Thursday, July 11, 2013

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့က ကလေးတွေကို ပညာတတ်ဖြစ်စေချင်ပါတယ်


ကရင်ပြည်နယ်၊တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲD.K.B.A ထိမ်းချုပ်ရာနယ်မြေ တစ်ပေါ်ဖူး၊ ဆုံဆည်းမြိုင်၊ ပါမီတ၊ ဦးကလိတ ကျေးရွာများတွင် အစိုးရမှစာသင် ကျောင်းများအား အဆင့်တိုးမြှင့် ဖွင့်လှစ်မှုအားနည်းခြင်း၊ ဆရာ ဆရာမအင်အားနည်းပါးခြင်း၊ သင်ထောက်ကူပစ္စည်းများ နည်း ပါးခြင်းစသည့် ပညာရေးလိုအပ် ချက်များရှိနေကြောင်းသိရသည်။
ယင်းကဲ့သို့ပညာရေးလိုအပ် ချက်များကြောင့် မူလတန်းဖြင့် ကျောင်းထွက်ရသည့်ကလေးငယ် များ ၉၀ ရာခိုင်နှုန်းအထိ ရှိနေ ကြောင်း သိရသည်။
““ကျွန်မဆရာမလုပ်သက် ၁၅နှစ် ရှိပါပြီ။D.K.B.A ထိမ်း ချုပ်တဲ့ဆုံဆည်းမြိုင်မှာ ဆရာမ လုပ်တာတော့ ၉နှစ် ရှိသွားပြီ။ ဒီ ၉နှစ် အတွင်းမှာ ၄တန်း အောင်ပြီးတော့ ၅တန်း တက် သွားတဲ့ကလေးတွေကို မမြင်ဘူး”” ဟု ရွှေ့ပြောင်းအလုပ်သမား၏ ကျောင်းပညာရေးအား ကူညီ ထောက်ပံ့ပေးသည့်B.M.W.E.Cအဖွဲ့မှ ဆရာမ မခိုင်ကပြော သည်။
ပညာရေးလိုအပ်ချက်ကြောင့် ၄တန်းဖြင့် ကျောင်းဆက်မတက် နိုင်သည့်အကြောင်းမှာ ကရင် ပြည်နယ်D.K.B.A ထိမ်းချုပ်ရာ နယ်မြေ တစ်ပေါ်ဖူး၊ ဆုံဆည်း မြိုင်၊ ပါမိတ၊ ဦးကလိတစသည့် ကျေးရွာများတွင်မူလတန်းကျောင်း များသာရှိပြီးအလယ်တန်းကျောင်း များမရှိခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
““ဒီနယ်မြေတစ်ဝိုက်မှာက မူလတန်းကျောင်းတွေသာရှိတယ်။ အလယ်တန်းကျောင်းမရှိဘူး။ ဒီ နားကကျောင်းတွေ အစိုးရက ဆောက်ပေးထားတာမဟုတ်ဘူး။D.K.B.A နဲ့ ရပ်ရွာလူကြီးက ဆောက်ပေးထားတာ။ ဒီမှာက ဆရာ/ဆရာမတွေက အရမ်းရှား တယ်။ကျောင်းကလည်းမူလတန်း ပဲရှိတော့ ၄တန်းလောက်တက် ပြီးတာနဲ့ ကျောင်းဆက်မတက် ဘူး ကျွန်မလုပ်သက် ၉နှစ် အတွင်းမှာ ၅ တန်းတက်နိုင်တဲ့ ကလေး၂ယောက်ပဲ တွေ့ဖူး တယ်”” ဟု ဆရာမ မခိုင်က ပြောသည်။
ကရင်ပြည်နယ်ရှိပညာရေး လိုအပ်ချက်များနှင့် ပတ်သက်၍ လွှတ်တော်ထံတင်ပြမည်ဖြစ် ကြောင်းလည်း သိရသည်။
““ကျွန်တော်ဒီနားက ကျေး ရွာတွေကိုရောက်တော့ ကျောင်း တွေကိုလိုက်ကြည့်တယ်။ကျောင်း တွေမှာ ပညာရေးလိုအပ်ချက် တွေအများကြီး တွေ့နေတယ်။ ဒီ ကိစ္စတွေနဲ့ပတ်သက်ပြီးတော့ လွှတ်တော်ကို တင်ပြထားပါ တယ်”” ဟု ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးသန်းဦးက ပြောသည်။D.K.B.A တပ်ဖွဲ့များ ထိမ်း ချုပ်ရာနယ်မြေများတွင် စာသင် ကြားပေးမည်ဆိုပါက လုံခြုံရေး ကို အပြည့်အ၀ ကာကွယ်ပေး မည်ဖြစ်ကြောင်းD.K.B.A ထံမှ သိရသည်။
““ကျွန်တော်တို့ဆီကကလေး တွေကို ပညာတတ်ကြီးအရမ်းဖြစ် စေချင်တယ်။ ဒါပေမဲ့ ကျွန်တော် တို့ဆီမှာက ကိုယ်ထူကိုယ်ထ ကျောင်းတွေသာရှိတယ်။ အစိုးရ ကျောင်းတွေ မရှိဘူး။ အစိုးရက ဆရာ/ဆရာမတွေသာ ထောက် ပံ့ပေးတယ်။ တစ်ခါလာရင် တစ် ယောက်နှစ်ယောက်။ ဒီမှာရှိတာ က ကျောင်းသားက ၈၀-၁၀၀။ ဘယ်လိုမှ လောက်ငှမှုမရှိဘူး။ အ ခု ကျွန်တော်တို့ ဆုံဆည်းမြိုင် ကျေးရွာမှာဆိုရင် ကျောင်းသား က ၈၀၊ ဆရာမက တစ်ယောက် တည်း။ ပညာရေးက အခက်အခဲ ဖြစ်တယ်။ တကယ်လို့ ကျွန်တော် တို့ဆီကိုလာပြီးတော့ စာလာသင် ပေးစေချင်ပါတယ်။ ဒီအတွက် လည်းလုံခြုံရေးကို အပြည့်အ၀ တာဝန်ယူပါတယ်”” ဟု တိုင်းရင်း သား လက်နက်ကိုင်တပ်ဖွဲ့D.K.B.A မှစစ်ဗျူဟာမှူး ဦးဆန်း အောင်က ပြောသည်။
၂၀၁၀ ခုနှစ် ကုလသမဂ္ဂ အစီရင်ခံစာအရ တိုင်းရင်းသား များ၏ စာတတ်မြောက်မှုနှုန်း သည် ရှမ်း ၁၅ ရာခိုင်နှုန်း၊ ရခိုင် ၂၅ ရာခိုင်နှုန်း၊ ကယား ၁၆ ရာ ခိုင်နှုန်း၊ ကချင် ၁၃ ရာခိုင်နှုန်း၊ ချင်း ၁၃ ရာခိုင်နှုန်း၊ ကရင် ၁၁ ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
Credit To Hot News Journal


ဖြိုးအောင်

Related Articles:

Post a Comment