မဒိဘ ရဲ့ တန်းတူညီမျှရေး၊ ဒီမိုကရေစီရေးနဲ့ ငြင်းပယ်လို့ မရတဲ့
လူတိုင်းရသင့်တဲ့ အခွင့်အရေးတွေ ရရှိခံစားနိုင်ရေး တို့ကို လိုချင်တဲ့
စိတ်ဓာတ်ဟာ ဘုရားသခင်ရဲ့ စိတ်ကူးပုံရိပ်နဲ့ ဖန်တီးထားတဲ့ လူတိုင်းဟာ
အဖိုးမဖြတ်နိုင်အောင် ထိုက်တန်တယ်ဆိုတဲ့ ကျမ်းစာပါ သင်ကြားမှု အဆိုတွေနဲ့
လည်း အတိုင်းအတာ တစ်ခုအထိ ဆီလျော်မှု ရှိတယ်။
လူတိုင်း ရသင့်တဲ့ အခွင့်အရေးလို့ ဆိုရာမှာ လူတစ်ယောက်ရဲ့ အမျိုးအနွယ်၊
အသားအရောင်၊ လူမှု အဆင့်အတန်းတွေနဲ့ ကန့်သတ်ထားမှု မရှိတဲ့ လူသား အားလုံးနဲ့
သက်ဆိုင်တဲ့ အခွင့်အရေးတွေ ဖြစ်တယ်။သည်လို လူ့ဂုဏ်သိက္ခာ၊
တန်းတူညီမျှရေးနဲ့ လွတ်လပ်မှု တွေအတွက် မဒိဘဟာ တိုက်ပွဲဝင်လိုစိတ်ရှိပြီး
လိုအပ်ရင် သူ့အသက်ကိုပါ ပေးဝံ့သူ ဖြစ်တယ်။ မတရားမှု၊ လူမျိုးရေး
ခွဲခြားမှုနဲ့ ဖိနှိပ်မှုတွေကို ဆန့်ကျင်တဲ့ သူ့ရဲ့ စိတ်ဓာတ်နဲ့
လုပ်ဆောင်မှုတွေဟာ နိုင်ငံရေးနဲ့ ယုံကြည်မှု အတွေးအခေါ် သက်သက် မဟုတ်ဘဲ
ဘာသာရေးဆိုင်ရာ သဘော တရားတွေနဲ့လည်း ဆက်နွှယ်မှု ရှိတယ်။ လွတ်လပ်မှု၊
လူမျိုးရေး မခွဲခြားမှုနဲ့ မှန်ကန်တဲ့ အကျင့်စာရိတ်္တရှိမှုတွေကို
ကျွန်တော်တို့ရဲ့ ကြီးမြတ်တဲ့ အခြေခံဥပဒေမှာ အဓိက နေရာကို ရယူထားစေတာဟာ
သူ့ရဲ့ ယုံကြည်မှု အမွေ အနှစ်တွေ ထာဝရ ရှင်သန်စေနိုင်စေဖို့ ဖြစ်တယ်။
သူဟာ ဒုက္ခအခက်အခဲမီးတွေနဲ့ မာကျောအောင် ထုနှက်ခံခဲ့ရတယ်။
အမျိုးပေါင်းများစွာ ရှိတဲ့ ပန်းနဲ့ တင်စား အခေါ်ခံရလောက်အောင်
ပုံသ္ဌာန်အမျိုးမျိုးနဲ့ ထွက်ပြေး တိမ်းရှောင်နေရစဉ် ကာလနှင့် မိသားစုဘ၀နဲ့
ကင်းကွာပြီး ၂၇ နှစ်ကြာ အထိန်းသိမ်းခံ ကာလတွေဟာ မင်ဒဲလား ဆိုတဲ့ လူတစ်ယောက်
ဖြစ်လာစေဖို့ အရေးပါလှတဲ့ အချိန်တွေ ဖြစ်တယ်။
အဲဒီကာလတွေဟာ သူ့ကို အမြင်သစ်တွေ ရအောင်၊
အခြားသူတွေရဲ့ အားနည်းချက်တွေကို ပိုပြီး ဖြည့်စွက် နားလည်လာနိုင်အောင်၊
ပိုပြီး သည်းခံ ခွင့်လွှတ်စိတ် ရှိအောင်၊ ပိုပြီး ရက်ရောပေးကမ်းမှု ရှိအောင်၊
ပိုပြီး ကြီးမြတ်တဲ့ စိတ်ထားရှိအောင် ပြုလုပ်ပေးခဲ့ပြီး ထောင်ကနေ
လွတ်မြောက်တဲ့အချိန်မှာ တိုက်ခိုက် ပုတ်ခတ်လို့ မရတဲ့ ရိုးသားမှု၊
ယုံကြည်အားထားနိုင်မှု ရှိတဲ့ ခေါင်းဆောင် ကောင်းတစ်ယောက်အဖြစ်
ပေါ်ထွက်လာခဲ့တယ်။ သူ့ရဲ့ အရင်တုန်းက ရန်သူတွေကို ခင်မင်ရင်းနှီးတဲ့ လက်နဲ့
ကမ်းလင့်ခဲ့ပြီး သူတို့ အရေးနိမ့်တဲ့အချိန်မှာ ရက်ရောလှတဲ့
ခွင့်လွှတ်မှုအပြည့်နဲ့ ဆက်ဆံခဲ့တယ်။
ရန်သူဟာ စောင့်ဆိုင်းနေတဲ့
မိတ်ဆွေလည်း ဖြစ်နိုင်တယ် ဆိုတာကို ပြသခဲ့တယ်။ သူ့ကို သေဒဏ်အထိ ကျအောင်
တရားစွဲဆိုဖို့ ကြိုးစားခဲ့တဲ့ ဒေါက်တာပါစီရူတာကို
သူ့ရဲ့ သမ္မတ
တင်မြှောက်ခံရခြင်း အခမ်းအနားကို တက်ရောက်စေခဲ့ပြီး သမ္မတ အိမ်တော်မှာ
နေ့လယ်စာ ရင်းနှီးစွာ အတူစားသောက်ခဲ့တယ်။ သမ်္မတ တင်မြှောက်ခြင်း
အခမ်းအနားကို မလာနိုင်ခဲ့တဲ့ လူဖြူလူမျိုးကြီးဝါဒအပါးထိဒ်
ဘုန်းကြီးရဲ့
မုဆိုးမဇနီးဆီကို သွားရောက် လည်ပတ်ပြီး လက်ဖက်ရည် အတူသောက်ခဲ့တယ်။ သူ့ကို
နိုင်ငံတော် ဘုံရန်သူ နံပါတ် ၁ အဖြစ် ဆက်ဆံခဲ့တဲ့ လူဖြူတွေကို သူနဲ့
ပူးပေါင်း ဆောင်ရွက်လိုစိတ် ရှိလာအောင် လွှမ်းမိုးနိုင်ခဲ့တယ်။
သူဟာ
အံ့သြချီးကျူးဖွယ်ရာ သဘောထားကြီးမြတ်မှုနဲ့ ခွင့်လွှတ်မှုတို့ရဲ့
ပြယုဂ်ဖြစ်တယ်။ သူ့ကြောင့် ကျွန်တော်တို့ဟာ နိုင်ငံရဲ့ ပြဿနာကို
သွေးချောင်းစီး ဖြေရှင်းရမယ့်ကိန်းကနေ ရှောင်ဖယ်နိုင်ခဲ့တယ်။ သည်နိုင်ငံမှာ
နေထိုင်တဲ့ လူအများစုကို အပါးထိဒ် လူမျိုးရေး အစွန်းရောက်တွေရဲ့
ဖိနှိပ်မှုကနေ လွတ်မြောက်စေခဲ့တယ်။ ဒုက်္ခဆင်းရဲ ခံစားရခြင်းဟာ
ခါးသီးမုန်းတီးတဲ့ မကောင်းစိတ်ကို ဖြစ်စေသလို မြင့်မြတ်တဲ့
ကောင်းစိတ်ကိုလည်း ဖြစ်စေနိုင်တယ်။ မဒိဘကြောင့် ကျွန်တော်တို့ဟာ
ကောင်းတဲ့စိတ်နဲ့ ဖြေရှင်းပြီးဆုံးနိုင်ခဲ့တာ ဘုရားသခင်က သည်နိုင်ငံကို
ကောင်းချီးပေးမှုပဲလို့ ဆိုရမယ်။
သူဟာ သည်းခံခွင့်လွှတ်နိုင်မှုတရားကို
အစဉ်တစိုက် ကျင့်ကြံနေတာနဲ့အမျှ သူ့ရဲ့ စိတ်ဓာတ်ရေးရာ အဆင့် အတန်းကလည်း
