သမ္မတရာထူး ယှဉ်ပြိုင်ရေး မဟာဗျူဟာချမှတ်ရာတွင် ဒေါ်စု ထည့်သွင်းစဉ်းစား သင့်သည့် အရေးပါသောအချက်များ

Written by  ပိုက်တင်

ဒေါ်စုက သမ္မတဖြစ်လိုကြောင်း ပွင့်ပွင့်လင်းလင်း ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုအပြီး၊ ပြည်ထောင်စု လွှတ်တော် နာယက အသစ်လည်းဖြစ်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌလည်း ဖြစ်သူ၏ အမေရိကန် ပြည်ထောင်စု ခရီးစဉ်အတွင်း သမ္မတဖြစ်လိုကြောင်း အတိအလင်း ထုတ်ဖော် ပြောဆိုမှု အဆုံးမှာ ၂၀၁၅ခုနှစ် သမ္မတရာထူး ယှဉ်ပြိုင်ပွဲက အများကြီး ပိုပြီး စိတ်ဝင်စားဖွယ် ဖြစ်လာရုံမကဘဲ လူထုရဲ့ နိုင်ငံရေး နိုးကြားမှုကိုတောင်မှ အတိုင်းအတာ တစ်ခုအထိ မြင့်တက်စေခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၅ မှာ သမ္မတ ဘယ်သူ ဖြစ်နိုင်တယ်၊ ဘယ်သူ ဖြစ်သင့်တယ် ဆိုတာတွေကို လူထုအကြား ပြောဆို ဆွေးနွေး ငြင်းခုံမှုတွေ ရှိလာတာ တွေ့ရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၅ ဟာ ဒီမိုကရေစီ တည်ဆောက်ရေးလုပ်ငန်း ရှေ့တစ်လှမ်း တိုးမယ့်အချိန် ဖြစ်တယ်လို့တော့ အကြမ်းအားဖြင့် ပြောလို့ ရနိုင်ပြီး တကယ်လို့ Stakeholder များရဲ့ အားထုတ်မှု တွေဟာ ဟန်ချက်ပျက်ခဲ့မယ် ဆိုရင်တော့ နောက်ကို တစ်လှမ်းမက ဆုတ်သွားတာမျိုးလည်း ဖြစ်နိုင် ပါတယ်။ လောလောဆယ်မှာ သမ္မတ ရာထူးအတွက် ဝင်ရောက် ယှဉ်ပြိုင်မယ့်သူ သုံးဦး ရှိသွားပြီ ဖြစ်ပြီးတော့ တိုင်းရင်းသား လူမျိုးစုတွေထဲကနေလည်း သမ္မတလောင်း တစ်ဦးက သေချာပေါက် ပေါ်ပေါက်လာဦးမှာ ဖြစ်ပါတယ်။ ဒီတော့ ၂၀၁၅ မှာ သမ္မတ ဘယ်သူဖြစ်နိုင်သလဲ၊ ဘယ်သူဖြစ် သင့်သလဲဆိုတဲ့ ကိစ္စများဟာ ဘယ်သူတွေက သမ္မတဖြစ်ချင်သလဲဆိုတဲ့ ကိစ္စနဲ့အတူ အရေးပါတဲ့ Issue တစ်ခု ဖြစ်လာပါတော့တယ်။

ပြီးခဲ့တဲ့ လများအထိတော့ ပြည်တွင်းကရော ပြည်ပကပါ ဒေါ်စုကို သမ္မတ ဖြစ်စေလိုသူတွေက အများစု ရှိနေနိုင်တယ်လို့ ယူဆရပြီး လက်ရှိ သမ္မတကို လိုလားသူများလည်း မနည်းမနော ရှိနေခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စုလွှတ်တော် နာယကရဲ့ ထုတ်ဖော် ပြောဆိုမှု နောက်ပိုင်းမှာတော့ နိုင်ငံရေးလောကရဲ့အခြေအနေက လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ရတာပါ။သမ္မတရာထူး ရယူလိုသူ အားလုံးကလည်း အခြေအနေကောင်းများ ကိုယ်စီ ရှိနေကြလေတော့ ၂၀၁၅ ကို ၂၀၁၀ ထက်စာရင် ရင်ခုန်စရာ ပိုကောင်းနိုင်တယ်လို့ မျှော်လင့်မှုများ တိုးပွားလာရခြင်း ဖြစ်ပါတယ်။

၂၀၁၅ မှာ သမ္မတ ဘယ်သူဖြစ်မယ်ဆိုတဲ့ အချက်က အရေးပါလှပြီး ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်ကြီး တည်တံ့ ခိုင်မာဖို့နဲ့ လက်ရှိအနေအထားထက် ပိုမို အရှိန်အဟုန် မြင့်မားလာဖို့ ဆိုတဲ့ အချက်ကလည်း ပိုပြီး အရေးပါလှတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ဒေါ်စုရဲ့လက်ရှိ ရည်မှန်းချက်ထဲမှာ ၂၀၁၅ ခုနှစ် သမ္မတရာထူး ရရှိရေးဆိုတာ ပါလာပေမယ့် ဒေါ်စုရဲ့ အရေးအပါဆုံး (အန္တိမ) ရည်မှန်းချက်က မြန်မာနိုင်ငံမှာ စစ်မှန်ပြီး ခိုင်မာတဲ့ ဒီမိုကရေစီ ပေါ်ပေါက် ထွန်းကားရေး ဖြစ်ပါတယ်။ သမ္မတရာထူးကို ရရှိရင် လုပ်ပိုင်ခွင့်တွေ ပိုမို ပြည့်ပြည့်ဝဝ ရရှိနိုင်မှာမို့ ဒီမိုကရေစီ တိုးတက်ဖြစ်ပေါ်ရေး ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်မယ်လို့ သာမန်အားဖြင့် ယူဆစရာ ရှိပါတယ်။ သမ္မတရာထူးက နိုင်ငံတော်ရဲ့ အထွတ်အထိပ် ဖြစ်လေတော့ အတိုက်အခံခေါင်းဆောင်၊ လူထုခေါင်းဆောင်သာ ဒီရာထူးကို ရမယ်ဆိုရင် တိုင်းပြည်လည်း အခုထက် မျက်နှာပိုပွင့်လာစရာ ရှိရုံမျှမက တပ်မတော်နဲ့ လက်ရှိ အာဏာရပါတီတို့ရဲ့ ဂုဏ်ရည်ပါ အကြီးအကျယ် မြင့်တက်လာနိုင်တာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိ ဖြစ်ပေါ်နေတဲ့ အနေအထားတွေအရ ဒေါ်စုအနေနဲ့ သမ္မတရာထူး ယှဉ်ပြိုင်ရေး မဟာဗျူဟာ ချမှတ်ရာမှာ အလေးအနက် ထည့်သွင်း စဉ်းစားသင့်တဲ့ အချက်အလက် (ပေးထားချက်) အချို့ ရှိနေပါတယ်။အဲဒီ အချက်အလက်များအနက်က အဓိကကျတဲ့ အချက် သုံးချက်ကို ဖော်ပြ လိုပါတယ်။ ၁။ ဒေါ်စု သမ္မတရာထူး ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိနိုင်ရေး အဟန့်အတားဖြစ်နေသော ဖွဲ့စည်းပုံပါ ပြဋ္ဌာန်းချက် ပြင်ဆင်ရေး ၂။ ၂၅ ရာခိုင်နှုန်းရဲ့ အခန်းကဏ္ဍနဲ့ ၃။ PR စနစ်တို့ ဖြစ်ပါတယ်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေးကိစ္စက ပြေလည်သွားနိုင်စရာ ရှိပေမယ့် သေချာပေါက် လွယ်ကူသွားပြီလို့ မဆိုနိုင်သေးပါဘူး။ သူရ ဦးရွှေမန်း အမေရိကမှာ ပြောတဲ့ စကားအရ ဒေါ်စုအတွက် အဟန့်အတား ဖြစ်နေတဲ့ ကိစ္စတွေအတွက် သုံးသပ်တာ၊ ပယ်ဖျက်တာ ဖြည့်စွက်တာ ပြင်ဆင်တာတွေလုပ်ဖို့ ကြိုးစား မယ်ဆိုတဲ့ တိုးတက်မှု တစ်ခုတော့ ဖြစ်ထွန်းလာတယ်လို့ ပြောနိုင်ပေမယ့် ဒါဟာဒေါ်စုအတွက် လွယ်ကူသွားပြီဆိုတဲ့ သဘောတော့ လုံးဝ မဟုတ်သေးပါဘူး။ ဖွဲ့စည်းပုံကို ဘယ်လို ပြင်ဆင်မလဲ ဆိုတဲ့ အချက်က အရေးပါလှပါတယ်။ အခြေခံ ဥပဒေနဲ့အညီ လွှတ်တော်တွင်းမှာ ပြင်ဆင်ကြမှာလား နိုင်ငံရေးခေါင်းဆောင်များ လွှတ်တော် ပြင်ပမှာ အကျေအလည် ဆွေးနွေးညှိနှိုင်းပြီး ပြင်ဆင်ကြ မှာလား ဆိုတဲ့ အချက်ပေါ် လုံးလုံးလျားလျား မူတည်ပါတယ်။

လွှတ်တော်ပြင်ပမှာ ဆွေးနွေး ညှိနှိုင်းပြီး ပြင်ဆင်ပေးဖို့ဆိုတာက အခြေခံ ဥပဒေနဲ့ ကိုက်ညီခြင်း မရှိတဲ့ အတွက် ဖြစ်နိုင်ခြေ တော်တော် နည်းပါတယ်။အခြေခံဥပဒေကို ကျော်လွန်ပြီး လုပ်ကိုင်ဆောင်ရွက်ဖို့ ဆိုတာက တော်တော်ကြီး ခက်ခဲတဲ့အလုပ် ဖြစ်ပါတယ်။

လွှတ်တော်တွင်းမှာသာ အခြေခံဥပဒေနဲ့အညီ ဆွေးနွေး ညှိနှိုင်းပြီး ပြင်ဆင်မယ်ဆိုရင် ၂၀၁၅ မတိုင်ခင် ပြီးပြတ်အောင် ဆောင်ရွက်နိုင်ဖို့ တော်တော် သွက်သွက်လက်လက် လုပ်ကိုင်ဖို့ လိုအပ်တာဖြစ်ပြီး လူထုဆန္ဒခံယူပွဲ ကျင်းပ အတည်ပြုတဲ့အထိ လုပ်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ ဒေါ်စု မကြာခဏ ပြောသလို ၇၅ ရာခိုင်နှုန်းရှိတဲ့ အရပ်ဘက် ကိုယ်စားလှယ်များ အားလုံးနဲ့ တပ်ဘက် ကိုယ်စားလှယ် အနည်းဆုံး တစ်ယောက်က ထောက်ခံဖို့လိုတာဖြစ်လေတော့ ဘယ်လောက် လွယ်လွယ်ကူကူ လုပ်လို့ ကိုင်လို့ ရနိုင်မယ်ဆိုတာ တွက်ဆ ပြောဆိုဖို့ ခက်ခဲလှပါတယ်။
၂၅ ရာခိုင်နှုန်းသော တပ်ဘက် ကိုယ်စားလှယ်များရဲ့ အခန်းကဏ္ဍဟာ ဒီနေရာမှာ တော်တော် အရေးပါတာဖြစ်ပြီး ဒီထက် အရေးကြီးတဲ့ ကိစ္စတစ်ခုမှာ ဒီထက် အများကြီး ပိုအရေးပါနေတာကို သတိပြုဖို့ လိုပါတယ်။အဲဒါကတော့ ဒေါ်စု သမ္မတရာထူး ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရပြီး အမှန်တကယ် သမ္မတရာထူး ရွေးချယ် တင်မြှောက်တဲ့အချိန် ဖြစ်ပါတယ်။ ၂၅ ရာခိုင်နှုန်းက စစ်ဘက် ကိုယ်စားလှယ် များ အဆို တင်သွင်းတဲ့ သမ္မတလောင်းကို ကျော်ပြီး ဒေါ်စုကို ထောက်ခံမဲပေးဖို့ ဘယ်လိုမှ မဖြစ်နိုင် ပါဘူး။ တပ်မတော်က ဒေါ်စုနဲ့ ပတ်သက်လို့ ရာခိုင်နှုန်း တော်တော်များများ ယုံကြည်မှု ရှိလာပြီဆိုတဲ့ အချက်ကတော့ အမှန်တကယ်ဖြစ်ပြီး ဒါဟာ ဒေါ်စုကို ယုံကြည်တာသာဖြစ်လို့ NLD ပါတီ တစ်ခုလုံးကို ယုံကြည်မှု ရှိလာခြင်း မဟုတ်သေးပါဘူး။ ဒေါ်စုကို နိုင်ငံရေးအရ ယုံကြည် လက်ခံမှုရှိကြောင်း ပြသတဲ့ အနေနဲ့ ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်နေ့ အခမ်းအနား တက်ရောက်ဖို့ ဒေါ်စုကို ဖိတ်ကြား ခဲ့ပါတယ်။ ဒါပေမဲ့ NLD ပါတီက သြဇာကြီးမားသူ အချို့ အပါအဝင် ပါတီဝင် အချို့က တပ်မတော် အပေါ် အမြင် ကြည်လင်မှုမရှိသေးဘဲ ဆန့်ကျင်ဘက် အမြင်များ ရှိနေကြဆဲ ဖြစ်ပါတယ်။
ဒီအချက်က ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်များက ဒေါ်စု လိုချင်သော ထောက်ခံမဲကို ပေးကြဖို့ ကြီးစွာသော အဟန့်အတား ဖြစ်နေပါတယ်။ (သမ္မတဟာ အစိုးရဖွဲ့ခွင့် အာဏာရှိသူဖြစ်ပြီး ရွေးချယ်ခံ သမ္မတရဲ့ မိခင် ပါတီဝင် အများစုဟာ အစိုးရ အဖွဲ့ဝင် ဖြစ်လာလေ့ ရှိပါတယ်။ NLD ပါတီဝင် အများစု ပါဝင်တဲ့ အစိုးရအဖွဲ့ ပေါ်ပေါက်ရေးဆိုတာ နိုင်ငံရေးသမိုင်းအရ ဒုတိယ ရွေးကောက်ပွဲ သက်တမ်းမှာ ဖြစ်နိုင်ခြေ နည်းလွန်းပါသေးတယ်။)

ဒေါ်စုပြောသလို ရဲရင့်တဲ့ တပ်မတော်သား တစ်ယောက်က အခြေခံဥပဒေ ပြင်ဆင်ရေး ထောက်ခံပေး ရင် ရတယ်ဆိုတဲ့ အယူအဆက လက်ရှိ အခြေအနေနဲ့ အနည်းငယ် လွဲချော်မှု ရှိနေပါတယ်။ အကြောင်းကတော့ သူတို့ အားလုံးက တပ်မတော်သားများ ဖြစ်နေတာကြောင့်ပဲ ဖြစ်ပြီး အရေးကြီးတဲ့ ကိစ္စရပ်တွေမှာ ထောက်ခံစရာရှိရင် အားလုံးက ထောက်ခံဖို့နဲ့ ကန့်ကွက်စရာရှိရင် ကန့်ကွက်ဖို့ ဆုံးဖြတ်ပိုင်ခွင့်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံမှာ ရှိနေတာ ဖြစ်ပါတယ်။ စစ်တပ် ဖြစ်တဲ့ အတွက် ဒီလို ဖြစ်နေတာဟာလည်း သဘာဝအတိုင်းသာဖြစ်ပြီး တပ်မတော်နဲ့ (ကာကွယ်ရေးဦးစီးချုပ်နဲ့) ဒေါ်စုတို့ နားလည်မှု တစ်စုံတစ်ရာ ရနေတဲ့ အခြေအနေကနေ NLD နဲ့ပါ နားလည် ယုံကြည်မှု တည်ဆောက်နိုင်ဖို့ ပထမ လိုအပ်ပါတယ်။ လောလောဆယ် ချက်ချင်း ဒီလိုဖြစ်အောင် လုပ်ဖို့ မလွယ်ကူလှတာ ဖြစ်လေတော့ ဒေါ်စုက သမ္မတရာထူး ယှဉ်ပြိုင်မယ်ဆိုရင် အရပ်ဘက် ကိုယ်စားလှယ်များရဲ့ ထောက်ခံမှုကို အားကိုး အားထားပြုရမယ့် အနေအထား ဖြစ်ပါတယ်။ ဒီထောက်ခံမှုကို ရဖို့ကလည်း NLD က ၂၀၁၅ မှာ မဲအများစု အနိုင်ရဖို့လိုပြီး ဒီလို ရရှိဖို့အတွက် လက်ရှိ ရွေးကောက်ပွဲ စနစ်ကသာ မျှော်လင့်ချက် ရှိနိုင်ပါတယ်။ (သမ္မတရာထူးအတွက် အဟန့် အတားကို ဖယ်ရှားပေးဖို့ကတော့ လက်ရှိ လွှတ်တော်ကိုယ်စားလှယ် ၁၀၀ ရာခိုင်နှုန်း စလုံး ကတောင်မှ ထောက်ခံမှု ပေးနိုင်တဲ့ ဖြစ်နိုင်ခြေ တစ်ခုလည်း ရှိနေပါတယ်။)

ရွေးကောက်ပွဲကို PR စနစ် ပြောင်းလဲ ကျင့်သုံးရင်တော့ ဒေါ်စု သမ္မတဖြစ်ဖို့ အခွင့်အလမ်း တော်တော် နည်းသွားမှာ အသေအချာ ဖြစ်ပါတယ်။ PR စနစ်ကိုသာ ပြဋ္ဌာန်း ကျင့်သုံးခဲ့ရင် အကျိုးရှိနိုင်တာက လက်ရှိအာဏာရ ပါတီနဲ့ ပါတီငယ်များဖြစ်ပြီး တိုင်းရင်းသားပါတီကြီးများနဲ့ အတိုက်အခံ ပါတီကြီး ဖြစ်တဲ့ NLD တို့ကတော့ ရရှိနိုင်မယ့် လူထု ဆန္ဒမဲများ အလိုအလျောက် လျော့နည်းနိုင်တာ ဖြစ်တော့ အခက်အခဲရှိနိုင်တာ ဖြစ်ပါတယ်။အာဏာရ ပါတီအနေနဲ့ PR စနစ်ကိုသာ ကြိုက်နှစ်သက်မယ်ဆိုရင် ၂၅ရာခိုင်နှုန်းအပါအဝင် လက်ရှိလွှတ်တော် ကိုယ်စားလှယ် အများစုက ထောက်ခံပေးနိုင်တာကြောင့် ၂၀၁၅ မတိုင်ခင် PR ကို အတည်ပြုဖို့ ခက်ခက်ခဲခဲ လုပ်ရမှာ သိပ်မရှိလှဘူးလို့ ယူဆနိုင်ပါတယ်။ PR စနစ်သာ အတည်ပြုနိုင်ခဲ့ရင် အာဏာရ ပါတီရဲ့သမ္မတလောင်းဖြစ်စေ၊ တပ်ဘက်ကိုယ်စားလှယ်များရဲ့ သမ္မတလောင်းဖြစ်စေ ရွေးချယ် တင်မြှောက်ခံရဖို့ လွယ်ကူသွားမှာ ဖြစ်ပါတယ်။ (PR စနစ် ဖြစ်မလာ ရင်တောင်မှ အာဏာရ ပါတီအနေနဲ့ ၁၅ ရာခိုင်နှုန်းနဲ့ ၂၀ ရာခိုင်နှုန်းကြား ရွေးချယ် တင်မြှောက်ခံရ အောင် ကြိုးစားနိုင်ရင် သမ္မတရာထူးကို ရယူနိုင်ဖို့ မျှော်လင့်နိုင်သေးတာ ဖြစ်ပါတယ်။ အင်အား နည်းတဲ့ ပါတီငယ်များနဲ့ တိုင်းရင်းသား ပါတီများက ကိုယ်စားလှယ်များရဲ့ မဲအချို့နဲ့ တပ်ဘက် ထောက်ခံမဲ ပေါင်းလိုက်ရင် ၅၁ ရာခိုင်နှုန်း ရရှိနိုင်တာကြောင့် ဖြစ်ပါတယ်။)

ဒေါ်စုကို သမ္မတရာထူး ယှဉ်ပြိုင်ဖို့ ခွင့်ပြုခဲ့ရင် သမ္မတရာထူး ရရှိဖို့ အခွင့်အလမ်းအတွက် မီးကုန် ယမ်းကုန် အားထုတ်ဖို့ လိုအပ်လာတော့မှာဖြစ်ပြီး ဒုတိယ သမ္မတ ရာထူးကို ယူမယ်ဆိုရင်တော့ သေချာသလောက်ရှိတယ်လို့ တွက်ချက်ကြည့်လို့ ရပါတယ်။ ကျွန်တော့်အနေနဲ့ ဒေါ်စုအနေနဲ့ ဒုတိယ သမ္မတ ရာထူးလောက်ကိုပဲ ရယူသင့်တယ်လို့ ဘယ်လိုမှ ယူဆလို့မရဘဲ သမ္မတ ရာထူး မရခဲ့ရင် ဒုတိယ သမ္မတ ရာထူးလောက်နဲ့ ထိုက်တန်မှုလည်းမရှိဘဲ မူလ ရည်မှန်းချက်ဖြစ်တဲ့ စစ်မှန် ခိုင်မာတဲ့ ဒီမိုကရေစီ ရရှိရေးကို အကောင်အထည်ဖော်ဖို့ ခက်ခဲမယ့် ကိစ္စလို့ မြင်ပါတယ်။
ဗိုလ်ချုပ်ကြီးရွက်ဆစ် ဒေါ်စုနဲ့ တွေ့ဆုံစဉ်က ဒေါ်စုဟာ ဖက်ဒရယ်စနစ်ကို ယုံကြည်သူဖြစ်ကြောင်းနဲ့ သမ္မတဖြစ်လာရင် ဖက်ဒရယ်စနစ်ကို ထူထောင်မှာလား စောင့်ကြည့်ရမယ်လို့ ပြောခဲ့ပါတယ်။ ဒီအချက်ဟာ တစ်ဝက်မှန်ပြီး တစ်ဝက် မှားပါတယ်။ ဒေါ်စုက ဖက်ဒရယ်စနစ်ကို အပြည့်အဝ ယုံကြည်သူ ဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတ ရာထူးရရင် ဖက်ဒရယ်ကို အကောင်အထည် ဖော်ပေးလို့ မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ executive power ဖြစ်တဲ့ သမ္မတ တာဝန်ဟာ (အထူးသဖြင့် ဒီမိုကရေစီ တည်ဆောက်နေတဲ့ ကာလမှာ) တိုင်းပြည် ဖွံ့ဖြိုး တိုးတက်ရေးကိစ္စ၊ အုပ်ချုပ်ရေးနဲ့ စီမံ ခန့်ခွဲရေး ကိစ္စတို့ကိုသာ ဆောင်ရွက်နိုင်တာဖြစ်ပြီး ဖက်ဒရယ် ထူထောင်ရေးအပါအဝင် ဒီမိုကရေစီ တိုးတက် ဖြစ်ထွန်းရေးကို power of legislature ဖြစ်တဲ့ လွှတ်တော်များကသာ ပိုမို ထိရောက်စွာ ဆောင်ရွက်နိုင်တာ ဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ နှစ်နှစ်တာ ကာလလောက် ရရှိတဲ့ အချိန်ကာလလေးမှာ မြန်မာ့နိုင်ငံရေး ကောင်းမွန်ဖို့ လုပ်ဆောင်စရာတွေက ထင်မှတ်ထားတာထက် များပြားပြီး ခက်ခဲလှတယ်ဆိုတာလည်း လူထုနဲ့အတူ stakeholder အားလုံးက သတိပြုရမှာ ဖြစ်ပါတယ်။ ဒေါ်စုအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ မဟာဗျူဟာကို ချမှတ်ရာမှာ အလေးအနက် ထည့်သွင်း စဉ်းစားရမယ့် အချက်အလက်တွေကို အပြည့်အဝ ထည့်သွင်း စဉ်းစားမယ်ဆိုရင် တိုင်းပြည်နဲ့ လူထုအတွက် အကျိုးများနိုင်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ မြန်မာလူထုရဲ့ ကံကြမ္မာကို ဖန်တီးနိုင်သူ အနည်းငယ်သော လူပုဂ္ဂိုလ်များထဲမှာ ဒေါ်စုက ထိပ်တန်းက ပါဝင်နေသူဖြစ်တယ်ဆိုတဲ့ အချက်ကို အငြင်းပွားလို့မရပါဘူး။ ဒီလို စွမ်းဆောင်နိုင်ဖို့ ထိရောက် သေချာတဲ့ ဆုံးဖြတ်ချက်များနဲ့ မဟာဗျူဟာများ ချမှတ်ဖို့ မဖြစ်မနေ လိုအပ်တာဖြစ်ပြီး စစ်မှန် ခိုင်မာတဲ့ ဒီမိုကရေစီ အမြန်ဆုံး ထွန်းကား ပေါ်ပေါက်ရေးဆိုတဲ့ ပင်မ ရည်မှန်းချက်ကို ထိထိ ရောက်ရောက် အထောက်အပံ့ဖြစ်မယ့် ဆုံးဖြတ်ချက်များနဲ့ မဟာဗျူဟာများ ဖြစ်သင့်တယ်လို့ ယူဆ မိပါကြောင်း။
Credit To  thevoicemyanmar
Read More »

အိုင်စီတီပညာခေတ်သို့ အရွေ့

Written by  တင်ညွန့်

အိုင်စီတီကို ပညာရေးတွင် အသုံးပြုရန် စီစဉ်ခြင်းသည် ရင်းနှီးမြှုပ်နှံခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် မျိုးဆက်သစ်တို့အတွက် အုတ်မြစ်ချခြင်းဟုလည်း ပြောနိုင်သည်။ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများဖြစ်သော ကနေဒါ၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုတို့တွင် ကျောင်းသားများ ကွန်ပျူတာ ကိုင်သုံးနိုင်မှုနှုန်းက ၁၀ အချိုး ၁ ဖြစ်သည်။ ကျောင်းသား ၁၀ ဦးတိုင်း ကွန်ပျူတာတစ်လုံး ကိုင်ဆောင်နိုင်သည့် သဘောဖြစ်သည်။ ကွန်ပျူတာ သုံးနိုင်ရုံမက အင်တာနက် သုံးနိုင်ရန်လည်း သူတို့ အစိုးရများသည် ကျောင်းများ၌ ဆက်သွယ်ရေး Bandwidth အမြင့်ဆုံးရရန် စီစဉ်ပေးထားသည်။
ကျောင်းများတွင် ကွန်ပျူတာ ထားပေးလိုက်ရုံဖြင့် တာဝန်ကျေပြီဟု မမှတ်ယူသင့်ပါ။ နည်းပညာကို အသုံးပြုပြီး သင်ကြားမှု၊ သင်ယူမှု လုပ်ငန်းကို ထိရောက်စွာ အကောင်အထည် ဖော်နိုင်စေရန် ဆောင်ရွက်နိုင်ရမည် ဖြစ်သည်။ ပညာလမ်းကြောင်းတွင် ပညာသက်သက် အကောင်အထည် ဖော်သည့် တစ်ဖက်ပိတ် လမ်းကြောင်း ဖြင့်သွားလျှင်လည်း မအောင်မြင်နိုင်ပါ။ ပညာရေး ဆိုသည်မှာ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ယဉ်ကျေးမှု အားလုံးနှင့် အံဝင်ခွင်ကျ ဖြစ်စေရန် ဆက်စပ် အကောင် အထည်ဖော်ပြီး လမ်းဖွင့်ပေးနိုင်ရမည် ဖြစ်သည်။

နိုင်ငံတွင် မူဝါဒ ချမှတ်သူများက အကောင်းဆုံး မူဝါဒများ ချမှတ်ထားသည်ဆိုစေ ထိုမူဝါဒများကို အကောင်အထည် ဖော်ပေးမည့် လူကောင်းများလည်း ရှိရမည်။ လူတော်လူကောင်းများသည် မိုးပေါ်က ကျမလာနိုင်ပေ။ မိုးကျရွှေကိုယ်များ သက်သက်ဖြင့်လည်း တိုင်းပြည် ကောင်းစားရေး အကောင်အထည် ဖော်နိုင်မည် မဟုတ်ပေ။ ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲ ပညာရှင်များသည် ကိုယ့် တီထွင်မှုများကို စူးစိုက် လုပ်နေကြရသဖြင့် နိုင်ငံရေး မူဝါဒများကို စိတ်ဝင်စားမည် မဟုတ်ပေ။ သူတို့ကို ပညာရေးဆိုင်ရာ မူဝါဒများ ရေးဆွဲခိုင်းမည့်အစား ပညာသင်ကြားရေးတွင် ထိရောက်စေမည့် ဟာ့ဒ်ဝဲ ဒီဇိုင်းနှင့် ဆော့ဖ်ဝဲများကို ရေးခိုင်းခြင်းက တိုင်းပြည်အတွက် ပိုပြီးအကျိုးရှိမည် ဖြစ်သည်။

ဖွံ့ဖြိုးဆဲနိုင်ငံများသည် စိန်ခေါ်မှု နှစ်ရပ်ကို အမြဲ ရင်ဆိုင်နေကြရသည်။ ပထမစိန်ခေါ်မှုမှာ ဒစ်ဂျစ်တယ် ရင်းမြစ်များဖြစ်သည့် ဟာ့ဒ်ဝဲ ပစ္စည်းရရှိ သုံးစွဲနိုင်မှု ခက်ခဲခြင်း ဖြစ်သည်။ ဥပမာ- ကွန်ပျူတာ သုံးလျှင် ထိရောက် မှန်းသိသော်လည်း သုံးစရာ ကွန်ပျူတာဝယ်ရန် ပိုက်ဆံ မရှိ၊ အစိုးရကလည်း စိုက်ထုတ် သုံးစွဲမပေးနိုင်ခြင်း ဖြစ်သည်။ ဖောင်စီးရင်း ရေငတ် နေကြရသည့် သဘောဖြစ်သည်။ ဒုတိယစိန်ခေါ်မှုမှာ မူဝါဒကြောင့် ဖြစ်သည်။ တိုင်းပြည်တွင်း ဆုံးဖြတ် လုပ်ပိုင်ခွင့် ရှိသူများက အနာဂတ်ကို မျှော်မကြည့်နိုင်ခြင်း၊ ပညာရေး အသုံးစရိတ်ထက် စစ်ရေး အသုံးစရိတ်များကို ပိုသုံးနေရခြင်း၊ အနာဂတ် ပညာရေးကို အိုင်စီတီဖြင့် အခြေ မချနိုင်ခြင်းတို့သည် ဖွံ့ဖြိုးဆဲ နိုင်ငံများအတွက် အဓိက အားနည်းချက်များ ဖြစ်သည်။

ဖွံ့ဖြိုးဆဲ နိုင်ငံများရှိ မူဝါဒ ရေးဆွဲသူများသည် ပညာရေးတွင် အိုင်စီတီကို ထည့်သွင်း အသုံးပြုနိုင်ရေး အတွက် နည်းလမ်းပေါင်းစုံ ရှာကြံနိုင်ရန် လိုပါသည်။ နည်းလမ်း ရှာကြံခြင်းအပြင် ရင်းနှီးမြှုပ်နှံခြင်းကလည်း လိုအပ်သည်။ ပညာရေးတွင် အိုင်စီတီကို ထည့်သွင်း အသုံးပြုခဲ့ခြင်းကြောင့် ပညာရေး လမ်းကြောင်း ပြောင်းသွားသည့် နိုင်ငံပေါင်းများစွာ ရှိပါသည်။ ယခုမှ စတင် လုပ်ဆောင်ရန် အကြံရသူများ အနေနှင့် ထိုနိုင်ငံများ ဖြတ်သန်းခဲ့ရသည့် အိုင်စီတီ ပညာရေးလမ်းကြောင်းကို အတွေ့အကြုံများ ယူရန် သွားရောက် လေ့လာပြီး ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးနှင့် လိုက်လျော ညီထွေဖြစ်စေနိုင်သော စနစ်များကို အတုယူ လုပ်ဆောင်သင့်ပါသည်။ ပညာရေးတွင် အိုင်စီတီကြောင့် ပြောင်းလဲသွားရသည့် နိုင်ငံများထဲမှ ချီလီနိုင်ငံကို ဥပမာ ပြလိုပါသည်။ ချီလီတွင် “Enlaces” ဆိုသည့် ပရောဂျက်ကို အကောင်အထည် ဖော်ကြသည်။ Enlaces ဆိုသည်မှာ အင်္ဂလိပ်လို “Links” ဟု အဓိပ္ပာယ် ရသည်။ အခြားနိုင်ငံများတွင်လည်း ပရောဂျက်ပေါင်း များစွာရှိနိုင်သည်။ လေ့လာရန်လိုသည်။
ပညာဖြင့် တည်ဆောက်ထားသော လူ့ဘောင် တစ်ခုကို ကြွေးကြော်ပြီး မတည်ဆောက်နိုင်ပေ။ လက်တွေ့ အကောင်အထည် ဖော်ခြင်းဖြင့်သာ အောင်မြင်နိုင်ပါလိမ့်မည်။ “ပညာရေးဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံသစ်ဆီသို့” စကားသည် ကြားကောင်းအောင် အော်ပြီး လက်တွေ့ အကောင်အထည် မဖော်နိုင်သဖြင့် ပညာရေး အောက်ကျနောက်ကျ ဖြစ်နေရသည်မှာ အထင်အရှား ဖြစ်ပါသည်။ ပညာရေး တိုးတက်အောင် လုပ်မည်ဟု ကြွေးကြော်ပြီး ကွန်ပျူတာ မပြောနှင့် ဂဏန်း ပေါင်းစက်ကိုပင် မသုံးတတ်သေးသော ဆရာများဖြင့်လည်း လမ်းကြောင်း တည့်စေရန်ပင် မနည်းကြိုးစား ကြရပေ လိမ့်မည်။
ကျောင်းသားများကို အိုင်စီတီ အသုံးပြုစေချင်လျှင် ဆရာများကို ဦးစွာ သင်ပေးရလိမ့်မည်။ ဆရာက ကျောင်းသားထက်ပိုပြီး ကျွမ်းကျင်မှ တပည့် ဖြစ်သူကလည်း ရိုသေလေးစားမည်။ စာသင်ခန်း၊ ကျောင်းနှင့် သင်ကြားရေး စနစ်တို့သည် အိုင်စီတီဖြင့် သွက်လက်နေစေရမည်။ ကျောင်းတွင် လိုအပ်သည့် ပညာဆိုင်ရာ ရင်းမြစ်များ အားလုံးကို ရရှိနိုင်စေရမည်။ မိသားစု အလိုက် ဝင်ငွေ နည်းသဖြင့် အိုင်စီတီကို မသုံးနိုင်လျှင် ကျောင်းက သုံးနိုင်အောင် စီစဉ်ပေးရမည်။ ကျောင်းသည် ဆရာနှင့် ကျောင်းသား၊ ကျောင်းနှင့်မိဘ၊ ကျောင်းနှင့် ကျောင်းသားအားလုံး အပြန်အလှန် ချိတ်ဆက် ပေးနိုင်သည့် ဗဟိုဆုံရပ် တစ်ခုဖြစ်ရန် လိုသည်။ မိဘက ကျောင်းကို မလာဘဲ ဆရာနှင့်ဆက်ဆံနိုင်သည့် နည်းလမ်းများ ရှိပါသည်။ ကျောင်းသားက ကျောင်းသို့ မသွားလည်း ဆရာနှင့် ဆက်သွယ် ထိစပ်နိုင်သည့် နည်းလမ်းများ ရှိပါသည်။ ယင်းတို့ကို အိုင်စီတီကသာ အကောင်အထည် ဖော်ပေးနိုင်သည်။
"ပြုပြင်ပြောင်းလဲမှု တစ်ခုကို လုပ်ဆောင်ရာတွင် ပြုပြင် ပြောင်းလဲလိုစိတ်နှင့် စေတနာ တို့ကလည်း အရေးကြီး..."
အိုင်စီတီကို ကျောင်းများတွင် ထိရောက်စွာ အသုံးပြုနိုင်ရေးအတွက် အစိုးရ အနေဖြင့် ပထမဦးဆုံး ထူထောင်ပေးရမည့် လုပ်ငန်းမှာ ကွန်ပျူတာများ ဖြစ်သည်။ ကွန်ပျူတာပြီးလျှင် အင်တာနက် သုံးနိုင်ခွင့် အတွက် လိုအပ်သည့် လိုင်းများကို တိုးချဲ့ တပ်ဆင်ပေးရမည်။ ပညာရေးတွင် ထိုကုန်ကျ စရိတ်များကို စိုက်ထုတ်ခြင်းသည် ပြန်ရနိုင်ကိန်း မရှိသော ရင်းနှီးမြှုပ်နှံမှုများ ဖြစ်သည်ဟု ဆိုနိုင်သော်လည်း နိုင်ငံအနာဂတ်အတွက် သေချာသည့် ရင်းနှီးမြှုပ်နှံမှုများ ဖြစ်သည်။

နည်းပညာ ပစ္စည်းများသည် ဈေးပေါစွာ သုံးနိုင်သည့် အနေအထားတွင် မရှိသေးပေ။ သုံးနိုင်လျှင် အကျိုးရှိမှန်း သိလျက် ငွေကြေး မတတ်နိုင်သဖြင့် မသုံးကြရသည့် နိုင်ငံများလည်း ရှိသည်။ ပစ္စည်းရှိ၊ ဆရာရှိ၊ ကျောင်းသားရှိပြီး နည်းပညာမရှိ သို့မဟုတ် နည်းပညာ မသိသဖြင့် မသုံးနိုင်လျှင်လည်း ပန်းတိုင်ရောက်ရန် အလှမ်းဝေးလိမ့်မည်။

ပညာရေးတွင် အိုင်စီတီဆိုင်ရာ မူဝါဒများချမှတ် အကောင်အထည် ဖော်ရာ၌ ရေရှည်။ရေတို စီမံကိန်း များဖြင့် အစိုးရက ရေးဆွဲပေးရသည်။ အစိုးရ ရေးဆွဲသည့် စီမံကိန်းများသည် စာရွက်ပေါ်တွင်သာရှိပြီး လက်တွေ့အကောင်အထည်မပေါ် (အကောင် အထည် မဖော်) မည်ကို စိုးရိမ်ရပါသည်။ သတ်မှတ်ကာလတွင် အောင်မြင်မှု ရှိရန်မှာ လိမ်ညာထားသည့် စာရင်းဇယားများဖြင့် အလုပ် မဖြစ်နိုင်ပေ။ အိုင်စီတီကို ပညာရေးတွင် ပေါက်မြောက် အောင်မြင်စေရန် လုပ်ဆောင်မည် ဆိုလျှင် ရလဒ်ကို ပိုင်းဖြတ်ရန် လိုသည်။ လုပ်ငန်းအပေါ် တာဝန်ယူမည့်သူများ လိုသည်။ အကောင်အထည် ဖော်သည့် အဖွဲ့၏ လုပ်ဆောင်ချက်များကို ပိုင်းဖြတ် ဝေဖန်သုံးသပ် နိုင်ရမည်။ လုပ်ငန်းကို စတင်ဆောင်ရွက်စဉ် ကတည်းက ယုံကြည်လောက်သည့် အဖွဲ့အစည်း လက်အတွင်းသို့ မအပ်လျှင် အသုံးပြုရန် သတ်မှတ်ထားသည့် ငွေကြေးများသည် သဲထဲရေသွန်သလို ဖြစ်နိုင်ပါသည်။

အိုင်စီတီကို ၁၉၈၀ ပြည့်နှစ် လောက်ကတည်းက ဖွံ့ဖြိုးသည့် နိုင်ငံကြီးများသည် ပညာရေးတွင် အသုံးပြုခဲ့သည်။ အထူးသဖြင့် သူတို့ ပညာရေးတွင် တက္ကသိုလ်ဝင် K-12 အဆင့် လောက်တွင် အိုင်စီတီကို မဖြစ်မနေ သုံးရန် စီစဉ်ပေးခဲ့ကြသည်။ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးတိုင်းတွင် အိုင်စီတီကို တပ်ဆင် အသုံးပြုရာ၌ အောင်မြင်သည်ဟု မပြောနိုင်ပေ။ မအောင်မြင်ရသည့် အကြောင်းရင်းများကို ဆန်းစစ်ရာတွင် အောက်ပါအချက်များကို တွေ့ရသည်။

ခေတ်သစ်ကို တည်ဆောက်ရာတွင် ကျွမ်းကျင်မှုအသစ်များ လိုအပ်ခြင်း


အိုင်စီတီသည် လူ့ဘောင် လောကအတွင်း မဖြစ်မနေ သက်ဆင်း ဝင်ရောက်လာခဲ့သည်။ မသုံးမဖြစ်၊ မရှိမဖြစ် အသွင် ဆောင်လာကြောင်းလည်း တွေ့ရသည်။ ဥပမာ- လုပ်ငန်းခွင်၊ သင်ကြားရေး၊ အပန်းဖြေရေး၊ ကျန်းမာရေးစသည့် နေရာတိုင်းတွင် အိုင်စီတီသည် မရှိမဖြစ် ပါဝင်လာခဲ့ရသည်။ လူသားတို့သည် ခေတ်သစ်တွင် သတင်း အချက်အလက်များကို ရယူစားသုံးခြင်း မရှိဘဲ မရပ်တည်နိုင်ပေ။ လူငယ် မျိုးဆက်သစ်များ အတွင်း၌လည်း ပြိုင်ဆိုင်မှုအား ကြီးမားလာသည်။ သတင်း အချက်အလက်များကို ပိုမိုရယူ သုံးစွဲနိုင်သူသည်သာ ရှေ့တန်း ရောက်လာကြောင်း တွေ့ရသည်။ အချက်အလက်များမှသည် ကျွမ်းကျင်မှုကို ရယူနိုင်သည်။ ကျွမ်းကျင်မှုမှသည် အောင်မြင်မှုကို ရနိုင်သည်။ ကွန်ပျူတာနှင့် Network တို့သည် လူငယ်တို့ မက်မောစွာ တမ်းတသည့် အချက်အလက်များကို အမြန်ဆုံးနှင့် အပြည့်စုံဆုံး ဖြည့်ဆည်း ပေးနိုင်သည့် နေရာများ ဖြစ်လာသည်။ ပညာရေးတွင်လည်း ကျွမ်းကျင်စွာ အသုံးပြုနိုင်သူ၊ သုံးခွင့် ရှိသူများသည် ရှေ့တန်းသို့ ရောက်လာမည်သာ ဖြစ်သည်။ နိုင်ငံနှင့် လူမျိုးတိုင်းတွင် သုံးခွင့်ရလျှင် ဖွံ့ဖြိုးတိုးတက်မည်ကို သိလျက်နှင့် မသုံးနိုင်သောကြောင့် ဒစ်ဂျစ်တယ် ကွာဟချက်များ ဖြစ်ပေါ်နေရသည်။ နည်းပညာ အသစ်များကို မပြတ်ဖော်ဆောင်နေသည့် ကာလတွင် သုံးနိုင်သူ အသစ်များကိုလည်း တိုးပွားစေရန် ကြံဆောင်နိုင်ရမည် ဖြစ်သည်။

ထုတ်လုပ်မှု တိုးမြှင့်ခြင်း


ကျောင်းဆိုသည်မှာ သတင်း အချက်အလက်များနှင့် အသိပညာများကို ရယူနိုင်သော နေရာ၊ လွှဲ ပြောင်းပေးနိုင်သည့် နေရာတစ်နေရာ ဖြစ်ရမည်။ ပညာရေးတွင် အတန်းတိုင်း၊ အဆင့်တိုင်း၊ ဌာနတိုင်း၊ နေရာတိုင်း အိုင်စီတီကို သုံးစွဲခွင့်ရှိရန် ကြံဆောင်ပေးရမည်။ အိုင်စီတီသည် အခြေခံကျသည့် လက်နက်တစ်ခု ဖြစ်နေရမည်။ မူလတန်း ကျောင်းလေးမှသည် ဝန်ကြီးဌာန အဆင့်အထိ အိုင်စီတီကို အသုံးပြုနိုင်မှသာလျှင် အချိုးညီ တိုးတက်နိုင်မည်။ အောက်ခြေက ကားပြီး အထက်က ရှူးသွားသည့် ပိရမစ်ကဲ့သို့ မဖြစ်ရေး၊ ပိရမစ် ဇောက်ထိုး မဖြစ်ရေးအတွက် တိုးတက်မှုကို အချိုးညီစွာ လုပ်ဆောင် ရန်လိုသည်။

အရည်အသွေး မီသည့်သင်ယူရေးကို ရှာဖွေခြင်း


ကျောင်းများတွင် လက်ရှိ သင်ကြားသင်ယူမှု အားလုံးကို ပုံစံပြောင်းရပေလိမ့်မည်။ ပိုမို ထိရောက်သည့် သင်ကြားသင်ယူမှုမျိုး ဖြစ်စေရန်၊ ဘဝတစ်သက်တာ ပညာရှာနိုင်သည့် ပုံစံမျိုး ဖြစ်စေရန်နှင့် မိမိကိုယ်ကိုယ် အားကိုးလိုသည့် သင်ယူသူများ ဖြစ်စေရန် ပြောင်းလဲ ပြုပြင်ပေးရမည်။ အိုင်စီတီ ဆိုသည်မှာ ဘက်စုံသုံးနိုင်သည့် လက်နက်တစ်ခု ဖြစ်သည်။ စာသင်ခန်း၊ စာကြည့်တိုက်နှင့် ဆရာများ ကဏ္ဍအားလုံးကို အိုင်စီတီက ပြုပြင် ပြောင်းလဲနိုင်စွမ်း ရှိရမည်။ အထိရောက်ဆုံးနှင့် အမြန်ဆုံး သက်ရောက်မှု ရှိနိုင်သဖြင့် ထိုလက်နက်ကို တပ်ဆင်ရန် ကြံဆောင်နေကြခြင်း ဖြစ်ပါသည်။

ချီလီနိုင်ငံတွင် အိုင်စီတီကို ပညာရေးတွင် အသုံးပြုနိုင်ရန်အတွက် Enlaces စီမံကိန်းဖြင့် အကောင် အထည် ဖော်ခဲ့ကြောင်း အထက်တွင် ဆိုခဲ့ပါသည်။

Enlaces စီမံကိန်းကို ကြည့်ပြီး ပညာရေးတွင် အိုင်စီတီဖြင့် ပြုပြင်ပြောင်းလဲမည်ဆိုပါက-
- ပညာရေးတွင် အောက်ခြေမှ အထက်အားလုံးကို တစ်ပြိုင်တည်း ပြုပြင် ပြောင်းလဲခြင်း၊ သင်ရိုး ညွှန်းတမ်းများကို အိုင်စီတီ အခြေခံပြီး ပြန်လည် ပြုပြင် ရေးဆွဲခြင်း၊ ကျောင်းအုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေး အတွက် ကျွမ်းကျင် ပညာရှင်များ ငှားရမ်းခြင်း၊ ဆရာများကို အိုင်စီတီ သင်တန်းများပေးခြင်း၊ စာသင်ခန်း အတွင်း အိုင်စီတီ သုံးရန် လေ့ကျင့်ပေးခြင်း
- စာသင်ခန်း တစ်ခန်းလျှင် ကျောင်းသား ၄၀ မှ ၅၀ အထိ လက်ရှိ သင်နေရသဖြင့် ထိရောက်မှု မရှိနိုင်ပေ။ သင်ကြားချိန်ကိုလည်း တိုးမြှင့်ပြီး အိုင်စီတီကို လေ့ကျင့်ပေးရန် အချိန်မရှိ။ ထိုအားနည်းချက်များကို ပြုပြင်ရန် လိုအပ်ခြင်း၊ ဆရာကျောင်းသား၊ စာသင်ခန်း အချိုးများကို လျှော့ချရန် လိုခြင်း
- ကျောင်းသားကို သင်ချင်လျှင် ဆရာကို ဦးစွာ ပြင်ရမည် ဖြစ်သည်။ ကျောင်းသားကို သင်နိုင် လောက်သည့် ဆရာများကို မွေးထုတ်ပေးရမည် ဖြစ်သည်။ မလုပ်၊ မရှုပ်၊ မပြုတ်ဆိုကာ ရှေးရိုးစွဲတွင် ဖက်တွယ်ချင်ပြီး ခေတ်နောက်တွင် ချန်နေခဲ့ချင်သူများကို အနားယူခိုင်းရမည်။ ပညာရေးတွင် မျိုးဆက်သစ်တို့ဖြင့်သာ သွေးသစ်လောင်းခြင်း၊ အိုင်စီတီ ကျွမ်းကျင်သူများကိုသာ ဆရာများ နေရာတွင် အစားထိုး ခန့်အပ်ခြင်းစသည့် ပညာရေး လောက ပြုပြင် ပြောင်းလဲမှုကို တော်လှန်ရေးအသွင် ဆောင်ရွက်မှသာ အောင်မြင်မည် ဖြစ်သည်။ အိုင်စီတီဖြင့် ပညာရေးလမ်းကြောင်းကိုသွားလျှင် အိုင်စီတီနှင့် လက်မတွဲချင်သူများကို လက်တွဲ ဖြုတ်ခဲ့ရုံမှတစ်ပါး အခြားမရှိပေ။
- ပညာရေးအတွက် တာဝန်ယူထားသည့် ပရိုဂရမ် မန်နေဂျာများသည် ဘတ်ဂျက်ကို မည်သို့ သုံးမည်၊ မည်မျှသုံးမည်၊ မည်သည့် နေရာတွင် သုံးမည်၊ မည်သူတွေနှင့် အကောင်အထည် ဖော်မည်ဆိုခြင်းကို ဆုံးဖြတ်ချက် မှန်ကန်ပြီး လုပ်ဆောင်ချက် မှန်ကန်စွာဖြင့် စေတနာ ရှေ့ထား အကျိုးများစေရန် ကြံဆောင်ရပေ လိမ့်မည်။ လုပ်ကိုင်နိုင်သူများကို လုပ်ပိုင်ခွင့် အပြည့် ပေးပြီး၊ အောင်မြင်အောင် လုပ်ဆောင်နိုင်သူများကိုလည်း အပြည့်အဝ ချီးမြှောက်ခြင်း ပြုရပေလိမ့်မည်။ တာဝန်ယူထား သူက ဟိုလူ့မယုံ၊ သည်လူ့မယုံ စီမံခန့်ခွဲမှု ညံ့ဖျင်း လျှင်လည်း လုပ်ငန်း အကောင်အထည် ပေါ်နိုင်မည် မဟုတ်ပါ။
- ပညာရေးတွင် အိုင်စီတီကို တပ်ဆင်တော့မည် ဆိုလျှင် ပညာရှင်ကို မွေးနိုင်ရပါလိမ့်မည်။ ဟာ့ဒ်ဝဲ ပညာရှင်၊ ဆော့ဖ်ဝဲ ပညာရှင်များ ပညာရေး လောကအတွက် သီးသန့်ရှိရန် လိုသည်။ ပညာရေး ဆိုင်ရာ သီးသန့် ဟာ့ဒ်ဝဲ ပညာရှင်၊ Network ပညာရှင်၊ ဆော့ဖ်ဝဲ ပညာရှင် တို့ဖြင့်သာ လုပ်ငန်း အကောင်အထည် ပေါ်စေရန် ဆောင်ရွက်နိုင်ပါ လိမ့်မည်။

အထက်တွင် ဖော်ပြခဲ့သည့် အချက်များသည် အိုင်စီတီဖြင့် ပညာရေးကို ပြုပြင် ပြောင်းလဲရန် အကြမ်းဖျင်း အချက်များသာ ဖြစ်ပါသည်။ ပြုပြင် ပြောင်းလဲမှု တစ်ခုကို လုပ်ဆောင်ရာတွင် ပြုပြင် ပြောင်းလဲလိုစိတ်နှင့် စေတနာ တို့ကလည်း အရေးကြီးပါသည်။ ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်တွင် မိမိတို့ တစ်နိုင်ငံတည်း ရပ်ကျန်ခဲ့၍ မရနိုင်ပေ။ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ရေးဆိုသည် အားလုံးအတွက် အားလုံး ဝိုင်းဝန်း ဆောင်ရွက်ရန် လိုသည့်အပြင် အဂတိတရားများနှင့် ကင်းစင်မှသာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံသစ်ကို အမြန်ရောက်မည်ဟု ထင်ပါသည်။
Credit To  thevoicemyanmar
Read More »

ပဋိပက္ခအလွန်- မြစ်ကြီးနား မေလ ငြိမ်းချမ်းရေးဆွေးနွေးပွဲ

Written by  လှမောင်ရွှေ
မြစ်ကြီးနားငြိမ်းချမ်းရေးဆွေးနွေးပွဲအကြိုနေ့မနက်ဖြန် KIA နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့ရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ စတင်မှာဖြစ်ပါတယ်။ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့အဖွဲ့ဟာ ၂၀၁၃ ခုနှစ် မေလ ၂၆ ရက်နေ့ နံနက်တွင် မြစ်ကြီးနား မြို့သို့ ရောက်ရှိခဲ့ပါတယ်။ အဖွဲ့ခေါင်းဆောင်နဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးဝင်းထွန်း၊ ဦးအုန်းမြင့်နဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး၊မြောက်ပိုင်း တိုင်းမှူး၊ အရှေ့မြောက် တိုင်းမှူး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် တပ်မတော် အရာရှိကြီးများ ပါပါတယ်။ Myanmar Peace Center (MPC) က အလုပ်အမှုဆောင် အဖွဲ့ဝင်တွေလည်း ပါကြပါတယ်။
မနေ့က ၁၀ နာရီခွဲမှ ၁ နာရီ ၁၅ လောက် အထိကတော့ မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ ဘာသာရေး ခေါင်းဆောင်တွေ၊ လူမူရေး ခေါင်းဆောင်တွေပါတဲ့ မြို့မိမြို့ဖ အဖွဲ့နဲ့ ဆွေးနွေးကြပါတယ်။

ဒီနေ့နံနက် ၇ နာရီလောက်မှာ မြစ်ကြီးနားမှထွက်ခဲ့ကြပါတယ်။ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ပြည်ထောင်စု ဝန်ကြီးတွေနဲ့ ကချင်ပြည်နယ် ဝန်ကြီးချုပ်၊ တပ်မတော်မှ တာဝန်ရှိသူတွေ ပါကြပါတယ်။ တစ်နာရီခန့် မောင်းပြီးတဲ့အခါမှာတော့ ကာဇူးရွာကို ရောက်ခဲ့ပါတယ်။ ကတ္တရာလမ်း အတော် ကောင်းတာကို သတိထားမိပါတယ်။ ဒီရွာကို လွန်တဲ့အခါမှာ ဒေသခံတွေက ပြောင်းဖူးစေ့လမ်း လို့ခေါ်တဲ့ ကျောက်တစ်မျိုးနဲ့ ခင်းထားတဲ့ လမ်းပေါ်ကို ရောက်ပါတယ်။ အဲ့ဒီလမ်းကလည်း အတော် ကောင်းပါတယ်။ ဒါပေမဲ့ အဲ့ဒီဝန်းကျင် တစ်လျှောက်မှာတော့ ပိုင်ရှင်တွေ ပြန်မရောက်သေးတဲ့ အိမ် အမြောက်အမြား တွေ့ရပါတယ်။ အချို့ပျက်စီးသွားတဲ့ အိမ်တွေကိုလည်း တွေ့ရပါတယ်။

လယ်လုပ်ချိန် မဟုတ်တော့ လယ်တွေမှာလည်း လူမတွေ့ရဘူး။ကျောင်းဖွင့်ချိန် မဟုတ်တော့ ကျောင်းတွေမှာလည်း လူမတွေ့ရဘူး။ ဒါပေမဲ့ သိပ်မကြာခင် ရက်ပိုင်းအတွင်းမှာ ကျောင်းတွေ ပြန်ဖွင့်ရင်တော့ လူငယ်တွေလည်း စာပြန်သင်နိုင်ဖို့ မျှော်လင့်ပါတယ်။ ၈ နာရီ မိနစ် ၃၀ လောက် မှာတော့ ကန်ဒေါင်ယန်ရွာကို ရောက်ပါတယ်။ အဲဒီမှာအမှတ် (၃၃) တပ်မမှူး လိုက်လာပါတယ်။ ကျွန်တော်တို့နဲ့အတူ ကျွန်တော်တို့ရဲ့ မိတ်ဆွေ Miss မာရီယန်လည်း ပါပါတယ်။

ကျွန်တော် ဒီကိုထွက်မလာခင် မေလ ၂၅ ရက်နေ့က ကျွန်တော်နဲ့ တစ်လမ်းထဲနေတဲ့၊ ဒါပေမဲ့ သိပ်မရောက်နိုင်တဲ့ ကျွန်တော့်အမေအိမ်ကို ရောက်ပါတယ်။ မေမေနဲ့လည်း အဲဒီနေ့ နေ့လယ်စာကို စားဖြစ်ပါတယ်။ နေ့လယ်အပြန်မှာ ကျွန်တော့်အနေနဲ့ မေမေ့ကို ကချင်ပြည်နယ်ခရီး ငါးရက်ခြောက် ရက်လောက် ထွက်ရမှာ ပြောပြီးတော့ ကန်တော့ခဲ့ပါတယ်။ ကျွန်တော့်အမေကလည်း ဗုဒ္ဓဘာသာ ထုံးစံအတိုင်း ဆုပေးပါတယ်။ အစစအရာရာ အန္တရာယ်ကင်းဖို့နဲ့ အောင်မြင်စေဖို့ အထူးသဖြင့်တော့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ အောင်မြင်စေဖို့ ကျွန်တော့်ကို ဆုတောင်းပေးလိုက်ပါတယ်။ ပြီးတော့ လူ့ လောကထဲကို ရောက်လာတာ ရက်ပိုင်းပဲရှိသေးတဲ့ ကျွန်တော့်မြေး အငယ်ဆီကို ကျွန်တော်ဝင် ပါတယ်။ ရက်ပိုင်းပဲရှိသေးတဲ့ ကျွန်တော့်မြေးငယ်ကို တွေ့ဖို့သွားပါတယ်။ အဲဒီရက်မှာ ခရီးသွားလို့ အဝေးကိုရောက်နေတဲ့ ကျွန်တော့် အဖေရယ်၊ ကျွန်တော့် အိမ်သူရယ်တို့ကို ကျွန်တော့်အနေနဲ့ ဒီလာမယ့် ခရီးအတွက် မနှုတ်ဆက်နိုင်ခဲ့ပါဘူး။

အခုတစ်လမ်းလုံး ကျွန်တော်တို့ ကချင်ပြည်နယ်ရဲ့တောတောင်တွေ၊ ပိုင်ရှင် ပြန်မရောက်တဲ့ အိမ်တွေ၊ ကျောင်းတွေကို ကြည့်ပြီးတော့လည်း စိတ်မကောင်း ဖြစ်မိပါတယ်။ ဒါမျိုးကို ကျွန်တော် မနှစ်က ဗန်းမော်ကနေပြီးတော့ မိုင်ဂျားယန်ကို သွားတဲ့အချိန်မှာ ဒီလိုခံစားမှုမျိုး ခံစားမိပါတယ်။ကျွန်တော်တို့ နှစ်နာရီ ၁၅ မိနစ်လောက် မောင်းပြီးတဲ့အခါမှာ လိုင်ဇာကနေပြီးတော့ ကိုးမိုင်လောက်ကွာတဲ့ ကြိုတင် ညှိနှိုင်းထားတဲ့ ချိန်းဆိုတဲ့နေရာကို ရောက်ပါတယ်။ အဲ့ဒီမှာ ကချင်စစ်သားတချို့ စောင့်နေတာ တွေ့ပါ တယ်။ ဦးအောင်မင်းက ကချင်စစ်သားတွေကို နှုတ်ဆက်ပါတယ်။ ကျွန်တော်တို့လည်း ဓာတ်ပုံ ရိုက်ခဲ့ကြပါတယ်။

ခဏနေတော့ ဆရာကြီး ဦးဆွမ်လွတ်ဂမ်၊ ဗိုလ်ချုပ်ဂွမ်မော်တို့ ဦးဆောင်တဲ့ ကချင်ငြိမ်းချမ်းရေး ဆွေးနွေးမယ့် အဖွဲ့တွေဟာ ကားတွေနဲ့ ရောက်လာပါတယ်။ ကြိုဆို အမှတ်တရ ဓာတ်ပုံတွေ ရိုက်ပြီးတော့ မြစ်ကြီးနားကို ပြန်လာခဲ့ကြပါတယ်။

လမ်းမှာ ရွှေညောင်ပင်ကစပြီးတော့ ကချင် ပြည်သူလူထုတွေ သောင်းသောင်းဖြဖြ ကြိုကြပါတယ်။ သူတို့အနေနဲ့ အလံတိုင်တွေဝှေ့ယမ်း၊ တီရှပ်တွေ ဝတ်ပြီးတော့ ကြိုကြပေမဲ့ ဒါအားလုံးက ငြိမ်းချမ်းရေး ဆွေးနွေးမယ့် နှစ်ဖွဲ့လုံးကို ခွန်အားပေးတယ်၊ တွန်းအားပေးတယ်လို့ပဲ ကျွန်တော့်အနေနဲ့ မှတ်ယူပါ တယ်။ မနက်ကသွားတုန်းက စိတ်ထဲက မပျော်ရွှင်မှုတွေက ခုသောင်းသောင်းဖြဖြ ကြိုကြတဲ့ ကချင်လူထုကို တွေ့တဲ့အခါမှာ ပြန်ပြီး အားတက်မိပါတယ်။ မနက်ဖြန် မနက် ၉ နာရီမှာ ကျွန်တော်တို့ ဆွေးနွေးကြပါလိမ့်မယ်။

ဒီနေ့ကြိုဆိုတဲ့ ကချင်ပြည်သူလူထုရဲ့ သောင်းသောင်းဖြဖြ ကြိုဆိုမှုတွေဟာ နှစ်ဖက် အဖွဲ့အစည်း ဆွေးနွေးဖက်တွေကို ခွန်အား၊ တွန်းအား ဖြစ်စေပါလိမ့်မယ်။
ဝန်ကြီး ဦးအောင်မင်းရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ကျွန်တော် လိုက်ပါခွင့် ရခဲ့ပါတယ်။ စုစုပေါင်း ပွဲ ၆၀ ကျော် ၇၀ လောက် ရှိတယ်လို့ ထင်ပါတယ်။ ဝန်ကြီး ဦးအောင်မင်းနဲ့ KNU ဆွေးနွေးပွဲတွေ လိုက်ခဲ့သလို KIA နဲ့လည်း ဆွေးနွေးပွဲပေါင်း ခုနစ်ကြိမ် လိုက်ခဲ့ပါတယ်။ ရွှေလီမြို့မှာ နှစ်ကြိမ် KIA ထိန်းချုပ်တဲ့ မိုင်ဂျန်းယန်ဆိုတဲ့ Second City မှာ နှစ်ကြိမ်နဲ့ တရုတ်နိုင်ငံ ရွှေလီမှာ သုံးကြိမ် စုစုပေါင်း ခုနစ်ကြိမ် ဆွေးနွေးပြီးပါပြီ။ ဒီတစ်ကြိမ်ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ် အစဉ်အလာကြီးမားတဲ့ မနောကွင်းက မဂျွယ်ခန်းမမှာ မနက်ဖြန် ကျွန်တော်တို့ ဆွေးနွေးကြပါမယ်။
ဆွေးနွေးတဲ့ ရလဒ်တွေကို အတိအကျ မသိနိုင်ပေမယ့် ကျွန်တော်တို့ နိုင်ငံကို ငြိမ်းချမ်းရေး မြန်မြန် ရစေချင်ပါတယ်။ အားလုံးလိုချင်တဲ့ ပိုမို ကောင်းမွန်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့က ငြိမ်းချမ်းရေး မြန်မြန်ရမှ Development တွေလုပ် ကျွန်တော်တို့ရဲ့ Capacity တွေမြှင့်တင်နဲ့ ကျန်တာတွေကို ဆောင်ရွက်နိုင်မယ်လို့ ထင်ပါတယ်။ မနက်ဖြန် ကျွန်တော့်လိုပဲ အားလုံးက အောင်မြင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတစ်ခု ဖြစ်မယ်လို့ ဆန္ဒပြုကြမယ်လို့ ကျွန်တော်ထင်ပါတယ်။

မြစ်ကြီးနား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမနေ့

(2013 May 28)

အခက်အခဲများစွာနဲ့ ပြဿနာပေါင်းများစွာကို ကျော်ဖြတ်ပြီးတဲ့အခါမှာ KIA အဖွဲ့အစည်းနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီတို့ရဲ့ မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပထမနေ့ကို စနိုင်ခဲ့ပါတယ်။ မနေ့က KIA အဖွဲ့ကို ကြိုဆိုပြီးတော့ ညပိုင်းမှာကြိုတင် ညှိနှိုင်းပွဲကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒီနေ့မနက် ၉ နာရီမှာ အစည်းအဝေးကို စနိုင်ပါတယ်။ ဒီအစည်းအဝေးမှာ KIA အဖွဲ့အစည်းကပဲ ဖိတ်ကြားထားတဲ့ UNFC နဲ့ အခြား တိုင်းရင်းသားညီနောင် လက်နက်ကိုင်အဖွဲ့အစည်း ကိုးဖွဲ့ ဖိတ်ခဲ့တဲ့ အထဲကနေပြီး ရှစ်ဖွဲ့ တက်ရောက်လာခဲ့ပါတယ်။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဗီဂျေနမ်ဘီယားနဲ့ သူ့ လက်ထောက် တက်ရောက်ပါတယ်။ ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးရဲ့ ဒုတိယ သံရုံးတာဝန်ခံနဲ့ သူ့လက်ထောက်ကလည်း အချိန်နောက်ကျပြီးမှ အစည်းအဝေးခန်းထဲကို ရောက်ရှိလာတာကို တွေ့ရပါတယ်။

ပိုပြီး ထူးခြားတာကတော့ KIA အဖွဲ့အစည်းအနေနဲ့ မြစ်ကြီးနား အခြေစိုက် ဘာသာရေးနဲ့ မြို့မိမြို့ဖ Local Observer ၁၀ ဦးကို အစည်းအဝေး တက်ခွင့်ပေးတာကလည်း ထူးခြားတဲ့ အနေအထားပါပဲ။ အခမ်းအနားအစမှာ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းက သူပြောရမယ့် စကားတွေကို တိုတိုနဲ့ ရှင်းပြပါတယ်။ ဒီစကားတွေထဲမှာ စိတ်ဝင်စားဖို့ ကောင်းတာကတော့ လက်ရှိ ငြိမ်းချမ်းရေးဖော်ဆောင်နေတာ တိုင်းရင်းသားအဖွဲ့ တချို့နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ် ရေးထိုးပြီးပြီ။ တကယ်လို့ KIA အပါအဝင် တခြားအဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းဆောင်ရွက်လို့ အပစ်အခတ်ရပ်စဲရေး ရပြီးတဲ့ နောက်ပိုင်းမှာ နိုင်ငံတော်သမ္မတအနေနဲ့ တစ်နိုင်ငံလုံး လွှမ်းခြုံတဲ့ အပစ်အခတ်ရပ်စဲရေးကို နေပြည်တော်လို နေရာမျိုးမှာ အခမ်းအနားနဲ့ လက်မှတ်ရေးထိုးဖို့ ဆန္ဒရှိကြောင်း ရှင်းပြပါတယ်။ အဲဒါပြီးရင်တော့ နောက်တစ်ဆင့်ကတော့ Frame Work ဆွေးနွေးပြီးရင်တော့ အားလုံးပါဝင်တဲ့ Political Dialogue စနိုင်မယ် ဆိုတာကိုလည်း ထောက်ပြသွားပါတယ်။

ဒီလိုမျိုး အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်နိုင်ပြီးပြီဆိုရင်တော့ ယုံကြည်မှုလည်း ပိုရှိလာတဲ့အတွက် ၁၇ (၁) လို ဥပဒေအရ အစိုးရ အဖွဲ့အစည်းဘက်က ဖြုတ်ပေးလို့မရပေမယ့် ၁၇ (၁) နဲ့သတ်မှတ် ထားတဲ့ မတရားအသင်းကိုတော့ အစိုးရ အဖွဲ့အစည်းအနေနဲ့ ဖြုတ်ပေးနိုင်မယ်။ ဒီတော့ ယုံကြည်မှု ပိုရှိလာပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အတူတကွ ဆောင်ရွက်နိုင်မယ့် အနေအထားကိုလည်း ရှင်းပြပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနက တက်ရောက်လာတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက သူ့ရဲ့တာဝန်တွေ၊ သူ့ကို ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ တာဝန် ပေးအပ်လိုက်တာတွေကို ရှင်းပြပြီးတော့ တပ်မတော် အနေနဲ့ ငြိမ်းချမ်းရေးကို လိုလားတယ်။ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် ညှိနှိုင်း ဆွေးနွေးပွဲတွေမှာ ဆွေးနွေးလို့ ရတယ်ဆိုတာကို ရှင်းပြပါတယ်။ နောက်ထပ် ပြည်ထောင်စုဝန်ကြီး နှစ်ဦးနဲ့ ဝန်ကြီးချုပ်တို့လည်း ဝင်ရောက် ဆွေးနွေးပါတယ်။

KIA အဖွဲ့အစည်းဘက်က အဖွဲ့ခေါင်းဆောင် ဆရာကြီးဦးဆွမ်လွတ်ဂမ် ပြောပြီးတော့ ဗိုလ်ချုပ်ဂွမ်မော် ပြောပါတယ်။ ဗိုလ်ချုပ်ဂွမ်မော်ကတော့ ဒီနေ့ပွဲဟာ ထူးခြားတဲ့ပွဲ ဖြစ်တဲ့အကြောင်း သူတို့အနေနဲ့ လမ်းခရီးမှာ ပြည်သူလူထုရဲ့အားပေးမှုဟာ တာဝန်တစ်ခု ရှိပြီးတော့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို သူတို့လည်း လေးလေးနက်နက် စဉ်းစားပြီးတော့ ညှိနှိုင်း ဆောင်ရွက်ပါမယ်ဆိုတာကို ပြောခဲ့ပါတယ်။
ဒီနေ့ပွဲမှာ သတိပြုမိတာ မြစ်ကြီးနားမြို့တော် ဒီမနောကွင်းမှာ မီဒီယာ ၇၀-၈၀ ရောက်လာတယ်လို့ ကျွန်တော့်အနေနဲ့ မှတ်ယူပါတယ်။ သူတို့အနေနဲ့လည်း ပထမပိုင်း ဆွေးနွေးမှုပြီးတဲ့အထိ သတင်းယူခွင့် ပေးထားပါတယ်။
ကျွန်တော်တစ်ဦးတည်း အနေနဲ့တော့ ဒီလအတန်ကြာ ညှိနှိုင်းခဲ့ရပြီးတော့ ရက်တွေအခါခါ ရွှေ့ပြောင်းခဲ့ရတဲ့ ဒီဆွေးနွေးပွဲကြီး မဖြစ်မှာ မအောင်မြင်မှာကို တကယ်ပဲ စိုးရိမ်မိခဲ့ပါတယ်။ ဒီနေ့ အစည်းအဝေး အထမြောက် အောင်မြင်ပြီးတော့ ချောချောမွေ့မွေ့ ဖြစ်တာကို ကျွန်တော့်အနေနဲ့ ဝမ်းသာပါတယ်။ အထူးသဖြင့်တော့ ဝန်ကြီး ဦးအောင်မင်းနဲ့ ဗိုလ်ချုပ်ကြီး မြင့်စိုးတို့ရဲ့ ရှင်းပြချက်တွေ ဟာ တက်ရောက်လာတဲ့ ရပ်မိရပ်ဖတွေ၊ တိုင်းရင်းသား Observer တွေနဲ့ KIA အဖွဲ့အစည်းအတွက် ထိုက်သင့်သလောက် နားလည်မှုနဲ့ ဘဝင်ကျမှုတွေ ရှိတယ်လို့ ကျွန်တော့်အနေနဲ့ ခံစားမိပါတယ်။ ဒီကတစ်ဆင့် ယုံကြည်မှု ပိုတည်ဆောက်ပြီးတော့ အပစ်အခတ် ရပ်စဲရေးကို လက်မှတ် ရေးထိုးနိုင် တဲ့အထိ သွားနိုင်ဖို့ကို ကျွန်တော့်အနေနဲ့ ဆန္ဒပြုပါတယ်။
ကျန်တဲ့ အချက်အလက်တွေကိုတော့ ကျွန်တော်တို့အနေနဲ့ အချိန်တစ်ခု ပေးပြီးတော့ စောင့်ကြည့် ရဦးမယ့် သဘောရှိပါတယ်။ ဒီနေ့ မြစ်ကြီးနားမြို့ ကချင်မနောပွဲကွင်း မဂျွယ်ခန်းမမှာ ကျင်းပတဲ့ပွဲမှာ မြစ်ကြီးနားမြို့ပေါ်က ပြည်နယ် အစိုးရနဲ့အတူ မြို့သူ မြို့သား ရာပေါင်းများစွာ ဝိုင်းဝန်းပြီးတော့ ကူညီ ဆောင်ရွက်ပေးကြပါတယ်။ အထူးသဖြင့်တော့ နှစ်ဖက် အဖွဲ့အစည်း Observer များ Media နဲ့ သက်ဆိုင်တဲ့ လူပေါင်းများစွာရဲ့ စားသောက်မှုကိစ္စကို မြစ်ကြီးနားမှာရှိတဲ့ တက္ကသိုလ် ကျောင်းသား ကျောင်းသူတွေက လုပ်အားပေး ကူညီပေးတယ်လို့ ကြားရတဲ့အတွက် သူတို့ကိုလည်း ကျေးဇူးတင် ဂုဏ်ယူမိပါတယ်။

ကျွန်တော့်အနေနဲ့ ပထမနေ့ တစ်ရက်တာမှာ ခြုံပြီးတော့ ပြန်ပြောရမယ်ဆိုရင် KIA အဖွဲ့အစည်း ဖက်က အဆိုပြုခဲ့တဲ့ ခေါင်းစဉ်နှစ်ခု ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်း ကော်မတီက အဆိုပြုခဲ့တဲ့ ခေါင်းစဉ် လေးခုကို ပဏာမအနေနဲ့ ဆွေးနွေးနိုင်ခဲ့ပါတယ်။ ဒီဆွေးနွေးချက်တွေမှာ ဗိုလ်ချုပ်ဂွမ်မော် အနေနဲ့ ပြန်လည် ရှင်းလင်းတဲ့အခါမှာ အများစုက သူတို့အနေနဲ့ မူအားဖြင့် သဘော တူတယ်၊ အသေးစိတ်ကိုတော့ ညှိနှိုင်းဖို့ လိုတယ်ဆိုတာကို သိရပါတယ်။ ဒီအတွက်လည်း သူတို့အနေနဲ့ ဗဟိုကော်မတီကို ပြန်လည် အကြောင်းပြန်ဖို့နဲ့ သူတို့အချင်းချင်း ဆွေးနွေးဖို့ အချိန် လိုအပ်တယ်လို့ အကြောင်းကြားပါတယ်။

ဒါကြောင့်မို့လို့ ဒီနေ့ ဆွေးနွေးတဲ့ ပထမ ခေါင်းစဉ်တွေပြီးတော့ နေ့လယ် ၁ နာရီမှာ ဆွေးနွေးပွဲကို ခဏ ရပ်နားပါတယ်။ ဒီနေ့ညနေပိုင်းနဲ့ မနက်ဖြန် မနက်ပိုင်းတွေမှာတော့ သီးခြား ဆွေးနွေးပွဲငယ်တွေ ဆောင်ရွက်ဖို့ ရှိပါတယ်။ ပြီးရင်တော့ မနက်ဖြန် ၂၉ ရက်နေ့မှာ KIA က ကချင် ပြည်သူလူထုကို ပြန်လည်ရှင်းပြတဲ့ ပွဲတွေ ဆောင်ရွက်မယ်လို့ ကျွန်တော့်အနေနဲ့ သိရပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနဲ့ ဆွေးနွေးပွဲကိုတော့ ၃၀ ရက်နေ့မှာ ဆက်ပြီးတော့ ဆောင်ရွက်ပါမယ်။

ပထမနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲရဲ့ နေ့လယ်စာကို နှစ်ဖက် ဆွေးနွေးပွဲ အဖွဲ့အစည်းတွေ Observer တွေ၊ မြို့မိမြို့ဖတွေ၊ တိုင်းရင်းသား လက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့တွေ အတူတကွ ရင်းရင်းနှီးနှီး ချစ်ချစ်ခင်ခင် စားသုံးခဲ့ကြပါတယ်။ ညပိုင်းမှာလဲ KIA အဖွဲ့အစည်းအနေနဲ့ ညစာမှာ အားလုံးဝင်ပြီး တော့ တပျော်တပါး ရင်းရင်းနှီးနှီး သုံးဆောင်ကြပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် ပဋိပက္ခတွေ လျှော့ချဖို့ ဆိုတာ ယုံကြည်မှုတွေ ပိုရဖို့ လိုပါတယ်။

အပြန်အလှန် အသိအမှတ်ပြုပြီးတော့ ရိုးသားမှု ရှိဖို့လိုတယ်လို့ ကျွန်တော့်အနေနဲ့ ထင်ပါတယ်။ ဒီလို ဆွေးနွေးပွဲတွေ မကြာခဏ ဆောင်ရွက်ပေးရင်တော့ ပြဿနာတွေကို လျှော့ချနိုင်ပြီးတော့ အားလုံး လိုချင်တဲ့ ငြိမ်းချမ်းရေးဆီကို အဆင့်လိုက် သွားနိုင်မယ်လို့ ထင်ပါတယ်။

ကျွန်တော့်အနေနဲ့တော့ ဒီနေ့ ဆွေးနွေးပွဲကနေပြီးတော့ ပိုကောင်းမွန်တဲ့ ရလဒ်တွေရဖို့တော့ ပိုပြီးတော့ ယုံကြည်မှု ရှိလာပါတယ်။ ကျွန်တော်တို့ ဆက်လက် ဆွေးနွေးကြပါဦးမယ်။

မြစ်ကြီးနားငြိမ်းချမ်းရေးဆွေးနွေးပွဲ ဒုတိယနေ့

(2013 May 29)

ဒီနေ့ နံနက်ပိုင်းမှာ ၈ နာရီက ၉ နာရီ မိနစ် ၃၀ အထိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုတိယ ဥက္ကဋ္ဌ ဦးအောင်မင်းနဲ့ တပ်ပိုင်းဆိုင်ရာ တာဝန်ရှိတဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုး အပါအဝင် တပ်မတော် အရာရှိကြီးတွေနဲ့ KIO အဖွဲ့အစည်းက ဗိုလ်ချုပ် ဂွမ်မော်နဲ့ တပ်ပိုင်း ဆိုင်ရာ တာဝန်ရှိသူတွေ တစ်နာရီ ၃၀မိနစ်ကြာ သီးခြား တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ပြန်ထွက်လာပြီး တဲ့ အချိန်မှာ စောင့်နေတဲ့ မီဒီယာများကို ဗိုလ်ချုပ်ကြီး မြင့်စိုးက လိုအပ်တဲ့ အဖြေတချို့ ရခဲ့ပြီး ဆက်လက် ညှိနှိုင်းဖို့ ကျန်နေသေးတယ်။ ကျန်တာတွေကိုတော့ ၃၀ ရက်နေ့ကျရင်တော့ နှစ်ဖက် အဖွဲ့အစည်းက ဆက်လက် ဆွေးနွေးပြီး အားလုံးကို ရှင်းပြမယ်လို့ ဖြေကြားခဲ့တာကိုလည်း ကျွန်တော်တို့ ကြားရပါတယ်။

ကျွန်တော့်အနေနဲ့ နိုင်ငံတကာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ sideline meeting/Informal meeting တွေကနေပြီးတော့ အဆုံးအဖြတ် ၇၀ ရာခိုင်နှုန်းအထိကို ဖော်ဆောင်ပေးနိုင်တာမျိုးကို တွေ့နိုင်ပါတယ်။ ၃၀ ရာခိုင်နှုန်းကတော့ Formal meeting တွေကနေပြီးတော့ ဆောင်ရွက်ပေး နိုင်တယ် ဆိုတာကိုလည်း ကျွန်တော် ဖတ်ဖူး မှတ်ဖူးပါတယ်။

အဲ့ဒါပြီးတော့ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ပေါ်မှာ အခြေစိုက်တဲ့ KBC လို့ အမည်ရတဲ့ ကချင် နှစ်ခြင်း အသင်းတော် (Kachin Baptist Council) ကို ရောက်ပါတယ်။ အဲ့ဒီမှာ အထွေထွေ အတွင်းရေးမှူး သိက္ခာတော်ရ ဆရာတော်ကြီး ဦးခလမ်ဆမ်ဆ္ဓဓ် ဦးစီးပြီးတော့ အဖွဲ့ဝင်တွေက ကြိုဆိုပါတယ်။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီက ဝန်ကြီး ဦးအောင်မင်းနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုကို အလေးထား ရှင်းပြပါတယ်။ ဝန်ကြီး ဦးအောင်မင်းအနေနဲ့တော့ stakeholders တွေအားလုံး ပူးပေါင်း ပါဝင်ဖို့ လိုတယ်၊ KBC လို ဘာသာရေး အဖွဲ့အစည်းများကလည်း ဒီမှာ ပူးပေါင်း ဆောင်ရွက်နိုင်မယ်ဆိုရင် တော့ ပို မြန်ဆန်မယ်ဆိုတာကို ရှင်းပြခဲ့ပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး ပြောတဲ့အထဲမှာ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပြည်သူလူထု အသံကို ဂရုပြု အလေးထားပြီးတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစား ဆောင်ရွက်ပါမယ်ဆိုတာကို ပြောသွား ပါတယ်။ ပြီးတော့ ဒီနေ့ နံနက်ပိုင်းမှာ တပ်ပိုင်းဆိုင်ရာ ဆွေးနွေးတဲ့အခါမှာ လိုအပ်တဲ့ အဖြေတချို့ကို ရခဲ့ပြီး ဖြစ်တယ်။ ဆက်လက်ပြီး အသေးစိတ် တွေ့ဆုံ ဆွေးနွေးဖို့ အချက်တွေလည်း ကျန်ပါသေး တယ် ဆိုတာကိုတော့ ရှင်းပြခဲ့ပါတယ်။ KBC ဘက်က ခေါင်းဆောင် ၃၀ ကျော်က ဒီဆွေးနွေးပွဲကို တက်ပါတယ်။ KBC ဘက်က ရှင်းပြတဲ့ အထဲမှာတော့ ဒုက္ခသည်စခန်း မြောက်မြားစွာထဲမှာ လူပေါင်း တစ်သိန်းခန့် ရှိတဲ့အထဲမှာ KBC ကချင်နှစ်ခြင်းအဖွဲ့ဝင် ခုနစ်သောင်းလောက် ပါတယ်ဆိုတော့ သူတို့နဲ့ အဓိက ဆက်စပ်နေပါတယ်လို့ ရှင်းပြပါတယ်။ ပြီးတော့ သမိုင်းကြောင်းနဲ့ ပတ်သက်တာတွေ ဆွေးနွေးပြီး သူတို့ရဲ့ အယူအဆ၊ ငြိမ်းချမ်းရေးပေါ်မှာ သူတို့ ချဉ်းကပ်တဲ့ ပုံစံကိုလည်း ရှင်းပြပါတယ်။

ဝန်ကြီး ဦးအောင်မင်းက ပြန်လည် ရှင်းပြတဲ့အခါမှာတော့ မြန်မာပြည် တောင်ဘက်ခြမ်းမှာ KNU အပါအဝင် အားလုံးနဲ့ အပစ်အခတ်ရပ်စဲပြီး ဖြစ်တဲ့အတွက် ရန်ကုန်မှာရှိတဲ့ တပ်မတော် စစ်ဆေးရုံမှာ ခြေပြတ်၊ လက်ပြတ်တွေ တပ်မတော်သား Case တွေ မရှိတဲ့အတွက် ဗီဒီယိုပြပြီး သင်ရတာမျိုး ရှင်းပြပြီးတော့ ငြိမ်းချမ်းရေး တစ်ရက် ရရင် ကောင်းတယ်၊ နှစ်ရက် ရရင် ပိုကောင်းတယ်၊ ရက်ပေါင်း များစွာ ရရင် ပိုကောင်းပြီးတော့ ထာဝရ ငြိမ်းချမ်းရေး ရရင် သိပ်ကို ကောင်းမှာပဲ၊ သူ့အနေနဲ့ အထူး ကြိုးစား ဆောင်ရွက်ပါမယ်လို့ ပြောပါတယ်။
ဒီနေ့ ဒုတိယနေ့မှာတော့ KIO အဖွဲ့အစည်း အနေနဲ့ သီးခြား ပြည်သူလူထုတွေနဲ့ တွေ့ဆုံတဲ့ ပွဲတွေ၊ မစ္စတာ နမ်ဘီးယားနဲ့ ကချင်လူထု တွေ့ဆုံတဲ့ပွဲတွေ အပါအဝင် တစ်ဖက်မှာလည်း တွေ့ဆုံပွဲ မြောက်မြားစွာ လုပ်တယ်လို့ ကျွန်တော်တို့ အနေနဲ့ ကြားရပါတယ်။ မနက်ဖြန်မှာ ကျွန်တော်တို့ တတိယမြောက်နေ့ကို ဆွေးနွေးပါမယ်။ ကျွန်တော့်အနေနဲ့ အချို့အချက်တွေကိုတော့ Agreement အဆင့်ကို လက်မှတ် ရေးထိုးနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ ရှစ်ကြိမ်တိုင်ခဲ့တဲ့ ဦးအောင်မင်းရဲ့ ဆွေးနွေးပွဲတွေမှာ ရွှေလီမှာ လုပ်ခဲ့နိုင်တဲ့ Statement တစ်ကြိမ်၊ အစည်းအဝေး မှတ်တမ်းထုတ်တဲ့ တစ်ကြိမ်၊ ဒီ နှစ်ကြိမ်ကို ကျွန်တော်တို့ ဆောင်ရွက်နိုင်ပြီး Agreement အဆင့်ကို ကျွန်တော်တို့ တစ်ခါမျှ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးပါဘူး။
ကချင် ပြည်သူလူထု အားလုံးကလည်း ငြိမ်းချမ်းရေးကို အတော်ကို လိုချင်တယ် ဆိုတာကိုတော့ ကျွန်တော်တို့ ဒီရက်ပိုင်းထဲမှာ ထိတွေ့ ဆွေးနွေးတဲ့သူ အားလုံးဆီက သိရတဲ့အတွက်လည်း ဆန္ဒအားလုံးက တူညီလျက် ရှိကြပါတယ်။ ဒီနေ့ နေ့လယ်ပိုင်းမှာတော့ ကျွန်တော်တို့ Myanmar Peace Centre က လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကချင်ပြည်နယ်မှာရှိတဲ့ နာမည်ကျော် လွှတ်တော် အမတ် နှစ်ဦးဖြစ်တဲ့ အမျိုးသားလွှတ်တော်က ဦးခက်ထိန်နမ်နဲ့ ပြည်သူ့လွှတ်တော်က ဒေါ်ဒွဲဘူတို့နဲ့ နှစ်နာရီ မိနစ် ၃၀ ကျော်ကြာ ဆွေးနွေးခဲ့ကြပါတယ်။ သူတို့ရဲ့ ငြိမ်ချမ်းရေး ဖြစ်စဉ်ပေါ် အမြင် ကချင်ဒေသ တွင်းဆိုင်ရာ ရှင်းပြချက်တွေကလည်း အတော့်ကို စိတ်ဝင်စားဖို့ ကောင်းပါတယ်။

ကျွန်တော်တို့ ဆောင်ရွက်နေတာနဲ့ သူတို့ လုပ်နိုင်တာတွေကိုလည်း ညှိနှိုင်း ပါဝင်နိုင်ဖို့ နည်းလမ်းတွေ ကိုလည်း နှစ်ဖက် ဆွေးနွေးနိုင်ခဲ့ပါတယ်။ မနက်ဖြန်မှာ ပိုကောင်းတဲ့ ရလဒ်တွေရဖို့ ကျွန်တော့်အနေနဲ့ အခုချိန်မှာ မျှော်လင့်ချက်များ ပိုရှိနေပါတယ်။

မြစ်ကြီးနားငြိမ်းချမ်းရေးဆွေးနွေးပွဲ တတိယနေ့


ကျွန်တော်တို့ လက်မှတ် ရေးထိုးနိုင်ခဲ့ပါပြီ။
ဆွေးနွေးပွဲ တတိယနေ့မှာ ခါတိုင်းလိုပဲ ၉ နာရီမှာ စပါတယ်။ ဒီနေ့ နှစ်ဖက် ခေါင်းဆောင်တွေ အသီးသီး ပြောပြီးတဲ့ နောက်ပိုင်းမှာ ဆွေးနွေးပွဲအတွက် မေလ ၄ ရက်နေ့က ပြည်ထောင်စုဘက်က ပေးပို့ခဲ့တဲ့ ဆွေးနွေးလိုတဲ့ Agenda လေးချက်၊ မေလ ၅ ရက်နေ့က KIO အဖွဲ့အစည်းဖက်က ပေးပို့ ခဲ့တဲ့ ဆွေးနွေးလိုတဲ့ နှစ်ချက်၊ ဒီ ခြောက်ချက်ကို အခြေခံပြီးတော့ ဆွေးနွေးကြပါတယ်။ ဆွေးနွေး ပြီးတဲ့အခါမှာ ပြည်ထောင်စုဘက်ကနေပြီးတော့ ဖြစ်နိုင်တဲ့၊ လက်မှတ် ရေးထိုးနိုင်ဖွယ်ရာရှိတဲ့ Agreement အကြမ်းကို အဆိုပြုပါတယ်။ ဒီအဆိုပြုချက်တွေကို KIO ဘက်က ထပ်ပြီးတော့ သူတို့ အဖွဲ့အတွင်းမှာ ဆွေးနွေး တိုင်ပင်ဖို့၊ သူတို့ CEC ကို အကြောင်းပြန်ဖို့အတွက် အစည်းအဝေးကို ခဏ ရပ်နားပါတယ်။

ဗိုလ်ချုပ်ဂွမ်မော်အနေနဲ့ KIO ဘက်က အာမခံချက် တစ်ခုအနေနဲ့ အထူး အလေးထားလိုတာက အနာဂတ်မှာ၊ Political Dialogue လုပ်တဲ့အခါမှာ Federalism အပါအဝင် အခြား ဆွေးနွေးမယ့် အချက်တွေအတွက် လမ်းဖွင့်ထားဖို့ အဓိကပါပဲ။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်နားလည် သလောက် နိုင်ငံတော် သမ္မတအနေနဲ့ အကြိမ်ကြိမ် Political Dialogue လုပ်မယ်ဆိုတာကို ကတိပေးပြီးသား ဖြစ်တယ်။ ဆွေးနွေးစရာတွေ အားလုံးကို အားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲကြီးမှာ ဆွေးနွေးဖို့ လမ်းဖွင့်ပေးပြီးသား ဖြစ်တယ်ဆိုတာကို သမ္မတကြီးအနေနဲ့ ပြောခဲ့တယ်။ ဝန်ကြီး ဦးအောင်မင်းလည်း ရောက်တဲ့နေရာမှာ ရှင်းပြခဲ့တဲ့အတွက် ဒါဟာ သီးခြား ပေါ်လစီတစ်ခု ချဖို့ မလိုအပ်ဘဲနဲ့ ကျပြီးသား ပေါ်လစီလို့ ယူဆပါတယ်။ ဒီနေ့လည်း Formal meeting မဟုတ်တဲ့ sideline မှာ သီးခြား တွေ့ဆုံ တံခါးပိတ် ဆွေးနွေးတဲ့ ခေါင်းဆောင်အဆင့် ပွဲတွေလည်း ဆောင်ရွက် ခဲ့ပါတယ်။ သုံးရက်တာ ကာလအတွင်းမှာ ဒီလိုမျိုး တံခါးပိတ်ပြီး ဆွေးနွေးပွဲပေါင်း သုံး၊ လေးကြိမ် လောက် ဆောင်ရွက်ခဲ့ပါတယ်။

Informal ဆွေးနွေးပွဲတွေဟာ Video Camera လည်း ထောင်မရိုက်ထား၊ Recorder တွေနဲ့လည်း အသံ ဖမ်းမထားတဲ့အတွက် ဆွေးနွေးတဲ့သူတွေက ပွင့်ပွင့်လင်းလင်း ဆွေးနွေးရတဲ့အတွက် ပိုပြီးတော့ ယုံကြည်မှုရှိတယ်လို့ ထင်မိပါတယ်။ ဆွေးနွေးပွဲတွေကို ၂ နာရီ ၁၅ မိနစ်မှာ ပြန်စပါတယ်။ ပြည်ထောင်စုဘက်က အဆိုပြုထားတဲ့ Agreement Draft တွေကို KIO ဘက်ကနေပြီးတော့ တစ်ပုဒ်ချင်း ပြင်တဲ့ဟာ တချို့ ရှိပါတယ်။ ထပ်ဖြည့်တာ တစ်ပိုဒ် ရှိပါတယ်။ စုစုပေါင်း Agreement ထဲမှာ အချက် ခုနစ်ချက်ကို လက်မှတ် ရေးထိုးဖို့ နှစ်ဖက် သဘောတူကြပါတယ်။ မွန်းလွဲ ၂ နာရီ မိနစ် ၃၀ မှာ လက်မှတ်ထိုးဖို့ သဘောတူလိုက်တဲ့အတွက် လက်မှတ်ထိုးတာ ပြင်ဆင်ဖို့ အချိန်အတွက် အစည်းအဝေးကို ခေတ္တ ထပ်မံ ရပ်နားရပါတယ်။

ကျွန်တော့်အနေနဲ့ လက်မှတ်ထိုးဖို့ သဘောတူ လက်ခံတဲ့ အချိန်မှာ အတော့်ကို ဝမ်းသာသွားပါတယ်။ ကျွန်တော်လည်း သာမန် နိုင်ငံသားတွေထဲကလို လူသားတစ်ယောက်သာ ဖြစ်တဲ့အတွက် ကျွန်တော့် မှာလည်း အားနည်းချက်တွေ၊ ဝမ်းသာ ဝမ်းနည်းမှုတွေ၊ စိတ်ဓာတ် တက်တာ ကျတာတွေ ရှိတာပါပဲ။ KIO ဘက်က ဒါတွေအားလုံး သဘောတူတယ်၊ လက်မှတ်ထိုးမယ်ဆိုတဲ့အခါမှာ ကျွန်တော်နဲ့ Myanmar Peace Centre လုပ်ဖော်ကိုင်ဖက်တွေ အနေနဲ့ ဒီအစည်းအဝေးဖြစ်ဖို့ လအတန်ကြာ လက်ထောက်များ နေရာက ကြိုးစားခဲ့ရတဲ့ ညှိနှိုင်းခဲ့ရမှု၊ များလှတဲ့ ဖိအားပေးမှုတွေ ကြားကနေပြီး တော့ ဒီလို ရလဒ်ထွက်တဲ့အတွက် ကျွန်တော့် လုပ်ဖော်ကိုင်ဖက်တွေအားလုံး ပင်ပန်းခဲ့ရကျိုးနပ်တဲ့ အတွက် ကျွန်တော့်အနေနဲ့ ဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။

ဒီကနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တတိယရက် မေလ ၃၀ ရက်နေ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီနဲ့ ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) အကြားမှာ ငြိမ်းချမ်းရေး သဘောတူညီချက် ခုနစ်ချက်ကို နှစ်ဖက် ခေါင်းဆောင်များ မွန်းလွဲ ၃နာရီ ၄၅ မိနစ်မှာ လက်မှတ်ရေးထိုးပွဲ စတင်နိုင်ခဲ့ပါပြီ။ နှစ်ဖက် ခေါင်းဆောင်တွေအပြင် တက်လာတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့ ရှစ်ဖွဲ့ကို ကိုယ်စားပြုတဲ့ ရှစ်ဦး၊ ကုလသမဂ္ဂနဲ့ PRC ကိုယ်စားပြုတဲ့ သူ တစ်ဦးစီ၊ ရပ်မိရပ်ဖ ကိုယ်စားပြု တစ်ဦးနဲ့ လွှတ်တော် ကိုယ်စားလှယ် နှစ်ဦး တို့လည်း ပါဝင် လက်မှတ် ရေးထိုးပါတယ်။
ဒီနေ့ ရေးထိုးခဲ့တဲ့ Agreement ဟာ ကျွန်တော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ မှတ်တိုင် တစ်ခု၊ သမိုင်းဝင်မှု တစ်ခု ဖြစ်လာခဲ့ပြီလို့ ကျွန်တော့်အနေနဲ့ ထင်မိပါတယ်။ နှစ်နှစ်တာ ကာလအတွင်း ပဋိပက္ခတွေ ပြင်းထန်တဲ့ အချိန်မှာ စုစုပေါင်း (၁၂) ကြိမ်ခန့် ဆွေးနွေးခဲ့တယ်လို့ ကျွန်တော့်အနေနဲ့ မှတ်သားဖူးပါတယ်။ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့အနေနဲ့ ရှစ်ကြိမ် တိုင်တိုင် ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။ ဒီရှစ်ကြိမ်လုံး ကျွန်တော့်အနေနဲ့ ပါဝင်ခွင့် ရခဲ့ပါတယ်။ ပထမ (၅) ကြိမ်မှာတော့ တွေ့ဆုံပြီး ယုံကြည်မှု တည်ဆောက်နိုင်ဖို့ ကြိုးစားရတဲ့ အဆင့်သာ ဖြစ်ခဲ့ပြီးတော့ ဘာမှ Statement မထုတ်နိုင်ခဲ့ပါဘူး။ ရွှေလီမှာ လုပ်တဲ့ (၆)ကြိမ်မြောက် တွေ့ဆုံပွဲမှာ Statement တစ်စောင် ထုတ်နိုင်ခဲ့ ပါတယ်။ (၇) ကြိမ်မြောက် ရွှေလီမှာ လုပ်တဲ့ အကြိမ်မှာ Statement နဲ့ အစည်းအဝေး အစီရင်ခံစာ ထုတ်နိုင်ပြီးတော့ ဒီပွဲမှာကျမှ သဘောတူညီချက် (Agreement) ကို လက်မှတ် ရေးထိုးနိုင်တာ ဖြစ်ပါတယ်။
ပုံစံတစ်ခုအားဖြင့် ပြောရမယ်ဆိုရင်တော့ ၂နှစ်တာ ကာလအတွင်းမှာ ပထမဦးဆုံးအကြိမ် ရတဲ့ Agreement ပဲ ဖြစ်ပါတယ်။ KIO အဖွဲ့အနေနဲ့ အလုံးစုံ အပစ်အခတ် ရပ်စဲတာ မဟုတ်သော်လည်း သူတို့ရဲ့ရုံးနဲ့ Technical Team ကို မြစ်ကြီးနားမှာ ထားလို့ရပါပြီ။ သူတို့ Technical Team နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီဘက်က Techincal Team တွေ အရင် ညှိနှိုင်း ဆွေးနွေးပြီး နောက်တစ်ခေါက် အစည်းအဝေးကို တစ်လလောက် အတွင်းမှာ ပြန်ခေါ်နိုင်ဖို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ပါတယ်။ အစစအရာရာ အားလုံး အဆင်ပြေရင်တော့ လာမယ့် ဇွန်လ ကုန်လောက်၊ ဇူလိုင်လ လောက်မှာ KIO နဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီတို့ အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ မျှော်လင့်စရာ ရှိပါတယ်။

ဒါဆောင်ရွက်ပြီးရင်တော့ တစ်နိုင်ငံလုံးကို နိုင်ငံလုံးဆိုင်ရာ လွှမ်းခြုံတဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲကြီးကိုလည်း နေပြည်တော်မှာ ဆောင်ရွက်ကောင်း ဆောင်ရွက်နိုင်ပါလိမ့်မယ်။ ဒါတွေပြီးရင်တော့ Political Dialogue အတွက် Frame Work ကို ကျွန်တော်တို့ ညှိနှိုင်းဖို့ လိုပါတယ်။ ဒီနေရာမှာ ၁၇/၁၊ ၁၇/၂တွေလို ပုဒ်မကို ဖြုတ်လို့မရပေမယ့် မတရားအသင်း ကြေညာထားတာတွေ ကိုတော့ ဖြုတ်လို့ ရနိုင်ဖွယ်ရာ ရှိပါတယ်။ ဒီလိုမျိုး နောက်မှာတော့ Political Dialogue အတွက် တံခါးပေါက် ကျယ်ကျယ် ဖွင့်ပေးလိုက်တဲ့ သဘောလို့ မှတ်ယူပါတယ်။

Political Dialogue ဘယ်လောက်ကြာမယ် မကြာဘူးဆိုတာကတော့ Stakeholders တွေ Players တွေပေါ်မှာ မူတည်ပါတယ်။ ဒီ Political Dialogue မှာ တိုင်းရင်းသားတွေဘက်က တစ်ဖွဲ့ချင်း အလိုက်၊ တစ်စုချင်းအလိုက် ဖြစ်ချင်တာတွေ အားလုံးကို ညှိနိုင်း ဆွေးနွေးနိုင်ဖို့ မျှော်လင့်ထားပါတယ်။ ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုတာ နိုင်ငံတကာမှာလည်း ကျွန်တော်တို့နဲ့ တိုက်ရိုက် မတူသော်လည်း ခပ်ဆင်ဆင် ရှိမှာပါ။ ကျွန်တော်တို့အားလုံး ဝိုင်းပြီးတော့ ငြိမ်းချမ်းရေးအတွက် အားထည့်ပြီး အလုပ် လုပ်ကြဖို့ လိုပြီလို့ တိုက်တွန်း နှိုးဆော်ပါရစေ။

ဒီနေ့ ဆွေးနွေးပွဲ အောင်မြင်မှုကို လက်မှတ်ထိုးထားတဲ့ Agreement တွေနဲ့အတူ ဝန်ကြီး ဦးအောင်မင်းက နိုင်ငံတော် သမ္မတဆီကို ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ နိုင်ငံတော် သမ္မတအနေနဲ့ ဒီ Agreement တွေ အားလုံးကို ဒီနေ့ ကျင်းပတဲ့ Cabinet အစည်းအဝေးမှာ ပြန်လည် ဖတ်ကြား ရှင်းပြခဲ့ပြီးတော့ ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ နှစ်ဖက် ပါဝင်ခဲ့သူ အားလုံးကို ချီးကျူးကြောင်း ဂုဏ်ပြုခဲ့တယ်လို့ ဒီဆွေးနွေးပွဲထဲမှာ ပါတဲ့ ဝန်ကြီး တစ်ဦးက ကျွန်တော်တို့ကို ပြန်ရှင်းပြတယ်။ ညပိုင်းမှာတော့ ဒီနေ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အောင်မြင်ခြင်း အထိမ်းအမှတ်အနေနဲ့ ညစာစားပွဲ တစ်ခုကို ကျင်းပခဲ့ပါတယ်။

နှစ်ဖက် ဆွေးနွေးပွဲ အဖွဲ့ဝင်တွေနဲ့ အတူတူ တိုင်းရင်းသား ကိုယ်စားလှယ်တွေ၊ Observer တွေ တက်ရောက်ခဲ့ကြပါတယ်။ ဒီနေ့ကတော့ အားလုံးက အရေးကြီးတဲ့ အလုပ်တစ်ခု ပြီးမြောက်အောင် လုပ်နိုင်ခဲ့သလို အားလုံးကလည်း ကျေနပ် စိတ်ချမ်းသာ ဖြစ်နေတဲ့အတွက် အားလုံးကပျော်ပျော်ရွှင်ရွှင် မျက်နှာနဲ့ တွေ့ရတာ တကယ်ကို ဝမ်းသာဖို့ ကောင်းပါတယ်။ ဒီ ညစာစားပွဲမှာပဲ အမှတ်တရ လက်ဆောင်တွေ ပေးတဲ့အထဲမှာ ထူးထူးခြားခြား တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က KIO အဖွဲ့အစည်းကို ပေးတဲ့ လက်ဆောင်ကို တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ဗိုလ်ချုပ် ဂွမ်မော်ကို ပေးအပ်ခဲ့ပါတယ်။

နောက်ဆုံး ညစာစားပွဲကိုတော့ ကချင်ပြည်နယ်မှာ တိုင်းမှူးအဖြစ် ဆောင်ရွက်ခဲ့တဲ့ အထူးစစ်ဆင်ရေး အဖွဲ့မှူးအနေနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး အုန်းမြင့် (အခုတော့ မွေးမြူရေးနှင့် ရေလုပ်ငန်း ဝန်ကြီး) ကစပြီး ကချင်သီချင်းဆိုပြီး ကချင်တိုင်းရင်းသားတွေ အကုန်လုံးကလည်း ဝိုင်းဆိုကြတာ ပျော်စရာပါ။ ကချင် သီချင်းနှစ်ပုဒ် ဆိုပြီးတော့ ဒီနေ့ ညစာစားပွဲကို သိမ်းလိုက်ကြပါတယ်။ အဓိပ္ပာယ်ကို ကျွန်တော်နားမလည်ပေမယ့် နားထောင်ရတာ ဒီနေ့ ရလဒ်ပေါ် မှာ အားလုံးက ဝမ်းသာ ကျေနပ်တဲ့အတွက် ဒီသီချင်းက အတော်ကို အသက်ဝင်တယ်လို့ ထင်မိ ပါတယ်။

ဒီဆွေးနွေးပွဲရဲ့ နောက်ဆက်တွဲအနေနဲ့ လာမယ့် နှစ်ပတ်၊ သုံးပတ်အတွင်း နှစ်ဖက်က Technical Team တို့ဟာ မြစ်ကြီးနားမှာ ပြန်ဆုံနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ Techical Team နှစ်ဖွဲ့ ဆွေးနွေးပြီးတဲ့နောက် မဂျွယ်ခန်းမမှာ ပြုလုပ်နိုင်ဖွယ်ရှိတဲ့ နှစ်ဖက် ခေါင်းဆောင်တွေ ပါဝင်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အပစ်အခတ် ရပ်စဲရေး (Ceasefire)ကို လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ ယုံကြည် မျှော်လင့်မိပါတယ်။

ကျွန်တော့်ရဲ့ မိခင်အရွယ်၊ သမီးအရွယ်၊ မြေးအရွယ် ရှိနေကြတဲ့ မြန်မာနိုင်ငံ တစ်ဝန်းလုံးက တိုင်းရင်းသား သွေးချင်းတွေ အားလုံးရဲ့ဘဝတွေ လုံခြုံ ငြိမ်းချမ်းမှုရှိဖို့၊ ပိုကောင်းတဲ့ မြန်မာ့ လူ့အဖွဲ့အစည်းကို တည်ဆောက်ကြဖို့ ကျွန်တော်တို့ ခင်ဗျားတို့ နိုင်ငံသားတွေအားလုံး အပြုသဘော ဆောင်ပြီး ဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ကြမယ်ဆိုရင် အားလုံး မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေးဟာ မဝေးနိုင်တော့ပါ။

ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ပါဝင်သူအားလုံးကို နိုင်ငံသား တစ်ဦးအနေနဲ့ အထူး ကျေးဇူးတင်ပါတယ်။
Credit To  thevoicemyanmar
Read More »

နိုင်ငံရေးသမားဆိုတာ ဘာလဲ - ထက်မြတ်



နိုင်ငံရေးသမားစစ်စစ်မှာ ရှားသည်။ အထူးသဖြင့် မဖွံ့ဖြိုးသော နိုင်ငံများဖြစ်သည့် ကိုလိုနီ တစ်ပိုင်း၊ ပဒေသရာဇ်တစ်ပိုင်းနိုင်ငံများတွင် နိုင်ငံရေးကို အသက်သေသည်အထိ စွန့်လွှတ်လုပ်ကိုင်သည်မှာ ရှားသည်ဟု ဆိုရပေမည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးသမားများရှိ၏။ ထိုနိုင်ငံရေးသမားများသည် နိုင်ငံရေး လောက ဝင်သည်မှ ကွယ်လွန်သည်အထိ နိုင်ငံရေးကိုချည်းအဓိကလုပ်သူများထက် နိုင်ငံရေးရော၊ တခြားအလုပ်ပါ တွဲလုပ်သူများဟုဆိုရပေမည်။ ဥပမာ စာရေးဆရာ၊ ကဗျာဆရာ၊ သတင်းစာဆရာများမှာ စာလည်းရေး၊ နိုင်ငံရေး လည်းလုပ်၍ နိုင်ငံရေးကို ဇောက်ချလုပ်သည်ဟု ပြောရခက်လှပါသည်။ ကိုလိုနီခေတ်ကဆိုလျှင် နယ်ချဲ့ ဆန့်ကျင်ရေးလုပ်ငန်းများလုပ်ရင်း သတင်းစာတွင် သတင်းထောက်ဘဝ၊ အယ်ဒီတာဘဝ စသည်ဖြင့် လုပ်ကြသည်။ တစ်ချိန်တည်းတွင် ကျောင်းလည်းတက်ကြ၏။ တချို့ကစာရေး ကြသည်။
ဗိုလ်ချုပ်အောင်ဆန်းဆိုလျှင် ကျောင်းလည်းတက်သည်။ ကျောင်းသားသမ၈္ဂလည်းလုပ်သည်။ အယ်ဒီတာ လည်းလုပ်သည်။ စာလည်းရေးသည်။ ကျောင်းသားသမ၈္ဂကို ဇောက်ချလုပ်ကိုင်ရင်း ကျောင်းသားထုတစ်ရပ် လုံး၏ ထောက်ခံမှုကိုရပြီးနောက် နိုင်ငံရေးလောကထဲ ဝင်ရောက်သွားလေသည်။ သူယုံကြည်သော ဆိုရှယ် လစ်ဝါဒသည် ပြုပြင်ရေးဝါဒဖြစ်သော လူမှုရေးလုပ်ငန်းများနှင့် ဆန့်ကျင်ဘက် ဖြစ်ပါသည်။ အင်္ကျီတစ်ထည် လက်မောင်းကပြဲ၊ ကျောကပြဲသည်ကို လိုက်ဖာသည်ထက် ခိုင်ခံကောင်းမွန် သော အင်္ကျီသစ်တစ်ထည် လဲရေးကိုသာ လိုချင်သူဖြစ်သည်။ ပိုက်ဆံမရှိ စားစရာမရှိသောသူကို တစ်နေ့ စားရဖို့ ပိုက်ဆံပေးလိုက် လျှင် တစ်ရက်သာစားရမည်။ နောက်တစ်နေ့၊ နောက်တစ်ပတ်၊ နောက်တစ်လ၊ နောက်တစ်နှစ်အတွက် စားဖို့လိုနေဦးမည်။ ထိုသို့မဟုတ်ဘဲ စားဝတ်နေရေးအတွက် အလုပ်တစ်ခုပေး လိုက်လျှင်မူ သူ့ဘဝကို ပြောင်းလဲပေးနိုင်ပေမည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားခေါင်းဆောင် ဖြစ်သည်။ ထိုဘဝမှ ထွက်ကာ နိုင်ငံရေးလောကထဲဝင်ပြီး ဒို့ဗမာအစည်းအရုံး၏ အထွေထွေ အတွင်း ရေးမှူးအထိ ဖြစ်လာကာ နိုင်ငံရေးလောကတွင် ဇောက်ချလုပ်ကိုင် သွားတော့သည်။ သူသည် ပြုပြင် ပြောင်းလဲရေးသမားမဟုတ်။ ယေဘူယျ ဆန်သော ယိုနေသည့်အပေါက်များကို လိုက်ပိတ်နေ သည်ထက် အပေါက်မရှိသောအိုးသစ်တစ်ခု ပြောင်းရေး ကိုသာ ကြိုးပမ်းသူဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းကို နမူနာယူကြရပေမည်။ သူသည် နိုင်ငံရေးသမားစစ်စစ် ဖြစ်သလို နိုင်ငံတိုးတက်ရေး၊ လွတ်လပ်ရေး အတွက်သာ အာရုံစိုက်သူဖြစ်လေသည်။ သူ့လှုပ်ရှားမှုမှန်သမျှတွင် နိုင်ငံအကျိုးစီးပွားအတွက်သာ တွေးလေသည်။ သူက နိုင်ငံကို ပြောင်းလဲပစ်ချင်သည်။ အပေါက်များကို လိုက်ဖာလိုသူမဟုတ်ပေ။ သူ့လို နိုင်ငံရေးသမားမှာရှားပါသည်။
လွတ်လပ်ရေးရပြီးနောက် ခေတ်အဆက်ဆက်ပြောင်းသွားသည်။ ဖဆပလ ၁ဝနှစ် ၁ဝ မိုးခေတ်၊ အိမ်စောင့်အစိုးရခေတ်၊ ၆၂ အာဏာသိမ်း တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ်၊ နအဖခေတ်နှင့် ယခုပါတီစုံ ခေတ်စသည့် ခေတ်အဆက်ဆက်တွင် နိုင်ငံရေးသမားအများအပြားလည်း ပေါ်ခဲ့သည်။ အထူး သဖြင့် ၆၂ အာဏာသိမ်းစစ်ကောင်စီခေတ်မှနေ နအဖစစ် အစိုးရခေတ်တစ်လျှောက်လုံး စစ်အာဏာရှင် များရှိလာသောကြောင့် နိုင်ငံရေးပါတီအားလုံးမှာလည်း ဖျက်သိမ်းခံရ၊ မတရားသင်းကြေညာ ခံရသောကြောင့် မြေပေါ်နိုင်ငံရေးသမားစစ်စစ်မရှိခဲ့ပေ။ ထိုသို့မဟုတ်လျှင် တောခိုလျှင်ခို သို့မဟုတ် နိုင်ငံခြားသို့ပြေးကာ နိုင်ငံရေးလုပ်နိုင်သည်။ ထို ၂ လမ်းမှာ အတိုက်အခံနိုင်ငံရေးလမ်းများဖြစ်ပါသည်။ ထိုသို့မဟုတ်လျှင် မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီထဲဝင်နိုင်သည်။ စစ်အာဏာရှင်နှင့် တစ်ပါတီအာဏာရှင် ဗိုလ်နေဝင်းခေါ် ဦးနေဝင်း လက်အောက်တွင် ဗောင်းတော်ညိတ်ဘဝဖြင့် နိုင်ငံရေးလုပ်ခွင့်ရှိလေသည်။ တောခိုသွားသူများကို နိုင်ငံရေးသမားဟုဆိုနိုင်သလို တစ်ချိန်တည်းတွင် သူပုန်များဟုလည်း ပြောနိုင်သဖြင့် သူပုန်မထဘဲ လူထုကို စည်းရုံးသူသက်သက် နိုင်ငံရေးသမားဟူသည်မှာ အလွန်ရှားသွားပါသည်။ ထိုကဲ့သို့ နိုင်ငံရေးသမားစစ် စစ်များ ခေါင်းပါးနေချိန်၌ နိုင်ငံရေး သမားစစ်စစ်အဖြစ် ကျွန်တော်သိရှိကျွမ်းဝင် ခဲ့သူမှာ လေထီးဗိုလ်အုန်းမောင် ဖြစ်ပါသည်။
လေထီးဗိုလ်အုန်းမောင်သည် နိုင်ငံရေးလောက ထဲသို့ ရောက်လာကတည်းက သေသည်အထိ နိုင်ငံရေးကို ဇောက်ချလုပ်ကိုင်သွားသော နိုင်ငံရေး သမားစစ်စစ် ဖြစ်လေသည်။ ဦးအုန်းမောင်သည် ဖျာပုံသားဖြစ်၏။ ဖျာပုံသည် သူ၏ဇာတိချက်ြေ<ွက လည်းဖြစ်ပါသည်။ ဖျာပုံမှထင်ရှားသူများတွင် သူလည်း တစ်ဦးအပါအဝင် ဖြစ်သည်။ အာဏာရှင်လှရွှေ၊ ဗိုလ်လက်ျာ၊ ပေဖူးလွှာ ဦးမြလှိုင်၊ စာရေးဆရာ ရန်ကုန်ဘဆွေ၊ စာရေးဆရာ တိုက်စိုး၊ ဆရာဇော်၈ျီ၊ ဆရာဇော်၈ျီ၏ညီ ဦးလှသောင်း စသည့် ကျွန်တော် သိသမျှ ထင်ရှားသူများထဲတွင် လေထီး ဗိုလ်အုန်းမောင် မှာလည်း သူ၏ စွန့်လွှတ်မှုများကြောင့် လူသိများ ထင်ရှားသူဖြစ်ပါသည်။ဖျာပုံမှာပင် သူပညာ သင်ကြား ခဲ့သည်။ မူလတန်းမှနေ သူနှင့်သေသည်အထိ အရင်းနှီးဆုံးမိတ်ဆွေမှာ ဆရာတိုက်စိုးခေါ် ဦးသန်းထွဋ် ဖြစ်ပါသည်။ သူတို့သူငယ်ချင်း၂ ယောက်သည် ကျောင်းသားဘဝတစ်လျှောက်လုံး အတူတူရင်းနှီးခဲ့ ကြပြီး နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ မုန်တိုင်းကြီး တိုက်လာသောအခါ၌ ဦးအုန်းမောင်မှာ နိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင် သွားပြီး မာ့က်စ်ဝါဒ ကို ယုံကြည်သော ကွန်မြူနစ်တစ်ယောက် ဖြစ်သွား လေသည်။ ဆရာတိုက်စိုးမှာမူ ပညာကို အပတ်တစ်ကုတ် ကြိုးစားပြီး ထင်ရှား သောစာရေးဆရာ သမိုင်းပညာရှင်၊ စာကြည့်တိုက် ပညာရှင် ဖြစ်သွားပါတော့သည်။
လေထီးဗိုလ်အုန်းမောင်မှာ ကွန်မြူနစ်ပါတီမှ ရဲဘော်တစ်ဦးအဖြစ်၊ ဒို့ဗမာအစည်းအရုံးဝင်တစ်ဦးအဖြစ် နယ်ချဲ့စနစ်ကို တော်လှန်ခဲ့သည်။ အာရှလူငယ် ဒို့ဗမာအစည်းအရုံးတို့တွင် ပါဝင်ခဲ့သလို ၈ျပန်တော်လှန်ရေး တွင် အဓိကပါဝင်ခဲ့ပါသည်။ ဖျာပုံတွင် သူနှင့်တွဲဖက်လှုပ်ရှားသူမှာ ဆရာဇော်၈ျီ၏ညီ ဦးလှသောင်းဖြစ်ပါသည်။ ဒို့ဗမာအစည်းအရုံးနှင့် အာရှလူငယ်တို့တွင်မူ သူသည် ဦးမြလှိုင်၊ ရန်ကုန်ဘဆွေတို့နှင့်အတူ လှုပ်ရှားခဲ့သည်။ ၈ျပန်ခေတ်တွင် မြစ်ဝကျွန်းပေါ် တိုင်းတာဝန်ခံသခင်စိုးနှင့် ၈ျပန်ခေတ်လယ်ယာစိုက်ပျိုးရေးဝန်ကြီး သခင်သန်းထွန်းတို့ကို ဖျာပုံတွင် တွေ့ဆုံဆွေးနွေးနိုင်အောင် ဦးအုန်မောင်က ရန်ကုန်နှင့်ဖျာပုံ အသွား အပြန်ဆက်သားလုပ်ပေးခဲ့သည်။ နောက်သခင်သန်းထွန်းက ဖျာပုံဝန်ကြီး တစ်ဦးအဖြစ်ရောက်လာပြီး ဖျာပုံ၌ တွေ့ဆုံနိုင်အောင် သူကဆောင်ရွက် ပေးခဲ့သည်။
၈ျပန်တော်လှန်ရေးအတွက် ကွန်မြူနစ်ပါတီ၏ တာဝန်များကိုထမ်း ဆောင်ရင်း သူသည် အိန္ဒိယနိုင်ငံသို့သွားရောက်ကာ လေထီးသင်တန်း တက်ရ၏။ အိန္ဒိယမှနေ လေထီးသင်တန်းဆင်းရဲဘော်များဖြစ်သော မန်းဝင်မောင်(သမ္မတ)၊ ဗိုလ်မှူးချစ်ကောင်း၊ သခင်လှကွန့်၊ ဦးစံသာကျော် စသောရဲဘော်များနှင့်အတူ မြန်မာပြည်တွင်းသို့ လေထီးစုန်ဆင်းကာ ၈ျပန် တော်လှန်ရေးလှုပ်ရှားမှုများကို ပြုလုပ်ခဲ့လေသည်။ သူသည် ထိုအချိန်က တည်းက ကွန်မြူနစ်ပါတီထဲမှ ပေးအပ်သောတာဝန်များကို သစ္စာရှိစွာ မဆုတ်မနစ် လုပ်ဆောင်ခဲ့သည်။ ၁၉၄၈ ခုနှစ် ကွန်မြူနစ် ပါတီက လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲသည့် အခါတွင်လည်း လေထီးဗိုလ်အုန်းမောင်မှာ ပါတီနှင့် တောတွင်း လိုက်သွားလေသည်။ နောက်တောထဲ၌ တိုက်ပွဲဖြစ်ကာ သူအဖမ်းခံရလေသည်။ ထိုအချိန်က သူသည် ကွန်မြူနစ်ပါတီ၏ ဗဟိုကော်မတီဝင် ဖြစ်နေပေသည်။ ဒဏ်ရာနှင့်ဖမ်းမိသော လေထီး ဗိုလ်အုန်းမောင်အား ဖဆပလအစိုးရက ကောင်းမွန်စွာဆေးကုသမှု မပြုခဲ့ သဖြင့် ခြေထောက်တစ်ဖက်မှာ သေသည်အထိ မသန်မစွမ်းဖြစ်သွားလေ သည်။ ထိုအချိန်မှစ၍ သူ့ကိုဖဆပလအစိုးရက မတရားသင်းပုဒ်မ၊ ပုန်ကန် မှုတို့ဖြင့် သေဒဏ် ချမှတ်ခဲ့လေသည်။ နောက် သေဒဏ်မှနေ တစ်သက်တစ်ကျွန်းသို့ ပြောင်းခဲ့၏။ ထောင်ထဲသေသည်အထိ နေရမည့်အခြေအနေမျိုး မှာပင် သူနှင့်လေထီးအတူဆင်းဘက် သမ္မတမန်းဝင်းမောင်က သူနှင့် ဗိုလ်မှူး ချစ်ကောင်းတို့ကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းမှ လွတ်ငြိမ်းခွင့် ပေးခဲ့လေသည်။ ထောင်အပြင်တွင် ခဏသာနေရ၏။ ထိုသို့လွှတ်ပေး ခဲ့သည်မှာလည်း ပြည်တွင်းငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲအတွက် လွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး ၆၃ ခုနှစ် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားသော အခါ လေထီးဗိုလ်အုန်းမောင်မှာ ပြန်အဖမ်းခံရပြန်သည်။ သူ့ဘဝမှာ အကျဉ်းထောင် နှင့်တောထဲတွင်သာကုန်ဆုံးခဲ့သော်လည်း သူသည် သူ့ယုံကြည်ချက်ကို အပျက်မခံသူဖြစ်သည်။ ၅၈၊ ၅၉ ခုနှစ် ကိုကိုးကျွန်း အပို့ခံရသောအခါ သူပါသွားလေသည်။ သူ့လိုပင် ယုံကြည်ချက်ကို မစွန့်လွှတ်သောနိုင်ငံရေးသမားမှာ သခင်ဖေဋ္ဌေးဖြစ်ပါသည်။သခင်ဖေဋ္ဌေး သည် အလံနီပါတီမှဖြစ်ကာ သူ့ဘဝသည်လည်းထောင်နှင့်ကျွန်း၊တောထဲ တွင်သာနေခဲ့ရသည်။ သေရမှာ လုံးဝမကြောက်သော နိုင်ငံရေးသမား ဖြစ်ကာ ထောင်ထဲရော၊ ကျွန်းမှာပါ အစာငတ်ခံတိုက်ပွဲများ၌ ပါဝင်ခဲ့ သည်။ အဖော်မလိုဘဲ တစ်ယောက်တည်းလည်း တိုက်ပွဲဝင်သူဖြစ်ပါသည်။ နိုင်ငံရေးသမား စစ်စစ်ဖြစ်ပြီး နိုင်ငံရေးသမားတိုင်း လေးစားအတု    ယူလောက်သူများထဲတွင် သခင်ဖေဋ္ဌေးလည်း ပါဝင်လေသည်။
အိမ်စောင့်အစိုးရသက်တမ်းကုန်ပြီး ပထစအစိုးရ တက်လာချိန်တွင် လေထီးဗိုလ်အုန်းမောင်မှာ ကိုကိုးကျွန်းမှနေေ၈ါ်တူးကျွန်းသို့ သခင်ဖေဋ္ဌေး နှင့်အတူ အပို့ခံရလေသည်။ ထိုအချိန်တွင် သူသည် နှစ်ကျွန်းပြန်ဖြစ်သွား လေသည်။ ၁၉၆၃ ခုနှစ် အဖမ်းခံရပြီးနောက် ထောင်ထဲ၌ နံရိုးများအကုန် နီးပါးကျိုးသွားအောင် အနှိပ်စက်ခံရလေသည်။ စစ်အာဏာရှင်များက သူ့ကို မသေသေအောင် ညှင်းပန်းခြင်းဖြစ်၏။ တရားမဲ့သတ်ပစ်လျှင်လည်း သူတို့၏ ယုတ်မာပုံကို ပြည်သူလူထုက သိသွားမည်စိုး၍ ဗြောင်မလုပ်ရဲ ပေ။ ၆၉ ခုနှစ် ကိုကိုးကျွန်းပို့ရာတွင်လည်း လေထီးဗိုလ်အုန်းမောင်မှာ နံပါတ်တစ်ရန်သူအဖြစ် အပို့ခံရပြန်၏။ ထိုအခါသူသည် သုံးကျွန်းပြန် ဖြစ်သွားပါတော့သည်။ မြန်မာနိုင်ငံတွင် ကျွန်းသို့ ၃ ခါတိတိ အပို့ခံရသော နိုင်ငံရေးသမားမှာ ဗိုလ်အုန်းမောင် တစ်ဦးတည်းသာရှိသည်။ ၅၈ ကိုကိုးကျွန်း၊ ၆ဝေ၈ါ်တူးခေါ် လိပ်ကျွန်း၊ ၆၉ ကိုကိုးကျွန်းစသည်ဖြင့် ထောင်ထဲနှစ်ပေါင်း အစိတ်ခန့် ထားရ သည်ကိုအားမရဘဲ ကျွန်းတစ်ကျွန်းပြီး တစ်ကျွန်းပို့သည်အထိ ဖဆပလ အစိုးရကရော၊ စစ်အစိုးရများကပါ လေထီးဗိုလ်အုန်းမောင်ကို အညှိုး အတေးကြီးစွာဖြင့် ဖိနှိပ်ညှင်းပန်းခဲ့လေသည်။
၁၉၇၂ ခုနှစ် ကိုကိုးကျွန်းမှ ပြန်လာပြီးနောက် ဗိုလ်အုန်းမောင်သည် သူ၏ယုံကြည်ချက်ကို မစွန့်လွှတ်ခဲ့ပေ။ စစ်အစိုးရနှင့်လည်း မပူးပေါင်း ခဲ့ပေ။ ၂ဝဝဝ ခုနှစ် သူကွယ်လွန်သွားသည်အထိ သူ့ယုံကြည်ချက်ကို စွဲကိုင်သွားခဲ့သည်။ ထိုအခါမှ သူဘဝအကြောင်းကို မိုး၈ျာနယ်၌ ရေးသားခဲ့လေသည်။ ထိုသို့ရေးသည်မှာ စားဝတ်နေရေးကြောင့် မဟုတ် ပေ။ ထိုစာမူခဖြင့်လည်း သူ့မိသားစု၏ စားဝတ်နေရေးကို ဖန်တီးပေး နိုင်စွမ်း မရှိပေ။ လေထီးဗိုလ်အုန်းမောင်ကွယ်လွန်သွားချိန်၌ သူ့တွင် ဘာပိုင်ဆိုင်မှုမှ မရှိခဲ့ပေ။ ရဲဘော်များက ဝိုင်းဝန်းဆောက်ပေးသော အိမ် တစ်လုံးတွင် သာနေခဲ့၏။ ထိုအချိန်ထိ သူသည် ကျန်ရဲဘော်များနှင့်အတူ သူ့ယုံကြည် ချက်ကို မစွန့်လွှတ်ဘဲ တခြားရဲဘော်များကို အကူအညီပေး ခဲ့ပါသည်။ မြန်မာနိုင်ငံ၏ သမိုင်းတစ်လျှောက်လုံးတွင် ထိုကဲ့သို့ ကိုယ်ကျိုးစွန့် အနစ်နာခံသော နိုင်ငံရေးသမားများမှာ ရှားပါသည်။ ဖဆပလခေတ်နှင့် မဆလခေတ်တို့တွင် ဝန်ကြီးဖြစ်ဖို့၊ အမတ်ဖြစ်ဖို့ရည်မှန်းချက်များနှင့် နိုင်ငံ ရေးလုပ်ခဲ့သည်က များသည်။ စီးပွားရေးသမားများ၏ စီးပွားရေး လုပ်ပိုင်ခွင့်ကို မိမိရှိသောအာဏာနှင့် ခွင့်ပြုနိုင်အောင် ကိုယ်ကျိုးရှာ ကြလေသည်။ ထိုသို့ နိုင်ငံရေးသမားစစ်စစ် ရှားသောအချိန်တွင် ကျွန်တော်ရင်းနှီးခဲ့သော လေထီး ဗိုလ်အုန်းမောင်လို၊ ကျွန်တော်ကြားသိ ဖူးသော သခင်ဖေဋ္ဌေးလို၊ ကျွန်တော် ထိတွေ့ရင်းနှီးခဲ့သော ဆရာရာ၈ျန် တို့လို နိုင်ငံရေးသမားစစ်စစ်မျိုးက ရှားမှ ရှားပါသည်။
ယခုအခါ မြန်မာနိုင်ငံတွင် နှစ်ပေါင်း၅ဝအတွင်း ပြောင်းလဲမှုများ ဖြစ်ပေါ်လာခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများလည်း ကြီးကြီးကျယ်ကျယ် လုပ်ဖို့ တာစူနေလေသည်။ တက်လာသောအစိုးရသစ်က ထိုအခြေအနေ မျိုးရောက်အောင်လည်း ဖန်တီးနေပါသည်။ နိုင်ငံရေး တိုးတက်ပြောင်းလဲမှသာ စီးပွားရေးလည်း တိုးတက် ပြောင်းလဲမည်ဖြစ်ပါသည်။ စစ်အာဏာရှင်စနစ်မှနေ ပါတီစုံဒီမိုကရေစီစနစ်ကို ပြောင်းလဲလိုက်ပြီး အမှီအခို ကင်းသော နိုင်ငံတစ်ခုအဖြစ် ရပ်တည်နိုင်သည်နှင့်အမျှ နိုင်ငံ တကာစီးပွားရေးကုမ္ပဏီများ၊ လုပ်ငန်းရှင်များ ကလည်း သယံဇာတပေါြ<ွကယ်ဝသော၊ အလုပ်သမားခ လည်း သက်သာသော၊ စီးပွားရေးအရလည်း အကွက် အကွင်းကျသော မြန်မာနိုင်ငံတွင် လာရောက်လုပ် ကိုင်ကြပေမည်။ ထိုအခါ အာဏာရနိုင်ငံရေးသမား များသည် သူတို့အကျိုးအတွက် အနည်းနှင့်အများ ဆိုသလို စဉ်းစားလာပေမည်။ ထိုအခြေအနေမှာ ရှောင်လွဲ၍မရပေ။ ဥရောပနှင့် အမေရိကလို နေရာမျိုး တွင်ပင် မိမိတို့လုပ်ကိုင်ခွင့်ကို ခုတုံးလုပ်ကာအကျိုးရှာ သူများရှိပါသည်။ ထိုသူများမှာ နိုင်ငံရေးသမားစစ်စစ်များ မဟုတ်ပေ။ ကိုယ်ကျိုးရှာသော ဘနဖူးသိုက်တူးသူများ ဖြစ်သည်။ ထို့ကြောင့် နိုင်ငံရေးသမားစစ်စစ်ဆိုသည်မှာ အလွန်ပင်ရှားပါးလှ၏။ နိုင်ငံရေးသမားစစ်စစ် လုပ်မည် ဆိုလျှင် မိမိတို့အကျိုးစီးပွား လုံးဝမကြည့်ဘဲ လေထီး ဗိုလ်အုန်းမောင်လို၊ သခင်ဖေဋ္ဌေးလို စွန့်လွှတ်အနစ်နာခံ သော နိုင်ငံရေးသမားဖြစ်အောင် ကြိုးစားရမည်။ထိုသို့ မလုပ်နိုင်သည့်တိုင် တိုင်းပြည်က ပေးသောလစာ၊ လွှတ်တော်ကပေးသော လစာနှင့်အခွင့်အလမ်းကိုသာ ယူပြီး တိုင်းပြည်အတွက် ရိုးရိုးသားသားလုပ်နိုင်မည်ဆို လျှင် နိုင်ငံအတွက် အကျိုးရှိမည်မှာ သေချာလှပါသည်။

ထက်မြတ်
Credit To pinyamagazine
Read More »

ဝါရင့်နိုင်ငံရေးသမားကြီးများ - အောင်မြင့်ဦး (မဟာဝိဇ္ဇာ)



ဝါရင့်နိုင်ငံရေးသမားကြီးများ
၁၉၉၄ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့မှာ အမှတ် ၁ဝ ဝင်္ကပါလမ်း ဗဟန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှူးအောင်ရဲ့ ခြံဝင်းအတွင်းမှာ သခင်၊ သခင်မကြီးတွေက လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ညစာစားပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။

အဲဒီညစာစားပွဲပြီးတော့ ဗိုလ်အောင်ခိုင်ခေါင်းဆောင်တဲ့ ပြည်သူ့ရဲဘော်(ရဲဘော်ဖြူ)ကြီးတွေက ဗိုလ်မှူးအောင်နဲ့ ဝန်ကြီးချုပ်ဟောင်းဦးနုရဲ့ ဇနီး ဒေါ်မြရီတို့ကို ကန်တော့ပွဲတစ်ပွဲ၊ ပျားရည်တစ်ပုလင်းနဲ့ ကန်တော့ခဲ့ ကြတယ်။ အစပထမတုန်းက ဝန်ကြီးချုပ်ဟောင်းဦးနုနဲ့ ဗိုလ်မှူးအောင်ကို ကန်တော့ဖို့ပါပဲ။ ဒါပေမဲ့ ဦးနုက နေမကောင်းလို့ မလာရောက်နိုင်တဲ့အတွက် ဒေါ်မြရီကိုကန်တော့ခြင်း ဖြစ်ပါတယ်။ ပျားရည်ပုလင်းကိုမြင်တော့ ဗိုလ်မှူးအောင်က ဗိုလ်အောင်နိုင်ကို အောင်နိုင်မင်းကပျားရည်နဲ့ ဝမ်းလာချတာလား လို့မေးတော့ ပြည်သူ့ရဲဘော်(ရဲဘော်ဖြူ)ကြီးတွေက အားရပါးရ ရယ်မောခဲ့ကြတယ်။
သူတို့အားလုံးရဲ့ မျက်နှာတွေပေါ်မှာ ကြည်နူးဝမ်းသာမှုတွေ အထင်းသားပေါ်လွင်နေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးစ ကာလအချိန်မှာ ပြည်တွင်းစစ်ရပ်စဲရေးအတွက် နုမူနဲ့ရဲဘော်မူဆိုပြီး အပြိုင်ပေါ်လာခဲ့တယ်။
ပြည်သူ့ရဲဘော်အဖွဲ့ ဥက္ကဋ္ဌဖြစ်တဲ့ဗိုလ်မှူးအောင်က ရဲဘော်မူကိုမထောက်ခံဘဲ နုမူကို  ထောက်ခံခဲ့လေတော့ ဗိုလ်အောင်ခိုင်တို့လို လူငယ်ပြည်သူ့ရဲဘော်တွေက  မကျေမနပ်ဖြစ်ပြီး ဗိုလ်မှူးအောင်တို့ကို တိုက်ခိုက်ဝေဖန်ခဲ့ပါတယ်။ နုမူနဲ့ ရဲဘော်မူ ထောက်ခံမှုကွဲပြားရာကနေ ရဲဘော်ဖြူနဲ့ ရဲဘော်ဝါဆိုပြီး တိတိလင်းလင်းကွဲသွားခဲ့ကြတယ်။ အဲဒီတုန်းက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့တဲ့ ဗိုလ်အောင်နိုင်ကို ဗိုလ်မှူးအောင်က ပျားရည်နဲ့ ဝမ်းလာချတာလားလို့ မေးခြင်းဖြစ်ပါတယ်။ အာဃာတတရားနဲ့မေးခြင်းမဟုတ်ဘဲ ရှေးဖြစ်ဟောင်းအောက်မေ့ဖွယ် အကိုနဲ့ညီလေး၊ ဆရာနဲ့တပည့်ပုံစံမျိုးနဲ့ ကျီစယ်စကား ဆိုလိုက်ခြင်း ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ် စက်တင်ဘာလ (၁၈)ရက်နေ့မှာ တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းပိုက်လိုက်ပြီးတဲ့နောက် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေကိုတည်ထောင်ခွင့်ပြုခဲ့ပါတယ်။ အဲဒီလို တည်ထောင်ခွင့်ပြုတဲ့အခါ ဝန်ကြီးချုပ်ဟောင်းဦးနုနဲ့ ဗိုလ်မှူးအောင်တို့က ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ(ဒီ/ငြိမ်း)၊ သခင်ချစ်မောင်(ဝိဓူရ)က အမျိုးသားပြန်လည်တည်ဆောက်ရေး ဒီမိုကရေစီတပ်ပေါင်းစု၊ ဗိုလ်အောင်ခိုင်က ပြည်သူ့ရဲဘော်အဖွဲ့ချုပ်(ဗမာနိုင်ငံ)အစရှိတဲ့ နိုင်ငံရေးပါတီတွေကို တည်ထောင်ခဲ့သလို သခင်လွင်ကလည်း နိုင်ငံရေးပါတီတစ်ခုကို တည်ထောင်ခဲ့ကြတယ်။ ဒီပါတီတွေဟာ အချင်းချင်းပေါင်းစည်းဖို့ ကြိုးစားခဲ့ကြပေမယ့် အထူးသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ နားလည်မှုယူပြီး ရွေးကောက်ပွဲဝင်ဖို့ ကြိုးစားခဲ့ကြပေမယ့် ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေအရပ်ရပ်ကြောင့် အောင်မြင်မှုမရခဲ့ဘူး။ ဒီပါတီတွေဟာ ရွေးကောက်ပွဲ ဝင်တဲ့အခါ အောင်မြင်မှုမရခဲ့တဲ့အပြင် စစ်အစိုးရရဲ့ ပုံစံအမျိုးမျိုးနဲ့ ထုတ်ပြန်ခဲ့တဲ့ အမိန့်အမျိုးမျိုးကြောင့် နောက်ဆုံးမှာ ပါတီတွေဖျက်သိမ်းခံလိုက်ရတယ်။ ၁၉၉ဝ ရွေးကောက်ပွဲနောက်ပိုင်း မြန်မာနိုင်ငံရေးမှာ ထင်ထင်ရှားရှားပေါ်ထွက်လာခဲ့တဲ့ အင်အားစုကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ဒီအဖွဲ့ချုပ်ကို အကြောင်းပြချက်အမျိုးမျိုးနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို စစ်အစိုးရကပြုလုပ်ခဲ့တာကြောင့် ခိုင်မာတဲ့ နိုင်ငံရေးတပ်ပေါင်းစုတစ်စုကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖေါ်ဆောင်ခွင့်မရခဲ့ဘူး။ ဗိုလ်မှူးအောင်တို့လို ဝါရင့်နိုင်ငံရေး သမားဟောင်းကြီးတွေအနေနဲ့လည်း ဦးဆောင်ဦးရွက် မပြုနိုင်ခဲ့ဘူး။ သမိုင်းပေးအခြေအနေအရ ခေါင်းဆောင်မှုအခန်းကဏ္ဍကို သူတို့တက်ရောက်လို့မရနိုင်တော့ဘူး။ သူတို့လုပ်နိုင်တဲ့ အတိုင်းအတာတစ်ခုအနေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် တွေ့ဆုံဆွေးနွေးရေးကို စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့ ပြုလုပ်ဆောင်ရွက်နိုင်ရေးကို တွန်းအားပေးဖို့ နိုင်ငံရေးအခြေအနေက ဖန်တီးပေးလာတာတွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမိုကရေစီနိုင်ငံရေးခရီးမှာ ဗိုလ်မှူးအောင်တို့လို ဝါရင့်နိုင်ငံရေးသမားဟောင်းကြီးတွေကို ချန်ထားလို့မရနိုင်ပါဘူး။ နိုင်ငံရေးလမ်းကြောင်းပေါ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝါရင့်နိုင်ငံ ရေးသမား ဟောင်းကြီးတွေရဲ့ တွေ့ဆုံမှုအစဟာ ၁၉၈၈ ခုနှစ်သြ၈ုတ်လ ၂၁ ရက်နေ့က စတင်ခဲ့တယ်လို့ဆိုရ ပါလိမ့် မယ်။ အဲဒီနေ့မှာ ရန်ကုန်မြို့ ကြည့်မြင်တိုင် ဗိုလ်သူရလမ်းမှာရှိတဲ့ လက်ဖက်ရည်ဆိုင်အပေါ်ထပ် (အမှတ် မမှားဘူးဆိုရင် အိမ်အမှတ် ၈၁ လို့ထင်ပါတယ်)မှာ လျှို့ဝှက်အစည်းအဝေးတစ်ခုကို ကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဝါရင့်နိုင်ငံရေးသမားဟောင်းကြီးတွေနဲ့ စတင်ဆုံတွေ့ခဲ့ရ တယ်လို့ ဆိုရပါလိမ့်မယ်။ အဲဒီအစည်းအဝေးပွဲကိုတက်ရောက်ခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားဟောင်းကြီး တွေကတော့ သခင်ချစ်မောင်(ဝိဓူရ)၊ သခင်ခင်အောင်၊ သခင်ထွန်းခင်(ရေနံမြေ)၊ သခင်တင်မြ၊ ဦးသာထွန်း၊ ဗိုလ်မှူးဟောင်း စံသာကျော်နဲ့ ဗိုလ်ညို(ပြည်သူ့ ရဲဘော်)တို့ဖြစ်ကြပါတယ်။ စာရေးသူအနေနဲ့ ဘာကြောင့်အခု လို တိတိကျကျ ပြောနိုင်ရသလဲဆိုတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖိတ်ကြားချက်အရ စာရေးသူကိုယ်တိုင် တက်ရောက်ခဲ့လို့ပါပဲ။ ၈၈ အရေးအခင်းကာလအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံဝင်းအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အတိုင်ပင်ခံရုံးကိုဖွဲ့စည်းတဲ့အခါ နိုင်ငံရေးသမားဟောင်းကြီး တွေဖြစ်ကြတဲ့ သခင်တင်မြ၊ ဦးသာထွန်း၊ ဗိုလ်မှူးဟောင်းစံသာကျော်နဲ့ ဗိုလ်ညိုတို့ပါဝင်ခဲ့ကြတယ်။ တပ်မတော်က နိုင်ငံတော်အာဏာ သိမ်းပြီးတဲ့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဖွဲ့စည်းလိုက်တဲ့အခါ ဝါရင့်နိုင်ငံရေးသမားဟောင်း ကြီးတွေအနေနဲ့ ကိုယ်နဲ့ရည်ရွယ်ချက်တူရာ နိုင်ငံရေးသမားတွေစုပေါင်းပြီး ပါတီတွေထောင်ခဲ့ကြတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဝါရင့်နိုင်ငံရေးသမားဟောင်းကြီးတွေရဲ့ ဆက်ဆံရေးက နည်းနည်းအလှမ်းဝေးသွားခဲ့ပြန်တယ်။
၁၉၉ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲပြီးစီး သွားတဲ့အခါ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြတ်ပြတ်သားသားအနိုင်ရရှိသွားခဲ့တယ်။ ကျန်နိုင်ငံရေးပါတီထဲက အချို့ပါတီတွေကလည်း နီးစပ်ရာ သဘောထားတူညီရာအဖွဲ့အစည်းတွေအနေနဲ့ ရှေ့ဆက်သွားမယ့် နိုင်ငံရေးလမ်းကြောင်းတွေကို ညှိနှိုင်းခြင်း၊ ဆွေးနွေးခြင်းတွေကို ဆက်လက်ပြုလုပ်ခဲ့ကြတယ်။ အထူးသဖြင့် ဒီမိုကရေစီမဟာမိတ်များ အဖွဲ့ချုပ်(ဒမဖ)ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့၊ တိုင်းရင်းသားလူမျိုးနိုင်ငံရေးပါတီတို့ဟာ အဲဒီလို ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါပေမဲ့ ၁၉၉၁ ခုနှစ်အတွင်းမှာ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာချက်တွေထုတ်ပြန်ခဲ့ပြီး နိုင်ငံရေးပါတီအများစုကို ဖျက်သိမ်းစေခဲ့တယ်။ အဲဒီ ၁၉၉၁ ခုနှစ်အတွင်းမှာပဲ ဖျက်သိမ်းခံပါတီဖြစ်တဲ့ ပြည်သူ့ရဲဘော်အဖွဲ့ချုပ်(ဗမာနိုင်ငံ)က ဝါရင့်နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်တဲ့ ဗိုလ်ညိုက နိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ လက်တလောဆောင်ရွက်သင့်တဲ့ လုပ်ငန်းများနဲ့ပတ်သက်ပြီး  အကြံပေးစာတစ်စောင်ကို စစ်အစိုးရသို့ပေးပို့လိုကြောင်း ဒေသဆိုင်ရာ ထောက်လှမ်းရေးအဖွဲ့အမှတ်(၇)ကို ပြောကြားခဲ့ပါတယ်။ တစ်ဦးချင်းအနေနဲ့ ပေးပို့နိုင်ကြောင်း စုပေါင်းပြီး မတင်စေလိုကြောင်း သက်ဆိုင်ရာထောက်လှမ်းရေးအမှတ်(၇)မှ ပြည်သူ့ရဲဘော်အဖွဲ့ချုပ်(ဗမာနိုင်ငံ)ခေါင်းဆောင်များနဲ့ တိုင်ပင်ဆွေးနွေးပြီး ဗိုလ်ညိုတစ်ဦးတည်းကသာ တာဝန်ခံပြီးရေးသားပေးပို့ခဲ့ပါတယ်။ အဓိကပါဝင်တဲ့အချက်တွေကတော့ လွတ်လပ်ရေးထိန်းသိမ်းကာကွယ်ရေး၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေး၊ ဒီမိုကရေစီရေးတို့ကို ဦးတည်အကြံပြုခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီလိုပေးပို့ခဲ့ပေမဲ့လည်း သက်ဆိုင်ရာအာဏာပိုင်တွေ က တစ်စုံတစ်ရာအလေးထားဆောင်ရွက်ခြင်းမပြုခဲ့ပါဘူး။ ၁၉၉၅ ခုနှစ် ဇူလှိုင် လ ၁ဝ ရက်နေ့မှာ နေအိမ်မှာ အကျယ်ချုပ်နဲ့ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာပြီးတဲ့နောက်မှာ နိုင်ငံရေးခေါင်းဆောင်တော်တော်များများနဲ့ ဆက်သွယ်ခွင့်ရရှိလာခဲ့တယ်။
၁၉၉၅ ခုနှစ်နိုဝင်ဘာလ ၂၃ ရက် ကြာသပတေးနေ့မှာ အမျိုးသားထောက်လှမ်းရေးတပ်ဖွဲ့က အရာရှိတစ်ဦးဟာ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ် ဋ္ဌာနလမ်း၊ အိမ်အမှတ် ၁၁၃ မှာနေထိုင်တဲ့ ဗိုလ်ညိုရဲ့အိမ်ကိုရောက်ရှိလာပြီး 'ဒေါ်အောင်ဆန်းစုကြည်က တွေ့ဆုံဆွေးနွေးရေး လုပ်ဖို့တောင်းဆိုနေတယ်၊ အဘရဲ့သဘောထားဘယ်လိုလဲဆိုတာသိပါရစေ' လို့ပြောခဲ့တယ်။ ဗိုလ်ညိုက 'ငါတစ်ယောက်တည်းရဲ့သဘော ထားထက် ငါတို့ နိုင်ငံရေးသမားဟောင်းကြီးတွေရဲ့ သဘောထားကိုပြောပြရရင်ပိုကောင်းမယ်' လို့ပြောခဲ့တယ်။ အဲဒီအရာရှိက 'ဒါဆိုရင် ကျွန်တော်အထက်ကိုတင်ပြပါဦးမယ်'ဆိုပြီးပြန်သွားခဲ့တယ်။ နောက်တစ်နေ့မနက် ၉ နာရီမထိုးခင်မှာ အဲဒီအရာရှိရောက်လာပြီး 'အဘတို့ရဲ့သဘောထားကိုပြောပါ။ ဒီနေ့ ၁၂ နာရီအမီ ကျွန်တော်အထက်ကိုတင်ပြရမယ်'လို့ ပြောပြခဲ့တယ်။ အဲဒါနဲ့ ဗိုလ်ညိုလည်းနီးစပ်ရာ နိုင်ငံရေးသမားဟောင်းကြီး တွေကိုခေါ် အားလုံးရဲ့သဘောထားကို ညှိနှိုင်းတိုင်ပင်ပြီး 'အမျိုးသားပြန် လည်သင့်မြတ်ရေးအတွက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောင်ရေးအဖွဲ့နှင့် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့အား ပန်ကြားလွှာ'တစ်စောင်ကို ထုတ်ပြန်ခဲ့ပါတယ်။ ပါဝင်လက်မှတ်ထိုးခဲ့ကြတဲ့ ဝါရင့်နိုင်ငံရေးသမား ဟောင်းကြီး ၂၃ ဦးကတော့ ဗိုလ်မှူးအောင်၊ သခင်အောင်၊ သခင်ချစ်၊ သခင်လွင်၊ သခင်သိန်းဖေ၊ ဦးသန်းစိန်၊ ဗိုလ်အောင်နိုင်၊ ဗိုလ်စံသာကျော်၊ ဗိုလ်သာထွန်း၊ ဗိုလ်စိန်အောင်လင်း၊ ဗိုလ်တင်လှဦး၊ ဦးဘထွန်း၊ ဦးအောင်မြင့်၊ ဒေါက်တာမောင်မောင်ကျော်၊ ဦးညွန်သိမ်း၊ ဦးရဲမြင့်၊ နိုင်ငွေသိမ်း၊ ဦးသာဘန်း၊ ဦးမင်းလွင်၊ ဦးမြင့်အေး၊ ဦးတင်ထွန်း၊ ဗိုလ်ညို၊ သခင်ချစ်မောင်တို့ဖြစ်ကြပါ တယ်။ အဲဒီပန်ကြားလွှာနဲ့ ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီးတင်လှိုင်၊ တပ်မတော်ထောက်လှမ်းရေး ဒုတိယညွှန်ကြားရေးမှူးဗိုလ်မှူးကြီးကျော်ဝင်း၊ ရဲတပ်ဖွဲ့ညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်း၊ သတင်းတပ်ဖွဲ့မှူးဗိုလ်မှူးကြီးဗဟိန်းတို့က ဝါရင့်နိုင်ငံရေးသမားကြီးတွေကို ခေါ်ယူတွေ့ဆုံမေးမြန်း ခဲ့ပါတယ်။ ၁၉၉၅ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က ဝါရင့်နိုင်ငံရေးသမားကြီးများထုတ်ပြန်ခဲ့တဲ့ ပန်ကြားလွှာနဲ့ပတ်သက်ပြီး ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ဝါရင့်နိုင်ငံရေးသမားဟောင်းကြီးတွေဟာ အခါအခွင့်သင့်တိုင်း အထူးသဖြင့်လွတ်လပ်ရေးနေ့၊ တော်လှန်ရေးနေ့၊ အမျိုးသားအောင်ပွဲနေ့စတဲ့ နေ့ထူးနေ့ရက်တွေမှာ ထုတ်ပြန်ကြေညာချက်များ၊ ပန်ကြားချက်များကို ရေးသားထုတ်ဝေခဲ့ပါတယ်။ အထိမ်းအမှတ်အခမ်းအနားတွေကိုလည်း ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးရေးပြုလုပ်ကြဖို့ကိုလည်း အစဉ်တစိုက်တိုက်တွန်းပန်ကြား ခဲ့ပါတယ်။ ၁၉၉၉ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့မှာ အကြံပြုစာတမ်းတစ်စောင်ကို ထုတ်ပြန်ကြေညာခဲ့ရာမှာ ပါဝင်ခဲ့တဲ့အနှစ်သာရတွေကတော့

(၁) နိုင်ငံနဲ့ပြည်သူလူထုအတွက် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ကြဖို့
(၂) တိုင်းရင်းသားကိုယ်စားလှယ်များနှင့်ပါ တွေ့ဆုံဆွေးနွေးကြဖို့
(၃) အမျိုးသားပြန်လည်သင့်မြတ်ရေး ညွန့်ပေါင်းအစိုးရဖွဲ့စည်းရေးအတွက်ဆွေးနွေးသဘောတူညီကြဖို့၊ ဖွဲ့စည်းတဲ့နေရာမှာ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၊ NDL ၊တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ တိုင်းရင်းသားများနှင့် အခြားပါဝင်သင့်တဲ့ပု၈္ဂိုလ်များကိုထည့်သွင်းဖွဲ့စည်းဖို့။
(၄) ဘုံလုပ်ငန်းစဉ်တစ်ရပ်ကို ညှိနှိုင်းပြဋ္ဌာန်းဖို့
(၅) လွှတ်တော်အစည်းအဝေးခေါ်ယူပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး ညွန့်ပေါင်းအစိုးရကို လွှတ်တော်ကအတည်ပြုပေးဖို့။
(၆) အဲဒီလွှတ်တော်က အထွေထွေငြိမ်းချမ်းသာခွင့်ကိုပြဋ္ဌာန်းပေးပြီး ညွန့်ပေါင်းအစိုးရက နိုင်ငံတော်ဖွံ့ဖြိုးအုပ်ချုပ်ပုံအခြေခံဥပဒေကိုရေးဆွဲအတည်ပြုဖို့။
(၇) ပေါ်ပေါက်လာတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနဲ့အညီနည်းလမ်းတကျ ရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီအစဉ်တစိုက် တည်ဆောက်ဖို့ စတဲ့အချက်တွေဖြစ် ပါတယ်။
အခုအခါမှာ ဗိုလ်မှူးအောင်ခေါင်းဆောင်တဲ့ ဝါရင့်နိုင်ငံရေးသမားဟောင်းကြီးတွေထဲမှာ သခင်သိန်းဖေ၊ ဗိုလ်အောင်နိုင်၊ ဗိုလ်တင်လှဦး၊ ဦးညွန့်သိမ်း၊ နိုင်ငွေသိမ်း၊  ဦးသာဘန်း၊ ဗိုလ်ညို၊ ဦးတင်ထွန်းနဲ့ ဦးရဲမြင့်တို့သာ သက်ရှိထင်ရှားရှိနေကြပြီး နောက်ထပ်ဝါရင့်နိုင်ငံရေးသမားဟောင်းကြီးတွေဖြစ်ကြတဲ့ သခင်ချန်ထွန်း၊ သခင်သိန်းမောင်၊ ဦးအုန်းမောင်(ရွှေတောင်)၊ ဦးထွေးမြင့် ဦးအောင်ခိုင်တို့နဲ့အတူ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် မြန်မာ့နိုင်ငံရေးခရီးမှာ ဆက်လက်လျှောက်လှမ်းနေ ဆဲဖြစ်ပါတယ်။

အောင်မြင့်ဦး (မဟာဝိဇ္ဇာ)
 Credit To pinyamagazine
Read More »

မာ့က်စ်ဝါဒနဲ့ ဗမာပြည် - အောင်သာ(ပီသုံးလုံး)



မာ့က်စ်ဝါဒနဲ့ ဗမာပြည်

မိမိ“ပြည်သူ့ဆန္ဒ”မှာ“ဆရာကြီးဇော်ဇော်အောင်ရဲ့ မာ့က်စ်ဝါဒအကြောင်း”ရေးပါတယ်။ ဒီဆောင်းပါးမှာ “ဗမာပြည်မှာ” မာ့က်စ်ဝါဒကို ယုံကြည်၊ ကိုင်စွဲကျင့်သုံးကြတဲ့ အစုကြီး (၃)စုဖြစ်ပေါ်ခဲ့ကြောင်း” ဒီအစု ကြီး(၃)စုဟာ၊ မာ့က်စ်ဝါဒကို (တစ်စု တစ်မျိုး)ကျင့်သုံးကြကြောင်း၊ ထင်ထင်ရှားရှားကိုယ်စားပြုသူများ မရှိကြတော့တဲ့အခါ အဖွဲ့အစည်းများလဲပြိုကွဲသွားခဲ့ရကြောင်း ရေးခဲ့ပါတယ်။ (၁) ဆရာကြီးသခင်စိုးက သူ့အနေနဲ့ (Sworn Enemy) ကမ္ဘာမကျေရန်သူအဖြစ် သတ်မှတ်ထားသူထံမှာ သူကိုယ်တိုင်အညံ့ခံပြီးတဲ့အခါ သူ့ယုံကြည်မှုသမိုင်း သူ့သမိုင်းဟာ (ဘယ်သူက ဘာပြောပြော) နိဂုံးကမ္ပတ်အဆုံးသတ်သွားပါပြီ။ သူ့ယုံကြည်မှုဟာ (သေသွားခဲ့ပါပြီ)။ (လူက နောက်မှသေတာပါ)။
သူက မာ့က်စ်ဝါဒကို တရားသေ၀ါဒ၊ ဂိုဏ်းဂဏ၀ါဒ၊ မင်းမဲ့ဝါဒ၊ အဖြစ် ကျင့်သုံးခဲ့တယ်။ သူစစ်အစိုးရထံ လက်နက်ချတဲ့နေ့ဟာ သူကိုယ်စားပြု တဲ့ အရာအားလုံးနိဌိတံတဲ့နေ့ပါပဲ။ ဘာမှထပ်ပြောစရာမလိုတော့ပါဘူး။ ပြီးသွားပါပြီ။
(၂) ဗမာပြည်မှာ၊ ဥပဒေတွင်းမှာ မာ့က်စ်ဝါဒကို (ကိုယ်က ရန်ဘက်အဖြစ်သဘောထားသူ အစုက ပြဌာန်းထားတဲ့ ဥပဒေဘောင်များ၊ ခွင်များ၊ နယ်ပယ်များအတွင်းမှာ)ကျင့်သုံးရမယ်လို့ ကွယ်လွန်သည်အထိ သဘောထားကျင့်သုံးသွားသူများကတော့ (၁) ၀ိဓူရသခင်ချစ်မောင် နဲ့ (၂) သခင်သိန်းဖေ (ခ) (ဦး)သိန်းဖေမြင့်ပါပဲ။ သခင်ချစ်မောင်(သုံးဆယ်) ဟာ၊ ပထမတန်းသခင်မဟုတ်ပါဘူး။ သူဟာ (တတိယတန်းသခင်ပါ)။ သခင်မြရဲ့လက်ရင်းတပည့်ပါ။ စစ်ကြီးပြီးတော့ ၁၉၄၀ မှာ (ဗမာပြည်ဆို ရှယ်လစ်ပါတီ)အဖြစ် ပြင်ဖွဲ့ပါတယ်။ ၀ိဓူရက ဗဟိုကော်မတီဝင်ပါ။ (၁၉၅၁ မှာ အမေရိကန်က မြောက်ကိုးရီးယားကို ကျူးကျော်မှု၊ KMT တရုတ်ဖြူ များ မြန်မာနိုင်ငံအတွင်းကျူးကျော်မှုကို ဆိုရှယ်လစ်ပါတီဥက္ကဌဦးဗဆွေနဲ့ ဗဟိုကော်မတီက ရေငုံနှုတ်ပိတ်လုပ်နေမှုကို မကျေနပ်လို့ သခင်ချစ်မောင်၊ သခင်လွင်၊ သခင်လေးမောင်၊ ကျုံမငေးသခင်တင်မောင်တို့က ပါတီကခွဲ ထွက်သွားကြပါတယ်။ ဦးစွာ အလုပ်သမား၊ လယ်သမားပါတီ၊ (နောက်) ဗမာပြည်အလုပ်သမားပါတီ(၅၆)မှာ ဖွဲ့ပါတယ်။ ဆိုရှယ်နီလို့ မီဒီယာက သုံးပါတယ်။ ၁၉၅၉ မှာ လက်နက်ချလာတဲ့(၁)ပီစီပီ(ပြည်သူ့ရဲဘော်ပါတီ)၊ (၂) ဗမာပြည်အလုပ်သမားပါတီ(၀ိဓူရ)၊ (၃)ပြည်သူ့ညီညွတ်ရေးပါတီ  (၄၉/ဦးသိန်း ဖေမြင့်) တို့ပူပေါင်းပြီး (မလညပ)“မြန်မာနိုင်ငံအလုပ်သမား ညီညွတ်ရေးပါတီ” (၁၉၆၀ ဒီ)ကိုဖွဲ့စည်းပါတယ်။ (ဦးသိန်းဖေမြင့်က သူဟာ ၃၉မှာ CPB ဖွဲ့စဉ်က ပါဝင်ခဲ့တယ်လို့ပြောဖူးပါတယ်။ သူနဲ့ ဗိုလ်သိန်းတန်၊ ဗိုလ်အောင်မင်းကြီးတို့ဟာ (ဗကပ)ကို နာမည်ဝှက်နဲ့ ဆန့်ကျင်ခဲ့ကြတာ ကြောင့် ၄၇ မှာ ပါတီကထုတ်ပယ်ခြင်းခံရပါတယ်။
ဝိဓူရနဲ့ ဦးသိန်းဖေမြင့်တို့(၂)ဦးကို(အဲဒီစဉ်က)မာ့က်စ်ဝါဒလက်ဝဲ ၈ိုဏ်းသားများက “ဥပဒေတွင်းမာ့က်စ်ဝါဒီ”များအဖြစ်မှတ်ယူခဲ့ကြပါတယ်။ ဆိုလိုတာက မာ့က်စ်ဝါဒကို အရင်းရှင်းဥပဒေဘောင်ထဲမှာ အကောင် အထည်ဖော်ချင်သူများ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို “Legal Marxist” ဥပဒေတွင်း မာ့က်စ်ဝါဒီများအဖြစ် သဘောထားပါတယ်။ ၁၉၆၄ ခုနှစ်၊ မတ်လ(၂၈)မှာ၊ စစ်အစိုးရက “အမျိုးသားစည်းလုံးညီညွတ်ရေးဥပဒေ”ဆိုတာကို ထုတ်ပြန်ပြီး၊ ဥပဒေတွင်းရှိ နိုင်ငံရေးပါတီများအားလုံးကို ဖျက်သိမ်းပစ်လိုက်ပြန်ပါတယ်။ ဥပဒေတွင်း မာ့က်စ၀ါဒဆိုတာ အုပ်စိုး သူအလိုကျ မာ့က်စ်ဝါဒကိုအကောင် အထည်ဖေါ်ရေးဆိုတာကြောင့် အချောင်ဝါဒတစ်မျိုးသာဖြစ်ပါတယ်။ ၀ိဓူရ သခင်ချစ်မောင်ရဲ့ ဥပဒေ တွင်းမာ့က်စ်ဝါဒရဲ့ အနှစ်ချုပ်ကိုသိချင်ရင် သူပြုစုတဲ့ “လွတ်လပ်ရေးရပြီး ဗမာပြည်”မှတ်တမ်းကိုလေ့လာကြည့်နိုင်ပါတယ်။
ဗမာပြည်မှာ ပါတီစတင်ထူထောင်ကတည်းက မာ့က်စ်ဝါဒကို ယုံကြည်ကိုင်စွဲပြီး ဂျပန်တော်လှန်ရေးစစ်ပွဲ၊ စစ်ပြီးခေတ် လွတ်လပ်ရေး တိုက်ပွဲ ၄၅ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးစစ်ပွဲ (၁၉၄၈/၁၉၇၅ ပဲခူးရိုးမ)၊ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေးစစ်ပွဲ(၁၉၇၆-၁၉၈၉) အရှေ့မြောက်စစ်ဒေသ ပဲခူးရိုးမ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကာလ။ အရှေ့မြောက်စစ်ဒေသ တော်လှန်ရေးကာလ။ (၁၉၈၉ခုနှစ်မှ အခု ၂၀၁၃ခုနှစ်အထိ၊ မြေအောက်ပါတီဘ၀ ကျရောက်ခဲ့ရပါတယ်။ တိုင်းရင်းသားမျိုးနွယ်စု တော်လှန်ရေးတပ်ဖွဲ့များက  အကြောင်းမျိုးစုံ အောက်မှာ ပါတီမှခွဲထွက်သွားကြတဲ့အတွက် ဗမာပြည် ကွန်မြူနစ်ပါတီ ခေါင်းဆောင်ဆင်နွှဲနေတဲ့ ပြည်သူ့ဒီမိုကရေစီ တော်လှန်ရေး လက်နက် ကိုင်တိုက်ပွဲ ပြိုကွဲသွားခဲ့ရပါတယ်။ ဒါ ဒုတိယအကြိမ်ပြိုကွဲတာ ဖြစ်ပါ တယ်။ ပထမအကြိမ်ပြိုကွဲမှုက ၁၉၇၅ ခုနှစ်၊ မတ်လ(၁၅)ရက်နေ့ ဖြစ်ပါတယ်။ ၁၉၈၉ ခုနှစ်၊ ဧပြီလမှ ခုထိ ယူဂျီပါတီ အဖြစ် (၂၄)နှစ်ရှိခဲ့ပါပြီ။ (လေ့လာရရှိသမျှ မှတ်တမ်းများအရ (၁) ၁၉၄၈/၄၉ ဗ.ှ လမ်းစဉ်။ (၂) “၅၀/၅၁”ငြိမ်းချမ်းရေးနဲ့ ညွန့်ပေါင်းအစိုးရလမ်းစဉ်။ (၃) “၁၉၅၂/၅၄” (၂)နှစ်အတွင်းစစ်နိုင်ရေးလမ်းစဉ်။ (၄) ၁၉၅၅ ပြည် တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး (၅) ၁၉၆၄ စက်တင်ဘာ၊ စစ်အနိုင်တိုက်ရေး လမ်းစဉ်။ အာဏာသိမ်းရေးလမ်းစဉ်။ (၁၉၆၄/၇၅ မတ်လ (၁၅)။ ၁၉၄၈ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့မှ ၁၉၈၉ခုနှစ်အထိ၊ ဗမာပြည်ကွန်မြူနစ်ပါတီ ရဲ့သမိုင်းဟာ၊ လက်နက်ကိုင်တိုက်ပွဲလုပ်မလား၊ မလုပ်ဘူးလား။ လက်နက် အပ်၊ တပ်ဖျက်၊ ဥပဒေတွင်းဝင်၊ (ဥပဒေတွင်းမှာ အတိုက် အခံမလုပ်နဲ့၊ အစိုးရနဲ့ပေါင်း၊ မဆလစစ်အစိုးရ၊ (န၀တ)၊ (နအဖ)(ကြံ့ဖွံ့အစိုးရ)တို့နဲ့ပေါင်း၊ ပြတ်ပြတ်သားသားလုပ်ရေး(လမ်းစဉ်)နဲ့ ဥပဒေတွင်းဝင် လက်နက်ချ အညံ့ခံ။ အစိုးရနဲ့ပေါင်းတဲ့ လမ်းစဉ် ၂ မျိုးအကြား တလျှောက်လုံး တိုက်ပွဲ ဖြစ်ခဲ့တာပါ။
ပဲခူးရိုးမခေတ်(ဗကပ)သမိုင်းဟာ ၁၉၄၈ ခုနှစ်ကနေ ၁၉၇၅ ခုနှစ် မတ်လအထိ(၂၇)နှစ်ကြာပါတယ်။ ဒီ (၂၇)နှစ်အတွင်းပေါ်ပေါက်ခဲ့တဲ့လမ်း စဉ်ခေတ်(၂)ခေတ်ဟာ (ဗကပ)အတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးများဖြစ်ခဲ့ ရပါတယ်။ ဆုံးရှုံးမှုကြီးများဖြစ်ပေါ်စေခဲ့တဲ့လမ်းစဉ်ခေတ်ကြီးများကတော့ ၅၅လမ်းစဉ်ခေတ်နဲ့(၆၄) လမ်းစဉ်ခေတ်ကြီးများဖြစ်ပါတယ်။ ၅၅ လမ်းစဉ် ဆိုတာက“ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး လမ်းစဉ်” ဖြစ်ပါတယ်။ ၆၄ လမ်းစဉ်ဆိုတာက စစ်အနိုင် တိုက်ရေး အာဏာသိမ်းရေး လမ်းစဉ်ဖြစ်ပါတယ်။ ရဲဘော်အောင်ကြီး၊ ဗိုလ်ချုပ်ဇေယျနဲ့အတူ ပီကင်းပြန်ရဲဘော်များ၊ ပါတီဗဟိုပြန်ရောက်ချိန်လည်းဖြစ်ပါတယ်။ ၁၉၆၃ ငြိမ်းချမ်းရေး ဆွေးနွေးပွဲပျက်ပြီးချိန်လည်းဖြစ်ပါတယ်။ ၁၉၅၅ လမ်းစဉ်ဟာ ဂိုရှယ်နဲ့ ရဲဘော်ဌေးတို့ရဲ့ အများစုထောက်ခံမှုနဲ့ ချမှတ်တဲ့ လမ်းစဉ်ဖြစ်ပါတယ်။ သခင်သန်းထွန်းက ၅၅ လမ်းစဉ်ကိုလက်မခံပါ။ လမ်းစဉ်လက်မခံသူ 1St Lester ပထမခေါင်းဆောင်မဖြစ်ရဆိုတဲ့(မူ)ရှိပေမဲ့ သခင်သန်းထွန်းကိုဖြုတ်ချဖို့ မဲသုံးပုံနှစ်ပုံမရတာကြောင့် သခင် သန်းထွန်းကို ဥက္ကဌတာဝန်ပြန်ပေးခဲ့ရပါတယ်။ ၆၂ စီစီ အစည်း အဝေးမှာ သခင်သန်းထွန်းအနနဲ့ ၅၅ လမ်းစဉ် ကို ယုံယုံကြည်ကြည်နဲ့ အကောင်အထည်မဖေါ်ခဲ့လို့ ပါတီနဲ့တော်လှန်ရေးအတွက် ဆုံးရှုံးနစ်နာမှုများဖြစ်ခဲ့ရတယ်။ ဒါကြောင့် သခင်သန်းထွန်းကိုရှုံ့ချတဲ့ အဆိုတင်ပါတယ်။ အဆိုအထမြောက်ပါတယ်။ ၅၅ လမ်းစဉ်ချပြီး မကြာခင်မှာ ဆိုဗီယက်ကွန်မြူနစ်ပါတီ(၂၀)ကြိမ်မြောက် ညီလာခံက ဆိုရှယ်လစ်စနစ်သို့ ငြိမ်းချမ်းစွာကူးပြောင်းနိုင်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဗမာပြည်ပါတီတွင်းက ၅၅ သမားများက လက်ပန်းပေါက်ခတ်ခဲ့တယ်ဆို ပါတယ်။ ၅၅-၆၄ အတွင်းမှာ လူအင်အား ၁၀၀၀၀ နီးပါးလက်နက်ချခဲ့တယ် ဆိုပါတယ်။ မသုံးလုံးဂိုဏ်းနဲ့ ရဲဘော်ချမ်းအေးလက်နက်ချခဲ့ပါတယ်။ ပြည်သူ့ရဲဘော်ပါတီ ၅၉ မှာလက်နက်ချသွားပါတယ်။ မွန်/ နိုင်အောင်ထွန်းနဲ့ ကရင်မှစောထွန်းစိန်တို့လက်နက်ချပါတယ်။ လက်နက်အပ် တပ်ဖျက်ဥပဒေတွင်းဝင်တဲ့ သန့်ရှင်းဖဆပလသခင်နုရဲ့ (၂ချက်နဲ့ အလင်းဝင်ရေးမှု) ကြောင့် အချို့လက်နက်ချကြတာပါ။ ပမညတအမတ်ဝိဓူရသခင်ချစ်မောင်က ကွန်မြူနစ်ပါတီ အလင်းဝင်ဖို့ လွှတ်တော်တွင်းကနေ ဖိတ်ခေါ်ခဲ့ပါတယ်။ ၁၉၆၀ မှာ အလံနီပါတီမှ ဗိုလ်ချုပ်မြင့်အောင်နဲ့ အင်အားတချို့လက်နက်ချ ခဲ့ပါတယ်။ ဗကပမှမြစ်ဝကျွန်းပေါ်တိုင်း ဥက်္ကဌသခင်တင်ကွန့်လက်နက်ချပါ တယ်။ ဗကပယူ၈ျီတာဝန်ခံသခင်တင်မြ လက်နက်ချခဲ့ပါတယ်။ ဆိုဗီယက်ပါတီရဲ့ (၂၀) ကြိမ်မြောက်ကွန်ဂရက်လမ်းစဉ်ကို တရုတ်ပါတီနဲ့ ညီနောင်ပါတီ(၂၇)ပါတီက လက်မခံခဲ့ပါ။ ဗကပအဝေးရောက်ပါတီ ကိုယ်စားလှယ် အဖွဲ့က လက်မခံခဲ့ပါ။ ၁၉၅၈-၆၂ ခုနှစ်အတွင်း အာဏာရ ဖဆပလ အဖွဲ့ချုပ်အတွင်း (၁)တည်မြဲ (၂)သန့်ရှင်း (၃)စစ်တပ် (၃)စု ကွဲပါတယ်။ ၆၂ မတ်လ (၂)ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းလိုက်ပါတော့တယ်။
(မှတ်တမ်းများအရ)၁၉၄၈/၄၉ခုနှစ်အတွင်းကနေ ၁၉၇၅ ခုနှစ်အတွင်းမှာ ဗဟိုကော်မီတီ(၂၉)ယောက်ရှိတဲ့အထဲမှာ (၆)ယောက် အညံ့ခံကြပါတယ်။ ၃ ယောက်အဖမ်းခံကြရပါတယ်။ ဗဟိုကော်မီ တီ(၂၀) တော်လှန်ရေးအတွက် အသက်စွန့်ခဲ့ကြပါတယ်။ ဗကပမှ သစ်္စဖောက် သွားကြတဲ့ အရွယ်သုံးပါထဲ မှာပါတဲ့သူတချို့ဟာ သူတို့စစ်အစိုး ရထံအညံ့ခံမှု၊ တစ်အိုးတစ်နပ်လုံခြုံမှုအတွက် အကြောင့်ရှာရမှာ သူတို့နဲ့အတူ အမြီးအဖြတ်မခံချင်သူတွေကို ကွန်ဆာဗေး တစ်တွေ၊ တရားသေ၀ါဒီတွေ၊ ခေတ်ပြောင်းတာကိုမသိသူတွေ အဖြစ် တိတ်တိတ် တစ်မျိုး၊ တိုးတိုးတစ်မျိုး၊ အပြစ်တင်တတ်ကြပါတယ်။ ကျွန်ခံတာတောင်၊ နံပါတ်စဉ်အကြီးအသေး ရွေးချင်ကြပါတယ်။
၁၉၇၅ ခုနှစ်အတွင်းမှာ ဗကပဗဟိုဌာနချုပ်ပြိုကွဲရတာဟာ ထိုးစစ် ကိုထိုးစစ်နဲ့ရိုက်ချိုးရာမှာ ခွင်ထဲကမထွက်ရေး (ခံစစ်သေ အယူအဆကြောင့်) ဖြစ်ပါတယ်။ နိုင်ငံရေးလမ်းစဉ်ကတော့ ပါတီကို တလျှောက်လုံး ဒုက်္ခပေးခဲ့ကြတဲ့ ၅၅ လမ်းစဉ်သမားများကို ဗဟိုကော်မီ တီက ဖြုတ်၊ ပါတီကထုတ်ပြီး၊ ရှင်းလင်းဖယ်ရှားပစ်ဖို့ ဖြစ်ပါတယ်။ ၁၉၃၆ ခုနှစ်မှာ မိုင် ၆၀၀၀ စစ်ခွာမှုကြီး ဆွန်ယီမြို့ကိုရောက်တဲ့အခါ မော်စီတုန်းက တရုတ်ပြည် ကွန်မြူနစ်ပါတီရဲ့ (၁၅)နှစ်အတွေ့အကြုံ များကို ခုလို သုံးသပ်တင်ပြခဲ့ပါတယ်။ ပါတီရဲ့ လမ်းစဉ်နဲ့ပတ်သက်ရင် “အတိတ်ကအမှားကို နောင်မမှားဖို့ သင်ခန်းစာယူကြပါ။ အမှား ကျူးလွန်သူများနဲ့ ပတ်သက်ရင် လူနာကိုကယ်ဖို့ ရော၈ါကိုကုပါ တဲ့။ မော်စီတုန်းရဲ့ အတိတ်အတွေ့အကြုံများနဲ့ ပတ်သက်တဲ့ လမ်းညွှန်ချက်များဟာ မိမိတို့အတွေ့အကြုံ အပြုအမူများနဲ့ နှိုင်းယှဉ်ကြည့်လိုက်ရင် ပြောင်းပြန်ချည်းဖြစ်နေတာကိုတွေ့ကြရမှာပါ။  ဒါပေမဲ့ အရှေ့မြောက်စစ်ဒေသ တည်ရှိနေသေးတာကြောင့် ပဲခူးရိုးမအရေးနိမ့်မှုကို အဖတ်ဆည်နိုင်ခဲ့ပါတယ်။ ဗကပ ဖြစ်တည်စကတည်းက ဗြိတိသျှနယ်ချဲ့စနစ်က ကွပ်ညှပ်ချေမှုန်းခဲ့ပါတယ်။ ဂျပန်ဖက်ဆစ်များကလည်း ချေမှုန်းခဲ့ပါတယ်။ ဖဆပလ အဖွဲ့ချုပ်ကလည်း (ဗြိတိသျှအလိုကျ) ကွန်မြူနစ် ပါတီကို ဖဆပလထဲက ထုတ်ပစ်ရုံမက အပြုတ်တိုက်ဖို့ ချေမှုန်းပစ်ဖို့ ပြည်ထဲရေးဝန်ကြီးက အမိန့်ထုတ်ခဲ့ပါတယ်။ လျှို့ဝှက်လုပ်ကြံသတ်ဖြတ်ရေးသမားတွေ စေလွှတ်ပြီး ဗကပ ဥက္ကဌကိုလုပ်ကြံစေခဲ့ပါတယ်။ ဗကပ အတွင်းမှ လူမျိုးစုများခွဲထုတ်ဖို့ ဘိန်းကုန်သည်ကြီးများ၊ ဆိုရှယ်လစ်နဲ့ တည်မြဲတပ်မှူးဟောင်းကြီးများ၊ နအဖထောက်လှန်ရေးများ၊ တရုတ် ထောက်လှန်း ရေးများပါဝင်ပြီး ကြံစည်ခဲ့ကြတာဖြစ်ပါတယ်။ ဗကပ သစ္စာဖောက်ကြီးများဖြစ်ကြတဲ့ မောင်စူးစမ်း (ချမ်းအေး) သခင်တင်မြ၊ ဘခက်နဲ့ လက်ရင်းလက်ဖျားဖြစ်တဲ့ သစ္စာဖောက်မျိုးစုံ တို့ကလည်း  တစ်ခါတစ်ခါချိန်ကိုက် ဗကပဆန့်ကျင် ရေးများကို တိုးတိုးတစ်မျိုး၊ မတိုးမကျယ် တစ်မျိုးထုတ်လွှင့်တတ်ကြပါတယ်။ ဒီလူတွေ ဗကပဆန့်ကျင်ရေး လုပ်စားလာတာ“မ၀”ကြ သေးဘူးလားဗျာလို့ လူငယ်အယ်ဒီတာလေး တစ်ယောက်က ညည်းညည်းညူညူ ပြောမေး မေးခဲ့ဖူးပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပတ်သက်တဲ့မှတ်တမ်းများအရ၊ ဗမာပြည် ကွန်မြူနစ်ပါတီက မြန်မာလူ့အဖွဲ့အစည်းရဲ့လူမှုစီးပွားလက်္ခဏာကို ကိုလိုနီ တစ်ပိုင်း၊ ပဒေသရာဇ်တစ်ပိုင်း လူ့အဖွဲ့အစည်းလို့မှတ်ယူပါတယ်။ ဆိုလိုတာက မြန်မာ့လူ့အဖွဲ့အစည်းဟာ (၁)ပဒေသရာဇ် မြေယာ ကုန်ထုတ်လုပ်မှုစနစ်ကို ပြုပြင်ပြောင်းလဲခြင်း မရှိသေးပါဘူး။ (၂) ဒေသဆိုင်ရာအရင်းရှင်စနစ်ဟာ လည်း ခေတ်နောက်ကျနေဆဲဖြစ်ပါတယ်။ ဒီ(၁)နဲ့(၂)ကုန်ထုတ်အဆောက် အဦကို အခြေပြုပြီး (စစ်အုပ်စုက) (၃) ဗျူရိုကရက်အရင်းရှင်စနစ်ကို တည်ဆောက်ထားပါတယ်။ ဒီစနစ်ကြီး (၃)ခု (၁)(၂)(၃)ကို အင်အား(၅)သိန်းလောက်ရှိ တဲ့ စစ်တပ်နဲ့ ကာကွယ်နေတာဖြစ်ပါတယ်။ အမျိုးသားတန်းတူရေးအတွက် စစ်ပြိုင်နေတဲ့လူမျိုးစုံ အမျိုးသားတပ်ဖွဲ့များနဲ့ လည်း စစ်လည်းမဖြစ်၊ ငြိမ်းချမ်းရေးလည်းမရှိတဲ့ အခြေအနေမျိုးနဲ့ထိန်းချုပ် ထားပါတယ်။
ဒီအခြေအနေမျိုးမှာ ၂၀၀၈ ခုနှစ်၊ မေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပပြုလုပ်တဲ့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ (ဗိုလ်ချုပ်ကြီးဟောင်း)ဦးသိန်းစိန် ကြီးမှူးတဲ့ ပြည်ခိုင်ဖြိုးအစိုးရကို ဖေါ်ထုတ်ခဲ့ပါတယ်။ (တစ်ဖက်ကိုတစ်ဖက် အပြန်အလှန်လိုအပ်နေတဲ့) ဒေါ်စုနဲ့ သမ္မတဦးသိန်းစိန်လည်း ကြည်စေအေးစေဖြစ်ခဲ့ပါပြီ။ မြန်မာနိုင်ငံ အစိုးရနဲ့ (လစ်ဘရယ်ဒီမိုကရေစီရဲ့ ၈ိုဏ်းခေါင်းဆောင်ဖြစ်တဲ့)အမေရိကန်နဲ့လည်း ကြည်စေအေးစေ ဖြစ်သွားခဲ့ပါပြီ။ (လောလော ဆယ်ကတော့) “အပျို့တော်(က)တုန်းပဲ ရှိပါသေးတယ်။” ပြည်ခိုင်ဖြိုး အစိုးရကတော့ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲ ညွတ်ကွင်းနဲ့ အားလုံးကို မိအောင်ဖမ်း လွှတ်တော်ဆိုတာထဲ အားလုံးရောက် အောင်ကြိုးစားပြီး လွှတ်တော်တွင်း နိုင်ငံရေးနဲ့ အခြေအနေကို ထိန်းသိမ်း ချင်ဟန်တူပါ တယ်။ ဒီ/ချုပ်အနေနဲ့လည်း ၂၀၁၅ ရွေးကောက်ပွဲမှာ၊ ၁၉၉၀ ရွေးကောက်ပွဲတုန်းက နိုင်ပွဲမျိုး မျှော်လင့်စရာမရှိလှပါ။ ပြည်ခိုင်ဖြိုး ပါတီနဲ့ အဓိကမျိုးနွယ်စုပါတီကြီးများဖြစ် တဲ့ ရခိုင်၊ ရှမ်း၊ မွန် စတဲ့ပါတီ များနဲ့ပြိုင်ရမှာဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲဟာ Tactical Phase တစ်ခုဖြစ်စရာရှိပါတယ်။
၁၉၈၉ ခုနှစ်မှာ ဗမာပြည်ကွန်မြူနစ်ပါတီ ကိုယ်စားပြုထားတဲ့ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲ PDR.AS ပြိုကွဲသွား ရခြင်းဟာ၊ ဗမာပြည်လူတန်းစားတိုက်ပွဲရဲ့မဟာဗျူဟာ နည်းဗျူဟာ အခင်းအကျင်းများကို ပြောင်းလဲသွားစေပါတယ်။ Armed Struggle ဟာ လက်ရှိ ဗမာပြည်လူတန်းစားတိုက်ပွဲရဲ့ Main form of Struggle မဟုတ်တော့ပါဘူး။ The Legal Democratic Struggle က Main form Struggle ဖြစ်လာပါပြီ။ ဒီ/ချုပ်ဥက္ကဌနဲ့ ဒီ/ချုပ်ဟာ ဗမာပြည်ဒီမိုကရေစီတိုက်ပွဲရဲ့ ခေါင်းဆောင်နဲ့ မဏ္ဏိုင်ဖြစ်လာပါပြီ။ ဒီ/ချုပ်ဥက္ကဌနဲ့ ဒီ/ချုပ်က ဗမာပြည် ဒီမိုကရေစီတိုက်ပွဲရဲ့ခေါင်းဆောင်နဲ့ ကိုယ်စားလှယ်ဖြစ်လာပါမယ်။ပါဝင်နိုင်သူ လူပဂ္ဂိုလ်နဲ့ အဖွဲ့အစည်းများပါတဲ့၊ အမျိုးသား ဒီမိုကရေစီညီညွတ်ရေးတပ်ပေါင်းစု၊အဖွဲ့ချုပ် တစ်ခုစုစည်းဖို့ကြိုးစားရပါမယ်။ ဦးစွာ Joint-Action Committee(JAC) များ (အလုပ်တူပူးတွဲ ကော်မီတီများအဖွဲ့များဖွဲ့ ဖို့ကြိုးစားရပါမယ်။ ပူးတွဲကြေညာချက်နဲ့သဘောထား ထုတ်ပြန်တာမျိုး ဆောက်ရွက်ကြ ရမှာဖြစ်ပါတယ်။ အလုပ်သမားများစာရေးဝန်ထမ်းများ၊နေ့ လုပ်နေ့စား အလုပ်သမားများ၏ ပြဿနာမျိုးစုံကို ကိုင်တွယ်ဖြေရှင်းကြရမယ်။ ဥပမာ သင်္ကန်းကျွန်းစံပြဈေး အလုပ်သမားများသမဂ္ဂဆိုတာမျိုး ဖွဲ့စည်း ပေးကြရပါမယ်။ နေ့လုပ်နေ့စားအလုပ်သမားများရဲ့ ဘ၀တိုက်ပွဲများကို စည်းရုံးပေးကြရမယ်။ လူတန်းစားပေါင်းစုံပါဝင်တဲ့ လူထုများရဲ့ဘ၀တိုက်ပွဲ များနဲ့ ဒီိမိုကရေစီရေးတိုက်ပွဲများကိုပေါင်းစပ်ပေးရပါမယ်။
“ဥပဒေတွင်းလူထုတိုက်ပွဲများနဲ့ ပတ်သတ်တဲ့လူတန်းစားအခင်း အကျင်း”ကခုလိုရှိပါမယ်။
(၁)ပြည်ခိုင်ဖြိုးပါတီက စစ်ဗျူရိုကရက် အရင်းရှင်လူတန်းစားများ အကျိုးကို ရပ်ခံကာကွယ်ဖို့ ဖွဲ့စည်းထားတဲ့ပါတီဖြစ်ပါတယ်။ အာဏာရပါတီ ဖြစ်တယ်။ သူတို့နောက်မှာ လူ(၅)သိန်းရှိတဲ့စစ်တပ်ကြီးနဲ့ အုပ်ချုပ်ရေး ယန်္တရားကြီး State-apparatus ရှိပါတယ်။ တိုင်းပြည်ရဲ့ဥစ္စာဓနဆိုတာ သူတို့လက်ထဲမှာချည်းပဲ။ သူတို့ဟာ ဗျူရိုကရက်အရင်းရှင်လူတန်းစား လူမှုအစုဖြစ်ပါတယ်။
(၂) ဒေါ်စုနဲ့ ဒီ/ချုပ်ပါတီ။    ။ တက်သစ်စလစ်ဘရယ်ဒီမို ကရက် အရင်းရှင်လူတန်းစားများကို ကိုယ်စားပြုတဲ့ပါတီ။ ပြည်ခိုင်ဖြိုးပါတီရဲ့ “အာဏာ”ကိုစိမ်ခေါ်နေတဲ့ပါတီဖြစ်ပါတယ်။ သခင်နုကိုယ်စားပြုခဲ့တဲ့ သန့်ရှင်း ဖဆပလ၊ ပထစ၊ ဒီ/ငြိမ်းတို့ ကိုယ်စားပြုခဲ့ဖူးတဲ့ ဗမာပြည်လစ်ဘရယ်ဓန ရှင်ဟောင်းများရဲ့ခေါင်ဆောင်နဲ့ ကိုယ်စားလှယ်အသစ်ဖြစ်ပါတယ်။ ဗိုလ်အောင်ဆန်းမျိုးဆက်ဖြစ်ပါတယ်။ အောက်စ်ဖို့ကျောင်းထွက်ပါ။ British Trained ပါ။ နိုဘယ်လ်ဆုရှင်ပါ။ (န၀တ၊ နအဖ၊ ပခဖ)တို့က သူ့ကို ဘာအကြောင်းမှ မပြဘဲ အနှစ်(၂၀)အကျယ်ချုပ်ထားခဲ့ပါတယ်။ အာဇာနည်သမီးဖြစ်ရက်(နဲ့) ဗြိတိသျှလူမျိုးနဲ့ အိမ်ထောင်ဖက်ခဲ့လို့ ဆိုးဆိုးရွားရွား အတိုက်အခိုက်ခံခဲ့ရပါတယ်။ အနောက်အုပ်စုနဲ့ တစ်သားတည်းရှိသူလို့ ယူဆခံရပါတယ်။ ဒီ/ချုပ်ထူထောင်(စ)မှာ ဗိုလ်အောင်ကြီးက သူ့ကို ကွန်မြူနစ် တစ္ဆေကြောက်အောင်လုပ်ပေးခဲ့တယ်။ နောက်ပိုင်းမှာ ဒီတာဝန်ကို ဗိုလ်ချုပ်အောင်ရွှေက ဆက်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ပါတီကွန်ဂရက်မှာ(စီစီ) နဲ့ စီအီးစီများရွေးရာမှာ Pro-Left လက်ဝဲလိုလားသူများမပါဖို့၊ ဂရုစိုက်ပြီး ရွေးချယ်ခဲ့တယ်ဆိုပါတယ်။
ဒီ/ချုပ်ဥက္ကဌရဲ့လက်ရှိ Stand ဟာ Opponent မဟုတ်ပါဘူး။ ပြည်ခိုင်ဖြိုးအစိုးရရဲ့ Counter Part ပါ။ လုပ်ဖော်ကိုင်ဘက်ပါ။ လက်ရှိ စစ်တပ်အပေါ် သူ့သဘောထားက လစ်ဘရယ်ဖြစ်ပါတယ်။ လွတ်လပ်ရေး စစ်တပ်ဟာ လွတ်လပ်ရေးတစ်ခေတ်လုံး ပြည်တွင်းစစ်တိုက်ခဲ့ပြီး စစ်အာဏာရှင်စနစ် တစ်သက်လုံး ကျင့်သုံးခဲ့တဲ့စစ်တပ်ပါ။ လူထုနဲ့ တိုင်းပြည်ပိုင် ဥစ်္စာဓနကို နှစ် (၅၀) ကျော် လုယက်ယူငင်ပြီး ကိုယ် ကျိုးရှာခဲ့တဲ့တပ်ပါ။ ဇူလှိုင်(၇)ရက်၊ ဇွန်(၆)အလုပ်သမား သပိတ်၊ ဦးသန့်၊ တရုတ် ဆန့်ကျင်ရေး သတ်ဖြတ်မှု၊ ၈၈ သတ်ဖြတ်မှုကြီး၊ ၂၀၀၇ သံဃာအရေး သတ်ဖြတ်မှုကြီးတွေ ကျူးလွန်ခဲ့တဲ့တပ်ပါ။ “ကျမအဖေတပ်” မဟုတ်တာ ကြာခဲ့ပါပြီ။ ၂၀၀၃ ခုနှစ် ဒီပဲရင်း အကြမ်းဖက်သတ်ဖြတ်မှုကြီးကို ကျူးလွန် စီမံခဲ့တဲ့ တပ်ပါ။ မျက်မှောက်ခေတ် ဗမာပြည်ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး မှာ ဒီတပ်က ဘယ်နေရာကပါမှာပါလဲ။ ဒါဟာ မဟာဗျူဟာပြဿနာပါ။ အမှားမခံပါဘူး။ ဒီ/ချုပ်နဲ့ သူ့ဥက်္ကဌဟာ ဖြစ်ထွန်းစ ဗမာပြည် လက်နက်ကိုင် တော်လှန်ရေးလစ်ဘရယ် ဓနရှင်လူတန်းစားကိုယ်စားလှယ်ပါ။
(၃) A.S လုပ်နေကြတဲ့၊ တိုင်းရင်းသားမျိုးနွယ်စုများနဲ့အဖွဲ့အစည်း များဟာလည်း လူတန်းစားတရားကိုယ်အရပြောရရင် သူတို့ဟာလည်း အထူးသဖြင့် လူမျိုးစုအမျိုးသားခေါင်းဆောင်များဟာလည်း လစ်ဘရယ် ဓနရှင်လူမှုအစုကြီး တစ်စုပဲဖြစ်ပါတယ်။ သူတို့ဟာ စစ်အစိုးရအမျိုးမျိုးကို ဗ.ှ နဲ့ခုခံတိုက်ပွဲဆင်ခဲ့တာ ရာစုနှစ်တစ်ဝက်ရှိပါပြီ။ သူတို့ဟာ အာဏာရဗမာ ဓနရှင်ကြီးများ ရဲ့ Big-Burmar-Chauvinism ဗမာဓနရှင်ကြီးလူမျိုးကြီးဝါဒရဲ့ ဘက်စုံ ဖိနှိပ်မှုများကို A.S နဲ့ခုခံပြီး အမျိုးသားတန်းတူရေးအတွက် တိုက်ပွဲဆင်နေခဲ့ကြတာဖြစ်ပါတယ်။ တိုင်းရင်းသားအမျိုးသားများဆင်နွှဲနေတဲ့  Armed Struggle ဆိုတာဟာ စင်စစ် လယ်သမားစစ်ပွဲများသာဖြစ်ပါတယ်။ တိုင်းရင်းသား အမျိုးသားများဆိုတာဟာ တကယ်က တောင်သူလယ်လုပ် ဓါးမခုတ်တွေ ချည်းသာဖြစ်ပါတယ်။
ဒီတော့ ဗမာပြည်ရဲ့ပစ်္စက်္ခနိုင်ငံရေးမှာ လူတန်းစားစည်းကြောင်းအရ ပြောရရင် အာဏာရစစ်ဗျူရိုကရက်များနဲ့ စိမ်ခေါ်သူ ဒီ/ချုပ် (နဲ့)တိုင်းရင်း သားမျိုးနွယ်စု လစ်ဘရယ်ဒီမိုကရက်များအကြား၊ အာဏာခွဲဝေမှုကို ဘယ် နည်းဘယ်ပုံ လုပ်ကြမှာလဲဆိုတဲ့ ပြဿနာပါပဲ။ ဒီ/ချုပ်က စစ်မှန်တဲ့ ဒီမိုကရေစီနည်းကျ လွတ်လပ်တဲ့ရွေးကောက်ပွဲများကတဆင့် သွားချင်ပါ တယ်။တိုင်းရင်းသားမျိုးနွယ်စုများကလည်း ဒီပြဿနာ Trough Political များနဲ့ ဖြေရှင်းချင်ပါတယ်။ ပြည်ခိုင်ဖြိုးအစိုးရက ၂၀၁၅ ရွေးကောက်ပွဲမှာ ရှိရှိသမျှ ဒီမိုကရေစီပါတီအဖွဲ့အစည်းများအားလုံး ပါဝင်ကြစေချင်ပါတယ်။  ရွေးကောက်ပွဲမှာ ရလာကြမယ့် ကိုယ်စားလှယ် အနည်းအများပေါ် အခြေပြု ဒီမိုကရေစီညွန့်ပေါင်းပုံစံ အစိုးရတစ်ရပ်ဖွဲ့ စည်းပြီး လက်ငင်းတွေ့ကြုံနေတဲ့ Political Blocacle ကို ကျော်လွန်ဖို့ စိတ်ကူးကြံဆနေမလားဆိုတာ ပြောဖို့ခက်တယ်လို့ ဆိုရပါတော့မယ်။
(၄) ဗမာပြည်အလုပ်သမားလူတန်းစားပါတီဖြစ်တဲ့ ဗမာပြည်ကွန်မြူ နစ်ပါတီက ရှေ့ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုနေရာ၊ ဘယ်လိုအဆင့် အတန်းနဲ့(ဒီ)ဒီမိုကရေစီအရေးတော်ပုံ အတွင်းမှာ ပါဝင်မှာလဲ။
(ဗကပ)ဟာ၊ ၁၉၄၈ မတ်လ(၂၈)ရက် နေ့ကစပြီး ဖဆပလအစိုးရ နဲ့စစ်အစိုးရ အမျိုးမျိုးတို့နဲ့ ၁၉၈၉ ခုနှစ်အထိ စစ်မက်ဖတ်ပြိုင်ခဲ့တဲ့ပါတီပါ။ ဗမာပြည်မှာ သက်တမ်းအရှည်ဆုံးနိုင်ငံရေး ပါတီကြီး(၁၉၃၉/၂၀၁၃)ဖြစ် ပါတယ်။ (ဗကပ) ဟာအ၈င်္လိပ်၊ ၈ျပန်စတဲ့နယ်ချဲ့နိုင်ငံကြီးများရဲ့ ဆန့်ကျင် တိုက်ဖျက်မှုကို ခံရတဲ့ပါတီကြီးပါ။ ခေတ်အဆက်ဆက်မှာ ပါတီတွင်း ပါတီ အပက၊ သစ်္စာဖောက်ကြီးအမျိုးမျိုး၊ အချောင်သမား အမျိုးမျိုးတို့က ဖက်စုံဆန့် ကျင်တိုက်ခိုက်မှုကို ခုခံရပ်တည်ခဲ့တဲ့ ပါတီကြီးဖြစ်ပါတယ်။ ကမ်္ဘာနဲ့ချီပြီး ဖြစ်ထွန်းပြောင်းလဲလာတဲ့ ကမ်္ဘာ့အပြောင်းအလဲများကို မိမိ လူ့အဖွဲ့အစည်းရဲ့ ပကတိအခြေအနေများနဲ့ လိုက်လျောညီတွေဖြစ်အောင် စီမံခန့်ခွဲနိုင်တဲ့ ပါတီကြီးဖြစ်ပါတယ်။ ဒီကနေ့ဆိုရင် မာ့က်စ်ဝါဒ၊ လီနင်ဝါဒ၊ မော်စီတုန်းအတွေးအခေါ်တို့ရဲ့ သက်တမ်းဟာ (၁၈၄၈/၂၀၁၃)နှစ်ပေါင်း ၁၆၅ နှစ်ရှိခဲ့ပါပြီ။ မြန်မာ့လူအဖွဲ့အစည်းအတွင်းမှာ ဗမာပြည်အလုပ်သမား လူတန်းစားပါတီဖြစ်တဲ့ ဗမာပြည်ကွန်မြူနစ် ပါတီတည်ရှိနေတယ်ဆိုတာဟာ မတော်တဆမဟုတ်ပါ။ အကြောင်း တိုက်ဆိုင်မှုမဟုတ်ပါ။ ဗမာ့လူ့အဖွဲ့အစည်းကိုယ်တိုင်ရဲ့စီးပွားရေး၊ နိုင်ငံရေး၊လူမှုရေးပကတိ ဘ၀ကမာ့က်စ်ဝါဒသဘောတရားနဲ့ လက်တွေ့ များကိုတုန့်ပြန်ထားတာကြောင့်သာ ဖြစ်ပါတယ်။ မြန်မာ့လူအဖွဲ့အစည်းရဲ့ ပကတိဘ၀အကြောင်းအချက်များနဲ့ လိုက်လျောညီထွေဖြစ်တဲ့ (Adaptability) ပေါ်လစီတစ်စုံလုံးကိုရရှိပြီဆိုရင်။ မြန်မာ့လူ့အဖွဲ့ အစည်းဟာ လောကပါလတရားကြီး(၃)ပါးနဲ့ပြီးပြည့်စုံတဲ့ လူ့အဖွဲ့ အစည်းဖြစ်လာမှာ မုချပဲဖြစ်ပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီဟာ ဗမာ့လူ့အဖွဲ့အစည်းကို ငြိမ်းချမ်းတဲ့၊ ညီညွတ်တဲ့၊ ဖွံဖြိုးပြီး ခေတ်မီတဲ့ စည်ပင်သာယာတဲ့လူ့အဖွဲ့အစည်းဖြစ်ပြီး အမျိုးသားပေါင်းစုံမြန်မာလူထုကြီးနဲ့ လူတစ်ယောက်တည်းလို ညီညွတ် စည်းရုံးပြီး ရုန်းကန်တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ ဒါမှသာ သမိုင်းတာဝန်ကျေပွန်တဲ့ နိုင်ငံရေးအဖွဲ့အစည်းဖြစ်ပါမယ်။ ဒါဟာ ပစ္စက္ခကာလ၊ မြန်မာ့နိုင်ငံရေးပုံကား(အကြမ်း)ဖြစ်ပါတယ်။

အောင်သာ(ပီသုံးလုံး)
Credit To pinyamagazine
Read More »

ကိုယ့်စကားကိုယ် တာဝန်ယူရသောကာလ


၁။ ကိုယ့်စကားကိုယ် တာဝန်ယူရသော ကာလတစ်ခု ဖြစ်သည်။

၂။ လူတို့သည် စကားကို နည်းနိုင်သမျှ နည်းအောင် ပြောကြ၏။ လက်သင်္ကေတကို အသုံးများကြ၏။ ပြောလိုသည်ကို ပုံဖြင့်ရေးဆွဲ ဖော်ပြကြ၏။ လူချမ်းသာတို့သာ ပိုမိုစကားပြောဆို နိုင်ကြလေ၏။

၃။ ထိုသို့မပြုချင်၍ နေလည်းမရ။ မည်သူမျှ မလွန်ဆန်နိုင်သော ထိုအဖြစ်အပျက် ဖြစ်လာပုံကား ...။
တစ်ကမ္ဘာလုံး မဲပေးရွေးချယ် တင်မြှောက်ခဲ့သော ကမ္ဘာ့ သမ္မတကြီးက စတင်ခဲ့လေသည်။ ကမ္ဘာ့ သမ္မတကြီးသည် ကမ္ဘာသူ ကမ္ဘာသားတို့၏ ချစ်ခင်လေးစားမှုကို အထူးရရှိခဲ့၍ မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်၏။ ကမ္ဘာတွင်း ဖွံ့ဖြိုးတိုးတက်မှုများကို ရာနှုန်းပြည့် နီးပါး ဆောင်ရွက်ခဲ့ပြီးနောက် ကမ္ဘာခြားရေး ဆက်ဆံမှုများကို အထူးအာရုံစိုက်ကာ တိုးမြှင့် ဆောင်ရွက်လေ၏။
သို့သော် စကြဝဠာ ကုလသမဂ္ဂ အစည်းအဝေးတစ်ခုတွင် စေတန်သားတို့အပေါ် မှားယွင်းသော စကားတစ်ခွန်းကို ဆိုခဲ့မိလေ၏။ ကမ္ဘာပေါင်းများစွာမှ တက်ရောက်လာသူများ ကြားတွင် မဟာအရှက်တော် ခွဲခံရသော စေတန်သမ္မတကြီးသည် ကျိန်စာတစ်ခု တိုက်လိုက်လေ၏။

၎။ ထိုကာလသည် ကမ္ဘာမြေပေါ်သို့ ကမ္ဘာ့ သမ္မတကြီး ပြန်ရောက်ပြီး နောက်တစ်နေ့ မနက်လင်းစတွင် စတင်ခဲ့လေသည်။
သမ္မတကြီးသည် ဒုတိယသမ္မတကြီးနှင့် အရေးပေါ် စကြဝဠာအရေးများ ဆွေးနွေးနေချိန်တွင် သမ္မတကြီး၏ ပါးစပ်အတွင်းမှ ရေခဲငွေ့များကဲ့သို့ အငွေ့များ ထွက်လာလေ၏။ ထိုအငွေ့များသည် သမ္မတကြီး ပြောဆိုလိုက်သော စကားလုံး အရေအတွက်အတိုင်း တိကျစွာ ထွက်လာ၏။ ထို့နောက် အပြင်ဘက်လေနှင့် ထိတွေ့သောအခါ စကားလုံး တစ်လုံးချင်းစီသည် တစ်လက်မ ပတ်လည် သစ်သားစာလုံးများ ဖြစ်သွားလေ၏။ ထိုအဖြစ်အပျက်ကို မြင်တွေ့ရသော ဒုတိယ သမ္မတကြီးသည် အံ့အားသင့်ကာ “ဟာ... ဘာတွေလဲ” ဟု အော်လိုက်လေ၏။ ထိုစကားလုံးများ အတိုင်း ဒုတိယသမ္မတကြီး ပါးစပ်မှအငွေ့များ ထွက်လာကာ ချက်ချင်းပင် “ဟာ ဘာတွေလဲ” ဟူသော တစ်လက်မ ပတ်လည် သစ်သားစာလုံးများ ဖြစ်သွားလေ၏။ သမ္မတကြီးရော ဒုတိယသမ္မတကြီးပါ မျက်လုံးပြူး မျက်ဆန်ပြူးနှင့် စကားတွေ ပြောဆိုကြပြန်၏။ ထိုအခါ ပြောဆိုသမျှသော စကားလုံးများသည် သစ်သားစာလုံးများ ဖြစ်လာကာ သမ္မတရုံးခန်း အတွင်းတွင် သစ်သားစကားလုံး ပုံကြီး ဖြစ်ပေါ်လာလေတော့၏။
ယခုထက် အခြေအနေ ပိုဆိုးလာနိုင်သည်ကို ရိပ်မိ၍ သမ္မတနှစ်ဦးစလုံး ပါးစပ်ပိတ် လိုက်ကြလေ၏။ ရုံးခန်းအတွင်းမှ ထွက်ကာ ကြည့်သောအခါ သမ္မတ အိမ်တော်အတွင်း ရုတ်ရုတ်သဲသဲ ဖြစ်နေလေတော့၏။ စကားလုံး အပုံကြီးများသည် ဟိုတစ်ပုံ ဒီတစ်ပုံနှင့် လမ်းသွားရ ခက်အောင်ပင် ဖြစ်လာ လေတော့သည်။

၅။ စကားလုံး အပုံတွေ များပြားလာသောကြောင့် ကားလမ်းများ ပိတ်ကုန်၏။ ရထားများနှင့် သင်္ဘောများ သွားလာရ ခက်ခဲကုန်၏။ ထိုအဖြစ်အပျက်များကို တိုက်ရိုက် ကြေညာနေသော သတင်းထောက်များသည် မိမိတို့ ပြောဆိုလိုက်သော စကားလုံး အပုံများကြားတွင် ညပ်ကုန်၏။ အခြေ အနေဆိုးတို့သည် ဒီရေကဲ့သို့ တရိပ်ရိပ် ထိုးတက်လာခဲ့လေပြီ။

၆။ မွန်းလွဲပိုင်း မတိုင်မီပင် သမ္မတရုံးက အမိန့်ပြန်တမ်း တစ်ရပ် ထွက်လာလေ၏။
“ကမ္ဘာသားအားလုံး လိုက်နာစေရန် သမ္မတရုံးက ထုတ်ပြန်လိုက်သည်။
(၁) ယခုလက်ရှိ ကာလကို မိမိစကား မိမိတာဝန် ယူရမည့် ကာလအဖြစ် သတ်မှတ်သည်။
(၂) မိမိကိုယ်တိုင် ရှင်းလင်းနိုင်သော စကားလုံးအရေအတွက် (သို့မဟုတ်) ပမာဏကိုသာ ပြောဆိုရမည်။
(၃) မိမိစကားကြောင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရ။
(၄) (ပညာရှင်များ၏ စမ်းသပ်ချက်အရ) စကားလုံးများသည် ဓား၊ လွှ စသည်တို့နှင့် ခုတ်ထစ် ပိုင်းဖြတ်၍မရ။ မီးရှို့၍မရ။ ထို့ကြောင့် သတ်မှတ်ထားသော စကားအမှိုက်ကန်အတွင်း စနစ်တကျ စွန့်ပစ်ရမည်။
(၅) ကမ္ဘာသားတိုင်း ပုံဆွဲတတ်ရမည်။ လက်သင်္ကေတ အသုံးပြုတတ်ရမည်။ (အိမ်ထောင်စု ဝင်ငွေပေါ် မူတည်၍ သင်တန်းကြေး ကင်းလွတ်ခွင့် ယူနိုင်သည်။)
(၆) အမိန့်တစ်စုံတစ်ရာ ထပ်မထွက်မချင်း ဤအမိန့်သည် ဥပဒေ ကဲ့သို့ အာဏာတည်စေရမည်”

(၇) စာသင်ခန်းတို့သည် တိတ်ဆိတ်ကုန်၏။ ဈေး၊ ဘူတာရုံနှင့် ကားဂိတ်များတွင် ယခင်အတိုင်း လူများကြိတ်ကြိတ် တိုးနေသော်လည်း ဆူပူသံတို့ နည်းသွား၏။

ပုံဆွဲသင်တန်းနှင့် လက်သင်္ကေတ အသုံးပြုနည်း သင်တန်းတို့ အဆမတန် များပြားလာ၏။ စကားနည်းသောသူကို ပိုမိုချစ်ခင်လာကြ၏။ အာရုံလေးပါးဖြင့်သာ ချစ်ကြ၏။ အဆိုတော်များကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်မှု နည်းပါးလာ၏။ ရှေ့နေတို့က ပြောင်မြောက်သော ပုံများ၊ လက် သင်္ကေတများဖြင့် လျှောက်လဲကြ၏။ အချို့သော အဆိုတော်များ စကားလုံးနင်၍ သေကြ၏။
အချင်းချင်း အမြင်ကတ်လွန်းသော အိမ်နီးချင်းတို့သည် ညသန်းခေါင်တွင် စကားများစွာကို အိမ်နီးချင်း အိမ်ရှေ့တွင် တီးတိုးသွားရောက် ပြောဆိုကာ ဒုက္ခပေးကြ၏။ ကျိကျိတက် ချမ်းသာသော သူဌေးများက စကားလုံးကျုံးရန် အလုပ်သမားများစွာကို ငှားရမ်း ထားကြသောကြောင့် အလုပ်သစ် တစ်ရပ် ပေါ်လာ၍ ကမ္ဘာ့ ဂျီဒီပီ ပိုမိုကောင်းမွန်လာ၏။ အလုပ်လက်မဲ့နှုန်း လျော့ပါးလာ၏။
အပတ်စဉ်၊ လစဉ် စကားအနည်းဆုံး ပြောဆိုနိုင်သူဆုကို နိုင်ငံအလိုက် ချီးမြှင့်၏။ မွေးရာပါ ဆွံ့အ နေသူတို့က ဆုရွေးချယ်စာရင်းတွင် သူတို့မပါဝင်၍ နိုင်ငံအားလုံးမှ ဆွံ့အသူတို့ စုပေါင်းကာ “ဒါလား ဒီမိုကရေစီ” ဟူသော ဆိုင်းဘုတ်များ ထောင်ကာ ဆန္ဒပြကြ၏။ ပင်လယ်ပြင်အတွင်း လက်လွတ် စပယ် စကားပြောဆိုသူ များကြောင့် ထိုသစ်သား စကားလုံးများနင်ကာ ငါးကြီးများ သေဆုံးကြရ၏။
စကားလုံးစစ်ပွဲ ဆင်နွှဲခဲ့ကြသော ဘောလုံးနည်းပြများသည် ကယ်ရီကေးချားများကို ရေးဆွဲ၍ ဆက်လက် တိုက်ခိုက်ကြ၏။
မည်သို့မျှ ဖျက်ဆီး၍ မရသော စကားလုံးများကို လမ်းလုပ်သားတို့က ချိုင့်ခွက်များတွင် ထည့်၍ သဲလောင်းကာ ကတ္တရာဖြင့် လမ်းဖာကြ၏။ စကားလုံး စွန့်ပစ်မြေများကို ဝယ်ယူ၍ တန်ဖိုးနည်း တိုက်ခန်းများ ဆောက်သော လုပ်ငန်းရှင်တို့သည် တိုက်ပြိုကျ ပျက်စီးမှုများကြောင့် တရားရုံးသို့ ရောက်ကြရလေ၏။

“စကားတစ်လုံးဖြင့် လိုရာရောက်အောင် ပြောနည်း” ကဲ့သို့ စာအုပ်များ အလုအယက် ထွက်ပေါ်လာကြ၏။ ရောင်းကောင်း၏။ ထို့ကြောင့် “နာမ် တစ်လုံး စိတ်ကြိုက်သုံး”၊ “အာမေဍိတ်သံ မထွက်နည်းများ”၊ “တိုထိတိကျ နာမဝိသေသန အလုံး ၁၀၀”၊ “ဘဝတွက်တာ ကြိယာ ၁၀၀” စသော စာအုပ်များ အပြိုင်းအရိုင်း ထွက်လာလေတော့၏။ ထိုအထဲတွင်“လိင် သဏ္ဌာန်ဆောင် စုတ်ချက် ရှောင်ရှားနည်းများ” စာအုပ်မှာ ရောင်းအကောင်းဆုံး ဖြစ်ခဲ့လေ၏။
နိုင်ငံရေးသမား တချို့သည် စကားကောက်သူများအဖြစ် ပြောင်းလဲသွားလေ၏။ ပြိုင်ဘက် နိုင်ငံရေးသမားတို့၏ လျှို့ဝှက်ခြေလှမ်းများကို သိရှိ နိုင်ရန်အတွက် စကားအမှိုက်ကန်များ နားတွင် ရုပ်ဖျက်၍ မွှေနှောက် ထောက်လှမ်းရသောကြောင့် ဖြစ်၏။
ဆိုင်းဘုတ်များလည်း များလာ၏။ “ရုံးခန်းအတွင်း စကားမပြောရ”၊ “လမ်းမပေါ် စကားမပြောရ”၊ “ကိုယ့်စကား ကိုယ်ရှင်းပါ”၊ “သင့်စကားကြောင့် ပတ်ဝန်းကျင် ဟန်ချက်လွှဲနိုင်သည်”၊ “မြစ်အတွင်း စကား မပစ်ရ”၊ “သတ်မှတ်နေရာ အတွင်း၌သာ စကားပြော၍ ကမ္ဘာကြီးသား ပီသအောင် ပြုမူနေထိုင်ပါ”၊ “စကားသံ ကင်းမဲ့ဇုန်”၊ “သင် စကားမည်မျှ ပြောဆိုသည်ကို နေရာတိုင်းတွင် စောင့်ကြည့်နေသည်” စသည်ဖြင့် စုံလှပေသည်။
အိမ်များ၊ တိုက်များနှင့် ခြံဝများတွင်လည်း တစ်မျိုးတစ်ဖုံ ချိတ်ဆွဲ လာကြ၏။ “စကားနည်းမှ အိမ်လာ”၊ “ဧည့်သည်ကောင်း စကားနည်း၏”၊ “သတိ သင်စကားများများပြောဖို့ နေရာကျယ်ကျယ်မရှိပါ”၊ “စကားနည်းလေ ဂုဏ်တင့်လေ”၊ “စကားပြောတတ်သလို စကားရှင်းတတ်ပါ”၊ “ဆင်ခြင်ဉာဏ်သည် ပြောဆိုသော စကားအရေအတွက်နှင့် ညီမျှ၏” စသည်ဖြင့် များမြောင် လှပေ၏။

စည်းကမ်းမဲ့ စကားပြောဆို သူတို့ကြောင့် လမ်းချော်၏။ ယာဉ်ကြော ပိတ်၏။ စကားလုံးများကို ခလုတ်တိုက် လဲကြ၏။ ရန်ဖြစ်လျှင် စကားလုံးများဖြင့် ကောက်ပေါက်ကြ၏။ နိုင်ငံရေးသမားတို့ မဲဆွယ်ရာတွင် စင်ရှေ့ ကျင်း နက်နက်ကျယ်ကျယ် တူးထားရ၏။ စကားလုံး အပုံကြီးများ ဖြစ်ပေါ်မလာစေရန် ထိုသို့ပြုလုပ်ခြင်း ဖြစ်၏။ စာရေး၊ စာဖတ်လုပ်သူများ အဆမတန် တိုးပွားလာ၏။ သို့သော်နေ့စဉ်သုံး စကားများကို ရေးကြ၊ ဖတ်ကြခြင်းသာ ဖြစ်၏။
သဘာဝပတ်ဝန်းကျင် ကာကွယ်ရေး အဖွဲ့များကလည်း စုပေါင်း လမ်းလျှောက်ပွဲများ ကျင်းပ၍ စကားလုံးများကြောင့် ပတ်ဝန်းကျင် မထိခိုက်ရေး၊ ဂေဟစနစ် မပျက်ယွင်းရေးကို ဂရုပြုကြဖို့ နှိုးဆော်ကြ၏။
တစ်ကမ္ဘာလုံးကား စကားလုံးများကြောင့် တာဝန်များ များသထက် များလာနေကြ၏။ ကောင်းကျိုးထက် ဆိုးကျိုးများကို ပိုမိုကြုံတွေ့လာကြရ ၏။

၈။ သို့သော် ...
စာဖတ်သူ အဆွေ့အနေနှင့် စိုးရိမ်ပူပန်မှု ကြီးစွာ ဖြစ်စရာ မလိုတော့။
အဘယ့်ကြောင့်ဆိုသော် ...
ထိုကာလကား လွန်မြောက်ခဲ့ပြီး ဖြစ်လေ၏။
ကိုယ့်စကားကိုယ် တာဝန်ယူရသော ကာလကား ကျန်ခဲ့လေပြီ။

၉။ ယခုကာလသည်ကား ...
Credit To  http://www.thevoicemyanmar.com
Read More »

တပ်မတော်သမိုင်းမှာ လူမျိုးတုံး သတ်ဖြတ်မှု လုံးဝမရှိကြောင်း ဗိုလ်ချုပ်မှူးကြီးက ပြောကြား

တပ်မတော်နေ့ အခမ်းအနားသို့ ပထမဆုံး တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား တပ်မတော် အရာရှိကြီးတစ်ဦးနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီတပ်မတော်နေ့ အခမ်းအနားသို့ ပထမဆုံး တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား တပ်မတော် အရာရှိကြီးတစ်ဦးနှင့်အတူ တွေ့ရစဉ်။ ဓာတ်ပုံ-အေအက်ဖ်ပီ
ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကော်မတီ ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံး တက်ရောက်ခဲ့သော (၆၈)နှစ် မြောက် တပ်မတော်နေ့အခမ်း
အနားတွင် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သရေစည်သူ မင်းအောင်လှိုင်က ကြီးမားလှသော
အစဉ်အလာကောင်းများနှင့် ပြည်စုံနေသည့် တပ်မတော်အနေဖြင့် သမိုင်းကြောင်းတွင် လူမျိုးတုံး
သတ်ဖြတ်မှု (Genocide) မျိုး လုံးဝမရှိ ကြောင်း မိန့်ခွန်း၌ ပြောကြားခဲ့သည်။
"တို့တပ်မတော်ဟာ နယ်ဘက်ဆိုင်ရာ ဥပဒေစည်းမျဉ်းစည်းကမ်းတွေ၊ တပ်မတော်ရဲ့ ဥပဒေစည်း
မျဉ်းစည်းကမ်းတွေသာမက ဂျီနီဗာကွန်ဗင်းရှင်းကိုပါ အထူးလိုက်နာတဲ့ တပ်မတော်တစ်ရပ် ဖြစ်
တယ်။ တို့တပ်မတော်ဟာ ဘယ်လို ရာဇ၀တ်မှုကိုမျှ မကျူးလွန်သလို စည်းကမ်းဖောက်ဖျက်
ကျူးလွန်တဲ့ စစ်သည်တွေကိုလည်း ထိရောက်စွာ အရေးယူခဲ့တယ်။ တာဝန်ထမ်းဆောင် နေချိန်မှာ
ဘယ်တိုင်းရင်းသားလူမျိုး အပေါ်မှာမှ မုန်းတီးစိတ်နဲ့ ဆောင်ရွက်ခြင်းမရှိဘဲ လက်နက်ကိုင်ပဋိပက္ခ
ဖော်ဆောင်သူတွေကိုသာ တိုက်ခိုက်နေတာဖြစ်လို့ လူမျိုးတုံးသတ်ဖြတ်မှု (Genocide)ဆိုတာ
တို့တပ်မတော်ရဲ့ သမိုင်းကြောင်းမှာ လုံးဝမရှိကြောင်း ပြောကြားလိုတယ်"ဟု မတ်လနောက်ဆုံး
ပတ်အတွင်း၌ ဗိုလ်ချုပ်မှူးကြီးအဆင့်သို့ ရာထူးတိုးမြှင့် ရရှိလာသော ကာကွယ် ရေးဦးစီးချုပ်က
နေပြည်တော် အခမ်းအနားတွင် ပြောကြားခဲ့သည်။
တပ်မတော်ကို စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ်တပ်မတော်တစ်ရပ် ဖြစ်ဖို့ တည်ဆောက်ရ
မည်ဖြစ်ကြောင်းကိုလည်း နိုင်ငံ့ခေါင်းဆောင်၊ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏
၁၉၄၇ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ မိန့်ခွန်းတွင် ပါဝင်သည့် 'လေတပ်ဟာ first line airplane
အဖျင်းဆုံး ၅၀၀ ရှိရမယ်။ စစ်တိုက်တဲ့အချိန်မျိုးမှာ လူတစ်သန်း စစ်သည်အင်အား ရှိရမယ်။
ဟိုနေရာက မထိတထိစတာ၊ ဒီနေရာက မထိတထိ စတာကိုလည်း ပြန်ပြီး လုပ်ရဲရမယ်၊ လုပ် နိုင်ရ
မယ်"ဟူသော စကားကို ကိုးကား ပြောကြားခဲ့သည်။
"တပ်မတော်သည် နိုင်ငံအတွက်ဖြစ်ရမယ်။ နိုင်ငံတော်က ဘယ်အချိန်ကမှ တပ်မတော်အတွက်
မဖြစ်ခဲ့သလို နောင်လည်း ဘယ်တော့မှဖြစ်မှာမဟုတ်ကြောင်း ပြောကြားလိုတယ်။ နိုင်ငံတော် ရဲ့
လိုအပ်ချက်အရ တပ်မတော်ဟာ နိုင်ငံတော် တာဝန်ယူခဲ့ရချိန်မှာ နိုင်ငံတော်ကို ဒီမိုကရေစီ
အုပ်ချုပ်ရေးလမ်းကြောင်းပေါ် ပို့ဆောင်ပေးခဲ့တယ်။ ဒီမိုကရေစီစနစ် တည်ငြိမ်ရင့်ကျက်မှုမရှိသေးမီ
မှာ ယခင် အတိတ်သမိုင်းကြောင်းကလို အဖြစ်မျိုးတွေဖြစ်ပြီး တိုင်းပြည်ထိခိုက် နစ်နာဆုံးရှုံးရတာ
တွေ မဖြစ်ဖို့ အရေးကြီးတယ်။ ဒီကနေ့ ပြည်သူက ရွေးချယ်တင် မြှောက်ထားတဲ့ သမ္မတကြီး
ဦးဆောင်တဲ့ နိုင်ငံတော် ထာဝရတည်ငြိမ်အေးချမ်း ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်မှာ
တပ်မတော်ဟာ တာဝန်ကျရာ အခန်းကဏ္ဍကနေ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိတယ်"
ဟုလည်း ဗိုလ်ချုပ်မှူးကြီးက ထည့်သွင်းပြောကြားခဲ့သည်။
တပ်မတော်နေ့ အခမ်းအနား၌ စစ်ကြောင်းကြီးများက ဗိုလ်ချုပ်မဈးကြီး မင်းအောင်လှိုင်အား ချီတက်အလေးပြုနေစဉ်။ ဓာတ်ပုံ-အီးပီအေတပ်မတော်နေ့ အခမ်းအနား၌ စစ်ကြောင်းကြီးများက ဗိုလ်ချုပ်မဈးကြီး မင်းအောင်လှိုင်အား ချီတက်အလေးပြုနေစဉ်။ ဓာတ်ပုံ-အီးပီအေ
နိုင်ငံတော်ဖွံ့ဖြိုးရေးကို အရှိန်အဟုန် ဖြင့် ဆောင်ရွက်နိုင်ရန် အစိုးရက ငြိမ်းချမ်းရေးလိုလားသကဲ့သို့
တပ်မတော် အနေဖြင့်လည်း ငြိမ်းချမ်းရေးကို ပိုပြီး ဖြစ်ပေါ်စေလိုကြောင်း၊ သို့ရာတွင် ငြိမ်းချမ်းရေးရ
ဖို့အတွက် တစ်ဖက်တည်းကပဲ ဆောင်ရွက်၍မရသဖြင့် နိုင်ငံတော်နှင့် တပ်မတော်တို့၏ စိတ်ရင်း
စေတနာမှန် ဖြင့် ဖိတ်ခေါ်ကမ်းလှမ်းထားသော ငြိမ်းချမ်းရေးစားပွဲသို့ လာရောက်ကြစေလိုကြောင်း
လည်း ကာကွယ်ရေးဦးစီးချုပ် က တိုက်တွန်းပြောကြားခဲ့သည်။
လက်နက်ကိုင် ပဋိပက္ခဖော်ဆောင်မှုများမရှိမှ ငြိမ်းချမ်းရေးရမည်ဖြစ်၍ ထို လက်နက်ကိုင် ပဋိပက္ခ
ဖော်ဆောင်သူတို့ ကိုသာ တိုက်ခိုက်နေခြင်းဖြစ်ကြောင်း၊ လူမျိုးတုံး သတ်ဖြတ်မှုမျိုး လုံးဝမရှိ
ကြောင်း ပြောဆိုလျက်ရှိသော်လည်း ကချင်ပြည်နယ်လူထု၏ အမြင်ကမူ မတူကွဲပြားလျက်ရှိသည်
ဟု ကချင်ပြည်နယ်၊ အင်ဂျန်းယန်မဲဆန္ဒနယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဒွဲဘူကပြောသည်။
"ကချင်ပြည်နယ်ထဲမှာ ပြည်တွင်းစစ် ဖြစ်ခဲ့တာ သုံးနှစ်ပြည့်ဖို့ နှစ်လပဲလိုပါ တော့တယ်။ လွန်ခဲ့တဲ့
လပိုင်းတွေတုန်းက ဝေဟင်ရော၊ မြေပြင်ကပါ အလုံးအရင်းနဲ့ တိုက်ခိုက်ချေမှုန်းခဲ့တာတွေကို
ကိုယ်တိုင် ကြုံတွေ့ခဲ့ရပါတယ်။ ဒါတွေ တွေ့မြင်ရတဲ့အတွက် စစ်ပွဲတွေ ချက်ချင်းရပ်ပေးဖို့
လွှတ်တော်ထဲမှာ ပြောခဲ့တဲ့တိုင်အောင်လည်း တိုက်ပွဲတွေက ဆက်ဖြစ်နေခဲ့တာပါ။ လိုင်ဇာဒေသ
ကို အပြတ်ချေမှုန်းဖို့ ကြိုးပမ်းခဲ့တာ တွေ့ခဲ့ရပါတယ်။ အဲဒီ ဒေသတွေက တကယ်ခံစားနေရတဲ့
ပြည်သူလူထုရဲ့ စိတ်မှာတော့ ငါတို့လူမျိုး တွေကုန်အောင်၊ တုံးအောင်သတ်ဖြတ် နေတာလို့ပဲ ခံယူ
ကြတယ်။
"ကာကွယ်ရေးဦးစီးချုပ်ကတော့ ဒီလိုလုပ်ရပ်မျိုးကို သူကိုယ်တိုင်လည်းမလုပ်ဘူး၊ အောက်ခြေကို
လည်း ဒါမျိုးလုပ်ဖို့ ညွှန်ကြားမှာမဟုတ်ပါဘူး။ မလုပ်ဖို့ဘဲ တားမြစ်ထားမှာပါ။ နိုင်ငံတကာ ကွန်ဗင်း
ရှင်းတွေအရလည်း မလုပ်ကြဘူး။ ဒါပေမဲ့ အောင်ခြေအကျဆုံး စစ်သားတွေဆိုရင် သင်တန်းတောင်
မတက်ရသေးဘဲ စစ်သားစုဆောင်းရေးက စုဆောင်းပြီး ရှေ့တန်းပို့လိုက်တဲ့ စစ်သားတွေလည်းရှိ
တယ်။ အဲဒီလိုအောက်ခြေစစ်သားတွေ ရဲ့ လုပ်ရပ်တွေအားလုံးကို သူမသိနိုင်ပါဘူး။ အောက်ခြေက
အသေးစိတ်ဖြစ်ရပ် တွေကိုလည်း အရာရှိတွေက တင်ပြကြ မှာမဟုတ်ပါဘူး။ ဒီတော့ ရာဇ၀တ်မှုရှိ
မရှိ၊ Genocide လုပ်မလုပ်ဆိုတာကိုတော့ တကယ်ခံစားကြရတဲ့ ပြည်သူတွေ ကပဲ ဆုံးဖြတ်မှာပါ"
ဟု ၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
အမှန်အားဖြင့် 'တပ်မတော်နေ့'ဟု ယခုခေါ်ဝေါ်လျက်ရှိပြီး ယခင်က 'တော်လှန်ရေးနေ့'ဟု ခေါ်ဝေါ်ခဲ့
သည့် မတ်လ ၂၇ ရက်နေ့သည် တပ်မတော်နှင့်သာမက ရဟန်းရှင်လူပြည်သူလူထုအားလုံး နှင့်ပါ
သက်ဆိုင်သော တပ်မတော်နှင့် ပြည်သူပြည်သားအားလုံးကို ကိုယ်စားပြု သောနေ့ဖြစ်ကြောင်း၊
ဖက်ဆစ် အန္တရာယ်ကို အတူတကွ လက်တွဲပြီး အားလုံးက ညီညီညွတ်ညွတ်ဖြင့် တော်လှန်နိုင်ခဲ့
ကာ လွတ်လပ်ရေးရသည်အထိ အကျိုးကျေးဇူးဖြစ်ထွန်းခဲ့သည့် နေ့ဖြစ်ကြောင်း၊ ယခုနှစ်
တပ်မတော်နေ့ သို့ ပထမဦးဆုံးအကြိမ်အဖြစ် တက်ရောက်လာခဲ့သော ကော့မှူးမဲဆန္ဒနယ် ပြည်သူ့
လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်၊ တပ်မတော်၏ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ သမီးလည်း
ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။
"ကျွန်မတို့ အင်န်အယ်ဒီအဖွဲ့ချုပ်ကတော့ ဒီနေ့ကို 'တော်လှန်ရေးနေ့'လို့ပဲ အမြဲတမ်းသတ်မှတ်ခဲ့ပါ
တယ်။ သမိုင်းအစဉ်အလာကို ထိန်းသိမ်းချင်လို့ပါ။ မတ်လ ၂၇ ရက်နေ့ဆိုတာ ၁၉၄၅ ခုနှစ်မှာ
ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့တဲ့နေ့ပါ။ ကျွန်မတို့ တိုင်းသူပြည်သားအားလုံးက ရဟန်းရှင်လူတွေ
အားလုံးက ညီညီညွတ် ညွတ်နဲ့ လက်တွဲပြီး ဖက်ဆစ်အန္တရာယ် ကို တော်လှန်ခဲ့ကြလို့ 'တော်လှန်
ရေးနေ့'လို့ သတ်မှတ်ခဲ့ကြတာပါ။ ကျွန်မတို့ဟာ တော်လှန်ရေးနေ့ကို မေ့လို့မဖြစ်ပါဘူး။ ဘာဖြစ်လို့
လဲဆိုတော့ ပြည်သူတွေရဲ့ ညီညွတ်မှုအင်အားနဲ့ ဒီလောက်ခက်ခဲတဲ့ ကိစ္စကြီးကို အောင်မြင်နိုင်ခဲ့
တယ်ဆိုတဲ့ သင်္ကေတတစ်ခု ဖြစ်နေ့လိုပါ။
"တပ်မတော်က ဒါကိုနောက်ပိုင်းမှာ တော်လှန်ရေးနေ့ကို 'တပ်မတော်နေ့' လို့ ခေါ်လာတယ်။
ဒါကိုတော့ မကန့်ကွက်ပါဘူး။ ကိုယ့်အမြင်၊ သူ့အမြင်ဆိုတာ ရှိရမှာပေါ့။ ကျွန်မတို့က တပ်မတော်နဲ့
ပြည်သူအကြားမှာ ပြေလည်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တပ်မတော်ကို တည်ထောင်ခဲ့
တာလည်း ဖေဖေပဲဖြစ်တယ်။ တပ်မတော်ရဲ့ ဖခင်ပေါ့နော်။ ပြည်သူတွေရဲ့ ဖခင်လည်းဖြစ်ခဲ့တယ်။
ဒီတော့ တပ်မတော်နဲ့ပြည်သူဟာ မောင်နှမတွေပဲ။ ဒါကြောင့် တပ်မတော်နဲ့ ပြည်သူတွေအကြား၊
အုပ်ချုပ်ခံရသူတွေ နဲ့ အုပ်ချုပ်သူတွေကြား တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုရှိစေချင်တယ်။ လေးစားမှုရှိ
စေချင်တယ်။ ယုံကြည်မှုနဲ့ လေးစားမှု ပေါ်မူတည်ပြီး မေတ္တာပွားစေချင်၊ ကြီးနိုင်ငယ်ညှဉ်း စိတ်ဓာတ်
တွေကို ပြောင်းစေချင်တယ်။ လုပ်ပိုင်ခွင့်ရှိလေ၊ သိမ်မွေ့ရ လေ ဖြစ်စေချင်တယ်။ အင်အားကြီးတဲ့
လူရဲ့ သိက္ခဟာ သည်းခံခြင်း၊ ခွင့်လွှတ် ခြင်းပဲ။ အင်အားနည်းတဲ့သူရဲ့ သိက္ခာက သတ္တိရှိခြင်းနဲ့
ခံနိုင်ရည်ရှိခြင်းပဲ။ အင်အားကြီးတိုင်း လုပ်ချင်ရာ လုပ်တယ်ဆိုတာဟာ အင်မတန် ရှက်စရာကောင်း
ပါတယ်"ဟု ဒေါ်အောင်ဆန်းစုကြည်က တပ်မတော်နေ့၊ သို့မဟုတ် တော်လှန်ရေး နေ့မတိုင်မီ
သုံးရက်အလို၌ နေပြည်တော် မှ ဖြူးမြို့ဒေသသို့အသွား ညောင်ပင်သာ ရွာတန်းရှည်မှ ပြည်သူ
လူထုနှင့်တွေ့ဆုံစဉ် တော်လှန်ရေးနေ့နှင့် ပတ်သက်ပြီး ပြောကြားခဲ့သည်။
Credit To Myanmar Time
Read More »