Thursday, August 22, 2013

ပြည်သူတွေ နားထောင်နေကြသည်Written by ဒေါက်တာခင်မောင်ညို



နောက်ပြန်မပြောင်းပေမယ့် နောက်ကြောင်းပြန်လေးတွေကို ကြည့်မိပါသည်။

လိမ်တယ်ညာတယ် လူညာကြီးရယ်
ကျွန်တော်တို့တစ်တွေ Shortwave Radio တွေကို နားထောင်တဲ့ ခေတ်တစ်ခေတ် ရှိခဲ့သည်။ အချို့လည်း ခုထက်ထိ Shortwave Radio ကို နားထောင်နေဆဲပါပဲ။
အစိုးရ သတင်းစာတွေက BBC, VOA,  RFA နဲ့ DVB တို့ ဘယ်လိုညာတယ်ပြောပြော လူတွေက နားထောင်မြဲ နားထောင်ကြသည်။
အဲဒီခေတ်က လက်ဖက်ရည်ဆိုင်များတွင် မိမိကြားခဲ့သော သတင်းများကို ဖလှယ်ကြသည်။ အဓိက အကြောင်းကတော့ Shortwave Radio များ၏ အားနည်းချက်ကြောင့်ပင် ဖြစ်သည်။ တစ်ခါတစ်ခါ မိုးလေ၀သကြောင့် မကြားတစ်ချက် ကြားတစ်ချက် ဖြစ်ရသည်။ ဓာတ်ခဲအားနည်းသည်။ တစ်ခါတစ်ခါလည်း လိုင်းတွေပြောင်းလွှင့်သောကြောင့် ဖမ်းမမိကြပါ။
"ဟေ့ပြောပါဦး၊ ဒေါ်ငြိမ်းရွှေက ဘယ်လိုပြောလိုက်လဲ" "ဦးအောင်ကျော်ဇံက အပီပဲ"
"ဒေါ်တင်ထားဆွေပြောတာ အတော်ကောင်းတယ်"
လက်ဖက်ရည်ဆိုင်သည် သတင်းအချက်အလက် ဖလှယ်ရာ ဖြစ်သည်။
"BBC တစ်ရက်နားမထောင်ရတာ ဦးပဉ္စင်းတော့ ဆွမ်းတစ်နပ် မစားရ သလိုပါဘဲ" ဟူသော အသံများကိုပင် ကြားခဲ့ရသည်။
နောက်ပိုင်းတွင် ရှစ်ပေစလောင်း ခေတ်ရောက်လာသည်။ အများစုသည် DVB ကို ကြည့်ရှုနားထောင် လာကြသည်။ ရှစ်ပေစလောင်းကို ဖမ်းသည်ဆို၍ သိမ်းကြ၀ှက်ကြသည်။ DVB နေဇော်နိုင်ကို သဘောကျကြသည်။

တန်ပြန်သက်ရောက်မှု
"ကျွန်တော်တို့ မြန်မာသတင်းစာတွေ ဒုက္ခရောက်တော့မယ်"
ကျွန်တော်တို့ မိတ်ဆွေကြီး ကွယ်လွန်သူ မော်လမြိုင် သတင်းစာဆရာ ခင်မောင်လွင်က လွန်ခဲ့သော နှစ် ၃၀ ကျော်က ပြောကြားသွားတာပါ။
"ဘာဖြစ်လို့လဲဗျ"
"အစိုးရက သတင်းတွေကို မထည့်ဘူး"
"ဘာကိုပြောတာလဲ။ ကျွန်တော်သိပ်နားမလည်ဘူး"
"အရင်ခေတ်က မီးလောင်၊ ရေကြီး၊ သူပုန်စီးဆိုပြီး သတင်းပင်ရင်း သုံးခုရှိတယ်။ ဒါပေမဲ့ စစ်အစိုးရ သတင်းစာတွေက အဲဒီသုံးခုကို ပေးမထည့်ဘူး"
"ပြည်သူတွေ ထိတ်လန့်မှာ စိုးလို့ပေါ့"
"ဟုတ်ပါတယ်။ ဒါပေမဲ့ ပြည်သူတွေအကြား ရိုက်ခတ်မှု (Impact) ဖြစ်တာမှ သတင်းဖြစ်တာ။ ၀န်ကြီးက တစ်နေရာသွားပြီး လိုအပ်တာများကို ညွှန်ကြားတာ သတင်းမှ မဟုတ်တာဘဲ"
သူပြောတာကိုတော့ နည်းနည်းပိုသည်ဟု ထင်မိသည်။
"၀န်ကြီးတစ်နေရာကိုသွားတာ သတင်းမဟုတ်ဘူးလား"
တကယ်တော့ လွှတ်တော်၏ အသံသည် ပြည်သူ့အသံပင် ဖြစ်သည်။ အကြောင်းမှာ လွှတ်တော်တွင် ပြောဆိုဆွေးနွေးလျက် ရှိကြသော လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူက ရွေးချယ်တင်မြှောက် ထားသူများသာ ဖြစ်ကြသည်။
သို့သော် မကြာသေးမီက ပြည်သူက ရွေးချယ်တင်မြှောက်ထားသူက ပြောစကားကို ပြည်သူက ရွေးချယ်တင်မြှောက်ထားခြင်း မရှိသူက ကန့်ကွက်သည်ကို တွေ့ရ၍ . . . . .
ဆိုတော့ သူက "တကယ်လို့ ၀န်ကြီးဟာ အဲဒီဒေသကို မရောက်တာ ကြာပြီဖြစ်ရင်၊ ဒါမှမဟုတ် ရောက်တဲ့အခါ တံတားဆောက်တာတို့ ကယ်ဆယ်ရေး လုပ်တာတို့ဆိုရင် သတင်းပေါ့။ လိုအပ်သည်ကို ညွှန်ကြားတာတွေက သတင်းမဟုတ်ဘူး။ လူတွေစိတ်ဝင်းစားတဲ့ အကြောင်းဟာ သတင်းပေါ့။ လူတွေစိတ်မ၀င်စားတာဆိုရင် အဲဒီသတင်းဟာ အလကားပါပဲ"
"ခင်ဗျားပြောတော့ သတင်းစာတွေ ဒုက္ခရောက်ပြီဆို။ ခုထိ ဖတ်တဲ့သူတွေ အများကြီးပဲ"
"နာရေးသတင်းကို အနောက်က လှန်ဖတ်ကြတာပါ။ ကျွန်တော်ဆိုလိုတာက အစိုးရက သတင်းတစ်စုံတစ်ရာကို ပေးချင်တဲ့အခါ ပြည်သူတွေက မဖတ်ဘူး။ အစိုးရ လွှင့်ထုတ်တဲ့ မြန်မာ့အသံက သတင်းဆိုလည်း နားမထောင်ဘူး။ ဒါဆိုရင် ပြည်သူတင် မကဘူး။ အစိုးရပါ ဆုံးရှုံးတယ်"
ကိုခင်မောင်လွင် ကွယ်လွန်သွားပါပြီ။ သူပြောတာ မှန်ပါသည်။ ပြည်သူက သတင်းကို နားမထောင်ပါ။ အထင်ရှားဆုံးက နာဂစ်မုန်တိုင်း ၀င်ပြီးနောက်ပိုင်းတွင် "မိုးလေ၀သ သတင်းများကို နားထောင်ပါ" ဟူသော ဖြူစိမ်းဆိုင်းဘုတ်များကို ကျေးလက်ဒေသ အနှံ့အပြား တွေ့နေရခြင်း ဖြစ်သည်။

ပြုပြင်လာသော သတင်းစာများ
ယနေ့ ပုဂ္ဂလိက သတင်းစာများ ပေါ်လာပြီ ဖြစ်သည်။ ထိုသတင်းစာများ မပေါ်မီက ပြည်သူပိုင် သတင်းစာကို ပြည်သူတွေ ပိုဖတ်ချင်လာအောင် ပြုပြင်ခဲ့သည်။ လေးရောင်ဖြင့် ဆွဲဆောင်မှုရှိအောင် ကြိုးစားပါသည်။ အဓိက ဆွဲဆောင်မှုကတော့ ဈေးနှုန်းသက်သာခြင်းဖြစ်၍ နာရေးနှင့် ကြော်ငြာများကို ဖတ်ဖြစ်ကြသည်။
သို့သော် ထိုသတင်းစာသည် နေ့စဉ်ရှုံးနေသည်။ ရှုံးသောငွေသည် ပြည်သူ့ဘဏ္ဍာ ဖြစ်သည်။
သတင်းစာ လောကတွင် ဈေးလျှော့၍ ပြိုင်ဆိုင်မှုသည် တရားဝင်သလို ရှိပါသည်။ ကံစမ်းမဲတွေပေးကာ ဆွဲဆောင်မှုများလည်း ရှိနိုင်ပါသည်။ နိုင်ငံတကာတွင် စက္ကူသတင်းစာများ အားနည်းလာပြီ ဖြစ်သည်။ သို့သော် ဒီမိုကရေစီ လမ်းကြောင်းပေါ် ၀င်ခါစ ပွင့်လင်းမြင်သာမှုကို အမှီပြု၍ မြန်မာသတင်းစာများ တစ်ခေတ်ဆန်းလာသည်။ အစိုးရသည် ပုဂ္ဂလိက သတင်းစာများကို အားပေးအားမြှောက်ပြုဖို့ အချိန်တန်ပြီ ဖြစ်သည်။
ပြည်သူတွေကတော့ သတင်းစာ အများကို ဖတ်ရှုရသောကြောင့် အရင်ခေတ်ကထက် ပိုပြီးအမြင်ကျယ်လာကြသည်။ ကောလာဟလ သတင်းများလည်း လျော့ပါးလာသည်။

လွှတ်တော်၏ အသံ
တကယ်တော့ လွှတ်တော်၏ အသံသည် ပြည်သူ့အသံပင် ဖြစ်သည်။ အကြောင်းမှာ လွှတ်တော်တွင် ပြောဆိုဆွေးနွေးလျက် ရှိကြသော လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူက ရွေးချယ်တင်မြှောက် ထားသူများသာ ဖြစ်ကြသည်။
သို့သော် မကြာသေးမီက ပြည်သူက ရွေးချယ်တင်မြှောက်ထားသူက ပြောစကားကို ပြည်သူက ရွေးချယ်တင်မြှောက်ထားခြင်း မရှိသူက ကန့်ကွက်သည်ကို တွေ့ရ၍ စိတ်မကောင်းပါ။ မည်သို့ဖြစ်စေ အခြေခံ ဥပဒေ စည်းမျဉ်းအရ ပြောဆိုသည်ကိုတော့ သဘောကျပါသည်။
ယနေ့လွှတ်တော်က ပြည်သူစိတ်ဝင်စားမှုရှိသော အသံတော်တော် ထွက်လာသည်။ တစ်ယောက်ကိုတစ်ယောက် စွပ်စွဲလာကြသည်။

ပုတ်ခတ်မှု ထိပါးမှုတွေ ပါလာသည်
"လွှတ်တော် ပီသလာပြီပဲ" ဟု တစ်ယောက် မှတ်ချက်ချသည်။
မှန်ပါသည်။
ယနေ့ အထိတော့ အိန္ဒိယနှင့် ဂျပန်လွှတ်တော်တွေမှာကဲ့သို့ တစ်ယောက်နှင့်တစ်ယောက် နပန်းမလုံးကြသေးပါ။ ဘယ်လိုဖြစ်ဖြစ်ပေါ့လေ။
ပြည်သူတွေက နားထောင်နေကြပါသည်။
မကြာမီ လာမည် မျှော်။
Credit To First-11

Related Articles: