Wednesday, August 7, 2013

ဥပဒေဟာ ပြည်သူကိုလုံခြုံမှုပေးဖို့လိုအပ်တယ်


ဇူလိုင်လ (၂၇) ရက်နေ့က အသင်းအဖွဲ့များဆိုင်ရာဥပဒေကြမ်း  ကို ပြည်သူအများသိရှိလေ့လာ အကြံပြုနိုင်ရေးအတွက်ထုတ်ပြန်  ကြေညာခဲ့သည်။ ထိုသို့ထုတ်ပြန် ကြေညာချက်နှင့် ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ၊ ရှေ့နေ  ကွန်ရက်မှဦးအောင်သိန်းကိုမေး မြန်းခွင့်ရခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတိုင်းဟာလက်နက်မပါ ရင်ငြိမ်းချမ်းစွာစုဝေးနိုင်တယ်။ စီတန်းခွင့်ရှိတယ်။ အခုလိုဥပဒေ ကြမ်းထွက်ပေါ်လာတဲ့အပေါ်သဘော ထားလေးပြောပြပေးပါ။
ကျွန်တော်တို့ဖွဲ့စည်းပုံအခြေခံ  ဥပဒေမှာ နိုင်ငံသားတိုင်းဟာ လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေမှု စီတန်းလှည့်လည်ခွင့်ရှိတယ်။  ဟောပြောခွင့်လွတ်လပ်စွာထုတ် ဖြန့်ဝေးခွင့်ရှိတယ်။ အခြေခံဥပဒေ  ကပေးထားတာကို ဒီလိုလုပ်ထုံး လုပ်နည်းနည်းဥပဒေတွေနဲ့ ပြန်ပြီး  ထိန်းချုပ်တာကိုတွေ့ရတယ်။ ဘာဖြစ်လို့လည်းဆိုတော့အသင်း”ဖွဲ့ ဥပဒေမူကြမ်းမှာသမဂ္ဂတွေ ကွန်ရက်တွေ၊ ဆန္ဒတူညီတဲ့လူ တွေစုပေါင်းဖွဲ့စည်းထားသော အသင်းအဖွဲ့တွေအစရှိသဖြင့်ပေါ့။ ဒီအဖွဲ့စည်းတွေကမှတ်ပုံတင်ရမယ် လို့ပါတယ်။ မှတ်ပုံမတင်ဘဲနဲ့ ဆောင်ရွက်လို့ရှိရင်တာဝန်ရှိတယ်  သူတွေက ထောင်ဒဏ်သုံးနှစ်ထက် မပိုသောထောင်ဒဏ်ဖြစ်စေ၊ ကျပ် ငါးသိန်းနဲ့ မပိုသောငွေဒဏ်ဖြစ် စေလို့ပါတယ်။ အဲဒီအဖွဲ့စည်းမှာ  ၀င်ရောက်မိတဲ့ လူတွေကိုလည်း ခြောက်လထက်မပိုသောထောင် ဒဏ်၊ ကျပ်တစ်သိန်းထက်မပိုသော  ငွေဒဏ်ရမှတ်ရမည်အစရှိသဖြင့် ပါတယ်။ ယနေ့ကျွန်တော်တို့နိုင်ငံ ဟာ ဒီမိုကရေစီလမ်းကြောင်းကို သွားနေပါတယ်။ ဒါကြောင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်ရေး  ကြေညာချက်တွေကိုလိုက်နာဖို့လို  အပ်ပါတယ်။ ဒီကြေညာချက်မှာ  လွတ်လပ်စွာစုဝေးခွင့်၊ ဖွဲ့စည်းခွင့် တွေပါပါတယ်။ ဒါတွေနဲ့ ကိုက်ညီ တဲ့အချက်အလက်တွေဟာ ဖွဲ့စည်း ပုံအခြေခံဥပဒေမှာရှိပါတယ်။ ဒီလိုရှိပြီးသားကို ဒီလိုဥပဒေတွေ ပြဋ္ဌာန်းပြီး လုပ်ထုံးလုပ်နည်းတွေ နဲ့ ပြန်ပြီးထိန်းချုပ်မယ်ဆိုရင်တော့ နိုင်ငံသားတစ်ယောက်ရဲ့အခွင့်အရေး ကို ဖွဲ့စည်းပုံကပေးပါလျက်နဲ့ ပေးကာပေး၏မရဆိုသလိုဖြစ်မယ် လို့ပြောချင်ပါတယ်။
ဥပဒေတစ်ခု ပြဋ္ဌာန်းတာတော့မယ်ဆိုရင် အဲဒီ ဥပဒေဌာန်းတဲ့ အပေါ်နိုင်ငံသား တွေကိုဘယ်လိုကာကွယ်မှုမျိုးဖြစ်  သင့်ပါသလဲ။
