Friday, July 12, 2013

မျိုးစောင့် ဥပဒေ၏ . . . ? အခြားဘက် စာမျက်နှာ


မိတ်ဆွေတစ်ယောက်နှင့် စကားစပ်မိပြီး ယခု တလော ဂယက်ထနေသည့် မျိုးစောင့်ဥပဒေ အကြောင်း တစ်ခုခု ရေးချင်လာသည်။ သို့သော် ကိုယ်ရေးသမျှ ဘယ်သူမှ မည်မည်ရရ ဖတ်လေ့ မရှိတာကလည်း စာရှည်သောကြောင့်ဟု သိရသည်။ ထို့ကြောင့် အတတ်နိုင်ဆုံး အနှစ်ချုပ် အဆီထုတ်ပြီး လိုရင်းကိုသာမိအောင် ရေးရပါတော့မည်။
           မျိုးစောင့် ဥပဒေဆိုသည်မှာ ဘာသာခြားက ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးကို လက်ထပ်ခြင်းအား အရေးယူရန်ဖြစ်သည်။ ဒီနေရာတွင် တွေးကြည့်ရန် ဒီဥပဒေသည် တကယ်လုံခြုံမှု ရှိသလား ...? ထုံးတမ်းစဉ်လာ၊ မျိုးချစ်အမြုတေ၊ ဘာသာယဉ်ကျေးမှု တို့ဖြင့် တည်ဆောက် ကာကွယ်ရမည့် အမျိုးကို ချစ်ရမည့် စိတ်ကို ဥပဒေဖြင့် ချစ်ခိုင်း၊ စောင့်ရှောက်ခိုင်း သည့် နည်းလမ်းသည် လွန်စွာ အန္တရာယ်ကြီးလှသည်။ ခုတ်ရာတခြား ရှရာတလွဲတည်း။ ဘာသာခြားများ၏ သိမ်းသွင်းမှုခံရခြင်းသည် ဥပဒေ အကာအကွယ် မရှိသောကြောင့် လုံးဝမဟုတ်ပါ။ 'ဆင်းရဲ မွဲတေခြင်း၊ စည်းလုံးမှု မရှိခြင်း၊ ပညာရေး နိမ့်ကျခြင်း၊ တိုင်းရင်းသားနှင့် မြန်မာလူငယ်များ ပြည်ပသို့ အလုံးအရင်း ထွက်ပြီး အလုပ်လုပ်နေရခြင်း၊ ဗုဒ္ဓဘာသာ ခေါင်းဆောင်းများ၏ (လူထု အပေါ်တွင်) တာဝန် မကျေပွန်ခြင်း ' များကြောင့်သာ ဖြစ်သည်။ မည်သည့် ဘာသာခြားများကြောင့်မှ မဟုတ်ပါ။ ဤနေရာတွင် တစ်ချက်စဉ်းစားပါ။
            ကောင်းပြီ။ ဥပဒေကြီး ပေါ်လာပြီဆိုပါစို့။ ဘာသာခြားများက ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီး တစ်ယောက်ကို လက်ထပ်ရန် လွန်စွာ လွယ်ကူသွားတော့မည်ဖြစ်သည်။ တရားမဝင်ဖြစ်နေသည်ကို တရားဝင်ဖြစ်စေရန် လုပ်လိုက်သကဲ့သို့တည်း။
            ဥပမာ ဆောင်ပါမည်။ ဘာသာခြားက ဗုဒ္ဓဘာသာသို့ ကူးပြောင်းလျှင် လက်ထပ်ခွင့်ရသည် ဆိုပဲ။ ထို့ကြောင့် ဘာသာခြားများက မြန်မာ့သမီးပျိုများအား တရားဝင် ပေါင်းသင်းခွင့်ရအောင် ဗုဒ္ဓဘာသာဖြစ်ကြောင်း သက်သေခံ လက်မှတ်များကို အရယူပါလိမ့်မည်။ ထို့နောက် မုတ်ဆိတ်မွှေး ထူလပျစ်နှင့် ဘာသာခြားများသည် တရားသူကြီး ရှေ့မှောက်တွင် တရားဝင် လက်ထပ်ယူပါလိမ့်မည်။ ကိုင်း . . မည်သူ ဝင်စွက်ဖက်ရဲမည်နည်း။ မည်သူ ဝင်ရောက် ကန့်ကွက်ရဲမည်နည်း။ သူတို့ ထုတ်ပြန်သည့် ဥပဒေအတိုင်း ဗုဒ္ဓဘာသာဝင်ပါဟု ကြွေးကြော်ထားသူနှင့် လက်ထပ်ပေးရပါတော့မည်။ သမီးမိန်းမပျိုကလေးများကို အလိုမတူပဲ ခိုးယူပေါင်းသင်းသော ဘာသာခြားများကိုယ်တိုင်က မိမိသည် ဗုဒ္ဓဘာသာဝင်ဖြစ်ပါသည်ဟု ပြောရုံဖြင့် ထိုမျိုးစောင့် ဥပဒေကြီးက အလိုလျောက် အကာအကွယ်ပေးပြီး ဖြစ်သွားပါလိမ့်မည်။ များမကြာမီ ဘာသာခြား မျိုးဖောက် ကွန်မန်ဒိုများက ထိုမျိုးစောင့် ဥပဒေကို တရားဝင် အကာအကွယ်ပေးပြီး ဖြစ်သွားပါလိမ့်မည်။ များမကြာမီ ဘာသာခြား မျိုးဖောက်ကွန်မန်ဒိုများက ထိုမျိုးစောင့်ဥပဒေကို တရားဝင် အကာအကွယ်ယူပြီး အတိအလင်း လက်ထပ်ပေါင်းသင်းကြပေလိမ့်မည်။ မျိုးဆက်များကို ပွားစေလိမ့်မည်။ လက်သိပ်ထိုး အိမ်တွင်းအကြမ်းဖက် သာသနာပြုပါလိမ့်မည်။ မူလ သဘာဝအားဖြင့် ဗုဒ္ဓဝါဒသည် အလုံးစုံ ပြည့်စုံ ပြီးဖြစ်သည်။ ဥာဏ်ပညာနှင့် ဆင်ခြင်တုံတရား အခြေခံထားပြီး မျှတသည့် ဘာသာလည်းဖြစ်ပါသည်။ သို့သော် သံမှဖြစ်သော သံချေးသည် သံကို ပျက်စီးစေသကဲ့သို့ ဗုဒ္ဓဘာသာသည် ဗုဒ္ဓဘာသာ ဘုရားသားတော်များနှင့် ဒါယိကာ၊ ဒါယိကာမများကြောင့်သာ ပျက်စီးစေလိမ့်မည်ဖြစ်ကြောင်း မြတ်ဗုဒ္ဓမှ အတိအလင်း ဟောခဲ့ပြီးဖြစ်သည်။ ဘာသာခြားများ ဖျက်ဆီးမှုတွင် ကလိင်္ဂမင်းလောက် မည်သူ ဖျက်ဆီးနိုင်ဦးမည်နည်း။ မြန်မာနိုင်ငံတွင် သိုဟန်ဘွားလောက်  မည်သူ ထင်တိုင်းကြဲခဲ့သနည်း။ သို့သော် သာသနာကား ပျက်စီးမသွား။ တိုးတက်ကြီပွား၍ပင်လာမည် မဟုတ်လော။ သဒ္ဓါတရား ချို့တဲ့ပြီး ကျဉ်းမြောင်းသော စိတ်ဓါတ်ရှိသူများကို တခြားဘာသာဝင်များထက် မိမိ ပိုကြောက်ရွံ့လှပါ သည်။ ထိုသူတို့ကြောင့်ပဲ သာသနာဂုဏ် ပျက်စရာ အကြောင်းရှိတော့သည်။ ထို့ကြောင့် ထိုကဲ့သို့ လူစား ဗုဒ္ဓဘာသာဝင်များနှင့် မိန်းမကို အကြောင်းပြု၍ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာမည့်သူ၊ မည်သူကိုမှ မလိုချင်ပါ။ ကျွန်ုပ်ကဲ့သို့ ဘာသာရေးကို ကိုင်းရှိုင်းသူတောင်မှ ယခုအချိန်ထိ ပီဘိဗုဒ္ဓဘာသာဝင် တစ်ယောက်ကဲ့သို့ ကျင့်ကြံနေထိုင်ဖို့ ခဲယဉ်းနေရာဝယ် သဒ္ဓါကိုအခြေမခံဘဲ ဘယာကို အခြေခံပြီး သာသနာတွင်း ဝင်ရောက်လာမည့် သူများအတွက် လမ်းဖွင့်ပေးသော ဥပဒေကို အဘယ်ကြောင့် ဇွတ်အတင်းအကြပ်ကိုင် ပြဋ္ဌာန်းရန် ကြိုးစားနေသည်ကို နားမလည်နိုင်တော့ပါ။ ဘယ်လောက် ကြောက်မက်ဖွယ် ကောင်းသနည်း။ အမျိုးသားရေး အသိဖြင့် ကာကွယ်ရမည့် အန္တရာယ်ကို ဥပဒေဖြင့် ကာကွယ်စေသည့်အတွက် လူအများ၏ စိတ်ထဲတွင် 'ဒါဟာ ဥပဒေရဲ့ တာဝန်ပါ၊ ကိုယ်နဲ့ မဆိုင်ပါဘူး' ဟု ပေါ့လျော့လာကြပါမည်။ နောက်ပိုင်း တရားဘောင် ရင်ဆိုင်လျှင်လည်း လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှုဖြင့် အသားကျပြီးသော မြန်မာ့တရားစီ ရင်ရေးစနစ်၏ ချိန်ခွင်လျှာသည် မည်သည့်ဘက်သို့ လိုက်မည်ဟု ထင်ပါသနည်း။ သြော်..သူတို့က ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေပြီပဲ ယူဆပြီး မေ့မေ့လျော့လျော့နေသည့် တစ်နေ့ ဒုက္ခလှလှ ရောက်ကြဦးတော့မည်။ ထိုမျိုးစောင့် ဥပဒေကြောင့်ပင် ဗုဒ္ဓဘာသာ အတုအယောင် မှောင်ခိုဈေးကွက်ကြီး ပေါ်ပေါက်လာတော့မည်။ တရားတဘောင် ဖြစ်လာခဲ့ လျှင် ဗုဒ္ဓဘာသာ အမည်ခံ ဘာသာခြားများက အသိဥာဏ်နည်းသော ရဟန်းများကို ငွေလုံးနှင့် ပေါက်ပြီး  မိမိတို့သည် ဗုဒ္ဓဘာသာ စင်စစ်ဖြစ်ကြောင်း ထောက်ခံခိုင်းကြတော့မည်။ ဥပဒေသည် ပါးရည် နပ်ရည်ရှိသော ရှေ့နေများနှင့် ငွေကြေးချမ်းသာသူများ၏ လိုရာကိုသာ အများအားဖြင့် လိုက်ရသော ထုံးရှိပေသည်။ ဥပဒေမှ ဆုံးဖြတ်သမျှသည် မှန်ကန်သည်ဟု မည်သည့်အခါကမျှ မယူဆအပ်။ ဘာသာခြားများက ကိုယ်တိုင် တရားဝင်သားဖောက် သာသနာပြုရန် နည်းပေးလမ်းပြသဖွယ်ဖြစ်နေသော မျိုးစောင့် ဥပဒေကို မျိုးဖောက် ဥပဒေဟုသာ စွပ်စွဲ လိုပါသည်။
            လိုရင်း ပြန်ကောက်ပါမည်။ သင်သည် မည်သည့် ပုံပန်းဖြစ်နေပါစေ၊ မည်သည့်ဘာသာဝင် ဖြစ်ခဲ့ပါစေ၊ သင့်လက်ထဲတွင် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း သက်သေခံ လက်မှတ်ကလေး တစ်စောင် ရှိပါက မည်သည့် မြန်မာ့အမျိုးသမီးကိုမဆို (တရားဝင်)လက်ထပ်နိုင်ပါပြီ။ သင်တို့၏ မျိုးဆက်သွေးကိုလည်း မြန်မာ့မြေပေါ်တွင် တရားဝင်ပြန့်ပွားအောင် လုပ်ခွင့်ရပါတော့မည်။ သင်သည် အိမ်ထောင်ဦးစီး ဖြစ်နေသဖြင့်လည်း သင့်ဇနီးသည် သင့်အလို နောက်သို့ တစ်ချိန်မဟုတ်၊ တစ်ချိန်ပါမည် ဖြစ်သည်။ ထို အချိန်မှ တစ်အိမ်သားလုံး သင်တို့၏ မူရင်းဘာသာ သို့ ကူးပြောင်းနိုင်မည် မဟုတ်လော့။ ထိုကဲ့သို့ ကူးပြောင်းသဖြင့် မည်သည့် ဥပဒေကမျှ သင့်အား အရေးမယူနိုင်။ မြန်မာနိုင်ငံသည် လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည် မဟုတ်လော့။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ကဒ်ပြားကို အရယူကြလော့။ ဗုဒ္ဓဘာသာအဖြစ် ဟန်ဆောင်ကြလော့။ ကလေးများများ မွေးကြလော့။ ပြီးလျှင် တစ်အိမ်သားလုံး မူရင်း ဘာသာသို့ ပြောင်းလဲခြင်းဖြင့် သာသနာပြုကြလော့။ ထောင်မြင်သည့်အတွက် ရာကိုစွန့်ကြလော့။ ဇရပ်တန်ဆောင်း၊ ကျောင်းကန်အတွင်းဝယ် သင်တို့ ၏ ငွေကြေးအကူအညီ၊ အတွေ့အကြုံ အကူအညီတို့ဖြင့် လှည့်လည် စည်းရုံးကြလော့။ သင်တို့၏ လုပ်ရပ်သည် နောင်တချိန် ငါတို့သာသနာအတွက် အရင်းအနှီးအဖြစ်  ငါတို့ သတ်မှတ်မည်ဖြစ်ပြီး သင်တို့အားလည်း လျှို့ဝှက်စွာ ထောက်ပံ့နေမည် ဖြစ်သည်ဟုများ . . .တစ်ဘက်က ဗျူဟာ ချမှတ် လာလျှင် မည်သို့ ကာကွယ်ဦးမည်နည်း။ ဘုန်းကြီးတွေက ကောင်းမယ်လို့ ထင်လို့ လုပ်တာပဲဟု ကိုယ့်ခေါင်းကို အားမကိုးလိုသော ခပ်ညံ့ညံ့ လူစားများ အတွက် ယခုစာကို ရေးသားခြင်း မဟုတ်ပါ။ တွေးလိုသူ၊ ဆင်ခြင်လိုသူ၊ အမြော်အမြင် ရှိသူများ အတွက်သာ ရေးသားလိုက်ရပါကြောင်း။
Credit To The Light of Asia

Related Articles:

Post a Comment