Sunday, July 21, 2013

ငြိမ်းချမ်းရေးအတွက် အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင်လုပ်နေသည့်အဆင့်သာရှိသေး


ယခင်အစိုးရလက်ထက်၌ တိုင်းရင်းသားလက်နက်ကိုင်တပ် ဖွဲ့၁၇ဖွဲ့နှင့်အပစ်အခတ်ရပ်စဲနိုင်ခဲ့ ပြီးယခုအစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ် ဖွဲ့၁၃ဖွဲ့ဖြင့်သာအပစ်အခတ်ရပ်စဲ နိုင်သေးကြောင်းသိရသည်။
ယင်းကဲ့သို့အပစ်အခတ်ရပ်စဲ နိုင်ခဲ့သော၁၃ဖွဲ့ထဲတွင်ယခင်က အစိုးရလက်ထက်ကအပစ်အခတ်    ရပ်စဲရေးလက်မှတ်မရေးထိုးနိုင်ခဲ့ သော KNU,RCSS,SSA စသည့် တိုင်းရင်းသားလက်နက်ကိုင်၃ဖွဲ့ အားအပစ်အခတ်ရပ်စဲနိုင်ခဲ့ကြောင်း Myanmar Peace Centre မှ ငြိမ်း ချမ်းရေးအကျိုးတော်ဆောင် ဦးလှမောင်ရွှေကပြောသည်။
““၁၉၈၉-၁၉၉၄ နောက်ပိုင်း အထိတိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့၁၇ဖွဲ့နဲ့အပစ်အခတ်ရပ်စဲ နိုင်ခဲ့တာရှိတယ်။ဒီအစိုးရလက် ထက်မှာတော့၁၃ဖွဲ့သာအပစ်အခတ် ရပ်စဲနိုင်သေးတယ်။ ဒါပေမယ့် အရင်အစိုးရတုန်းကလက်မှတ် မရေးထိုးနိုင်ခဲ့တဲ့ KNU,RCSS,SSA အဖွဲ့သုံးဖွဲ့ကိုတော့ဒီအစိုးရလက် ထက်မှာလက်မှတ်ရေးထိုးနိုင်ခဲ့ တယ်””ဟုဦးလှမောင်ရွှေကပြော သည်။
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့်နိုင်ငံတော်အစိုးရတို့ သည်အပစ်အခတ်ရပ်စဲမှုအား ရေရှည်တည်တံ့အောင်ဖော်ဆောင် လျက်ရှိပြီးများမကြာမီအချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ် ဖွဲ့များနှင့်အပြန်အလှန်နိုင်ငံရေး ဆွေးနွေးမည်ဖြစ်ကြောင်းသိရ သည်။
““အခုလတ်တလောအခြေ အနေကတိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့များနဲ့ကျွန်တော်တို့ ဟာအပစ်အခတ်ရပ်စဲရေး၊ ကိုခိုင်မာ အောင်လုပ်တဲ့အဆင့် မှာပဲရှိပါသေးတယ်။အပစ်အခတ် တွေရပ်ပြီးရင်နိုင်ငံရေးဆွေးနွေး သွားဖို့ကလည်းလုပ်နေတယ်”” ဟု အဆိုပါပုဂ္ဂိုလ်မှထပ်လောင်းပြောကြား သည်။
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကယခုအစိုးရလက်ထက် အတွင်းအပစ်အခတ်ရပ်စဲမှုသာ ဆွေးနွေးနိုင်ခဲ့ပါကနောင်အစိုးရ လက်ထက်အထိအပစ်အခတ်ရပ်စဲ ထားသည့်အနေအထားဖြင့်သာ သွားမည်ဖြစ်ကြောင်းတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ DKBA  မှခေါင်းဆောင်ဗိုလ်မှူးချုပ်စော-လားဖွယ်ကပြောသည်။
““အစိုးရကကျွန်တော်တို့နဲ့ ငြိမ်းချမ်းရေးမဆွေးနွေးသေးဘူး။ အပစ်အခတ်ပဲရပ်စဲထားသေး တယ်ဆိုတာကျွန်တော်တို့ကို အသက်ရှုခွင့်သာပေးထားတာ ဖြစ်ပါတယ်။အသက်ရှုခွင့်သာ ပေးထားတာဖြစ်ပါတယ်။အသက် ရှင်ခွင့်ပေးထားတာမဟုတ်ပါဘူး။တကယ်လို့ဒီအစိုးရသက်တမ်း ကုန်တဲ့အထိငြိမ်းချမ်းရေးမဆွေး နွေးသေးဘူး။အပစ်အခတ်ရပ်စဲ တဲ့အဆင့်ပဲရှိသေးတယ်ဆိုရင် နောင်အစိုးရအထိဒီအတိုင်းပဲ သွားမှာဖြစ်ပါတယ်””ဟုဗိုလ်မှူးချုပ် စောလားဖွယ်ကဆိုသည်။
တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များသည်တစ်စုံတစ်ခုသော အကြောင်းအရာကြောင့်အစိုးရ တပ်နှင့်စစ်တိုက်ရခြင်းဖြစ်ပြီးနှစ် ဖက်စစ်သားများသေကြေနေသော တိုက်ပွဲများအားမတိုက်ချင်တော့ ကြောင်းKIO မှအကြီးတန်းအရာရှိ တစ်ဦးကပြောသည်။
““ကျွန်တော်တို့ကချင်နဲ့အစိုးရ နဲ့စစ်ဖြစ်တယ်ဆိုရင်အစိုးရဘက် ကစစ်သားတွေသေကြေရသလို ကျွန်တော်တို့ဘက်ကစစ်သားတွေ လည်းသေကြေရပါတယ်။ ကျွန်တော်တို့ကတစ်စုံတစ်ခုသော အကြောင်းအရာကြောင့်လက်နက် ကိုင်နေရတာပါ။အမှန်အတိုင်း ပြောမယ်ဆိုရင်တစ်ဖက်နဲ့တစ်ဖက် သေကြေနေတဲ့စစ်ပွဲတွေကိုမတိုက် ချင်တော့ပါဘူး””ဟု၎င်းကပြော သည်။
မြန်မာနိုငံတွင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့အများအပြား ရှိပြီး၎င်းတို့တပ်အင်အားသည် ၁သိန်းခွဲခန့်ရှိကြောင်းMyanmar Peace Centre  မှငြိမ်းချမ်းရေး အကျိုးတော်ဆောင်၊နိုင်ငံတော် သမ္မတ၏အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၏ပြောကြားချက် အရသိရသည်။
Credit To Hot News Journal
       ဖြိုးအောင်

Related Articles:

Post a Comment