၂၀၀၈ ခုနှစ် မြန်မာ့ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် တားမြစ်ခံအမျိုးသမီး

မြန်မာ ပြည်သူပြည်သားတို့က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင် ပြောင်းလဲရန်အတွက် သမ္မတဦးသိန်းစိန်၏ အမြင်ကို သိချင်နေကြသည်။ သူတို့သိချင်သည့် အကြောင်းအရာများ ထဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို တားမြစ် ကန့်သတ်ထားသည့် ဥပဒေများကပိုပြီး အဓိကကျမည် ထင်သည်။ သူတို့အလေးထားသည့် ထိုအမျိုးသမီးတွင် နိုင်ငံခြားသားအဖြစ် ခံယူထားသော (နိုင်ငံခြားသစ္စာခံ) သားနှစ်ယောက် ရှိပြီး သမ္မတ ဖြစ်လိုကြောင်းလည်း ထုတ်ဖော် ပြောကြားထားသူ ဖြစ်သည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၅၉၊ အပိုဒ်ခွဲ (စ) တွင် နိုင်ငံတော်သမ္မတ ဖြစ်လိုသူသည် “မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော် လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ဇနီး သို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာတော်ကို ခံယူစောင့်ရှောက် ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသား ဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော် လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူး ခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေရ” ဟူ၍ပါ ပြဋ္ဌာန်းထားသည်။
သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် လက်ရှိ ဝေဖန် သုံးသပ်ချက်များအပေါ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူများ ထောက်ခံမှုဖြင့် ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း၊ လွှတ်တော်ကသာ ခွင့်ပြုမည် ဆိုလျှင်၊ ပြည်သူတွေကသာ သူမ (ဒေါ်အောင်ဆန်းစုကြည်) ကို သမ္မတဖြစ်ရန် သဘောတူလျှင် မိမိတွင် ပြောစရာ မရှိကြောင်း ဟုဆိုခဲ့သည်။
အစိုးရသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုသည့် အာဏာသုံးရပ်ဖြင့် သီးခြားခွဲကာ အုပ်ချုပ်နေသည် ဆိုသော်လည်း အာဏာများကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုကြောင်းလည်း ပုဒ်မ ၁၁ (က) တွင် ဖော်ပြထားသည်။ သို့သော် သမ္မတတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေက ပေးအပ်ထားသော အာဏာနှင့် လုပ်ပိုင်ခွင့်များကို အသုံးချပြီး လွှတ်တော်နှင့် ပြည်သူတို့ကို တိုက်ရိုက် ပြောဆိုခွင့်များ ရှိပါသည်။ ထိုပြောဆိုခွင့်တွင် ပြည်သူတို့ စိတ်ဝင်စားမည့် ခေါင်းစဉ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြောင်းလဲရေးသာ ဖြစ်သည်။
သမ္မတတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အခြားဥပဒေများက အပ်နှင်းထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရန် ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်တွင် တင်သွင်းခြင်း၊ ထိုမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးခြင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူ လက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူအားလုံး၏ ထက်ဝက် ကျော်၏ ဆန္ဒမဲကို ရရှိခဲ့လျှင် ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်ခွင့် ရှိသွားမည် ဖြစ်သည်။
သမ္မတ ပြောသလို ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူများ၏ ထောက်ခံချက်ဖြင့် ရေးခဲ့ခြင်း ဖြစ်သည် ဆိုသည့်အချက်မှာ ပြောစရာ ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြည်သူ့ဖွဲ့စည်းပုံ အခြေခံဥပဒေ မဟုတ်ပေ။ ပြည်လုံးကျွတ် ဆန္ဒခံယူခဲ့သည် ဆိုသော်လည်း ပြည်သူတို့ကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများ၏ နိုင်ငံရေး သဘောတူညီချက် မပါသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသာ ဖြစ်သည်။
နိုင်ငံရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသား လူမျိုးစုပါတီများ ပါဝင်သည်ဆိုသော အမျိုးသားညီလာခံက ရေးဆွဲထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူတစ်ရပ်လုံးက လက်မခံခဲ့ကြောင်းမှာ အထင်အရှား ဖြစ်သည်။
သမ္မတဦးသိန်းစိန်သည် တစ်ချိန်က နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်တစ်ဦး ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးအတွက် ခေါ်ယူခဲ့သည့် အမျိုးသားညီလာခံ ကော်မရှင်ကို ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။ သူသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြောင်းကို လည်းကောင်း၊ မြန်မာ့နိုင်ငံရေး ပါတီများနှင့် တိုင်းရင်းသား လူမျိုးစုများ အကြောင်းကို အခြားသူများထက်ပိုပြီး သိသူတစ်ဦးလည်း ဖြစ်သည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် သူတို့အမြင်နှင့် ပြည်သူများ၏ဆန္ဒ တစ်ထပ်တည်း မကျခြင်းကိုလည်း ကောင်းကောင်းသိသူ ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်သည် လက်ရှိအချိန်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် သုံးသပ်ရန် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းပေးထားသဖြင့် အပြုသဘောဆောင်သည့် တိုးတက်မှုတစ်ခုဟု ဆိုရမည်ဖြစ်သည်။ ပြန်လည် ပြုပြင်ပြောင်းလဲရန် မျှော်လင့်ချက် တစ်ခုလည်း ဖြစ်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်နှင့် ပတ်သက်ပြီး NLD နှင့် တိုင်းရင်းသား လူမျိုးစုပါတီများ ပူးပေါင်းကာ ဦးဆောင် လှုပ်ရှားနေသည်။
ပြည်ထောင်စုလွှတ်တော်သည် ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လက်တွေ့ အကောင်အထည် ဖော်ရေးတွင် ဦးဆောင် ကြိုးပမ်းနေသည်။ သူတို့ ကြိုးစားအားထုတ်မှုကိုလည်း အသိအမှတ် ပြုရမည် ဖြစ်သည်။ ပြည်သူ့လွှတ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးရွှေမန်းနှင့် အမျိုးသားလွှတ်တော်၏ ပြောရေးဆိုခွင့်ရှိသူ ဦးခင်အောင်မြင့်တို့က ပြောင်းလဲမှုကို ထောက်ခံအားပေးပြီး သူတို့၏ အခန်းကဏ္ဍကို မြှင့်တင် သွားနိုင်စရာ အကြောင်းရှိသည်။ ဦးရွှေမန်းကလည်း သူ့အနေဖြင့် သမ္မတ ဖြစ်လိုကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး ဖြစ်သည်။ ထိုစကားက ယခင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ စိတ်ကူးလေလား ထင်မှားစရာပင်။ မည်သို့ဆိုစေ ဦးသိန်းစိန်ကိုတော့ အံ့အားသင့်သွား စေနိုင်သည်။
"ပြည်လုံးကျွတ် ဆန္ဒခံယူခဲ့သည် ဆိုသော်လည်း ပြည်သူတို့ကို ကိုယ်စားပြုသည့် နိုင်ငံရေးပါတီများ၏ နိုင်ငံရေး သဘောတူညီချက် မပါသည့်..."
လက်ရှိ အခြေအနေတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေက လိပ်ခဲတည်းလည်း ဖြစ်နေသည်ဆိုစေ ပိတ်ဆို့ အရေးယူထားသည့် တိုင်းပြည်များကလည်း ဖွင့်ဟပေးပြီး မြန်မာနိုင်ငံကို ဆက်သွယ်ခဲ့ကြသည်။ ထိုနိုင်ငံများထဲတွင် သြစတြေးလျ နိုင်ငံလည်း အပါအဝင် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် ရပ်တည်ခွင့် မရစေရန် တားမြစ်ထားသည့် ရွေးကောက်ပွဲ ဥပဒေကိုလည်း သူတို့ သဘောမတူကြပေ။ ထိုအချက်ကပင် လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲဆိုသည့် ဂုဏ်ကို သေးသိမ် ညှိုးမှိန်စေခဲ့သည်။ ထိုအချက်ကိုလည်း အနှေးနှင့်အမြန် ဖြေရှင်းရန်လိုမည် ထင်သည်။
နိုင်ငံများက ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်ပြီး သူတို့အမြင် အမျိုးမျိုးဖြင့် ဆွေးနွေးကြသည်။ သူတို့ ဆွေးနွေးလိုက်တိုင်း ‘တားမြစ်ခြင်း ခံထားရသည့် အမျိုးသမီး’ (Thr Lady Prohibition) ဆိုသည့် စကားဖြင့် စတင်လေ့ရှိသည်။ ထိုအရေးသည် ချွေးသိပ်လိုက်ရုံဖြင့် ပြေပျောက်သွားနိုင်သည့် ကိစ္စလည်း မဟုတ်ပေ။ ပြည်သူတို့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးမှသာ ရပေလိမ့်မည်။ ထိုတာဝန်ကို လက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အစိုးရက လုပ်ဆောင်ရပေလိမ့်မည်။
မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲရေးကို ကြိုဆိုရမည်သာ ဖြစ်သည်။ သို့ရာတွင် ထိုအရေး၌ တပ်မတော်၏ ဦးဆောင်မှုဖြင့်ဆိုသည့် အချက်ကလည်း ပါနေသည်။ သူတို့က စည်းကမ်းရှိသော ဒီမိုကရေစီဆိုသည်ကို နိုင်ငံရေးစီမံချက် တစ်ရပ်အနေဖြင့် ချမှတ်ထားပြီး ဖြစ်သည်။ အချိန်ကာလနှင့် ပြည်သူတို့၏ အခန်းကဏ္ဍကိုပင် သူတို့က သတ်မှတ်ထားပြီး ဖြစ်သည်။ ထိုသတ်မှတ်ချက်ကပင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ဆန့်ကျင်နေသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် နိုင်ငံရေး သဘောတူညီချက်များဖြင့် ရေးဆွဲထားခြင်း မဟုတ်ပေ။ ပြည်သူတို့ ထောက်ခံမှုကို ရယူရန် လိုသေးသည်။ နိုင်ငံ၏ ဒီမိုကရေစီ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ရမည့် အရေးလည်း ဖြစ်သည်။ အထူးသဖြင့် လွှတ်တော် ကိုယ်စားလှယ်များနှင့် နိုင်ငံရေးပါတီများ လက်ခံနိုင်လောက်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြစ်ရန်လိုသည်။
အာရှနှင့် တစ်ကမ္ဘာလုံးက မြန်မာနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးပေါင်း ဆောင်ရွက်လိမ့်မည်ဟု လက်ခံယုံကြည် နေကြသည်။ ထိုအချက်က သမ္မတဦးသိန်းစိန်၏ အမြင်ကို ပြောင်းလဲစေနိုင်သည်။ နိုင်ငံရေးအရ သမ္မတတွင် တာဝန်ရှိသွားသည့် သဘောဖြစ်သည်။ သူ့အနေဖြင့် သမ္မတ ရွေးကောက်ပွဲသို့ ဝင်လာနိုင်သည့် အဆင့်တစ်ခုကို ပြုပြင် ပြောင်းလဲပေးပါမည်ဟု ပြောရတော့မည် ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံမှ ပြည်သူများ လက်ခံရန်နှင့်၊ အာရှဒေသတွင်း အပြင် နိုင်ငံတကာကပါ လက်သင့်ခံရန်မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် တားမြစ်ထားခြင်းတို့ကို ဖြေလျှော့ ပေးလိုက်ပြီး ဝင်အရွေးခံစေခြင်းက လွဲ၍ အခြားမရှိပေ။
သမ္မတကြီး အနေဖြင့် အဘယ်ကြောင့် သူ့ယုံကြည်ချက်ကို မထုတ်ဖော်သေးဘဲ အင်တင်တင် လုပ်နေရသနည်း။ နိုင်ငံရေးတွင် မှန်းဆရခက်မှုများ ရှိတတ်သည်။ သမ္မတကြီး အနေနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မပြင်ဆင်ပေးလိုသောကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် မျက်နှာချင်း မဆိုင်ခြင်းလော၊ တပ်မတော်ကြောင့် သူ့ထင်မြင်ချက်ကို လွတ်လပ်စွာ မပြောရဲသလော စသည့် သို့လော သို့လော တွေးထင်စရာတွေက များလှသည်။
ပြည်သူတို့က သမ္မတကြီး ဦးသိန်းစိန်ထံမှ ထုတ်ဖော် ပြောဆိုလာမည့် စကားကို ကြားလိုကြသည်။ အလားတူပင် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ပုဒ်မ ၂၀ (စ) တွင် “တပ်မတော်သည် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ရန် အဓိက တာဝန်ရှိသည်” ဟု ဆိုခြင်းကြောင့်လည်း တပ်မတော်ထံမှ စကားသံတွေကို ကြားချင်ကြလိမ့်မည်။
ပြည်ထောင်စု လွှတ်တော်သည် ထိုအခန်းကဏ္ဍကို ဦးဆောင်သွားနိုင်မည် ထင်ပါသည်။ ယခုအချိန်တွင် အသံများ တိတ်ဆိတ် နေသေးသော်လည်း မကြာမီ သူတို့ထံမှ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် အသံများ ထွက်လာမည် ထင်သည်။ အားလုံး မျှော်လင့်ကြရုံသာ ရှိသည်။
(Janelle Saffin ရေး၍ အယ်ဒီတာတစ်ဦး ဘာသာပြန်သည်)
(ဤဆောင်းပါးသည် Janelle Saffin ရေးသားသည့် “Burma’s 2008 Constitution and The Lady Prohibition Section” ဆောင်းပါးကို မြန်မာလို ဆီလျော်အောင် ပြန်ဆိုထားခြင်း ဖြစ်သည်။ သူမသည် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ဥပဒေ၊ ရွေးကောက်ပွဲနှင့် နိုင်ငံရေးသမိုင်းတို့တွင် အထူး ကျွမ်းကျင်သူ ဖြစ်သည်။ သူမသည် သြစတြေးလျနိုင်ငံ ဖယ်ဒရယ်ပါလီမန်မှ အမတ်တစ်ဦးလည်း ဖြစ်ပြီး နယူးဆော့သ်ဝေးစ် ပြည်နယ် ပါလီမန်တွင် အမတ်တစ်ဦးလည်း ဖြစ်သည်။)

Credit To The Voice Weekly
Read More »

တစ်ကျော့ပြန် အချိန်မီ နိုင်ငံရေးသိပံ္ပ

နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို တက္ကသိုလ်တွင် အထူးပြု ဘာသာရပ်အဖြစ် ပြန်လည် သင်ကြားတော့မည်ဟု ကြားလိုက်ရသည်။ ထိုအတိုင်းသာဆိုလျှင် မြန်မာ့ပညာရေးတွင် လစ်ဟာနေခဲ့သည့် ကွက်လပ်ကြီးတစ်ခု အနှေးနှင့်အမြန် ပြန်လည် ပြည့်ဝ သွားပေတော့မည်။
လူတိုင်း နိုင်ငံရေးတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်လှုပ်ရှားရန် မဖြစ်နိုင်ပါ။ မိမိရွေးချယ်ထားသော အသက်မွေးဝမ်းကျောင်း နှင့်အညီ နေရေးထိုင်ရေး စားရေးဝတ်ရေးတို့ ဆောင်ရွက်ရသေး သောကြောင့် နိုင်ငံရေးသမားတစ်ဦး ကဲ့သို့ စိုက်လိုက်မတ်တတ် နိုင်ငံရေးကို အာရုံဝင်စား မရနိုင်ပါ။ သို့သော် လူတိုင်း နိုင်ငံရေးသိပ္ပံအမြင် ရှိသင့်သည်။ သို့မှသာ နိုင်ငံရေး အခင်းအကျင်း၊ ကစားကွက်၊ အခြေအနေတို့ကို အကဲဖြတ် သုံးသပ်ပြီး မိမိဘဝအတွက် ဆုံးဖြတ်ချက်များ မှန်မှန်ကန်ကန် ချမှတ်နိုင်မည်။ မိမိနိုင်ငံ၊ မိမိရပ်ကွက်၊ မြို့နယ်တို့၏ ရှေ့ရေးကို ဦးဆောင်မည့်သူများကို မှန်မှန်ကန်ကန် ရွေးချယ် နိုင်မည်။
ဆယ်စုနှစ်ပေါင်း များစွာပင် နိုင်ငံရေးသည် မစားကောင်းသော သစ်သီး၊ မထိအပ် မတို့အပ်သောအရာ ဖြစ်ခဲ့သည့်အတွက် လူအများစု ဝေးဝေးရှောင်ခဲ့သော အရာဖြစ်သည်။ ထိုအန္တရာယ်ကြီးသည့် အရာကို လေ့လာသည့် နိုင်ငံရေးသိပ္ပံ ဘာသာရပ်သည်လည်း သင်ရိုးညွှန်းတမ်း များအရ ကွယ်ပျောက်ခဲ့သလို ပြင်ပတွင် မိမိဘာသာ လေ့လာရန် အခွင့်အလမ်းများလည်း ရှားပါးခဲ့သည်။ နိုင်ငံရေးသိပ္ပံနှင့် ဆက်စပ် ဘာသာရပ်များကို ၂၀၁၁ မတိုင်မီတွင် တိတ်တိတ်ဆိတ်ဆိတ် သင်ကြားခဲ့ကြရာမှ ၂၀၁၁ နောက်ပိုင်းတွင် နိုင်ငံရေးသိပ္ပံ ဘာသာရပ်ကို လေ့လာရန် ပြင်ပတွင် သင်တန်းများ ပိုမိုပေါ်ထွက်လာ ခဲ့သော်လည်း ယခုတစ်ကြိမ် နိုင်ငံရေးသိပ္ပံ ဘာသာရပ်ဖြင့် ဘွဲ့ရယူနိုင်အောင် ဆောင်ရွက်နိုင်ခြင်းမှာမူ ခြေလှမ်းကြီး တစ်ရပ် လှမ်းလိုက်ခြင်း ဖြစ်သည်။
ဒီမိုကရေစီ တည်ဆောက်နေချိန်တွင် နိုင်ငံရေး ကစားပွဲများကို နားလည်အကဲဖြတ် အမှတ်ပေးနိုင်ရန် နိုင်ငံရေး သိပ္ပံပညာရှင်များ အလွန်လိုအပ်သည်။ မိမိဘာသာ လုပ်ကိုင်စားသောက် နေသူများအဖို့ နိုင်ငံရေးသိပ္ပံ ပညာရှင်အဆင့် ရောက်အောင် ကျွမ်းကျင်ရန် မလိုသော်လည်း တီးမိခေါက်မိ၊ နိုင်ငံရေးသိပ္ပံအမြင် ရှိဖို့လိုသည်။ အဘယ်ကြောင့် ဆိုသော် နိုင်ငံရေးသည် လူတိုင်း၏ ဘဝကို သိသော်ရှိ၊ မသိသော်ရှိ ချုပ်ကိုင် လွှမ်းမိုးနေသည်။
ကိုယ်လုပ်မှ ကိုယ်စားရတာ၊ နိုင်ငံရေးကို စိတ်မဝင်စားဘူးဟု မြင်သူ အများအပြား ရှိနိုင်သည်။ တကယ်တမ်းတွင် နိုင်ငံရေးသည် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆင်းရဲချမ်းသာ ပညာရှိ ပညာနိမ့် လူတိုင်း၏ အလုပ်အကိုင်၊ စားရေးဝတ်ရေးနေရေးနှင့် တိုက်ရိုက် ဆက်စပ်နေသည်။
"နိုင်ငံရေးသည် ‘ဘယ်သူ ဘာကို ဘယ်လိုရသလဲ’ ‘Who gets What and How’ ဟု ဆိုကြသည့်အတွက် နိုင်ငံရေးသိပ္ပံသည် ‘ဘယ်သူ ဘာကို ဘယ်လိုရသလဲ ကို လေ့လာသောပညာရပ်’ ‘Study of Who gets What and How’ ဖြစ်သည်..."
အစိုးရ၏ ဆုံးဖြတ်ချက် တစ်ရပ်ကြောင့် မိမိလုပ်ကိုင်နေသည့် နယ်ပယ် တိုးတက် ကြီးပွားသွားနိုင်သလို လက်ရှိအလုပ်အကိုင်လည်း ပျောက်သွားနိုင်သည်။ မိမိနေသည့် နေရာအနီး စီမံကိန်းကြီးတစ်ခု ရောက်လာသည့်အတွက် မိမိမြေ အဆပေါင်းများစွာ ဈေးတက်သွားနိုင်သလို မိမိမြေ စီမံကိန်းထဲလည်း ပါသွားနိုင်သည်။ နိုင်ငံရေးစနစ် ပြောင်းသောကြောင့် ကမ္ဘာလှည့် ခရီးသွား လုပ်ငန်း ထိုးတက်သွားသည့်အတွက် မုန့်ပျားသလက် ရောင်းသူ၏ ဖောက်သည်များတွင် နိုင်ငံခြားသားများ ပိုတိုးလာနိုင်သလို ခြစားခွင့်၊ လက်ဖက်ရည်ဖိုးများနှင့် တောင့်တင်းခဲ့သူတို့ စည်းမျဉ်းစည်းကမ်းများ ယခင်ကထက် တင်းကျပ်လာသဖြင့် လာဘ်သပ်ပကာ ကျဆင်းသွားနိုင်သည်။
နိုင်ငံရေး ဖြစ်ရပ်များ၏ ရိုက်ခတ်မှုကြောင့် မိမိသွားရောက် လုပ်ကိုင်နေသည့် နိုင်ငံတွင် တိုက်ခိုက်ခံရသည့် အတွက် အလုပ်အကိုင်ကို စွန့်ကာ မြန်မာနိုင်ငံသို့ ပြန်လာရသည်နှင့် ကြုံနိုင်သည်။ တစ်ချိန်တည်းတွင် မကြုံစဖူး ဒုဝန်ကြီးများက လာရောက်ဖေးမ ဆောင်ရွက်ပေးကာ လေယာဉ်လက်မှတ် လျှော့ဈေးဖြင့် ပြန်လာပြီး ရန်ကုန်လေဆိပ် တွင်လည်း လှိုက်လှိုက်လှဲလှဲ အကြိုဆိုခံရ၊ ငွေသားများ ပံ့ပိုးခံရနိုင်သည်။
ရေကြီးခြင်း၊ မုန်တိုင်းတိုက်ခြင်းသည် သဘာဝဘေးအန္တရာယ်များ ဖြစ်သော်လည်း သက်ဆိုင်သူ ပြည်သူကို အသိပေးခြင်း မပေးခြင်းစသော ပြင်ဆင်ပုံ ပြင်ဆင်နည်းများသည် အစိုးရ၊ နိုင်ငံရေးစနစ်တို့အပေါ် မူတည်ကြောင်း မြင်နိုင်သည်။ တစ်ကိုယ်ရေ ကျန်းမာရေးသည် ကာယကံရှင်နှင့် ဆိုင်သော်လည်း ထိုသူ ဆေးရုံပြေးရမည်ဆိုလျှင် ဆေးရုံတွင် ဆေးရှိမရှိ၊ ကိုယ့်အိတ်ထဲက စိုက်ရ မစိုက်ရသည် နိုင်ငံရေးစနစ်၊ အစိုးရတို့နှင့် သက်ဆိုင်သည်။ မိမိကိုယ်တိုင် စာတတ်မတတ်၊ စဉ်းစားတတ်မတတ်နှင့် သားငယ်သမီးငယ်တို့ ပညာရေးသည် ကိုယ်တိုင် ကြိုးစားအားထုတ်မှုပေါ် တည်သော်လည်း နိုင်ငံရေးစနစ်၊ နိုင်ငံခေါင်းဆောင်တို့က ပညာရေးကို ဘယ်လောက် အားပေးသလဲ အပေါ်တွင်လည်း အဓိက တည်နေသည်။
နိုင်ငံရေးသည် ‘ဘယ်သူ ဘာကို ဘယ်လိုရသလဲ’ ‘Who gets What and How’ ဟု ဆိုကြသည့်အတွက် နိုင်ငံရေးသိပ္ပံသည် ‘ဘယ်သူ ဘာကို ဘယ်လိုရသလဲ ကိုလေ့လာသောပညာရပ်’ ‘Study of Who gets What and How’ ဖြစ်သည်။ နိုင်ငံရေးသိပ္ပံသည် ‘အစိုးရကို လေ့လာခြင်း’ ‘study of government’ ‘သြဇာအာဏာကို လေ့လာခြင်း’ ‘study of power’ လည်းဖြစ်သည်။

ခံစားချက်ကိုပယ်

နိုင်ငံရေးသိပ္ပံ လေ့လာရာတွင် အဓိကထားရမည့် အချက်မှာ ခံစားချက်ကို ပယ်ရှားခြင်း ဖြစ်သည်။ တွေ့ရသော မြင်ရသော အချက်များကြောင့် စိတ်ဆိုးခြင်း၊ ပျော်ရွှင်ခြင်းတို့ကို ခေတ္တခဏဖြစ်စေ ပယ်နိုင်မှသာ တတိယလူနေရာ ‘third person’ ကိုရောက်ပြီး ‘သမာသမတ်ကျသော အမြင်’ ‘objective prespective’ ဖြင့် အရာရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်မည်။
နိုင်ငံရေးသည် ဗက်တီးရီးယားပိုးဆိုလျှင် နိုင်ငံရေးသိပ္ပံသည် ထိုဗက်တီးရီးယားပိုးကို လေ့လာခြင်း ဖြစ်သည်။ ဗက်တီးရီးယားပိုးကို လေ့လာသူသည် ထိုဗက်တီးရီးယားကို ချစ်ခြင်း၊ မုန်းခြင်းကို အဓိကမထား။ ဗက်တီးရီးယား ကြီးထွားပုံ၊ အကျိုးပြုပုံ၊ ဒုက္ခပေးပုံ၊ လှုပ်ရှားပုံတို့ကိုသာ သူစိတ်ဝင်စားသည်။ ဗက်တီးရီးယား၏ သဘာဝကို သိရန်သည် သူ့အတွက် အရေးကြီးဆုံး ဖြစ်သည်။ ထိုဗက်တီးရီးယားအကြောင်း သိမှသာ နောက်တစ်ဆင့်အဖြစ် လူသားတို့ကို ကောင်းကျိုး ပြုနိုင်သည့် နည်းလမ်းများကို စဉ်းစားနိုင်မည်။ လူတို့ကို ဗက်တီးရီးယားက ဒုက္ခပေးလျှင် သုတ်သင်နည်းများကို သူစဉ်းစားမည်။ ကောင်းကျိုး ပြုလျှင်လည်း မည်သည့်နေရာတွင် အသုံးချနိုင်မည်ကို သူထပ်သုံးသပ်မည်။သို့သော် ပထမအဆင့် အနေဖြင့် ဗက်တီးရီးယား၏ သဘာဝကို အစွဲကင်းကင်းဖြင့် ပကတိအတိုင်း သိနိုင်ရန်သည် ဦးစားပေး ဖြစ်သည်။
‘Never get angry at a fact’ တွေ့ရတဲ့ ဘယ်အချက်အလက်ကိုမှ ဒေါသမထွက်ပါနဲ့’ သည် နိုင်ငံရေးသိပ္ပံ လေ့လာရာတွင်သာမက အခြား မည်သည့် ပညာရပ်ကိုပင် လေ့လာလိုက်စား လိုက်စား အသုံးကျသည့် စကားတစ်ခွန်း ဖြစ်သည်။ ခံစားချက်ထက် သိလိုသည့် အချက်ကို ဦးစားပေးရန် ထိုစကားက အမြဲသတိပေးသည်။ လာဘ်ပေးလာဘ်ယူမှု မပပျောက် နိုင်သေးသည်ကို စိတ်မတိုမီ အဘယ်ကြောင့် ထိုခြစားမှု မပျောက်နိုင်ရသေးသည်ကို မေးခွန်းများ မေးရမည်။
ငတ်သောကြောင့်လား၊ ချမ်းသာလိုသောကြောင့်လား။ စနစ်ကြောင့်လား၊ တစ်ကိုယ်ချင်းကြောင့်လား၊ စသည် စသည်ဖြင့်။ ပါတီတွင်း၊ အဖွဲ့အစည်းတွင်း အကွဲအပြဲသံသရာ အဆုံးမသတ်နိုင်သည် ဆိုပါစို့။ မညီညွတ်ရကောင်းလားဟု ထွက်လာသော ဒေါသကို ဘေးချိတ်ပြီး မေးခွန်းများမေးရမည်။ လူမျိုးစရိုက်ကိုက ထိုသို့လား။ စနစ်တွေကြောင့် ယခုကဲ့သို့ ဖြစ်နေတာလား။ စီမံခန့်ခွဲမှု အားနည်းသောကြောင့်လား။ တစ်ဦးနှင့် တစ်ဦးအပေါ် ယုံကြည်မှု နည်းသောကြောင့်လား။ ထိုသို့သော မေးခွန်းပေါင်းများစွာကို မေးရမည်။
နိုင်ငံရေးကွင်းပြင် ကျယ်ပြန့်လာပြီး ကစားသမားများ များပြားလာသည့် မြန်မာနိုင်ငံတွင် နိုင်ငံရေးသိပ္ပံ ပညာရပ် အမြန်ကျယ်ပြန့် ပွားများလာရန် လိုသည်။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်နေသည့်အတွက် ပြည်သူတို့၏ သဘောထား အရေးပါလာသည့် မြန်မာနိုင်ငံတွင် ပြည်သူပြည်သားတိုင်း နိုင်ငံရေးသိပ္ပံကို တီးမိခေါက်မိ လိုက်စားထားရန် လိုသည်။ သမာသမတ်ကျကျ အစွဲကင်းကင်း၊ ခံစားချက်ကင်းကင်း ကြည့်တတ်ရန်လည်း လေ့ကျင့်ထားသင့်သည်။
 Written by  ဇေယျသူ 
Credit To The Voice Weekly
Read More »

နိုင်ငံတော်ကို ပြီးစလွယ် မတည်ဆောက်ကြပါနဲ့

နိဒါန်း
မူလရည်ရွယ်ထားတဲ့ ခေါင်းစဉ်က ''ပြီးစလွယ်မလုပ်နဲ့'' ဖြစ်ပါတယ်။ လူငယ်တွေ၊ ကျောင်းသားတွေကို ဦးတည်ရေးသားဖို့ပါ။ ဒါပေမဲ့ ကလေးသူငယ်တွကို ရှေ့ဆောင်စံပြ လုပ်နေတဲ့ နိုင်ငံတော်ကို တည်ဆောက်နေတဲ့ လူကြီးတွေ ကိုယ်တိုင်က ပြီးစလွယ် လုပ်နေကြတာ တွေ့ရတော့ ဆောင်းပါးခေါင်းစဉ် ပြောင်းသွားပါတယ်။
အလုပ်ဖြစ်ရေး
လူအတော်များများဟာ အလုပ်လုပ်ကြရာမှာ အလုပ်ဖြစ်ရေးကို အဓိကထား လုပ်တတ်ကြပါတယ်။ တစ်ယောက်နဲ့တစ်ယောက် တွေ့ရင်လည်း အလုပ်ဖြစ်လား ဆိုကာ မေးကြ၊ နှုတ်ဆက်တတ်ကြပါတယ်။ စေ့စေ့တွေးကြည့်တော့ အလုပ်ဖြစ်ရေးဟာ အဓိကကျသလား၊ ဘာကအဓိကကျသလဲ။ ယခင် (ယခုလည်းထို့အတူ ဖြစ်ချင်ဖြစ်နေမှာပါ) အစိုးရ လက်ထက်မှာ လမ်းတွေ၊ တံတားတွေ၊ ဆည်တွေ၊ ဆေးရုံအဆောက်အအုံတွေ (စေတီ၊ ပုထိုးပါ ပါရင်ပါနေမှာ) ကို ဆောက်လုပ်ရာမှာ ဘယ်အချိန်ကစပြီး ဘယ်အချိန်ပြီးမယ် ဆိုတာကို ကျွမ်းကျင်ပညာရှင်၊ အင်ဂျင်နီယာတွေက အချိန်ဇယား ရေးဆွဲခွင့်ရခဲ့ပုံ မရပါဘူး။
ဘယ်တံတား ပြည်ထောင်စုနေ့အမီ ဖွင့်ဖို့ အချိန်မီပြီးအောင် ဆောက်ပါ။ ဘယ်အဆောက်အအုံကို ဘယ်နေ့ပြီးဖို့ အချိန်မီ ဆောက်ပါဆိုတဲ့ အထက်က လမ်းညွှန်တဲ့အတိုင်း ဆောက်ကြရတာပါ။
ဆိုတော့ သတ်မှတ်ရက်အတွင်း ပြီးရေးကို အာရုံစိုက်နေရတဲ့ အင်ဂျင်နီယာတွေခမျာ အရည်အသွေး၊ စံချိန်စံညွှန်းမီပစ္စည်း စတဲ့ လိုအပ်တဲ့ နည်းပညာတွေကို အဓိက မထားတော့ဘဲ အလုပ်ဖြစ်ရေး (သတ်မှတ်ရက်ပြီးရေး) ကိုပဲ အဓိကထား ဆောက်လုပ် ခဲ့ရတာပါ။ မုခ်ဦးလှလှ၊ မဏ္ဍပ်လှလှ ဆောက်လုပ်ရေး၊ ပန်းကြဲဗန်းကိုင်မယ့် မိန်းကလေးလှလှတွေ ရွေးချယ်ရေးဟာ တံတား ကြံ့ခိုင်ရေးထက် ပိုအရေးကြီးပါတယ်။
သတိထားမိတဲ့ တစ်ခုသော ပြည်ထောင်စုနေ့အမီ ပြီးစီးအောင် အမြန်(ကမန်းကတန်း) ဆောက်လုပ်ပြီး ဖွင့်လှစ်ခဲ့ပါတယ်။ မကြာပါဘူး။ တံတားကို ပြန်ပိတ်ပြီး ကွန်ကရစ်တွေခွာ၊ သံချောင်းတွေ ပြန်လဲ လုပ်ခဲ့ကြရတာ လက်တွေ့ပါ။ ဒီလိုအဖြစ်အပျက်မျိုး ဘယ်လောက် ဖြစ်နေသလဲ၊ ဖြစ်ခဲ့သလဲ၊ ဖြစ်နေဦးမလဲ။
ပြီးစလွယ် အမူအကျင့်
အလုပ်ဖြစ်ရေးကို ဦးတည်လုပ်ဆောင်တာဟာ ပြီးစလွယ်လုပ်ရေးကို တွန်းပို့လိုက်တာနဲ့ အတူတူပါပဲ။ အခုဆို လူတော်တော် များများ ပြီးစလွယ် လုပ်နေကြပါတယ်။ အထက်က ညွှန်ကြားချက်နဲ့အညီ အလုပ်ဖြစ်ရေးကို ဦးတည်ပြီး ပြီးစလွယ် လုပ်ပေးလိုက်ပါတယ်။
အထက်ကလည်း သူ့ညွှန်ကြားချက် အတိုင်း လိုက်လုပ်ပေးတဲ့ သူတွေကို ဆုတော်လာဘ်တွေပေးပြီး သူကောင်းပြုပါတယ်။ ပြီး-ပြီးသွားတဲ့တံတား၊ အဆောက်အအုံကို ခပ်တည်တည်ကြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးတယ်။ စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးတယ်။
ဖွင့်ပေးပြီး အဲဒီတံတား (အဆောက်အအုံ)ကို ပုဂ္ဂိုလ်ကြီးလည်း လှည့်မကြည့်တော့ပါဘူး။ ဆောက်လုပ်ရေး ပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေ၊ ၀န်ထမ်းတွေလည်း အထက်ကတောင် လှည့်မကြည့်လေတော့ သူတို့လည်း လှည့်မကြည့်တော့ဘူး။

ဒီမိုကရေစီ နိုင်ငံတော်ကြီး ပျက်သွားရင် ပြန်တည်ဆောက်ရတာ ခက်မှာမို့ နိုင်ငံတော်ကို ပြီးစလွယ် မတည်ဆောက်ကြပါနဲ့။ စေတနာမှန်မှန် စိတ်ရင်းကောင်းကောင်း ရေရှည်အကျိုး မြော်တွေးပြီး ပြီးစလွယ် လုပ်တတ်တဲ့ အကျင့်ဆိုးများကို ပြုပြင်ရင်း ဒီမိုကရေစီ နိုင်ငံတော်ကို ၀ိုင်းဝန်းတည်ဆောက် ကြပါစို့

ဒီလိုနဲ့ စောင့်ရှောက်သူ ကင်းမဲ့တဲ့ တံတားအဆောက်အအုံဟာ အချိန်မတန်မီ ပျက်ကုန်တာ တွေ့နေကြရမှာပါ။ အရည်အသွေး၊ စံချိန်စံညွှန်း ပြည့်မီအောင် အချိန်မစောင့်နိုင်လို့ ပျက်ကုန်၊ ပြိုကုန်တာတွေလည်း ဟိုနေရာမှာ၊ ဒီနေရာမှာ။
တစ်ခါက မူလတန်းပြဆရာများ မွမ်းမံသင်တန်းတစ်ခု နွေရာသီမှာ ဖွင့်လှစ်ခဲ့ပါတယ်။ ထုံးစံအတိုင်း ဥက္ကဋ္ဌတစ်ယောက်ပြီး တစ်ယောက် အမှာစကားတွေ အသီးသီး ပြောကြားပြီး မြို့နယ်ပညာရေးမှူးက အဖွင့်စကား ပြောပါတယ်။ ပြီးတော့ ဧည့်သည်တော်များက တစ်ယောက်ပြီး တစ်ယောက် မိန့်ခွန်းတွေ ခြွေကြပါတယ်။
ပညာရေး မွမ်းမံသင်တန်းမှာ ပညာရေးနဲ့ မဆိုင်သူတွေကလည်း ဆရာ၊ ဆရာမတွေကို လမ်းညွှန် မိန့်ကြားသွားပါတယ်။ နောက်ဆုံးမှ တကယ်ပို့ချမယ့် သင်တန်းဆရာတွေက အလှည့်ကျသွားပါတယ်။
ထိုစဉ်က မိတ္တူကူးစက်တွေ မပေါ်သေးပါဘူး။ ဖယောင်းစက္ကူမှာ လက်နှိပ်စက်နဲ့ ရိုက်ပြီး ဂတ်စတာနာဆိုတဲ့ လက်လှည့်စက်နဲ့ စက္ကူတွေကို ပွားယူရပါတယ်။
မိတ္တူပွားထားတဲ့ စာရွက်တွေကို ဆရာ၊ ဆရာမတွေကို ဝေငှပါတယ်။ လက်ထောက်မြို့နယ် ပညာရေးမှူးက မွမ်းမံပြင်ဆင်တဲ့ စာကြောင်းတွေကို တစ်ကြောင်းချင်း ဖတ်ပြပါတယ်။
တစ်နေရာရောက်တော့ 'လင်ငယ်နေ သလား' လို့ ဖတ်လိုက်ပါတယ်။ ဆရာမတချို့က ခစ်ခနဲ ရယ်လိုက်ကြပြီး ဆရာတချို့က မျက်နှာနီရဲ သွားပါတယ်။
ဖတ်တဲ့ဆရာလည်း အဲဒီဝါကျမှာ ရပ်သွားပါတယ်။ ပြီးမှ စင်အောက်ပြန်ဆင်းပြီး မူရင်းစာသားနဲ့ တိုက်ကြည့်ပါတယ်။ မူရင်း စာသားက 'ရေငင်နေသလား' ဖြစ်နေပါတယ်။
ဒီတော့မှ စင်ပေါ်ပြန်တက်ပြီး ခပ်တည်တည် မျက်နှာထားနဲ့ 'ခုန၀ါကျကို ရေငင်နေသလားလို့ ပြင်လိုက်ကြပါ' တဲ့။
လက်ရှိ ကွန်ပျူတာ စာစီစာရိုက် သူတွေလည်း သတိပြုသင့်ကြောင်း အကြံပြုပါရစေ။ ရေးထားတဲ့ မူရင်းက တလွဲတချော် အဓိပ္ပာယ် ပေါက်နေရင် မေးမြန်းပြီးမှ စာရိုက်သင့်ပါတယ်။ လက်ငင်းသတင်းစာ အချို့မှာ စာစီစာရိုက် အမှားတွေ တွေ့နေရပါတယ်။
နောက်သင်တန်း ဆရာတွေကလည်း အဓိကကျတဲ့ သင်ခန်းစာကို ကြိုကြိုတင်တင် ပြင်ဆင်လုပ်ရမယ့် အစား လူကြီးများရဲ့ အသိအမှတ်ပြု ခံရရေးက အရေးကြီးနေပါတယ်။ အဓိက သင်တန်းကိစ္စကို ပြီးစလွယ်လုပ်ပြီး အလုပ်ဖြစ်ရေး ဦးတည်ဆောင်ရွက်ခဲ့လို့ ယခုနှယ် အလွဲလွဲ အချော်ချော်တွေ ဖြစ်ကုန်တာပါပဲ။
ဒီကနေ့ တိုင်းပြည်မှာ ပြီးစလွယ် လုပ်နေသူတွေ အများကြီး တွေ့နေရပါတယ်။ မလုပ်၊ မရှုပ်၊ မပြုတ် ဆိုတဲ့ အမူအကျင့်တွေ အခုထိ မပြောင်းလဲသေးပါဘူး။
ပြီးစလွယ် လုပ်တတ်တဲ့ အမူအကျင့် အောက်မှာ ကြီးထွား နေရာရလာတဲ့ ကုမ္ပဏီ တချို့လည်း ပြီးစလွယ် လုပ်တတ်ကြပါတယ်။ ပဲခူးမြစ်ကမ်းဘေး မြေဧကများစွာ ကျယ်ဝန်းတဲ့ နေရာမှာ စိတ်တိုင်းကျ အချိန်ယူ ဆောက်လုပ်ခွင့် ရခဲ့ပါတယ်။
ဒါပေမဲ့ ဒီနေ့ဆောက်လုပ်ပြီး လူတွေနေထိုင်တဲ့အခါ မိလ္လာစနစ်။ လွန်ခဲ့သော နှစ် ၁၀၀ ခန့်က ဆောက်လုပ်ခဲ့တဲ့ (ခေတ်မမီလှတဲ့ကာလ) ရန်ကုန်မြို့ရဲ့ မိလ္လာစနစ်နဲ့ နှိုင်းယှဉ်ကြည့်ပါ။ ခြင်အလွန် ကိုက်ပါတယ်။ သောက်ရေအလွန် ညံ့ဖျင်းပါတယ်။ လမ်းပန်းဆက်သွယ်ရေး လူတိုင်းညည်းနေ ကြပါတယ်။ ဒါဟာ ပြီးစလွယ်လုပ်ခြင်းရဲ့ ပြယုဂ်တွေပါ။ ပြီးစလွယ် လုပ်ခြင်းဟာ ရေရှည် အကျိုးယုတ်သလို နေထိုင်သူတွေရဲ့ နေ့စဉ်ငြိုငြင်မှုကိုလည်း ခံရမှာ အသေအချာပါ။
နိုင်ငံတော်ကို ပြီးစလွယ် မတည်ဆောက်ပါနဲ့
ဒီမိုကရေစီ နိုင်ငံတော်ကို အခုနှယ် ပြီးစလွယ် ဆောက်နေကြရင် အချိန်တိုအတွင်း ပြိုလဲပျက်စီး သွားမှာကို စိုးရိမ်မိပါတယ်။ ပြည်သူတွေ ဒီမိုကရေစီ လိုချင်လား၊ ပေးလိုက်တာပေါ့။ ဒီမိုကရေစီ စံချိန်စံညွှန်း ဘယ်ပြည်သူ သိတာမှတ်လို့။ အစဉ်အဆက် ပြည်သူဆိုတာ ပြုသမျှနုခဲ့ကြတာ။ ပေးတဲ့ဒီမိုကရေစီကိုယူ၊ ဆောက်ပေးတဲ့ တံတားပေါ်ကလျှောက် ခင်းပေးတဲ့ လမ်းပေါ်ကသွား၊ ဒီမိုကရေစီဖြစ် ပြီးရော။
တံတားကျိုးလို့ ပြန်ပြင်ရလွယ်ပေမယ့် လမ်းပျက်လို့ ပြန်ခင်းရ ဖြစ်နိုင်သေးပေမယ့် ပြီးစလွယ် တည်ဆောက်လိုက်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီး ပျက်သွားရင် ပြန်တည်ဆောက်ရတာ ခက်မှာမို့ နိုင်ငံတော်ကို ပြီးစလွယ် မတည်ဆောက်ကြပါနဲ့။ စေတနာမှန်မှန် စိတ်ရင်းကောင်းကောင်း ရေရှည်အကျိုး မြော်တွေးပြီး ပြီးစလွယ် လုပ်တတ်တဲ့ အကျင့်ဆိုးများကို ပြုပြင်ရင်း ဒီမိုကရေစီ နိုင်ငံတော်ကို ၀ိုင်းဝန်းတည်ဆောက် ကြပါစို့။
မူလရည်ရွယ်ထားတဲ့ ခေါင်းစဉ်က ''ပြီးစလွယ်မလုပ်နဲ့'' ဖြစ်ပါတယ်။ လူငယ်တွေ၊ ကျောင်းသားတွေကို ဦးတည်ရေးသားဖို့ပါ။
 Written by မောင်တင်ဦး(မြောင်းမြ)
Credit To First-11
Read More »

မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သစ်မှာ လာမည့်သုံးနှစ်အတွင်း အနှစ် ၂၀ ကျော်ခန့် တည်မြဲနိုင်မည့် အာဏာရှင်စနစ် လွှမ်းမိုးသော ဖက်စပ်ဒီမိုကရေစီ နိုင်ငံအဖြစ် အသွင်ပေါ်လာနိုင်

စစ်အာဏာရှင်စနစ်မှ ဒီမိုကရေစီနိုင်ငံ အဖြစ်သို့ ကူးပြောင်းနေသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီဆိုင်ရာ ပြုပြင်ပြောင်းလဲမှုမှာ လာမည့်သုံးနှစ်အတွင်း အနှစ် ၂၀ ကျော်ခန့် တည်မြဲနိုင်မည့် အာဏာရှင်စနစ်နှင့် ဒီမိုကရေစီစနစ် ရောထွေးနေပြီး အာဏာရှင်စနစ် လွှမ်းမိုးမည့် ဖက်စပ်ဒီမိုကရေစီ နိုင်ငံအဖြစ် အသွင်ပေါ်လာနိုင်ကြောင်း အသွင်ကူးပြောင်းသည့် ဒီမိုကရေစီ နိုင်ငံများအား လေ့လာနေသည့် The Educational Initiatives မှ Mr. Igor Blazevic က ပြောကြားသည်။
အာဏာရှင်နိုင်ငံများမှ ဒီမိုကရေစီနိုင်ငံ အဖြစ်သို့ အသွင်ကူးပြောင်းသည့် နိုင်ငံများ၏ ဒီမိုကရေစီရေးဆိုင်ရာ အသွင်ကူးပြောင်းမှုများအား လေ့လာနေသည့် The Educational Initiatives အဖွဲ့အနေဖြင့် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် ပြဿနာများမှ ယခင်စစ်အာဏာရှင် အစိုးရ လက်ထက်ကဲ့သို့ မိုက်မဲသည့် အုပ်ချုပ်မှုမျိုးဖြင့် အုပ်ချုပ်ရန်ထက် ဒီမိုကရေစီဟု ဟန်ပြပြောနိုင်သည့် အာဏာရှင် စနစ်သစ်သို့ သွားရောက်ရန် ကြံရွယ်နေခြင်းဖြစ်ကြောင်း Mr. Igor Blazevic က ဆိုသည်။
မြန်မာနိုင်ငံတွင် အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များအကြား လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခများမှာ အာဏာရှင် စနစ်သစ်အား အကောင်အထည်ဖော်ရန် ပြင်ဆင်နေခြင်းသာ ဖြစ်ကြောင်းလည်း Mr. Igor Blazevic က ပြောကြားသည်။

စာနယ်ဇင်းလွတ်လပ်ခွင့် အနည်းငယ် ရရှိလာခြင်း၊ အရပ်ဘက် အဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်များ အနည်းငယ် တိုးတက်လာခြင်း၊ အင်တာနက် လွတ်လပ်ခွင့် တိုးတက်လာခြင်းစသည့် ပြီးပြည့်စုံမှု မရှိသည့် လွတ်လပ်ခွင့်များမှာ ဒီမိုကရေစီ နိုင်ငံအဖြစ် ကူးပြောင်းနေကြောင်း ဟန်ပြလုပ်ဆောင်...

''မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းမှု စတင်နေပြီလားဆိုရင် စတင်နေပြီလို့ ပြောရမှာပါ။ ဒါပေမဲ့ အခုအချိန်မှာ အသွင်ကူးပြောင်းရေးကို လုပ်ဆောင်နေတဲ့ သူတွေကိုယ်တိုင် သူတို့သွားချင်တဲ့ လမ်းကြောင်းကို မြင်ချင်မြင်နေမှာ ဖြစ်ပေမယ့် အကောင်အထည် ပေါ်အောင်လုပ်နိုင်ဖို့ မလွယ်ဘဲ အာဏာရှင်စနစ် လွှမ်းမိုးတဲ့ ဒီမိုကရေစီနိုင်ငံအဖြစ်ပဲ အသွင်ပေါ်လာနိုင်ပါမယ်'' ဟု Mr. Igor Blazevic က သုံးသပ်ပြောကြားသည်။
မြန်မာနိုင်ငံတွင် စာနယ်ဇင်းလွတ်လပ်ခွင့် အနည်းငယ် ရရှိလာခြင်း၊ အရပ်ဘက် အဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်များ အနည်းငယ် တိုးတက်လာခြင်း၊ အင်တာနက် လွတ်လပ်ခွင့် တိုးတက်လာခြင်းစသည့် ပြီးပြည့်စုံမှု မရှိသည့် လွတ်လပ်ခွင့်များမှာ ဒီမိုကရေစီ နိုင်ငံအဖြစ် ကူးပြောင်းနေကြောင်း ဟန်ပြလုပ်ဆောင်သည့် လုပ်ငန်းများသာဖြစ်ပြီး ပြည်ပနိုင်ငံများမှ ချေးငွေများ ရယူနိုင်ခြင်း ပြည်ပနိုင်ငံများသို့ လွတ်လပ်စွာ သွားလာနိုင်ခြင်း စသည့်လုပ်ပိုင်ခွင့်များ တိုးတက်လာစေရန် လုပ်ဆောင်သည့် ဟန်ပြပြောင်းလဲမှုများဖြစ်ပြီး ထိုသို့ ပြောင်းလဲမှုများသည် အရေခြုံ ဒီမိုကရေစီ စနစ်သစ်အတွက် လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်းလည်း Mr. Igor Blazevic က သုံးသပ်ပြောကြားသည်။
''မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲမှာ အာဏာရပါတီက နိုင်ငံရေးကို မထိန်းနိုင်တဲ့၊ အဂတိလိုက်စားမှုကို မတိုက်ဖျက်နိုင်တဲ့ အားနည်းပြီး စွမ်းဆောင်ရည်နည်းတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်လာစေနိုင်ပါတယ်။ အီဂျစ်မှာ မူဘာရက်က လူမျိုးစွဲ ဘာသာစွဲကို သုံးပြီး စစ်တပ်က ကျောထောက်နောက်ခံ လုပ်ပေးပြီး အင်မတန် သဘောထား တင်းမာတဲ့ ရဲတပ်ဖွဲ့က ထောက်ခံပြီး မူဘာရက်ကို ဆန့်ကျင်ရင် ရဲက ဆန့်ကျင်သူကို နှိပ်ကွပ်တဲ့ ဖက်စပ်ဒီမိုကရေစီ စနစ်လည်း ဖြစ်လာနိုင်တယ်။ နောက်ပြီး အတိတ်နဲ့မတူတဲ့ အာဏာရှင် စနစ်သစ်အဖြစ် ပုံစံလည်း ပေါ်လာနိုင်တယ်'' ဟု Mr. Igor Blazevic က သုံးသပ် ပြောကြားသည်။
မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှုမှာ ဒီမိုကရေစီဟု ခေါ်ဆိုနိုင်သည့် အဆင့်သို့ မရောက်သေးဘဲ လက်ရှိနိုင်ငံတွင်း ဖြစ်ပွားနေသည့် ဖြစ်စဉ်များကြောင့် ကမ္ဘောဒီးယား၊ ရုရှား၊ အဇာဘိုင်ဂျန် စသည့်နိုင်ငံများကဲ့သို့ ဒီမိုကရေစီ အစစ်မဟုတ်သည့် အနေအထား ဖြစ်ပေါ်နေပြီး အနှစ် ၂၀ ကျော်ခန့် တည်တံ့သွားနိုင်မည့် အနေအထားသို့ ရောက်ရှိနေကြောင်းလည်း Mr. Igor Blazevic က ဆိုသည်။
Credit To First-11
Read More »

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမည်ဖြစ်ပြီး နောက်ပိုင်းတွင် နိုင်ငံရေး ဆွေးနွေးပွဲများကို လွှတ်တော်မှ ဦးစီးကျင်းပမည်

 6.28.13
ကချင်ပြည်နယ် တာလောကြီးဒေသဌာနေ ပြည်သူ့စစ်များကို တွေ့ရစဉ်
နိုင်ငံတော်သမ္မတ ဦးဆောင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး အတွက် နိုင်ငံတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီမှ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသည်။
ယင်းသို့ အပစ်အခတ် ရပ်စဲရေးများ ပြုလုပ်ပြီး နောက်ပိုင်းတွင် နိုင်ငံရေး ဆွေးနွေးပွဲများကို လွှတ်တော်မှ ဦးစီးဆောင်ရွက်နိုင်ရန် အတွက် လွှဲပြောင်းပေးရန် အစီအစဉ် ရှိပါကြောင်း ဦးအောင်မင်းက ဆက်လက် ပြောကြားသည်။
ဇွန် ၂၈ ရက် ပြုလုပ်သော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာတွင် ထိုသို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးမှုများကို ပြည်နယ်အဆင့် ၁၇ ခု၊ ပြည်ထောင်စုအဆင့် ၁၈ ခု ရေးထိုးပြီး ဖြစ်ကြောင်း၊ အပစ်အခတ်ရပ်စဲရန် ကျန်ရှိနေသေးသည့် ကေအိုင်အိုနှင့် လက်မှတ်ရေးထိုးရန် သဘောတူညီချက်ရရှိပြီး ဖြစ်ကြောင်းနှင့် အဖွဲ့ငယ်များဖြစ်သော ပလောင်နှင့်လားဟူ အဖွဲ့များနှင့် လက်မှတ်ရေးထိုးရန် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်များနှင့် ဆက်သွယ်ဆောင်ရွက် လျက်ရှိကြောင်း ဦးအောင်မင်းက ပြောကြားသည်။
6.28.1
မြစ်ကြီးနားမြို့တွင် မေလက ပြုလုပ်ခဲ့သော အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအား တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
''အပစ်အခတ် ရပ်စဲရေး လက်မှတ်ထိုး ပြီးသွားပြီး လက်နက်ကိုင် အဖွဲ့တွေကိုလည်း မတရားအသင်း စာရင်းကနေ ပယ်ဖျက်ပေးနိုင်မယ်'' ဟု ဦးအောင်မင်းက ပြောကြားသည်။
ထို့ပြင် ငြိမ်းချမ်းရေး ဆွေးနွေးမှုများ အောင်မြင်ခဲ့လျှင် လက်နက်ကိုင်အင်အား တစ်သိန်းခန့်၊ Refugee ဒုက္ခသည်အင်အား သုံးသိန်းခွဲခန့်နှင့် IDP အင်အား လေးသိန်း ခြောက်သောင်းခန့်နှင့် လက်နက်ကိုင်တို့နှင့် ဆက်နွှယ်နေသော ပြည်သူနှစ်သန်းခန့်တို့ ပြန်လည်ဝင်ရောက် လာနိုင်မည်ဖြစ်ပြီး ထိုသူများကို နိုင်ငံတော်အစိုးရမှ ပထမဦးစွာ မိုင်းရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်ပြီးနောက် နေစရာ၊ စားစရာနှင့် နောင်ရေးအတွက် အလုပ်အကိုင်ပါ ဖန်တီးပေးရန် စီစဉ်ဆောင်ရွက်လျက် ရှိသည်ဟု ဦးအောင်မင်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရရှိသေးသော လက်နက်ကိုင် အဖွဲ့အစည်းများအနက် ကေအိုင်အိုနှင့် အခြားအဖွဲ့အစည်း အငယ်များဖြစ်သော လားဟူလက်နက်ကိုင် အဖွဲ့နှင့် ပလောင်လက်နက်ကိုင် အဖွဲ့အစည်းများနှင့်ပါ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုရရှိရန် ကြိုးစားလျက် ရှိကြောင်းလည်း ထည့်သွင်းပြောကြားသည်။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ''ဒီနေ့လည်း ကျွန်တော်တို့ လွှတ်တော်ထဲမှာ ငြိမ်းချမ်းရေးအတွက် အဓိက လိုအပ်ချက်တစ်ခု ဖြစ်သော တန်းတူညီမျှရေးကိစ္စ အပါအ၀င် အုပ်ချုပ်ရေးဆိုင်ရာ ခွဲခြားမှု မရှိစေရေးအတွက် ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ အရေးသုံးပါးထဲက တစ်ခုဖြစ်တဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး အဓိက ဆွေးနွေးပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဆောင်ရွက်နေပါတယ်။ အရေးကြီးတာက စေတနာမှန်ဖို့ လိုပါတယ်။ ပွင့်လင်းဖို့၊ ရိုးသားဖို့ လိုပါတယ်'' ဟု သုံးသပ် ပြောကြားသည်။
Credit To First-11
Read More »

စည်းကမ်း၊ ယုံကြည်မှုနှင့် လူ့ယဉ်ကျေးမှု

(နှင်းသခင်)

ဤဆောင်းပါးတွင် ရည်ညွှန်းချင်သော စည်းကမ်းသည် စာနှင့် ပေနှင့် အမိန့်စာနှင့် ပြဋ္ဌာန်း ရေးသားထားသည်ဖြစ်စေ၊ မရေးထားသည် ဖြစ်စေ လူ့အသိုင်းအဝိုင်းတွင် နေထိုင်သော လူတစ်ဦးအဖြစ်၊ နိုင်ငံသား တစ်ဦး အဖြစ် စောင့်ထိန်းအပ်သော အရာတို့ကို ကိုယ်ပိုင် အသိစိတ်ဖြင့် လိုလို လားလား စောင့်ထိန်းနိုင်စွမ်းသော ကိုယ်စည်းကမ်း၊ နှုတ်စည်းကမ်း၊ စိတ် စည်းကမ်းတို့ကို ဆိုလိုသည်။

စည်းကမ်းဆိုသော အရာသည် အများပြည်သူပိုင် ပစ္စည်း (Public Goods) ဖြစ်သည်။ စည်းကမ်းရှိခြင်း၏ အကျိုးကျေးဇူးသည် လူတိုင်းအပေါ် သက်ရောက်မှုရှိပြီး လူတိုင်း ရယူခံစားနိုင်သည်။ ထို့အတူ စည်းကမ်း မရှိခြင်း သည်လည်း ဖြေရှင်းရခက်သော ‘အများပိုင်ပစ္စည်းပြဿနာ’ (Tragedy of Commons) တစ်ရပ်ဖြစ်သည်။ ဥပမာအားဖြင့် ငါမယူလည်း သူများယူမှာပဲ ဟု လူတိုင်းက တက်ညီလက်ညီ တွေးကြသောအခါ လမ်းဘေး သောက်ရေ အိုးစင်မှ အလှူရှင်၏ စေတနာ သောက်ရေခွက်များ သံကြိုးတန်းလန်းနှင့် ဖြစ် ကုန်ရသည်။ အိမ်တံခါးသော့ အထပ်ထပ် ပိတ်ပြီးခါမှ အပြင်သွားရဲသည်။ ဒါတောင် သိပ်စိတ်မချ၊ ခရီးရက်ရှည်များ ထွက်ရမည်ဆိုလျှင် ကိုယ့်အိမ် ကြည့်ရှု စောင့်ရှောက်ပေးရန် လူခေါ်ရ၊ အိမ်နီးချင်းကို အပ်ရ ဖြစ်ကုန်သည်။ မခိုးရ မလုရ မသတ်ရ မကျူးလွန်ရ အစရှိသည့် ဥပဒေနှင့် ချမှတ် ထားသော နိုင်ငံသားတို့၏ စည်းကမ်းများကို အကြောင်းမျိုးစုံနှင့် ချိုးဖောက်သောအခါတွင်မတော့ ရပ်ရွာ တည်ငြိမ်အေးချမ်းမှု ပျက်ပြားခြင်း၊ အသက်အိုးအိမ် စည်းစိမ် ပျက်သုဉ်းခြင်းတို့ ကြုံတွေ့ရတော့သည်။

အများပိုင် အဖိုးတန်ပစ္စည်းဖြစ်သော ‘စည်းကမ်း’ (Discipline) ကို ကိုယ်ပိုင် ဆိုင်သော တန်ဖိုးရှိအရာ (Property) တစ်ခုအဖြစ် နားလည် သဘောထား ကာ မထိန်းသိမ်းနိုင်သောအခါ လူအများကြား တစ်ဦးအပေါ် တစ်ဦး ‘ယုံကြည်မှု’ (Trust) ဆုံးရှုံးသွားသည်ကို မြင်နိုင်သည်။ မယုံကြည် လျှင် မေတ္တာမထား စေတနာမများနိုင်။ သို့ဖြင့် လည်သူ စားစတမ်း၊ အားကြီး သူ နိုင်စတမ်း ဖြစ်လာသောအခါ၊ လူအချင်းချင်းအကြား ကိုယ်၊ နှုတ်နှင့် စိတ် ‘ယဉ်ကျေးမှု’ (Civilization) နိမ့်ပါးသွားသည်။ ယဉ်ကျေးမှု နိမ့်ကျသော လူ့အဖွဲ့အစည်း ဖြစ်သွားသည်။ သည်ထက်နိမ့်လျှင် လူရိုင်းခေတ် ပြန်ရောက် သွားနိုင်သည်။

များမကြာမီက သံရုံး တစ်ခုတွင် ဗီဇာ လျှောက်ထားခဲ့စဉ်က ဝင်ပေါက် တွင် ဖြစ်ရပ်တစ်ခု ကြုံခဲ့ရဖူးသည်။ ကိုယ် အပါအဝင် ရောက်လာသူများ က နိုင်ငံကူးလက်မှတ် စာအုပ်များကို သံရုံး အဝင် ကောင်တာပေါ်တွင် ထပ်ကာ ကိုယ့်အလှည့်ကိုယ် စိတ်ရှည်လက်ရှည် တန်းစီ စောင့်နေကြသည်။ ထိုအခိုက် အသံကော ဟန်ပါ သွက်သည်ထက် ပိုကာ လည်လွန်းပတ်လွန်း ပုံပေါက်နေသည့် မိန်းမငယ် တစ်ယောက် (အဘွား ပြောလေ့ရှိသည့် မိန်းမ လည် သိန်းကြွယ်ဟူသော စကားကို သတိရလိုက်မိသေးသည်) ခပ်ရဲရဲ လျှောက်ဝင်လာပြီး တန်းစီသူများကို ကျော်ကာ ရှေ့ဆုံးသို့ တိုးဝင်လာ သည်။ ထို့နောက် ကောင်တာပေါ်ရှိ စာအုပ်ပုံကို တွန်းဖယ်လျက် လက်ထဲမှ စာအုပ် သုံး လေးအုပ်ကို လှမ်းယူနေသော အရာရှိ၏ ရှေ့မှန်ပေါက်ငယ် အဝ တွင် ချပေးသည်။ စားပွဲတွင်ငုံ့ကာ စာရင်းသွင်းနေသော အရာရှိက နောက် စာအုပ် တစ်ထပ် လှမ်းယူသောအခါ သူမ၏ စာအုပ်များသာ ပါသွားတော့ သည်။

ကိုယ့်အလှည့်ရောက်ရန် နာရီဝက်ခန့် စောင့်ထားခဲ့ရသူမို့ သည် တစ်ခေါက်တော့ ကိုယ့်စာအုပ်ပါပြီ တွက်ထားမိသူ ကျွန်မ အတော်ပင် စိတ်ကသိကအောက် ဖြစ်သွားရသည်။ ဘေးဘီ ကြည့်မိတော့ ကျွန်မလို ခံစားရသော ကျန်လူများနှင့်လည်း မျက်လုံးချင်း ဆုံမိကြသည်။ စိတ် ပျက်ခြင်း၊ မနှစ်မြို့ ခြင်း။ သို့သော် စည်းဖောက်သူ ထိုမိန်းကလေး၏ မျက်နှာပေးက သည်လို အခြေအနေကို ကြိုတင် တွက်ဆထားပြီးပုံရကာ ‘အ’ သူ ခံစတမ်းပေါ့ ဆိုသည့်ပုံစံဖြင့် မိမိလုပ်ရပ်ကို ကျေနပ်နေပုံရတော့ ကျွန်မ ပို၍ပင် စိတ်ပျက်သွားမိခဲ့ရသည်။ စိတ်မကောင်းဖြစ်ဟန် အားနာ ဟန် နောင်တရဟန် မရှိ။ အနားမှ ဒေါ်ဒေါ် တစ်ယောက် စိတ်ပျက်လက်ပျက် ညည်းညူသည့် စကားကို ကြားမိလိုက်ရ သေးသည်။ ယဉ်ကျေးမှုကို မရှိဘူး တဲ့။

သံရုံးနံရံတွင် တန်းစီပါဆိုသော စာတန်းမျိုး ရေးမထားပါ။ ရှိနေသူများကသာ အရင် ရောက်သူများကို အဆင့်ဆင့် ဦးစားပေးကာ အလှည့်စောင့်နေ ကြခြင်းဖြစ်သည်။ အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများသို့ ခြေဆန့်ခဲ့ဖူးသူတိုင်း တန်းစီခြင်းသည် စည်းကမ်းရှိသော လူ့အဖွဲ့အစည်း၏ ပြယုဂ် လူ့ယဉ်ကျေးမှု တစ်ခုဖြစ်ကြောင်း ကိုယ်တွေ့ ကြုံဖူးကြသည်။ မိမိကဲ့သို့ လူတိုင်း နားလည် လက်ခံကာ တန်းစီကြမည်ဟု ယုံကြည်ထားကြသည်။ ထိုမနက်က ထိုစည်းကမ်းနှင့် ထိုယုံကြည်မှုတို့ အချိုးဖောက်ခံလိုက်ခြင်းဖြစ်သည်။ ချိုးဖောက်သူတွင် ယဉ်ကျေးသော အမူအရာမရှိ။ ခံလိုက်ရသူ ကျွန်မတို့၏ ယဉ်ကျေးမှုကကော။

တကယ်တော့ ထိုသို့ စိတ်ပျက်စရာ မယဉ်ကျေးသော အပြုအမူမျိုးကို ကျွန်မတို့ မကြာခဏ ကြုံတွေ့နေကြရပါသည်။ ဆူပါမားကက်များ၏ တန်းမစီ စီအောင် နေရာကျဉ်းကျဉ်းသာ ပေးထားသော ငွေရှင်းကောင်တာများတွင်ပင်ရလျှင်ရသလို အတင်း တိုးဝှေ့ဝင်ကာ ငွေရှင်းခြင်းမျိုး။ အများသုံးအိမ်သာ များတွင် အလျင်ရောက်ကာ စောင့်နေသူများကို ဦးစားမပေးဘဲ တန်းစီသူ များကိုကျော်ကာ အိမ်သာထဲက လူကို ယခုပဲ ဆွဲထုတ်တော့မတတ် တံခါးဝမှ သွားစောင့် လုဝင်ခြင်းမျိုး။ လူကူးမျဉ်းကျားပေါ်တွင်ပင် အလျင်လိုနေ ကြသော လမ်းကူးသူနှင့် ကားမောင်းသမားများ ဘယ်သူ့ကို ဘယ်သူမှ ဦးစား မပေးနိုင်ဘဲ လုယက် ဖြတ်သန်းရင်း အချေအတင် အပြန်အလှန် နင်ပဲငဆ မကြားဝံ့ မနာသာ ပြောဆို ရန်ဖြစ်ကြခြင်းမျိုး။

လူ့ယဉ်ကျေးမှုကို ဦးတည်သော လူ့စည်းကမ်းများကို ကျွန်မတို့ ငယ်စဉ် ကတည်းကပင် သင်ယူ ကြားသိခဲ့ကြတာ သေချာပါသည်။ တောင်းမှာ အကွပ်၊ လူမှာ အဝတ်ဟူသော စကားသည် လူတို့ ဖွဲ့စည်းနေထိုင်ရာတွင် မရှိမဖြစ် အရာတစ်ခုဖြစ်သော စည်းကမ်းကို ရည်ညွှန်းသော စကားပုံဖြစ်ကြောင်း မှတ်မိနေသေးသည်။ ကိုယ်ချင်းစာတရား ထားတတ် ဖို့နှင့် ကြီးသူ ရိုသေ၊ ရွယ်တူ လေးစား၊ ငယ်သူ သနားဖို့ဟူသော ဆုံးမစကား များကိုသာ သေချာနားလည် လိုက်နာကြမည်ဆိုလျှင် နံရံကပ်ထားသော ညွှန်ကြားချက် အမိန့်များမလိုပါ။

ခုဖြစ်နေပုံက နံရပ်ကပ်ထားသော တရားဝင် ပြဋ္ဌာန်းထားသော စည်းကမ်း များလည်း မထိရောက်။ မြန်မာ့ လူ့အဖွဲ့အစည်း၏ တန်ဖိုးအဖြစ် ငယ်စဉ် ကပင် သင်ယူခဲ့ရသော ယဉ်ကျေးသမှု လူ့စည်းကမ်းများလည်းပျောက်။ ကျွန်မတို့ ဘာများမှားနေပါလိမ့် တွေးကြည့်မိသည်။

ငယ်စဉ်ကတော့ စည်းကမ်းဆိုသည့် စကားလုံးကို မုန်းသည်။ လုပ်ချင်တာ မလုပ်ရ၊ စားချင်တာမစားရ၊ နေချင်သလို မနေရ။ သို့သော် ရင့်ကျက် သိတတ်လာသည်နှင့်အမျှ စည်းကမ်းဆိုသည့် စာနှစ်လုံး မည်မျှ တန်ဖိုးကြီး သည်ကို လက်ခံ သဘောပေါက်လာရသည်။ ‘ဆရာစာသင်နေစဉ် စကား မပြောရ’ ဟူသော စည်းကမ်းကို ချိုးဖောက်သော အတန်းဖော် တစ်ဦး နှစ်ဦးကြောင့် အာရုံ ပျက်ရသည့်အဖြစ်မျိုး။ သူများတကာ ပင်ပင် ပန်းပန်း ကြိုးစားချိန်တွင် စာခိုးချသော စည်းကမ်းဖောက်သူများ အောင် စာရင်းတွင် အမှတ်တွေ များကြသည့် အဖြစ်မျိုး။ ဆရာမအား တံစိုး လက်ဆောင်ပေးကာ အတန်းတက်ခြင်း၊ လူရွေးချယ်ရေး တာဝန်ခံအား လာဘ်ထိုးကာ အလုပ်ရယူခြင်း၊ ရာထူးတက်ခြင်း အစရှိသည်ဖြင့် ဥပမာများ စွာ ကိုယ်တွေ့ကြုံမှ စာနာ နားလည်တတ်လာသည်။

ကိုးတန်းအောင်ဟု မဖြည့်လျှင် နိုင်ငံကူး လက်မှတ်ရရန် မလွယ်ခဲ့ခြင်း မျိုး ဖြစ်ခဲ့ကြဖူးသည်။ အခွန် မရှောင်ချင်သော်လည်း အခွန်ဆောင် မရခြင်း မျိုးကိုလည်း ကြားဖူးနေသည်။ စည်းကမ်းရှိသည့် နေရာတိုင်းတွင် ချိုးဖောက် မှု၊ ချိုးဖောက်ရန် ကြံစည် ကြိုးပမ်းမှုများ ရှိနိုင်ပါသည်။ ရှိနေသည်လည်း ဖြစ် သည်။ အထူးသဖြင့် အသက်ရှင်ကျန်ရန် အခွင့်အလမ်း နည်းပါးချိန်၊ အရင်း အမြစ် ရှားပါးချိန်တွင် ‘လျင်သူစား စတမ်း’ စည်းဖောက်မှုများ ပိုမို များပြား ပြင်းထန်လာသည်မှာလည်း သဘာဝဖြစ်သည်။

ရှင်သန်ကျန်ရစ်နိုင်မှု (Survival) နှင့် ရှင်သန်နေထိုင်နိုင်မှု (Living) နှစ်ခု စလုံးသည် ဘဝ၏ လက္ခဏာရပ်များချည်းဖြစ်သော်လည်း တူသလိုနှင့် အလွန်ကွဲပါသည်။ ဖြောင့်မှန်စွာ ရှင်သန်နေထိုင်ခွင့်ထက် ဖြစ်သည့်နည်းဖြင့် ရှင်ကျန်ရန် အရေးကြီးသော နာတာရှည် အခြေအနေမျိုးတွင် စည်းကမ်း ချိုးဖောက်မှုများကသာ လုပ်ထုံးလုပ်နည်း ဖြစ်လာသည်။ ဘယ်သူ့မှလည်း မယုံရ။ အမှန်တရား၊ နည်းမှန်လမ်းမှန်ဆိုသည်မှာ တော်ရုံလူ မမှတ်မိတော့။ ကျွန်မတို့ လူမှုပတ်ဝန်းကျင်တွင် ထိုအခြေအနေတွင် ရှင်ကျန်နိုင် သူ၊ အောင်နိုင်သူများအတွက် နာမည် တစ်လုံး မကြာခဏ ကြားဖူးသည်။ ‘လုပ်တတ် ကိုင်တတ်သူ’ တဲ့။

မှားယွင်းမှုကို မတားဆီးနိုင်လျှင်၊ ချိုးဖောက်မှုကို အရေးမယူနိုင်လျှင် အားပေး အားမြှောက်ပြုရာ အလိုလိုရောက်သည်။ စည်းကမ်း ချိုးဖောက်ခြင်းကို လုပ်ကောင်းသည့်အရာ၊ မဖြစ်မနေ လုပ်ရမည့်အရာအဖြစ် လူတို့၏ ကိုယ၊် နှုတ်၊ စိတ်နှင့် အတွေ့အကြုံများတွင် အမြစ်တွယ်သွားခဲ့လျှင် တရား ဥပဒေ မစိုးမိုးဘဲ စည်းကမ်း ချိုးဖောက်နိုင်စွမ်းရှိခြင်းကို ဝံ့ကြွားကြသော ‘လုပ်တတ် ကိုင်တတ်သူ’ တို့သာ ကြီးစိုး တည်ဆောက်ကြမည့် လူ့ဘောင်လောကသည် တွေးကြည့်ရုံဖြင့်ပင် ကျောချမ်းစရာ ကောင်းလှပါ သည်။

မြန်မာနိုင်ငံ ပြောင်းလဲလာပြီ ဆိုကြသည်။ ပြောင်းလဲမည်လည်း ဆိုကြသည်။ စနစ်ပြောင်း ခေတ်ပြောင်းရန် ကြိုးစားနေကြသည့် ယခုလိုအချိန်တွင် ပိုမို ကောင်းမွန်သော အဆင့်မြင့်ဘဝများဖြင့် ရှင်သန်နေထိုင်ရန် အလိုအပ် ဆုံးမှာ စည်းကမ်း ချိုးဖောက်မှုများ ရပ်တန်းက ရပ်ခြင်းဟု တိတိကျကျ ဆိုပါမည်။ဘယ်နိုင်ငံမှာမှ မကြားဖူးခဲ့သည့် စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီဟူသည့် စကားရပ်၏ တာသွားပုံကို ခုမှ ပိုမို နားလည်လာမိသည်။

ပျောက်ဆုံးမတတ်ဖြစ်နေသော တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှု (Trust) ကို ကိုယ်စည်းကမ်း၊ နှုတ် စည်းကမ်း၊ စိတ်စည်းကမ်းတို့၏ အကူအညီဖြင့် သာ မြန်မာ့ လူ့အဖွဲ့အစည်းတွင် ပြန်လည် မွေးမြူနိုင်ပေလိမ့်မည်။ ရှိသင့် ရှိအပ်သော လူ့ယဉ်ကျေးမှုကိုလည်း ပြန်လည် တည်ဆောက် ကျင့်သုံးနိုင် လိမ့်မည်။

သံရုံးရှေ့ မနက်ခင်းဖြစ်ရပ်တွင် စည်းကမ်းရှိသူများက စည်းကမ်းဖောက်သူ တစ်စုကို မကြိုက်သော် လည်း ရန်စကား မပြောခဲ့ကြပါ။ ပြောခွင့်မရှိ၍တော့ ဟုတ်မည်မထင်ပါ။ ကိုယ်၊ နှုတ်၊ စိတ် ယဉ်ကျေးမှု အပျက်မခံဘဲ သဘောထားကြီးနိုင် သည်းခံနိုင်ကြတာသာ ဖြစ်လိမ့်မည်။ စည်းကမ်းဖောက် သူနှင့် အပေါင်းအပါများ ထွက်သွားပြီးသောအခါ ကျန်လူများ ဆက်လက် တန်းစီခဲ့ကြပါသည်။ ကိုယ်ပိုင်ချထားသော ကိုယ်ပိုင်စည်းကမ်းကို မည်သူဖောက်ဖောက် ကိုယ်မဖောက်၊ အချင်းချင်း မယုံသင်္ကာမရှိ၊ တစ်ယောက်နှင့် တစ်ယောက် မတိုး၊ မလု၊ အလှည့်မကျော်။ လူကြီး လူကောင်း ပီသစွာ ယဉ်ကျေးစွာဖြင့်။

ထိုမနက်ကို ပြန်တွေးမိတိုင်း စည်းကမ်း စောင့်ထိန်းကြသော ယဉ်ကျေးသူ များနှင့်အတူ တန်းစီခဲ့ရသည့် အချိန်ကလေးအတွက် အမြဲ ဂုဏ်ယူနေမိပါ သည်။

Credit To The Voice Weekly
Read More »

အဟောင်းစနစ်ကို အကောင်းအသစ်ဖြစ်စေခြင်း

တရုတ်ပြည်တွင် ၁၉၇၇ ခုနှစ်ကစတင်ပြီး “တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ” (National Entrance Examination, China’s SAT) စနစ်ကို ပုံစံပြောင်းကာ ပြန်လည် အသက်သွင်းခဲ့သည်။ ထိုစာမေးပွဲကို အင်္ဂလိပ်လို အတိုကောက်အားဖြင့် NEEC ဟုခေါ်သလို တရုတ်လို ဂေါင်ကောင်း (Gaokao) ဟုလည်း လူသိများသည်။
ဂေါင်ကောင်းစာမေးပွဲကို ၁၉၆၆ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ပြည်တွင်းနိုင်ငံရေး မငြိမ်သက်မှုများကြောင့် ရပ်ဆိုင်း ထားခဲ့ရသည်။ ကွန်မြူနစ်စနစ် အားကောင်းနေချိန် ဖြစ်သဖြင့် အလုပ်သမား၊ လယ်သမားနှင့် စစ်သားများအတွက် အထက်တန်းပညာကို ဆည်းပူးခွင့် ရရန်ဆိုကာ မူဝါဒ အမျိုးမျိုး ပြောင်းလဲ သတ်မှတ် ကျင့်သုံးခဲ့သည်။ ထိုကာလတွင် ပညာအရည်အသွေးထက် နိုင်ငံရေးနှင့် မိသားစု နောက်ခံကို ကြည့်ပြီး ဆုံးဖြတ်ကာ တက္ကသိုလ်တက်ခွင့်ကို သတ်မှတ်ခဲ့သည်။ ယခင်တက္ကသိုလ်တွင် ပညာဆည်းပူးခွင့်ကို လေးနှစ် သတ်မှတ်ခဲ့သော်လည်း ထိုကာလတွင် ပညာသင်နှစ်ကို သုံးနှစ်နှင့် နှစ်နှစ်အထိ လျှော့ချခဲ့သည်။ ကွန်မြူနစ်များ ကြီးစိုး လွှမ်းမိုးခဲ့သည့် ထိုကာလ တက္ကသိုလ် ကောလိပ် ကျောင်းသားများကို “အလုပ်သမား- လယ်သမား-စစ်သားကျောင်းသားများ” ဟု ခေါ်ကြသည်။
ကွန်မြူနစ်တို့ ပြင်ဆင် သတ်မှတ်ခဲ့သည့် တက္ကသိုလ်ဝင်ခွင့်စနစ်ကို ၁၉၇၇ ခုနှစ် အောက်တိုဘာလ တွင် ဖျက်သိမ်းလိုက်သည်။ ပညာ အရည်အသွေးအလိုက် တက္ကသိုလ်ဝင်ခွင့် ရွေးချယ်ခြင်း စနစ်ကို ပြန်လည် ကျင့်သုံးခဲ့သည်။ ၁၉၇၇ ခုနှစ် ဆောင်းရာသီတွင် ကျောင်းသားပေါင်း ၅ ဒသမ ၇ သန်း စာမေးပွဲဝင် ဖြေကြသည်။ ထိုအထဲတွင် တက္ကသိုလ်ဝင်ခွင့် ရရှိသူမှာ ၂၇၃,၀၀၀ ဦးသာ ဖြစ်သည်။ နောက်နှစ် ၁၉၇၈ ခုနှစ်တွင် တရုတ်ကျောင်းသား ၆ ဒသမ ၁ သန်း ဝင်ဖြေသည်။ တက္ကသိုလ် ဝင်ခွင့်ရသူ ၄၀၂,၀၀၀ ဦး ဖြစ်လာသည်။
တရုတ် လူနေမှုစနစ်တွင် စာမေးပွဲစနစ်သည် ဘုရင်ခေတ်ကတည်းက အရေးပါခဲ့သည်။ ၁၉၇၇ ခုနှစ် ကွန်မြူနစ် ပညာတတ် နှိမ်နင်းရေးခေတ်လွန်တွင် ပညာဖြင့်သာကျေးလက်က ရုန်းထွက်နိုင်မည် ဆိုသော စိတ်ဓာတ်များ ပြန်လည်နိုးထလာခဲ့သည်။ ပညာတတ်တွေ ပုန်းနေရသောခေတ်မှ ‘ပညာတတ်လူငယ်’ ဆိုသည့်ဘဝကို ပြောင်ပြောင်တင်းတင်း ရင်ကော့ပြီး ထွက်လာနိုင်သည့် အခြေအနေသို့ ရောက်လာသည်။
ဂေါင်ကောင်းကို ရပ်စဲထားသည့် ကာလတွင် မြို့နေလူတန်းစားတို့ ကောလိပ်လည်း တက်ခွင့်မရှိ၊ အလုပ်လည်း မရခဲ့ကြပေ။ ပညာသင်ကြားရမည့်အစား မြို့နေ တရုတ်ကျောင်းသား ၁၈ သန်းတို့ကို ကျေးလက်သို့ အပို့ခံလိုက်ရသည်။ မြို့နေ ပညာတတ်တို့ကို ကျေးလက်သို့ ပို့သည့်စနစ်သည် ၁၉၈၀ ပြည့်နှစ်လောက်တွင် ရပ်ဆိုင်းသွားခဲ့သည်။
တရုတ်ပြည်သူ့ နေ့စဉ်သတင်းစာ၏ လေ့လာဆန်းစစ်ချက်အရ ၁၉၇၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း ဂေါင်ကောင်း စာမေးပွဲတွင် အမှတ်ကောင်းကောင်းဖြင့် အောင်မြင်ခဲ့သူ ၁၀၀၀ တွင် တစ်ဦးတစ်ယောက်မျှ ထွန်းထွန်းပေါက်ပေါက် ဖြစ်ခဲ့သူ မရှိကြောင်း ဖော်ပြထားချက်ကို တွေ့ရသည်။
ကျေးလက်မှ မြို့သို့ ပြန်လာကြသည့် တရုတ်ကျောင်းသားတို့သည် မျှော်လင့်ချက် ကြီးစွာဖြင့် ပညာရေးကို လွမ်းဆွေး နေခဲ့ကြရသည်။ ဂေါင်ကောင်းဆိုသည့် အဓိပ္ပာယ်ကို သူတို့က ဒုက္ခမှ လွတ်မြောက်ခြင်းဟု ခံယူထားခဲ့ကြသည်။ တက္ကသိုလ်ဝင်ခွင့်ကို ပညာအရည်အချင်းအလိုက် မရွေးဘဲ၊ မိဘနောက်ခံ၊ ပါတီနောက်ခံဖြင့် ရွေးချယ် ခဲ့ခြင်းကြောင့် တရုတ်ပြည်တွင် ဆယ်စုနှစ်တစ်စု ပညာတတ်များ တိမ်ကောခဲ့ရသည်။
ဂေါင်ကောင်းစာမေးပွဲသည် တရုတ်ပြည် လူနေမှုကို အလွှမ်းမိုးဆုံး စာမေးပွဲစနစ်တစ်ခုဟု ဆိုနိုင်သည်။ တစ်နှစ်လျှင်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ဇွန်လ ပထမပတ်တွင် ကျင်းပလေ့ရှိသည်။ ဆရာရော ကျောင်းသားတွေ အပေါ်ပါ အလွန်ဖိစီးမှုများသော စာမေးပွဲတစ်ခု ဖြစ်ပြီး မိဘများပါ အကဲဆတ်ကြသည့် စာမေးပွဲလည်း ဖြစ်သည်။
ဆရာများ အနေဖြင့်လည်း မိမိကျောင်းမှ တက္ကသိုလ်ဝင်ခွင့် အများဆုံးရသည်ကို ဂုဏ်ယူလိုသဖြင့် တက္ကသိုလ်ဝင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသားများကို အတင်းတွန်းကာ မောင်းကြသည်။ ဘာသာ ရပ်တစ်ခုကို နှံ့စပ်စွာ သင်ကြားမည့်အစား စာမေးပွဲတွင် မေးနိုင်သည့် မေးခွန်းများကိုသာ ထပ်ကာတလဲလဲ လေ့ကျင့် ဖြေဆိုခိုင်းသည်အထိ ဖြစ်လာသည်။ ထိုစနစ်သည် ကျောင်းသားများအား ပီကင်းဘဲကို အစာသွပ်သလို (Cramming) ဖြစ်စေခဲ့သည်။ ဆရာက ထည့်ပေးလိုက်သမျှကိုသာ ဦးနှောက်အတွင်း မှတ်သားထားပြီး ဒါမေးဒါဖြေ လောက်သာ သိကြတော့သည်။
စာမေးပွဲ ဖြေရမည့် အကြောင်းအရာလောက်ကိုသာ သင်ခြင်းက ဖန်တီးတွေးခေါ် စဉ်းစားဆင်ခြင်နိုင်စွမ်း (Critical Thinking) ကို အားနည်းစေသည်။ ကျောင်းသား၏ သင်ယူနိုင်စွမ်းနှင့် စိတ်ခံစားချက် များကို လျစ်လျူရှုခြင်း၊ တစ်ဦးချင်းစီ၏ ကိုယ်ရည်ကိုယ်သွေးကို ဂရုမပြုခြင်းများကြောင့် ကျောင်းသားများသည် သက်မဲ့ စက်ရုပ်များပမာ ဖြစ်လာသည်ဟု ဝေဖန် ပိုင်းဖြတ်မှုများ ရှိလာသည်။ ကျောင်းသားများ၏ စိတ်တွင် မေးခွန်းမတိုးမည်ကို စိုးရိမ်သောက များသောကြောင့် အချို့ဆိုလျှင် စာမေးပွဲခန်း အတွင်းသို့ ဝင်ရမည်ကိုပင် ကြောက်ရွံ့ထိတ်လန့် နေကြကြောင်း တွေ့ရသည်။
ဂေါင်ကောင်းတွင် ကောင်းကျိုးနှင့် ဆိုးကျိုးနှစ်မျိုး ရှိသည်။ ကောင်းကျိုးများမှာ အရည်အချင်းနှင့် စွမ်းရည်ကို မျှတစွာ ရွေးချယ်သည့် စာမေးပွဲတစ်ခုဟု သတ်မှတ်ကြသည်။ ပညာရေးတွင် အဆင့်တစ်ဆင့် အနေဖြင့် ဂုဏ်မြင့်စွာ သတ်မှတ်ခြင်း ခံထားရသည့် စာမေးပွဲ ဖြစ်သည်။ ကျေးလက်နေ ကျောင်းသားကျောင်းသူများကို စီးပွားရေးနှင့် လူမှုရေးအမြင်များ ပြောင်းလဲသွားစေ နိုင်ခဲ့သည်။ အသိပညာ အတတ်ပညာ အဆင့်အတန်းတစ်ခုကို သတ်မှတ်ပေးနိုင်ခြင်း ဖြစ်သည်။
ဆိုးကျိုးများ အနေဖြင့် ပြည်နယ်အလိုက် စာမေးပွဲရမှတ်များကို ခွဲခြားသတ်မှတ်ကာ ကျောင်းဝင်ခွင့် လက်ခံခြင်း ဖြစ်သည်။ လူနေထူထပ်သည့် ပြည်နယ်ဒေသများတွင် စာမေးပွဲဝင်သည့် ကျောင်းသားက များပြီး၊ ကျေးလက်များတွင် ကျောင်းသားနည်းခြင်းကြောင့် ရမှတ် ခွဲခြားပိုင်းဖြတ်လိုက်ခြင်းကြောင့် လူနေထူထပ်သည့် ပြည်နယ်ဒေသများမှ ကျောင်းသားများကို နစ်နာစေသည်။ ရမှတ်နှင့် အောင်လက်မှတ် ဆိုသည်မှာ မတူညီပေ။ ရမှတ် ကောင်းသူများကို တက္ကသိုလ်ဝင်ခွင့် လက်ခံပြီး အမှတ်အလိုက် ဖြတ်ချခြင်းကြောင့် အမှတ်ကောင်းပြီး၊ အရည်အချင်း မရှိသူများလည်း ရှေ့တန်း တက်လာနိုင်သကဲ့သို့ ဖြစ်သွားသည်။ စာမေးပွဲရမှတ်ကိုသာ အလေးထားခြင်းကြောင့် သင်ကြားသူရော၊ သင်ယူသူတို့ပါ ဘာသာရပ်တစ်ခုတွင် နှံ့စပ်စွာ တတ်မြောက်ရန် အလေးမထားတော့ဘဲ စာမေးပွဲတွင် အမှတ်ကောင်းစေရန်သာ ကြိုးစား ကြတော့သည်။
၂၀၁၃ ခုနှစ် ဇွန်လ ၇ ရက်နှင့် ၈ ရက်နေ့တို့တွင် တရုတ်ပြည်၌ ဂေါင်ကောင်း စာမေးပွဲကို တစ်ပြည်လုံးတွင် တစ်ပြိုင်နက်တည်း ကျင်းပခဲ့သည်။
တရုတ်ပြည်တွင် ဂေါင်ကောင်း ဖြေဆိုမည့်လတွင် အထူးသဖြင့် တိတ်ဆိတ်နေတတ်သည်။ ကားဟွန်းများပင် မတီးရန် ကန့်သတ်ထားခြင်း ခံရပြီး ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း ရပ်ဆိုင်းထားကြရသည်။ ထိုကာလများတွင် ပြည်တွင်း သတင်းစာများ၌ ကျောင်းသားများ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းဆိုသည့် သတင်းမှာ ခေါင်းကြီးပိုင်း သတင်းများ ဖြစ်နေတတ်သည်။ နှစ်စဉ် ဂေါင်ကောင်း စာမေးပွဲ ကျင်းပတိုင်း အနည်းဆုံး သုံးဦးခန့် ကိုယ့်ကိုယ်ကိုယ် သတ်သေမှုများ ဖြစ်ပွားခဲ့သည်။
စာမေးပွဲက နှစ်ရက်သာ ကျင်းပသည်။ ပထမရက် နံနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ ဘာသာစကားနှင့် ယဉ်ကျေးမှု စာမေးပွဲကို ဖြေဆိုကြရသည်။ ယခုနှစ်တွင် စာလုံး ရေ ၈၀၀ ခန့်ဖြင့် စာစီစာကုံးတစ်ပုဒ် ရေးခိုင်းသည်။ ခေါင်းစဉ်က “အကယ်၍ သောမတ်စ် အယ်ဒီဆင်သာ ၂၁ ရာစုတွင် ရှိခဲ့လျှင် မိုဘိုင်းလ်ဖုန်းကို မည်သို့စဉ်းစားမည် ထင်ပါသနည်း” ဟူ၍ ဖြစ်သည်။ မွန်းလွဲ ၃ နာရီမှ ညနေ ၅ နာရီအထိ သင်္ချာဘာသာ ဖြေရသည်။ တက္ကသိုလ်အဆင့်တွင် လုံးဝ မမျှော်မှန်းနိုင်သည့် ဗြိတိန်မှ ခက်ခဲရှုပ်ထွေးသည့် သင်္ချာ ပုစ္ဆာတစ်ပုဒ်လည်း ပါလာသည်။
ဒုတိယနေ့တွင် နံနက်ပိုင်း၌ လူမှုရေး ဘာသာရပ် သို့မဟုတ် သိပ္ပံဘာသာကို ဖြေရသည်။ ထိုနှစ်ဘာသာကို စိတ်ကြိုက် တစ်ဘာသာ ရွေးချယ်ဖြေဆိုခွင့် ပြုထားသည်။ လူမှုရေး ဘာသာရပ်တွင် နိုင်ငံရေးဆိုင်ရာ မေးခွန်းများပါသည်။ ဥပမာ- မော်စီတုံး အတွေးအခေါ်နှင့် ကျန်ဇီမင်းတို့၏ အတွေး အခေါ်များကို မေးတတ်သည်။ ယနေ့ ကွန်မြူနစ်ပါတီတွင် ရေပန်းစားနေသည့် သဘောတရား တစ်ခုဖြစ်သော ‘သုံးဦး ကိုယ်စားလှယ်’ အကြောင်းကို ရေးခိုင်းသည်။ ညနေပိုင်းတွင် နိုင်ငံခြားဘာသာစကား တစ်ခုကို ဖြေရသည်။ များသောအားဖြင့် အင်္ဂလိပ်စာကိုသာ ဖြေဆိုကြရသည်။
ဂေါင်မင်ကျိသည် ဘေကျင်းနိုင်ငံရေးနှင့် ဥပဒေတက္ကသိုလ်သို့ တက်ရောက် ပညာသင်ကြားလိုသူ ဖြစ်သည်။ သို့သော်သူမသည် လူမှုရေးဘာသာအစား သိပ္ပံဘာသာတွဲကိုသာ ဖြေဆိုခဲ့သည်။“ကျွန်မ က အများကြီး မှတ်မိနိုင်စွမ်း မရှိဘူး” ဟုဆိုသည်။ တရုတ် ပညာရေးစနစ်တွင်လည်း ဒါဖတ်၊ ဒါမှတ် စနစ်သာ လွှမ်းမိုးနေသဖြင့် ဘာသာရပ် ကျွမ်းကျင်မှုကို အလေးထား၍ မရပေ။
ဂေါင်မင်ကျိက “ဂေါင်ကောင်းမှာ မှားမှန်ရောထွေး အမှန်ရွေး (Multiple Choice) အနေနဲ့ မေးနေသေးတာ လုံးဝအဓိပ္ပာယ် မရှိဘူး။ တက္ကသိုလ်ပဲတက်တက်၊ တခြားလိုင်းတွေကိုပဲ သွားသွား အဲဒီစနစ်က သုံးစားမရပါဘူး” ဟု ဝေဖန်သွားသည်။ ဂေါင်က ဆက်ပြီး “ဂေါင်ကောင်းကို ဖြေရတာ သေချင်လောက်အောင် ပင်ပန်းတယ်။ စိတ်လည်း ကုန်တယ်။ ဒါပေမဲ့ ကျွန်မတို့မှာ အခြားရွေးချယ် ခွင့်လည်း မရှိဘူးလေ” ဟု ဝေဖန်သွားသည်။
ယခုနှစ်အတွင်း တရုတ်တွင် ဂေါင်ကောင်း စာမေးပွဲဖြေဆိုသူ ကိုးသန်းရှိသည် ဆိုသဖြင့် ဆွီဒင်နိုင်ငံ လူဦးရေခန့် ရှိသည်။ ထိုကိုးသန်း နောက်ကွယ်တွင် မိဘတွေ၊ ဆရာတွေက သောကတွေဝေပြီး ရှိနေကြရသေးသည်။ သန်းပေါင်းများစွာ ပြည်သူတို့ ယခုလအတွင်း တရုတ်ပြည်တွင် စိတ်မောလူမော ဖြစ်ခဲ့ကြရသည်။
ကမ္ဘာတစ်ဝန်းလုံးတွင် တရုတ်ကျောင်းသားတွေ ရလဒ်ကောင်း၊ အမှတ်ကောင်းကြောင်း သတင်းကြီးပါသည်။ အမေရိကန်ပြည်ထောင်စုတွင် မီဒီယာများက အာရှတွင် တရုတ်ပြည်မှ ကျောင်းသားများသည် စာမေးပွဲစနစ်နှင့် ယဉ်ပါးပြီး စည်းကမ်း တင်းကျပ်သည့် စာမေးပွဲကို အချိန် ကုန် အပင်ပန်းခံပြီး ကြိုးစား ဖြေဆိုကြကြောင်း၊ သူတို့ သင်ရိုးညွှန်းတမ်းများသည် သူတို့စနစ်နှင့် အံဝင်ခွင်ကျ ဖြစ်စေရန် ဖန်တီးထားပြီး သူတို့နိုင်ငံတွင် သိပ္ပံနှင့် သင်္ချာကို အလေးပေးနေမှုမှာ အောင်မြင်မှုများ ရနေကြောင်း ရေးသားဝေဖန်ခဲ့ကြသည်။
စာမေးပွဲကို ဗဟိုပြုသည့် ပညာရေးစနစ်ကို တစ်ကမ္ဘာလုံးက ဝေဖန်ပြီး ပြုပြင် ပြောင်းလဲမှုများ ရှိနေသည်။ နိုင်ငံတကာ ပညာရေးစနစ်တွင် မူကြိုမှသည် အလယ်တန်း အထက်တန်းအဆင့်အထိ သင်ကြားသင်ယူခြင်း ပုံစံတွေ ပြောင်းလဲနေကြပြီ ဖြစ်သည်။ ကျောင်းသားများကို စာမေးပွဲဖြင့် ခြိမ်းခြောက်ရန်မဟုတ်၊ နိုးကြားတက်ကြွသည့် စိတ်ဓာတ်ဖြင့် တီထွင်မှု ရှိစေရန်၊ Critical Thinking များလုပ်တပ်စေရန် လေ့ကျင့်ပျိုးထောင် ပေးရမည်ဟု ခံယူထားပြီး ပညာရေး လမ်းကြောင်းကို ပြောင်းလဲပေးနေပြီ ဖြစ်သည်။
တရုတ်ပြည် ပညာရေး ပြုပြင် ပြောင်းလဲမှုမှာ အလှမ်းဝေးလှသေးသည်။ ဆယ်စုနှစ်ပေါင်းများစွာ ရပ်ဆိုင်းထားခဲ့သည့် စာမေးပွဲစနစ်ကို ပြန်လည် အသက်သွင်းသည်။ ထိုစာမေးပွဲစနစ်ကလည်း ပညာရေးတွင် အတန်းတက်ရေးသာ ဖြစ်နေပြီး ရှေ့ဆက်ရန် ခရီးအတွက် အလှမ်းဝေးလှသည်။ ပညာတတ်သော်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ရှားပါးမှုက ဘွဲ့တစ်ခုသာ အဖတ်တင်ပြီး နိုင်ငံခြားသွားကာ အလုပ်ရှာခြင်းမှာ တရုတ်၏ နောက်ဆုံးပေါ် စိတ်ကူးအိပ်မက်များ ဖြစ်နေပြန်သည်။
တရုတ်ပြည်က ထူးချွန်သူများကို နိုင်ငံခြားထွက်ပြီး အလုပ် လုပ်ကိုင်ခွင့်ပြုသည်။ သူတို့နိုင်ငံက ကျောင်းသား ပညာတတ်တွေကို တရုတ်အစိုးရကလည်း လိပ်ကလေးများဟု သဘောထားသည်။ လိပ်ကလေးတွေက ဘယ်နေရာ ဘယ်အရပ် ရောက်ရောက် ကိုယ့်မွေးသည့် နေရာသို့သာ ပြန်လာလေ့ရှိသည် မဟုတ်ပါလား။ ထို့ကြောင့် နိုင်ငံတကာသို့ထွက်ပြီး ပညာတတ် တရုတ်တွေ အလုပ်လုပ်၊ အတတ်ပညာ အသိပညာတွေ စုံလာလျှင် ကိုယ့်တိုင်းပြည်ကိုယ်ပြန် ကိုယ့်နိုင်ငံအကျိုးကို လုပ်ရင်း လူသားရင်းမြစ်များ၊ ပညာရင်းမြစ်များ၊ အတွေ့အကြုံ ရင်းမြစ်များ၊ အသိပညာ ရင်းမြစ်များ စုဆောင်းမိထားသည့် တရုတ်သည် အနာဂတ်တွင် မည်သူ ယှဉ်လို့ရပါတော့နိုင် အနေအထားသို့ ရောက်ရှိနေမည်မှာ မလွဲဧကန် ဖြစ်ပါတော့သည်။
 Credit To The Voice Weekly
Read More »

တောကြောင်တွေ လက်ခမောင်းခတ်နေပြီ

မြက်တော ခြုံတောထဲမှာ အပ်ကို ရှာ၊ နာနာဘာဝတွေကို သီချင်းဆိုပြ၊ ဓားကို ဂျုံနဲ့သွေး၊ ဟားတိုက်ပြီး လှောင် ရယ်မောနေသူတွေကိုမှ အားနာပါး နာ နဲ့ ပြန်ပြုံးပြနေသေးတော့တယ်။ ချဉ် လိုက်ပါဘိ။ လိမ်စား ညာစား တတ်တဲ့ လူမသမာတွေအကြားကို အထုပ်ကြီး ပိုက်ပြီး ရိုးရိုးအအလေး ဝင် သွားပုံကိုက ကျားရှေ့မှောက်လျက်လဲလေတဲ့ လမ်း ပြသမင်ငယ်လေးလို။ သည်အတိုင်းဆို ရင်တော့ နောက်လိုက်တွေ အားလုံး လမ်းပြမဲ့ရော့ မယ်။

တောနက်ထဲ မျက် စိလည်ရင်း ယောင်နန ကြောင်အအနဲ့ တို့တစ်တွေ အားကိုးမဲ့ရတော့မှာလား။မူလတန်းဖတ်စာထဲကလို ”ခြင်္သေ့ နှင့်တောဝက်တို့ သည် ရေအိုင်တစ်အိုင် ၌ သူအရင်သောက်မည်။ ငါအရင် သောက်မည်ဟု…” ဆိုသလို အငြင်း ပွား အချင်းများရာက နောက်ဆုံး လင်းတစာ ဖြစ်သွား ကြပါဦးမယ်။ သင် ဖူးတဲ့ စာတွေ မေ့မထားနဲ့။ နိုင်ငံတကာ ပညာတွေတတ်မှ အများအကျိုးဆောင် လို့ ရတာမဟုတ်ဘူး။ မူလတန်း ဖတ် စာ လေးတွေ ပဲ ကြေညက်အောင် ပြန်လေ့ လာရင်း ကောင်းတဲ့ဓလေ့ ကျင့်ကြံယူ ကြ။ အခြေမခိုင်ရင်တော့ လေတိုက် တိုင်း လွင့်ရလိမ့်မယ်။ ကျား ဆွဲလိမ့် မယ်၊ နွား မကွဲကြပါနဲ့။ မူလတန်းလေးတွေကမှ တော်နေသေးတယ်။

”နွံထဲ၌ လှည်းဘီးကျွံနေသည်။ ကူ ၍တွန်းပေးကြပါ။ လေးလွန်း၍ မတွန်း နိုင်ဘူးလား။ ပြိုင်တူတွန်းလျှင် ရွေ့နိုင် ပါသည်” ဆိုတဲ့ စာကဗျာလေးတွေ ကို သံပြိုင်ရွတ်နေတာက ဆင်ရိုင်းတွေဖြစ် နေတယ်ဆို ရင်တော့ ရွာသားတို့ရေ အ ထုပ်လေးတွေ အသင့်ပြင် ပြေးဖို့သာ ပြင်ထား။ တို့ရွာရဲ့စည်းရိုးေ တွက ယိုင် နဲ့နေတယ်။ တို့ရွာမှာ သူရဲကောင်းတွေ ထင်းခုတ်သွား ငါးဖားရှာနေကြတယ်။ အားကိုးရာဆိုတာ ကံသာအမိ ကံသာ အဖလို့သာ နှလုံးပိုက်ကြပေရော့။ အခါ တော်ပေးတွေလည်း မော့မော့ေ မာ့မော့ နဲ့ ရွာလည်ထွက်ပြီး ပျော်နေကြတယ်။ ပျော်ရာ မှာနေပြီး တော် ချင်ရာတော်နေ ကြပေါ့။ ယုန်နဲ့လိပ် အပြေးပြိုင်သလို ဖြစ်နေပါပြီ။ ကိုယ့်ဘက်ကိုယက် အကြံ ထက်တဲ့ လိပ်တွေကို လျှော့တွက်ပြီး အရည်အချင်းရှိရက်နဲ့ အရှုံးပေး ဦးမှာ လား။

သင်္ဘောကြီးနစ်သလိုပေါ့။ သင်္ဘော ကြီးနစ်မှတော့ သင်္ဘောကြီးနဲ့ လိုက်သူ တွေ သေရတော့မယ်။ ရာသီဥတု ကောင်းပါရက်နဲ့ ပဲ့ကိုင်ရှင်တွေ မညံ့ေ စ ချင်ဘူး။ ဘာမသိ ညာမသိ သဘာပတိ ကြီးတွေနဲ့ ငါသိငါတတ် ဆရာအမတ် တွေကြားမှာ ရိုးသားတဲ့ ဖိုးသခွားလေး တစ်ယောက် ကျွမ်းထိုးေ မှာက်ခုံ ဖြစ်နေ တယ်။ အမြင်မတော်တဲ့သူတွေ စေတ နာနဲ့ ဝိုင်းကူပေးပါဦး။ ကတွတ်ပေါက် ကနေ ဗျိုင်းကြီးတွေ စောင့်နေတယ်။

ပါးစပ်ပြဲကြီးတွေနဲ့ စားမယ် ဝါးမယ် တကဲကဲ။

အားပေးနေတဲ့ကြားက အမှား တွေးတော့ အယူတိမ်းတဲ့ နတ်စိမ်းလို တကယ်မစားရဘဲ အငွေ့နဲ့ ကျေနပ်နေ ကြတော့မှာလား။အားစမ်း တဲ့ပွဲအလီလီ မှာ ဇွဲမညီဘူးဆိုရင်တော့ တစ်ကောင် ချင်းသာခေါင်းလေးငုံ့ ကိုယ်လေးကျုံ့လို့ မြေခွေးတွေ စားဖို့ လည်စင်းပေးလိုက်ပေါ့။

မှန်းချက်နဲ့ နှမ်းထွက် မကိုက်တဲ့ စုတ်တသပ်သပ် ရင်မောရခြင်းတွေက မိုးခေါင်သွားတဲ့ ရွာကို နေဆယ်စင်း ထပ်ပူသလိုမျိုးပေါ့။ တို့အားကိုးတဲ့ ဓား တွေက မြက်တွေတောင် ခုတ်လို့မလဲ ဘူး။ စုတ်နေတဲ့ အဝတ်စတွေကမှ လက်ပေရင် သုတ်လို့ရဦးမယ်။ အချိန်မီ ချုပ် အစုတ်သက်သာမို့ လသာ တုန်း ဗိုင်းငင် မိုးရွာတုန်း ရေခံအခွင့်သာခိုက် လိုက်ကြပါဦး။ ညောင်ထောက် ပြီး ရေ လောင်းကြပါဦး။

အသည်းတယားယားနဲ့ အမဲသား ကြိုက်တဲ့ ဘီလူးကြီးတွေက သွားရည် တမြားမြားနဲ့ စောင့်နေကြပြီ။ ကိုယ့် နွားတွေကိုယ်လုံခြုံရေးယူကြ။ ထုံအ အ ပေကပ်ကပ်နဲ့ လူစွာတွေလုပ်ပြီး ထုံရွှင် တော့ မလုပ်ကြပါနဲ့။ ဟိုအရင်ဘဝထက် ဆယ်ဆဆိုးသွားမယ်။ တဖြည်းဖြည်း မြေမျိုလာလိုက်တာများ အခုဆို လည် ပင်းပဲကျန်တော့တယ်။

Young people have full of hope in free from fear လူ ငယ်ဟာ ကြောက်လန့်မှုကင်းပြီးတော့ မျှော်လင့်ချက်တွေ ပြည့်နေတဲ့လူ” အဖြစ်နဲ့ အားလုံးက အသိအမှတ်ပြုတာ ခံခဲ့ကြပြီးမှ အသက်ကြီးလာတာ နဲ့အမျှ ရဲစွမ်းသတ္တိတွေကို မတွေ့ရတော့ဘူး။ “An empty sack can not stand straight” အူမ မတောင့်နိုင်လို့ သီလ မစောင့်ကြတာလား။ ဇာတ်တူသားချင်း စားကုန်ပြီ။ ယှဉ်ပြိုင်ဖို့ လက်ခမောင်း ခတ် ကြိုးဝိုင်းထဲ ဝင်ပြီး မှ မေတ္တာသုတ် ရွတ် ကရုဏာထားပြီး ထိုးကြိတ်သမျှ သဘောထား ကြီးကြီးနဲ့ ခွင့်ပြုနေဦးမယ် ဆိုရင်တော့ အစကတည်းက ပွဲစင်ပေါ် တက်မလာကြ နဲ့ပေါ့။ နာမည်ခေါ် အား ပေးတဲ့ ပရိသတ်ကို အရှက်ရအောင် မလုပ်ကြပါနဲ့။နေရာမှားနေတဲ့ စိတ်ထားတွေနဲ့ စေတနာအမှားပါလို့ နားလည်ပေးဖို့ရာ ကိုယ့်ကိုယ်ကိုယ် ငါမှားသွားပါလားလို့ တွေးမိဖို့တော့ လိုပါသေးတယ်။ သူနိုင် ကိုယ်နိုင် အပြိုင်နွှဲတဲ့ပွဲမှာ အကျိုးဆက် က မျိုးဆက်တွေအတွက်မို့ အထူးသတိ ထားပေးပါ။ အားလုံးအတွက် အနစ်နာခံအသုံးချခံရအောင်လည်း စစ်မရောက် ခင် မြားမကုန်ပါနဲ့ဦး။ အလစ်အငိုက် ရန်တွေကိုကျော် လွှားပြီး ပန်းတိုင်ရောက် တဲ့အထိ ချီတက်ပေးကြပါဦး။ လမ်းခု လတ်မှာ မထားခဲ့ပါနဲ့။ အားလုံးပျော် တာ ကြည့်ချင်စိတ်လေး မွေးပေးပါဦး။ ကျားနဲ့ သမင်ဆိုတာတစ်ခြံတည်းထား ပြီးမွေးလို့ မရပါဘူး။

ကိုယ်စွန့်စားခဲ့သလို ကိုယ့်အတွက် စွန့်စားခဲ့ကြတဲ့ လူထုနဲ့ ဂျာနယ်တွေ၊ တစ်လှေတည်းစီး တစ်ခရီးတည်းသွား ခဲ့သူတွေစကား နားစွင့်ထားပေး ပါဦး။ စိုးရိမ်တယ်။ ရွှေလမှာ တိမ်မည်းတွေ ဖုံးလို့ ရွာဦးကျောင်းမှာ ငှက်ဆိုးတွေ နားနေပြီလား။ ပရိယာယ်တွေကြားမှာအသိမကြွယ်ဘဲ အဖြူရောင် ဝတ်ရုံလေး ခြုံပြရုံနဲ့တော့ စားမယ့် ကျားတွေက နောက်ေ ကြာင်း ပြန်လှည့်သွားမှာ မဟုတ်ဘူး။ အရူးကွက်နင်းပြီး ဇယား တွေရွှေ့၊ ကျားကွက်တွေ ကစားနေ တယ်။ ရဟတ်စီးသလို မြင့်ရာက နိမ့် ဆင်းသွားပုံက ခံစားရသူတွေအတွက် ရင်ဖိုလှိုက်မော သေငယ်ဇောကပ် ချင်နေ ပြီ။ ဘေးချော်မနေ ပါနဲ့။ လမ်းသားပေါ် ပြန်တက် ဟန်ချက်ညီညီနဲ့ ချီတက်ကြ ပါဦး။ အားကိုးမျက်လုံးတွေမှာ မျက်ရည် တွေ စို့နေပြီ။ တို့တစ်တွေ ငိုတာတောင် ချော့မယ့် သူမရှိတော့ဘူး။ သူတို့အချင်း ချင်း စိတ်ဆိုးစိတ်ကောက်နေတာကိုပဲ ဝိုင်းပြီး ဖြန်ဖြေနေရတာနဲ့တင် မျက်ရည် တွေတောင် ခြောက် ကုန်ပြီ။ နောက် ကောက်ကျမှာစိုးလို့ သတိပေးရင်လေး နေမိတာပါ။

ပြည်သူလူထု ကောင်းစားဖို့ ဆိုရင် အသုံးချလည်း ခံပါ့မယ်ဆိုတဲ့ စကားနား ဝမှာ ပျားသကာလို ချိုလှပေမယ့် ခုတ် ရာတခြား ရှရာတစ်လွဲ ဖြစ်နေ တယ်။ ရွာဓလေ့ကို မသိဘဲ ရွာထိပ်က မောင်း ကို ထုတယ်။ အသံသာလို့ ဆိုပေမယ့် တစ်ရွာလုံး ရုတ်ရုတ်သဲသဲ။ အဲဒါရွာသာ ဖို့ ထုတဲ့မောင်း မ ဟုတ်ဘူး။

အသုံးချခံတာချင်း အတူတူ လူ နပ်တွေ အတွက် မဖြစ်ပါစေနဲ့။ ရွာသား အများစုရဲ့ အသုံးချတာပဲ ခံပေးပါလို့ တောင်းဆိုလိုက်ပါတယ်။ နွံထဲမှာ ပတ္တမြားကြီး နစ်နေတယ်။ စည်းလုံး ခြင်းသည် အင်အား။ အကြံသမားတွေ ဝမ်းမြောက်ဖို့ လမ်းတစ်လျှောက်လုံး ယိုင်လဲခဲ့ပြီးပြီ။ ကမ်းကုန်အောင် မိုက် မှားခဲ့သူတွေတောင် လဲနေရာက ပြန်ထ ပြီး ပြုံးပြုံးပြုံးပြုံးနဲ့ တို့ရွာသားတွေကို ဝင်လုံးနေပြီ။ ကဲ…တို့များလည်း တို့ ပတ္တမြားကြီးကို အရောင် ဝိုင်းတင် ပေး ကြရအောင်လား။

ငါတကောကောတာတွေ မပါကြေး။ ငါ့ကျတော့ သူ့ကျတော့နဲ့ ကလေးတွေ လို နွဲ့ဆိုးမဆိုးကြေး။ ရောက်တဲ့နေရာနဲ့ တန်တဲ့စိတ်တွေ မွေးပြီး ခုတ်လှဲရမယ့် အချိန်ကောင်းကျမှ ရေလောင်းမနေကြ ပါနဲ့တော့။ အချိန်တွေ အများကြီး ရင်း ခဲ့ရတာ နှမြောစရာ။”တောကြောင်တွေ လက်ခမောင်း ခတ်နေကြပြီ။ ပွဲလန့်အောင်လုပ်ပြီး ဖျာ ခင်း။ အနာအကင်း မသေခင် ခဏခဏ ပြန်ပြန်ဆွနေတိုင်း တံလျှပ်ကို ရေမထင် ကြနဲ့။ ရွှေသမင်တွေ အလိုက်မမှားကြ ပါနဲ့။ လောကဓံမှန်သမျှ ဇာတ်ညွှန်း ဇာတ်ကွက်လို့ သဘောထားပြီး နင်းပြီး သား အောင်မြေပေါ်မှာ ခြေခိုင်ခိုင်ရပ် လို့ ပြည်သူ့ ဘက်က မားမားမတ်မတ် ရှိကြစမ်းပါ” လို့ မချိတင်ကဲ တိုက်တွန်း လိုက်ပါတယ်။ တို့ရပ်ရွာ မြန်မြန်သာဖို့ စုရပ်မှာ အတူဆုံကြပါစို့ရဲ့ ။ တော ကြောင်တွေ လက်ခမောင်းခတ်နေပြီ။ တောကြောင်တွေ လက်ခမောင်းခတ် နေပြီ။

လေဒီဒိုင်းမွန်း

Credit To Popular Myanmar News Journal 
Read More »

အကူအညီ လိုတဲ့ အိန္ဒိယ အမျိုးသမီးတွေလိုင်း ၁၈၁ ကိုခေါ်ပါ

Photo: အကူအညီ လိုတဲ့ အိန္ဒိယ အမျိုးသမီးတွေလိုင်း ၁၈၁ ကိုခေါ်ပါ
==================================

ဖုန်းမြည်သံများက အဆက်မပြတ် …။
မိန်းကလေးငယ် တစ်ဦးက သူမကို အိမ်နီးချင်း အမျိုးသား တစ်ဦးက အဓမ္မ ပြုကျင့်ခဲ့ကြောင်း ဖုန်းထဲမှ တစ်ဆင့် ပြောသည်။
”ကျေးဇူးပြုပြီး အဖေ နဲ့ အမေ့ကို မပြောပါနဲ့နော်၊ သူတို့ သိသွားရင် ကျွန်မ အပြင် ထွက်ရတော့မှာ မဟုတ်ဘူး”
ဖုန်းခေါ်သူ အသက် ၁၅ နှစ် အ ရွယ် မိန်းကလေးက အရေးပေါ် လိုင်း အကူ ဝန်ထမ်းအား တိုးလျှိုးတောင်းပန်နေ သည်။
”ရဲတွေကိုလည်း မပြောပါနဲ့ရှင်၊ ကျွန်မ အိမ်တံခါးဝကို ရဲတွေရောက် မလာစေချင်ဘူး”
ဘေးနားက ဖုန်း တစ်လုံးကိုလည်း  တခြား အမျိုးသမီး တစ်ဦးက ဖုန်းခေါ် ကာ သူမသည်လည်း အိမ်နီးချင်း တစ်ဦး၏ ခြိမ်းခြောက်မှု ခံနေရကြောင်း ပြောနေသည်။ ရဲစခန်း ကိုလည်း တိုင်ကြားထားကြောင်း ပြောသည်။ အခြား ဖုန်းလိုင်း တစ်ခုတွင်မူ မိခင် တစ်ဦးက သူမ၏ ဆယ်ကျော်သက် အရွယ် သမီး အား လူတစ်စုက မတရားပြု ကျင့်ခဲ့ သဖြင့် ဆေးရုံသို့ပို့ရန် အလောတကြီး ဖြစ်နေ ကြောင်း သတင်းပို့လာသည်။

လွန်ခဲ့သည့် ခြောက်လခန့်က ဖြစ်ပွားခဲ့သည့် ဆိုးဆိုး ရွားရွား အုပ်စုဖွဲ့ မုဒိမ်းမှု များကြောင့် အိန္ဒိယနိုင်ငံ အနှံ့ အမျိုးသမီး များအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ များ ပြင်းထန် လာခဲ့ပြီး နယူးဒေလြီ မို့ရှိ ရဲစခန်းများ ကလည်း ဖုန်းဆက် တိုင်ကြားမှုများကို ပြန်လည် ဖြေကြားမှု မရှိခြင်း၊ လျစ်လျူ ရှုနေခြင်း တို့ကြောင့် နယူးဒေလီ အာဏာ ပိုင် များက အမျိုးသမီး များအတွက် အ ကူအညီ တောင်း ခံနိုင်သည့် အရေး ပေါ်ဖုန်းလိုင်း ၁၈၁ ကို စတင် တပ်ဆင် ပေးခဲ့ခြင်း ဖြစ်သည်။

၂ဝ၁၂ခုနှစ် ဒီဇင်ဘာလကုန်ပိုင်း က စတင် တပ်ဆင်သည့် လိုင်း ၁၈၁ သို့ ခြောက်လတာ ကာလအတွင်း ဖုန်းခေါ်ဆိုမှု အကြိမ်ပေါင်း ၁၃၈ဝဝဝ အထိ ရှိခဲ့ပြီး အိန္ဒိယ အမျိုးသမီး များ အနေနှင့် ယခင်က ကြိတ်မှိတ် မျိုသိပ်ခဲ့ရသော ရာဇဝတ်မှု များကို ထုတ်ဖော်ပြောဆိုရန် ဝံ့ရဲလာကြဟန် ရှိသည်ဟု ဝန်ထမ်းများက ဆိုသည်။ တချို့ ဆိုလျှင် ယခင်လ များက ယင်းတို့  တွေ့ကြုံ ခံစားခဲ့ရသည့် ရာဇဝတ်မှု များ ကိုပါ ဖွင့်ဟ တိုင်တန်းလာကြသည်။

အမျိုးသမီး များက လိုင်း ၁၈၁ သို့ ဖုန်းခေါ်ဆိုကာ မိမိ တို့သည် လမ်းမများ ထက်တွင်ပင် စော်ကားနှောင့်ယှက်ခံ၊ မုဒိမ်း ကျင့်ခံနေရမှုများ၊ လင်ယောက်ျား ၏ နှိပ်စက် ညှင်းပန်း ခံနေရမှုများ ၊ ဖုန်းနှင့်ဖေ့စ်ဘွတ် တို့မှ နှောင့်ယှက် ခံနေရမှု၊ တစ်ဖက်သတ် ချစ်ကြိုက်နေ သူတို့၏ အက်စစ်ဖြင့် ပက်ခံရမှု တို့အား ရင်ဖွင့် တိုင်တန်း ကြပြီး နေ ရာပေါင်းစုံ မှ ခေါ်ဆို တိုင်တန်းကြခြင်း ဖြစ်သည်။ တချို့က လူစည်ကား ရာ ဈေးဝယ် စင်တာများမှ၊ အများပြည်သူသုံး ဘတ်စ် ကားများမှ၊ ညနေပိုင်း နေအိမ် အပြန် လမ်းမှ။ တချို့ ကမူ နေအိမ်မှ ခေါ်ဆိုခြင်းဖြစ်ပြီး အိန္ဒိယ ၏ မြို့တော် နယူးဒေလီမှာပင် ဤကဲ့သို့ နေရာ အနှံ့အပြား ဖြစ်ပျက်နေပြီး ကျန် သည့် အခြား ဒေသများတွင် မည် မျှ ဆိုးဆိုးရွားရွား ဖြစ်နေမည်ကိုကား မ တွေးဝံ့စရာပင်။

အိန္ဒိယ၏ တင်းကျပ်သော  ရိုးရာ လူနေမှု စနစ်အရ မိဘ မောင်ဖွားများ သည် မိသားစုဝင် အမျိုးသမီး တစ်ဦး မုဒိမ်း ကျင့်ခံရခြင်းကို ထုတ်ဖော်တိုင် တန်းခဲလှသည်။ အကြောင်းမှာ လူအများ ၏ လှောင်ပြောင် သရော်မှု၊ အထင်အမြင် သေးမှုတို့ အတွက် ပစ်မှတ် သဖွယ်ဖြစ် လာမည်ကို စိုးရွံ့ကြ ရသောကြောင့်ပင် ဖြစ်သည်။ ထို့ကြောင့် ပင် လူမသိ သူ မသိ ပျောက်ကွယ် သွားရသော ရာဇဝတ် မှုများ အများအပြား ရှိလိမ့်မည်ဟု  ကျွမ်းကျင်သူများ က သုံးသပ်ကြသည်။ သို့ရာတွင်  ယခုအခါ လူအတော် များများ က ထိုသို့သော အလေ့အထကို ဆန့်ကျင် ပြောင်းလဲ လာနေပြီဟု ဆိုနိုင်သည်။

ယခုနှစ်၏ ပထမ သုံးလ အတွင်း တွင်ပင်  နယူးဒေလီမြို့ တစ်ခု တည်း၌ မုဒိမ်းမှု ၃၅၉ မှု ဖြစ်ပွားခဲ့ရာ ယင်းသည်  ယမန်နှစ်က ထိုကာလ အတွင်း ဖြစ်ပွားခဲ့သည့် မုဒိမ်းမှု အရေအတွက် ၏ နှစ်ဆ နီးပါးရှိခဲ့ရာ အစိုးရ အနေနှင့် အလွန် ဂရုစိုက် ကိုင်တွယ်ရမည့် ကိစ္စရပ် တစ် ခုဟု ကျွမ်းကျင် သူများက အကြံပြု ထားကြသည်။

 ”မငိုနဲ့ ကလေး၊ အဲ့ဒီလူရဲ့ လိပ် စာသာ ငါတို့ကိုပြော ”
အကူအညီပေးရေး လိုင်း၏ ကြီး ကြပ်ရေးမှူး ဂီတာပန်ဒီက ဖုန်းခေါ်သူ မိန်းမငယ် အား ပြောလိုက်သည်။ မုဒိမ်း ကောင်က သူမအား မုဒိမ်း ပြု ကျင့်ပြီး ယင်းကို ၄င်း၏ ဟန်း ဖုန်းဖြင့် ရိုက်ကူးယူ သွားရာ မိန်းမငယ်က တိုင်တန်းလိုက် ပါက ထိုရုပ်သံဖိုင် အင်တာနက်ပေါ် သို့ ရောက်ရှိ ပျံ့နှံ့သွားမည်ကို စိုးရိမ် တကြီး ဖြစ်နေခြင်း ဖြစ်သည်။

”ငါတို့ ရဲတွေ နဲ့ သူ့အိမ်ကို သွား ဝိုင်းပြီး သူ့ကိုဖမ်း၊ သူ့ဖုန်းကိုလည်း သိမ်း မယ်။ ဒီအချိန်မှာ မင်းက အမေ့ကို ဒီအ ကြောင်းတွေ ပြောပြဖို့ ကြိုးစား၊ ဟုတ်ပြီ လား” ဟု ဂီတာပန်ဒီ က ကောင်မလေးကို တိုက်တွန်းနှစ် သိမ့်နေသည်။

အသက် ၇၅ နှစ် အရွယ် ဒေလီဝန် ကြီးချုပ်  Sheila Dikshit ၏ ရုံးထောင့် ခန်းက ကျဉ်းမြောင်းပြီး ပြတင်းပေါက် လည်းမရှိပါ။ ထိုအခန်းလေး ထဲက အ ရေးပေါ်လိုင်း ၁၈၁ အတွက် ဝန်ထမ်း ငါးယောက်က အမြဲ ရှိနေပြီး ဇယ်ဆက် သလို အလုပ် ရှုပ်နေတတ်သည်ကို တွေ့ မြင်နိုင်သည်။ ထို့အတူ Sheila Dikshit သည်လည်း ထိုအခန်း ကျဉ်း လေးထဲသို့ မကြာခဏ ရောက်နေတတ် သည်။ ဤကဲ့သို့သော အမျိုးသမီးများ အတွက် အကူအညီ တောင်းခံနိုင်သော လိုင်း ၁၈၁ စတင်ရေးကို သူမကပင် စိတ်ကူး ခဲ့ပြီး အကောင် အထည်ဖော်ရေး အတွက် သူမ၏ သြဇာ အတန်ငယ် သုံးခဲ့ ရသေးသည်ဟု ဆိုသည်။

စင်စစ်  ၁၈၁ လိုင်းသည် ရဲဌာန အပေါ် အမိန့်ပေးစေခိုင်းနိုင်သည့် သြဇာအာဏာ မရှိပေ ။ အကျင့်ပျက် ခြစားမှု တို့ဖြင့် သပွတ်အူ သဖွယ် ရှုပ်ထွေးနေ သော အာဏာပိုင် တို့နှင့် တရား စီရင်ပိုင်ခွင့် တို့ကြောင့် အရေးပေါ် ၁၈၁ လိုင်းသည် ထိရောက်မှု သိပ်မရှိသေး ။ သို့နှင့် တိုင် အမျိုးသမီး ထု၏ ယုံကြည် အားကိုးမှုကို အတိုင်းအတာ တစ်ခု အထိ  ရရှိ ထားပြီဖြစ်သည်။

နယူးဒေလီမြို့ ရဲတပ်ဖွဲ့အင်အား၏ သုံးပုံ နှစ်ပုံ ထက်မနည်းသော အင်အား က နိုင်ငံရေး သမားများနှင့် အုပ်ချုပ်ရေး ဆိုင်ရာ ဗျူရိုကရက် များ၏ လုံခြုံရေး အတွက် တာဝန် ထမ်းဆောင်နေ ရခြင်းက လည်း နယူးဒေလီမှ အမျိုးသမီး များ၏ စိတ်ချ လုံခြုံစွာ သွားလာ နေထိုင်နိုင်ရေး အတွက် စောင့်ရှောက်မှု ပေးနိုင်ရေးကို အဟန့် အ တား ဖြစ်နေစေသည်ဟု သိရသည်။ ထို့ကြောင့်ပင် နယူးဒေလီ မြို့ကြီး သည် ရာဇဝတ်မှု ထူပြောပြီး အမျိုး သမီးများ အတွက် အကာအကွယ် မဲ့နေ သလို ဖြစ်နေ သည် ဟု ဝေဖန်မှုများ ပြင်း ထန်လာနေသည်။

”ရဲတွေရဲ့ သဘောထား ခံယူမှုကို ပြောင်းလာမှသာ ဒီ အရေးပေါ် လိုင်း ၁၈၁ က တကယ်ကို ထိရောက်လာမှာပါ” ဟု မုဒိမ်းမှု ဆန့်ကျင်ရေး ဦး ဆောင် လှုံ့ဆော် သူ Kavita Krishnan က ဆိုသည်။ Krishnan သည် ယမန်နှစ် ဒီဇင်ဘာလက မုဒိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုတွင် ကျောင်း သား၊ ကျောင်းသူ များကို ဦးဆောင်ခဲ့သူ လည်း ဖြစ် သည်။

”အခု အထိတော့ အရေးပေါ်လိုင်း ၁၈၁ဆိုတာ အမျိုးသမီးတွေ အားကိုး ယုံကြည်စွာနဲ့ ဖုန်းဆက် တိုင်တန်းဖို့ နဲ့ ရဲတွေက ကျွန်မတို့ အကြောင်း ကြားတာကို ဂရုစိုက် လုပ်ဆောင် ပေးဖို့အတွက် ကိုပဲ အသည်း အသန် လုပ်နေရဆဲကာ လတွေပေါ့” ဟု ၄င်းက ပြောသည်။

ဒီဇင်ဘာလ ကဖြစ်ပျက်ခဲ့သော ဆေး ကျောင်းသူ တစ်ဦးအား အုပ်စုဖွဲ့ မုဒိမ်း ကျင့် ခံရပြီးနောက် နိုင်ငံ တစ်ဝန်း ဆန္ဒ ပြ တောင်းဆိုမှုများ ပြင်းထန် လာသဖြင့် အစိုးရက ဆိုးဆိုး ရွားရွား မုဒိမ်းမှု များကို  သေဒဏ်ပေးရန် အထိ ပိုမိုပြင်းထန်သော ဥပဒေ ပြဋ္ဌာန်းပေးခဲ့သဖြင့် အမျိုးသမီး ထုက ၄င်းတို့ ခံစားချက် များကို လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေး ယုံကြည် ချက်ရှိလာကြသည်။

”ဒါဟာ ပိတ်နေရတဲ့ ပါးစပ်ကို ဖွင့် ပေးလိုက်တာ နဲ့ အတူတူပဲ” ဟု အရေး ပေါ်လိုင်း ဝန်ထမ်းဖြစ်သူ အနီတာဒန်နီ ရယ်က ပြောသည်။ အာမခံ ကုမ္ပဏီဝန် ထမ်းဟောင်းဖြစ် ခဲ့သော သူမက ”ကျွန်မ တို့မျိုးဆက် နဲ့မတူ ဘဲ နောက် မျိုးဆက်သစ် ဟာ ဒီလိုမျိုး ထုတ်ဖော် ပြောဆိုမှုတွေ ကနေ အာဏာ ပိုင်တွေရဲ့ လုပ်ရပ်ကို ပြောင်း လဲစေနိုင် လိမ့်မယ်လို့ ကျွန်မ ယုံကြည်တယ်” ဟု ပြောသည်။

‘ဒီမှာ အလုပ်လုပ် ရတာ ကျွန်မ အရမ်းကို စိတ်ကျေနပ်မိတယ်၊ ဘာလို့ လဲ ဆိုတော့ ကိုယ့်ရှေ့မှာတင် ပြောင်းလဲ လာတာတွေ တွေ့နေရလို့ပေါ့” ဟု သူမ က ပြော ပါသေး သည်။

တစ်ဖက်တွင်လည်း အားတက် ဖွယ်ပင်။ မြို့တော် ရဲတပ်ဖွဲ့က ဇွန်လ အစောပိုင်းတွင် အမျိုးသမီး များအား ဦးတည် ရည်ရွယ်သော ‘ထုတ်ဖော် ပြောဆိုကြ၊ ကျန်တာ ငါတို့ တာဝန်ထား’ ဟူသော လှုံ့ဆော်မှု တစ်ခုပြုလုပ်ခဲ့သည်။ သို့နှင့် တိုင် လိုင်း ၁၈၁နှင့် ရဲတပ်ဖွဲ့ကြား ပူးပေါင်း လုပ်ကိုင်ရေး ခက်ခဲနေဆဲဖြစ်သည်။

”မင်း ဘယ်နေရာမှာလဲ၊ အိုကေ၊ ဘတ်စ်ကား ဂိတ်လိုမျိုး လူစည်တဲ့ နေရာ ကိုသွားပြီး ရပ်စောင့်နေလိုက်၊ ဘာမှ မ ကြောက်နဲ့၊ ငါတို့ ရဲကား ချက်ချင်း လွှတ် လိုက်မယ် ”ဟု သူမနောက်သို့ ယောက်ျားလေး ၃ ဦး မကြားဝံ့ မနာသာပြောဆိုရင်း လိုက်လာနေသဖြင့် ဖုန်းဆက်ပြော လာသူ မိန်းကလေးအား လိုင်းဝန်ထမ်း Munira Rizwan ပြော လိုက်ရသော် လည်း ရဲစခန်းကို ဖုန်းခေါ်ရသည်မှာ မည်မျှ ခက်ခဲကြောင်း သိနေသဖြင့် သူမ အသံက ခပ်ပျော့ပျော့ ဖြစ်နေမည်ကို သူမသိနေသည်။

”ကိုင်စမ်းပါ၊ ဖုန်းမြန်မြန်ကိုင် လိုက်စမ်းပါ” ဟု တတီတီမြည်နေသော ဖုန်းကို ကြည့်ရင်း Munira Rizwan က ခြေမကိုင်မိ လက်မကိုင်မိနှင့် ရေရွတ် မိသည်။

ထိုသို့သော အခက်အခဲ များကြောင့် လွန်ခဲ့သည့် ၃လခန့်က လိုင်း ၁၈၁ သို့ အကူအညီ တောင်းခံ လာသူ အမျိုးသမီး ကို မကယ်တင်နိုင်ခဲ့ဟု သိရသည်။ သူမ ကို ယောက်ျားလေး တစ်စု က ဝိုင်းထား ပြီး မတရား ပြုရန် ကြံနေသည်ဟု ဖုန်း ဆက် အကူအညီတောင်းခံစဉ် ကတည်း က ဖုန်းထဲမှ အမျိုးသား အသံများ ကြား နေရပြီး အရေးတကြီး အကူအညီ စေလွှတ် ရမည့် အခြေအနေ ဖြစ်သော်လည်း ရဲစခန်းက ဖုန်းချက်ချင်း မကိုင်ခြင်းနှင့် ဖုန်း တည်နေရာပြ စနစ် မရှိခြင်းတို့ ကြောင့် ထိုနေရာသို့  ရဲကား အချိန်မီ မရောက်နိုင်ခဲ့။ နောက်တစ်နေ့တွင် မှ ထိုအမျိုးသမီး မုဒိမ်းကျင့်ပြီး သတ်ဖြတ် ခံရကြောင်း သိရသည်ဟု လိုင်း ၁၈၁ ကို ကြီးကြပ် သည့်ခေါင်းဆောင် Khadijah Faruqui က ပြောပြသည်။

 Faruqui က အစိုးရ နှင့် တယ်လီဖုန်း ကုမ္ပဏီ များအား တည်နေရာ အချက်ပြ ခြေရာခံ ဆော့ဖ်ဝဲ အသုံးပြုရန် တိုက်တွန်းခဲ့ပြီး ဆေးရုံများနှင့် တရားဝင် အမျိုး သမီးစောင့်ရှောက်ရေး အဖွဲ့ အစည်းများမှ ဝန်ထမ်း များအား လိုင်း ၁၈၁ ၏ တောင်းဆိုမှုကို အချိန်မဆိုင်း တုံ့ပြန်နိုင်ရေး အတွက် လေ့ကျင့်ပေး လိုသည်ဟုဆိုသည်။

လိုင်း ၁၈၁ သို့ ခေါ်ဆိုမှု များသည် အကူအညီ အတွက် သာမက အကြံဥာဏ် တောင်းခံ လိုသဖြင့်လည်း ခေါ်ဆိုကြသည်။ တချို့က မိဘ သဘောမတူ သူနှင့် ယူ ရကောင်းနိုး၊ မကောင်းနိုး တိုင်ပင်ကြသည်။ တချို့က ဘတ်စ်ကားပေါ်တွင် ပိုက်ဆံအိတ် ခါးပိုက်နှိုက်ခံ ရသဖြင့် ဖုန်း ဆက်ကာ ငိုယို တိုင်တန်းကြသည်။ လိုင်း ဝန်ထမ်း များ အတွက် စိတ် ကသိကအောက် အဖြစ်စေဆုံး ကတော့ မြီးကောင်ပေါက် အရွယ် မိန်းကလေးတွေပဲ ဖြစ်ပါသည်။

”တချို့ကလေးမလေးတွေက ည သန်းခေါင်ကြီး ဖုန်းခေါ်ပြီး သူတို့ကို အသက်ကြီးကြီး လူတစ်ယောက်က စော် ကားနေပါတယ် ဆိုပြီး ညည်းညူ ပြော ပြောကြတယ်” ဟု Faruqui ကပြောပြီး  ဖုန်းခေါ်ဆိုသူ ၂ဝ % ခန့်မှာ ကလေး အရွယ် များဖြစ်သည်ဟု ဆိုသည်။
”ဒီဇင်ဘာလက မုဒိမ်းမှု ဟာ တစ် ခုတည်း သီးသန့်ဖြစ်ခဲ့တာ မဟုတ်ဘူး” ဟု ဒန်နီရယ်က လက်တစ်ဖက် ကို ဝှေ့ ယမ်းရင်း ပြောလိုက်သည်။
”ကြောက်စရာ ကောင်းတဲ့ စက် ဆုတ်စရာ လုပ်ရပ်တွေ အချိန် တိုင်းကို ဖြစ်နေတာပါ”

ကျော်ရဲလင်း

Ref: In New Delhi, a help line for women is flood with calls by the Washington Post.

နိုင်ငံတော်သမ္မတ၊ တရားစီရင်ရေးနှင့် အင်စတီကျူးရှင်း

အမေရိကန်တရားရုံးချုပ်

ယနေ့ နိုင်ငံတကာတွင် လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံရေးစနစ်ကို ကျင့်သုံးနေကြသော နိုင်ငံများအနက် အမေရိကန် ကျင့်ထုံးများကို စံနမူနာအဖြစ် ထားရှိနေကြသည်မှာ အထင်အရှားပင်ဖြစ်သည်။ အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဟူသော မဏ္ဍိုင်ကြီး သုံးရပ်ကို အာဏာ အညီအမျှ ခွဲဝေထားခြင်းဖြစ်သည်။ အပြန်အလှန် ထိန်းကျောင်းမှုမှာ လည်း အစဉ်အဆက် ဆင့်ကဲတိုးတက် ပြောင်းလဲမှုများဖြင့် ပိုင်းခြား ကန့်သတ်လာခဲ့ခြင်းဖြစ်သည်။ အမေရိကတွင် တရားရုံးချုပ်သည် အမြင့်ဆုံး တရားရုံးဖြစ်ပြီး တရားသူကြီးချုပ်တစ်ဦး၊ တရားသူကြီး ရှစ်ဦး၊ ပေါင်း ကိုးဦးဖြင့် ဖွဲ့စည်းထားကြောင်း တွေ့ရှိရသည်။ အဆိုပါ တရားရုံးချုပ် တရားသူကြီး ကိုးဦးကို သမ္မတဖြစ်သူက သင့်လျော်သည့် သူများအား ရွေးချယ် အမည်စာရင်း တင်သွင်းရပြီး ဆီးနိတ် (အထက်လွှတ်တော်) က အတည်ပြုပေးရသည်။ ယင်းနောက်တွင်မှ သမ္မတဖြစ်သူက ခန့်အပ်ရခြင်း ဖြစ်သည်။
တစ်ဖန် တရားသူကြီးများ၏ သက်တမ်းမှာ ၎င်းတို့ ဆန္ဒရှိသရွေ့ ထမ်းဆောင်နိုင်သည်။ တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း အနားယူလိုပါက ကာယကံရှင်များ၏ သဘော ဆန္ဒအလျောက် အနားယူခြင်း ပြုနိုင်သလို အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ စွပ်စွဲ ပြစ်တင်မှုကြောင့် လည်း နုတ်ထွက်စေခြင်း ပြုနိုင်ကြောင်း တွေ့ရှိရသည်။ မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပြန်လည် နှိုင်းယှဉ်ကြည့်လျှင် မြန်မာနိုင်ငံ၏ တရားလွှတ်တော်ချုပ်တွင် ပြည်ထောင်စုတရားသူကြီးချုပ် အပါအဝင် တရားသူကြီးများ ဦးရေ အနည်းဆုံး ခုနစ်ဦးမှ အများဆုံး ၁၁ ဦးအထိ ခန့်အပ်နိုင်ကြောင်း တွေ့ရှိရသည်။ ရာထူး သက်တမ်းမှာ အသက် ၇၀ ပြည့်သည့်အထိဟူ၍ သတ်မှတ်ထားပြီး ယင်းတို့ ဆန္ဒအလျောက် ရာထူးမှ နုတ်ထွက်ခြင်း ပြုနိုင်သလို အခြေခံဥပဒေနှင့်အညီ စွပ်စွဲ ပြစ်တင်ခြင်းဖြင့် ရာထူးမှ ရပ်စဲခံရမည်ဖြစ်ကြောင်း တွေ့ရှိရသည်။ အလားတူ ကျန်းမာရေး အခြေအနေ ချို့ယွင်းမှု မရှိခဲ့လျှင်၊ ကွယ်လွန်ခြင်းမရှိလျှင် အသက် ၇၀ ပြည့်သည်အထိ တာဝန် ထမ်းဆောင်နိုင်ကြောင်း တွေ့ရှိရသည်။

အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် တရားရုံးချုပ်၌ တာဝန် ထမ်းဆောင်ကြသော တရားသူကြီးချုပ်နှင့် တရားသူကြီးများမှာ ကွယ်လွန်သည်အထိ တာဝန် ထမ်းဆောင်လေ့ရှိကြောင်း တွေ့ရှိရသည်။ အိုဘားမား သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုချိန်တွင် တရားရုံးချုပ် တရားသူကြီး တစ်ဦးမှာ ၈၈ နှစ်နှင့် နောက်တစ်ဦးမှာ ၇၅ နှစ် ရှိသည်အထိပင် ကြီးရင့်နေကြောင်း တွေ့ရှိနိုင်သည်။

လက်ရှိ အချိန်အထိ အမေရိကန် သမိုင်းတွင် သက်ရှိထင်ရှားဖြင့် အနားယူသွားခဲ့သော တရားရုံးချုပ် တရားသူကြီး အရေအတွက်မှာ သုံးဦးသာ ရှိသေးကြောင်း တွေ့ရှိရသည်။ လက်ရှိ အမေရိကန် ဟိုက်ကုတ်ရှိ တရားသူကြီးချုပ်မှာ အိုဘားမားရှေ့ သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ် လက်ထက်က ခန့်အပ် ထားခဲ့သော ပုဂ္ဂိုလ်ဖြစ်သည်။ ဟိုက်ကုတ် တရားသူကြီး ကိုးဦးတွင် ဂျော့ခ်ျဒဗလျူဘုရှ် လက်ထက်က ခန့်အပ်ထားခဲ့သူ သုံးဦး၊ ရော်နယ်ရေဂင် လက်ထက်ကပင် ခန့်အပ်ထားခဲ့သူ နှစ်ဦး၊ သမ္မတ ဘီလ် ကလင်တန် လက်ထက်တွင် ခန့်အပ်ခဲ့သူ နှစ်ဦးနှင့် အိုဘားမားလက်ထက် ခန့်အပ်သူ နှစ်ဦး ဖြစ်ကြောင်း တွေ့ရှိရသည်။

သမ္မတနှင့် တရားရုံးချုပ်

လက်ရှိ အမေရိကန် တရားသူကြီးချုပ် Chief Justice ဖြစ်သူ ဂျွန်ရောဘတ်သည် သမ္မတ အိုဘားမား ၏ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုမှုကို နှစ်ကြိမ်တိုင်တိုင် ဦးစီး ပြုလုပ်ပေးခဲ့ပြီး ဖြစ်သည်။ ရှေ့သို့ ပြန်ကြည့်လျှင် ဂျွန်ရောဘတ်အား တရားသူကြီးချုပ်အဖြစ် သမ္မတ ဂျော့ခ်ျဒဗလျူဘုရှ်က အမည်စာရင်း တင်သွင်းခဲ့ချိန်တွင် အိုဘားမာမှာ ဆီနိတ်တာ (အထက်လွှတ်တော် အမတ်) အသစ် စက်စက်ကလေး ဖြစ်ခဲ့သည်။ ဆီးနိတ်တွင် ထောက်ခံသူနှင့် ကန့်ကွက်သူ မဲခွဲခဲ့ရာတွင် ထောက်ခံသူ ၇၈ မဲ၊ ကန့်ကွက်သူ ၂၂ မဲ ရှိခဲ့ရာ အိုဘားမားသည် ကန့်ကွက်မဲ ပေးခဲ့သူ ဖြစ်ခဲ့သည်။

ဂျွန်ရောဘတ်မှာ ထိုစဉ်က အသက် ၅၀ သာရှိသေးရာ ရီပတ်ဘလီကန်များ အနေဖြင့် တရားစီရင်ရေး တွင် ကာလရှည်ကြာ လွှမ်းမိုးမှု ရှိစေရန်အတွက် အသက် ငယ်ရွယ်သူအား တရားသူကြီးချုပ်အဖြစ် ခန့်အပ်ရန် အမည်စာရင်း တင်သွင်းခြင်း ဖြစ်သည်ဟူသော ဝေဖန်မှုများကို ဒီမိုကရက်များက ပြုလုပ် ခဲ့ကြောင်း တွေ့ရှိရသည်။ ထိုသို့ ကန့်ကွက်မဲ ပေးခဲ့ရခြင်း အကြောင်းရင်းကိုလည်း ဆီနိတ်တာ အိုဘားမားက ရောဘတ်သည် ယင်းတာဝန်ကို ထမ်းဆောင်ရန် အရည်အချင်းနှင့် ကိုက်ညီသော် လည်း လုပ်ငန်း တာဝန်များ ဆောင်ရွက်ရာတွင် ဆန့်ကျင်သူများအပေါ် လွှမ်းမိုးနိုင်သော အရှိန်အဝါ နှင့် ကျွမ်းကျင်မှု အားနည်းသည်ဟူ၍ပင် မှတ်ချက်ပေးခဲ့ကြောင်း တွေ့ရှိရသည်။ သို့သော်လည်း လက်ရှိ အချိန်တွင် အိုဘားမားသည် သမ္မတသက်တမ်း နှစ်ဆက် ထမ်းဆောင်လျက်ရှိရာ ယင်းကိုယ်တိုင် ကန့်ကွက်မဲ ပေးခဲ့သူမှာ တရားသူကြီးချုပ်အဖြစ်ပင် တာဝန် ထမ်းဆောင်လျက် ရှိသည်။ အိုဘားမား၏ ဒုတိယ သက်တမ်း ကုန်လွန်သည့်တိုင် ဂျွန်ရောဘတ် ကျန်းမာရေး ကောင်းမွန်ပြီး စွပ်စွဲ ပြစ်တင်စရာ အကြောင်းများ ပေါ်ပေါက်လာခြင်း မရှိခဲ့ပါက ယင်းရာထူးတွင် ဆက်လက် တည်ရှိနေမည်သာ ဖြစ်သည်။

တစ်ဖန် Obama Care ဟု နာမည်ကြီးခဲ့သော သမ္မတ အိုဘားမား တင်သွင်းသည့် ကျန်းမာရေး စောင့်ရှောက်မှု အက်ဥပဒေကို ကွန်ဂရက်က အတည်ပြုပြီးနောက် အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ၊ မရှိ စိစစ်မှုကို တရားရုံးချုပ်က ပြုလုပ်ခဲ့သည်။ ထိုသို့ပြုလုပ်ပြီးနောက် ငါးမဲ၊ လေးမဲဖြင့် အခြေခံဥပဒေ နှင့် ညီညွတ်ကြောင်း ဆုံးဖြတ်ခဲ့သဖြင့် ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ခဲ့ကြောင်း တွေ့ရှိရသည်။ တရားသူကြီးချုပ် ဂျွန်ရောဘတ် အနေနှင့် မိမိအလုပ်ကို မိမိဆောင်ရွက်ပြီး သမ္မတ အိုဘားမား အနေနှင့်လည်း မိမိ အလုပ် မိမိ ဆောင်ရွက်ခြင်းသာ ဖြစ်သည်ကို အထင်အရှား တွေ့ရှိနိုင်သည်။ အဓိက အချက်မှာ ပြဋ္ဌာန်းထားသော ဥပဒေများနှင့်အညီ တရားစီရင်ရန်သာဖြစ်ပြီး အုပ်ချုပ်ရေး အနေနှင့်လည်း ပြဋ္ဌာန်းထားသော ဥပဒေများနှင့် အညီ အုပ်ချုပ်ရန်သာဖြစ်သည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အာဏာကြီး သုံးရပ်ကို တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်း ပြုသည်ဟု ပြဋ္ဌာန်းထားသည်။ ဤတွင် တတ်နိုင်သမျှ ပိုင်းခြား သုံးစွဲခြင်းကိုလည်း အခြေခံဥပဒေ ရေးဆွဲခဲ့သော ပညာရှင်များက ဗဟိုဦးစီး စနစ်ဖြင့် ဖွဲ့စည်း အုပ်ချုပ်ခဲ့သော နှစ်ရှည်လများ အတွေ့အကြုံများအရ အာဏာကြီး တစ်ခုနှင့် တစ်ခုအကြား စည်းပြတ်ရန် မလွယ်ကူဟု မျှော်မှန်းချက် အရ တတ်နိုင်သမျှဟူသော စကားရပ်ကို ထည့်သွင်း ပြဋ္ဌာန်းရခြင်းဖြစ်ကြောင်း ရှင်းလင်းချက်များ တွေ့ရှိရသည်။

အထက်တွင် ဖော်ပြထားသော အမေရိကန် တရားစီရင်ရေးတွင် အမြင့်ဆုံးဖြစ်သော တရားရုံးချုပ် သည် မြန်မာနိုင်ငံ၏ အခြေခံ ဥပဒေတွင် သီးခြား ခွဲထုတ်ထားသော ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၏ တာဝန်ကိုပါ ရယူ ထမ်းဆောင်လျက်ရှိသည်။ မြန်မာနိုင်ငံကဲ့သို့ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးဟူ၍ သီးခြား ခွဲထုတ်ထားခြင်းမရှိကြောင်း တွေ့ရှိရသည်။
အမေရိကန်နိုင်ငံတွင် ကွန်ဂရက်က ပြဋ္ဌာန်းသော ဥပဒေများကို တရားရုံးချုပ်က ပြန်လည် သုံးသပ် လေ့လာပြီး တရားရုံးချုပ်၏ အတည်ပြုချက်ရရှိမှသာ ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်သည်။ ဆိုလိုသည့် သဘောမှာ လွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ဥပဒေများ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ အတည်ပြုပေးခြင်းအားဖြင့် ဥပဒေပြုရေး မဏ္ဍိုင်ကို တရားစီရင်ရေး မဏ္ဍိုင်က ပြန်လည် ထိန်းကျောင်း ခြင်း ပြုခြင်းပင်ဖြစ်သည်။ တရားရုံးချုပ်က အခြေခံဥပဒေနှင့် ညီညွတ်ခြင်းမရှိဟု ဆုံးဖြတ်ခဲ့လျှင် ယင်းဥပဒေကြမ်းကို ဥပဒေအဖြစ် ပြဋ္ဌာန်းနိုင်ခြင်း မရှိတော့ပေ။
မြန်မာနိုင်ငံ၏ အခြေခံဥပဒေတွင် ပြဋ္ဌာန်းမည့် ဥပဒေကြမ်းများ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ မရှိ စိစစ်ခြင်းဟူသော လုပ်ငန်း တာဝန်ကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးထံသို့ အပ်နှင်းထား ကြောင်း တွေ့ရှိရသည်။ အခြားသော ကွာခြားချက်မှာ မြန်မာနိုင်ငံ၏ တရားလွှတ်တော်ချုပ်ကို အနည်းဆုံး ခုနစ်ဦး၊ အများဆုံး ၁၁ ဦးဖြင့် ဖွဲ့စည်းနိုင်ပြီး အမေရိကန် တရားရုံးချုပ်ကို တရားသူကြီး ကိုးဦးဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ နောက်ထပ် မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ယင်းတို့ကို အသက် ၇၀ အထိ တာဝန် ထမ်းဆောင်နိုင်ကြောင်း ပြဋ္ဌာန်းထားပြီး အမေရိကန် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ဆန္ဒရှိသလောက် တာဝန် ထမ်းဆောင်ရန် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။ သို့သော်လည်း အာဏာ ခွဲဝေမှုနှင့် အပြန်အလှန် ထိန်းကျောင်းမှု မူဘောင် Concept တွင် ယေဘုယျအားဖြင့် တူညီသည်ဟု ဆိုနိုင်သော်လည်း အကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းစဉ် Process မှာ ဒီမိုကရေစီ သက်တမ်း၊ ဒီမိုကရေစီ အတွေ့အကြုံ၊ ဒီမိုကရေစီ အသိအမြင် စသည်တို့အရ ခြားနားနေမည်မှာ သဘာဝတရားပင်ဖြစ်သည်။
မြန်မာနိုင်ငံ၏ တရားဥပဒေများကို ပြန်လည် လေ့လာကြည့်လျှင် ကိုလိုနီခေတ်ကပင် ပြဋ္ဌာန်းခဲ့သော ဥပဒေများ လက်ရှိအချိန်အထိ တည်ဆဲဖြစ်နေသည်မှာ ရာနှင့်ပင်ချီ၍ ရှိနေပေသည်။ အုပ်ချုပ်သူ အလိုကျ တရားစီရင်ရေး စနစ်သည် ကိုလိုနီလက်အောက် ကျရောက်ခဲ့သော နိုင်ငံများအတွက် အမွေဆိုးဟု ဆိုနိုင်သော်လည်း အချို့သော ဥပဒေများမှာ အစိတ်အပိုင်းအချို့မှလွဲ၍ ယနေ့ခေတ်တိုင် လိုက်လျောညီထွေ ဆက်လက် ရှိနေကြသည်ကိုလည်း တွေ့ရှိရသည်။ တရားရေးစနစ် ပြုပြင် ပြောင်းလဲရေး Judicial Reform ပြုလုပ်ရန် လိုအပ်နေသည်ကိုလည်း အများစုက သိမြင်ကြသည့်တိုင် လက်တွေ့ ဆောင်ရွက်ရာ၌ မလွယ်ကူလှသော လုပ်ငန်းစဉ်ကြီး ဖြစ်နေကြောင်း တွေ့ရှိရသည်။ ဥပဒေများ ဖျက်သိမ်းရမည်၊ ပြင်ဆင်ရမည်၊ အသစ် ရေးဆွဲ ပြဋ္ဌာန်းရမည်၊ အင်စတီကျူးရှင်းများ တည်ဆောက်ရမည်၊ သုတေသန အဖွဲ့အစည်းများ အားကောင်းရမည် စသည်အားဖြင့် လိုအပ်ချက် များ မနည်းမနော ရှိနေကြသည်။
နိဂုံး

အမေရိကန်ပြည်ထောင်စု၏ ပါတီကြီး နှစ်ရပ်မှ သမ္မတများသည် တရားရုံးချုပ် တရားသူကြီးများ ခန့်အပ်ရာတွင် မိမိတို့နှင့် နီးစပ်သူများကို ခန့်အပ်လေ့ရှိကြောင်း၊ ထိုသို့ ခန့်အပ်ရာတွင် အတည်ပြု ပေးရသော ဆီးနိတ်၌ ဒီမိုကရက်နှင့် ရီပတ်ဘလီကန် အသာစီး ရရှိထားမှုအရ အကျိုးဆက်ဖြစ် ပေါ်လေ့ရှိကြောင်း ဆန့်ကျင်ဘက် ပါတီများက အစဉ်အမြဲ ဝေဖန် ပြောကြားလေ့ ရှိသည်ကိုလည်း တွေ့ရှိနိုင်သည်။
၁၉၄၅ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ နှစ်ပေါင်း ၆၀ ကျော် ကာလတွင် အိမ်ဖြူတော်ကို ဒီမိုကရက်များက ၂၈ နှစ်၊ ရီပတ်ဘလီကန်များက ၃၆ နှစ် ကြီးစိုးထားခဲ့ပြီး ယင်းနှစ်ပေါင်း ၆၀ ကျော် တွင် တရားရုံးချုပ်၌ ဒီမိုကရက်သမ္မတ ခန့်အပ်သူ တရားသူကြီး ၁၀ ဦး၊ ရီပတ်ဘလီကန် သမ္မတ ခန့်အပ်သူ တရားသူကြီး ၁၈ ဦးသာရှိကြောင်း တွေ့ရှိရသည်။ ယင်းကာလအတွင်း ဝါးတားဂိတ်ကဲ့သို့ ဖြစ်စဉ်များပင် ဖြစ်ပေါ်ခဲ့ရာ တရားစီရင်ရေး၏ သီးခြား လွတ်လပ်မှုနှင့် သန့်ရှင်းမှုသည် မည်သူက ခန့်အပ်သည်ဟူသော အချက်က အဓိကမဟုတ်ဘဲ စည်းမျဉ်းသင်းပင်း မူဘောင် ဟူသော အင်စတီးကျူးရှင်းများ မည်မျှ ခိုင်မာသည်၊ မည်မျှ မြင့်မားသည်ဟူသော အချက်သာ အဓိက ဖြစ်ကြောင်း တွေ့ရှိနိုင်ပေသည်။
Credit To The Voice Weekly
Read More »

ပြည်သူဝန်းရံသည့် တရားစီရင်ရေးသို့

(ဖြူး-တင့်အောင်)

ပြည်သူအချင်းချင်း လောဘ ဒေါသ မာန်မာန မောဟ တရားများ ဖုံးလွှမ်းနေ ကြရာမှ သင်္ဂဟတရား လေးပါးကို ပစ်ပယ်၍ ထားသဖြင့် တစ်ဦးနှင့်တစ်ဦး ထိတွေ့ ဆက်ဆံရာတွင် မကျေနပ်မှုများ၊ လှည့်စားမှုများ၊ တင်စီးမှုများ၊ ကတိတရား ပျက်ပြားလာခြင်းများမှတဆင့် အမုန်းတရားများ ပေါ်ပေါက် လာပြီး တရားတပေါင်များ ဖြစ်လာကြပါသည်။

လူ၏ မူလဘူတ သဘောအရ အတ္တသမား ဖြစ်သည်နှင့်အညီ မှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ၊ တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ မိမိဘက်က အနိုင်လိုကြသည်။ တစ်ခါတစ်ရံ နိုင်ပါလျက်နှင့်ပင် မကျေနပ်နိုင် ဘဲ ရှိတတ်ကြပါသည်။ တစ်ဖက်ကို အပြစ်ပေးတာ နည်းသည်ဟူ၍ အတ္တ လွန်ကဲလာကြသောအခါ လိုက်ဖက်သည့် အပြင်အဆင်များဖြစ်သည့် ချဉ်းကပ်မှုများ၊ ပံ့ပိုးရမှုများ၊ အမျိုးမျိုး အထွေထွေ ပြုကြရသဖြင့် ပင်ပန်း ဆင်းရဲမှု ကြုံကြရပါသည်။

မိမိတို့ဘက်က ကြိုးပမ်းမှုများ အစွမ်းကုန် ပြုလုပ်ခဲ့ကြသော်လည်း မအောင်မြင်သည့် အခြေအနေနှင့် တွေ့ဆုံရသည့်အခါ အမျိုးမျိုးသော ပြစ်တင် ဝေဖန်မှုများ ပြုလာကြပါသည်။ ပထမဦးစွာ ညွှန်းဆိုသူမှာ ရှေ့နေ ညံ့လို့၊ ဒုတိယ ညွှန်းဆိုသူမှာ တရားသူကြီး ဘက် လိုက်လို့ တတိယ ညွှန်းဆိုသည်မှာ တရားစီရင်ရေးစနစ် မကောင်းလို့ဟု သတ္တုချတတ်ပါသည်။ နောက်ဆုံး တရားရေးမဏ္ဍိုင်ကို မယုံမကြည် ဖြစ် လာသည်အထိ ရှိလာကြပါသည်။

ထို့ကြောင့်လည်း နိုင်ငံတကာနှင့် သတင်း မီဒီယာများကပါ တရားရေးမဏ္ဍိုင် မကြံ့ခိုင်သရွေ့၊ တရားဥပဒေ မစိုးမိုးသရွေ့ တိုင်းပြည် ငြိမ်းချမ်း တည်ငြိမ်မှု မရှိဘဲ စီးပွားရေးကအစ တိုင်းပြည်ဖွံ့ဖြိုးမှု မရှိနိုင်ဟု တရားစီရင်ရေး ကဏ္ဍ ကို လက်ညှိုးထိုး ဝိုင်းဝန်း ဝေဖန်နေကြပါသည်။

တရားစီရင်ရေး အသိုင်းအဝန်းတွင် အမှုသည်များ၊ သက်သေများ၊ ရဲဝန်ထမ်း၊ ဥပဒေ ဝန်ထမ်း၊ ရှေ့နေများ၊ တရားသူကြီးများ ရှိနေကြပါသည်။ အချုပ်ဆိုရပါလျှင် အဆုံးအဖြတ် ပေးရသည့် တရားသူကြီး အခရာ ဖြစ် ပါသည်။ တရားသူကြီးကလည်း တရားခွင်တွင် ပေါ်ပေါက်သည့် အမှုနှင့် ပတ်သက်သော အကြောင်းချင်းရာများပေါ်တွင်သာ စီရင်ချက် ချမှတ် ရခြင်း ဖြစ်ပါသည်။

တရားသူကြီးတစ်ဦး၏ စီရင်ချက်သည် လုံးဝဥဿုံ မှန်သည်ဟု မဆိုသာပါ။ ဆုံးဖြတ် စီရင်သည့် တရားသူကြီး၏ ဖြတ်သန်းလာရသည့် တရားစီရင်ရေး နယ်ပယ်၏ အတွေ့အကြုံများ၊ သင်ကြား တတ်မြောက်လာရသည့် ဥပဒေ ပညာများဖြင့် ပေါ်ပေါက်လာသည့် အကြောင်းချင်းရာများအပေါ် စိစစ် ဝေဖန် တိုင်းဆ၍ ဆုံးဖြတ်ပေးခြင်းသာ ဖြစ်ပါသည်။

သို့ဖြစ်၍လည်း အယူခံ တရားရုံးများ ရှိနေကြခြင်းဖြစ်ပါသည်။ အယူခံ တရားရုံးအနေဖြင့် မူလအမှုအား ပြန်လည် တွေ့ဆုံ စစ်ဆေးခြင်း မဟုတ် ပါဘဲ မူလရုံး၏ အမှုတွဲကိုသာ ခေါ်ယူ၍ နှစ်ဖက် ရှေ့နေများ ၏ လျှောက်လွှဲချက်အပေါ် အောက်ရုံး၏ ဆုံးဖြတ် စီရင်ချက်အတိုင်း အတည်ပြုခြင်း၊ အောက်ရုံး၏ စီရင်ချက်ကို ပယ်ခြင်း၊ အမိန့်အသစ် ထပ်မံ ချခြင်းများသာ ပြုလုပ်ပါသည်။ အဆင့်ဆင့်သော တရားရုံးများတွင် ခရိုင်၊ တိုင်းဒေသကြီး၊ ဗဟို တရားရုံးများအပြင် တစ်ဦးထိုင်၊ နှစ်ဦးထိုင်၊ သုံးဦးထိုင် တရားရုံးများနှင့် စာချွန်လွှာ တရားရုံးများပင် ရှိနေကြသည်ကို တွေ့ရပါ သည်။

ဗဟို တရားရုံးတွင် တစ်ဦးထိုင်၊ နှစ်ဦးထိုင်၊ သုံးဦးထိုင် တရားစီရင်ရေးရုံးများ ရှိနေသည်မှာ အထင်ကရ ဖြစ်ပါသည်။ ဤသည့် အစီအစဉ်ကို ရေးဆွဲ ချမှတ် ခဲ့သည်မှာ တရားစီရင်ရေးတွင် အမှန်ကန်ဆုံး ဖြစ်အောင် စီစဉ် ချမှတ် ခဲ့သည်ဟု ယုံကြည်မိပါသည်။ တရားစီရင်သည့် နေရာတွင် သုံးဦးထိုင် စနစ် သည် နောက်ဆုံးဖြစ်၍ လူသုံးဦး ခေါင်း သုံးခေါင်းဖြင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းသည် ပိုမိုခိုင်မာ မှန်ကန်သည်ဟု ယူဆသောကြောင့်သာ တရားသူကြီး သုံးဦးထိုင် စနစ်ကို ဖန်တီး တည်ဆောက်ခဲ့သည်ဟု ယူဆ ရပါသည်။

မြန်မာနိုင်ငံတွင် အစိုးရ အသိအမှတ်ပြု အတန်းပညာ တတ်သူများက နည်းပါးပါသည်။ အတန်းပညာ တတ်သူများက သဘာဝအားဖြင့် အသိအမြင် ချမ်းသာ၍ အတန်းပညာ နိမ့်သူများက အသိအမြင် ဆင်းရဲကြ ပါသည်။ အသိ ဆင်းရဲသူက များပြားသဖြင့် အသိ ချမ်းသာသူများ က လောကကြီး လှပ သာယာ အေးချမ်း အဆင်ပြေအောင် ဆောင် ရွက်ပေးနိုင်ရမည်ဟု ယူဆပါသည်။ ပြည်သူတွေရှိလို့ အစိုးရလည်း ရှိရပါ သည်။ ပြည်သူတို့ရဲ့ ရုပ်ဝတ္ထုများ ဆင်းရဲမှု၊ ပြည်သူတို့ရဲ့ စိတ်ဓာတ် ကျဆင်း၍ ပြည်သူတိုင်း စီးပွားရေး မပြေလည်မှုများ ကို ဖြေလျှော့ပေးနိုင်အောင် နိုင်ငံတော်ပိုင်းကလည်း တစ်စိုက် မတ်မတ် ဆောင်ရွက်ပေးနေသည်ကို တွေ့ရပါသည်။

နိုင်ငံတော် အကြီးအကဲဖြစ်သည့် သမ္မတကြီးကလည်း ၂၀၁၃ ခုနှစ် မေလ ၅ ရက်နေ့က ပါတီစုံမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ပြည်သူကို ဗဟိုပြုသည့် အုပ်ချုပ်ရေး စနစ်ကို ပြောင်းလဲ အုပ်ချုပ်ရန် ကြိုးစားနေကြောင်းနှင့် အုပ်ချုပ်ရေးဘက်က ချို့ယွင်း အားနည်းချက်ရှိပါက အထောက် အထား ပြည့်ပြည့်စုံစုံနှင့် တင်ပြပါက အသိအမှတ်ပြုပြီး ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း မိန့်ကြားခဲ့ပါသည်။

အုပ်ချုပ်ရေးပိုင်းက ပိုမို ကောင်းမွန်သော နည်းလမ်းများ ရှာဖွေပြီး စနစ်ပြောင်း အုပ်ချုပ်ရေး အကောင် အထည်ဖော်ရန် ကြိုး စားနေကြောင်း ပြည်သူတွေ သိသင့်သလောက် သိနေကြပြီ ဖြစ်ပါသည်။ ယနေ့ ပြည်သူထဲက ထွက်ပေါ်နေသည့် တရားရေးမဏ္ဍိုင်နှင့် ပတ် သက်သော ပြည်သူ့အသံများ ထွက်နေပါသည်။ တရားရုံးများတွင် အာမခံပေးခြင်း ကိစ္စများမှစ၍ တရားစီရင်ရေး ကိစ္စများတွင် လာဘ်ပေး လာဘ်ယူမှုများ ရှိနေကြောင်း အချို့ အမှုစစ်ဆေးပြီးသော်လည်း အမိန့်မချ ဘဲ အချိန်ဆွဲနေသည့် ကိစ္စများ၊ အချို့ လောင်းကစား အမှုများတွင် အာမခံပေးထားပြီး အမှုအား ဆက် စစ်ဆေးခြင်းမပြုဘဲ အချိန်ဆွဲထားခြင်း များနှင့် ပတ်သက်၍ ပြည်သူ့ အသံများ ထွက်နေပါသည်။

ခက်မ သုံးဖြာတွင် ပါဝင်သည့် တရားစီရင်ရေး မဏ္ဍိုင် ကြံ့ခိုင်ပါမှ တရား ဥပဒေ စိုးမိုးမှု ရှိပါမှ နိုင်ငံဖွံ့ဖြိုး တိုးတက်မှုရှိမည်ဟု သတင်း မီဒီယာနှင့် နိုင်ငံတကာကပါ ရေးသား ဖော်ပြနေပါက တရားစီရင်ရေးပုံစံ တစ်ခုခုသို့ ပြောင်းလဲရန် ကြိုးစားရမည့် တာဝန်သည် သက်ဆိုင်သူ အကြီးအကဲများတွင် တာဝန်ရှိလာ ပါသည်။

အကြံပြုလိုပါသည်။ မူလစတင် စစ်ဆေး စီရင်သော တရားခွင်များတွင် တစ်ဦးထိုင်အစား သုံးဦးထိုင် စနစ်သို့ ပြောင်းလဲ စစ်ဆေး စီရင်ပါရန်နှင့် ထိုသုံးဦးထိုင်စနစ် ပြောင်းရန်အတွက် မူနှင့် စနစ် ချမှတ်ပေးပါရန် လိုမည်ဖြစ်ပါသည်။ ဤသို့ စနစ် ပြောင်းလဲ စစ်ဆေးပါက-

၁။ လာဘ်ပေး လာဘ်ယူ ပါးလျားသွားမည်။

၂။ တစ်ဦးတည်း ဆုံးဖြတ်ချက်ထက် သုံးဦး ဆုံးဖြတ်ချက်က ပိုမို ခိုင်မာ လာမည်။

၃။ အကြောင်းချင်းရာအပေါ် မှန်ကန်မှု ရှိလာမည်။

၎။ အမှုများ အမြန် ပြီးပြတ်မှု ရှိလာမည်။

၅။ ပြည်သူ ယုံကြည်မှု ရှိလာမည်။

စသည့် အကျိုးတရားများ ရရှိလာမည်ဟု မျှော်မှန်းမိပါသည်။ ပြည်သူများ ဝန်းရံသော တရားစီရင်ရေး၊ မ.ဆ.လ လက်ထက်က ပေါ်ပေါက်ခဲ့ဖူးပါသည်။ သို့သော် တရားသူကြီးကိုယ်တိုင် မပါဝင်ရဘဲ တရားလို၊ တရားခံ၊ သက်သေ များ၏ ထွက်ချက်များကို တရားသူကြီး (တရားရေး အကြံပေး) က ဥပဒေနှင့် ညီသည့် အချက်အလက်များ၊ အားသာချက်၊ အားနည်းချက် များကို ထောက်ပြသည့်အပေါ် တရားသူကြီး၊ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် နှစ်ဦးက စုပေါင်း တိုင်ပင်၍ စီရင်ချက် ရေးသား အမိန့်ချမှတ်ခဲ့ကြ ပါသည်။

မ.ဆ.လ လက်ထက်က ပေါ်ပေါက်ခဲ့သည့် သုံးဦးထိုင် တရားစီရင်ရေး လက်ထက်တွင် ကြီးမားသည့် တရားစီရင်ရေး ချို့ယွင်း အားနည်းချက်များ မရှိခဲ့ပါ။ အချို့ တရားစီရင်ရေးရုံးတွင် အားနည်း လွဲမှားမှု ရှိခဲ့ပါသည်။ မည်သည့် ဥပဒေက မည်သို့ဆိုစေဟု ဆိုပြီး တဇွတ်ထိုး စီရင်ချက် ချမှတ် ခဲ့သည်ကို ကြားရဖူးပါသည်။ သို့သော် အထက် အယူခံရုံး အဆင့်ဆင့် ရှိခြင်းက အမှန်ကို တည့်မတ် ဆောင်ရွက်နိုင်ခဲ့ပါသည်။

ပြည်သူများ ဝန်းရံသည့် သုံးဦးထိုင် စနစ် ဖော်ဆောင်ပါက တရားသူကြီး ကိုယ်တိုင် ပါဝင်ပြီး အကျင့်စရိုက် ကောင်း၍ အငြိမ်းစား ၆၅ နှစ်အောက်၊ ပညာအဆင့်ရှိ ပြည်သူများ ဝန်းရံ ဖော်ဆောင်ပါက အောင်မြင်မည်ဟု ယူဆ ပါသည်။

ခေါက်ရိုး ကျိုးနေသည့် ပြည်သူများ မျှော်လင့်နေသည့် အပြောင်းအလဲ တစ်ခုကို လွယ်လွယ်နှင့်တော့ ပြောင်း၍ မရပါ။ ကြိုးစားကြရမှာ ဖြစ်ပါသည်။ အခြေခံဥပဒေကိုပင် ပြင်ဆင်ရမည့် အနေအထားရှိနေပါကြောင်း တင်ပြ ရပါသည်။

Credit To The Voice Weekly
Read More »

ခေတ်ကြီးက ဤသို့ စီးမြဲစီး … အချို့အရာများ နှာစေးနေဆဲဖြစ်သည်

Photo: ခေတ်ကြီးက ဤသို့ စီးမြဲစီး … အချို့အရာများ နှာစေးနေဆဲဖြစ်သည်
=======================================

မိုးကတိုး၍သာ သည်းသည်းလှုပ် ရွာနေဆဲ။စိတ်အလိုအတိုင်း ထင်သ လိုခြယ် လှယ်၍ မရသည့်သဘာဝတရားမို့ အ ပြစ်ဆိုရန် မရှိပါ။ တစ်ညလုံးရွာ ခဲ့သည့် မိုးက ခဏတိတ်လိုက်  အသစ်ပြန်စလိုက် နှင့် နံနက်ထိ ထိုနည်းလည်းကောင်း။ ထို့ကြောင့်မိုးကအေး၏။ အနှီမိုးအေး အေးသည် လူငွေ့ဖြင့်အသားကျကာ နွေးနေသော အိပ်ချင်စိတ်အပေါ် အရ သာရှိရှိ ဖိထားသည်။

သို့သော် အင်းအင်းအဲအဲညည်းညူ ကာ ထိုအရသာကို နှမြောတသစွာပယ် ကြရစမြဲ။ စောင်ကို မဖယ်ချင့်ဖယ်ချင်ခွာ၊ ”စိတ်ရှိလက်ရှိသာ  အိပ်ပစ် လိုက်ရရင် တော့ကွာ”ဟူသောလောဘဖြင့် လေးလံ နေသော မျက်လုံးများကို ဖွင့်ပြီးနောက် ပို၍ အကောင်ကြီးသော ပရိယေသန ဝမ်းစာအတွက် တစ်မနက် အားမွေးရ ပြန်ပြီ ဖြစ်သည်။

ဤကား နွေမိုးဆောင်း မပြောင်း ဘဲ ဝမ်းရေးအတွက် နေ့စဉ်ကုန်းရုန်းထ တိုက်ပွဲဝင်နေရသော အလုပ်သမားများ ၏ သာမန်ရိုးရိုး နံနက် မျက်နှာ စာအဖွင့် ဖြစ်သည်။ သာမန်ရိုးရိုးဟု သုံးနှုန်းခဲ့၍ ထူးရှယ်များရောရှိပါသလား ဟုဆိုပါ လျှင် အဆင်မပြေမှုများနှင့်မွန်းကျပ် မာဆတ်နေသော အခြေခံဘဝများစွာမို့ အရုဏ်ဖြင့် မတက်သေးခင် စီခနဲဖြစ် တတ်သော လင်မယားရန်ပွဲများ၊ ခေါင် က မိုးမလုံ၊ ဆာလောင်မှုကို အငိုဖြင့် သာ   တောင်းတတ်သော ကလေးများ၏ဆူညံ သံနှင့် ဖြည့်ဆည်းပေး ချင်သော မိဘ မေတ္တာသည် မတတ်နိုင်သော ဘဝ အမော များကြောင့်  ဒေါသေ စတသိက် အဖြစ်ပြောင်းကာ မှီရာကျောပြင် ဗျော တင်သံများဖြင့်လည်း နံနက်ခင်းက ထူး ရှယ် ဖြစ်နိုင်ပါသေးသည်။

အစိုးရဝန်ထမ်းများ၊ ပုဂ္ဂလိကဝန် ထမ်းများသည်လည်း နံနက်ခင်းဆို ထို ကဲ့သို့ အပြေးအလွှား ရုန်းကန်ရသည် ချည်းဖြစ်သည်။ သို့သော် သူတို့ က သေ ချာရေရာသော ထိုင်ခုံစားပွဲနှင့် သေချာ ရေရာသော လုပ်ခလစာရှိသည်။ ဌာန များအလျောက် ၊ ကုမ္ပဏီများအလျောက် အကျိုးခံစားခွင့်နှင့် အာမခံချက်များ ရှိသည်။ ရာထူးတာဝန်အရ အကာအ ကွယ်နှင့် လုံခြုံမှုရှိသည်။

သို့သော် နေ့စားလုပ်သားများနှင့် ကျပန်းလက်လုပ်လက်စား များအတွက်တော့ထိုအရာများမရှိ။ ဒီနေ့မည်သို့လုပ် ကိုင်ရပြီး မည်မျှရမည်ကို သိနိုင်ခြင်းမရှိ။ တစ်နေ့ရွှေ တစ်နေ့ငွေ စကားအစား တစ်နေ့ငွေ တစ်နေ့သံဟူ၍လည်း ပေ ပေါ်တင်၍ အထုခံရနိုင်ပါသည်။ အဆိုး ဆုံးကတော့ အချို့အချို့သော လုပ်ငန်း များ၏ ကျန်းမာရေးဆိုင်ရာ အာမခံချက် မဲ့မှုအောက် မိမိအသက်ဘေး မိမိမေ့ ကာ ရွေးချယ်ခွင့်မရှိ  ရပ်တည်လုပ်ကိုင်   နေရသောဘဝများလည်း ရှိနေခြင်း ဖြစ် သည်။

လက်ရှိခေတ်စနစ်အသစ်ဟု ဆို နေကြသည့် ခေတ်ကြီးထဲ လူမှုဖူလုံရေး ဥပဒေသစ်ကိုလည်း ရေးဆွဲနိုင်ခဲ့ကြပြီ။အနည်းဆုံးအခကြေးငွေ ဥပဒေ သည် လည်း နည်းဥပဒေနှင့် လုပ်ငန်းစဉ်များ ကို စောင့်နေပြီ။ သို့သော် အာမခံချက် နှင့် လုံခြုံမှုနည်းသောဘဝများဖြင့် မြို့ပြ သံသရာကတော့ မှန်မှန်ကြီးလည်နေဆဲ ဖြစ်ပါသည်။

(၁) ဘဝများလွင့်ပျံနေသည်၊ အသက် ဝဝရှူခွင့်ရနေပါသလား
--------------------------------------------------------------

ဗုန်းခနဲပစ်တင်လိုက်သော အိတ် ၏အရှိန်ကြောင့် ကားပေါ်တွင် ဝပ်နေ သော ဘိလပ်မြေမှုန့်များ ထောင်းခနဲ လွင့်ပျံတက်လာသည်။

 နောက်ဆုံး အိတ်မို့ အားလျှော့ လိုက်သည့်ဟန်ကို ရှူးခနဲမှုတ်ထုတ် လိုက် သည့် သူ့ထံတွင်တွေ့လိုက်ရသည်။ ကိုယ်ပေါ်တွင်ခြုံထားသော ပုဆိုးစုတ် ကို တဖြန်းဖြန်းခါလိုက်တော့ ဘိလပ်မြေမှုန့် များက ဝန်းကျင်တခို မြူနှင်း ကျသလိုပင်။ သူကတော့ ဘာမှမထူးခြားသလို ထို ပုဆိုးဖြင့်ပင် မျက်နှာနှ င့်လက်မောင်းပေါ် မှ ချွေးများကို ခပ်ကြမ်းကြမ်းသုတ်လိုက် ပါသေးသည်။

 ”လုပ်နိုင်ရင် လုပ်နိုင်သလိုရတယ်။ တင်လို့ရသလောက်ရှင်းပေးတယ်။ ပလန့် (ဘိလပ်မြေဖျော်စက်)မှာတစ်လုံးကို ၂၅ ကျပ်ရတယ်။ ကားချရင် ၂ဝ ရတယ်။ ကားပေါ်တင်ပေးရုံပဲ။ သူတို့ဘာသာ သယ်သွားတယ်” ဟုသူဟု နာမ်စားသုံးခဲ့ သည့်အသက် ၂၉ နှစ်ရှိ ကိုဝင်းနိုင်စိုးက သူ့လုပ်ငန်းကို ရှင်းပြသည်။

ခွဲတမ်းရသော ပိုက်ဆံများကို ခါးတွင် ကျစ်ကျစ်လိပ်သိမ်း လိုက်ပြီး နောက်ကားတစ်စီးလာရန်ရှိ၍ ထမင်း ကြိုစားထားရကြောင်း ကို ပြောရင်း ကိုဝင်းနိုင်စိုးက ဘိလပ်မြေများ ကပ်ညိ ပေကျံနေသော လက်ဖြင့်ပင် ထမင်းချိုင့် ကိုချကာ ကော်ဖီထုပ်ကိုပါ တလက်စတည်း ဖျော် လိုက်သည်။

သူတို့လို လုပ်သားများအတွက် လုပ်အားခဆိုသည်က သူတို့လုပ်နိုင် သည့် ပေါ်တွင်သာမူတည်ပါသည်။ တစ်နေ့ လုပ်တစ်နေ့စားဟူသော စကားက သူတို့ အတွက်အမှန်။ အလုပ်များခြင်း နည်း ခြင်းနှင့် သူတို့ထမ်းနိုင်သည့် အရေအ တွက်အလျောက် သက်ရောက်ပါသည်။

 ”ခုကပိုပင်ပန်းတယ်။ စားသောက် ချိန်မမှန်ဘူး။ နားချင်တိုင်းနားလို့မရဘူး။ နေ့ဘက် ညဘက် ဆင်းရတဲ့အခါလည်း ရှိတယ်။ ကားချရင် ချသေ လာက် သယ် ရတယ်။ အလုပ်ကပြတ်တယ်မရှိဘူး။ သွားနေရတာပဲ”ဟု သူက လမ်းအပြင် ဘက်ကိုငေးရင်း ပြောသည်။

 သူဒီအလုပ်ကို လုပ်ခဲ့သည့်ကာလ က ၂ နှစ်။ ယခင်က ဆိုက်ကားနင်းခဲ့ သော်လည်း အစ်ကိုဖြစ်သူက ဘိလပ် မြေသယ် အလုပ်သမားဖြစ်နေေ သာ ကြောင့် ဤအလုပ်ကိုသာ ဆက်စပ်လုပ် ဖြစ်ခဲ့ခြင်းဟုရှင်းပြသည်။ လက်ရှိအလုပ် က ပိုက်ဆံပိုရသော်လည်းဆိုက်ကား နင်းစဉ်ကမူ ဘဝမှာ သက်သောင့်သက် သာရှိခဲ့ကြောင်း ဆိုပါသည်။

 ”ဒီအလုပ်က ကျန်းမာရေးထိခိုက် တယ်။ ဘိလပ်မြေမှုန့်တွေက နှာခေါင်း ထဲကနေဝင်တယ်။ အဆုတ်ကို ရောက် တယ်။ ကျောက်ဖြစ်တယ်။ အဲလိုပြောကြ တာပဲ။ ကျွန်တော်တော့ အခုထိဘာမှ မဖြစ်သေးဘူး။ ငှက်ပျောသီးစားတယ် လေ” ဟု ကိုဝင်းနိုင်စိုးကသူ့အလုပ်၏ ဆိုးကျိုး ကိုပြောပြသည်။ ဘိလပ်မြေမှုန့် နှင့် ထိတွေ့သူများအတွက် ငှက်ပျောသီး ကအမှုန်များကို အတွင်း၌ ကပ်မနေ စေဘဲ ဝမ်းတွင်းသို့ ငှက်ပျောသီးနှင့် အတူဝင်သွားသည်ဟု သူတို့ လုပ်ငန်း လုပ်ကိုင်သူများ ယုံကြည်ထားသော ဖြေ ရှင်းပုံကို ဆိုလိုခြင်းဖြစ်သည်။

   ဤအလုပ် စလုပ်စဉ်ကမူ ဘိလပ် မြေမှုန့်များနှင့် ချွေးရောကာ လက်များ ပေါက်ခြင်း၊ အဖုအပိန့်များ ထွက်ခြင်း၊ အဆိုပါဒဏ်များကြောင့် လက် များ ပေါက်ပြဲကိုက်ခဲကာ သုံးရက်ခန့် အလုပ် မဆင်းနိုင်ဖြ စ် ခဲ့ပြီး နောက်ပိုင်းတွင်တော့ အသားကျသွားခဲ့ကြောင်း သူက ပြောပြ သည်။

အထွေထွေရောဂါကု ဆရာဝန် ကြီး ဒေါက်တာဇော်သန်းထွန်းကတော့ ဘိလပ်မြေမှုန့်များဝင်ရောက်သည့် အ တွက် တီဘီ၊ အခြားလေပြွန်   ရောင်ရော ဂါနှင့် နမိုးနီးယားရောဂါများဖြစ်ပွားနိုင် ကြောင်း ဆိုပါသည်။

 ”အဲဒီအမှုန်တွေကြောင့် အသက် ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေ ဖြစ် ဖို့အခွင့်အလမ်းများတယ်။ ဒါတွေက အ သက်ရှူလ မ်းကြောင်း ရောဂါတွေ ကို ခုခံတိုက်ခိုက်နိုင်တဲ့ စွမ်းအားလျော့ကျ သွားတယ်။အဲဒါကြောင့် ခုန လြေ>ွပန်ရောင် ရောဂါမျိုး ဖြစ်နိုင်တာပေါ့” ဟု ၄င်းက ရှင်းပြသည်။

 ထို့ပြင် အရေပြားနှင့်ပတ်သက် ပြီး ဓာတ်မတည့်အရေပြားရောဂါ    (ACD- AlLergic Contact Dermatitis)  ဖြစ်နိုင် ကြောင်းလည်း ဒေါက်တာက ဆိုသည်။ ယင်းအတွက်ကာကွယ်မှုကမူ လုံခြုံ သောနှာခေါင်းစည်း (Mask) တပ်ဆင် လုပ်ကိုင်ရန်သာ ဖြစ်သည်ဟု အကြံ ပေးပါသည်။

 ရွှေပြည်သာ တံတားအဆင်းတွင် ရှိသော ကွန်ကရစ်ကင်းဖျော်ပြီးသား ဘိ လပ်မြေအမှာများကို လိုက်လံပို့ဆောင် ပေးရသော လုပ်ငန်းတွင် ဝင်ရောက်လုပ် ကိုင်နေသည့် ကိုဝင်းနိုင်စိုးတို့လို လုပ် သားများအတွက်မူ အလုပ်ရှင်မှ နှာ ခေါင်းစည်းများ ထုတ်ပေးသော်လည်း မတပ်ကြဟု ဆိုသည်။

   ”အဲဒါကြီးဝတ်ပြီး အလုပ်လုပ် ရင် မွန်းကျပ်လို့ဗျ။ ဒီတိုင်းလုပ်လိုက်တာပဲ” ဟု ကိုဝင်းနိုင်စိုးကပြောသည်။

 အလုပ်ကောင်းသည့်နေ့ဆို ကျပ် တစ်သောင်းခွဲနီးပါး ရတတ်ရာ အလုပ် ဇောဖြင့် သူတို့အတွက် အခြားသော အရာများကို မတွေးမိ၊ မတွေးနိုင်ခြင်း က မဆန်း။ တစ်နေ့လျှင် ဘိလပ်မြေအိတ် ၃ဝဝ ခန့်သယ်ပိုးလုပ်ကိုင်နေသော သူ ကတော့ မိုးကုန်ပါက ဆိုက်ကားပြန်နင်း မည်ဟု ဆိုပါသည်။

”ကိုယ့်စိတ်နဲ့ကိုယ် ဘယ်သူမှ ဒီ အလုပ် မလုပ်ချင်ပါဘူး။ ပိုက်ဆံရလို့ လုပ်တာ။ ပခုံးနဲ့ထမ်းတာဆိုတော့ နာ တာပေါ့။ စုတ်ပြတ်သတ် အရေ ခွံကွာ   နေတာပေါ့”ဟု အင်္ကျီကို အသာစောင်း ဟပြရင်း သူကပြောသည်။ တကယ် တော့သူ့ပုခုံးပေါ်ကအနာထက် လှိုင်သာ ယာတွင်ကောင်း တူဆိုးဖက် နေနေသော မိသားစု လေးယောက်အတွက် ဘဝ အနာက ပိုဆိုးမည်ထင်ပါသည်။

 ”ကျွန်တော်တို့ ကားလမ်းဘေး နားကပ်ပြီး အိတ်ချတဲ့အခါမှာ အ ဝေးကြီးကနေ နှာခေါင်းလေးတွေပိတ် ပြီးတော့ကျော်သွားတယ်။ ကိုယ်တွေ က အနီးကပ်လုပ်နေတဲ့သူတွေက အလုံး လိုက်ရှူနေရတာဘာမှမဖြစ်ရဘူး။ အေး လေ…”ဟု အဆုံး မသတ်သောစကား ကိုဆိုရင်း ကိုဝင်းနိုင်စိုး ခေါင်း တဆတ် ဆတ်ညိတ်နေဟန်တွင် တစ်စုံတစ်ရာကို ကြိုးစားမျိုသိပ်လိုက်ရသည့် နာကျင်မှု ပါနေသလို ခံစားသိလိုက်မိပါသည်။

(၂) ငုံ့တောင်မကြည့်မိပေမယ့် တကယ့် အရေးဆို သူတို့ရော စက်ရုပ်မို့လား
-------------------------------------------------------------------------

ဖြတ်သွားဖြတ်လာ လူတွေကို ထိုင်ကြည့်နေရင်း ကိုယ့်ကို ခေါ်မည့် သူလားဟု မျက်နှာရိပ်ကို ကြည့်နေရ သည်ကိုက မောသည်ဟု ကိုနိုင်ထွေး က ပြောသည်။

 အနော်ရထာလမ်းပေါ်နှင့် ပန်း ဆိုးတန်းမီးပွိုင့် အလွန်လေးတွင် အ ရွယ် အစားမျိုးစုံရှိပိုက်များ တပ်ထား သောဝါးလုံးများ ထိုးထိုးထောင် ထောင် ချ၍ ထိုင်နေသူများကို တွေ့ရသော အခါ အချို့က ဘာမှန်းမသိကြ။ သိသူ များကတော့ ဖြတ်လျှောက်ရာတွင်ပင် ထိမည်စိုးသလို ခပ်ခွာခွာ။ ထို့ကြောင့် လိုအပ်၍ အလုပ်လာခေါ်ရာတွင် ရှက် သလိုကြောက်သလိုမို့ မျက်နှာအရိပ် အကဲကိုကြည့်ကာ မှန်းဆရသည်ဟု ကိုနိုင်ထွေး (အမည်လွှဲ)က ပြောခြင်းဖြစ် သည်။

   အဆိုပါ ထိုးထိုးထောင်ထောင် များမှာ လုပ်ငန်းတစ်ခု၏ သင်္ကေတ ဖြစ်ပြီးမိလ္လာပိုက်များပိတ်ခြင်း၊ ပြုတ် ခြင်း၊ ရေစင်နှ င့်ရေပိုက် များပိတ်ခြင်း ၊ ပြုတ်ခြင်းများကို ပြုပြင်ပေးသည်ဟူ သော အဓိပ္ပာယ်ဖြစ် ပါသည်။

 ”မိသားစု စားဝတ်နေရေးအ တွက် လုပ်နိုင်သမျှကို ကျွန်တော် အကုန်လုပ်တယ်။ အဓိက ကတော့ကျွန်တော့်မိသားစု ပြေပြေလည် လည် နေနိုင်ဖို့ ပဲ” ဟုသူက ပြောပါသည်။

ဤအလုပ်က တစ်ခါတစ်ရံတွင် သူတို့အသုံးပြုသော လက်နက်တန် ဆာပလာများဖြင့် လုပ်ကိုင်၍ အဆင် မပြေသည့်အခါ လက်ဖြင့်ပင် ကိုင် တွယ် ကာ ပိတ်ဆို့နေသည်များ ဖယ် ရှားရတတ်သည်လည်း ရှိသည်ဟုသိရ သည်။ ထို့ကြောင့်ပင် လူအချို့က သူတို့ ကို ရွံရှာစရာလူများလို ခပ်တန်းတန်း ရှိတတ်ခြင်းဟု သူက ခံစားချက်ကို ပြောပြသည်။

 ထိုသို့နိမ့်ပါးသည်ဟု ဆိုသော် လည်း အသက်မွေးဝမ်းကျောင်းအ တွက် လုပ်ကိုင်ရခြင်းဖြစ်ပြီး လုပ် ကိုင်သည်မှာတစ်နှစ်ကျော်ပြီဟု ၄င်း က ဆိုသည်။ ”မိသားစုအတွက်တော့ ဒီအ လုပ်ကလုံလောက်မှုရှိပါတယ်။ ကိုယ် ပိုင်အလုပ်ဆိုတော့ လုပ်ချင်လုပ် မလုပ် ချင်နေ။ ဘယ်သူမှ မပြောဘူးေ လ။ ဘယ်သူ့မျက်နှာမှကြည့်နေစရာ မလို ဘူး”ဟု ပလက်ဖောင်းပေါ် ထိုင်ရင်း ကိုနိုင်ထွေးက အေးအေးလူလူပင် ပြော ပြသည်။ သူ့အဆိုအရမူ အလုပ်ရပါက ၄ နာရီ ၅ နာရီအတွင်း လုပ်အားခအဖြစ် တစ်သောင်း၊ တစ်သောင်းခွဲအထိ ရ တတ်သည့်အပြင် ပညာလည်းရကြောင်း၊ အသက်ကြီး သည်အထိ လုပ်ကိုင်ရန် အဆင်ပြေကြောင်း သူကအတွေ့အကြုံ အရ ပြောပြသည်။ အလုပ်ရှိရာသို့ ကြည့် မြင်တိုင် တစ်ဖက်ကမ်းမှ လာရပြီး သူ့တစ်နေ့တာအသုံးစရိတ်က ကျပ် ၂ဝဝဝခန့်ဟုဆိုသည်။ သို့သော် မိဘ နှစ်ပါးနှင့်အတူ မိသားစုအတူနေကြ ကြောင်း သူပြောပြသည်။

 ”ဒါမလုပ်ခင်က ကြည့်မြင်တိုင် ဘက်မှာ ဆီစစ်တဲ့အလုပ် လုပ်တယ်။ ၅လလောက်ပေါ့။ ဒါပေမဲ့ မလောက် ဘူးဗျ။ ဒါနဲ့ ဒီအလုပ်ကိုပြောင်းခဲ့တာ” ဟု သူက ဆိုသည်။  အထွေထွေရောဂါကုဆရာဝန် ကြီး ဒေါက် တာ ဇော်သန်းထွန်းက တော့ ဤလုပ်ငန်းလုပ်ကိုင်သူများအ နေဖြင့် တစ်ကိုယ်ရေသန့်ရှ င်းရေးပြု လုပ်ပေးရန် အရေးကြီးကြောင်း သတိ ပေးပါသည်။

 မိလ္လာလုပ်ကိုင်သူများအနေဖြင့် လက်ပတို စပိုင်ရိုးဆစ် LAPTO- SPYROSIS  ဟု ခေါ်သည့် ပိုးကြောင့် LAPTOSPYROSIS  အရေပြား   ရော ဂါဖြစ်တတ်ကြောင်း ဆိုသည်။ ”အဲဒီအကောင်တွေက ကြွက် သေးတို့ ဘာတို့မှာရှိတာ။ ကြွက်က သေးပေါက်ရင် အဲဒီကောင်တွေက ရေ ထဲပြေးေ နရော။ ကြွက်မစင်မှာ လည်းရှိတယ်။ အဲဒီရေထဲမှာ လူတွေ က ဖိနပ်မပါဘဲ လမ်းလျှောက်တော့ ရေ နူးပြီး အဲဒီအကောင်တွေက အသား ထဲကို
ထိုးဖောက် ဝင်တဲ့အတွက် ဖြစ်ရတာ” ဟု ဒေါက်တာက ဆို သည်။

ကာကွယ်ဖို့ရန်မှာ သားရေလည် ရှည်ဖိနပ်၊ ဘွတ်ဖိနပ်ကဲ့သို့ ဖိနပ်များ စီး၍ လုပ်ကိုင်သင့်ပြီး ခြေညှပ်ဖိနပ် မစီးသင့်ကြောင်း၊ အလုပ်ပြီးသည်နှ င့် ခြေဆေးလက်ဆေးနှင့် တစ်ကိုယ်ရေသန့် ရှင်းမှုကို ဂရုတစိုက် လုပ်သင့်ကြောင်း အကြံပေးသည်။ ”နောက်ပြီး အစာအိမ်၊ အူလမ်း ကြောင်းနဲ့ ပတ်သက်တဲ့ ကူးစက်ရော ဂါတွေ ဖြစ်တတ်တယ်။ အသည်း ရောင်အသားဝါ အီးပိုး၊ အေပိုးတွေ ကူးနိုင်တယ်။ ဒီပိုးတွေက မစင်ပိုက် မှာလည်းရှိ တယ်။ မစင်ကိုတော့ ဘယ် သူမှ လက်နဲ့မကိုင်ဘူးပေါ့။ ဒါပေမဲ့ ပိုက်ကို လက်နဲ့ဆွဲချွတ်တာမျိုးလုပ်လို့ လက်ကနေတစ်ဆင့် ပါးစပ်ထဲဝင်နိုင် တယ်ေ လ” ဟု ဖြစ်ပွားနိုင်ပုံကို ဒေါက် တာ ဇော်သန်းထွန်းက ရှင်းပြသည်။

သို့ရာတွင် လက်ရှိမိလ္လာပိုက်ပြင် လုပ်ကိုင်နေသူ ကိုနိုင်ထွေးတို့အတွက် မူ အထက်တွင်ဆိုခဲ့သလို အခန့်မသင့် ပါက လက်ဖြင့်ပါကိုင်တွယ် လုပ်ရသည့် နည်းတူ ဖယ်ရှားရှင်းလင်းပေးရသည့် အညစ်အကြေး အမှိုက်များကလည်း မျိုးစုံမို့ ရှောင်လွှဲနေ၍ မရ။သို့သော် အလုပ်ပြီးလျှင်လည်း ကိုယ်လက်ဆေး ရေချိုး သန့်စင်ခြင်းမှလွဲ၍ ကျန်းမာရေး ကာကွယ်မှုအတွက် ထူးထူး ခြားခြားပြု လုပ်ခြင်းမျိုး မရှိဟု သူက ပြောပါသည်။

 ”မိသားစုပြေလည်ဖို့ပဲ အရေး ကြီးတယ်ဗျာ”ဟု သူက ထပ်ပြောလိုက် ရင်းငေးနေသော သူ့အကြည့်တွင် လမ်း သွားလမ်းလာများထဲမှ အလုပ် လာခေါ် မည့်သူကိုမျှော်နေဟန်နှင့်အမောကို သိ သိသာသာပင်မြင်နေ ရပါသည်။

(၃) စိတ်ချလက်ချဖွ  တချို့ ဘဝက ရှင်းရမှ
-----------------------------------------------

ဝတ်စကုတ်ကဲ့သို့ လိမ္မော်ရောင် ယူနီဖောင်းအင်္ကျီက ရွှံ့စက်များ စင်သော ကြောင့် အနည်းငယ်ပေရေနေသည်။

ကိုစန်းဝင်းက လက်အိတ်စွပ်ထား သော လက်နှစ်ဖက်ဖြင့် ပုံးအတွင်းမှ အ မှိုက်များကို ပယ်ပယ်နယ် နယ်ကျုံးကိုင် ကာခြင်းထဲထည့်၊ ကားပေါ် လက်ဆင့် ကမ်းပေးရင်းမှ အမှိုက်များထဲမှ ပုလင်း ခွံ၊ ဘူးခွံများကို ဘေး တွင်ချထားသော အိတ်ထဲသို့လည်းထည့်သည်။ ဒါတွေက သူတို့အတွက်ေ တာ့ စွန့်ပစ်ပစ္စည်းမှ ငွေ  ယားလေးများရနိုင်သည့် အမှိုက်ထဲမှရွှေ ဟု ဆိုရမည်။

   ”ကျွန်တော့်တာဝန်က အမှိုက် တွေကိုသိမ်းမယ်။ သိမ်းပြီးသွားရင် အ မှိုက်ပုံးတွေကို ဆေးရတယ်” ဟု အမှိုက် လှည်းမှအမှိုက်များ ရှင်းလင်းရင်း မှသူက ပြောလိုက်ခြင်းဖြစ်သည်။ ပန်းဆိုးတန်း ထိပ်မှ မဟာဗန္ဓုလလမ်းထိပ် အထိ ညနေပိုင်းတာဝန်ယူထားသည့် ကိုစန်း ဝင်းသည် လုပ်သက်နှ စ်နှစ်ကျော်ခန့် ရှိ ပြီး ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတ မြို့မှ တက်လာသူဖြစ်သည်။ တကယ် တော့ သူတို့အလုပ်ကလည်း လွယ်ကူ သည်တော့ မဟုတ်။ စည်ပင်မှ အ မှိုက်သိမ်းပြီဆိုသိသိသာ သာရတတ် သည်က ဆိုးဝါးသော အမှိုက်နံ့ဖြစ်ပြီး အမှိုက်များက အမျိုးလည်းစုံကာ ညစ်ပတ်ပါသည်။ သို့ရာ တွင် သူတို့က တော့ မထူးခြား သည့်အလား အနံ့ဆိုးများနှင့် အတူ တကုတ် ကုတ်လုပ်နေဆဲ။

ကိုစန်းဝင်းနှင့် ဇနီးတို့မှာ အတူတူလုပ် ကိုင်ခြင်းဖြစ်ပြီးဌာနမှ ချပေး ထားသော ဗိုလ်တထောင်မြို့နယ် မှ လိုင်းခန်းတွင်နေထိုင်ကာ ကလေး များကိုတော့ နယ်တွင်ထားကြောင်း သိရသည်။ သူတို့က စည်ပင်ဝန်ထမ်း များ ပင်ဖြစ်၍ လစာငွေခံစားရပါသည်။ ရှစ် သောင်းသုံးထောင်ဟူသော တရားဝင် လစာအပြင် အမှိုက်သွန်သူအချို့မှ ဘောက်ဆူးပေး သော ကျပ်တစ်ရာနှစ် ရာ စသည်တို့ကို စုစုဆောင်းဆောင်း ဖြင့် ရုန်းကန်နေရ သည်ဟု ကိုစန်းဝင်း က ပြောသည်။

   ညစ်ပတ်နံစော်နေသော အမှိုက် များကို ကိုင်တွယ်လုပ်ကိုင်နေရသော် လည်း ဌာနမှ လက်အိတ်၊ နှာခေါင်းစည်း များအပြင် မိုးကာအင်္ကျီပါ ထုတ်ပေး သည်မို့ အကာအကွယ် ဖြစ်စေသည် ကတော့ အမှန်။ ထို့ပြင် ဝတ်စုံပြည့် အသုံးပြုမှု ရှိ မရှိ ကိုလည်း ရှောင်တခင်စစ်တတ်ပြီး ပျက်ကွက်ပါ က မြို့နယ် ရွှေ့ပြောင်းလုပ်ကိုင်ရသည့်အတွက် ဂရု စိုက်ရကြောင်း သူက ပြောသည်။

   သူတို့အနေနှင့်မူ အလုပ်ပြီးပါက ပုံမှန်ရေမိုးချိုးခြင်းများသာ လုပ်ပြီး အ ထူးတလည် ကျန်းမာရေးစောင့်ထိန်းမှု တော့ မရှိပါဟု ဝန်ခံပါသည်။
စည်ပင်သန့်ရှင်းရေးဝန်ထမ်းများကဲ့သို့ လုပ်ကိုင်ရသည့် လုပ်သားများမှာ အပ်နှင့် ကွဲရှစေတတ်သော အရာများ ထိခိုက်မိခြင်းမှတစ်ဆင့် အသည်းရောင် အသားဝါဘီပိုး၊ စီပိုးများအပြင် HIV  ပိုးကဲ့သို့ ကူးစက်နိုင်သော ပိုးများ ဝင်နိုင် ကြောင်းအထွေထွေရောဂါကုဆရာ ဝန်ကြီး ဒေါက် တာဇော်သန်းထွန်းက ဆို သည်။

   ”ချွန်ထက်စူးရှနိုင်တဲ့ ဟာတွေမှာ ဒီလိုပိုးတွေ ပါနိုင်တယ်ဆိုတာကိုသိသင့် တယ်။ ကာကွယ်ဖို့ကတော့ စနစ်တကျ သိမ်းဖို့နဲ့ အပ်တွေမဖောက်နိုင် တဲ့ လက် အိတ်တွေ သေချာဝတ်ဆင်ဖို့လိုပါတယ်” ဟု ၄င်း အကြံပြုသည်။ ကိုစန်းဝင်းအဆိုအရမူ ဌာနအနေ ဖြင့် ကျန်းမာရေးနှင့်ပတ်သက်၍ ထိ ခိုက်ရှနာများဖြစ်ပါက တာဝန်ယူမှုရှိပြီး တစ်လ(သို့)နှစ်လလျှင် တစ်ခါ ဆေးစစ်မှု များ ပြုလုပ်ပေးကြာင်း သိရသည်။

 ”သူသူကိုယ်ကိုယ် လမ်းသွားလမ်း လာတွေ နှာခေါင်းရှုံ့ကြတဲ့အလုပ် ဆို ပေမယ့် ကျွန်တော်တို့မှ မလုပ်ဘူးဆိုရင် မြို့ထဲမှာ အမှိုက်တွေပုံ သွား မှာပေါ့”ဟု သူက သူ့အလုပ်အပေါ်ထားသည့် စိတ် ကို ပြောပြသည်။ထိုနည်း လည်းကောင်းမှသည် ထိုနည်းကောင်းသို့ ဤကဲ့သို့ ထိုသို့ ၄င်းကြောင့် ဘဝ များစွာထဲမှာ ကောက်သင်းကောက်မြင်ရ သောလူများသည် လက်ရှိ မြန် မာနိုင်ငံ ၏ အခြေအနေအား သရုပ်ဖော်နေသည် ဟုဆိုပါကလည်း မှားအံ့မထင်။ သူတို့ အတွက်တော့ လွန်ခဲ့သာ နှစ်များနှင့် မျက်မှောက်ခေတ် သည် ထူးမခြားနား ထိုနည်းလည်းကောင်း။ နေ့စဉ် ဤသို့ ပင် နံနက်တိုင်း ထ၍ ထိုသို့ပင် ညမိုးချုပ် အိမ်ပြန်ကာ ရလာသည့်ငွေများဖြင့် ယင်းတစ်နေ့အတွက် အသက်ဆက်ရ ဆဲ။ ပြောင်းလဲမှုဟုဆို လျှင် နေ့စဉ် ပုံမှန် မရှိသောဝင်ငွေနှင့် အခြေအနေအရ မတည်မြဲနိုင်သောအလုပ်ပင် ဖြစ်ပါလိမ့် မည်။

 ကိုယ်စီကိုယ်ငအားလုံးကတော့ ဒီတိုင်းထိုင်နေကြသည်တော့ မဟုတ်ပါ။ သို့သော် စစ်မှန်သော စေတနာဖြင့် အစီအစဉ်တကျ သွားကြမည်ဆို ပါလျှင် အများမျှော်နေသည့်ပန်းတိုင်ကို ရောက် မည်ဟုယူဆပါသည်။ သို့ရာတွင်လက်ရှိ ခေတ်စနစ်အသစ်ဟု ဆိုနေကြသည့် ခေတ်ကြီးထဲ လူမှုဖူလုံရေးဥပဒေသစ် ကိုလည်း ရေးဆွဲနိုင်ခဲ့ကြပြီ။ အနည်းဆုံး အခကြေးငွေဥပဒေသည်လည်း နည်း ဥပဒေနှင့် လုပ်ငန်းစဉ်များ ကို စောင့်နေ ပြီ။ သို့သော် အာမခံချက်နှင့်လုံခြုံမှုနည်း သောဘဝများဖြင့် မြို့ပြသံသရာက တော့ မှန်မှန်ကြီးလည်နေဆဲ ဖြစ်ပါ သည်။

သတင်းအချက်အလက်- ရန်နိုင်၊ မြတ်စုငြိမ်း
အောင်ခွန်းဆက် ရေးဖွဲ့သည်။