Tuesday, July 23, 2013

ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦးသန်းရွှေသတိမေ့မြောသွားသည် ဆိုသောသတင်း


ယခင်နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌအဖြစ်နိုင်ငံတော်အကြီးအ ကဲ တာဝန်ယူခဲ့သော ဗိုလ်ချုပ်မှူး ကြီး အငြိမ်းစားဦးသန်းရွှေပြီးခဲ့ သည့် တနင်္ဂနွေနေ့ညနေ၌ မြန်မာရုပ်ရှင်ဇာတ်ကားတစ်ခု ကိုမိသားစုနှင့်အတူကြည့်ရှုနေ စဉ်အတွင်း သတိမေ့မြောသွား ကြောင်းအင်တာနက်သတင်း စာမျက်နှာများ၌ သတင်းပျံ့နှံ လျှက်ရှိသည့်အပေါ် ဗိုလ်ချုပ်မှူး ကြီး(ငြိမ်း)ဦးသန်းရွှေနှင့်နီးစပ်သူ အချို့အား ဆက်သွယ်မေးမြန်းခဲ့ ရာ အဆိုပါသတင်းမှာ မဟုတ် မှန်ကြောင်းနှင့်ကောလာဟလ တစ်ခုသာဖြစ်ကြောင်းပြန်လည် ပြောကြားခဲ့သည်။
““ဗိုလ်ချုပ်မှူးကြီး ကျန်းကျန်း မာမာပဲရှိပါတယ်၊ သတိလစ်မေ့ မြောတယ်ဆိုပြီးတော့လည်း တစ် စုံတစ်ရာ သတင်းမှလည်း ကျွန် တော်တို့မကြားရသေးပါဘူး။ အင်တာနက်သတင်းတွေမှာ ပျံ့ နှံနေတယ်ဆိုတာကလည်း ကော လာဟလတစ်ခုပါ။ဗိုလ်ချုပ်မှူး ကြီးဟာ ကျန်းကျန်းမာမာပဲ စာဖတ်တာနဲ့ အချိန်ကုန်နေတာ ပါ။သူဖြစ်စေချင်တဲ့အနေအထား တစ်ခု တိုင်းပြည်မှာဖြစ်ပြီး သွား တဲ့နောက်ပိုင်း၊သူ့အနေနဲ့ တိုင်း ပြည်ကို သူမျှော်မှန်းတဲ့အတိုင်း ဒီမိုကရေစီ အစိုးရသစ်ကိုလွှဲ ပြောင်းပေးပြီးတဲ့နောက်ပိုင်မှာ ငြိမ်းချမ်းစွာနဲ့ပဲအချိန်တွေကို ကုန် လွန်နေစေတာပါ။ဗိုလ်ချုပ်မှူးကြီး ရဲ့ကျန်းမာရေးတစ်စုံတစ်ရာဖြစ် ရင်လည်း ဖုံးဖိထားလို့မရပါဘူး၊ အားလုံးသိကြမှာပဲ၊ခုထိတော့ ကျွန်တော်တို့တော့ဘာမှမသိသေး ပါဘူး”” ဟု ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)နှင့်နီးစပ်သူဟုယူ ဆရသူတစ်ဦးကHot News၏ ဆက်သွယ်အတည်ပြုချက်အား ပြန်လည်ဖြေကြားသွားခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)ဦး သန်းရွှေသည် ပြီးခဲ့သည့်၂၀၁၁ မတ်လ၃၁ရက်နေ့က စစ်အုပ်ချုပ် ရေး ယန္တရားဖြင့်အသက်သွင်း ထားသော နိုင်ငံတော်အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ကိုဖျက်သိမ်းကာ ရွေးကောက်ပွဲ အရပေါ်ထွက်လာခဲ့သော၎င်း၏ တပည့်များနှင့်နီးစပ်သူ အများစု ပါဝင်သည့်အရပ်သားအစိုးရသစ် အား အာဏာအရပ်ရပ်ကိုလွှဲ ပြောင်းပေးခဲ့သည်။ထိုနောက်ပိုင်း မှစတင်ကာ လူမြင်ကွင်းကြား ထွက်လာတော့ခြင်း လုံးဝမရှိဘဲ  ယနေ့လွှတ်တော်နှင့်အစိုးရအဖွဲ့ ၌တာဝန်ကြီးများထမ်းဆောင်နေ သော ၎င်းနှင့်နီးစပ်သူအချို့ကို သာ အခါအားလျော်စွာ လက်ခံ တွေ့ဆုံကြောင်း သိရပြီး ယင်းသို့ လက်ခံတွေ့ဆုံရာ၌လည်းလုံခြုံရေး တာဝန်ရှိသူများ၏ သေချာစွာ စစ်ဆေးပြီးမှသာဝင်ရောက်တွေ့ ဆုံရကြောင်း အင်တာနက်စာ မျက်နှာများ၌ပျံ့နှံ့နေသော သတင်းများအရသိရသည်။
Credit To Hot News 

ခန့်ခန့်(ဒဿနိက)

Related Articles:

Post a Comment