Friday, January 4, 2013

နောက်ဆုံးရကချင်သတင်း

ပန်ဝါဒေသ ထိုးစစ်ပြင်းထန် (3/1/2013) ပန်ဝါဒေသရှိ KIA တပ်စခန်းသိမ်းပိုက်နိုင်ရေးအတွက် ခလရ(၁၀) (၇၇) (၁၃) (၇၄) တပ်ဖွဲ့များ ထိုးစစ်ကို ပြင်းပြင်းထန်ထန်လုပ်ဆောင်လျက် ရှိသည်။ မြန်မာအစိုးရတပ်ဖွဲ့မှ စခန်းသိမ်းပိုက်နိုင်ရန် Jet Fighter လေယာဉ်(၂)စီးဖြင့် (၂)ကြိမ် လာရောက်ပစ်ကူပေးသည်။ တပ်မ(၈၈) ဌာနချုပ်ကလည်း KIA တပ်စခန်း မသိမ်းပိုက်နိုင်ပါက ရှေ့တန်းတပ်ဖွဲ့များကို နောက်တန်းသို့ မခေါ်ယူနိုင်ကြောင်း ဖိအားပေးလျက်ရှိကြောင်း ပြည်သူ့စစ်တပ်ဖွဲ့များမှ သိရှိရသည်။ တိုက်ပွဲပြင်းထန်။ ဇန်န၀ါရီလ(၃)ရက် မနက် ၈ နာရီမှစတင်ကာ နမ်ဆမ်ယန်၏အရှေ့ဘက်တောင်ခြေရှိ KIA တပ်စခန်းဘက်သို့ ခလရ(၂၉၈) ခမရ(၃၈၄) (၃၈၅) (၃၈၆) (၃၉၀) တပ်ဖွဲ့များ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့သည်။ နေ့လည်ပိုင်း တွင် မြန်မာအစိုးရတပ်များ KIA တပ်ဖွဲ့၏ ပိတ်ဆို့တိုက်ခိုက်ခြင်းခံနေရသဖြင့် ၁၂ နာရီခွဲအချိန်တွင် လေကြောင်းမှ လာရောက်ပစ်ကူပေးကာ မြန်မာအစိုးရတပ်ဖွဲ့က နောက်ဆုတ်သွားခဲ့သည်။ ယင်းတိုက်ပွဲတွင် မြန်မာအစိုးရတပ်ဖွဲ့မှ ပြုန်းတီးအင်အား(၂၀)ကျော် ရှိကြောင်း သိရှိရသည်။ ဇန်န၀ါရီလ(၃)ရက်နေ့တွင် တိုက်ပွဲပေါင်း(၈)ကြိမ်ရှိကြောင်း သိရှိရသည်။(MKN) တရုတ်နိုင်ငံဖြတ်၍ ပြည်သူ့စစ်အင်အားဖြည် ဇန်န၀ါရီလ(၂)ရက်နေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇခုန်တိန့်ယိန်း၏ ခါးပိုက်ဆောင် ပြည်သူ့စစ် တပ်ဖွဲ့ဝင် (၇၀)ခန့်သည် ကန်ပိုင်တီမှတဆင့် တရုတ်နိုင်ငံမှဖြတ်သန်းကာ ပန်ဝါမြို့သို့ရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ ပန်ဝါဒေသမှ KIA စခန်းအားလုံး သိမ်းပိုက်ပြီးသောအခါ ၎င်းစခန်းများတွင် ပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့သည် ၀င်ရောက်နေရာယူ တပ်စခန်းချရန်ဖြစ်ကြောင်း ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှတဆင့် သိရှိရသည်။ (MKN)

Related Articles:

Post a Comment