အစိုးရတပ်မှလူနေရွာထဲသို့ လက်နက်ကြီးပစ်ခတ်မှုများ
ဂန်ဒေါ်ယန်ရှိ အမြောက်တပ်ရင်း(၃၇၀)သည် နမ်ဆန်ယန်
ကျေးရွာဘက်သို့ ၁၀၅ မမ (၂)ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့
သည်။
ဒေါ့ဖုန်းယန်၊ ခန်းကိုင်တောင်အမြောက်တပ်ရင်းမှ KIA တပ်
စခန်းများရှိရာ အဘက်ဘက်သို့ ၁၀၅ မမ (၄၇)ကြိမ် ပစ်ခတ်
တိုက်ခိုက်ခဲ့သည်။ ယင်းပစ်ခတ်မှုကြောင့် အရပ်သား(၁)ဦး
သေဆုံးကာ (၃)ဦး ဒဏ်ရာရရှိခဲ့သည်။
ထိခိုက်ကျဆုံးများ
-------------------
ဒီဇင်ဘာလ(၂၇)ရက် ည(၈)နာရီအချိန်တွင် ၀ိုင်းမော်မြို့နယ်
မလန့်ယန်(Ja Pu)ရွာအထွက်တွင် စစ်ဆင်ရေး လမ်းကြောင်း
ကို လာရောက်စစ်နေသော စစ်ယာဉ်(၅)စီးဖြင့် ရောက်ရှိလာ
သော တပ်ဖွဲ့တို့အား KIA တပ်ဖွဲ့မှ ပျောက်ကြားစနစ်ဖြင့်
ဟန့်တားတိုက်ခိုက်ရာ အများအပြား ထိခိုက်/ကျဆုံး ခဲ့
ကြောင်း သိရှိရသည်။
(MKN)
မြန်မာစစ်တပ်က လေကွဲမီးလောင်လက်နက်၊ဓါတုလက်နက်ဖြင့်အသုံးပြုKIA, အားတိုက်ခိုက်
လဂျားယန်သို့ ထိုးစစ်ဆင်လာသော မြန်မာအစိုးရ
တပ်ဖွဲ့ဝင်တို့သည် ဓါတုဓါတ်ငွေ့ပါသော လက်
နက်ကြီးကို အသုံးပြုလာကြောင်း သိရှိရသည်။
ဒီဇင်ဘာလ(၂၅)ရက်နေ့ ဘွမ်ဆောမ်တောင်ခြေ
တိုက်ပွဲတွင် မြန်မာအစိုးရ တပ်ဖွဲ့မှ ပစ်ခတ်သော
မော်တာကျည်တို့တွင် လေထဲတွင်ပေါက်ကွဲကာ၊
၎င်းမှကွဲထွက်လာသော အစိတ်အပိုင်း များလည်း
ထပ်မံ လေထဲတွင်ပေါက်ကွဲကာ မြေပြင်သို့ မီးခိုးမီး
တောက်လောင်၍ ကျဆင်းလာခဲ့သည်။ ၎င်း အပိုင်း
အစများထိမိသော အ၀တ်များ သစ်ရွက်ခြောက်များ
သည် မီးလောင်ခဲ့သည်။ ပေါက်ကွဲမှုမှထွက်လာ
သော အငွေ့ကိုရှူရှိုက်မိသူများသည်အသက်ရှူကြပ်
လာကာ ခေါင်းမူးအော့အန်မှုများ ဖြစ်ခဲ့ကြောင်း
သိရှိရ သည်။
မြန်မာအစိုးရသည် တရားလွန်ကောက်ကျစ်စဉ်းလဲ
သော အပြုအမူများကို အစွန်းကုန်ထုတ်သုံး၍ ပြည်
တွင်းစစ် နှင့် မကိုက်ညီသောလက်နက်များကို အသုံး
ပြုနေပြီဖြစ်သည်။ အဆိပ်ဓါတ်ငွေ့ပါသော လက်နက်
များကို လွန်ခဲ့သည့်နှစ်များတွင်လည်း သွင်သွင်ကျယ်
ကျယ် အသုံးပြုကာ KIA တပ်စခန်းများကို သိမ်းပိုက်
ခဲ့ကြသည်။
(MKN)
အစိုးရတပ် အမြောက်ဆံကျ၍ ကချင် အရပ်သား၁ ဦးသေ၊ ၃ ဦးဒဏ်ရာရ
