Tuesday, July 16, 2013

ဖယ်ဒရယ်ပြည်ထောင်စုအတွက် ကယန်းပြည်သစ်ပါတီရဲ့သဘောထားတွေ လွှမ်းခဲ့တဲ့တော်ဝင်နှင်းဆီခန်းမ


ဖယ်ဒရယ်ပြည်ထောင်စုတည် ဆောက်ရေးနှင့် ကယန်းပြည်သစ် ပါတီ၏သဘောထားဆွေးနွေးပွဲကို ဇူလိုင် (၁၄) ရက် နေ့လည် (၁) နာရီတွင် ဗဟန်မြို့နယ်၊ ရွှေဂုံတိုင်  ရှိတော်ဝင်နှင်းဆီစားသောက်ဆိုင် တွင် နိုင်ငံရေးအကျဉ်းသားဟောင်း  များအဖွဲ့ကကြီးမှူးကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ကယန်ပြည် သစ်ပါတီမှဗိုလ်မှူးကြီးစောလွင် (ခ)ကိုဌေးအောင်က “ဖယ်ဒရယ်ရဲ့ အဓိပ္ပာယ်ကပေါင်းစည်းခြင်းဖြစ် ပါတယ်။ ဖယ်ဒရယ်စနစ်နဲ့ ပြည်နယ်များပေါင်းစည်းခြင်းပါ။ ပြည်ထောင်စုဆိုတဲ့စကားရပ်နဲ့ အဓိပ္ပာယ်တူဖြစ်ပါတယ်။ ဒါကြောင့်ဖယ်ဒရယ်ကိုခွဲထွက်ရေး လို့ပြောနေတဲ့ လူတွေဟာ ဖယ်ဒရယ်ကြောင့်မဟုတ်ဘဲ။ အာဏာလောဘကြောင့်ပြောနေ  ကြခြင်းဖြစ်ပါတယ်။ ဖယ်ဒရယ် ပြည်ထောင်စုဆိုတာပေါင်းစည်းမှု မှာ ပါဝင်တဲ့ပြည်နယ်တစ်ခုချင်းစီး  မှာ ပြည်နယ်အတွင်းကအရေးကိစ္စ မှန်သမျှကို လွတ်လပ်စွာစီမံအုပ် ချုပ်ခွင့် (ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်) အပြည့်အ၀ရရှိမှာဖြစ်ပါတယ်။ ပြည်ထောင်စုအစိုးရကတော့ ပြည်နယ်အားလုံးနဲ့ အကျုံးဝင်သက်  ဆိုင်တဲ့ပြည်တွင်းကိစ္စတွေနဲ့ နိုင်ငံ ခြားရေးကိစ္စတွေကိုပဲ စီမံခွင့်ဘဲ ရှိပါတယ်။ အဲဒီစနစ်ဟာဖယ်ဒရယ် ပြည်ထောင်စုအုပ်ချုပ်ပုံပဲဖြစ်ပါ တယ်”ဟုပြောကြားသည်။
“ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေဟာ   ၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှ သဘောတူလက်မှတ်ရေး ထိုးခဲ့တဲ့ပင်လုံစာချပ်အပိုဒ် (၅) မှာ တောင်တန်ဒေသတွေနဲ့ ဒေသ  အတွင်းအုပ်ချုပ်ရေးမှာကိုယ်ပိုင်  အုပ်ချုပ်ခွင့်အပြည့်ဝရရှိရေးကိုမူ အရ သဘောတူခဲ့တယ်လို့ဖော်ပြ ထားတာဟာ ဖယ်ဒရယ်ပြည်ထောင် စုတည်ဆောက်ရေးပဲဖြစ်တယ်။ ဒါ့အပြင်ပင်လုံစာချုပ်အပိုဒ် (၇) မှာ “တောင်တန်းဒေသကပြည်သူ တွေဟာ ဒီမိုကရေစီတိုင်းပြည်တွေ မှာ အခြေခံလူ့အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေအဖြစ်သတ်မှတ်ထား တဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်တွေကို ရရှိခံစားခွင့်ရှိရမယ်လို့သဘောတူ ခဲ့ကြပြီးဖြစ်ပါတယ်။ ဒါကြောင့် စစ်မှန်၍စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဟာပင်လုံသဘော တူညီချက်ကိုဖြောင့်ဖြောင့်ကြီးဆန့် ကျင်နေပါတယ်”ဟု ၎င်းကပင်ပြော သည်။
