Thursday, December 20, 2012

KIA အား ထိရောက်စွာအရေးယူရန် နိုင်ငံတော်သမ္မတကြီးနှင့် ကာချုပ်ထံတောင်းဆို



Thursday, 20 December 2012

ယခုရက်ပိုင်းအတွင်း Social Network ပေါ်တွင် KIA အား နိုင်ငံတော်သမ္မတကြီးနှင့် ကာချုပ်တို့မှ ထိရောက်စွာအရေးယူပေးပါရန် တောင်းဆိုသည့် Comment များ အများအပြား တွေ့လာရသည်။

ကချင် စစ်ပွဲသည် အချိန်ကြာနေပြီဖြစ်သဖြင့် ဒေသခံပြည်သူတို့က သီးမခံတော့ခြင်း၊ ABSDF မြောက်ပိုင်းနှင့် KIA အဖွဲ့တို့၏ မီဒီယာထိုးနှက်မှုအဖြစ် ဖမ်းမိထားသော အစိုးရစစ်သားများနှင့် အမေးအဖြေပြုလုပ်ခဲ့ပုံများကို အင်တာနက်တွင်ထုတ်လွှင့်ခဲ့ခြင်း၊ ရှေ့တန်းတွင်ကျဆုံးပြီးကျန်ရှိနေသည့် အစိုးရစစ်သားများ၏ ဓာတ်ပုံ များကို Internet တွင်ထုတ်လွှင့်ခဲ့ခြင်းနှင့် နောက်ဆုံး (၁၈-၁၂-၂၀၁၂) ရက်နေ့က ကာမိုင်းရှိ အင်အား ၁၇ဦးရှိသော ရဲစခန်းတစ်ခုအား KIA အဖွဲ့မှ လက်နက်ကြီးများ အသုံးပြုပြီး အင်အား ၈၀ကျော်ဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် ရဲတစ်ဦးနှင့် အရပ်သားနှစ်ဦး သေဆုံးမှုဖြစ်စဉ်များဖြစ်ပွားပြီးေ နာက်ပိုင်း တွင် ယခုကဲ့သို့ Online ပေါ်တွင် တောင်းဆိုမှုများ ပိုမိုများပြားလာခြင်းဖြစ်သည်။

ထို့အပြင် အစိုးရ၏ ငြိမ်းချမ်းရေးကမ်းလှမ်းချက်များအား KIA မှ အကြောင်းအမျိုးမျိုးပြ ရွှေ့ဆိုင်းနေခြင်းနှင့် KIA အဖွဲ့များ အား တရုတ်နိုင်ငံမှ ထောက်ပံ့ပေးနေခြင်းတို့က Online အသုံးပြုသူများမှ KIA အဖွဲ့အား မကျေနပ်မှုများ ပိုမို များပြားစေပါသည်။

(၂၀-၁၂-၂၀၁၂) ရက်နေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ရန် အစိုးရကမ်းလှမ်းချက်ကို KIO အကြောင်းပြန်မှုမရှိသေးဟူသော ခေါင်းစဉ်အောက်တွင် Online အသုံးပြုသူ လူငယ်တစ်ဦးမှ KIA အနေဖြင့် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို နမူနာယူသင့်ကြောင်းနှင့် အပစ်အခတ် အရင်မရပ်စဲဘဲ နိုင်ငံရေးဆွေးနွေးတယ်ဆိုတာ ဘယ်နိုင်ငံမှာမှမရှိကြောင်း ရေးသားထားသည်။

ထို့အပြင် Online အမြဲအသုံးပြုသူ အင်ဂျင်နီယာလူငယ်တစ်ဦင်္းမှ KIA အနေဖြင့် ငြိမ်းချမ်းရေးကိုဆက်ပြီး လျစ်လျူရှု ထားမယ်ဆိုရင် ကချင်ပြည်နယ်အတွင်း ပြည်သူများဆက်ပြီး ဒုက္ခရောက်ကြဖို့ပဲရှိပါတယ်။

တိုက်ပွဲတွေကြာ လာပြီး ကချင်ပြည်နယ်အတွင်းရှိ ပြည်သူများမှ သီးမခံနိုင်တော့သည့် အချိန်ရောက်လို့ ပြည်သူတွေက KIO/KIA ကို ထိထိရောက်ရောက် အရေးယူပေးပါရန် အစိုးရထံ တောင်းဆိုလာရင်တော့ အစိုးရတာဝန် မဟုတ်တော့ဘဲ KIO/KIA မှသာ ခေါင်းခံရမယ်ဟု မှတ်ချက်ချရေးသားထားပါတယ်။

(၁၄-၁၂-၂၀၁၂) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လဂျားယန်တိုက်ပွဲမှာ KIA ဘက်မှ လိုင်ဇာသို့ ချီတက် တိုက်ခိုက်ရန် ချီတက်လာသည့် စစ်ကြောင်းအား ချေမှုန်းခဲ့သည် ဟု ရေးသားထားသော်လည်း ဒေသခံတို့၏ ပြောကြားချက်အရ ၎င်းစစ်ကြောင်းသည် လဂျားယန်ကျေးရွာအနီးတွင် စခန်းချထားသည့် အစိုးရစစ်တပ်မှ စခန်းတစ်ခု ထံသို့ ရိက္ခာပို့ရန် တစ်လတစ်ခါ ပုံမှန်လာရောက်သည့် စစ်ကြောင်းဖြစ်ကြောင်းနှင့် ၎င်းအင်အား (၅၀)ပါ စစ်ကြောင်းအား KIA အင်အား (၄၀၀)ကျော်မှ စောင့်ကြို၍ ၀ိုင်းဝန်းခြုံခို မိုင်းထောင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် ပန်ဝါဒေသ မိုင်တိုင်(၆)အနီးရှိ အစိုးရစခန်းများအား တိုက်ခိုက်ရာတွင်လည်း KIA မှ လူ၊ လက်နက်၊ ရိက္ခာများကို တရုတ်နိုင်ငံတွင်းမှဖြတ်၍ မော်တော်ယာဉ်များဖြင့် ပို့ဆောင်ခဲ့ကြောင်းသိရှိရသည်။

Credit : Myanmar Online News

Related Articles:

Post a Comment