စားမပြုပါဘူးပြောနေပြန်ပါပီလေ။

အခု ကရင်ကိုယ်စားပြုပြီး
အစိုးရနဲ့ငြိမ်းချမ်းရေးစကားအဆင်ပြေနေတဲ့ KNUကိုကျတော့အဲဒီအချိန်ကကရင်ကိုကိုယ်စားမပြုပါဘူးလို
့ ပြောခဲ့ဖူးပါတယ် ဒါမျိုးတွေလုပ်သင့်ပါသလား  တိုင်းရင်သားစည်းလုံးညီညွှတ်ရေးတည်ဆောက်နေပါတယ်
ပြောပီး KNUအကြမ်းဖက်သောင်းကျန်းသူကဗုံးခွဲခဲ့လို့ဗုံးထောင်လို့ရွာမီးရှို့လို့ဆိုတာတွေကိုအဖြစ်မှန်တဝက်ကို
ဖုံးပီးပြောသင့်ပါသလား ရုပ်ရှင်တွေရိုက်ပီးမကောင်းတဲ့အခန်းကသရုပ်ဆောင်ခိုင်း သင့်ပါသလား ဒါတွေဟာ
မသိနားမလည်တဲ့လူငယ်တွေရဲ့စိတ်မှာ စွဲထင်ကျန်ရစ်နိုင်တယ်ဆိုတာမသိကြဘူးလား မယုံကြည်နိုင်မှုတွေ
တိုးပွားစေတယ်ဆိုတာကို နားမလည်ကြဘူးလား အဲလိုစိတ်ဓာတ်စစ်စင်ရေးလုပ်ပီးမှရလာတဲ့ အောင်ပွဲကို
ခုံမင်နေမှာလား မကျက်တော့တဲ့အနာတွေကိုထပ်ခါထပ်ခါဖြဲနေရင် ပြဲသွားပီးစေ့စပ်မရဖြစ်မယ်ဆိုတာ
မတွေးကြဘူးလား ကျနော်တို့ငယ်ငယ်လေးတုန်းကသတင်းစာတွေမှာထိန့်လန့်ဖွယ်ဖတ်ပီး
သူပုန်ကိုမုန်းခဲ့ဖူးတယ် တိုင်းပြည်ရဲ့အဖျက်အမှောင့်တွေလို့ထင်ခဲ့ဖူးတယ်။



ကျောက်စိမ်း နဲ့  ရွှေ ပလက်တီနမ် ပါထွက်တဲ့ ကချင်ရတနာသိုက်

ကချင်ပြည်နယ်အကြောင်းကိုအစကဒီလောက်စိတ်မဝင်စားခဲ့ပါဘူး ဟောင်းပါးနဲ့တာမခန်ကျောက်တွင်းတွေဖက်
နွေရာသီဆိုအမြဲရောက်ဖြစ်ခဲ့တယ်။
ကျောက်တွင်း နဲ့ရွှေတွင်းတွေမှာ အောက်ပြည်အောက်
ရွာကလူတွေနဲ့ အညာသားတွေ အများဆုံးလာတူးပါတယ် အလွန်စည်ကားတဲ့ တာမခန်မှာ ပြည့်တန်ဆာခန်း
လောင်းကစားဝိုင်း ဘိန်းခန်းတွေ နဲ့ နေတတ်သူတွေအတွက်တော့ ပျော်စရာကြီးပေါ့ တာမခန်ရဲ့ အီကြာကွေး
လမ်းကြား မှာ တရားဝင်အတိုင်းပဲ လက်ကိုတောင် ဆွဲခေါ်တဲ့အထိ ပြည့်တန်ဆာခန်းပေါပါတယ် အဲဒီဘိန်းခန်းတွေ
ပြည့်တာဆာခန်းတွေကိုပိုက်ဆံကောက်တာက စစ်တပ်၊ရဲ၊ဆရဖ၊မီးသတ်ပါပဲ(မီးသတ်ကအဲမှာတန်ခိုးအလွန်ထွားတယ်)
ကျောက်တွင်းတွေကိုကောက်တာလဲသူတို့ပါပဲ ခဏခဏကောက်ပါတယ်လတိုင်းပါပဲ(ကချင်ပြည်နယ်ကို လက်ဗလာနဲ့လာတဲ့စခန်မှုးတိုင်း အပြန်မှာကား၃စီးတိုက်လောက်နဲ့ပြန်ပါတယ်) အဖွဲ့တိုင်းကိုပေးရတာမျိုးပါ ဘာလို့ပေးရတာလဲဆိုတော့ခိုးကျင်းတွေမို့ပါ သူတို့ထက်ကြီးတဲ့စစ်အစိုးရထိပ်တန်းခေါင်တွေကတော့အဲလိုပေါက်စ
နတွေကိုမကောက်ပါဘူး တရုတ်ဖက်စက် ကုမ္ပဏီကြီးတွေနဲ့ ထူးကုမ္မဏီ တို့ဆီင်္ကအခွန်ရမယ်ထင်ပါတယ်။



ကုမ္ပဏီကြီးတော့ စက်ပိုကြီးပါတယ် ရာချီတဲ့ယန္တယားကြီးတွေနဲ့ မြေလှန်တူးပါတယ် လုပ်ကွက်ေ
တွ တနေရာပီးတနေရာချဲ့ရပါတယ် ဒါကတော့ကချင်ပြည်ရတနာသိုက်ကို ဝင်နှိုက်ကြပုံပါ လက်လုပ်လက်လက်စား
ကတော့ရိုးရိုးပဲတနိုင်တပိုင်လာတူးပီး ကုမ္ပဏီကြီးတွေက နင်းကန်တူးတယ် တောတောင်တွေကျတော့ယုဇနကခုတ်
ပါတယ် ယုဇနကုမ္ပဏီက တောရှင်းပီးကလောပင်တွေစိုက်လို့ တိရိစ္ဆာန်တွေပါ အိန္ဒိယထဲဝင်ပြေးရပါတယ် ကျားထိန်းသိမ်းရေးစခန်းမှာတောင်ကျားရှိသေးရဲ့လားမသိပါဘူး။



အဲဒီတော့အခုပြောနေတဲ့ ကချင်ပြည်နယ်ကို ကေအိုင်အို ကေအိုင်အေ ကဖျက်စီးနေပါတယ်ဆိုတာ ကျနော့်မှာ စဉ်းစားရအတော်ခက်နေတာပါ။
 မီးကြိုးတွေ ထိလို့ မလည်ပတ်နိုင်တော့တဲ့ မလိခ လျှပ်စစ်ဓာတ်အားပေးစက်ရုံကလဲကေအိုင်အိုဆောက်ထားတာပါ။
ကေအိုင်အို က ကချင်တွေပါ အိမ်တိုင်းအိမ်တိုင်း တစ်ယောက်ဝင်ရပါတယ် ဂုဏ်ယူကြတာတွေ့ရပါတယ်။ အဲဒါကြောင့် အရပ်သားနဲ့ရောနေပါတယ် ပုံမှန်အချိန်ဆိုအရပ်ဝတ်နဲ့ပဲနေပါတယ်။ အဲဒါကြောင့် ဘယ်ကျောက်တွင်းမှာ
ဘယ်ကျောက်အောင်တာကအစ သူတို့သိပါတယ်။ သိန်း ၅၀၀ကနေထောင်ချီတဲ့ကျောက်တွေဆို သူတို့ရန်ပုံငွေ
တောင်းပါတယ် ပေးတဲ့လူကလဲ ကျေကျေနပ်နပ်ပဲပေးပါတယ်။ ဘာလို့လဲဆိုတော့ တူးတာကတခြားနယ်သားအများစုဆိုတော့ သူတို့ပြည်နယ်တက်တူးတာဒိလောက်ရတယ်ဒီလာက်ပေးရတန်တယ်ဆိုပီးကျေးဇူးတောင်တင်ပါသေးတယ်။ ကျန်တဲ့လစဉ်
ပိုက်ဆံလာမကောက်ကြပါဘူး။ တောင်းတယ်ဆိုတာသူတို့လိုအပ်တဲ့အချိန်လေးလောက်ပါပဲစစ်တပ်နဲ့ကျန်တဲ့အဖွဲ့တွေကခဏ
ချင်းလာတောင်းနေတာမို့အလွန်စိတ်ညစ်ကြရပါတယ်။ ဝေါ်ကီတော်ကီဝယ်ချင်လို့ ယူနီဖောင်းမရှိလို့ လူကြီးလမ်းကြောင်း
ကျွေးမွေးဖို့အဲလိုအကြောင်းအမျိုးမျိုးပြတောင်းတာပါ။ ဒီလိုအစိုးရအုပ်ချုပ်ရေးအဖွဲ့ကလူတွေလိုက်တောင်းတာဟာ သူတို့အပြစ်လဲ
မဆိုသာပါဘူးဘာလို့လဲဆိုတော့ သူမသာကိုယ်မနာမို့ပါပဲ သူတို့မှာလဲလစာမလောက်တာမို့တောင်းတယ်လို့ပဲနားလည်ထား
ပါတယ် အကုန်တိတိကျကျလုပ်ကုန်ရင်ဘယ်သူမှလဲလုပ်စားလို့ရမှာမဟုတ်တော့တဲ့အတွက်စိတ်ညစ်ပေမယ့်
ပေးပျော်ပါတယ်။ဖားကန့်ဘက်မှာလည်းအကုန်ရတာပါပဲ မူးယစ်ဆေးဝါးနဲ့လောင်းကစားဝိုင်းပေါချက်များတရားမဝင်
ဆိုတာကိုမေ့ထားလို့ရတဲ့နေရာတွေပါတွင်းထွက်ပစ္စည်းကြွယ်ဝပီးမွဲနေပေမယ့်အစိုးရကိုကောင်း ကောင်းလုပ်ကြွေးနေဆဲပါ။

ရထားလမ်းမိုင်းခွဲတယ်ပြောပီးပြည်သူနဲ့ရန်တိုက်နေသူများ

တံတားဖောက်မိုင်းခွဲတာတွေ လုပ်တယ် ဆိုတာတော့ မှန်ပါလိမ့်မယ် ဒါပေမယ့် ရန်သူရဲ့လမ်းကြောင်းကိုဖြတ်တောက်ဖို
့ခွဲရတယ်ဆိုတာနားလည်ပေးသင့်ပါတယ်။ အဲဒီ ရထားလမ်းခွဲတာအကြောင်းပြပီး ပြည်သူနဲ့ရန်တိုက်တဲ့အလုပ်ကိုဆက်
မလုပ်ကြပါနဲ့လို့ပြောချင်ပါတယ် ရထားလမ်းဖောက်တာ ၂၀၁၀ ကနေအခုထိအကြိမ် ၇၀ ရှိပါတယ်။  ပြည်သူတစ်ယောက်မှ
မသေခဲ့ပါဘူးပီးတော့ ဒီရထားလမ်းဖောက်မှုတွေအကုန် ကေအိုင်အေလုပ်တယ်လို့တော့တရားသေသတ်မှတ်လို့လဲမရပါဘူး။ ရန်တိုက်ပေးချင်တာမျိုးလဲရှိတတ်ပါတယ်သာမာန်ပြည်သူတွေဟာ့စစ်ဗျူဟာတွေလဲနားမလည်ပါဘူး ရထားလမ်းကို
ရထားလမ်းလို့ပဲမြင်တဲ့လူတွေပါ မကစားကြပါနဲ့ အကုန်အမြင်တွေလွဲကုန်ရင် သမိုင်းကပေးဆပ်ရမယ့်တန်ကြေးကြီးပါတယ်။

မှတ်ချက်-အနောက်နိုင်ငံများကပင်ဗမာပြည်မှာ ဒိလောက်တော်တဲ့စစ်ဗိုလ်ချုပ်ရှိတာသူတို့မသိရပါလားဟု အံ့သြချီးမွမ်း
ရသော တစ်ချိန်ကဗမာတပ်မတော်ရဲ့ စစ်ပါရဂူဗိုလ်မှုးချုပ်ကျော်ဇောဦးစီးတဲ့အစိုးရတပ်နဲ့ကေအင်ဒီအိုရဲ့တိုက်ပွဲအခြေအနေကို
သူကိုယ်တိုင်ရေးထားတာဖတ်ရှုကြည့်ပါ (ထိုရန်သူကိုရန်ကုန်မြို့ကြိးမှနေ၍ ခုခံတိုက်ခိုက်ရန် အလွန်ခက်ခဲတော့မည်ကို
သိမြင်၍ ဖြစ်ပါသည် သို့သော်ကျနော်ဘာမှမတတ်နိုင်ပါ ခင်ဗျာတို့ပဲခူးကဆုတ်ခွာရင် ပဲခူးမြို့အစပ်ရှိ ပဲခူးမြစ်ပေါ်က
ပဲခူး-ရန်ကုန် ကားလမ်းတံတားနဲ့ ရထားလမ်းတံတားတို့ကိုတော့မုချချိုးပီးဖျက်ဆီးပါ ဟုမှာကြားရပါတော့သည်)