“တိုင်းပြုပြည်ပြုလွှတ်တော် ပထမညီလာခံကို (၁၉၄၇) ခုနှစ်၊  ဇွန် (၁၀) ရက်နေ့မှာ စတင်ကျင်းပ ခဲ့တယ်။ ဇွန်လ (၁၆) ရက်နေ့မှာ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲဖို့အချက် (၇) ချက်ပါတဲ့ လမ်းညွှန်အဆိုကို ဗိုလ်ချုပ် အောင်ဆန်းကတင်သွင်းခဲ့တယ်။ နောက်တစ်နေ့မှာ တိုင်းပြုပြည်ပြု လွှတ်တော်ကအတည်ပြုခဲ့တယ်။  ဇွန် ၁၇ ရက်နေ့မှာပဲ ဖာပွန်အမတ်  စောဝီရီကျော်ကမြန်မာပြည်ထောင် စုနိုင်ငံတော်ကိုအင်္ဂလိပ်ဘာသာဖြင့်Union of Burmaဟုဆိုထားကြောင်း  ပြည်ထောင်စုဆိုလျှင်Federal Union ဟုခေါ်ဆိုရင် အဓိပ္ပာယ်  ပေါ်ပေါက်မည်ဖြစ်ကြောင်း တင်ပြခဲ့ပါတယ်။ ဒီတင်ပြချက်ကို   အပေါ်ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ   ဥပဒေရေးဆွဲရာတွင် ဗမာစာမူကို  သာ အရင်းခံမူဖြစ်ထားရှိမည်ဟု ယူဆကြောင့် Authoritatative Version မှာ ဗမာလိုတင်သွင်းခဲ့ သည့်အတိုင်းဖြစ်ကြောင်း၊ ပြည်ထောင်စုနိုင်ငံတော်ဟုခေါ် တွင်သော စကားကိုသီးခြားထား ပြီးပြင်ဆင်နေစရာမလိုတော့ ကြောင်း၊ ပြည်ထောင်စုနိုင်ငံတော်  ဟုထင်ထင်ရှားရှားဆိုထားပြီးဖြစ် ကြောင်း ဖြေကြားခဲ့ပါတယ်။ အဲဒီလိုအချိန်မှာ ဗိုလ်ချုပ် အောင်ဆန်းဟာ လုပ်ကြံခံရလို့ ကျဆုံးခဲ့ရပါတယ်။ ဒီလိုကျဆုံးတဲ့ အချိန်မှာ လွတ်လပ်ရေးရဖို့အတွက်  အချိန်နီးကပ်နေပြီဖြစ်ပါတယ်။ ဒါကြောင့် ၁၉၄၇ နိုင်ငံတော်ဖွဲ့စည်း    အုပ်ချုပ်ပုံကိုအခြေခံဥပဒေကို အလျင်စလိုရေးဆွဲခဲ့ရပါတယ်။ ဒီလိုရေးဆွဲတဲ့အခါမှာ ဖယ်ဒရယ်  ပြည်ထောင်စုတည်ဆောက်ရေး ဆိုင်ရာပြဋ္ဌာန်းချက်တွေကျန်ရှိခဲ့ပါ  တယ်။ ဒါကို ဦးချန်ထွန်းကိုယ်တိုင်   တောင်ဝန်ခံထားပြီးဖြစ်ပါတယ်”ဟု  အဆိုပါပုဂ္ဂိုလ်ကထပ်မံပြောကြား ပါသည်။
“၁၉၄၇ ခုနှစ်နဲ့ ၂၀၀၈ ခုနှစ်   နိုင်ငံတော်ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေနှစ်ခုစလုံးဟာလည်း ပြည်ထောင်စု (Union) လို့သုံးနှုန်း ပြီး တစ်ပြည်ထောင်စုစနစ်ကို ကျင့်သုံးတဲ့ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေတွေဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စုဆိုတဲ့စကားရပ်ဟာ မြန်မာနိုင်ငံရေးလက်တွေ့မှာတော့  အတုယောင်ပြည်ထောင်စုလို့ အဓိပ္ပာယ်ထွက်နေပါတယ်။ စစ်မှန်သော ပြည်ထောင်စုဆိုတာ  ထင်ရှားအောင်ဖယ်ဒရယ် ပြည်ထောင်စုကိုသုံးနေရတာဖြစ် ပါတယ်။ ဖယ်ဒရယ်စနစ်မှာ ရှစ် ပြည်နယ်သာရှိရေးဒါမှဟုတ်လက်ရှိ   အတိုင်းပြည်နယ်ဆယ်လေးခုဆက် ထားရေးဆိုပြီး အသေဆုပ်ကိုင် ငြင်းခုံကြရင်တော့ အာဏာရှင် စနစ်တည်မြဲရေးကို သွယ်ဝိုက်ပြီး  အထောက်ကူပြုရာရောက်မယ်ဆို  တာကိုလည်း စဉ်စားဖို့လိုအပ် ပါတယ်။
ကျွန်တော်အနေနဲ့ ဒီအချက်  တွေကို အကောင်ထည်ဖော်ဖို့ အတွက်လက်ရှိ ၂၀၀၈ နိုင်ငံတော်  ဖွဲ့စည်ပုံအခြေခံဥပဒေကို စလယ် ဆုံးအကုန်လုံးနီးပါးပြင်ဆင်ရ မှာဖြစ်ပါတယ်ဟု”ဆိုပါသည်။

 Credit To Hot News Journal
မျိုးကျော်

Related Articles:

Post a Comment