ပြည်သူ့အာဏာသည် ဒီမိုကရေစီစံနစ်၏ အခြေခံအကျဆုံးကိစ္စတရပ်



ဒီမိုကရေစီ ကို ဂျာနယ်စာမျက်နှာများပေါ်မှ တွေ့ထိခံစားလျက်၊ ပါးစပ်လှုပ်ဖို့ လက်တို့ကို ယခင်ကထက် မလျော့မနည်း လှုပ်နေရဆဲဖြစ်ပါတယ်။ဒီ မိုကရေစီနိုင်ငံတွေမှာ လက်ပံတောင်းလိုကိစ္စမျိုးဆိုရင် တာဝန်ရှိသူတွေ တလှေကြီးအရေးယူခံရမယ်၊ ရာထူးကနှုတ် ထွက်ရပါလိမ့်မယ်။ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းတွေမှာ လူတယောက်စီတိုင်းမှာ တန်ဘိုးကိုယ်စီရှိတယ်လို့ နားလည်ထားရ ပါတယ်။ ခန္ဓာကိုယ်နာကျင်ဒဏ်ရာရဘို့ မဆိုထားနဲ့ ကိုယ့်အပြုအမူကြောင့် လူတယောက်ရဲ့စိတ်ထဲခံစားသွားရရင်၊ ဂုဏ် သိက္ခာညှိုးငယ်သွားရင် တရားစွဲခံရပါတယ်..။ ဒီခေတ်မှာ သူတို့ကို သူတို့အာဏာပိုင်လို့ အခေါ်ခံရတာကို ပဲရှက်သလိုလိုလုပ်နေပေမဲ့ ပြည်သူ့ဘဏ္ဍာတွေ ခိုးဝှက်စား သောက်နေတာကိုတော့ မရှက်သေးပါဘူး။ ပြီးတော့ အောက်ခြေ၀န်ထမ်းတွေကို နှဖားကြိုးဆွဲ၊ လိုရာခိုင်းစေချင်တဲ့ အာဏာရှင်စရိုက်လည်း ရှိနေတုန်းပါ။ ဒီမိုကရေစီရေးရာတွင် ပြည်သူ့အာဏာသည် ဒီမိုကရေစီစံနစ်၏ အခြေခံအကျဆုံးကိစ္စတရပ် အဖြစ်တည်ရှိနေတယ်။ နောက်ပြီး လွတ်လွပ်မှုသည် ဒီမိုကရေစီစံနစ်တွင် မရှိမဖြစ်လိုအပ်နေသော အချက်တစ်ခုဖြစ်နေပြန်တယ်။ လွတ်လွပ်မှုမရှိလျင် ဒီမိုကရေစီ မရှင်သန်နိုင်တော့ပါဘူး။မြန်မာနိုင်ငံမှာ ထောက်လှမ်းရေးကလက်လွန်လို့၊ တပ်မတော်သားတွေက ပစ်ခတ်လို့၊ ထောင်ဝန်ထမ်း တွေနှိပ်စက်လို့.. စ တဲ့.. စ တဲ့ အာဏာပိုင်တွေက စည်းမဲ့ကမ်းမဲ့ဆောင်ရွက်လို့ အချီးနှီးသေဆုံးခဲ့ရသူတွေ မနည်းတော့ ပါဘူး။ လက်ပံတောင်းသပိတ်ဖြိုခွဲမှုကလည်း မဆင်မခြင်အရေးယူလုပ်ဆောင်မှုက အခြေခံပဲ။ဒီမိုကရေစီ၏ အဓိကကျသော ပင်ကိုအရည်အသွေးတရပ်က သာမန်ပြည်သူတွေအနေဖြင့် မိမိတို့ကိုယ်တိုင် ပြန်ပြီးတော့ အုပ်ချုပ်ခြင်းနဲ့ မိမိတို့အကျိုးကို မိမိကိုယ်တိုင် ကာကွယ်နိုင်ခြင်းအခြေခံလူတန်းစားများ၏ သိရှိခွင့်နှင့် ပါဝင်ဆောင်ရွက်ခွင့် တို့ကြောင့် ဒီမိုကရေစီကို လူကြိုက်များလာကြတာဖြစ်တယ်။ဒီမိုကရေစီနည်းဖြင့် အစိုးရကို ဖွဲ့စည်းထားသောကြောင့် လူ့အခွင့်အရေးများကို အကောင်ဆုံး ကာကွယ်ပေးနိုင်ခြင်းဖြစ်တယ်။ ဘာကြောင့်ဆိုတော့ လူသားတွေရဲ့ မွေးရာပါအရည်အချင်းတွေကို အသိအမှတ်ပြုမှုအပေါ် အခြေခံထားသောကြောင့်ဖြစ်ပါတယ်။ဦးပိုင်၊ဝမ်ပေါင်၊သတ္တုတွင်းဝန်ကြီးဌာနစာချုပ်အသစ်သည် ပြည်သူလူထုအား ပါဝင်ခွင့်နှင့်သိရှိခွင့်မပေးသော ပွင့်လင်းမြင်သာမှု မရှိသည့်အတွက် အာဏာနှင့်အင်အားကို အလွဲသုံးစားပြု၍ မရိုးသားမှုပင်ဖြစ်ပါတယ်။ ဒေသခံရဲသတင်းပေးများ၏ ပေးပို့သည့်သတင်းများမှားကိုအခြေခံ၍ သတင်းထုတ်ပြန်မှုနှင့် တဖက်သတ် ဆောင်ရွက်နေမှုများသည် စီမံကိန်းနှင့်ပါတ်သက်၍ ပွင့်လင်းမြင်သာမှု မရှိဘဲ ကျောင်းများ၊ ဆေးရုံများ မဆောက်ရသေးဘဲ ဆောက်ပြီးပြီဟု မိုးကြိုးပြင်၊ ထန်းတောကြီး၊ အောင်ချမ်းစီ ကျေးရွာစသည်တို့တွင် ဆောက်ပြီးပြီဟုကြေညာခြင်းသည် လွှတ်တော်အဆင့် လိမ်ညာမှုပင်ဖြစ်သည်။ ထိုက်တန်သည့်ကာလပေါက်ဈေးငွေမဟုတ်ခြင်း။ လျော်ကြေးငွေစာချုပ်၌ သားစဉ်၊မြေးဆက် အပြီးပိုင်လွှဲပြောင်းပေးရမည်ဟု လက်မှတ်ထိုးခိုင်းခြင်းသည် စီမံကိန်းကာ လထက်ကျော်လွန်၍ထာဝရစွန့်လွှတ်ရန်သဘောသတ်ရောက်ခြင်း။စီမံကိန်းနှင့်ပါတ်သက်၍ သာသနာအရေး၊လူမှုရေး၊သဘာဝပါတ်ဝန်းကျင်စသည့် ရှေးဦးဆောင်ရွက်ရမည့် ကိစ္စကိုဘာမှဆောင်ရွက်ပေးခြင်းမရှိပဲ မြေယာသိမ်းပိုက်နိုင်မှုအတွက်သာဦးစားပေး၍ လျော်ကြေးယူရေးကိုသာ ဖိအားပေးဆောင်ရွက်နေကြခြင်း။ ပညာတတ်သူက ပညာမတတ်သူ၊ ငွေရှိသူက ငွေမရှိသူ တို့ကို တည်ဆဲဥပဒေများအရ ဘောင်ထဲဝင်ရန်သွတ်သွင်းပြီး မတရားအနိုင် ကျင့်ကြခြင်းပဲ ဖြစ်ပါတယ်။ ဥပဒေကို လက်တစ်လုံးခြားလုပ်နေကြတာပဲ ဖြစ်ပါတယ်။တောင်သူလယ်သမားတို့မှာ မြေကိုအသက်လိုပင်တန်ဘိုး ထား၍ အခြား လည်းလုပ်ကိုင်စား သောက်တတ် ကြ သူတွေမဟုတ်ပါ။ လယ်သမားတို့ မှာ မြေကို အသက်လိုပင် တန်ဘိုး ထားကြ သူများပင်ဖြစ်ပါတယ်လယ်ယာမြေတို့သည်လယ်သမားမိသားစုဝင်တို့၏ထမင်းအိုးပင်ဖြစ်ကြောင်း ရှေးဦးစွာသိမြင်ကြရန်လိုအပ်ပါတယ်။ ရိုးသားတဲ့တော သူတောင်သားတွေကိုကျတော့ လက်တလုံးခြား ဥပဒေဘောင်ထဲ မရောက်ရောက်အောင် သွပ်သွင်းပြီး ထမင်းအိုးခွဲ နေစရာပါပျောက် အောင် မိမိတို့ကိုယ်ကျိုးအတွက် ရက်ရက်စက်စက် လုပ်ရက်လိုက်ကြတာ။ ဒေသခံပြည်သူတွေရဲ့ အလုပ်လက်မဲ့ပြဿနာ ဒေသခံစီးပွားရေး ထိုက်တန်သော လျှော်ကြေးငွေ အစရှိသည်တို့ကို ဘယ်လိုဖြေရှင်းပေးကြမှာလဲ။ ဤကိစ္စသည် လယ်သမား တို့၏ အသက် မိသားစုဘဝ တို့နှင့် သက်ဆိုင်ပါတယ်။ ဒီလယ်သမားတွေဟာ ဥပဒေကို ဆန့်ကျင်နေတာမဟုတ်ဖူး၊ မတရားမှုကို တိုက်ပွဲဝင်နေကြတာဖြစ်တယ်။ ဒီအချိုးမျိုး ဆက်ချိုးနေရင်တော့ အသေခံတိုက်ဖို့ပဲရှိပါတော့တယ်။ တောင်သူလယ် သမားများဘဝ ကိုယ်ချင်းစာပါ... လယ်သမားတွေ အကာအကွယ်မဲ့နေပါတယ် ။ လက်ပန်းတောင်းရဲ့ တောင်းဆိုသံတွေဟာ သူတို့အမှန်တကယ်ခံစားနေရတဲ့ ဝေဒနာတွေကတစ်ဆင့် ပေါ်ပေါက်လာတာပါ။ပြည်သူ လူထုအား ဒီမို ကရေစီ ကျင့်စဉ်နှင့် အညီ ဆောင်ရွက် နိုင်ရန် ငြိမ်းချမ်းစွာ စုဝေး ခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့် ဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေ များကို ပြဋ္ဌာန်း ခဲ့ပြီး ဖြစ်ပါတယ်။ ပုဒ်မတွေတပ်ပြီး တရားစွဲစရာ အကြောင်းမရှိပါဘူး။အေးချမ်းစွာ စုဝေးခွင့်၊ဆန္ဒပြခွင့်ဟာ လည်း လူထုမှာ နဂိုကတည်းကရှိပြီးသား မွေးရာပါ အခွင့်အရေးဖြစ် လို့ လျှောက်လွှာတင် ခွင့်ပြုမိန့်တောင်းဖို့တောင် မလိုအပ်ပါဘူး။ခွင့်ပြုမိန့်တောင်းရမယ်၊ လူဘယ်နှစ်ယောက်ပါရမယ်၊ ဘယ်ကြွေးကြော်သံတွေတော့ ခွင့်မပြုဘူး၊ ငါးရက်ကြိုတင်ပြီးမှ တစ်ရက်ပဲပြခွင့်ရမယ် စတဲ့အသေးစိတ်ချုပ်ချယ်ကန့်သတ်မှုတွေ ရှိနေမှတော့ ဗမာနိုင်ငံရဲ့ လက်ရှိအနေအထားက လွတ်လပ်ခွင့်အပြည့်အ၀ရှိရဲ့လားလို့ မေးခွန်းထုတ်စရာတောင် လိုမယ်မထင်ပါဘူး။ အစိုးရပိုင်းကတာဝန်ရှိသူတွေအနေနဲ့လည်း ဒီပြဿနာကို အလေးအနက်ထား၊ကိုင်တွယ်ဖြေရှင်းခြင်းမရှိပဲ အပြစ်မရှိ အပြစ်ရှာ ကြံကာ လက်တလုံးခြား ဥပဒေတွေနဲ့ ရှာကြံဖမ်းဆီးခြင်းပြုလုပ်နေတာ တွေကလည်း ပြည်သူလူထုအပေါ် လိမ်ညာနေတာ ဒီမိုကရေစီ ကျင့်စဉ်တွေကို ချိုးဖေါက်နေတာ အထင်အရှားပင်ဖြစ်ပါတယ်။


Credit To ဇ်ာဝမ်းမောင်…
Read More »

ခေါင်းဆောင်ကောင်းဆိုတာ



*ခေါင်းဆောင်ကောင်းဆိုတာ
ငွေကြေးချမ်းသာဖို့ထက်
ဂုဏ်သိက္ခာချမ်းသာဖို့က ပိုအရေးကြီးတယ်။

*ခေါင်းဆောင်ကောင်းဆိုတာ
အုတ်ရိုးနဲ့တည်ဆောက်ထားတဲ့ နန်းတော်ကြီးပိုင်ဆိုင်ဖို့ထက်
ပြည်သူ့နှလုံးသားနဲ့ တည်ဆောက်ထားတဲ့
မေတ္တာနန်းတော်ကြီးပိုင်ဆိုင်ဖို့ ပိုအရေးကြီးတယ်

*ခေါင်းဆောင်ကောင်းဆိုတာ
စိန်တွေ ရွှေတွေ စီခြယ်ထားတဲ့
သရဖူကို ဦးခေါင်းမှာ ဆင်မြန်းဖို့ထက်
အကျင့်သီလသန့်စင်ခြင်းဆိုတဲ့ ခေါင်းပေါင်းကိုသာ
ဦးခေါင်းမှာ ဆင်းမြန်းဖို့ ပိုအရေးကြီးတယ်

*ခေါင်းဆောင်ကောင်းဆိုတာ
ကိုယ်မွေးထားတဲ့ သားသမီးတွေက ကိုယ့်ကိုချစ်ဖို့ထက်
တိုင်းသူပြည်သားတွေက ကိုယ့်ကိုချစ်ဖို့ ပိုအရေးကြီးတယ် ။

ဦးဘုန်း(ဓာတု)
Read More »

စိတ်ကိုဘယ်လိုကူးရပါ့ - မောင်သာချို




(တစ်)
အာဏာရှင်တွေရဲ့ အုပ်ချုပ်မှုယန္တရားကြီးကြောင့် ပျက်စီးသွားရတဲ့ နယ်ပယ်အသီးသီးထဲမှာ လူတွေရဲ့ စိတ်ကူးစိတ်သန်းနယ်ပယ်လည်းပါမယ်လို့ ကျွန်တော်ထင်တယ်ဗျာ။

မြန်မာ့စီးပွားရေးလောက ချုံးချုံးကျသွားရကြောင်းကိုတော့ ၀န်ခံထားကြပြီးသားပါ။မြန်မာ့ပညာရေးလောက
သုံးစားမရတော့ကြောင်းလည်းဆွေးနွေးခဲ့ကြပြီးသားပါ။ မြန်မာ့အားကစားလောက ဖုတ်လှိုက်ဖုတ်လှိုက်ဖြစ်နေကြောင်းလည်း သုံးသပ်ခဲ့ကြပြီးသားပါ။ မြန်မာ့အနုပညာလောကစံချိန်စံညွှန်းတွေလျော့ကျသွားကြောင်းလည်းဝေဖန်ခဲ့ကြပြီးသားပါ။ ဘယ်ခေါင်းစဉ်ခွဲကိုပဲ ကောက်လှန်လှန်သိပ်မဟန်တာတွေချည်းသာလို့ ၀န်ခံရမယ့် အနေအထားပါ။အဲသည့်လိုမြန်မာတို့ပျက်သွားရပုံနဲ့ ပတ်သက်လို့ ပြောကြဆိုကြတဲ့အခါ စိတ်ကူးပုံစိတ်ကူးနည်းတွေအထိ ကမ္ဘာက သြချရလောက်အောင်ပျက်စီးယိုယွင်းသွားကြရတဲ့အကြောင်းတွေကဖြင့်မကြားချင်မှအဆုံးပါပဲ။

(နှစ်)
ဂျပန်ကနေပြန်လာသူ လေးငါးယောက်လောက်က သူတို့အတွေ့အကြုံတွေနဲ့ပတ်သက်လို့ စာရေးသူကျွန်တော့်ကို မကြာခဏမျှဝေပေးတတ်ကြပါတယ်။

တစ်ခါမှာတော့ တစ်ယောက်က ဂျပန်မီးရထားစီးသူတွေနဲ့ ဂျပန်ဘူတာရုံတွေအကြောင်းကို ဖောက်သည်ချလာခဲ့ပါလေရော။ စာဖတ်သူ ကျွန်တော့်မိတ်ဆွေတို့ တိရိစာန်ဥယျာဉ်အ၀င်အ၀က လူဝင်ပေါက်မှာ တပ်ထားတဲ့ ဒလက်ကြီးတွေကို မြင်ဖူးကြမယ်ထင်ပါတယ်။ လူဝင်တဲ့အခါ ဒလက်ကလည်သွားပြီး လူကဒလက်နဲ့အ တူ ပါသွားရတဲ့၊ လူဝင်လူထွက်ကို စနစ်တကျဖြစ်အောင် လုပ်ပေးထားတဲ့ ကိရိယာလို့ဆိုပါတော့။

ဂျပန်က မီးရထားဘူတာရုံတွေမှာ အဲသည့်လိုဒလက်တွေ တပ်ထားပေးပါတယ်။ ဒလက်ထဲ ကို လူဝင်ပြီးလှည့်တဲ့အခါလက်မှတ်တစ်စောင်ပေးလိုက်တာနဲ့ဒလက်က အလိုလိုလည်သွားပြီးသားဆိုပါတော့။ လက်မှတ်တစ်စောင်တည်းပေးပြီး ဒလက်ထဲမှာ လူနှစ်ယောက်ဝင်ရပ်ရင် ဒလက်က မလည်ပါဘူး။ ထစ်နေပါတယ် ဒါဆိုလူက မလည်တဲ့ဒလက်ထဲမှာတစ်နေပြီး အထဲကိုဝင်လို့မရတော့ပါဘူး။ သိပ်ကောင်းတဲ့ ဂျပန်စနစ်ပေါ့။

ဒါပေမဲ့အဲသည့်လို သိပ်ကောင်းတဲ့ ဂျပန်စနစ်ကို ခေါင်းခြောက်သွားအောင်လုပ်ဖို့ ပေါ်ပေါက်လာတာက မြန်မာ့စိတ်ကူးပါ။ မြန်မာနိုင်ငံသားက ဂျပန်ကို မေးပါတယ်။ လူနှစ်ယောက်က လူတစ်ယောက်တည်း နီးနီးလောက်ဖြစ်အောင်ဖက်ပြီးတော့ ကပ်ထားမယ်။ ပြီးတော့ လက်မှတ်တစ်စောင်တည်းပြပြီးဝင်မယ်ပေါ့။ ဂျပန်အမျိုးသားက ရယ်ပါတယ်။ မရပါဘူးဗျာပေါ့။ လူနှစ်ယောက် ဘယ်လောက်ပဲကပ်ပြီး ၀င်ဝင်စက်ကနှစ်ယောက်မှန်းသိပါတယ်ပေါ့။ လက်မှတ်နှစ်စောင်မပေးရင် မလည်ပါဘူးပေါ့။

မြန်မာက လက်မလျှော့ပါဘူး။ ဒါဆို ကလေးတွေကုန်းပိုးသ လိုပိုးပြီးဝင်မယ်ဆိုရင်ရောပေါ့။ သည်တစ်ခါမှာတော့ ဂျပန်ငိုင်ကျသွားပါတယ်။ Cross Question အမေးခံလိုက်ရတဲ့လူလို ဘာပြန် ဖြေရမှန်းမသိ ဖြစ်သွားပုံရပါတယ်။အေးဗျာ ကျွန်တော်တို့ ဂျပန်တွေ ဘယ်သူမှ အဲသည်လို မတွေးမိကြဘူးတဲ့။ စိတ်မကူးမိကြဘူးတဲ့။ ၀မ်းသာရမှာလားမသိ။ ၀မ်းနည်းရမှာလားမသိ။ မြန်မာ့ စိတ်ကူးရဲ့ သူမတူအောင် ထောင့်စေ့ပုံ။ လူတစ်ယောက်အတွက်လက်မှတ်တစ်စောင်ခသက်သာ
အောင်ကုန်းပိုးပြီးဝင်ရင် ရနိုင်တယ်လို့ စိတ်ကူးပုံ။ ဂျပန်တွေ စိတ်မကူးမိကြ။

(သုံး)
နောက်တစ်ခါ အခွေကိစ္စလေးပြောချင်သေးတယ်ဗျ။ အမျိုးမျိုးအထွေထွေသော အခွေတွေပေါ့။စီဒီတွေ၊ ဗီစီဒီတွေ၊ ဒီဗီဒီတွေ။ ရုပ်ရှင်တွေရော၊ သီချင်းတွေရောအစုံ။

ကျွန်တော်တို့ဆီမှာ အဲသည့် အခွေမျိုးစုံကို လမ်းဘေးမှာ ပေါပေါလောလောနဲ့ ၀ယ်လို့ရနိုင် တယ်ဆိုတာကို အားလုံးသိပြီးသားပါ။ တစ်ထောင်၊ တစ်ထောင့် ငါးရာပေးမှ ရနိုင်မယ့်မူရင်းအခွေတွေကို ငွေနှစ်ရာနဲ့လည်းရနိုင်၊ ငွေသုံးရာနဲ့လည်းရနိုင်တဲ့အခွေ တွေဆိုပါတော့။ လူထုပါးစပ်ထဲ မှာကတော့လွယ်လွယ်ခေါ်နေတဲ့ ဝေါဟာရတစ်လုံးရှိပါတယ်။ ခိုးကူးတဲ့။ ခိုးကူးခွေတွေကြောင့် အ ရင်းအနှီးကြီးကြီးနဲ့ လုပ်ထားကြရတဲ့ တေးဂီတထုတ်လုပ်သူတွေ၊ရုပ်ရှင်ဗီဒီယိုထုတ်လုပ်
သူတွေဟာ စီးပွားပျက်မတတ် ထိခိုက်ကြရတာကိုလည်း အားလုံးသိပြီးသားပါ။ ဒါ့ကြောင့် ရုပ်ရှင်၊ ဗီဒီယို၊ ဂီတ တာဝန်ရှိသူတွေနဲ့၊ ရဲတွေနဲ့ပူးပေါင်းပြီး ဖော်ထုတ်အရေးယူဖို့ ဆောင်ရွက်နေကြတာတွေကလည်းမကြာမကြာပါ။ ထား။ ဒါက ဖြစ်ပေါ်နေတဲ့အခြေအနေ။

တစ်ရက် အနောက်ကမ္ဘာ မှာ အနေကြာခဲ့ အနေကြာဆဲသူ တစ်ယောက်နဲ့ စကားဝိုင်းဖွဲ့မိကြ တဲ့အခါ ခိုးကူးခွေတွေဘက်ဆီကို စကားဝိုင်းရောက်သွားတော့ အိုင်တီနည်းပညာ သိပ်ကိုရှေ့တန်း ရောက်တဲ့နိုင်ငံမှာ အခွေတွေကို ကူးမရောင်းဘူးလားလို့ ကျွန်တော်က မေးမိပါတယ်။ ဆိုကြပါစို့ လေဒီဂါဂါရဲ့အခွေ၊ တေလာ ဆွစ်ရဲ့အခွေ၊ ဂျပ်စတင်ဘီဘာရဲ့ အခွေ။

အမေးခံရတဲ့လူ ကြောင်တက်တက်ဖြစ်သွားသဗျ။ သူတို့ဆီမှာ တစ်ခါမှ စိတ်ကူးလေ့ကူးထမရှိတဲ့ စိတ်ကူးမျိုးကို သိလိုက်ရလို့ အံ့သြသွားပုံလည်း ရပါတယ်။ အေးဗျာ.. တဲ့။ ကူးရောင်းရင်တော့ ဈေးသက်သာမှာ သေချာပေါက်ပေါ့တဲ့။ ဒါပေမဲ့ အဲသည့်ကမ္ဘာကလူတွေက အဲသည်လိုမျိုးလုပ်ပြီး ပိုက်ဆံရှာဖို့ စိတ်ကူး လေ့ရှိကြပုံမရဘူးတဲ့။ မအံ့သြဘူးလား။

(လေး)

သွေးဆေးထဲမှာ အုတ်နီခဲမှုန့်ရောပြီးရောင်းရင်ဖြစ်မယ်လို့ စိတ်ကူးသူတွေရှိပါတယ်။ နှမ်းထဲမှာ ကျောက်စရစ်ခဲကလေးတွေ ရောပြီးရောင်းရင်ဖြစ်မယ်လို့ စိတ် ကူးသူတွေရှိပါတယ်။ သူတစ်ပါး ပြုစုထားတဲ့ အဘိဓာန်စာအုပ်ကြီးထဲကနေ ကိုယ့်စိတ်ကြိုက်စကားလုံးတချို့ ရွေးထုတ်ကာ ကိုယ့်ကိုယ်ကိုယ် အိတ်ဆောင်အဘိ ဓာန်ပြုစုသူလုပ်ရင်ဖြစ်မယ်လို့ စိတ်ကူးသူတွေရှိပါတယ်။ အနောက်တိုင်းဆေးပညာကနေလာတဲ့ သောက်ဆေးတွေကို အမှုန့်လုပ်၊ ပုလင်းထဲထည့်၊ ရွာစဉ်လှည့်
ကာ မိမိကိုယ်တိုင် ဖော်စပ်ထားတဲ့ဆေးအဖြစ် ပုံဖမ်းပြီး တိုင်းရင်းဆေးဆရာကြီးအဖြစ်ကုသဖို့ စိတ်ကူးသူတွေရှိပါတယ်။

စိတ်ဆိုတာ ကူးလို့ရတဲ့အရာဖြစ်လို့ ဘယ်သူမဆို စိတ်ကူးနိုင်ခွင့်ရှိကြသူတွေချည်းပါပဲ။ ဒါပေမဲ့ ဘယ်လိုစိတ်ကူးမျိုးကို ကူးနေသလဲ၊ ဂုဏ်သိက္ခာရှိတဲ့လူတွေ ကူးတဲ့ စိတ်ကူးမျိုးမှဟုတ်ရဲ့လားဆိုတာက ဘ၀ရဲ့ပြဿနာပါ။

ကြီးမြတ်တဲ့လူမျိုးဟာ ပေါက်တတ်ကရတွေကို စိတ်ကူးလေ့ကူးထမရှိပါဘူး။ အခုကျွန်တော်တို့ စိတ်ကူးနေကြတာတွေက လက်မှတ်တစ်စောင်တည်းနဲ့ လူနှစ်ယောက်ဝင်လို့ရအောင် ကုန်းပိုးပြီးဝင်မယ်ဆိုတဲ့ စိတ်ကူးမျိုး။ သူများတကာ နှလုံးသားနဲ့၊ ဉာဏ်ပညာနဲ့ ရင်းနှီးထုတ်လုပ် ထားတဲ့အခွေကို ခိုးကူးမယ်ဆိုတဲ့စိတ်ကူးမျိုး။


လူမျိုးတစ်မျိုးရဲ့ အဆင့်အတန်းကိုခန့်မှန်းတဲ့အခါ သူတို့မှာဘယ်လိုစိတ်ကူးမျိုးတွေရှိနေကြ
သလဲဆိုတာကလည်း ထည့်သွင်းတိုင်းတာရတဲ့ပေတံတစ်ချောင်းပါ။ အခု...ကျွန်တော်တို့ စိတ်ကူးနေကြပုံတွေ...။

ရှက်ပါတယ်။ ။

Credit To 7Day News Journal
Read More »

လူငယ်တွေအတွက် လူကြီးတွေရဲ့ပန္နက်

လူငယ်တွေအတွက် လူကြီးတွေရဲ့ပန္နက်ဆိုတဲ့ ခေါင်းစဉ်ကို မင်းတို့ မှတ်မှတ်သားသား ဖတ်လိုက်စေချင် ပါတယ်။ ငါ့အသက် ၈၆ နှစ် ရှိပါပြီ။ ဒုတိယကမ္ဘာစစ်ကြီး ကိုလည်း မီလိုက်တယ်။ ဘီအိုင်အေ၊ ဘီဒီအေ၊ ဘီပီအက်ဖ် ဆိုတာတွေကိုလည်း မီလိုက်တယ်။ အဲဒီလို ဒီနေ့ထိ ကြုံ ခဲ့သမျှခေတ်တွေထဲမှာ လွတ်လပ်ရေးရတဲ့ ခေတ်တောင်မှ (ကုန်ကုန်ပြောလိုက်မယ်) လွတ်လပ်ရေးနေ့တောင် မှ ဒီ ခေတ်လောက် အလွန်တရာ အားတက်စရာကောင်းတယ် လို့ ငါမထင်မိပါဘူး။ မင်းတို့ ကုသိုလ်၊ ငါတို့လို သက် ကြီးရွယ် အိုတွေရဲ့ ကုသိုလ်ကြောင့် မင်္ဂလာခေတ်သစ်နိ ဒါန်းကို ကြုံလာကြရခြင်းဖြစ်တယ်။

ဒီမိုကရက်တစ်တော် လှန်ရေး … ဘာတော် လှန်ရေး၊ ညာတော်လှန်ရေးဆိုတဲ့ စကားလုံးတွေကို ကြားရတာ ငါ့မှာဖြင့် နားကျင်နေပြီ။ နားချဉ်တာ မဟုတ်ဘူး။ နားယဉ်တာ မဟုတ်ဘူး။ နားထဲ မှာ ကျင်ခနဲ၊ ကျင်ခနဲ ဖြစ်သွားတာကို ပြောတာ။ ဒါကြောင့် မင်္ဂလာခေတ်သစ်ကြီး တည်ဆောက်ရေးကာလကို မင်္ဂလာ ခေတ်သစ်ကြီးနိဒါန်းလို့ ကမ္ပည်းတင်လိုက်ခြင်း ဖြစ်ပါ တယ်။
မင်းတို့စဉ်းစားကြည့်လေ။ ငါ လူပျိုပေါက် ကာလမှာ လွတ်လပ်ရေးရခဲ့တယ်။ လူငယ်ဘာဝ ဘယ် လောက်ပျော်ခဲ့သလဲ။  ဒါပေမယ့် ငါတို့မြို့ လွတ်လပ်ရေး အောင်ပွဲ ကျင်းပတဲ့ မြို့လယ်ကွင်းကြီးရဲ့ထိပ်မှာ အာဇာ နည်ကျောက်တိုင်ကြီး ရှိတယ်။ လွတ်လပ်ရေးမရ ခင်လေး မှာပဲ ကျဆုံးသွားခဲ့ရတဲ့ ရဲ့ဘော်တွေအတွက်ပေါ့။ ငါတို့ မြို့ရဲ့ လေးငါးဆယ်မိုင်အကွာမှာ ကွန်မြူနစ်သူပုန်တွေ ရှိတယ်။ ဒီတော့ ဘယ်မှာ လွတ်လွတ်ကျွတ်ကျွတ် ပျော်နိုင် ကြပါ့မလဲ။ အဲဒီအချိန်မှာ မြို့ကို တာဝန်ယူ စောင့်ရှောက် နေကြတဲ့ တပ်မတော် သားတွေ၊ ပြည်သူ့ရဲတွေကရော လွတ်လွတ်လပ်လပ် ပျော်နိုင်ကြပါမည်လား။ ဒီနေ့ မင်္ဂ လာခေတ်သစ်ကြီး တည်ဆောက်ရေး နိဒါန်းပျိုးလိုက်ချိန် မှာတော့ ငါတို့အားလုံးမျက်နှာတွေမှာ မျှော်လင့်ချက် ပြုံး ပန်းတဝေဝေနဲ့ လွတ်လွတ်ကျွတ်ကျွတ် ကြီး ပျော်နိုင် ကြပြီ ပေါ့။ ကိုယ့်သားစဉ်မြေးဆက် မျိုးဆက်သစ်တွေအတွက် မျှော်လင့်ချက်ပြုံးပန်းတွေ ဝေနေကြတာပေါ့။ ဒီကြားထဲမှာ ကမ္ဘာ တစ်ဝန်း တိုင်းခန်းမြို့ရွာအသီးသီးက မုဒိတာအနု မောဒနာသံတွေ လှိုင်လှိုင်ကြီးထွက်လာတော့ ငါတို့မှာ နှစ်ဆတိုးပြီး ပီတိဖြစ်ရပြန် တာပေါ့။ အသက် ၈၆ နှစ်ရှိပြီဖြစ်တဲ့ ဘိုးဘိုးအောင်သင်းရဲ့ တစ်သက်တာမှာ ဒီလောက်အားတက်ကြည်နူးရ တဲ့ ခေတ်ကောင်းခေတ်မြတ်ကို တစ်ခါမျှ မ ကြုံခဲ့ဖူးတာ အမှန်ပါ မောင်တို့ရာ။ စဉ်းစားကြည့်လေ။ ဒီက နေ့ နိုင်ငံတော် အစိုးရက ကြိုးကြိုး ပမ်းပမ်းလုပ်ဆောင်နေတာတွေကို ကြည့်လိုက်လေ။ နိုင်ငံနဲ့လူမျိုးတို့ ရဲ့ တိုးတက်မှု စီမံကိန်းတွေ၊ လျာ ထားချက်တွေ၊ အဆင့်ဆင့် အပွား ပွားများပြားလှတာကို တွေ့ရပါလိမ့် မယ်။ ငါဖြင့် အဲဒါတွေကို သတင်း စာတွေမှာဖတ်ပြီး နိုင်ငံတော်အစိုး ရ ခေါင်းဆောင်အတွင်းပိုင်းမှာ တိုးတိုးတိတ်တိတ် တိုင်ပင်ကြံဆ နေပုံတွေ၊ အဲဒီနောက် အတွင်းပိုင်း က နည်းနည်းချဲ့ပြီး ချပြညှိနှိုင်း မှုတွေ စသည်အားဖြင့် အဆင့်ဆင့် သူတို့တစ်တွေ ဦးနှောက်က ချွေးယိုကျလာအောင် လုပ်ကိုင်လှုပ်ရှားခဲ့တာတွေကို လှမ်းပြီး တွေး လိုက်မိ ရင် စိတ်မောမိတတ်ပါတယ်။
မင်းတို့ စဉ်းစားကြည့် လေ။ ပြဿနာပေါင်း၊ ကိစ္စပေါင်း နည်းရော့လား။ နိုင်ငံရေး၊ စီးပွား ရေး၊ အုပ်ချုပ်ရေး၊ ပညာရေး၊ ဟိုအ ရေး၊ ဒီအရေး၊ ဒီအရေး၊ ဟိုအရေး … အရေး၊ … အရေး၊ … အဲဒီလို အရေးကြီးတာ၊ ငယ်တာ စုံနေအောင် ဝိုင်းဝန်းစဉ်းစားကြ တယ် မဟုတ်လား။ သူတို့တွေ စဉ်းစားကြံဆသမျှကို အနှစ်ချုပ်ပြီး ကြည့်လိုက်တော့ မင်းတို့လူငယ် တွေအတွက် (ဝါ) မျိုးဆက်သစ် တွေအတွက် ပန္နက်ရိုက်နေတာလို့ ငါ က ယုံကြည်လိုက်မိပါတယ်။ ဒါ ကြောင့် ဒီဆောင်းပါးခေါင်းစဉ်ကို လူငယ်တွေ အတွက် လူကြီးတွေရဲ့ ပန္နက်ရယ်လို့ ယုံယုံကြည်ကြည် ဝံ့ ဝံ့စားစား ကမ္ပည်းထိုးလိုက်တာပါ ပဲ။
ဒီပန္နက်ရိုက်ဆိုတဲ့စကား လုံးကို ဘာကြောင့်သုံးရတယ်ဆို တာ ပြောချင်ပါတယ်။ ငါ့စိတ်ထဲ မှာ လူတစ်ယောက်ရဲ့ ဘဝ အတွက် အရေးအကြီးဆုံးက (၁) ကျန်းမာရေး (၂) ပညာရေး အဲဒီ အချက် နှစ်ချက် အရေးကြီးဆုံးဆို တာ ငါက ခိုင်ခိုင်မာမာကြီး ယုံကြည်နေတယ်။ ကလေးတစ် ယောက် မွေးလာလိုက်လို့ ဘဝကို အစပြုလိုက်ပြီဆိုရင် လူကြီးမိဘ တွေ ဝိုင်းဝန်းစူးစမ်းကြတာက ကိုယ်လက်အင်္ဂါ စုံရဲ့လား။ မျက်စိ မြင်၊ နားကြားရဲ့လား စတဲ့ အချက် တွေကို စူးစမ်းကြည့်ကြပြန်တယ်။ ကျန်းမာရေး အခြေခံ ပစ္စည်းတွေ မဟုတ်လား။ အဲဒါတွေကထဲက တစ်ခုခု ချို့တဲ့နေရင် အနုတ်လက္ခ ဏာနဲ့ ဘဝကို စရပြီဖြစ်သွားပြီ ပေါ့။ အဲဒီလို မပြည့် မစုံတဲ့ အနုတ် လက္ခဏာနဲ့ ဘဝကို စခဲ့ရသူတစ် ယောက်ဟာ လူဖြစ်တန်ဖို့ ထပ်မံ ဖြည့်ဆည်းရတဲ့ ပညာရေးကို အား နည်း မသွားစေနိုင်ဘူးလား။ ဒါ ကြောင့် နိုင်ငံတော်အစိုးရရဲ့ စီမံကိန်းတွေ၊ လုပ်ဆောင်မှုတွေ ကြည့်လိုက်ရင် အဲဒီကျန်းမာရေးနဲ့ ပညာ ရေး ဘာတွေလုပ်ပေးသလဲဆိုတာကို အရေးထားပြီးကြည့်မိတတ်ပါတယ်။ ငါကပင်ကိုယ်အားဖြင့်ကျောင်းဆရာ တစ်ယောက် ဖြစ်နေ   လေတော့ ပညာရေးကို ပိုပြီးအာရုံ ပြုမိတတ် ပါတယ်။
မင်းတို့ သတိထားကြည့် မိဖို့ ပြောချင်ပါတယ်။ အထက်မှာ ကလေးတစ်ယောက် မွေးလာတဲ့ အခါမှာ မိဘက ကိုယ့်သားကိုယ့် သမီး ခြေလက်အင်္ဂါစုံပါရဲ့လား စသည်အားဖြင့် ကျန်းမာရေးကို စစ်ဆေးတယ်။ ကလေးမှာ ကိုယ်ပူ၊ ခေါင်းပူဖြစ်သလား။ ခြေဖျား၊ လက် ဖျား အေးသလား စသည်အားဖြင့် စူးစမ်းကြတယ်။ ဆေးဆရာဆီ သွားတန်ရင်သွားတယ်။
အဲဒီလိုပဲ ဥာဏ်အမြော် အမြင် ပညာအခြေခံရှိတဲ့ မိဘ တွေဟာ ကိုယ်တိုင်က စီးပွားဥစ္စာ ချို့တဲ့လို့ ခြိုးခြံချွေတာစွာ စား သောက်နေရစေဦးတော့။ မိဘ ကိုယ်တိုင်က ထမင်းတစ်လုတ်စီ လျှော့စားပြီး သားသမီးပညာရေး ကို အားပေးတတ်ကြတယ်။
ဆက်ပါရစေဦး။
အရင်တစ်ပတ်က ”ဘဝ” တစ်ခုအတွက် ကျန်း မာရေးနဲ့ ပညာရေးဟာ အရေးအကြီးဆုံးပဲလို့ ရေးခဲ့ တယ်။ ဒါကြောင့် မိသားစု တစ်စုဟာ ကလေးတစ်ယောက် မွေးဖွားလို့ ဘဝကို စလိုက်ပြီဆိုရင် မိဘနှစ်ပါးက သူရဲ့ ကျန်းမာရေးနဲ့ ပညာရေးကို ဦးစားပေး ပြီး မြေတောင် မြှောက်ဖို့ အားထုတ်လေ့ရှိကြတယ်။

ဒီလိုပဲ။ နိုင်ငံသစ်တစ်ခုကို တည်ဆောက်တော့ မယ်ဆိုရင် တိုင်းသူပြည်သားတွေရဲ့ ကျန်းမာရေးနဲ့ ပညာ ရေးကို အခြေခိုင်အောင် တည်ဆောက်ပေးနိုင်ဖို့ တိုင်းချစ် ပြည်ချစ် အစိုးရဟူသမျှ ကြိုးစားလေ့ရှိကြတယ်။ ဒီကနေ့ ငါတို့အစိုးရ လုပ်ဆောင်တာတွေကို ကြည့်လိုက်ရင် အဲဒီအခြေခံအချက်နှစ်ခုကိုအထူးစိတ်ဝင်စားစွာ ပေးအားမြှောက်ပြုနေကြောင်း  မြင်သာထင်သာရှိပါတယ်။ ဒါကြောင့် ငါကမင်းတို့ မျိုးဆက်သစ်လူငယ်တွေအတွက် အားတက်နေမိတာ အမှန်ပါပဲ။ နောက်ပြီး မင်းတို့အတွက် အားပျက်နေမိ တာ လည်း ရှိသေးတယ်။
ရှင်းပြပါရစေဦး။
အားပျက်မိတာက ဒီနေ့ကလေးပေါက်စတွေအတွက် မဟုတ်ဘူး။ ဒီကနေ့ ကိုးတန်းဆယ်တန်းနဲ့ တက္ကသိုလ်အဆင့် ကို ရောက်နေကြတဲ့ လူငယ်တွေအ တွက် အားပျက်အားငယ်မိတာ အမှန်ပါပဲ။ မင်းတို့ စဉ်းစားကြည့်လေ။ နိုင်ငံတော်အစိုးရ က ပညာရေးကို အောက်ခြေမူလတန်းကစပြီး ကမ္ဘာ့ အရည်အသွေးမီအောင် မြှင့်တင်ပေးတော့မယ်။ ပညာရေး ဝန်ထမ်းဖြစ်တဲ့ ဆရာ၊ ဆရာမတွေ စတဲ့ ပညာရှင်များကို လည်း တတ်နိုင်သမျှ အရည်အချင်းလည်း မြှင့်ပေးမယ်။ လူနေအဆင့်အတန်းကိုလည်း တတ်နိုင် သမျှ ကြိုးစားမြှင့် တင်ပေးတော့မယ့် အရိပ်လက္ခဏာတွေ တွေ့နေရတယ်။
ငါထင်သလောက် ပြောလိုက်ရရင်တော့ ဘာ သာသာရပ်ဟူသမျှရဲ့ ပြဋ္ဌာန်းစာအဆင့်တွေကို မြင့်သထက် မြင့်လာအောင် ပညာရှင် ကြီးများနဲ့ညှိနှိုင်းဆောင်ရွက် တော့မှာ သေချာတယ်။ ဒီတော့ ကျောင်းသားတွေရဲ့ အရည်အချင်း အဆင့်အတန်းတွေဟာ နှစ်စဉ် နဲ့အမျှ တရိပ်ရိပ် တိုးတက်နေလိမ့်မယ်။ အစိုးရက အဲဒီလောက် တင်မကသေးဘူး။ တက္ကသိုလ် ပညာရေးကိုပါ ကမ္ဘာ့ အဆင့် အတန်းမီလာအောင် အားသွန်ခွန်စိုက် ကြိုးပမ်း လိမ့်မယ်။ လူအား၊ ငွေအား၊ အကြံဥာဏ်အား ဆိုတဲ့အားတွေကို သုံးပြီးရင်း သုံး လာ လိမ့်မယ်လို့ ငါ ယုံကြည်စိတ် ချနေမိတယ်။
ဒီတော့ ငါက မင်းတို့အတွက် ကြိုတင်ပြီး ဟော ကိန်းထုတ်လိုက်ချင်တယ်။ နောင်ဆယ်နှစ်ကြာတဲ့ကာလ မှာ ဆယ်တန်း (သို့မဟုတ်) တန်းမြင့်ကျောင်းထွက် စာမေး ပွဲအောင်လာတဲ့ ကလေးတွေရဲ့ အရည်အချင်းကို မင်းတို့လိုက်မ မီအောင်မြင့်တက် သွားလိမ့်မယ်။ အဲဒီကလေးတွေ က ပညာရေး စနစ်ကောင်းကို အမှီပြုရတယ် မဟုတ် လား။ ဒီတော့ မင်းတို့ထက် ကုသိုလ်ကောင်း တယ် ဆိုရ မှာပေါ့။
ငါတို့ ရန်ကုန်တက္က သိုလ်ဟာ ဟိုး … ရှေးခေတ်က ဆိုရင် အရှေ့တောင်အာရှမှာ အမြင့်ဆုံး ဖြစ်ခဲ့ဖူးတယ်။ ရန် ကုန်တက္ကသိုလ် က ဆယ်တန်း အောင်သွားရင် ကမ္ဘာ့ဘယ်နိုင်ငံ ဘယ်တက္ကသိုလ်မဆို အသိအမှတ် ပြုလက်ခံတယ်။ နောက်ပိုင်းမှာ တစ်စတစ်စ နိမ့်ပါးလာလိုက်တာ ရှေးခေတ် ပညာရေးဝန်ထမ်းဆရာ၊ ဆရာမကြီးများက ရင်တသပ်သပ် နဲ့ သက်ပြင်းချနေလောက်အောင်ဖြစ်ခဲ့ ရတယ်။ ဒီနှစ်အထိ အသက် ရှင်နေသေးတဲ့ တက္ကသိုလ် ဆရာ အိုကြီးတွေ၊ ဆရာမ အဘွားကြီး တွေကို မေးကြည့်လိုက်ရင် သူတို့ ဘဝ၊ သူတို့ပညာရေးနဲ့ မင်းတို့ခေတ်ပညာရေး ကွာဟပုံကို ရင်နာစွာ စုတ်တသပ်သပ်နဲ့ပြောပြပါလိမ့်မယ်။ ဒီတော့ ခုလာမယ့် ကလေးတွေ ဟာ မင်းတို့နဲ့စာတော့ ကံကောင်းတယ်လို့ မဆိုနိုင်ပေဘူး လား။
ဒီကနေ့ဆိုရင် အလွတ် ပညာသင်ကျောင်းတွေကို တရား ဝင် ဖွင့်ခွင့်ပေးထားပြီ။ ဒီတော့ ကမ္ဘာ့အဆင့်မီ ပညာရပ်အသီးသီး ကို သင်ပေးမယ်လို့ ကြေညာနေ တဲ့ ကျောင်းတွေလည်း အလျှိုလျှို ပေါ်လာနေတာ မင်းတို့ မျက်မြင် ပါပဲ။ ငါကတော့ ပညာတိုးတက် မယ်ဆိုရင် ဘယ်လိုပဲ လုပ်နေကြပါစေ။ မင်းတို့လူငယ်တွေအတွက် ဝမ်းသာနေမိတာပါပဲ။ ငွေကြေးကတော့ အကုန်အကျ များပေ သပေါ့ကွယ်။
ဒါပေမယ့် မောင်တို့ရေ  …။ တစ်ခုတော့ စိတ်ချထားပါ။ ဒီအစိုးရရဲ့ ချမှတ်ထားတဲ့ စီမံကိန်း မူအရ ပြောလိုက်ရမယ်ဆိုရင် အဲ ဒီ အလွတ်ကျောင်းတွေအားလုံး ထက် နိုင်ငံတော် အထက်တန်း ကျောင်းတွေ၊ တက္ကသိုလ်တွေက အပြတ်အသတ် သာသွားအောင် လုပ်ပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ သင်ပေးတဲ့ ပညာရေးဝန် ထမ်း ဆရာ၊ဆရာမတွေကလည်း အရည်အသွေး ပိုပြီးမြင့်မား လာ လိမ့်မယ်။ သက်ဆိုင်ရာ အစိုးရရဲ့ ထောက်ပံ့မှု ငွေကြေးအင်အားတွေ ကြောင့် သင်ထောက်ကူပစ္စည်း တွေ၊ စက်ကိရိယာ စွမ်းအားတွေကလည်း ပိုမိုမြင့်မားလာလိမ့်မယ်။ သင်ကြားရေးအတွက် ကုံလုံပြည့်စုံတဲ့ အဆောက်အအုံကြီးတွေလည်း ဟည်းနေအောင်ပေါ်ထွက်လာ လိမ့်မယ်။ အဲဒီအပြင် ကုလသမဂ္ဂ အစရှိတဲ့ နိုင်ငံတကာ အကူအညီ တွေကလည်း ဒလဟော ဝင်လာ လိမ့်ဦးမယ်။ ဒီတော့ နောင်ဆယ် နှစ်ကာလမှာ လူလားမြောက်လာ မယ့် မျိုးဆက်သစ်တွေရဲ့ ကုသိုလ် ကံကို မင်းတို့ မှန်းဆလို့ သာ ကြည့်ကြပါတော့။
တစ်ခုသေချာတာကတော့ ပညာရေးစနစ်ဟောင်းနဲ့ ကြီးပြင်း ခဲ့ရရှာတဲ့ မင်းတို့ခေတ် မျိုးဆက် သစ်တွေထက် နောင်ဆယ်နှစ် ကာလ မျိုးဆက်သစ်တွေက ပညာရေး ဘက်မှာ အဆပေါင်းများစွာ သာ လွန်နေလိမ့်မယ်ဆိုတာ ငါက ဟောကိန်းထုတ်လိုက်ရ ပါတယ်။

အရင်တစ်ပတ်က ”ဘဝ” တစ်ခုအတွက် ကျန်း မာရေးနဲ့ ပညာရေးဟာ အရေးအကြီးဆုံးပဲလို့ ရေးခဲ့ တယ်။ ဒါကြောင့် မိသားစု တစ်စုဟာ ကလေးတစ်ယောက် မွေးဖွားလို့ ဘဝကို စလိုက်ပြီဆိုရင် မိဘနှစ်ပါးက သူရဲ့ ကျန်းမာရေးနဲ့ ပညာရေးကို ဦးစားပေး ပြီး မြေတောင် မြှောက်ဖို့ အားထုတ်လေ့ရှိကြတယ်။

ဒီလိုပဲ။ နိုင်ငံသစ်တစ်ခုကို တည်ဆောက်တော့ မယ်ဆိုရင် တိုင်းသူပြည်သားတွေရဲ့ ကျန်းမာရေးနဲ့ ပညာ ရေးကို အခြေခိုင်အောင် တည်ဆောက်ပေးနိုင်ဖို့ တိုင်းချစ် ပြည်ချစ် အစိုးရဟူသမျှ ကြိုးစားလေ့ရှိကြတယ်။ ဒီကနေ့ ငါတို့အစိုးရ လုပ်ဆောင်တာတွေကို ကြည့်လိုက်ရင် အဲဒီအခြေခံအချက်နှစ်ခုကိုအထူးစိတ်ဝင်စားစွာ ပေးအားမြှောက်ပြုနေကြောင်း  မြင်သာထင်သာရှိပါတယ်။ ဒါကြောင့် ငါကမင်းတို့ မျိုးဆက်သစ်လူငယ်တွေအတွက် အားတက်နေမိတာ အမှန်ပါပဲ။ နောက်ပြီး မင်းတို့အတွက် အားပျက်နေမိ တာ လည်း ရှိသေးတယ်။
ရှင်းပြပါရစေဦး။
အားပျက်မိတာက ဒီနေ့ကလေးပေါက်စတွေအတွက် မဟုတ်ဘူး။ ဒီကနေ့ ကိုးတန်းဆယ်တန်းနဲ့ တက္ကသိုလ်အဆင့် ကို ရောက်နေကြတဲ့ လူငယ်တွေအ တွက် အားပျက်အားငယ်မိတာ အမှန်ပါပဲ။ မင်းတို့ စဉ်းစားကြည့်လေ။ နိုင်ငံတော်အစိုးရ က ပညာရေးကို အောက်ခြေမူလတန်းကစပြီး ကမ္ဘာ့ အရည်အသွေးမီအောင် မြှင့်တင်ပေးတော့မယ်။ ပညာရေး ဝန်ထမ်းဖြစ်တဲ့ ဆရာ၊ ဆရာမတွေ စတဲ့ ပညာရှင်များကို လည်း တတ်နိုင်သမျှ အရည်အချင်းလည်း မြှင့်ပေးမယ်။ လူနေအဆင့်အတန်းကိုလည်း တတ်နိုင် သမျှ ကြိုးစားမြှင့် တင်ပေးတော့မယ့် အရိပ်လက္ခဏာတွေ တွေ့နေရတယ်။
ငါထင်သလောက် ပြောလိုက်ရရင်တော့ ဘာ သာသာရပ်ဟူသမျှရဲ့ ပြဋ္ဌာန်းစာအဆင့်တွေကို မြင့်သထက် မြင့်လာအောင် ပညာရှင် ကြီးများနဲ့ညှိနှိုင်းဆောင်ရွက် တော့မှာ သေချာတယ်။ ဒီတော့ ကျောင်းသားတွေရဲ့ အရည်အချင်း အဆင့်အတန်းတွေဟာ နှစ်စဉ် နဲ့အမျှ တရိပ်ရိပ် တိုးတက်နေလိမ့်မယ်။ အစိုးရက အဲဒီလောက် တင်မကသေးဘူး။ တက္ကသိုလ် ပညာရေးကိုပါ ကမ္ဘာ့ အဆင့် အတန်းမီလာအောင် အားသွန်ခွန်စိုက် ကြိုးပမ်း လိမ့်မယ်။ လူအား၊ ငွေအား၊ အကြံဥာဏ်အား ဆိုတဲ့အားတွေကို သုံးပြီးရင်း သုံး လာ လိမ့်မယ်လို့ ငါ ယုံကြည်စိတ် ချနေမိတယ်။
ဒီတော့ ငါက မင်းတို့အတွက် ကြိုတင်ပြီး ဟော ကိန်းထုတ်လိုက်ချင်တယ်။ နောင်ဆယ်နှစ်ကြာတဲ့ကာလ မှာ ဆယ်တန်း (သို့မဟုတ်) တန်းမြင့်ကျောင်းထွက် စာမေး ပွဲအောင်လာတဲ့ ကလေးတွေရဲ့ အရည်အချင်းကို မင်းတို့လိုက်မ မီအောင်မြင့်တက် သွားလိမ့်မယ်။ အဲဒီကလေးတွေ က ပညာရေး စနစ်ကောင်းကို အမှီပြုရတယ် မဟုတ် လား။ ဒီတော့ မင်းတို့ထက် ကုသိုလ်ကောင်း တယ် ဆိုရ မှာပေါ့။
ငါတို့ ရန်ကုန်တက္က သိုလ်ဟာ ဟိုး … ရှေးခေတ်က ဆိုရင် အရှေ့တောင်အာရှမှာ အမြင့်ဆုံး ဖြစ်ခဲ့ဖူးတယ်။ ရန် ကုန်တက္ကသိုလ် က ဆယ်တန်း အောင်သွားရင် ကမ္ဘာ့ဘယ်နိုင်ငံ ဘယ်တက္ကသိုလ်မဆို အသိအမှတ် ပြုလက်ခံတယ်။ နောက်ပိုင်းမှာ တစ်စတစ်စ နိမ့်ပါးလာလိုက်တာ ရှေးခေတ် ပညာရေးဝန်ထမ်းဆရာ၊ ဆရာမကြီးများက ရင်တသပ်သပ် နဲ့ သက်ပြင်းချနေလောက်အောင်ဖြစ်ခဲ့ ရတယ်။ ဒီနှစ်အထိ အသက် ရှင်နေသေးတဲ့ တက္ကသိုလ် ဆရာ အိုကြီးတွေ၊ ဆရာမ အဘွားကြီး တွေကို မေးကြည့်လိုက်ရင် သူတို့ ဘဝ၊ သူတို့ပညာရေးနဲ့ မင်းတို့ခေတ်ပညာရေး ကွာဟပုံကို ရင်နာစွာ စုတ်တသပ်သပ်နဲ့ပြောပြပါလိမ့်မယ်။ ဒီတော့ ခုလာမယ့် ကလေးတွေ ဟာ မင်းတို့နဲ့စာတော့ ကံကောင်းတယ်လို့ မဆိုနိုင်ပေဘူး လား။
ဒီကနေ့ဆိုရင် အလွတ် ပညာသင်ကျောင်းတွေကို တရား ဝင် ဖွင့်ခွင့်ပေးထားပြီ။ ဒီတော့ ကမ္ဘာ့အဆင့်မီ ပညာရပ်အသီးသီး ကို သင်ပေးမယ်လို့ ကြေညာနေ တဲ့ ကျောင်းတွေလည်း အလျှိုလျှို ပေါ်လာနေတာ မင်းတို့ မျက်မြင် ပါပဲ။ ငါကတော့ ပညာတိုးတက် မယ်ဆိုရင် ဘယ်လိုပဲ လုပ်နေကြပါစေ။ မင်းတို့လူငယ်တွေအတွက် ဝမ်းသာနေမိတာပါပဲ။ ငွေကြေးကတော့ အကုန်အကျ များပေ သပေါ့ကွယ်။
ဒါပေမယ့် မောင်တို့ရေ  …။ တစ်ခုတော့ စိတ်ချထားပါ။ ဒီအစိုးရရဲ့ ချမှတ်ထားတဲ့ စီမံကိန်း မူအရ ပြောလိုက်ရမယ်ဆိုရင် အဲ ဒီ အလွတ်ကျောင်းတွေအားလုံး ထက် နိုင်ငံတော် အထက်တန်း ကျောင်းတွေ၊ တက္ကသိုလ်တွေက အပြတ်အသတ် သာသွားအောင် လုပ်ပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုတော့ သင်ပေးတဲ့ ပညာရေးဝန် ထမ်း ဆရာ၊ဆရာမတွေကလည်း အရည်အသွေး ပိုပြီးမြင့်မား လာ လိမ့်မယ်။ သက်ဆိုင်ရာ အစိုးရရဲ့ ထောက်ပံ့မှု ငွေကြေးအင်အားတွေ ကြောင့် သင်ထောက်ကူပစ္စည်း တွေ၊ စက်ကိရိယာ စွမ်းအားတွေကလည်း ပိုမိုမြင့်မားလာလိမ့်မယ်။ သင်ကြားရေးအတွက် ကုံလုံပြည့်စုံတဲ့ အဆောက်အအုံကြီးတွေလည်း ဟည်းနေအောင်ပေါ်ထွက်လာ လိမ့်မယ်။ အဲဒီအပြင် ကုလသမဂ္ဂ အစရှိတဲ့ နိုင်ငံတကာ အကူအညီ တွေကလည်း ဒလဟော ဝင်လာ လိမ့်ဦးမယ်။ ဒီတော့ နောင်ဆယ် နှစ်ကာလမှာ လူလားမြောက်လာ မယ့် မျိုးဆက်သစ်တွေရဲ့ ကုသိုလ် ကံကို မင်းတို့ မှန်းဆလို့ သာ ကြည့်ကြပါတော့။
တစ်ခုသေချာတာကတော့ ပညာရေးစနစ်ဟောင်းနဲ့ ကြီးပြင်း ခဲ့ရရှာတဲ့ မင်းတို့ခေတ် မျိုးဆက် သစ်တွေထက် နောင်ဆယ်နှစ် ကာလ မျိုးဆက်သစ်တွေက ပညာရေး ဘက်မှာ အဆပေါင်းများစွာ သာ လွန်နေလိမ့်မယ်ဆိုတာ ငါက ဟောကိန်းထုတ်လိုက်ရ ပါတယ်။

