Tuesday, August 20, 2013

မြန်မာနိုင်ငံတွင် ငွေသုံးစွဲနေသော လုပ်ငန်း၊ ဘတ်ဂျက်များနှင့် ရည်မှန်းချက်များ (၂၀၁၃)


အကြမ်းဖျင်းလေ့လာရန် ဖြစ်သည်။ ၂၀၁၃ တွင် Hot Topic အဖြစ် ပေါ်ပင်၊ ခွင်လုပ်ငန်း လုပ်သူများသည် အစိုးရပေါ်လစီ ချမှတ်ထားသော ကဏ္ဍများတွင် ပြေးလွှားလုပ်ကိုင်လေ့ ရှိကြသည်။ ထားဝယ်ရေနက်ဆိပ်ကမ်း ဘတ်ဂျက်ခေတ်စားစဉ်က တဝုန်းဝုန်းနှင့် ထားဝယ်သို့ ခရီးသွား၊ မြေယာဝယ်၊ ကောက်ရိုးမီး ပြေးကြည့်သည်။ ကာလီဖိုးနီးယား ရွှေတူးဖော်ခရီး၊ ကချင်ပြည်၊ ဖားကန့် ကျောက်စိမ်း ခရီးကဲ့သို့ စီးပွားရေး လုပ်ကိုင်မရသောအခါ မြေယာများကို လိုက်ဝယ်/ရောင်းလုပ်ရင်း ဒေသခံများ အချောင်စိတ်ကြီးဝင် သွားကြသည်။ နယူးယောက်၊ ဥရောပ၊ ဂျပန်ထက်ပင် ဈေးကြီးအော်ဟစ်၊ စိတ်ကြီးဝင်ပြီး ကျန်နေရစ်သည်။ ယခုတော့ အစိုးရက စီမံကိန်း ရင်းနှီးမည့်သူ မရှိသောကြောင့် နှောင့်နှေးသွားသည်။

အစိုးရ ဦးစားမှုအရ ဖြစ်ပေါ်လာသော (ပေါ်ပင်) လုပ်ငန်းများမှာ -
- အိမ်၊ ခြံ၊ မြေ
(အိမ်မြေဈေးကြီးမှုမှာ အစိုးရ ဘုမသိ၊ ဘမသိ ဖြစ်နေစဉ် ခရိုနီများ ဖန်တီးသွားခြင်း ဖြစ်သည်။ အိမ်မြေ၊ စက်မှုကွက်သစ်များ ဖော်ထုတ်ရန် အစိုးရကလည်း မလုပ်နိုင်၊ နိုင်ငံခြားကုမ္ပဏီများကိုလည်း ကန်ထရိုက်မပေးနိုင်၊ အားလုံး ခရိုနီနှင့် ကိုယ်ကျိုးဝါဒီများ ဖြစ်နေသောကြောင့် သန့်ရှင်းအစိုးရ အတွက် အလွန်ခက်ခဲသော ကာလဖြစ်သည်)။
- နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု
- ဆက်သွယ်ရေး (ဖုန်းနှင့် အင်တာနက်)
- ဘဏ်လုပ်ငန်း
- အရောင်းအဝယ် (Trading)
- နိုင်ငံတကာဆက်ဆံရေး (Gov & Large Company, NGO..etc)
- ခရီးသွားလုပ်ငန်း (ဟိုတယ်နှင့် ကမ္ဘာလှည့်ခရီးသည်)
- ပတ်ဝန်းကျင်ထိန်းသိမ်းရေး
- ပညာရေး၊ (အစိုးရကျောင်းများ၊ ပုဂ္ဂလိကကျောင်း အကြီးအသေးများ၊ ဥပမာ - ILBC, SR International, Heart Land ...)
- ကျန်းမာရေး (အစိုးရဆေးရုံ၊ ဆေးပေးခန်းများ၊ ပုဂ္ဂလိကဆေးရုံများ ဝိတိုရိယ၊ အာရှတော်ဝင်၊ ...) တို့ဖြစ်သည်။

အောက်ဖော်ပြပါ ပြည်သူ့လွှတ်တော်မှ အချက်အလက်များကို သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် မှန်ကန်စွာ စီးပွားရေးလုပ်ငန်း လုပ်လိုသူများအတွက် Download လုပ်ကြည့်ရန် ရည်ရွယ်ပါသည်။ သူများမလုပ်သော အလုပ်ကိုလုပ်မှ ရေရှည်အကျိုးရှိမည်။ အကျိုးဆောင်လုပ်ငန်းတွင် လူများ စုပုံတိုးနေကြသည်။ လယ်ယာနှင့်စက်မှုတွင် မလုပ်လိုကြ။ နည်းပညာနှင့် ရင်းနှီးမှုကြီးပြီး ရေတိုအမြတ်မရှိ။ ပညာရေးနှင့် ကျန်းမာရေး၊ ရပ်ရွာမြို့ပြစည်ပင် စီမံကိန်းများတွင် လူများကျပ်နေအောင် လုယက်လုပ်ကိုင်နေကြသည်။ ရေတို၊ ချက်ချင်းငွေရသော ကျူရှင်နှင့် ဆေးခန်းလုပ်ငန်း များအတွက် ပညာရေး၊ ကျန်းမာရေးဝန်ထမ်းများ အကျင့်ပျက်ရတော့သည်။

