Monday, June 24, 2013

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လေ့လာသုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းမှုပါဝင်မည့် လွှတ်တော်ပုံမှန် အစည်းအဝေးများ ယနေ့ပြန်လည် စတင်မည်


AddThis Social Bookmark Button
6.24.6
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များအား ပြီးခဲ့သည့် လွှတ်တော် အစည်းအဝေး ကာလက တွေ့ရစဉ် (ဓာတ်ပုံ-ဝေယံဖြိုးဦး)
ပထမအကြိမ် လွှတ်တော်သတ္တမ ပုံမှန်အစည်းအဝေးများကို ယနေ့ (ဇွန် ၂၅) တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံများ၌ ပြန်လည်စတင်မည် ဖြစ်သည်။
ယခုလွှတ်တော် အစည်းအဝေးတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် လေ့လာ သုံးသပ်ရေး ကော်မရှင် ဖွဲ့စည်းမှုများ ပြုလုပ်ကြမည် ဖြစ်သည်။
ထို့ပြင် တောင်သူလယ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေအပါအ၀င် ဥပဒေကြမ်း ၁၃ ခုကို ဆွေးနွေးအတည်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
ဆွေးနွေးအတည်ပြုမည့် ဥပဒေကြမ်း ၁၃ ခုတွင် တောင်သူလယ်သမားများ ကာကွယ်စောင့်ရှောက်ရေး ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ အသေးစား၊ အလတ်စား လုပ်ငန်းများကို ကာကွယ်သည့်ဥပဒေ၊ ကုန်အမှတ်တံဆိပ်နှင့် ၀န်ဆောင်မှု အမှတ်တံဆိပ် ဥပဒေ၊ ကွန်ဒိုမီနီယမ်ဥပဒေ (စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေ)၊ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေ၊ အထူးစီးပွားရေးဇုန်ဥပဒေ၊ တီထွင်မှု အမှတ်တံဆိပ် ဥပဒေ၊ စက်မှုဒီဇိုင်းဥပဒေ၊ မူပိုင်ခွင့်ဥပဒေ၊ ဘက်စုံပို့ဆောင်ရေးဥပဒေ၊ စားသုံးသူ ကာကွယ်ရေးဥပဒေ၊ မြန်မာအင်ဂျင်နီယာကောင်စီ ဥပဒေတို့ ပါဝင်သည်။
6.24.7
ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ်
ထို့ပြင် နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်နှင့် ပြန်လည်ပေးပို့လာသည့် ဥပဒေကြမ်း ရှစ်ခုကို လာမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြန်လည် ဆွေးနွေးမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဆဋ္ဌမအကြိမ် လွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်မှ ဥပဒေကြမ်း အခု ၂၀ ကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးရန် ပေးပို့ခဲ့သည်။ ပေးပို့ခဲ့သည့် ဥပဒေကြမ်း အခု ၂၀ အနက် ၁၂ ခုကို နိုင်ငံတော်သမ္မတက အတည်ပြု လက်မှတ်ရေးထိုးကာ ပြည်ထောင်စု လွှတ်တော်သို့ ပြန်လည်ပေးပို့ပြီး ဥပဒေများအဖြစ် ထုတ်ပြန်နိုင်ခဲ့ပြီး ဖြစ်သည်။ ကျန်ဥပဒေကြမ်း ရှစ်ခုကို နိုင်ငံတော်သမ္မတက သဘောထား မှတ်ချက်များဖြင့် ပြန်လည်ပေးပို့ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်သို့ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့သော ဥပဒေကြမ်းများမှာ ၂၀၁၃ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်ဆိုင်ရာ ဥပဒေကြမ်း၊ လာဘ်ပေး လာဘ်ယူမှု ပပျောက်ရေး ဥပဒေကြမ်း၊ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်း၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေကြမ်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေကြမ်း၊ ချေးငွေသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေကြမ်း၊ တရားရုံးများ မထီမဲ့မြင်ပြုမှု ဥပဒေကြမ်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ဥပဒေကြမ်းတို့ ဖြစ်ကြသည်။
Credit To first-11

Related Articles:

Post a Comment