အရင်တစ်ပတ်ကနောင်ဆယ်နှစ်ကြာတဲ့အခါမှာပေါ်ပေါက်လာမယ့်ကျောင်းသားလူငယ်တွေရဲ့ အရည်အသွေးကို ဒီကနေ့ကျောင်း သားဘွဲ့ရတွေက မမီနိုင်တော့ ဘူးလို့ ရေးခဲ့တယ်။ အဲဒီဟောကိန်းကို ထုတ်ခဲ့တာက ထင်ရာမြင်ရာ ရမ်းသမ်းပြီး ပြောခဲ့တာ မဟုတ် ပါဘူး။ ဒီက နေ့ အစိုးရပညာရေးဌာန တာဝန်ရှိသူများရဲ့ လုပ်ဆောင် ချက်တွေကို ကြည့်ပြီး သေချာပေါက် ထုတ်လိုက်တဲ့ ဟော ကိန်းတွေ ဖြစ်ပါတယ်။

မင်းတို့ စဉ်းစားကြည့်လေ။ စာသင်ကျောင်းတွေမှာ ကျောင်းတွင်းစာမေးပွဲဆိုရင် သက်ဆိုင်ရာ၊ နီးစပ်ရာ ဆရာ၊ ဆရာမတွေဆီမှာ ကျူရှင်သင်တန်းတက်ကြရတယ်။ သက်ဆိုင်ရာဘာသာရပ်ဆရာ၊ ဆရာမတွေကလည်း သူတို့မေးလိုက်မယ့်မေးခွန်းတွေကို ကြိုတင် ပြီး သင်ပေး လိုက်ကြတာပဲ။ ဒီတော့ ဆရာ၊ ဆရာမကျူရှင်ကို သင် တန်းတက်လိုက်ကြရင် စာမေးပွဲကို အလွယ်တကူအောင် သွားကြတာပဲ။ အဲဒါတွေက ကိုးတန်းအထိ ထုံးတမ်းစဉ် လာလို ဖြစ်သွားတယ်။ ဒါပေမယ့် ဆယ်တန်းရောက်တော့ ကျောင်းတွင်း ဆရာ၊ ဆရာမတွေရဲ့ ကျူရှင်နဲ့ မရတော့ ဘူး။ အပြင်က သဲသဲမဲမဲ ကြော်ငြာနေကြတဲ့ ကျူရှင်တွေကို ပြေးရပြန်တော့ တယ။် ပြင်ပ ကျူရှင်တွေကလည်း အပြိုင် အဆိုင်တွေ များလေတော့ ကြိုးစားပမ်းစား သင်ပေးကြပါ တယ်။ ဒီတော့ ပညာရေးမဟုတ်တော့ဘဲ စာမေးပွဲအောင် မြင်ရေး ပညာသင်ကြားမှုဖြစ်လာတာကို တွေ့နေရတယ်။
ဟိုရှေးခေတ်ကတော့ ငါ မှတ်မိသလောက်ပြောရရင် စာမေးပွဲ ဖြေဆိုတဲ့ ကျောင်းသားဟာ သက်ဆိုင်ရာ ပညာ ရပ်ကို  တကယ် တတ်သိ နားလည်ခြင်း ရှိ၊ မရှိ စမ်းသပ်တဲ့ မေးခွန်း ‘စိမ်း’ (Unseen) တစ်ပုဒ်ပါလာလေ့ရှိတယ်။ ဆိုလိုတာက ကျောင်းသင်ပြ ဋ္ဌာန်း ချက်စာအုပ်မှာမပါတဲ့ Óဏ်စမ်းမေးခွန်းပဲ။ အထူးသဖြင့် ဂဏန်းသင်္ချာဘာသာ ရပ်မှာ အဲဒီလို မေးခွန်း ‘စိမ်း’ ပါလာလေ့ ရှိတယ်။ အဲဒီ မေးခွန်းကို မဖြေမနေရ သတ်မှတ်ထားလေ့ရှိတယ်။ သ ဘောကတော့ ကျောင်းသားဟာ သက်ဆိုင်ရာ ဘာသာရပ် ကို ကျကျ နန၊ ခြေခြေမြစ်မြစ် နားလည်ခြင်း ရှိ၊ မရှိ စမ်း သပ်လိုက်တာပဲ။ မြန်မာစာ၊ အင်္ဂလိပ်စာတို့မှာတော့ စာစီ စာကုံး၊ Óဏ်စမ်းစာပိုဒ် ‘စိမ်း’ တွေနဲ့ စမ်းသပ်လေ့ရှိ တယ်။ ဆိုလိုတာက စာဖြေသူ ကျောင်းသားရဲ့ ပင်ကို အရည်အချင်းကို ပေါ်လွင် လာအောင် မေးခွန်း ထုတ်လေ့ ရှိတယ်။ နောက်ပြီး အဖြေလွှာတွေကို (တက္ကသိုလ်ဝင် စာ မေးပွဲဆိုရင်) တက္ကသိုလ်ကပဲ စစ်ဆေးတယ်။ တက္ကသိုလ် ဆရာတွေနဲ့ မလုံလောက်တာကြောင့် တန်းမြင့်ကျောင်း ဆရာတွေကို ခေါ်ယူစစ်ဆေးစေဦးတော့ တက္ကသိုလ် ဆရာတွေက ကြီးကြပ်ရတယ်။ စာမေးပွဲစစ်ဆေးရာ တိုင်း၊ မြို့နယ် စသည်တို့ကို သတိထား ခွဲဝေပြီး နေရာချထား ပေးတယ်။ တိုတိုပြောရ ရင်တော့ စာစစ်သူနဲ့ စာဖြေ ကျောင်းသားနဲ့ လုံးဝအဆက်အစပ် မရှိနိုင်အောင် စီစဉ် ထားတဲ့သဘောပါပဲ။ ဆိုလိုတာက စာဖြေသူ ကျောင်းသား ဟာ သက်ဆိုင်ရာ ဘာသာရပ်ကို ကျက်စာ၊ မှတ်စာသာ မက ပညာအခြေခံကိုပါ ရ၊ မရ စစ်ဆေးတဲ့သဘော ပါပဲ။
ဒီတော့ကာ အခုအစိုးရရဲ့ ပညာရေးဌာန လှုပ်ရှားစီမံ နေတဲ့စနစ်ကို မှန်းဆကြည့်လိုက် ရင် ဘယ်ဘာသာရပ်ကိုမဆို သေ ချာ တတ်အောင် သင်၊ မတတ်ရင် စာမေးပွဲ မအောင်နဲ့ဆိုတဲ့စနစ် ဖြစ်လာလိမ့်မယ်။ စာမေးပွဲမေးခွန်း မှာလည်း မဖြေမနေရ Óဏ်စမ်း ပုစ္ဆာ ‘စိမ်း’တွေ ပါလာလိမ့်မယ်။ ဒီတော့ ကျူရှင်တွေ၊ ကျူရှင်ဆရာ တွေ ရှိနေစေဦးတော့။ သူတို့က လည်း ကျောင်းသားတွေ ကို ခြေ ခြေမြစ်မြစ် သဘောပေါက်အောင် ကြိုးစားပမ်းစား သင်ပေးရတော့ မယ်။ ပညာရပ်ဆိုင်ရာ စာအုပ်စာ တမ်းတွေကို နှိုက်နှိုက် ချွတ်ချွတ် ရှာဖွေလေ့လာပြီး ကျောင်းသားတွေ ကို သင်ပေးရလိမ့်မယ်။ ဘာပဲဖြစ် ဖြစ် ပညာရပ်ပေါင်းစုံ တစ်ဟုန်ထိုး တိုးတက်မှု အတွက် အစွမ်းကုန် တက်ညီ၊ လက်ညီ ဝိုင်းဝန်းတဲ့ပညာ ခေတ်ကြီးကို ရောက်လာတော့မှာ မလွဲမသွေ ဖြစ်လာမယ်လို့ ဟော ကိန်း ထုတ်လိုက်ချင်ပါတယ်။
ဒီတော့ ခေတ်သစ်ကြီးကိုမီ အောင် လိုက်ချင်ရင် မင်းတို့တစ် တွေ ဘာလုပ်ကြမလဲ။ ဒါတွေကို စဉ်းစားကြရတော့မယ်။ ကြိုတင်ပြင်ဆင်ကြရတော့မယ်။ မင်းဟာ မကြာမီမှာ တက္ကသိုလ်အဆင့် ကျောင်းသားတစ်ယောက် ဖြစ်လာ တော့မယ်ဆိုပါတော့။ မင်း လေ့လာသင်ယူမယ့် ပညာရပ်တွေနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်းတွေကို ကြိုတင်လေ့လာဆည်းပူးရလိမ့်မယ်။ အဲဒီပညာနဲ့ ပတ်သက်တဲ့ ကျွမ်းကျင်သူတွေထံမှာ သွား ရောက်ဆည်းကပ်ပြီး နည်းနာခံယူ ရလိမ့်မယ်။
သတိရလာလို့ ပြောလိုက်ရ ဦးမယ်။ မနေ့တစ်နေ့ကပဲ ငါ့ တပည့်ဟောင်းနှစ်ယောက် လာပြီး ကန်တော့ကြတယ်။သူတို့တစ်တွေ ကို ငါက နွေကျောင်းပိတ်ရက်မှာ အင်္ဂလိပ်စာ သင်ပေးခဲ့ဖူးတယ်။ သူ တို့က တက္ကသိုလ် ကျောင်းသား ဖြစ်ခါနီးတွေပေါ့။ တစ်ယောက်က YIT ကျောင်းသား ဖြစ်သွားတယ်။ အဲဒီအတောအတွင်းမှာပဲ ကျောင်း တွေကို ပိတ်လိုက်ပြန် ပါလေရော ။ ကျောင်းတွေ ပိတ်ထားတော့ တ ပည့်တစ်ယောက်က အလကားနေ အလကားပဲဆိုပြီး ဘာရယ်မဟုတ်၊ ကွန်ပျူတာသင်တန်း သွား တက် တယ်။ YIT တက္ကသိုလ် ပြန်ဖွင့်တာ စောင့်နေရင်းဆိုပါတော့။
တစ်နေ့မှာ ငါနဲ့တွေ့ကြ တော့ သူက ကျောင်းတွေ ပြန်မဖွင့် သေးတာကိုပြောပြီး စိတ်ပျက် လက်ပျက် ညည်းတယ်။ ဒါကြောင့် ငါက လွှတ်ခနဲ စကားတစ်ခွန်းကို ပြောလိုက်မိတယ်။ ”မင်းက ဘာ လဲ၊ YIT ဘွဲ့ရ လက်သမားကြီးပဲ ဖြစ်ချင်နေတာလား၊ ခုလုပ်နေ တဲ့ ကွန်ပျူတာပညာကို နက်နက်နဲနဲ တတ်ကျွမ်းလာအောင် ဆက်ပြီး လေ့လာပါလား” လို့ ပြောလိုက်မိ တယ်။ တစ်နေ့က လာပြီး ကန်တော့ရင်း သူက ပြန်ပြောတယ်။ ”ဆရာရယ်၊ ဆရာပြောတဲ့ လက် သမားကြီးဆိုတဲ့ စကားလုံးကို ကြား လိုက်ရတော့ ကျွန်တော် လန့်သွားတယ်။ အဲဒါနဲ့ ကျွန်တော် လုပ် လက်စ ကွန်ပျူတာကို ဆက်ပြီး အားစိုက်လုပ်မိတာပဲ။ ဒီကနေ့ ဒီ လိုအခြေ အနေ ရောက်လာတာပါ ပဲ”
သူက ကွန်ပျူတာအဆင့်မှာ ဘယ်လောက်ထိအောင် ရောက် သွားလဲဆိုတာ ငါမသိပါဘူး။ သို့ သော် စင်ကာပူမှာရှိတဲ့ ကမ္ဘာ့ အဆင့်မီကုမ္ပဏီကြီးတစ်ခုမှာ ကွန် ပျူတာဆိုင်ရာ အကြီးအကဲတစ် ယောက် ဖြစ်နေပြီ။ သီတင်းကျွတ် ခွင့်ရက် တစ်လလောက် ရချိန်မှာ ငါ့ကို လာပြီး ကန်တော့တာပါပဲ။
ဒီတော့ မင်းတို့ သတိထားဖို့ က ပညာရပ်တစ်ခုကို လေ့လာဖို့ ရယ်၊ ခြေခြေမြစ်မြစ် သိနားလည် အောင် လုပ်ဖို့ရယ်၊ အဲဒါတွေ က အလွန်အရေးကြီးတယ်ဆိုတဲ့ အချက်ပါပဲ။
မင်းမှာ အချိန်တွေ ပိုနေသ လား။ တစ်ခုခုကို လေ့လာနေရလို့ အချိန်မလောက်နိုင်အောင် ယား လို့မှ မကုတ်အားအောင် ဖြစ်နေ သလား။ မင်းကိုယ်မင်း အားမနာ ပါးမနာ စစ်ဆေးကြည့်ပါလား။
အရင်တစ်ပတ်က ပညာရပ်အသစ် အသစ်တွေ ကို လေ့လာရမယ်။ ကိုယ်စိတ်ဝင်စားရာ ဘာသာရပ်ကို စာဖတ်ခြင်း၊ ကျွမ်းကျင် သူများထံ ချဉ်းကပ်ဆည်းပူးခြင်းအားဖြင့် လေ့လာသင်ယူ ရမယ်ဆိုတဲ့အကြောင်းကို  ရေး သားခဲ့ပါတယ်။
ဒီနေရာမှာ ဒီကနေ့ လူငယ်တွေရဲ့ ကြိုးပမ်း လေ့လာနေမှုကို သတိထားနေမိတာကြောင့် ပြောလိုက် ရဦးမယ်။ ကိုရီးယားဘာသာစကား၊ ဂျပန်ဘာသာစကား စသည်အားဖြင့် သင်ကြားလေ့ လာနေ တာကို တွေ့ရပါ တယ်။ အဲဒီလို နိုင်ငံခြားဘာသာစကားတွေ လေ့လာ သင်ယူနေတာဟာ အလွန်ကောင်းတဲ့ လက္ခဏာပါပဲ။ သို့သော် ဘာသာစကား ဆိုတာဟာ ပညာရပ်တစ်ခု မဟုတ်ဘူးဆိုတာကိုတော့ သတိပြုသင့်တယ်။
မင်းဟာ မြန်မာကလေး တစ်ယောက်ဖြစ် လို့ မြန်မာ စကား၊ မြန်မာစာကို ပြောတယ်။ ဖတ်တတ်၊ ရေးတတ်တာပဲ။ အဲဒါကို ပညာလို့ ပြောမလား။ ပညာရပ်တစ်ခု မဟုတ်သေး ဘူး။ အဲဒီလိုပဲ ကိုရီးယားဘာသာစကား၊ ဂျပန်ဘာသာစကား၊ အင်္ဂလိပ်ဘာသာစကား စတာတွေကို ပြောတတ်၊ ဆိုတတ် ရုံနဲ့ ပညာတတ် တစ်ယောက်ဖြစ်ပါ့မလား။ ဒါတွေကို သေသေချာချာ၊ လေးလေးနက်နက်စဉ်းစားရလိမ့်မယ်။ ဘာသာစကားတစ်ခုကို တတ်ကျွမ်းခြင်း ဟာ ပညာရပ် တစ်ခုဆီကို တက်လှမ်းလေ့လာဖို့ လှေကားတစ်စင်းသာ လျှင် ဖြစ်တယ်ဆိုတာကို နားလည်ထားရလိမ့်မယ်။ သို့ သော်လည်း ကိုရီးယား၊ ဂျပန်၊ တရုတ် စတဲ့ တိုင်းပြည် တွေကို သွားမယ်ဆိုရင် အဲဒီတိုင်းပြည်တွေမှာ အလုပ်လုပ် ဖို့ အစီအစဉ် ရှိတယ်ဆိုရင်တော့ သက်ဆိုင်ရာ ဘာသာ စကားကို ကျွမ်းကျင်နေတာအကောင်းဆုံးပေါ့။ သို့သော် အဲဒါဟာ ပညာရပ်တစ်ခု မဟုတ်ဘူး။ ပညာရပ်တစ်ခုကို လေ့လာသင်ယူဖို့ လှေကားထစ် တစ်ဆင့်သာလျှင် ဖြစ် တယ်ဆိုတာကို သဘောပေါက်ဖို့ လိုပါ တယ်။ မင်းတို့ သေချာသဘောပေါက်ထားဖို့ လိုအပ်တာက ဘာသာ စကားအသစ်တစ်ခုကို လေ့လာခြင်းဟာ ပညာရပ်အသစ် တစ်ခုကို တတ်ကျွမ်းနားလည်ဖို့သာလျှင် အရင်းခံဖြစ် တယ်ဆိုတာကို မေ့မနေကြဖို့ပါပဲ။ ဆိုကြပါစို့။ ကိုရီး ယားဘာသာစကား ကို လေ့လာပြီဆိုပါတော့။ တတ်ကျွမ်း ပြီ ဆိုပါတော့။ မင်းက စကားပြန်လုပ်မှာလား၊ စင်စစ်အား ဖြင့် စကားပြန်ဆိုတာ အသက်မွေး ဝမ်းကျောင်း လုပ်ငန်း တစ်ခုသာလျှင် ဖြစ်တယ်။ သူဟာ အတတ်ပညာရှင်၊ အသိပညာရှင်တစ်ယောက် မဟုတ်ဘူး။ အတတ်ပညာ ရှင်၊ အသိပညာရှင်တစ်ယောက် ဖြစ်ချင်ပါတယ်ဆိုရင် အဲဒီဘာသာစကားကိုတော့ အခြေပြုပြီး (လှေကားထစ် လုပ်ပြီး) အတတ်ပညာ၊ အသိပညာတစ်ခုဆီကို လှမ်း တက်ရလိမ့်မယ်။ အခု ငါ ဆွေးနွေးချင်တာက မင်းဟာ ဘာသာစကားတစ်ခု ကို လေ့ လာပြီဆိုလျှင် စကားပြန်လုပ် ဖို့လား၊ အတတ်ပညာ အသိပညာတစ်ခုခုကို လေ့လာ သင်ယူဖို့လားဆိုတာ ကို ပြတ်ပြတ် သားသား စဉ်းစားစေ ချင်တယ်။
ငါတို့ မြန်မာလူမျိုး တွေဟာ ပါဠိဘာသာစကား၊ ပါဠိစာပေကို သင်ယူလေ့လာခဲ့ကြတယ်။ ဗုဒ္ဓတရားတော် ဆိုတဲ့ အသိပညာ ကို လေ့လာချင် တာကြောင့်၊ သိနားလည်ချင်တာ ကြောင့် ပါဠိစကား၊ စာပေကို သင် ယူခဲ့ကြတယ်။ အဲဒီလိုပဲ ခေတ် သစ်ပညာ ရပ်တွေကို လေ့လာသင် ယူချင်တာကြောင့် အင်္ဂလိပ်စာပေ၊ အင်္ဂလိပ်စကားကို မှတ်သားဆည်း ပူးခဲ့ကြရတယ်။ အဲဒီကိစ္စတွေဟာ ပညာရပ်ကြောင့်ဖြစ်တယ်ဆိုတာ အလွန်ထင်ရှားပါတယ်။
ဂျပန်ခေတ်မှာ ငါတို့ မြန်မာတွေ ဂျပန်ဘာသာစကားကို သင်ယူခဲ့ကြတယ်။ ပညာရပ်တစ်ခု ခုကို လေ့လာဖို့ မဟုတ်ဘူး။ ဂျပန်တွေနဲ့ စကားပြောတတ်အောင်၊ ထမင်းစား၊ ရေသောက်ပြောတတ် ဆိုတတ်အောင် သင်ယူလေ့လာခဲ့ ကြတာပဲ။ ဂျပန်ခေတ်ကို လည်း ကုန်သွားပါလေရော။ အဲဒီဂျပန် စကားတွေကို မေ့မေ့ပျောက် ပျောက် ဖြစ်ကုန်ကြတာပဲ။ ဂျပန် ခေတ်မှာ ဂျပန်စကားပြန် လုပ်ခဲ့တဲ့ သူတွေတောင်မှ ဂျပန်စကားတွေကို မေ့ကုန်ကြတာ ငါ့ရဲ့ကိုယ်တွေ့ဖြစ်ပါတယ်။ ဂျပန်စကား တတ်ခဲ့ တဲ့အတွက် ဘာပညာ ကိုမှ ဟုတ်တိ ပတ်တိ မရခဲ့ပါဘူး။
ဒီတော့ ဘာသာစကား အသစ်တစ်ခုကို သင်ယူလေ့လာ မယ်ဆိုရင် အသိပညာ၊ အတတ် ပညာတစ်ခုခု တိုးတက်သိကျွမ်း လာမှသာ အဲဒီဘာသာစကားကို လေ့လာရကျိုး နပ်တယ်လို့ ယူဆ မိပါတယ်။
အတိုချုပ်ပြောရရင်တော့ ဒီ ကနေ့ မြန်မာပြည်မှာ ဘာသာ စကားသင်တန်းတွေ အလျှိုလျှို ပေါ်လာကြတယ်။  ဘာသာစကား သင်တန်းကြော်ငြာတွေ စာနယ်ဇင်း အစောင်စောင်တွေမှာ တွေ့နေရ တယ်။ လူငယ်တွေကလည်း စိတ် ဝင်စားကြတယ်။ အဲဒီ သင်တန်းတွေကို တက်ကြတယ်။ ဘာလုပ်ဖို့တက်ကြသလဲ။ အသိပညာ၊ အတတ်ပညာတစ်ခုခုကိုရယူဖို့ တတ်ကြတာလား၊ အဲဒီ ဘာသာစကားကို ပြောတတ်၊ ဆိုတတ်ရုံ ထမင်းစား ရေသောက် သိနား လည်ရုံ တတ်ကြတာလားဆိုတာ သေသေချာချာ စဉ်းစားဖို့ ကောင်း တယ်။
ဒါတွေကို ပြောနေတာ က မင်းတို့တစ်တွေ မလိုအပ်တဲ့ နေရာမှာ အချိန်တွေကို အလ ဟဿ သုံးစွဲနေမိမှာစိုးလို့ ရေးနေ တာ ပါ။ အချိန်ကုန်တာချင်းတူရင် အသိပညာ၊ အတတ်ပညာတစ်ခုခု ကို ရတဲ့နေရာမှာ အချိန်ကုန်ကြစေ ချင်ပါတယ်။ အချိန်ရဲ့ တန်ဖိုးကို အထူးပြောမနေချင်ဘူး။ တန်ဖိုးရှိ တဲ့အချိန်ကို ထိုက်ထိုက်တန်တန် အသုံးချတတ်စေချင်လို့ပါပဲ။ ဘာ သာစကားနဲ့ တတ်သိပညာ ဟာ ဘယ်ဒင်းက ပိုပြီးတန်ဖိုးရှိတယ်ဆို တာဟာ နားလည်ကြဖို့ သင့်ပါပြီ။ နောက်ဆုံးမှာတော့ အသိပညာ၊ အတတ်ပညာ တစ်ခုခု မှာ သိနားလည်သူက လောကကို ဦးဆောင်သွားမှာပဲ။ အဲဒီမှာ ဘာသာစကားတတ်တဲ့ ကျွမ်းကျင်သူက စကားပြန်၊ ဘာသာပြန် ဖြစ် လာကြမှာပါ ပဲ။ ဒီတော့ မင်းကိုယ်မင်း မေး ကြည့်ဖို့ပဲ။ ပညာရှင်ဖြစ်ချင်တာ လား။ စကားပြန် ဖြစ်ချင်တာလား။ ဒါပါပဲ။
အရင်တစ်ပတ်က နိုင်ငံခြားဘာသာစာပေ စကားတစ်ခုကို လေ့လာသင်ယူခြင်းနဲ့ ပန်းတိုင်ရည်မှန်း ချက်အကြောင်းကို ရေးခဲ့ပါ တယ်။ ထမင်းစား၊ ရေသောက် ပြောတတ်ရုံ၊ ဆက်သွယ်ရေးပစ္စည်းတစ်ခုအဖြစ် အသုံးချရုံ လောက်ကိုသာလျှင် မရည်မှန်းဘဲ အသိပညာ၊ အတတ် ပညာတစ်ခုကို ရသည်ထိအောင် ကြိုးပမ်းသင့်ကြောင်းကို လည်း ရေးခဲ့ပါတယ်။

