သမ္မတ ဦးသိန်းစိန် အနေနဲ့ ဒီဇင်ဘာ ၂၆ ရက်နေ့ နေပြည်တော်မှာ ဌာနဆိုင်ရာ အုပ်ချုပ်မှု
နဲ့ ဆိုင်တဲ့ မိန့်ခွန်းပြောကြားရာမှာ သူတို့ အစိုးရရဲ့ အချို့ နေရာ ဒေသ
ဌာနတွေမှာ အစိုးရ အောက်ခြေ၀န်ထမ်းတွေဟာ လူထု နဲ့ ဆန့် ကျင်ပြီး အဂတိ
လိုက်စား၊ လဒ်ပေး လဒ် ယူတာတွေ ရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။
အားလုံးသိပြီးသားကို မြန်မာအစိုးရ အကြီးအကဲ တာဝန်ရှိသူ တစ်ယောက်အနေနဲ့ ပထမ ဆုံး ပရိသတ်ရှေ့ ၀န်ခံလိုက်ခြင်းလည်း ဖြစ်ပါတယ်။
မိန့်ခွန်း နားထောင်ရတာတော့ ဘုရားတရားနာရသလိုပဲ နားထောင်လို့ကောင်းပါတယ်။
ဒါပေမယ့် နိုင်ငံရေး ဆိုတာ ဘာသာတရား လိုက်နာသလိုမျိုး နောက်ဘ၀ အကျိုးဆက်နဲ့
ကုသိုလ်ကံ အကြောင်း မပါတော့၊ လူတွေ အနေနဲ့ မိန့်ခွန်း တခု ကို
ဘုရားတရားလို လိုက်နာဖို့ မလွယ်ပါ။ နိုင်ငံရေး မှာ စနစ် ကသာ အဓိက
အလုပ်လုပ်တာပါ။ ပိုဆိုးတာက မိန့်ခွန်းပြောနေတဲ့ လူပုဂ္ဂိုလ် ကိုယ်တိုင်
ပြည်သူ နဲ့ အောက်ခြေ၀န်ထမ်းတွေ အမှန်အကန် ရွေးချယ်ထားသူ မဟုတ်လို့ပါ။
အောက်ခြေ၀န်ထမ်း၊ ဆိုတဲ့ နေရာမှာ ရပ်ရွာ နဲ့ မြို့နယ် အုပ်ချုပ်ရေးမှူးများ အပါအ၀င် ကို ဆိုလိုခြင်း ဖြစ်တယ်လို့ ယူဆပါတယ်။
သမ္မတကြီး အနေနဲ့ ပြဿနာ တခုကို မြင်ထားတယ် ဆိုတဲ့ သဘောကို ပြောလိုက်ခြင်းလဲ ဖြစ်ပါတယ်။
ဒါပေမယ့်....
အဲဒီ ပြဿနာ သည် ဘယ်လို အကြောင်းကြောင့် ဖြစ်ပေါ်လာရသနည်း? ဆိုတာတော့ ထည့်သွင်း ပြောကြားသွားခြင်း မရှိပါ။
တချို့ ဖေစ်ဘွတ် ပေါ်မှာ ကောမ်မန့် ပေးထားတာကတော့ လစာ မလောက်လို့ အဂတိ
လိုက်စား ရခြင်း ဖြစ်တယ် လို့ အများပိုင်း ထောက်ပြကြပါတယ်။ မှန်သင့်
သလောက်လဲ မှန်ပါတယ်။
သို့သော်... ပြဿနာ ဇစ်မြစ်ဟာ လစာ မဟုတ်ပါ။ မြန်မာ
နိုင်ငံထက် လစာ အများကြီး ပေးထားတဲ့ ဂဒါဖီ အစိုးရ နဲ့ ဆီးရီးယား အာဆတ်
အစိုးရ လို အထက်အောက် အုပ်ချုပ်ပုံ နိုင်ငံတွေမှာလဲ အဂတိ လိုက်စားမှု
ရှိနေတယ် ဆိုတာပါပဲ။
ဂဒါဖီ အစိုးရ ဆိုလျှင် အစိုးရ ၀န်ထမ်းတွေကို
လောက်ငှယုံတင် မက နေရာထိုင်ခင်း နဲ့ ကျန်းမာရေး၊ လူမှုရေး အာမခံ ချက်
တွေတောင် ပေးထားပါသေးတယ်။ သို့သော် အဂတိ လိုက်စားမှု မှတ်တမ်းမှာ
ကမ္ဘာ့ထိပ်ဆုံးက ချိပ်စမြဲပါ။
ဘာ့ကြောင့်လဲ...
ပညာရှင်တွေရဲ့ အဆိုအရ.....
ကောင်းမွန်တဲ့ အစိုးရ ဖြစ်လာဖို့ အဂတိ လိုက်စားမှုကို တိုက်ဖျက်နိုင်မဲ့
အကောင်းဆုံးနည်းလမ်းဟာ ပြည်သူတွေကို ပါဝင်ခွင့် (Public Participation)
ပေးဖို့ပါ။ ထိုသို့ ပါဝင်ခွင့် ဆိုတဲ့ နေရာမှာ တိုင်ချက်ဖွင့်လို့ ရအောင်
ဖုန်းနံပါတ် ပေးထားခြင်းကို ပြောတာ မဟုတ်။ အဲဒီ ၀န်ထမ်းတွေကို ပြည်သူတွေ
ကိုယ်တိုင် ရွေးချယ်နိုင်တဲ့ စနစ် တခု တည်ဆောက်ပေးဖို့ ဖြစ်ပါတယ်။
အဲဒါကတော့ ဗဟိုချုပ်ကိုင်မှု စနစ်ကို လျှော့ချ ပြီး ဒေသန္တရ အစိုးရ တွေကို
လုပ်ပိုင်ခွင့် အာဏာ များများ အပ်နှင်းဖို့ နဲ့ ပြည်သူတွေကို သူတို့ နဲ့
ထိတွေ့ ဆက်ဆံမဲ့ အောက်ခြေအဆင့် ဒေသန္တရအာဏာပိုင် များကို ပြည်သူတွေ
ကိုယ်တိုင် ရွေးချယ် ခန့်ထား ရေး ပင် ဖြစ်ပါတယ်။
၂၀၀၈ အခြေခံ ဥပဒေ
လို နေပြည်တော် သမ္မတ အနေနဲ့ လုပ်ပိုင်ခွင့်တွေကို သိမ်းကျုံးယူထားတဲ့
စနစ်နဲ့ ဘယ်လိုမှ သမ္မတကြီး ပြောတဲ့ ပြဿနာ တွေကို လက်တွေ့ ဖြေရှင်းလို့
မရပါ။
လူ ဆိုတာ ကိုယ့်ကို အာဏာပေးထားတဲ့ လူတွေရဲ့ စကား၊ အမိန့်၊
မျက်နှာပဲ ကြည့်တတ်တာ သဘာဝပါ။ နေပြည်တော် အစိုးရ အနေနဲ့ အာဏာပေးထားရင်
နေပြည်တော် အစိုးရ အဖွဲ့ဝင်တွေ ရှေ့မှာသာ ကောင်းအောင် လုပ်ပြမယ်။ သမ္မတ
ရှေ့မှာတော့ ဖင်ကုန်းခိုင်းရင်တောင် ငြင်းမှာ မဟုတ်ပါ။
ဒါပေမယ့်
တကယ်တမ်း နေ့စဉ်ထိတွေ့နေတာက ဒေသခံ ပြည်သူတွေနဲ့ပါ။ နေပြည်တော် အစိုးရ ဟာ
ဒေသန္တရ အစိုးရ အဖွဲ့တွေနဲ့ အချိန်တိုင်း နေနိုင်တာ မဟုတ်။ ကျန်တဲ့
သူတို့နဲ့ ထိတွေ့ဆက်ဆံနေတဲ့ ပြည်သူတွေကို ရှိတယ်လို့တောင် ထင်မှာ မဟုတ်ပါ။
ဒေသခံ ပြည်သူတွေက အာဏာပေးထားရင် ဒေသခံ ပြည်သူတွေရဲ့ မျက်နှာ ကြည့်လာမှာ အမှန်ပါ။ ဒါက အလွယ်ဆုံး သဘောတရားပါ။
ဒီတော့... သမ္မတ ကြီးအနေနဲ့ ပြဿနာကိုပဲ ထောက်ပြ မနေပဲ.. လက်တွေ့ဆံတဲ့ အပြောင်းအလဲ ကို လုပ်ပြဖို့ စောင့်နေပါတယ်။
၂၀၀၈ အခြေခံ ဥပဒေ ကို ပြင်ပြီး ဗဟိုချုပ်ကိုင်မှု စနစ်ကို လျှော့လိုက်ပါ။
ပြည်တွင်း ငြိမ်းချမ်းရေးလဲ အမှန်တကယ် ဖြစ်လာမှာပါ။ ဒါကို ဖက်ဒရယ် လို့
ခေါ်ပါတယ်။
Credit: Lachid Kachin
Post a Comment