ကျွန်တော်အနေနဲ့ ပြောချင် တာကဒီဥပဒေမှုကြမ်းမှာသင်းပင်း  ဖွဲ့စည်းမယ်ဆိုရင်မှတ်ပုံတင်ရမယ် လို့သတ်မှတ်ချက်ဟာလေးလေးနက် နက်နဲ့ အခြားအဖွဲ့အစည်းတွေနဲ့ တိုင်ပင်ပြီးတော့ ထုတ်ပြန်ကြေညာ ချက်တွေထုတ်ပြန်သွားဖို့လိုအပ် ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့  ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို  အားပြုတဲ့ဥပဒေကြမ်းပဲဖြစ်စေ ချင်ပါတယ်။ ဥပဒေတစ်ရပ်ထွက် ရင်ပြည်သူကိုကာကွယ်တဲ့ဥပဒေ  ပြည်သူတွေကိုလွတ်လပ်စွာနေထိုင်  နိုင်တဲ့ဥပဒေကိုဘဲလိုချင်ပါတယ်။ အဲဒီလိုမဟုတ်ဘဲပြည်သူကိုထိန်း ချုပ်ပြီးထောင်ချမယ်ဆိုတဲ့ဥပဒေ ကို ပြဋ္ဌာန်းနေရင်းယနေ့တိုင်ပြည်  အပြောင်းလဲမှာခေတ်နဲ့မလျော်ညီ တော့ဘူးလိုပြောချင်းပါတယ်။
ဥပဒေကြမ်းမှာပါရှိတဲ့ အတိုင်းမြန်မာပြည်မှာမှတ်ပုံမတင် ဘဲ ရပ်တည်နေတာအဖွဲ့အစည်း  တော်တော်များများရှိပါတယ်။ ဒီလိုရပ်တည်နေတဲ့အဖွဲ့စည်းတွေ အပေါ်ဘယ်လိုအကျိုးသက်ရောက်  နိုင်ပါသလဲ။
ဒီမေးခွန်းအပေါ်ကျွန်တော် အနေနဲ့ ပြောရမယ်ဆိုရင်ဥပမာ ပေါ့။သမဂ္ဂဆိုတာအဖွဲ့တစ်ခုပါ။ ဥပဒေကြမ်းထဲမှာပါတဲ့အတိုင်း ရည်ရွယ်ချက်ပြောင်းသွားရင် တောင်ထိုက်သင်တဲ့အပြစ်ဒဏ်ကို ခံကြရမယ်လို့ပါတယ်။ ဒီကိစ္စတွေ ကို စဉ်းစားဖို့လိုတယ်။ ထပ်ပြော ရရင်ရှစ်ဆယ်ရှစ်ငြိမ်းချမ်းရေးနဲ့  ပွင့်လင်လူအဖွဲ့စည်းဟာဒီနေ့ပြည် တွင်းအစိုးရနဲ့ရော၊ ပြည်ပနိုင်ငံ တကာအစိုးရနဲ့ရော ဆွေးနွေးပြော  ဆိုမှုတွေလုပ်နေတယ်။ ဒီလိုအဖွဲ့  စည်းမျိုးကိုမှတ်ပုံတင်ရမယ်ဆိုရင် ဘယ်သဘာဝကြလိမ့်မလဲ ယနေ့မြန်မာပြည်မှာ သွေးလှူတဲ့ ကွန်ယက်တွေ၊ ပြည်သူတွေနဲ့ လိုအပ်ချက်ကိုဖြည်းဆည်းနေတဲ့ အဖွဲ့စည်းတွေအများကြီးရှိတယ်။ ဒီလိုအဖွဲ့စည်းတွေမရှိတော့ရင် သူတို့အစားဘယ်သူတွေက ပြည်သူတွေရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးမှာလည်း မေးချင်းပါ တယ်။ ပြည်သူ့တွေရဲ့အခက်ခဲကို လက်တွေ့ကြကြကွင်းဆင်းဆောင် ရွက်ပေးနေတဲ့ မိတ်္ထီလာပြည်သူ့ အကျိုးဆောင်ကွန်ရက်က ဒေါ်မြင့်မြင့်အေးနှင့် (၂) ဦးကို တရားစွဲထားတယ်။ သူတို့ကို ယခင် ဥပဒေမှာပါတဲ့ သင်းဖွဲ့နဲ့စွဲတာ ကျွန်တော်နားလည်တာကတော့ ဒီလိုအဖွဲ့စည်းမျိုးတွေမှတ်ပုံတင်ရ  မယ်ဆိုတာမဟုတ်ဘူး။ ပြည်သူတွေ   ရဲ့လိုအပ်ချက်ကိုထဲထဲဝင်ဝင်လုပ် နေတဲ့လူတွေအတွက် အခက်အခဲတွေ  များစွာဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့်ဖွဲ့စည်းပုံကိုအားပြုတဲ့ ဥပဒေတွေပေါ်ထွန်းဖို့လိုအပ်ပါ တယ်။ ဒါမှသာ နိုင်ငံသား တစ်ယောက်ကို ကာကွယ်လုံခြုံ မှုပေးနိုင်မှာပါ။
Credit To Hot News Journal

မျိုးကျော်

Related Articles: