Monday, April 22, 2013

အပြည်ပြည်ဆိုင်ရာ လူမှုကျင့်ဝတ်များ (စောသူရိန်ထွန်း)

ယနေ့ခေတ်သည် နိုင်ငံတကာနှင့် ပတ်သက်ဆက်ဆံ ပေါင်းသင်း နေထိုင်ရသည့် ခေတ်ကာလ ဖစ်နေပြီဖြစ်သည်။ ဤသို့သောအချိန်တွင် အပြည်ပြည်ဆိုင်ရာ လူမှုကျင့်ဝတ်များ ကို နားလည် သဘောပေါက် လက်ခံကျင့်သုံးရမည် ဖြစ်ပေသည်။ ဤသို့ကျင့်သုံးမှသာ ရိုင်းပျသော အမူအကျင့်များ မပြုမိမည် ဖြစ်ပေသည်။ ထို့ကြောင့် အပြည်ပြည်ဆိုင်ရာ လူမှု ကျင့်ဝတ်များကို သိရှိ သဘောပေါက် လက်ခံ ကျင့်သုံးနိုင်ကြရန် တင်ပြ လိုက်ရပေသည်။

လူအများနှင့် တွေ့၍ နှုတ်ဆက်လျှင် အဝေးမှ နှုတ်ဆက်လျှင် ညာဘက်လက်ကို မြှောက်၍ လက်ပြ နှုတ်ဆက်ရမည်။ ဦးထုပ်ဆောင်းလျှင် ဘယ်လက်ဖြင့် ဦးထုပ်ချွတ်၍ ညာလက်ဖြင့် နှုတ်ဆက်ရမည်။ မိမိထက် အသက်ကြီးသူ၊ ရာထူးကြီးသူ၊ ဂုဏ်ကြီးသူကို နှုတ်ဆက်လျှင် ကိုယ်ကိုအနည်း ငယ်ညွှတ်၍ နှုတ်ဆက်ရမည်။ ယောက်ျားချင်းမိတ်ဆက်ရာ၌ ဖြစ်စေ၊ ခွဲခွာရာ၌ဖြစ်စေ လက်ဆွဲနှုတ်ဆက်ရသည်။ မိမိထက်အသက်ရာထူးဂုဏ်ကြီးသူများ
က စတင်လက်ကမ်းမှ လက်ဆွဲနှုတ်ဆက်ရသည်။ လက်ထုတ်ပေးသည်ကို လက်ဆွဲနှုတ်မဆက်ပါက အလွန်ရိုင်းပျသည့်အပြုအမူဖြစ်သည်။ အမျိုးသမီးက လက်ထုတ်မပေးမချင်း လက်ဆွဲနှုတ်မဆက်ရပါ။ မိမိထက်ရာထူးကြီးသူ၊ ဂုဏ်ကြီးသူပြန်လျှင် အားလုံးမတ်တတ်ရပ်ပေးရသည်။ လက်ဆွဲနှုတ်ဆက်လျှင် တံတောင်ဆစ်နှင့် လက်တစ်တန်းတည်းဖြစ်ရမည်။ လက်ဆုပ်ရာ၌ မလျော့လွန်း၊ မတင်းလွန်းဖြစ်ရမည်။ လက်ကိုအနည်းငယ်သာ အပေါ်အောက် (Shake)လှုပ်ရသည်။ အပေါ်တိုးမြင့်ပြီးမြှောက်၍အောက်သို့မချရပါ။ လက်ဆွဲနှုတ်ဆက်ချိန်၌ တစ်ယောက်မျက်နှာကို တစ်ယောက် စူးစိုက်ကြည့်ရမည်။ ဥရောပတိုက်သူများက လက်ထုတ်၍ မှောက်ပေးပါက ခါးကိုအနည်းငယ်ကိုင်းပြီး လက်ဖမိုးကို ဖွဖွလေးနမ်းပေးရပါသည်။ နှုတ်ဆက်ရင်းနှင့် ဟယ်လို၊ ဂွတ်ဒ်မောနင်း၊ အီးဗနင်း၊ ဟောင်းအာယူ၊ သင့်ခ်ယူ စသည်ဖြင့် ပြောဆိုရမည်ဖြစ်သည်။

