Tuesday, July 16, 2013

ဘင်္ဂါလီဟာ ဘင်္ဂါလီပဲ ရိုဟင်ဂျာ မဖြစ်နိုင်ဘူး


ကုလသမဂ္ဂအတွင်းရေးမှူး ဘန်ကီမွန်းက ဇူလိုင်လ ၁၀ ရက် တွင် ဘင်္ဂါလီလူမျိုးများကို ရိုဟင် ဂျာဟု သုံးနှုန်းပြီး နိုင်ငံသားဖြစ် ခွင့်ပေးရန် ပြောကြားချက်ကို ဦးသာဗန် (ရခိုင်ဒီမိုကရေစီအဖွဲ့ ချုပ် (ဒုယက)) က ဘင်္ဂါလီသည် ဘင်္ဂါလီသာဖြစ်ပြီး ရိုဟင်ဂျာဖြစ် မလာနိုင်ကြောင်း တုံ့ပြန်ပြော ကြားလိုက်ပါသည်။
““ကျွန်တော်အနေနဲ့ ဘင်္ဂါလီ ကို အသိအမှတ်ပြုတာ လက်ခံ တယ်။ ရိုဟင်ဂျာကို အသိအမှတ် ပြုတာကို လက်မခံဘူး။ ဒါဟာ လုပ်ဇာတ်ပဲလို့ပြောချင်တယ်။ ဒီ ဘင်္ဂါလီတွေဟာ မြန်မာပြည် လွတ်လပ်ရေးမရခင်ကတည်းက မောင်တော၊ ဘူးသီးတောင်နဲ့ ရသေ့တောင်နယ်မြေတွေကို အရှေ့ပါကစ္စတန်ထဲမှာထည့်သွင်း ရမယ်ဆိုပြီး အရှေ့ပါကစ္စတန် ခေါင်းဆောင် အလီဂျန်နားကို သွားတွေ့ပြီး ပြောကြတယ်။ ဒါ ပေမဲ့ အလီဂျန်နားက လက်မခံခဲ့ ဘူး။ ဒါဟာ ဗမာပိုင်နက်၊ ဗမာ တွေပဲအုပ်စိုးရမယ်လို့ပြောခဲ့တယ်။  အမှန်က ဘင်္ဂါလီတွေဟာ ရခိုင် မျိုးနွယ်နဲ့ ဘာမှမဆိုင်ဘူး။ ဗမာ ပြည်ကို ပထမအင်္ဂလိပ်မြန်မာ စစ်ပွဲပြီးတော့ ဗမာပြည်ကိုသိမ်းယူ ခဲ့တယ်။ အဲဒီအချိန်မှာ လယ်ယာ မြေတွေမှာ လုပ်ကိုင်ဖို့အတွက် ဒီ ဘင်္ဂါလီတွေကို ဘင်္ဂလားနယ်ထဲ ကနေ ခေါ်လာခဲ့တာ၊ ဗမာပြည် မှာ အလုပ်လုပ်ခိုင်းခဲ့တာပဲ။ သူတို့ က ယာယီလာလုပ်တာ။ သူတို့ ဟာနိုင်ငံခြားသားပဲ။ ဘင်္ဂါလီတွေ ဟာ တိုင်းရင်းသားမဟုတ်ဘူး။ ဘင်္ဂါလီလို့သူတို့လူမျိုးကိုခေါ်တာ အသိအမှတ်ပြုတယ်။ ဘင်္ဂါလီ တွေနဲ့ ပတ်သက်လို့ ဖွဲ့စည်းပုံ (၄၇) မှာရော (၇၄) မှာရော နောက်ဆုံး ၂၀၀၈ မှာရော အဲဒါ တွေပါထားတာပဲ။ နောက်ဆုံး လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဌာနမှာ တိကျပြတ်သား တဲ့ ဥပဒေတွေရှိတာပဲ။ အထူး သဖြင့် ၁၉၈၂ ခုနှစ် ဥပဒေဟာ ဒီလူတွေအတွက် ပိုင်းခြားထားတဲ့ ဥပဒေပဲ။ ဘင်္ဂါလီအဖြစ် လက်ခံ တာကလည်းဘိုးစဉ်ဘောင်ဆက် နေလာကြလို့ လက်ခံတာ။ လွတ် လပ်ရေးမရခင်ကတည်းက သူတို့ ဟာ မူဂျာဟစ်ဆိုပြီး တော်လှန် ကြတာပဲ။ သူတို့ရဲ့ရည်ရွယ်ချက် က ပါကစ္စတန်နဲ့ ပေါင်းဖို့ပဲ။ ပါကစ္စတန်နဲ့ ပေါင်းစည်းရေးပဲ။ သူတို့တွေဟာအဲဒီတုန်းကအဓိက ကြွေးကြော်ခဲ့တာ “ပါကစ္စတန် အဓွန့်ရှည်ပါစေ”လို့ ကြွေးကြော်ခဲ့ ကြတာ။မူဂျာဟစ်ကိုမြန်မာအစိုးရ  အနေနဲ့ အများကြီးခုခံတိုက်ခိုက် ခဲ့ရတယ်။ ၁၉၅၈ မှာတော့ ဒီလူ တွေလက်နက်ချလာခဲ့တယ်။ အဲဒီမတိုင်ခင်မှာ သူတို့ကို သူတို့ ရိုဟင်ဂျာလို့ကြွေးကြော်ခဲ့ကြတယ်။ ဒီဘင်္ဂါလီတွေဟာ မူဂျာဟစ်လို့ ပြောင်းတယ်။ မူဂျာဟစ်ကနေ ရိုဟင်ဂျာလို့ ကြွေးကြော်ကြတာ။ ဒါတွေဟာ မတရားတဲ့ လုပ်ရပ်ပဲ။ သမိုင်းမှာမရှိတာကို လုပ်တာပဲ။ သမိုင်းအစဉ်အလာကို ပြန်ကြည့် ကြပါ။မြန်မာ့သမိုင်း၊ ရခိုင်သမိုင်း၊ ကမ္ဘာ့သမိုင်းမှာ ရိုဟင်ဂျာဆိုတာ မှ မရှိပဲ။ ဒါဟာလုပ်ကြံတဲ့ ဇာတ် လမ်းပဲ။ရိုဟင်ဂျာကိုလုံးဝလက်မခံ ဘူး။ ဘန်ကီမွန်းက နိုင်ငံတကာ ခေါင်းဆောင်လုပ်ပြီးတော့ စာ များများ မဖတ်တော့ မသိတာပဲ လို့ ပြောချင်တယ်။ ဟုတ်တယ် လေ သူစာမှမဖတ်ပဲ။ နိုင်ငံ တကာခေါင်းဆောင်ဖြစ်နေတာက ဖြစ်နေတာပဲ။ မြန်မာ့အရေးကို ဂဃနဏသိရင် ရိုဟင်ဂျာလို့ ဘယ်ပြောမလဲ။ သူပြောသင့်တာ က ဘင်္ဂါလီကို ဘင်္ဂါလီလို့ပဲ ပြော သင့်တယ်”” ဟု အဆိုပါ ပုဂ္ဂိုလ်က တုံ့ပြန်ပြောကြားပါသည်။

မျိုးကျော်
Credit To Hot News Journal

Related Articles:

Post a Comment