ပို၍ မြင့်မားလို့ လာတယ်။ သူဟာ အခြားသူတွေရဲ့ အမြင်၊ အထူးသဖြင့် သူ့ကို
ဆန့်ကျင်တဲ့ သူတွေရဲ့ အမြင်ကို သိရှိနားလည်နိုင်အောင် ကြိုးစားနေပြီး
ညှိနှိုင်း စေ့စပ်ဖို့ အမြဲ အဆင်သင့်ဖြစ်နေသူ ဖြစ်တယ်။လိုအပ်ရင် သူ့လက်ကို
အပူခံပြီး သူများအတွက် မီးထဲက သစ်အယ်သီးမီးဖုတ်ကို ယူပေးမယ့်
အများကောင်းကျိုး အတွက် အနစ်နာခံလိုတဲ့ လူစားဖြစ်တယ်။
သူဟာ ဘာသာတရား
အားလုံးကို လေးစားတဲ့ စံနမူနာအဖြစ် ပြသနိုင်ဖို့ ကြိုးစားခဲ့တယ်။ သူ
သမ္မတအဖြစ် ရွေးကောက်ခံရတဲ့ အပတ်မှာပဲ သောကြာနေ့မှာ ဗလီကျောင်း ၀တ်ပြုပွဲကို
တက်ရောက်ခဲ့ပြီး စနေနေ့မှာ ဂျူးဘုရား ရှိခိုးကျောင်းကို သွားခဲ့တယ်။
တနင်္ဂနွေမှာ ဆိုဝေတိုက FNB ကစားကွင်းမှာ ပြုလုပ်တဲ့ ခရစ်ယာန်ဘာသာပေါင်းစုံ
ဘုရှားရှိခိုးပွဲကို တက်ရောက်ခဲ့တယ်။ သူ့ရဲ့ သမ္မတ တင်မြှောက်ပွဲ
အခမ်းအနားမှာ မူဆလင်၊ ဂျုး၊ ဟိန်္ဒူ၊ ခရစ်ယာန်ဘာသာရေးဆရာတွေက ဆုတောင်း
ကောင်းချီး ပေးခဲ့တယ်။ ကွဲပြားတဲ့ သူတွေအကြား သည်းခံစောင့်ထိန်းတဲ့
စိတ်ဓာတ်ကို စံပြတဲ့အနေနဲ့ အရင်က ခရစ်ယာန် အလေ့ အကျင့်တွေနဲ့သာ
လွှမ်းမိုးနေတဲ့ လွှတ်တော်မှာ ယခုဆို လွှတ်တော်မစမီ ငြိမ်သက်စွာ
အချိန်အနည်းငယ်ပေးပြီး မိမိ ယုံကြည်ကိုးကွယ်တဲ့ ဘာသာရဲ့ အယူအဆအတိုင်း
ဝတ်ပြု ဆုတောင်းမှုကို ခွင့်ပြုထားတယ်။
ယနေ့ ကမ္ဘာ့ငြိမ်းချမ်းရေးကို
ဘာသာရေး အစွန်း ရောက်မှုတွေနဲ့ ခြိမ်းခြောက်ခံနေရတဲ့အချိန်မှာ အခြားသူတွေ
အမြတ်တနိုးထားတဲ့အရာကို လေးစားမှုပေးခြင်းဆိုတဲ့ စိတ်ထား အမူအကျင့်ဟာ သူ
ထားခဲ့တဲ့ တန်းဖိုးရှိလှတဲ့ အမွေအနှစ်တစ်ခု၊ ကျွန်တော်တို့ မြင်ချင်တဲ့
ငြိမ်းချမ်းတဲ့ အနာဂတ်အတွက် မဒိဘရဲ့ ကြီးမြတ်တဲ့ လက်ဆောင်ပင် ဖြစ်တယ်။
The Independent rS Nelson Mandela life story: The prophet of tolerance, by Archbishop Desmond Tutu
ကို ဖိုးဇော် ဘာသာပြန်သည်။
Credit To ပြည်သူ့ခေတ်ဂျာနယ်
အတွဲ - ၄၊ အမှတ် - ၁၇၅ မှ ဆရာဖိုးဇော်၏ ဆောင်းပါး ..
