Thursday, July 11, 2013

DKBA ငြိမ်းချမ်းရေးအဖွဲ့မှ ဒေသခံများ နိုင်ငံသားစိစစ်ရေးကတ်


ကရင်ပြည်နယ်၊ စုကလိမြို့ နယ်ခွဲနှင့် ဝေါလေမြိုင်မြို့နယ်ခွဲ အတွင်း ကျေးရွာများရှိ ဒေသခံ ပြည်သူတို့ကို နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်ပေးနိုင်ရန် ကလိုထူး ဘောဒေသ (DKBA) ငြိမ်းချမ်း ရေးအဖွဲ့၊ မြ၀တီဆက်ဆံရေးရုံးမှ ဗိုလ်ကြီးအဆင့်ရှိ စိုးမြင့်နှင့်မြ၀တီ ခရိုင် လ.၀.က ရုံး၊ ခရိုင်ဦးစီး ဌာနမှူး၊ ဦးအောင်ဝင်းသိန်းတို့ မြ၀တီခရိုင် လ.၀.က ရုံးတွင် ၂၄-၆-၂၀၁၃ ရက်က ဆွေးနွေး ညှိနှိုင်းကြကြောင်း သတင်းရရှိ သည်။
ကရင်ပြည်နယ်အတွင်း၌ အထူးဒေသများ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများ၊ လမ်းပန်းဆက် သွယ်ရေးခက်ခဲသောဒေသများရှိ ပြည်သူတို့ကို ၂၀၁၂/၂၀၁၃ ခုနှစ်များအတွင်း NRC အဖွဲ့နှင့် ကရင်ပြည်နယ် လ.၀.က အဖွဲ့ တို့က နိုင်ငံသားစိစစ်ရေးကတ် ပြားများ၊ အိမ်ထောင်စုလူဦးရေ စာရင်းများကို အခမဲ့အိမ်အရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြ သော်လည်း ယခု ၂၀၁၃ နှစ်ဝက် ကာလအထိ ဆက်လက်ဆောင် ရွက်ရန် ခက်ခဲနေသော ဒေသ တချို့ကျန်ရှိသေးကြောင်းသိရ သည်။
အဆိုပါခက်ခဲဒေသများမှ ကလိုထူးဘော DKBA  ငြိမ်းချမ်း ရေးအဖွဲ့သည် ၎င်းတို့၏ ဒေသ တွင်းရှိ ပြည်သူများအမှန်တကယ် လိုအပ်နေကြသည့် နိုင်ငံသား စိစစ်ရေးကတ်ရရှိရန် မြ၀တီခရိုင် လ.၀.ကရုံးသို့ သွားရောက် တွေ့ဆုံညှိနှိုင်းကြရာ ခရိုင်ဦးစီး ဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဝင်းသိန်းက NRC အဖွဲ့ နှင့်ထပ်မံပေါင်းစပ်ညှိနှိုင်းပေးပြီး ဖြစ်ကြောင်း၊ ညှိနှိုင်းမှုအရ စုကလိ မြို့နယ်ခွဲအတွင်းမှ ဆုံဆည်းမြိုင် ကျေးရွာ၊ ၀ါးမီးထကျေးရွာ၊ သေ ဘောဘိုးကျေးရွာ၊ ဘလယ်ဒို ကျေးရွာနှင့်အနီးပတ်ဝန်းကျင် ကျေးရွာများ၊
ဝေါလေမြိုင်မြို့နယ်ခွဲအတွင်း မှ ရပ်ကွက်(၁)၊ မော်ခီးကျေးရွာ၊ ကုလားအော်ကျေးရွာ၊ ကော့ချဲ ကျေးရွာနှင့် အနီးပတ်ဝန်းကျင် ကျေးရွာများမှ ပြည်သူများ နိုင်ငံ သားစိစစ်ရေးကတ်ပြားများ ၂၀၁၃ ခုနှစ် ဇူလိုင်လအတွင်း ရွာ အရောက်အခမဲ့ရရှိကိုင်ဆောင် နိုင်ကြတော့မည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ်အတွင်း စိစစ်ရေး ကတ်မပြုလုပ်ကြရသေးသည့် ကျန်ရှိဒေသများအနေဖြင့်လည်း ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက် သွားသင့်ကြောင်း၊ အခမဲ့ဆောင် ရွက်နိုင်ရန် ငွေကြေးပူးပေါင်းပေး သည့် NRC အဖွဲ့အနေဖြင့်လည်း ကရင်ပြည်နယ်မှာ သတ်မှတ် ကာလအထိသာရှိနေမှာဖြစ်သလို လ.၀.က၀န်ထမ်းများအနေဖြင့် လည်း အမြဲတစေ ကွင်းဆင်း ဆောင်ရွက်နိုင်ရန် ခက်ခဲမည်ဖြစ် ရာ ယခုချိန်မှာ ကျန်ရှိဒေသများ အနေဖြင့်လည်း နိုင်ငံသားစိစစ် ရေးကတ်ပြုလုပ်သင့်ပြီဖြစ်ကြောင်း မြ၀တီခရိုင်လ.၀.က ၀န်ထမ်း တစ်ဦးမှ ပြောကြားသည်။
Credit To Hot News Journal

ပွင့်ဆန်း

Related Articles:

Post a Comment