Thursday, July 25, 2013

ခေါ်ရင်သွား ၊ ခိုင်းတာလုပ် ၊ ခံမပြောနဲ့ ခွေးဖြစ်သွားမယ်ဆိုတဲ့ မြန်မာပြည်


အင်္ဂလန်းနိုင်ငံပရီးမီးယားလိ(ဂ်) ထိပ်တန်းဘောလုံးကလပ်အသင်းများ သည် အရှေ့တောင်အာရှနိုင်ငံများသို့ ခြေစမ်းပွဲများနှစ်စဉ်လာရောက်ကစား လေ့ရှိသည်။၂၀၁၃ခုနှစ်ဇူလိုင်လ၁၁ရက် နေ့က ဒွန်မောင်းလေဆိပ်သို့ရောက်ရှိ လာသော မန်ချက်စတာယူနိုက်တက် အသင်းကို““ထိုင်း””ပြည်သူပရိသတ်ရာ ပေါင်းများစွာက ကြိုဆိုကြသည်။မန်ယူ အသင်းသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆစ်ဒနီ၊ယိုကိုဟားမား၊အိုဆာကာနှင့် ဟောင်ကောင်သို့ခရီးဆက်၍ခြေစမ်းပွဲ များကစားမည်ဖြစ်သည်။
တဖန်ဇူလိုင်လ၁၂ရက်နေ့က ထိုင်း နိုင်ငံမှပရိသတ်သည် ချဲလ်ဆီးဘောလုံး အသင်းကို သုဝဏ္ဏဘူမိလေဆိပ်တွင်လာ ရောက်ကြိုဆိုနှုတ်ဆက်ကြသည်။ချဲလ် ဆီးအသင်းသည်ဇူလိုင်လ၁၇ရက်နေ့ တွင် ဘန်ကောက်မြို့၌ ရာဓမင်္ဂလာကွင်း တွင် Singha All Star အသင်း၊ဇူလိုင်လ ၂၁ရက်တွင် မလေးရှားနိုင်ငံ ကွမ်လာ လာမ်ပူမြို့၌ Malaysia XI အသင်း ဇူ လိုင်လ၂၅ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ  ဂျကာတာမြို့တွင် BNI INDONESIA ALL STAR အသင်းများနှင့်ခြေစမ်း ကစားမည်ဖြစ်သည်။
အားကစားဆောင်းပါးရေးနေသည် မဟုတ်ပါ။အထက်ဖော်ပြပါသတင်းများ ကိုဖတ်ပြီး စိတ်မကောင်၍ဒီဆောင်းပါး ကိုရေးမိပါသည်။ဘာကြောင့်စိတ် မကောင်းဖြစ်ရပါသနည်း။ရှင်းပါမည်။
မြန်မာနိုင်ငံဘောလုံးအသင်းသည် တစ်ချိန်က အရှေ့တောင်အာရှကို အသာထား အာရှမှာပင်ထိပ်တန်းရောက် ခဲ့ဖူးသည်။အရှေ့တောင်အာရှ၊မာဒေး ကား၊ပတ်ချွန်ဂီးဖလားပြိုင်ပွဲများတွင် မြန် မာအသင်းက အကြိမ်ကြိမ်နိုင်ခဲ့ဖူးသည်။ အာရှိတိုက်တစ်တိုက်လုံး၏ ဘောလုံးချန် ပီယံအဖြစ်ဖလာနှစ်ကြိမ်ရခဲ့ဖူးသည်။အီ ရန်နိုင်ငံနှင့်ပူးတွဲချန်ပီယံတစ်ကြိမ်ရခဲ့ဖူး သည်။
““မြန်မာနိုင်ပြီ တို့မြန်မာနိုင်ပြီ”” အစ ချီ သီချင်းသံသည် သောသောညံခဲ့ဘူး သည်။““တိုင်းပြည်ကပေးအပ်လိုက်တဲ့ တာဝန်များကို ကျေပြွန်ပါသည်.. တကယ့်ကိုကျေပြွန်သည်..သောင်းသောင်း ဖျဖျကြိုဆိုလို့အတည် ပြည်သူများ ဂုဏ်ပြုကြပါသည်..””ရင်ကိုရိုက်ခတ် သွားသောသီချင်းစာသားများဖြင့်သံ ပြိုင် ဟစ်ကြွေးခဲ့ဖူးပါသည်။
““အာရှချန်ပီယံတို့ဗမာ””သီချင်းဖြင့် ဂုဏ်ယူဝံ့ကြွားခဲ့သောကာလများကိုမေ့ ပျောက်လို့မရနိုင်ခဲ့ပါ။အမြဲတမ်းသတိရ နေမိသည်။သို့သော်လည်း…သို့ပါ သော်လည်း နိုင်ငံတော်က ကာ အသိမ်း ခံရပြီးနောက်ပိုင်း၊ပြည်သူပိုင်တွေသိမ်းပြီး နောက်ပိုင်း၊စစ်အုပ်ချုပ်ရေးကာလများ နောက်ပိုင်းငြိမ်စပ်ပိပြားအောင်ဖိနှိပ် အုပ်ချုပ်ခံရပြီးနောက်ပိုင်း၊အကြောက် တရားအောက်မှာ ပိပြားအောင်နေထိုင် ခဲ့ရပြီး နောက်ပိုင်းမှာ အဖက်ဖက်က အောက်တန်းကျခဲ့ရပါပြီ။
ဘောလုံးသာမက အားကစားနည်း မျိုးစုံပြစရာမရှိအောင်အောက်ကျခဲ့ပါ ပြီ။ တစ်ချိန်ကအောင်မြင်မှု အရှိန်လေး၊ အထောက်အလျောက် အငွေ့အသက် လေးကျန်နေချိန်မှာ တက်လူတိုက်၊ အောင်မြစ်မှုတစနှစ်ကို အဟုတ်ကြီးထင် ကြီးထင်ပြီး ““မြန်မာ့အားကစား ကမ္ဘာ ကို လွှမ်းစေရမည်””ဆိုသောဆောင်ပုဒ်ကို မရှက်မကြောက်ထအော်သူကအော် လိုက်သေးသည်။အားလုံးဗုံးဗုံးကျခဲ့ပါပြီ။
တစ်ချိန်က အိမ်နီးနားချင်းတွေ မော်မကြည့်ဝံ့အောင် လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သော မြန်မာနိုင်ငံအားက စားသည် ခုတော့ သူတို့ကိုမော်ကြည့်ရန် မ၀ံ့မရဲဖြစ်ခဲ့ရပါပြီ။ တကယ်အောင်မြင် ခဲ့တာဟုတ်ရဲ့လား။အဘရယ်လို့ မယုံ တစ်ဝက်ယုံတစ်ဝက်နဲ့မေးလာမည့် လူ ငယ်တွေကို ရှင်းပြဖို့ခက်ပါသည်။ရွှေထီး ဆောင်းခဲ့တဲ့ရွှေခေတ်ကို လွမ်းနေမိ သည်။လွမ်းစရာတွေဖြစ်ကျန်ပါပြီ။ ဘာကြောင့်ဒီလိုဘ၀မျိုးရောက်ကုန်တာ လဲ။ဘယ်သူတွေမှာတာဝန်ရှိမလဲ။ယနေ့ လူငယ်တွေမေးလာရင်ဘယ်လိုဖြေရ မည်မသိ။အဖြေခက်လှသည်။
မြန်မာနိုင်ငံထက်(၁၀)နှစ်ကျော် နောက်ကျပြီးလွတ်လပ်ရေးခဲ့သော စင်ကာပူနိုင်ငံ၊ကျွန်းနိုင်ငံ၊ဘာပစ္စည်းထုတ် ကုန်မရှိသောနိုင်ငံ၊ဒီနေ့သူတစ်ပါးနိုင်ငံ ကနေ၀ယ်သောက်နေရသောနိုင်ငံ၊ဘာ သာစကားမရှိသောနိုင်ငံ၊ကိုးကွယ်သည့် ဘာသာမရှိသောနိုင်ငံ၊လူမျိုးမရှိသောနိုင် ငံ၊မြို့တော်သည် တိုင်းပြည်၊တိုင်းပြည် သည်မြို့တော် အခြားမြို့ပြ၊မြို့နယ် ကျေးရွာမရှိသော စင်ကာပူနိုင်ငံ။
၁၉၅၉ခုနှစ်စင်ကာပူနိုင်ငံ၏အကြို လွတ်လပ်ရေးအထိမ်းအမှတ်အခမ်းအနား တွင် စင်ကာပူအမျိုးသားခေါင်းဆောင် ကြီး““လီကွမ်ယူ””က မိန့်ခွန်းတစ်ခုမှာ သူ့ ပြည်သူတွေကို ““ကျွန်တော်တို့ အစွမ်းကုန် ညီညီညွတ်ညွတ်ကြိုးစားကြရင် နောင် ၁၀နှစ်ကြာတဲ့အခါ မြန်မာနိုင်ငံကိုမီစေ ရမယ်။ကြိုးစားကြပါလို့ကြိမ်းဝါးပြီး မိန့် ခွန်းပြောခဲ့ဖူးတယ်။နောင်၁၀နှစ်ဆိုတော့ ၁၉၇၀ ပြည့်နှစ်ဝန်းကျင်ပေါ့။
မြန်မာနိုင်ငံကိုအတုယူတဲ့အနေနဲ့ စင်ကာပူနိုင်ငံမှာရန်ကုန်လမ်း၊အကီလေး လမ်းဆိုပြီး ဂုဏ်ပြုမှည့်ခေါ်ခဲ့တာ။ယနေ့ တိုင်တွင်ဆဲပါ။သူတို့ခေါင်းဆောင်ကြီး လီကွမ်ယုပြောဆိုကြိမ်းဝါးခဲ့တဲ့အတိုင်း သူတို့ကြိုးစားလိုက်ကြတာ ခုတော့ အာ ရှမှာကျားတစ်ကောင်အဖြစ်ထင်ရှားခဲ့ပါ ပြီ။သယံဇာတတွေပေါကြွယ်ဝတဲ့ မြန်မာ  နိုင်ငံဟာ ဆင်းရဲမွဲတေဆုံးနိုင်ငံစာရင်းဝင် ခဲ့ပြီ။ဘာသယံဇာတမှမထွက်ပဲ၊နိုင်ငံ ခေါင်းဆောင်တွေရဲ့ဦးနှောက်နဲ့ရင်းခဲ့တဲ့ စင်ကာပူနိုင်ငံက ကမ္ဘာမှာရှေ့ရောက်နေ ခဲ့ပြီ။သူတို့နဲ့ဘာကွာသလဲ။စဉ်းစားကြည့် ပါ။
သူတို့ကအာရှမှာကျားတစ်ကောင် ဖြစ်ခဲ့သလို တို့များလည်းအာရှမှာ ဖွတ် ကျားတစ်ကောင်ဖြစ်ခဲ့ရပြီ။ရင်နာစရာ အဖြစ်တွေပေါ့။သူတို့ကပညာနဲ့တိုင်းပြည် တိုးတက်အောင်ဆောင်ရွက်ခဲ့ကြတယ်။ တို့များလဲ ပညာရေးမှာအောက်ကျခဲ့ သလား။
ပညာရေးနဲ့ပတ်သက်ပြီးပြောရရင် အရှေ့တောင်အာရှမှာရန်ကုန်တက္ကသိုလ် ကြီးဟာ အကောင်းဆုံးတက္ကသိုလ်ဖြစ်ခဲ့ ဖူးတယ်။ပညာသင်ကြားရာမှာလည်း အင်္ဂလန်နိုင်ငံတက္ကသိုလ်များအတိုင်း စည်းစနစ်တကျသင်ကြားပို့ချခဲ့တယ်။ နိုင်ငံခြားကျောင်းသားများကိုပင်လက်ခံ သင်ကြားပေးခဲ့ဖူးတယ်။ထိုင်း၊စင်ကာပူ၊ မလေးရှားလူမျိုးတွေ ရန်ကုန်တက္ကသိုလ် မှာပညာသင်ကြားဘွဲ့ရပြီးသူတို့နိုင်ငံတွေ မှာ အောင်မြင်တဲ့ခေါင်းဆောင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်ကြတယ်။ သူတို့နိုင်ငံမှာ လစာကောင်းကောင်းရတဲ့ ၀န်ထမ်းတွေဖြစ်လာကြတယ်။
အသက်၈၃နှစ်ရှိပြီးဆေးရုံအုပ်ကြီး အဖြစ်တာဝန်ထမ်းဆောင်ဖူးတဲ့ ဆရာဝန် ကြီးကပြောဖူးတယ်။၁၉၇၆ခုနှစ်ဆေး တက္ကသိုလ်အောင်ထားသူ တစ်ယောက် ဟာ အင်္ဂလန်ဆေးကောင်စီမှာ ခု၂၀ ပေါင်သွင်းပြီး မှတ်ပုံတင်ရင် ဘာစာမေး ပွဲမှ မလိုဘဲ၊ကမ္ဘာအဆင့်အသိအမှတ်ပြု ခံရသတဲ့။ကဲ ဒီနေ့ မြန်မာနိုင်ငံကဆေး တက္ကသိုလ်အောင်လာသူတွေကို သူတို့ ဘယ်လိုသဘောထားလဲ။စာမေးပွဲမဖြေ ဘဲ၊အသိအမှတ်ပြုကြရဲ့လား။မြန်မာ နိုင်ငံရဲ့ဘွဲတွေကော ပြင်ပနိုင်ငံတွေမှာဝင် ဆံ့နိုင်ရဲ့လား။
၁၉၆၂ခုနှစ်က ၂၀၁၀ခုနှစ်ထိနှစ် ပေါင်း၅၀ယောက်မှောင်ကျခဲ့တယ်။ပညာ တတ်တွေနေရာမရခဲ့ဘူး။မိုးကျရွှေကိုယ် တွေသာနေရာရခဲ့တယ်။ခေါင်းဆောင် ကြီးတွေက “ခ”လေးလုံးစနစ်ကို ကျင့်သုံး လာခဲ့တယ်။“ခ”လေးလုံးစနစ်ဆိုတာ ခေါ်ရင်သွား၊ခိုင်းတာလုပ်၊ခံမပြောနဲ့၊ ခွေးဖြစ်သွားမယ်ဆိုတဲ့စနစ်ပေါ့။အဲဒီ တော့ လက်ညှိုးထိုးထောင်၊ခေါင်းညိတ် တွေ၊နေရာရလာတယ်။ခေါင်းဆောင် ဖြစ်လာတယ်။ပညာတတ်တွေဖယ်ရှား ခံလာရတယ်။တသွေးတသံတမိန့်ကစပြီး အာဏာရှင်စနစ်ရောက်သွားမယ်။
စီပွားရေးစနစ်တွေအတည်တကျ မရှိဘဲ။ပါမစ်ရောင်းစားတဲ့ ခရိုနီစီးပွားရေး စနစ်ကြီး ခေါင်းထောင်ထလာတယ်။ အလုပ်အကိုင်အခွင့်လမ်းတွေမရှိ သလောက်ရှားပါးလာပြီးတပည့်မွေး၊ ဆရာမွေးစနစ်ကြီးထွန်းကားလာခဲ့တယ်။ ပညာရေးစနစ်ကလည်းအဝေးသင်၊အနီး သင် သုံးလနဲ့တစ်နှစ်စာမေးပွဲစစ်၊ ဒီလိုနဲ့ ဘွဲ့ရပညာမတတ်တွေပေါများလာခဲ့တယ်။
လာဘ်ပေးလာဘ်ယူနဲ့မှလုပ်ငန်း တွေအောင်မြင်လာတော့ ၀န်ထမ်းတွေ အကျင့်ပျက်လာတယ်။ရုံးတွေဆေးရုံတွေ သွားရင်အချိန်တွေကုန်ပြီး အလဟသငွေ တွေကုန်ကြရတယ်။““ကူညီပါရစေ၊ပြည် သူ့အတွက်””ဘာညာဆိုင်းဘုတ်တွေရေး ထားကြပေတယ် “လာဘ်ပေး ရန်မလို” ကျင့်စဉ်တွေဖြစ်လာတယ်။
ပြည်ပပို့ကုန်တွေနာမည်ရခဲ့တယ်၊ ရွှေကျီးနိုင်လွန်၊ဘံသအေးနိုင်လွန်။ တယောစွပ်ကျယ်၊ကြက်ဆင်ဖဲထီး ဆို တာတွေပြုပေနိုင်ငံတွေကို ပို့နိုင်သည်ထိ အောင်မြင်လာခဲ့တယ်။အမှောင်ခေတ် မှာသိန်းပေါင်းများစွာယက်ထုတ်နေတဲ့ ချဉ်ထည်ပွင့်ရိုက်တွေသိန်းချီထုတ်ခဲ့တဲ့ စက်ဘီးတွေ၊ဘောလုံးတွေဘယ်နိုင်ငံကို ပို့သလဲတော့ မသိဘူး။ပြည်တွင်းမှာပြည် သူတွေအသုံးပြုတာလဲ။မတွေ့မမြင်ရ ဘူး။အောင်မြင်လှချည်ရဲ့ဆိုတဲ့“၀င်းသူဇာ”  ဆိုင်တွေကို ရောက်ဖူးကြသလား၊ပစ္စည်း ၀ယ်ဖူးကြသလား။ပြည်တွင်းဖြစ်မက်စရာ ဘာတွေရနိုင်သလဲ။
တစ်ချိန်က မြန်မာနိုင်ငံမှာ(ကန် တော့ပါရဲ့)မခင်လာသိမ်းတဲ့ နိုင်ငံခြား သားတွေရှိခဲ့ဖူးတယ်။မြန်မာတွေဘယ် လောက်ဆင်းရဲပါစေ။ဒီအလုပ်မလုပ်ကြ ဘူး။သခင်မျိုးဟေ့ တို့ဗမာ၊မစင်အကြုံး တဲ့တို့မြန်မာ။ခုတော့ ထိုင်း၊စင်ကာပူ၊ မလေးရှားနိုင်ငံတွေမှာရရာအလုပ်၊ သူတို့ နိုင်ငံသားတွေမလုပ်တဲ့အလုပ်သွားလုပ် နေရပြီ။တည့်တည့်ပြောရရင်ကျွန်ခံနေ ကြရပြီ။ဗိုလ်ချုပ်ပြောတဲ့နိုင်ငံဖြစ်သွား ပြီ။ လူကုန်ကူးခံရတဲ့ မြန်မာသမီးပျိုလေးများ ရဲ့ဒုက္ခကရင်ထုမနာဖြစ်နေရပြီ။ခုမှထ အော်နေကြတယ်။တစ်ချိန်တုန်းကတော့။
မြန်မာအမျိုးသမီးငယ်တွေ ရရာ အလုပ်ပိုက်ဆံများများရမယ့် အလုပ်ကို အသာငမ်းငမ်းဖြစ်ရာက ငွေများများရ မယ့်ပြည်ပနိုင်ငံတွေကိုအားကိုးလာကြ တယ်။ဒီလိုက ဒီစဉ်ကနေ ရောင်းစားခံခဲ့ ကြရတယ်။လူကုန်ကူးခံကြရတယ်။ကိုယ့် ကိုရောင်းစားလို့မှရောင်းစားမှန်းမသိတဲ့ ဘ၀တွေနဲ့ဒုက္ခဆင်းရဲတွင်းကျခဲ့ကြရ တယ်။အရှင်လတ်လတ်ငရဲခံနေကြရ တယ်။ကိုယ့်ကိုရောင်းစားလို့မှရောင်း စားမှန်းမသိတဲ့ဘ၀တွေနဲ့ဒုက္ခဆင်းရဲတွင်း ထဲကျခဲ့ကြရတယ်။အရှင်လတ်လတ်ငရဲ ခံနေကြရတယ်။
လွတ်လပ်ရေးရပြီးသည်ကစတဲ့ ပြည်တွင်းစစ်တွေဟာကြီးထွားလာလိုက် သေးငယ်သွားလိုက်၊အပြီးအပိုင်ပျောက်  ထွက်တဲ့ခေတ်ကိုမရောက်နိုင်ခဲ့ဘူး။ ပယောဂဆရာတစေ်္ဆမွေးထားသလို၊အုပ် ချုပ်ရေးစနစ်ကြောင့်တိုင်းရင်းသားစည်း လုံးညီညွတ်ရေးတွေ ပျက်ခဲ့ရပြီ၊ယုံကြည် မှုတွေလျော့နည်းခဲ့ကြပြီ။ကျေးလတ်နေ ပြည်သူတွေပြည်တွင်းစစ်ကြောင့်နှစ် ပေါင်း၆၀ကျော်ဒုက္ခပင်လယ်ဝေခဲ့ပြီ။
တိုင်းရင်းသားပြည်သူစစ်ပြေး ဒုက္ခသည်တွေ သိန်းချီရှိနေပြီ။လူ့ဘ၀ တစ်လျှောက်လုံးစစ်ပြေးဒုက္ခသည်စခန်း အချိန်ကုန်ခဲ့ရပြီ။ပညာရေး၊စီးပွားရေး၊ လူမှုရေး၊ကျန်းမာရေး၊ဘာသာရေး ဘယ်နယ်ပယ်မှာမှဝင်ဆံ့ခွင့်မရရှာကြဘူး။ လူ့ဘ၀ကိုဘာလာလုပ်မှန်းမသိ။အရွယ် မရောက်မီဘယ်ကပစ်လိုက်တဲ့ ကျည်ဆံ မှန်းမသိဘဲ။လူ့ဘ၀ကပြန်ထွက်သွား ရတဲ့ကလေးတွေရဲ့ရင်နာစရာဘ၀တွေ များစွာရှိခဲ့ပြီ။စားရမဲ့၊သောက်ရမဲ့စစ်ဘေး ကြောင့် ပြေးလွှားနေရတဲ့ဘိုးဘွားတို့ နေ ၀င်ချိန်က ရင်လေးစရာဖြစ်ရပြီ။
အရှေ့တောင်အာရှတွင်ပထမဆုံး အော်တိုလက်လှဲ့ဖုန်းစတင်အသုံးပြုခဲ့ သောမြန်မာနိုင်ငံသည် ကမ္ဘာတွင်၁၂ခု မြောက် ဖုန်းသောသောနိုင်ငံအဖြစ်မှတ် တမ်းတင်ခံခဲ့ရပါသော်လည်း ခုတော့ ကျေးရွာ/ရပ်ကွက်အုပ်ချုပ်ရေးမှူး၊လူကြီး မင်းများထံတွင်၊ကိုယ်တိုင်ရေးလျှောက် လွှာ၊မှတ်ပုံဝင်ပြည်ထောင်စုစာရင်းမိတ်္တု တင်ပြ၍ မဲနှိုက်ရသည့်စနစ်မှာကျင့်သုံးဆဲ ရှိသည်။သူများနိုင်ငံတွင်တယ်လီဖုန်း သည် လမ်းဘေးတွင်၊ကွမ်းယာဝယ်သလို အလွယ်တကူဝယ်လို့ရနေပါသည်။
လွတ်လပ်ရေးရပြီးအခြေခံ ဥပဒေ တွေအကြိမ်ကြိမ်ရေးဆွဲခဲ့ပေမဲ့ ယနေ့ထိ တည်ဆဲဥပဒေကို ပြည်သူတွေကပြင်မယ် တကဲကဲလုပ်နေကြဆဲဖြစ်သည်။ဥပဒေ ရေးဆွဲရာတွင်လည်းပြည်သူလိုက်နာနိုင် သောဥပဒေကိုရေးဆွဲကျင့်သုံးဖို့လိုပေ မည်။
ကူညီထောက်ပံ့မည့်နိုင်ငံတွေ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လာနေကြပြီ။ကြွေးမြီတွေလျော့ချပေးနေ ကြပြီ။နည်းပညာအသစ်တွေနဲ့ရင်းနှီးမြှပ် နှံဖို့လာနေကြပြီ။ပြည်သူတွေက အစိုးရ အပေါ်ယုံကြည်အားကိုးမှုတွေ အပြန် အလှန် ဆောင်ရွက်ကြရန်ပြောဆိုနေကြ ပြီ။
ယိုယွင်းပျက်ဆီးခဲ့ခြင်းများကို ရေး နေက ဆုံးခန်းတိုင်မည်မထင်။ပျက်ခဲ့ သောဘ၀များကို ပြင်ဆင်နိုင်ဖို့ အစိုးရနှင့် ပြည်သူလက်တွဲညီဖို့လိုမည်။ယခုအချိန် တွင်မြန်မာနိုင်ငံအားကစားဝန်ကြီးဌာန ကလည်းစွမ်းစွမ်းတမံဆောင်ရွက်နေကြ ပြီ။
ဒါဆိုရင် နောင်နှစ်၊နောင်တစ်နှစ် ပြီးတော့ နောက်တစ်နှစ်။ဘောလုံးအင် အားကြီးနိုင်ငံတွေ၊အင်္ဂလန်လာမလား၊ ဘရာဇီးလ်လာမလား၊ဂျာမနီလာမလား၊ ပြင်သစ်လာမလား လာချင်တဲ့နိုင်ငံလာ ခဲ့စမ်းပါ။အရှေ့တောင်အာရှနိုင်ငံများသို့ ခြေစမ်းပွဲလာကစားမယ့် အသင်းတိုင်း ထိုင်း၊မလေးရှား၊အင်ဒိုနီးရှား နိုင်ငံများ နည်းတူမြန်မာနိုင်ငံသို့ ၀င်လာကြမည်။ ခြေစမ်းပွဲကစားကြမည်။သူတို့လာလျှင် မင်္ဂလာဒုံလေဆိပ်မှာ သူတို့ကိုကောင်း ကောင်းကြိုဆိုကြမည်။
ခြေစမ်းပွဲများကစားပြီး သူတို့ပြန် လျှင်““မြန်မာနိုင်ပြီ၊ တို့မြန်မာနိုင်ပြီ၊ တိုင်း ပြည်ကပေး..ပေးအပ်လိုက်တဲ့တာဝန် များကို ကြေပွန်ပါမည်။တကယ့်ကို ကြေ ပြွန်ပြီး သောင်းသောင်းပြပြ သီဆိုလို့ အတည် ပြည်သူများဂုဏ်ပြုကြပါမည်””  သီချင်းကိုဆိုပြီး ပြည်တော်ပြန်ဘောလုံး အသင်းများကို ဂုဏ်ပြုလိုက်ပို့ချင်စမ်းပါ ဘိ။
Credit To Hot News Journal

မောင်ချစ်(သူရဲသမိန်)

Related Articles:

Post a Comment