Monday, April 22, 2013

အပြည်ပြည်ဆိုင်ရာ လူမှုကျင့်ဝတ်များ (စောသူရိန်ထွန်း) အဆက်


အခမ်းအနားသို့ ဖိတ်ကြားခြင်းများ အခမ်းအနားများသို့ ဖိတ်ကြားရာတွင် Formal နှင့် Informal ဟူ၍ အခမ်းအနား နှစ်မျိုးရှိပါသည်။

Banquet မှာညစာစားပွဲကြီးဖြစ်သည်။ အလွန်ကြီးကျယ်ခမ်းနား၍ နိုင်ငံတော်ဧည့် ခံပွဲ အခမ်းအနားအဖြစ်သာ စီစဉ်တည်ခင်းသည်။ ထိုသို့ပြုလုပ်သည့်အခမ်းအနားကို State Banquet ဟုခေါ်သည်။ Dinner မှာသာမန်ညစာစားပွဲဖြစ်သည်။ Banquet လောက်ကြီးကျယ်ခမ်းနား ခြင်းမရှိပေ။

Dinner ဟုသတ်မှတ်လျှင် ယေဘုယျအားဖြင့် စားပွဲ၌ထိုင်၍စားသုံးရသော ညစာစားပွဲဟု ယူဆနိုင်သည်။ Lunch(Luncheon)များ နေ့လယ်စာစားပွဲဖြစ်သည်။ Buffet ဟု သတ်မှတ်လျှင် မိမိထယူရသည့်အခမ်းအနားဖြစ်သည်။ အခမ်းအနားမှူးမရှိပေ။ ခင်မင်ရင်းနှီးသည့်သူများ နှင့် ဧည့်ခံပွဲအဖြစ်ပြုလုပ်ခြင်းဖြစ်သည်။

Reception သည် အဖျော်ယမကာများနှင့် မတ်တတ်ရပ်ဧည့်ခံသည့်မတ်တတ်ရပ် ဧည့်ခံပွဲဖြစ်သည်။ ဧည့်သည်ဦးရေများပြားလေ့ရှိသည်။ အမျိုးသားနေ့အထိမ်းအမှတ်ဧည့် ခံပွဲအဖြစ်ပြုလုပ်လေ့ရှိသဖြင့် ကြီးကျယ်ခမ်းနားမှုရှိနိုင်သည်။ မြက်ခင်းပြင်များပေါ်တွင်ပြု လုပ်လေ့ရှိသည်။

Cocktail သည် Reception ထက်အတိုင်းအတာနည်းသော မတ်တတ်ရပ် ဧည့်သည်ဦးရေမနည်းမများဖြစ်တတ်သည်။ ယေဘုယျအားဖြင့် အိမ်တွင်း၌ပြုလုပ်ကြသည်။

Drinks သည် ခင်မင်ရင်းနှီးသော မိတ်ဆွေများအတွက်ပြုလုပ်သည့်အရက်သောက် ပွဲဖြစ်သည်။ ဧည့်ခန်းထဲတွင် သို့မဟုတ် အိမ်တွင်းဘားတွင်စုဝေး၍သောက်စားကြခြင်းဖြစ် သည်။

Sundowner သည်နေဝင်ချိန်တွင်စုဝေး၍ ခင်မင်သောမိတ်ဆွေများ အရက်သောက် ကြခြင်းဖြစ်သည်။ အကြောင်းမရှိသဖြင့် သာယာသောနေဝင်ရီတရောအချိန်ကို အကြောင်း ပြုပြီး စီစဉ်သည့်အရက်သောက်ပွဲဖြစ်သည်။

Vin d'hounneur or သည် နေ့လယ်တွင် ပြုလုပ်သည့်မတ်တတ်ရပ်ဧည့်ခံပွဲဖြစ်သည်။ ဇနီးများပါလေ့မရှိ။ လူနည်းစုကိုရွေးချယ်ဖိတ်ကြားပြီး အစားအသောက်အဖျော်ယမကာ များကို အဆင့်အတန်းမြင့်မြင့် စီစဉ်ပြုလုပ်တတ်သည်။ အမျိုးသားနေ့ဧည့်ခံပွဲအဖြစ်လည်း စီစဉ်ပြုလုပ်လေ့ရှိပြီး ရှန်ပိန်အရက်တိုက်တတ်ပါသည်။

