Wednesday, June 19, 2013

“ လူ့အခွင့်အရေးဟု ပြောနေကြသော လေနဲ့ ဝမ်းနဲ့ မကွဲသူများသို့ ”



လေနဲ့  ၀မ်း နဲ့  မကွဲသူများသို့  ခေါင်းစဉ်လှလှလေးဖြင့် ...ဆေးဆရာ ကျွန်တော် မောင်ဘစည်မှ ရှာဖွေတွေ့ ရှိသည်များကို Ko Nyi မှ တစ်ဆင့် တင်ပြရလျှင်.....

မြန်မာနိုင်ငံ၌ နိုင်ငံရေးခေါင်းဆောင် အချို. သဲသဲကွဲကွဲနားမလည်သေးသော အချက် မှာ နိုင်ငံတကာစံနှုန်းများ ၊လူ.အခွင်.အရေးစံချိန်စံညွှန်းများ ကသတ်သတ် ၊ မိမိနိုင်ငံ၏အမျိုးသားအကျိုးစီးပွားကသပ်သပ် ဖြစ်သည် ဆိုသောအချက်ဖြစ်သည်။

တနည်းအားဖြင်. လူ.အခွင်.အရေး ( Human Right ) နှင်. အမျိုးသားအကျိုးစီးပွား ( National Interest ) ကို လေနှင်.၀မ်းမကွဲခြင်းဖြစ် သည် ။ မသိလို.တော.မဟုတ် ။ ပမာဒ လေခသည် ဟုပဲဆိုပါရစေတော. ။ လူ.အခွင်.အရေးသည်လူသားအားလုံးအတွက်ကောင်းသည်ဆိုသော်လည်း ကိုယ့်နိုင်ငံ၏အခြေအနေကိုလိုက်၍ အတိုးအလျော.ရှိရပေလိမ်.မည် ။ ကိုယ်.နိုင်ငံ အကျိုးရှိဖို. ပထမ ၊ လူ.အခွင်.အရေးကဒုတိယ ဖြစ်ရပေလိမ်. မည် ။ အားလုံးသောနိုင်ငံများကလည်း ဤ အတိုင်းလိုက်နာ ကျင်.ကြံနေကြ သည်သာဖြစ်သည် ။

ဥပမာအားဖြင်... လူတစ်ယောက်ကိုကြိမ်ဒဏ်ပေးခြင်းသည် လူ.ဂုဏ်သိက္ခာ ကို ထိခိုက်စေသဖြင်. လူ.အခွင်.အရေးနှင်.မညီသော်လည်း စင်္ကာပူနိုင်ငံသည် သူ.နိုင်ငံသားများအကျိုးစီးပွားအတွက် လိုအပ်လာလျင် ကြိမ်ဒဏ်ကို မျက်နှာကြီးငယ်မရွေးပဲ ပြစ်ဒဏ်ခတ်လေ.ရှိသည် ။ ထင်ရှားသောသာဓကအဖြစ် အမေရိကန်သမ္မတကြီး နှင်. တစ်ကမ္ဘာလုံးမှ ၀ိုင်းဝန်းတောင်းပန်နေသည့်ကြားမှ အမေရိကန်နိုင်ငံသားမိုက်ကယ်ဖိန်းအား အများပြည်သူပိုင်ပစ္စည်း ကို မှုတ်ဆေးဘူးများဖျန်းပက်.ဖျက်ဆီးမှုဖြင်. ကြိမ်ဒဏ်သုံးချက်အပြစ်ပေးခဲ.လေသည် ။ တင်းကြပ်လွန်းသောဥပဒေသည် အမေရိကန်သော ၊ နိုင်ငံသားသော ၊ လူ.အခွင်.အရေးသော ၊ ဘာသော ညာသော ရွေးမနေ ၊ မှတ်လောက်အောင်ခပ်ဆပ်ဆပ်ဆော်လိုက်သည် ။

ထိုအချိန်မှစကာစကာင်္ပူဥပဒေကိုသွေးတိုးစမ်းရဲသောနိုင်ငံခြားသားများမရှိတော. ။ အမျိုးသားအကျိုးစီးပွားဘက် ကပြတ်ပြတ်သားသား ရပ်တည် လိုက်ခြင်းဖြစ် သည် ။ လီကွမ်ယု ၊ ဂိုချောက်တောင် တို.သည် ပညာတတ် များဖြစ်သဖြင်. လူ.အခွင်.အရေး ဟာဘာလဲဆိုတာ မသိပဲနေမည်မဟုတ် ၊ သို.သော် ကမ္ဘာပေါ်၌ လူ.အခွင်.အရေးတစ်ခုတည်းသာ ရှိသည်မဟုတ် ၊ နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားလဲရှိသေးသည်ဆိုတာ ထိုနိုင်ငံမှ ခေါင်းဆောင်များ လေနှင်.၀မ်းကွဲ ကြသလို မြန်မာနိုင်ငံမှ နိုင်ငံရေးခေါင်းဆောင် များ ကွဲပြားကြဖို.မျှော်လင်.ပါသည် ။

ယခုတော.ထစ်ကနဲရှိနိုင်ငံတကာစံနှုန်းဆိုသော လက်ကိုင်တုတ်ကြီးဖြင်. ထထထုနေသည်မှာ ဆိုးရွားလွန်းသည် ။ လုပ်ခလစာ ၊အလုပ်ချိန် ၊ အလုပ်သမားအခွင်.အရေး ၊ ပင်စင်လစာ ၊ အလုပ်လက်မဲ.ခံစားခွင်. ၊ လူမှုဖူလုံရေး ၊ တရားစီရင်မှု ၊ အခွန်စနစ်တို.တွင်ရော နိုင်ငံတကာ စံနှုန်းများအတိုင်း မြန်မာနိုင်ငံသားများရနေပါပြီလားဆိုတာတော. ပုဂ္ဂိုလ်များ တုပ်တုပ်မှမလှုပ်ကြပေ ။ ရေနစ်နေသောလူကို မကယ်ပဲ အင်္ကျီတွေရေစို ကုန်ပါပြီ ဟုထိုင်အော်နေကြသည်နှင်.တူလှပါသည် ။

အမေရိကန်နိုင်ငံသည်ပင် အကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက် နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်များကို Facebook ၊ Google စသည်တို.မှ သက်ဆိုင်ရာကာယကံရှင်များကိုအသိမပေးပဲ စုံစမ်းရယူခဲ .ကြောင်းဝေဖန်သံတို.ကျွက်ကျွက်ညံနေပါသည် ။

ထိုအကြောင်းများကိုဖော်ကောင်လုပ်သော အက်ဒ၀ပ်စနိုးဒင်း ကိုပင်လျင် ဗြိတိန်နှင်.အမေရိကန်နိုင်ငံတို.က ဖမ်းမည်ဆီးမည်တကဲကဲဖြစ်နေသဖြင်.ဟောင်ကောင်တွင် ပုန်းခိုနေရပါသည် ။

လူတိုင်းသည်လွတ်လပ်စွာပြောဆိုခွင်.ရှိသည်ဆိုသော အမေရိကန်နိုင်ငံသည် CIA လျှို.၀ှက်မှတ်တမ်းများကိုပြည်သူလူထုသိအောင်ဖွင်.ချခဲ.သူ ၀ီကီလိခ် ၀က်ဆိုက်တည်ထောင်သူ ဂျူလီယန်အဆန် ကို ဖမ်းဆီး ဖို. ဗြိတိန်နှင် .ပေါင်းကာလုပ်ဆောင်နေသဖြင်. ဂျူလီယန်အဆန်မှာ လန်ဒန်ရှိ ဗင်နီဇွဲလား သံရုံးတွင်ခိုလှုံနေရပါသည် ။ နိုင်ငံတော်အကျိုးစီးပွားဖြစ်လာသောအခါ Freedom of speech ဆိုသည်.လူ.အခွင်.အရေးကိုတောင် အမေရိကန်သော် မှတရားသေဆုပ်ကိုင်မထားပါ ။

-----------------------------------------------
ွှအဲတော့ အရာရာတိုင်းကို ကျွန်တော်တို့ နိုင်ငံ အမျိုးသားအကျိုးစီးပွား Point ကနေ အမြဲရပ်တည်ဖို့  ၊ အမြဲစဉ်းစားဖို့  ၊ ကျွန်တော် ပြောတာ လွန်ပါသလား ....သူငယ်ချင်းတို့ ..။

တစ်ခါတစ်ခါ အမေ ကို ဒီခံစားချက်တွေကို အခြေခံပြီး ဘောက်ဆတ် ဆတ်ပြောဆိုမိခဲ့တာ ဒါကြောင့်ပါ...တွေ့ တုန်း ရင်ဖွင့်လိုက်တာပါ..။
ဒီလို ပြော လို့  ကျွန်တော့်ကို လူဆိုးလို့  ပြောဆိုကြလဲ ခံယူပါမယ်..။
အမေသား မောင်လူဆိုးပေါ့ဗျာ..။

ဘာဖြစ်သေးလဲ...ဒါပေမယ့် ကျွန်တော် လူမိုက်မဟုတ်ဘူးဆိုတာတော့ သေချာတယ်..။

အားလုံး နားလည်ခွင့်လွှတ်နိုင်ကြပါစေ....

Credit To ဘစည်(စင်ကာပူ)

Related Articles:

Post a Comment