Sunday, July 14, 2013

မြန်မာဂေါ့ဒ်ဖားသား


(ထားထားမြင့်၏ဆဲဗင်းဒေးသတင်းစာပါဆောင်းပါးဖြစ်သည်။ရှယ်ယာနိုင်ပါသည်။
သတင်းလင့်များစာသားကူးယူပြန်ဖော်ပြခြင်းခွင့်မပြုပါ)

မှန်အမဲများကာထားသော ဂျစ်ကားများ၊လက်နက်အပြည့်အ၀တပ်ဆင်ထားသော ယူနီဖောင်းဝတ်လက်နက်ကိုင်များက မြန်မာပြည်က တောနက်ကြီးတခုထဲတွင် အရေးကြီးသောပုဂိုလ်တယောက်ကို ကာကွယ်စောင့်ရှောက်မှုပေးနေသည်မှာ ဟောလီဝုဒ်က ကမ္ဘာကျော်မင်းသားမာလွန်ဘရန်ဒို သရုပ်ဆောင်သည့် ဂေါ့ဒ်ဖားသားရုပ်ရှင်အလား ထင်မှတ်ရပါသည်

ယခုကဲ့ သို့ကြီးမားသောအစောင့်အရှောက်များပေးပြီး စောင့်ရှောက်ရသူက မြန်မာပြည်ကနာမည်ကျော် စစ်ဗိုလ်ချုပ်ကြီးများမဟုတ်ပါ ။

အမေရိကန်အစိုးရက ဂေါ့ဒ်ဖားသားဟု နာမည်ပေးထားသည် ဘိန်းရာဇာ လောစစ်ဟန်ပင်ဖြစ်ပါသည်။

ဂေါဒ့်ဖာသားဟု အမည်တွင်ရအောင် ဘိန်းနှင့်မူးယစ်ဆေးဝါးရောင်းဝယ်မှုများနှင့် နာမည်ကြီးသူ ဘိန်းဘုရင်လောစစ်ဟန်က စနေနေ့ က အသက် ၈၀အရွယ်မှာ ရန်ကုန်မြို့  နေအိမ်မှာ ကွယ်လွန်သွားပါသည်။ သူ ကွယ်လွန်သွားသည့်သတင်းကို မြန်မာမှာသာမက ကမ္ဘာ့မီဒီယာများကပါ အရေးတယူဖော်ပြခဲ့ကြပါသည်။ အေပီသတင်းတွင် သူနှင့်အမျိုးတော်စပ်သူတဦးကို ကိုးကားပြီး လောစစ်ဟန်ကွယ်လွန်ကြောင်းဖော်ပြထားသော်လည်း ဘာကြောင့်ကွယ်လွန်ရသည်ကိုတော့ ဖော်ပြမထားပါ။

သို့ သော်လည်း လောစစ်ဟန်ကဲ့ သို့ ကမ္ဘာသိဘိန်းရာဇာတဦးက မြန်မာအစိုးရ၏ စောင့်ရှောက်မှုအောက်မှာ နေထိုင်ရင်းကွယ်လွန်သွားခဲ့ ခြင်းဖြစ်သည်။

လောစစ်ဟန်ကို ၁၉၃၅ ခုနှစ်မှာမွေးဖွားခဲံပြီး ကိုးကန့်လူမျိုးဖြစ်ပါသည်။ သူ၏ ဇနီးဖြစ်သူမှာ ကျန်ဇီဝန်ဖြစ်ပြီး ယူနန်နွယ်ဖွား တရုတ်နိုင်ငံသားဖြစ်ပါသည်။
ဦးနေ၀င်းအစိုးရလက်ထက်ကွန်မြူနစ်များကို တိုက်ထုတ်စဉ်က ပံပိုးကူညီမှုဖြင့် သူကဒေသခံ လက်နက်ကိုင်တပ်ဖွဲ့ ကိုတည်ထောင်ပြီး ဘိန်းကုန်ကူးသည့် လုပ်ငန်းကို စတင်ခဲ့ သည်ဟုဆိုသည်။ လောစစ်ဟန် က တရုတ်အဖြူ အမည်ရဘိန်းဖြူတံဆိပ်ကို ထုတ်လုပ်ခဲ့ ပြီး ၁၉၇၀ ၀န်းကျင်တွင် အာရှတိုက်ဘိန်းလုပ်ငန်းတွင် အရေးပါသောပုဂိုလ်တဦးဖြစ်လာခဲ့ သည်။ ၁၉၇၃ခုနှစ်သြဂုတ်လတွင် သူ့ ကိုထိုင်းနိုင်ငံက ဖမ်းဆီးခဲ့ပြီး ရှမ်းတောင်ပိုင်းတပ်မတော်နှင့် ပူးပေါင်းပတ်သတ်မှုကြောင့် 
သေဒဏ်ချမှတိခဲ့ သည်။ ၁၉၈၀ခုနှစ်တွင်မှု ကုလသမဂ္ဂအထွေထွေ ညီလာခံလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာခဲ့ ပါသည်။

၁၉၈၉ခုနှစ်တွင် လောစစ်ဟန်နှင့်ဝတပ်ဖွဲ့ က ဗမာပြည်ကွန်မြုနစ်ပါတီကိုဖယ်ရှားပြီး မြန်မာအစိုးရနှင့်ငြိမ်းချမ်းရေးယူခဲ့ရာ ထိုစဉ်က စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွန့် က စီးပွားရေးအထူးအခွင့်အလမ်းများပေးကာ ချီးမြှင့်မြှောကိစားခဲ့ ပါသည်။
သူ၏ဗဟိုဌာနချူပ်မှာ ရှမ်းပြည်နယ်လာရှိးမြို့ အနီး သံလွင်ရွာတွင်တည်ရှိပြီး ရုပ်ရှင်များထဲကလို ဘိန်းစိုက်သည့်လယ်သမားများ ၊လက်နက်ကိုင်အဖွဲ့ များ ၊ဘိန်းဖြူထုတ်လုပ်သည့်  ဓာတုဗေဒပညာရှင်များကြီးစိုးသည့်ရွာဖြစ်ပါသည်။ သူတို့ ကို ဖြေဖျော်ရန် ယူကရိန်းနိုင်ငံမှ ခုနှစ်လွှာချွတ်ကချေသည်များပင်ရှိသည်ဟု ဆိုပါသည်။
ရန်ကုန်မှာလည်းလောစစ်ဟန်က ကျင်း၁၆ကျင်းပါသော ရန်ကုန်မြို့ တော်ဂေါက်ကွင်းနှင့် နီးစပ်နေသောမစိုးရိမ်ကန်ရိပ်သာဝလမ်းတွင် အစောင့်အရှောက်အပြည့်နှင့်နေသည်ဟု ခန့်ညားထယ်ဝါစွာနေသည်ဟု ပြောကြလေ့ရှိသည်။

၁၉၉၂ခုနှစ်တွင် သူက အာရှဝေါလ် ကုမ္ပဏီကိုတည်ထောင်ခဲ့ ပါသည်။ သူ၏ သားဖြစ်သူ စတီဗင်လောခေါ် ဦးထွန်းမြင့်နိုင်က ကုမ္ပဏီကို ဦးဆောင်လှုပ်ရှားခဲ့ပြီး သူတို့ ကုမ္ပဏီက အမေရိကန် ဒေါ်လာသန်းပေါင်းများစွာ တန်ဖိုးရှိသည့် ဆောက်လုပ်ရေးနှင့် စွမ်းအင်လုပ်ငန်းလုပ်ကိုင်ခွင့်များကို မြန်မာအစိုးရထံကရရှိခဲ့ သည်။ ဦးထွန်းမြင့်နိုင်က စင်ကာပူနိုင်ငံသူ စီစီလျာ နောင်နှင့် ၁၉၉၆ခုနှစ်တွင် လက်ထပ်ခဲ့ သည်။ သူတို့ ၏မင်္ဂလာပွဲမှာ အကြီးကျယ်အခမ်းနားဆုံးမင်္ဂလာဆောင်ဖြစ်ပြီး စင်ကာပူမှ လုပ်ငန်းရှင်များက စင်းလုံးငှားလေယာဉ်နှစ်စီးဖြင့် မင်္ဂလာဆောင်ကို လာခဲ့ ကြသည်ဟုဆိုပါသည်။

၂၀၀၈ခုနှစ်မြန်မာပြည်နာဂစ်မုန်တိုင်းသင့်အပြီးတွင် အမေရိကန်အစိုးရက လောစစ်ဟန်၊သားဖြစ်သူ ဦးထွန်းမြင့်နိုင်နှင့် ချွေးမဖြစ်သူတို့ လုပ်ကိုင်နေကြသည့် စင်ကာပူက ကုမ္ပဏီ ၁၀ခုကို စီးပွားရေးပိတ်ဆို့ အရေးယူမှု အမည်ပျက်စာရင်း သွင်းခဲ့ပါသည်။ လောစစ်ဟန်၏ အမေရိကန်ပြည်ဝင်ခွင့်ဗီဇာတောင်းခံမှုကိုလည်းငြင်းပယ်ခဲ့ ပါသည်။
‘သူတို့ ပိုင်ဆိုင်မှူတွေက တခြားနိုင်ငံတွေမှာရှိတယ်။ အဘိုးကြီးက မူးယစ်ဆေးဝါးနဲ့ ငွေရှာပြီး သားသမီးတွေက အဲဒိငွေတွေကို စီမံခန့် ခွဲနေကြတယ်’ဟုအမေရိကန်နိုင်ငံခြားရေးဌာနမှအရာရှိတဥိးကပြောကြားခဲ့သည်။

မည်သို့ ပင်ဖြစ်စေ လောစစ်ဟန် ပိုင်ဆိုင်သည့်အာရှဝေါကုမ္ပဏီက မြန်မာပြည်က ပို့ ကုန် ၉၀ရာခိုင်နှုန်းကို အတင်အချလုပ်နေသည့် အာရှဝေါဆိပ်ကမ်းကို လည်း ပိုင်ဆိုင်ထားပါသည်။


လောစစ်ဟန်က မြန်မာစစ်အစိုးရခေါင်းဆောင်များနှင့်လည်းရင်းနှီ့ပြီး ၂၀၀၆ခုနှစ်က ဗိုလ်ချုပ်မှုးကြီးသန်းရွေသမီးမင်္ဂလာဆောင်ကိုလည်း ၀ိုင်းဝန်းပံပိုးခဲ့သူတဦးဟု Observer စာစောင်က သတင်းရေးသားထားပါသည်။ သားဖြစ်သူ ဦးထွန်းမြင့်နိုင်ကလည်းဗိုလ်ချုပ်မူးကြီးသန်းရွှေ တရုတ်နိုင်ငံခရီးစဉ်တွင် လိုက်ပါခွင့်ရခဲ့သူဖြစ်သည်။

ထို့ အပြင် အာရှဝေါလ်ကုမ္ပဏီမှာ မြန်မာနိုင်ငံကအစိုးရနှင့်ပတ်သတ်နေသည့် မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်း၊ ကျောက်ဖြူတရုတ်ရေနံပိုက်လိုင်းစသည့် စီမံကိန်းများတွင် ပါဝင်ဆောင်ရွက်လုပ်ကိုင်လျှက်ရှိသည်။

လောစစ်ဟန်၏ ငွေကြေးများကို ငွေဖြူဖြစ်အောင်ခ၀ါချပေးနေသည် ဆိုသော ကုမ္ပဏီနှစ်ခုမှာ တခြားနာမည်ဖြင့် စင်ကာပူနိုင်ငံ Shenton House အဆောက်အအုံ၏ ဆယ်ထပ်တွင်ရုံးခန်းဖွင့်လှစ်ထားသည်ဟုသိရသည်။ လောစစ်ဟန်၏ အခြားသားများက ထိုင်း၊စကာင်္ပူနှင့် ထိုင်ဝမ်နိုင်ငံများမှာ လုပ်ငန်းများ လုပ်ကိုင်လျှက်ရှိသော်လည်း စတီဗင်လောခေါ်ဦးထွန်းမြင့်နိုင်က လောစစ်ဟန် အားအကိုးရဆုံးသားတဦးဖြစ်သည်ဟု မိသားစုနှင့်ရင်းနှီးသူများက ပြောဆိုကြလေ့ရှိပါသည်။
မြန်မာအစိုးရနှင့် စင်ကာပူဝန်ကြီးများကမှု လောစစ်ဟန်နှင့်အာရှဝေါလ်ကုမ္ပဏီ၏ လုပ်ဆောင်မှုများအတွက် လူသိရှင်ကြားကျေးဇူးတင်ကြောင်းပြောကြားခဲ့ပါသည်

‘သူရဲ့ ပံပိုးမှုသာမရှိဘူးဆိုရင် မြန်မာပြည်မှာ လာရောက်လုပ်ကိုင်တဲ့ စင်ကာပူလုပ်ငန်းရှင် အနည်းအပါးဘဲရှိလိမ့်မယ်’ဟု မြန်မာအစိုးရ၀န်ကြီးများက ပြောကြားခဲ့ သည်။

ထိုသို့ အမည်သတင်းကျော်ကြားသူ မြန်မာပြည်၏ ဂေါ့ဒ်ဖားသားက အခုအချိန်မှာ ငြိမ်းချမ်းစွာ အိပ်စက်အနားယူသွားပါပြီ။

ထားထားမြင့် ( ကိုးကား အေပီ၊ The Observer, Asia Week ဆောင်းပါးများ)

Related Articles:

Post a Comment