Tuesday, July 9, 2013

ပြက္ခဒိန်သမိုင်း




ပြက္ခဒိန်ဆိုတာ

မြန်မာလို ပြက္ခဒိန် အင်္ဂလိပ် လို Calendar ဟု ခေါ်ဆိုကြ သည်။ ပြက္ခဒိန် ဆိုသည်မှာ နှစ်၊ လ၊ရက်၊နေ့ စသည်တို့ကို မှတ်သား ဖော်ပြထားသော ဇယားဟု မြန်မာစာအဖွဲ့မှ ထုတ် ဝေသော မြန်မာအဘိဓာန်တွင် ဖွင့်ဆိုထားသည်။ အင်္ဂလိပ်လို Calendarဟူသော ဝေါဟာရ မှာ လက်တင် ဘာသာစကားမှ ဆင်းသက်လာခြင်း ဖြစ်ပြီး ‘လတစ်လ၏ ပထမဆုံးနေ့’ ဟု အဓိပ္ပာယ်ရသည်။

ပြက္ခဒိန်သမိုင်း

ပြက္ခဒိန်သမိုင်းကို ခြေရာ ကောက်လျှင် လွန်ခဲ့သော နှစ် ပေါင်းထောင်ပေါင်း များ စွာကို ပြန်သွားရမည်ဖြစ်သည်။ ဘီစီ ၄၆တွင် ရောမဘုရင် ဂျူလီယက် ဆီဇာ (Julius Caesar) သည် ပြက္ခဒိန်စနစ်တစ်ခုကို သတ်မှတ် ခဲ့သည်။ ယခင် ရောမတို့၏ ပြက္ခဒိန်စနစ်သည် ကမ္ဘာက နေကို တစ်ပတ်တိတိပတ်မိ ဘသည့် အချိန်ကိုသာ အဓိက အခြေပြု သတ်မှတ်ထားသည်။ ထိုသို့နေကို အခြေ ပြုသတ်မှတ် သည့် စနစ်ကို Sloar Calendar စနစ်ဟုခေါ်သည်။ ဂျူလီ ယက် ဆီဇာသတ်မှတ်ခဲ့သော ပြက္ခဒိန် တွင် စနစ်အရ ၃ဝနှင့် ၃၁ရက် စီ အသီးသီးရှိကြသော လ ပေါင်း ၁၂လ ပါဝင်ပြီး လေးနှစ် တစ်ကြိမ် ဒုတိယမြောက် လကို ၁ရက်ပေါင်း ပေးခဲ့သည်။ သတ်မှတ်ခဲ့သည့် လများအ နက် ၅လမြောက် လဖြစ်သည့် ဇူလိုင်လ သည် ဆီဇာ့အားအစွဲ ပြုပြီး သူ့ အမည်ပေးခဲ့သည့် လဖြစ်သည်။ ဂျူလီယက်ဆီဇာ သတ်မှတ်ပြဋ္ဌာန်းခဲ့သော ထို ပြက္ခဒိန်စနစ်ကို ဂျူလီယန် ပြက္ခဒိန် (Julian Calendar) ဟု ခေါ်သည်။

ဆီဇာကွယ်လွန်ပြီးနောက် သူ့ အရိုက်အရာကို ဆက်ခံ သည့် သြဂတ်စတက်ဆီဇာ (Augustus Caesar)သည် ဆီဇာလ(ဇူလိုင်) ၏ နောက်မှ လကို သူ၏အမည်ပေးခဲ့သဖြင့် သြဂုတ်လဟုခေါ်စေသည်။ ရက်ပေါင်း ၃ဝသာရှိသည့် သြဂုတ်လကို ဇူလိုင်လကဲ့သို့ ၃၁ရက်ဖြစ်ချင် သဖြင့် ဒုတိယ မြောက် ဖေဖော်ဝါရီလမှ တစ်ရက် ကိုထုတ်နုတ်ပြီး ဇူလိုင်လ အတွင်း ထည့်သွင်းခဲ့ သည်။ထို့ ကြောင့် ဖေဖော်ဝါရီလသည် ၂၉ရက်ဖြစ်သွားရသည်။

ခေတ်သစ်ပြက္ခဒိန်

ယနေ့ကမ္ဘာတစ်လွှားတွင် အသုံးပြုနေသော ပြက္ခဒိန်စနစ် မှာ ဂရီဂိုရီယမ်ပြက္ခဒိန်စနစ်(Gregorian Calendar) ဖြစ်သည် ။ယင်းစနစ် ကို ရောမ သာသနာပိုင်ကြီး ဖြစ်သူ ၁၃ဦး မြောက်ပုပ်ရဟန်းမင်းကြီး ဂရီဂိုရီ (pope Gregory VIII) က ၁၅၈၂ခုနှစ်တွင် စတင်ခဲ့ သည်။

Gregorian ပြက္ခဒိန်ကို အနောက်တိုင်း ပြက္ခဒိန်၊ ခရစ် ယန်ပြက္ခဒိန်ဟူ လည်း ခေါ်ဆိုကြ သည်။ယင်းစနစ်အရ သက္ကရာဇ် သည် ခရစ်တော် ဖွား မြင်သည့် နှစ်မှ စတင်ရေတွက်ခဲ့သည့် ခရစ်သက္ကရာဇ် ခုနှစ်ဖြစ်သည်။ ယင်း နောက်ပိုင်းတွင်လည်း ပြက္ခဒိန်ရက်များကို ချိန်ညှိမှု များရှိခဲ့သည်။ ၁၇၅၂ ခုနှစ်တွင် ဗြိတိသျှအင်ပါယာအတွင်း ပြက္ခဒိန်ရက်များကို ပြောင်းလဲ သတ်မှတ်ရန် ဗြိတိသျှပါလီမန် နှင့် ဘုရင်မင်းမြတ်ဂျော့ ၂ (King George II) တို့ ဆုံးဖြတ်လုပ် ဆောင်ခဲ့သည်။ယင်းသည် Gregorian ပြက္ခဒိန်ကို ပထမဆုံး ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ထို့ ကြောင့် အမေရိကန် သမ္မတ ဂျော့စ်ဝါရှင်တန်၏ မွေးနေ့မှာ ဖေဖော်ဝါရီလ ၁၁ရက်မှ၊ ဖေဖော် ဝါရီလ၂၂ရက်ဖြစ်သွားခဲ့သည်။

ပြက္ခဒိန်အမျိုးမျိုး

အနောက်တိုင်းသုံး ပြက္ခဒိန် စနစ်သည် နေသွားလမ်း ကြောင်း တစ်ပတ်ပြည့် သည့်ကာလကို တစ်နှစ်အဖြစ် စံထားပြီး လများ ကို စိတ်ပိုင်း သတ်မှတ်ခဲ့ သည်။ ယင်းစနစ်ကို Solar ပြက္ခဒိန် စနစ်ဟု ခေါ်သည်။တရုတ် လူမျိုး များနှင့်အချို့သော အစ္စလာမ် ဘာသာဝင်များက တစ်လကာလ ကို လသွားလမ်းကြောင်း တစ် ပတ်ပြည့်မှုဖြင့် အဓိကထား သတ်မှတ်ကြသည်။ ထိုသို့လနှင့် သတ်မှတ်သည့် စနစ်ကို Lunar ပြက္ခဒိန်စနစ်ဟုေ ခ်ါသည်။ အခြားအာရှနိုင်ငံများဖြစ်သည့် အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ လော၊ ဗီယက်နမ် စသည့်နိုင်ငံများနှင့် ဂျူးလူမျိုး များမှာ မူလတစ်လကို လပတ် လမ်းကြောင်း တစ်ပတ်ပြည့် မှုနှင့်သတ်မှတ်ပြီး နှစ်တစ် နှစ်ကိုမူ နေပတ်လမ်း ကြောင်းနှင့် သတ်မှတ်ကြ သည်။ထိုသို့ ပေါင်းစပ် သတ်မှတ်သည့် ပြက္ခဒိန် စနစ်ကို Luni-Solar ပြက္ခဒိန်စနစ်ဟု ခေါ်ကြ သည်။

မြန်မာပြက္ခဒိန်စနစ်
သုံးမျိုး

မြန်မာပြက္ခဒိန် စနစ်၏ မူလအရင်းခံ သည် အိန္ဒိယ ပြက္ခဒိန်စနစ်ကို အခြေခံ သည်။ အထူးသဖြင့် မြန်မာပြက္ခဒိန်သည် ဗုဒ္ဓဘာသာ ကိုးကွယ် ယုံကြည် မှုနှင့် နက် ရှိုင်းစွာ ဆက်စပ်နေသည်။ သံဃာတော်များ ဝါဝင်၊ဝါထွက် တွက်ချက်မှုသည် ပြက္ခဒိန်အတွက်အလွန်အရေးကြီးသည်။

မြန်မာပြက္ခဒိန်စနစ်တွင် သက္ကရာဇ်ခုနှစ်တို့ကို သတ်မှတ် ရာတွင် ၃မျိုးရှိ သည်။ ၄င်းတို့မှာ မဟာသက္ကရာဇ်၊ သာသနာ သက္ကရာဇ် နှင့် ကောဇာ သက္ကရာဇ်တို့ဖြစ်သည်။

မဟာသက္ကရာဇ်

မဟာသက္ကရာဇ်မှာ ဗုဒ္ဓ မြတ်စွာဘုရား ဖွားမြင်ရာ ကပ္ပိလ ဝတ်မြို့ကို စတင်တည် ထောင် ချိန်မှစ၍ ရေတွက်သည့် ခုနှစ် ဖြစ်သည်။ထို နှစ်၆၈ ၊ ကဆုန်လ ပြည့်နေ့တွင် ဗုဒ္ဓရှင်တော် လောင်းလျာကို ဖွားမြင် တော်မူ ခဲ့သည်။ထိုသက္ကရာဇ်ကို ဗုဒ္ဓပရိ နိဗ္ဗာန် ပြုတော်မူပြီးသည့် အချိန် မှစ၍ အသုံြး ပုခြင်းမရှိတော့ပါ။

သာသနာသက္ကရာဇ်

ဗုဒ္ဓပရိနိဗ္ဗာန်ပြုတော်မူပြီး နောက် ပထမအကြိမ် သင်္ဂါ ယနာတင်ပြီးသည့် အချိန်မှ စတင်ရေတွက် သည့် ခုနှစ်ကို သာသနာနှစ်ဟု မည်သည်။သာ သနာတော်၏ သက်တမ်းကို ညွှန်းပြနိုင်သည့် ခုနှစ်ဖြစ်သည်။

ကောဇာသက္ကရာဇ်

ဗုဒ္ဓသာသနာနှင့်အတူ ပြက္ခဒိန်စနစ်သည် မြန်မာနိုင်ငံ အတွင်းဝင်ရောက် လာခဲ့ ဟန်ရှိ သည်ဟု ဆိုကြသည်။ သာသနာ သက္ကရာဇ်လိုပင်ဆက်ခံ အသုံးပြု ရာမှ သက္က ရာဇ်နှစ် ၆၂၂ခုနှစ် အရောက်တွင် သရေခေတ္တရာ ဘုရင်သမုန္ဒရီက သုညခုနှစ်(Zero hour)မှ စတင်ပြန်လည်ရေတွက် သတ်မှတ်ခဲ့သည်။ထိုသို့ သက္ကရာဇ် ကို သုညမှစတင်ခြင်းကို သက္ကရာဇ် ဖြိုသည်ဟု သုံးနှုန်းကြသည်။

သမုန္ဒရီမင်း သက္ကရာဇ်ဖြို ပြီးနောက် အနှစ် ၅၆ဝ အကြာ ပုဂံခေတ်တွင် ပုပ္ပားစောမင်း လက် ထက်တွင်ထပ်မံဖြိုပြန်သည်။ အင်းဝခေတ်မိုးညှင်းမင်း တရားကြီးလက်ထက်တွင်လည်း သက္ကရာဇ်ဖြိုရန် ကြိုးစားခဲ့သော် လည်း လူတို့လိုက်နာခြင်းမရှိ သဖြင့်မဖြိုခဲ့ပါ။ထို့ကြောင့် လက် ရှိအသုံးပြုေ နသော ခုနှစ်သည် ပုဂံခေတ်မှ စတင်သတ်မှတ်ခဲ့ သော နှစ်ဖြစ်ပြီး ထိုသက္ကရာဇ် ကို ကောဇာသက္ကရာဇ်ဟုခေါ်သည်။

ပညာရှင်များအမြင်

‘သေမင်းဆီမှာ ပြက္ခဒိန် မရှိဘူး’ ဟု အင်္ဂလိပ်စကားပုံ တစ်ခုက ဆိုသည်။ “ကိုယ်ကျင့် သိက္ခာ၊ တူညီမျှတမှုနှင့် တရား မျှတမှုတို့သည် ပြက္ခဒိန်နှင့် အတူ ပြောင်းလဲသွားခြင်း မရှိပေ” ဟုD.H. Lawrence က ဆိုခဲ့သည်။ “မနက်ဖြန်ဆိုတာ မိုက်မဲသူတွေရဲ့ ပြက္ခဒိန်တွေ မှာပဲ ရှိပါတယ်” ဟု Oq Mandino ကဆိုခဲ့ဖူးသည်။ ကမ္ဘာကျော် မင်းသမီး မေရီမွန်ရိုးကလည်း “ကျွန်မမှာ ပြက္ခဒိန်တော့ ရှိ တယ်။ ဒါပေမဲ့ အချိန်ကိုက် တော့ ဘယ်တော့ မှမဖြစ်ခဲ့ပါဘူး” ဟု ပြောဆိုခဲ့သည်။

အလင်းဆက်(IR)

Credit To Popular Journal

Related Articles:

Post a Comment