စားပွဲတွင် ဝိုင်းဖွဲ့ထိုင်လျှင်/ စကားပြောဆိုလျှင် (ထမင်းစားချိန်မှအပ) လက်များကို စားပွဲပေါ်တင်ခြင်း၊ တံတောင်ဆစ်ထောက်ခြင်း၊ တံတောင်ထောက်လျက် မေးစေ့ထောက်ခြင်း၊ တံတောင်ထောက်၍ ဦးခေါင်းကိုနောက် မှီခြင်းများမပြုလုပ်ရပါ။ ခါးကို မတ်မတ်ထား၍ လက်ကိုပေါင်ပေါ်တင်ထားရပါမည်။ လက်နှစ်ဖက်ကို ဦးခေါင်းနောက်ချိတ်ဆက်ထားခြင်း၊ ခေါင်းပေါ်တင်ထားခြင်း၊ အပေါ် အင်္ကျီအိတ်ထဲ လက်ထည့်ထားခြင်း၊ ခြေထောက်ဖြင့် စည်းဝါးလိုက်နေခြင်း၊ ခါးထောက် ထားခြင်း၊ လက်ဖြင့်မေးစေ့ကို ပွတ်နေခြင်း၊ ဆံပင်များကို သိမ်းနေခြင်း၊ နားဖာကလော်နေခြင်း၊ နှာခေါင်းပေါက်နှိုက်နေခြင်း၊ ဇက်ကြောများကိုလှည့်နေခြင်း၊ နှာချေခြင်း၊ လေချဉ်တက်ခြင်း၊ လက်ဆစ်များကိုချိုးနေခြင်း၊ မျက်စိများမှမျက်ချေးနှိုက် နေခြင်းတို့ကို မပြုလုပ်ရပါ။ မိမိနှင့်မိတ်မဆက်ပေးသေးဘဲနဲ့ လုံးဝမသိသူအား စကားစတင်မပြောရပါ။

လူပုဂ္ဂိုလ် တစ်ဦးအား ဦး၊ ဒေါ်၊ မ၊ မစ္စတာ၊ Mrs (အိမ်ထောင်ရှိသူအမျိုးသမီး)၊ြေိော(အိမ်ထောင်ရှိအဆင့်မြင့် အမျိုးသမီးကြီး)၊ Miss (အိမ်ထောင်မရှိသူအမျိုးသမီး) မင်းမိဖုရားဖြစ်လျှင် Your Majesty, he/his Majesty၊ သံအမတ်ကြီး/မဟာမင်းကြီး ဖြစ်လျှင် Your Excellency /he /his Excellency၊ မင်းဆွေမင်းမျိုးဖြစ်လျှင် Your Royal highness/ he/his Royal highness၊ ဝန်ကြီးဖြစ်လျှင် The right honourable + Name၊ ပါမောက္ခ၊ ဒေါက်တာ၊ ဗိုလ်ကြီး၊ ဗိုလ်မှူးစသူများ ကို ဂုဏ်ပုဒ်ရှေ့က တပ်၍ခေါ်ရပါမည်။ (သံအမတ်ကြီး၊ မဟာမင်းကြီး၊ ဝန်ကြီးကတော်တို့ အား her excellency ဟုမသုံးဘဲ Madam ဟုသာသုံးရမည်ဖြစ်ပါသည်။ နာမည်ကို အနောက်နိုင်ငံများ၌ နှစ်လုံးမည့်လေ့ရှိကြသည်။ ပထမတစ်လုံးမှာ ကိုယ်ပိုင်အမည် (Christian name or Calling name )ဖြစ်ပြီး နောက်ဆုံးစာလုံးမှာ မိသားစုပိုင်အမည်(Family name)ဖြစ်သည်။ ဥပမာ- John Jones ဆိုသူအမျိုးသား နှင့် Mary Brown ဆိုသူအမျိုးသမီးတို့လက်ထပ်လိုက်ကြလျှင် အမျိုးသမီး၏ နောက်ဆုံး အမည်သည် Brown မဟုတ်တော့ဘဲ Jones ဖြစ်သွားသဖြင့် သူမ၏နာမည်အပြည့်အစုံ မှာ Mary Jones ဖြစ်သွားသည်။ ¤င်းတို့ကမွေးလာသော သားသမီးအမည်များမှာ သားနာမည် Jim Jones၊ သမီးနာမည် Ann Jones ဟုမှည့်ခေါ်လျှင် ပထမအမည်များ John, Mary, Jim,Ann တို့မှာ ကိုယ်ပိုင်နာမည် Jones မှာ မိသားစုပိုင်အမည်ဖြစ်သည်။ စကားဝိုင်းတွင် စကားပြောရာ၌ အများနားလည်သောစကားကိုသာပြောရမည်။ မိမိ နှင့်တိုင်းရင်းသားစကားတူသူပါလာလျှင် အများစုနားမလည်သော တိုင်းရင်းသား စကား ကိုမပြောဆိုဘဲ အားလုံးနားလည်သော စကားဖြင့်သာပြောဆိုရမည်။ လူတစ်ယောက် ကိုနောက်မှ ကျော်၍သော်လည်းကောင်း စကားမပြောရပါ။ အများကြားသာအောင် သာမန်လေသံဖြင့်သာပြောဆိုရပါမည်။

စကားဝိုင်းတွင်(တာဝန်အရပြောသည်မှလွဲ၍)ဝိဝါဒကွဲစေမည့် ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးယုံကြည်မှုတို့ကို မဆွေးနွေးရပါ။ တစ်ဦးတစ်ယောက်က အကြောင်းအရာတစ်ခု ပြောလျှင် မိမိက လက်မခံနိုင်သော်လည်း No ဟုမပြောရပါ။ (Diplomats never say No)ရုံးလုပ်ငန်းအရသော်လည်းကောင်း၊ တာဝန်အရသော်လည်းကောင်း၊ စီးပွားရေး အရသော်လည်းကောင်း၊ မိမိလက်မခံနိုင်သော စကားပြောလာသော် No ဟုမပြောပဲ Yes ဟုပြောကာ မိမိကတော့ အဲသည်လိုလက်မခံဘဲသည်လိုထင်မြင်ပါသည်ဟု ပြောရမည်ဖြစ်သည်။ တစ်ဦးတစ်ယောက်က စကားပြောနေလျှင် ဆုံးအောင်နားထောင် ရပါမည်။ ဖြတ်၍မပြောရပါ။ မိမိနှင့်မရင်းနှီးသေးသော အမျိုးသမီးအား သားသမီးဘယ်နှယောက်ရှိပြီလဲဟု အသက်ဘယ်လောက်ရှိပြီလဲဟု မမေးရပါ။ မိမိနှင့် အလွန်မရင်းနှီးသေးသူ မည်သူတစ် ဦးတစ်ယောက်ကိုမှ လခဘယ်လောက်ရလဲ၊ ဝင်ငွေဘယ်လောက်ရှိလဲဟု မမေးရပါ။ ¤င်းဝတ်ဆင်လာသော အင်္ကျီ၊ နာရီ၊ လက်ကိုင်အိတ်၊ ဖိနပ်စသည့်အသုံးအဆောင်များ ဘယ်လောက်ပေးရလဲ ဟု မမေးရပါ။ ကိုင်၍လည်းမကြည့်ရပါ။ တောင်ကြည့် မြောက်ကြည့်လုပ်မနေရပါ။ ကျောက်ရုပ်လိုလည်း ရုပ်သေနှင့်မနေ ရပါ။ အေရိုးဗစ်ကစားသလိုလည်း လှုပ်ရှား၍ မနေရပါ။ နှုတ်ခမ်းကို အမြဲတမ်းပြုံးထား ရပါမယ်။ လူတစ်ဦးတစ်ယောက်အား စကားပြောလျှင် ဘေးကြည့်အပေါ်ကြည့်မပြောရပါ။ ¤င်း ၏မျက်နှာအားတည့်တည့်ကြည့်၍ပြောရပါမည်။

