Tuesday, August 13, 2013

အပြုသဘောဆောင်တဲ့နိုင်ငံရေးဝေဖန်ချက်တွေကိုပဲ လေးစားစွာလက်ခံပါတယ်၊ နိုင်ငံရေးအခြေခံဘာတစ်ခုမှမရှိဘဲ အပုပ်ချတာကိုတော့ လုံးဝလက်မခံပါဘူး ။အရေးလဲမလုပ်ပါဘူး




မြန်မာအမျိုးသားကွန်ဂရက်ပါတီဥက္ကဋ္ဌ ဦးကောင်းမြင့်ထွဋ်၏ပြောကြားချက်အပေါ် သက်ဆိုင်သူနိုင်ငံရေးနယ်ပယ်မှ ထင်ရှားသူများ၏ တုံ့ပြန်ပြောကြားချက်များ
ပြီးခဲ့သည့် ဇူလိုင်လအတွင်း အင်ပါယာနေ့စဉ်သတင်းစာကို ဦးဆောင်နေသူမြန်မာအမျိုးသား ကွန်ဂရက်ပါတီဥက္ကဋ္ဌ ဦးကောင်း မြင့်ထွဋ်က
မြန်မာ့နိုင်ငံရေးနယ်ပယ် မှထင်ရှားသူများ၊နိုင်ငံတော်သမ္မတကြီး၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ပတ်သက်၍
ဝေဖန်စကား ပြောကြားခဲ့ပြီး ယင်းသို့ပြောကြား သော ဝေဖန်စကားများကို ရုံးမှလစာတောင်းသဖြင့် အလုပ်မှ ထုတ်ပယ်ခံရသူ ၀န်ထမ်းများက
အသံဖမ်းယူထားရှိပြီး ယင်းအသံ ဖိုင်ပါ ဝေဖန်ချက်များအရ ဝေဖန်ခံရသူများ၌ ပါဝင်သူအချို့က ဦးအောင်မြင့်ထွဋ်၏ ဝေဖန်ချက်အပေါ်
ပြန်လည်ရှင်းလင်းပြော ကြားသည်များကို တင်ပြလိုက် ပါသည်။
ဦးဝင်းတင် (၀ါရင့်နိုင်ငံရေးသမားကြီးနှင့် NLDနာယကကြီး)
ဒီလိုပြောတာတွေ၊ ဝေဖန် တာတွေက နိုင်ငံရေးနယ်ပယ်မှာ အလေ့အကျင့်လိုဖြစ်နေပြီ။ ပွင့် ပွင့်လင်းလင်းပြောရရင်ကျွန်တော့် အနေနဲ့ နိုင်ငံရေးဝေဖန်ချက်ကိုပဲ လေးလေးစားစားအလေးအနက် ထားပြီးလက်ခံတယ်။ အပြု သဘောဆောင်တဲ့နိုင်ငံရေးဝေဖန် ချက်မဟုတ်ဘဲ နိုင်ငံရေးအခြေခံ ဘာမှမရှိဘဲ ပြောတာလုံးဝလက်မ ခံဘူး။ ဥပမာအားဖြင့် ဝေဖန်ပြော ကြားတဲ့ လူပုဂ်္ဂိုလ်က နိုင်ငံရေး နယ်ပယ်မှာ သြဇာတိက္ကမရှိတဲ့ လူသော်လည်းကောင်း၊ လူရိုသေ ရှင်ရှိသေပုဂ်္ဂိုလ်ဖြစ်နေရင်သော် လည်းကောင်း၊ ပြည်သူလူထုက ကြည်ညိုလေးစားလက်ခံတဲ့လူ ဖြစ်နေရင်သော်လည်းကောင်း ဒီလိုဆိုရင်တော့ စဉ်းစားရမှာပေါ့ ဗျာ။ ဒီလိုမျိုးမဟုတ်ဘဲ သိပ်ပြီး တော့ ဘာမှလည်းမဟုတ်၊ ပါတီ လေးထောင်ဖူးရုံ၊ ဟိုလူနဲ့တွေ့ဖူး၊ ဒီလူနဲ့တွေ့ဖူးရုံ၊ ဓာတ်ပုံလေးရိုက် ဖူးရုံနဲ့ သူရဲ့ အပြောအဆိုက ခိုင် မာမှုမရှိဘူး။ ခိုင်မာမှုအနေနဲ့ မီဒီ ယာမှာပါဝင်ပြီး တကယ့်ကိုတိကျ ခိုင်မာစွာသူရဲ့အတွေးအခေါ်နဲ့ စကားတွေ၊ နိုင်ငံရေးယူဆချက် တွေရှိသလား။ ဒါမှအသိအမှတ် ပြုလို့ရမယ်။ ဒီလိုပုဂ်္ဂိုလ်တွေရဲ့ စကားကို အမှန်ဆိုပြီးယူဆလို့မရ ဘူး။ နိုင်ငံရေးဝေဖန်တာမဟုတ် တဲ့ အပုပ်ချမှုတွေနဲ့ ပတ်သက်ပြီး တော့ သာမန်အားဖြင့် ချေပတာ လည်း မလုပ်ချင်ဘူး။ လုပ်စရာလို တယ်လို့လည်း မယူဆဘူး။ ဝေဖန်ချက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့အကဲဖြတ်အသိ အမှတ်ပြုတာကတော့ ပြောတဲ့ သူ၊ ဝေဖန်တဲ့သူက တကယ့်ကို နိုင်ငံရေးသိက္ခာရှိတဲ့ ပုဂ်္ဂိုလ်လား။ သူရဲ့နိုင်ငံရေးအယူအဆသုံးသပ် ချက်တွေဟာလည်း တရားဝင် စာအုပ်စာတမ်းနဲ့ ရှိသလား။ ဒါကို ကြည့်မယ်။ ထူးထူးခြားခြား  မဝေဖန်လိုပါဘူး။
ဦးသုဝေ (ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ)
သူ့လိုပုဂ်္ဂိုလ်မျိုးရဲ့ အပုပ်ချ ပြောဆိုမှုနဲ့ ပတ်သက်ပြီး ပြန် ပြောစရာတော့ ဘာအကြောင်းမှ မရှိဘူး။ ပြန်ဖြေရှင်းစရာလည်း ဘာအကြောင်းမှမရှိဘူး။ ဒါပေမဲ့ သူ့ပြောစကားထဲမှာ  လွဲနေတာ တွေကိုတော့   ရှင်းပြချင်တယ်။ ကျွန်တော်တို့ပါတီမထောင်ခင် ၂၀၁၀ မတိုင်ခင်က ဦးရဲထွန်းဆို တဲ့ ပုဂ်္ဂိုလ်က ကောင်းမြင့်ထွဋ်ရဲ့ ဆရာ။ ကနေဒါက ဦးကျော်မြင့် ဆိုသူက ဒီမှာပါတီထောင်ချင် တယ်ဆိုပြီး ဆန္ဒရှိတဲ့အခါ ဦးရဲထွန်းကနေ တစ်ဆင့် ချိတ်မိပြီး ကျွန်တော့်ကို ရှာတာကစတာ။ အဲဒီလို ပါတီ ထောင်ဖို့ ကိစ္စဆွေးနွေးရာကနေ ကောင်းမြင့်ထွဋ်နဲ့    စသိတာ။ ဒီလိုကိစ္စတွေကို ကောင်းမြင့်ထွဋ်က ဘာမှသိတာ မဟုတ်ဘူး။ သူ့ ဆရာဦးရဲထွန်းကိုယ်တိုင်ကလည်း သူ့ကိုဘာမှ အသိပေးတာမဟုတ်ဘဲ ဦးသုဝေကို ရှာဖို့ဆိုပြီးပဲ တာဝန် ပေးတာ။ နောက်ကျတော့ သူ့ ဆရာဦးရဲထွန်းက ပါတီလုပ်တဲ့ အခါ သူလည်းပါချင်တယ်ဆိုပြီး ဆွေးနွေး တယ်။ ပါတီထောင်ဖို့ ဆွေးနွေး တဲ့အခါကျတော့ ဦးရဲထွန်းနဲ့အတူ သူရဲ့လူတွေဖြစ်တဲ့ ကောင်းမြင့် ထွဋ်၊ ဦးရန်ကျော်၊ ဦးဘတင့်ဆွေ တို့ပါလာတာ။ ပြောရရင် ဦးရဲ ထွန်းကိုအကြောင်းပြုပြီးပါလာတာ ပေါ့။ ကိုရန်ကျော်နဲ့ ကိုဘတင့် ဆွ ဆိုတာ ၁၉၉၀ ရွေးကောက်ပွဲက တည်းက သိကျွမ်းရင်းနှီးခဲ့သူတွေ ပါ။ ပါတီဖွဲ့တဲ့အခါကျတော့ ဦးရဲ ထွန်းအကြောင်းပြုပြီးပါလာတဲ့ ကောင်းမြင့်ထွဋ်ကို ကျွန်တော့် အနေနဲ့ တက်ကြွတဲ့လူငယ်တစ်ဦး လည်းဖြစ်၊နည်းပညာလည်းကျွမ်း ကျင်တဲ့အတွက်ဆိုပြီး အလုပ်အမှု ဆောင်ထဲထည့်တယ်။ ဒီလိုထည့် တာကို ကောင်းမြင့်ထွဋ်ရဲ့ဆရာ ဦးရဲထွန်းကိုယ်တိုင်က သဘော မကျဘူး။ အမှုဆောင်ထဲပါလာ တာကိုသူ့ဆရာဦးရဲထွန်းရဲ့သဘော ကတော့ အဖွဲ့ဝင်  အနေနဲ့ပဲ ကောင်းမြင့်ထွဋ်ကိုလက်ခံပေါ့နော်။ ဒါကိုကျွန်တော်က ဖျောင်းဖျပြီး အမှုဆောင်ထဲ    ထည့်တယ်။ နောက်သူ့ကို ဆုံးမသွန်သင်သွား မယ်ဆိုတဲ့သဘောနဲ့ပေါ့ဗျာ။ ဒါ ကို ဦးရဲထွန်းက မတန်ဘူး။ ကောင်းမြင့် ထွဋ်ဆိုတာ သူခိုင်းနေတဲ့သူ၊ နိုင်ငံ ရေးရော ငွေရေးကြေး ရေးရော စိတ်မချရဘူးလို့ပြောခဲ့ တာ။ ဒါကို ကျွန်တော်က ဆွဲခေါ်ခဲ့တာ။နောက် အမှုဆောင်ထဲ ထည့်ထား လိုက်တယ်။ ပြဿနာ စဖြစ်တာက ပါတီမထောင်ခင် အစည်းအဝေး တစ်ခုမှာ ကောင်းမြင့်ထွဋ်က ဗီဒီယိုမှတ်တမ်းရိုက်ဖို့ တာဝန် ယူတယ်။ အဲဒီမှာ မှတ်တမ်း ရိုက်တဲ့ လူတွေကလည်း ထောက်လှမ်း ရေးတွေလို့ သိရတယ်။ အစည်း အဝေးလည်းပြီး ရော ကောင်းမြင့် ထွဋ်က ဒီမှတ်တမ်း ဗီဒီယိုတွေကို မပေးဘဲယူထားလိုက်တယ်။လုံးဝ မပေးတော့ ဘူး။ ဒါနဲ့ ပါတီကသူ့ကို မကြိုက်လို့ ထုတ်လိုက်တာ။ နောက်သူပြောတဲ့ထဲမှာ ကျွန်တော် က မွေးသက္ကရာဇ်ကို ပြုစားခံရ မှာစိုးလို့ ပြောင်းထားတယ်ဆိုတာကို ပြော ချင်တယ်။ ကျွန်တော့်ငယ် နာမည်က မောင်စိန်ညွန့်။ မွေးတာ က ၁၉၃၂ အောက်တိုဘာ ၃၁မှာ မွေးတာ။ ကျောင်းရောက်တော့ သင်္ချာဆရာက အောက်တိုဘာ ၁၀လပိုင်းကို ၁၂ဆိုပြီး ရေးလိုက် ရာကနေဖြစ်သွားတယ်။ ပြုစား မယ်ဆိုလည်း ကျွန်တော့်ကို သင်္ချာဆရာကပဲ ပြုစားမှာပေါ့ ဗျာ။ ပြီးတော့ ကျွန်တော်ရေးတဲ့ စာအုပ်တစ်အုပ် ဦးနု၊ ဦးကျော် ငြိမ်းတို့အကြောင်းပေါ့နော်။ ဒါကို အကြမ်းရိုက်နေတုန်းမှာ ကောင်း မြင့်ထွဋ်ကကြည့်ပြီး ဒီလူတွေ တိုင်းပြည်အတွက် ဘာမှအကျိုး မပြုဘဲ ရန်ပဲထိုင်ဖြစ်နေတယ်ဆို ပြီးပြော၊ဒီလူတွေက ဘာမှအထင် ကြီးစရာမလိုဘူးလို့တောင်ပြောခဲ့ တာ။ ကျွန်တော်လိုလူမျိုးလောက် တော့သူပြောတာမဆန်းပါဘူးဗျာ။
ဦးခင်မောင်ဆွေ (NDF ပါတီခေါင်းဆောင်)
ဒီလိုပြောတာနဲ့ပတ်သက်ပြီး ကြားရတာတော့ စိတ်မကောင်း ဖြစ်မိတယ်ဗျာ။ ကျွန်တော်က သူ့ ကို ကိုကောင်းလို့ခေါ်တာဗျ။ သူ ပြောတာတွေကိုတော့ မရှင်းချင် ဘူး။ ရှင်းလို့အမှန်တွေပေါ်သွား ရင်လည်း သူပဲအရှက်ရမှာ။ ပါတီ ဖွဲ့တာကသူနဲ့မဆိုင်ဘူး။ NLD က ၁၉ဦးနဲ့အပြင်က ပုဂ်္ဂိုလ်တွေ ပေါင်းပြီးဖွဲ့ဖြစ်ကြတာ။ အဲဒီတုန်း ကတောင် သူကပါတီနာမည်ကို လက်ရှိသူ့ပါတီနာမည်အမျိုးသား ကွန်ဂရက်ပါတီဆိုပြီးတော့နာမည် ပေးဖို့တောင်ပြောခဲ့သေးတယ်။ သူလုပ်ပေးလို့ NDF ဆိုတာဖြစ် လာတာဆိုတာ သမိုင်းမှာ အထောက်အထားအပြည့်ရှိတယ်။ နှစ်ပေါင်းများစွာ ထောင်တန်း အကျခံပြီး လုပ်လာတဲ့သူတွေ နိုင်ငံရေးအစဉ်အလာရှိရှိလုပ်လာ ခဲ့သူတွေပဲလေ။ သူလုပ်ပေးလို့ရ လား မရလား၊  NDF ဖြစ်လာ သလားဆိုတာပြည်သူတွေအကုန် သိပါတယ်။ ပြောတဲ့ အထဲမှာ သောက်သုံးမကျဘူးဆိုတဲ့ အသုံး အနှုန်းမျိုးတော့ မသုံးသင့်ဘူးပေါ့ ဗျာ။ နိုင်ငံရေးလုပ်မယ့်လူတွေ အနေနဲ့ လိုက်ရမ်းတာဘယ် ကောင်းပါ့မလဲ။ ဒီလိုရမ်းတာတွေ ဘယ်နိုင်ငံတွေမှာမှလည်း မရှိပါ ဘူးဗျာ။ ခုဟာက သူ့ကိုယ်သူ မမြှင့်တင်ဘဲသူများကိုအကြောင်း မဲ့ပုတ်ခတ်တဲ့အခါကျတော့ နား ထောင်ရတဲ့သူတွေရဲ့ကြားမှာ သူ့ အပေါ် နိုင်ငံရေးဝန်လေးသွားမှာ ပေါ့ဗျာ။ ကျွန်တော်ကတော့ သူ ကိုဒီလိုမဖြစ်စေချင်ဘူး။ သူမှာ နိုင်ငံရေးဆက်လုပ်မယ်ဆိုတဲ့ ရည် ရွယ်ချက်ရှိနေရင်ပဲ ဒီလိုပြောဆို တာတွေလုံးဝမလုပ်သင့်ဘူး။ အန် ကယ်တို့လည်း ၂၀၁၅ မှာနိုင်ငံ ရေးရာထူးကိုမက်ပြီး နိုင်ငံရေးလုပ် နေတာမဟုတ်ဘူး။ ရာထူးတွေ မှန်းပြီး ကိုယ်လည်းနိုင်ငံရေးမလုပ် ဘူး။ သူများတွေကိုလည်း အဲဒီလို မလုပ်စေချင်ဘူး။ ဒီမိုကရေစီ အင်အားစုတွေ ညီညွတ်မှရမှာဗျ။ ၈၈တုန်းကလည်း ဒီမိုကရေစီ အရေးတောင်းဆိုမှုဟာ တစ်ပြည် လုံးအတိုင်းအတာနဲ့ဖြစ်ခဲ့သော် လည်း ဒီမိုကရေစီအင်အားစုတွေ ညီညီညွတ်ညွတ်မရှိခဲ့တဲ့အတွက် ဒီမိုကရေစီအုပ်ချုပ်ရေးတစ်ခုဖြစ် မလာခဲ့ဘူးလေ။ ဒါသမိုင်းရဲ့ သာဓကပဲ။ နိုင်ငံရေးဦးဆောင် မယ့်လူငယ်တွေအနေနဲ့ သိက္ခာရှိ ရှိနဲ့ မှန်ကန်တဲ့ နိုင်ငံရေးလမ်း ကြောင်း ကသွားစေချင်တယ်။ ကိုကောင်း အနေနဲ့ ကျွန်တော်နဲ့လည်း ဒီလောက်ရင်းနှီးပါလျက်နဲ့ ဒီလို ဘာလို့ပြောသလဲ စဉ်းစားလို့ မရဘူး။ ကျွန်တော်တို့က မကြာခင် နိုင်ငံ ရေးဇာတ်ခုံပေါ်ကနေ ကွယ် ပျောက်သွားရတော့မှာ။ လူငယ် နိုင်ငံရေးသမားတွေခုလိုရှိနေတာ၊ ဦးဆောင်နေတာကို အများကြီး ၀မ်းသာတယ်။ သူတို့အနေနဲ့ သန့် ရှင်းတဲ့၊ အပုပ်ချ တိုက်ခိုက်ခြင်း မရှိတဲ့ စိတ်မျိုးနဲ့ မြန်မာနိုင်ငံသား တွေအတွက်    ရည်ရွယ်ချက် ကောင်းကောင်းနဲ့ သွားမယ်ဆိုရင် ကျွန်တော်တို့က ကြိုဆိုမှာပါ။ မထင်မှတ်ဘဲ သူရဲ့ဝေဖန်တာကို သိရတော့  အံ့လည်းအံ့သြတယ်။ စိတ်လည်း မကောင်းဘူး။ ၈၈   တုန်းကကိစ္စ ဆိုရင် ကျွန်တော်က ရေနံသမဂ္ဂ အတွင်းရေးမှူးပါ။ ၂၄ ရက်နေ့မှာ ဒေါ်အောင်ဆန်း စုကြည်နဲ့တွေ့ပြီး ရေနံသမဂ္ဂကို ဖျက်သိမ်းပြီး ဒေါ်အောင်ဆန်း စုကြည်ရဲ့    ကမ်းလှမ်းချက်အရ မကွေးတိုင်း စည်းရုံးရေးတာဝန်ခံ ကနေစခဲ့ တာပါ။ ၁၉၈၈ စက် တင်ဘာလ ၂၂ ရက်နေ့မှာ ဒေါ်အောင်ဆန်း စုကြည်အိမ်မှာ ကျွန်တော်တို့ဆွေး နွေးပါတယ်။ ရေနံသမဂ္ဂကနေပြီး တော့ သူ ထောင်တဲ့ပါတီမှာ မကွေးတိုင်း စည်းရုံးရေးတာဝန်ခံ လုပ်ပေးပါဆို ပြီး ကမ်းလှမ်းတယ်။ ကျွန်တော် တို့က ရေနံသမဂ္ဂကိုဖျက် သိမ်းပြီး  ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကမ်း လှမ်းချက်အရ ပါတီနိုင်ငံရေး ဘက်ကို ပြောင်းခဲ့တာပါ။ ရေနံ သမဂ္ဂဖျက်သိမ်းပြီးနောက်လည်း ကျွန်တော့်ကို စစ်ဆေးတာတွေ လုပ်ခဲ့သေးပါတယ်။ ကျွန်တော်ရဲ့ Personal File ကိုစစ်တာပါ။ ခိုး ထားသလား။ ၀ှက်ထားသလား။ စစ်ဆေးမှုတွေရှိပါတယ်။ ဘာပြစ် ဒဏ်မှလည်းမရှိခဲ့ပါဘူး။ ဘာမှ မယူဘဲ အနစ်နာခံလုပ်ခဲ့တာပါ။ SB ကလည်း သေသေချာချာ စစ်ခဲ့တာပါ။ သူခိုးကြီးများသမဂ္ဂ ဆိုတာ သူဘာကိုရည်ရွယ်ပြော သလဲဆိုတာတော့ ကျွန်တော် မသိပါဘူး။ အလုပ်ထဲမှာ ခိုးဝှက် ရအောင်လည်း  ခိုးဝှက်နိုင်တဲ့ အနေအထားလည်း   မရှိပါဘူး။ ရေနံစင်ပေါ်မှာ ဘာခိုးလို့ရမှာလဲ။ မြေကြီးတွေပေါ်မှာပဲ စင်တွေ ပေါ်မှာပဲ အလုပ်လုပ်ကြရတာပါ။ အမှန်တရားဆိုတာ ဖုံးကွယ်ထား လို့မရပါဘူး။ ဒေါ်အောင်ဆန်းစု ကြည်လိုပုဂ်္ဂိုလ်မျိုး တိုက်ခိုက်ခံရ တာကတော့ အပင်မြင့်လို့ လေ တိုက်ခံရတာလေ။ ကျွန်တော်က တော့ ဘာမှမဟုတ်ပါဘူး။ ကျွန်တော်လည်းအံ့သြတယ်။ ကျွန်တော်တကယ်ကိုလည်း စိတ် မကောင်းဘူး။ နောက်ဆုံးပြော ချင်တာကတော့ လူငယ်နိုင်ငံရေး သမားတစ်ယောက်အနေနဲ့ ဖဆ ပလ ခေတ်ကလို အပုပ်ချ နိုင်ငံရေး ကို မလုပ်စေချင်ပါဘူး။ ဟိုလူကို တိုက်၊ ဒီလူကိုတိုက်ပြီးမှ နိုင်ငံရေး ကိုယ်ရည်သွေးတာ  ခေတ်ဟောင်း နိုင်ငံရေးအတွေးအခေါ်ထဲမှာပဲ ကျန်ခဲ့ပါပြီဗျာ။

ခန့်ခန့်(ဒဿနိက)
Credit To Hot News Journal

Related Articles: