Sunday, December 30, 2012

KIOအစိုးရစစ်တပ်KIAနဲ့အစိုးရစစ်တပ်နောက်ဆုံးရတိုက်ပွဲသတင်း



ဒီဇင်ဘာ (၃၀) တနင်္ဂနွေ

ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ တပ်မဟာ (၅)
ဌာနချုပ်ဖြစ်သော လိုင်ဇာမြို့ ကောင်းကင်ယံပေါ်တွင်
ဗမာအစိုးရ စစ်လေယာဉ်ပေါ်မှ ဆင်ဖြူတော်ရုပ် တစ်ခု
ကို ယနေ့ ညနေပိုင်း (၃း၀၀) နာရီအချိန်တွင် လာရောက်
ချထားခဲ့ကြောင်း သတင်းရရှိပါသည်။ ဗမာအစိုးရသည်
ကေအိုင်အိုအစိုးရ နှင့် တိုက်ပွဲတွင် ဗမာစစ်တပ်ဘက်မှ
အကျအရှုံးများပြာလာမှုကြောင့် ယခုကဲ့သို့ ယတြာချေ
ခြင်းဖြစ်မည်ဟု လိုင်ဇာ ဒေသခံများက ထင်ကြေးပေးကာ
ဝေဖန်လျက်ရှိကြောင်း သတင်းရရှိပါသည်။
(source-jinghpawkasa)

(02:35)pm
KIA နှင့် ABSDF တပ်များက လက်ဂျားယန်အရှေ့ဘက်တွင်ရှိသော
အစိုးရတပ်၏(စစ်လှမ်း) စစ်ထောက်စခန်း တခုအား ၀င်ရောက်
သိမ်းပိုက် လိုက်ပြီဖြစ်ပါသည်။
(ခမရ-၅၁၃) မှ ဗိုလ်ကြီး ကျော်စွာအေး (ကြည်း) ကိုယ်ပိုင်အမှတ်
၃၆၉၆၅ ကျဆုံးပြီး ဒဏ်ရာအမြောက်များ ရရှိကာ ဆုတ်ခွါသွားပါ
သည်။ လက်ရှိ ၄င်းတို့ စစ်တပ်ဖက်မှ ဒဏ်ရာရသော ရဲဘော်များ
အား သယ်ထုတ်နေသည်ကို KIA နှင့် ကျောင်းသာတပ်ဖွဲ့မှ ခွင့်ပြုပေး
သည့်အနေဖြင့် ပစ်ခတ်မှုများ ရပ်ဆိုင်းပေးထားပါသည်။ တက်လာတဲ့စစ်ကြောင်းအမြီးကိုနင်းမိထားတယ်
(ကိုမင်းဌေး)

ဒီဇင်ဘာလ(၃၀)ရက် မနက်(၉)နာရီမှ (၁၀း၃၀)အချိန်အထိ
ပန်ဝါဒေသ၊ နယ်ခြားမှတ်တိုင်(၅)တွင် တပ်မ(၈၈) လက်
အောက်တပ်ဖွဲ့ ခမရ(၃၀၁) တပ်ဖွဲ့နှင့် KIA တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
 ခလရ(၃၀၁) တွင် ဘုန်းကြီးတစ်ပါး ပါဝင်ကြောင်း သိရသည်။ သင်္ဃန်းဝတ်ဘုန်းကြီးတွင် မှန်ဘီလူးတလက်ပါရှိ ကာ KIA တပ်
စခန်းသို့ မှန်ဘီလူးဖြင့် မကြာခဏကြည့်ကာ မြေကတုတ်ထဲသို့ ၀င်လိုက်ပြူကြည့်လိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။
(MKN)

(30/12/2012) ရက်နေ့ နေ့လည် (12:15)pm
ဒီနေ့ဝေဟင်ကနေ သုံးခါလာဗုံးကျဲတယ် မြေပြင်မှာတော့
ပွဲအရမ်းကြမ်းနေပြီ ။စစ်ကြောင်းနောက်တကြောင်းထပ်
တက်လာတယ်။
ကိုမင်းဌေး
ဒီဇင်ဘာ (၃၀) တနင်္ဂနွေ
ကချင်ပြည်နယ် ကေအိုင်အိုအစိုးရ အနောက်ပိုင်းတိုင်း တပ်မဟာ (၂) အုပ်ချုပ်နယ်မြေဖြစ်သော မိုးကောင်း - မိုးညှင်း ရထားလမ်းပေါ်ရှိ တောင်နီကျေးရွာကို ဒီဇင်ဘာ (၂၉) ရက်နေ့ည တွင် ကေအိုင်အေ တပ်ရင်း (၅) မှ မျိုးချစ်ရဲဘော်များ သိမ်းပိုက် ထိမ်းချုပ်ထားလိုက်ပြီးဖြစ်ကြောင်း သတင်းရရှိပါသည်။ ယခုအခါ ဗမာအစိုးရသည် ကချင်လူမျိုးများအပေါ် အမျိုးတုံး စစ်ကို လက်တွေ့ဆင်နွဲနေပြီဖြစ်သောကြောင့် ပြည်တွင်းရှိ ကချင်လူမျိုးများ အားလုံး ဗမာနယ်ချဲ့ အစိုးရကို ရောက်ရာအရပ်မှ တိုက်ခိုက်တွန်းလှန် ရတော့မည်ဖြစ်ကြောင်းနှင့် မိမိကိုယ်လုံခြုံရေးအတွက် အထူးသတိရှိကြရန် တာဝန်ရှိသူများမှ သတိပေး ပြောကြားလာကြောင်း သိရှိရပါသည်။
(source-jinghpawkasa)

(Dec,30,2012) (06:00)pmလဂျားယာန် ပတ်ဝန်းကျင်သို့ထိုးစစ်ဆင်ရောက်ရှိလာ သော မြန်မာ အစိုးရစစ်တပ်
ထံမှ KIA နှင့် ABSDF က သိမ်းဆည်းရ ရှိသော မြန်မာ အစိုးရစစ်တပ် ၏ လက်နက်ခဲယမ်း အချို့အားတွေ့ရစဉ်။
ကိုမင်းဌေး
 

Related Articles:

Post a Comment