ပညာရေးနှင့် ကျန်းမာရေးမှာ ကုသိုလ်လည်းရ၊ ကုသိုလ်လည်းရ .. နှစ်ခါကုသိုလ်ရသည်။ ဝမ်းမဝသောကြောင့် ဝန်ထမ်းများ ကျူရှင်နှင့်ဆေးခန်း မလုပ်မဖြစ် လုပ်ရတော့သည်။ ထိုကဏ္ဍနှစ်ခုတွင် လုပ်စားနိုင်ခွင့်ရှိသူ (လက်မှတ်ထိုးပေးသူ) သည် တစ်ယောက်တလေသည် ငါးခုံးမတစ်ကောင်ကဲ့သို့ အကြီးအကျယ် အကျင့်ပျက်တော့သည်။ ကျန်းမာရေး ဘတ်ဂျက်များ ချပေးလိုက်ရာ နှစ်လအတွင်း အပြီးသုံးရမည်၊ မသုံးလျှင် နောက်နှစ်မပေးတော့...ဟု ငွေချပေးလိုက်သောအခါ ဆရာဝန်ကြီးက အကျိုးဆောင်ကုမ္ပဏီကို ပြေးကပ်ရတော့သည်။ ဆရာဝန်ကြီးက ဘတ်ဂျက်ကို မသုံးတတ်ပါ။

သိန်း ၁၀၀၀ ဘတ်ဂျက်ကို နှစ်လအတွင်း အမြန်ဆုံး၊ အကျိုးအရှိဆုံးသုံးရန် နိုင်ငံခြားမှ လူနာခုတင်များကို ဝယ်ယူဖို့ ဖြစ်လာသည်။ ပစ္စည်းကို ပြနိုင်မှသာ နိုင်ငံတော်စာရင်းစစ်များ လာစစ်သောအခါ အိုကေမည်။ သည်တော့ စင်ကာပူမှ Quotation $3000 per bed ရယူထားပြီး ဆေးရုံဂိုဒေါင်တွင် နိုင်ငံခြားဖြစ်ခုတင် ၁၀ လုံးခန့် တင်ထားသည်။ P.O, LC documents များကို အကျိုးဆောင်က လုပ်ပေးသည်။ နောက်သုံးလကြာလျှင် ပစ္စည်းအားလုံးရောက်မည်။ ကျပ် သိန်း ၂၀၀၀ နှင့် ညီမျှသော ဒေါ်လာငွေကို နိုင်ငံခြားကုမ္ပဏီထံသို့ TT ဖြင့် အပြည့်ပေးပြီးကြောင်း ဘဏ်စာရွက် စာတမ်းများကို စာရင်းစစ်ကိုပြရန် အမှန်အကန် လုပ်ထားသည်။

မုံရွာစက်မှုဇုန်သို့ ရောက်ရှိပြီး သံရည်ကျို၊ ရေပန့်လုပ်ငန်းရှင် ဦးစံအောင်တို့နှင့် သူတို့လုပ်ငန်းကို လေ့လာစဉ်က “လူနာခုတင် နိုင်ငံခြားမှာ ဒေါ်လာငါးထောင် ပေးရတယ်ဆိုတာ ကျွန်တော်ဆေးရုံမှာ သေချာလေ့လာကြည့်တယ်။ အဲဒီပုံအတိုင်း၊ အဲဒီဖန်ရှင်အတိုင်း တစ်ပုံစံတည်းလုပ်တာ ကျပ်သုံးသိန်း တောင်မကုန်ဘူး။ အနောက်မြောက်တိုင်း စက်မှုပြပွဲမှာ သေသေချာချာ ခင်းကျင်းပြသထားတယ်။ တိုင်းမှူး၊ ဗျူဟာမှူးနဲ့ လူကြီးတွေ မေးလာရင် ရှင်းပြမလို့ အားခဲထားတယ်။ ဒီလူကြီးတွေက ဖိုးဝရုပ်လုပ်တဲ့ အရုပ်ကြီးကိုပဲ စိတ်ဝင်စားစွာ မေးမြန်း၊ ရယ်မောနေတယ်ဗျာ... ကျွန်တော်တို့လို စက်မှုလုပ်ငန်းကို သူတို့ နားမလည်လို့လားမသိ၊ သူတို့အတွက် အကျိုးမရှိလို့လားမသိ ... ဂရုကိုမစိုက်ဘူး” ဟု ပြောပြခဲ့ပါသည်။