အဲဒီလို အသိပညာ၊ အတတ်ပညာကို လေ့လာဆည်းပူးဖို့အတွက်ဆိုရင်တော့ ငါတို့ မြန်မာလူမျိုးတွေအတွက် အင်္ဂလိပ်ဘာသာ စကားဟာ အသင့်လျော်ဆုံး ဖြစ်တယ်လို့ယူဆမိပါတယ်။ ဘာကြောင့်လဲဆိုတော့ ငါတို့ကဗြိတိသျှအင်ပါယာထဲမှာ ကျရောက်ခဲ့ ဖူးလေတော့ အင်္ဂလိပ်ဘာသာစကားနဲ့ ထိတွေ့ဆက်ဆံခဲ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့တယ်။ စာသင်ကျောင်းတွေမှာ လည်း အင်္ဂလိပ်ဘာသာစကားကို မသင်မနေရ ပြဋ္ဌာန်းခဲ့ တာ ဒီနေ့တိုင်အောင်ပဲ။ အရင်ကဆိုရင် ဂဏန်းသင်္ချာက အစ ဘာသာရပ် အားလုံးကို အင်္ဂလိပ်လိုပဲ သင်ယူခဲ့ရ တယ်။ မြန်မာစာဘာသာရပ်မှအပ အခြားဘာသာရပ်တွေ အားလုံးကို အင်္ဂလိပ်လို သင်ယူခဲ့ရ တယ်။ ဒီတော့ ဆယ် တန်းလောက်အောင်ပြီးပြီဆိုရင် ဘယ်ပညာရပ်ကိုမဆို အင်္ဂလိပ်လို ဖတ်ရှုလေ့လာနိုင်ကြတယ်။ အဲဒီနည်း အားဖြင့် ရှေးခေတ်မြန်မာတွေဟာ မိမိတို့ နှစ်သက်ရာပညာရပ်ကို အင်္ဂလိပ်ဘာသာစကားနဲ့ လေ့လာဆည်းပူးနိုင်ကြ တယ်။ နောက် ပိုင်းမှာတော့ အင်္ဂလိပ်စာပေ လေ့လာဖတ်ရှု မှု အားနည်းလာခဲ့ကြတယ်။ ကုန်ကုန်ပြောရရင် ဆယ် တန်းအောင်ပြီးသူ ၊ ဘွဲ့ရပြီး သူတွေထဲမှာတောင် အင်္ဂလိပ် စာကို ကျွမ်းကျွမ်းကျင်ကျင် မဖတ်နိုင်ကြတာ တွေ့နေရ တယ်။ ဒါပေမယ့် နိုင်ငံခြား ဘာသာ စကား ထဲမှာ အင်္ဂလိပ် စာဟာ ငါတို့အဖို့ အနီးစပ်ဆုံး၊ အရင်းနှီးဆုံးဘာသာ စကား ဖြစ်နေတယ်။ ဒါကြောင့် အင်္ဂလိပ်ဘာသာစကား ကို သင်ယူလေ့လာခြင်းဟာ ငါတို့အတွက် အသင့်လျော် ဆုံးလို့ ထင်နေမိတယ်။
နောက်တစ်ချက် သတိပြုသင့်တာက ဗြိတိသျှ အင်ပါယာကြီးဟာ တစ်ခါတုန်းက ‘နေမဝင်အင်ပါယာ’ လို့တောင် ခေါ် ရလောက်အောင် ကမ္ဘာတစ်ခုလုံးနီးပါးကို လွှမ်းမိုးနိုင်ခဲ့တယ်။ ဗြိတိသျှလူမျိုးတွေကလည်း ကမ္ဘာအနှံ့ အပြားကို စွန့်စွန့်စားစား သွားရောက်လေ့လာကြတယ်။ လေ့လာတွေ့ရှိသမျှကိုလည်း စာအုပ်စာတမ်းတွေ ရေး သားပြီး မှတ်တမ်းတင်လေ့ရှိကြတယ်။ အဲဒါကြောင့် ဘယ်အကြောင်းအရာမဆို အင်္ဂလိပ်စာပေမှာတွေ့ရှိနိုင်တယ်။ ဖတ်ရှုလေ့လာနိုင်တယ်။ ကုန်ကုန်ပြောရရင် ငါတို့မြန်မာ လူမျိုးတွေ ဟာ ဗုဒ္ဓဘာသာကို ကိုးကွယ်လာခဲ့ကြတယ်။ ဒါပေမယ့် မြန်မာလို ပြန်ဆိုမှုအတွက် မကြိုးပမ်းခဲ့ကြဘူး။ မနေ့တစ်နေ့က မှ ဆဋ္ဌသင်္ဂါယနာတင်တော့ ပိဋကတ် မြန်မာပြန်ကို လုပ်နိုင်ခဲ့ကြတယ်။ အဲဒီအချိန်မှာ ဘုရား ရှင်ရဲ့ ဒေသနာတွေကို အင်္ဂလိပ်လို ဘာသာပြန်ပြီး ဖြစ်နေ ပြီ။ ဒီတော့ အင်္ဂလိပ်တွေဟာ အသိပညာ၊ အတတ်ပညာ အတွက် ဘယ်လောက်ထိ ကြိုးပမ်းအားထုတ်ကြ တယ် ဆိုတာ ထင်ရှားသိသာလှပါတယ်။ ဒါကြောင့် ငါတို့ မြန်မာလူမျိုးတွေ အနေနဲ့ ဘာသာခြားစာပေတွေ ထဲမှာ အင်္ဂလိပ်စာပေ ကို သင်ယူ လေ့လာဖို့က အသင့်လျော်ဆုံးပဲ လို့ ယူဆမိပါတယ်။ ကျောင်းနေ စဉ်မှာလည်း အင်္ဂလိပ်စာကို မယူမ နေရ သင်ယူကြ ရတာဖြစ်လို့ တကယ်ကြိုးစားရင် အခက်အခဲ တွေ့စရာ အကြောင်းမရှိပါဘူး။ အခု ကျောင်းသားလူငယ်တွေ (ဆို လိုတာက) ဆယ်တန်းအောင်ပြီး၊ ဘွဲ့ရပြီး လူငယ်တွေမှာတောင် များသောအားဖြင့် အင်္ဂလိပ်ဘာ သာစကားနဲ့ စာပေကို ကျွမ်းကျင် စွာ ဖတ်ရှုနိုင်သူ နည်းသွားတာကို တွေ့နေရတယ်။ ဒီတော့ အင်္ဂလိပ် ဘာသာစာပေ ဖတ်ရှုမှုကို ဒီထက် ပိုပြီး ကြိုးစားအားထုတ် သင့် တယ် လို့ ထင်မိတယ်။ ဆိုလိုတာက တခြားသော မျိုးခြားဘာသာစကား တွေကို လေ့လာကြမယ်ဆိုရင် ငါ တို့ မြန်မာလူမျိုးတွေ အတွက် အင်္ဂ လိပ်စာပေကို လေ့လာကြရင် အကောင်းဆုံးပဲလို့ ထင်မိပါတယ်။
လူငယ်တွေအတွက် အင်္ဂလိပ်စာကို လေ့လာဖတ်ရှုရာ မှာ သတိထားရမယ့် အချက်က တော့ မိမိတို့ စိတ်ဝင်စားရာ၊ နှစ် သက်ရာ ပညာရပ်နဲ့ပတ်သက်တဲ့ အင်္ဂလိပ်စာအုပ်တွေကို ဖတ်ရှုလေ့လာခြင်းပါပဲ။ ငါတွေ့ဖူးသလောက်ပြောရရင် ငါနဲ့ သိကျွမ်းတဲ့ လက္ခဏာ ဆရာ၊ ဗေဒင်ဆရာ တချို့ဟာ အင်္ဂလိပ်စာ အခြေခံအားဖြင့် သိပ်ပြီး မြင့်မြင့်မားမား မဟုတ်ကြဘူး။ ဒါပေမယ့် သူတို့က စိတ်ပါလက် ပါ ဖတ်ရှုကြတော့ အဲဒီစာအုပ်တွေ ကို အင်္ဂလိပ်လို ကျွမ်းကျင်စွာ ဖတ် နိုင်လာကြတယ်။ ဗေဒင်လက္ခဏာ ဟောစာတမ်းတွေထဲမှာ ပါလာ တတ်တဲ့ ဇာတာရှင်၊ လက္ခဏာရှင် တွေရဲ့ ဇာတ်လမ်းဖြစ်ရပ်တွေကို လည်း ကျွမ်းကျင်စွာ ဖတ်နိုင်လာ ကြတယ်။ ဒီတော့ ကိုယ်စိတ်ဝင် စားတဲ့ ပညာရပ်ဆိုင်ရာ အင်္ဂလိပ် စာအုပ်တွေကို ဖတ်ရှုလေ့လာခြင်း အားဖြင့် အင်္ဂလိပ်စာပေကိုပါ ထိုက်သင့် သလောက် ကျွမ်းကျင် လာကြတာပဲ။
ဒီကနေ့ခေတ်မှာလည်း ကွန်ပျူတာပညာရပ်ကို စိတ်ဝင် စားတဲ့ လူငယ်တွေဟာ ကွန်ပျူတာ ပညာ အင်္ဂလိပ်စာအုပ်တွေကို ကျွမ်းကျင်နားလည်စွာ ဖတ်နိုင်လာ ကြတယ်။ ကွန်ပျူတာ ပညာရပ် အသစ်တစ်မျိုး တိုးတက်ပြောင်းလဲ လာရင် အဲဒီပညာရင်အသစ် အကြောင်းကို အင်္ဂလိပ်လို ဖတ်နိုင် လာကြတာပဲ။ ဒီတော့ ပညာရပ်ကို လေ့လာဆည်းပူးနေရင်း အင်္ဂလိပ် ဘာသာစာပေကို အမှတ်မထင် အကျွမ်းဝင်လာကြတယ်လို့ ဆိုနိုင် ပြန်ပါတယ်။
သို့သော်လည်း အဲဒီဗေ ဒင်လက္ခဏာဆရာတွေ၊ ကွန်ပျူ တာပညာရှင်လေးတွေကို အင်္ဂလိပ် ကဗျာအကြောင်း သွားမေးရင် တော့ သူတို့ခမျာ ပြောတတ်ချင်မှ ပြောတတ်မှာပေါ့။ ကဗျာတို့၊ ဝတ္ထု တို့ ဆိုတာတွေက ရသစာပေဆိုင် ရာ အနုပညာတွေ မဟုတ်လား။ သူတို့က အဲဒါတွေကို စိတ်မဝင် စားဘူးလေ။
ဒီတော့ အကြံပေးချင် တာက မင်းစိတ်ဝင်စားတဲ့ အသိ ပညာ၊ အတတ်ပညာတစ်ခုခု အကြောင်းကို အင်္ဂလိပ်လို လေ့လာ ပါ။ ကိုးတန်း၊ ဆယ်တန်းလောက် ထိ ကျောင်းသင် အင်္ဂလိပ်စာ အခြေခံရှိခဲ့ရင် မကြာခင်မှာ အင်္ဂ လိပ်လို ကျွမ်းကျင်စွာ ဖတ်နိုင်လာ လိမ့် မယ်လို့ ပြောဝံ့ပါတယ်။

အရင်တစ်ပတ်က အတတ်ပညာ၊ အသိပညာတစ်ခု ခုကို ဆည်းပူးလိုတဲ့ လူငယ်တွေဟာ အင်္ဂလိပ်ဘာသာ စကားကတစ်ဆင့် အဲဒီ ပညာကို လေ့လာရင် ပိုပြီးလွယ်ကူ နိုင်ကြောင်း ရေးခဲ့ပါတယ်။ ဒီကနေ့ ဆယ်တန်းအောင် အဝေးသင်ကျောင်းသား လူငယ်တွေဟာ အင်္ဂလိပ်စာပေဖတ်ရှုသူ အလွန်နည်းကြတယ်။ အင်္ဂလိပ်စာပေဖတ်ရှုမှု ဘာကြောင့် နည်းသလဲဆိုတာကို စူးစမ်းကြည့် လိုက်တော့ကောင်းကောင်း မဖတ်တတ်ကြလို့ပါပဲ။ သူတို့တစ်တွေဟာ (ငါစူးစမ်းမိသလောက်) အင်္ဂလိပ်စာဖတ်ဖို့ကိုလည်း မဝံ့မရဲ ဖြစ်နေကြတယ်။ အင်္ဂလိပ်စာကို ဖတ်တတ်သလို လို အီယောင်ဝိုးဝါးနဲ့ လမ်းခုလတ်မှာ ယောင်ပေပေ ဖြစ်နေကြတာတွေများ တယ်။ ဘာကြောင့် ဒီလိုဖြစ်လာရသ လဲဆိုတာကို စဉ်းစားကြည့်မိတယ်။ ငါ့အတွေ့အကြုံအရ မှန်းဆမိတာက သူတို့ အင်္ဂလိပ်စာ သင်ယူခဲ့တာက စာမေးပွဲ ဖြေနိုင်ရုံ၊ ဆရာမေးရင် ပြန်ပြောတတ်ရုံလောက်ကို ပဲ အာရုံပြု မှတ်သားခဲ့ကြတာ ဖြစ်နေတယ်။

သူတို့ ကိုယ်တိုင်က တကယ်သိချင်၊ တတ်ချင်တာမျိုး မဟုတ်ကြဘူး။ ဒါကြောင့် အင်္ဂလိပ်စာသင်ယူမှု လမ်းခုလတ် မှာ ယောင်ပေပေ ဖြစ်နေကြတာပဲလို့ ဆုံးဖြတ်မိပါတယ်။
ဒီစာတွေကို ရေးနေတာဟာ ဆယ်တန်းအောင် (အဝေးသင်) လူငယ်တွေကို ရည်ရွယ်ပြီး ရေးနေတာ ဖြစ် တယ်။ ဒီတော့ မင်း ကိုယ်တိုင်လည်း ဆယ်တန်းအောင် အဝေးသင် ဖြစ်နေခဲ့ရင် မင်းကိုယ်မင်း အဲဒီလိုပဲ ဖြစ်နေ သလားလို့ ပြန်လည် သုံးသပ်စေချင် တယ်။ မင်းကိုယ်တိုင်က အင်္ဂလိပ်စာကို ဝံ့ဝံ့စားစား ဖတ်ဖူးသလား။ အင်္ဂလိပ်စာပေ ဝတ္ထုဆိုတာတွေကို ဘယ်နှခါ ကောက်ကိုင် ဖူးသလဲ။ ကောက်ကိုင်ပြီး နည်းနည်းပါးပါး ဖတ်ကြည့်၊ ပြီးတော့ စာ အုပ်ကို အမှတ်မထင် ပြန်ချထားလိုက်တာပဲလား။ ဆက် ဖတ်ဖို့ စိတ်လျှော့သွားလိုက်တာပဲလား စသည်အားဖြင့် မင်းကိုယ်မင်း စစ်ဆေးကြည့်သင့်ပါတယ်။ အထက်မှာ ငါပြောခဲ့ သလို ယောင် ဝါးဝါး ဖြစ်နေရင်တော့ မင်းတကယ် တတ်အောင် အင်္ဂလိပ်စာကို ရင်ဆိုင်ရလိမ့်မယ်။ အခု ငါ ရေးမှာတွေက အင်္ဂလိပ်စာကို တကယ်တတ်ချင်တဲ့ ယောင်ဝါးဝါးဖြစ်နေရှာတဲ့ လူငယ်တွေအတွက် ရေးမှာ ဖြစ်ပါတယ်။
မင်းတို့အရွယ် လူငယ်တွေအဖို့ သည်းခြေကြိုက်တာက ဝတ္ထုတို ဖြစ်ပါတယ်။ မင်းကိုယ်တိုင် အင်္ဂလိပ်ဝတ္ထု တွေကို စိတ်လိုလက်ရ ဘယ်နှပုဒ်ဖတ်ဖူးသလဲ။ ပြဋ္ဌာန်းချက်ဝတ္ထုတွေကို စာမေးပွဲအတွက် ဖတ်ရတာကိုတော့ စကားထဲ ထည့်မပြောပါနဲ့။ ကိုယ့်ဘာသာ ကိုယ် ဖတ်ချင်စိတ် ရှိလို့ ဖတ်တာမျိုးကို ဆိုလိုတာပါ။
ဒီနေရာမှာ အင်္ဂလိပ်ဘာသာစာပေနဲ့ ငါတို့ မြန်မာ ဘာသာစာပေ ကွာခြားပုံလေးတစ်ခုကို ပြောချင်တယ်။ ငါတို့ မြန်မာစာပေမှာ ဒုတိယတန်း၊ တတိယတန်း မြန် မာစာလောက် အခြေခံရပြီဆိုရင် သမိုင်းဘာသာ၊ ဘာသာ ရေးစာပေ၊ မြန်မာ့သမိုင်း၊ ဗုဒ္ဓဘာသာ စာပေတွေကို (စိတ်ဝင်စားရင်) ဖတ်နိုင်သွားကြတာပဲ။ အင်္ဂလိပ်ဘာသာ စာပေမှာတော့ အဲဒီလို မဟုတ်ဘူး။ နှစ်တန်း၊ သုံးတန်းအခြေခံရှိရုံနဲ့ စာကြီး ပေကြီးတွေကို ဖတ်နိုင်ဖို့ မလွယ်ဘူး။ ဒါကြောင့် အင်္ဂလိပ် စာပေလောကမှာ ဂန္ထဝင်စာပေကြီး တွေ ကို ကျောင်းသားလူငယ်တွေ ဖတ်နိုင်အောင် ‘လွယ်ရှင်း၊အကျဉ်း ချုံ့’ စာအုပ်ကလေးတွေ ပြုစုထား လေ့ ရှိကြတယ်။ ဒီတော့ မင်းတို့ လို လူငယ်တွေက အဲဒီလို ‘လွယ် ရှင်း၊ အကျဉ်းချုံ့’ အင်္ဂလိပ် ဂန္ထဝင် ဝတ္ထုလေးတွေကို စပြီး ဖတ်ကြည့် ကြစေချင်တယ်။ အခုဆိုရင် စာ အုပ်ဆိုင်ကြီးတွေမှာ အဲဒီလို ‘လွယ် ရှင်း၊ အကျဉ်းချုံ့’ စာအုပ်လေးတွေ တွေ့ရတတ်ပါတယ်။ အဲဒါတွေကို ဝယ်ပြီး ဖတ်ကြည့်ပါ။
ဖတ်တဲ့အခါမှာ အဘိဓာန် သုံးဖို့ မကြောက်ပါနဲ့။ မပျင်းပါနဲ့။ မင်းဟာ ဝတ္ထုကို အရသာ ခံနေရုံ မဟုတ်ဘဲ ဘာသာစကားကို လေ့ လာနေသူ ဖြစ်ကြောင်း သတိရပါ။ ဝတ္ထုဇာတ်ကြောင်းကို နားလည်ရုံ သာမက ဘာသာစကား တည် ဆောက်ပုံ၊ ဝေါဟာရသုံးစွဲပုံ စ သည်တို့ကိုပါ လေ့လာသွားရလိမ့်မယ်။ မသိတဲ့ စာလုံးတစ်ခုကို အဘိဓာန်ကောက်ကြည့်ပြီး မှတ်သားရပါလိမ့်မယ်။ အဲဒီ ‘လွယ်ရှင်းတိုချုံ့’ ဝတ္ထုကလေးကို ဖတ်နေရင်း မသိတဲ့ဝေါဟာရတစ်ခုကိုတွေ့ရင် အရေးကြီးတဲ့ စကားလုံးမှအပ အဘိဓာန် လှန်မနေ ပါနဲ့။ ဇာတ်လမ်းဇာတ်ကွက်အရ အရေးကြီးတဲ့ စကားလုံး ဖြစ်နေရင်တော့ အဘိဓာန်ကို ချက်ချင်းကောက်လှန်ပြီး ကြည့်ရမှာပေါ့။ မှန်းဆပြီး သိနိုင်တဲ့ စကားလုံးတွေကို ကျော်လွှားပြီး ဝတ္ထုပြီးအောင် ဖတ်လိုက်ပါ။ ဒါ ပေမယ့် ဝတ္ထုပြီးဆုံးသွားတဲ့အခါ မှာတော့ဖြင့် မသိတဲ့စကားလုံးတွေ ကို အဘိဓာန်မှာ ပြန်ပြီးရှာဖွေ မှတ်သားရပါလိမ့်မယ်။ အဲဒါသည် ပင်လျှင် ဘာသာစကား တစ်ခုကို လေ့လာ ဆည်းပူးခြင်းလုပ်ငန်းတွေ ပါပဲ။
ဒီခေတ်မှာ မင်းတို့တစ်တွေ ကုသိုလ်ကံ ကောင်းကြပါပေတယ်။ အင်္ဂလိပ်-မြန်မာ အဘိဓာန်တွေ အလျှိုလျှို ထွက်ပေါ်လာ တာ တွေ့ရတယ်။ အဘိဓာန် ပြုစု သူ ပညာရှင်တွေကလည်း စာသင် သားတွေကို အလွန်မေတ္တာထား ကြတယ်။ ဒါကြောင့် ဒီခေတ် လူ ငယ်တွေအဖို့ ကုသိုလ်ကံကောင်း တယ်လို့ ဆိုလိုက်ရခြင်းပါပဲ။
တစ်နည်းအားဖြင့် ပြောရရင် မင်းတို့ လူငယ်တွေအတွက် လူ ကြီးတွေက ပန္နက်ရိုက်ပေးနေတယ် ဆိုရမှာပေါ့။

အောင်သင်း



Read More »

ပြည်တွင်းစစ်၊ ဒီမိုကရေစီနှင့် သန်း ၆၀ ၏ တန်ဖိုး မှူးဇော်

ထောင်ချောက် (၄) ရပ်


အောက်စဖို့ တက္ကသိုလ်မှ ဘောဂဗေဒ ပါမောက္ခ ပေါလ်ကိုလီယာက ယင်း၏ Bottom Billion စာတမ်းတွင် ဆင်းရဲနွမ်းပါးမှုမှ ရုန်းမထွက်နိုင်သော ထောင်ချောက် လေးရပ်ကို တင်ပြခဲ့သည်။ ယင်းတို့မှာ (၁) ပဋိပက္ခ ထောင်ချောက်၊ (၂) သယံဇာတ ထောင်ချောက်၊ (၃) ပထဝီ ထောင်ချောက် နှင့် (၄) အုပ်ချုပ်ရေးစနစ် ထောင်ချောက် ဟူ၍ ဖြစ်သည်။ ထောင်ချောက် လေးရပ်တွင် ပိတ်မိခဲ့ကြရသော အခြေအနေတွင် ဂလိုဘယ်လိုက်ဇေးရှင်း လှိုင်းလုံးနှင့် တွေ့သော် ဦးမမော့နိုင်ပါဘဲ အဆိုးသံသရာ လည်ကာ ဆင်းရဲတွင်း ပို၍ နက်သွားကြရသည်ဟု ဆိုသည်။ ထိုကဲ့သို့သော နိုင်ငံများတွင် ဒီမိုကရေစီ ကူးပြောင်းရေးကို အစပြုခဲ့ပါက အောင်မြင်ရန် ခဲယဉ်းသည် သို့မဟုတ် အသွင်ကူးပြောင်းရေး ကာလရှည်ကြာ တတ်သည်။

အကြံပြုချက် သုံးချက်


ပေါလ်ကိုလီယာသည် မြန်မာနိုင်ငံ တံခါးအဖွင့်တွင် ကိုယ်တိုင်ကိုယ်ကျ လာရောက်ကာ လေ့လာ သုံးသပ်ကာ မြန်မာ့စီးပွားရေး ဦးမော့လာရေးအတွက် အကြံပြုချက် သုံးချက် ပြောသွားခဲ့သည်။ ယင်းတို့မှာ (၁) မိုဘိုင်းလ် ဆက်သွယ်ရေး လှိုင်းလုံး ဖြစ်ပေါ်ရေး၊ (၂) မိုဘိုင်းလ်ဘဏ်စနစ် ထွန်းကား ရေးနှင့် (၃) ကျေးလက် ဖွံ့ဖြိုးရေးတို့ ဖြစ်သည်။ လက်ရှိ အနေအထားတွင် ကိုလီယာ၏ အကြံပြုချက်အား ပြန်လည် တိုက်ဆိုင် ဆန်းစစ်ကြည့်လျှင် (၁) မိုဘိုင်းလ်ဖုန်းကဏ္ဍ ပြုပြင်ပြောင်းလဲမှု စတင်နေပြီ၊ (၂) သီးခြား လွတ်လပ်သော ဗဟိုဘဏ်တစ်ခု ပေါ်ပေါက်လာပြီ (သို့သော် မိုဘိုင်းလ်ဘဏ်စနစ် မပေါ်နိုင်သေး)၊ (၃) ကျေးလက် ဖွံ့ဖြိုးရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီ ဟူသော အခြေအနေများကို တွေ့မြင်နိုင်သည်။

ကိုလီယာ၏ ထောင်ချောက်လေးရပ်ကို လက်ရှိ အနေအထားဖြင့် ပြန်လည် ဆန်းစစ် ကြည့်သည့်အခါ ပြည်တွင်းစစ်နှင့် သယံဇာတ ထောင်ချောက်တို့အကြား ကြီးမားသော အဆက်အစပ်များ တွေ့မြင်နိုင်သည်။ ကျပ်ငါးသိန်း၊ ရွှေတွင်းတစ်တွင်း လုပ်ကိုင်ခွင့်ဖြင့် မက်လုံးပေးခဲ့သော ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်ကို ဗုံးခွဲတိုက်ခိုက်မှုကို ပဋိပက္ခ ထောင်ချောက်နှင့် သယံဇာတ ထောင်ချောက် နှစ်ခုတို့၏ ဆုံဆည်းရာအဖြစ် စဉ်းစားကြည့်နိုင်သည်။

Greed and Grievance


တစ်ဖန် ကိုလီယာနှင့် Hoeffler တို့၏ Economic Theory of Civil War ဆိုင်ရာ လေ့လာချက် တစ်ရပ်ဖြစ်သော Greed and Grievance စာတမ်းတွင် စစ်မီးမငြိမ်းနိုင်သော ပြည်တွင်း စစ်များ၏ အတွင်းသရုပ်မှန်ကို ထုတ်ဖော်ခဲ့ကြသည်။ သာမန်အားဖြင့် တိုင်းပြည်တစ်ပြည် အတွင်းရှိ မျိုးနွယ်စု မတူသူများ အကြားတွင် လည်းကောင်း၊ ပထဝီဒေသ ခြားနားသူများ အကြားတွင် လည်းကောင်း၊ အယူဝါဒ မတူသူများ အကြားတွင် လည်းကောင်း ဖြစ်ပွားလေ့ရှိသော တော်လှန် ပုန်ကန်မှုများမှာ တရားမျှတမှု ကင်းမဲ့ခြင်း (အဓမ္မ) ကြောင့် ဖြစ်သည်ဟု ယူဆနိုင်သော်လည်း ကိစ္စရပ် အတော်များများတွင် ယင်းဒေသရှိ သယံဇာတ အကျိုးစီးပွား (လောဘ) ကြောင့် ဖြစ်သည်ကို တွေ့ရှိရသည်ဟု ယင်းတို့နှစ်ဦးက ဆိုသည်။ အဓမ္မ (Grievance) ကြောင့် ဖြစ်ရသော လူမျိုးရေး ကြွေးကြော်သံများအရ ပြည်တွင်း စစ်မီးလျှံတို့သည် အမှန်စင်စစ်တွင် ခေါင်းဆောင် အနည်းစု၏ လောဘ (Greed) ကြောင့် ဖြစ်ရသည် ဟူသော အချက်ကို ၁၉၆၅ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ဖြစ်ပွားခဲ့သော ကမ္ဘာတစ်ဝန်းလုံးရှိ ပြည်တွင်းစစ် များကို လေ့လာဆန်းစစ်ချက်မှ ရရှိလာခဲ့ခြင်း ဖြစ်သည်။

လေ့လာချက်အရ ၁၉၄၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ကြားကာလတွင် ကမ္ဘာ့နိုင်ငံ အားလုံး၏ အချိုးအစားနှင့် ပြည်တွင်းစစ် ဖြစ်ပွားမှုကို တွက်ချက်ကြည့်လျှင် နိုင်ငံ စုစုပေါင်း၏ ၄၀ ရာခိုင်နှုန်းတွင် ပြည်တွင်းစစ် ဖြစ်ပွားလေ့ ရှိသည်။ နိုင်ငံအချင်းချင်း ဖြစ်ပွားသော စစ်ပွဲများမှာ အကြာမြင့်ဆုံးအချိန် ခြောက်လအထိ ရှိတတ်ပြီး ပြည်တွင်း စစ်များ၏ ကြာမြင့်ချိန်မှာ ပျမ်းမျှ ခုနစ်လ ရှိသည်ဟု ဆိုသည်။ ဤနေရာတွင် နိုင်ငံများအနေနှင့် ပို၍ဆင်းရဲလေလေ ပြည်တွင်းစစ် ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားလေလေ ဖြစ်သည်။
၁၉၄၅ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ ပြည်တွင်း စစ်များကို လေ့လာချက်အရ ပြည်တွင်း စစ်များကြောင့် နှစ်စဉ်ပျမ်းမျှ လူသေဆုံးမှုမှာ တစ်သိန်းလေးသောင်းကျော်အထိ ရှိခဲ့သည်။ ၁၉၆၀ ကျော်မှ ၁၉၇၀ ကျော်အထိ ကာလများတွင် ပျမ်းမျှ လူသေဆုံးရမှု သုံးသိန်းကျော်အထိ ရှိခဲ့ကြောင်း သိရှိရသည်။ ယင်းကာလများအတွင်း ပြည်တွင်းစစ် ဖြစ်ပွားမှု နှုန်းထားကို လေ့လာကြည့်လျှင် (၁) မြောက်အမေရိက၊ ဥရောပနှင့် ဗဟိုအာရှ ဒေသများမှာ ထိပ်ဆုံးတွင် ရှိနေပြီး (၂) ဆာဟာရတစ်ပိုင်း အာဖရိက နိုင်ငံများ၊ (၃) မြောက်အာဖရိကနှင့် အရှေ့အလယ်ပိုင်း နိုင်ငံများ၊ (၄) လက်တင်အမေရိက နှင့် ကာရစ်ဘီယံ နိုင်ငံများ၊ (၅) ပစိဖိတ်၊ အရှေ့အာရှနှင့် တောင်အာရှ နိုင်ငံများဟူ၍ အစီအစဉ်အတိုင်း တွေ့ရှိရသည်။

အဓမ္မ လုပ်ရပ်များကြောင့် ဖြစ်ပွားရသော ပြည်တွင်း စစ်များကို Grievance Model ဟု သတ်မှတ်ပြီး (၁) မျိုးနွယ်စုနှင့် ဘာသာရေး ကွဲပြားမှု၊ (၂) နိုင်ငံရေး ဖိနှိပ်မှု၊ (၃) နိုင်ငံရေး ဖယ်ကြဉ်မှု၊ (၄) မညီမျှမှု (ဝင်ငွေနှင့် မြေယာခွဲဝေမှု) စသည်တို့အရ ဖြစ်ပွားရကြောင်း ၎င်းတို့က ဆိုသည်။

လောဘကြောင့် ဖြစ်ပွားရသော ပြည်တွင်း စစ်များကို Greed Model ဟု ခေါ်တွင်ပြီး အဓိကအားဖြင့် ငွေဖြစ်လွယ်သော သယံဇာတများကို ရရှိလိုမှုဖြင့် ဖြစ်ပွားရခြင်း ဖြစ်သည်။ ဤမော်ဒယ်တွင် ရေနံနှင့် ပြည်တွင်းစစ်၊ စိန်နှင့် ပြည်တွင်းစစ်၊ သစ်နှင့် ပြည်တွင်းစစ်၊ ကျောက်မျက်ရတနာနှင့် ပြည်တွင်းစစ် စသည်တို့အားဖြင့် တွေ့ရှိရသည်။ ငွေဖြစ်လွယ်သော သယံဇာတဟု ဆိုရာတွင် နည်းပညာ ကြီးကြီးမားမား မလိုအပ်ဘဲ ချက်ချင်းထုတ် ချက်ချင်းရောင်းနိုင်သော ကုန်ပစ္စည်းမျိုးကို ဆိုလိုသည်။ အဆိုပါ သယံဇာတများ ထွက်ရှိသော နယ်မြေဒေသများကို အုပ်စီး သိမ်းပိုက်နိုင်ရေး နှစ်ဖက် တိုက်ခိုက်ကြရာမှ ပြည်တွင်းစစ်များ ဖြစ်ပွားလေ့ ရှိသော်လည်း လူမျိုးရေးတိုက်ပွဲ၊ တရားမျှတမှု တိုက်ပွဲ စသည်အားဖြင့် အမည်ကင်ပွန်း လှလှကလေးများ တပ်ထားကြသည့်အခါ အဆိုပါ တော်လှန်ရေး ပုံရိပ်ယောင်များကိုသာ မကြည့်ဘဲ ဇာစ်မြစ် နောက်ခံဖြစ်သော သယံဇာတ အကျိုးစီးပွားနှင့် လောဘတို့ကို မြင်အောင်ကြည့်ဖို့ လိုအပ်မည် ဖြစ်သည်။