 စစ်သတင်းပေးတွေ သူလျိုဒလန်တွေကိုတော့ သတ်ရင်သတ်ပါလိမ့်မယ် အဲမှာ ကျောက်တွင်းရွှေတွင်းလာ
တူးနေတဲ့သာမန်လူတွေတော့အေးဆေးတူးလို့ရပါတယ် မြန်မာပြည်ရဲ့အခြားနေရာတွေကို ကျူးကျော်တာမျိုးမတွေ့ပါဘူး။
ကေအိုင်အေဗိုလ်ချုပ်တွေရှေ့တန်းထွက်မတိုက်ဖူး ဆိုရင်အခုအစိုးရစစ်ဗိုလ်ချုပ်တွေရောအခုရှေ့တန်းထွက်တိုက်လို့လား
မေးချင်ပါတယ်သူ့နေရာနဲ့သူ့ဆိုတဲ့သဘောတရားကိုနားလည်ရင် သဘောပေါက်မှာပါ ကဲထားပါတော့ ဒါတွေဟာ စစ်တပ်နဲ့အစိုးရကိုအကြည်ညိုပျက်အောင် လုပ်နေတယ်ထားပါတော့ အေအိုင်အိုဖက်ကချည်းလိုက်ပြောတယ်ထင်နေမယ်။

ကချင်တမျိုးသားလုံးကိုစော်ကားခဲ့တာ ဘယ်သူလဲ

ကချင်လူမျိုးတရပ်လုံးနဲ့သက်ဆိုင်တာလေး တစ်ချက်လောက်ပြောပြချင်ပါတယ်၊ မနောကွင်းမနောတိုင်ဆိုတာ ကချင်လူမျိုးတို့ရိုးရာပါ မနောကွင်းဆိုတာ  ဘိုးဘေးစဉ်ဆက်  မနောပွဲကျင်းပဖို့လုပ်ထားတဲ့နေရာပါ မနောတိုင်ဟာ မနောပွဲပီးပီးချင်းလဲမဖျက်ကောင်းပါဘူး ဖျက်စီးသူကိုကချင်တမျိုးသားလုံးရဲ့ရန်သူအဖြစ်မှတ်ယူလေ့ရှိပါတယ် အဲလောက်အလေးထားခဲ့တာပါ အင်္ဂလိပ်အစိုးရ ဂျပန်အစိုးရ မဆလအစိုးရကတောင်လက်ဖျားနဲ့မထိခဲ့ပါဘူး
အခုတော့ ၂၀၀၉ နိုဝင်ဘာလ ကချင်ရိုးရာကောက်သစ်စားပွဲနဲ့ မနေပွဲမှာ မနောကွင်းကိုမြေလှန်ဖျက်စီးပီးမနောတိုင်တွေကိုပါဖျက်ဆီးပစ်ခဲ့ပါတယ်။ ဘယ်လောက်နာကျင်စရာကောင်းမလဲ အနာပေါ်အနာထပ်ဆင့်လိုက်တာမျိုးပေါ့ မဆလ ကတောင်မထိခဲ့တဲ့ အဲဒီတသက်လုံးလုပ်လာတဲ့မနောကွင်းဟာ
စစ်အစိုးရလက်ထက်ရောက်မှာသိမ်းယူရောင်းစားခြင်းကိုခံလိုက်ရပါတော့တယ် မနောပွဲတိုင်းကိုလဲ အစိုးရစစ်ဗိုလ်ချုပ်တွေက
သာဦးဆောင်ကျင်းပပီးဖွင့်လှစ်ပေးခဲ့တာ ဘယ်လောက်ရင်နာကျမလဲ တသက်လုံးလုပ်လာတဲ့ကိုယ့်ရိုးရာ
တာင်ကိုယ့်ဘာသာလုပ်ပိုင်ခွင့်မရှိတဲ့ဘဝမျိုးပေါ့အခုအစိုးရသစ်တက်လာတော့ရောဘာထူးသေးလဲ အခုနောက်ဆုံးလုပ်သွားတဲ့
မနေပွဲမှာလဲ ပွဲပီးပီးချင်းဖျက်ဖို့အမိန့်ပေးခဲ့ကြပြန်တာပဲမဟုတ်လား။



ဒါတွေကိုကြည့်ချင်းအားဖြင့် ပြည်မကလူတွေမသိတဲ့ ဒုက္ခသုက္ခမျိုးစုံဟာ ကချင်ပြည်နဲ့ ဝေးလံခေါင်သီတဲ့အရပ်တွေမှာ
နေ့စဉ်ဖြစ်ပွားနေတယ်ဆိုတာခန့်မှန်းကြည့်ကြပါ ကချင်တွေမက ဗမာတွေလဲ ခံရပါတယ်ကွာ ဆိုရင် ဟုတ်ပါတယ်
အကုန်ခံရတာပါ လူသိများတဲ့နေရာကလူတွေတောင်ဒီလောက်ခံရရင် လူသိနည်းတဲ့ သတင်းလက်လှမ်းမမှီတဲ့နေရာ
လူတွေ ဘယ်လောက်ခံရမလဲဆိုတာ တွက်သာကြည့်ကြပါတော့ နောက်ထပ်ကျန်ပါသေးတယ် ဘုရားကျောင်း
ဆောက်ခွင့်မပြုတာ ဘုရားရှိခိုးခွင့်ပိတ်ပင်တာ လက်ဝါးကပ်တိုင်ဖြိုတာတွေထည့်မပြောသေးပါဘူး မဟုတ်တာပြောတယ်
ဖြစ်မှာဆိုးလို့ကချင်တွေကိုသာမေးကြည့်ကြပါတော့ အဲလိုခံရတာ အနာတွေကိုပြန်တူးပီးအသစ်လုပ်နေတာမဟုတ်ဘူးနော်
အစိုးရက ကချင်အများစုဟာ သူတို့ကိုထောက်ခံကြောင်း ပြောနေလို့ ပြောပြတာပါ  အစိုးရဆီဝင်လာတဲ့
ကေအိုင်အေ စစ်သား ၁၀ယောက်ကိုပြပီး ဝါဒဖြန့်ကြသေးတယ် ဒါဟာလဲ သူတို့ လက်နက်ချတာ စစ်ကိုရွံ့မုန်းလို့ပါ အစိုးရကိုထောက်ခံလို့ဝင်တာပါဆိုရင် အစိုးရစစ်တပ်ထဲထည့်ပီး တိုက်ခိုင်းကြည့်ပါလား ဝငိပါ့မလား။