အောက်ဖော်ပြပါ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းမော်ထွန်း (ရေနံချောင်း၊ Founder of Star မော်တော်ဆိုင်ကယ်စက်ရုံ) လူကြီးများက လွှတ်တော်တွင် စက်မှုလက်မှု အခြေအနေကို တင်ပြရန် ၂၀၁၃ ခုနှစ် ဇန်နဝါရီလက စာတမ်းရေးသား၊ ဖတ်ကြားစေသောအခါ အောက်မှာထိုင်နေသူ ကိုယ်စားလှယ်များက သူတို့နားမလည်လို့လားမသိ၊ သူတို့အတွက် အကျိုးမရှိလို့လားမသိ ... မေးမြန်းသူ မရှိပါ။

စက်မှုလုပ်ငန်းသာလျှင် ကမ္ဘာနှင့်ယှဉ်ရေးအတွက် ရေရှည်လုပ်ငန်း ဖြစ်သည်။ စက်မှုလုပ်ငန်းအတွက် လျှပ်စစ်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး လုပ်ငန်းများကို အစိုးရက ဈေးနှုန်းချိုအောင် လုပ်ပေးရမည်။ စက်မှုလုပ်ငန်းများ SME အသေး၊ အလတ်စားများအတွက် မြေ၊ နေရာ ဈေးနှုန်း သက်သာစေရန် အစိုးရတွင် တာဝန်ရှိသည်။ အထက်ပါ လုပ်ငန်းများ ပေါ်လစီများ၊ စာရွက်ပေါ်တွင်ရှိနေပြီး ဖြစ်သည်။ ၇၅ ရာခိုင်နှုန်း အောင်မြင်ရန် လူတော်၊ လူကောင်းများဖြင့် ဖွဲ့စည်းထားသည့် အစိုးရမှ ဖြစ်မည်။

ကဏ္ဍ ၁၄ ခု ရည်မှန်းချက်များ
- လယ်ယာကဏ္ဍ (သီးနှံ၊ မြေယာ၊ ဓာတ်မြေသြဇာ၊ ရေ)
- သားငါး
- သစ်တော
- စွမ်းအင် (ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့ )
- သတ္တုတွင်းထွက်
- စက်မှုလက်မှု
- လျှပ်စစ်
- ဆောက်လုပ်ရေး
- ပို့ဆောင်ရေး
- ဆက်သွယ်ရေး
- ငွေရေးကြေးရေး
- လူမှုရေးနှင့် စီမံခန့်ခွဲရေး
- ငှားရမ်းခနှင့် ဝန်ဆောင်မှုများ
- ကုန်သွယ်ရေး
- ဘတ်ဂျက်ကိန်းဂဏန်းများ၊ စုစုပေါင်း ဂျီဒီပီ ကျပ်ငွေ ၄၉၆၃၂၄၃၀ ဒသမ ၉ ကို ခွဲဝေသုံးစွဲမှု
- အများဆုံး လယ်ယာကဏ္ဍ ၂၄ ဒသမ ၈ ရာခိုင်နှုန်း၊ ၂၀၁၃ တွင် ၂ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်ရန်
- ဒုတိယအများဆုံး စက်မှုလက်မှု ၂၁ ဒသမ ၂ ရာခိုင်နှုန်း၊ ၂၀၁၃ တွင် ၉ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ရန်
- တတိယ အများဆုံးမှာ ကုန်သွယ်ရေးကဏ္ဍ Trading ၁၉ ဒသမ ၆ ရာခိုင်နှုန်း ရှိသည်။ ၆ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ရန် ရှိသည်။
- ငွေကြေးလုပ်ငန်း ၀ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိသော်လည်း ၉၂ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်ရန်မှန်း
- ဆက်သွယ်ရေးကဏ္ဍ ၂ ဒသမ ၁ ရာခိုင်နှုန်း၊ ၅၇ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ရန်မှန်း
- ဆောက်လုပ်ရေးကဏ္ဍ ၄ ဒသမ ၅ ရာခိုင်နှုန်းသာရှိ၊ ၂၂ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်ရင်းနှီးရန်
- သတ္တုတွင်းကဏ္ဍ ၀ ဒသမ ၇ ရာခိုင်နှုန်း တန်ဖိုးနည်းသော်လည်း ၁၉ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်ရင်းနှီးရန်
- လူမှုစီမံ (ပညာရေး၊ ကျန်းမာရေး) ၂ ဒသမ ၀ ရာခိုင်နှုန်းသာ ရှိသည်။ ၂၇ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်သုံးစွဲရန်
- မြန်မာနိုင်ငံ စက်မှုလက်မှု လုပ်ငန်းများကို သုံးသပ်သော Short & Precised report ဖြစ်သည်။
- သမိုင်းနောက်ခံနှင့် ယနေ့ခေတ်ကာလ
- အကောင်အထည်ဖော် အဖွဲ့အစည်းများ (ရင်းနှီးကော်မရှင်၊ တိုးတက်ရေးကော်မတီများ၊ စက်မှုဝန်ကြီးဌာန...)
- UMFCCI, MIA ပုဂ္ဂလိက အဖွဲ့များ
- မူဝါဒ၊ ကြုံတွေ့ရသည့် စိန်ခေါ်မှုများ
- ပြန်လည် ဆန်းစစ်သင့်သည့် အချက်များ (တစ်မျက်နှာ)
- ခြုံငုံတင်ပြချက် (လုပ်ပိုင်ခွင့်နှင့်မြေ/အဆောက်အအုံ)..စသည်တို့ တစ်မျက်နှာခွဲ
- တင်ပြသူ (ဒေါ်ဝင်းမော်ထွန်း၊ လွှတ်တော်ကိုယ်စားလှယ်၊ ပထမဆုံး မြန်မာပြည်တွင် မော်တော်ဆိုင်ကယ်စက်ရုံ တည်ခဲ့သူ)
- ဥပဒေမရှိလျှင်၊ ရှိပြီး ဥပဒေစိုးမိုးမှုရမှသာ ပြည်သူများ၊ အသေး၊ အကြီး လုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ အဆင်ပြေမည် ဖြစ်သည်။

ခြစားမှု များလွန်းနေချိန်တွင် အနစ်နာခံမည့် လူကောင်းများစွာ လိုအပ်နေပါသည်။

ယခု အချက်လက်များတွင် စစ်အသုံးစရိတ် ၂၂ ရာခိုင်နှုန်း မပါသေးပါ။ Facts Data သည် ကဏ္ဍအသီးသီးတွင် အလွန်အရေးကြီးပါသည်။ နိုင်ငံတော်အစိုးရသည် အချက်အလက်များကို စာရင်းမှန်ကောက်ယူ၊ ဖော်ထုတ်ပေးရန် ဖြစ်သည်။ အထက်ပါစာရင်းသည် အမှားဖြစ်သည်ဟု မကြည့်လိုလျှင်၊ အမှားကိုမြင်မှ အမှန်ကိုပြင်နိုင်မည် ဖြစ်သည်..ဆိုစကားကို သတိရရန်ဖြစ်၏။ GDP ခန့်မှန်းချက်မှာ ကျပ်သန်းပေါင်း ၄၅,၇၇၉,၁၇၉ ဒသမ ၈ (US$1=K800, US$57 billion) ဖြစ်သောကြောင့် ကမ္ဘာ့ ငွေကြေး၊ အမေရိကန်စီအိုင်အေ မှန်းချက်နှင့် သိပ်မကွာလှပါ။ အတော်အသင့် မှန်သည်ဟု ယူဆပါသည်။ စာရင်းမှားကြီးကို ကြည့်ပြီး သိလျက်နှင့် လက်မှတ်ထိုးပေးနေသော စိတ်ရင်းကောင်းရှိသော မြန်မာ့ဌာနဆိုင်ရာ လူကြီးများအတွက်လည်း ဝမ်းနည်းပါသည်။

ဒီမြေကွက် သိန်း ၁၀၀ တန်ဖိုးရှိပါက တစ်နှစ်လျှင် ငှားရမ်းခ ၄ ရာခိုင်နှုန်း အနည်းဆုံးရမှ တန်ဖိုးမှန် ဖြစ်သည်။ အိမ်ကို တစ်နှစ် ၄ ရာခိုင်နှုန်း ငှားမည့်လူမရှိဘဲ သိန်းတစ်ထောင်၊ သိန်း ၅၀၀၀ အော်ဟစ်နေသူများမှာ စိတ်ကြီးဝင်နေသူများ ဖြစ်သည်။ ပါမစ်ရထားသော ဓာတ်ဆီကို တစ်ဂါလန် ကျပ်၂၀၀၀ ဖြင့် ပြည်ပမှောင်ခိုဝယ်ယူပြီး ပြည်တွင်းတွင် တစ်ဂါလန်ကျပ် ၄၀၀၀ နှစ်ဆ ပုန်းလျှိုးကွယ်လျှိုး လုပ်ရောင်းနေသရွေ့ ဝန်ထမ်းများနှင့် အာဏာပိုင်များအတွက် ခွင့်ပြုရလဲခက်၊ မတောင်းမဖြစ်၊ လာဘ်တောင်းရသော အခြေအနေ ဖြစ်နေပါသည်။ ဖြေရှင်းနိုင်ပါစေ။

(ဇော်အောင်)

Credit To The Voice Weekly

Related Articles: