Monday, December 24, 2012

တချပ်မှောက်တဲ့ နူးကလီးယား

ကမ္ဘာက မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယား လျို.၀ှက်ဆက်သွယ်မှုရှိနေတဲ့ အပေါ်မှာ စိုးရိမ်ကြတယ် ။ မြန်မာ စစ်အာဏာရှင်လက်ထဲ နူးကလိးယား ပိုင်ဆိုင်သွားမှာကို ကြောက်တယ် ။ မြန်မာနဲ့ မြောက်ကိုရီးယား ၊ ရုရှား ၊ ပါကစ္စတန် တို့နဲ့ အဆက်အသွယ်လုပ် နေတာကို

မလိုလားဘူး ။ အဓိက ကတော့ မြန်မာကို နူးကလီးမပိုင်ဆိုင်စေချင်ကြဘူး ။
ငွေကြေးအနေအထားရော ၊ နည်းပညာပိုင်းအခက်အခဲ ၊ ကမ္ဘာဖိအားတွေကြောင့် မြန်မာအနေနဲ့လည်း နူးကလီးယား ပိုင်ဆိုင်ဖို့က ကျန့်ကြာနေတယ် ။ စစ်ဗိုလ်ချုပ်တွေအနေနဲ့ သူတို့ အိပ်ကပ်ထဲက ငွေစိုက်ထုတ်ပြီးတော့လည်း မသုံးချင် ၊ ဘဏ္ဍာငွေတွေ

သုံးလိုက်ရင်လည်း နိုင်ငံက မွဲသထက်မွဲပြီး လူထုအုံကြွမှု ပြဿနာကို ရင်ဆိုင်ရမယ် ။ စစ်ဗိုလ်ချုပ်တွေ အနေနဲ့လည်း အသက်ကြီးလာပြီဆိုတော့ နိုင်ငံကို ထိမ်းချုပ်ဖို့ အာဏာလက်ဝါးကြီးအုပ်ဖို့ ခက်လာတဲ့ အနေအထားရှိလာတယ် ။
ဒီတော့ စီးပွားရေးတွေလည်း မပျောက်ပျက်ရအောင် ၊ အာဏာလည်း ရေရှည်ထိမ်းထားနိုင်မဲ့ လွတ်တော်နိုင်ငံရေး နည်းလမ်းကို ရွေးချယ်လိုက်တယ် ။ တဆင့်လျော့ပြီး လေသံပြောင်းလိုက်ကြတယ် ။
ကမ္ဘာကလည်း အခွင့်အရေးကို လက်လွတ်မခံဘူး ၊ နူးကလီးယား မပိုင်ဆိုင်ရေးအတွက် မက်လုံးပေး အပျော့ဆွဲ သံတမန်နည်းလမ်းကို သုံးတယ် ။
နိုဘယ်ဆုပဲ ပေးတော့မလိုလို ၊
စီးပွားရေးတွေပဲ နေ့ခြင်းညခြင်း မြုပ်နှံတော့မလိုလို ၊
အကူအညီတွေ ဒလဟော ရောက်လာတော့မလိုလို ၊
ဟိုအိမ် ဒီအိမ်ကူးသလို သံ ဆက်ဆံရေးတွေ ကောင်းအောင်လုပ် ၊ ဘွဲ.ထူးဂုဏ်ထူးတွေပေး နဲ့ 2012 ဆိုတာ လှလို့ပေါ့ ။
တကယ်တော့ စစ်ဗိုလ်ချုပ်တွေလိုချင်တာ ဒီစာရွက်တွေပေါ်က ဘွဲ.ထူးဂုဏ်ထူးတွေမဟုတ်ဘူး ။ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ ပိုမုကြီးကျယ် ခန်းနားလာအောင် စီးပွားရေးတွေတောင့်တင်းလာအောင် တချပ်မှောက် ရှိုးလိုက်တာပဲ ။
ဖြစ်ချင်တော့ ပြည်တွင်းရေးက မငြိမ်သက်ပဲ လှုပ်လာတယ် ။ နိုင်ငံတကာက သူတို့ပေးခဲ့တဲ့ မက်လုံးတွေ အကောင်အထည်ဖော်ဖို့ လက်တွန့်လာတယ် ။ စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ပုံတွေ ဆုံးဖြတ်ပုံတွေကို ကြည့်ပြီး လက်တွန့်ကုန်ကြတယ် ။
မျှော်လင့်ချက်တွေနဲ့ ပျော်နေတဲ့ စစ်ဗိုလ်ချုပ်တွေ ထင်သလောက် မြန်မြန် ခရီးမပေါက်တော့ အကြံအိုက်လာကြတယ် ။ အရင်က ခပ်မြန်မြန် ပေးတဲ့ ဆင်ခြေတွေ နှောင့်နေးလာတယ် ။ ကမ္ဘာက အမြန်ဆုံးနဲ့ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် ချဉ်းကပ်လာအောင် အကြံထုတ်တယ် ။
ဒီအချိန်မှာ သူတို့ တွေ.ရှိချက်က မြောက်ကိုရီးယား ဖြစ်သွားတယ် ။
ကမ္ဘာကြောက်တာက မြောက်ကိုရီးယားနဲ့ အဆက်အသွယ် မလုပ်ဖို့ ၊ နူးကလီးယား အစီအစဉ်ကို လက်လျှော့ဖို့လိုလားတာ၊ ဒါကိုစစ်ဗိုလ်ချုပ်တွေက နူးကလီးယားကို တန်ဆာခံ အဖြစ်အသုံးချတယ်။
အခုတလော မြောက်ကိုရီးယားရဲ့ နူးကလီးယား လက်နက်စမ်းသပ်မှုတွေကလည်း ကမ္ဘာကို တဖြည်းဖြည်း ချိန်းချောက်နေတယ် ၊ သိသိသာသာ တိုးတက်လာတယ် ။
ဒါကို ကမ္ဘာက ဆန့်ကျင်တယ် ။
ဒီလို အရှုပ်အထွေးတွေကြားထဲမှာ စစ်ဗိုလ်ချုပ်တွေ အကွက်ဝင်အောင် အသုံးချတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် က တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဆင်းပွဲမှာ နျူကလီးယား စီမံကိန်း ဟာ စွမ်းအင်ပိုင်း နဲ့ ကျန်းမာရေး စောင့်ရှောက်မှု အတွက် နည်းပညာ ပိုင်းတွေ မှာ သာ အသုံးချ မှာ ဖြစ်တယ်လို့ ပြောသွားတဲ့ အကြောင်း
မြန်မာအစိုးရထုတ် သတင်းစာတွေ ထဲမှာ စနေနေ့ က ဖော်ပြ ကြတယ် ။

ဒါဟာ မြန်မာဟာ နူးကလီးယားနည်းပညာကို မစွန့်လွတ်ဘူး ၊ စွန့်လွတ်စေချင်ရင် ကမ္ဘာက ပေးထားတဲ့ မက်လုံးတွေကို မြန်မြန်အကောင်အထည်ဖော်ပါလို့ အချက်ပေးလိုက်တာသာဖြစ်တယ်။

ရဲသူရိန်မင်း
24.12.2012

 Yeyint Kyaw face book page

Related Articles:

Post a Comment