ဒီလိုလုပ်တဲ့အစိုးရတပ်ကို ထောက်ခံရအောင်ကချင်တွေက ရူးနေတာမှမဟုတ်တာလို့ပဲ ပြောချင်ပါတယ်
ကိုယ့်ခြံထဲလဲလာတယ် ကိုယ့်ခြံက အပင်ကိုခုတ်တယ် အဖိုးတန်ပစ္စည်းကိုယူတယ်  ကိုယ်ကိုးကွယ်ယုံကြည်မှုတွေကိုလဲ
ဖျက်စီးတယ် ကိုယ့်ကို ပါးရိုက်ပီးပိုက်ဆံတောင်းတယ် ရတဲ့ပိုက်ဆံနဲ့ ကိုယ့်ကိုနှပ်စက်ဖို့လက်နက်ဝယ်တယ် အဲလိုလူကို
ထောက်ခံနေပါတယ်ဆိုတော့ အလုပ်ခံရသူက ဘယ်လောက်တောင်ခံပြင်းလိမ့်မလဲ အစိုးရတွေးကြည့်သင့်ပါတယ် တခြားနေရာတွေမှာသာ ဝါဒဖြန့်လို့ရရင်ရမယ် အကြောင်းသိနေတဲ့ကချင်ပြည်နယ်မှာတော့ သွားလုပ်လို့မရပါဘူး။



ပြီးခဲ့တဲ့နှစ်က ဦးဘရန်ရှောင်အမှုကိုပဲကြည့်ပါ သူပုန်ဆိုပီးဒုက္ခသည်စခန်းကနေဖမ်းခေါ်သွားတယ်(ဘယ်လက်နက်ကိုင်အဖွဲ
့ကမှမဟုတ်တာကိုသူ့ရဲ့ပတ်ဝန်းကျင်အကုန်သိပါတယ် )စစ်တပ်ကရိုက်တယ် ရဲကလဲထုတယ် မီးစနဲ့ထိုးတယ်
တရားရုံးရောက်တော့ ဒါဏ်ရာတွေဗရပွနဲ့ သားသည်မအေဖြစ်တဲ့ သူ့မိန်းမမှာ မခံစားနိုင်လို့မေ့မျောတဲ့အထိပါပဲ
ဘေးကလူတွေရဲ့အသည်းကိုလဲအပ်နဲ့ဆွသလိုခံစားရတယ်။ ဒိထက်ဆိုးတာက ဒါဏ်ရာတွေ့လို့ ဘာကြောင့်ရတဲ့ဒါဏ်ရာလဲ မေးတော့ဆိုင်ကယ်မှောက်လို့ပါလို့ တုန်တုန်ရီရီနဲ့ဖြေရှာတယ် မသင်္ကာလို့
တရားသူကြီးကအင်္ကျီချွတ်ပီးစစ်တော့ တကိုယ်လုံးမှာအညိုမည်းစွဲနေတဲ့ဒါဏ်ရာတွေနဲ့တိပ်နဲ့ကပ်ထားတယ်အသံဖမ်း
စက်လေးတစ်လုံးကိုကိုယ်မှာရှာတွေ့တယ်။
ကဲဒါမျိုးတွေရောလုပ်သင့်ပါသလား ထားပါတော့မင်းတို့ပဲမှန်တယ် ထားပါတော့ အကုန်ထပ်ပေးတယ် အမှန်တရားကြီးကို
မင်းတို့ပဲမောင်ပိုင်စီးထားလိုက်ပါအုံ့း  အစိုးရတပ်တွေကိုကချင်တွေကထောက်ခံပါတယ်ထပ်ပြောလိုက်ပါအုံး။

လက်တလောအခြေအနေရဲ့လတ်တလောအကြောင်းရင်း

ပကတိအခြေအနေကိုပြောပါမယ် လက်ရှိတိုက်ပွဲတွေရဲ့အစက ၂၀၀၈အခြေခံဥပဒေပါ အဲဒီဥပဒေအရ လက်နက်ကိုင်အဖွဲ
့တွေအကုန်စစ်တပ်လက်အောက်သွင်းပီး လူလျှော့ကာနယ်ခြားစောင့်တပ်လုပ်ခိုင်းပါတယ် ငြင်းပယ်တဲ့အဖွဲ့ကိုပက်ပက်
စက်စက်နှိပ်ကွပ်ပါတယ် အထူးဒေသ (၄)ကမိုင်းလားအဖွဲ့ကိုကြည့်ပါ အဖွဲ့ကြီးတဲ့ ဝကိုကျတော့သူတို့လိုချင်တာမရှိတဲ့
အပြင်အားကတောင့် တိုက်ဖို့ခက်တာသိတော့ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးလိုက်ပါတယ် အခု ဒီကေဘီအေက အစပိုင်းပဲလက်ခံပီးနောက်ပိုင်း အလိမ်ခံရပီဆိုပီး နယ်ခြားစောင့်တပ်မလုပ်ပဲ ပြန်တိုက်လို့ အသာထိန်းထားရပြန်ပါတယ် အလားတူပဲ မွန်ပြည်သစ်နဲ့ KNUတော့ ဆက်မထိတော့ပါဘူး စစ်မျက်နှာသုံလေးဘက် ဖွင့်နေရင် တိုက်ပွဲအောင်မြင်အောင်
ဖော်ဆောင်ဖို့လဲမလွယ် အသွင်ကူးပြောင်းရေးကာလလို့ ကမ္ဘာကိုပြောမရမှာ ကြောက်ပုံရပါတယ် အဲဒါကြောင့် အခုတိုက်နေတဲ့ကေအိုင်အေ ကိုလဲ တိုက်တယ်လို့ ဗြောင်မပြောရဲပါဘူး လျှပ်စစ်ဓာတ်အားပေးတိုင်ကို ကာကွယ်တာပါလို့ပြောပါတယ်။

ကျနော့်အမြင်ပြောရရင်တော့ ကေအိုင်အိုက အလိမ်ခံခဲ့ရတာပါ ငြိမ်းချမ်းရေးကာလမှာ အစိုးရကကချင်ပြည်နယ်ထဲစစ်တေပ်တွေတိုးချဲ့ဆောက်ပါတယ် အေအိုင်အိုတပ်ရင်းတွေအနီးမှာကိုဆောက်ပါတယ်
အခြေခံဥပဒေပီးတော့မှ ဝက်အူကိုတဆင့်ထပ်ရစ်လိုက်တာပါ အစိုးရက လိုင်ဇာကိုမသိမ်းဘူး
ပြောတယ် လိုင်ဇာပတ်ဝန်းကျင်ကိုတော့ပတ်ဝိုင်းပါတယ်။ စစ်လက်နက်တွေ စစ်သားတွေအလုံးအရင်းပို့လို့ရထားလမ်း
မိုင်းခွဲတော့ဝါဒဖြန့်ဖို့အကွက်ရပြန်ပါတယ်။တိုက်ပွဲတွေမလိုချင်ဘူးဆိုရင် ငြိမ်းချမ်းရေးကာလထဲကဘာလို့စစ်တပ်တွေ
ကိုမဆုတ်ခွာခဲ့တာလဲနိုင်ငံရေးအရ ညီကိုချင်းဆွေးနွေးချင်တယ်ဆို စစ်တပ်ဆုတ်ခွာချိန်အများကြီးရခဲ့ပီးသားပါ
(၁၉၉၄ကနေ ၂၀၁၁ အထိဘာလုပ်နေလဲ) အခုသူတို့ကမဆုတ်ပဲ ကေအိုင်ကေက ဆုတ်ပေးရမယ်ဆိုတော့ မထူးဘူး
တရုတ်ပြည်ထဲသွားနေဖို့သာကျန်ပါတော့တယ်။

