လိုင်ဇာဆွေးနွေးပွဲ ဘားအံညီလာခံ – အဲးခိုး

သမ္မတကြီး ဦးသိန်းစိန်ရဲ့ စကားဟာ ရိုးသားမှုအစစ်အမှန်ဖြစ်ဖို့ လိုပါတယ် … ရယ်ပြ၊ ပြုံးပြရုံလေးနဲ့တော့ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး ရမယ်လို့ မထင်ပါဘူး …
 နိဒါန်း
နိုဝင်ဘာလက ကချင်ပြည်နယ် လိုင်ဇာ၊ ဒီဇင်ဘာလမှာ ကရင်ပြည်နယ် ဘားအံ၊ လိုင်ဇာဆွေးနွေးပွဲမှာ ဘားအံညီလာခံသို့ဖြစ်လာအောင် တိုက်တွန်းချက်တွေကိုကြားရလို့ တိုင်းရင်းသားအဖွဲ့ပေါင်းစုံငြိမ်းချမ်းရေး တည်ဆောက်မှု ဆွေးနွေးပွဲဟာ အရေးကြီးတဲ့သမိုင်း မှတ်တိုင် တစ်ခုဖြစ်လာအောင် တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး အတွက် စာချုပ် ဖို့လား၊ ညှိနှိုင်းဖို့လား၊ ရှင်းလင်းဖို့လား အဲးခိုးတို့ ထိုင်ပြီး စောင့်ကြည့် နေကြမယ် …။  ။
 ဥပဒေမဲ့စွာလုပ်ခဲ့တာကြောင့်
ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ ၂၀၁၁ ခုနှစ်၊ သြဂုတ် ၁၈ ရက်မှာ ငြိမ်းချမ်းရေးစတင် ဖိတ်ခေါ်တာကို တွေ့ရတယ်။  ဒီလိုငြိမ်းချမ်းရေး စတင်ဖိတ်ခေါ်လာဖို့ အတွက် ဦးစွာအစ ပြည်ထောင်စုလွှတ်တော် မှာစတင် တိုက်တွန်းတဲ့သူက ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မဲဆန္ဒနယ်မှ စောသိန်းအောင် (ပြည်သူ့လွှတ်တော်)က စတင် တိုက်တွန်းခဲ့ကြောင်း သတိထားမိပါတယ်။ ငြိမ်းချမ်းရေးကို လိုလားတောင်းဆိုကြတဲ့ တိုင်းရင်းသား တွေဟာ ယခုမှ(၂၀၁၁ခုနှစ်) မဟုတ်ပါ။ အစဉ်တစိုက် တောင်းဆိုလာခဲ့လို့ ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ် အကြောင်းကို လေ့လာကြည့်ရင်း အကြိမ်ကြိမ်အခါခါ တွေ့ရပါတယ်။ စစ်အုပ်ချုပ်ရေးအဆက် ဆက်က လုပ်လာခဲ့တဲ့ ငြိမ်းချမ်းရေးဆွေး နွေးချက်ဟာ (ဆွေးနွေးမှုဟာ) တစ်ကြိမ် တစ်ခါမှ ပြီးစီးအောင်မြင်ခဲ့တာမရှိပါ။ (မရှိ ဘဲ) လက်နက်နဲ့ငြိမ်းချမ်းရေး၊ အပြီးအပိုင် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ရေးနဲ့ပဲ စကားများ အပေး အယူမတည့်ဘဲ ဥပဒေမဲ့ စွာ အစိုးရဘက်က (ယခင်အစိုးရ) လုပ်ခဲ့ တာကြောင့် လက်နက်ကိုင် တိုင်းရင်း သား များ အဖွဲ့အစည်းတွေ သဘောတူညီမှုမရ ခဲ့ကြတာ ဖြစ်တယ်ဆိုတာကိုတွေ့ရတယ်။ …
သဘောတူညီချက်များ ထားရှိ
၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နဲ့ ၅ ရက်နေ့တွေမှာ ကချင်ပြည်နယ်၊ မြစ် ကြီးနားမြို့၊ မဂျွယ်ခန်းမမှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး လက်မှတ်ရေး ထိုးနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲကို
၁။ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့
၂။ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များ
၃။ လေ့လာသူအဖြစ် ကမ္ဘာ့ကုလ သမဂ္ဂ၊ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာနမ်ဘီးယားနဲ့
၎။ တရုတ်နိုင်ငံ၊ အာရှရေးရာ အထူး ကိုယ်စားလှယ်မစ္စတာဝမ်ရင်ဖန်းများ တက်ရောက်ခဲ့တာကို တွေ့ရတယ်။ လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်များက  ““တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့(NCCT) က လက်နက် ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဘုံသဘောထား ရပ်တည်ချက်များ ““လိုင်ဇာသဘော တူညီချက်””ကို ယင်းကော်မတီသို့(ကို)တရား ၀င်ပေး အပ်ခဲ့ တာကို တွေ့ရတယ်။ ယင်း ကော်မတီအဖွဲ့ကလည်း ““ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူညီ ချက်စာချုပ် (မူကြမ်း)ကို ယင်းအဖွဲ့သို့လည်း ပေးအပ်ခဲ့ တာတွေကိုတွေ့ရတယ်။ ယင်းအဖွဲ့တွေဟာ နိုင်ငံရေး သဘောတူညီချက်များ ရရှိနိုင်ရေးအတွက်
(က) တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး
(ခ) နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ဆိုင်ရာ မူဘောင်များ
(ဂ) နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခြင်းဖြစ်တဲ့ သဘောတူညီချက် ၃ ချက်ကို ထားရှိကြတာကို တွေ့ရတယ်။
စာရွက်စာတမ်း စာမျက်နှာ ဖော်ပြချက်များ
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုများ ရပ်စဲရေး သဘောတူ စာချုပ်ချုပ်ဆိုနိုင်ရေး အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေကို လုပ်နိုင်ဖို့ NCCT မှ သူတို့ရဲ့လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းနဲ့ ဆွေးနွေးညှိ နှိုင်းမှုတွေ ပြုလုပ်ပြီးတဲ့ အခါ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နဲ့ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ ကရင်ပြည်နယ်၊ ဘားအံ(ဖားအံ)မြို့မှာ ပြန်လည် တွေ့ဆုံဆွေးနွေးကြဖို့ သဘောတူညီထား ကြတာကို တွေ့ရတယ်။ ယင်းအဖွဲ့တွေရဲ့ သဘောတူညီထားတဲ့ ပူးတွဲထုတ်ပြန် ကြေညာချက်ကို လေ့လာကြည့်တဲ့ အခါ (၁) ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် စာချုပ်(မူကြမ်း)မှာ- (က) နိဒါန်း
(ခ) အခန်း (၁) (၂) (၃) (၄) (၅) (၆) (၇) (၈) (၉) (၁၀) (၁၁) (၁၂) (၁၄)
(ဂ) အပိုဒ် ၂၅
(ဃ) အေဖိုးဆိုက်၊ စာမျက်နှာ ၁၁ မျက်နှာပါဝင်ပြီး နိုင်ငံရေးဆွေးနွေးမှုမှ တစ်ဆင့်တည်တံ့ခိုင်မြဲသည့် ထာဝရငြိမ်း ချမ်းရေးကိုဦးတည်ကြောင်း စာချုပ်ရဲ့အချီး မှာ ဖော်ပြထားပါတယ်။
(၂) NCCT ရဲ့ ဘုံသဘောထားရပ် တည်ချက်များ(လိုင်ဇာ-ကြေညာချက်မှာ)
(က) နိဒါန်း
(ခ) အခြေခံမူများ
(ဂ) ရည်ရွယ်ချက်များ
(ဃ) နှစ်ဖက်လက်ခံနိုင်သော နိုင်ငံ ရေးလမ်းပြမြေပုံချမှတ်ခြင်း
(င) တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲ ရေးတွင် အဓိကပါဝင်ရမည့်အချက်များ
(စ) အကောင်အထည်ဖော်ခြင်း
(ဆ) ယုံကြည်မှု တည်ဆောက်ရေးနှင့် စပ်လျဉ်းသည့်- ဆောင်ရွက်ရမည့်အရာများ
(ဇ) မတရားအသင်းအဖြစ်မှ ပယ် ဖျက်ပေးရေးနှင့် ဆက်စပ်အကြောင်းအရာ များ (စာဖော်ပြထားခြင်းမရှိ)
(ဈ) ဆွေးနွေးရေးကာလအစီအစဉ်များ
(ည) လက်မှတ်ရေးထိုးခြင်း
(ဋ) အတည်ပြုခြင်း
(ဌ) အထွေထွေဟု ဖော်ပြထားပြီး ယင်း အဖွဲ့ရဲ့ လက်မှတ်ရေးထိုး ထားတာကို ပါရှိပါတယ်။ အေဖိုးဆိုက်၊ စာရွက်ငါးရွက် ပါဝင်တာကို တွေ့ရတယ်။
ငြိမ်းချမ်းရေးရမယ်မထင်
ဒီခေတ်နိုင်ငံရေး စိန်ခေါ်မှုဟာ အနီးကပ် ၀င်ခြောက်နိုင်ရင် နိုင်တာပါပဲ။ အခု အနီးကပ်နိုင်ငံရေးကို ၀င်ခြောက်တဲ့ သူတွေ များနေတော့ နိုင်ငံရေးဟာ လုပ်စရာမလိုဘဲ အလိုလိုနဲ့ ကြွပွလာနေတာကို စာဖတ် သူများ သိနိုင်လောက်တယ်။ အမြစ်တွယ်နေတဲ့ စစ်အာဏာရှင် နိုင်ငံရေးဟာ ဒီခေတ်မှာ ဆွေးနွေးပွဲတွေ အသည်း အသန်လုပ် နေကြရတာဟာ ဘာအတွက်ကြောင့်နဲ့ လုပ်နေကြရတာလဲဆိုတာကို လူထုတွေ လေ့လာကြည့်နိုင်တယ်။ နိုင်ငံရေးမှာ နိုင်ငံသားအားလုံး ပါဝင်နိုင်ရေးဆိုထားပေမယ့် နိုင်ငံရေးဒေါက်တိုင်တွေ ရိုက်ချိုးပစ်ခဲ့တဲ့ တစ်ချိန်က စစ်အာဏာရှင်တွေဟာ အချစ်ပွဲတွေ စည်ကားအောင် လုပ်နေပေမယ့် သံသယတွေ၊ ယုံကြည်မှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေ သူတို့တွေ တွေ့ကြုံလာခဲ့ရပါပြီ။ မှန်ကန်တဲ့ နိုင်ငံရေးနည်းလမ်းတွေ ချပြီး တိုင်းရင်းသားများ လိုလားချက်တွေကို ဆွေးနွေးညှိနှိုင်းကြဖို့ အခိုင်အမာ သနိ္နဋ္ဌာန်ချထားပါတယ်ဆိုတဲ့ သမ္မတကြီး ဦးသိန်းစိန်ရဲ့ စကားဟာ ရိုးသားမှုအစစ် အမှန်ဖြစ်ဖို့ လိုပါတယ်။ စစ်အစိုးရအစဉ် အဆက် ကတိ ဖောက်ဖျက်မှု အမျိုးမျိုးများလာခဲ့တဲ့ အရေးဟာ တိုင်းရင်းသားအရေး ပါပဲ။ တိုင်းရင်းသားအရေးကို ရယ်ပြ၊ ပြုံး ပြရုံလေးနဲ့တော့ ညီညွတ်ရေး၊ ငြိမ်းချမ်း ရေးရမယ်လို့ မထင်ပါဘူး။
သတိထားရမယ်
[ပြည်သူတွေ] ငြိမ်းချမ်းရေး စိတ်ဝင်စားတဲ့သူတွေ လေ့လာကြည့်ကြပါ။ မြစ်ကြီးနားနဲ့ လိုင်ဇာမှာ လုပ်ဆောင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ဟာ ကမ္ဘာမှာရှိတဲ့ ငြိမ်း ချမ်းရေးဖြစ်စဉ်တွေနဲ့ ချိန်ကြည့်ရင် ယှဉ် ပြိုင်တဲ့ ငြိမ်းချမ်းရေးမျိုး လိုဖြစ်နေမလားဘဲ။ လိုင်ဇာမှာ တိုင်းရင်းသားတွေ ဆွေး နွေးမှုဟာ ပူပူလောင်လောင်ထားပြီး မြစ်ကြီးနားမှာ အသင့်စောင့်နေတဲ့ ယှဉ်ပြိုင် ငြိမ်းချမ်းရေးအဖွဲ့ဟာ အားပြိုင်မှု ဖန်တီးနေတာကြောင့် တိုင်းရင်းသားတွေ သံသယပွားမိတာ အမှန်ပါပဲ။ လူထုတွေကလည်း တိုင်းရင်းသားလိုင်ဇာဆွေးနွေးပွဲဟာ ဘာအဖြေများ ထွက်မလဲဆိုတာကို စောင့် ကြည့်နေကြတုန်းမှာပဲ လှည့်ကွက်ဆက်တဲ့ ငြိမ်းချမ်းရေးပဉ္စလက်ပညာတွေကတော့ တစ်ကမ္ဘာလုံးကို လိမ်လည်တမ်းလုပ်မယ့် ပုံမျိုးဖြစ်လာတာကို တွေ့ရတယ်။ သွေးရိုး သားရိုး မဟုတ် တာကြောင့် သိမ်းကျုံးတတ်တဲ့ အာဏာရှင်တွေရဲ့ စိတ်ဓာတ်ကို တိုင်းရင်းသားများ သတိထားရမှာဖြစ်ပါတယ်။
ရပ်တည်ချက်ပြတ်သားပါစေ
မြန်မာပြည် လွတ်လပ်ရေး ကိစ္စကို လေ့လာပါ။ လုပ်ကြံသတ်ဖြတ် ခံရမှုတွေ ရှိခဲ့တယ်။ ပြည်တွင်းငြိမ်းချမ်းရေး ကိစ္စအကြိမ်ကြိမ် လုပ်ဆောင်ခဲ့စဉ်ကလည်း အမျိုးမျိုးလုပ်ကြံခံခဲ့ရတယ်။ အားပါးအောင် လုပ်နည်းလုပ်ဟန်များ ပါဝင်နေတာကြောင့် ဘားအံမှာ ယှဉ်ပြိုင်အတူပြုလုပ်မယ့် ငြိမ်းချမ်းရေးကိစ္စဟာ တိုင်းရင်းသားအဖွဲ့အစည်း များ ဆန္ဒမစောဖို့ လုပ်ကိုင်ရန် လိုအပ်ပါလိမ့်မယ်။ လိုင်ဇာမှာ ဆွေးနွေးပွဲသာ အမည် ကင်ပွန်းတပ်ထားပေမယ့် ဘားအံမှာ “ညီ လာခံ”ဆိုပြီး အမည်ကင်ပွန်း တပ်ထားပါတယ်။ ညီလာခံကျင်းပတာ ဖြစ်တာကြောင့် အရေးပါပါ မပါပါ တစ်ခုတစ်မျိုးမျိုးတော့ အဆုံးအဖြတ် ချပေးရမှာဖြစ်ပါတယ်။ အဆုံးအဖြတ်မမှားဖို့ တိုင်းရင်းသားများကို သတိပေးပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်မှုဟာ မျှော်လင့်ချက်ကြီးမားစွာ မထားရပါ။ နှစ်ဖက်ယုံကြည်မှု မမျှတလေသမျှ ငြိမ်း ချမ်းရေးကိစ်္စ၊ ငြိမ်းချမ်းရေးကတိပေးလက် မှတ်ချုပ်ဆိုဖို့ မသင့်လျော်ပါ။ ယုံကြည်မှု အားဟာ ပဋိပက္ခ(နှစ်ဖက်သား)ကို မတည် ဆောက်နိုင်သေးရင် အလွယ်ကူဆုံးကတိ ကို အဆုံးစွန် မပေးဖို့ လိုပါတယ်။ ကမ္ဘာ့အလယ်မှာ အကြိမ်ကြိမ်အခါခါ သိက္ခာကျ ခဲ့ရတာကြောင့် ဘားအံညီလာခံကို တက် ရောက်မယ့် တိုင်းရင်းသားများ ရပ်တည်ချက် မှန်ကန်ရမယ်။ ပြတ်သားရမယ်။ ရှင်းရမယ် လို့ မြင်ပါတယ်။
အကြီးကျယ်ဆုံးဆန့်ကျင်
ပြည်သူတွေ မှတ်မိနေကြပါလိမ့်မယ်။ ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလအတွင်းက လွှတ်တော်ခေါ် ယူမှုနဲ့ ပတ်သက်လို့ ခါးပိုက် ဆောင်ထားခံရတဲ့ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့နဲ့ နိုင်ငံရေးပါတီများ ထိပ်တိုက် ရင်ဆိုင်မှုဖြစ်အောင် သို့မဟုတ် ရန်တိုက်ပေးခဲ့တာ ရှိခဲ့ဖူးတယ်။ အဲဒီတုန်း က တိုင်းရင်းသား ငြိမ်းချမ်းအဖွဲ့ အစည်းတွေ ရဲ့သဘောထားအမြင်ဆိုပြီး သတင်းစာမှာ အတိအလင်းထုတ်ပြန်ချက်တွေ တွေ့ရ တယ်။ ““စစ်အစိုးရသည် သာလျှင် (တပ်မတော် အစိုးရသည်သာလျှင်) နှစ်ပေါင်းများ စွာ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုပြိုကွဲ နေခြင်းအား ပြန်လည်တည်ဆောက် နိုင်ခဲ့ပြီး မိမိတို့ တိုင်းရင်းသားများ၏ လူနေမှုဘ၀ ကို ဖွံ့ဖြိုး တိုးတက်အောင် ဆောင်ရွက်လျက် ရှိသည်မှာ အထင်အရှားဖြစ်ပေသည်”” ဆိုတဲ့ သဘောထား စကားဟာ တပ်မတော် အစိုးရ (စစ်အစိုးရ) လက်ထက်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကို အတင်း ထောက်ခံပွဲတွေ လုပ်ခဲ့တဲ့သာဓက အထင် အရှားရှိခဲ့တယ်။ ငြိမ်းချမ်းရေး ရယူထား ကြတဲ့ အဲဒီအဖွဲ့အစည်း တွေဟာ လူထုတစ်ရပ်လုံးရဲ့ ရပ်တည်နိုင်မယ့် အကျိုးနဲ့ တိုင်းရင်းသားများ အခွင့်အရေးတည်တည် တံ့တံ့ ခိုင်မြဲစေမယ့် အကျိုးတွေ မလုပ်ပေးနိုင်ကြဘဲ ကိုယ်ကျိုးအတွက်နဲ့ လက်နက်နဲ့ ငြိမ်းချမ်း ရေးကိုလဲလှယ်ကြတဲ့ ခေါင်းစဉ်နဲ့ အကြီးကျယ်ဆုံး ဆန့်ကျင်နေကြတာကို တွေ့ရတယ်။
ရင်လေးစရာ ဖြစ်ရမယ်
ယခု ဘားအံညီလာခံမှာ လက်ရှိ အစိုးရက ဘာတွေကို အဓိကသဘောထား အမြင်တွေ၊ အဆုံးအဖြတ်တွေ လုပ်မလဲဆိုတာကို ပြည်သူတွေ စောင့်မျှော်နေကြရမယ်။ လူထုတွေကို ခေါ်ယူပြီး အပစ်အခတ် ရပ်စဲရေး သဘောထားအမြင်၊ ဒါမှမဟုတ် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဆောင်ရွက်ရေး သဘောထား အမြင်၊ ရင်ဆိုင်ရင် တိုက်မယ်ဆိုတဲ့သဘော ထားအမြင်တွေ ဒီညီလာခံမှာ အဓိကပစ်မှတ် ဆုံးဖြတ်ချက်များ ချကြမလား ဆိုတာကို ဤစာရေးတဲ့အရှင်က သံသယဖြစ်မိတာ အမှန်ပါပဲ။ ညီလာခံတစ်ရပ်ရဲ့ ဆုံးဖြတ်ချက် ဟာ အမှားမှားအလန်လန်မဖြစ်ဖို့ လိုပါ တယ်။ တိုင်းရင်းသားအရေးဟာ ငြိမ်းချမ်းရေးနဲ့ နိုင်ငံရေးသာ အဓိက ဖြစ်တာကြောင့် တိုင်းရင်းသားနောက်ကို ပူးကပ်သတ်နေတဲ့ စီးပွားရေးခရိုနီသမား တွေကိုလည်း အရေး စိုက်ထားဖို့လိုပါတယ်။ လှည့်ကွက်၊ မက်ကွက်တွေ ကျွမ်းကျင်လာခဲ့တဲ့ သူတို့ရဲ့ရွှေ့ကွက်ကို တိုင်းရင်းသား အဖွဲ့အစည်းများ သတိကြီးစွာထားရမယ်။ မှန်ကန်တဲ့ နိုင်ငံရေး နည်းလမ်းနဲ့ တိုင်းရင်းသားများလိုလား ချက်ကို တကယ်ခိုင်မာတဲ့ သနိ္နဋ္ဌာန်မှန်ရင် ဘားအံညီလာခံရဲ့ ဆုံးဖြတ်မယ့်အရေးဟာ တိုင်းရင်းသားအရေးသာ ဖြစ်ဖို့လိုပါတယ်။ တကယ် တိုင်းရင်းသားအရေး ဖြစ်ရင်တော့ ပွဲပြီးဆုံးပါတယ်။ တိုင်းရင်းသားအရေးမပါ ဘဲ ခွဲရေး၊ ကွဲရေးဆိုရင်တော့ ရင်လေးစရာ ဖြစ်ရမှာပါပဲ။
ပြောပြချင်ပါဘိ
တိုင်းရင်းသား အရပ်ဒေသတွေကို ကြည့်လိုက်ပါ။ ခမ်းနားကြီးကျယ်တဲ့ သဘာဝ သယံဇာတတွေဟာ စစ်အစိုးရ လက်ထက် တစ်လျှောက်လုံး သုံးဖြုန်းခဲ့လို့ တောင်ဆို တောင်ကတုံး၊ မြစ်ဆိုရေတွေ သုဉ်းပြီး ဆိတ်သုဉ်း ပျက်စီးတော့မယ့် ကမ္ဘာကြီးလိုပါပဲ။ ချမ်းသာတဲ့ပြည်ထောင်စု တိုင်းပြည်ကြီး တစ်ပြည်ဖြစ်ဖို့ တိုင်းရင်းသားတွေ မျှော်လင့်ထားခဲ့တာတွေဟာ အိပ်မက်လို ဖြစ်သွားပြီးလားဆိုတာကို စဉ်းစားဖို့လိုပါတယ်။ တိုင်းရင်းသားတွေဟာ မိမိရဲ့ပြည်ထောင် စုတိုင်းပြည်အတွက်နဲ့ စိတ်ဓာတ်တွေ ခိုင်မာမြဲမြံနေလို့သာ လွတ်လပ်ရေးကိုပိုင်ဆိုင် နိုင်ကြတာပါ။ ပြည်ထောင်စုအရေးကြောင့် လွတ်လပ်ရေးရလာတာကို တိုင်းရင်းသားတွေရင်မှာ အစွဲအမြဲ ရှိထားကြပါတယ်။ အရှင်တို့တိုင်းပြည်ဟာ တိုင်းရင်းသားတွေ ပိုင်ဆိုင်ထားတဲ့တိုင်းပြည်ပါ။ နိုင်ငံရေး သမားတွေ၊ စစ်အာဏာရှင်တွေ တိုင်းပြည် မဟုတ်ပါ။ လူထုကို(ပြည်သူကို) ပါတီနိုင်ငံ ရေးစနစ်နဲ့တိုက်ပြီး ယင်းဝါဒစနစ် ပညာရေး၊ စီးပွားရေးကြောင့် ကမ္ဘာပေါ်မှာကျဆုံး ခဲ့ရတာပါ။ ကမ္ဘာကအဖွံ့ဖြိုးဆုံး တိုင်းပြည် စာရင်းထဲမှာ မပါဘဲ အနိမ့်ဆုံးစာရင်းထဲမှာ ၀င်သွားတာဟာ လူထုကို တစ်ပါတီတစ်မိန့်၊ တစ်စနစ်လေ့ကျင့်ပျိုးထောင်နေခြင်းကြောင့် ပါပဲ။
အခုဆိုရင် အရှင်တို့ဟာ တိုင်းပြည်ရဲ့ ကျေးဇူးကို အသိတတ်ဆုံးသူဖြစ်ကြပြီလား ဆိုတာကို စဉ်းစားမိကြမှာပါ။ တိုင်းရင်းသားတွေကို ရှုတ်ချခဲ့တာတွေ၊ ကဲ့ရဲ့ခဲ့တာ တွေ၊ မုန်းတီးရွံရှာခဲ့တာတွေ၊ နာမည်အမျိုး မျိုး ဖျက်ခဲ့တာ တွေဟာ တရားခံက ဘယ်သူပါလဲ။ တိုင်းရင်းသားတွေ ပြည်ထောင်စု စိတ်ဓာတ်တွေကို နိမ့်ကျပျောက်ဆုံးသွား အောင်လုပ်ခဲ့တာ ဘယ်သူပါလဲ။ တိုင်းရင်း သားတွေကို ကြေကြေမွမွ ချေမှုန်းသုတ် သင်ခဲ့ကြတာ ဘယ်သူတွေ ပါလဲ။ တိုင်းရင်းသားကို လူသားတစ်ရပ်လို အသိအမှတ် မပြုခဲ့ကြတာ ဘယ်သူတွေပါလဲ။ ခိုင်မြဲစစ် မှန်တဲ့ တိုင်းရင်းသားတွေရဲ့ ပြည်ထောင်စု မူဟာ တိုင်းရင်းသားတွေရဲ့ နိုင်ငံရေးမူပါပဲ ဆိုတာကို အရှင်ငယ်ငယ် လေးက သခင် အောင်ခင်ရဲ့စကားဟာ ဘားအံမှာ ကျင်းပ မယ့်ညီလာခံပွဲမှာ ခြိမ့်ခြိမ့်ညံအောင် ဆိုပြ ပြောပြချင်ပါ လေရဲ့။ ပြာပြချင် ပါဘိ။
နိဂုံး
အရှင်တို့ဟာ “အယုတ်တရားကို မှီဝဲ သူမဟုတ်။ မေ့လျော့သူမဟုတ်။ မှားသော အယူဝါဒကို မယူ။ လောကကြီး ပွားရေး သက်သာမျှလည်း မဖြစ်စေရဘဲ၊ သစ္စာ တရားတစ်ခုကို ကျော်လွန်၍ မုသားစကား ကို မပြောပါ။ (နိုင်ငံရေး) ပိုင်ခြားဝေဖန်မှု မရှိသောသူအား မလုပ်ရဲသော အကုသိုလ် ဆိုတာမရှိ””ဆိုတဲ့တရားကို ရှုမှတ် ဆင်ခြင်ကာ တိုင်းရင်းသားတွေရဲ့ ဘ၀ကောင်း ကျိုးကိုလိုလားပြီး မြောက်အောင် ဆောင်ရွက်နိုင်ကြသော ပုဂိ္ဂုလ်များ ဖြစ်ပါစေ။
ဘားအံမှာ လမင်းသာပါစေ . . .
ဘားအံမှာ နေမင်းသာပါစေ . . .
Credit To The Myanmar Herald
Read More »

ယနေ့ ပြည်တွင်း ငြိမ်းချမ်းရေးပြဿနာ ရှေ့ဆက်ဘာလုပ်ကြမည်နည်း – စည်သူမြသန်း

ပြည်တွင်းငြိမ်းချမ်းရေးနှင့်စပ်လျဉ်း၍ “အပြုတ်တိုက်ရေး”ဆိုသော ဆိုးရွားလှသည့်လမ်းစဉ်သည် “ပြည်တွင်းစစ်”အား သက်ဆိုးရှည်စေခဲ့၏ . . .
နိဒါန်း
… အပြန်အလှန်စကားနှစ်ခွန်း။ ပထမစကား … ““ဒီအတိုင်းဆိုရင်၊ ငြိမ်းချမ်းရေးဟာ ရနိုင်ပါဦးမလား”” … ဒုတိယစ ကား… ““ဒါကတော့ အရှင်းသားပဲ၊ ဘယ်သူ ဦးစီးပြီးတော့ပဲ အစိုးရတက်လုပ်လုပ်၊ ငြိမ်းချမ်း ရေးကို အမြင့်ဆုံးအကောင် အထည်ဖော်မပေးနိုင်ရင် အဲဒီအစိုးရဟာ ကြာရှည်ခံမှာမဟုတ်ဘူး။ အကြောင်းကတော့ ငြိမ်းချမ်းရေးကို အမြင့်ဆုံးလိုချင်နေကြပြီဖြစ်တဲ့ ပြည်သူတွေ ရဲ့ဆန္ဒကြောင့်”” မည်သို့ပင်ဖြစ်ေ စ၊ ဖော်ပြပါ မေးခွန်းမျိုး၊ တွေးတော စဉ်းစား၊ မေးမြန်းလာရပြီဆို လျှင် ငြိမ်းချမ်းရေးအင်အား စုကြီးအတွင်းမှာ စိတ်ဓာတ် ပျက်ပြားမှု၊ တွေဝေမှု၊ မယုံ ကြည်နိုင်မှုများ အနည်းနှင့်အများဆိုသလို ဖြစ်စပြုပြီ။
 ပြောရလျှင် ဆယ်စုနှစ် ၆ ခု၊ ၅ နှစ် စွန်း၊ ပြည်သူတိုင်းရင်းသားအချင်းချင်း စစ်ခင်းသတ်ဖြတ်ခဲ့ကြသည်။ ဆိုးရွားလှစွာသော ပြည်တွင်းစစ်ကြီးအား ပြည်သူများ အမြန်ဆုံးရပ်စဲစေ လိုကြပြီ။ ခံစားရသော ဒုက္ခအပေါင်းမှ ပြည်သူ၊ လူမျိုးစု တိုင်းရင်းသား ညီအစ်ကိုများ လွတ်မြောက်လိုကြပြီ။ ငြိမ်းချမ်း သာယာသော ဘ၀မှာ ငြိမ်းချမ်းစွာ နေလိုကြပြီ။ တိုင်းပြည်နှင့် လူမျိုး၏ အဆင့်ဆင့် တိုးတက်ဖွံ့ဖြိုးမှုများအား အားသွန်လုံးပန်းလို ကြပြီ။ ပြည်တွင်းစစ်ကြီးကို အမုန်းကြီး မုန်း၊ အရွံကြီးရွံကာ ပြည်တွင်းငြိမ်းချမ်းရေး အား အမျှော်လင့်ကြီး မျှော်လင့် တောင့်တခဲ့ကြပြီ။ …
မျှော်လင့်တခဲ့ရသည့် အတိုင်းလည်း နိုင်ငံသမိုင်း ခေတ်အဆက်ဆက်၊ မိမိတို့ ရင်တွင်းကိန်းအောင်းနေခဲ့သော ငြိမ်းချမ်းရေး ဆန္ဒများကို တစ်ခဲနက် စည်းလုံးညီညွတ်စွာ ပြသခဲ့ကြပြီ။
မည်သို့ပင်ဖြစ်စေ၊ မည်သည့်နိုင်ငံရေး ရည်မှန်းချက်ရပိုင်ခွင့် တိုက်ပွဲတိုင်းမှာ အနှောင့်အယှက် အခက်အခဲ အဖျက်အဆီး အဟန့်အတား များကားရှိမြဲ။
သို့သော်ယင်း အခက်အခဲ အဟန့်အတားများအား ပြည်သူ့အင်အားစုများက တွန်းလှန်ဖယ်ရှား နိုင်ခဲ့သည် များအား သမိုင်းခေတ် တိုက်ပွဲများက ပြသခဲ့ပြီ။
သံဃာ့အား၊ ဘုရားမလွန်ဆန်သာ ပြည်တင်းလျှင် မင်းမခံနိုင် စည်းလုံးမှု တိုက်ပွဲအားကား အောင်ကြောင်းဖြာခဲ့ သည်။ အကြောင်းရပ်များက စိတ်ဆန္ဒ အခြေခံသက်သက်ဖြစ်သော အဓိပ္ပာယ်မဲ့ စကားရပ်များမဟုတ်။
တိုက်ပွဲ သမိုင်းသင်ခန်းစာ များက မွေးထုတ်ပေးလိုက်သည့် မှန်ကန်လှသော စကားရပ်များ။ သည်နေရာမှာ အတိတ် ကာလငြိမ်းချမ်းရေး လှုပ်ရှားမှုအား အနည်းငယ်ဖော်ပြရန် လိုမည်ထင်သည်။
ထိုစဉ်ကာလ ပြည်တွင်းငြိမ်းချမ်းရေး နှင့်စပ်လျဉ်း၍ “အပြုတ်တိုက်ရေး”ဆိုသော ဆိုးရွားလှသည့် လမ်းစဉ်သည် ပြည်သူညီညွတ်ရေး ပြိုကွဲနေသောအချိန်မှာ “ပြည်တွင်းစစ်”အား သက်ဆိုးရှည်စေခဲ့၏။ သို့သော် ၁၉၅၆ ခုနှစ်လောက်မှာ စနစ်ကျ စုစည်းညီညွတ်သော ပုံသဏ္ဌာန်များဖြင့် ပြည်သူများသည် ငြိမ်းချမ်းရေး ဆန်္ဒများကို ပြသလာ နိုင်ခဲ့၏။ ဥပမာအားဖြင့် ညီညွတ်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ကြွေးကြော်သံအား စွဲကိုင် လာသော ပ-မ-ည-တမှ နိုင်ငံနှင့်အ၀န်း ကြီးမားကျယ်ပြန့်စွာ ကျင်းပသော လူငယ်ပေါင်းစုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများကား သက်သေ သာဓကအထင်အရှား။
ထိုသို့ဖြင့် ၁၉၅၇ ခုနှစ် နှစ်ဆန်းပိုင်း လောက်မှာ ပြည်တွင်းငြိမ်းချမ်းရေး၏ဗိသုကာ ဖခင်ကြီး ဆရာကြီး သခင် ကိုယ်တော်မှိုင်း ဦးစီး၍ ဆရာဒဂုန်တာရာ၊ ဆရာဗန်းမော် တင်အောင်၊ ဆရာမြသန်းတင့်၊ ဗိုလ်မှူးချုပ် ကျော်ဇောတို့ ပါဝင်သည့် ပြည်တွင်းငြိမ်းချမ်း ရေးအဖွဲ့သည် “သူမနာကိုယ်မနာ တရား မျှတသောနည်း”ဖြင့် ငြိမ်းချမ်းရေးကို ရယူရန် လှုပ်ရှားဆောင်ရွက်လာ၏။
လွတ်လပ်ရေး ရပြီးသည်၏ နောက်ပိုင်းမှာ ဤမျှကြီးမား၊ ကျယ်ပြန့်သော ငြိမ်းချမ်းရေးလှုပ်ရှားမှုမျိုး မရှိခဲ့။ ထိုအခါ ပြည်သူတို့၏ တစ်ခဲနက်စည်းလုံးညီညွတ်မှု အား မြင်တွေ့လာကြသော “အပြုတ်တိုက် ရေး” သမားများသည် အပြုတ်တိုက်ရေး စကားလုံးကို မသုံးရဲတော့ဘဲ “ငြိမ်ဝပ်ပိ ပြားရေး” “လက်နက်နှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး လဲလှယ်ရေးဆိုသော ပျော့ ပျောင်းသည့်စကားလုံးများ ပြောင်း၍သုံး လာခဲ့ကြ။
စင်စစ်ကား စကားလုံးအားဖြင့်သာ ပြောင်းလဲခဲ့သော်လည်း အနှစ်သာရအား ဖြင့် အပြုတ်တိုက်ရေးလမ်းစဉ်အား လက်မလွှတ်ဘဲ ပျားရည် ဆမ်းထားသော စကားလုံးများဖြင့် ပြည်သူအား လှည့်စားခဲ့ကြ၏။ ယင်းကဲ့သို့သော အခြေအနေမျိုးမှာ အခွင့်အရေးယူ၍ မူလကတည်းက အပြုတ်တိုက်ရေး အခြေခံကို မစွန့်လွှတ်လို ကြသည့် ဦးဗဆွေ၊ ဦးကျော်ငြိမ်း (ဆွေငြိမ်း) အုပ်စုဝင်များသည် ငြိမ်းချမ်းရေးရရှိရန် လက်တစ်ကမ်းမျှသာ လိုတော့ သည့် အချိန်၊ ဆရာကြီးသခင် ကိုယ်တော်မှိုင်းနှင့် တောတွင်းအင်အားစုများ၊ ငြိမ်းချမ်းရေး ရရှိရန် ကိစ္စအလို့ငှာ တွေ့ဆုံ အံ့ဆဲဆဲအချိန်မှာ (ပြည်တွင်းစစ်) ကိုအကြောင်းပြု အကျိုးခံစားနေသူ စစ်ဘက်အုပ်ချုပ်သူ လူတန်း စား၊ စိတ်ထား ယုတ်သူများက ဒီမိုကရေစီ မြတ်နိုးသူတိုင်း မတွေးဝံ့၊ မတွေးအပ်၊ မလုပ်သင့် မလုပ်အပ်သော ““လက်နက်နှင့် အာဏာသိမ်းပွဲကြီး” အား ပြုလုပ်လိုက် လေသတည်း။
ဘာပဲဖြစ်ဖြစ် ပြည်သူတို့၏ ငြိမ်းချမ်းရေးဆန္ဒကြောင့် အာဏာအ၀န်းအ၀ိုင်း ရာဇပလ္လင်မှ ပြုတ်ကျခဲ့ရသော ဖဆပလ နုတင်အုပ်စုအား ရှုံးနိမ့်ခဲ့ရသော စစ်တပ် အုပ်စုနှင့် သူတော်ချင်းချင်း သတင်းလွေ့လွေ့ပေါင်း ဖက်တွေ့ကြသော ဆွေငြိမ်း ဂိုဏ်းသား ဘက်တော်သားများကား မစားရသည့်အမဲ သဲနှင့်ပက်ကာ တိုင်းပြည် နှင့် ပြည်သူများ အပေါ် လက်နက်“မိုး”၍ စိုးမိုး နိုင်ရန် ကြံစည်ပြီ။ တစ်ပြည်လုံးကို တပ်မတော်က သိမ်းထား ပြီဟူ၍ ၎င်းတို့၏ ၂၆ ရက် ညနေပိုင်းအထူးထုတ်မှာ ဖော်ပြခဲ့သည်။
စစ်တပ်၏ ဖိလာမှုဖြင့် ယင်းစက်တင်ဘာလ ၂၆ ရက်ညမှာပင် လာမည့် ၁၉၅၈ ခုနှစ်၊ အောက်တိုဘာလ ၂၈ ရက်တွင် ကျင်းပမည့် လွှတ်တော်မှ ဗိုလ်ချုပ်နေ၀င်း အား အာဏာလွှဲပေးမည်ဆိုသော နိုင်ငံတော်ဝန်ကြီး ချုပ်ဦးနု၏ မိန့်ခွန်းကို ရေဒီယိုမှကြားရပြီ။ ပြောရလျှင် ပြည်တွင်းငြိမ်းချမ်း ရေးရှုထောင့်မှကြည့်လျှင် ယခုကဲ့သို့ အရပ်ရပ် အခြေအနေများ ဖြစ်ပေါ်လာခြင်းမှာ ပြည်တွင်း ငြိမ်းချမ်းရေး၏ အလားအလာ များအား မှေးမှိန်သွား စေခဲ့ပြီ။
ထိုသို့ဖြင့် ဗိုလ်ချုပ်နေ၀င်း နိုင်ငံတော် ၀န်ကြီးချုပ်လုပ်သည့် စစ်တပ်အာဏာရှင် စနစ်အစပြုချက်ဖြစ်သော အိမ်စောင့်အစိုးရ ဆိုသည့် ၁၉၅၈ ခုနှစ် အောက်တိုဘာ ၂၈ မှာ ပေါ်လာခဲ့ပြီ။ ကျွန်တော် ယခုစာစု ရေးသား ခြင်းမှာ အတိတ်ကာလ ပြည်တွင်း ငြိမ်းချမ်းရေးဆိုင်ရာ သမိုင်းကြောင်းအား စေ့ငုလေ့လာ သင်ခန်းစာ ယူစရာအဖြစ်နှင့် ယခုလက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ သတိပြု ဆင်ခြင်ဖွယ်ရာများအား ဖတ်ဖူး သောအချက် အလက်များအား အခြေခံရေး သားမိခြင်းမျှသာ ဖြစ်ပါ၏။
(နိဂုံး)
နိဂုံးအားဖြင့် ဆိုရလျှင် ပြည်တွင်း ငြိမ်းချမ်းရေး လမ်းစဉ်အား စဉ်းစားကြည့်သည့်အခါ အတိတ်ကာလ ဖဆပလအစိုးရနှင့် ဖဆပလ တစ်ခြမ်းပဲ့အစိုးရတို့ ရှာကြံ အသုံးပြုခဲ့သော အပြုတ်တိုက် ရေးလမ်းစဉ်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ သူမသာ ကိုယ်မနာ သင်ပုန်းချေနည်းနှင့် (လက်နက်ချရေးမူ) မဟုတ်ဘဲ စစ်မက်ရပ်စဲ ငြိမ်းချမ်းရေး ရယူကြရန် လမ်းစဉ်၊ တစ်နည်း နှစ်ဖက်မျှတသောလမ်းစဉ် ခုကာလအပစ် အခတ်ရပ်စဲရေးအား အစပြုချက် အဖြစ် လုပ်ဆောင်သောလမ်းစဉ်။
ဘာပဲဖြစ်ဖြစ် တကယ့်ငြိမ်းချမ်းရေး လမ်းစဉ် အစစ်အမှန်ကား (နိုင်ငံရေးအရ) ဦးစွာပထမပြေလည်မှု ရယူဖြေရှင်းရေး လမ်းစဉ်ကိုသာ ရဲဝံ့ပြတ်သားစွာ လုပ်ဆောင်ရန်ဟု မြင်ပါသတည်း။ ထိုလမ်းစဉ် အတိုင်း ပြည်သူများနှင့် တိုင်းရင်းသား ညီအစ်ကိုများ ဥမကွဲ သိုက်မပျက် တက် ညီလက်ညီဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး ပန်းတိုင်အရောက် ချီတက်ကြမည်ဆိုလျှင် ပြည်တွင်း ငြိမ်းချမ်းရေးကား မုချမသွေ ရရှိမည် ပင်ဖြစ်ပါသတည်း။
Credit To The Myanmar Herald
Read More »

အနော်ရထာ၊ မနူဟာနဲ့ ပေါ်လတစ် – အောင်ထွန်းလင်း

ယနေ့ခေတ် ငြိမ်းချမ်းရေး တည်ဆောက် နေသူတွေ အတွက် နမူနာကောင်း တစ်ခု . . .
မထင်မှတ်ဘဲ ကျွန်တော်တို့ သတင်း အဖွဲ့သားတွေနဲ့ အတူ ပေါက္ကံရာမလို့ခေါ်တဲ့ ပုဂံမြို့တော်ကြီး ကိုတော့ ရောက်ဖူး ခဲ့ရပြီ။ မြန်မာပြည်အောက်ပိုင်း နေရာတော်တော် များများ ကို ရောက်ခဲ့ဖူးပေမယ့် အောင်လံ မြို့နဲ့အထက် ကျန်တဲ့နေရာတွေကို မရောက် ဖူးတဲ့။ ဒါဟာ မြန်မာပြည် အထက်ပိုင်း ပထမဆုံးခရီးစဉ်ပဲ။ သွားဖြစ်တာ ကလည်း ပုဂံမြို့မှာ ဒဂုံတက်္ကသိုလ်၊ သင်္ချာဌာနကနေ ပြုပြင်လှူဒါန်းထားတဲ့ ပညာသိပ္ပဓမ္မရံသီ ဘုရားရဲ့ ဒသမအကြိမ်မြောက် ဗုဒ္ဓပူဇနိယ ပွဲတော်အတွက်ပါ။
ခရီးစဉ်အတွင်း တက်သုတ်ရိုက်သွားခဲ့ ရပေမယ့် ပုဂံမြို့က နာမည်ကြီး ဘုရားတွေ ဖြစ်တဲ့ တန့်ကြည့်တောင် စေတီ၊ ထီးလိုမင်း လို၊ အာနန္ဒာ၊ လောကနန္ဒာ၊ သဗ္ဗညု၊ ရွှေစည်းခုံ၊ မနူဟာ၊ မြစေတီ၊ ဂူပြောက်ကြီး စတဲ့ စတဲ့ဘုရား တွေကို ဖူးမြော်ခွင့် ရခဲ့ပါတယ်။ ဘုရားဘုရားတိုင်းမှာ ထူးခြားတဲ့ သမိုင်းကြောင်းတွေ၊ အနုလက်ရာ တွေက ကျွန်တော့်ကို ဖမ်းစားခဲ့တာ အမှန်ပါပဲ။ …
ဒီထဲမှာ ကျွန်တော့်ကို အဖမ်းစား နိုင်ဆုံး၊ ခရီးစဉ်အပြန်လမ်းတစ်လျှောက် တွေးတောမှု အပေးနိုင်ဆုံး ဘုရားသမိုင်းကတော့ မနူဟာဘုရားပါပဲ။ ဘာကြောင့်လဲ၊ ဘာအတွက်လဲ။ မရောက်ဖူးတဲ့ သမိုင်းဝင် နယ်မြေ တစ်ခုမှာ ပျော်ရွှင်စရာတွေချည်း ကြုံခဲ့ရမှု၊ စိတ်နှလုံးငြိမ်းချမ်းဖွယ် ဘုရား ၀တ်ပြုရမှုတွေကိုလွန်လို့ မွန်းကျပ်ခြင်းဆိုတဲ့ စိတ်ခံစားမှုကို ပေးစွမ်းခဲ့လို့ပါ။
တကယ့် တကယ်တော့ ပုဂံ၊ မြင်းကပါ အရပ်က မနူဟာဘုရားမှာ လေ့လာချင်စရာ ဆိုလို့ သပိတ်တော်ကြီးနဲ့ ဘုရားချည်းပဲ ရှိတာပါ။ ဒါပေမဲ့ မနူဟာဘုရားမှာ ရှိတဲ့ ထိုင်တော်မူ ရုပ်ပွားတော်သုံးဆူနဲ့ လျောင်းတော်မူ ရုပ်ပွားတော် တစ်ဆူကို ဖူးမြော်ရတဲ့ အခါ စိတ်ကြည်နူးခြင်းရသထက် မွန်းကျပ်ခြင်း၊ လှောင်ပိတ် နေခြင်း ရသက ပိုကဲလို့ ပါ။ ဒါကြောင့် ဘာကြောင့်များ ဒီရသကို ပေးစွမ်းတာလဲလို့ သမိုင်းကို ပြန်လှန်ကြည့် ခဲ့ရပါတယ်။
မနူဟာဘုရားကြီးကို မွန်ဘုရင်မျိုး ဆက်ရဲ့ ၂၅ ဆက်မြောက်ဖြစ်တဲ့ မနူဟာ မင်းဟာ ပုဂံဘုရင် အနော်ရထာကို စစ်ရှုံး ခဲ့တဲ့အတွက် ပုဂံပြည်ကို ခေါ်ဆောင်ပြီး ကောင်းစွာ စံစားစေလျက် ထားတော်မူခဲ့ သည်။ သားဖြစ်သူ စိတ်္တကုမ္မာရကိုလည်း သုဓမ္မာရာဇဘွဲ့ပေးအပ်ခဲ့သလို မနူဟာမင်းရဲ့မှူးမတ်တချို့ကိုလည်း နန်းတွင်းအမတ် တွေအဖြစ်ခန့်အပ်ပြီး သူကောင်းပြုခဲ့တယ် လို့ သမိုင်းတွေအရ သိရပါတယ်။
ဒီနေရာမှာ စစ်ရှုံးဘုရင်တစ်ပါးကို ကောင်းမွန်စွာ စံစားစေခြင်း၊ သားတော်တွေကို ဘွဲ့ပေးအပ်ပြီး ချီးမြှောက်ခြင်း၊ ပညာရှိမှူးမတ်တွေကို သင့်လျော်တဲ့နေရာ မှာ ပြန်လည်ခန့်အပ် အမှုထမ်းစေတာတွေ ကို ကြည့်မယ်ဆိုရင် အနော်ရထာမင်းရဲ့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်တဲ့အခါ အခု ခေတ် Politic လို့ခေါ်တဲ့ နိုင်ငံရေးကျွမ်းကျင် မှုအနေအထားကို တစ်စွန်းတစ်စ မြင်ကြရမှာပါ။ ဒါတင်ပဲလား မဟုတ်ပါဘူး။
မနူဟာမင်းဟာ အဖမ်းခံထားရစဉ် ကာလအတွင်း ““နောက်နောင် ငါသည်သာလျှင် သူတစ်ပါးနိုင်သောသူ ဖြစ်လို၏””လို့ ဆုတောင်းပြီး  မိမိရဲ့အကျဉ်းစံဘ၀၊ ကျပ်တည်းစွာ နေထိုင်ရမှု အခြေအနေတွေကို ကိုယ်စားပြုလို့ မနူဟာဘုရားကို တည်တော် မူခဲ့တယ်။ အဲဒီလို ဘုရားတည်ခွင့်ရဖို့ စစ်နိုင်ဘုရင် အနော်ရထာက ကြည်ကြည်ဖြူ ဖြူ ခွင့်ပြုပေးခဲ့ တာကြောင့် စစ်ရှုံးဘုရင် မနူဟာက မိမိရဲ့နန်းစဉ် လက်စွပ်ကို ပုဂံ သူဌေးတစ်ဦးထံကို ရောင်းပြီး တည်ထားခဲ့တာပါ။
မနူဟာဘုရားကို ၀င်ဖူးလိုက်တယ် ဆိုရင်ပဲ ဘယ်လောက်တောင် ကျပ်တည်း သလဲဆိုရင် ၀င်လျှင်ဝင်ချင်း ဆိုသလို မြသပိတ်တော်ကြီးကို တွေ့ရမှာပါ။ အဲဒီ သပိတ်တော်ကြီး နောက်မှာဆိုရင် မနူဟာ ဘုရားကြီးရှိပြီး ရုပ်ပွားတော်မြတ်ရဲ့မျက်နှာ တော်ကိုဖူးလိုက်ချင်း မိမိစိတ်ထဲမှာပါ မွန်းကျပ်လာတာကို ခံစားရမှာပါ။ ဒါတင်ပဲလား မဟုတ်ပါဘူး။ ရုပ်ပွားတော်မြတ်ရဲ့ ညာဘက်ကို ဆက်သွားလိုက်ရင် ထပ်မံဖူးမြော် ရတဲ့ ထိုင်တော်မူ ရုပ်ပွားတော်မြတ်ဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ အဲဒီက ဆက်လို့ အနောက်ဘက်မှာ တည်ထားကိုးကွယ် ထားတဲ့ လျောင်းတော်မူ ရုပ်ပွားတော်မြတ် ဟာလည်း ကျပ်တည်းစွာ နေထိုင်ရမှုရဲ့ သက်သေအဖြစ် ဖူးနေရင်းကကိုပဲ ဖူးမြော် သူမှာ စိတ်ကျဉ်းကျပ်သလို၊ မွန်းကျပ်သလို တွေခံစားရမှာပါ။ မည်သို့ပင်ဆိုစေ ကျွန် တော်တစ်ယောက် မွန်းမွန်းကျပ်ကျပ်နှင့် ပင် စစ်ရှုံးဘုရင်တည်ထားတဲ့ မနူဟာဘုရား ကိုဖူးခွင့်ရသည်။ ထို့နောက် ယခုကဲ့သို့ အတွေးတွေ ဆက်ခဲ့မိပါတော့သည်။
စစ်နိုင်ဘုရင် အနော်ရထာမင်းဟာ စစ်ရှုံးဘုရင် မနူဟာမင်းကို ကောင်းမွန်စွာ စံစားခွင့်ပေးခြင်း၊ သူနဲ့ ဆက်စပ် တဲ့လူတွေကို သင့်တော်သလို ချီးမြှောက်ပေးခြင်း အပြင် မိမိရဲ့စစ်နိုင်မြေမှာ စစ်ရှုံးဘုရင် အတွက် မြေနေရာ ပေးပြီး ဘုရားတည်ခွင့် ပေးခဲ့ခြင်းမှာ ထူးခြားတဲ့လုပ်ရပ်လို့ပဲဆိုရမှာ ဖြစ်ပါတယ်။ ရာဇ၀င်ဇာတ်ကြောင်းတွေကို ဖတ်ကြည့်မယ်ဆိုရင် အခုလိုမျိုး သဘော ထားကြီးတာ ခေါ်ခေါ်၊ နိုင်ငံရေးအမြင် ရှိတယ်လို့ပဲဆိုဆို အနော်ရထာ မင်းလိုလူကတော့ ရှားတယ်လို့ပဲ ပြောရမှာပါ။ ထပ်ပြီးတော့ အနော်ရထာ မင်းရဲ့လုပ်ရပ်ဟာ ထူးခြားတယ်၊ ထင်ရှားတယ် ဆိုတာကို နှိုင်းယှဉ် ကြည့်လိုတယ်ဆိုရင် မြန်မာပြည်လွတ်လပ် ရေးရပြီး နောက်ပိုင်းကနေ အခုအချိန်ထိ ဖြစ်ပျက်ခဲ့တဲ့ မြန်မာပြည် အခြေအနေတွေ နဲ့ နှိုင်းယှဉ်ကြည့်လို့ ရပါတယ်။
ထို့အတူ မနူဟာမင်းရဲ့ အကျဉ်းစံ ဘ၀မှာ မွန်းကျပ်စွာ ခံစားနေရမှုကိုဘုရား တည်ပြီး ပြဖို့အတွက် စိတ်ကူး စိတ်သန်းဟာလည်း နိုင်ငံရေးအတွေးအမြင်တွေ ပါဝင်တယ်လို့လည်း သုံးသပ်မိတယ်။ အကျဉ်းစံ တစ်ယောက် ရဲ့ စိတ်ခံစားမှုကို ရန်သူ့နယ် မြေက လူတွေ အကုန်သိအောင် လုပ်နိုင်ခဲ့ သူလို နောက်နောင် ဒီဘုရားကို လာဖူးသူတိုင်း သူ့ရဲ့ စိတ်ခံစားမှုကိုခံစားနားလည်မိ အောင် လုပ်ဆောင်ခဲ့သလိုပါပဲ။ စစ်အောင် နိုင်သူရဲ့ လက်အောက်မှာ နေရတဲ့ စစ်ရှုံး ဘုရင်တွေဟာ ဘယ်လိုပဲ နေထိုင်ရပါစေ …တကယ်တော့ စိတ်ကျဉ်း ကျပ်မှုက လွတ်မြောက်ခြင်းငှာ မစွမ်းသာဆိုတာကို ဘုရားတည်ရင်း ပြခဲ့တာပါပဲ။
ရန်သူစစ်ရှုံးမင်းရဲ့ နိုင်ငံရေးကစားကွက်ကို လက်ခံနိုင်စွမ်းရှိတဲ့ စစ်နိုင်ဘုရင် အနော်ရထာမင်းရဲ့ နိုင်ငံရေးအမြင်၊ ရန်သူ့ နယ်မြေမှာ အကျဉ်းစံဘ၀နဲ့ နေထိုင်ရပေ မယ့် မိမိရဲ့ဖြစ်တည်မှုကိုပြသနိုင်တဲ့ မနူဟာမင်းရဲ့ နိုင်ငံရေး အမြင်။
သမိုင်းကြောင်းအရ မည်သို့ပင်ဖြစ်စေ ဒီနေရာမှာ ဘုရားတည်ခြင်းကို အကြောင်း ပြုလို့ နှစ်ဖက်သောမင်းတွေရဲ့ နိုင်ငံရေး ကစားကွက်တွေကို မြင်လိုက်ရတော့ စိတ်ထဲမှာ တော်တော်လေးလည်း အံ့သြမိတာ အမှန်ပါပဲ။ ဒါနဲ့ ပတ်သက်လို့ နိုင်ငံရေး အမြတ်ထွက် လုပ်ခဲ့ကြတာဟာ ယနေ့ခေတ် ငြိမ်းချမ်းရေး တည်ဆောက်နေသူတွေ အတွက် နမူနာကောင်း တစ်ခုလည်း ဖြစ် နိုင်ပါကြောင်း တင်ပြရင်းနဲ့ …။
Credit To The Myanmar Herald
Read More »

မွန်ဒီမိုကရေစီပါတီဥက္ကဋ္ဌ ၀ါရင့် နိုင်ငံရေးသမားကြီး ဦးနိုင်ငွေသိမ်းနှင့်ပြောခြင်း – အံ့ခေါင်မင်း

““အထွေထွေအကျပ်အတည်းဖြစ်လို့ ဆူပူကြရင် ဘယ်လိုလုပ်မလဲလို့ ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်ကို ပြောတော့ အဲဒီလို မဖြစ်အောင် လုပ်မယ်တဲ့””

 ဦးအောင်မင်းနဲ့ ကျွန်တော်တွေ့တော့ ပြောတယ်။ ခင်ဗျားတို့ ဘယ်တော့ နောက်ကြောင်း ပြန် မှာ လဲဆိုတော့ ကျွန်တော်တို့ နောက်ကြောင်း မပြန်ဘူးတဲ့ နောက်ကြောင်း ပြန်လို့ လည်းမရဘူး။ နောက်ကြောင်းပြန်ရင် ကျွန်တော်တို့ သေသွားမှာ၊ ဒုက္ခ အကြီး အကျယ် ဖြစ်သွားမှာ။ ဒီအတိုင်းသွားတာက မျောသွား လို့ရ တယ်။ နောက်ေ ကြာင်း ပြန်သွား ရင် လက်နက် ကိုင် အဖွဲ့တွေကလည်း စုမိနေပြီ။ ကျွန်တော်တို့ အကုန်ဒုက္ခ ဖြစ်သွားမယ်တဲ့။ သူက ဒီလိုပြောတော့ ကျွန်တော့် အထင် သူတို့သဘောက အချိန်ဆွဲမယ်၊ လိမ်မယ်၊ ဒီမိုကရေစီ အတုနဲ့ မျောမယ့်သဘော . . .
ဝါရင့် နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သည့် ၁၉၉၀ ရွေးကောက်ပွဲဝင် မွန်ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဦးနိုင်ငွေသိမ်း အား ဖြတ်သန်း ခဲ့ရာ နိုင်ငံရေး အတွေ့အကြုံများနှင့် မွန်ဒီမိုကရေစီပါတီ၏ သမိုင်းေ ကြာင်း ဆောင်ရွက် ချက်များ၊ လတ်တလော ရပ်တည် ဆောင်ရွက် ချက်များနှင့် တိုင်းရင်းသားပါတီ တစ်ရပ် အနေဖြင့် နိုင်ငံရေး သဘော ထားများအား မေးမြန်း ဖြစ်ခဲ့ သည်များ ကို ဖော်ပြအပ် ပါသည်။
ယခင်တစ်ပတ်မှအဆက်
၉၀ ရွေးကောက်ပွဲပြီး နောက်ပိုင်း စစ်တပ်ကလည်း အာဏာမလွှဲဘူး။ ၁/၉၀ ကို ကြေညာလိုက်တယ် ဆိုတော့ နောက်ပိုင်းမှာ မွန်ဒီမိုကရေစီ ပါတီအနဲ့  ဘယ်လို ဆက်ပြီး ရပ်တည်ခဲ့ရလဲ။
ပျက်သွားတဲ့အခါကျတော့ ကျွန်တော်တို့က မှတ်ပုံတင်မရှိပေမယ့် ဆက်လုပ်တယ်။ အဖမ်းခံရတယ်၊ အစစ် ဆေးခံရ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဆက်လုပ်ခဲ့တယ်။ …
ဦးသိန်းစိန်တို့က ဒီမူကို မလျှော့ချင်ဘူး။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လက်ဦးတုန်းကတော့ ဦးရွှေမန်းကလည်း ပြည်သူ့ဆန္ဒရှိရင် ပြင်လို့ရတယ် ပြောပြီး နောက်တော့ ဦးသိန်းစိန်လမ်းပဲ လိုက်သွားတယ်။ လွှတ်တော်ထဲ ၀င်ခဲ့ကြဖို့လမ်းပဲ။  သူတို့လုပ်နေတာက အပစ်အခတ်ရပ်စဲရေး အဖွဲ့အစည်းတွေက တရားဝင် အဖွဲ့အစည်း မဟုတ်ဘူး၊ နိုင်ငံရေး အဖွဲ့အစည်း ထောင်လို့မရဘူး။ နိုင်ငံရေး လုပ်ငန်းလုပ်လို့မရဘူး။ ငြိမ်းချမ်းရေး လာဆွေးနွေး ပိုက်ဆံပေးမယ်။ ဒါ ဖျက်ဆီးတာပဲ . . .
၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီနဲ့ ၉၀ ရွေးကောက်ပွဲ ကြားကာလမှာ ပါတီအနေနဲ့ ထူးခြားတဲ့ နိုင်ငံရေး ဆောင် ရွက်မှုတွေ လုပ်ခွင့်ရခဲ့လား။
၁၉၉၃ ခုနှစ်မှာ ကျွန်တော်ထောင်က လွတ်လာတယ်။ ၉၅ မှာ ဗိုလ်မှူးအောင် ရောက်လာပြီး တိုင်းပြည် ငြိမ်းချမ်းအောင် တွေ့ဆုံ ဆွေးနွေးရေး လုပ်နိုင်ဖို့် ဦးသန်းရွှေဆီ စာရေးကြမယ်ဆိုလို့  လူစုကြတယ်။ ဗိုလ်မှူးအောင်ပါ လိုက်စုကြတာ။ နှစ်ရက် လောက်ကြာတော့ အလျင်လိုတယ် မြန်မြန် လုပ်ပါလို့ ပြောတယ်။ ဒီတော့ ရနိုင်သလောက် စုလိုက်တာ ကျွန်တော်ရယ်၊ ဗိုလ်မှူးအောင်ရယ် အပါအ၀င် ၂၃ ယောက်ရတယ်။ ကျွန်တော်တို့ စာရေးလိုက်တယ်။
သတိထား ဒီမိုကရေစီအတုဖြစ်နေမယ် အဲဒီလို ဗိုလ်ချုပ်အောင်ဆန်း ကြိုပြောသွားတာရှိတယ် . . . အခုက စည်းကမ်းပြည်ဝတဲ့ ဒီမိုကရေစီဆိုပြီး စည်းကမ်းက သူတို့ပေးတဲ့ စည်းကမ်း၊ အာဏာရှင်က ပေးတဲ့စည်းကမ်း၊ အဲဒီစည်းကမ်းကြောင့်ပဲ ဒီမိုကရေစီဆိုတာ ပျက်သွားတာ၊ အတုဖြစ်သွားတာ . . .တည်ဆဲဥပဒေ အရလုပ်ရမယ်။ လက်နက်ချရမယ်၊ လက်နက်ချပြီးေ တာ့ နိုင်ငံရေးပါတီ ထောင်ရမယ် ပြီးမှရွေးကောက်ပွဲဝင် . . .
ဘယ်လို အကြောင်းအရာမျိုးလဲ ခင်ဗျ။ တွေ့ဆုံ ဆွေးနွေးကြဖို့လား။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းဖို့၊ အမျိုးသား ရင်ကြားစေ့ရေး လုပ်ဖို့ ဆိုပြီးတော့ စာထဲမှာ ရေးပေးလိုက်တာ။ အဲဒီစာကို ကျွန်တော်တို့ အမျိုးသား ဒီမိုကရေစီချုပ်ကိုလည်း ပေးတယ်။ ဒါပထမဆုံး လုပ်ဖြစ်တာ။  နောက်တစ်ခုကျတော့ အဲဒီနဲ့ တစ်ဆက်တည်း ဘာလုပ်လို့ ရမလဲဆိုတာ ခွန်ထွန်းဦးတို့နဲ့ စုပြီးတော့ ကျွန်တော်တို့ စဉ်းစားရတယ်။ ရခိုင်ရယ်၊ မွန်ရယ်၊ ဇိုမီးရယ်၊ ရှမ်းရယ်ပေါင်းပြီးတော့ ရင်ကြားစေ့ရေး အမျိုးသား ဒီမိုကရေစီနဲ့ တွေ့ဆုံပြီးတော့ ဆွေးနွေးပါလို့ စာနောက် တစ်ခေါက် ထပ်ပို့ကြတယ်။ အဲဒီစပြီးတော့ အမျိုးသား ရင်ကြားစေ့ရေး စလုပ်တာ။ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့ အခါကျတော့ တွေ့ဆုံ ဆွေးနွေးပြီးတော့ ဘာလုပ်လဲ ဆိုတော့ လွှတ်တော် မခေါ်ရင် ကိုယ့်ဘာသာကိုယ် ခေါ်မယ်ဆိုပြီးတော့ UNA နဲ့ပေါင်းပြီးတော့ ရှေ့မေးခဲ့တဲ့ ဓာတ်ပုံထဲက CRPP ဖွဲ့တယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရယ်၊ ကျွန်တော်တို့ လေးယောက်ရယ် ငါးဖွဲ့ပဲ ရှိတယ။် အဲဒါနဲ့စဖွဲ့တယ်။ စဖွဲ့တဲ့အခါ ရည်ရွယ်ချက်က ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က လွှတ်တော် ခေါ်ရေးကို ပြောလို့မရလို့ရှိရင် ကိုယ့်ဘာသာခေါ်မယ်။ ကျွန် တော်တို့ တိုင်းရင်းသားအဖွဲ့တွေက လွှတ်တော် ကိုယ်စားလှယ်တွေ ကျွန်တော်တို့ မန်းဒိတ်ယူပြီးတော့ စုထား တယ်။ NLD လည်း မန်းဒိတ် ယူပြီးတော့ စုထားတယ်။ ပြီးတော့ အဲဒီမန်းဒိတ်နဲ့ ကျွန်တော်တို့ ခေါ်မယ်။ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် တို့က မရှိတဲ့ အခါကျတော့ မလုပ်ဖြစ်တော့ဘူး။ အဲဒီမှာ NLD က ပြဿနာ ပေါ်တယ်။  မန်းဒိတ်ပေးထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ဦးအောင်ရွှေဆီကို စာရေးတယ်။ သူတို့မန်း ဒိတ် ပေးထားတာပေါ့ လွှတ်တော် ဘာလို့ မခေါ်သလဲ။ တွေ့ချင်တယ် ဆိုပြီးတော့။ ဦးအောင်ရွှေက ဒါဟာ CRPP ရေးတာပေါ့။ ဒါပေမဲ့ CRPP မှာက NLD  ပဲ တော်တော် များများပါတယ် ဆိုတော့ သူပဲ သွားရှင်းရတယ်။ သွားရှင်းတော့ မတည့်ဘူး။
NLD က လူတွေပဲပေါ့။
ဟုတ်တယ်။ မရရအောင် လွှတ်တော်ခေါ်မယ်ဆိုပြီး ဘာလုပ်လဲဆိုတော့ ကျွန်တော်တို့ဆီက လူတွေနဲ့ ပေါင်းပြီးတော့ ပြီးတော့ ကုလသမဂ္ဂကို လက်မှတ်ထိုးတင်တယ်။ ဒီလူတွေကို NLD အကုန်ဖြုတ်ပစ်တယ်။ ဒေါ်နော်အုန်းလှတို့ရော အကုန်ပါ သွားတာပေါ့။ ကျွန်တော်တို့က ပြောတယ် မလုပ်ကောင်းပါဘူး၊ အရေးယူတယ် ဆိုရင်လည်း တခြားပုံစံနဲ့ အရေးယူ၊ ရာထူးလျှော့ပေါ့။ ဒီတော့ဦးအောင်ရွှေတို့ ပါတီကိုကိုင် နေတဲ့သူတွေက  ပါတီ ညီလာခံကျရင် ဒီလူတွေ ပြန်တင်ပေါ့။ ခင်ဗျားတို့ ပါတီညီလာခံက ဘယ်တော့ ဖြစ်မှာလဲလို့။ အဲလို ပြဿနာပေါ်တယ်။
ကျွန်တော်နဲ့ ဦးအောင်ရွှေနဲ့က တပ်ထဲမှာတည်းက အစေးမကပ်ဘူး။ ဒေါ်အောင်ဆန်းစုကြည်က ၉၀ မတိုင်ခင် ရွေးကောက်ပွဲ လုပ်မယ်ဆိုတော့ ကျွန်တော့်ကို ခေါ်ပြီးတော့ မေးတယ်။ အန်ကယ် ရွေးကောက်ပွဲ လုပ်မယ်။ ကျွန်မ ငယ်ငယ်ကလည်း ကြားဖူးတယ် မဲလိမ်တယ်၊ မဲခိုးတယ်၊ အနိုင်ကျင့်တယ် ဘာညာဆိုတာ ကြားဖူးတယ် ပေါ့။ အဲဒီလို မဖြစ်အောင် ကော်မတီတစ်ခု ဖွဲ့မယ်ဆိုပြီးတော့ သူက ပြောတယ်။ ရွေးကောက်ပွဲ မတိုင်ခင်က။ အဲဒီတုန်းက ဦးဝင်းတင်ရှိတယ်။ နောက်ဦး ချစ်ခိုင်ရယ်၊ ဦးအောင်ရွှေရယ်၊ ကျွန်တော်ရယ်၊ ဒေါ်အောင်ဆန်း စုကြည်ရယ် ငါးယောက်ပေါ့။ ကျွန်တော်ပြောတယ် ဒေါ်အောင်ဆန်းစုကြည်လို့ ကော်မတီဖွဲ့စရာ မလိုဘူးလို့ ဗိုလ်မှူးကြီးချစ်ခိုင်နဲ့ ဗိုလ်ချုပ်အောင်ရွှေကို မေးကြည့်လို့။ မဲလိမ်တယ်၊ မဲခိုးတယ်၊ အနိုင်ကျင့်တယ် ဆိုတာ သူတို့ပဲ လုပ်ခဲ့တာလို့။ ကျွန်တော်တို့ ကိုယ်တိုင်လည်း အပစ်ခံရတယ်လို့ ကျွန်တော် ပြောလိုက်တယ်။ အဲဒီမှာ ကော်မတီဖွဲ့ဖို့ ပျက်သွားရော။ စကားပြောပြီး ထွက်လာတော့ ဗိုလ်ချုပ်အောင်ရွှေက လက်ဖက်ရည် သောက်ရအောင် ဆိုပြီးတော့ လက်ဖက်ရည် ခေါ်တိုက်တယ်။ ပြီးတော့ ခင်ဗျားဗျာတဲ့ ကျွန်တော်တို့ လုပ်တယ်လို့ ဘာဖြစ်လို့ ပြောရတာလဲတဲ့။ မဟုတ်ဘူးလားလို့ ကျွန်တော်က မေးတယ်။ အဲဒါတော့ ဟုတ်တော့ ဟုတ်တာပေါ့ဗျာ၊ ဒေါ်အောင်ဆန်းစုကြည် ရှေ့သွားပြောတော့ ဘယ်ကောင်းမလဲတဲ့။ ဦးအောင်ရွှေလို့ ကျွန်တော်တို့ အရင်က မတည့်ဘူး၊ ရန်သူပေါ့။ ဒါပေမဲ့ အခုတော့ မဟာမိတ် ဖြစ်သွားပြီ၊ ပေါင်းလုပ်တယ် ဒါတွေ မစဉ်းစားနဲ့တော့လို့။
ကျွန်တော် သူတို့ကို အမြဲပြောခဲ့တယ်။ ခင်ဗျားတို့ NLD ဟာ First Line လည်း မရှိဘူး Second Line လည်းမရှိဘူး ဘာမှမရှိဘူးလို့။ ခင်ဗျားတို့ ရပ်သွားရင် ဘယ်သူ ဆက်လုပ်မလဲ။ ဦးလွင်ကတော့ နား မထောင်ဘူး ထွက်သွားတယ်။ ဗိုလ်မှူးကြီး ချစ်ခိုင်နဲ့ ဗိုလ်ချုပ်အောင်ရွှေကို ကျွန်တော်ပြောတာ။ ကျွန်တော် ခဏခဏ ပြောတယ်။ ခင်ဗျားတို့က ကျွန်တော်တို့ တိုင်းရင်သား အဖွဲ့တွေကို အဖွဲ့ သေးသေးလေးတွေ ဆိုပြီး၊ တိုင်းရင်းသားအဖွဲ့မှာ First Line, Second Line ရှိတယ်။ အာဏာသိမ်းတော့ First Line ကအဖမ်းခံရတော့ Second Line က ဆက်ပြီးတော့ လုပ်နိုင်တယ်။ ခင်ဗျားတို့ အဲလို လုပ်ဖို့လိုတယ်လို့် ကျွန်တော် ပြောတယ်။ နောက် ခင်ဗျားတို့ကလည်း စီမံကိန်း ကျကျနန ချပေးဖို့လိုတယ် ကျွန်တော်ပြောပြခဲ့တယ်။ ဒါပေမဲ့ မလုပ်ဘူး။ အခုထိပဲ၊ NLD မှာအခုထိ First Line, Second Line မရှိဘူး။ အဲဒီအတိုင်း သွားရင် ဘယ်လို ဆက်လုပ်မလဲ။ ဦးဆောင်ပါတီကြီးလို့ သူတို့ကိုယ်သူတို့ ထင်နေကြတာပဲ ရှိတယ်။
၂၀၁၀ မှာ အဘတို့ မှတ်ပုံမတင်ဘူးနော်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င်ပေါ့။
ကျွန်တော်တို့က ၉၁ ခုနှစ်ကတည်းက မတရား အဖျက်ခံထားရတာ။
၂၀၁၂ မှာ NLD က ရွေးကောက်ပွဲ ၀င်လိုက်တယ်။ တရားဝင် မှတ်ပုံတင်ပြီးတော့လေ။
ကျွန်တော်တို့ ခေါ်တယ်။  မှတ်ပုံတင် မရှိရင် နိုင်ငံရေး လုပ်ရတာ မလွယ်ဘူး။ အခုက လုပ်လို့ရတယ် ဆိုပေမယ့် အပြည့်အ၀ လုပ်လို့မရဘူး။ နိုင်ငံရေး လုပ်ဖို့ဆိုတာ မှတ်ပုံတင်ဖို့ လိုတယ်။ မှတ်ပုံတင်ကြမယ် ဆိုပြီး။ ကျွန်တော်တို့က  ခင်ဗျားတို့ ပါတီကို ခင်ဗျားတို့ လုပ်ပိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲဝင်၊ လွှတ်တော် ရောက်လည်း ဘာမှလုပ်လို့ မရဘူးလို့ ။  ကျွန်တော်တို့ မ၀င်ဘူး။ ကျွန်တော်တို့ အခြေအနေ ကြည့်မယ်။ လုပ်သင့်မှ ကျွန်တော်တို့ လုပ်မယ်။
အနည်းဆုံးတော့ နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံဆွေးနွေးရေး လုပ်မယ်။ အဲဒီလိုဆိုရင် ကျွန်တော်တို့ ရွေးကောက်ပွဲဝင်ဖို့ ပြန်စဉ်းစားမယ်လို့။
၉၀ ရွေးကောက်ပွဲဝင်ခဲ့တဲ့ ဒီမိုကရက်တစ် အတိုက်အခံ ပါတီတွေထဲမှာ NLD တစ်ပါတီတည်း မှတ်ပုံ တင်ပြီးတော့ ကြားဖြတ်ရွေးကောက်။ ပွဲဝင်တာလား။ ပါတီတွေနဲ့ တရားဝင် မှတ်ပုံတင်ဖို့ ဆွေးနွေးကြ သေးတယ် မဟုတ်လား အဘ။
ဒါက နောက်မှ။ ခွန်ထွန်းဦးတို့ လွတ်လာပြီးတော့ တိုင်းရင်းသား ကိစ္စတွေပါ ဆွေးနွေးပွဲလုပ်တာ။ ကျွန်တော်တို့ ကတော့ ဖွဲ့စည်းပုံကို လက်မခံဘူး။ ရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို လက်မခံနိုင်ဘူး။ သို့သော်လည်းပဲ အဲဒီမှာ ဆွေးနွေးမှုအရ ဒါကို စွန့်လွှတ်ပြီး တိုင်းရင်းသားတွေ ဘက်က အရှုံးခံပြီးတော့ မှတ်ပုံတင်ရတာ။ ကျွန်တော်တို့ ပေးလိုက်ရတာတွေ အများကြီးပဲ။
၂၀၀၈ ဥပဒေကို လက်မခံနိုင်တာ လျှော့ပေးလိုက်ရတာ။ ဖွဲ့စည်းပုံဆိုတာ ဒီမိုကရေစီနဲ့ မဟုတ်ဘူး။
နောက် ကလင်တန် လာတုန်းက ကျွန်တော်တို့ တိုင်းရင်းသားက ၄ ယောက်ရယ်၊ ဒေါ်အောင်ဆန်း စုကြည်ရယ်၊ ဦးဝင်းတင်၊ ဦးတင်ဦးနဲ့ တွေ့ကြတယ်။ တခြားလူ မ၀င်ရဘူး။ ဆွေးနွေးတာက ကြားဖြတ် ရွေးကောက်ပွဲ ပြီးလို့ရှိရင် ကျွန်တော်တို့ကို မှတ်ပုံတင်ဖို့။
အခုပြောသလိုဆို ၉၀ ပါတီတွေ မှတ်ပုံတင်လိုက်တာဟာ မကောင်းဘူးဆိုတဲ့ သဘောလား။
ဝင်ပြီးတော့ လုပ်တာ ဘာဖြစ်လို့လဲ။ ကျွန်တော် ဒေါ်အောင်ဆန်းစုကြည်ကို ကိုယ်တိုင် ပြောတယ်။ သူ ဥက္ကဋ္ဌလုပ်တဲ့ လက်ပံတောင်းတောင်မှာကိစ္စ အခုထက်ထိ ဆန္ဒပြတုန်း။ နောက်တခြားတပ်က သိမ်းထားတဲ့ လယ်တွေ အများကြီး ရှိသေးတယ်။ ခရိုနီတွေ သိမ်းထားတဲ့ မြေတွေလည်း အများကြီး ရှိသေးတယ်။ ဒါတွေကို ပြန်တောင်းလို့ ရုတ်ရုတ် ဖြစ်နေတာတွေ ဘာလုပ်ပေးနိုင်လဲ။ အဲဒါတစ်ခု ကျွန်တော် ပြောတယ်။ နောက်တစ်ခုက အလုပ်သမားတွေလည်း သပိတ်မှောက်တယ် အမြဲတမ်း။ ဒီလူတွေ နေစရာ နေရာမရှိ၊၊ စားစရာ မရှိရင် သူပုန်ထ သွားမယ်ပေါ့။  အကယ်၍ အထွေထွေ အကျပ်အတည်း ဖြစ်လို့ ဆူပူကြရင် ဘယ်လို လုပ်မလဲလို့ ကျွန်တော် ဒေါ်အောင်ဆန်း စုကြည်ကို ပြောတော့ အဲဒီလို မဖြစ်အောင် လုပ်မယ်တဲ့။ သူလုပ်လို့ ရ၊ မရ ကြည့်ရမှာပေါ့။ ဖြစ်လို့ရှိရင်တော့ တိုင်းပြည်က အခြေအနေ မကောင်းဘူးလို့တော့ ပြောခဲ့တယ်။
ဒီလိုပဲ၊ ဦးအောင်မင်းနဲ့ ကျွန်တော် တွေ့တော့ ပြောတယ်။ ခင်ဗျားတို့ ဘယ်တော့ နောက်ကြောင်း ပြန်မှာလဲ ဆိုတော့ ကျွန်တော်တို့ နောက်ကြောင်း မပြန်ဘူးတဲ့ နောက်ကြောင်း ပြန်လို့လည်း မရဘူး။ နောက် ကြောင်းပြန်ရင် ကျွန်တော်တို့ သေသွားမှာ၊ ဒုက္ခအကြီးအကျယ် ဖြစ်သွားမှာ။ ဒီအတိုင်း သွားတာက မျှောသွား လို့ရတယ်။ နောက်ကြောင်း ပြန်သွားရင် လက်နက်ကိုင်အဖွဲ့ တွေကလည်း စုမိနေပြီ။ ကျွန်တော်တို့ အကုန် ဒုက္ခ ဖြစ်သွားမယ်တဲ့။ သူက ဒီလိုပြောတော့ ကျွန်တော့်အထင် သူတို့သဘောက အချိန်ဆွဲမယ်၊ လိမ်မယ်၊ ဒီမိုကရေစီ အတုနဲ့ မျောမယ့်သဘော။ ဒီမိုကရေစီ အတုလို့ ပြောတာက ဗိုလ်ချုပ်အောင်ဆန်း ရှိတည်းက ပြောဖူးတာ ရှိတယ်။ ကမ္ဘာမှာ ဒီမိုကရေစီ ခေတ်စားလာပြီ။ မင်းတို့သတိထား ဒီမိုကရေစီအတု ဖြစ်နေမယ်လို့ ပြောတယ်။ ဒီမိုကရေစီဆိုတာ လွတ်လပ်စွာ လုပ်ပိုင်ခွင့်ရှိတယ်။ ကိုယ့်ရဲ့လွတ်လပ်စွာ လုပ်ပိုင်ခွင့်ဟာ တခြားလူရဲ့ ဒီမိုကရေစီကို သွားမထိရဘူး။ တခြားလူရဲ့ လွတ်လပ်ခွင့်ကို သွားထိရင် တို့ခံသွားရမယ်။ အဲဒီလို ဗိုလ်ချုပ်အောင်ဆန်း ကြိုပြောသွားတာ ရှိတယ်။ အခုတွေ့နေရပြီ။
ဘာကြောင့်အခု ဒီမိုကရေစီအတု တွေ့ရပြီလို့ ပြောနိုင်တာလဲ။
ကျွန်တော်တို့က ကိုလိုနီခေတ်မှာ လူဖြစ်လာတာ။ အဲဒီတုန်းကတောင် လွတ်လပ်စွာ စည်းရုံးခွင့်ဆိုတာ၊ လွတ်လပ်စွာ နိုင်ငံရေးပါတီ ထောင်ခွင့်ဆိုတာ ရှိတယ်။ တို့ဗမာအစည်းအရုံး၊ ဂျီစီဘီအေ၊ ဆင်းရဲသား ၀ံသာနုအသင်း အကုန်ရှိတယ်။ ဘယ်အဖွဲ့မှ မှတ်ပုံမတင်ရဘူး။ ဒါ ကိုလိုနီခေတ်မှာနော်။ အဲဒီတုန်းက ဘယ်လောက်လဲ ဆိုရင် သခင်က လမ်းဘေးမှာ  အော်ဆဲပြီး တရားဟောနေတာ။ ပုလိပ်လာပြောရင်၊ ဟေ့ပုလိပ် မင်းတို့ကို ငါတို့ပိုက်ဆံပေး ထားတာ၊ ငါတို့ လုံခြုံရေးအတွက် ဆိုပြီး ပြောလွှတ်တာ။ သာမန် လူကတောင် ပုလိပ်ကို အိမ်နောက်ဖေးမှာ မိန်းမ ထဘီလှန်းထားတာ ပျောက်သွားရင် ဟေ့ဒါမင်းတာဝန်ပဲ ဆိုပြီးတော့ ပြောတာ။ အခုဒီလိုပြောလို့ရလား။ ကျွန်တော်တို့ ပြည်သူ့ရဲဘော် ထောင်တယ်၊ ပြည်သူ့ရဲဘော်ကို တပ်လို့ မသုံးရဘူး၊ အဖွဲ့ပဲ သုံးရမယ်ဆိုတော့ အဖွဲ့လို့ ပြန်ပြောင်းရတယ်။ နောက်ပြီးတော့ ပြည်သူ့ရဲဘော် ဂျာနယ်ထုတ်တယ်။ ကျွန်တော်ကိုယ်တိုင် ထုတ်တယ်၊ တာဝန်ခံလုပ်တယ်၊ ဘယ်စာပေစိစစ်ရေးမှ မတင်ရဘူး။ ဒါကိုလိုနီခေတ်။ နောက်ပြောမယ်ဆို ဗိုလ်နေ၀င်း အာဏာသိမ်းပြီး တုန်းကတောင် ကျွန်တော်တို့ အဖွဲ့ မဖျက်သိမ်း သေးဘူး။ ၆ ခရိုင်၊ ၈ ခရိုင်ဖွဲ့တာတွေ လုပ်တယ်။ ကျွန်တော်ကိုယ်တိုင် လမ်းမတော် ပလက်ဖောင်းမှာ ကုလားထိုင် ချပြီးတော့ တရားဟောတာ အစိုးရ မကြောက်ရဘူး။ အဲဒီလို လမ်းဘေးမှာ ဟောလို့ရတယ်။ အခု ရလား။ အခုဆို ဆန္ဒပြခွင့် တင်ရတယ်။ ဒါ တောင်ခွင့်ပြုမှ။ ကျွန်တော်တို့ မွန်ပြည်နယ် ရရှိရေးဆိုပြီးတော့ ၄၈ ခုနှစ်တုန်းက ဆန္ဒပြတယ်။ မော်လမြိုင်မှာ လူ ၄သန်း ကျော်လောက် တက်တယ်။ ဘယ်သူမှလာ မစစ်ဘူး။ ဘယ်သူမှ လာမတားဘူး။ အဲဒါ ဒီမိုကရေစီ ခေါ်တာ။
အခုက စည်းကမ်းပြည်ဝတဲ့ ဒီမိုကရေစီဆိုပြီး စည်းကမ်းက သူတို့ပေးတဲ့ စည်းကမ်း၊ အာဏာရှင်က ပေးတဲ့စည်း ကမ်း၊ အဲဒီစည်းကမ်းကြောင့်ပဲ ဒီမိုကရေစီဆိုတာ ပျက်သွားတာ၊ အတုဖြစ်သွားတာ။
ဒီအခြေအနေပေါ်မှာ အဘတို့ကို ဒေါ်အောင်ဆန်းစုကြည်က ဘာပြောလဲ။
ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်၊ ဥပဒေစိုးမိုးရေး သူလုပ်လို့မရသေးဘူး၊ ငြိမ်းချမ်းရေး လုပ်လို့ မရသေးဘူးတဲ့။  အဲဒီ ဥပဒေ စိုးမိုးရေး မရှိသမျှ ကာလပတ်လုံး ဒီမိုကရေစီ မရှိဘူး။ ဒီမိုကရေစီ မရှိသမျှ ကာလပတ်လုံး ဒီဖွဲ့စည်းပုံကို ဘယ်လို လုပ်ပြီးတော့ ပြင်မလဲ။ ဖွဲ့စည်းပုံရဲ့ ဟာကွက်၊ ပျော့ကွက်၊ ကောင်းကွက်ကို ပြည်သူလူထုကို ချပြီးတော့ ပြောဖို့ဆိုတာ ခွင့်ပြုချက်ရမှ။ ဒီပုံစံနဲ့ လွှတ်တော်တွင်းမှာ လုပ်လို့ မရဘူး။ UNFC ပြောတာက လွှတ်တော် ပြင်ပမှာ ရေးဆွဲဖို့၊ အသစ်ပြန်လည် ရေးဆွဲဖို့။ သူတို့အပြင်မှာ FCDCC (Federal Constitution Drafting Collecting Committee) ကော်မတီ ရှိတယ်။အဲဒီ ကော်မတီက ကိုစိန်ဝင်းတို့ အကုန်ပါတယ်။ NCUB၊ NDF နောက်ပြီးတော့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အကုန်လုံး ပေါင်းဆွဲထားတာ။ အပြင်က အဖွဲ့အစည်းလိုက် ဆိုရင် လူ့ဘောင်သစ်ပါတယ်၊ ABSDF တို့ပါတယ်။ အခြေခံ ဥပဒေ ရေးထားပြီးသား။ သုံးပုံတစ်ပုံကို ၂၀၀၄ မှာပြီးတယ်။ သုံးပုံနှစ်ပုံကို ၂၀၀၆ ဖေဖော်ဝါရီမှာ ပြီးတယ်။ အကုန် သဘောတူ ကြတယ်။ သာမန် နည်းနည်းပါးပါး ကွဲလွဲတာပဲ ရှိတယ်။ အခြေခံတွေ ဘာမှမကွဲဘူး။ ပိုတယ်၊ လိုတယ်ဆိုရင် ဖြုတ်လိုက်ရုံပဲ။
အဲဒီလိုဖွဲ့စည်းပုံကို အသစ်ရေးလိုက်ရင် စစ်တပ်က နောက်ကြောင်းပြန်မှာကို စိုးရိမ်နေကြတယ်။
 နောက်ကြောင်း ပြန်မယ်ဆိုတာ  အစိုးရနဲ့ ပေါင်းစားချင်တဲ့ သူတွေကပြောတာ။ နောက်ကြောင်းပြန်မယ်၊ မပြန်ဘူးနဲ့ တစ်ယောက်ကို တစ်ယောက် ခြောက်ပြီးတော့ တိုက်ပွဲကို အရှိန်မပျက်အောင် လုပ်ထားတာ။
ဦးအောင်မင်းနဲ့ ပြောတော့ ငြိမ်းချမ်းရေး ကိစ္စတွေကို ပြောဖြစ်ကြသေးလား။
ဦးအောင်မင်းကို ကျွန်တော်ပြောတာက ယုံကြည်မှု တည်ဆောက်တာ လုပ်တာက ခင်ဗျားတို့ လုပ်ရမှာ ကျွန်တော်တို့ တိုင်းရင်းသား လုပ်စရာ မလိုဘူး။ ၉၀ ရွေးကောက်ပွဲ ပြီးတဲ့အခါကျတော့ လွှတ်တော် ခေါ်ပေးမယ် ဆိုပြီးတော့ မခေါ်ဘူး။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲဖို့က အနိုင်ရပါတီ တာဝန်ဆိုပြီးတော့၊  တစ်ဖက်က အနိုင်ရ ပါတီကို ဖိထားပြီး ခင်ဗျားတို့ ကြိုက်သလို လုပ်တယ်။ အဲဒီမှာ အရင်က အပစ်အခတ် ရပ်စဲရေးတစ်ခါ လုပ်ပြီးပြီ၊ ပျက်သွားတယ်။ ဘာလို့ပျက်လဲဆိုတော့ ခင်ဗျားတို့ နိုင်ငံရေး ဆွေးနွေးတာတွေ မလုပ်ဘူး၊ ကတိတွေ ဖျက်တယ်။ ခင်ဗျားတို့ ဖျက်ခဲ့တဲ့ ကတိတွေကို ပြန်လုပ်ပါ။ ခင်ဗျားတို့ အရင်က ကတိပေးခဲ့တာတွေ ပြန်လုပ်မယ် ဆိုမှ ယုံကြည်မှု တည်ဆောက်လို့ ရမှာလို့။ ကျွန်တော်တို့က အားလုံး အဆင်သင့်ပဲ၊ ဘာမှ လုပ်စရာ မလိုတော့ဘူး။ ကျွန်တော်တို့က ကတိပေးတာ၊ ဖျက်တာမရှိဘူး။ ခင်ဗျားတို့သာ ကတိပေးပြီး ဖျက်တာလို့။
အခု အပစ်အခတ် ရပ်စဲရေးကတော့ တော်တော် ခရီးပေါက်နေပြီလို့ ပြောကြတယ်။
အပစ်အခတ် ရပ်စဲရေးကလည်း  အရင်ကတစ်ခါ “၀”ကစပြီးတော့ လုပ်တာ  အကုန်လုံးပါပြီး လုပ်ခဲ့တာပဲ။ ဒီမှာလည်း သူတို့ လုပ်တဲ့နည်းက တိုင်းရင်းသားအဖွဲ့တွေ စုပြီးတော့လာရင် သူတို့လက်မခံဘူး။ တစ်ဖွဲ့စီလာကြ ဆိုပြီးလုပ်တာ။ ၉၅-၉၆ အထိ ကျတော့ KNU ပဲလုပ်ဖို့ကျန်တယ်။ ဒီတော့ KNU ကို ဖိတိုက် တယ်။ တခြားသူ ကူလို့မရဘူး။ ကူလို့ရှိရင် ငြိမ်းချမ်းရေး လက်မှတ်ထိုးတာ ပျက်သွားမှာကိုး။ အခုလည်း ကချင်ကို ထားပြီတော့ ဖိတိုက်ပြီး သူတို့လိုတဲ့ပုံစံရမှ တွေ့တာ မဟုတ်လား။ သူ့တို့နည်းက အဲဒီလို။ အခုတော့ လိုင်ဇာ တွေ့ဆုံမှုကနေစပြီး ၁၇ ဖွဲ့ ညီညွတ်သွားပြီ။ ခွဲဖို့မလွယ်တော့ဘူး။ ဒါပေမဲ့ သူတို့ နောက်တစ်နည်းက မျှားတာလေ။ KNU ကိုဆို ပိုက်ဆံတွေပေးပြီး ကုမ္ပဏီထောင်ဖို့တွေ လုပ်ပြီးမှ ကွဲမလို ဖြစ်ကြသေးတယ်။ ဒါပေမဲ့ မကွဲဘူး။
မြစ်ကြီးနားမှာ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီမှု မရလိုက်တာ ဘယ်လိုကြောင့်လို့ သုံးသပ်မိလဲ။ ဘယ်အချက်တွေကြောင့် ဖြစ်မလဲ။ အချို့ တိုင်းရင်းသားတွေကတော့ အဲဒီတွေ့ဆုံမှုကို ပမာဏ အဆင့်ပဲ ကြိုမှန်းထားတယ်လို့ ပြောကြတယ်။
မရဘူးဆိုတာက ကျွန်တော်ပြောတာက မူက မတူကြဘူး။ သမ္မတ ဦးသိန်းစိန် ပြောတဲ့မူက ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်၊ နောက်လွှတ်တော်အဆင့်။ အဲဒီလွှတ်တော်အဆင့်က တည်ဆဲဥပဒေ အရလုပ်ရမယ်။ လက်နက်ချရမယ်၊ လက်နက်ချပြီးတော့ နိုင်ငံရေးပါတီ ထောင်ရမယ် ပြီးမှ ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲ ရောက်ပြီးမှ ပွင့်လင်းမြင်သာစွာ ပြောဆိုတော့ လက်မခံနိုင်ဘူး။ ဦးသိန်းစိန်တို့က ဒီမူကို မလျှော့ချင်ဘူး။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး လက်ဦးတုန်းကတော့ ဦးရွှေမန်းကလည်း ပြည်သူ့ဆန္ဒရှိရင် ပြင်လို့ရတယ်ပြောပြီး နောက်တော့ ဦးသိန်းစိန်လမ်းပဲ လိုက်သွားတယ်။ လွှတ်တော်ထဲ ၀င်ခဲ့ကြဖို့ လမ်းပဲ။ သူတို့ လုပ်နေတာက အပစ် အခတ် ရပ်စဲရေး အဖွဲ့အစည်းတွေက တရားဝင် အဖွဲ့အစည်း မဟုတ်ဘူး၊ နိုင်ငံရေး အဖွဲ့အစည်းထောင်လို့ မရဘူး။ နိုင်ငံရေးလုပ်ငန်း လုပ်လို့မရဘူး။ ငြိမ်းချမ်းရေး လာဆွေးနွေး ပိုက်ဆံပေးမယ်။ ဒါ ဖျက်ဆီးတာပဲ။
လက်ရှိ နိုင်ငံရေး အခြေအနေကြီးမှာ အဘတို့ မွန်ဒီမိုကရေစီပါတီ အနေနဲ့ ဘယ်လိုမူဝါဒ ချမှတ်ပြီးတော့ လုပ်သွားဖို့ရှိလဲ။
ကျွန်တော်တို့က ရှိရင်းစွဲပဲ UNA ချထားတဲ့ မူပေါ့။ ဒီမိုကရေစီနဲ့ တန်းတူရေးပဲ။ ဒီမိုကရေစီကို ရအောင်လုပ်ရ မယ်။ တိုင်းရင်းသားအားလုံး တန်းတူရေးဖြစ်အောင်၊ နိုင်ငံရေးအရ၊ စီးပွားရေးအရ တန်းတူဖြစ်အောင် လုပ်ရမယ် ဆိုပြီးတော့ ကျွန်တော်တို့ ဒီတန်းတူရေး၊ တန်းတူရေးက ဖက်ဒရယ်မူကို အခြေခံတယ်။ ကျွန် တော်တို့ ကိုင်တဲ့ အခြေခံမူက ခင်ဗျားတို့ လေ့လာကြည့်ပါ ကမ္ဘာမှာ ဖက်ဒရယ်မူဟာ အစစ်အမှန်ဆိုရင် နှစ်ခုရှိတယ်။ လူမျိုးကို အခြေခံတဲ့ ပြည်နယ်တွေ ပေါင်းထားတဲ့ ဖက်ဒရယ်မူ၊ နောက်ပြီးတော့ ဒေသကို ပေါင်းထားတဲ့ အခြေခံမူ။ သပ်သပ်စီ လုပ်ထားတယ်။ ကမ္ဘာမှာ အဲလိုပဲ လုပ်ထားတယ်။ နှစ်ခု ရောလိုက်လို့ရှိရင် မမှန်တော့ဘူး။ အလိမ်ပဲ။ ပြည်ထောင်စုယောင်ပေါ့။ ကျွန်တော်တို့က လိုချင်တာက ဖက်ဒရယ် ပြည်ထောင်စုကို လိုချင်တယ်။ ကျွန်တော်တို့ တိုင်းရင်းသားကိစ္စ၊ ဒီမိုကရေစီကိစ္စ တိုက်ပွဲဝင်နေတာက ကျွန်တော်တို့ တိုင်းရင်းသားထဲမှာ ဗမာလည်း ပါတယ်၊ ဗမာလည်းရဖို့ ကျွန်တော်တို့ လုပ်တာ။ ဒီမိုကရေစီက အကုန်လုံး ရရမယ် ညီတူ ညီမျှရရမယ်။
မွန်ဒီမိုကရေစီပါတီရယ်၊ မွန်ဒေသလုံးဆိုင်ရာ ပါတီရယ် ပူးပေါင်းဖို့အတွက် ဆောင်ရွက်နေကြတဲ့ အခြေအနေ ဘယ်လိုရှိလဲ။
အခြေအနေက ပြောရခက်တယ်။  ညှိလို့ မရသေးဘူး။ မလွယ်ဘူး။ မွန်နှစ်ပါတီမှာ ကွဲတာက ကျွန်တော်တို့ ပြောတဲ့ ဖက်ဒရယ်မူ သူတို့ လက်မခံဘူး။ နောက်တစ်ခုက ဖွဲ့စည်းပုံပြင်တဲ့ကိစ္စ။ ကျွန်တော်တို့က အစိုးရနဲ့လည်း မပေါင်းနိုင်ဘူး။
နှစ်ဖွဲ့ပေါင်းဖို့ အဘတို့ပဲ စပြီးကမ်းလှမ်းခဲ့တာ မဟုတ်လား။
ကျွန်တော်တို့ စကမ်းလှမ်းတယ်လို့ ပြောလို့ရပါတယ်။ ကိုယ်စကမ်းလှမ်းတော့ သူတို့က ၀န်ကြီးတွေဖြစ်နေလို့၊ အာဏာရလို့ သွားကပ်ချင်တယ်လို့ အသံထွက်လာတယ်။
နှစ်ပါတီပေါင်းဖို့ ကိစ္စကို မွန်ပြည်နယ် သံဃာတွေ၊ လူထုတွေက ဖြစ်စေချင်တာလို့ ကျွန်တော်တို့ အပြင်ကနေ ကြားနေရတယ် ခင်ဗျ။
ဟုတ်ပါတယ်။ အကုန်လုံးက ဖြစ်စေချင်တယ်လေ။ ဟိုတလောက အစည်းအဝေး လုပ်တယ်လေ။ သူတို့ ဆန္ဒယူတယ်။ စာရွက်ဝေတယ်။ ပေါင်းဖို့၊ မပေါင်းဖို့ပေါ့။ မပေါင်းဖို့ ကမ်းလှမ်းတာ ၇ စောင်လောက် ထွက်လာတယ်။ ကျွန်တော်တို့မှာ ပေါင်းစည်းရေး ကော်မတီ ရှိတယ်။ အာဏာအပြည့်အ၀ ပေးထားတယ်။
လာမယ့် ၂၀၁၅ မှာ ရွေးကောက်ပွဲဝင်ဖို့ရော ဆုံးဖြတ်ပြီးပြီလား။
ကျွန်တော်တို့က မှတ်ပုံတင်ကျဖို့ တစ်နှစ်လောက်ပဲ ရှိသေးတယ်။ ပြင်ဆင်ထားတယ် ဆိုတာက အခြေအနေကို နည်းနည်း ကျွန်တော်တို့ စဉ်းစားတာက ၂၀၁၅ မှာ ရွေးကောက်ပွဲ ဖြစ်ပါ့မလား။ ပြည်သူတွေရဲ့ ဆန့်ကျင်မှုတွေကြောင့် ရွေးကောက်ပွဲ ရွှေ့သွားနိုင်တယ်။ ကျွန်တော်တို့လည်း အဲဒီလို မဖြစ်အောင် ဆုတောင်း တာပေါ့။ ကျွန်တော်တို့ ပြင်ဆင်တာက ကျေးရွာ ရပ်ကွက်ထိ စည်းရုံးရေးဆင်းတယ်။ ဆိုင်းဘုတ်ပါတင်တယ်။ ကျွန်တော်တို့ရဲ့ နိုင်ငံရေး လမ်းစဉ်ကို ချပြတယ်။ မျိုးဆက်သစ် လူငယ်တွေကို နိုင်ငံရေးသင် တန်းတွေ ပေးတယ်။ နိုင်ငံရေး သင်တန်းပေးတာက အပြည့်အ၀ ကျေနပ်မှုမရှိသေးဘူး။ လူငယ်တွေကို ရအောင်မွေးရ မှာလေ။ နိုင်ငံရေး ခံယူချက်က သူတို့ထက်မြင့်တယ်၊ သူတို့ထက် မှန်တယ်ဆိုရင် ငါတို့မရဘူး။ နိုင်ငံရေး အတွက်တော့ ပြင်ဆင်နေတယ်။ နယ်မြေ တိုးချဲ့တဲ့အခါ ကျိုက်ထို၊ ဘီးလင်းပေါ့။ ပဲခူးဘက်ကူးဖို့ ကြိုးစား နေတယ်။
Credit To The Myanmar Herald
Read More »

တံခါးလေး ဖွင့်ရုံပဲလား ဇေယျသူ

မြန်မာနိုင်ငံ တံခါးဖွင့်လိုက်ပြီ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်သည်။ ထို့ကြောင့် ကမ္ဘာတွင် အရွယ်အစားကြီးကြီး နောက်ဆုံး ကျန်သည့်ဈေးကွက် အဖြစ် ဝင်လာမစဲ တသဲသဲ ရှိကြသည်။
လေ့လာသူ၊ ဆန်းစစ်သူ၊ နေရာဦးသူ၊ အထိုင်ချသူ စသည်ဖြင့် ရင်းနှီး မြှုပ်နှံသူမျိုးစုံ လာကြသည်။ အချို့က ကြာကြာနေကြမည်။ တစ်သက်လုံး နေချင်နေကြမည်။ အချို့က ဆူလွယ်နပ်လွယ် အပေါ်ယံ ခပ်စားပြီး ပြန်ချင် ပြန်ကြမည်။ အချို့က မြန်မာနိုင်ငံတွင် အခြေစိုက်ပစ္စည်း ထုတ်ပြီး အခြားနိုင်ငံ များသို့ ရောင်းချင်သည်။ အချို့က ပြည်တွင်း သန်းခြောက်ဆယ် ဈေးကွက်ကို မက်ပြီး ပစ္စည်း ရောင်းချင်သောကြောင့် ရောက်လာကြသည်။
တံခါးဖွင့်ခြင်းသည် တံခါးကိစ္စ၏ အစသာ ဖြစ်သည်။ နောက်တစ်ဆင့် မှာ ဘယ်လောက်ကျယ်ကျယ် ဖွင့်မလဲ၊ ဘယ်လောက်မြန်မြန် ဖွင့်မလဲ၊ ဘယ် နယ်ပယ်တွေမှာ ဖွင့်မလဲ။ ကျယ်ကျယ်မြန်မြန် နယ်ပယ်ကိစ္စ ဖြစ်သည်။ ထိုကိစ္စသည် အသေးစိတ်လှပြီး မဟာဗျူဟာမြောက်၊ နည်းဗျူဟာမြောက် ကိစ္စဖြစ်သည်။
ယခု မြန်မာနိုင်ငံတွင်း ရောက်နေသော နိုင်ငံတကာ ကုမ္ပဏီကြီးများမှ တာဝန်ရှိသူ အချို့ကို တိုးတိုးတိတ်တိတ် မေးကြည့်လျှင် မြန်မာနိုင်ငံ တွင်းမှ မည်သည့်ကုမ္ပဏီ ကိုမှ သူတို့ မကြောက်ကြောင်း ဖြေကြလိမ့်မည်။ မြန်မာနိုင်ငံမှ ကြီးပေ့ ဆိုသော လုပ်ငန်းရှင်ကြီး များကို တရားဝင် အင်တာဗျူးလျှင် နိုင်ငံခြား လုပ်ငန်းများကို ရင်ဆိုင်သွားရန် အသင့်အနေအထား အပြောများ သော်လည်း တကယ်တမ်းတွင် လန့်နေကြသူက ပိုများသည်။ နိုင်ငံတကာ ကုမ္ပဏီကြီးများသည် အရင်းအနှီး၊ အတွေ့အကြုံ၊ လူသားအရင်းအမြစ်၊ စုဖွဲ့မှု အစစအရာရာ အားကောင်းသည်။ နိုင်ငံတကာကုမ္ပဏီ ဖြစ်ကတည်း ကိုက ရှင်ကြီးဝမ်းလည်းဝင်ဖူး၊ ရှင်ငယ်ဝမ်းလည်း ဝင်ဖူးပြီ။ နိုင်ငံကြီး နိုင်ငံငယ် ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲ ဝင်ဖူးထွက်ဖူး ဝါရင့်လှပြီ။ သို့ကြောင့် မြန်မာလုပ်ငန်းရှင်တို့ စိုးရိမ်ကြသည် ဆိုလျှင် မထူးဆန်း။
မြန်မာပြည်သား တစ်ယောက်အနေနှင့် ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲသာ ဖိတ်ချင်သည်။ ကိုယ့်နိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်များ ကြီးပွား စေချင်သည်။ အခြားနိုင်ငံများမှ ကုမ္ပဏီကြီး များသည် အမြတ်ငွေများရလျှင် သူ့နိုင်ငံသို့ သူပြန်သယ်သွားကြမည်။ မြန်မာနိုင်ငံမှ လူရာဂဏန်း၊ ထောင်ဂဏန်း လောက်သာ လစာရကြပြီး ကျန်သည်များ သူများအိတ်ထဲ ရောက်သွားလျှင် ထူးမခြားနားသာ။ အထူးသဖြင့် စားရမည့် လုပ်ငန်းနယ်ပယ် များတွင် မြန်မာ နိုင်ငံသား လုပ်ငန်းကြီးများ ကိုသာ တွင်ကျယ် စေချင်သည်။
သို့သော် တစ်ဖက်မှ ကြည့်ပြန်လျှင် မြန်မာနိုင်ငံ ကုမ္ပဏီကြီးများ၏ ဝန်ဆောင်မှုစွမ်းရည်မှာ တိုးချဲ့စရာ များစွာ ရှိနေပါသည်။ သူတို့ဝန်ဆောင်မှု အားနည်းလျှင် သာမန်ပြည်သူလူထု ဘဝ မလွယ်ကူ မချောမွေ့။ တိုးတက်သင့် သလောက် မတိုးတက်။ နိုင်ငံ့စီးပွားရေးလည်း ခရုပက်ကျိ သွားသကဲ့သို့ လေးတိလေးကန်နှင့် အောက်ကျနောက်ကျ ဖြစ်ရမည်။ နိုင်ငံအစိုးရအနေ နှင့် မိမိနိုင်ငံ အကျိုးစီးပွား ရှေ့တန်းတင် စဉ်းစားရသည်မှာ အစိုးရကောင်း တို့၏ ဓမ္မတာ။ နိုင်ငံ အကျိုးရှိစေမည့် နိုင်ငံခြားလုပ်ငန်း တို့ကို ပေးဝင်ရမည်။ အထူးသဖြင့် ကိုယ့်နိုင်ငံက လုပ်ငန်းများ မလုပ်တတ်သည့်၊ မလုပ်နိုင်သည့် လုပ်ငန်းများကို ဦးစားပေး ပေးဝင်ရမည်။ နိုင်ငံသားတို့ အကျိုးနည်းပါးသည့် လုပ်ငန်းများ၊ ထပ်တိုးတန်ဖိုး နည်းသည့် လုပ်ငန်းများကို ပိတ်ပင်ထားရမည်။ နိုင်ငံသားတို့ လုပ်နိုင်စွမ်းအား ရှိသည့် လုပ်ငန်းအမျိုးအစား များတွင် နိုင်ငံခြားသားတို့ အလွယ်တကူ ပေးမဝင်ရ။
ကိုယ့်နိုင်ငံတွင် “ဒီလိုပစ္စည်းမျိုး ထုတ်တယ်” ဟု ဂုဏ်ယူရလောက်သည့် လုပ်ငန်းမျိုးများကို ပင့်ဖိတ်ပြီးပင် ခေါ်ယူရဦးမည်။ ကိုယ့်နိုင်ငံတွင် လုပ်နိုင်သော လုပ်ငန်းမျိုး ဆိုလျှင်လည်း ဖင့်နွှဲလေးဖင့်ကာ ပြိုင်ဘက်မရှိ အဆီယစ်နေသော လုပ်ငန်းများမှ ပြည်သူလူထုကို အဆင့်နိမ့် ဝန်ဆောင်မှုများ၊ ထုတ်ကုန်များသာ ပေးမည် ဖြစ်သည့်အတွက် သူတို့ထက် သာသော ပြည်ပလုပ်ငန်းများ ဝင်ရောက်လာလျှင် သူတို့လည်း ယခုအနေအထားထက် ကြိုးစားရင်း ပိုတိုးတက်လာကြမည်။
တံခါးဖွင့် စီးပွားရေး ဖြစ်သော်လည်း မိမိလုပ်ငန်းတို့ကို ကာကွယ်ရန် နည်းလမ်းများရှိပါသည်။ သို့သော် ကာကွယ်ခြင်းမှာ နိုင်ငံ့အကျိုးစီးပွား အတွက်သာ ဖြစ်ရမည်။ မိမိနှင့် လက်သင့်ရာ တစ်ဦးစ နှစ်ဦးစကို ကာကွယ်လိုခြင်း မဖြစ်ရ။ တစ်ခါတစ်ရံတွင် နယ်ပယ်ကို ကာကွယ်သယောင်ယောင်၊ အမျိုးသား အကျိုးစီးပွားကို ကာကွယ်သယောင်ယောင်နှင့် အလွန်းသင့်ရာ တို့ကို ကာကွယ်နေခြင်းလည်း ဖြစ်တတ်သည်။
ဆက်သွယ်ရေး နယ်ပယ်၏ တံခါး အနေအထားကို လေ့လာကြည့်ရအောင်။ ထိုနယ်ပယ်သည် အစတွင် အရင်းစိုက်ရ သော်လည်း နောက်ပိုင်းတွင် ပုံမှန် သဲ့ယူနိုင်သည့် အကျိုးအမြတ်ကြီး နယ်ပယ်ဖြစ်သည်။ နိုင်ငံတော်လုံခြုံရေး အရလည်း ထည့်တွက်ရမည့် နယ်ပယ် ဖြစ်သည်။ မြန်မာတို့ လုပ်နိုင်လျှင် အလွန်ကောင်းသည်၊ သို့သော် အရည်အသွေးနှင့် မည်မျှမြန်မြန် ဝန်ဆောင်မှု ပေးနိုင်မည်နည်း ဆိုသည့် မေးခွန်းများလည်း ရှိသည်။ ငွေစိုက်နိုင်ခြေ၊ နည်းပညာ၊ အချိန်စသည့် အခြားအရာ များကို ထည့်စဉ်းစားလိုက်ရာ နိုင်ငံခြား ကုမ္ပဏီတို့ လုပ်ကိုင်ခွင့် ရသွားသည်။
နောက်ထပ်လေ့လာနိုင်သည့် နယ်ပယ်မှာ ဘဏ်များဖြစ်သည်။ ဘဏ်များသည် ငွေလွှဲရာ၊ ငွေစုရာ သာမန်ဘဏ်များ အဖြစ်သာ တည်ရှိနေသည်။ စီးပွားရေး လုပ်ငန်းများ စတင်ထူထောင်ရန်၊ တိုးချဲ့ရန် လိုအပ်သော ငွေအရင်းအနှီးကို ထိထိရောက်ရောက် ထုတ်ပေးနိုင်ခြင်း မရှိသေးပါ။ စီးပွားရေး လုပ်လိုလျှင် ဘိုးစဉ်ဘောင်ဆက် ငွေရှိမှသာ လုပ်နိုင်မည့်သဘော ဖြစ်နေသည်။ သူဌေး မိသားစုမှ မွေးဖွားလာတိုင်း စွန့်ဦးတီထွင် စီးပွားရေး လုပ်ငန်းရှင် ဖြစ်လာသည်မဟုတ်။ ဆင်းရဲသူ သို့မဟုတ် သာမန်လူ ထဲမှလည်း စွန့်စား လုပ်ကိုင်ရင်းဖြင့် စီးပွားရေးလုပ်ငန်းကြီး ထူထောင်နိုင်သူများ ကမ္ဘာတွင်လည်း နာမည်ကျော် ထဲတွင်ပင် များစွာရှိပါသည်။
ယခု မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်လိုသူများအတွက် ဘဏ်မှ အရင်းအနှီးရရန် ခက်ခဲလှသည်။ စီးပွားရေး ထူထောင်ရန် ခက်လျှင် ထိုအလုပ်များမှ ရမည့်ဝင်ငွေ၊ ခန့်အပ်မည့် လုပ်သားတို့ မရှိနိုင်တော့။ အခြားနိုင်ငံများသို့ ကုန်စည်များ ပို့ဆောင်နိုင်မည် မဟုတ်၊ ပြည်တွင်းသို့ ဝင်လာသော နိုင်ငံခြား ထုတ်ကုန်များ၊ နိုင်ငံခြားကုမ္ပဏီ များနှင့်လည်း ယှဉ်နိုင်မည် မဟုတ်ပေ။ အခြားနိုင်ငံများမှ လာရောက် ပြိုင်ဆိုင်သော ကုမ္ပဏီများသည် အတိုးနှုန်း သက်သက်သာသာဖြင့် ဘဏ်ချေးငွေရယူပြီး လုပ်ကိုင်ကြသည်။ မြန်မာကုမ္ပဏီ တို့မှာ ၁၃ ကျပ် အတိုးနှုန်း ရလျှင်ပင် ကံကောင်းဟု သဘောထား နေကြရသည့်အတွက် တာထွက် ကတည်းက နောက်ကျနေသည်။
ထိုထိုသော အကြောင်းများကြောင့် ဘဏ်ကဏ္ဍတွင် နိုင်ငံခြားဘဏ် များကို ဖွင့်ပေးမည်လော၊ မည်သည့်အခါတွင် ဝင်ခွင့်ပေးမည်လဲ ဟူသော မေးခွန်းပေါ်လာသည်။ မြန်မာနိုင်ငံတွင်းသို့ ဝင်ရန် တံခါးခေါက်နေသော ဘဏ်များစွာရှိသည်။ အိမ်နီးချင်းနိုင်ငံ ဘဏ်များ ရှိသလို နိုင်ငံတကာ ဘဏ်ကြီးများလည်း ရှိသည်။ အများအပြားသည် ရုံးခွဲ ဖွင့်ထားကြပြီး ဝင်ခွင့်ပေးသည်နှင့် ဝင်နိုင်ရန် အခြေအနေကို အနီးကပ် စောင့်ကြည့် ပြင်ဆင်နေသည်။
တစ်ဖက်တွင် ဘဏ်ဆိုသည်မှာ အောင်မြင်သွားလျှင် တကယ့်နှစ်ရှည် သီးပင်ဖြစ်ပြီး ပုံမှန် နေ့စဉ်အမြတ် သိမ်းကျုံးယူရုံ ဖြစ်သည့်အတွက် နိုင်ငံခြားသား တို့ကို ပေးစားရမည်မှာ နှမြောစရာ ကောင်းလှသည်။ ဘဏ်တို့ မဆင်မခြင် လုပ်ရပ်ကြောင့် ကမ္ဘာအနှံ့တွင် ငွေကြေး အကျပ်အတည်း ဆိုက်ကြရသည်မှာ ရုန်းမထွက်နိုင်ကြသေးသည့် အချိန်တွင် ပြည်ပဘဏ်များ လက်သို့ မြန်မာ့ ငွေကြေး စီးကြောင်း ပုံအပ်ရမည်မှာ ကျောချမ်းစရာပင်။ နိုင်ငံတော်လုံခြုံရေး ကိစ္စပင် ဖြစ်သည်။
ယခုလောလောဆယ်တွင် ကျင့်သုံးနေပုံရသည့် မူဝါဒမှာ မြန်မာဘဏ်တို့ လုပ်နိုင် ကိုင်နိုင်လာအောင် နှစ်အနည်းငယ် စောင့်ပြီး သူတို့ လောက်လောက်လားလား ဖြစ်လာမှ ပြည်ပဘဏ်တို့ကို ဝင်ခွင့်ပေးမည့် ပုံပင်။ မြန်မာနိုင်ငံသို့ ဝင်ရန် စိုင်းပြင်းနေသည့် ပြည်ပမှ ဧရာမဘဏ်ကြီး တစ်ခုမှ ထိပ်တန်းပုဂ္ဂိုလ် တစ်ဦးနှင့် စကားပြောသည့်အခါ ထိုသူက “အင်း၊ နောက် တစ်နှစ် ၂ နှစ်လောက်မှ ဝင်ရမယ်နဲ့ တူတယ်” ဟု စိတ်အလွန်ပျက်နေပုံနှင့် ပြောပြဖူးသည်။
သို့သော် မြန်မာဘဏ်တို့၏ ကြီးထွားနှုန်း ကလည်း ရှိသည်။ မြန်မာဘဏ်တို့ အတက်နှေးပါက စောင့်ရင်းစောင့်ရင်း မြန်မာ့စီးပွားရေး လုပ်ငန်းတို့ တာထွက်နောက်ကျမည်ကို စိုးရိမ် ရပြန်သည်။ အမျိုးမျိုးအဖုံဖုံ စဉ်းစား သုံးသပ်ပြီးမှ အဖြေကောင်းတစ်ခု ထွက်လာလိမ့်မည်။
ဘဏ်များနှင့် ဆက်သွယ်ရေးတို့သည် စာရေးသူစိတ်ထဲတွင် လတ်တလော ရှိနေသည့် ကဏ္ဍများ ဖြစ်သောကြောင့် ဥပမာ ပေးလိုက်ခြင်း ဖြစ်ပါသည်။ တံခါးအကျဉ်းအကျယ်၊ တံခါးဖွင့်ရမည့် နေရာ၊ မည်မျှမြန်မြန် ဖွင့်မည်တို့ကို ဆုံးဖြတ်ရန် နယ်ပယ်များစွာ ကျန်ရှိနေပါသည်။ တံခါးကိစ္စတွင် ဆုံးဖြတ်ချက် မှန်မှသာ မြန်မာ့ရှေ့ရေး ကောင်းမည်ဖြစ်သည်။
Credit to The Voice Weekly
Read More »

လှုပ်လေမြုပ်လေပညာရေး ကျော်လှဝင်း (ပညာရေး)

အဖွဲ့အစည်းတစ်ခု၊ ရုံးတစ်ရုံး၊ ဌာနတစ်ခုအတွင်း လုပ်ငန်းများ အောင်မြင် ချောမွေ့စေရေး၊ မျှော်မှန်းချက် ပန်းတိုင်သို့ ရောက်နိုင်ရေးအတွက် မှန်ကန်သော စီမံခန့်ခွဲမှု၊ စနစ်ကျသော ကြီးကြပ်ကွပ်ကဲမှု အလွန် အရေးကြီးကြောင်း ပညာရှင်တို့ လမ်းညွှန်ခဲ့ကြပါသည်။ အရည်အချင်း ပြည့်ဝသော ခေါင်းဆောင်ကောင်းတို့ လိုက်နာကျင့်ကြံ အားထုတ် ဆောင်ရွက်ကြပါသည်။
ယနေ့အချိန်အခါဝယ် အသုံးတွင်ကျယ်လျက် ရှိသော စကားလုံးမှာ ပြုပြင် ပြောင်းလဲရေး ဖြစ်ပါသည်။ ပြုပြင် ပြောင်းလဲဆိုသော စကားကို မြန်မာ အဘိဓာန်တွင် ‘ကောင်းမွန်သော အခြေအနေသို့ ရောက်အောင် ရှိရင်းတစ်ခုနှင့် အခြားတစ်ခုကို လဲလှယ် ဆောင်ရွက်သည်’ ဟု အဓိပ္ပာယ် ဖွင့်ထားပါသည်။ စာရေးသူသည် ပညာရေးသမား ဆရာတစ်ဦး ဖြစ်သောကြောင့် စိတ်ဝင်စား ဆုံးအရာမှာ ပညာရေး ပြုပြင်ပြောင်းလဲမှု အကြောင်းအရာများ ဖြစ်ပါသည်။  ပညာရေး ပြုပြင် ပြောင်းလဲရာတွင် ရှိပြီးဖြစ်သော အကြောင်းအရာများ၊ နည်းဟောင်းများ၊ လူပုဂ္ဂိုလ်များကို ပြန်လည် ဆန်းစစ်ရပါမည်။ ရေလဲနှင့် အသုံးချရုံမျှဖြင့် ပြုပြင် ပြောင်းလဲသည်ဟု မခေါ်ဆိုနိုင်ပါ။

ပညာရေး ရည်ရွယ်ချက်သည် သစ်ဆန်းရမည်။ သင်ကြား ပို့ချမှုမှာလည်း နည်းသစ်များ ဖြစ်ရမည်။ မိမိနှင့် အကျွမ်းတဝင်ရှိသော မိမိ၏ လမ်းညွှန် ချုပ်ကိုင်မှုကို ခံယူတတ်သော ပညာသည်များကို မိမိ အလိုဆန္ဒအရ ရွေးချယ် ခေါ်ယူဆောင်ရွက်မည့်အစား အတွေ့အကြုံ ရင့်ကျက်သော၊ အရည်အချင်း ပြည့်ဝသော၊ လုပ်ငန်းနှင့် အကျွမ်းတဝင်ရှိသော ပညာရှင်များနှင့် အစားထိုး ဆောင်ရွက်စေရပါမည်။ လူတစ်ဦးချင်းစီ၏ တန်ဖိုးရှိခြင်း၊ လူတိုင်း လူတိုင်း ပါဝင် ဆောင်ရွက်ရမည့် တာဝန်ရှိခြင်း၊ တစ်ဦးချင်းစီ၏ စွမ်းရည်ကို နားလည်လက်ခံပြီး ပါဝင် ဆောင်ရွက်ခွင့်ပြုခြင်း၊ တစ်ဦးချင်းအပေါ် ယုံကြည်မှုနှင့် တစ်ဦးချင်းစီ၏ ကြိုးပမ်းမှုတို့ ဆက်သွယ်နေခြင်းတို့ကို အသိအမှတ် ပြုရပါမည်။

ဘယ်ပုံဘယ်နည်း ပြောင်းလဲရမည်ဟု အတိအကျ မဆိုနိုင်သော်လည်း အတွေးအခေါ်နှင့် လုပ်နည်းလုပ်ဟန် ပြောင်းလဲခြင်းကိုမူ အဓိကထား စဉ်းစား ဆောင်ရွက်ရမည် ဖြစ်ပါသည်။

မြန်မာ့ပညာရေး သမိုင်းတစ်လျှောက် အခြေအနေနှင့် အချိန်အခါကို လိုက်၍ ပညာရေးမူဝါဒများ၊ ပညာရေး လုပ်ငန်းများ ဖန်တီးလျက် မြန်မာ့ ရေမြေ သဘာဝနှင့် လျော်ညီသော ပညာရေးစနစ်ကို စီစဉ် ဆောင်ရွက်ခဲ့ကြပါသည်။ ကဏ္ဍ တစ်ခုချင်းအလိုက် သေချာစွာ လေ့လာဆန်းစစ်မည် ဆိုပါက ပြီးပြည့်စုံမှု ရှိသည်ဟု မဆိုနိုင်သော်လည်း လမ်းညွှန်ချက်များအတိုင်း သတ်မှတ် လျာထားချက်များနှင့်အညီ ထိရောက်စွာ အကောင်အထည် ဖော်ကြမည် ဆိုပါက ခေတ်နှင့် လျော်ညီစွာ နိုင်ငံတကာကို ရင်ပေါင် တန်းနိုင်ကြောင်း ပညာရေး ပညာရှင်များ လက်ခံထားကြပါသည်။ သို့ရာတွင် ပညာရေးစနစ် လုပ်ငန်း လမ်းညွှန်ချက်များမှာ လက်သုံး ကိရိယာမျှသာ ဖြစ်၍ လက်တွေ့ လုပ်ဆောင်နေသူများမှာ လူများ ဖြစ်ကြပါသည်။ ထိရောက်စွာ အကောင်အထည် ဖော်မှု အားနည်းသောကြောင့် ပညာရေး အဆင့်အတန်း နိမ့်ကျလျက် ရှိကြောင်း ထောက်ပြ ဝေဖန်မှုများ ကြုံတွေ့နေရခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသား ပေါင်းစုံ နေထိုင်သည့်အတွက် တိုင်းရင်းသား ဘာသာစကား လေ့လာ သင်ယူနိုင်ရေး ပညာရေး စနစ်အတွင်း ထည့်သွင်း စီစဉ် ဆောင်ရွက်ခဲ့ပါသည်။ ၁၉၆၆ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့တွင် ထုတ်ပြန် ကြေညာခဲ့သော အခြေခံ ပညာရေးစနစ် ဥပဒေသစ်အရ မူလတန်း အဆင့်တွင် သူငယ်တန်းမှ စတုတ္ထတန်း၊ အလယ်တန်းဆင့်တွင် ပဉ္စမတန်းမှ အဋ္ဌမတန်း၊ အထက်တန်းဆင့်တွင် နဝမတန်းနှင့် ဒသမတန်း ထား၍ ပညာရေး ဖွဲ့စည်းပုံကို သတ်မှတ်ခဲ့ပါသည်။ ယခုအချိန် တိုင်အောင် ကျင့်သုံးဆဲ ဖြစ်ပါသည်။ စာသင်ချိန်နှင့် ပတ်သက်၍ ပြည်နယ်နှင့် ချင်းဝိသေ သတိုင်း (ထိုစဉ်က အသုံးအနှုန်း) ရှိ မူလတန်း ကျောင်းများတွင် မိမိတို့၏ တိုင်းရင်းသား ဘာသာ သင်ကြားနိုင်စေရန် အလို့ငှာ သူငယ်တန်းတွင် တစ်ပတ်လျှင် ငါးကြိမ်၊ ပထမတန်းနှင့် ဒုတိယတန်းတွင် တစ်ပတ်လျှင် ခြောက်ကြိမ်စီ တိုင်းရင်းသားဘာသာ ထည့်သွင်း ပြဋ္ဌာန်းခဲ့ပါသည်။ သို့ရာတွင်  လက်တွေ့ဆောင်ရွက်မှု မရှိသောကြောင့် တိုင်းရင်းသား ဘာသာစကား သင်ကြားရေးနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနေကြခြင်းမှာ ထင်ရှားသော သာဓကတစ်ခု ဖြစ်ပါသည်။

လက်ရှိ နိုင်ငံတော်အစိုးရသစ် လက်ထက်တွင် ပညာရေး ပြုပြင်ပြောင်းလဲမှု တစ်ရပ်ဟု ဆိုပြီး ရာထူးများကို ပုံအော၍ တိုးမြှင့်ခန့်ထား ပေးခဲ့ပါသည်။ ပညာရေး ဆွေးနွေးပွဲ တစ်ခုတွင် အငြိမ်းစား ပညာရေး အရာရှိကြီးတစ်ဦးက လက်ရှိ တာဝန် ထမ်းဆောင်လျက်ရှိသော ပညာရေး အရာရှိများကို ပညာရေး စာအုပ်များ ဖတ်ဖူးမှုရှိ မရှိ၊ ပညာရေး မြှင့်တင်မှု အစီအစဉ်နှင့် ဆရာများ အခန်းကဏ္ဍ (ပညာရေး လက်စွဲ၊ ၁၉၉၈ ခုနှစ်၊ အောက်တိုဘာလ) စာအုပ်ကို ဖတ်ဖူးမှုရှိ မရှိ သိလို၍ လက်ညှိုး ထောင်စေခိုင်းခဲ့သည်။ အများစုမှာ ဖတ်ဖူးသူများ မဟုတ်ကြကြောင်း ဖော်ထုတ်ခဲ့ခြင်းကို ကိုယ်တွေ့ ကြုံခဲ့ရပါ သည်။ “ပြောရမှာတော့ အားနာပါတယ်၊ အရည်အချင်းမရှိဘဲ ရာထူး ရယူခဲ့ကြခြင်း ဖြစ်တယ်” ဟု အဆိုပါ အရာရှိကြီး၏ ထပ်ဆင့် ပြောကြားချက်ကိုလည်း ကြားခဲ့ရပါသည်။ ထို့ကြောင့် ရာထူး၊ တာဝန်နှင့် အညီရပိုင်ခွင့်၊ လုပ်ဆောင်ခွင့်နှင့်အတူ အရည်အချင်း ပြည့်ဝရေးမှာလည်း ပညာရေး ပြုပြင် ပြောင်းလဲမှုအတွက် စီမံခန့်ခွဲမှု လိုအပ်ချက်တစ်ရပ် ဖြစ်ပါသည်။

ရာထူးတိုးမြှင့် ခန့်ထားရာတွင် ပညာရေး ပြုပြင် ပြောင်းလဲမှုအရဟု ဆိုပြီး အရည်အချင်းစစ် စာမေးပွဲ ကျင်းပလျက် ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ကျင်းပခဲ့ပါသည်။ ရာထူးသက် မှတ်တမ်း စာမေးပွဲ ရမှတ်များကိုသာ အဓိကထား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။  ပြည်ထောင်စု ရာထူးဝန် အဖွဲ့မှ သတ်မှတ်ထားသော အရည်အချင်း အကဲဖြတ် ရမှတ်များကိုမူ ထည့်သွင်း စဉ်းစားဆောင်ရွက်မှု မပြုခဲ့ပါ။ သက်ဆိုင်ရာ အဆင့်ဆင့် တာဝန်ရှိသူ အသီးသီးထံတွင် ခိုင်လုံသော ဆောင်ရွက်မှု မှတ်တမ်းများ မထားနိုင်သောကြောင့် ဖြစ်ကြောင်းကို တာဝန်ယူ ဆောင်ရွက်ခဲ့သော ပညာရေး အရာရှိတစ်ဦး၏ ပြောကြားချက်အရ သိခဲ့ရပါသည်။ သင်ကြားရေး ကျွမ်းကျင်သူ ဆရာ၊ ဆရာမ များကို ရုံးလုပ်ငန်း တာဝန်များ ဆောင်ရွက်စေပြီး ပညာသင်ကြားမှု အတွေ့အကြုံ နုနယ်သူများကို သင်ကြားမှု နည်းစနစ်များ ဆွေးနွေးစေခြင်း၊ ကျောင်းများ စစ်ဆေးခြင်းအတွက် ရာထူးအရ တာဝန်ပေး ဆောင်ရွက် စေခြင်းမှာလည်း ပညာရေး စီမံခန့်ခွဲမှု မှန်ကန်ရေးအတွက် ဆင်ခြင် သတိပြုရမည့်၊ ရှောင်ကြဉ်ရမည့် အချက်တစ်ရပ် ဖြစ်ပါသည်။

