ဒီမိုကရေစီစနစ် ၊ ဒီမိုကရေစီလူ့ဘောင် ၊ ဒီမိုကရေစီလှုပ်ရှားမှု့ ၊ စတဲ့ အရာတွေအကြောင်း လူငယ်တွေ အဓိကသိထားရမှာက ဒီဖြစ်စဉ်တွေ ဒီလှုပ်ရှားမှု့တွေရဲ့ ပန်းတိုင်းဆိုတာ ရုပ်ရှင်ဇာတ်ကားတစ်ခုလို ဝတ္ထုတစ်ပုဒ်လို ဇာတ်သိမ်းခန်းမှာ မင်းသားနဲ့မင်းသမီးညားပြီး လူဆိုးကြီးသေသွားလေသတည်းဆိုတာ မျိုးမဟုတ်ဘူးဆိုတာဘဲ။
ဆိုလိုချင်တာက ဒီမိုကရေစီလှုပ်ရှားမှု့ဆိုတာ ပြီးဆုံးသွားတယ်လို့မရှိဘူး။ ဒါပေမဲ့ လူတွေရဲ့ အသိဥာဏ်နဲ့ ပညာအရည်အချင်းတွေ ၊အတွေ့အကြုံနဲ့ အတွေးအခေါ်ရင့်ကျက်မှု့တွေပေါ်မှုတည်ပြီး တဆင့်ထက်တဆင့် မြင့်သွားတာတော့ ရှိတယ်။
ဒီမိုကရေစီစနစ်မှာလဲ မတရားမှု့တွေ မမျှတမှု့တွေရှိတာဘဲ။ လွတ်လပ်မှု့ကို ပိတ်ပင်မှု့တွေ ဘောင်ခတ်လိုမှု့တွေ ရှိတာဘဲ။ ဒါကလဲ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ဟာ လူတွေနဲ့ဖွဲ့စည်းထားတဲ့ လူ့အသိုင်းအဝန်းကြီးထဲက လူ့အဖွဲ့အစည်းလေးတစ်ခုထဲမှာ နေထိုင်နေကြလို့ဘဲ။ လူဆိုတာ သူများထက်သာချင်တယ် ၊ သူများထက်ပိုချင်တယ် ၊ သူများထက်လွတ်လပ်ချင်တယ် စတဲ့စတဲ့ သဘောထားတွေနဲ့ ပြည့်နေတဲ့ သတ္တဝါတွေကြီးပါဘဲ။ ဒါကြောင့် ဒီလိုစိတ်ထားတွေကို တပြေးညီဖြစ်ဖို့ရာမှာ အားလုံးလိုက်နာနိုင်တဲ့ မျှတပြီး တရားတဲ့ ဥပဒေတွေကို ပြဌာမ်းပြီး အဆိုပါလူ့အသိုင်းအဝန်းကြီးကိုထိမ်းကျောင်းရတယ်။ ဒါပေမဲ့ ဒီလိုထိမ်းကျောင်းတဲ့ ဥပဒေတွေဟာ ဒီမိုကရေစီကိုလက်ခံတဲ့ အစိုးရတွေမှာသာမဟုတ်ဘဲ အာဏာရှင်အစိုးရတွေမှာလဲ ဒီလိုဘဲ ပြဌာမ်း အုပ်ချုပ်ကြတာ တွေ့ရမှာဖြစ်တယ်။
ဒါဆိုဒီမိုကရေစီ အစိုးရနဲ့ အာဏာရှင်အစိုးရ ဘာကွာလဲလို့ မေးစရာရှိလာတယ်။ ကွာတာကတော့အားလုံး သိပြီးကြတဲ့ အတိုင်းဘဲ ဒီမိုကရေစီ စနစ်မှာ ပြည်သူများဟာ အစိုးရဆိုသူတွေကို သဘောတရားအရသာမကဘဲ လက်တွေ့နဲ့ အနှစ်သာရအရပါလူအများဆန္ဒအရ ဖြုတ်ချခွင့်ရှိသလို ရွေးချယ်ရွေးချယ်ခွင်ရှိတယ်၊ တရားဥပဒေရဲ့ အကာအကွယ်ကို သဘောတရားအရသာမကဘဲ လက်တွေ့နဲ့ အနှစ်သာရအရပါလူအများက ထင်သာမြင်သာရှိရှိ ရရှိမှာဖြစ်သလိုမိမိတို့အပေါ် မတရားသဖြင့် စွတ်ဆွဲလာမှု့တွေကိုလဲ လူအများမြင်သာအောင် ပြန်လည်ခုခံပိုင်ခွင့်တွေ ရရှိမှာဖြစ်တယ်။ ဒါ့အပြင် မတရားတဲ့ မမျှတတဲ့ဥပဒေတွေရှိခဲ့ရင်လဲ လူအများရဲ့ ဆန္ဒနဲ့အညီ ပယ်ဖျတ်နိုင်ခွင်တွေရှိတယ်။ ဒါပေမဲ့ အာဏာရှင်တိုင်းပြည်တွေမှာ ကျင့်သုံးတဲ့ ဒီမိုကရေစီကတော့ အထက်က အချက်တွေနဲ့ ပြောင်းပြန်ဆိုတာ အထူးပြောဖို့ လိုမယ်မထင်ဘူး။
အားလုံးခြုံပြောရရင်တော့ လက်ရှိမြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့နိုင်ငံရေး၊ လူမှု့ရေး ဖြစ်စဉ်တွေအားလုံးကို လက်ရှိထက်မနိမ့်သွားအောင် ထိမ်းသိမ်းရမှာဖြစ်သလို လက်ရှိဖြစ်စဉ်တွေနိုင်ငံရေးလှုပ်ရှားမှု့တွေ လူမှု့ရေးလှုပ်ရှားမှု့တွေကိုလဲ တစ်ဦးတစ်ယောက် တစ်ဖွဲ့တစ်ပါတီရဲ့ ထိမ်းချုပ်မှု့အောက်ကို မရောက်သွားဖို့ အားလုံးဝိုင်းပြီး ကာကွယ်ရမှာ ဖြစ်တယ်။ အဲ့ဒီလိုထိမ်းသိမ်ခြင်းဟာလဲ ဒီမိုကရေဒီကိုကာကွယ်ခြင်းဖြစ်ပြီး အဲ့ဒီလိုထိမ်းသိမ်းနိုင်ခွင်ဟာ အုပ်ချုပ်သူ အစိုးရများမှာသာမက ပြည်သူများထံမှာပါရှိနေခြင်းဟာလည်း ဒီမိုကရေစီကျင့်သုံးနေတယ်ဆိုတာကို သက်သေပြနေတဲ့ လုပ်ရပ်တစ်ခုဘဲ ဖြစ်တယ်။
ဒီမိုကရေစီရှင်သန်ခြင်းမှာ ပြီးဆုံးသွားတဲ့ ပန်းတိုင်ဆိုတာ မရှိပေမဲ့။ ဒီမိုကရေစီသေဆုံးခြင်းမှာတော့ ပန်းတိုင်ဆိုတာရှိတယ်။ အဲ့ဒါကဘာလဲဆိုရင် တစ်စုတစ်ဖွဲ့တစ်ပါတီက ဒီမိုကရေစီဆိုတဲ့ ခေါင်းစဉ်တပ်ပြီး မိမိတစ်ဦးတစ်ယောက်ရဲ့အကျိုး ၊ မိမိနဲ့ပက်သက်ဆက်နွယ်နေတဲ့ အဖွဲ့အစည်း စီးပွားရေး လုပ်ငန်းစုတွေကို ကာကွယ်ဖို့ကြိုးစားလာပြီး မိမိနဲ့ဆန်ကျင်ဘက်မှာရှိတဲ့ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေကို ဥပဒေနဲ့ဖြစ်စေ အာဏာနဲ့ဖြစ်စေ ထိမ်းချုပ်ဖို့ ကြိုးစားတာကို ထိမ်းချုပ်ခံ လိုက်ရတဲ့ အဖွဲ့အစည်းရဲ့ တရားဥပဒေအရ ပြန်လည်ခြေပပိုင်ခွင့်တွေ ၊တရားဥပဒေအရ အကာအကွယ်ရပိုင်ခွင့်တွေကို မပေးတော့ဘူးဆိုရင်တော့ ကျွန်တော်တို့ တိုင်းပြည်မှာ ဒီမိုကရေစီဆိုတာ သေးဆုံးသွားပြီလို့ မှတ်ယူရမှာဘဲဖြစ်တယ်။
ဒါကြောင့် လက်ရှိအခြေအနေမှာ လူ့အခွင့်အရေးလှုပ်ရှားသူတွေ၊ ဒေသတွင်းဆုံးရှုံးနေတဲ့ မိမိတို့ရဲ့ရပိုင်ခွင့်တွေကို ရရှိဖို့ တောင်းဆိုလှုပ်ရှားသူတွေကို အစိုးရရဲ့ အာဏာပိုင်အဖွဲ့အစည်းတွေက တရာဆွဲဆိုခြင်းဟာ ဒီမိုကရေစီဆုံးရှုံးတာလို့ မယူဆစေချင်ဘူး။ ဒါပေမဲ့ အဲ့ဒီလိုတရားဆွဲဆိုမှု့တွေကို လူအများမြင်သာမှု့ရှိအောင် ပြန်လည်ခြေပပိုင်ခွင့်တွေ ဆုံးရှုံးပြီဆိုရင်တော့ ဒါဟာ ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့ ဒီမိုကရေစီရဲ့ သေးဆုံးခြင်းဘဲ ဖြစ်တယ်လို့ လူငယ်တွေကို အကြံပြုပါရစေ။
Post a Comment