အခုဖြစ်တဲ့စစ်က မြန်မာပြည်မကိုအေအိုင်အေကလာ
ကျူးကျော်တာမဟုတ်ပါဘူး သူ့ဘာသူလာတိုက်နေတာပါ သူတို့လာမတိုက်ရင် ဒီဓာတ်အားပေးတိုင်ကြီးကို
ကေအိုင်ကေက ဘာလုပ်ရမလဲ ဗုံးခွဲချင်ရင် ခွဲတာကြာပီပေါ့။ ..ဓာတ်အားပေးတိုင် ဖွင့်တဲ့အချိန်က ဦးသိန်းစိန်ကိုယ်တိုင်
လာဖွင့်သွားတာ အေအိုင်အေက ဘာလုပ်ခဲ့လို့လဲ အေးအေးချမ်းချမ်းမို့လာလို့ရတာမဟုတ်ဘူးလား
တော်ကီနဲ့ချုပ်တာမျိုးဟာအလုပ်မဖြစ်တော့ပါဘူး အခုနှစ်ဖက်လုံးပြောနေတာက စစ်ပွဲကိုရပ်ချင်ပီး နိုင်ငံရေးအရ
ဆွေးနွေးဖို့ပဲ လိုလားတယ် ဒါပေမယ့် မယုံသင်္ကာဖြစ်နေတာ့ တိုက်ပွဲတွေက ဆက်ဖြစ်နေတယ် လို့ဆိုပါတယ်
မြင်မိတာကတော့ဆွေးနွေးပွဲတွေမှာ BGF လုပ်ဖို့ပဲဆက်ပြောနေရင် ဆွေးနွေးပွဲအောင်မြင်မယ်မထင်ပါဘူး။

ဒီလိုလုပ်ရမလိုဖြစ်နေပီ

ကျနော့်အစိတ်ကူးပြောရရင်တော့  စစ်ပွဲပီးဆုံးကြောင့်းကြေငြာချက်ကို သတင်းစာ ရေဒီယို ရုပ်မြင်သံကြားတွေ
ကနေအေအိုင်အေ ဗိုလ်ချုပ်တစ်ယောက် အစိုးရဗိုလ်ချုပ်တစ်ယောက်ပူးတွဲပီးတရားဝင်ကြေငြာသင့်ပါတယ်
တိုက်ပွဲပီးပီ ရပ်လိုက်ကြတော့ တပ်တွေလဲမဆုတ်ကြနဲ့ (ဆုတ်ရင် ဆုတ်ကာကာပစ်နေရဦးမယ်လေ အဲတော့ရောက်တဲ့နေရာမှာ ငြိမ်ငြိမ်လေးထိုင်နေကြပါ)  မင်းတို့ဆီငါတို့လာခဲ့မယ် တို့လာခေါ်မှထွက်ကြ ဆိုပီးတိုင်းရင်းသားအရေးကြားဝင်ပေးဖို့တောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရယ် မကြာခင်ကအေအိုင်အေစခန်းတွေ
ကိုရောက်ခဲ့တဲ့ ဦးမင်းကိုနိုင်တို့ရယ် ကေအိုင်အေ ဗိုလ်ချုပ်တွေရယ် အခုငြိမ်းချမ်းရေးအဆင်ပြေနေတဲ့ KNU
ခေါင်းဆောင်တွေ ဒီကေဘီအေ ခေါင်းဆောင်တွေ ရှမ်းခေါင်းဆောင်တွေ အစိုးရဖက်က ဥိးအောင်မင်းတို့ နဲ့ စစ်ဗိုလ်ချုပ်တွေပါဝင်တဲ့ ငြိမ်းချမ်းရေး မစ်ရှင်အဖွဲ့ဖွဲ့ပီး ရှေ့တန်းတပ်စခန်းတွေရှိရာကိုသွားပီးဖျောင်းဖြကြပါ ဘာလို့လဲဆိုတော့အခုဟာက ဗိုလ်ချုပ်တွေကမတိုက်ချင်တော့ဘူး ငယ်သားတွေကတိုက်ချင်သေးလို့တိုက်နေရတဲ့ ပုံစံပြောနေလို့ပါ) ပီးရင် နှစ်ဖက်တပ်က လူတွေကိုချစ်ကြည်ရင်းနှီးအောင် တဖက်နဲ့တဖက်ဆယ်ယောက်တဖွဲ့
ခေါ်ခေါ်တွေ့ပီးမျက်နှာပြခိုင်းကြ မိတ်ဆက်ကြပါ ဘောလုံးအသင်းခွဲပီး အစိုးရစစ်တပ်ထဲကလူနဲ့ကေအိုင်အေ အဖွဲ့ကလူ ရောထွေးပီး ဘောလုံးတစ်သင်းစီလုပ်ပီးကန်ခိုင်းပါ  တစ်သင်းထဲမှာနှစ်ဖက်လုံးပါပါစေ တဖက်စီထားရင်ထချကြဦးမယ်)အဲဒီအစီစဉ်မကောင်းဘူးလားဗျာ ငြိမ်းချမ်းရေးအဖွဲ့လဲလူစုံ
တက်စုံဖြစ် တာပေါ့ ဒေါ်စုကလဲ အစိုးရမီးစိမ်းပြဖို့လိုတယ်ပြောထားတာပဲ အခြားတိုင်းရင်းသားတွေ
ကလဲဝင်ကူမှာပါပဲ တကယ်လုပ်ချင်ရင် ဘာများခက်တာရှိပါသလဲဗျာ။



