ဒီဇင်ဘာလ 20 ရက် 2012 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး
ဦးပိုင်ကုမ္ပဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ ဖက်စပ်လုပ်ကိုင်နေသည့် မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် လက်ပန်တောင်းတောင် ကြေးနီစီမံကိန်း ဖျက်သိမ်းရေး ကန့်ကွက် ဆန္ဒပြမှုများ လွန်ခဲ့သည့် နိုဝင်ဘာလအတွင်းက ကျယ်ပြန့်စွာ ဖြစ်ပွားခဲ့ အပြီး ယခုလဆန်းပိုင်းမှစ၍ ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် KIA အဖွဲ့တို့အကြား နှစ်ဘက် တိုက်ပွဲများ ပြင်းပြင်း ထန်ထန် ဖြစ်ပွားခဲ့သည် ။
ထိုသို့ ဖြစ်ရခြင်းမှာ ကြေးနီစီမံကိန်းကန့်ကွက်မှုများ
မေး - လက်ပန်တောင်းတောင်ကိစ္စ အပြီးမှာ အစိုးရတပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲတွေပိုဖြစ်လာတာပေါ့နော်
ဖြေ - လက်ပန်တောင်းတောင်ကိစ္စ အပြီး တိုက်ပွဲတွေပိုများလာတာ ဆိုတဲ့ကိစ္စက အောက်တိုဘာလကုန်ပိုင်း ရွေလီ ဆွေး နွေးပွဲ အပြီးမှာ အစိုးရဘက်က Target ပြောင်းသွားတယ်လို့ ယူဆရတယ်။ မူလက အဲဒီငြိမ်းချမ်းရေး မလုပ်ခင် မြင်နေရတာက ချွေစစ်သဘောမျိုး အမြဲမပြတ်ထိတွေ့ပြီး ချုံ့ထားတဲ့ အနေအထား နေရာအနှံ့ သေနတ်သံမြည်နေအောင် လုပ်ထားတာပေါ့။
ပိုင်းဖြတ်ချက်ရှိတဲ့ စစ်ပွဲလက္ခဏာမျိုးမတွေ့ရဘူး တပ်တွေအများကြီးသုံးမယ် ဖြန့်ထားတယ် ထိတွေ့မှု ယူတယ် အမြောက် ကြီး တွေနဲ့ပစ်တယ် အနှောက်အယှက်လုပ်တယ် အဲလိုပေါ့ တိုတိုပြောရရင် ချုံ့ငင်တဲ့စစ်ပွဲတစ်ခုကို ဖန်တီးထားတာ။
ဒီလိုတိုက်ပွဲတွေ နေ့စဉ်ဖြစ်နေတဲ့အခါကျတော့ အရာရာတိုင်းမှာ ဖိအားရှိနေတယ် ဒီအကျပ်အတည်း တွေထဲကနေ ပြည်သူ နဲ့ ကေအိုင်အေတပ် ၊ အထက်နဲ့အောက် သွေးကွဲအောင်ဖန်တီးထားတာ ဖြစ်တယ်။ အဲဒီနောက်ပိုင်းမှာ ဗမာတပ်ဘက်ကစဉ်းစားချက်ပြောင်းသွ
မေး - အဲဒီစစ်ပွဲအနေအထားကို ထင်သာမြင်သာရှိအောင် ပြောပြပေးပါ ။
ဖြေ - အခုလတ်တလော လဂျားယန်မှာ ဖြစ်သွားတဲ့ တိုက်ပွဲတွေမှာ သိပ်သိသာတယ် MI24 ကိုအဓိကကျတဲ့ နှစ်နေရာ မှာ ရည်မှန်းချက်ရှိတဲ့နှစ်နေရာကိုပ
ကေအိုင်အေဆီကနေ သူလိုချင်တဲ့ စခန်းတွေရရင် စစ်ရေးအသာစီးနဲ့ စားပွဲပေါ် ရောက်အောင်ခေါ်မယ် အဲလိုစဉ်းစားပုံ ရတယ်။ အဲဒါကြောင့် နံပတ်တစ်က ဘွန်လွယ်စခန်းကိုထိုးတယ် နောက် တစ်ခုက ပန်ဝါနားမှာကပ်နေတဲ့ နယ်စပ်မျဉ်း ၅၊၆ နားကစခန်းကို ထိုးတယ်။
ဒါနဲ့ပတ်သက်လို့ နောက်တစ်ခေါက်ငြိမ်းချမ်းရေးစကာ
မေး - နောက်တစ်ခုက ပြည်တွင်းလူထုကြားမှာ ကေအိုင်အေကို တရုတ်က ထောက်ခံအားပေးနေတယ်လို့ ပြောသံတွေ ကြားနေရတော့ ဒီကိစ္စအပေါ် ဘာပြောချင်ပါသလဲ။
ဖြေ - ကေအိုင်အေဟာ အိမ်နီးနားချင်းနိုင်ငံကြီးရဲ့ ထောက်ပံ့မှုတွေရထားလို့ တိုက်ပွဲတွေ မပြတ်တိုက်နိုင်တယ်လို့ပြော နေတာက လက်တွေ့မကျဘူး။
ပြည်တွင်းမှာ ဗမာအစိုးရဟာ သူ့ရဲ့စစ်ရေးရူံးနိမ့်မှုတွေကို
မေး - KIA နဲ့တရုတ်ဆက်ဆံရေး အခြေအနေရော ဘယ်လိုရှိပါသလဲ
ဖြေ - ကေအိုင်အေက တရုတ်အစိုးရနဲ့ အိမ်နီးနားချင်း လက္ခဏာဆောင်တဲ့ ဆက်ဆံရေးရှိတာ မှန်တယ် ဆိုလိုတာက ကေအိုင်အေနဲ့ဆိုရင် ထိန်ချုံးအထူးခရိုင်၊ တယ်ဟုန်အထူးတိုင်း ၊ ပေါင်စန်းစစ်ဒေသခွဲစတဲ့ ဒီလို နယ်စပ်ခြင်းကပ်နေတဲ့ ဒေသတွေ က တစ်စုံတစ်ရာ ဆက်စပ်မှုရှိတာအမှန်ပဲ။
တရုတ်အစိုးရအနေနဲ့ အရင်တုန်းက ကွန်မြူနစ်ပါတီကို ကူညီခဲ့သလိုမျိုး အခုနောက်ပိုင်းမှာ ဘယ်သူ့ကိုမှမကူညီဘူး ကေအိုင်အေဘက်က ပိုရှင်းတယ် ကေအိုင်အေခေါင်းဆောင်အားလုံးဟာ တရုတ်ပြည်က ကချင်တစ်ယောက်မှ မပါဘူး ဗမာ ပြည်က ကချင်တွေဖြစ်တယ်။
နောက်တစ်ခုက တရုတ်ပြည်ဟာဆိုလို့ရှိရင် ဗမာအစိုးရရဲ့လေသံကိုလိုက်ပြီး သူ့ပြည်တွင်းထဲမှာရှိနေတဲ့ ဒုက္ခသည်တွေကို ကေအိုင်အေနယ်ထဲကိုမောင်းသွင်းတယ
မြစ်ဆုံကိစ္စမှာ ဆိုရင်လည်း တရုတ်အစိုးရဟာ ကေအိုင်အေကို တော်တော်လေးကို နာကျဉ်းတယ် မြစ်ဆုံကိစ္စကို စတင် ကန့်ကွက်တာ ကေအိုင်အေဖြစ်တယ် မြစ်ဆုံမှာ လုပ်တဲ့ကုမ္ပဏီကြီးရဲ့ဋ္ဌာနချုပ်မှ
နောက်တစ်ခုက ကေအိုင်အေက အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဆက်စပ်မှုရှိတယ် ဘာသာရေးအရလည်း အနောက်နိုင်ငံတွေကြိုက်တဲ့ ဘာသာရေးကိုးကွယ်မှုရှိတယ် အဲဒီတော့ တရုတ်ပြည်ဟာ ကေအိုင်အေနဲ့ပတ်သက်ပြီး သံသ ယတွေ အများကြီးရှိတယ် ကျနော်တို့သိသလောက်ပြောရရင် ကွန်မြူပါတီကတဆင့်ရခဲ့ဖူးတဲ့ လက်နက်ခဲယမ်းက လွဲရင် တရုတ်ပြည်က ဘာမှမရပါဘူး။
မေး - နှစ်ဘက် စစ်ရေးအခြေအနေကိုရော ဘယ်လိုသုံးသပ်မိပါသလဲ။
KIAဘက်က နိုင်ငံရေးစင်မြှင့်တစ်ခုရဖို့ မလွဲသာ ၊ မရှောင်သာ တိုက်နေရတယ်လို့ ထင်ပါတယ် ၊ သူ့အတွက် ၀န်ထုတ် ၀န်ပိုး သိပ်ကြီးပါတယ် ၊ စစ်ပွဲကိုလိုလားတဲ့အနေအထားမရှိပ
လတ်တလေစစ်ပွဲမှာ သိသာပါတယ်။ ကေအိုင်အေက ခံစစ်သေသက်သက်လုပ်သွားတယ်၊ ခံစစ်ရှင်လိုမျိုး ပြန်လှန် ထိုးတာတို့ ၀ိုင်းပတ်တာတို့ ထိုးစစ်ဆင်တာတို့ လုပ်ခဲ့ရင် အစိုးရတပ်ဟာဒီထက်မကနာနိုင်ပါတယ်
အစိုးရဘက်ကတော့ နည်းပရိယာယ်အရ ကေအိုင်အေရဲ့အဓိကစခန်းတွေကို သိမ်းပြီး စစ်ရေးအရအားပျော့ သွားအောင် အပေါ်စီးက ရအောင်ယူပြီး စကားပြောဖို့ပြင်တာဖြစ်တယ်။
ဒါပေမဲ့လည်း လက်နက်ကြီးတွေ လေကြောင်းပစ်ကူတွေ ဘယ်လောက်သုံးသုံး ဗမာစစ်တပ်ရဲ့အခြေအနေဟာ အတော် လေးကို ဆိုးဝါးနေတယ် တိုက်ခိုက်ရေးစိတ်ဓါတ်အနိမ့်ဆုံ
Post a Comment