Sunday, June 23, 2013

"သြစတြေးလျမှပေးအပ်မည့် ပညာရေးနှင့်သက်ဆိုင်သောမဟာဘွဲ့ ရယူလိုသူများအတွက်Master of Education ၀င်ခွင့်စတင်လျှောက် ထားနိုင်"

မြန်မာနိုင်ငံမှဘွဲ့တစ်ခုခုရရှိထားပြီးပညာရေးနှင့်သက်ဆိုင်သောမဟာဘွဲ့ကိုရယူလိုသူများအတွက်အတွက် သြစတြေးလျနိုင်ငံJames Cook University မှပေးအပ်သော Master of Education ဘာသာရပ် ၀င်ခွင့်စ တင်လျှောက်ထားနိုင်ကြောင်း CROWN Education တာဝန်ရှိသူ တစ်ဦးမှပြောသည်။ 

JAMES COOK UNIVERSITY သည် သြစတြေလျ၊ Queensland ရှိ ဒုတိယအကြီးဆုံး Public University ဖြစ်သည်၊၊ သင်ကြားရေးနှင့် သုတေသနတွင် အထူးနာမည်ကျော်ကြားသော တက္ကသိုလ်ဖြစ်သည်၊၊ ယခုအခါ မြန်မာနိုင်ငံမှကျောင်းသူကျောင်း သားများအပါအဝင်နိုင်ငံ တကာကျောင်းသားများကို Master of Education ဘာသာရပ်ကို စင်္ကာပူ Campus တွင် စတင်လက်ခံသင်ကြားပေးမည်ဟုသိရသည်၊၊ 
သင်ယူရမည့်မော်ဂျူးများအနေဖြင့် Educational Leadership and Management ၊  Behaviour Management ၊ Research in Early Childhood Education နှင့်  Introduction to Educational Research တို့ဖြစ်သည်။ ယခင်က Master of Education ဘာသာရပ်ကို စင်ကာပူ လူမျိုးများနှင့်  PR များသာခွင့်ပြုပေးခြင်းဖြစ်ပြီး ယခုအခါမြန်မာ၊ ဗီယက် နမ် နှင့် ဖိလစ် ပိုင်အစရှိသည့်ကျောင်း သားကျောင်း သူများပါဝင်ခွင့်ခေါ်ယူခြင်းဖြစ်သည်။

 ကျောင်းပြီးအလုပ်အကိုင်အခွင့်အလမ်းအနေဖြင့်ပညာရေးကဏ္ဍ အသီးသီးတွင်သုတေသနပညာရှင်၊ပညာရေး အကြံညဏ်ပေးသူ၊ ပညာရေးရာ စီမံခန့်ခွဲသူတစ်ဦးအဖြစ် လုပ် ကိုင်နိုင်ပါသည်။
 “မြန်မာနိုင်ငံအနေနဲ့  ပညာရေးပြုပြင်ပြောင်းလဲမူတွေလုပ်ဆောင်နေ တဲ့အချိန်မှာ ဒီလိုဘွဲ့ ရပညာတတ်တွေ အများကြီးလိုအပ်ပါတယ်၊၊ ပညာရေးနဲ့ ပတ်သက်လို့ အခြေခံပြုပြင်ပြောင်းလဲမှုတွေအတွက်လိုအပ်တဲ့ Early Childhood Education  လိုဘာသာရပ်မျိုးတွေအပြင် Edcuational Research, Behaviour Management, Educational Leadership and Management စတဲ့ဘာသာရပ်တွေကနေလည်း နိုင်ငံတကာနဲ့ ရင်ဘောင် တန်းနိုင်တဲ့ ပညာရေးစနစ်ကို ဖန်တီးဖို့ အထောက်အကူပြုနိုင်တဲ့ အပြင် နိုင်ငံတကာမှာ အလုပ်အကိုင် ရှာဖွေဖို့ ဆိုလဲနိုင်ငံတကာ အဆင့်မှီတဲ့ပရိုဂရမ်တစ်ခုဖြစ်ပါတယ်၊၊ မြန်မာနိုင်ငံမှာဆိုရင်လည်း ပုဂ္ဂလိက ကျောင်းတွေ အများကြီးပေါ်ပေါက်လာအုံးမှာဆိုတော့၊ အလုပ်အကိုင်အခွင့် အလမ်း ကောင်းတွေ အများ အပြားပေါ်ပေါက် လာမှာဖြစ်ပါတယ်၊၊  အခုကိုပဲ ဆရာရှားပါးမှုတွေရှိနေပါတယ်၊၊” ဟု CROWN Edcuation မှ ပညာရေး အတိုင်ပင်ခံ ဦးအောင်ကျော်ဆန်းမှ ရှင်းလင်းပြောကြားသည်၊၊

လျှောက်ထားလိုသူများ တက္ကသိုလ်တခုခုမှဘွဲ့ရရှိပြီး IELTS 6.5 ရှိရန်လိုအပ်ပါသည်။ ကျောင်းဝင်ခွင့် လများမှာ ဇူလိုင်နှင့် အောက်တိုဘာတို့ဖြစ်ပြီး IELTS ရမှတ်မရှိပါက JCU English Placement Test ကို CROWN Education တွင်အခမဲ့ဖြေဆိုနိုင်ပါသည်။ ၁၂ လစာ ကျောင်းလခ စင်ကာပူ ဒေါ်လာ ၂၁,၄၀၀ ကုန်ကျမည်ဖြစ်သည်။ အရစ်ကျခွဲပေးနိုင်ပါသည်၊၊

 ကျောင်းလျှောက်ထားလိုသူများနှင့်အသေးစိတ်သိရှိလိုသူများ CROWN Education Consulting Office အမှတ် ၂၇၀၊ ပထမထပ်၊အခန်း(1 C)ပြည်လမ်း ၊ မြေနီကုန်း ၊ ဖုန်းနံပါတ် – ၀၉ ၇၃၂ ၇၃၂ ၇၇  နှင့် ၀၉ ၅၀၈၅၁၈၅ တို့သို့ဆက်သွယ်စုံ စမ်းမေးမြန်းနိုင်ပါသည်။

Credit To  CROWN Education

Related Articles:

Post a Comment