Monday, June 24, 2013

တပ်မဟာ (၅) ရဲ့ရှင်တမ်း

ကရင်အမျိုးသားအစည်းအရုံး
တပ်မဟာ (၅) ဌာနချုပ်ရုံး
ကော်သူးလေ
သို့ စအမှတ် သက-၅-၀ဒ/က-၁၂/၂၃၁
ဒုဥက္က ရက်စွဲ - ၂၃-၆-၂၀၁၃
KNU ဗဟိုဌာနချူပ်
ကြောင်းအရာ - ပြန်လည်ရှင်းလင်းတင်ပြခြင်း
လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုမှူးကြီးအောင်လွင်၏ စာအမှတ် ၂၀၀/ လုံ-နယ်(ဆဆရ-၂)ဦး ၆ ၊ရက်စွဲ ၂၀၁၃ ခုနှစ် ဇွန်လ ၂၀ ရက် ၊ရက်စွဲအား အောက်ပါအတိုင်းပြန် လည် ရှင်းလင်းတင်ပြလိုပါသည်။
ဗိုလ်မှူးကြီးအောင်လွင်၏ ကန့်ကွက် စာပါအကြောင်း အရာ အချက် အလက် များအရ ကျွန် တော်တို့ KNU တပ်မဟာ (၅) သည် KNU နှင့်မြန်မာအစိုးရတို့ နှစ် ဦးနှစ် ဘက် အကြား အပစ် အခတ်ရပ်စဲ ရေး ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရေး ကြိုးပမ်းစဉ်ကာလ တပ်သားသစ်စု ဆောင်း ခြင်း၊ ကာကွယ်ရေးတပ် နှင့်ပြည်သူ့စစ်တပ်ဖွဲ့အတွက် လူသစ်များခေါ်ယူ သင်တန်းပေးခြင်းနှင့် ငွေကြေး ကောက်ခံခြင်း စသည့်ငြိမ်းချမ်းရေးတည်ဆောက်ရန် ကြိုးပမ်းကြစဉ်က၁ာလ အနှောင့်အယှက်ဖြစ်စေမည့် အချက်အလက်များပါရှိသည်။ထို့ကြောင့်ဤ ကိစ္စနှင့်ပါတ်သက်၍ KNU တပ်မဟာ (၅) ၏ ကိုယ်စား အောက်ပါအတိုင်းပြန်လည်ရှင်းလင်းတင်ပြ လိုပါသည်။
၁။ ဗိုလ်မှူးကြီးအောင်လွင်ဖော်ပြခဲ့ သည့် ကျေးနယ်တစ်ခုတပ်သားသစ်ခေါ်ယူစုဆောင်းခြင်းသည် မှန်ကန် မှူမရှိပါ။ ခေါ်ယူသည့် လူနှစ်ဦးသည် KNLA တပ်မဟာ (၅) ဘက်မှမဟုတ်ပါ ။ ကော်သူးလေ သစ်တောဌာန မှ သစ်တောများနှင့်သဘာဝပါတ်ဝန်း ကျင်ထိန်းသိမ်းစောင့်ရှောက်ရေး အတွက်သင်တန်းပေးရန် ခေါ်ယူ သည့် လူများဖြစ်ပါသည်။
၂။ ကာကွယ်ရေးတပ်နှင့်ပြည်သူ့စစ်အတွက်လူသစ်များခေါ်ယူသင်တန်းပေးသည်ဟု ဖော်ပြထားခြင်းသည် လည်းလုံးဝမှန်ကန်မှူမရှိပါ။ကျွန်တော်တို့ကာကွယ်ရေးနှင့် ပြည်သူ့ စစ်အတွက်ခေါ်ယူ သင်တန်းပေး သည် မှာ မှန်ကန်သော်လည်း ကျွန်တော်တို့ခေါ်ယူသည့်လူများမှာ လူသစ်မဟုတ်ပါ။ ဟိုးယခင် KNU နှင့် မြန်မာ စစ်အစိုးရတို့နှစ်ဘက်ကြား အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးရေး မပြုလုပ်မီကာလကျွန်တော်တို့ ဖွဲ့စည်းထားရှိသည့်လူဟောင်းများကိုသာ ခေါ်ယူ၍ မွမ်းမံ သင်တန်း ပေးခြင်းသာဖြစ်ပါသည်။ ဤ သို့ ခေါ်ယူရာတွင်အချို့ လူဟောင်းများမလာနိုင်တော့၍ သူတို့ကိုယ်စား လူသစ်အချို့ထည့်လိုက်ခြင်းသာ ဖြစ်ပါသည်။လူသစ်များလုံးဝခေါ်ယူစုဆောင်းခြင်းမရှိပါ။
၃။ သင်တန်းစရိတ်အတွက် ကျေးနယ်တစ်ခုတွင် ငွေ (၈၀၀၀၀)ကျပ် ကောက်ခံခြင်းဆိုသည့် အချက် သည် လည်း မှန်ကန်မှူမရှိပါ။ကျွန်တော်တို့ငွေကြေးအဖြစ် ကောက်ခံခြင်းလုံးဝမရှိပါ။ ကျွန်တော်တို့ညွန်ကြား သည်မှာ မွမ်းမံသင်တန်း တက်ရန် သင်တန်းသားများစားသုံးရန်အတွက် နှမ်းငပိနှင့် ငရုပ်သီးများတစ်လစာ အတွက်ယူလာရန်နှင့် ယူလာသည့် နှမ်းငပိနှင့်ငရုပ်သီးများ အတွက်ကျသင့်ငွေအားပြန် ပေးပါမည် သာဖြစ်ပါသည်။
၎။ သင်တန်းပေးခြင်းဆိုသည့်အချက်သည်မှန်ကနှ်မှူရှိသည်လည်း ကျွန်တော်တို့ပေးသည့် သင်တန်းသည် မွမ်းမံသင်တန်းများသာဖြစ်သည်။အပစ်ခတ်ရပ်စဲစဉ်ကာလကျွန်တော်တို့တပ်များ ထိုင်းမှိုင်းမှူမရှိရန်၊ လှုပ် ရှား မှူ နှင့်ကိုယ်လက်ကြံ့ခိုင်မှူရှိရန် လေ့ကျင့်မွမ်းမံသင်တန်းပေးခြင်း သာဖြစ်ပါသည်။ ဤသည်မှာ စစ်တပ် များထုံးစံအရ လုပ်ရိုးလုပ်စဉ်လုပ်ရသိည့် အလုပ်များသာဖြစ်ပါသည်။ KNU နှင့် မြန်မာစစ် အစိုးရ တို့နှစ် ဖက်ကြား ငြိမ်းချမ်းရေးတည်ဆောက်ရန်ကြိုးပမ်းခြင်း အား နှေင့်ယှက်ဖျက်ဆီးရန် ရည်ရွယ် လုပ်ဆောင် သည့် လှုပ်ရှားမှူမျိုးမဟုတ်ပါကြောင်း ပြန်လည်ရှင်းလင်း၍တင်ပြလိုပါသည်။
၅။ KNU နှင့် မြန်မာစစ်အစိုးရတို့အကြား အပစ်ခတ်ရပ်စဲရေး၊ငြိမ်းချမ်းရေးအ တွက်တွေ့ဆုံဆွေးနွေးရေး စတင်သည့် ၂၀၁၂ ခုနှစ် ဖေဖေါ်ဝါရီလ ၁၂ ရက် နောက်ပိုင်း မြန်မာစစ်အစိုးရ စစ်တပ် ဘက်ကလည်း စစ် လေ့ကျင့်ရေးသင်တန်း ၊ပြည်သူ့စစ်သင်တန်းများ၊မွမ်းမံသင်တန်းများ မြို့တိုင်း၊ စစ်ဌာနချုပ်တိုင်း မှာပြု လုပ် နေပါသည်။အနီးစပ်ဆုံးကျွန်တော်တို့ တပ်မဟာ (၅) နယ်မြေ ဖာပွန်မြိုးတပ်ရင်း ဌာနချုပ်များတွင် ကိုယ်စီ တပ်သင်တန်းများ မွမ်းမံလေ့ကျင့်ရေးသင်တန်းများ အချိန်ရှိသ၍ ပြုလုပ်လျက်ရှိသော်လည်း စစ်တပ်၏ ထုံးစံအရ လုပ်ရိုးလုပ်စဉ် လုပ်ရသည့် အလုပ်သာဖြစ်သည့်အတွက် ကျွန်သေတ်ာတို့အနေဖြင့် သိရှိသော် လည်း ပြောဆိုကန့်ကွက်ခြင်းမပြုလုပ်ပါကြောင်း ပြန်လည်ရှင်းလင်းတင်ပြလိုပါသည်။
မိတ္တူ - ၁။အထွေထွေအတွင်းရေးမှူးချူပ် KNU ဗဟို ဗိုလ်မှူး
၂။တွဲဘက်အထွေထွေအတွင်းရေးမှူး (၁) KNU ဗဟို KNLA တပ်မဟာ (၅)
၃။ တွဲဘက်အထွေထွေအတွင်းရေးမှူး (၂) KNU ဗဟို တပ်မဟာ (၅) ဌာနချုပ်ရုံး
၎။ဗိုလ်မှူးရှီးရှို KNU / KNLA ဆက်ဆံရေးရုံး (ဘားအံမြို့) (စောကလယ်ဒို)
၅။ GOC KNLA ဗဟိုဌာနချုပ်
၆။ VCS KNLA ဗဟိုဌာနချုပ်
၇။တပ်မဟာမှူး တပ်မဟာ (၅)
၈။ရုံးလက်ခံ

Related Articles:

Post a Comment