ကချင်
လွတ်လပ်ရေး တပ်မတော် (KIA) လိုင်ဇာ ဌာနချုပ် အနီးသို့ ယနေ့ နံနက်ပိုင်းက
အစိုးရတပ်ဖက်မှ ပစ်ခတ်သည့် အမြောက်ဆံ ကျရောက်မှုကြောင့် အမျိုးသား ၁
ဦးသေဆုံးပြီး ဒဏ်ရာရရှိသူ ၃ ဦးအနက် နှစ်ဦး ဒဏ်ရာ ပြင်းထန်ကြောင်း
သတင်းရရှိသည်။
သေဆုံးသူမှာ အသက် ၄၂ နှစ် အရွယ် လယ်သမား ဂျာဂျီ
တူးဂျာ ဆိုသူဖြစ်ပြီး ၄င်းအား လိုင်ဇာ ဆေးရုံသို့ ပို့ဆောင်ရာ
ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သိရသည်။
ကွယ်လွန်သူ၏
ဇနီးနှင့် ဆွေးမျိုးများ၏ ပြောဆိုချက်အရ လယ်ကွင်းထဲတွင် ကားပြင်နေစဉ်
အနီးသို့ အစိုးရ စစ်တပ်ဘက်မှ ပစ်ခတ်သည့် အမြောက်ဆံ ကျရောက်ပေါက်ကွဲပြီး
ပြင်းထန်စွာ ဒဏ်ရာရှိခဲ့ကြောင်း သိရှိရသည်။
ဒဏ်ရာရရှိသူ ၃
ဦးတို့သည် ဖရဲသီးခင်းထဲတွင် ရှိနေကြစဉ် နောက်ထပ် အမြောက်ဆံ
ကျရောက်ပေါက်ကွဲပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွားခြင်း ဖြစ်သည်။
ကျောင်းဆရာမ၊ ကလေးနှစ်ဦး၏ မိခင်ဖြစ်သူ အသက် ၂၅ နှစ်အရွယ် မလာမုန်
ခိုင်လင်းမှာ ဒဏ်ရာအများအပြား ရရှိကြောင်း သိရသည်။ ဒေါက်တာ လာစန်း၏ အဆိုအရ
မလာမုန် ခိုင်လင်းမှာ အရေးပေါ်သွေးသွင်းရန် လိုအပ်ကြောင်း၊ သို့သော်
အသက်အန္တရာယ် စိုးရိမ်စရာ မရှိကြောင်း သိရသည်။
တတိယမြောက်
ဒဏ်ရာရရှိပြီး ဆေးရုံ ရောက်လာသူ အမျိုးသားမှာ အသက် ၅၃ နှစ်အရွယ် မာရစ်
မာဆန်း ဖြစ်ပြီး ခြေထောက်တွင် ဒဏ်ရာရှိကြောင်း၊ ခြေထောက်ဖြတ်တောက်ရန်
လိုမလိုကို ရှင်းလင်းစွာ မသိရသေးကြောင်း ဒေါက်တာ လာစန်း က ဆိုသည်။
ထို့အပြင် အသက် ၅၃ နှစ်အရွယ် ဒေါ်လာမာလူးမှာလည်း ဒဏ်ရာ အသေးစား အနည်းငယ်ရရှိသည်ဟု သိရသည်။
ဒဏ်ရာရရှိသူများ၏ ဆွေမျိုးသားချင်းများ အဆိုအရ ယနေ့နံနက် ၁၀ နာရီ ၂၀
မိနစ်တွင် ၁၀၅ မမ အမြောက်ဆံ ကျရောက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။
မကြာသေးမီ ရက်ပိုင်းအတွင်းကလည်း KIA လိုင်ဇာ ဗဟိုဌာနချုပ် အနီးရှိ စစ်ပြေး
ဒုက္ခသည် စခန်း ၅ ခုမှ ဒေသခံများကို မိမိလုံခြုံရေးအတွက် ကြိုတင်ပြင်
ဆင်မှုများ ပြုလုပ်ထားရန် အသိပေးထားသည်။
Credit: Irrawaddy
Related Articles:
Post a Comment