Monday, December 16, 2013

သန်း ၆၀ထဲက ၁သန်း ၁သန်းထဲက ၁ထောင် ၁ထောင်ထဲက ၁ခု – ထက်မြက်

လေးပွင့်ဆိုင်၊ လေးယောက် တွေ့ဆုံမှုကို တစ်ဖက်လှည့်ဖြင့် ငြင်းဆိုလိုက်သည် ဆိုသည်ကို အားလုံး သဘောပေါက်လေ သည် ဤသို့ဆိုလျှင် ဦးသိန်းစိန်ပြောသော တွေ့ဆုံညှိနှိုင်းမှု ဆိုသည်မှာ အကောင်အထည် မပေါ်သော တွေ့ဆုံ ညှိနှိုင်းမှု ဖြစ်လေသည် . . .
၂၀၁၃ခုနှစ်၊ နိုဝင်ဘာလ (၃၀)ရက်နေ့က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင်ပြုလုပ်သော တည်ငြိမ် အေးချမ်းသည့် နိုင်ငံတော် တည်ဆောက်ရေးတွင် လူထုအခြေပြု အဖွဲ့အစည်းများ၏ အခန်းကဏ္ဍခေါင်းစဉ်ဖြင့် သမ္မတ ဦးသိန်းစိန်က အမှာ စကားပြောကြားခဲ့သလို တက်ရောက်လာသော တစ်သီးပုဂ္ဂလများ၊ အဖွဲ့အစည်းများ ကလည်း ဆွေးနွေးခဲ့သည်ကို ဖတ်ရှုရလေသည်။ ထိုဆွေးနွေးပွဲတွင် သမ္မတဦးသိန်းစိန်က ယနေ့မြန်မာနိုင်ငံတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများမှာ ရှင်သန်နေပြီဖြစ်သလို ထိုအဖွဲ့အစည်းများမှာလည်း လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း၊ သို့သော် ယနေ့ကာလသည် ထိလွယ်ရှလွယ် အခြေအနေများ၊ စိန်ခေါ်မှုများ ရှိနေကြောင်း၊ ထို့ကြောင့် မိမိတို့လူ့အဖွဲ့အစည်းအတွက် ထိပ်တိုက် တွေ့ဆုံရေးကို ရှောင်ရှားပြီး ဆွေးနွေးညှိနှိုင်းသည့် နည်းလမ်းဖြင့် အဖြေရှာဖို့လိုကြောင်း ပြောကြားခဲ့သည်။ ထိုသို့ အဖြေရှာရာတွင် အဖွဲ့အစည်း အနေဖြင့် ဖြစ်စေ၊ တစ်ဦးချင်း အနေဖြင့်ဖြစ်စေ ရရှိထားသော နိုင်ငံရေး အပြောင်းအလဲများ ရှင်သန်ခိုင်မာစေရန် အတွက် အသွင်ကူးပြောင်းရေး ချဉ်းကပ်မှုဖြင့် ဆောင်ရွက်ကြဖို့ လိုကြောင်း၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး တွင်လည်း ယခုအခါ နောက်ဆုံးညှိနှိုင်းမှု စနစ်ကို ရောက်ရှိနေပြီဖြစ်၍ အပြန်အလှန်ယုံကြည်မှုဖြင့် တည်ဆောက်ရန် အထူးလိုအပ်ပါသည် ဟုလည်း သမ္မတကြီးက ပြောကြား … သွားခဲ့ပါသည်။ အတိတ်က ဖြတ်သန်းခဲ့ရသော အတွေ့အကြုံအရ ဆိုလျှင် အချင်းချင်း ယုံကြည်မှုများ လျော့နည်းခဲ့သည်။ အချင်းချင်း ယုံကြည်မှု နည်းပါးနေလျှင် အမျိုးသားစည်းလုံး ညီညွတ်ရေးကို တည်ဆောက်ဖို့ မလွယ်ကြောင်းလည်း ပြောကြားသွားသည်။ သမ္မတကြီးက ထိပ်တိုက် ရင်ဆိုင်ဖို့ နည်းလမ်း များကို ရှောင်ဖို့နှင့် သံသယမရှိဖို့၊ နိုင်ငံအကျိုးအတွက် အစိုးရနှင့် အဖွဲ့အစည်း အသီးသီး လက်တွဲကာ ဆောင်ရွက်ကြဖို့ ပြောဆို သွားခြင်း ဖြစ်ပါသည်။