သမိုင်းကြောင်းနဲ့ကိုယ်မြေကိုယ်စိုးပိုင်ခဲ့တာ

မြန်မာပြည်တိုင်းရင်းသားတွေအကုန်လုံးဟာ တိဘက်မြန်မာနွယ်ဝင်တွေ မွန်ဂိုလွိုက်တွေလို့ သမိုင်းကဆိုပါတယ်
မြန်မာလိုပဲ ကျန်တဲ့ ယိုးဒယား ကမ်ပူးချားတို့ဟာလဲ ဒီအနွယ်တွေထဲမှာပါတယ်လို့ဆိုပါတယ်။ အခုမြန်မာပြည်လို့ခေါ်ဆိုနေတဲ့နေရာမှာ အခုမြန်မာတိုင်းရင်းသားများလို့ ခေါ်ဆိုနေတဲ့သူတွေဟာ နှစ်ပေါင်းရာထောင်ချီသမိုင်းတွေနဲ့ သူ့နေရာနဲ့သူ တကွဲတပြားနေထိုင်ခဲ့ကြတာကိုလေ့လာသိရှိရပါတယ်။ သူ့လူမျိုးကိုသူ သူ့ဒေသအသီးသီးအုပ်ချုပ်နေထိုင်ခဲ့ပါတယ် သပ်သပ်စီပါပဲ သမီးပေးသမက်ယူ ပဏ္ဏာဆက် တည့်တဲ့အခါတည့်
မတည့်တဲ့အခါချ အရင်ခေတ်နိုင်ငံရေးဆိုတာ ခေါင်းဆောင်တွေရဲ့သဘောထားအပေါ်မှီနေရပီးတိုင်းရင်းသားစည်းလုံး
ညီညွှတ်ရေးဆိုတာစကားအဖြစ်တောင်မရှိပါဘူး သက်သပ်ဆီနေလာခဲ့ကြတာပါ ဘယ်တုန်းကမှ ပြည်ထောင်စုမဖြစ်ခဲ့ပါဘူး။
အခု ပြောနေကြတဲ့ပထမဒုတိယ မြန်မာနိုင်ငံတော်ကြီးတွေဆိုတာ ပြည်ထောင်စုစိတ်ဓာတ်နဲ့တည်ဆောက်ထားတာ
မဟုတ်ပါဘူး လက်နက်အားကိုးသိမ်းပိုက်ထားလို့သာခံနေရတဲ့သဘောပါ အဲဒါကြောင့် အမြဲပြိုကွဲခဲ့တာလဲသမိုင်းက
သက်သေပါပဲ ဗြိတိသျှတွေဟာ သူတို့ရဲ့နေမဝင်အင်ပါယာကြီးကို တမ်းတကောင်းတမ်းတမယ် ရွှေရောင်ခေတ်ကြီးလို့
ဆိုချင်ဆိုမယ် ဒါပေမယ့် ကိုလိုနီပြုခဲ့ရတဲ့ နိုင်ငံလေးတွေအတွက်အတော့နေမဝင်အင်ပါယာကြီးဟာ မိစ္ဆာကြီးပါ။

ဆန်မရှိစောက်စားကြီးဆိုချင်ဆို ကိုယ့်နေရာကို ကိုယ့်လူမျိုးပဲအုပ်ချုပ်ချင်တယ် ဆိုတဲ့ဗိုလ်ချုပ်ရဲ့တော်လှန်ရေးအမြင်နဲ့
လက်ရှိအစိုးရဝန်ကြီးစကားကွာခြားချက်

အခု စစ်တက္ကသိုလ်တွေမှာ အဲဒိရှေးစစ်ဘုရင်တွေရဲ့ရုပ်ထုကြီးတွေကိုတခမ်းတနား ထုလုပ်ထားတာဟာ စစ်အစိုးရရဲ့
ပြည်ထောင်စုစိတ်ဓာတ်ကိုနားမလည်မှုပါပဲ ဘယ်လောက်ထိနားမလည်နိုင်ဘူးဖြစ်နေလဲဆိုရင် ဝန်ကြီးဦးအောင်မင်း အင်တာဗျူးမှာပြောသွားတယ် "တိုင်းရင်းသားတွေလက်နက်ကိုင်တာ စီးပွားရေးအဆင်
မပြေလို့ပါ တဲ့"  ကဲ ရှင်းရောဝန်ကြီးတစ်ယောက်ကကိုအဲလိုနားလည်ထားတာဆိုတော့ ပွဲကိုသိမ်းရောပေါ့  အင်္ဂလိပ်က
အမျိုးမတူလို့ အုပ်ချုပ်တာလက်မခံနိုင်ရင် အနီးလေးမှာရှိတဲ့မျိုးနွယ်တူ တိဘက်တို့ ယိုးဒယားတို့က ငါတို့စေတနာနဲ့ အုပ်ချုပ်ပေးမယ်ဆိုရင်ကော မြန်မာပြည်သူတွေလက်ခံနိုင်ကြပါ့မလား မခံနိုင်ဘူးဆိုရင်တော့ ဆက်ပြောရပါဥိးမယ်။



နာမည်ကြီးပင်လုံအကြောင်းပေါ့ လူသိများပေမယ့် မပါမဖြစ်ဖို့ထပ်ကိုးကားပါရစေပြည်ထောင်စုစိတ်ဓာတ်နဲ့ပြည်ထောင်စု
အကြောင်းပြောရင်ပင်လုံဟာစစ်မှန်တဲ့ပြည်ထောင်စုစိတ်ဓာတ်ကို မွေးဖွားသန့်စင်ခြင်းနဲ့အတူမြန်မာ့လွတ်လပ်ရေးကို
တပြည်ထောင်လုံးစုပီးရယူပေးခဲ့တဲ့အကြောင်းအရာဖြစ်နေလို့ပါပဲ။ လွပ်လပ်ရေးမတိုင်မီက
မြန်မာပြည်လို့သူတို့သတ်မှတ်ထားတဲ့နေရာကို သူတို့ကိုလိုနီယန္တယားကြီး ရေရှည်လည်ပတ်နိုင်အောင်ထပ်မံသပ်သလျိုပီး
ဘုရင်ခံ အုပ်ချုပ်သော နယ်မြေ ဘုရင်တိုက်ရိုက် အုပ်ချုပ်သောနယ်မြေ ၊ ကိုယ်ပိုင် အုပ်ချုပ်ရေးရနယ် မြေ တွေအဖြစ်
သတ်မှတ် အုပ်ချုပ်ခဲ့တယ်လို့သိရပါတယ် အင်္ဂလိပ်ကိုတော်လှန်ခဲ့တာလဲ နေရာအသီးသီးပေါ့ တစုတစည်းထဲမရှိခဲ့ပါဘူး။
သူလဲသူ့နေရာက အဂ်လိပ်ကိုတော်လှန်ကိုယ်လဲကိုယ့်နေရာက အင်္ဂလိပ်ကိုတော်လှန် ကယားပြည်နယ်ကတော့
အင်္ဂလိပ် မြန်မာ စစ်ပွဲအတွင်းက စာချုပ်အတိုင်း သီးခြားလွပ်လပ်သောနယ်အဖြစ်နေခွင့်ရခဲ့ပါတယ်။



တောင်တန်းပြည်မပူးပေါင်းဖို့ အခက်ခဲတွေကြားက ကြိုးစားခဲ့ရ

လွတ်လပ်ရေးရယူမယ်ဆိုတော့လည်း ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ဖဆပလဟာ တောင်းတန်းဒေသတွေကိုချန်လှပ်ပီး ဗမာပြည်လွတ်လပ်ရေးပေးမည်ဆိုတာကို ကန့်ကွက်သော်လည်း တောင်တန်းဒေသမပါပဲလဲ ယူတန်ယူရမှာဟု ဆိုတဲ့အတွက် တိုင်းရင်းသားများက တန်းတူညီမျှရေး ကိုယ်ပိုင်အုပ်ချုပ်ရေး နှင့် ခွဲထွက်ခွင့်ကိုအာမခံပါကအတူတကွလွတ်လပ်ချင်ပါတယ်
လို့တာင်းဆိုသောကြောင့်သာ ပင်လုံညီလာခေါ်ဖြစ်ပေါ်လာပီး ပြည်ထောင်စု တည်ထောင်လိုစိတ်များ မွေးဖွားလာတာလို့
လေ့လာသိရှိရပါတယ်။ ဘုံရန်သူဂျပန်ကိုတော်လှန်စဉ်ကရခဲ့သော ညီညွှတ်မှုကို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီးများက ထပ်မံ၍လက်တွေ့အကော်ထည်ဖော်လိုက်ခြင်းဟုယူဆမိပါတယ်။



ဗိုလ်ချုပ်ရဲ့ရိုးသားပွင့်လင်းမှု များဟာ တိုင်းရင်းသားခေါင်ဆောင်တွေရဲ့မယုံသင်္ကာမှုတွေကို လွင့်စင်စေခဲ့ပါတယ်။



ဗိုလ်ချုပ်ပြောစကားများကို ပြန်လေ့လာကြည့်တဲ့အခါ ခွဲထွက်ခွင့်သည် တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးဖြစ် မခွဲထွက်ချင်အောင် လူများစုဗမာများကလုပ်ပြရမည်ဟုဆိုသည် တဖန်ကချင်ပြည်နယ်သို့ ဗိုလ်ချုပ်ရောက်သောအခါတွင်လည်း သီးခြားကချင်နိုင်ငံတော့မထူထောင်ပါနဲ့ အကယ်၍နောင်တချိန်တွင် ကချင်လူမျိုးစုများအပေါ် နှိပ်စက်ကလူပြုပါက ဒူဝါးကြီးတို့နှင့်အတူ ကချင်နိုင်ငံထူထောင်ရေးမှာ
တက်တက်ကြွကြွပါဝင်ပါမည်ဟု ကတိပေးခဲ့ဖူးတာကိုတွေ့ရပါတယ်။



ဗိုလ်ချုပ်ရဲ့ပင်လုံကတိကဝတ်များနဲ့တိုင်းပြုပြည်ပြုလွှတ်တော်မှာဗိုလ်ချုပ်ကိုယ်တိုင်တင်သွင်းပီး တိုင်းရင်းသားကိုယ်စားလှယ်တော်များထောက်ခံခဲ့တဲ့ အဆိုတွေကို လေ့လာကြည့်ကြပါကုန်။ ဒါပေမယ့်ဗိုလ်ချုပ်တို
့ခေါင်းဆောင်တွေကျဆုံးသွားခြင်းနဲ့အတူတိုင်းရင်းသားစည်းလုံးညီညွှတ်ရေးဟာယိမ်းယိုင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ချပေးတဲ့
အခြေခံဥပဒေရေးဆွဲရန်မူများကိုလဲပစ်ပယ်လိုက်ကြပါတယ် တိုင်းရင်းသားခေါင်းဆောင်များကတော့ဗိုလ်ချုပ်တို့
့လောလောလတ်လတ်ကျဆုံးထားခြင်း ဥပဒေစကားများထက်  စိတ်ဓာတ်ကိုကိုယုံမိခဲ့ခြင်း လွတ်လပ်ရေးအမြန်ရယူရန် အခြေခံဥပဒေတစ်ခုရှိရမည်ဆိုတဲ့အတွက် သိပ်ဈေးမဆစ်တော့ပဲ ဦးနုရဲ့ ၁၉၄၇ အခြေခံဥပဒေကိုလက်ခံလိုက်ကြပါတယ်။
ဦးနုရဲ့ ၁၉၄၇ အခြေခံဥပဒေဟာ ပြည်ထောင်စုစနစ်မဟုတ်ပါဘူးတပြည်ထောင်စနစ်ကို ပြည်ထောင်စုပုံစံသဘော
ဖြစ်အောင်ရေးဆွဲခဲ့တာပါလို့ ရေးဆွဲခဲ့သူဥပဒေပညာရှင်ဦးချန်ထွန်းကိုယ်တိုင်နောက်ပိုင်းမှာဝန်ခံခဲ့ရပါတယ်။



ခွဲမထွက်ခွင့်ရှိတာတောင်ခွဲမထွက်ပဲ ရန်ကုန်အစိုးရကို ကူညီခဲ့

အခြေခံဥပဒေအားနည်းချက်ကြောင့် တိုင်းရင်းသားအခွင့်ရေးများအတွက် မကြေမနပ်ဖြစ်လာကြတယ်။
နိုင်ငံရေးပါတီများ ဂိုဏ်းဂဏစွဲပြင်းထန်မှုနဲ့ ကရင်တိုင်းရင်းအခွင့်အရေးဆုံးရှုံးမှုများကြောင့် ပြည်တွင်းစစ်ဖြစ်ရာက
 စစ်တပ်ရဲ့အခန်းကဏ္ဍမြင့်လာပီး ၁၉၅၈ မှာ ဗိုလ်ချုပ်ကြီးနေဝင်းအာဏာသိမ်းပါတယ်။ အဲဒီရန်ကုန်အစိုးရအခေါ်ခံ
နေရတဲ့အချိန်မှာတောင် အခန်း (၁၀)မှာဖော်ပြထားတဲ့ခွဲထွက်ပိုင်ခွင့်ကိုအသုံးချပီးခွဲမထွက်ခဲ့တာ သတိပြုသင့်ပါတယ်
ကချင် ကယား ချင်း ရှမ်း တွေဟာပြည်ထောင်စုကိုကာကွယ်ခဲ့တာ သမိုင်းကသက်သေပါပဲ ၊၁၉၆၀ ရွေးကောက်ပွဲအပီးမှာ
ပြန်တက်လာတဲ့ဦးနုဟာပထမအခြေခံဥပဒေအားနဲ့ချက်နဲ့သူ့အမှားတွေကိုသိပီး အခြေအနေကိုသဘောပေါက်တာမို့ အချိန်
မဆွဲတော့ပဲ့အခြေခံဥပဒေပြင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လွှတ်တော်ထဲမှာ ပထစအမတ်တွေနဲ့တိုင်းရင်းသာအမတ်တွေပေါင်းရင်
ပြင်လို့ရနေတဲ့အနေအထားဖြစ်နေပါပီ အဲဒါကြောင့်ဗိုလ်ချုပ်ရဲ့အခြေခံမူ(၄)ချက်နဲ့ လမ်းညွှန်ချက်(၇)ချက်ကိုဥိးထိပ်ထားပီး
ပင်လုံမူအတိုင်း တိုင်းရင်းသားပေါင်းစုံလွတ်လပ်ရေးအရသာ ခံစားပီးကျေနပ်နိုင်မယ့် အခြေခံဥပဒေရေးဆွဲဖို့
၁၉၆၂ ဖေဖဝါရီမှာ လူမျိုးပေါင်းစုံပါဝင်တဲ့ ပြည်ထောင်စုမူ(ဖယ်ဒရယ်မူ)နှီးနှောဖလှယ်ပွဲကြီးကိုကျင်းပခဲ့ပါတယ်။
ပထစအစိုးရခေါင်းဆောင်အသီးသီးနဲ့လွှတ်တော်အမတ်များ တိုင်းရင်းသားခေါင်းဆောင်များ နိုင်ငံရေးခေါင်းဆောင်
အသီးသီးတက်ရောက်ဆွေးနွေးခဲ့ကြပါတယ် ဒါကိုအကွက်ချောင်းနေတဲ့ ဗိုလ်ချုပ်နေဝင်းဟာ အဲလိုတက်ရောက်ဆွေးနွေးကြသူတွေအကုန်လုံးကိုဖမ်းဆီးပီးအခြေခံဥပဒေကိုဆွဲဖြဲကာ အာဏာသိမ်းပီး တိုင်းပြည်ကိုကယ်တင်တာပါလို့ ဗြောင်လိမ်ခဲ့ပါတယ်။



ဗိုလ်ချုပ်လမ်းစဉ်ကိုလိုက်မလား ဗိုလ်နေဝင်းလမ်းစဉ်ကိုလိုက်မလား

ဗိုလ်ချုပ်အောင်ဆန်းလမ်းစဉ်နဲ့သွေဖယ်ပီ့း သူ့အာဏာတည်မြဲအောင်တပ်မတော်ကိုခုတုံးလုပ်ကာတပါတီ
အာရှင်စနစ်ထူထောင်ပါတယ် ခေါင်းဆောင်ပိုင်းတွေနဲ့စစ်သားတွေဟာဗမာအများစုဆိုတော့ ဗမာနဲ့တိုင်းရင်းသားကို
အောင်အောင်မြင်မြင်သွေးခွဲနိုင်ခဲ့ပါတယ်တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးလဲပြိုကွဲသွားခဲ့ပါတယ်တိုင်းပြည်လဲမွဲသွားပါတယ်။
တိုင်းရင်းသားစည်းလုံးညီညွှတ်မှုမပြိုကွဲရေးလို့ တို့တာဝန်အရေး(၃)ပါးမှာထည့်ထားတာတွေ့ရပါတယ်။ စည်းလုံးညီညွှတ်မှုမပြိုကွဲရေးဆိုတာ ရုပ်မပြိုကွဲရေးထက်စိတ်မပြိုကွဲရေးကိုဦးစားပေးသင့်တယ်လို့ယုံကြည်ပါတယ်။  စိတ်ပြိုကွဲတဲ့အခါ ခွဲထွက်စရာအကြောင်းရင်းရှိရင် ခွဲထွက်ခွင့်မပြဌာန်းပဲပါကစ္စတန်ကနေဘင်္ဂလားခွဲထွက်သလိုချက်
ကိုစလိုဗက်ကနေစလိုဗက်ခွဲထွက်သလိုခွဲထွက်ကုန်တာသက်သေပါပဲ.ဆိုဗီယက်နဲ့ယူဂိုဆားဗီးယားခွဲထွက်ခွင့်ကြောင့်ခွဲထွက်
ကုန်တယ်လို့ပြောနေပေမယ့် အဓိက က ကွန်မြူနစ်အာဏာရှင်စနစ်ကြောင့်ဒီမိုကရေစီမထွန်းကားပဲ ဖိနှိပ်ခံရလို့သာ
ခွဲထွက်ခွင့်ကိုအသုံးပြုခဲ့တာပါလို့ပညာရှင်များကဆိုပါတယ် ဒီမိုကရေစီထွန်းကားတဲ့ ဖဒရယ်ပြည်ထောင်စုတွေဖြစ်တဲ့
အမေရိကန်နဲ့ ဆွစ်ဇာလန်မှာတော့ ငြိမ်းငြိမ်းချမ်းချမ်းပါပဲလို့ လဲထောက်ပြကြပါတယ်။

 ကေအိုင်အိုမှားတယ်ထားအုံး ကေအိုင်အိုမရှိလဲ တော်လှန်ရေးရှိနေမှာပဲ

အခုကေအိုင်အိုစစ်ပွဲကိုပြောချင်တာအဓိမဟုတ်ပါဘူးတိုင်းရင်းသားတွေရဲ့လိုလားချက်မပြည့်စုံရင် ကေအိုင်အိုမရှိလည်း
တော်လှန်ရေးဆက်ရှိနေအုံးမှာပါပဲ လက်နက်ကိုင်တော်လှန်ရေးမရှိတော့ရင်တောင် စိတ်ထဲမှာတော့
အမြဲတော်လှန်နေမှာမို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးဆိုတာ စိတ်မပါတဲ့ ရုပ်ချည်းသက်သက်ပဲဆိုရင်
စည်းလုံးညီညွတ်တယ်မခေါ်နိုင်ပါဘူး အဲဒါကြောင့်တိုင်းရင်းသားအပေါင်းရဲ့ မူအခွင့်အရေးဖြစ်တဲ့ ဖယ်ဒရယ်မူပါဝင်တဲ့ အာဏာခွဲဝေမှုမျှတတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကိုသာတောင့်တမိပါတယ်။


ကိုးကား - ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ဖော်ဆောင်ရေး (ခွန်မာ�
Read More »