(လူအများအားစကားပြောဆိုခြင်းမှ တစ်ပါး) ဆွေးနွေးပွဲ၊ အစည်းအဝေးပွဲများတက်လျှင် လူတစ်ဦးတစ်ယောက်က စကားပြောနေလျှင် ¤င်းမျက်နှာကိုကြည့်၍ စူးစိုက်နား ထောင်ပါ။ ခေါင်းညိတ်၊ ခေါင်းခါမလုပ်ရပါ။ မှတ်သားစရာပါလျှင် Notes ရေး၍မှတ်သား ပါ။ အမြဲတမ်းစာပဲရေးမနေပါနှင့်။ အစည်းအဝေး၌ မိမိအနီးမှာ လူအားစကားပြောဆိုလိုလျှင် စကားဖြင့် မပြောရပါ။ စာရွက်ငယ်တွင် ရေး၍ပြသရမည်။ မိမိပြောလိုသူနှင့်ဝေးနေပါက စာရွက်အားခေါက်၍ မည်သူအားပေးပေးပါဟု ခေါင်းစဉ်တပ်၍ လက်ဆင့်ကမ်းပေးပါ။ အစည်းအဝေး၌ တစ်ဦး တစ်ယောက်စကားပြောနေလျှင် စကားပြောဆိုခြင်းလုံးဝလုံးဝမပြုလုပ်ရပါ။ အစည်းအဝေး ပြုလုပ်နေစဉ် ¤င်းအစည်းအဝေးနှင့် မသက်ဆိုင်သည့် စာရွက်စာတမ်း၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတို့အား ဖတ်နေခြင်းလုံးဝမပြုလုပ်ရပါ။ အစည်းအဝေး၌ ဆွေးနွေးပွဲများ၌ ကိုယ်ရည်ကိုယ်သွေြး

တယ်လီဖုန်းဖြင့်စကားပြောဆိုလျှင် ဖုန်းခေါ်၍တစ်ဖက်မှကိုင်လျှင် မိမိသည်မည်သူမည်ဝါဖြစ်ကြောင်း ဦးစွာပြောရပါ မည်။ မည်သူနှင့်စကားပြောလိုကြောင်း ပြောရပါမည်။ မိမိက စကားပြောမည့်သူသည် စကားပြော၍အဆင်ပြေ မပြေမေးရပါမည်။ စကားပြောရန်အဆင်သင့်မဖြစ်ပါက မည်သည့်အချိန်ပြန်ခေါ်ရမည်ကို မေးရပါမည်။ ဖုန်းမပြောခင်ကပင် စာရွက်တစ်ရွက်ဖြင့် မိမိပြောလိုသည့်အချက်များ ကို ရေးမှတ်၍ပြောရမည်။ ဖုန်းကိုအကြာကြီးမပြောရပါ။ လိုတိုရှင်းပြောရပါမည်။ မိမိထက်ရာထူးကြီးသူဂုဏ်ကြီးသူနှင့် စကားပြောပါက တစ်ဖက်က ဖုန်းချပြီးမှ မိမိဘက် က ချရပါမည်။ မိမိဘက်ကဖုန်းချတော့မည်ဆိုလျှင်လည်း မိမိဘက်က ဖုန်းချတော့မည်ဟုပြောရပါမည်။ Thank You သည်ဖုန်းချတော့မည်ဟု ပြောခြင်းပင် ဖြစ်ပါသည်။ အိမ်ဖုန်းများသို့ ဖုန်းဆက်လျှင်လည်း နံနက်(၈)နာရီမှ (၉)နာရီထက်စော၍လည်း ကောင်း၊ နေ့လယ်(၁၁)နာရီမှ (၁၂)နာရီအတွင်းတွင်လည်းကောင်း၊ ည(၉)နာရီခွဲနောက် ပိုင်းတွင် လည်းကောင်း အလုပ်ကိစ္စမှ လွဲ၍ဖုန်းမဆက်ရပါ။ (မှတ်ချက်။ ။ ကျန်းမာရေး လုပ်ချိန်၊ ဘာသာရေးလုပ်ချိန်၊ နေ့လယ်ညနေထမင်းစားချိန်၊ ညပိုင်းအိပ်ချိန်များကို ရှောင်ရပါမည်)ရုံးဖုန်းများသို့ ဖုန်းဆက်ပါက ရုံးချိန်အတွင်းဆက်နိုင်ပါသည်။ နိုင်ငံတကာ၏ရုံးချိန်၊ ရုံးပိတ်ရက်များကို သတိထားရပါမည်။ ဖုန်းဖြင့်ဆက်သွယ်၍သတင်း (ၾန််ေါန) ပေးလျှင် ဘယ်သူ၊ ဘယ်နေရာမှာ၊ ဘယ်ရက်၊ ဘာအကြောင်းအရာ၊ ဘယ်သူထံသို့စသည်တို့ကို ရေးသား၍ သက်ဆိုင်ရာသို့ ပို့ပေးရပါမည်။

လူကြီးရုံးခန်းသို့ ဝင်လျှင် မိမိထက်ရာထူးကြီးသူ၊ ဂုဏ်ကြီးသူ၏ရုံးခန်းသို့ ¤င်းမှခေါ်၍ဖြစ်စေ၊ မိမိမှတွေ့ရန် အကြောင်းပေါ်လာ၍ဖြစ်စေသွားရောက်တွေ့မည်ဆိုလျှင်အပေါ်ဖုံးအင်္ကျီ(တိုက်ပုံ)၊ အနောက် တိုင်းဝတ်စုံဃသအေယှကငအ ၊ ယူနီဖောင်းဝတ်ဝန်ထမ်းဆိုလျှင် ယူနီဖောင်းအပြည့်အစုံဝတ်ဆင် သွားရပါမည်။ မိမိက ရောက်ရှိကြောင်းတွေ့လိုကြောင်းကို ¤င်း၏အတွင်း ရေးမှူးထံ သတင်းပို့ရပါမည်။ အတွင်းရေးမှူးမရှိသူဖြစ်ပါက ဖုန်းဖြင့်ဆက်သွယ်ရေးသတင်းပို့ရပါမည်။ လူကြီးအခန်းဝင်မည်ဆိုပါက တံခါးကို နှစ်ချက်ခေါက်ရပါမည်။ အတွင်းမှဝင်ခဲ့ပါ ဆိုပါမှဝင်ရပါမည်။ မိမိက အရပ်သားဆိုလျှင် ခါးညွတ်အရိုအသေပြုရပါမည်။ ယူနီဖောင်း ဝတ်ဆိုလျှင် အလေးပြုရပါမည်။ ဦးထုပ်ကိုချွတ်၍ ဦးထုပ်ချိတ်သည့်နေရာ၌ ဦးထုပ်သွား ချိတ်ရပါမည်။ လူကြီးက ထိုင်ပါဆိုမှ ထိုင်ရပါမည်။ လူကြီးအခန်းတွင်း၌ hand phone, pager များကို ပိတ်ထားရပါမည်။ လူကြီးသိလိုသည့် Affair နှင့်ပတ်သက်၍ ယခင်က ဘာဖြစ်ခဲ့သည်။ ယခုဘာဖြစ် နေသည်။ နောက်ဘာဖြစ်သင့်သည်၊ ဘယ်နေရာ၊ ဘယ်သူတွေ၊ အခြားမည်သူတွေ၊ ဘယ်နှယောက်၊ ဘာလုပ်သည်၊ ဘာဖြစ်သေးသည်၊ ယခင်ကဘာဖြစ်ခဲ့သည်၊ ယခုဘာဖြစ် နေသည်၊ ဘာဖြစ်နိုင်သည်တို့ကို လိုတိုရှင်းတင်ပြရမည်။ လူကြီးနှင့်တွေ့နေစဉ် မိမိလက် ပတ်နာရီအား လည်းကောင်း၊ အခန်းတွင်းရှိ စာရွက်စာတမ်းများအားလည်းကောင်း စပ်စုသည့်သဘောဖြင့်မကြည့်ရပါ။ လူကြီးမှပြန်ခွင့်ပြုလျှင် အခန်းတွင်းသို့ ဝင်လာသည့်အတိုင်း အရိုအသေ၊ အလေးပြုပြီးမှ ထွက်ရပါမည်။

အမျိုးစားအသုံးအဆောင်များနှင့် ပြုမူနေထိုင်မှုများ အမျိုးသားများသည် အရောင်အသွေးတောက်ပြောင်လွန်းသည့် ကလေးဆန်လွန်း သည့် အင်္ကျီဒီဇိုင်းများကို (အပန်းဖြေခရီးထွက်သည်မှအပ)လုံးဝမဝတ်ဆင်ရပါ။ အမျိုး သားများသည် ဘောင်းဘီရှည်အနက်၊ နက်ပြာ၊ အနက်စင်း၊ ရှပ်အင်္ကျီလက်ရှည်၊ လက်တို၊ အတွင်းတွင်စွပ်ကျယ်၊ အတွင်းခံဘောင်းဘီ၊ သားရေရှူးဖိနပ်၊ ခြေအိတ်အနက် လိုအပ်ပါ က နက်ခ်တိုင်၊ အပေါ်မှ လျာကင်သို့မဟုတ် ကုတ်ဝတ်ဆင်ရပါမည်။ မြန်မာဝတ်စုံဆိုလျှင် ပုဆိုး၊ စွပ်ကျယ်၊ ရှပ်လက်တို၊ ရှပ်လက်ရှည်၊ ညှပ်ဖိနပ်၊ လိုအပ်ပါက တိုက်ပုံ၊ ဂျာကင် ဝတ်ဆင်ရပါသည်။ လိုအပ်ပါက ခေါင်းပေါင်းပေါင်းရပါသည်။ ဖိနပ်က တောက်ပြောင် နေရပါမည်။ အမျိုးသားများသည် လက်ကိုင်ပဝါအဖြူကိုသာ သုံးသင့်ပါသည်။ အမျိုးသားများသည် အဝတ်အစားများမှာ သန့်ရှင်းသပ်ရပ်နေပါမည်။ ဆံပင်ကိုသပ် ရပ်စွာဖြီးလိမ်းထားရပါမည်။ ဆံပင်များစုတ်ဖွာနေခြင်း၊ နှုတ်ခမ်းမွေး။ မုတ်ဆိတ်မွေး၊ ပါးမြိုင်းမွေး၊များ မရိတ်တစ်ရက်၊ ရိတ်တစ်ရက်မတိုမရှည်ဖြစ်နေခြင်းမျိုးမဖြစ်ရပါ။ ဦးထုပ်၊ ခေါင်းပေါင်းထားသည့်အခါ နဖူးပေါ်ကို ဆံပင်များထွက်နေခြင်းမဖြစ်စေရပါ။ လက်သည်း ခြေသည်းရှည်နေခြင်း၊ ချေး(ဂျီး)များကပ်နေခြင်းမဖြစ်ရပါ။ ကိုယ်နံ့၊ ချိုင်းချွေးနံ့မနံအောင် ဂရုစိုက်ရပါမည်။ (ရုံးတက်သူများအနေဖြင့် ရေမွှေးချိုင်းချွေးနံ့ ပျောက်ဆေးများဆောင် ထားရပါမည်။ လေချဉ်တက်ခြင်း၊ သမ်းဝေခြင်း၊ ကျယ်လောင်စွာရယ်မောခြင်း၊ အစာစားရင်း အရည်သောက်ရင်း စကားပြောခြင်း၊ ငိုက်မြည်းမိခြင်း၊ ငေးမောခြင်း၊ ဖိနပ်ကိုရှပ်တိုက် စီးခြင်း၊ ခြေကားရားလက်ကားရားဖြင့်ထိုင်ခြင်း၊ လူအများရှေ့တွင်သွားကြားထိုးခြင်း၊ နှာခေါင်းနှိုက်ခြင်း၊ နှပ်ညှစ်ခြင်း၊ မျက်ချေးနှိုက်ခြင်း၊ ဇက်ကြောခါခြင်း၊ လက်ဆစ်များ ကိုချိုးခြင်း၊ လက်ခါခြင်း၊ လက်ကိုအပျင်းပြေညှစ်ခြင်းတို့ကို လူအများရှေ့တွင် မပြုလုပ်ရပါ။ ပြုလုပ်လိုပါက အများကွယ်ရာသို့သွား၍လည်းကောင်း၊ သန့်စင်ခန်းသို့သွား၍လည်း ကောင်းပြု လုပ်ရပါမည်။ အခမ်းအနားတွင် လေလည်လိုလျှင် မိမိအနီးမှလူအား လည်း ကောင်း၊ အိမ်ရှင်အားလည်းကောင်း အပြင်ခဏထွက်ရန်ခွင့်တောင်းပြီး အပြင်၌လေလည် ကာအနံ့အသက်ကင်းစင်မှ ပြန်လာရပါမည်။ အများရှေ့တွင် တစ်ယောက်တည်း တီး တိုးစကားပြောနေခြင်း ဘုရားစာရွတ်နေခြင်း၊ ဂါထာရွတ်နေခြင်း၊ သီချင်း ဆိုညည်း နေခြင်းများ မပြုလုပ်ရပါ။ ပါးစပ်ကိုဟောင်းလောင်းမထားရပါ။ တင်းတင်း စေ့ထားရပါမည်။ ပါးစပ်ဟောင်းလောင်းထားခြင်းသည် ဦးနှောက်တွင် ဘာမှမရှိသူဟု အဓိပ္ပာယ်ရပါသည်။ အမြဲသတိရှိနေရပါမည်။