သမ္မတကြီး၏ ပြောကြားမှုမှာ အလွန် အားရကျေနပ်စရာ ကောင်းသည်။ သမ္မတ ဦးသိန်းစိန်က ရန်ကုန်မြို့ စိန်ရတုခန်းမတွင် ပြောကြားခဲ့သလို မြန်မာ့အတိုက်အခံ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်က လည်း နိုဝင်ဘာ(၃၀)ရက်တွင် သြစတြေးလျ နိုင်ငံ၊ မဲလ်ဘုန်းရှိ မိုနပ်ရှ် တက္ကသိုလ်၌ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြား သွားခဲ့ပါသည်။
““အမျိုးသား ပြန်လည်သင့်မြတ်ရေးဟာ ကျွန်မတို့ရဲ့ ရပိုင်ခွင့်တွေ အပြည့်အ၀ ရရှိဖို့အတွက် အထောက် အကူပြုနိုင်ပါလိမ့်မယ်။ အဲဒီလိုမှ ကျွန်မတို့ လိုချင်တဲ့ ပန်းတိုင်ကို အတူတကွ သွားနိုင်ပါလိမ့်မယ်။ ကျွန်မ တို့ကွဲပြား နေမယ်ဆိုရင် အောင်မြင်မှာ မဟုတ်ဘူး။ ရှုံးနိမ့်သွား လိမ့်မယ်။ အဲဒီအတွက် အမျိုးသား ပြန်လည် သင့်မြတ်ရေးဟာ အရေး ကြီးပါတယ်။ မျိုးစေ့လေးကတော့ စိုက်ပျိုး ပြီးသွားပါပြီ။ အဲဒီမျိုးစေ့လည်း စတင် အမြစ်ထွက် ပေါ်ဖို့ရအောင် သွားရလိမ့်မယ်။ ကျွန်မတို့အနေနဲ့ လျှောက်လှမ်းဖို့ အဝေး ကြီးကျန်ပါ သေးတယ်””ဟု ပြောကြားသွားခဲ့ပြီး ၂၀၀၈အခြေခံဥပဒေနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ““အဲဒီအခြေခံ ဥပဒေက အမျိုးသားပြန်လည် သင့်မြတ်ရေးကို မဖြစ်မြောက်အောင် တားဆီးနေပါတယ်။ အခြေခံ ဥပဒေဆိုတာ တိုင်းပြည်ထဲက ပြည်သူတွေ လက်ခံတာဖြစ်ရပါမယ်။ အခြေခံဥပဒေဆိုတာ လူတိုင်းက သူတို့ကို ကာကွယ်ပေးနေတဲ့ ဥပဒေလို့ ခံစားနေရမှာ ဖြစ်ပြီး တခြားဘယ်နိုင်ငံတွေနဲ့ မဆို တန်းတူရှိတယ်လို့ ခံစားနေရမှာဖြစ်တယ်”” ဟုလည်း ဆက်လက် ပြောကြားသွားခဲ့သည်။
သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပြောကြားသွားသော မိန့်ခွန်းများမှာ အမျိုးသား စည်းလုံး ညီညွတ်ရေးကို ဦးတည်ပြီး ပြောကြားသွားသော မိန့်ခွန်းများ ဖြစ်ပါသည်။ ဦးသိန်းစိန်က သံသယ များ၊ မယုံကြည်မှု များမရှိဖို့နှင့် အမြင်မကျဉ်းမြောင်းဖို့ကို အလေးထားပြောကြား ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားပြန်လည်သင့်မြတ်ဖို့ အရေးကြီးဆုံးမှာ ၂၀၀၈ဖွဲ့စည်းပုံပြင်ဖို့ဖြစ်ကြောင်း၊ ထိုဥပဒေကိုပြင်ဖို့ ဆောင်ရွက်သွားရမည်ဖြစ် ကြောင်းပြောဆိုသွားသည်။ ဦးသိန်းစိန်က ထိပ်တိုက် ရင်ဆိုင်မှုများကို ရှောင်ကာ ဆွေးနွေးညှိနှိုင်းမှု များကို လုပ်ဆောင်သွားရမည် ဟုပြောကြားသွားပြီး နောက်ပိုင်း ၄ ပွင့် ဆိုင်တွေ့ဆုံ ဆွေးနွေးရေးကိုမူ ဦးသိန်းစိန်က ငြင်းပယ်ထားခဲ့ပါသည်။ သမ္မတပြော ရေးဆိုခွင့်ရှိသူက ၀ိနည်းလွတ် စကားဖြင့် တွေ့ဆုံဆွေးနွေးမှုကို သူတို့မငြင်းပယ်ကြောင်း၊ သို့သော် လွှတ်တော်သို့ အစီရင် ခံစာတင်ပြီးမှသာ တွေ့ဆုံဆွေးနွေးသင့် ကြောင်း တွေ့ဆုံဆွေးနွေးရာတွင်လည်း NLD ပါတီတစ်ခုတည်း မဟုတ်ဘဲ တခြား နိုင်ငံရေးပါတီ ၅၈ ပါတီ ပါဝင် ဆွေးနွေးသင့်ကြောင်း ဆိုခဲ့သည်။ လေးပွင့်ဆိုင်၊ လေး ယောက် တွေ့ဆုံမှုကို တစ်ဖက်လှည့်ဖြင့် ငြင်းဆို လိုက်သည်ဆိုသည်ကို အားလုံး သဘောပေါက် လေသည်။ ဤသို့ဆိုလျှင် ဦးသိန်းစိန်ပြောသော တွေ့ဆုံညှိနှိုင်းမှု ဆိုသည်မှာ အကောင်အထည် မပေါ်သော တွေ့ဆုံညှိနှိုင်းမှု ဖြစ်လေသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင် ဆင်ရေးအတွက် နိုင်ငံတွင် သြဇာအရှိဆုံး ပုဂ်္ဂိုလ်များမှာ ထိုလေးပွင့်ဆိုင် ပုဂ်္ဂိုလ်များသာဖြစ်သည်။ ကျန်နိုင်ငံရေး ပါတီများ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်သည်ကို မငြင်းသော်လည်း ထိုလေးပွင့်ဆိုင် ပုဂ်္ဂိုလ်များ လောက်သြဇာမရှိပေ။ တချို့နိုင်ငံရေး ပါတီများမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဆန့် ကျင်ကြလေသည်။ ပုဒ် ၅၉(စ)ကို မဖြစ် မနေထားရှိရမည်ဟုလည်း ဆိုကြလေသည်။ သူတို့နှင့် တွေ့ဆုံရန် မလိုအပ်ပေ။ ဒေါ်အောင်ဆန်းစုကြည်က ယနေ့နိုင်ငံရေး အခြေအနေသည် ၂၀၀၈ကိုပြင်မှဖြစ်မည် ဟု ယူဆသည်။ ကျန် ၃ ဦးကမူ ထိုသို့ ယူဆချင်မှ ယူဆပေမည်။ ၂၀၀၈ ဖွဲ့စည်း ပုံကို မပြင်လည်းရသားပဲ။ ပြင်မယ်ဆို လည်း အရေးကြီးတဲ့အချက်တွေပြင်လို့ ရတာပဲဟု သဘောထားနေလျှင် အမျိုး သားပြန် လည်သင့်မြတ်ရေး၊ ဒီမိုကရေစီ လမ်းကြောင်းကို ဖြောင့်မတ်စွာ လျှောက် ရေးတို့မှာ လွယ်ကူလိမ့်မည် မဟုတ်ပေ။
နိုဝင်ဘာ ၃၀ ရက် စိန်ရတုခန်းမမှာပင် ကျန်သောလူပုဂ်္ဂိုလ်များ၊ အဖွဲ့အစည်း များနှင့် ဆွေးနွေးရာတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကလည်း ယခင်နှင့် ယခုရှိခဲ့သည့် အခြေအနေ၊ သူတို့ အသိုင်းအ၀ိုင်းထဲနှင့် အစိုးရအဖွဲ့ ရှိနေသော အခြေအနေများကို ပြောပြသွားခဲ့ပါသည်။
““တိုင်းပြည်၊ ပြည်သူတွေ တောင့်တနေခဲ့တဲ့ ၁၉၈၈ခုနှစ်က အချက်တွေကို အမြန်ဆုံး move လုပ်လိုက် ချင်ပါတယ်။ ဒါပေမဲ့ မရပါဘူး။ အတင်း move လုပ် လိုက်တာနဲ့ ပြောင်းပြန်ပြန်သွားမယ့် ကိစ္စတွေရှိပါတယ်။ ဒါကြောင့်မို့ အတော်ကို တချို့အလုပ်တွေက အရမ်းထိလွယ် ရှလွယ်ပါတယ်။ အရမ်း ရှုပ်ထွေးပါတယ်။ ဘာတွေ လုပ်နေလဲဆိုတာ မနက်ကလည်း သမ်္မတ ကြီးက ပြည်သူတွေကို တင်ပြပြီးဖြစ်ပါတယ်။ ဆိုကြပါစို့။ လူဦးရေ သန်း ၆၀ ကျော်ရှိ တယ်။ အစိုးရကဏ္ဍက တစ်သန်းလောက်ပဲ ရှိတယ်။ အဲဒီထဲမှာက ပြုပြင်ပြောင်းလဲရေး လုပ်မယ့် သူ ၁၀၀၀ ကျော်လောက်ပဲရှိတယ်။ ကျန်တဲ့သူတွေက တရွတ်တိုက်လိုက်ရုံပဲရှိ တယ်။ ကျွန်တော်တို့က မတတ်ကြဘူး။ ဘာလို့လဲဆိုတော့ ဒီမိုကရေစီမှ မမြင်ဖူး တာ။ မမြင်တဲ့ကြားက ရွေ့နေရပါတယ်။ ဒါပဲကျွန်တော်တင်ပြချင်ပါတယ်””ဟု ပြော ကြားသွားခဲ့ပါသည်။ ဦးစိုးသိန်းက သူတို့ အစိုးရအဖွဲ့၏ အခြေအနေမှန်ကို ရိုးရိုးသားသား ပြောကြားသွားခဲ့ခြင်းဖြစ်သည်။ အုပ်စိုးသူ အသိုင်းအ၀ိုင်း အာဏာပိုင်များကြားတွင် အပြောင်းအလဲလုပ်လို့သူက နည်းပြီး မလုပ်လိုသူက များသည်ဟူသည့် သဘောပင်။ ထိုသည်မှာ မကောင်းပါ။ အာဏာရထားသော အစိုးရအဖွဲ့တွင် အာဏာလျော့ နည်းနေပုံ၊ လူ ၁ သန်းလောက်တွင် ၁၀၀၀ ကျော်လောက်ပဲရှိသည် မှာလည်း ရှက်စရာကောင်းလှ၏။ လူ ၁၀၀၀ ကျော် မှာ တရားရေးမဏ္ဍိုင်နှင့် အုပ်ချုပ်ရေး မဏ္ဍိုင်ကို သြဇာရှိပြီး ဥပဒေပြုရေးကိုလည်း သူတို့က ဖန်တီးနိုင်ပါသည်။ ဒယဥ့်တိုက် ဆွဲသည့် သူများရှိ၍ မတွင်ကျယ်ပါ။ အဟန့် အတားဖြစ်နေပါသည်ဟုဆိုလျှင် ထိုဒယဥ့် တိုက်ဆွဲနေသူများကို ဖယ်ရှားလိုက်ရုံပင် ရှိသည်။ ပြည်သူ သန်း ၆၀ မှာ ငြိမ်းချမ်းရေးကို လိုလားသည်။ ဒီမိုကရေစီလမ်း ကြောင်းပေါ် လျှောက်လှမ်းလိုလေသည်။ သန်း ၆၀ ထဲမှ ၁ သန်းဆိုသည်မှာလည်း ကိုယ်ကျိုးရှာသမားများ၊ ဗြူရိုကရက်များ၊ ပြည်သူ့ဘဏ္ဍာကို ခိုးဝှက်ရယူနေသူများ၊ ခရိုနီများ၊ ဗိုလ်ချုပ်ဟောင်းများစသည့် ပြည်သူ့ချဉ်ဖတ်များဖြစ်နေပေမည်။ ၁ သန်း လောက်ပဲရှိမည်မထင်ပေ။ ဦးစိုးသိန်းလို အပြောင်းအလဲလိုလားသူများက သန်း ၆၀ သော ပြည်သူများ၏ မျက်နှာကိုကြည့်ကာ လက်တစ်ဆုပ်စာ ထို ၁သန်းကို ပြတ်ပြတ်သားသား ရှင်းလင်းဖို့ လိုပါသည်။ ၂၀၁၃ ခုနှစ်အတွင်း တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးကို သမ္မတကြီးက လက်မှတ် ရေးထိုးလိုသည်။ သို့သော် ဦးသိန်းစိန်ပြော သလို ၁ သန်းထဲကလား။ သို့မဟုတ် လက် တစ်ဆုပ်စာထဲကလားမသိ။ အပစ်အခတ် ရပ်စဲမည်ဆိုလျှင် လက်နက်ကိုင် လမ်းစဉ်ကို လျှောက်ခဲ့သည်မှာ မှားပါသည်ဟု ၀န်ခံရမည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ၂၀၀၈ဖွဲ့စည်းပုံကို လိုက်နာရမည်။ အပစ်အခတ်ရပ်စဲလျှင် လက်နက်များကို ၀ယ်ယူစုဆောင်းခြင်း မပြုရ။ ဆက်ကြေးကောက်ခြင်း၊ ရန်ပုံငွေရှာခြင်း မပြုရ၊ တပ်သားသစ် စုဆောင်းခြင်း၊ စည်းရုံးခြင်း မပြုရစသည့် တားမြစ်ကန့်သတ်မှု များကို ပြုလုပ်သူများ ရှိနေသည့် အတွက် ပြည်တွင်း ငြိမ်းချမ်းရေးတည်ဆောက်မှုမှာ အဟန့် အတားများ ဖြစ်နေပါတော့သည်။ ထိုသူ များကို တစ်ထောင်ထဲမှ ဦးစိုးသိန်းတို့က ပြတ်ပြတ် သားသား အရေးယူရပေမည်။ ဒယဥ့်တိုက် ဆွဲနေသူများကို ချန်ထားပစ်ခဲ့ ရမည်။ မင်းတို့ထိုက်နဲ့ မင်းတို့ကံပါ ဆိုခဲ့ ရမည်။ ဦးစိုးသိန်းတို့ ရွေ့နေသည်ဆိုလျှင် ဦးစိုးသိန်းတို့ နောက်၌ သန်း ၆၀ ပြည်သူ များလိုက်ပါလာ ပေတော့မည်။ လူ ၁၀၀၀ သည် ဒီမိုကရေစီ လမ်းကြောင်းကို အမှန်အကန် လျှောက်ဖို့လိုသည်။ ပြည်သူလူထုက အမှန်အကန် ရိုးရိုးသားသားလျှောက် သူများနှင့် လက်တွဲမည်မှာ အမှန်ပင်။ ထိုသို့ လက်တွဲစေလိုလျှင် ၂၀၀၈ ဖွဲ့စည်း ပုံအခြေခံဥပဒေကို အတော်များများ ပြင်ဆင်ပစ်ဖို့ လိုပါတော့သည်။
Credit To The Myanmar Herald

Related Articles:

Post a Comment