Champagne သည် နံနက်စာကျွေးရန် ရှန်ပိန်အရက်ကို တိုက်သည့်ဧည့်ခံပွဲဖြစ် သည်။ Breakfast လူနည်းစုကိုသာ ဖိတ်ကြားလေ့ရှိသည်။ နေ့လယ်စာနှင့်ညစာစားပွဲ မပြုလုပ်နိုင်သည့်အခါမျိုးတွင် ပြုလုပ်လေ့ရှိသော ဧည့်ခံပွဲငယ်ဖြစ်သည်။

Coffee Party or Tea Party သည် အမျိုးသမီးများအတွက် ပြုလုပ်သည့် ကော်ဖီ၊ လက်ဖက်ရည်ဖြင့်ဧည့်ခံသော အခမ်းအနားဖြစ်သည်။ ကော်ဖီ၊ လက်ဖက်ရည်နှင့် မုန့်မျိုးစုံမှ အပ အခြားအဖျော်ယမကာများမပါရှိချေ။

Open house သည် မိမိအိမ်၌ ပြုလုပ်သော စည်းကမ်းကန့်သတ်ချက်များ မပါရှိ သည့် ဧည့်ခံပွဲဖြစ်သည်။ ဧည့်သည်များအနေဖြင့် စောင့်ထိန်းရမည့် စည်းကမ်းကျင့်ဝတ် များနည်းပါးပြီး သွားရောက်ပြန်လည်ထွက်ခွာသွားနိုင်သော ဧည့်ခံပွဲဖြစ်သည်။

At Home သည် မိမိအိမ်၌ ပြုလုပ်သည့် စည်းကမ်းကန့်သတ်ချက်များမပါသော ဧည့်ခံပွဲဖြစ်သည်။ လာရောက်လိုသော မိတ်ဆွေများလာနိုင်သည်ဟူသော အဓိပ္ပာယ်ဖြင့် ဖိတ်ကြားခြင်းဖြစ်သည်။ လူတစ်စုကိုသာ ဖိတ်ကြားခြင်းမျိုးမဟုတ်ဘဲ မိတ်ဆွေအများကို ဖိတ်ကြားလေ့ရှိ သည်။

Happy hour သည် စားသောက်ဆိုင်များနှင့်ဘားအချို့က ညစာစားချိန်မရောက် မီ တစ်နာရီခန့်ကို အဖျော်ယမကာများအား လျှော့ဈေးသတ်မှတ်ချိန်ဖြစ်သည်။ တချို့သော ဒေသရှိသံတမန်လူငယ်များအနေဖြင့် စကားစမြည်ပြောဆိုဖလှယ်ရန်ချိန်းဆို၍ အဖွဲ့လိုက် သွားရောက်ကြခြင်းဖြစ်သည်။ အဆိုပါဧည့်ခံပွဲများသို့ ဖိတ်ကြားရေးအတွက်ဖိတ်ကြားစာ(Invitation Cards) များကို ကြိုတင်ဖြန့်ဝေကမ်းလှမ်းရပေသည်။ အချိန်လုံလောက်စွာ ရရှိသည့်အခါမျိုးတွင် ယေဘုယျအားဖြင့်) ၁၂ရက်ကြိုတင်၍ ဖိတ်ကြားထားရပေသည်။ ဖိတ်ကြားစာများတွင် ရေးသားလေ့ရှိသော သင်္ကေတများမှာ- R.S.V.P သည် Reponndezs'll vous plait or please give a reply သည် ဧည့်ခံပွဲကို တက်ရောက်နိုင်ခြင်းရှိမရှိကို ကြိုတင်အသိပေးရန် ပန်ကြားခြင်းဖြစ်သည်။ ယင်းပန်ကြားချက်ကို ယဉ်ကျေးမှုအရ ဖိတ်ကြားခံရသူက မပျက်မကွက်ပြန်ပြောပေးရန် တာဝန် ရှိပေသည်။ အချိန်မီပြန်ကြားခြင်းမပြုပါက ယဉ်ကျေးမှုမဲ့သူဟု သံတမန်အသိုင်း အဝိုင်းက ခေါ်ဝေါ်သမုတ်ခြင်းခံရမည့် အန္တရာယ်ရှိနိုင်သည်။ regret only ဟုရေးထားလျှင် မတက်ရောက်နိုင်သူများက အကြောင်းပြန်ရန်ဖြစ်သည်။

P.M သည် pour menoine သို့မဟုတ် to remaint ဖြစ်ပြီး ဧည့်ခံပွဲတက်ရောက် မည်ဟု နှုတ်ဖြင့်ကတိပေးပြီးဖြစ်သည့်အလျောက် ဆက်လက်တက်ရောက်ရန် သတိပေး ဖော်ပြခြင်းဖြစ်သည်။

Stage သည် အမျိုးသားများသာ တက်ရောက်ရန်ဖော်ပြခြင်းဖြစ်သည်။

National Dress သည် ဧည့်ခံပွဲအခမ်းအနားပေါ်မူတည်၍ တက်ရောက်သည့် ဝတ်စားဆင်ယင်မှုလိုလားချက်များကို ဖော်ပြခြင်းဖြစ်သည်။ ယင်းသတ်မှတ်ချက်နှင့် မကိုက်ညီဘဲ ဝတ်စားဆင်ယင်မှုကွဲလွဲစွာဝတ်ဆင်သွားပါက ဖိတ်ကြားခံရသူအတွက် ဣနြေ¬ပျက်ပြားမည့်အန္တရာယ်ရှိနိုင်ပေသည်။

ဖိတ်စာတွင် Formal ဟုပါပါက သတ်မှတ်ဝတ်စုံအတိုင်းဝတ်ဆင်ရပါမည်။ Informal ဟုပါပါက သာမန်အဝတ်အစား Casual Dress ကို ဝတ်ဆင်နိုင်ပါသည်။ သို့သော် စွပ်ကျယ်၊တီရှပ်၊ဘောင်းဘီတိုဖြင့် မသွားရပါ။ ဖိတ်ကြားသူက အားကစားဘောင်းဘီ ရှည်ဖြင့် ဝတ်လာနိုင်သည်ဟုဖော်ပြပါက ဝတ်နိုင်ပါသည်။ ဂျပန်နိုင်ငံတွင် အနက်ရောင်နက်ခ်တိုင်ကို မင်္ဂလာအခမ်းအနား၊ စားပွဲသောက် ပွဲများတွင် မဝတ်ဆင်ရပါ။ နာရေးများတွင်သာ ဝတ်ဆင်ခြင်းဖြစ်သည်။ နက်ခ်တိုင် အနက်ရောင်အောက်ခံတွင် အခြားအရောင်ဒီဇိုင်းပါလျှင် ဝတ်ဆင်နိုင်ပါသည်။ အမေရိ ကန်နိုင်ငံတွင် တီရှပ်၊ ဂျင်းဘောင်းဘီတို့ကို ဝတ်ဆင်နိုင်ပါသည်။ အခမ်းအနားများသို့ မည်သူမှ နောက်ကျ၍မသွားရပါ။ နောက်ကျ၍ရောက်သွား ပါက ရောက်လျှင်ရောက်ခြင်း ဖိတ်ကြားသူကို အဘယ်ကြောင့်နောက်ကျ၍ရောက်လာ ရသည်ကို ရှင်းပြ၍တောင်းပန်ရပါမည်။ ဖိတ်ကြားမှုကို မလာရောက်နိုင်လျှင်လည်း ဖိတ်စာရရခြင်း ဖုန်းဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း၊ Email ဖြင့် လည်းကောင်း၊ Fax ဖြင့်လည်းကောင်း အဘယ်ကြောင့် မတက်ရောက်နိုင်ကြောင်းကို အကြောင်းပြန်ရပါမည်။ ဧည့်ခံပွဲပြီးသည့်နောက် ဖိတ်ကြားသူထံသို့ ဧည့်ဝတ်ကျေပွန်မှု အတွက် ကျေနပ်ဝမ်းသာကြောင်း ဖုန်းဆက်၍ဖြစ်စေ၊ စာဖြင့်ရေး၍ြုဖစ်စေ အကြောင်း ကြားရပါမည်။ အထူးဧည့်ခံပွဲကြီးများ(နိုင်ငံတော်အဆင့်)၌ ဧည့်ဝတ်ကျေပွန်မှုအတွက် ကျေးဇူးတင်ကြောင်းကို စာနှင့်ပန်းများကို မိမိလိပ်စာကဒ်ဖြင့်ပေးပို့ရပါမည်။

အဖျော်ယမကာ သောက်မည်ဆိုလျှင် ညစာစားပွဲကြီးများတွင် ဖိတ်ကြားသူ(Host)က စတင်သောက်နိုင်ပြီဟု အချက်ပြ ပါက မိမိရှေ့တွင်ခေါက်ထားသော ပဝါကိုပေါင်ပေါ်ခင်းလိုက်လျှင် ဖန်ခွက်ဗန်းကို စားပွဲ ထိုးက လာရောက်ပြသပါသည်။ ထိုအခါ မိမိသောက်လိုသော ယမကာကိုလိုက်၍ ခွက်ရွေး ချယ်ရပါသည်။ အရက်အား အလွန်အကျွံမူးအောင် မသောက်ရပါ။ အရက်အများကြီး သောက်ရမည့်ပွဲဆိုလျှင် အလွန်အကျွံမမူးအောင် ထောပတ်တစ်ဇွန်းခန့် ကြိုတင်စားထား ပြီးမှ သွားသင့်ပါသည်။ ပေါင်းသင်းဆက်ဆံရေး ကျင့်ဝတ်များ ရိုးသားစွာ ချီးမွမ်းရမည်။ သူတစ်ပါးခံစားချက်ကို ထောက်ထားရမည်။ စာနာရ မည်။ ကတိတည်ရမည်။ ချိန်းဆိုထားချက်ကို မဖျက်ရချေ။ အကယ်၍အရေးပေါ်ကိစ္စ ပေါ်လာ၍ ချိန်းဆိုထားချက်ကို ဖျက်လိုလျှင် ချိန်းဆိုသူကို အမြန်ဆုံးအကြောင်းကြား ရသည်။

သူတစ်ပါးနိမ့်ကျစေရန် ထေ့လုံးငေါ့လုံး(Sarcasm) မပြုလုပ်ရမပြောရချေ။ သူ တစ်ပါးကို နှိမ့်ချပြောဆိုခြင်း သူတစ်ပါးကို နှိမ့်ချ၍ မိမိဂုဏ်တက်အောင်ပြောဆိုခြင်း၊ မိမိသွားရောက်ခဲ့သော ခရီးတို့ကြို

ထမင်းစားပွဲတွင် ထိုင်၍စားသောက်တော့မည်ဆိုလျှင် စားပွဲဝိုင်းတွင် မိမိဘယ်ဘက်နှင့်ညာဘက်လက်ရှိ ဇွန်းနှင့်ခက်ရင်း(Tools)များကို စတင်ကိုင်တွယ်ပြီး စားသုံးရသည်။ အစာစားနေစဉ် ရွံရှာစရာအသံမထွက်ရချေ။ အစာ စားနေချိန်နှင့်စားပြီးချိန်တို့၌ ဟင်းရည်ကိုသောက်ရာတွင် တရှုတ်ရှုတ်မြည်ခြင်း၊ လေတက် ခြင်းမပြုရချေ။ ထမင်းစားပွဲတွင် ခေါင်းဖြီးခြင်း၊ မိတ်ကပ်၊ နှုတ်ခမ်းနီခြယ်သခြင်း မပြုရချေ။ ပြုလုပ်လိုပါက သနပ်ခါးလိမ်းခန်း သို့မဟုတ် သန့်စင်ခန်းတွင် ပြုလုပ်ရသည်။ အရိုး(ငါး)ကို စားပွဲပေါ်သို့ဖြစ်စေ၊ ပန်းကန်ထဲသို့ဖြစ်စေထွေး၍ မချရချေ။ လက်ဝါး တစ်ဖက်ကို လက်ခုပ်လုပ်ပြီး ပါးစပ်ကိုအုပ်ကာ၍ ငါးရိုးကို ကျန်သောလက်ဖြင့် ဆွဲ ထုတ်ရသည်။ ထိုငါးရိုးသို့မဟုတ် အရာဝတ္ထုကို အဓိကပန်းကန်ပြား(Main Plate)၏ အပေါ်ပိုင်းအစွန်တွင် တင်ရပါမည်။ ဘေးပန်းကန်ပြား(Side Plate)ကို အမှိုက်စွန့်ရာ နေရာအဖြစ် အသုံးမပြုရချေ။ ငါးမှုန့်ကြော်၊ အာလူးကြော်တို့ကဲ့သို့သော ကျွတ်ကျွတ်မြည်သော အစာများကို ဖြည်းညင်းသက်သာစွာဝါးရပါမည်။ အစာစားသောအခါ စားပွဲခင်းမညစ်ပတ်စေရန် ဂရုစိုက် ရပါမည်။ အစာကိုတည်ငြိမ်အေးဆေးစွာ စားရသည်။ အရသာခံပြီးစားရသည်။ ဖြည် လျှော့စွာစားရသည်။ အရေးတကြီး မျိုချပစ်ရန်မလိုချေ။ အစာစားနေစဉ် စကားကိုလျှော့၍ ပြောရသည်။ သို့မှသာ အခြားသူသည်အေးဆေးသက်သာစွာရှိမည်ဖြစ်သည်။ စကားပြော ရန်အကြောင်းအချက်တို့သည် အများစိတ်ပါနိုင်သော ရာသီဥတု၊ အားကစား၊ မျက်မှောက် ရေးရာတို့ဖြစ်သည်။ ဘာသာရေး၊ ဖိုမကိစ္စ၊ ပုဂ္ဂလိကပြဿနာတို့ကို ပြောဆိုခြင်း မပြုရချေ။ ထို့အပြင် အတင်းအကြပ်ပြောခြင်း၊ ရုန့်ရင်းရိုင်းပြသော ဟာသများပြောခြင်းတို့ကို မပြု လုပ်ရချေ။

အစာကို စတိုင်လ်နှင့်စားရသည်။ ပါးစပ်ဆီသို့ လက်ကအစာကို ယူလာသောအခါ မိမိကိုယ်ကိုအနည်းငယ် ကိုင်းညွတ်ရသည်။ အစာကိုမီစေရန် ခေါင်းကိုမငုံ့ရချေ။ ကိုယ်ကို တောင့်တင်းမထားဘဲ ခပ်မတ်မတ်နေစေ၍ စားရမည်။ ထမင်းစားပွဲ၌ ထိုင်ပြီးသည်နှင့် လက်သုတ်ပဝါကိုပေါင်ပေါ်သို့တင်ရသည်။ မေးစေ့အောက်ရှေ့ ရင်ဘတ်ကိုဖုံး၍(ကလေး သွားရည်ခံကဲ့သို့) မထားရချေ။ စားရန်ခက်ခဲသည့်အစာမျိုးဖြစ်လျှင် သွားရည်ခံပေးလေ့ရှိ ပါသည်။ ထမင်းစားပွဲခုံနှင့် တစ်ပေခန့်ခွာ၍ မထိုင်ရသလို ထမင်းစားပွဲနှင့်လည်း ထိ၍ မထိုင်ရချေ။ အရည်သောက်ဟင်းကို ဇွန်း၏အဖျားမှမသောက်ရဘဲ ဇွန်း၏ဘေးမှသောက် ရသည်။ ရှုပ်ရှုပ်မြည်သံ၊ ဂလောက်ဂလောက်မြည်သံများလည်း မထွက်စေရချေ။ လိုက်ပွဲ လည်း မတောင်းရချေ။ အစားအစာများကို ဓားနှင့်ယူ၍မစားရချေ။ ခက်ရင်းသို့မဟုတ် ဇွန်းနှင့်ယူ၍စားရသည်။ ထိုသို့ယူရာတွင် မနိုင်မနင်း မောက်လျှံနေအောင် မယူရချေ။ ပါးစပ်အပြည့်ပလုတ်ပလောင်းမစားရချေ။ ဇွန်း၊ ခက်ရင်း၊ ဓားတို့ကို ထောပတ်ပန်းကန်၊ ဆားခွက်၊ ပန်းကန်ထဲသို့ မထည့်ရချေ။ မိမိဘေးမှလူကို ကျော်၍အခြားသူတစ်ဦးကို စကားမပြောရချေ။ လူတစ်ဦးဦးကို ကျော်မပေးရချေ။ ကုလားထိုင်ခြေထောက်နှစ်ချောင်းကို ထောက်၍ ကျန်နှစ်ချောင်းကို မြှောက်ခြင်းမပြုရချေ။ မိမိမစားလိုသော ဟင်းလျာကိုငြင်းပယ်နိုင်သည်။ အကြောင်းပြ ရန်မလိုပေ။ အခြားသူက ငြင်းပယ်လျှင်လည်းအကြောင်းပြချက်ကို မမေးမြန်းရချေ။ အစာမကြေခြင်း၊ ဝမ်းဗိုက်မတင်းခြင်းတို့သည် မိမိကိစ္စသာဖြစ်သဖြင့် အခြားသူများအား အရိပ်အြ>ွမက်ပင် မပြောရချေ။ အစာကြေခဲကြောင်း၊ အလွန်ပူကြောင်း၊ အလွန် မာကြောကြောင်းတို့ကိုမပြောရချေ။ ထိုသူကိုယ်တိုင် သိပြီးသော အကြောင်းအရာဖြစ် နေနိုင်သည်။

အိမ်ရှင်နှင့်အိမ်ရှင်မတို့ကိုကျေးဇူးတင်ကြောင်းပြောရာတွင် အစားအစာ အတွက်မဟုတ်ဘဲ Entertain အတွက်သာဖြစ်ကြောင်း ပြောရသည်။ ကိုယ်က အိမ်ရှင် အိမ်ရှင်မ ဖြစ်နေလျှင် ဧည့်သည်စား၍မပြီးမီ ကိုယ်က စား၍မပြီးရချေ။ ဧည့်သည်က ကော်ဖီ ဒုတိယအကြိမ်မယူရသေးမီ ကိုယ်က ဒုတိယအကြိမ်မယူရချေ။ လက်ဖက်ရည်၊ ကော်ဖီတို့မည်မျှပင်ပူနေစေကာမူ အောက်ခံပန်းကန်ပြားထဲသို့ ထည့်၍မသောက်ရချေ။ သူများထည့်သောက်နေလျှင်လည်း မသိချင်ယောင်ဆောင် နေရသည်။ ပေါင်မုန့်အချပ်ကို ထောပတ်သုတ်ပြီးမှ မဖဲ့ရဘဲ တစ်ကိုက်စာဖဲ့ပြီးမှ ထောပတ် သုတ်၍ စားရမည်။ ထမင်းစားပွဲတွင် အခြားသူများထိုင်နေပြီဆိုလျှင် သတင်းစာ ဂျာနယ် တို့ကို မဖတ်ရချေ။ ထမင်းစားပွဲတွင် နှပ်မညှစ်ရချေ။ မဖြစ်မနေညှစ်ပါက လက်ကိုင်ပဝါ ထုပ်၍ အမြန်သာသာညှစ်ရသည်။ လက်သုတ်ပဝါကို မသုံးရချေ။ မိမိနှပ်ညှစ်သည်ကို အခြားသူများအား မတောင်းပန်ရ။ မသိချင်ယောင်သာ ဆောင်နေရမည်။ လူကြားထဲတွင် သွားကြား မထိုးရချေ။ ထိုးလိုလျှင် လက်တစ်ဖက်ဖြင့် လက်ကိုကာ၍ဖြစ်စေ၊ လက်သုတ်ပဝါ ကိုကာ၍ဖြစ်စေ မသိမသာလုပ်ရမည်။ ထမင်းစားပွဲ၌အပြုအမူကောင်းဆိုသည်မှာ အခြား သူများ စိတ်အနှောင့်အယှက်မဖြစ်စေရန်သာဖြစ်သည်

လူမျိုးအလိုက် လက်ဆောင်ပေးခြင်းဆိုင်ရာ ဓလေ့စရိုက်များ လူမှုရေး၊ စီးပွားရေးကိစ္စတို့အတွက် ပေါင်းသင်းဆက်ဆံကြရာတွင် တစ်ဦးကို တစ်ဦးလက်ဆောင်ပေးခြင်းသည် သင့်လျော်သော ဓလေ့စရိုက်ဖြစ်သည်။ သို့သော် လူမျိုး တစ်မျိုးနှင့်တစ်မျိုးဓလေ့စရို
က်ယဉ်ကျေးမှုထုံးစံခြင်းကွဲပြားသည်မို့ လက်ဆောင်ပေး ခြင်းနှင့် ပတ်သက်ပြီး လူမျိုးအလိုက်ပွဲပြားသော အောက်ပါအခြေခံဓလေ့စရိုက်များကို သတိထားရ မည်ဖြစ်ပါသည်။

တရုတ်လူမျိုး များသည် နာရီလက်ဆောင်ပေးခြင်းကို မနှစ်မြို့ပါ။ လက်ဆောင်ပေး သူ၏ဒေသဆိုင်ရာ အမှတ်သညာသင်္ကေတပါလက်ဆောင်များကို နှစ်သက်ပါသည်။ ဥရောပလူမျိုး များသည် ဂန္ဓမာပန်း၊ နှင်းဆီအနီ၊ ပန်းအဖြူများလက်ဆောင်ပေးခြင်းကို မနှစ်မြို့ပါ။ မဂဏန်းနှင့်(၁၃)ဂဏန်းရေအတွက်မျိုးကိုလည်း ရှောင်ရပါမည်။

အစ္စလာမ် ဘာသာဝင် ဘာသာဝင်များကို အရက်လက်ဆောင်ပေးခြင်းမပြုလုပ်ရပါ။ တရုတ်အမဲကောင် အရုပ်ပါ ပစ္စည်းများလက်ဆောင်ပေးခြင်းမပြုလုပ်ရပါ။ အမျိုးသားအတွက် လက်ဆောင်မပါဘဲ အမျိုးသမီးကို မပေးရပါ။

အာရပ်လူမျိုးများ ကို လူပုံ၊ တိရစ္ဆာန်ပုံပါပန်းပုများ၊ ဓာတ်ပုံများ၊ ပန်းချီကားများကို လက်ဆောင်ပေးခြင်းမပြုပါနှင့်။ တိရစ္ဆာန်တော်တော်များများကို လာဘ်မကောင်းဟု ယူဆသောကြောင့်ဖြစ်သည်။

ဂျပန်လူမျိုးများ သည် အဖြူနှင့်အမည်း ပေါင်းစပ်သောအရောင်ကို အမင်္ဂလာအရောင်ဟုယူဆသဖြင့် ထုပ်ပိုးစက္ကူအရောင်ကို အခြားအရောင်များဖြင့်သာသုံးပါ။ အဓိပ္ပာယ်ကောက်ယူလွဲမှားနိုင်သဖြင့် ဖဲကြိုးဖဲပြား များသုံးခြင်းကိုလည်း ရှောင်ပါ။ အနီရောင်သည် ကျန်းမာခြင်းအမှတ်အသားဖြစ်သည်ဟု သတ်မှတ်သဖြင့် အသင့်လျော်ဆုံးဖြစ်သည်။

အာရှသားများကို ဓား၊ ကတ်ကြေးစသော သံထည်ပစ္စည်းများကို လက်ဆောင်မပေးရချေ။ အနီရောင်သည် ကံကောင်းခြင်း လက် ဆောင်အဖြစ်လက်ခံကြသည်။ အချို့တိရစ္ဆာန်များကို မနှစ်မြို့ဖွယ်သတ္တဝါအဖြစ် မှတ်ယူ ကြသဖြင့် ပန်းပုများပန်းချီကားများကို လက်ဆောင်ပေးရာတွင် အထူးသတိပြု စုံစမ်းပြီး မှပေးပါ။

လက်တင်အမေရိကသားများ ကို ဓား၊ လက်ကိုင်ပဝါများ လက်ဆောင်မပေးရ ချေ။ မည်သူ့ကိုမဆို မည်သူ့ကိုမဆိုလက်ဆောင်ပေးရာတွင် အနက်ရောင်နှင့်ခရမ်းရောင်ပါ အရောင် လက်ဆောင်များကိုရှောင်ပါလေ။

အချုပ်အားဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လက် ဆောင်ဖလှယ်ရာတွင် လက်ဆောင်ငွေတန်ဖိုးထက် လက်ဆောင်ရယူသူလိုလား နှစ် သက်နိုင်ဖွယ်သော လက်ဆောင်မျိုးကိုသာ ရွေးချယ်၍ ပေးအပ်ပါလေ။

အပြည်ပြည်ဆိုင်ရာ လူမှုကျင့်ဝတ်များကို သိနိုင်ကြပါစေလို့ ဖတ်မိသမျှရေးသား ဖော်ပြလိုက်ရခြင်းဖြစ်ပေတော့သည်။

Credit:စောသူရိန်ထွန်း (ဖတ်မိထားသည်များ စုစည်းကောက်နှုတ်တင်ပြလိုက်ရပေသည်။)

Related Articles:

Post a Comment