Monday, July 8, 2013

တိုင်းပြည်အတွက် လူမိုက်လုပ်၊ အမုန်းခံ သွားသူဆိုပါလား

   

စာပေလွတ်လပ်ခွင့်ဖြေလျော့မှုပြု လာချိန်ဆောင်းပါးရှင်မျိုးစုံတို့ရဲ့ အတွေး အရေးအစုံစုံကို သတင်းဂျာနယ်မျိုးစုံ တွင်ဖတ်ခွင့်ရလာခဲ့တယ်။ ၂ဝ၁၃ခုနှစ်၊ ဇွန်လ (၂၁၊ ၂၇)နေ့ထုတ် Hot News ဂျာနယ်ဆောင်းပါးရှင် ''ဆရာစောကျော် အေး(ပန်းဘဲတန်း)''ရေးတဲ့ ''တိုင်းပြည် အတွက် လူမိုက်လုပ်၍အမုန်းခံသွားသူ'' ဆောင်းပါးကိုဖတ်လိုက်ရတယ်။ ဆောင်း ပါးရဲ့သရုပ်ဖော်ပုံက ၁၉၆၂ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ တော်လှန်ရေးကောင် စီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ၊ မြန်မာ့ဆို ရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဋ္ဌ တာဝန်ယူခဲ့သူဗိုလ်ချုပ်ကြီး နေဝင်း အဖြစ်မှခေါင်းပေါင်းနှင့်တိုက်ပုံ ဝတ်ထားသူ ဦးနေဝင်းပုံဖြစ်တယ်။ ယခု အချိန်မှာ ဆောင်းပါးရှင်ရဲ့ အယူအဆ၊ သဘောထားကိုလွတ်လပ်စွာ ရေးခွင့်ရှိ နေသလို ကျွန်တော်လည်း ဒီအခွင့်အ ရေးကိုအသုံးချမိတယ်။ သဘောထား၊ အယူအဆကွဲလွဲနိုင်တာကြောင့် စာဖတ် သူကိုပေးတဲ့ အသိစိတ်လည်း တူညီချင် မှတူညီနိုင်မှာပါ။ ဒါပေမယ့် စာပေက တစ်ဆင့် အသိပေးတာချင်းကတော့ အတူတူဖြစ်တယ်။ ဆရာစောကျော်အေး က တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ် ချုပ်ကြီးနေဝင်း၏ပြောကြားချက်များကို ခုနှစ်၊ လ၊ နေ့၊နေရာတို့ကို ရေးသားဖော် ပြခဲ့ပါတယ်။
၁၉၆၃ခုနှစ်၊ ဇန်နဝါရီလ(၁)ရက် စစ်ကိုင်းခရိုင်၊ အုန်းတောကျေးရွာ၊ တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲ တွင်ပြောကြားချက်။
၁၉၆၃ခုနှစ်၊ မေလ(၈)ရက် ပဲခူး တိုင်း၊ ဒိုက်ဦးမြို့နယ်၊ အမရကျေးရွာ၊ သမဝါယမကျေးရွာသစ်ဖွင့်ပွဲတွင် ပြော ကြားချက်။
၁၉၆၄ခုနှစ်၊ ဇန်နဝါရီလ(၂)ရက် ပုပ္ပား တောင်သူလယ်သမားနှီးနှောဖ လှယ်ပွဲတွင်ပြောကြားချက်။
၁၉၆၄ခုနှစ်၊ မေလ(၄)ရက်တွင် တောင်ငူခရိုင်၊ ခပေါင်းကျေးရွာ၊ တောင် သူလယ်သမားနှီးနှောဖလှယ်ပွဲတွင် ပြောကြားချက်။
၁၉၆၅ခုနှစ်၊ ဧပြီလ (၂၉)ရက် ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ဘွဲ့နှင်း သဘင်ခန်းမ၌ကျင်းပသည့် အလုပ်သ မားနှီးနှောဖလှယ်ပွဲတွင် ပြောကြား ချက်များကိုဖတ်ခဲ့ရတယ်။ ဒီပြောကြား ချက်များထဲက ၁၉၆၄ခုနှစ်၊ ဇန်နဝါရီလ (၂)ရက် ပုပ္ပားတောင်သူလယ်သမား နှီး နှောဖလှယ်ပွဲတွင်ပြောကြားခဲ့တဲ့အထဲ မှာ..
''ကျွန်တော်တို့လုပ်နေတာဟာ လုပ်ချင်လို့မဟုတ်ပါဘူး၊ မလုပ်မဖြစ်လို့ လုပ်နေရတာပါ။ ကျွန်တော်တို့ဟာ အမုန်းမခံဘဲ နေဖြစ်သလိုနေရင် ရသား ဘဲ၊ အရင်တုန်းက ကျွန်တော်တို့ကို ဘယ်သူမှမမုန်းဘူး၊ အကုန်လုံးချစ်ကြ တယ်။ အခုတော့ ကျွန်တော်တို့ကို အ တိုက်အခံလူတန်းစားက အင်မတန်ခါး ခါးသီးသီးဖြစ်လာတယ်။ ဖြစ်မယ်ဆိုတာ ကိုသိလျက်သားနဲ့ပဲ ကျွန်တော်တို့လုပ် နေတာ၊ ဘာ့ကြောင့်လဲဆိုရင် တိုင်းပြည် အတွက်ပဲ၊ အတိုက်အခံအနေနဲ့ ကျွန် တော်တို့ကိုမုန်းတာက သူ့အကျိုးထိခိုက် လို့ပဲ၊ သူ့အကျိုး ထိခိုက်တာကလည်း၊ သူတို့ဟာ မလုပ်သင့်မလုပ်ထိုက်တာလုပ် လို့ပဲ၊ ဒါကြောင့် ကိစ္စအားလုံးလုပ်တဲ့နေ ရာမှာ လူထု(ပြည်သူ)အပေါ်မှာပဲတည် တယ်။ ကျွန်တော်တို့ချည်း အားမကိုးပါ နဲ့၊ ကျွန်တော်တို့လည်း အလုပ်သမား၊ လယ်သမားမပါရင် ဘာမှလုပ်လို့မရဘူး'' ဟူ၍ ထက်မြတ်ထိရောက်သော ပညာ ပေးစကားများထည့်သွင်းပြောကြားခဲ့ တယ်လို့ရေးသားချက်ကိုဖတ်ရတယ်။
အထက်ပါပြောကြားချက်က တော် လှန်ရေးကောင်စီအစိုးရတက်လာပြီး (၂)နှစ်မပြည့်မီအချိန်ကဖြစ်တယ်။ ၁၉၆၂ ခုနှစ်၊ မတ်လ (၂)ရက်နေ့တွင် ယိုယွင်း နေသော တိုင်းပြည်၏အခြေအနေကို အကြောင်းပြ၍ ဗိုလ်ချုပ်ကြီးနေဝင်း ခေါင်းဆောင်သော တပ်မတော်က အာဏာသိမ်းယူလိုက်ပြီး ခေတ်ပြောင်း တော်လှန်ရေးလုပ်ငန်းကြီးကို ဆောင် ရွက်ရန် တော်လှန်ရေးကောင်စီအမည် ဖြင့် ဦးဆောင်အဖွဲ့ကိုဖွဲ့စည်းခဲ့ပါတယ်။ ၁၉၆၂ခုနှစ်၊ ဇူလိုင်လ(၄)ရက်နေ့တွင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဖွဲ့စည်း ပုံအခြေခံဥပဒေကိုကြေညာခဲ့တယ်။ ဗိုလ်ချုပ်ကြီးနေဝင်း ဆန္ဒရှိသည့်နိုင်ငံရေး စနစ်ကိုပုံဖော်နိုင်ရန် သူတွေ့ကြုံဖြတ် သန်းခဲ့ရတဲ့ မြန်မာနိုင်ငံရေးသမိုင်း လှုပ် ရှားမှုအဆင့်ဆင့်ကို ပြန်လည်သုံးသပ် လေ့လာမှာဖြစ်တယ်။ မြန်မာနိုင်ငံရေး သမိုင်းလှုပ်ရှားမှုအဆင့်ဆင့်တွင် ကျောင်းသားများ၏ အရေးပါမှုကလည်း သတိပြုစရာဖြစ်နေခဲ့တယ်။ မြန်မာနိုင်ငံ ရေးသမိုင်းလှုပ်ရှားမှုအဆင့်ဆင့်ကို ပြန် လည်သုံးသပ်လေ့လာမှာဖြစ်တယ်။ မြန် မာနိုင်ငံရေးသမိုင်းကြောင်းတွင် ကျောင်း သားများ၏အရေးပါမှုများက သူ့အ တွက်အဟန့်အတား စိန်ခေါ်မှုတစ်ခုအ ဖြစ်ရှုမြင်လာပုံရတယ်။ ဒါကြောင့်လည်း အာဏာသိမ်းပြီး (၂)လနှင့် ရက်ပိုင်းမျှအ ချိန်တွင် ချက်ချင်းအာဏာတည်စေရ မည့်အမိန့်ဖြင့် ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်အက်ဥပဒေတို့ကို ဖျက်သိမ်းခဲ့ပြီးနောက် တက္ကသိုလ်ကောင် စီကိုလည်း အမိန့်ဖြင့်ဖျက်သိမ်းခဲ့တာ ဖြစ်တယ်။ ၁၉၆၂ခုနှစ်၊ မေလ(၁၇)ရက် နေ့မှာ တော်လှန်ရေးကောင်စီ အမိန့်အ မှတ်(၃ဝ)ဖြင့် တပ်မတော်အရာရှိများပါ ဝင်သော တက္ကသိုလ်ကောင်စီကိုပြန် လည်ဖွဲ့စည်းခဲ့တယ်။ ဆက်တိုက်ဆိုသလို ပိုမိုတင်းကျပ်တဲ့ ကျောင်းဆောင်စည်း ကမ်းများကိုထုတ်ပြန်ခဲ့ပြန်တယ်။
တင်းကျပ်သောကျောင်းဆောင် စည်းကမ်းများထုတ်ပြန်မှုကြောင့် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ(၇)ရက်နေ့မှာ ဖိနှိပ်တင်း ကျပ်တဲ့အဆောင်စည်းကမ်းများကို မကျေနပ်တဲ့အတွက် ကျောင်းသားများ ဆန္ဒပြခဲ့ကြတယ်။ သေဆုံး၊ ဒဏ်ရာတွေ လည်းရရှိခဲ့တယ်။ ၁၉၆၂ခုနှစ်၊ ဇူလိုင်လ (၈)ရက် နံနက်ပိုင်းအချိန်တက္ကသိုလ် သမဂ္ဂအဆောက်အဦကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲဖျက်ဆီးခဲ့ပြီး ဗိုလ်ချုပ်ကြီးနေဝင်းက ''¤င်းအဆောက်အဦမှာ ကျောင်းသား များကိုအလွဲသုံးစားလုပ်ကာ ကျောင်း အာဏာပိုင်နှင့်အစိုးရကိုပုန်ကန်လှုံ့ ဆော်သည့် အဆောက်အဦဖြစ်လာ ကြောင်းနှင့် မြေအောက်သူပုန်များ လျှို့ဝှက်ဆက်သွယ်ရာ ဌာနချုပ်ဖြစ်၍   ကြာရှည်စွာခွင့်မပြုနိုင်သဖြင့်ဖြိုခွဲလိုက်   ရကြောင်း၊ ဓါးဓါးချင်း၊ လှံလှံချင်း''ဟု ပြောဆိုသွားခဲ့တယ်။ ဒီဖြစ်စဉ်ကလည်း အာဏာသိမ်းပြီး (၄)လနှင့် ရက်ပိုင်းအ တွင်းဖြစ်ခဲ့တယ်။ ကျောင်းသားများ သေ ဆုံး၊ ဒဏ်ရာရ၊ အဖမ်းဆီးခံခဲ့ရတဲ့ဖြစ် စဉ်တွေဟာ ကျောင်းသားထုအတွင်းမှာ သာစိတ်နာကျင်မှုဝေဒနာခံစားခဲ့ရတာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်းအတွင်း ဆက်နွယ်နေတဲ့ မိဘ၊ ရဟန်းသံဃာ၊ ပြည်သူတွေအထိကူးစက်ပျံ့နှံ့ပြီး ထပ်တူ ခံစားခဲ့ရတယ်။ လူသားတစ်ဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်းအပေါ်မှာလည်း ဗိုလ်ချုပ်ကြီးနေဝင်းအပေါ်မှာလည်း တန်ပြန်သက်ရောက်မှုရှိမှာပါ။ ဒါပေ မယ့်သူမျှော်မှန်းတဲ့ပန်းတိုင် ရောက်ဖို့အ တွက် သူ့အလုပ်ကိုသူဆက်လုပ်မှာဖြစ် ပါတယ်။ ဆက်လည်းလုပ်ခဲ့ပါတယ်။
တကယ်တော့ တပ်မတော်ဆိုတာ နိုင်ငံတော်ကိုကာကွယ်ဖို့အတွက် ဖွဲ့စည်း ထားတဲ့အဖွဲ့အစည်းတစ်ခုပါ။ တပ်မ တော်မှာအတိုက်အခံလူတန်းစားမရှိပါ ဘူး။ နိုင်ငံရေးလောကမှာ အတိုက်အခံ လူတန်းစားရှိပါတယ်။ ဗိုလ်ချုပ်ကြီး နေဝင်း ကသူ့မျှော်မှန်းချက်ကိုအကောင် အထည်ဖော်ချင်တဲ့အတွက် တပ်မတော် ကိုနိုင်ငံရေးလောကထဲ ဆွဲသွင်းလာတာ ဖြစ်ပါတယ်။ တပ်မတော်ကိုအသုံးပြုပြီး သူလိုချင်သောပုံဖော်ဆောင်ခြင်းသာ ဖြစ်ပါတယ်။ နိုင်ငံရေးလောကထဲဆွဲ သွင်းလာတဲ့အတွက်ကြောင့် ပြည်သူနှင့် တပ်မတော်ကြား စည်းခြားသလိုဖြစ်ခဲ့ရ တာပါ။ သူ့ပြောကြားချက်ထဲမှာပါသလို ''အရင်တုန်းက ကျွန်တော်တို့ကိုဘယ်သူ မှမမုန်းဘူး၊ အကုန်လုံးချစ်ကြတယ်၊'' ဟုတ်ပါတယ်။ မမုန်းပါဘူး။ မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ယူပေးခဲ့တဲ့လွတ် လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းတည် ထောင်ထားခဲ့တဲ့ တပ်မတော်ဖြစ်ခဲ့တဲ့အ တွက် လေးစားဂုဏ်ယူချစ်မြတ်နိုးခဲ့ပါ တယ်။ ကျွန်တော်တို့လူငယ်ဘဝ တော် လှန်ရေးနေ့အခမ်းအနားများမှာ ညအချိန် စစ်ဝတ်စုံအပြည်၊ မီးတုတ်ကိုင် ဆောင် ဇာတိမာန်တက်ြ<ွကတဲ့ စစ်ချီသီ ချင်းများသီဆိုပြီး စစ်ကြောင်းကြီးများခွဲ ၍ တော်လှန်ရေးပန်းခြံထဲ ဝင်ရောက်ခဲ့ ပုံတွေက ကျွန်တော်တို့ရဲ့စိတ်အာရုံကို  ကြက်သီးမွှေးညှင်းများထလောက် အောင် ညှို့ယူဖမ်းစားနိုင်ခဲ့ပါတယ်။ မြို့ကြီးတွေမှာလည်း တွေ့မြင်ရခဲတဲ့ပခုံး နှစ်ဖက်ပေါ်ရွှေသပြေခက်ဘားများ ဝတ်ဆင်လာတဲ့တပ်မတော်သားများကို ကြည့်ပြီး ကျွန်တော်တို့အမျိုးသားများ သာမကအမျိုးသမီးများကပါ လေးစား ဂုဏ်ယူအကြည့်နဲ့ကြည့်ခဲ့ကြပါတယ်။ ဒါကလည်း ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင် တဲ့ တပ်မတော်က အာဏာသိမ်းပြီး အချိန်အတော်ကြာသည်အထိ ရှိခဲ့ပါ တယ်။
ဗိုလ်ချုပ်ကြီးနေဝင်းပြောသလို ''အ ခုတော့ ကျွန်တော်တို့ကို အတိုက်အခံလူ တန်းစားက အင်မတန်ခါးခါးသီးသီး ဖြစ်လာတယ်။ ဖြစ်မယ်ဆိုတာ သိလျက် သားနဲ့ပဲ ကျွန်တော်တို့လုပ်နေတာ၊ ဘာကြောင့်လဲဆိုရင် တိုင်းပြည်အတွက် ဘဲ။ အတိုက်အခံအနေနဲ့ ကျွန်တော်တို့ ကိုမုန်းတာက သူ့အကျိုးကိုထိခိုက်လို့ပဲ။ သူ့အကျိုးထိခိုက်တာကလည်း သူတို့ ဟာမလုပ်သင့်မလုပ်ထိုက်တာလုပ်လို့ ပဲ'' အဲဒီပြောကြားချက်ကိုပြန်လှန် ကြောင်းကျိုးဆက်စပ် စဉ်းစားကြည့်တဲ့ အခါအပြန်အလှန် အမုန်းတရားရှိကြ တယ်နဲ့တူပါတယ်။ အဲဒီအချိန်တုန်းက အတိုက်အခံလူတန်းစားဆိုတာလည်း မရှိပါ။ ဒီပြောကြားချက်တွေက တော် လှန်ရေးအစိုးရတက်ပြီး (၂)နှစ်မပြည့် ခင် (၂)လအလိုမှာပြောတာဖြစ်တယ်။ အချိန်တိုလေးအတွင်း ပြည်သူနဲ့စည်း ခြားသလိုဖြစ်နေရသည်ကို ရည်ရွယ်ပြော ဆိုတယ်လို့ထင်မြင်မိပါတယ်။
တော်လှန်ရေးကောင်စီအစိုးရ ဗိုလ်ချုပ်ကြီးနေဝင်း၊ မဆလအစိုးရ ဦးနေဝင်းအဖြစ် (၂၆)နှစ်အကြာပြည်သူ အားလုံး၏ ဆန္ဒမပါဘဲ အာဏာရှင်ပုံစံ အုပ်ချုပ်ခဲ့တယ်။ (၂၆)နှစ်ကြာ ဖိနှိပ် ချုပ်ချယ်မှုတွေကြောင့် ပညာရေး၊ စီးပွား ရေး၊ လူမှုရေး၊ နိုင်ငံရေးဘက်စုံ ချွတ်ခြုံ ကျမှုတွေက ကမ္ဘာ့အဆင်းရဲဆုံးစာရင်း ဝင်နိုင်ငံဖြစ်သွားခဲ့တယ်။ စီးပွားရေးချွတ် ခြုံကျမှု၊ ပညာရေးကမောက်ကမဖြစ်မှု တွေက ပြည်သူတွေနဲ့ကျောင်းသားကြား တအုံ့နွေးနွေးဖြစ်ပေါ်ခဲ့ရတယ်။ ၁၉၈၈ ခုနှစ်၊ မတ်လ(၁၂)ရက်နေ့ စက်မှုတက္ကသိုလ်ကျောင်းသားများနှင့် အရပ်သား များ ရန်ပွဲမှတဆင့်သက်ဆိုင်ရာမှဖြေ ရှင်းရာတွင် ပြေလည်မှုမရှိဘဲ ၁၉၈၈ခု နှစ်၊ မတ်လ(၁၃)ရက်နေ့တွင် အကြမ်း ဖက်လူစုခွဲမှုကြောင့် ရန်ကုန်စက်မှု တက္ကသိုလ်၊ ပဉ္စမနှစ်၊ ဓါတုအင်ဂျင်နီ ယာကျောင်းသား ကိုဖုန်းမော်သေဆုံးခဲ့ ရတယ်။ ကိုဖုန်းမော်သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီးကျောင်းသားများက တောင်းဆိုချက်များတောင်းဆို၍ ဖြေ ရှင်းခိုင်းသော်လည်း ပြေလည်မှုမရရှိသ ဖြင့် ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းမှ တဆင့် ရန်ကုန်တက္ကသိုလ်(ပင်မ)၊ ရန်ကုန်တက္ကသိုလ်(လှိုင်နယ်မြေ) သို့ ကူးစက်ပျံ့နှံ့သွားခဲ့တယ်။ ဆန္ဒပြပွဲများ ဆက်တိုက်ဖြစ်ပွားပြီး ၁၉၈၈ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့တွင် ရန်ကုန်မြို့၊ ကျိုက္ကဆံကွင်း၊ ဆရာစံခန်းမတွင်မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီ အရေးပေါ်ပါ တီညီလာခံကို ခေါ်ယူကျင်းပခဲ့တယ်။ ¤င်းညီလာခံတွင် ဦးနေဝင်းပြောခဲ့သော ပြောကြားချက်မှာ ''နောင်ကို လူစုလူ ဝေးနဲ့ဆူဆူပူပူလုပ်ရင် စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်။ မိုးပေါ် ထောင်ပြီးခြောက်တာမပါဘူး။ အဲဒီ တော့ နောင်ကိုဆူဆူပူပူလုပ်မယ်ဆိုရင် တော့ စစ်တပ်ကိုသုံးလို့ရှိရင်တော့ အဲဒီဆူတဲ့သူတွေ မသက်သာဘူးသာမှတ် ပေတော့'' ဆိုပြီးပြောခဲ့တယ်။ ဦးနေဝင်း ရဲ့ပြောကြားချက်ကိုမြန်မာ့အသံ ရုပ်မြင် သံကြားစက် အိမ်တိုင်းမှာမရှိကြသေး ပါ။ ရပ်ကွက်နေပြည်သူအချို့ လက်ဖက် ရည်ဆိုင်မှာလက်ဖက်ရည်သောက်ရင်း ကြည့်ခဲ့ရတယ်။ မိန့်ခွန်းပြောအပြီး မကျေနပ်မှုခံစားချက်အသီးသီး ထွက် ပေါ်လာတယ်။ အော်ဟစ်ကြိမ်းမောင်း သံ၊ တောက်ခေါက်သံတွေညံစီခဲ့တယ်။ ဒါကြောင့် ဆိုင်ရှင်လည်းအခြေအနေကို ကြည့်ပြီး သူ့ဆိုင်ကိုကမန်းကတန်း ပိတ် ခဲ့ရတယ်။ နောက်နေ့တွေမှာလည်း နိုင်ငံ့ခေါင်းဆောင်တစ်ဦးရဲ့ ပြောကြား ချက်က ပြည်သူအားလုံးရဲ့စိတ်ကို သွေးကြွလှုပ်နှိုးသလိုဖြစ်ခဲ့ရတယ်။
ယခုလိုပြောကြားချက်ကလည်း သူ့အကျိုးအတွက် စစ်တပ်ကိုခုတုံးလုပ်၊ အသုံးချပြောကြားခြင်းဖြစ်တယ်။ ဟုတ် ပါတယ်၊ သူပြောသလိုစစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်ဆိုတာ လက်ခံပါတယ်။ စစ်တပ်ကိုမြှောက်ပေး သည့် ပုံစံမျိုးပြောဆိုမှုက ဦးနေဝင်းရဲ့ ပြည်သူ့ အပေါ်ထားတဲ့သဘောထား ကိုလည်း ထင်ဟပ်စေပါတယ်။ သူပြော ခဲ့တဲ့စကားတွေက ပြည်သူအပေါ်အမုန်း စကားတွေပါ။ ပြည်သူကိုချစ်လျှင် တိုင်းပြည်ကို လည်းချစ်မှာပါ။ ခေါင်းဆောင်တစ် ယောက်ရဲ့လုပ်ရပ် ကောင်းသည်၊ ဆိုးသည်ကိုပြည်သူတွေ ကဆုံးဖြတ်တာပါ။ ဆရာစောကျော်အေး ရဲ့ ''တိုင်းပြည်အတွက်လူမိုက်လုပ်၍ အမုန်းခံသွားသူ'' ဆိုပြီးဂုဏ်ပြုမှတ် တမ်းတင်ရေးသလိုမျိုးက စာဖတ်သူများ ကိုတွေဝေသွားစေပါတယ်။ တိုင်းပြည်အ တွက်ဆိုပြီးလက်ညှိုးညွှန်ရာရေဖြစ်၊ ဓနဥစ္စာထားစရာမရှိအောင် မိုက်ပြ၊ အမုန်းခံပြတဲ့ဘဝမျိုး ကျွန်တော်တို့လည်း လိုချင်ပါတယ်။ ဂုဏ်ပြုမှတ်တမ်းတင်ခံ ရတယ်ဆိုပြီး နောက်ထပ်ပိုမိုက်၊ ပိုအမုန်း ခံသွားမယ့် ခေါင်းဆောင်မျိုးပေါ်လာ ရင်တော့ မြန်မာနိုင်ငံရော၊ပြည်သူတွေ အတွက်ပါ ရင်လေးမိပါတယ်။ အခုတော့ တိုင်းပြည်လည်းမတိုးတက်၊ မဖွံ့ဖြိုး၊ ပြည်သူ့ဘဝလည်း နုံချာချာနဲ့ သူတည် ဆောက်ချင် တဲ့ဆိုရှယ်လစ်စနစ်ကြီး လည်း မအောင်မြင်တာကိုသမိုင်းသင် ခန်းစာယူရမှာဖြစ်တယ်။ ဗိုလ်ချုပ် အောင်ဆန်းလုပ်ရပ် ကောင်းခဲ့သည့်အ တွက် သမိုင်းကောင်းခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဦးနေဝင်း မိန့်ခွန်းများကိုယှဉ်လေ့လာရင် ဗိုလ်ချုပ် အောင်ဆန်းပြောခဲ့တဲ့မေးခွန်း တွေက ယနေ့မြန်မာ့နိုင်ငံအခြေအနေတွေနဲ့ ကိုက်ညီမှုရှိပြီး အနှစ်သာရရှိသဖြင့် အသက်ဝင်နေဆဲဖြစ်ပါတယ်။ ဦးနေဝင်း ပြောခဲ့တဲ့ မိန့်ခွန်းတွေက ယနေ့အခြေအ နေအထိတိုင်းပြည် အတွက်အကျိုးသက် ရောက်မှုမရှိခဲ့တာကို လည်းတွေ့ခဲ့ရ တယ်။
၁၉၈၈ခုနှစ်၊ စက်တင်ဘာလ (၁၈) ရက်နေ့တွင် နိုင်ငံတော်တစ်ဝှမ်း၌ အဖက်ဖက်မှ ယိုယွင်းနေသော အခြေအ နေကိုအချိန်မီထိန်းသိမ်းနိုင်ရန်အတွက် တိုင်းပြည်ချောက်ထဲကျဖို့ လက်နှစ်လုံး သာလိုတော့တာကို အကြောင်းပြပြီး နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက် ရေးအဖွဲ့၏ ကြေငြာချက်အမှတ် ၁/၈၈ ဖြင့်နိုင်ငံတော်အရပ်ရပ်ကို တပ်မတော် ကထိန်းသိမ်းသည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့တယ်။ တိုင်းပြည်ချောက်ထဲ ကျဖို့လက်နှစ်လုံးသာလိုတော့တဲ့အခြေ အနေကိုဖန်တီးခဲ့တာဘယ်သူပါလဲ။ ၁၉၈၈ နိုင်ငံတော်အာဏာယူထားခဲ့တဲ့ နဝတအစိုးရလက်ထက် တာဝန်ရှိခေါင်း ဆောင်တွေက ဦးနေဝင်းလက်ထက်အ ဆင့်ဆင့်တာဝန်ယူမြှောက်စားခြင်းခံခဲ့ ရသူတွေဖြစ်တယ်။ ဦးနေဝင်းလက်ထက် အဆင့်ဆင့်တာဝန်ပေးအပ်ခြင်းခံရသူ တွေလည်းဖြစ်တယ်။ ၂ဝဝ၂ခုနှစ်၊ ဒီဇင်ဘာလ(၅)ရက်နေ့မှာ ဦးနေဝင်း (တိုင်းပြည်အတွက် လူမိုက်လုပ်၍ အမုန်းခံသွားသူ) ဇာတ်သိမ်းသွားခဲ့ပါ တယ်။ ရက်ကူးခွင့်တောင်မရဘဲ ချက်ချင်း သင်္ဂြိုလ်ဖို့စီစဉ်ခဲ့ရတယ်။ ဦးနေဝင်း အသုဘချတဲ့နေ့က လူ(၃ဝ)ဦးခန့်လောက်သာ လိုက်ပါပို့ဆောင်ခဲ့ တယ်။ နိုင်ငံတော်ကို တာဝန်ယူထားတဲ့ ခေါင်းဆောင်တွေက သူတို့ရဲ့အကြီးအကဲ ဖြစ်ခဲ့တဲ့ ဦးနေဝင်းအပေါ်ကြည်ညိုလေးး စားမှုရှိမယ်ဆိုရင်သူတို့ရဲ့ အကြီးအကဲ ဟောင်းတစ်ယောက်ကို ကြီးကျယ်ခမ်း နား တဲ့ဈာပနအခမ်းအနား ဖြစ်အောင် စီစဉ်ပေးမှာပါ။ အခုတော့ သူမြှောက်စား ခြင်းခံခဲ့ရတဲ့ ခေါင်းဆောင် ဖြစ်နေသူ တပည့်တွေကတောင် ''တိုင်း ပြည်အ တွက် လူမိုက်လုပ်၍အမုန်းခံသွားသူ တစ်ဦး''အနေနဲ့ အသိအမှတ်လည်းမပြုသည့်အပြင် လှည့်တောင်မကြည့်ခဲ့ ကြပါဘူး။
''ဒါကလည်း သမိုင်းသင်ခန်းစာ တစ်ခုပါ''
ကိုရာကျော်
Credit To the light of Asia

Related Articles:

Post a Comment