သင်ကြား သင်ယူမှု ထိရောက် ကောင်းမွန်စေရေးအတွက် လိုအပ်ချက် ဖြစ်သော ဆရာ ကျောင်းသား အချိုးညီမျှစေရန် ၂၀၁၃ ခုနှစ် သြဂုတ်လ အတွင်းက မူလတန်းပြ ဆွဲခန့်ဆရာများ ခန့်ထားခဲ့ပါသည်။ တောနယ် တစ်ခုရှိ မူလတန်းကျောင်း တစ်ကျောင်းတွင် ကျောင်းသား ၈၀ ခန့် ရှိပြီး အဆိုပါ ဆွဲခန့် ဆရာမတစ်ဦးသာ ရှိပါသည်။ အလားတူပင် ကျောင်းသား ၉၀ ခန့် ရှိသော မြို့မကျ တောမကျ ကျောင်း တစ်ကျောင်းတွင်မူ ဆွဲခန့် ဆရာမ နှစ်ဦး အပါအဝင် ဆရာ၊ ဆရာမ လေးဦး ရှိပါသည်။ ဆွဲခန့် ဆရာမ နှစ်ဦးအနက် တစ်ဦးက သူငယ်တန်း၊ တစ်ဦးက ပထမတန်း သင်နေကြရပါသည်။ ပညာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ဆရာကျောင်းသား အချိုးမှာ ၁း၂၇ ဖြစ်သည်ဟု သိရပါသည်။ အခြေခံပညာ ခိုင်ခံ့ ကောင်းမွန်စေရေးအတွက် အလွန်အရေးကြီးဆုံး ဖြစ်သော သူငယ်တန်းကို အတွေ့အကြုံ နုနယ်သော၊ သင်ပြမှု နည်းပညာ ကျွမ်းကျင်မှု မရှိသေးသူများကို တာဝန်ပေး သင်ကြားစေခြင်းသည် များစွာ ရင်နာဖွယ် ဖြစ်ပါသည်။ မြို့နယ် တာဝန်ရှိသူများ အနေနှင့်လည်း သင်တန်း အမျိုးမျိုး၊ အစည်းအဝေး အကြိမ်ကြိမ် သွားနေရသဖြင့် ပင်မလုပ်ငန်းဖြစ်သော ပညာရေး လုပ်ငန်း ကြီးကြပ်ကွပ်ကဲမှုအတွက် စနစ်တကျ မဆောင်ရွက်နိုင် ဖြစ်နေရပါသည်။ ဖြစ်ရပ် အခြေအနေ မှန်များအနက်မှ တစ်ခုမျှသာ ဖြစ်ပါသည်။

ပညာရေး ပြုပြင် ပြောင်းလဲရေး လုပ်ငန်း အစီအစဉ်များ ချမှတ်နိုင်ရန် အဖွဲ့အလိုက် အစည်းအဝေးများ အကြိမ်ကြိမ် ကျင်းပလျက် ရှိပါသည်။ အဆိုပါ အစည်းအဝေးများတွင် အငြိမ်းစား ပညာရေး အရာရှိကြီးများက ဦးဆောင် ဆွေးနွေးကြပါသည်။ ပါဝင် ဆွေးနွေးသူများမှာ ၎င်းတို့နှင့် ရင်းနှီး ကျွမ်းဝင်သော အငြိမ်းစား ပညာရေး အရာရှိများ၊ ပညာရေးဌာနအတွင်း တာဝန် ထမ်းဆောင်ဆဲ ရာထူးအဆင့်အလိုက် သတ်မှတ် ခေါ်ယူထားသူများ ဖြစ်ပါသည်။ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြပါဟု ဆိုသော်လည်း အကြောင်းအရာ တစ်ခုကို အကန့်အသတ် တစ်ခုအတွင်း ဆွေးနွေးစေရန် လူပုဂ္ဂိုလ် တစ်ဦးချင်းစီ၏ အမည်ကို ရာထူးအလိုက် ခေါ်၍ ဆွေးနွေးစေပါသည်။ အချို့သော အခြားသော ဆရာများ၏ ဆွေးနွေးမှုကိုမူ အချိန်ကို ငဲ့ညှာသောအားဖြင့်ဟု ဆို၍ ကန့်သတ် ဆွေးနွေးစေပါသည်။ အစဉ်အလာအရ ပညာရေးဌာနတွင် အဆင့်မြင့် တာဝန်ယူခဲ့ပြီး လုပ်ငန်းထိရောက် အောင်မြင်စေရန် ဆောင်ရွက်မှု မပြုသူများက ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် ဦးဆောင် ဆွေးနွေးနေခြင်းမှာ မြန်မာ့ပညာရေး ရင်လေးစရာ ဖြစ်ပါသည်။ လက်ရှိ ပညာရေး ဌာနအတွင်း အဆင့်မြင့် တာဝန်ယူနေသူ များကလည်း အရည်အသွေး ပြည့်ဝပြီး လောင်းရိပ် ကင်းကင်း ဆောင်ရွက်နိုင်ရေး လိုအပ်သကဲ့သို့ အရည်အချင်း ပြည့်မီသူများကို စိစစ်ရွေးချယ် တာဝန်ပေးရန် လိုအပ်ပါသည်။ ပြင်ပ ပညာရေး ပညာရှင်များ၏ အကြံဉာဏ်ကိုလည်း ရယူဆွေးနွေး အမြင်ချင်း ဖလှယ်သင့်ပါသည်။

‘သန်း ၆၀ သော ပြည်သူများတွင် အစိုးရ ဝန်ထမ်းမှာ တစ်သန်းခန့် ရှိပါသည်။ ၎င်းတို့အနက် ပြုပြင်ပြောင်းလဲ လိုသူများမှာ ၁၀၀၀ လောက်သာ ရှိပြီး ကျန်သော သူများမှာ တရွတ်တိုက် လိုက်နေဆဲ ဖြစ်သည်’ ဟု ပြည်ထောင်စု ဝန်ကြီးတစ်ဦး ပြောခဲ့သည်ဟု သိရပါသည်။ ဖြစ်ရပ် အခြေအနေကို သိလျှင် နည်းလမ်းရှာ ဖြေရှင်းရန်သာ လိုအပ်ပါသည်။ တရွတ်တိုက်လိုက် နေသူများကို စည်းရုံး၍ ပညာပေးပြီး မလိုက်နိုင်ပါက လက်တွဲ ဖြုတ်ရန်သာ ဖြစ်ပါသည်။ ဟန်ပြ လုပ်ဆောင်လိုသော သဘော၊ နေမြဲဆက်နေလိုသော သဘော၊ လုပ်ငန်း ကျွမ်းကျင်အောင် လေ့လာအားထုတ် ကြိုးစားလိုမှု ကင်းမဲ့သော သဘော၊ ဆရာမွေး တပည့်မွေးလိုသော သဘောများ အရိုးစွဲနေခြင်းများ ပညာရေးဌာန တာဝန်ရှိသူ အသီးသီးထံ လွှမ်းမိုးနေမည် ဆိုပါလျှင် မြက်ခင်းစိမ်းစိမ်း လွှမ်းထားသည့် ရွှံ့နွံ ထူထပ်သော အိခုံ (နွံ) ထဲသို့ ရောက်နေသူကဲ့သို့ လှုပ်လေမြုပ်လေ ပညာရေး ဖြစ်သွား နိုင်သောကြောင့် အတ္တစွဲ ကင်းကင်းဖြင့် စဉ်းစား ရှောင်ကြဉ် ပြုပြင်သင့်ပြီ ဖြစ်ပါသည်။

မြန်မာ့ ပညာရေး ပြုပြင် ပြောင်းလဲမှုကို လှုပ်ရှားမှုသာ ရှိပြီး အသံမမြည်သော၊ အသံမထွက်သော ပတ်ခြောက် တီးဝိုင်းမျိုး မဖြစ်စေလိုပါ။ ငြိမ့်ညောင်း သာယာသံတို့ဖြင့် ပြွမ်းသော တေးသံစုံ တူရိယာတီးဝိုင်း ဖြစ်စေလိုသည်မှာ ပညာရေးသမား ဆရာ ဆရာမများ၏ မွန်မြတ်သော ဆန္ဒအမှန်သာလျှင် ဖြစ်ပါသည်။
Credit To The Voice Weekly
Read More »

တည်ငြိမ်မှုနှင့် မတည်ငြိမ်မှု (Stability and Instability)Written by ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ))

တည်ငြိမ်မှု (Stability) ကို ကောင်းမွန်စွာ (ကျွမ်းကျင်စွာ) ထိန်းကျောင်းနိုင်ခြင်းသည် မတည်ငြိမ်မှု (Instability) ဖြစ်ခြင်းကို ကာကွယ်တားဆီးရာရောက်သည်။
ဆိုလိုသည်မှာ မတည်ငြိမ်မှု (Instability) ဖြစ်ပေါ်ခြင်းသည် တည်ငြိမ်မှု (Stability) ၏ အခြေခံ အကြောင်းအရင်းများကို ကောင်းမွန်စွာ မထိန်းကျောင်းနိုင်ခြင်းကြောင့်ဟုလည်း ပြောနိုင်ပေလိမ့်မည်။
သို့ဖြစ်လျှင် တည်ငြိမ်မှုကို ထိန်းကျောင်းရာတွင် လိုအပ်သော အခြေခံ အကြောင်းအရင်းများကို ကောင်းစွာသိရှိထားရန် လိုအပ်သကဲ့သို့ မတည်ငြိမ်မှု ဖြစ်ပေါ်လာလျှင်လည်း ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲ အကျိုးဆက်များကို ကောင်းစွာသိရှိနားလည်ထားရန် လိုအပ်ပေမည်။
ဥပမာ- ခြေထောက်လေးချောင်းရှိသော ခုံတစ်လုံးသည် အကယ်၍ ခြေထောက်တစ်ချောင်းပြုတ်ထွက် (သို့မဟုတ်) ကျိုးပဲ့သွားလျှင် ယင်းခုံ၏ တည်ငြိမ်မှုသည် ဟန်ချက်မညီ ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် တည်ငြိမ်မှုကို ဖန်တီး (ထိန်းကျောင်း)ခြင်းသည် မတည်ငြိမ်မှုကို ဖန်တီး (ထိန်းကျောင်း)ခြင်းထက် အဆများစွာ ခက်ခဲ(နက်နဲ)ပါသည်။
တည်ငြိမ်မှု (Stability) သည် ဖွံ့ဖြိုးတိုးတက်မှု (Development) ကို ဖြစ်တည်စေနိုင်ပြီး၊ မတည်ငြိမ်မှု (Instability) သည် မဖွံ့ဖြိုးမတိုးတက်မှု (undevelopment) ကို ဖြစ်တည်စေနိုင်သည်။
ထို့ကြောင့် တည်ငြိမ်မှုကို အခြေခံထားပြီး (အခြေခံ) ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်(အဟုန်) မြှင့်တင်ရမည် ဖြစ်သောကြောင့်၊ အထက်တွင် ရေးခဲ့သလို (ခြေထောက်လေးချောင်းပါ ခုံကဲ့သို့) ယင်းခုံ၏ ခြေထောက်တိုင် (ခြေထောက်တိုင်)သည် ထိုခုံ၏ တည်ငြိမ်မှုကို ပံ့ပိုးထားခြင်းပင် ဖြစ်သည်။
ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းသော နိုင်ငံများသည်လည်း ထိုနည်းတူပင် တည်ငြိမ်မှုကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်သည့် နိုင်ငံများသည် အောင်မြင်(တိုးတက်)၍ ထိုကဲ့သို့ မလုပ်ဆောင်နိုင်သော နိုင်ငံများသည် ကျဆုံး (မတိုးတက်)လေ့ရှိသည်ကို တွေ့မြင်နိုင်သည်။
နိုင်ငံနှင့် နိုင်ငံသားများ၏ အခက်အခဲ ပြဿနာများကို စုပေါင်းတိုင်ပင်၊ စုပေါင်းဆွေးနွေး၊ စုပေါင်းတည်ဆောက်၊ စုပေါင်းကာကွယ်သော လူမှုစီးပွားစနစ်ကို တည်ဆောက်နိုင်သော နိုင်ငံများသည် ယေဘုယျအားဖြင့် တည်ငြိမ်လေ့ရှိပြီး၊ လူနည်းစု အကျိုးစီးပွားကိုသာ ရှေးရှု (လုပ်ဆောင်)သောနိုင်ငံများ (ဥပမာ-ယနေ့ပြဿနာများ ဖြစ်နေသော အရှေ့အလယ်ပိုင်း နိုင်ငံအချို့) မှာမူ မတည်ငြိမ်မှုများသည် တစ်မျိုးမဟုတ်တစ်မျိုး (တစ်ခုပြီးတစ်ခု) ဖြစ်ပေါ်နေတတ်လေ့ ရှိသည်။
ဥပမာ-လွန်ခဲ့သော ရက်သတ္တပတ် အနည်းငယ်က အမေရိကန်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော Government Shutdown ဟုပင်ခေါ်သော အစိုးရယန္တရားအချို့ ရပ်ဆိုင်းသွားရသည်အထိ ဖြစ်ခဲ့ရသော်လည်း၊ အဓိကနိုင်ငံရေး ပါတီများအကြား အပြန်ပြန်အလှန်လှန် ဆွေးနွေးတိုင်ပင်ခြင်းဖြင့် ထွက်ပေါက်(အဖြေ)တစ်ခုကို ရှာနိုင်ခဲ့သည်ကို တွေ့မြင်နိုင်သည်။
ဒီမိုကရေစီစနစ်ကို အသွင်ကူးပြောင်းသော နိုင်ငံများသည်လည်း ထိုနည်းတူပင် တည်ငြိမ်မှုကို ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်သည့် နိုင်ငံများသည် အောင်မြင်(တိုးတက်)၍ ထိုကဲ့သို့ မလုပ်ဆောင်နိုင်သော နိုင်ငံများသည် ကျဆုံး (မတိုးတက်)လေ့ရှိသည်ကို တွေ့မြင်နိုင်သည် . . . . .
အကယ်၍ အမေရိကန်နိုင်ငံသည် ဒီမိုကရေစီစနစ် ထုံးစံကို မကျင့်သုံးနိုင်သော နိုင်ငံဖြစ်နေပါက ယင်းကဲ့သို့သော အခြေအနေမျိုးတွင် တည်ငြိမ်မှုကို ထိန်းကျောင်းရန် လွန်စွာခက်ခဲနိုင်ပြီး စစ်တပ်အင်အားကို အသုံးပြုရသော တည်ငြိမ်မှုကို ထိန်းကျောင်းရပေလိမ့်မည်။
ထို့ကြောင့် တည်ငြိမ်မှုကို ထိန်းကျောင်းရန် အားအကောင်းဆုံးနည်းလမ်းမှာ စုပေါင်းဆွေးနွေး၊ စုပေါင်းတိုင်ပင်၊ စုပေါင်းတည်ဆောက်၊ စုပေါင်းကာကွယ်ခြင်းပင် ဖြစ်မည်ဟု စာရေးသူ ယူဆသည်။
တစ်ဖန် အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ယခုဆန္ဒပြပွဲများ ဖြစ်ပေါ်လာနေသည်ကို တွေ့မြင်နိုင်ပြီး ထိုင်းအစိုးရ၏ တည်ငြိမ်မှုကို မည်သို့မည်ပုံကိုင်တွယ် (အဖြေရှာ) မည်နည်း ဆိုသည်ကို အမျိုးမျိုးစဉ်းစား လေ့လာကြည့်နေမိသည်။
အထက်တွင် ရေးခဲ့သကဲ့သို့ တည်ငြိမ်မှုနှင့် မတည်ငြိမ်မှုတို့တွင် ရှိလေ့ရှိထ ရှိတတ်သော ၀ိသေသ သဘောတရားများကို အမြဲမပြတ် လေ့လာသုံးသပ် အဖြေရှာလျှင် တည်ငြိမ်မှုကို ထိန်းကျောင်းရခြင်းသည် လွယ်မယောင်နှင့် ခက်ပါသည်။
ယနေ့မြန်မာနိုင်ငံသည်လည်း အစိုးရ၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် တိုင်းရင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများ၊ မီဒီယာများနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်တည်စေလိုသော ပြည်တွင်းပြည်ပနေ ပြည်သူများ၏ ၀ိုင်းဝန်းကြိုးပမ်းမှုဖြင့် အနာဂတ်မြန်မာနိုင်ငံကို တည်ဆောက်နေကြပြီ ဖြစ်သကဲ့သို့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲသည်လည်း တရားမျှတသော ယှဉ်ပြိုင်မှု (Fair Competition) ဖြစ်လာမည်ဆိုလျှင် ၂၀၁၅ နှစ်လွန် မြန်မာနိုင်ငံသည် အဘက်ဘက်တွင် အင်အားတောင့်တင်းသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာပေလိမ့်မည်ဟု ယူဆနေမိသည်
Credit To First-11
Read More »

ဘောလုံးနှင့် နိုင်ငံရေး ----------------- ရေးသားသူ- ရဲမိုး



ြဲ မြန်မာနှင့် ထိုင်း အမျိုးသားဘောလုံးပွဲမစတင်မီ နာရီပိုင်းအလိုမှာ ၁၉၄၅ ခုနှစ်က ထရီဗြူးမ်သတင်းစာမှာ ကမ္ဘာကျော်အင်္ဂလိပ်စာရေးဆရာကြီး ဂျော့ခ်ျအော်ဝဲလ် ရေးသားခဲ့သည့် “အားကစားစိတ်ဓာတ်” (Sporting Spirit)ဆိုသည့်ဆောင်းပါးကို ရှာဖွေဖတ်ဖြစ်သည်။ တကယ်တော့ ဂျော့ခ်ျအော်ဝဲလ်က ဘောလုံးပွဲများက ရုန်းရင်းဆန်ခတ်ပြဿနာများနှင့် ပရိသတ်တို့၏ ရူးသွပ်မှုကို ခပ်ဆတ်ဆတ်ဝေဖန်လိုက်ခြင်းဖြစ်သည်။

ဘောလုံးပွဲများနှင့် အခြားထိပ်တိုက်ရင်ဆိုင်မှုပြင်းထန်သည့် အားကစားအမျိုးအစားများကို “သေနတ်မဖောက်သည့်စစ်ပွဲ”များဟု သူကတင်စားခဲ့သည်။ မြန်မာပြည်မှာ နေထိုင်သွားခဲ့သည့် ဂျော့ခ်ျအော်ဝဲလ်က သူ့အတွေ့အကြုံကိုလည်း ဆောင်းပါးထဲမှာ အခုလိုဖောက်သည်ချသည်။

“အိန္ဒိယနှင့် မြန်မာလိုနိုင်ငံများက ဘောလုံးပွဲတွေမှာ ပရိသတ်များ ကွင်းထဲဝင်မလာနိုင်အောင် ရဲများကာရံထားဖို့ လိုအပ်သည်။ မြန်မာနိုင်ငံက ဘောလုံးပွဲတစ်ပွဲမှာ တစ်ဖက်ပရိသတ်တွေက ရဲတွေကို ကျော်ခွတက်လာပြီး တစ်ဖက်အသင်း၏ဂိုးသမားကို အနာတရဖြစ်အောင်လုပ်ခဲ့တာကို ကျွန်ုပ်တွေ့ခဲ့သည်”ဟု စာရေးဆရာကြီးအော်ဝဲလ်က မှတ်တမ်းတင်ခဲ့သည်။

လူ ၂၂ ယောက်က အလုံးတစ်လုံးကို ၀ိုင်းဝန်းလုယက်သည့် ကစားနည်းအပေါ်ထားရှိသည့် မြန်မာတို့စိတ်ဓာတ်က အစောပိုင်း ကမ္ဘာ့စာပေသမိုင်းမှာပင် အထင်ကရမှတ်တမ်းဝင်ခဲ့ပြီဟု ဂုဏ်ယူရမလို။ ဂျော့ခ်ျအော်ဝဲလ်၏ ဆောင်းပါးကိုဖတ်ပြီးသည့်အခါ မြန်မာ-ထိုင်းပွဲကိုကြည့်ဖို့ ပိုရင်ခုန်လာသည်။ ပြောရလျှင် ဂိုးရလဒ်ထက် ရလဒ်အပေါ်မှာတုံ့ပြန်မည့် ကွင်းထဲက ပရိသတ်၏အပြုအမူကို ပို၍ရင်ခုန်သည်။ ဂျော့ခ်ျအော်ဝဲလ်တစ်ယောက် ကောင်းကင်ဘုံတစ်နေရာက စောင့်ကြည့်နေမှာလား..။

တကယ်တော့ ဘောလုံးပွဲများက နိုင်ငံတော်တော်များများ၏ နိုင်ငံရေးမှာ နက်နက်ရှိုင်းရှိုင်း ၀င်ခဲ့ပြီးဖြစ်သည်မှာကြာပြီ။ အမျိုးသားရေးစိတ်ဓာတ်နှင့် ရာဇ၀င်ကြွေးတို့၏ ထွက်ပေါက်အဖြစ် ကိုက် ၁၀၀ ရှည်သည့် ကွင်းထဲမှာ သေနတ်မဖောက်သည့်စစ်ပွဲများ ပေါ်ပေါက်လာခဲ့ကြသည်။

သြစတြီးယားဘောလုံးသူရဲကောင်း မားသီးယက်စ်ဆင်ဒဲလား၏အဖြစ်က သမိုင်းမှာထင်ရှားသည်။ သြစတြီးယားဘောလုံးအသင်းက ၁၉၃၀ ပြည့်နှစ်များ၏ အကောင်းဆုံးအသင်းတစ်သင်း ဖြစ်သည်။ နာဇီဂျာမန်တို့က သြစတြီးယားကို သိမ်းပိုက်လိုက်သည့်အခါ ကမ္ဘာ့ဖလားပွဲမှာ သြစတြီးယားအသင်းကို ၀င်ရောက်ယှဉ်ပြိုင်ခွင့် နာဇီတို့ကမပေးတော့။ သြစတြီးယားကစားသမားများအနေဖြင့် ကမ္ဘာ့ဖလားမှာ ၀င်ရောက်ကစားလိုလျှင် ဂျာမနီအသင်း၏ ခေါင်းစီးအောက်မှာသာ ကစားရမည်ဟု နာဇီတို့ကဆိုသည်။ သြစတြီးယားတိုက်စစ်မှူး မားသီးယက်စ်ဆင်ဒဲလားက ဂျာမနီခေါင်းစီးအောက်မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ ငြင်းဆိုသည်။ အသက်ကြီးပြီဟု သူအကြောင်းပြသည်။

သြစတြီးယားအမျိုးသားအသင်းကို ဖျက်သိမ်းမခံရမီ နောက်ဆုံးကစားပွဲတစ်ခု ကစားခွင့်ရဖို့ နာဇီတို့ကခွင့်ပေးသည်။ သူတို့ ဂျာမနီအသင်းဖြင့် ကစားရမည်ဖြစ်သည်။ မားသီးယက်စ်က သူ့အသင်းသားများကို ၀တ်နေကျ အဖြူအမည်းဝတ်စုံအစား သြစတြီးယားအမျိုးသားအလံအရောင်ဖြစ်သည့် အဖြူအနီကျားကို ၀တ်ဆင်စေသည်။
ထိုသမိုင်းဝင်ပွဲမှာ မာသီးယက်စ်နှင့် သူ့ရဲဘော်အသင်းသား ကားလ်စက်စတာတို့က ဂျာမန်ဂိုးပေါက်ထဲကို နှစ်ဂိုးသွင်းပြီး ၂-၀ ဖြင့် အနိုင်ယူလိုက်ကြသည်။ ဒုတိယဂိုးသွင်းအပြီးမှာ ပွဲကြည့်နေသည့် ထိပ်တန်းနာဇီအရာရှိကြီးများရှေ့မှာ မားသီးယက်စ် ကပြခဲ့သည်ဟု သမိုင်းစာအုပ်များကဆိုသည်။

၁၉၃၉ ခုနှစ် ဇန်န၀ါရီလ၏ နေ့တစ်နေ့မှာတော့ မားသီးယက်စ်နှင့် သူ့ချစ်သူတို့၏အလောင်းများကို ဗီယင်နာမြို့၏ သူတို့တိုက်ခန်းထဲမှာ တွေ့ခဲ့ရသည်။ ကာဗွန်မိုနောဒ်ဆိုက်အဆိပ်သင့်မှုဟု ဆေးစစ်ချက်ကဆိုသည်။ သြစတြီးယားပြည်သူတို့သမိုင်းမှာ ကျူးကျော်မှုကို ဘောလုံးဖြင့် အံတုခဲ့သည့် မားသီးယက်စ်ကို သူရဲကောင်းအဖြစ်လေးစားကြဆဲ။

ဘောလုံးကို နိုင်ငံရေးဖြင့် ချဉ်းကပ်ကြသူများထဲမှာ အာဏာရှင်များလည်း ထိပ်ဆုံးကပါဝင်ကြသည်။ ဇိုင်ယာ (ယခုကွန်ဂို)ကစားသမား အီလွန်ဂါအမ်ဝီပူ၏အဖြစ်က အာဏာရှင်အောက်က ဘောလုံးသမားတို့၏ ရှုံးနိမ့်မှုအပေါ် အကြောက်တရားကိုပြသခဲ့သည်။ ၁၉၇၄ ကမ္ဘာ့ဖလားမှာ အာဏာရှင်မိုဘူတူ၏ ဇိုင်ယာဘောလုံးအသင်း ခြေစစ်ပွဲအောင်ပြီး ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့သည်။

ကမ္ဘာ့ဖလားအတွေ့အကြုံမရှိသည့် ဇိုင်ယာအသင်းက ကံဆိုးစွာဖြင့် ယူဂိုဆလားဗီးယားနှင့် စတွေ့သည်။ ယူဂိုဆလပ်တွေက သူတို့ကို ၉-၀ ဖြင့် ထောင်းသည်။ ဒုတိယပွဲစဉ်မှာ စကော့တလန်နှင့်တွေ့သည်။ စကော့တွေက သူတို့ကို ၂-၀ ဖြင့် ဆုံးမသည်။ သနားစရာအာဖရိကတိုက်သားများ တတိယမြောက်ရင်ဆိုင်ရမည့်အသင်းကတော့ စူပါဘရာဇီးအသင်းဖြစ်ပါသည်။ အာဏာရှင်မိုဘူတူက အတွေ့အကြုံနည်းလှသည့် ကိုယ့်အသင်းကို အားပေးရမည့်အစား မိုက်မဲသည့်ရာဇသံကို ပေးပို့လိုက်သည်။ “ဘရာဇီးကို သုံးဂိုးထက်ပိုအသွင်းခံရရင် ဘောလုံးသမားတစ်ယောက်မှ အိမ်ပြန်လာခွင့်မရှိ”

ဘောလုံးကွင်းထဲမှာ ဇိုင်ယာဘောလုံးသမားတွေ သွေးပျက်နေကြရှာသည်။ ဘရာဇီးကလည်း မညှာမတာ တစ်လုံးပြီးတစ်လုံးသွင်းသည်။ ဒီလိုနှင့် ဘရာဇီးသုံးဂိုးသွင်းပြီးသွားပြီ။ နောက်တစ်လုံးထပ်ဝင်လျှင် သူတို့အားလုံး အိမ်ပြန်ခွင့်ကို ဆုံးရှုံးတော့မည့်အချိန်မှာ ဇိုင်ယာဂိုးပေါက်နှင့် ခပ်လှမ်းလှမ်းအကွာမှာ ဘရာဇီးက ဖရီးကစ်ကန်ခွင့်ရသွားသည်။ ဇိုင်ယာနောက်တန်းခံစစ်မှူးအီလွန်ဂါ ရင်ထဲမှာ ဗလောင်ဆူနေသည်။

ဖရီးကစ်ကန်မည့် ဘရာဇီးကစားသမားကလည်း ဟန်ပြင်နေသည်။ အီလွန်ဂါ သူ့စိတ်ကိုမထိန်းနိုင်တော့။ အားကုန်ကျုံးပြေးသွားပြီး ဘောလုံးကို ကျုံးကန်ပစ်လိုက်သည်။ အီလွန်ဂါ့လုပ်ရပ်က ကမ္ဘာ့ဖလားသမိုင်းမှာ ကျော်ကြားသွားခဲ့သည်။

“ဘယ်လိုဖိအားမျိုးတွေအောက်မှာ ကျွန်တော်တို့ကစားခဲ့ရသလဲဆိုတာ ကျန်တဲ့သူတွေမသိနိုင်ပါဘူး”ဟု အီလွန်ဂါကပြန်ပြောခဲ့သည်။

တစ်ခါတစ်ရံတော့ နိုင်ငံရေး၊ စီးပွားရေး အဘက်ဘက်က ချွတ်ခြုံကျနေသည့် လူ့အဖွဲ့အစည်းများအတွက် ဘောလုံးက အမျိုးသားရေးအားဆေးတစ်ခွက်ဖြစ်ခဲ့ကြသည်။ နှစ်ပေါင်းများစွာ အရှုံးနှင့်ရင်ဆိုင်ခဲ့ကြရသည့် ကျဆုံးနိုင်ငံများအတွက် အနိုင်ပွဲလေးတစ်ပွဲက သေရေးရှင်ရေးတစ်မျှ အရေးကြီးခဲ့ကြသည်။ အီရတ်ဘောလုံးအသင်း၏ ၂၀၀၇ ခုနှစ် အာရှဖလားသိမ်းပိုက်နိုင်မှုက နာမူနာဖြစ်သည်။

အမေရိကန်ကျူးကျော်မှု ဗုံးတွေအောက်မှာ ပြားပြားဝပ်သွားသည့် မြို့ပြများ၊ အသေခံဗုံးခွဲတိုက်ခိုက်မှုများနှင့် လူမျိုးခြားအောက်မှာ အုပ်ချုပ်ခံရမှုများက အီရတ်ပြည်သူများ၏ စိတ်ဓာတ်ကို အသူရာချောက်ထဲကို ကျဆင်းသွားစေခဲ့သည်။ သို့သော် “မက်ဆိုပိုတေးမီးယားခြင်္သေ့များ” ဟု တင်စားအခေါ်ခံရသည့် အီရတ်ဘောလုံးအသင်းက အီရတ်ပြည်သူများအတွက် သမိုင်းဝင်အောင်ပွဲကို ဆောင်ကြဉ်းပေးခဲ့သည်။ ၂၀၀၇ ခုနှစ် အာရှဖလားပွဲမှာ ထိုင်း၊ သြစတြေးလျ၊ အိုမန်၊ ဗီယက်နမ်၊ တောင်ကိုရီးယားနှင့် ဖိုင်နယ်မှာ ဆော်ဒီအာရေဗျတို့ကို အသေအလဲဖြတ်ကျော်ပြီး အာရှဖလားကို ပထမဆုံးအကြိမ် ရယူသွားခဲ့သည်။ ပြာပုံထဲကထလာသည့် အသင်း၏ စိတ်ဓာတ်နှင့် အောင်ပွဲကို တစ်ကမ္ဘာလုံးလန့်သွားခဲ့ကြသည်။

ဘဂ္ဂဒက်မြို့ပေါ်က လမ်းတွေပေါ်ကို လူတွေပြေးထွက်လာကြသည်။ တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်ကြသည်။ ကားဟွန်းတွေတီးကြသည်။ မမြင်ရတာကြာပြီဖြစ်သည့် အပြုံးများက သူတို့မျက်နှာတွေပေါ်မှာ ပြန်လည်ပွင့်လန်းလာကြသည်။ ရက်ပေါင်းများစွာမှာ ပထမဦးဆုံးအကြိမ် ဗုံးကွဲသံတွေ တိုးတိတ်သွားခဲ့သည်။ အီရတ်ပြည်သူများအတွက် သေရေးရှင်ရေးလိုအပ်သည့် မျှော်လင့်ချက်တစ်ခုကို မက်ဆိုပိုတေးမီးယားခြင်္သေ့တို့က ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။

၄၂ လက်မ ရုပ်မြင်သံကြားထဲမှာ အနီရောင်နှင့် အဖြူရောင်များ ရောယှက်လုံးထွေးနေသည်။ နှစ်ပေါင်းများစွာ ဆုံးရှုံးခဲ့ရသည့် မျှော်လင့်ချက်တို့က တစ်ကျော့ပြန်လာသည်။ ဒေသတွင်းမှာ နှိမ့်ချဆက်ဆံခံခဲ့ရသည့် အနီရောင်နိုင်ငံကူးလက်မှတ်များနှင့် အောင်မြင်မှုကို နှစ် ၃၀ ကြာ ငတ်မွတ်တောင့်တမှုများက အစိမ်းရောင်ကစားကွင်းကို ဖိအားပေးထားသည်။

မနိုင်သည့်တိုင် မရှုံးအောင်ကစားသည့် မြန်မာ့အသင်းသားများကို အသိအမှတ်ပြုသည်။ သန္နိဋ္ဌာန်နှင့် စိတ်ဓာတ်ကို မြင်တွေ့ခဲ့ရသည်။ ဂျော့ခ်ျအော်ဝဲလ် မျှော်လင့်ခဲ့သလို မပြုမူခဲ့ကြသည့် ပရိသတ်ကိုလည်း ကျေးဇူးတင်သည်။

တစ်ခါတစ်ရံမှာ အောင်မြင်မှုတစ်ခုတည်းက မြင့်မားသည့်ဂုဏ်သိက္ခာကို ပေးသည်မဟုတ်ပါ။ မြန်မာ့အသင်းသည် အရှေ့တောင်အာရှ၏ အကောင်းဆုံးအသင်း ဖြစ်ကောင်းမှဖြစ်ပါလိမ့်မည်။ သို့သော် မြန်မာပြည်သူများသည် အရှေ့တောင်အာရှ၏ သဘောထားကြီးသော ပြည်သူများဖြစ်ကြောင်း ပြသဖို့လိုအပ်ပါလိမ့်မည်။ သဘောထားကြီးဖို့အတွက် ကျွန်တော်တို့မှာ သတ္တိရှိဖို့လည်း လိုအပ်ပါသည်။

ဂျော့ခ်ျအော်ဝဲလ်ကို သူမှားကြောင်းသက်သေပြဖို့ ကျွန်တော်တို့တွေ သတ္တိမွေးရပါလိမ့်မည်။
Credit To 7Day News Journal
Read More »

ကျားသေကို အသက်သွင်းကြမလို့လား Written by သိန်းထက်အောင်

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ပထမပတ်က ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က နိုင်ငံတော် လုံခြုံရေးအတွက် အမျိုးသား ထောက်လှမ်းရေး အဖွဲ့ကဲ့သို့သော အဖွဲ့အစည်းတစ်ခု အမြန်ဆုံး ဖွဲ့စည်းပေးရန်အတွက် အဆိုတင်သွင်းခဲ့ရာ ယင်းအဆိုကို ပြည်ထောင်စု အစိုးရထံသို့ တင်ပြပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ကတိပြုထားကြောင်း သိရှိရပါသည်။
အလားတူ နိုဝင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့ ကရဝိက် နန်းတော်တွင် ပြုလုပ်သော မြတ်ခိုင် ရေးသားသည့် ‘ဦးခင်ညွန့်နှင့် အင်တာဗျူး’ စာအုပ် မိတ်ဆက်ပွဲ အခမ်းအနားအပြီး သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ယခင်အစိုးရ လက်ထက်က တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး/အမျိုးသား ထောက်လှမ်းရေးအဖွဲ့ ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူ ဗိုလ်ချုပ်ကြီးဟောင်း/ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့်ကလည်း နိုင်ငံတော် လုံခြုံရေးအတွက် ထောက်လှမ်းရေး အဖွဲ့အစည်းတစ်ခုကို ပြန်လည် ဖွဲ့စည်းသင့်ကြောင်း ပြောကြားခဲ့သည်ဟု သိရှိရပါသည်။

ကျွန်တော်တို့ ငယ်စဉ်က MI (Military intelligence Service) ဟု လူသိများသော စစ်ထောက်လှမ်းရေးများ ရှိပါသည်။ ပါလီမန် ဒီမိုကရေစီ အစိုးရခေတ်တွင် ဝန်ကြီးချုပ် ဦးနုက စ-သုံးလုံးဟု အများသိကြသည့် အထူးစုံစမ်း စစ်ဆေးရေးအဖွဲ့ (Bureau of Special Investigation) နှင့် ယခုအခါ SB (Special Branch) ဟု ခေါ်ကြသည့် အထူးသတင်းတပ်ဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ စ-သုံးလုံးအဖွဲ့မှာ စီးပွားရေးဆိုင်ရာ မသမာမှုများ၊ အလွဲသုံးစားမှု များကို စုံစမ်းဖော်ထုတ် အရေးယူသော အဖွဲ့ဖြစ်ပြီး SB (သတင်းတပ်ဖွဲ့) မှာ နိုင်ငံရေး သတင်းများကို စုဆောင်း တင်ပြ၍ လိုအပ်ပါက နိုင်ငံရေး ပုဒ်မများဖြင့် အရေးယူ ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

၁၉၆၂ ခုနှစ်တွင် တပ်မတော်က အာဏာသိမ်းပြီး နောက်ပိုင်း MI ခေါ်  စစ်ထောက်လှမ်းရေး၏ အခန်းကဏ္ဍမှာ  ပိုမိုအရေးပါ အရာရောက် လာခဲ့ပါသည်။ ပထမပိုင်းတွင် ဗိုလ်မှူးကြီး မောင်လွင် (နှုတ်ခမ်းမွေး) က တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်ပြီး နောက်ပိုင်းတွင် ဗိုလ်မှူးချုပ် တင်ဦး (မျက်မှန်ကြီး) က ဆက်လက် တာဝန်ယူ ဆောင်ရွက်ပါသည်။ မဆလ ပါတီခေတ်တွင် ပြည်သူ့လွှတ်တော်က အမျိုးသား  ထောက်လှမ်းရေးအဖွဲ့ ဥပဒေကို ပြဋ္ဌာန်းခဲ့ရာ ကျွန်တော် မှတ်မိသလောက် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူးက ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ ပြည်ထဲရေးဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီးနှင့် အခြားဝန်ကြီး တစ်ဦးတို့က အတွင်းရေးမှူးအဖြစ် အလှည့်ကျ ဆောင်ရွက်ရပါသည်။

လုပ်ငန်းတာဝန် (Operation) တစ်ခု ဆောင်ရွက်ရန် ရှိသည့်အခါ တပ်မတော် ထောက်လှမ်းရေး (MI)၊ စသုံးလုံး(BSI)၊ ပြည်သူ့ရဲ အထူးသတင်း တပ်ဖွဲ့(SB)၊ မှုခင်းတပ်ဖွဲ့ (CID) စသည့် အဖွဲ့အစည်းများကို ပူးပေါင်းပါဝင် ဖွဲ့စည်း၍ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ (NIB) အမည်ဖြင့် တာဝန် ထမ်းဆောင်ပါသည်။ ၎င်းအဖွဲ့ကို တပ်မတော် ထောက်လှမ်းရေးကပင် ဦးဆောင်ပါသည်။ နောက်ပိုင်းတွင် တပ်ထောက်လှမ်းရေး တစ်ဦးတည်းကပင် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ အမည်ခံ၍ ဆောင်ရွက်ခြင်းများ ရှိပါသည်။ ပြည်သူများ၏ အမြင်တွင် တပ်မတော် ထောက်လှမ်းရေးနှင့် အမျိုးသား ထောက်လှမ်းရေး အဖွဲ့ကို ခွဲ၍မမြင်ပါ။ ခွဲ၍ မမြင်ခြင်းမှာလည်း လုပ်ငန်း ဆောင်ရွက်ရာတွင် ရောထွေး၍ ဆောင်ရွက်ခြင်းကြောင့် ဖြစ်ပါသည်။ နောက်ပိုင်းတွင် အမျိုးသား ထောက်လှမ်းရေးအဖွဲ့ အမည်ခံ စစ်ထောက်လှမ်းရေး၏ တန်ခိုး အရှိန်အဝါမှာ အတိုင်းအဆမရှိ ကြီးထွား လာခဲ့ပါသည်။

ထိုအချိန်က ဗိုလ်မှူးချုပ် တင်ဦးမှာ အမျိုးသား ထောက်လှမ်းရေး တာဝန်အပြင် နိုင်ငံတော်သမ္မတ၏ စစ်ဘက် လက်ထောက် အဖြစ်ပါ ဆောင်ရွက်ရသည် ဖြစ်၍ ၎င်းအနေနှင့်လည်း ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်ကောင်စီ ဥက္ကဋ္ဌနှင့် နိုင်ငံတော်သမ္မတ အရှိန်ဖြင့် ဝန်ကြီးချုပ်ထက်ပင် အရှိန်အဝါ ကြီးမားသူ ဖြစ်လာပါသည်။ ညွှန်ကြားရေးမှူးချုပ် အဆင့်များသာမက နောက်ပိုင်းတွင် ဝန်ကြီးများအား ပြောင်းရွှေ့နေရာ ချထားရေးအထိ ၎င်း၏ စိတ်ကြိုက် ဆောင်ရွက် လာနိုင်ခဲ့ပါသည်။ နောက်ဆုံးတွင် ဥက္ကဋ္ဌကြီး၏ ရာဇပလ္လင်ပါ လှုပ်လာသည့်အတွက် ပျားဂေဟာ စီမံကိန်းနှင့် မြခက်ရှိန်ခြံ ကိစ္စကို အကြောင်းပြု၍ ရာထူးမှ ဖယ်ရှား ခံခဲ့ရပါသည်။ ဗိုလ်မှူးချုပ် တင်ဦးနှင့်အတူ တပ်မတော် ထောက်လှမ်းရေးကိုလည်း မြေလှန်၍ ပြုပြင် ပြောင်းလဲမှုများ အကြီးအကျယ် ပြောင်းလဲခဲ့ပါသည်။

၁၉၈၈ ခုနှစ် တပ်မတော်က အာဏာသိမ်းပြီး နောက်ပိုင်းတွင် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး တာဝန်နှင့်အတူ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲ တာဝန်ကိုပါ ပူးတွဲ တာဝန် ထမ်းဆောင်ရင်း  မြန်မာ့နိုင်ငံရေး လောကနှင့် နိုင်ငံတကာတွင်ပါ လျှမ်းလျှမ်းတောက် ကျော်ကြားလာသူကား တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီး ဘဝမှသည် ဗိုလ်မှူးကြီး၊  ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ်၊ ဒုတိယ ဗိုလ်ချုပ်ကြီး၊ ဗိုလ်ချုပ်ကြီးအထိ အဆင့်ဆင့် တာဝန် ထမ်းဆောင်ခဲ့ပြီး တစ်ဖက်တွင် နဝတ/နအဖ အတွင်းရေးမှူး အဖြစ်မှသည် နိုင်ငံတော် ဝန်ကြီးချုပ် တာဝန်အထိ တာဝန် ထမ်းဆောင်ခဲ့သူ ဦးခင်ညွန့်ပင် ဖြစ်ပါသည်။

ဦးခင်ညွန့်ကို ပြည်တွင်းပြည်ပ ရှုမြင် သုံးသပ်သူများက မြန်မာနိုင်ငံတွင် တတိယလူ၊ ဒုတိယလူ အဖြစ်မှသည် ပထမလူ အထိပင် ရှုမြင် သုံးသပ်ကြသည်ကို တွေ့ရှိရပါသည်။ ဦးခင်ညွန့် တန်ခိုး ထွားလာခြင်းနှင့်အတူ ၎င်း၏ ထောက်လှမ်းရေး အဖွဲ့မှာလည်း များစွာ သြဇာတိက္ကမ ကြီးထွားလာပြီး ထိပ်ပိုင်း ရာထူးများဖြစ်သည့် တိုင်းမှူးများ၊ ဝန်ကြီးများမှသည် အောက်ခြေ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပြည်သူများအထိ ထောက်လှမ်းရေးဆိုလျှင် စိုးရိမ် ထိတ်လန့် ကြောက်ရွံ့ကြပါသည်။ မည်သူက ပေးအပ်ထားမှန်း မသိသည့် ‘လူတစ်ယောက်ကို အချိန်မရွေး ခေါ်ယူ စစ်ဆေး မေးမြန်းနိုင်သည့် အခွင့် အာဏာ၊ မည်သည့် ဖမ်းဝရမ်းမှ မလိုဘဲ လူတစ်ယောက်ကို အချုပ်သို့မဟုတ်  အကျဉ်းထောင်ထဲတွင် ဖမ်းဆီး ထိန်းသိမ်း ထားနိုင်သည့် အခွင့်အာဏာနှင့် သက်သေမလိုဘဲ မည်သည့် နေရာဌာနကိုမဆို ဝင်ရောက် ရှာဖွေ စစ်ဆေးနိုင်သည့် အခွင့်အာဏာ’ စသည်တို့မှာ ထောက်လှမ်းရေးကို ပြည်သူတို့ စိုးရိမ်ထိတ်လန့် ကြောက်ရွံ့ရန်အတွက် လုံလောက်သော အချက်များ ဖြစ်ပါသည်။

ယခင်အစိုးရ လက်ထက်က တိုင်း/ပြည်နယ် မြို့ကြီးများတွင် ထောက်လှမ်းရေးတပ်များ ထားရှိကြပြီး ဖွဲ့စည်းပုံအလိုက် ဗိုလ်မှူး၊ ဗိုလ်ကြီး၊ ဗိုလ်အဆင့်များ ထားရှိကြကာ အရပ်သားများက တပ်မှူးဟူ၍သာ ခေါ်ဆိုကြပါသည်။ သို့သော် ၎င်းအဆင့်များကို တိုင်းမှူး (တဝတ/ပဝတ ဥက္ကဋ္ဌ) များက အထူးအလေးပေး ဆက်ဆံကြပါသည်။ တိုင်းစစ်ဌာနချုပ်ရှိ G-1,G-2  စသော စစ်ဦးစီး အရာရှိများက တိုင်းမှူးဆိုလျှင် အာလာပသလ္လာပ ပြောဖို့ဝေးစွ စကားပင်ရဲရဲ မပြောရဲကြ၊ မေးမှပြော၊ ခေါ်မှ သွားကြသော်လည်း ထလရ တပ်မှူးများကမူ တိုင်းမှူးနှင့် ရယ်ကာမောကာ ပြောရဲဆိုရဲ ရှိကြသည်။ ထမင်းတစ်ဝိုင်းတည်း အတူစားရဲကြသည်။ ထိုသို့ ဖြစ်ရသည်မှာ တိုင်းမှူးများ၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ ထောက်လှမ်းရေး ညွှန်မှူးထံ တိုက်ရိုက် အစီရင်ခံ တင်ပြခွင့်ရှိ၍ဟု ဆိုကြသည်။

အောက်ခြေမြို့နယ် အဆင့်များတွင် ထောက်လှမ်းရေး တပ်ကြပ်ကြီးများ ထားရှိကာ တပ်ဆွယ်မှူးဟူ၍ ခေါ်ဆိုကြပြီး နယ်မြေခံ တပ်ရင်းမှူးများက အလေးထား ဆက်ဆံကြရပါသည်။ မြို့ခံများကလည်း တပ်ရင်းမှူးထက် ၎င်းကို ပို၍အလေးထား ပို၍ ဂရုစိုက်ကြပါသည်။ သူတို့အပြောအရ “တပ်ရင်းမှူးက ကိုယ့်ကို ဒုက္ခမပေးဘူး၊ သူ (တပ်ကြပ်ကြီး) က အချိန်မရွေး ဒုက္ခပေးနိုင်တယ်” ဟု ဆိုပါသည်။ ကျွန်တော် ရခိုင်ပြည်နယ်တွင် တာဝန် ထမ်းဆောင်စဉ် မြို့အဝင် ဂိတ်အနီးရှိ တောင်ကုန်းငယ်ပေါ်၌ တပ်ကြပ်ကြီး တစ်ဦးနေပါသည်။ မြို့အဝင်အထွက် များတွင် ဂိတ်များ မထားရ၊ တရားမဝင် ငွေကြေး ကောက်ခံခြင်း မပြုရဟူ၍ အထက် အဆင့်ဆင့်က ညွှန်ကြားထားသော်လည်း မြို့တွင်းသို့ ဝင်သမျှ ကားများသည် ၎င်းပုဂ္ဂိုလ်၏ အိမ် (ရုံး) သို့ဝင်၍ ဦးတိုက်ရပါသည်။ ဘာတွေပြော၍ ဘာတွေလုပ်မှန်း မသိရသော်လည်း မြို့လူထု၏ ပြောစကားအရ အဆိုပါ တပ်ကြပ်ကြီးသည် သိန်းထောင်ချီ ချမ်းသာကြောင်း ကြားသိရပြီး နောက်ပိုင်း ထောက်လှမ်းရေးတွေ အရေးယူတော့ ထောင်ကျသွား ကြောင်း ကြားသိရပါသည်။

အရေးအခင်း ကာလနောက်ပိုင်းတွင် လုံခြုံရေး အကြောင်းပြချက်ဖြင့် ဌာနဆိုင်ရာ ရုံးများသို့ တံခါးမရှိ ဓားမရှိ ဝင်ထွက် သွားလာကြပြီး ရုံးစာများကို မွှေနှောက် ရှာဖွေကြပါသည်။ အထူးသဖြင့် အုပ်ချုပ်ရေး ရုံးများသို့ ဝင်ရောက်လာသော စာများမှ ပြည်သူအချင်းချင်း တိုင်သည့်စာ၊ ဌာနဆိုင်ရာ များကို တိုင်သည့်စာ၊ စီးပွားရေး သမားများကို တိုင်သည့်စာများမှ တိုင်ကြားသူနှင့် တိုင်ကြား ခံရသူများ၏ လိပ်စာများကို ကူးယူကာ နှစ်ဖက်စလုံးကို သွားရောက် တွေ့ဆုံကြပါသည်။ ဘာတွေပြော၍ ဘာအပေးအယူတွေ လုပ်ကြကြောင်း မသိရှိကြသော်လည်း တိုင်ကြားသူ ကျွေးသည်ကိုလည်းစား၊ တိုင်ကြားခံရသူ ကျွေးသည်ကိုလည်း စားတာကိုတော့ မြင်တွေ့ရပါသည်။

ကျွန်တော် အင်းစိန်မြို့နယ်တွင် တာဝန် ထမ်းဆောင်ခဲ့သည့် ၁၉၉၆ - ၉၈ ကာလ အတွေ့အကြုံများမှ တစ်ခုကို ပြောပြချင်ပါသည်။ ရန်ကုန်စက်မှု တက္ကသိုလ် (YIT) မှ ကျောင်းသား တစ်ဦးသည် ငွေကြေး အခက်အခဲ ရှိ၍ ကြို့ကုန်း အနောက်ရပ်ကွက်ရှိ အမျိုးသမီး တစ်ဦးထံမှ (ရွှေဆွဲကြိုး အပေါင်ခံ၍) ငွေချေးပါသည်။ ထို့နောက် ငွေကြေး အဆင်ပြေ၍ ငွေကို ပြန်ပေးပြီး ရွှေကို ပြန်လည် ရွေးယူသည့်အခါ ဆွဲကြိုးကို ပြန်လည် မပေးချင်သည့်အတွက် ဗြောင်ငြင်းဆန်ရာ ကျောင်းသားလေးက သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေး အဖွဲ့ကို အကူအညီ တောင်းပါသည်။ ရယကအဖွဲ့က ကြားဝင်၍ ညှိနှိုင်း ဆောင်ရွက် ပေးသော်လည်း အဆိုပါ အမျိုးသမီးက ထောက်လှမ်းရေး တပ်ကြပ်ကြီးကို ချဉ်းကပ်သည့်အတွက် တပ်ကြပ်ကြီးက ရယကကို ခေါ်၍ ရစ်ပါသည်။ “ခင်ဗျားတို့က မမှန်တဲ့ဘက်က ဝင်ပြီး ကူညီပေးတယ်၊ နောက်ပြီးတော့ ဒီကျောင်းသားက နိုင်ငံရေး မကင်းသူ ဖြစ်တဲ့အတွက် ကျုပ်တို့က စောင့်ကြည့်နေရတာ ဖြစ်တယ်၊ ဒါကြောင့် ဒီကိစ္စမှာ ခင်ဗျားတို့ နောက်ဆုတ်ပေးပါ” ဟု ဝင်ရောက် ပြောဆိုသည် ရယကအဖွဲ့ အကျပ်ရိုက်ပါသည်။ နောက်ဆုံးတွင် သက်ဆိုင်ရာ ထလရ တပ်မှူး သိရှိစေရန် နည်းလမ်းရှာဖွေ အသိပေး တင်ပြသည့် အခါမှသာ ကျောင်းသားလေးခမျာ အပေါင်ပစ္စည်းကို ပြန်လည် ရရှိပါတော့သည်။

ဤသည်မှာ အောက်ခြေ ထောက်လှမ်းရေး တပ်ဖွဲ့ဝင်များ၏ မမှန်မကန် ဆောင်ရွက်မှုများ အနက်မှ တစ်ခုတလေကိုသာ တင်ပြခြင်း ဖြစ်ပါသည်။ အမှန်တကယ်တော့ ထိုသို့သော ဘက်လိုက် ဆောင်ရွက်ခြင်းမျိုး များစွာရှိပါသည်။ ပြည်သူတွေမှာ စားသတိ၊ သွားသတိ၊ ပြောသတိနှင့် အစဉ်အမြဲ အကြောက်တရားဖြင့်သာ နေရပါသည်။ အထူးသဖြင့် အစိုးရနှင့် စစ်တပ်အပေါ် မည်သို့မျှ ဝေဖန်ပြောဆိုမှု မပြုရဲပါ။ လက်ဖက်ရည်ဆိုင်တွင် စကားကျယ်ကျယ် မပြောရဲပါ။ ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ ပါတီနှင့် ပတ်သက်သော ဓာတ်ပုံ၊ စာရွက်စာတမ်းများကို မည်သူမျှ လက်ဝယ် မထားရဲပါ။ ကျွန်တော် မင်္ဂလာတောင်ညွန့် မြို့နယ်တွင် တာဝန် ထမ်းဆောင်စဉ်က စာပုံနှိပ်စက် တစ်ခုကို ထောက်လှမ်းရေးက ဝင်ရောက် ရှာဖွေရာ ဗိုလ်ချုပ်ကတော် (ဒေါ်အောင်ဆန်းစုကြည်၏ မိခင်) ဒေါ်ခင်ကြည် ကွယ်လွန်စဉ်က ဖိတ်ကြားသည့် အသုဘရှု ဖိတ်စာ တစ်စောင်တည်းကို တွေ့ရာ ပုံနှိပ်/ထုတ်ဝေ ဥပဒေဖြင့် အရေးယူခြင်း ခံရပြီး ထောင်ကျ သွားပါသည်။

တစ်ချိန်က မြန်မာနိုင်ငံတွင် မော်တော်ယာဉ် တင်သွင်းခွင့်များ ကန့်သတ်ထားပါသည်။ ဗိုလ်ချုပ်များနှင့် ၎င်းတို့ နှင့်ရင်းနှီးသူ ခရိုနီများသာ ဝယ်ယူ တင်သွင်းခွင့် (ပါမစ်) ရရှိပြီး ၎င်းတို့သာလျှင် တင်သွင်းခွင့် ရှိပါသည်။ တရားဝင် ကညန လိုင်စဉ် နံပါတ် မရှိလျှင် ဥပဒေအရ အများပြည်သူသုံး လမ်းများပေါ်တွင် မည်သည့် စက်တပ် မော်တော်ယာဉ်မျှ မောင်းနှင်ခွင့် မရှိပါ။ သို့သော် အမှန်တကယ်တွင်မူ လမ်းများပေါ်တွင် တံဆိပ်အမျိုးမျိုး၊ နံပါတ် အမျိုးမျိုးနှင့် မောင်းနှင် သွားလာနေကြသည်ကို ပြည်သူများ မြင်တွေ့ ကြရပါသည်။ ဤသည်တို့မှာ ထောက်လှမ်းရေးက ထုတ်ပေးထားသော နံပါတ် များနှင့် ၎င်းတို့ အသိအမှတ် ပြုထားသော တံဆိပ်များသာ ဖြစ်ကြပါသည်။ ၎င်းနံပါတ်များမှာ ကညနက ထုတ်ပေးသော နံပါတ်များထက် ပို၍ ခိုင်မာပါသည်၊ သြဇာအရှိန်အဝါ ရှိပါသည်။ အဘယ့်ကြောင့် ဆိုသော် ၎င်းနံပါတ်ပြားများ တပ်ဆင်ထားသော မော်တော်ကားများကို မည်သည့် ယာဉ်ထိန်းရဲကမျှ မဖမ်းရဲ၍ ဖြစ်ပါသည်။ ဖမ်းရဲရင် ဖမ်းကြည့်စမ်း၊ နယ်ပြောင်းရင်ပြောင်း၊ မပြောင်းလျှင် ပြုတ်မည်သာကြံ။

ထောက်လှမ်းရေး တပ်ဖွဲ့သည် တစ်စတစ်စ သြဇာအရှိန်အဝါ အဆမတန် ကြီးထွားလာရာမှ မိမိအရှိန်ကို မိမိမထိန်းသိမ်းနိုင်သော အခြေအနေသို့ ရောက်ရှိလာပါသည်။ နောက်ဆုံးတွင် ဘရိတ် ပေါက်သည်ဟုပဲ ပြောရမလား မသိပါ၊ လားရှိုးတွင် ဒု-တိုင်းမှူး၏ ကားကို ထောက်လှမ်းရေးက ဖမ်းသည်ဟု သိရပါသည်။ ကိုယ့်အရှိန်ကိုယ် မထိန်းနိုင်သော၊ ကိုယ့်လူကိုယ် မထိန်းနိုင်သော ထောက်လှမ်းရေး တပ်ဖွဲ့ကြီး၏ ပြိုကွဲမှုအစပင် ဖြစ်ပါသည်။ ထို့နောက် နိုင်ငံတော် (ကကကြည်း) မှဆက်တိုက် အရေးယူမှုများ ဆက်လက် ဆောင်ရွက်ခဲ့ပြီး ဆယ်စုနှစ်များစွာ ဥပဒေ၏ အထက်မှ နေခဲ့ပြီး ပြည်သူတို့၏ နှစ်လုံးသားဝယ် အကြောက်တရားတို့ကို ထာဝရ ကိန်းအောင်းစေခဲ့သည့် တပ်မတော် ထောက်လှမ်းရေး တပ်ဖွဲ့ကြီး ငုတ်လျှိုး ပျောက်ကွယ်ခဲ့ကာ အမျိုးသား ထောက်လှမ်ရေး အဖွဲ့သည်လည်း ပြည်သူ့ မြင်ကွင်းမှ ပျောက်ကွယ်ခဲ့ပါတော့သည်။

နိုင်ငံတစ်နိုင်ငံ၏ တည်တံ့ ခိုင်မြဲရေးသည် ယင်းနိုင်ငံ၏ စစ်ရေးအင်အားအပေါ် များစွာ မူတည်သော်လည်း စစ်ရေးတွင် အသာစီး ရယူနိုင်မှုနှင့် လက်ဦးမှု ရယူခြင်းသည်လည်း အရေးပါ အရာရောက်သည်ဖြစ်ရာ ထောက်လှမ်းရေး တပ်ဖွဲ့နှင့် ထောက်လှမ်းရေး နည်းပညာများကို ယနေ့အထိ နိုင်ငံတိုင်းက အသိအမှတ်ပြု အလေးထားနေရဆဲပင် ဖြစ်ပါသည်။ မြန်မာနိုင်ငံ သည်လည်း စစ်ရေးအရ အရေးပါသော ပထဝီ အနေအထားတွင် ရှိသည်ဖြစ်ရာ စစ်ဘက်ဆိုင်ရာ ထောက်လှမ်းရေးသည် အထူးအရေးပါသော အခြေအနေတွင် ရှိပါသည်။ ထို့ကြောင့်လည်း စစ်ရေးအမြင် ရှိပြီး အမြော်အမြင် ကြီးမားသော မြန်မာ့ စစ်ခေါင်းဆောင်များသည် ဖျက်သိမ်းလိုက်သော တပ်မတော် ထောက်လှမ်းရေးအဖွဲ့ နေရာတွင် စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) ကို စောစီးစွာပင် ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါသည်။ စစ်ခေါင်းဆောင်များ၏ ပို၍အမြော်အမြင် ကြီးမားသည့် အချက်မှာ စရဖ အဖွဲ့ကို အရပ်ဘက်ဆိုင်ရာ ဝင်ရောက် စွက်ဖက် ပါဝင်စေခြင်း အလျဉ်းမရှိစေဘဲ စစ်ရေးသက်သက် ကိစ္စများကိုသာ တာဝန်ပေး စေခိုင်းနေခြင်း ဖြစ်ပါသည်။

အရပ်ဘက်/နယ်ဘက်ဆိုင်ရာ ကိစ္စများနှင့် ပတ်သက်၍မူ ပြစ်မှုများ မဖြစ်ပွားရေးအတွက် ကြိုတင် ကာကွယ်မှုပြုရန် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ဖြစ်ပွားသော မှုခင်းများကို စုံစမ်း၊ ထောက်လှမ်း၊ ရှာဖွေ၊ ဖမ်းဆီး၊ ဖော်ထုတ်ရန်အတွက် ရဲတပ်ဖွဲ့နှင့်အတူ မှုခင်းတပ်ဖွဲ့၊ စီးပွားရေး မသမာမှုများကို စုံစမ်းစစ်ဆေး ဖော်ထုတ် အရေးယူ ဆောင်ရွက်ရန်အတွက် အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန (စ-သုံးလုံး) နှင့် နိုင်ငံရေးဆိုင်ရာ ကိစ္စများအတွက် အထူးသတင်းတပ်ဖွဲ့ (SB) စသည်တို့ ရှိနေပြီဖြစ်ရာ မြန်မာနိုင်ငံ၏ လုံခြုံရေးအတွက် စိုးရိမ်ဖွယ်ရာ မရှိဟု ထင်မြင်ယူဆပါသည်။ အရေးကြီးသည်မှာ ဝန်ထမ်းအင်အား လုံလောက်မှု၊ ပေးအပ်သော တာဝန်ကို ကျေပွန်မှု၊ ရိုးသား ဖြောင့်မတ်မှု၊ ပြည်သူကို အလေးထား လေးစား၍ အနိုင်မကျင့်ရန်နှင့် ခေတ်မီနည်းပညာ အထောက်အကူပြု ပစ္စည်းများကို ကျွမ်းကျင် နိုင်နင်းစွာ အသုံးပြုနိုင်မှု စသည်တို့ပင် ဖြစ်ပါသည်။

အချုပ်ဆိုရသော် မြန်မာပြည် လုံခြုံရေးအတွက် အဘက်ဘက်က ပြည့်စုံ၍ လုံခြုံစိတ်ချရသော အနေအထားတွင် ပြည်သူ (နိုင်ငံရေးသမား၊ ကျောင်းသား၊ ဝန်ထမ်း၊ အလုပ်သမား၊ ဆင်းရဲသား) ကို မျက်ရည်ပေါက်ကြီးငယ် ကျစေခဲ့သော ထောက်လှမ်းရေး အဖွဲ့ကြီးကို ပြန်လည် ဖွဲ့စည်းရန် ကြိုးပမ်း အားထုတ်နေခြင်းကို ‘ကျားသေကို အသက်သွင်းကြဦးမှာလား’ ဟုသာ မေးလိုက်ချင်ပါတော့သည်။
Credit To The Voice Weekly
Read More »

အပြောနဲ့ အလုပ် လွဲနေတဲ့ အုပ်ချုပ်ရေး ယန္တရား မီးစင်ကြည့်ကပြီးသွားမယ့် ဒီမိုကရေစီ

သမ္မတကြီး သိပါစ ...။ အမ်ပီစီက သိပါစ၊ ငြိမ်းချမ်းရေးဆို ထောင် ၇ လ ...။
ဒီဇင်ဘာ ၅ ရက်က ရန်ကုန်မြို့၊ လှိုင်မြို့နယ် တရားရုံး ရှေ့မှာ အမေအိုတစ်ဦး လက်ထဲကိုင်ထားတဲ့ စာတမ်းလေးပါ။
ဓာတ်ပုံနဲ့ တင်ထားတာမို့ ကြည့်ရင်းနဲ့ စိတ်ထိခိုက် သွားမိပါတယ်။ ဒီရက်ပိုင်းမှာ ပုဒ်မ ၁၈တို့ ၅၀၅ (ခ) တို့နဲ့ တစ်ယောက်ပြီးတစ်ယောက် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆက်တိုက် ဆိုသလို သတိမထားဘဲ မနေနိုင်လောက်အောင်ကို ထောင်ချနေတာ တွေ့ရပါတယ်။ လိုင်ဇာ လမ်းလျှောက်တဲ့ လူငယ်လေးတွေဆို ရန်ကုန်ပြန်ရောက်တာတောင် ကြာပါပြီ။အခုမှ ထောင်ချပါတယ်၊ မြို့နယ် တစ်မြို့နယ် တစ်လနှုန်းနဲ့ ၇ မြို့နယ် ၇ လ ထောင်ချပါသတဲ့။ ဒိုင်းခနဲ မေးခွန်းတစ်ခုက ပေါ်လာပါတယ်။ ရန်ကုန်နဲ့ လိုင်ဇာကြား မြို့နယ်ပေါင်းများစွာ ဖြတ်သန်းလျှောက်ခဲ့ကြတာ ဒီ ၇ မြို့နယ်ကပဲ တရားစွဲ ထောင်ချပြီး ကျန်တဲ့ မြို့နယ်ပေါင်းများစွာက ဒီတိုင်း လက်ပိုက်ကြည့်နေတာလား၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ မြို့နယ်တွေ အများကြီး ရှိနေလေသလား၊ ဒီပုံဒီနည်း တရားစီရင်ရေးနဲ့ ဒီလို အုပ်ချုပ်ရေးပုံစံတွေနဲ့ ဒီမိုကရေစီကို ဘယ်လို သွားကြမှာတုံး၊ ဒီလိုပဲ မီးစင်ကြည့်ကပြီး သွားတော့မှာလား။ မီးကလည်း မကြာမကြာ လာတာဆိုတော့ မီးစင်ကြီးအတွက် မီးစက်ကြီးလည်း တရုတ်က မှာထားဦးမှ။စိတ်ပေါက်ပေါက်နဲ့ လျှောက်တွေးနေမိပါတော့တယ်။

မေးခွန်းထုတ်စရာတွေနဲ့ ပုဒ်မ ၁၈
အခု အစိုးရလက်ထက် နာမည်ကြီးလာတဲ့ ပုဒ်မ ၁၈ ဟာ မေးခွန်းထုတ်စရာတွေ အပြည့်နဲ့ပါ။ “တစ်ကိုယ်တော် အသံတိတ် ဆိုင်းဘုတ်ကိုင် ဆန္ဒပြတဲ့သူလည်း တရားစွဲခံ ရတယ်ဗျာ၊ တစ်ဦးထက်ပိုမှသာ စီတန်းလှည့်လည်ရာ မြောက်မှာပေါ့။ တစ်ဦးထက်ပိုမှသာ စုဝေးရာမြောက်မှာပေါ့၊ တစ်ဦးချင်း ဆန္ဒပြတာကို ဘာဖြစ်လို့ ပုဒ်မ ၁၈ နဲ့ တရားစွဲပြီး ထောင်ချတာလည်း၊ ကျွန်တော်တော့ မစဉ်းစားတတ်ဘူး ဗျာ” ရန်ကုန်မြို့က တရားလွှတ်တော် ရှေ့နေကြီး ဦးအောင်သိန်းပြောတဲ့ စကားတစ်ခွန်းပါ။ ငြိမ်းချမ်းစွာဆိုတဲ့ အင်မတန် တန်ဖိုးရှိတဲ့ စကားလုံးဟာ ထောင်ချခံရတဲ့ စကားလုံးအဖြစ် ပြောင်းနေတာကိုတော့ ကျွန်တော် လက်မခံနိုင်ဘူးဗျာလို့လည်း မှတ်ချက်ပေး ပြောခဲ့ပါသေး တယ်။ ဆရာ့စကား ကြားတော့ ဒီရက်ပိုင်း အတွင်းမှာပဲ မြို့တော်ခန်းမရှေ့ ဆိုင်းဘုတ်လေး ကိုင်ပြီး ဆန်္ဒပြနေတဲ့ အမယ်အိုတစ်ဦးကို ရဲတွေ ရဲကားပေါ် တင်ခေါ်သွားတဲ့ ဓာတ်ပုံ မျက်စိထဲ မြင်ယောင်လာမိပါတယ်။
ပုဒ်မ ၁၈ လွှတ်တော်ထဲပြင်ဖို့ ပြောတော့ ပြည်ထဲရေး ဒုဝန်ကြီးဆိုသူ ခုခံပြောခဲ့တာ မှတ်မိနေပါသေးတယ်။ ပြစ်ဒဏ်မပါတဲ့ ဥပဒေဟာ အားနည်းပါတယ်တဲ့။ ဥပဒေ ဆိုတာ ပြည်သူတွေကို အကာအကွယ်ပေးဖို့ပဲ ဖြစ်ရမယ်လို့ အမြော်အမြင်ကြီးသူတွေ ပြောနေတဲ့စကား အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ တာဝန်ရှိသူတွေ မကြားလေရော့သလား၊ ခုချိန်ထိ သူတို့ခေါင်းထဲ တို့တာဝန် အရေးသုံးပါးပဲ ရှိနေသေး ကြလေသလား၊ တွေးကြည့်မနေပါနဲ့၊ တကယ်ပဲ အရင် အတိုင်း ပြုမူပြောဆိုနေကြတုန်းပါ။ ကိုယ့်ဘာသာ ပြန်အဖြေ ပေးမိရင်း သက်ပြင်းလည်း အကြိမ်ကြိမ် ချမိပါတယ်။မနေ့ တစ်နေ့ကပဲ ပတ်မကြီး မထိုးဖောက်နဲ့လို့ ပြောသွားသေး မဟုတ်လား။

သမ္မတပြောလည်း ပြောပါပဲ
သမ္မတက အောက်တိုဘာ ရေဒီယို မိန့်ခွန်းမှာ အခုလို ပြောသွားပါတယ်။
“ငြိမ်းချမ်းရေး ဖြစ်စဉ်နဲ့ ပတ်သက်လို့ ထူးခြားမှု တစ်ရပ်ကတော့ ဒီနှစ် နိုင်ငံတကာ ငြိမ်းချမ်းရေး နေ့မှာ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ မြစ်ကြီးနား အစရှိတဲ့ မြို့ကြီးတွေမှာ ငြိမ်းချမ်းရေး ပွဲတော်တွေကို ပြည်သူလူထုရဲ့ အသံ၊ ဆန္ဒတွေကို ထင်ဟပ်ပြီး ၀ိုင်းဝန်း ကျင်းပခဲ့ကြတာပဲ ဖြစ်ပါတယ်၊ ပြည်သူလူထုရဲ့ ငြိမ်းချမ်းရေး လိုချင်တဲ့ဆန္ဒ၊ အထူးသဖြင့် တိုင်းပြည်တာဝန်ကို ပခုံးပြောင်း ထမ်းဆောင် ကြရမယ့် လူငယ်တွေရဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့ ပြင်းပြတဲ့ ဆန္ဒကနေ ပေါက်ဖွားလာတဲ့ တက်ကြွလှုပ်ရှားမှု တွေ၊ အနုပညာ လှုပ်ရှားမှုတွေကို ကျွန်တော့်အနေနဲ့ အားရ ကျေနပ်မိပါတယ်”
ဒီဇင်ဘာမှာ သမ္မတ ကျေနပ်အားရမိတဲ့ လူငယ်တွေကို တရားရုံးအသီးသီးက တက်ညီလက်ညီ ထောင်ချပါတော့ တယ်။ ထောင်ချခံရတဲ့ လူငယ်တွေကလည်း ပြုံးပြုံး ပြုံးပြုံးနဲ့ အချုပ်ကားပေါ် တက်သွားကြတာ တွေ့ရပါတယ်။ ဒီဇင်ဘာ လကုန် နိုင်ငံရေး အကျဉ်းသားအားလုံး သမ္မတက လွှတ်ပေးဖို့ ရှိနေလေတော့ သမ္မတ လွှတ်စရာ လူမရှိမှာစိုးလို့ ထောင်ထဲ လူစုပေးနေသလား သံသယဖြစ်စရာ ဖြစ်ရပါတယ်။ တရား စီရင်ရေးအာဏာကို အလွဲသုံးစား လုပ်နေတဲ့ သဘောလား ယူဆစရာတွေ ရှိလာပါတယ်။ လွှတ်တော်ထဲ ပုဒ်မ ၁၈ ပြင်ဖို့ ပြောနေဆိုနေချိန်မှာ အုပ်ချုပ်ရေးပိုင်းက အခုလို ထောင်ချပြနေလေတော့၊ ဒီကမောက်ကမ ဖြစ်ရပ်တွေ ကြည့်ပြီး ပြည်သူတွေမှာ အုပ်ချုပ်ရေး ယန္တရားနဲ့ တရား စီရင်ရေး ယန္တရားကို ဘယ်လိုလုပ် အားကိုးရပါ့မလဲ။
ပြည်သူ့အသံ နားထောင်မယ့် အစိုးရ ပြည်သူ့အသံ လွှတ်တော်အသံဆိုတာတွေ ဘယ်မလဲ မေးခွန်းထုတ်စရာတွေ ဖြစ်ရပါတယ်။

ရာနဲ့ချီ အချုပ်နဲ့ တရား ရင်ဆိုင်နေကြရ
နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့က ပြန်ကြားရေး တာဝန်ခံ ဦးထွန်းကြည် ပြောပြလို့ သိရတာက သူတို့ လက်လှမ်းမီသလောက် ပုဒ်မ ၁၈ တို့ ၅၀၅(ခ) တို့နဲ့ ထောင်ကျသွားတဲ့သူ ၂၀ လောက် ရှိနေပြီး အချုပ်နဲ့ တရားရင်ဆိုင်နေရသူပေါင်းက ၂၀၀ ကျော် ရှိပါတယ်။အစိုးရ အခုလို လုပ်နေတာတွေဟာ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို အငြိုးအတေးနဲ့ လုပ်နေတာမို့ သူတို့ အနေနဲ့ ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့လည်း သူက ပြောပါတယ်။ သမ်္မတပြောတဲ့ ဒီဇင်ဘာလကုန် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမယ်ဆိုတဲ့အပေါ် သံသယ ရှိတယ်။ ဒီပုံအတိုင်းတော့ မဖြစ်နိုင်ဘူးလို့ ယူဆတယ် လို့လည်း မှတ်ချက်ပေးပါတယ်။
သမ္မတ ပြောပြောနေတာတွေဟာ အောက်ခြေမှာ တကယ်ဖြစ်နေတာတွေနဲ့ အတော့်ကို လွဲချော်နေတာမို့ အပြောရပ်ပြီး တကယ်လုပ်ပြဖို့ လိုလာပါပြီ။ သမ္မတ သက်တမ်း ထက်ဝက်ကျော်လာချိန်ထိ သမ္မတ ပြောခဲ့တဲ့ မိန့်ခွန်းပေါင်း ၄၀ ကျော်ခဲ့ပါပြီ။ သမ္မတ ပြောခဲ့တဲ့ မိန့်ခွန်း တွေ အတိုင်း လက်တွေ့ အကောင်အထည် ပေါ်လာအောင် အုပ်ချုပ်ရေး ယန္တရားထဲမှာ ပြုပြင် ပြောင်းလဲရေးတွေ အများကြီးလုပ်ဖို့ လိုနေပါပြီ။ နို့မို့ဖြင့်တော့ သမ္မတပြောတဲ့ စကားလုံးတွေ ဘယ်လောက်ကောင်းကောင်း ပြည်သူတွေက အသိအမှတ် မပြုတော့တာမျိုးတွေ ဖြစ်လာနေပါပြီ။

ဘယ်လို အုပ်ချုပ်ရေးတုန်း
အခု ဒီစာရေးနေတုန်း အချိန်မှာပဲ အုပ်ချုပ်ရေး ယန္တရားကို မေးခွန်းထုတ်စရာ ဖြစ်ရပ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သင်္ဃန်းကျွန်း၊ မိကျောင်းကန်မှာ သပိတ်စခန်းဖွင့် ဆန္ဒပြနေတဲ့ သူတွေကို တပ်မြို့စည်ပင် တံဆိပ်နဲ့ အရပ်ဝတ် တွေက နံပါတ်တုတ်တွေ တူတွေနဲ့ ရောက်လာပြီး အတင်း အဓမ္မတံတိုင်း ၀င်ခတ်တဲ့ ဖြစ်ရပ်ပါ။ အဲဒီ တပ်စည်ပင် ဆိုသူတွေ ရောက်လာချိန် ရှိနေတဲ့ သတင်းထောက်တစ်ဦး ပြောပြချက်အရ မင်္ဂလာဒုံတပ်မြို့စည်ပင်လို့ ရေးထားတဲ့ ကားပြာကြီးတွေ ထိုးဆိုက်လာတယ်၊ အင်္ကျီအနက်တွေ ကာကီရောင် ဘောင်းဘီတွေ ၀တ်ထားပြီး နံပါတ်တုတ်တွေ တူတွေနဲ့ လူတွေ ကားတွေပေါ်က ခုန်ဆင်းလာတယ်၊ ကား တစ်စီး တစ်စီးမှာ လူ ၅၀ လောက်ပါတယ်။ ကားတွေ အများကြီးပေါ်က အုပ်စုလိုက် အုပ်စုလိုက် ဆင်းချလာတယ်။ ထုဟ ရိုက်ဟ အော်ပြီး သွပ်ပြားတွေနဲ့ တံတိုင်းဝင်ကာတယ်။ တွန်းထိုးမိလို့ လဲကျသွားတဲ့ အမျိုးသမီးတွေကို တက်နင်း တယ်၊ သပိတ်စခန်းက အမျိုးသမီး ၁၀ ယောက်လောက် ဒဏ်ရာရသွားတယ်၊ မိကျောင်းကန် ဆန်္ဒပြသူတွေဆီ တပ်စည်ပင် ဆိုသူတွေ ရောက်ရောက်လာတာ ၃ ကြိမ်ရှိပြီ၊ ၂ ကြိမ်မှာ အခုလိုမျိုး ထိပ်တိုက်တွေ့တယ်။
အင်တာနက်ပေါ် ဓာတ်ပုံတွေ တက်လာလို့ ကြည့်လိုက် တော့ တပ်စည်ပင်ဆိုသူတွေဟာ အရပ်ဝတ်နဲ့ တကယ့် လူမိုက်ရုပ်တွေပါ။ စွမ်းအားရှင်တွေ တစ်ကျော့ ပြန်လာလေ သလား၊ ဓာတ်ပုံတွေကြည့်ရင်း သောက များရပါတယ်။လက်လှမ်းမီသလောက် မေးကြည့်တော့ တပ်မြို့တွေ ဥပမာ မိတီ်္ထလာ၊ ဗထူး၊ မင်္ဂလာဒုံ စတဲ့ တပ်မြို့တွေမှာ တပ်ဝင်း စည်ပင်သာယာရေးလုပ်ဖို့ ခန့်ထားတဲ့ အရပ်ဝတ် ၀န်ထမ်း တွေ ရှိတယ်လို့ သိရပါတယ်။ ဒါဆို မိကျောင်းကန် သပိတ်စခန်းကို ရောက်လာတဲ့ တပ်စည်ပင်တွေကို အဲဒီတပ် တပ်မှူးက အမိန့်ပေးလို့ အခုလို လာလုပ်တာပေါ့။စစ်တပ် အလုပ်က နိုင်ငံတော် ကာကွယ်ရေးအတွက်ပဲ လုပ်ရတာ မဟုတ်လား၊ မနေ့တစ်နေ့ကပဲ ကာကွယ်ရေး ဦးစီးချုပ် ရခိုင်ခရီးမှာ ပြောသွားသေးတယ်၊ စစ်တပ်ဆိုတာ နိုင်ငံတော် ကို ထာဝရ အကာအကွယ် ပေးနေရတဲ့ အဖွဲ့အစည်းတဲ့။ ဒါပါပဲ၊ အပြောတွေနဲ့ လုပ်နေတာတွေ လွဲနေပါတယ်။ ကြာရင် အရင်အတိုင်း မယုံဘဲ အရင်လို ပြန်ဖြစ်ကုန် ပါတော့မယ်။

 Credit To ပြည်သူ့ခေတ်ဂျာနယ် 
အတွဲ - ၄၊ အမှတ် - ၁၇၅ မှ ဆရာကိုရွှေအောင်၏ ဆောင်းပါး 
Read More »