Monday, July 15, 2013

လက်နက်ခဲယမ်းများနှင့် စိတ်ကြွရူး သွပ်ဆေးပြားများအပြန်အလှန်ပစ်ခတ် ဖမ်းဆီးရမိ


ကရင်ပြည်နယ်၊ ဘားအံမြို့ နယ်၊ ထုံးအိုင်ကျေးရွာအုပ်စုရွှေ တောကျေးရွာအနီးကားလမ်းဘေး ရှိကားဂိုဒေါင်အတွင်းနှင့် တဲအိမ် တစ်လုံးအတွင်းမှM-16 မောင်း ပြန်ရိုင်ဖယ်နှင့်လည်းကောင်းကျည် များ၊M-22 မောင်းပြန်ရိုင်ဖယ် (ခေါက်ဒင်)နှင့်လည်းကောင်းကျည်  များ၊ အမေရိကန်လုပ်M-57 လက် ပစ်ဗုံး (ဖျူးပါ) တစ်လုံးနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီး ရမိကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ၈.၇.၂၀၁၃ ရက် ည ၇ နာရီခွဲအချိန်တွင် ကရင်  ပြည်နယ်၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားချက်အရ ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှုခင်းအကူဌာနစုမှ ရဲအုပ်  အောင်ထူးဦးစီးအဖွဲ့သည်မူးယစ်  ဆေးဝါးသတင်းအရ သက်သေ များနှင့်အတူ ဘားအံ-ဇာသပြင် လမ်း၊ ရွှေတောကျေးရွာအနီး၊ ကားလမ်းမဘေးရှိကားဂိုဒေါင် အတွင်းရှာဖွေကြရာဝင်းမောင် (၅၂) နှစ် ဈေးရောင်၊ ရွှေတော ကျေးရွာနေသူလွယ်ထားသော လွတ်အိတ်အတွင်းWY့ စာတန်း ပါပန်းရောင်စိတ်ကြွရူးသွပ်  ဆေးပြား (၅၈)ပြား၊ အလေးချိန် ၅.၈ ဂရမ်၊ ဒေသတန်ဖိုး ၁၉၁ ၄၀၀ ကျပ်အား စတင်ရှာဖွေတွေ့ ရှိကြောင်း သိရသည်။
ဆက်လက်ပြီး ကားလမ်းမတစ်  ဖက်ရှိတဲအိမ်တစ်လုံးအတွင်း ၀င်ရောက်ရှာဖွေစဉ်စောလူဒိတ် (၄၁) နှစ် (ဘ) ဦးလင်းရွှေ၊ ရွှေတော  ကျေးရွာနေသူက M-22 သေနတ်  ဖြင့် သုံးချက်စတင်ပစ်ခတ်ခုခံရာ  ရဲအုပ်အောင်ထူးနှင့် အဖွဲ့က M-22 သေနတ်ဖြင့် နှစ်ချက်ပြန်လည်  ပစ်ခတ်ကာလုံးထွေးဖမ်းဆီးခဲ့ရ သည်ဟုဆို၏။
စောလူဒိတ်ကို ဖမ်းဆီးရမိ ပြီး ၎င်း၏ခန္ဓာကိုယ်၌ ရှားဖွေရာ လွယ်ထားသေား ခါးပတ်အိတ် အတွင်းမှ WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၄၈ ပြား၊ အလေးချိန် ၄.၈ ဂရမ်၊ ဒေသ တန်ဖိုး ၁၅၈၄၀၀ ကျပ်ကို ဖမ်းဆီး ရမိကြောင်း ၎င်းတဲအိမ်အတွင်း ဆက်လက်ရှာဖွေရာ M-16 မောင်း  ပြန်ရိုင်ဖယ်တစ်လက် ၅.၅၆ ကျည်  ၂၀ တောင့်M-16 ကျည်အိမ် အရှည် ၁ ခု၊ စောလူဒိတ်ကိုင် ဆောင်သော M-22 မောင်းပြန် ရိုင်ဖယ် (ခေါက်ဒင်) ၁ လက်၊ M-22ကျည်အိမ်အရှည် ၁ ခု၊ ၇.၆၂x၃၉ ကျည် ၁၁တောင့်၊ ဒဿမ ၃၀ ကာဘိုင်ကျည် ၂၉ တောင့်၊ အမေရိကန်လုပ် M-57 လက်ပစ်ဗုံး (ဖျူးပါ) ၁ လုံး၊ လက်ကိုင်ဖုန်း ၁ လုံးတို့ကို ဆက်လက်သိမ်းဆည်းရမိကြောင်း သိရသည်။
အခင်းဖြစ်ပွားရာနေ့ရာ၌ မူးယစ်ဆေးဝါးသုံးစွဲရန်ရောက်ရှိ သူစနေဒင် (၁) စိုးစိုး၊ (၃၀) နှစ်၊ (ဘ) ဦးစမန်းဒေး၊ ရွှေတောကျေး ရွာနေသူကို ထပ်မံဖမ်းဆီးရမိ ပြီး မူးယစ်ဆေးဝါးရောင်းဝယ်ရာ တွင် အသုံးပြုသော ၄၈/၆၁၀၈ တပ်ဆင်ထားသောမာတီအိတ် (ခဲ/ စိမ်းရောင်) အမျိုးအစား (အနီရောင်)ဆိုင်ကယ် ၁ စီး၊ နံပတ်မပါဝေ့ဗ် ၁၁၀ အမျိုးအစား  (ခဲ/မည်းရောင်) ဆိုင်ကယ် ၁စီးနှင့် ၂ ယ/ ၅၆၈၄၂ နံပါတ်တပ်ဆင် ထားသော ဒရင်း ၁၂၅ အမျိုးအစား  (ကျောက်စိမ်းရောင်) ဆိုင်ကယ်  တစ်စီးတို့ကိုလည်း ထပ်မံသိမ်း ဆည်းရမိကြောင်း သတင်းရရှိ သည်။
ဖမ်းဆီးရမိသူ (၃) ဦး၏ စစ်ဆေးပေါ်ပေါက်ချက်အရ ရွှေတောကျေးရွာနေပေါက်ကျိုး  နှင့် စောထူးဝိတိုးထံတွင်လည်း တရားမ၀င်လက်နက်ခဲယမ်းများ ရှိနေသေးကြောင်း သိရသဖြင့် ၉.၇.၂၀၁၃ ရက်နေ့ နံနက် (၂) နာရီအချိန်၊ မှုခင်းအကူဌာနစုမှ ရဲအုပ်အောင်ထူးဦးစီးအဖွဲ့၊ ထုံး အိုင်နယ်မြေရဲစခန်းမှူးရဲအုပ်ဇော်ဝင်း  ဦးစီးအဖွဲ့တို့သည်သက်သေများ  နှင့် အတူ ရွှေတောကျေးရွာသို့ သွားရောက်ကာ ပေါက်ကျိုင်း (၅၈) နှစ်၊ (ဘ) ဦးပုလဲစိန်၊ စောထူးဝိ (၃၄) နှစ်၊ (ဘ) ဦးကျော်ဥိးတို့နေအိမ်များနှင့် ဆက်စပ်နေရာများအား ထပ်မံရှာ ဖွေခဲ့ကြကြောင်း သိရသည်။
ယင်းသို့ရှာဖွေရာပေါက်ကျိုင်း  နေအိမ်မှ ၉၁ လက်ပစ်ဗုံး (ဖျူးပါ) ၁ လုံး၊း စောထူးဝိခြံဝင်းကောက် ရိုးပုံအတွင်းမှ ကာဘိုင် ၁လက်၊ ဒဿမ ၃၀ ကျည် ၁၁ တောင့်၊ နေအိမ်အပေါ်ထပ်မှS M 22ကျည်  ၁၀၅ တောင့်၊ ကျည်အိမ် ၂ခု၊M 16 ကျည် ၁၀၉ တောင့်၊ ကျည်အိမ် ၁ ခု၊ ကာဘိုင်ကျည် ၁၂ တောင့်၊ ကျည်အိမ်အတို ၂ ခု၊ အရှည် ၁ ခုတို့ကို ရှာဖွေတွေ့ရှိကြောင်း သတင်းရရှိသည်။
ဝင်းမောင် (ပါ) ငါးဦးတို့ကို  မယ (ပ) ၁/၂၀၁၃၊ မူးယစ်ဆေး ၀ါးနှင့် စိတ်ကိုပြောင်းလဲစေသော  ဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၅/ခင် (ဂ)၊ ၂၀ (က)/၂၁ အရ လည်းကောင်း၊ (ပ) ၁၃/၂၀၁၃ လက်နက်ယာယီပြင်ဆင်ချက် ဥပဒေပုဒ်မ ၁၆ (က) အရလည်း ကောင်းအသီးသီးအမှုဖွင့်အရေး ယူဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှသတင်းရရှိ သည်။
Credit To Hot New Journal 

ပွင့်ဆန်း

Related Articles:

Post a Comment