Monday, July 22, 2013

လူပေါင်း ၃၅၀ သာအသုံးပြုသည့် ဘာသာစကားအသစ်အား တွေ့ရှိ


ယနေ့ခေတ်လူငယ်များ သည် မိမိတို့၏ရိုးရာဘာသာ စကားအားတစ်ခါတစ်ရံမှသာ အသုံးပြုကြသော်လည်း သြစ တြေးလျနိုင်ငံ၏ ဝေးလံသီခေါင် သောမြို့ကလေးတစ်မြို့မှလူငယ် များမှာမူရိုးရာဘာသာစကားကို အသုံးပြုလျှက်ရှိကြသ
ည်။
မီချီဂန် လန်းဂွစ်ကာမဲလ် အို ရှန်နက်စီ တက္ကသိုလ်သည် သြစတြေးလျနိုင်ငံရှိ လာဂျာမာ နူးမြို့ကလေးအား ဆယ်စုနှစ်တစ် ခုအကြာလေ့လာခဲ့ရာတွင် အ သက်၃၅နှစ်အောက် မြို့နေလူထု အားလုံးနီးပါးဖြစ်သည့် လူပေါင်း ၃၅၀ခန့်သည် အသစ်တွေ့ရှိရ သော ဘာသာစကားအားပြော ဆိုလျှက်ရှိကြောင်း တွေ့ရှိရ သည်။
အသစ်တွေ့ရှိရသော “လိုက် ၀ါပီရီ”ဘာသာစကားသည် အင်္ဂလိပ်ဘာသာစကားနှင့် ဒေသ ခံတိုင်းရင်းသားစကားနှစ်မျိုးဖြစ် သော ကရီအောလ်နှင့်ဝါပီရီ ဘာသာစကားမှဖြစ်ကြောင်း အို ရှန်နက်စီက လိုက်ဖ်ဆိုင်းယင့်စ် မဂ္ဂဇင်းသို့ပြောကြားသည်။
လာဂျာမာနူးသည် အထီး ကျန် သီးခြားမြို့ကလေးဖြစ်ပြီး ကောင်းမွန်စွာဖောက်လုပ်ထား သော လမ်းများမရှိဘဲ လေယာဉ် ငယ်ကလေးဖြင့် ရက်သတ္ထပတ် တစ်ပတ်လျှင်တစ်ကြိမ် စာဖြန့်ဝေ ပေးသော မြို့ကလေးဖြစ်သည်။ ထောက်ပံ့ရေးထရပ်ကားများ လည်း ထိုမြို့ရှိ တစ်ခုတည်း သော စတိုးဆိုင်သို့ တစ်ပတ်လျှင်တစ် ကြိမ် ပစ္စည်းပို့ပေးသည်။
ဝါပီရီဘာသာစကားမှာ ထို ဒေသတွင်းရှိ လူပေါင်း၆၀၀၀ခန့် ပြောကြားသော ဘာသာစကား ဖြစ်ကြောင်း ဒေးလီးဂရပ်ဖ် သတင်းစာက ရေးသားဖော်ပြ လိုက်ပြီး ကရီအော်လ် ဘာသာ စကားမှသြစတြေးလျနိုင်ငံတွင် မကြာသေးမီက တီထွင်လိုက် သော ဘာသာစကားဖြစ်ကာ နိုင်ငံ၏ မြောက်ပိုင်းနှင့်အနောက် ပိုင်းတွင် ၁၈၀၀ပြည့်လွန်နှစ်များ က ပထမဆုံးအသုံးပြုခဲ့သည့် ဘာသာစကားဖြစ်သည်။
လိုက်ဝါပီရီဘာသာစကား ဖြစ်ပေါ်လာပုံမှာ လာဂျာမာနူးမှ အလုပ်သမားများအား အနီး အနားရှိ မွေးမြူရေးလုပ်ငန်းများမှ ငှားရမ်းခဲ့ကြပြီး ထိုသူများပြန် လည်ရောက်ရှိလာသည့်အခါတွင် ၀ါပီရီ၊အင်္ဂလိပ်နှင့်ကရီအော ဘာသာစကားများအားရောနှော ပြောဆိုခဲ့ရာမှ တဖြည်းဖြည်းချင်း ၎င်းတို့၏ကိုယ်ပိုင်ဘာသာစကား ဖြစ်လာဟန်တူကြောင်း အိုရှန် နက်စီက ဆက်လက်ပြောကြား လိုက်သည်။
Credit To Hot News Journal
ဥက္ကာအောင်
         Source:Yahoo!News

Related Articles:

Post a Comment