မင်ဒဲလား သို့မဟုတ် သည်းခံ ခွင့်လွှတ်ခြင်း တရားရဲ့ တမန်တော်
Label: article
Related Articles:
article
- မြန်မာပြည်ကြီးကို မြင်ယောင်ကြည့်ပါ -သခင်
- ထွက်ပေါက် Exit ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ)
- ၂၀၁၅ အတွက် အဖြေ ဇေယျသူ
- အခြေခံ အုတ်မြစ် ခိုင်ပါစေ – အဲးခိုး
- လက်နက်ကိုင် တိုင်းရင်းသားတွေထဲ သဘောထားနှစ်မျိုး ကွဲနေသလား – စည်သူအောင်မြင့်
- ၂၀၁၄ စီးပွားရေးအလားအလာ ----------- ရေးသားသူ- အောင်သူရ၊ ပြည်သိမ်း
- ၂၀၁၄ နိုင်ငံရေးအခင်းအကျင်းကို လှမ်းမျှော်ကြည့်ခြင်း ------------------ ရေးသားသူ- အိဖြူလွင်၊ ရန်မျိုးနိုင်၊ မင်းဟိန်းကျော်
- အာဏာရှင်စနစ်ဆီ ဦးလှည့်မည်စိုး – ကျော်မင်း
- ၂၀၁၃ အဆုံးမသတ် ၂၀၁၄ ရင်လေးဖွယ်ရာ ကျော်ဝင်း
- ““ကျင့်သုံးရေးအနှစ်သာရ”” – အဲးခိုး
- လွတ်လပ်ရေးအကြိုကာလ အောင်ဆန်းအက်တလီ စာချုပ်၏ အနှစ်သာရ နီငြိမ်း
- တရားခွင်မှ ငါးသလောက်ပေါင်းစားသူများ ------------------------------ ရေးသားသူ- အေးသူစံ
- ဒီမိုကရေစီကျင့်သုံးရန် အသင့်ဖြစ်ပါပြီလား ---------------- ရေးသားသူ- အိဖြူလွင်
- ဒီမိုကရေစီမီးပွားများ လွင့်ပါးချိန် ကျော်ဗလ
- ဘယ်သူက ဘယ်သူ့ကို မယုံကြည်တာလဲ မောင်တင်ဦး (မြောင်းမြ)
- ဂုဏ်သိက္ခာနှင့် ကျင့်ဝတ် တက္ကသိုလ် မိုးဝါ
- လိုင်ဇာဆွေးနွေးပွဲ ဘားအံညီလာခံ – အဲးခိုး
- ယနေ့ ပြည်တွင်း ငြိမ်းချမ်းရေးပြဿနာ ရှေ့ဆက်ဘာလုပ်ကြမည်နည်း – စည်သူမြသန်း
- အနော်ရထာ၊ မနူဟာနဲ့ ပေါ်လတစ် – အောင်ထွန်းလင်း
- တံခါးလေး ဖွင့်ရုံပဲလား ဇေယျသူ
- လှုပ်လေမြုပ်လေပညာရေး ကျော်လှဝင်း (ပညာရေး)
- တည်ငြိမ်မှုနှင့် မတည်ငြိမ်မှု (Stability and Instability)Written by ဒေါက်တာအောင်ကိုကို (စီးပွားရေးပညာ၊ စီးပွားရေးပေါ်လစီ))
- ဘောလုံးနှင့် နိုင်ငံရေး ----------------- ရေးသားသူ- ရဲမိုး
- ကျားသေကို အသက်သွင်းကြမလို့လား Written by သိန်းထက်အောင်
- အပြောနဲ့ အလုပ် လွဲနေတဲ့ အုပ်ချုပ်ရေး ယန္တရား မီးစင်ကြည့်ကပြီးသွားမယ့် ဒီမိုကရေစီ
Post a Comment