တစ်ဖန် သယံဇာတမှ ပြည်တွင်းစစ်သို့ သက်ရောက်စေသော အကြောင်းတရား များကို ဖော်ထုတ်ရာတွင်လည်း (၁) လက်နက်ကိုင် ပုန်ကန်ရေးအတွက် ရန်ပုံငွေ၊ (၂) နိုင်ငံတော်အတွက် အားနည်းချက်စသည့် အခွင့်အလမ်းများကို ဖြစ်ပေါ်စေနိုင်သည်။ အဆိုပါ အခွင့်အလမ်းများမှ တစ်ဆင့် အစိုးရကို ဖြုတ်ချလိုသည့် လှုံ့ဆော်မှုများ ဖြစ်ပေါ်လာစေနိုင်သည်။ ရေနံနှင့် ပြည်တွင်းစစ်၊ စိန်နှင့် ပြည်တွင်းစစ် စသည့် အဆက်အစပ်ကို လေ့လာရာတွင် နိုင်ငံများအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သော ရေနံကဲ့သို့သော သယံဇာတမျိုးသည် မရှိမဖြစ် လိုအပ်ချက် မဟုတ်သော စိန်ကဲ့သို့သော သယံဇာတများနှင့် နှိုင်းယှဉ်ကြည့်လျှင် စိန်ထက်စာလျှင် ရေနံက ပို၍ ရောင်းချရလွယ်၊ ငွေရလွယ်သည့်အတွက် ငွေရလွယ်သည့် သယံဇာတသည် ပြည်တွင်းစစ် ဖြစ်ပွားနိုင်ခြေ ပိုမိုမြင့်မားစေသည်ဟု ဆိုသည်။

ပြည်တွင်းစစ်နှင့် ပညာရေးသည်လည်း ကြီးမားသော အဆက်အစပ်များ ရှိနေသည်။ ဆင်းရဲနွမ်းပါးပြီး သယံဇာတ ကြွယ်ဝသည့် နိုင်ငံများတွင် တန်းတူညီမျှရေးဟု ကြွေးကြော်ကြသော လောဘအခြေခံ ပြည်တွင်းစစ်များ ဖြစ်ပွားလေ့ ရှိသည်။ ပြည်တွင်းစစ်အတွက် ငွေဖြစ်လွယ်သော သယံဇာတ အကျိုးစီးပွားများကို တစ်ဖက်နှင့်တစ်ဖက် ရယူသိမ်းပိုက်ခြင်းကြောင့် ဒေသ မတည်မငြိမ် ဖြစ်စေကာ စစ်မီးလျှံတို့၏ ဆိုးကျိုးဖြစ်သော (၁) စီးပွားရေး၊ (၂) လူမှုရေး၊ (၃) သဘာဝ ပတ်ဝန်းကျင် တို့ကို ဆိုးဆိုးရွားရွား ထိခိုက်စေသည်။ အကျိုးဆက်အားဖြင့် ပညာမတတ်၊ စာမတတ်သော လူငယ်မျိုးဆက် သစ်များ လက်နက်ကိုင် တိုက်ပွဲများတွင် အလွယ်တကူ ပါဝင်ဆင်နွှဲကြခြင်း အားဖြင့် အဆိုးကျော့ သံသရာကို လည်ပတ်စေမည် ဖြစ်သည်။

ဒီမိုကရေစီနှင့် ပြည်တွင်းစစ်


အော်တိုကရေစီ နိုင်ငံများတွင် လောဘများနှင့် အချောင်သမား စိတ်ဓာတ်များ မြင့်မားစေ သည့်အတွက် ပြည်တွင်းစစ် ဖြစ်နိုင်ခြေ ပိုမိုမြင့်မားသည်။ ဒီမိုကရေစီ နိုင်ငံများတွင်မှု အချောင်သမား စိတ်ဓာတ်များ လျော့နည်းစေပြီး ပြည်တွင်းစစ် ဖြစ်နိုင်ခြေ ပိုမို နည်းပါကြောင်း တွေ့ရှိရသည်။ နိုင်ငံရေးစနစ်တွင် ပြည်သူများ၏ ကိုယ်စားပြု ပါဝင်မှု ပိုမို မြင့်မားလာလေလေ ပြည်တွင်းစစ် ဖြစ်ပွားနိုင်ခြေ လျော့နည်းလေလေဖြင့် ပြောင်းပြန် သက်ရောက်မှု ရှိကြောင်းလည်း တွေ့ရှိရသည်။ တိုင်းရင်းသား၊ မျိုးနွယ်စု အများအပြား ကွဲပြားခြားနားသော ဒီမိုကရေစီ နိုင်ငံများတွင် မျိုးနွယ်စုဆိုင်ရာ ပဋိပက္ခ ဖြစ်နိုင်ခြေကို လေ့လာကြည့်သော အခါတွင်လည်း Proportional System ကျင့်သုံးသော နိုင်ငံများသည် Majoritarian System ကျင့်သုံးသော နိုင်ငံများထက် ပိုမို နည်းပါးကြောင်း တွေ့ရှိရသည်။

အလားတူ လက်နက်ကိုင် ပဋိပက္ခအပေါ် သက်ရောက်စေသော ကိန်းရှင် ရှစ်ခုမှာ (၁) လူဦးရေ၊ (၂) ဝင်ငွေ နိမ့်ကျမှု၊ (၃) တိုးတက်မှု နည်းပါးခြင်း၊ (၄) နိုင်ငံရေး မတည်မငြိမ်မှု၊ (၅) ဒီမိုကရက်တစ် အင်စတီကျူးရှင်းများ အားနည်းမှု၊ (၆) တောင်တန်းများ ပေါများခြင်း၊ (၇) ဒီမိုကရက် တစ်မဟုတ်သော အိမ်နီးချင်း နိုင်ငံများ၊ (၈) စစ်ဖြစ်ပွားနေသော အိမ်နီးချင်း နိုင်ငံများ ဖြစ်ပြီး ယင်းကိန်းရှင် ရှစ်ခုကို မူတည်၍လည်း ပြည်တွင်းစစ်မီး တောက်လောင်နိုင်ကြောင်း တွေ့ရှိရသည်။ Miguel (၂၀၀၄) အာဖရိက ပြည်တွင်းစစ်များ လေ့လာချက်အရ စီးပွားရေး စွမ်းဆောင်ရည်နှင့် ပြည်တွင်းစစ်သည် ကြီးကြီးမားမား ဆက်စပ်နေပြီး ပြောင်းပြန် အချိုးကျနေကြောင်း၊ စီးပွားရေး တိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်း လျော့နည်း ကျဆင်းသွားလျှင် နောက်နှစ်တွင် ပြည်တွင်း ပဋိပက္ခ ဖြစ်နိုင်ခြေ ၁၂ ရာခိုင်နှုန်း တိုးလာကြောင်း သိရှိရသည်။

ပြည်တွင်းစစ် ဖြစ်ပွားနိုင်ခြေ လျှော့ချနိုင်သော နည်းလမ်း သုံးရပ်မှာ (၁) မူဝါဒကောင်းများ ချမှတ်ခြင်း (အထူးအားဖြင့် သယံဇာတ ခွဲဝေမှုနှင့် စီမံခန့်ခွဲမှု)၊ (၂) ဖွံ့ဖြိုး တိုးတက်မှု (ငြိမ်းချမ်းရေးကို အထောက်အကူ ပြုသည်)၊ (၃) ပြည်သူများ၏ ပညာရေး ရေချိန် (လောဘလား-အဓမ္မလား၊ မျိုးနွယ်စု အကျိုးလား-ခေါင်းဆောင်များ အကျိုးလား ကောင်းစွာ ခွဲခြား သိမြင်နိုင်သည်) တို့ ဖြစ်ကြောင်း တွေ့ရှိရသည်။

ပေါလ်ကိုလီယာက ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံများတွင် ပဋိပက္ခ ဖြစ်နိုင်ခြေ မြင့်မားနေပြီး ဒီမိုကရေစီလို ငွေအချိုး မည်မျှရှိသည်ဟူသော အချက်ပေါ် မူတည်၍ စစ်ဖြစ်ပွားနိုင်ခြေ အနိမ့်- အမြင့် ရှိသည်ဟု ဆိုသည်။ အဓိက ကုန်စည်များ ဖြစ်သည့် သယံဇာတများ စီမံခန့်ခွဲရေးနှင့် စပ်လျဉ်း၍ အများညီ လက်ခံနိုင်သော မူဝါဒတစ်ရပ် အမြန်ဆုံးနှင့် အခိုင်မာဆုံး ချမှတ်ကာ တရားမဝင် ကူးသန်းရောင်းဝယ်နေမှုများ ပပျောက်စေရန် အလျင်အမြန် ဆောင်ရွက်သင့်သည်ဟု ရပ်ခံထားသည်။ သို့မဟုတ်ပါက သယံဇာတ ပိုင်စီးလိုမှု လောဘဖြင့် အုပ်စီးထားသော သယံဇာတ နယ်မြေများတွင် စစ်ပွဲများ ကာလရှည်ညောင်း တည်တံ့လေ့ ရှိနိုင်သည်။ တရားမဝင် ရောင်းချ၍ ငွေဖြစ်လွယ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိစေရန် အလေးထား ဖြေရှင်းသင့်သည်ဟု ဆိုသည်။ ပြည်တွင်း ပဋိပက္ခများနှင့် အသွင် ကူးပြောင်းကြရသော (မြန်မာနိုင်ငံ ကဲ့သို့သော) နိုင်ငံများ၌ အသွင်ကူးပြောင်းရေးကာလ တိုနိုင်သမျှတိုစေရန် ကြိုးပမ်း ဆောင်ရွက်ရန် လိုအပ်သည်။ အသွင် ကူးပြောင်းရေးကာလ ရှည်ကြာနေသည်နှင့်အမျှ အဓမ္မကို တွန်းလှန်သည့် မျိုးနွယ်စု တော်လှန်ရေး အသွင်ဆောင်ထားသော လောဘအရင်းတည် ပဋိပက္ခများသည် ဆင်းရဲ နွမ်းပါးမှု ထောင်ချောက် လေးရပ်နှင့် ပြန်ပိတ်မိ သွားမည် ဖြစ်သည်။ ဤတွင် ဒီမိုကရေစီသည် အပြစ်ဖို့စရာ အဓိက အကြောင်းရင်း ဖြစ်လာတတ်ပြီး ဒီမိုကရေစီ နောက်ပြန် လှည့်သွားတတ်ကြောင်း တွေ့ရှိရသည်။

နိဂုံး


ပဋိပက္ခများ ကင်းလွတ်ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းစ နိုင်ငံများတွင် ပထမ ၁၀ နှစ်တာ အတွင်း ပုံမှန် အနေအထားထက် စီးပွားရေး တိုးတက်မှုနှုန်း မြင့်မားလာတတ်ပြီး အလယ်ပိုင်းတွင် တိုးတက်မှု အမြင့်ဆုံး အမှတ်သို့ ရောက်ရှိပြီးနောက် အောက်သို့ ပြန်လည် ကျဆင်း သွားတတ်ကြောင်း တွေ့ရှိရ သည်။ အစောပိုင်း နှစ်များတွင် ဧကန်မဲ့မှု (မသေချာမှု) များ ဖြစ်ပေါ်လေ့ရှိပြီး ယင်းကာလတွင် နိုင်ငံတော်၏ စွမ်းဆောင်ရည်ကို မြှင့်တင် ပေးနိုင်မှသာ တိုးတက်မှုကို ထိန်းသိမ်းထားနိုင်မည် ဖြစ်သည်။ ငြိမ်းချမ်းရေးကို စဉ်ဆက်မပြတ်အောင် ဆက်လက် ထိန်းသိမ်း ထားနိုင်ပါက မူလ တိုးတက်မှု နှုန်းထားကို ပြန်လည် ရရှိအောင် ဆောင်ရွက်နိုင်မည်ဟု ဆိုသည်။ ယင်းကာလတွင် ဒီမိုကရေစီ ခိုင်မာစေသည့် အဆင့်သို့ ဆက်လက် ကူးပြောင်း သွားနိုင်ရန် အရေးကြီးသည်။ တစ်ဖန် တိုက်ပွဲဖြင့် ရရှိသော ငြိမ်းချမ်းရေးသည် ဒိုင်ယာလော့ဖြင့် ရရှိသော ငြိမ်းချမ်းရေးထက် ပိုမို ခိုင်မာလေ့ရှိပြီး ဒိုင်ယာလော့မှ ရရှိသော ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်ရန် စီးပွားရေး၊ ပညာရေးနှင့် ဒီမိုကရေစီ တည်ဆောက်ရေးကို အဟုန်ပြင်းပြင်းဖြင့် ဆောင်ရွက်ရန် လိုအပ်မည် ဖြစ်သည်။

ဆင်းရဲ နွမ်းပါးပြီး လက်နက်ကိုင် ပဋိပက္ခ မီးတောက်များအကြား ရှင်သန်နေရသော ဘဝများမှာ ဖွံ့ဖြိုးပြီး ဒီမိုကရေစီ နိုင်ငံများထက် များစွာ ဈေးပေါနေတတ်သည်။ Life is cheap in Civil Wars ဟု ဆိုကြသည်။ ထိုသို့ စစ်မီးလျှံ များကြားတွင် ပျက်သုဉ်းခဲ့ရသော လူ့အသက် များစွာတို့သည် အမှန်စင်စစ် လောဘ Greed ကြောင့် ဖြစ်နေရခြင်း ဖြစ်ကြောင်း ခိုင်ခိုင်မာမာ သိရှိရသောအခါ ရင်ထုမနာ ဖြစ်ကြရသည်ဟု ဆိုသည်။ ခေါင်းလောင်းသံတိတ်၊ ကျောင်းများလည်း ပိတ်ထားရသည့် တိုက်ပွဲ နယ်မြေများသည် တန်ဖိုးရှိလှသော မျိုးဆက်သစ်များ၏ အသက်ကို ခြွေချနေသော မုန်တိုင်း ကြီးများ ဖြစ်နေသည်။ စစ်မီးလျှံများ ယခုတိုင် မငြိမ်းနိုင်သေးသော မိမိတို့ နိုင်ငံ၏ ဝေးလံခေါင်ဖျား ဒေသများမှ လူ့အသက်များသည် အမေရိကန် မြို့ကြီးများရှိ လူ့အသက်များနှင့် ဘဝချင်း မတူသော်ငြားလည်း တန်ဖိုးချင်းတော့ အတူတူပင် ဖြစ်ရပါမည်။ ကမ္ဘာပေါ်တွင် အရှည်ကြာဆုံး ပြည်တွင်း စစ်ကြောင့် စတေး ပေးဆပ်ခဲ့ရသော လူ့အသက်ပေါင်း များစွာသည် ဈေးပေါ နေပါသလား။ လက်ရှိ သန်း ၆၀ သော နိုင်ငံသားတို့၏ တန်ဖိုးမည်မျှရှိပါ သနည်း။ ဤသည်ကို လက်ရှိ နိုင်ငံရေး ခေါင်းဆောင်များ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့် သန်း ၆၀ သော နိုင်ငံသားများ ကိုယ်တိုင် ပြဋ္ဌာန်း သတ်မှတ် ပေးကြရတော့မည် ဖြစ်ပေသည်။
မှူးဇော်
Credit To The Voice Weekly
Read More »

ဒီမိုကရေစီ သမ္မတနဲ့ မုဒိတာရှင် ဂေါပက ဌေးအောင်ကို

ဒီမိုကရေစီကို ကျွန်တော်တို့ သွားနေပါပြီ။ ရိုးသား၊ သန့်ရှင်း၊ စိတ်ရင်းမှန်တဲ့ သမ္မတကြီးနဲ့ နောက်ပြန်မလှည့် ရှေ့တည့်တည့် လျှောက်နေကြပါပြီ။ ဒါဆိုရင် ဘာလိုသေးလဲလို့ မေးရင်တော့ နောက်လိုက်တွေ နောက်က တည့်တည့် လိုက်ကြပါ။ နောက်ကို တည့်တည့် ပြန်လှည့်ဖို့ မဟုတ်ပါဘူး။ ဒီမိုကရေစီ သမ္မတခေတ်မှာ အာဏာရှင် ဂေါပက ဆိုတာကအစ မဖြစ်ကြစေဖို့ပါ။
ဘယ်ဂေါပကမှတော့ အာဏာရှင် အဖွဲ့အစည်း တစ်ရပ်အသွင် ဖွဲ့စည်းထားကြမှာ မဟုတ်ပါဘူး။ ဒါကတော့ အသေအချာ ပြောရဲပါတယ်။ ဒါပေမဲ့ ဘယ်ဂေါပကမှ အာဏာရှင် မဆန်ပါဘူးလို့ အာမခံနိုင်ပါ့မလား ဆိုတဲ့ မေးခွန်းကို ခေါင်းညိတ်ရဲသူ ထဲမှာတော့ ကျွန်တော် မပါ။

ခရိုင်အဆင့်ရှိ မြို့ကြီး တစ်မြို့မှာ ပွဲတော်တစ်ခု ကျင်းပပါတယ်။ သုံးနှစ်တစ်ခါ ကြီးကျယ်ခမ်းနားစွာပဲ ကျင်းပ ပြုလုပ်တာပါ။ ယခုနှစ်မှာတော့ ကောက်ကာငင်ကာ စည်းကမ်း သတ်မှတ်ချက် အသစ်တစ်ခုကို တိုးချဲ့ ချမှတ်လိုက်ပါတယ်။ ပွဲတော် ဆိုင်ခန်းများမှာ နိုင်ငံရေး စာအုပ်စာပေတွေ နိုင်ငံရေးပါတီနဲ့ ပတ်သက်တဲ့ အထိမ်းအမှတ်တွေ တီရှပ်တွေ မရောင်းရပါဘူးတဲ့။

သာသနာရေး ဝန်ကြီးဌာန ကလည်း တိုက်ရိုက် ထုတ်ပြန်တာ မဟုတ်ရပါဘဲ ပွဲတော် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ထုတ်ပြန်တာလို့ သိရပါတယ်။ ယခင်နှစ် အထိတော့ အဖွဲ့နှစ်ဖွဲ့ သုံးဖွဲ့ခန့်က ရောင်းချခဲ့မှုအပေါ် သတိပေးခံရပြီး ယခုနှစ် အရောက်မှာ ကြိုတင် ကန့်သတ်ခံရလို့ သက်ဆိုင်ရာ အဖွဲ့တွေက စိတ်မကောင်း ဖြစ်နေတယ်လို့ သိရပါတယ်။

“ပွဲတော်ကို ပိုမိုစည်ကားစေရေး၊ လူထုအတွင်း နိုင်ငံရေး အသိအမြင်များ ကျယ်ပြန့်လာစေရေး၊ အမျိုးဘာသာ သာသနာကို ပိုမို စောင့်ရှောက် ထိန်းသိမ်းလာနိုင်စေရေး၊ စာပေကို ချစ်မြတ်နိုးစွာ ဖတ်ရှု လေ့လာကာ နိုင်ငံချစ်စိတ်များ မွေးဖွား ရှင်သန်လာစေရေး၊ စာပေကပေးတဲ့ အသိအလိမ္မာများ တိုးတက် ထွန်းကားလာစေရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ ယခုလို ရောင်းချတာမို့ ဒီလိုမျိုး မကန့်သတ် သင့်ပါဘူး” လို့ ပါတီအဖွဲ့ဝင် တစ်ဦးက ဝေဖန်လိုက်ပါတယ်။

“တရားမဝင် အဖွဲ့တွေလည်း မဟုတ်၊ နိုင်ငံတော်က အသိအမှတ်ပြုပြီး ပြည်သူ ထောက်ခံမှုရှိတဲ့ ကျွန်တော်တို့ အဖွဲ့ရဲ့ သမ္မာအာဇီဝ နည်းကျစွာ ရန်ပုံငွေ ရှာဖွေမှု အပေါ်မှာ အာဏာရှင် ဆန်စွာ ကန့်သတ်လိုက်သလို ခံစားရတယ်။ နိုင်ငံတော်သမ္မတက ဒီမိုကရေစီကို သွားနေပြီး လွတ်လပ်စွာ ရောင်းချခွင့်ကို မည်သူ့ အကျိုးစီးပွားကိုမှ မထိခိုက်တဲ့ ဘောင်အတွင်းက ဆောင်ရွက်မှု အပေါ်မှာ ဒါမျိုးတွေ မရှိသင့်ပါဘဲ ရင်ဆိုင်နေရတယ်” လို့လည်း ဆိုလိုက်တာပါ။

“တန်ဆောင်မုန်း လပြည့်ည ဆိုတာ ဗုဒ္ဓမြတ်စွာဟာ အဇာတသတ် ဘုရင်ကြီးကို သာမညဖလ ဒေသနာတော်မြတ် ဟောတော်မူတဲ့ ညဖြစ်ပြီး ဘုရင်ကြီးဟာ သာသနာကို ယုံကြည် သက်ဝင်သွားပြီး ပထမသင်္ဂါယနာတင် မင်းကောင်းမင်းမြတ် တစ်ပါး ဖြစ်ခဲ့ပါတယ်။ ဒါနိုင်ငံရေးနဲ့ ဘာသာရေးဆိုတာ ခွဲခြားရမှာ မဟုတ်ဘူး။ တွဲထားရမှာ ဆိုတာ သူတို့ သိစေချင်ပါတယ်” တဲ့။
“ကျွန်တော်တို့ ဒါတွေကို ရောင်းချခွင့် ပြုခြင်းဖြင့် ပွဲတော်ပုံရိပ်ကို ဘယ်လို ထိခိုက်သွားနိုင်ပါသလဲ၊ ဘယ်ဖွဲ့စည်းပုံနဲ့မညီ ဖြစ်နေပါသလဲ၊ ဒီမိုကရေစီ သမ္မတခေတ်မှာ၊ ဒီမိုကရေစီ ဂေါပကတွေ အနေနဲ့ ဒီမိုကရေစီကျကျပဲ ရောင်းချခွင့် ပေးသင့်တာပေါ့” လို့လည်း ဆိုပါတယ်။

ဒါဆိုရင် ဘယ်သူတွေက ဘာတွေ မှားနေကြပြီလဲ။ တခြား မြို့ရွာတွေမှာရော အလားတူ ကန့်သတ်မှုမျိုးတွေ ရှိပါသလား။ ဆန်းစစ်စရာ လိုလာပါတယ်။ ဂေါပကအနေနဲ့ ဦးဆောင်ပြီး တာဝန်ယူ လုပ်ကိုင် ဆောင်ရွက်ရတာမို့ သူမှန်တယ် ပြောမလား။ ဦးဆောင် တာဝန်ယူမှု အပိုင်းမှာ အာဏာရှင် ဆန်တယ် ပြောမလား။ ဒီပြဿနာဟာ ရှင်းရှင်းလေးနဲ့ ရှုပ်နေသလိုပါပဲ။

သူတို့ခရိုင်တွင်းမှာပဲ ပါဝင်တဲ့ ကျွန်တော်တို့မြို့ရဲ့ နှစ်စဉ် ကျင်းပနေကျ နိုင်ငံကျော် စွယ်တော်ပွဲကြီး မှာတော့ ဒီလို ကန့်သတ်ထားတာ မရှိပါဘူး။ ပွဲတော်လာသူတွေ ဆိုတာ လူတန်းစားပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အလွှာ ပေါင်းစုံပါပဲ။ ကလေးငယ်တွေကတော့ ပွဲတော်အပြန်မှာ အိုပုတ်၊ ချိုးရုပ် ကလေးတွေ ဝယ်ပြန်မှာပါပဲ။ အိမ်ရှင်မက သင်ဖြူးတွေ၊ ကျောက်ပျဉ်တွေပေါ့။
တချို့ရွာက လူငယ်လေးတွေ ကတော့ နိုင်ငံရေး စိတ်ဝင်စားတော့ ခေါင်းစည်းလေးတွေ၊ ရင်ထိုးလေးတွေ၊ ပါတီတံဆိပ်ပါ တီရှပ်တွေ ဝတ်ပြီး ပြန်လာတာလည်း တွေ့ရပါတယ်။ ကျွန်တော်က ပါတီ မဝင်ဖြစ်သော်လည်း ပါတီဝင်များ တိုင်းပြည်အတွက် ရွက်ဆောင်နေကြတာကို လေးစား အသိအမှတ် ပြုတတ်သူပါ။ ကိုယ်ကတော့ သူတို့လို ထမ်းဆောင်နိုင်ခြင်း မရှိခဲ့။

ကိုယ်ကတော့ စာဖတ်ဝါသနာရှင် ဖြစ်လို့ ဘာသာရေး စာအုပ်နဲ့ နိုင်ငံရေး စာအုပ်တွေကို ဝယ်ဖြစ် မဝယ်ဖြစ်တာ အသာထား၊ ဒါ ဘယ်သူ ရေးတာလဲ မှတ်သားတတ်တဲ့ အကျင့်တော့ စွဲနေပါတယ်။ ယခင်ကဆိုရင် ဒီလို လွတ်လပ်တဲ့ နိုင်ငံရေး စာအုပ်ကို ဖတ်ရဖို့ ပန်းဆိုးတန်းက အဟောင်း ဈေးကွက်မှာ ဈေးကြီးပေးပြီး ဝယ်ဖတ်ခဲ့ရတာပါ။ ယခုလို လွတ်လပ်မှု မရှိခဲ့ပါ။

ကျွန်တော်လည်း ဂေါပကအဖွဲ့ဝင် တစ်ယောက်ပဲ ဖြစ်တာမို့ ကျွန်တော်တို့အရပ်မှာ တန်ဆောင်တိုင်ပွဲ ကျင်းပတဲ့အခါ ပွဲတော်စည်ကားရေးကို တတ်နိုင်သရွေ့ ကျွန်တော် ဦးဆောင်တာဝန်ယူ ဆောင်ရွက် ပေးခဲ့ဖူးပါတယ်။ ခေါင်းထဲမှာ ဒီလိုမျိုး ခွဲခြားသတ်မှတ်ဖို့ကို မစဉ်းစားခဲ့ဖူးပါ၊ ယခုကိစ္စလည်း ကျွန်တော့်အမြင်မှာ ထူးဆန်းနေပြီး အံ့သြနေမိပါတယ်။

ယခင်က ‘ပါတီနိုင်ငံရေး ကင်းရှင်းရမည်’ ဆိုတဲ့ ခေတ်ကိုလည်း ဖြစ်နေတာပါ။ ယနေ့ ပါတီအဖွဲ့အစည်းများဟာ ရန်ပုံငွေ ရှာဖွေပြီး ရပ်တည်နေ ကြရတာ ဖြစ်လို့ ပွဲတော်များမှာလည်း ထိုက်သင့်တဲ့ ဈေးဆိုင်ခန်းခကို ပေးချေပြီး စာအုပ်၊ စာစောင်၊ အထိမ်းအမှတ် ပစ္စည်းတွေ ရောင်းချပြီး ရပ်တည် ကြရတာပါပဲ။ အတ္တဟိတ အကျိုးအတွက် ရှာဖွေတာ မဟုတ်ဘဲ နိုင်ငံအရေး ပရဟိတ အရေးအတွက် တရားဝင်အားဖြင့် ရှာဖွေကြရတာကို ပိတ်ပင်တာဟာ မသင့်တော်ပါဘူး။
မြန်မာ့နိုင်ငံရေးသမား အများစုဟာ ဗုဒ္ဓဘာသာဝင်များ ဖြစ်ပြီး အမျိုးဘာသာ သာသနာအကျိုးကို သယ်ပိုး ရွက်ဆောင်နေကြသူ များလည်း ဖြစ်ပါတယ်။ ယခုလို ဘာသာရေးပွဲတော်မှာ စည်းကမ်း သတ်မှတ်ချက် ထုတ်ပြန်လိုက်တဲ့အတွက် အကျိုးတစ်စုံတစ်ရာ မဖြစ်ထွန်းနိုင်ဘဲ အပြစ်သာ ဖြစ်နိုင်ခြေ များတာမို့ တာဝန်ရှိများ စဉ်းစားသင့်တယ်လို့ စေတနာနဲ့ အကြံပြုလိုပါတယ်။
ဘာသာရေးရော နိုင်ငံရေးပါ ပရဟိတရေး ဖြစ်တာမို့ ကိုယ့်အတ္တအကျိုး မပါသူချင်း ခွဲခြား ဆက်ဆံခံရပြီး ပုဂ္ဂလိက အကျိုးစီးပွားအတွက် ရောင်းချတဲ့သူ များကိုတော့ ရောင်းချခွင့် ပေးလိုက်သလို ခံစားသွားနိုင်ပါတယ်။ တရားမျှတမှုကိုလည်း မေးခွန်းထုတ် ခံရနိုင်ပါတယ်။
တကယ်တော့ စည်းကမ်း သတ်မှတ်သူက အာဏာပိုင် မဟုတ်ဘဲ ဂေါပက ဖြစ်နေပြန်တဲ့အတွက် လူတွေရဲ့အတွေးဟာ ဘုရားနဲ့တရားနဲ့ပါ ယှဉ်တွေး ပြောဆိုလာကြတာပါ။ ကြာနီကန်ဆရာတော် တရားဟောခဲ့ဖူးသလို ‘ဘုရားထက်ကြီးတဲ့ လူကြီး’ မဖြစ်စေဖို့ပါ။

ပွဲတော်လာ မိဘပြည်သူများဟာ ဒုနဲ့ဒေးပါ။ ဒီအထဲမှာမှ နိုင်ငံအရေး စိတ်ဝင်စားကြတဲ့ ပြည်သူများ ဟာလည်း အများအပြားပါပဲ။ သူတို့ ရင်ထဲမှာရော ဒီလို ကန့်သတ်မှုမျိုးကို ဘယ်လို ခံစားကြမလဲ။ ဒါဟာ တွေးသင့်တဲ့ ဖြူစင် မျှတသူများရဲ့ တရားဓမ္မရှိသူများရဲ့ အတွေးအမြင်ပါ။
ပါတီစုံခေတ်မှာ ပါတီတစ်ခုကပဲ “ကျွန်တော်တို့ကတော့ ဘာသာရေး ခုတုံးမလုပ်ဘူး၊ ဒါမျိုးတွေ ဒီအချိန် ရောင်းချမနေဘူး” ဆိုတာနဲ့ နားယောင်ပြီး အမိန့်ထုတ်လို့ ရနိုင်တာမျိုး မဟုတ်ပါ။ သူရောင်းရင်တော့ ရှုံးမှာ သိလို့ ပြောခြင်းလည်း ဖြစ်နိုင်ပါတယ်။ သတိနဲ့ ဆင်ခြင်ရမယ့် ကိစ္စပါပဲ။

ဆုံးဖြတ်ချက် တစ်ခုဟာ အရေးကြီးပါတယ်။ နိုင်ငံနဲ့ချီတဲ့ ဆုံးဖြတ်ချက် အမှားအမှန်ကို နိုင်ငံက ခံရတတ်ပါတယ်။ ရပ်ရွာနဲ့ မြို့နယ်နဲ့ချီပြီး ဆုံးဖြတ်ချက် ချတာဟာလည်း ထိုအတိုင်းပါပဲ။ ဒီတစ်နှစ် လွဲချော်သွားရင် နောက်နှစ်များမှာ ပြန်ပြင်နိုင်ဖို့သာ ရှိပါမယ်။
နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံကြီးတောင် နိုင်ငံသားများရဲ့ အကျိုးအတွက် အစိုးရသက်တမ်း တစ်ဝက်မှာပင် ပြန်ပြင်ဖို့ ကြိုးစားနေကြပါပြီ။ မမှားသော အစိုးရ၊ မမှားသော ဂေါပက ဆိုတာလည်း မရှိနိုင်တာမို့ ပြုပြင်ရေး အမြင်ရှိဖို့သာ လိုရင်းပါပဲ။ ပြုပြင်မှုဟာ အောင်မြင်မှုရဲ့ အခြေခံတစ်ခုပါ။
အမျိုးသား ပြန်လည် သင့်မြတ်ရေး ခေတ်သစ်ကြီးထဲမှာ မသင့်မြတ်တာတောင် သင့်မြတ်ရအောင် စွမ်းဆောင်နေချိန်မှာ သင့်မြတ်တာကို မသင့်မြတ်အောင် အမိန့်တွေ အာဏာတွေ စည်းကမ်း နည်းလမ်းတွေနဲ့ ပုံကြီးချဲ့တယ်လို့ အထင်အမြင်တွေ မလွဲစေလိုပါ။

အာဏာရှင်ခေတ်မှာ ပြည်သူတွေကို နိုင်ငံရေးကို နားမလည်အောင်၊ စိတ်မဝင်စားအောင်၊ နိုင်ငံရေးနဲ့ ပြည်သူကို အိုးစား ခွဲထားပါတယ်။ ဒါ သူတို့အာဏာ ရှင်သန်နိုင်စေဖို့ပါ။ ဒီမိုကရေစီ ခေတ်မှာတော့ နိုင်ငံရေးကို စိတ်ဝင်စားမှ နိုင်ငံ ခေါင်းဆောင်ကောင်းကိုလည်း ရွေးချယ်တတ်မှ နိုင်ငံ တိုးတက် သာယာဝပြော လာမှာပါ။ ဘာသာ သာသနာလည်း ရေမြင့် ကြာတင့်ပါပဲ။

ယနေ့ခေတ်ကို တောကြောင်တွေက ရှုပ်ထွေးအောင် လုပ်ဆောင်နေ ကြတာလည်း တွေ့နေရပါတယ်။ ဒီမိုကရေစီနဲ့ ခေါင်းနဲ့ပန်း သဘောဆောင်တဲ့ လူ့အခွင့်အရေးလို့ ပြောမိတာကိုပဲ “လူ့အခွင့်အရေးဟာ အမျိုးသားရေးရဲ့ နောက်မှာပဲ ရှိရမယ်၊ အမျိုးဘာသာ သာသနာနဲ့ ယှဉ်ရင် လူ့အခွင့်အရေး ဆိုတာ သေးသေးလေးပါ” ဆိုတာမျိုးတွေ ကြားရပါတယ်။
ကမ္ဘာ့အဖွဲ့အစည်းတွေက လူ့အခွင့်အရေးဆု သေးသေးလေးကိုမှ ရွေးပေးပြီး အမျိုးသားရေး ဆုကြီးကိုတော့ ဘေးချိတ်ထားတယ်လို့ ပြောဦးမလားတောင် မသိပါဘူး။ အကယ်၍ အမျိုးသားရေး ဆုကြီးကိုသာ ပေးဖြစ်မယ်ဆိုရင် သူတို့ဟာ ဟစ်တလာ၊ မူဆိုလီနီတို့နဲ့အတူ ဆုတွေ ရသွားနိုင်သူ တွေပါပဲ။ (အမျိုးသား အားလုံးဟာ လူသား အခွင့်အရေးကို လေးစားရမှာပါ။)
ပြောတဲ့သူတွေကို သေချာ လေ့လာကြည့်တော့လည်း ရွှေဝါရောင်လို သံဃာ့ အရေးအခင်းမျိုးတွေမှာ သံဃာဘက်က ရပ်တည်ဖို့ နေနေသာသာ “ဘုန်းကြီးအလုပ်ကို ဘုန်းကြီး မလုပ်ဘူး။ ထိပ်ရိုက်တော့လည်း ခံလိုက်ပေါ့” ဆိုသူမျိုးတွေ ဖြစ်နေ ပြန်ပါတယ်။ ပြောရတာ ခက်ပါတယ်။
အာဏာရှင် သူငယ်နာ မစင်သူရဲ့ နောက်ကိုတော့ ဘ်အဖွဲ့အစည်းမှ လိုက်စရာ မလိုပါ။ ဒီမိုကရေစီ သမ္မတခေတ်မှာ၊ အာဏာရှင် နာယက၊ အာဏာရှင် သမဂ္ဂ၊ အာဏာရှင် ဂေါပကတို့ မရှိရပါဘဲ မေတ္တာရှင် နာယက၊ ကရုဏာရှင် သမဂ္ဂ၊ မုဒိတာရှင် ဂေါပက အဖွဲ့များ ပေါ်ထွန်းလာမှုနဲ့အတူ လောကနဲ့ ဓမ္မအကျိုး သယ်ပိုး ရွက်ဆောင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းဖြင့်။
ဌေးအောင်ကို
Credit To The Voice Weekly
Read More »

စာဖတ်၍ ကမ္ဘာပတ်နိုင်ကြပါစေ မောင်တင်ဦး (မြောင်းမြ)

အလိမ္မာ စာမှာရှိ

စာဖတ်မှ အသိဥာဏ် တိုးတက်မယ်။ စာဖတ်မှ ဗဟုသုတပွားမယ်။ ဒါကြောင့် စာဖတ်ကြပါလို့ သူကပြော၊ ကိုယ်ကပြော၊ ခပ်လွယ်လွယ်လေး လမ်းညွှန်တတ်ကြပါတယ်။ အလိမ္မာ စာမှာရှိလို့ မြန်မာစကားပုံက ဆို ပါတယ်။ ပညာရွှေအိုး လူမခိုးလို့လည်း ဆိုကြပါသေးတယ်။

ဒီလိုသာ ပြောကြ၊ ဟောကြပေမယ့် လက်တွေ့မှာ စာဖတ်နှုန်း၊ စာတတ်နှုန်း အနိမ့်ဆုံးက မြန်မာပြည် ဖြစ်နေတာ လက်တွေ့ပါ။ ကျောင်းပညာရေး အဆင့်အတန်းကလည်း ထို့အတူပါပဲ။ အားရစရာမရှိလှပါ။ ထို့အတူ မလိမ္မာတဲ့သူတွေ များနေတာဟာ စာမဖတ်ကြလို့ စာမဖတ်တတ်ကြလို့ဆိုတာ ထင်ရှားနေပါတယ်။
အတားအဆီးများ
  
ဘာစာဖတ်ရမှာလဲ။ ဘယ်နေရာမှာ ဖတ်ရမလဲ။ ဖတ်ရမယ့် စာအုပ်က ဘယ်မှာလဲ။ စာဖတ်ရင် အမေဆူမယ်။ ဆရာမက ဆူမယ်။ သူငယ်ချင်းတွေကလည်း ဂိမ်းကစားဖို့ မဲဆွယ်နေကြတာ။ သီချင်းကလည်း နားထောင် ရဦးမယ်။ ကိုရီးယား ဇာတ်လမ်းတွဲကလည်း ကောင်းခန်း ရောက်နေပြီ။ အိန္ဒိယကားကလည်း ကတာတွေ သိပ်လှတာပဲ။ Chatting လည်း ထိုင်ရဦးမယ်။ နေပြည်တော်၊ ရှေ့ဆောင်ရုံက 3D အက်ရှင်ကားတွေလည်း ပြေးကြည့်ရဦးမှာ။
  
ပတ်ဝန်းကျင် တစ်ခုလုံးက စာဖတ်တာကို အားပေးမယ့် သူတစ်ယောက်မှ မရှိလို့ စာဖတ်ခြင်းကို ဆိုက်ရောက် သွားစေမယ့် လက်တွေ့ကျတဲ့ ဖြစ်စဉ်မျိုးတစ်ခုမှ မရှိပါဘူး။
  
စာ(စာပေ)ဆိုတာကို ကလေးတွေရဲ့ မိဘတော်တော်များများ သိထားတာက ကျောင်းက ပြဋ္ဌာန်းလိုက်တဲ့ ကျောင်းစာကိုပါပဲ။
  
ဟဲ့ စာကျက်လေ။ ဟဲ့စာကျက်လေ ဆိုတဲ့ မိဘတွေရဲ့ အသိတိမ်တိမ်နဲ့ စာဖတ်ဖို့ တိုက်တွန်းနေတဲ့ အသံကြားမှာ ကလေးတွေခမျာ စိတ်မပါလည်း စာကျက်။ စိတ်ပါလည်း ကျက်။
  
စာဖတ်ချင်အောင် ပျိုးထောင်ပေးတဲ့ ပတ်ဝန်းကျင် လိုအပ်ပါတယ်။ အဲဒီပတ်ဝန်းကျင် စိတ်ပိုင်းဆိုင်ရာ အားပေးမှုနဲ့ ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်း ထောက်ပံ့ပေးမှု တို့ဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ အားပေးမှု
  
ကလေးတွေဟာ နှစ်နှစ်လောက်စပြီး စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးစ ပြုနေပါပြီ။ တီဗွီ၊ ဗွီစီဒီစက်တို့ကို ဖွင့်တတ် ပိတ်တတ်ပါပြီ။ သရေစာ တောင်းစားတတ်နေပါပြီ။ အဲဒီအရွယ်မှာ မိဘဖတ်နေတဲ့ သတင်းစာ၊ စာအုပ်ကို လှမ်းဆွဲတတ်၊ လှန်လှော ကြည့်တတ်ပါပြီ။ အဲဒါကို စာအုပ်ပြဲမှာ စိုးရိမ်တဲ့အတွက် စာအုပ်၊ စာရွက်ကို ပြန်လုယူပြီး ကလေး မမီတဲ့နေရာမှာ သိမ်းထားတတ်ပါတယ်။
  
ဒီလိုအပြုအမူမျိုး ခဏခဏ အလုပ်ခံရတော့ ကလေးက စာအုပ်ကို မကိုင်စေချင်ဘူးလို့ သဘောပေါက်သွားပြီး အခြားကစားစရာ၊ ပစ္စည်းတွေကိုပဲ ကိုင်တွယ် ကစားပါတော့တယ်။ ဒါဟာ ပထမဆုံးစာဖတ်ခြင်းကို ဟန့် တားလိုက်တဲ့ ဖြစ်စဉ်ပါ။
  
နောက် မူကြိုကျောင်းတက်တော့ ဆရာအတတ်ပညာ တတ်မြောက်ထားခြင်းမရှိဘဲ တက္ကသိုလ်ဝင်တန်း အောင်ခါစ၊ ကလေးစိတ်ပညာလည်း မတတ်၊ ကလေးလည်း ကောင်းကောင်း မထိန်းတတ်၊ ကလေးကိုလည်း မချစ်တတ်တဲ့ ကျူရှင်ဆရာမဆီ မူကြို စတက်ပါတယ်။
  
ဆရာမလေးကလည်း သူသိသလို သင်ပါတယ်။ ကကြီး၊ ခခွေးတောင် မရေးတတ်သေးတဲ့ ကလေးကို ၀ါကျတွေ သင်နေပါပြီ။ အေ၊ ဘီ၊ စီ၊ ဒီတောင် ဇက်ထိ ရောက်အောင် မသင်ရသေးခင် "A-P-P-L-E အက်ပဲလ် ပန်းသီး" ဟု အတင်း လိုက်ဆိုခိုင်းပြန်ပါရော။ ဂဏန်း သင်္ချာဘာသာ သင်ရာမှာလည်း ၁၊၂၊ ၃၊ အရေအတွက်တတ်အောင် သင်ရမယ့်အချိန်မှာ သင်ကြားပေးသူ (မိဘ၊ ဆရာမ၊ အစ်ကို၊ အစ်မ စသူတို့က သူတို့သိသလို) "ဟဲ့ လိုက်ဆို .... ဒါ(၁) တ၀မ်းပူရေ စသတ် တစ်၊ (၂) နငယ် ဟထိုး စသတ်နှစ်" စတဲ့ စာလုံးပေါင်းတွေ သင်ပေးပြန်ပါရော၊ စာသင်တယ်ဆိုတာ ဘာခက်တာ မှတ်လို့ဆိုတဲ့ သူတွေကလည်း ရှိသေး။

အမှန်စင်စစ် သုတစာဖတ်ဖတ်၊ ရသစာဖတ်ဖတ်၊ အတ္ထုပ္ပတ္တိ စာဖတ်ဖတ် ဖတ်တဲ့စာတိုင်းမှာ တန်ဖိုးရှိပါတယ်။ စာဖတ်သူရဲ့ အဆင့်နဲ့  စာရဲ့အဆင့်  အပ်စပ်မိတဲ့အခါ စာပေတန်ဖိုး အထူးမြင့်တက်လာပါတယ်   . . .
ဆိုတော့ စနစ်တကျ သင်ယူတတ်မြောက်မထားဘဲ သင်နည်း (Teaching Method, Methodology) ဆိုတာကို မသိဘဲ သင်ချင်သလို သင်ပေးတဲ့အတွက် ကလေးခမျာ စာသင်ယူရတာ ခက်ခဲပင်ပန်းတဲ့ အလုပ်တစ်ခုလို ခံစားသွားရပြီး စာကို ကြောက်လာပါတယ်။ အချို့က ရိုက်သင်တယ်။ အချို့က ဒဏ်ပေးသင်တယ်။ အချို့က အော်ငေါက် ကြိမ်းမောင်းသင်တယ်။ သင်နည်းကို စုံနေတာပါပဲ။ ဒီလိုနဲ့ သူငယ်တန်း စတက်ရပြန်ပါပြီ။ မိဘတွေက စာသင်ခန်းထဲမှာ ရှိသမျှ ကလေးအားလုံးထဲမှာ သူ့ကလေးသာ အဆင့်တစ် ရရမယ်ဆိုတဲ့ (မိဘမေတ္တာလို့ ခေါ်မလား။ လောဘလို့ ခေါ်မလား။ အမြော်အမြင် နည်းတယ် ခေါ်မလား) ရည်မှန်းချက် ကြီးကြီးနဲ့ ကျောင်းထားပါတယ်။
  
မိမိကလေးရဲ့ ဥာဏ်ရည် ထက်သလား၊ ထုံသလား၊ အေးအေးဆေးဆေး ဖြည်းဖြည်းမှန်မှန် သမားလား။ ထို့အတူ မိမိ(မိဘ)ကိုယ်တိုင်ရော၊ ကျောင်းစာမှာ လျှမ်းလျှမ်းတောက် ထူးချွန်ခဲ့လို့လား။ ကိုယ်ကိုယ်တိုင် မထူးချွန်ခဲ့ဘဲ ကိုယ့်ကလေးကျမှ ဆရာဝန်ကြီး ဖြစ်ရမယ်။ အင်ဂျင်နီယာကြီး ဖြစ်ရမယ်။ စစ်ဗိုလ်ကြီး ဖြစ်ရမယ်ဆိုတဲ့ ကြီးကျယ်တဲ့ စကားလုံးတွေနဲ့ ရည်မှန်းလာကြတာ။ လူအတော်များများဟာ ကိုယ်သာ မလုပ်တတ် မကိုင်တတ်တာ။ သူများဆို အတော်မြှောက်ပေး ချင်ကြပါတယ်။ အဲဒီစိတ်တွေကြောင့် ကလေးတွေခမျာ မနိုင်ဝန်ထမ်း နေကြရပါတယ်။
  
မိဘရည်မှန်းချက် ကြီးကြီးမားမား လှိုင်းလုံးအောက်မှာ ကလေးသမ္ဗန်လေးခမျာ လူးကာလိမ့်ကာနဲ့ မတည်မငြိမ် မျောရပြန်ပါတယ်။ သူငယ်တန်းပေမယ့် ကျူရှင်ယူရ ပြန်ပါတယ်။ ကျူရှင်က တစ်ခုတည်း မဟုတ်သေးဘူး။ ကျက်စာကျူရှင်၊ သင်္ချာကျူရှင်၊ အင်္ဂလိပ်စာကျူရှင်။
  
မနက် ၅ နာရီခွဲအိပ်ရာမှ အတင်းနှိုးတာခံရ။ အတင်းအပေါ့သွားခိုင်း။ အိပ်သာတက်ခိုင်း။ ဗိုက်မဆာဘဲ မနက်စာအတင်းကျွေးလို့ ကြိတ်မှိတ်စားရ၊ ကျောင်းတက်ရတာ စိတ်မ၀င်စားနိုင်တော့ပါဘူး။
  
ကျောင်းက ပြန်ရောက်တော့ ကမန်းကတန်း ထမင်းစားပြီး ကျူရှင်ဆရာမဆီသွား စာသင်ရပြန်ရော။ ဆရာမကလည်း မိဘဆီက မျက်နှာရဖို့၊ အငြိုငြင်မခံရဖို့ ကလေးကို အတင်းစာတွေမေး၊ စာတွေ ကျက်ခိုင်း၊ ပြန်ဆိုခိုင်းနဲ့ ကလေး ထိုင်ငိုချင်စိတ်တွေ မကြာခဏ ပေါက်ပေါက်လာပါတယ်။
  
ထိုင်ငိုလိုက်လို့ သနားပြီး ချော့မလား မှတ်ရတယ်။ စာမသင်ချင်လို့ အပျင်းထူလို့ ငိုတာဆိုပြိး အရိုက်ခံရပြန်ပါတယ်။ စာဆိုတာ ကြောက်စရာလို့ ကလေးခမျာ ငယ်စဉ်ကတည်းက မှတ်ယူသွားပါတယ်။
ဝတ္ထုဖတ်ရင် အမေဆူမယ်
  
ကျောင်းစာချည်း ဖတ်ရတာ ငြီးငွေ့လာလို့ မိတ်ဆွေ သူငယ်ချင်းတစ်ယောက်ဆီက ၀တ္ထုတစ်အုပ်တလေ ငှားရမ်းဖတ်မိပါတယ်။ အမေတွေ့သွားပြီး စာအုပ်ကို ဆွဲလွှင့်ပစ်ပါတယ်။ အရမ်းကြီးလည်း ဆူပါတယ်။ ဗိုက်ခေါက်လည်း လိမ်ဆွဲပါတယ်။
  
"ဒီလိုစာတွေ နင်ဖတ်စရာလား..." တဲ့
ဒီလိုစာတွေ မဖတ်ရင် ဘယ်လိုစာတွေ ဖတ်ရမယ်လို့ အမေဘာမှ ညွှန်မပြပါဘူး။ နောက်ဆုံး ကျောင်းစာနဲ့ပဲ လုံးထွေး အချိန်ကုန်ရပါတယ်။ ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ အားပေးမှုမရှိတဲ့ အခြေအနေမှာ ကလေးဟာ ဘယ်လိုလုပ် စာဖတ်ချင်စိတ် ပေါ်ပေါက်နိုင်မှာလဲ။
  
ဆိုတော့ ကလေးများ စာဖတ်ချင်အောင် အနီးကပ် အားပေးရမယ့်သူက မိဘနှစ်ပါး ဖြစ်ပါတယ်။ မိဘကိုယ်တိုင် စာဖတ်ရပါမယ်။ စာဖတ်ဖို့ အချိန်မရဘူးဆိုလည်း ကလေးတွေ စာဖတ်အောင် တိုက်တွန်း လမ်းညွှန် အားပေးရပါမယ်။ ကျောင်းစာအပြင်၊ ပြင်ပစာဖတ်တာကို မဟန့်တားရပါဘူး။
ရုပ်ပိုင်းဆိုင်ရာ အားပေးမှု
  
ရုပ်ပိုင်းဆိုင်ရာ အားပေးမှုက မိဘနှစ်ပါးတည်းနဲ့ မလုံလောက်ပါဘူး။ ပတ်ဝန်းကျင် တစ်ခုလုံးက ၀ိုင်းဝန်းအားပေးရမှာပါ။ မိဘက ကလေးအတွက် သင့်တော်တဲ့ ဖတ်သင့်တဲ့ စာအုပ်တွေ ၀ယ်ယူပြီး လက်ဆောင်ပေးရပါမယ်။
  
ကျောင်းမှာ စာကြည့်တိုက်တွေ ဖွဲ့ထားရပါမယ်။ ဆရာတွေ ကိုယ်တိုင်လည်း စာဖတ်ရမှာဖြစ်သလို ကလေးတွေ စာဖတ်အောင် လမ်းညွှန်ပေးရပါမယ်။ ဆရာကိုယ်တိုင် (သို့) စာကြည့်တိုက်မှူးက စာကြည့်တိုက်မှ စာအုပ်တစ်အုပ်ကို ဖတ်ပြီး ဘယ်လိုခံစားရကြောင်း ပြန်ပြောပြပြီး ကလေးတွေ ဖတ်ချင်အောင် စည်းရုံးရပါမယ်။ ပြီး အဲဒီစာအုပ်ကို အိမ်သို့ ငှားရမ်းခွင့်ပြုရပါမယ်။ စာကြည့်တိုက် အသင်းဝင်တတ်တဲ့ အလေ့အထ အတော်လေး ပျောက်ကွယ်နေပါပြီ။ စာကြည့်တိုက် ဗီရိုထဲမှာ သိမ်းဆည်းထားတဲ့ စာအုပ်တွေကို ကလေးတွေ မြင်သာအောင်၊ ဖတ်ချင်လာအောင် စီစဉ်ထားရပါမယ်။ စာအုပ်ပြဲမှာ၊ ဆုတ်မှာ၊ ပျောက်မှာ မစိုးရိမ်ပါနဲ့။ ကလေးတွေဖတ်လို့ စာအုပ်ပြဲသွားတာထက် ဘယ်သူမှ မဖတ်ရဘဲ အသစ်အတိုင်း ဗီရိုထဲမှာ သိမ်းထားတာက ပိုလို့ ဆုံးရှုံးစေပါတယ်။
  
နိုင်ငံတော် အစိုးရပိုင်းကလည်း ရပ်ကွက်ကျေးရွာမကျန် ကိုယ်ပိုင်စာကြည့်တိုက်တွေ ဖွင့်ဖို့ အားပေးကူညီရပါမယ်။ လက်ရှိ ပြန်ကြားရေးဝန်ကြီးဌာနက ဖွင့်လှစ်ထားတဲ့ စာကြည့်တိုက်တွေဟာ ပြည်သူတွေနဲ့ ကင်းကွာနေပါတယ်။ ဟိတ်ကြီးဟန်ကြီး ရှိလှပြီး ရုံးဆန်နေတာ တွေ့ရပါတယ်။
  
အစိုးရရဲ့ မူဝါဒတွေ ဖြန့်ချိတဲ့ ဌာနမှန်း ပြည်သူများက သိရှိနေပါတယ်။ ဆိုတော့ ပုဂ္ဂလိက စာကြည့်တိုက်တွေ ဖွံ့ဖြိုးဖို့လိုပါတယ်။ စာကြည့်တိုက်ဟာ လွတ်လပ်ရပါမယ်။ စာဖတ်သူစိတ်ကြိုက် စာအုပ်စာပေ လွယ်လွယ်ကူကူ ရနိုင်ရပါမယ်။
စာဖတ်ရင် ဘာရမလဲ
  
လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်တာပါ။ မျှော်လင့်ချက်မဲ့၊ အနာဂတ်မရှိတဲ့ အလုပ်ဆို အကျိုးမရှိလေတော့ ဘယ်သူကမှ အဲလိုမျိုးအလုပ်ကို မလုပ်ချင်ပါဘူး။
  
စာဖတ်ရင် ဘာရမလဲ။ ဘာဖြစ်မလဲ။ ဘယ်လိုအကျိုးရှိမလဲ။ ဒါတွေကိုသိမှ စာဖတ်ချင်ကြမှာပါ။
  
စင်စစ်ကျောင်းစာက လူ့ဘ၀ကို ထိုက်ထိုက်တန်တန် အကျိုးမပေးတာကို ကလေးတွေ တွေ့ကြုံနေပါပြီ။ တက္ကသိုလ်ဝင်တန်းအောင်လို့ တက္ကသိုလ်ဝင်တန်းနဲ့ တန်တဲ့ အသက်မွေးဝမ်းကျောင်း၊ ဘ၀ရပ်တည်ရေး အခြေအနေ ဘာမှမရခဲ့ပါဘူး။ တက္ကသိုလ် ဘွဲ့တစ်ခုရလို့ ဘွဲ့နဲ့တိုက်ရိုက် ဘာမှလုပ်စားလို့ မရပါဘူး။ စိတ်ပညာနဲ့ ဘွဲ့ရပေမယ့် အီလက်ထရွန်နစ်ဆိုင်က အရောင်းစာရေး ဖြစ်ချင်ဖြစ်နေတာပါ။ ဓာတုဗေဒနဲ့ ဘွဲ့ရလို့ ဓာတုဗေဒနဲ့ ပတ်သက်တဲ့အလုပ် ဘာလုပ်ရမှန်း မသိပါ။ ကုန်ဈေးတန်းက ဆိုးဆေးဆိုင် ပိုင်ရှင်တွေက ဓာတုဗေဒ ဘွဲ့ရသူတွေ တစ်ယောက်မှ မပါပါဘူး။
  
ဆိုလိုချင်တာက ကျောင်းစာကို စာ (ပေ) လို့ သတ်မှတ်ထားတဲ့ ပုဂ္ဂိုလ်တွေက 'စာတတ်တော့ရော ဘာလုပ်စားရမှာလဲ' ဆိုတဲ့ အငေါ်တူး စကားနဲ့ တုံ့ပြန်ကြပါတယ်။ သခင်ကိုယ်တော်မှိုင်း တက္ကသိုလ်က ဘာဘွဲ့ မှ မရပေမယ့် သူ့ကို စာပေပညာရှိလို့ သတ်မှတ်ကြပါတယ်။ အမေရိကန် သမ္မတ အီဘရာဟင်လင်ကွန်းလည်း ဘွဲ့ရသူ မဟုတ်ပါ။
  
စာပေဆိုတာ ကျောင်းစာတစ်ခုတည်း ဆိုလိုတာ မဟုတ်ဘူးဆိုတာ မိဘများ ကိုယ်တိုင် သဘောပေါက်ရပါမယ်။
စာဖတ်၍ ကမ္ဘာပတ်မယ်
  
အမှန်စင်စစ် သုတစာဖတ်ဖတ်၊ ရသ စာဖတ်ဖတ် အတ္ထုပ္ပတ္တိ စာဖတ်ဖတ်၊ ဖတ်တဲ့ စာတိုင်းမှာ တန်ဖိုးရှိပါတယ်။ စာဖတ်သူရဲ့ အဆင့်နဲ့ စာရဲ့အဆင့် အပ်စပ်မိတဲ့အခါ စာပေတန်ဖိုး အထူးမြင့်တက်လာပါတယ်။
  
ရန်ကုန်မှာ နေရသူက စင်ကာပူနိုင်ငံအကြောင်း သိချင်ရင် စာပေမှ သိနိုင်ပါတယ်။ ရာဘင်ဒြာနတ်တဂိုးအကြောင်း သိချင်ရင် စာပေမှ သိနိုင်ပါတယ်။ အမေ့မေတ္တာအကြောင်း သိချင်ရင် စာပေမှ သိနိုင်ပါတယ်။ ဘာသိချင်လဲ သိချင်တာမှန်သမျှ စာပေမှ သိနိုင်ပါတယ်။
  
ကလေးတွေ သိချင်စိတ် ရှိလာဖို့ လိုပါတယ်။ ကလေးတွေက သိချင်အောင်၊ သိမှ အကျိုးရှိမှာကို သဘောပေါက်အောင် နိုင်ငံတော် (အစိုးရ)၊ စာပေမီဒီယာ၊ ဆရာ၊ မိဘ၊ ကျောင်း၊ ရပ်ကွက်စာကြည့်တိုက်များမှ ၀ိုင်းဝန်း အားပေးကူညီ နည်းလမ်းရှာပေးကြဖို့ လိုပါတယ်။
  
ကလေးတွေကိုချည်း လက်ညှိုးထိုးကာ အတင်းစာဖတ်ခိုင်းလို့ မရပါဘူး။ ကျောင်းစာဟာ ကန့်သတ်ချက်ရှိတဲ့ စာဖြစ်ပါတယ်။ ပြင်ပစာကသာ ကန့်သတ်ချက်မဲ့ စာဖြစ်ပါတယ်။ ကမ္ဘာပတ်ချင် စာတတ်ချင်ရင် ကန့်သတ်ချက် မရှိတဲ့ စာစုံကို ဖတ်ခွင့်ပြုကြဖို့။ ဒါ့အပြင် စာကို အတင်းဖတ်ခိုင်းတာထက် စာဖတ်အောင် နည်းလမ်းရှာပေးတာက ပိုပဓာနကျကြောင်း အကြံပြု ရေးသားအပ်ပါတယ်။
Credit To  Eleven 
Read More »

စကြာဝဠာကို ဖန်ဆင်းသူမှာ ဘုရားသခင် မဟုတ်ဟု ဟော့ကင်းကဆို

စကြာဝဠာသည် ဘုရားသခင် ဖန်ဆင်းမှုကြောင့် မဟုတ်ပဲ ရူပဗေဒ နိယာမအရ ပြင်းထန်သော ပေါက်ကွဲမှုဖြစ်စဉ် (Big Bang) ကြောင့်သာ ဖြစ်ပေါ်လာရခြင်း ဖြစ်ကြောင်း အင်္ဂလန်နိုင်ငံသား ရူပဗေဒ ပညာရှင် စတီဖင်ဟော့ကင်းက အသစ်ထုတ်ဝေမည့် စာအုပ်တွင် ထုတ်ဖော် ရေးသားလိုက်သည်။

အမေရိကန် ရူပဗေဒ ပညာရှင်  Leonard Mlodinow နှင့်အတူ ပူးတွဲရေးသားသည့် “The Grand Design” အမည်ရှိ စာအုပ်တွင် ဟော့ကင်းက စကြာဝဠာကို ဖန်တီးသည့် သီအိုရီသစ်များကို ဖော်ပြထားကြောင်း ကြာသပတေးနေ့ထုတ် တိုင်းမ်သတင်းစာအရ သိရှိရသည်။

ကမ္ဘာမြေထု၏ ဆွဲငင်အားကဲ့သို့သော နိယာမတစ်ခုအရ စကြာဝဠာသည် တစ်စုံတစ်ရာ မရှိသော အခြေအနေ တစ်ခုမှ မိမိဘာသာ ဖန်တီးယူနိုင်ကြောင်း၊ ပင်ကို သဘောဆောင်သော ဖန်တီးမှုသည် ဘာမျှမရှိခြင်းထက် ပိုသော တစ်စုံတရာရှိခြင်း၏ အကြောင်းပြချက်ဖြစ်ပြီး ထိုအချက်ကြောင့် စကြာဝဠာနှင့် တကွ ကျွန်ုပ်တို့ တည်ရှိနေရခြင်း ဖြစ်ကြောင်း ဟော့ကင်းက ရေးသားထားသည်။ စကြာဝဠာ ဖြစ်တည်မှု အတွက် ဘုရားသခင်၏ စတင်ဖန်တီးမှု တစ်စုံတစ်ရာ မလိုအပ်ဟု သူကဆိုသည်။

အသက် ၆၈ နှစ်ရှိပြီဖြစ်သော ဟော့ကင်းသည် တွင်းနက်ကြီးများ (Black holes)၊ စကြဝဠာဗေဒ၊ ကမ္ဘာမြေ ဆွဲငင်အား ကွမ်တမ်နိယာမ တို့ဖြင့် ထင်ရှားသော သိပ္ပံပညာရှင် တစ်ဦးဖြစ်ပြီး ၁၉၈၈ ခုနှစ်က ထုတ်ဝေသော “A Brief History of Time” စာအုပ်ဖြင့် တကမ္ဘာလုံး အသိအမှတ်ပြုလောက်အောင်
အောင်မြင်မှု ရရှိခဲ့သူ ဖြစ်သည်။ ခေတ်သစ် ရူပဗေဒ သဘောတရားများ ဖြစ်သော အဲလ်ဘတ်အိုင်စတိုင်း၏ နှိုင်းရ သီအိုရီနှင့် ပရမာဏုမြူများနှင့် ပတ်သက်သော ကွမ်တမ်သီအိုရီ တို့ကို ဆက်စပ်နိုင်ရန်အတွက် ၁၉၇၄ ခုနှစ်မှ စတင် ကြိုးပမ်းခဲ့သည်။

သူ၏ နောက်ဆုံး သုံးသပ် တင်ပြချက်များသည် ဖန်တီးရှင် နတ်ဘုရားရှိသည်ဟု ယုံကြည်မှုနှင့် ပတ်သက်၍ ယခင်က အမြင်များကို ဆန့်ကျင်နေသည်။ ရူပဗေဒဆိုင်ရာ နိယာမများအရ  ပြင်းထန်သော ပေါက်ကွဲမှုဖြစ်စဉ် (Big Bang) တွင် ဘုရားသခင်၏ ကြားဝင်လုပ်ဆောင်မှု ရှိသည်ဟု ယုံကြည်ရန်
မလိုအပ်ကြောင်း  ယခင်က ရေးသားခဲ့သည်။ အကယ်၍ ကျွန်ုပ်တို့ အနေဖြင့် ပြည့်စုံသော သီအိုရီကို ရှာဖွေတွေ့ရှိခဲ့ပါက ၄င်းသည် ဘုရားသခင်၏ စိတ်ဆန္ဒကို နားလည်သင့်သည်ဟူသော လူသားတို့၏ အကြောင်းပြချက်နှင့် ပတ်သက်၍ အဆုံးစွန်သော အောင်မြင်မှု ဖြစ်လိမ့်မည်ဟု “A Brief History” စာအုပ်တွင် ရေးသားခဲ့သည်။ ၁၉၉၂ ခုနှစ်တွင် နေမှတပါး အခြား ကြယ်တစ်ခုကို လှည့်ပတ်နေသော ဂြိုလ်တစ်ခုကို တွေ့ရှိခဲ့ရခြင်းမှာ ရူပဗေဒ ဖခင်ကြီး အိုင်ဆက်နယူတန်၏ စကြာဝဠာသည် ဘုရားသခင်၏ ဖန်တီးမှုမှလွဲ၍ အခြား ပရမ်းပတာ အခြေအနေကြောင့် ဖြစ်ပေါ်လာခြင်း မဟုတ်ဟူသော အမြင်ကို ပြောင်းလဲရန် အကူအညီ
ဖြစ်ခဲ့သည်ဟု သူ၏ နောက်ဆုံး စာအုပ်တွင် ရေးထားသည်။ နေတစ်စင်းတည်းရှိမှု၊ နေနှင့်ကမ္ဘာ အကွာအဝေးနှင့် ကမ္ဘာမြေ အလေးချိန် တို့၏ ကံအားလျော်စွာ
ပေါင်းစပ်မူ တို့ဖြင့် ကမ္ဘာမြေသည် လူသားတို့အတွက် အဆင်ပြေသော နေရာတစ်ခုအဖြစ် ရှိနေခြင်းမှာ ဂြိုလ်များနှင့် ပတ်သက်သော အခြေအနေအရ တိုက်ဆိုင်မှုတစ်ခု ဖြစ်ကြောင်း သူက ရေးခဲ့သည်။

ဟော့ကင်းသည် ကြွက်သားများ တဖြည်းဖြည်း ကြုံလှီလာသည့် နာတာရှည်ရောဂါ ခံစားနေရသူ ဖြစ်ပြီး ကွန်ပြူတာ အကူအညီဖြင့် စကားပြောနေရသူ ဖြစ်သည်။
သူသည် ထိုရောဂါကို အသက် ၂၀ အရွယ်ကတည်းက ခံစားခဲ့ရသော်လည်း ကမ္ဘာ့သိပ္ပံပညာရပ် နယ်ပယ်တွင် ဦးဆောင်သူအဖြစ် ရပ်တည်နိုင်ခဲ့ကာ “Star Trek” ရုပ်ရှင်ကားနှင့် “Futurama” နှင့်  “The Simpsons” ကာတွန်းကားများတွင် ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သည်။ ၁၉၇၉ ခုနှစ်မှ စတင်ကာ နယူတန်ထံမှ လွှဲပြောင်း ရယူခဲ့သော ကင်းဘရစ် တက္ကသိုလ်၏ သင်္ချာပါမောက္ခချုပ် ရာထူးမှ ယမန်နှစ်က အနားယူခဲ့သည်။

“The Grand Design” စာအုပ်မှာ နောက်အပတ်တွင် စတင် ရောင်းချမည် ဖြစ်သည်။
Source Article: God did not create the universe, says Hawking
By Michael Holden Michael Holden – Thu Sep 2, 9:08 am ET

Credit To Myanmar Gazette
Read More »

စာမဖတ်လျှင် အနာဂတ် ဆုံးရှုံးမည်

ကျွန်တော် ငယ်ငယ်က ကုန်းကောက်စရာ မရှိအောင် ဆင်းရဲတယ်။ လမ်းဘေးမှာ တဲနဲ့ နေရတယ်။ ၁၉၇၀ ပြည့်နှစ်တွေတုန်းက ကျွန်တော့် မွေးရပ်မြေ ဧရာဝတီတိုင်း ရေကြည်မြို့လေးမှာ ငွေနှစ်ရာ ရှိရင် ကိုယ်ပိုင်အိမ်နဲ့ ခြံနဲ့ နေလို့ရတယ်။ တစ်မြို့လုံးမှာ လမ်းဘေး ကျူးကျော်တဲ ဆိုတာ ကျွန်တော်တို့ မိသားစုနေတဲ့ တဲအိမ်ကလေး တစ်လုံးပဲ ရှိတယ်။ ကျွန်တော် ဘယ်လောက် ဆင်းရဲခဲ့သလဲ မှန်းကြည့်လို့ ရလောက်ပြီ။
နောက်ပြီး သိပ်ဆင်းရဲတော့ မိဘကလည်း ကျွန်တော့်ကို ဂရုတစိုက် ပြုစုပျိုးထောင်ဖို့ အချိန် မပေးနိုင်ခဲ့ဘူး။ စားဝတ်နေရေးက ခက်လွန်းတော့ ထမင်းနှစ်နပ် စားဖို့ အသေအကျေ ရုန်းကန်နေရတာကိုး။ ပညာလည်း မတတ်တော့ သားသမီး ပြုစုပျိုးထောင်တာကို ဘယ်စနစ်တကျ နားလည်မလဲ။ ကျွန်တော်ကိုယ်တိုင်က လူမှန်း သိကတည်းက အလုပ်လုပ်ရတယ်။ ခင်ဗျားကြိုက်တဲ့ အလုပ်ကြမ်းတစ်ခု စဉ်းစားလိုက်၊ အဲဒီအလုပ်ကို ကျွန်တော်ငယ်ငယ်က လုပ်ခဲ့ဖူးတယ်။ ရေခဲချောင်း ရောင်းတော့ လေးတန်း။ ဆိုက်ကားနင်းတော့ ခုနစ်တန်း။ အိမ်မှာ ဝက်တွေ မွေးတော့ ကိုးတန်း။ မြေပဲစိုက်ခင်းတွေထဲ မြေပဲခြွေတဲ့ အလုပ်လုပ်တော့ ဆယ်တန်းရောက်ပြီ။ အဲဒီအချိန်က တစ်နေကုန်လုပ်မှ ငါးကျပ်။ ငွေလည်း တန်ဖိုးရှိတယ်။ လုပ်အားလည်း တန်ဖိုးရှိတယ်။ ကျွန်တော်က ကျောင်းအားတာနဲ့ ငွေရှာရတယ်။ စာကျက်ဖို့ အချိန်တောင် ကောင်းကောင်း မပေးနိုင်ဘူး။ အဲဒီခေတ်က ကျွန်တော်တို့ ဆရာ ဆရာမတွေရဲ့ ကျေးဇူးကြီးတယ်။ သူတို့က စာသင်ခန်းထဲမှာတင် တတ်မြောက်အောင် သင်ကြားပေးခဲ့ကြတယ်။

သိပ်ဆင်းရဲလွန်းတော့ ကျွန်တော့်ဘဝကို ရှေ့ကနေ လမ်းကြောင်း ပြပေးမယ့်သူ မရှိဘူး။ သွန်သင် ဆုံးမမယ့်သူ တစ်ယောက်မှ မရှိဘူး။ တစ်ယောက်ယောက်က ဆုံးမပဲ့ပြင်တာ ရှိခဲ့ရင်တောင်မှ နာခံဖို့လည်း အချိန် မရှိခဲ့တာ။ ဘဝဆိုတာကို ကလေးဘဝကတည်းက အကျေအလည် နားလည်အောင် ကိုယ့်ဘာသာ သင်ယူတတ်မြောက်ခဲ့ရတာ။ ဒါပေမဲ့ ကျွန်တော် အခုအချိန်ထိ မကောင်းတဲ့အလုပ် မလုပ်ဖူးဘူး။ ဘဝကို သိပ်တန်ဖိုးထားတယ်။ တတ်စွမ်းသလောက် တိုင်းကျိုးပြည်ကျိုး လုပ်တယ်။ ရန်ကုန်မြို့မှာ ကိုယ်ပိုင် အိမ်ကလေး ပိုင်နေပြီ။ စီးပွားကိုသာ ဖိဖိစီးစီးရှာရင်လည်း အတိုင်းအတာ တစ်ခုအထိ ကြွယ်ဝချမ်းသာနိုင်တယ်။ အသက်ရလာတဲ့ အခုအချိန်မှာ ကျွန်တော်က ချမ်းသာဖို့ အလုပ်ကို စွန့်လွှတ်ပြီး လူ့ဘောင်အဖွဲ့အစည်း အကျိုးကိုပဲ ဦးစားပေးပြီး တတ်စွမ်းသလောက်လုပ်ဖို့ ရွေးချယ်လိုက်လို့သာ။
ငွေ မချမ်းသာပေမယ့် စိတ်ချမ်းသာတယ်။ ဘဝဟာ နေပျော်တယ်။ ကျွန်တော့်ကို ချစ်ခင် လေးစားသူတွေလည်း ရှိတယ်။ ကျွန်တော့်ဘဝက ပြည့်စုံတယ်။ ကျေနပ်စရာလည်း ကောင်းတယ်။ နောက်ဆုံး ထွက်သက်မှာ ကျေနပ်စိတ် အပြည့်ရှိနေဖို့ဟာ ဘဝကို ကောင်းမွန်စွာ နေထိုင်ပြီး အဆုံးသတ်နိုင်ရေး ရည်မှန်းချက် ဖြစ်ရမယ် ဆိုတာ နားလည်တယ်။ အဲဒီတော့ ငယ်ငယ်က ဒီလောက် မွဲတေစုတ်ပြတ်ခဲ့တဲ့၊ ဆုံးမပဲ့ပြင်မယ့်သူ တစ်ယောက်မှ မရှိခဲ့တဲ့ လူတစ်ယောက်ဟာ ပျက်စီးမသွားတဲ့အပြင် အောင်မြင်တဲ့ ဘဝကိုလည်း ပိုင်ဆိုင်နိုင်ခဲ့တာ၊ ကိုယ့်အကျိုးရော အများအကျိုးရော ထမ်းဆောင် သယ်ပိုးနိုင်တာ အံ့သြစရာလို့ မထင်ဘူးလား။ ဒီလို နိမ့်ကျလွန်းတဲ့ ဘဝက လူတစ်ယောက်ကို ဘယ်အရာကများ လမ်းလွဲမသွားအောင် ထိန်းကျောင်းပြီး လမ်းမှန်ပေါ်မှာ ရှိနေစေခဲ့သလဲ ဆိုတာ စိတ်ဝင်စားကြမှာပဲ။ လူတစ်ယောက်ဟာ ဆင်းရဲသည် ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေ၊ ဆုံးမပဲ့ပြင်မယ့်သူ ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘဝကို ခိုင်မာအောင် တည်ဆောက်နိုင်စေတဲ့ အရာကို တန်ဖိုးလည်း ထားကြမှာပါ။

ကျွန်တော် အခုလို ကိုယ့်ဘဝကို ကိုယ်ကျေနပ်နေအောင်၊ စိတ်ချမ်းသာပြီး ကိုယ်ကျန်းမာနေအောင် လိုချင်တယ်ဆိုရင် ရအောင် စွမ်းဆောင်နိုင်တဲ့ အနေအထား ရောက်အောင် ထိန်းကျောင်း တွန်းတင်ပေးခဲ့တဲ့ တစ်ခုတည်းသော အခြေခံ အကြောင်းတရားကတော့ စာဖတ်ခြင်းပါ။ ကျွန်တော်တို့ ငယ်ငယ် ကလေးဘဝက ရွှေသွေး၊ တေဇခေတ်ပါ။ ရွှေခေါင်းပြောင် စံရွှေမြင့် ခေတ်။ ကျွန်တော် ရှာလို့ရတဲ့ ပိုက်ဆံကို အမေ့ကို အားလုံး ပြန်ပေးပါတယ်။ အမေက မုန့်ဖိုးပြန်ပေးတဲ့ ဆယ်ပြားကို ကျစ်နေအောင် စုပါတယ်။ တစ်လ သုံးကျပ် ရပါတယ်။ တစ်ကျပ်ဖိုးထက် ပိုပြီး မုန့်မစားပါဘူး။ တစ်လကို နှစ်ကျပ်ဖိုးလောက် စာအုပ် စာစောင်ပဲ ဝယ်ပါတယ်။ ထင်းရှူးသေတ္တာ ပုံးလေးတွေနဲ့ စာအုပ်လေးတွေကို စုဆောင်းတယ်၊ ဖတ်ရှုတယ်။ စာဖတ်တဲ့ အလုပ်လောက် ဘာကိုမှ မက်မောတာ မရှိခဲ့ဘူး။ ခုနစ်တန်း ရှစ်တန်း အရွယ်မှာ မိုးဝေ၊ ရှုမဝ ဝယ်ဖတ်ပြီ။ စာပေအဆင့်အတန်း အရမ်းမြင့်တဲ့ မဂ္ဂဇင်းတွေ။ လုံးချင်းဝတ္ထုတွေ ဖတ်ပြီ။ ဆရာဇဝနရဲ့ ကောလိပ်ကျောင်းသားလို စာအုပ်တွေ၊ ဆရာကြီးရွှေဥဒေါင်းတို့ ရေးတဲ့ စာအုပ်တွေ။ ဆယ်တန်းဖြေပြီး ရန်ကုန်ရောက်တော့ စာဖတ်ဖို့ အခွင့်အလမ်းတွေ ပိုပွင့်သွားတော့တာပေါ့။ လမ်းဘေးမှာ ပုံရောင်းတဲ့ စာအုပ်မျိုးစုံကို မွှေနှောက် ဝယ်လို့ရတယ်။
နောက်ဆုံး နိုင်ငံရေးလုပ်လို့ ထောင်ထဲ ရောက်တော့လည်း ထောင်ထဲမှာ စာခိုးဖတ်တယ်။ ကျွန်တော်တို့ ထောင်ထဲ နေခဲ့တုန်းက စာဖတ်ခွင့် မရှိသေးဘူး။ ပြောရရင် ထောင်တွင်း စာဖတ်ခွင့်ကို ရုန်းကန်ရယူပေးခဲ့တဲ့ အထဲမှာလည်း ကျွန်တော် ပါခဲ့တယ်။ ကျွန်တော့်ကို မြစ်ကြီးနားထောင် ပို့ထားတာ။ အမှောင်ခန်းထဲ တစ်ယောက်တည်း တစ်နေကုန်။ ရေချိုးဖို့ကလွဲလို့ အပြင်ထွက်ခွင့် မရှိပါဘူး။ တစ်နေကုန် တစ်ခုခုမလုပ်ဘဲ နှစ်ပေါင်းများစွာ အခန်းထဲ ပိတ်ထားတာခံရရင် ဘယ်ဖြစ်မလဲ ခင်ဗျား စဉ်းစားကြည့်။ ထောင်ထဲမှာ တရားမထိုင်တဲ့၊ စာမဖတ်တဲ့၊ ကျန်းမာရေး လေ့ကျင့်ခန်း မလုပ်တဲ့ နိုင်ငံရေးသမားဟာ ဘယ်တော့မှ ထောင်ကနေ အကောင်းပကတိ မထွက်နိုင်ဘူး။တစ်ခုခုဖြစ်ဖြစ် အားလုံးဖြစ်ဖြစ် လုပ်ရတယ်။ ကျွန်တော်က မိရိုးဖလာ ဗုဒ္ဓဘာသာ။ တရားထိုင်လို့ ဉာဏ်ရတာ စိတ်တန်ဖိုးတက်တာ ထောင်မကျခင်အထိ ယုံတယ်လည်းမဟုတ် မယုံဘူးလည်းမဟုတ်။ ဘုရားသွား ကျောင်းတက်လည်း လုပ်ခဲတယ်။ ဒါပေမဲ့ ထောင်ထဲရောက်တော့ ဆရာတော် ဦးဇောတိကရေးတဲ့ စာအုပ်လေး တစ်အုပ် ဖတ်ရတယ်။ ထောင်ထဲမှာ ဘာသာရေး စာအုပ်တစ်မျိုးပဲ တရားဝင် ဖတ်လို့ရတဲ့ခေတ်။ အရှုပ်ထဲမှာ ရှင်းအောင်နေ ဆိုတဲ့ စာအုပ်လေး။ ဒီစာအုပ်လေးကြောင့် ကျွန်တော့် ထောင်တွင်းဘဝ ပြောင်းသွားတယ်။
လူပဲ ထောင်ကျတော့တယ်။ စိတ်က လွတ်လပ်သွားပြီ။ တရားထိုင်နည်းကို အလွယ်ဆုံး အရှင်းဆုံး သင်ပေးတဲ့ စာအုပ်လေးပါ။ ဆရာတော်ရဲ့ ကျေးဇူးကို တိုင်းတာပြလို့တောင် မရဘူး။ ကျွန်တော် ထောင်ကျနေလို့ စိတ်မဆင်းရဲတော့တဲ့အပြင် ကိုယ်ကိုးကွယ် ယုံကြည်တဲ့ ဘာသာတရားရဲ့ အနှစ်သာရကိုပါ ရခဲ့တယ်။ သိခဲ့တယ်။ တခြား ကျွန်တော် ထောင်ထဲမှာ ဖတ်ခဲ့တဲ့ စာအုပ်တွေ အကြောင်းတော့ ပြောပြမနေတော့ဘူး။ အများကြီးပဲ။ တိုင်းမဂ္ဂဇင်းကနေစပြီး ဟောင်ကောင်ကို နောက်ဆုံး အုပ်ချုပ်သွားတဲ့ British Governer က ဟောင်ကောင်အကြောင်း ရေးထားတဲ့ စာအုပ် အထူကြီးအဆုံး အများကြီး။
နောက်ဆုံး စာဖတ်ဝါသနာက ကျွန်တော့်ဘဝကို အကြီးမားဆုံး ထောက်ပံ့ခဲ့တယ် ဆိုတာ အသေအချာ သိခဲ့တယ်။ အခုလူငယ်တွေ စာကောင်းဖတ်ခွင့် ဆုံးရှုံးနေပြီ။ ဆုံးရှုံးနေပြီ ဆိုတာက သူတို့ကို တခြားအာရုံတွေက ဖြားယောင်းတာ ခံနေရပြီး စာကောင်းပေမွန်လည်း ရှားပါးသလောက် ဖြစ်လာနေပြီ။ ဒါဟာ လူငယ်တွေ အတွက်ရော လူ့အဖွဲ့အစည်း အတွက်ရော အကြီးမားဆုံး အန္တရာယ်ပါ။ ပေါ့ပေါ့ မဟုတ်ဘူး။ ကျွန်တော်တို့ နည်းလမ်းတွေ ရှာသင့်ပြီ။ ဖြေရှင်းသင့်ပြီ။ ရသစာပေလည်း ရှားလာသလို တကယ်တမ်း ခေတ်စနစ်အသစ် ထူထောင်ကြတော့ လူငယ်တွေ မဖြစ်မနေဖတ်ဖို့ သုတစာပေလည်း မရှိသလောက် ရှားနေပြီ။ ကျွန်တော်တို့ ထူထောင်နေတဲ့ လူ့ဘောင်သစ် (ဒီမိုကရေစီစနစ်) ဟာ အနာဂတ်မှာ လူငယ်တွေ လက်ထဲရောက်မှာ။ ကျွန်တော်တို့သေရင် သူတို့ လူကြီး လုပ်ကြမယ်။ စာပေ လေ့လာဖတ်ရှုတဲ့ဓလေ့ ဆိတ်သုဉ်းစ ခေတ်မှာ ကြီးပြင်းတဲ့ လူငယ်တွေရဲ့ အနာဂတ် ဘယ်လောက် ခိုင်မာမလဲ။ ကျွန်တော်တော့ မတွေးရဲဘူး။ အခု လူငယ်တွေဟာ စာဖတ်ခွင့်တွင် ဆုံးရှုံးတာ မဟုတ်ဘူး။
သူတို့ အချိန်တွေလည်း တန်ဖိုး ပျောက်ဆုံးနေပြီ။ အင်တာနက်နဲ့ ဂိမ်းဆိုင်မှာ အချိန်ကုန်တာ ရှိတယ်။ မိဘတွေ လောဘကြီးလို့ ကျောင်းစာနဲ့ပဲ လုံးထွေးနေကြရတော့ အပြင်စာဖတ်ခွင့် ဆုံးရှုံးကုန်တာ ရှိတယ်။ မိဘတွေကလည်း သားသမီးတွေရဲ့ ဘဝကို ဆယ်တန်းနဲ့ ညီမျှခြင်း ချတယ်။ ဆယ်တန်းမှ အမှတ်ကောင်းကောင်းနဲ့ မအောင်ရင် ဘဝဆုံးတော့မယ့် အတိုင်းပဲ။ လွဲနေပြီ။ သားသမီးတွေကို စာကျက်ဖို့က လွဲလို့ တခြားအချိန်၊ အခွင့်အရေး လုံးဝ မပေးကြတော့ဘူး။
ဒီတော့ လူငယ်တွေရဲ့ ကိုယ်ပိုင်အနာဂတ်ရော တိုင်းပြည်ရဲ့ အနာဂတ်ပါ အန္တရာယ် ရှိနေပြီ။ စာမဖတ်ရင် ဘဝရဲ့အဓိပ္ပာယ်၊ လောကရဲ့ အဓိပ္ပာယ်ကို မသိနိုင်ဘူး။ ဘယ်သူမှ အောင်မြင်မှု အစစ်မရနိုင်ဘူး။ ငွေနဲ့ ဘဝအောင်မြင်မှု ညီမျှခြင်း ချလို့မရဘူး။ လူ့အဖွဲ့အစည်းမှာ စာဖတ်ခွင့် ဆုံးရှုံးရင်၊ သုတ၊ ရသစာပေတွေ ပျောက်ဆုံးရင် သေချာပေါက် အဲဒီလူ့ဘောင်နဲ့ မှီခိုနေတဲ့ လူတွေရဲ့ အနာဂတ် ပျောက်ဆုံးတယ်။ ကျွန်တော်တို့ Action ယူသင့်ပြီ။ လုပ်နိုင်တာ လုပ်ကြရတော့မယ်။ ရေစုံမျှောထားလို့ မရတော့ဘူး။ စာဖတ်ရင် စိတ်ချမ်းသာနည်း သိမယ်။ ဘဝရဲ့ အဓိပ္ပာယ်ကို ခံစားနိုင်မယ်။ ကိုယ်ကျင့်တရား တန်ဖိုးတွေ မြင့်လာမယ်။ စိတ်ကောင်း ရှိချင်တဲ့လူတွေ တိုးလာမယ်။ စိတ်ယုတ်မာတဲ့ သူတွေ နည်းလာမယ်။ စာမဖတ်ရင်၊ စာဖတ်ခွင့် မရရင်တော့ အဲဒါတွေနဲ့ ပြောင်းပြန်ဖြစ်မှာပဲ။ ဘဝတွေ ဆုံးရှုံးမယ်။ အနာဂတ်တွေလည်း ပျောက်ဆုံးမှာ ဖြစ်ပါကြောင်း။
ပိုက်တင်
Credit To The Voice Weekly
Read More »

မဟာဗျူဟာပုစ္ဆာများနှင့် စဉ်းစားမိသည်များကျော်ဝင်း

  • ပုစ္ဆာငါးရပ်


“ခုတစ်လော ခင်ဗျားကို သဲကြီးမဲကြီး ပြန်ဆော်နေကြပြန်ပြီနော် …။”
သတင်းစာ၊ ဂျာနယ်များတွင် ခပ်စိပ်စိပ် တွေ့လာရသော၊ အရေးအသားတွေနှင့် ပတ်သက်ပြီး မိတ်ဆွေတစ်ယောက်၏ မှတ်ချက် ဖြစ်ပါသည်။ စာရေးသူဘာမှ ပြန်မဖြေခဲ့ပါ။ သူ့စကား အသုံးအနှုန်းတိကျပုံ ကိုတော့ သဘောကျသွားသည်။ အထူးသဖြင့် “ခုတစ်လော” ဆိုသည်နှင့် “ပြန်”ဆိုသော ကြိယာဝိသေသနများ …။ ဟုတ်သည်ကော …။ စာရေးသူအနေနှင့် ဝေဖန်ရေး အမည်ခံ အပုပ်ချပွဲများနှင့် ကြုံရသည်မှာ တစ်ကြိမ်မှ မကတော့ဘဲ …။
ပြောရလျှင် ၂၀၁၀ ရွေးကောက်ပွဲ အကြိုကာလက တစ်ကြိမ်။ “ရွေးကောက်ပွဲ ဝင်ဖို့ စဉ်းစားသင့်တယ်” ဆိုသော စာရေးသူအမြင်ကို ဝိုင်းတွယ်ကြသည်။ အခုလည်း “အခြေခံဥပဒေ အသစ်ရေးတာထက်၊ ပြင်ရေးက လက်တွေ့ကျမယ်၊ တပ်မတော်ရဲ့ ၂၅ ရာခိုင်နှုန်း ပါဝင်မှုကို အဆောတလျင် မကိုင်သင့်” ဆိုသော သဘောထားများကို ခပ်ပြင်းပြင်း သမနေကြသည်။ ရှိစေ …။ စာရေးသူ အနေနှင့်တော့ အရေထူနေပါပြီ။ ပျင်းတောင်ပျင်းသေးတယ်ပေါ့။
စာရေးသူအပေါ် ဆွမ်းကြီးလောင်းကြသူ များကို ယေဘုယျအုပ်စု နှစ်ခုခွဲကြည့်ပါသည်။ ပထမအုပ်စုမှာ “ခါတော်မီ သူရဲကောင်းများ”။ “မူ” သဘော ဟုတ်ဟုတ်ညားညားမပါ။ ပုဂ္ဂိုလ်ရေး ဆဲရေးတိုင်းထွာမှု သက်သက် ဖြစ်၍ စာရေးသူဘက်မှ တုံ့ပြန်စရာမလိုဟု ခံယူထားသည်။ ဒုတိယအုပ်စု ကတော့ ပိုအရေးကြီးသည်။ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု မကင်းသည့်တိုင် အိုင်ဒီအိုလိုဂျီ အခံများပါသည်။ သူတို့က စာရေးသူ၏ မဟာဗျူဟာအမြင်များ ကို ချေဖျက်ဖို့ ကြိုးစားကြသည့် သဘော ရှိသည်။ တစ်ခါက စာရေးသူ၏ မိတ်ဟောင်းဆွေဟောင်း (ဆိုကြပါစို့) ရဲဘော်ဟောင်းတွေ ဖြစ်ပါသည်။ “အုပ်စုအစွဲ” (Group Psychology) ဖြင့် “သစ္စာဖောက်သုတ်သင်ရေး” လုပ်ကြသည်လည်း ဖြစ်နိုင်သည်။ မည်သို့ပင်ရှိစေ၊ မဟာဗျူဟာ သဘောဆောင်၍ စာရေးသူဘက်က တစ်စုံတစ်ရာ ပြန်ပြောဖို့ လိုမည်ထင်သည်။ သူတို့အတွက်ကား မဟုတ်။ စာဖတ်သူများအတွက် ဖြစ်သည်။

စာရေးသူ စဉ်းစားမိသမျှ မြန်မာ့နိုင်ငံရေးနှင့် ပတ်သက်သော မဟာဗျူဟာ ပုစ္ဆာငါးရပ်ကို ဦးစွာဖော်ပြပါမည်။
၁။ လက်နက်ကိုင် တိုက်ပွဲလော …၊ ဥပဒေတွင်း နိုင်ငံရေးလော ..။
၂။ အထက်မှလာသော အပြောင်းအလဲလော …၊ အောက်မှလာသော အပြောင်းအလဲလော …။
၃။ ရန်ဘက်နိုင်ငံရေးလော …၊ မိတ်ဖက်နိုင်ငံရေးလော …။
၎။ ထိပ်တိုက် ရင်ဆိုင်ရေးလော …၊ ညှိနှိုင်းအဖြေ ရှာရေးလော …။
၅။ ရှော့ခ်ရိုက်ကုထုံးလော …၊ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရေးလော …။
အဆိုပါ ပုစ္ဆာငါးရပ်နှင့် ပတ်သက်ပြီး စာရေးသူ၏ သဘောထား (ပို၍ တိတိကျကျ ဆိုရလျှင် “အမြင်အရွေ့”) ကို ဆက်လက်ဖော်ပြသွားပါမည်။

  • ၁။ လက်နက်ကိုင်တိုက်ပွဲလော၊ ဥပဒေတွင်း နိုင်ငံရေးလော …။
စစ်ကြိုခေတ်နှင့် စစ်ပြီးခေတ် နိုင်ငံတကာ ကွန်မြူနစ်လှုပ်ရှားမှုတွင် မဟာဗျူဟာ လမ်းကြောင်းနှစ်ရပ် ပေါ်ထွက်လာသည်။ “ဘရောက်ဒါဝါဒ” နှင့် “ဇဒါးနော့လမ်းစဉ်”။ “ဘရောက်ဒါဝါဒ” က “ငြိမ်းချမ်းစွာ ကူးပြောင်းရေး”ကို ညွန်းသည်။ “ဇဒါးနော့လမ်းစဉ်”က “ပြည်တွင်းစစ်ပေါ်လစီ” ကို ခင်းပြသည်။ မြန်မာကွန်မြူနစ်များက “ဇဒါးနော့လမ်းစဉ်” ကို ရွေးခဲ့ကြသည်။ သို့ဖြင့် လွတ်လပ်ရေးသက်တမ်း သုံးလမှ မပြည့်တတ်သေးမီ၊ ဗမာပြည်ကွန်မြူနစ်ပါတီက “စစ်အနိုင်တိုက်ရေး၊ အာဏာသိမ်းရေး” (၄၈ လမ်းစဉ်) ဖြင့် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့သည်။ ဒါကို ဖဆပလအစိုးရက “အပြုတ်တိုက်ရေး” ဖြင့် တုံ့ပြန်သည်။ အကျိုးဆက်ကား နုနယ်သောဒီမိုကရေစီ ဇီဝိန်ချုပ် ခဲ့ရသည်။ တိုင်းပြည် စုတ်ပြတ်သွားခဲ့သည်။
စာရေးသူ လူဖြစ်ကြီးပြင်းသော အချိန်တွင် ပါလီမန်မရှိတော့၊ ဈေးကွက်မရှိတော့၊ ဒီမိုကရေစီ မရှိတော့၊ ဥပဒေတွင်းနိုင်ငံရေးပင် မရှိတော့။ လက်နက်ကိုင် တိုက်ပွဲသည်သာ တစ်ခုတည်းသော ထွက်ရပ်လမ်းလို ဖြစ်နေသည်။ သည်လိုနှင့် တောနှင့်တောင်သို့ ရောက်သွားသည်။ “ဘဝ၏ ထေ့ငေါ့သရော်ချင်စရာ” ဟု ဆိုရမည်လားမသိ။ ကွန်မြူနစ်ပါတီ အလံတော်အောက် ရောက်တော့မှ ကွန်မြူနစ်ဝါဒကို သံသယဖြင့် ကြည့်မြင်လာသည်။ လက်နက်ကိုင် တိုက်ပွဲ၏ ဘေးထွက်ဆိုးကျိုးများကို ဒုတ်ဒုတ်ထိ သိလာသည်။
မော်စီတုန်း၏ “ရေရှည်စစ်” ကို “ဒုတိယအတွေး” ဖြင့် အကြိမ်ကြိမ် ဖတ်ဖြစ်သည်။ သူတို့ခေတ် သူတို့အခါ (စစ်ကြိုခေတ်) သူတို့အခြေအနေ (အစိတ်စိတ်အမွှာမွှာ ပြိုကွဲနေသော တရုတ်ပြည်)တွင် “ရေရှည်စစ်” မှာ အလုပ်ဖြစ်ခဲ့ပါလိမ့်မည်။ မြန်မာနိုင်ငံတွင်ကား အလုပ်မဖြစ်။ ဆန့်ကျင်ဘက် အကျိုးဆက် တွေနှင့်သာ ကြုံခဲ့ရသည်။ ပြည်တွင်းစစ်ကို အကြောင်းခံ၍ “စစ်ဘောင်” ကျယ်လာရာမှ နောက်ဆုံး “စစ်ဝါဒ” အမြစ်တွယ်လာခြင်း။ စာရေးသူအနေနှင့် “လက်နက်ကိုင်တော်လှန်ရေး” ဆိုသည်ကို ဘယ်လိုမှ ယုံကြည်လို့မရတော့ပါ။

  • ၂။ အထက်မှလာသော အပြောင်းအလဲလော၊ အောက်မှလာသော အပြောင်းအလဲလော …။
ယနေ့ မျက်မှောက်ပြုနေရသော နိုင်ငံရေးအရွေ့ကို စာရေးသူက “အထက်မှလာသော အပြောင်းအလဲ” (Top Down Change) သက်သက် ဟုလည်းမမြင်၊ “အောက်မှလာသော အပြောင်းအလဲ” (Buttom up Change) သက်သက်ဟုလည်းမထင်၊ “အထက်နှင့်အောက် ပူးတွဲလာသော အပြောင်းအလဲ” အဖြစ် သဘောယူပါသည်။
လက်ရှိအပြောင်းအလဲကို စတင်ဖွင့်လှစ်ခဲ့သော “ရှစ်လေးလုံး အရေးတော်ပုံ” ကြီးမှာ “အောက်မှလာသော အရွေ့” ဟု ဆိုနိုင်ပါလိမ့်မည်။ ဘယ်သူ့ ပယောဂမှမပါ၊ လူထုကိုယ်တိုင်က မခံမရပ်နိုင်တော့၍ ပေါက်ကွဲ ပေါ်ထွက်လာသော လူထုလှုပ်ရှားမှုဟု မြင်သည်။ “အလိုလို ဖြစ်ပေါ်လာသော လှုပ်ရှားမှု (Spontaneus Movement) ဖြစ်သည်။ ဤသို့သော “အောက်မှလာသော အရွေ့” ဖြင့် ဒီမိုကရေစီလမ်း ပွင့်သွားသည်များ ရှိသလောက် ရှိပါသည်။ သို့တစေ သူ့အကြောင်းနှင့်သူ ဖြစ်သည်။ ဥပမာ- ဖိလစ်ပိုင်ဆိုလျှင် ပြည်တွင်းပြည်ပ ထူးခြားချက်များ ရှိသည်။ ပြည်တွင်းတွင် “ရားမို့(စ်)ဖက်တာ” နှင့် ပြည်ပတွင် နိုင်ငံတကာမိသားစု (အထူးသဖြင့် အမေရိက) ၏ ထိရောက်သော အားများ မားကို့စ်အစိုးရအပေါ် ရှိသည်။ မြန်မာနိုင်ငံတွင် ဤနှစ်ခုလုံးမရှိ။ သို့နှင့်အမျှ People’s Power ဖြစ်မလာဘဲ People’s Funeral နှင့်သာ ကြုံခဲ့ရသည်။
အရှေ့ဥရောပ “ကတ္တီပါတော်လှန်ရေး” တွင်လည်း လမ်းပေါ်နိုင်ငံရေး” မှ “စားပွဲဝိုင်း နိုင်ငံရေး” သို့ ရွှေ့ပြောင်းနိုင်သော အားသာချက် ရှိသည်။ မြန်မာ့ရှစ်လေးလုံးတွင် ဤအားသာချက် မရှိ။ ဤအတွက် ပထမပိုင်း (ဦးစိန်လွင်လက်ထက်) တွင် အစိုးရမှာ တာဝန်ရှိသည်။ နောက်ပိုင်း (ဒေါက်တာမောင်မောင် လက်ထက်) တွင်ကား အတိုက်အခံဘက်မှာပါ အားနည်းချက်များ ရှိသည်ဟု ထင်သည်။ ဆိုရလျှင် “စေ့စပ်ညှိနှိုင်း အဖြေရှာတတ်သော ဒီမိုကရက်တစ် ဓလေ့” နှစ်ဖက်လုံးတွင် အားနည်းသည်ဟု ဆိုရပါလိမ့်မည်။
၂၀၁၀ ရွေးကောက်ပွဲသည်ကား ပါမောက္ခရှမစ်ထာ ညွှန်းသော “သတ်မှတ်ပြဋ္ဌာန်းပြီး အပြောင်းအလဲ” (Imposed Transition) သဘော ဖြစ်သည်။ ယခင် တပ်မတော်အစိုးရ ကိုယ်တိုင် စတင်လမ်းဖွင့်ပေး လိုက်သော “အထက်မှလာသည့် အပြောင်းအလဲပုံစံ” ဖြစ်သည်။ “ရှစ်လေးလုံး အရေးအခင်း”၊ “ရွှေဝါရောင်အရေးအခင်း” များမှ အတွေ့အကြုံများကို သင်ခန်းစာ ယူပြီး “ပြေလည်ရေးလမ်းစ” ကို ဖော်ထုတ်လိုက်သည် ဖြစ်၍ ထိုစဉ်က နိုင်ငံတော်အကြီးအကဲ၏ အမြော်အမြင်ကို အသိအမှတ် ပြုရပါလိမ့်မည်။
အဆိုပါ ၂၀၁၀ ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် အင်အားစုအချို့ ပါဝင်လာပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါ ပါဝင်လာရာ “အထက်နှင့်အောက် ပူးတွဲလာသော အပြောင်းအလဲ” ဖြစ်သွားသည်ဟု မြင်သည်။ “ငါတို့ကိုကြောက်လို့ လျှော့ပေးလာတာ” ဆိုသော တလွဲမာနဖြင့် အလုပ်မဖြစ်နိုင်ဟု သဘောရပါသည်။ “How we got here” ဆိုသည်ကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်လျှင် “How we proceed” တွင် ပြဿနာရှိပါလိမ့်မည်။

  • ၃။ ရန်ဘက်နိုင်ငံရေးလော …၊ မိတ်ဖက်နိုင်ငံရေးလော …
လွတ်လပ်ရေး ရပြီးကတည်းက မြန်မာနိုင်ငံရေးမှာ “ဆန့်ကျင်ဘက် အချင်းချင်း အပြန်အလှန် ဖယ်ထုတ်ဖို့ ကြိုးစားကြသော ချသမိုင်းကြီး” ဟု ဆိုရမလိုရှိသည်။ တိုင်းပြည်မျက်နှာ ထောက်ပြီး ဤချသမိုင်းကြီးကို ရပ်တန်းက ရပ်ကြဖို့ အချိန်တန်ပြီ ထင်ပါသည်။ ကွယ်လွန်သူ ဆရာကြီးဒဂုန်တာရာ တဖွဖွ ပြောသွားခဲ့သော “ရန်သူမရှိ၊ မိတ်ဆွေသာရှိ၊ မုန်းသူမရှိ ချစ်သူသာရှိ” ဆိုသော နိုင်ငံရေးမှာ အဆိုပါ ချသမိုင်းကြီးကို သင်ခန်းစာထုတ်ယူရာမှ ပေါ်ထွက်လာသော “မဟာဗျူဟာမြောက်အဖြေ” ဟု သဘောရပါသည်။ ဆရာ ဆက်လက်ပြောကြားခဲ့သော “နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေ ဖြစ်အောင်လုပ်ရတာ၊ မုန်းသူကို ချစ်သူဖြစ်အောင် လုပ်ရတာ” ဆိုသည့် စကားမှာလည်း ဆိုခဲ့ပါမဟာဗျူဟာကို လက်တွေ့ အကောင်အထည် ဖော်ရမည့် နည်းဗျူဟာဟု မြင်ပါသည်။
သို့နှင့်အမျှ စာရေးသူအနေနှင့် ရန်သူတွေ၊ မိတ်ဆွေတွေ ခွဲကြည့်မနေ တော့ပါ။ Anti တွေ Pro တွေမရှိတော့ပါ။ တပ်မတော်အပါအဝင် အားလုံးကို အမျိုးသားရေး အင်အားစုအဖြစ်သာ သဘော ယူပါတော့သည်။ ယနေ့ နိုင်ငံရေးမှာလည်း အပြန်အလှန် ဖယ်ထုတ်ကြမည့် ရန်ဘက်နိုင်ငံရေး မဟုတ်။ အပြန်အလှန် ညှိနှိုင်းအဖြေရှာကြရမည့် မိတ်ဖက်နိုင်ငံရေး ဟူ၍သာ ခံယူထားပါသည်။

  • ၄။ ထိတ်တိုက် ရင်ဆိုင်ရေးလော …၊ ညှိနှိုင်း အဖြေရှာရေးလော …
လက်ရှိ မြန်မာဒီမိုကရေစီ အပြောင်းအလဲမှာ သွေးတူမွေးတူ တစ်စုတစ်ဖွဲ့ တစ်ပါတီတည်း၊ ထီးထီးကြီး မောင်းနေသည့် ဖြစ်စဉ်မဟုတ်ပါ။ ယခင် အစိုးရခေါင်းဆောင် တွေလည်း ပါသည်။ တပ်မတော်လည်း ပါသည်။ လူမျိုးစု အဖွဲ့အစည်းတွေလည်း ပါသည်။ “ဒီမိုကရက်တစ် အင်အားစု” ဆိုသော ခေါင်းစဉ်အောက်မှာပင် ပါတီတွေ အမျိုးမျိုး ရှိနေသည်။ ဆိုရလျှင် သဘောသဘာဝ မတူသော၊ အစစအရာရာ ထပ်တူမကျနိုင်သော ပဒေသာစုံ အင်အားစုများ ဝိုင်းတွန်းကြရမည့် အရွေ့မျိုး ဖြစ်ပါသည်။
ဤအခင်းအကျင်းတွင် သဘောထားအမြင်ချင်း မတူကြသည်မှာ သဘာဝကျပါသည်။ သို့နှင့်တိုင် မတူတိုင်း ရန်ဖြစ်နေကြလျှင် ဘယ်လိုမှ ရှေ့သို့ရောက်နိုင် မည်မဟုတ်။ အဆင်မသင့်ပါက နောက်ပြန် ဆုတ်သွားစရာပင် ရှိသည်။ “ဘုံတူညီချက်” (Common Ground) တစ်ခုတွင် ခြေမြဲလက်မြဲ ရပ်ပြီး မတူခြားနားသည် များကို ညှိနှိုင်းအဖြေရှာ အပြန်အလှန် အလျှော့ပေးကြဖို့ လိုပါလိမ့်မည်။ ထိပ်တိုက်ရင်ဆိုင်ရေး မဟုတ်၊ ညှိနှိုင်း အဖြေရှာရေးသာ ဖြစ်ရပါလိမ့်မည်။

အားလုံးကို “အမျိုးသားရေးအင်အားစု” ဟု သဘောထားနိုင်လျှင် ဤအတိုင်း အသေအချာ ဖြစ်နိုင်ပါသည်။ နာကြည်းစရာ အတိတ်ကအမှား များကို Blame Game ဖြင့် မတုံ့ပြန်ဘဲ သင်ခန်းစာ ယူကြခြင်းဖြင့်သာ သမိုင်းကို ချဉ်းကပ်ဖို့တော့ လိုပါလိမ့်မည်။ ယနေ့ လူပြောများလှသော
“အမျိုးသား ပြန်လည်သင့်မြတ်ရေး” ဆိုသည်ကို ထိပ်တိုက်ရင်ဆိုင်ခြင်းဖြင့် မရနိုင်။ ညှိနှိုင်းအဖြေရှာ အလျှော့ပေး စေ့စပ်နည်းဖြင့်သာ ရနိုင်စရာ ရှိပါသည်။

  • ၅။ ရှော့ခ်ရိုက်ကုထုံးလော …၊ တဖြည်းဖြည်း ပြုပြင်ပြောင်းလဲရေးလော …

လက်တွေ့ကျသော မဟာဗျူဟာတစ်ရပ် ဖော်ထုတ်ဖို့ဆိုလျှင် “နှုန်းစံ” များဖြင့် အစပြုလို့မရပါ။ သက်ဆိုင်ရာ လူ့အဖွဲ့အစည်း၏ “ပကတိအရှိ” က အစပြုဖို့ လိုလိမ့်မည်ဟု ဆင်ခြင်မိပါသည်။ စာရေးသူ “ဆဝါး” မိသလောက် မြန်မာ့လူ့အဖွဲ့အစည်း၏ ပကတိအရှိကို ဖော်ပြရလျှင် -
(က) မြန်မာနိုင်ငံမှာ အနှစ် (၆၀) ကျော်ကြာ၊ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်နှင့် ယခုထက်တိုင် ရင်ဆိုင်နေရဆဲ ရှိသည်။
(ခ) ဒီမိုကရေစီ နိုင်ငံရေးစနစ်၊ ဈေးကွက်စီးပွားရေးစနစ် တို့နှင့် အဆက်ပြတ် သွားခဲ့သည်မှာလည်း နှစ်ပေါင်း ၅၀ နီးပါး ရှိပြီဖြစ်သည်။
(ဂ) မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးမှုအဆင့်နှင့် ပညာရေးရေချိန်မှာ ဆိုးဆိုးဝါးဝါး နိမ့်ပါးနေသည်။
(ဃ) မြန်မာစာပေလောကမှာ နဂါးနီခေတ်လောက်မှစ၍ ယနေ့အထိ လက်ဝဲစာပေသာ တစ်ဖက်သတ် လွှမ်းမိုးထားခဲ့ရာ နိုင်ငံတကာ ဒီမိုကရက်တစ် စာပေများနှင့် ထိတွေ့မှု လွန်စွာမှပင် အားနည်းသည်။
(င) ဆိုခဲ့ပါ အချက်များကြောင့် မြန်မာလူထုသာမက မြန်မာနိုင်ငံရေး ပလေယာများ၏ ဒီမိုကရက်တစ် အသိရေချိန်မှာ လက်ရှိအပြောင်းအလဲက တောင်းဆိုနေသည်နှင့် များစွာ အဟပ်ကွာနေဆဲ ရှိသည်။
(စ) နိုင်ငံတည်ဆောက်ရေး အတွက် အရေးကြီးသော ဗျူရိုကရေစီ နှင့် ဒီမိုကရက်တစ် အင်စတီကျူးရှင်း များမှာလည်း ၁၉၆၂ နောက်ပိုင်းမှစ၍ တစ်စတစ်စ ပြိုကျသွားခဲ့ရာ အခုမှ အသစ်ပြန်စရမည့် အခြေအနေရှိသည်။
ဤသို့သော ပကတိအရှိ များကြောင့် မြန်မာ့ဒီမိုကရေစီ အပြောင်းအလဲ မှာ မည်မျှပင် ဆန္ဒရှိသည်ဖြစ်စေ၊ မြန်မြန်ဆန်ဆန် အောင်မြင် ပြီးမြောက်နိုင်ဖွယ်ရာ မရှိ။ စိတ်ရှည်လက်ရှည်နှင့် တဖြည်းဖြည်း ပြုပြင် ပြောင်းလဲရမည့် သဘောရှိသည်။ ဤအနေအထားတွင် စိတ်မရှည်ဘဲ “ရှော့ခ်ရိုက်ကုထုံး” သုံးလိုက်လျှင် အကျိုးထက် အဆိုးက များပါလိမ့်မည်။ လက်ရှိအပြောင်းအလဲ ကိုပင် ကတိမ်းကပါး ဖြစ်သွားနိုင်စရာ ရှိသည်ဟု မြင်သည်။

  • လိပ်ပြာသန့်စိတ်
စာရေးသူရေးသမျှ၊ ပြောသမျှမှာ ဆိုခဲ့ပြီးသော မဟာဗျူဟာ စဉ်းစားချက်များ အပေါ် အခြေခံပါသည်။ စာရေးသူတစ်ခါက သက်ဝင်ယုံကြည်သည် များနှင့်မူ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါလိမ့်မည်။ မတတ်နိုင် …။ စာရေးသူဘက်ကတော့ လိပ်ပြာသန့်သည်။
ပြောရလျှင် ဆယ်ကျော်သက်အရွယ် မရှိတရှိကပင် စာအုပ်တွေမှ တစ်ဆင့် မတ်စ်ဝါဒကို စိတ်ဝင်စားခဲ့သည်။ လက်လှမ်းမီသလောက် ဖတ်ခဲ့ မှတ်ခဲ့သည်။ ကိုယ်တွေ့မဟုတ်၊ စာတွေ့နှင့်ပင် ကွန်မြူနစ်ဝါဒကို သက်ဝင် ယုံကြည်လာသည်။ သို့တိုင်အောင် လူကိုလူလို ဆက်ဆံမခံရသော ပတ်ဝန်းကျင်၊ ရှင်းရှင်းဆိုရလျှင် နံရံတံတိုင်းများကြားသို့ ရောက်သွားသောအခါ “လူ့အခွင့်အရေး ဆိုတာ ဓနရှင်တွေရဲ့ လိမ်လည်ချက်တစ်ရပ်” ဆိုသော လီနင်၏စကားကို ဇွတ်မှိတ် ယုံမရတော့။ တောနှင့်တောင်သို့ ရောက်သွားသော အခါတွင်လည်း လက်နက်ကိုင်တော်လှန်ရေး ဆိုသည်တွင် ပူးဝင်နေသော “စစ်ဝါဒတစ္ဆေ” ကိုတွေ့တော့ စဉ်းစားစရာတွေ ရှိလာသည်။ ထို့ထက် ဆိုဗီယက်ယူနီယံ ပြိုကျ၊ တရုတ်ပြည်ကြီး အသွေးအရောင်ပြောင်း၊ ဒီမိုကရေစီ လှိုင်းလုံးများနှင့် ကြုံလိုက်ရသောအခါ အရမ်းအကန်း ဇွတ်မှိတ် ယုံကြည်နေလို့ မရတော့။ ကမ္ဘာကြီး၏ သမိုင်းဆိုင်ရာ လိုအပ်ချက်မှာ ကွန်မြူနစ်၊ ဆိုရှယ်လစ်ဝါဒမဟုတ်၊ စီမံကိန်းစီးပွားရေး မဟုတ်၊ ဒီမိုကရေစီ နှင့် ဈေးကွက်သာ ဖြစ်သည်ကို စာတွေ့မက၊ ကိုယ်တွေ့ဆင်ခြင်မိသည်။
အမှန်စင်စစ် ကွန်မြူနစ် အိုင်ဒီအိုလိုဂျီနှင့် ဒီမိုကရေစီမှာ ဘာမှမဆိုင်ပါ။ ဆန့်ကျင်ဘက်ဟူ၍ပင် ဆိုနိုင်စရာရှိသည်။ ကွန်မြူနစ်က လူကို အခြေမခံ၊ လူတန်းစားကို အခြေခံသည်။ သို့အတွက် လူ့အခွင့်အရေးကို အလေးမထား၊ လူတန်းစားဒီမိုကရေစီ ကိုသာ ယုံသည်။ ပစ္စည်းမဲ့အာဏာရှင် စနစ် (သို့မဟုတ် ပြည်သူ့ဒီမိုကရေစီ အာဏာရှင်စနစ်) ဖြင့် လူတန်းစားမဲ့ လူ့ဘောင်ဆိုသည်ကို အန္တိမရည်မှန်းချက် ထားပါသည်။ စီးပွားရေး တွင်လည်း ဈေးကွက်ကို လက်ခံသည်မဟုတ်။ လွတ်လပ်စွာ ယှဉ်ပြိုင်မှုကို လွတ်လပ်စွာ သွေးစုတ်ခွင့်ဟု အဓိပ္ပာယ်ဖွင့်သည်။ လူ့အခွင့်အရေးကို အလေးထားသော ပါလီမန်ဒီမိုကရေစီကို ယုံကြည်သော၊ ဈေးကွက်ကို အားပြုသော၊ ဒီမိုကရေစီ နှင့် ဘယ်လိုမှ မတူနိုင်ပါ။
အရှေ့ကို မျက်နှာမူလိုလျှင် အနောက်ကို ကျောခိုင်းရမည်သာ ဖြစ်ပါသည်။ တစ်ချိန်တည်း၊ တစ်ပြိုင်တည်း၊ ဒီမိုကရေစီ ချန်ပီယံလည်း လုပ်ချင်၊ ကွန်မြူနစ်စွဲမြဲသူလည်း ဖြစ်ချင်လို့မရ၊ ဤသို့ဆိုလျှင် နှစ်ခုလုံးကို နားမလည်ရာ ရောက်သည်။ နားလည်သည် ဆိုလျှင်လည်း မရိုးသားမှုသာ ဖြစ်လိမ့်မည်။ စာရေးသူတော့ လိပ်ပြာသန့်သန့်ဖြင့်ပင် အမြင်တွေ ပြောင်းသွားပါပြီ။ မည်သူမဆို လွတ်လပ်စွာ သဘောကွဲလွဲနိုင်ပါသည်။ ရိုးသားမှုတော့ ရှိစေချင်သည်။


Read More »