အမျိုးသားများသည် မိတ်ကပ်လိမ်းခြင်း၊ သနပ်ခါးလိမ်းခြင်း တို့ကို မပြုလုပ်ရပါ။ အမျိုးသားများသည် အမျိုးသားသုံး အနံ့မစူးရှသည့် ရေမွှေးကိုသာ သုံးသင့်ပါသည်။ လက်ပတ်နာရီကို ဘယ်ဘက်လက်တွင် ဝတ်ဆင်ရပါမည်။ ရင်ထိုး၊ တံဆိပ်တို့ကို ဘယ်ဘက် ရင်ဘတ် သို့မဟုတ် ကုတ်အင်္ကျီ ဘယ်ဘက်ရှေ့ကော်လံတွင် တပ်ဆင်ရပါမည်။ ဂျာကင်၊ ကုတ်အင်္ကျီ၊ ဘောင်းဘီအိတ်ထဲသို့ လက်ကို ထည့်မထားရပါ။ လက်ကို ဖြန့်မထားရပါ။ လက်ကိုဖွဖွလေး ဆုပ်ထားရပါမည်။ အင်္ကျီထိပ်ဆုံး ကြယ်သီးတစ်လုံးမှ လွဲ၍ ကျန်ကြယ်သီးများ အားလုံးကို တပ်ဆင်ရပါမည်။ ရှပ်အင်္ကျီကော်လံများ ခေါက်နေခြင်း အတွင်းသို့ဝင်နေခြင်းများ မဖြစ်စေရပါ။ အင်္ကျီများ၊ ဘောင်းဘီများ အပြင်သို့ ထွက်မနေစေရပါ။ ဘောင်းဘီခြေဖျားများ ခြေအိတ်ထဲ ဖိနပ်ထဲဝင်နေခြင်း မဖြစ်စေရပါ။ ကြီးပွားတိုးတက်လိုသူတိုင်းသည် နေ့စဉ်မှတ်တမ်းရေးသားကြသည်။ နေ့စဉ်သို့မဟုတ် ဝင်ငွေ၊ ထွက်ငွေ လက်ကျန်ငွေစာရင်းမှတ်သားသည်။ ဆောင်ရွက်ရန် အလုပ်လက်ကျန် (Try to do)ကိုရေးသားသည်။

အဆင့်မြင့်အမျိုးသားသည် အဆင့်မြင့်အမျိုးသမီးများအား အမြဲတမ်း ဦးစားပေးလေသည်။ သူတစ်ပါးအိမ်သို့ သွားလည်မည်ဆိုလျှင် နိုင်ငံတကာတွင် ထုံးစံအားဖြင့် သူတစ်ပါးအိမ်သို့ မဖိတ်ခေါ်ဘဲ သွားရောက်လည် ပတ်ခြင်း မပြုလုပ်ကြပါ။ ဖိတ်ခေါ်မှသာသွားရောက်လည်ပတ်ကြပါသည်။ မိမိက အကြောင်းတစ်စုံတရာရှိလျှင် အိမ်လည်ရန်လိုအပ်ပါက မိမိက မိမိလာလည် ပါမည့်အကြောင်းကို ကြိုတင်ဖုန်းဆက်၍ လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း၊ နာငေူဖြင့်လည်းကောင်း၊ မေတ္တာရပ်ခံပြီးမှ ¤င်း က ဘယ်နေ့ ဘယ်အချိန်လာပါဟုပြောမှ သွားရ ပါမည်။ သွားလျှင်လည်း ချိန်းထားသည့် အချိန်ထက်စောအောင်သွား၍ အချိန်ကျပါမှ အိမ်တွင်းသို့ဝင်ရပါမည်။ ထိုသို့သွားပါက ပန်းစည်းသော်လည်းကောင်း၊ မုန့်တစ်ခုခုသော်လည်းကောင်း၊ အိမ်ရှင်ကြိုက်နှစ်သက်မည့် လက်ဆောင်တစ်ခုခု(အဖိုးတန်စရာမလို)တို့ ယူသွားပေးရပါမည်။ မိမိလည်သည့်အိမ်တွင် အိမ်ရှင်ငြီးငွေ့အောင်မနေရပါ။ အိမ်ရှင်က မပြန်လိုစေသေးကြောင်း ပြောလျှင်နေနိုင်ပါ သည်။ အပြန်တွင် မိမိကို ယခုလို အိမ်လာလည်ခွင့်ပေးသည့်အတွက် ကျေးဇူးတင်ပါ ကြောင်း ပြောပြီးမှပြန်ရပါမည်။



Credit: စောသူရိန်ထွန်း

Related Articles:

Post a Comment