Tuesday, January 1, 2013

လဂျားယန် စစ်မြေပြင် ရှေ့မတိုးနိုင် သေး၍ အစိုးရက ပြင်းထန်စွာ ထပ်မံ စစ်ဆင်ဆဲ

အစိုးရ တပ်များသည် လဂျားယန် စစ်မြေ ပြင်ကို မြေပြင် တပ်ဖြင့် ပြင်းထန်စွာ စစ်ဆင် နိုင်ခြင်း မရှိသဖြင့် ယနေ့ နေ့လည် တစ်နာရီ ခန့်တွင် ကြီးမားသော ဗုံးကျဲ လေယာဉ်ဖြင့် လာရောက် ကျဲချ ခဲ့ရာ အိမ်နှစ်လုံး လောင်ကျွှမ်း ခဲ့သည်ဟု မြန်မာ နိုင်ငံ လုံးဆိုင်ရာ ကျောင်းသားများ ဒီမို ကရက်တစ် တပ်ဦး (ABSDF) မြောက်ပိုင်းရှိ ပြန်ကြားရေး တာဝန်ခံ တဦးက ဆိုပါသည်။

"မြေပြင် တပ်တွေ ကတော့ လက်နက်ကြီး ပစ်ကူ တွေနဲ့ ပေါ့လေ ပြင်းပြင်း ထန်ထန်ကို ထိုးစစ် ဆင်လာတယ်။ ဒါပေမဲ့ တိုးလို့ မပေါက်ဘူး။ အဲဒါကြောင့် နေ့လည် တနာရီ လောက်မှာ ယခင် ရက်တွေနဲ့ မတူတဲ့ စစ်သုံး တိုက်လေယာဉ် အကြီးက လာပြီးတော့ ဗုံးကျဲ လိုက်တဲ့ အတွက် အိမ်နှစ်လုံးတော့ လောင်သွားတယ် ခင်ဗျ။ မြန်တယ် မြင်တောင် မခင်ဘူး ဗုံးကကျဲ ပြီးပြီ" ဟု ဆိုပါသည်။

ဤသည် အစိုးရ တပ်ဖွဲ့၏ စတုတ္ထ မြောက်နေ့ ဗုံးကျဲခြင်း ဖြစ်ပါသည်။ ထို့အပြင် လိုင်ဇာ မြို့ပေါ် ၌လည်း ပျံဝဲ ခဲ့ပါသည်။ ယမန် နေ့၌မူ လိုင်ဇာ မြို့ပေါ်သို့ ဆင်ဖြူ ပလတ်စတစ် ရုပ်များ ကျဲချ ခဲ့ပါသည်။

အစိုးရ တပ်ဖွဲ့ များသည် ၁၀၅ မမ ကို အထူး အသုံး ပြုပြီး တနေ့လုံး ပစ်ကူ ပေးလျှက် ရှိပါသည်။ ယမန်နေ့ ညနေ (၅) နာရီ အချိန်တွင် ဒေါ့ဖုန်းယန်မှ ပစ်လိုက်သော ၁၀၅ မမ အမြောက် ဆံသည် လိုင်ဇာမြို့ အနောက်ဖက် တောင်တန်း၌ (၂) လုံး ကျရောက်ပြီး လိုင်ဇာမြို့ တဖက်ကမ်း တရုတ် နိုင်ငံ နားဘန်း (Nabang) မြို့အစွန်တွင် တစ်လုံနှင့် ရင်ကျန် မြို့သို့ သွားရာ ကားလမ်း နဘေး ကျွန်းစိုက် ခင်းတွင် (၂) လုံး ကျရောက် ခဲ့သည်ဟု ပြောရေး ဆိုခွင့် ရှိသူ ဦးလနန်က ပြောပါသည်။

အစိုးရ၏ လက်နက်ကြီး ပစ်အားမှာ လဂျားယန် ဒေသ တိုက်ပွဲ ကာလ အတွင်း မှာပင် ၁၀၅ မမ၊ ၁၂၀ လက်နက်ကြီး ပစ်ခတ် မှုများမှာ ဒီဇင် ဘာလ၌ အကြိမ်ရေ ၁၀၀၀ ကျော်ခန့် ရှိနိုင်ကြောင်း၊ ဒီဇင်ဘာလ ၂၈ ရက်မှ ၃၀ ရက် နေ့ နှစ်ရက် အတွင်း မှာပင် အကြိမ်ရေ ၄၀၀ ကျော်ခန့် ရှိနိုင်ကြောင်း KIA ဖက်က ဆိုသည်။မြေပြင် တပ်များ သည်လည်း တနေ့လုံး ထိုးစစ်ဆင် တိုက်ခိုက် နေခဲ့ ပါသည်။

"လက်နက် ကြီးနဲ့ ပစ်ကူ ပေးလိုက်၊ မြေပြင် အဖွဲ့ တက်ထိုး လိုက်နဲ့ ပြင်းပြင်း ထန်ထန်ဘဲဗျ။ ဘာဖြစ် လို့လဲ ဆိုတော့ လဂျားယန်ဟာ သူတို့ အတွက် အရေးကြီး တယ်လေ။ သူတို့က အကျ အဆုံး များမယ်။ ကျနော်တို့ ကတော့ အခုထိ နေရာ ရွှေ့စရာ မလို သေးဘူး" ဟု KIA စစ်ရုံး အရာရှိ တဦးက ပြောပါသည်။

လဂျားယန်၌ တိုက်ပွဲ ပြင်းထန် နေချိန်တွင် ရှမ်းပြည်နယ် နားလုံဘက်မှ ကချင်ပြည်နယ် နားလုံ ဘက်သို့ တက်လာသော အစိုးရ တပ်များကို KIA တပ်များက ဖြတ်တိုက် ခဲ့ပြီး ကချင် ပြည်နယ် အရှေ့ဖက် ပန်ဝါ ဒေသ ဘက်တွင်လည်း တစ်နေကုန် တိုက်ပွဲ ဖြစ်ခဲ့ သည်ဟု ဆိုပါသည်။ ထို့အပြင် မြစ်ကြီးနား လိုင်ဇာ လမ်းကြောင်းရှိ ဂန်ဒေါင်ယန်နှင့် စတန်ပါ- လိုင်ဇာ လမ်းကြောင်း ၌လည်း တိုက်ပွဲများ ပြင်းထန် နေဆဲ ဖြစ်သည်ဟု စစ်ရုံး အရာ ရှိက ဆိုပါသည်။ အစိုးရ ဖက်မှ အကျအဆုံး များစွာ ရှိနေ သော်လည်း အစိုးရ စစ်ကူ များသည် အချိန်နှင့် တပြေးညီ ထပ်ဖြည့် နေဖွယ် ရှိသည်ဟု KIA က ယူဆ နေပါသည်။

တိုက်ပွဲ ပြင်းထန် လာမှု အပေါ် မူတည်ပြီး KIA သည် လိုင်ဇာမြို့နှင့် အနီး တ၀ိုက်ကို အရေးပေါ် အခြေအနေ တစ်ရပ်တပ် လှန့်ထားပြီး လေကြောင်း တိုက်ခိုက် မှုများ ရှိလာ ပါက ပြည်သူများ ရှောင်တိမ်း နိုင်ရန် လိုက်နာ ရမည့် အချက် များကိုလည်း လိုင်ဇာ ရုပ်သံ မှတစ်ဆင့် ထုတ်ပြန် ကြေညာ မှုများ ရှိခဲ့ ပါသည်။
Credit: ရွှေဟင်္သာသတင်းဌာန

Related Articles:

Post a Comment