Sunday, August 11, 2013

အစိုးရကတစ်ပြည်လုံးအပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးရန် မွန်ပြည်သစ်ပါတီကို ကမ်းလှမ်းခဲ့


တစ်ပြည်လုံးအပစ်ရပ်ရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပရေး အတွက် ပြည်ထောင်စုသဘော တူညီချက်ရရှိရေးကို သြဂုတ် ၄ ရက်နေ့က မွန်ပြည်သစ်ပါတီ ခေါင်းဆောင်များနှင့် သွားရောက်   တွေ့ဆုံဆွေးနွေးခဲ့ကြောင်း မြန်မာ  နိုင်ငံငြိမ်းချမ်းရေးစင်တာမှ အကြီးတန်းအရာရှိဦးလှမောင်ရွှေ ကပြောသည်။
“မွန်ပြည်သစ်ပါတီနဲ့ အစိုးရ ဘက်က သွားနေတဲ့ လမ်းပြမြေပုံ နဲ့ လက်ရှိအနေအထားကို သွား ရောက်ရှင်းပြဖြစ်ပါတယ်။ မွန် ပြည်သစ်ပါတီရဲ့ သဘောကိုလဲ တောင်းခံထားပါတယ်”ဟု ၎င်းက ဆိုသည်။
မြန်မာ့ငြိမ်းချမ်းရေးစင်တာ မှ ငြိမ်းချမ်းရေးအကျိုးဆောင်များ ဖြစ်ကြသော ဦးလှမောင်ရွှေ၊ ဒေါက်တာကျော်ရင်လှိုင်၊ ဦးအောင်နိုင်ဦး၊ ဦးညိုအုန်းမြင့်တို့  ကို သြဂုတ်လ ၄ ရက်နေ့ နံနက် ၁၁ နာရီက မွန်ပြည်သစ်ပါတီ မော်လမြိုင်ရုံးသို့ရောက်ရှိခဲ့ရာတွင် မွန်ပြည်သစ်ပါတီ  ၏ ဗဟို  အလုပ်မှုဆောင်နိုင်တလညီ၊NMSP  မော်လမြိုင်မြို့ဆက်ဆံ ရေးရုံးတာဝန်ခံနိုင်ကျည်ဆံ၊ NMSP ဒေသဖွံ့ဖြိုးရေးတာဝန်ခံ  နိုင်အမ်စိုက်ချမ်းတို့ကလက်ခံတွေ့ ဆုံခဲ့သည်ဟု ဦးလှမောင်ရွှေက ဆိုသည်။
အဆိုပါကိစ္စကို မွန်ပြည်သစ်  ပါတီဘက်သို့ဆက်သွယ်မေးမြန်းခဲ့ ရာတွင် မှန်ကန်ကြောင်းအမည် မဖော်လိုသည့်မွန်ပြည်သစ်အရာရှိ တစ်ဦးကအတည်ပြုပြောကြားခဲ့ သည်။ နှစ်ဖက်ညှိနှိုင်းတွေ့ဆုံပွဲ သည် အစိုးရဘက်မှ တစ်ပြည်လုံး  အတိုင်းအတာဆောင်သည့် အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေး  ထိုးပွဲဖြစ်မြောက်ရေးနှင့် နိုင်ငံရေး တွေ့ဆုံပွဲကျင်းပနိုင်ရေးတို့ကို တင်ပြဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း  သိရသည်။
“အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့ရဲ့ ချမှတ်ထား  တဲ့ လမ်းညွှန်မှုတွေ လုပ်ငန်းစဉ်  တွေကို ပြောဖြစ်ခဲ့တယ်။ နှစ်ဖက်  လက်ခံနိုင်တဲ့ မူဘောင်တစ်ခုရရှိဖို့  ကြိုတင်လာရောက်ညှိနှိုင်းတာပါ” ဟုဆိုသည်။
မွန်ပြည်သစ်ပါတီမှ ကိုယ်စား  လှယ်အဖွဲ့က ယခုကိစ္စကို အထက်  သို့တင်ပြပေးသွားမည်ဟုပြောဆို ခဲ့ကြောင်း ဦးလှမောင်ရွှေကပြော သည်။ ဇွန်လ ၁၀ ရက်နေ့တွင် လည်း အစိုးရအနေဖြင့် ပထမဦး ဆုံးအပစ်ရပ်ထားသည့်တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ် သော ရှမ်းပြည်ပြန်လည်ထူထောင် ရေးကောင်စီ RCSS/SSA တို့ ကြိုတင်ညှိနှိုင်းမှုများပြုလုပ်ခဲ့သေး ကြောင်း သိရသည်။
ဇူလိုင် ၁၂ ရက်နေ့တွင် ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC နှင့် လည်းသွားရောက်ညှိနှိုင်းခဲ့ပြီး သြဂုတ်လ ၂၀ ရက်နေ့တွင် ပြည်လည်တွေဆုံရန် သဘောတူ ညီချက်ရရှိခဲ့သည်ဟုဦးလှမောင်ရွှေ ကဆက်ပြောသည်။
သြဂုတ်လ ၅ ရက်တွင်လည်း ABSDF  ကျောင်းသားအဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေးလက်မှတ် ရေးထိုးပွဲကို ကျင်းပနိုင်ခဲ့ပြီး လက်နက်ကိုင်အဖွဲ့ (၁၄) ဖွဲ့နှင့် အပစ်ရပ်လက်မှတ်ထိုးနိုင်ခဲ့သည် ဟုလည်းဆိုသည်။
မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် အစိုးရနှင့် ပထမအကြိမ် အပစ်အခတ်ရပ်စဲရေးသဘောတူ  ခဲ့သည့်တိုင်းရင်းသားလက်နက်ကိုင်   အဖွဲ့ဖြစ်သည်။ ၂၀၁၀ ခုနှစ်တွင်  အစိုးရ၏နယ်ခြားစောင့်တပ်ဖွဲ့စည်း  ရေးမှုကို လက်မခံသောကြောင့် နှစ်ဖက်အပစ်ရပ်ရေးကို ပျက်ပြယ်  စေခဲ့သည်။
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ  ၂၅ ရက်နေ့တွင် မွန်ပြည်နယ်သစ် ပါတီသည်ဒုတိယအကြိမ်အစိုးရ အဖွဲ့နှင့် ပြည်နယ်အဆင့်အပစ်ရပ်  ရေးကို ထပ်မံသဘောတူလက်မှတ်  ရေးထိုးခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်း  ရေးဖော်ဆောင်ရေးလုပ်ငန်းကော် မတီနှင့် ငါးကြိမ်တိုင်တိုင်တွေဆုံ ခဲ့သည့်အချိန်အထိ အစိုးရနှင့် ထပ်မံတိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိတော့ ကြောင်း သိရသည်။
Credit To Hot News Journal


တော်ဝင်ပန်း

Related Articles: