Sunday, May 19, 2013

အသည်းထိခိုက်စေသည့် အဓိက အကြောင်းရင်းများ၊ထမင်းစားပြီးပြီးချင်း လုပ်ဆောင်ရန် မသင့်သော အရာများ

Photo: အသည်းထိခိုက်စေသည့် အဓိက အကြောင်းရင်းများ
Friday, May 17, 2013

၁) အိပ်ရာဝင်နောက်ကျခြင်းနှင့် အိပ်ယာထနောက်ကျခြင်း

၂) နံနက်ပိုင်း ဆီးမသွားခြင်း

၃) အစားအလွန်အကျွံစားခြင်း

၎) နံနက်စာမစားခြင်း

၅) ဆေးအများအပြား သောက်သုံးခြင်း

၆) ယိုများ၊ ကြာရှည်ခံဆေးသုံးထားသည့် အစားအစာများ၊ အဖြည့် ပစ္စည်များ ထည့်သွင်းထားသည့် အစားအသောက်များ၊ ဆိုးဆေးသုံးထားသည့် အစားအစာများနှင့် အချိုမှုန့်များ အလွန်အမင်းစားသုံးခြင်း

၇) အရက်သောက်သုံးခြင်း

၈) ကျန်းမာရေးနှင့်မညီညွတ်သည့် ဟင်းချက်ဆီများ အသုံးပြုချက်ပြုတ် စားသောက်ခြင်း (အစားအစာများကို ကြော်သည့်အခါ အကောင်းဆုံး ဟင်းချက်ဆီဖြစ်သည့် သံလွင်ဆီကိုပင် တတ်နိုင်သမျှအနည်းဆုံးဖြစ်အောင် အသုံးပြုသင့်သည်.... သင့်ကျန်းမာရေးအလွန်ကောင်းနေသည့်အခါမျိုးမှလွဲ၍ ပင်ပန်းနွမ်းနယ်နေသည့်အခါတွင် ကြော်ထားသည့် အစားအစာများ မစားသုံးသင့်ပေ...)

၉) အစိမ်းအတိုင်းစားသုံးခြင်းနှင့် အနူးလွန်သော အစာများ စားသုံးခြင်း တို့သည်လည်း အသည်းကိုဒုက္ခပေးနိုင်သည်... အသီးအရွက်ကြော်များကို တစ်ထိုင်တည်းသာစားသင့်ပြီး မကုန်ပါက သိမ်းမထားသင့်ပေ...
ကောင်းမွန်သည့်နေထိုင်မှုပုံစံနှင့် အစားအစာစားသုံးမှုအမူအကျင့်ကို ကျွန်တော်တို့ မွေးမြူရပေမည်... ကောင်းမွန်သည့် စားသုံးမှုအမူအကျင့်နှင့် အချိန်ကိုက်စားသုံးမှုကို ထိန်းသိမ်းလုပ်ဆောင်ခြင်းတို့သည် ကျွန်တော်တို့ ကိုယ်ခန္ဓာအတွက် အာဟာရဓာတ်များ စုပ်ယူနိုင်ရန်နှင့် မလိုအပ်သည့် ဓာတုပစ္စည်းများဖယ်ထုတ်နိုင်ရန် အလွန်ကောင်းမွန်သည့် စီမံချက် တစ်ရပ်ပင် ဖြစ်ပေသည်...

Burmese Treasure

  Credit To Burmese Treasure
 
Photo: ထမင်းစားပြီးပြီးချင်း လုပ်ဆောင်ရန် မသင့်သော အရာများ

ထမင်းစားပြီးတဲ့အခါ သတိမထားမိဘဲ လုပ်မိနေတာတွေက ကျန်းမာရေးအတွက် အနှောင့်အယှက် ဖြစ်စေတာ၊ အစာချေဖျက်မှုကို အဟန့်အတား ဖြစ်စေတာတွေကို သင်သိပါရဲ့လား။

(၁) လက်ဖက်ရည် မသောက်ပါနှင့်
လက်ဖက်ရည်မှာ ပါဝင်တဲ့ ပိုလီဖီနောဒြပ်ပေါင်းက အစားအစာတွေကနေ သံဓာတ် စုပ်ယူမှုကို ဟန့်တားတာကြောင့် ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့မှုကို ဖြစ်စေနိုင်ပါတယ်။ လက်ဖက်ရည်ထဲမှာ ပါဝင်တဲ့ အက်စစ်တစ်မျိုးက အစားအစာတွေထဲက ပရိုတင်းတွေ ချေဖျက်မှုကို အဟန့်အတား ဖြစ်စေပါတယ်။ ဒါကြောင့် ထမင်းစားပြီးပြီးချင်းမှာ လက်ဖက်ရည် မသောက်သင့်ပါဘူး။

(၂) ရေမချိုးပါနှင့်
ထမင်းစားပြီးတဲ့အခါ စားထားတဲ့ အစာတွေကို ချေဖျက်ဖို့အတွက် အစာအိမ်ဆီကို သွေးတွေ ရောက်ရှိဖို့ လိုပါတယ်။ ရေချိုးတဲ့ အခါမှာတော့ သွေးစီးဆင်းမှုက လက်နဲ့ ခြေထောက်တွေဆီကို ရောက်ရှိပြီး အစာအိမ်ဆီကို မရောက်ရှိပါဘူး။ ဒါဟာ အစာတွေကို ချေဖျက်ရာမှာ နှောင့်နှေးစေပြီး သင့်ကျန်းမာရေးအပေါ် သက်ရောက်မှု ရှိပါတယ်။ ပညာရှင်တွေက ထမင်းစားပြီး အနည်းဆုံး နာရီဝက်လောက် ခြားပြီးမှ ရေချိုးပါလို့ အကြံပြုထားပါတယ်။

(၃) အိပ်စက်မှု မပြုပါနှင့်
ထမင်းစားပြီးပြီးချင်း ချက်ချင်း လဲလျောင်းတာမျိုးကို ရှောင်ပါ။ အစာအိမ်ထဲက အစာချေဖျက်မယ့် အရည်တွေ နောက်ပြန်စီးပြီး လည်ချောင်းထဲ ရောက်ကာ ရောင်ရမ်းမှုတွေ ဖြစ်စေနိုင်ပါတယ်။ ထမင်းအများကြီး စားပြီးပြီးချင်း အိပ်စက်ပါက ရင်ပူတာ၊ ခံတွင်းမှာ ပူလောင်မှု ခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

(၄) လမ်းလျှောက်ခြင်း မပြုပါနှင့်
အများစုက ထမင်းစားပြီးတဲ့အခါ လမ်းလျှောက်ထွက်တာက အစာချေဖျက်မှုကို အထောက်အကူ ပြုတယ်လို့ ထင်မြင်ယူဆတတ်ကြပါတယ်။ လမ်းလျှောက်တာက စွမ်းအင်တွေ လောင်ကျွမ်းမှုကိုသာ အားပေးပါတယ်။ ထမင်းစားပြီးပြီးချင်း လမ်းလျှောက်ထွက်တာက စားချဥ့်ပြန်တာကို ဖြစ်စေပြီး အစာတွေကနေ အာဟာရဓာတ်တွေ စုပ်ယူမှုကို ဟန့်တားတာကြောင့် ထမင်းစားပြီးပြီးချင်း လမ်းလျှောက် ထွက်တာမျိုး မလုပ်သင့်ပါ။

(၅) သစ်သီး မစားပါနှင့်
သစ်သီးက ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာဆိုတာ လူတိုင်း သိရှိပြီးသားပါ။ ထမင်းစားပြီးပြီးချင်းမှာ သစ်သီးစားပြီး အချိုတည်းမယ် ဆိုရင်တော့ အစာအိမ်ထဲက အစာတွေ အူထဲကို ရောက်ရှိမှု နှေးကွေးစေပါတယ်။ ဒါကြောင့် သရေစာအနေနဲ့ သစ်သီးတွေကို စားပါ။ ထမင်းစားပြီးပြီးချင်းမှာတော့ သစ်သီး မစားပါနဲ့။

ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Credit To ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Related Articles:

Post a Comment