Friday, December 21, 2012

လူငယ်များအတွက် လက်တွေ့ကျတဲ့နိုင်ငံရေး လုပ်ငန်းစဉ်။


လက်ရှိမြန်မာ့နိုင်ငံရေးလှုပ်ရှားမှု့တွေကိုကြည့်မယ်ဆိုရင် ပြည်တွင်းလှုပ်ရှားမှု့တွေက တော်တော်အားရစရာကောင်းတယ်။
 တော်တော်အားရစရာကောင်းတယ်ဆိုတာကဟိုအရင်စစ်အစိုးရလက်ထက်လှုပ်ရှားမှု့တွေနဲယှဉ်ပြီးသုံးသပ်တာသာဖြစ်တယ်။
ဒီလိုသုံးသပ်မှု့ကလဲလက်ရှိဖြစ်ပေါ်နေတဲ့လှုပ်ရှားမှု့တွေအပေါ်မှာသာသုံးသပ်လို့ရတာဖြစ်ပြီးဒီလှုပ်ရှားမှု့တွေက ဘယ်လိုအကြိုးရလာဒ်တွေဘယ်အချိန်မှာရရှိလာမယ်ဆိုတာလက်ရှိလှုပ်ရှားမှု့တွေရဲ့ဗဟိုမှာရှိနေသူတွေတောင် မသုံးသပ်နိုင်ဘူးဆိုတာတော့ သေချာတယ်။ဘာကြောင့်လဲဆိုရင်လက်ရှိလှုပ်ရှားမှု့တွေဟာအစိုးရရဲ့ထိမ်းချုပ်မှု့အောက်မှာ ရှိနေလိုဘဲဖြစ်တယ်။ပည်ပ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု့တွေကိုကြည့်မယ်ဆိုရင် ပြည်ပနိုင်ငံတွေက မြန်မာနိုင်ငံရေးလှုပ်ရှားမှု့တွေဟာ လမ်းဆုံလမ်းခွကို ရောက်နေတယ်လို့သုံးသပ်လို့ရတယ်။ဘာကြောင့်လဲဆိုရင် ပြည်တွင်းပြည်ပ နိုင်ငံရေးလှုပ်ရှားမှု့တွေဟာ သီယိုရီအရရောဆက်စပ်လှုပ်ရှားမှု့နဲ့လက်တွေ့လုပ်ဆောင်မှု့အပိုင်းတွေမှာပါဆက်ဆပ်နေလို့ဖြစ်တယ်။ဒါကြောင့် ပြည်တွင်းလှုပ်ရှားမှု့တွေ အရှိုန်မြင့်လာတာနဲ့အမျှ ပြည်ပလှုပ်ရှားမှု့တွေဟာ မှေးမှိန်သွားလိမ့်မယ်လို့ယူဆရတယ်။ဒါကိုပညာရှင်တွေက လေဘူဖောင်း သီယိုရီလို့သုံးသပ်ကြတယ်။ဘာကြောင့်လဲဆိုရင် လေဘူဖေါင်းတလုံးထဲမှာရှိတဲ့ လေတွေဟာမည်သည့်သက်ရောက်မှု့မှ မရှိရင် လေဘူဖေါင်းထဲမှာ မျှတစွာရှိနေမှာဖြစ်ပေမဲ့တဖက်ဖက်ကနေဖိအားတစုံတရာရှိလာရင်ဖိအားများတဲ့ ဘက်က လေတွေက ဖိအားနဲတဲ့ ဘက်ကိုသွားစုမှာဖြစ်တယ်ဆိုတဲ့အပေါ်မှာအခြေခံပြီးသုံးသပ်တာဖြစ်တယ်။ ဒီလိုဖိအား သက်ရောက်မှု့တွေက ဝေးချင်တယ်ဆိုရင် သက်ဆိုင်ရာ ဘူဖေါင်းထဲမှာဘဲမတူညီတဲ့အကန့်တွေ ခွဲထားခြင်းအားဖြင့်အကန့်တခုကဖိအားဟာအခြားအကန့်တခုကိုသက်ရောက်မှု့မရှိအောင်ကာကွယ်နိုင်တယ်လို့ ပညာရှင်တွေက ထောက်ပြကြတယ်။ဒါကြောင့် မြန်မာနိုင်ငံရေးလှုပ်ရှားမှု့တွေကို ပြည်တွင်းပြည်ပအကန့်ခွဲခြား လုပ်ကိုင်ကြဖို့လိုအပ်လာပြီလို့ ထောက်ပြချင်တယ်။အထက်ကတင်ပြခဲ့တဲ့လမ်းဆုံလမ်းခွဆိုတာအဲ့ဒီအခြေအနေကို အမှန်တကယ်သိမြင်ရမဲ့အချိန်ရောက်ပြီလို့ဆိုလိုတာဖြစ်တယ်။ဥပမာအားဖြင့်ဗီယက်နမ် နိုင်ငံက ပြည်ပအတိုက်အခံ လှုပ်ရှားမှု့တွေဟာလဲတချိန်က ပြည်တွင်းလှုပ်ရှားမှု့တွေနဲ့တဆက်တည်းတည်ရှိခဲတာကြာင့် ပြည်တွင်းမှာ ပြောင်းလဲမှု့တွေ ရှိလာတာနဲ့အမျှပြည်ပလှုပ်ရှားမှု့တွေဟာ မှေးမှိန်ပျောက်ကွယ်သွားခဲ့ရတယ်။ဒါပေမဲ့ တောင်အာဖရိကလှုပ်ရှားမှု့တွေကတော့ ပညာရှင်၊ ပညာသင်၊ပညာတတ်၊လက်နက်ကိုင်၊အခြေခံလူတန်းစားစတဲ့လှုပ်ရှားမှု့အဆင့်တွေကိုစနစ်တကျ ခွဲခြားထားနိုင်တာကြောင့်လူဖြူအစိုးရဖန်တီးတဲ့ ပြည်တွင်း ပြည်ပဖိအားအပြောင်းအလဲတွေကို ကျော်လွားနိုင်ခဲ့တယ်။
ထမင်းစာပွဲ(ပါတီပွဲ)တခုမှာနယ်သာလန်က မြန်မာ့အရေးစိတ်ဝင်စားတဲ့ ကျောင်းသားတယောက်နဲ့ မြန်မာနိုင်ငံ အကြောင်း ပြောဖြစ်တယ်။ မြန်မာ့နိုင်ငံရေးလှုပ်ရှားမှု့တွေကိုဘယ်လိုမြင်လဲလို့ မေးတော့သူက"ပြီးခဲ့တဲ့ကာလက မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု့တွေဟာအပြောင်းအလဲကိုတိုက်ရိုက်မဖန်တီးနိုင်ပေမဲ့အုပ်ချုပ်နေတဲ့အစိုးရကိုအပြောင်းအလဲတခုခုလုပ်လာအောင်တော့ ဖိအားတွေ ပေးနိုင်ခဲ့တယ်လို့"သူကသုံးသပ်တယ်။လက်ရှိလှုပ်ရှားမှု့တွေကိုရော လေ့လားဖြစ်သေးလားလို့ကျွန်တော်က ဆက်မေးတော့သူက  အေးနဲနဲပါးပါးတော့ လေ့လာဖြစ်ပါတယ်။ဘယ်အချက်ကိုသုံးသပ်စေချင်လဲတဲ့သူစဉ်းစားမိသလောက် သုံးသပ်ပေးမယ်တဲ့။ အေးနင်မြင်သလောက်သာပြောပါကွာလို့ကျွန်တော်က မေးကြည့်တယ်။သူကလက်ရှိလှုပ်ရှားမှု့တွေကို သုံးသပ်ရသလောက်လက်တွေလှုပ်ရှားမှု့တွေလုပ်လို့ရနေတဲ့အချိန်မှာနင်တို့ဆီမှာရှိနေသူတွေကလက်တွေ့အကောင်အထည်ဖေါ်ဖို့ အလှမ်းဝေးသေးတဲ့သီယိုရီတွေနဲ့အငြင်းအခုန်လုပ်နေကြတယ်လို့ငါထင်တယ်တဲ့၊ဒါကလဲအခုလိုအခြေအနေမျိုးမှာ ကြုံတတ်တဲ့ ဖြစ်ရပ်တခုပါလို့သူကဆက်ပြောတယ်။အဲ့ဒီနောက်သူကဆက်ပြီးထောက်ပြတာကအခုလိုစတင် ပွင့်လင်းလွတ်လပ်လာတဲ့အခြေအနေမျိုးမှာလူမျိုးရေးအစွန်းရောက်လှုပ်ရှားမှု့တွေနဲ့ဘာသာရေးအစွန်းရောက် လှုပ်ရှားမှု့တွေဟာလွတ်လပ်မှု့ကိုအခွင့်ကောင်းယူပြီးအမြစ်တွယ် ပေါက်ဖွားလာတတ်တယ်ဆိုတာကိုနင်တို့အားလုံး သတိကြီးကြီးထားဖို့လိုတယ်နော်တဲ့"။ပြုပြင်ပြောင်းလဲမှု့ရဲ့အကြိုးရလာဒ်တွေဟာသတင်းထောက်တွေရဲ့ကင်မရာမှန်ဘီလူး တထောက်အကွာမှာဘဲရှိသေးသလို ပြုပြင်ပြောင်းလဲမှု့တွေ ရေရှည်တည်တံ့ဖို့လုပ်ဆောင်နေတဲ့လှုပ်ရှာမှု့တွေဟာလဲ မြို့ပေါ်လူငယ်တွေရဲ့လှုပ်ရှားနိုင်မှု့ ဘောင်အတွင်းမှာဘဲရှိသေးတယ်လို့သုံးသပ်လို့ရတယ်။မြန်မာ နိုင်ငံလူဦးရေရဲ့ (၇၅)ရာခိုင်နှုန်းဟာ တောနေလူတန်းစားတွေဖြစ်တယ်ဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့လူငယ်အများစုဟာ တောနေလူတန်းစားတွေလို့ သက်မှတ်လို့ရတယ်။သူတို့ထဲကအများစုဟာ ခေတ်ပညာကိုမသင်ကြားခဲ့ကြရဘူး။ဒါကြောင့် ခေတ်ပညာမတတ်ဘူးလို့ ရေဘူယ သုံးသပ်လို့ရတယ်။မြို့ပေါ်လူငယ်တွေရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေဟာ နိုင်ငံရေးအထိမ်းအမှတ်ပွဲတွေ ကျင်ပဖို့၊လက်တလောပြဿနာတွေဖြစ်တဲ့ဆင်းရဲနွမ်းပါးသူတွေကိုအစားစာနဲ့အဝတ်အထည်လှူတန်းဖို့သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းကာကွယ်ဖို့လူ့အခွင့်အရေးမြှင့်တင်ဖို့၊ဆိုတဲ့ ခေါင်းစဉ်ကြီးတွေအောက်မှာတနေ့(၂၄)နာရီဆိုတဲ့အချိန်တွေဟာ ကုန်လွန်ခဲ့ကြရတယ်။(၇၅)ရာခိုင်နူန်းသော တောနေလူတန်းစားတွေရဲ့ဘဝဟာမြို့ပေါ်က နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို ထောက်ခံပါတယ်ဆိုတဲ့ စကားလုံးလေးနဲ့သာ မြန်မာ့နိုင်ငံရေးမှာပါဝင်နေကြရပြီး နိုင်ငံတော်ရေရှည်ဖွံ့ဖြိုးဖို့နဲ့ တောသူတောင်သားတွေရဲ့ အလုပ်လက်မဲ့နူန်းကျဆင်းရေးနဲ့သူတို့ရဲ့သက်ဆိုင်ရာဒေသတွေကိုမစွန့်ခွာဘဲအိုးမကွာအိမ်မကွာမိမိရပ်ရွာမှာ နေထိုင်ပြီး
 မြန်မာ့နိုင်ငံရေး ဖြစ်စဉ်ကြီးတခုလုံးဟာသူတို့တွေနဲ့လဲတိုက်ရိုက်ပတ်သက်တယ်ဆိုတာလက်တွေ့ ပြဖို့လူထုခေါင်းဆောင်တွေမှာလက်တွေ့ကျပြီး တောရောမြို့ပါ ပူးပေါင်းဆောင်ရွက်နိုင်တဲ့လုပ်ငန်းစဉ်တွေလိုနေပြီလို့ ထောက်ပြချင်တယ်။မြန်မာနိုင်ငံကလူငယ်တွေကြားမှာ (၁၉၉၀)ခုနှစ်ဝန်းကျင်လောက်ကစပြီးဒီကနေ့အထိကြီးမားတဲ့ ရောဂါကြီးတခုဆွဲကပ်လာတာကို တွေ့ရတယ်။ အကယ်၍အဲ့ဒီရောဂါကြီးကို ပျောက်ကင်းအောင်ကုသနိုင်ရင်တော့ မြန်မာနိုင်ငံအနာဂါတ်ဟာဖွံ့ဖြိုးတိုးတက်မှု့တွေ ဝေစာနေတဲ့ အနာဂတ်တခုဖြစ်ပြီလို့အခိုင်အမာအာမခံရဲတယ်။ဒါပေမဲ့အဲ့ဒီရောဂါကြီးဟာဒီကနေ့ ခေတ်မှာတော့ တောနေလူတန်းစားတွေရဲ့ လက်တွေ့ဘဝတွေကိုလွမ်းမိုးချုပ်ကိုင်ထားသလိုသူတို့ရဲ့အိမ်မက်တွေကိုပါထုတ်ယူထားတာကို တွေ့ရတယ်။ အဲ့ဒီရောဂါကြီးကဘာလဲဆိုတော့ ပြည်ပမှာသွားရောက်အလုပ်လုပ်ကိုင်မှကြီးပွားမယ်ဆိုတဲ့ ရောဂါဘဲဖြစ်တယ်။ ဒီရောဂါကြီးကြောင့် တောသူတောင်သားတွေဟာမိမိတို့ဒေသမှာရှိတဲ့စိုက်ပျိုးရေး၊ မွေးမြူရေးအလုပ်အကိုင်တွေနဲ့ အဲ့ဒီအလုပ်အကိုင်တွေကရတဲ့ဝင်ငွေတွေကိုယုံကြည်မှု့အားနဲလာပြီး ပြည်ပတိုင်းပြည်တွေကိုထွက်ခွာနေကြတာကြောင့် တိုင်းပြည်ရဲ့ကုန်ထုတ်လုပ်မှု့အင်အားကိုကျဆင်းစေပြီးမြိုပြလူဦးရေကိုတိုးပွားစေတဲ့အတွက်အစားအသောက်ကုန်ဈေးနူန်း မြင့်မားမှု့ဆိုတဲ့ ဆိုကျိုးကြီးကိုလဲတိုင်းပြည်နဲ့အဝှမ်းခံစားရစေတယ်။ဒီရောဂါရဲ့အစဟာဘာကြောင့်ဖြစ်တယ်ဆိုတာကိုဆွေးနွေပြီး အချိန်ကုန်ခံနေမဲ့အစားဒီရောဂါကြီးကိုသက်သာ ပျောက်ကင်းသွားအောင်ဝိုင်းဝန်းကုသကြဖို့လူမှု့ရေးလုပ်ဆောင်နေသူတွေ အားလုံးမှာတာဝန်ရှိနေပြီလို့အကြံပေးချင်တယ်။ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတိုင်းကအစိုးရတွေဟာ ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးတွေကို အဓိကဆောင်ရွက်ကြတယ်။ ကျေးလက်ကိုအခြေခံတဲ့မြို့ပြစီမံကိန်းတွေရေးဆွဲကျင့်သုံးကြတယ်။အစ္စရေးနိုင်ငံကြီးကို လူငယ်တွေနဲ့စုပေါင်းဖွဲ့စည်းထားတဲ့စုပေါင်းစိုက်ပျိုးရေး၊စုပေါင်းမွေးမြူရေးလုပ်ငန်းတွေကိုအခြေခံတဲ့ ကျေးရွာတွေကို အခြေခံပြီးစတင်တည်ထောင်ခဲ့တာဖြစ်တယ်။တရုတ်ခေါင်းဆောင်ကြီး မော်စီတုန်းဟာမြို့ပေါ်မှာအလုပ်လက်မဲ့ဖြစ်နေတဲ့ ပါတီဝင်လူငယ်တွေကို ကျေးရွာတွေကို စေလွတ်ပြီးလယ်သမားတွေရဲ့စိုက်ပျိုး မွေးမြူရေးအလုပ်တွေကိုကူညီစေခြင်းအားဖြင့်လူငယ်တွေရဲ့ စီးကမ်းရှိမှု့၊အထက်အောက်အပြန်အလှန်ရိုသေမှု့တာဝန်သိတတ်မှု့ ကျေးလက်ရဲ့တန်ဖိုးတွေကိုနားလည်မှု့စတဲ့ ကောင်းမြတ်တဲ့ အလေ့အကျင့်တွေကို ပျိုးထောင်ပေးခဲ့သလို တိုင်းပြည် ပြန်လည်တည်ဆောက်ရေးအတွက်လဲ စနစ်ကျတဲ့ အင်အားစုတွေနဲ့အရည်အချင်းပြည်ဝတဲ့ ခေါင်းဆောင်တွေကို မွေးထုတ်ပေးနိုင်ခဲ့တယ်။ဒါကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ လူထုခေါင်းဆောင်တွေဟာ မိမိတို့အသင်းအဖွဲတွေမှာရှိတဲ့ လူငယ်တွေကို ကျေးရွာတွေကို နှစ်လတန်သည် သုံးလတန်သည် အလှည်ကျစေလွတ်ပြီး တောင်သူလယ်သမားတွေရဲ့ စိုက်ပျိုးရေး မွေးမြူရေးအလုပ်တွေကို ကူညီစေခြင်းဟာလဲလက်တွေ့ကျတဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တရပ်ဖြစ်တယ်လို့အကြံပေးချင်တယ်။အဲ့ဒီလိုလုပ်ချင်းအားဖြင့် လူငယ်တွေဟာမိမိတို့ရဲ့လုပ်အားကိုလက်တွေကျကျယုံကြည်မှု့ရှိလာမှာဖြစ်သလို နေရာဒေသစုံကလူငယ်တွေ စုပေါင်းနေထိုင်ခြင်းအားဖြင့်တဦးနဲ့တဦးအမြင်ခြင်းဖလှယ်နိုင်ကြမှာဖြစ်ပြီးပူပေါင်းဆောင်ရွက်ခြင်းရဲ့အကျိုးရလာဒ်ကိုလဲ လက်တွေ့ခံစားကြရမှာဖြစ်တာကြောင့်ဒီလုပ်ငန်းစဉ်ဟာလူငယ်အားလုံးအတွက်လက်တွေ့ကျတဲ့ နိုင်ငံရေးလုပ်ငန်းစဉ် ဖြစ်တယ်ဆိုတာကို အသိပေးပါရစေ။
credit ကိုအောင်မင်း face book စာမျက်နှာ

Related Articles:

Post a Comment